ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Mom, If I were a Vampire (2022) ⭐IMDB: 7.5/10 (14 Votes) 🎬 #Horror #Thriller #Short #Drama #Fantasy 🗓 2022 🎞 movie 🌎 #China #Taiwan ⏰ 17 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း အနိုင်ကျင့်ခံရတဲ့ကျောင်းသူလေး အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။GL နည်းနည်းဆန်ပါတယ်နော်ဇာတ်လမ်းအညွှန်းလေးအနေနဲ့ ကျန်းရှောင်ဝမ်ဆိုတဲ့ကောင်မလေးဟာ အမြဲတမ်းတွေးနေဆွေးနေတတ်ပြီးတော့ သူ့အမေနဲ့မတူချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။အဲဒီလိုမှုန်ကုတ်ကုတ်ဖြစ်နေလို့ပဲကျောင်းပြောင်းတဲ့နေ့မှာပဲ အနိုင်ကျင့်ခံရပါတော့တယ် ။ ဒါပေမဲ့ မမျှော်လင့်ဘဲသူ့ဘဝကိုအလင်းပေးနိုင်မဲ့သူငယ်ချင်းတစ်ယောက် ၊ သူ့အတွက်လက်စားချေပေးနိုင်မဲ့သူငယ်ချင်းကောင်းနဲ့ဆုံတွေ့ခဲ့ရပါတယ် ။ကဲဒီသူငယ်ချင်းနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ကလေးတွေကိုဘယ်လိုပြန်လက်စားချေကြမလဲ ? သူဖြစ်ချင်နေတဲ့ဗန်ပိုင်းယားရောဖြစ်လာမလားဆိုတာဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြည့်ပါအုံးနော်...
Fentasy (2024) ⭐IMDB: 5.7/10 (103 Votes) 🎬 #Crime #Thriller 🗓 2024 🎞 movie 🌎 #Slovakia ⏰ 1 နာရီ 25 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စုတ်ပြတ်သတ်နေတဲ့ဘ၀ လက်ရှိပတ်ဝန်းကျင်ကလူတွေနဲ့ဝေးရာဆီ ပျောက်ကွယ်ပြီး အေးချမ်းတဲ့နေရာလေးတစ်ခုမှာ နေချင်တဲ့ အိပ်မက်တွေနဲ့ ကောင်မလေးတစ်ယောက်။ မဖြစ်နိုင်သေးတဲ့အိပ်မက်လေးနဲ့ ယှဉ်သန်နေရင်း ဖူးစာဖက်လို့ထင်ရသူနဲ့တွေ့ပြီး ချစ်ခင်စုံမက်ခဲ့။ နှစ်ယောက်သား စိတ်ကူးတွေထပ်တူကျရင်း စိတ်ကူးယဉ်ထားတဲ့အိမ်လေးတစ်လုံးဝယ်ဖို့ ကြိုးစားရင်းက သူတို့ဖန်တီးရောင်းချမိကြတာ ဖန်တနိုင်းဆိုတဲ့ မူးယစ်ဆေး။ ဘိန်းဖြူတဲ့ အဆငါးဆယ်လောက်ပြင်းတဲ့ ဖန်တနိုင်းကို ဘိန်းဖြူလို့ထင်ရအောင်ဖန်တီးပြီး ရောင်းချရင်းက သူတို့တွေကို ရုရှားလူဆိုးဂိုဏ်းတစ်ခုက သတိထားမိလာချိန်။ အိပ်မက်တွေကိုပစ်ချ ဘ၀မှာရှင်သန်ဖို့အရေးကြိုးစားရင်း ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းကြရတာကို ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Benim Babam Bir Kahraman (2023) ⭐IMDB: 5.5/10 (124 Votes) 🎬 #Drama #Family #Comedy 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 36 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ တူရကီမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ နိုင်ငံအသီးသီးကပြန်ရိုက်ထားကြတဲ့ သမီးလေးကိုထောင်ထဲခေါ်ထည့်ထားပြီး ကျပ်မပြည့်တဲ့အဖေဖြစ်သူနဲ့အပေါင်းအပါတစ်စုတို့ ဖွက်ထားကြတဲ့ရုပ်ရှင်လိုမျိုးကို မတူညီတဲ့ဇာတ်လမ်းမှာ တူညီတဲ့ရသခံစားစေရမယ်ထင်ပါတယ်။ မိတဆိုးလေးမို့ သားဖြစ်သူကို တုန်နေအောင်ချစ်ရှာတဲ့ စည်ပင်သာယာဝန်ထမ်း ဆင်းရဲသားတစ်ယောက်။ ဆင်းရဲပေမဲ့ သားဖြစ်သူကိုဖူးဖူးမှုတ်ထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ကြတယ်။ တရက် အဖေဖြစ်သူတို့သူငယ်ချင်းအုပ်စု ဘောလုံးကန်နေတုန်း သားဖြစ်သူဝင်ပါရင်း အမောဖောက်လဲကျသွားရာကစ နှလုံးအစားထုကုရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးက ငယ်သေးတဲ့အတွက် ကိုက်ညီတဲ့နှလုံးရှာတွေ့ပြီး ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှအသက်ရှင်ဖို့ရာခက်ခဲတဲ့အခြေအနေ။ နှလုံးအစားထိုးကုသဖို့ ကိုက်ညီတဲ့နှလုံးမရခင်အချိန်မှာ စူပါဟီးရိုးတွေကိုကြိုက်နှစ်သက်တဲ့ သားဖြစ်သူရဲ့ စိတ်ကလေးလန်းဆန်းနေစေဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စူပါဟီးရိုးဝတ်စုံတွေချုပ် ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းတွေဖန်တီးပါတော့တယ်။ အဖေတစ်ယောက်ရဲ့မေတ္တာတရားနဲ့ သူငယ်ချင်းတွေကြားကသံယောဇဉ်ကို အချိုးညီဖန်တီးရိုက်ကူးတင်ဆက်ထားတာမို့ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Consumed (2024) ⭐IMDB: 4.6/10 (120 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သည်းထိပ်ရင်ဖိုချစ်သူတွေအတွက် အပျင်းပြေကြည့်လို့ကောင်းမဲ့ Horror ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Consumed ဖြစ်ပြီးတော့တောကြီး မျက်မည်းထဲက မကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ Horror ဇာတ်ကားပုံစံလေးပဲဖြစ်ပါတယ်။ အရမ်းကြီးမကြမ်းပေမဲ့ သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့ အခြေအနေမှာရှိပါတယ်။ ဘက်သ်က ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့အဲ့ဒီကင်ဆာကို တွန်းလှန်နိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။အဲ့ဒီအထိန်းအမှတ်နဲ့ သူကင်ဆာရောဂါဝေဒနာဖြစ်နေတုန်းစိတ်ပင်ပန်းလူပင်ပန်း ဖြစ်ခဲ့ကြတဲ့ ဘက်သ်ရော ယောက်ျားဖြစ်သူဂျေးတို့နှစ်ယောက် စလုံးစိတ်ပြေလက်ပျောက်ဖြစ်အောင်တောတွင်းစခန်းချခရီး ထွက်ခဲ့ကြပါတော့တယ်။အဲ့ဒီတောထဲမှာသူတို့ကိုစောင့်ကြိုနေတဲ့ ထိတ်လန့်စရာမကောင်းဆိုးဝါးသားရဲကြီးရှိနေခဲ့တာကိုတော့ ဘက်သ်တို့စောစောစီးစီးကြိုမသိခဲ့ကြပါဘူး။ တစ်ညမှာတော့ ညဖက်တဲထိုးပြီးအိပ်နေရင်းနဲ့မှအဲ့ဒီအရာကြီးနဲ့ ကြုံတွေ့ခဲ့ရပြီး ဖိနပ်ကျွတ်မတတ်ထွက်ပြေးခဲ့ရပါတော့တယ်။ ဒီလိုနဲ့သူတို့ဆက်သွားရမဲ့လမ်းကြောင်းလည်းပျောက် စခန်းချ ပစ္စည်းတွေလည်းမရှိတော့ပဲနဲ့ ကင်ဆာရောဂါကိုအနိုင်ယူနိုင်ခဲ့တဲ့ ဘက်သ်တို့လင်မယားနှစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကိုရော အတူအနိုင်ယူနိုင်ပါ့မလားဆိုတာကိုထိတ်လန့်စရာကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
Excursion (2023) ⭐IMDB: 6.5/10 (219 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #France #Bosnia&Herzegovina #Norway #Croatia #Serbia #BosniaandHerzegovina #Qatar ⏰ 1 နာရီ 34 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Excursion ဆိုတဲ့ နာမည်အတိုင်းပဲ ကျောင်းလေ့လာရေးခရီးတစ်ခုနဲ့ပတ်သက်လို့ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ အဓိက ဇာတ်ဆောင်ကတော့ အလယ်တန်းကျောင်းသူလေး တစ်ယောက်ဖြစ်တဲ့ Iman ပါပဲ။ ကျောင်းသားအချင်းချင်း truth or dare ကစားရင်းကနေ Iman က အိမ်နီးချင်းဖြစ်တဲ့ Damir နဲ့ အတူအိပ်ခဲ့တယ်ဆိုတဲ့ အလိမ်စကား တစ်ခွန်းကိုပြောလိုက်မိပါတော့တယ် ။ ကောလဟလဆိုတဲ့အတိုင်း သတင်းတွေက တဖြည်းဖြည်းနဲ့ ချဲ့ကားလာပြီး အမျိုးမျိုး ဝေဖန်နေတဲ့ အချိန်မှာ မီးလောင်ရာ လေပင့်လိုက်တာကတော့ Iman ကျောင်းမှာ အန်တဲ့ကိစ္စပါပဲ ။ ဒါကိုလည်း သူ့အလိမ်တွေ ခိုင်မာဖို့အတွက် သူ့မှာ ကိုယ်ဝန်ရှိနေသယောင်ယောင် ဇာတ်လမ်းဆင်ပါတော့တယ် ။ အလယ်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ အလိမ်စကားက ဘယ်လောက်ထိ တာသွားနိုင်လဲ ။ Iman က ဒီလိုကိစ္စကို ဘာလို့ လိမ်ပြောခဲ့တာလဲ ။ သူ့အလိမ်ရဲ့ အကျိုးဆက်တွေက သူ့ကို ဘယ်လို ထိခိုက်မှုမျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာကိုတော့ Excursion ရုပ်ရှင်မှ ာ အတူတူကြည့်ရှုလိုက်ရအောင်နော် ။ ဒီဇာတ်လမ်းလေးမှာတော့ ခေတ်ရှေ့ပြေးလွန်းနေတဲ့ လူငယ်တွေကြားက ပြဿနာတွေနဲ့ သူငယ်ချင်းဆက်ဆံရေးတွေကိုပါ ထည့်သွင်းရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်...
Para Betina Pengikut Iblis (2023) ⭐IMDB: 4.2/10 (235 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 30 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Para Betina Pengikut Iblis (2023)အသက်လုပွဲ သမီးဖြစ်သူဆူမီကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီးနှိပ်စက်တတ်လို့ ဆူမီတစ်ယောက်အိမ်ကထွက်ပြေးချင်နေခဲ့တယ် ဒါပေမဲ့နေမကောင်းတဲ့ဖခင်ကိုလည်းမထားခဲ့နိုင် ရွာကထွက်သွားဖို့ကလည်းပိုက်ဆံမရှိနေတဲ့ဆူမီတစ်ယောက် ဆုပ်လည်းစူး စားလည်းရူးအခြေအနေပေါ့အဖေဖြစ်သူကြောင့် ဆယ်ကျော်သက်ဆိုတဲ့ငယ်ရွယ်မှုကိုအလုပ်တွေ နှိပ်စက်မှုဒဏ်တွေနဲ့ပဲဖြတ်သန်းနေခဲ့ရပြီး ဖခင်အပေါ်တစ်နေ့တစ်ခြားအမုန်းတရားတွေတိုးပွားလာခဲ့တယ် ဒီလိုမုန်းတီးမှုကြောင့်ပဲ နတ်ဆိုးကိုလှုပ်နှိုးမိခဲ့တာပေါ့ နိုးထလာတဲ့နတ်ဆိုးကဆူမီ့အမေကိုလည်းရှာပေးမယ် အဖေ့ဒဏ်ကနေလွတ်ပြီး ပျော်ရွှင်ရတဲ့ဆယ်ကျော်သက်ဘဝကိုပြန်ပေးမယ် သူနဲ့သူငယ်ချင်းလုပ်ပါဆိုပြီးမက်လုံးပေးလာမိတဲ့အခါ ထွက်ပေါက်ပိတ်နေခဲ့တဲ့ဆူမီတစ်ယောက်ဒီနတ်ဆိုးကိုလက်ခံလိုက်မိရာက ဘယ်လိုဆိုးဝါးမှုတွေဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာဖြစ်လာမလဲဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်...
Rajneeti (2023) ⭐IMDB: 7.2/10 (211 Votes) 🎬 #Drama 🗓 2023 🎞 tv series 🌎 #India ⏰ 35 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rajneeti (2023)IMDb – 7.2/10 ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့ပြီး ဘောလိ၀ုဒ်ကျော်အမော်တွေအများကြီးပါဝင်သရုပ်ဆောင်ထားတဲ့ Raajneeti(2010)ရုပ်ရှင်လိုမျိုး တစ်ထပ်တည်းမကျပေမဲ့အဲဒီရုပ်ရှင်ကားကြီးနဲ့ကျောရိုးတူပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ နိုင်ငံရေးနဲ့မိသားစုပဋိပက္ခတွေကို ကြည့်ရှုခံစားကြရမဲ့စီးရီးလေးကိုတင်ဆက်ပေးပါရစေ။ ရာရှီဆိုတာ လော့ခ်မန်ယာဆီဗက်ပါတီနိုင်ငံရေးမိသားစုက ပေါက်ဖွားလာခဲ့တဲ့ သမီးပျို။အမျိုးတွေနဲ့ပဲဖွဲ့စည်းထားတဲ့ ဒီပါတီက အပြင်လူဝင်လာပြီး အုပ်စိုးမှာကိုမလိုလားကြပါဘူး။အမျိုးသမီးအမတ်လောင်းတွေ ရွေးကောက်ပွဲမှာအနိုင်ရနေကျဖြစ်တဲ့အတွက် သမီးဖြစ်သူ ရာရှီကိုပါတီထဲထည့်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ခိုင်းခဲ့ပါတယ်။ တစ်ညမှာ ရာရှီ ကားအက်စီးဒန့်ဖြစ်ပြီး ကိုမာဝင်သွားခဲ့ပါတယ်။လတွေနဲ့ချီပြီးကြာတဲ့အချိန် ရာရှီ ပြန်သတိရလာချိန်မှာတော့ ဘာကိုမှမမှတ်မိတော့ပါဘူး။ဒီမှာပဲ မိသားစုပြဿနာတွေ တစ်စထက်တစ်စ ပေါ်လာခဲ့ပြီး နိုင်ငံရေးရေချိန်ကလည်း အတက်အကျခန့်မှန်းလို့မရဖြစ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
Rick and Morty: The Anime (2024) ⭐IMDB: 3.2/10 (512 Votes) 🎬 #Animation #SciFi #Fantasy #Action #Adventure #Comedy 🗓 2024 🎞 tv series 🌎 #Japan #UnitedStatesofAmerica ⏰ 21 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်သွားမှာကတော့ လူတိုင်းနီးပါးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Rick and Morty ရဲ့ Spinoff series ဖြစ်ပြီး Anime အဖြစ်နဲ့ ထုတ်ထားတဲ့ Rick and Morty the Anime ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ကျွန်တော်တို့ မြင်နေကျ Rick ဖြစ်တဲ့ Rick C-137 နဲ့ Smith မိသားစုကိုပဲ အခြေခံထားပြီး ဒီတစ်ခါမှာတော့ Anime အဖြစ်နဲ့ ကြည့်ရှု ခံစားရမှာပါ။ ဇာတ်လမ်းအစမှာတော့ Rick ကို Federation က ဖမ်းသွားတာနဲ့ စတည်ထားပြီး Summer နဲ့ Space Beth က Rick ရဲ့ နောက်ကို လိုက်နေတာတွေ့ရမှာပါ။ ဒါအပြင် Morty ကလည်း Rick တီထွင်ခဲ့တဲ့ Reality တစ်ခုမှာ ပိတ်မိနေပြီး နောက်ထပ် Rick တစ်ယောက်နဲ့ တွေ့ရပြီး Elle ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်သွားမလဲ။ Rick C-137 ကိုရော ဘာလို့ ဖမ်းသွားတာလဲဆိုတာတွေကို ဆက်လက် စောင့်မျှော်ကြည့်ရှုရမှာပါ။ Anime fan တွေအတွက်တော့ Rick and Morty the Anime က Japanese dub နဲ့ဆိုတော့ အကြိုက်တွေ့စေမှာပါ။...
Backspot (2024) ⭐TMDB: 73% User Score 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 33 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အောင်မြင်မှုနဲ့ ပြီးပြည့်စုံမှုကို ဆာလောင်နေတဲ့ ဆယ်ကျော်သက် ပန်းပွားအကအဖွဲ့ဝင် ရိုင်လီနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အမန်ဒါ ထိပ်တန်းပန်းပွားအကအဖွဲ့ Thunderhawksမှာပါရဖို့အတွက် သူတို့ရဲ့ကြိုးစားမှုနဲ့ ရုန်းကန်မှုတွေ ဒါပေမဲ့ ပြိုင်ပွဲဆိုတာက အနိုင်နဲ့အရှုံး နှစ်ခုတည်းပဲရှိတာမလို့ ပြိုင်ဆိုင်မှုတွေနောက်ကနေပါလာတဲ့ ကျရှုံးမှု သဘောထားကွဲလွဲမှုတွေကို သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ။ Thunderhawksကိုရောက်သွားချိန်မှာရော တောင်းဆိုချက်တွေမြင့်မားလွန်းတဲ့ အကသမားတွေကို ဖိအားပေးလွန်းတဲ့နည်းပြရဲ့ demandတွေကိုရော သူတို့ဘယ်လိုလိုက်မီအောင်ကြိုးစားရမလဲ။ ဆယ်ကျော်သက်နဲ့မမျှတဲ့ ဖိအားတွေကြုံလာချိန်မှာ ဖြစ်တတ်တဲ့ သဘာဝတွေ အပြုအမူတွေနဲ့ ဒါတွေကို ရိုင်လီတစ်ယောက် ဘယ်လိုဖြတ်ကျော်မလဲ။ လူစာရင်းထဲက ဖယ်ထုတ်မခံရဖို့ ချန်ပီယံပြိုင်ပွဲမှာပါဝင်ခွင့် သူဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။...
Jazz Ramsey: A K-9 Mystery (2024) ⭐IMDB: 6.1/10 (283 Votes) 🎬 #Mystery 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 cm ပရိသတ်ကြီးကို Hallmark Channel ကနေ အသစ် ထုတ်လွှင့်လိုက်တဲ့ Mystery ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက IMDB မှာ 6.3 အထိ ရထားတဲ့ ကြည့်ကောင်းတဲ့ ဇာတ်ကားလေး တစ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်ညွှန်းကတော့… ခွေးတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့် သင်ကြားပေးတဲ့ ဂျက်ဇ်ရမ်ဆေးနဲ့ သူ့ပါတနာတွဲဘက် ခွေးလေး ဇုစ်တို့ဟာ တစ်နေ့မှာ ဂျက်ဇ်တက်ခဲ့ဖူးတဲ့ ကျောင်းမှာ ကလေးတွေကို မှုခင်းစူးစမ်းရေး ကလပ်အတွက် သင်ကြားပေးဖို့ ရောက်သွား ခဲ့ပါတယ်။ ပုံမှန်သရုပ်ပြဖို့အတွက် အရိုးတွေဖွက်ထားပြီး ဇုစ်က ရှာဖွေပြပေးရမှာပါ။ ဖြစ်ချင်တော့ ဇုစ်ပြသပေးတဲ့ နေရာဟာ အရိုးဖွက်ထားတဲ့ နေရာ မဟုတ်ဘဲ လူသတ်၊ အလောင်းကို ကြမ်းခင်းအောက်မှာ ဖွက်ထားတဲ့ အခန်း ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ကျောင်းအခန်းက မှုခင်းနေရာ ဖြစ်သွားပြီးတော့ ရောက်လာခဲ့တဲ့ မှုခင်းရဲစုံထောက် နစ်ခ်ကလည်း ဂျက်စ်ရဲ့ ရည်းစားဟောင်း ဖြစ်နေ ပြန်ပါတယ်။ ဒီအလောင်းက ဘယ်သူ့အလောင်းလဲ….. ဘယ်သူက သတ်ပြီးတော့ ဒီလိုမျိုး ကြမ်းခင်းအောက်မှာ ဖွက်ခဲ့တာလဲ… ဂျက်ဇ်နဲ့ နစ်ခ်တို့ နှစ်ဦး ဇုစ်နဲ့အတူ ဒီအမှုကို အမှန်ပေါ်ပေါက်အောင် ဘယ်လို ရှာဖွေစုံစမ်းကြမလဲ ဆိုတာကို အားပေးကြည့်ရှုကြပါဦးလို့။...
House of Flying Daggers (2004) ⭐TMDB: 73% User Score 🎬 #Action #Adventure #Drama #Romance 🗓 2004 🎞 movie 🌎 #China #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 House of Flying Daggers (2004) IMDb Rating (7.5) / Rotten Tomatoes (87%) Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။ မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ ဇာတ်လမ်းကတော့ ……ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် နှိပ်စက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူပြည်သားတွေဟာ အဖွဲ့အစည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဧကရာဇ်နဲ့တကွ အစိုးရကို တော်လှန်ပုန်ကန်လာကြတဲ့ ခေတ်ပျက်ကာလကို အခြေတည်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဓားပျံအိမ်တော် ဆိုတဲ့ တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတစ်ခုအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ သမိုင်းမှာ တကယ်ရှိခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကာလက ပေါ်ပေါက်ခဲ့တဲ့ မြေအောက်အဖွဲ့အစည်း အမျိုးမျိုးကို ကိုယ်စားပြုနေပါတယ်လေ။ စီရင်စုရဲမတ်အရာရှိမင်းနှစ်ယောက်ဖြစ်တဲ့ ချင် နဲ့ လျို တို့ဟာ ဓားပျံအိမ်တော် မြေအောက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အဲဒီအချိန် လုပ်ကြံခံခေါင်းဆောင်ရဲ့ မျက်မမြင်သမီးလေး ရှောင်မေ က ပန်းနီဆောင်ကြာမြိုင်မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ ဒီတော့ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်အသစ်ကို လုပ်ကြံဖို့ အမိန့်ပေးခံရတဲ့ ရဲမတ်အရာရှိမင်းနှစ်ယောက်က အကွက်ချကြံစည်ပြီး ရှောင်မေ ကိုအယုံသွင်းလို့ ဓားပျံအဖွဲ့ဆီ ဆက်သွယ်နိုင်အောင် ကူညီပေးနေကြတာပေါ့။ အကြံသမား ရဲမတ်အရာရှိမင်း လျို နဲ့ ချင် တို့ဟာ ကွက်ကျော်မြင်တတ်တဲ့ အရည်အချင်းရှိ အရာရှိတွေဖြစ်သလို ရှောင်မေ ဟာလည်း ဉာဏ်ထက်သလောက် ဉာဏ်များလွန်းလှတဲ့ အလှပဂေးမလေးပါ။ ဒီလိုနဲ့ အသွင်ယူအရာရှိ ချင် နဲ့ ရှောင်မေ တို့က ဓားပျံဌာနချုပ်ရှိရာ မြောက်အရပ်ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။ အရာရှိ လျို ကတော့ တိတ်တဆိတ် လိုက်ပါကူညီလျှက်ပေါ့။ ဒါပေမဲ့ ဂျင်ပေါ်က ထုံးတွေဖြစ်ကြသူတွေ ဖြစ်တာနဲ့အညီ အပြန်အလှန်လှည့်ကွက်တွေ၊ အသုံးချစတေးမှုတွေကြားမှာ လှပသလောက် နာကျင်ဖွယ် လွမ်းမောဖွယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်တည်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)...
Jackboots on Whitehall (2010) ⭐TMDB: 49% User Score 🎬 #Animation #Comedy #SciFi #War 🗓 2010 🎞 movie 🌎 #UnitedKingdom #Spain #Belgium ⏰ 1 နာရီ 31 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ ဒုတိယကမ္ဘာစစ်ကိုသရော်ထားတဲ့ ကားလေးပါ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်တွေ Dunkirk ဆိပ်ကမ်းမှာ ပိတ်မိသွားတဲ့ alternative timeline အနေနဲ့ ဂျာမန်တွေက လန်ဒန်ကို မြေအောက်ကတူးပြီးဝင်လာကျူးကျော်တာကို အဲ့ဒိခေတ် စစ်အကျော်အမော်တွေကို သရော်ထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ်ဟာသကားလေးပါ...
I Can (2023) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Drama #Family #Sport 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုလိုအရာရာ ခက်ခဲပင်ပန်းနေတဲ့အချိန်အခါမှာ လူတိုင်းမှာတော့ ဒီခက်ခဲတဲ့ လမ်းခရီးကိုဆက်မလျှောက်ချင်တော့ပဲ လက်လျှော့ လိုက်ချင်ကြတဲ့ အတွေးတွေအနည်းနဲ့အများတော့ တွေးဖူးကြမှာပါ။ ဒါပေမယ့် ရတောင့်ရခဲတဲ့လူ့ဘ၀မှာကြိုးစားရင်မလုပ်နိုင်ဘူးဆိုတဲ့ အရာမရှိဘူးဆိုတာကို I Can ဆိုတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးနဲ့ စိတ်ခွန်အားရဖို့ တင်ဆက်ပေးချင်ပါတယ်။ IMDb Rating 5.9 အထိရရှိထားပြီးခဏတာအချိန်ပေးပြီးကြည့်ရှု လိုက်ရုံနဲ့ ဘ၀မှာအဆိုးဆုံးဆိုတဲ့အရာတွေဖြစ်နေရင်တောင်အနည်းနဲ့ အများစိတ်ခွန်အားပြန်လည်တက်ကြွလာစေမှာတော့အမှန်ပါပဲ။ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ စစ်သားဇနီးတစ်ယောက်တို့က ချစ်ကျွမ်းဝင်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲသမီးလေးတစ်ယောက်မွေးဖွား လာခဲ့ပါတယ်။ဒါပေမယ့်ကံအကြောင်းမလှစွာနဲ့ပဲ မွေးဖွားလာတဲ့ သမီးလေးကိတ်တလင်းမှာ လက်တစ်ဖက်ပဲပါလာပြီး တခြားတစ်ဖက် ကတော့ မသန်စွမ်းဖြစ်နေခဲ့ပါတယ်။ ကိတ်တလင်းကြီးပြင်းလာတဲ့အခါမှာတော့ ကံကြမ္မာကတစ်ဖန်ပြန် ပြောင်းလဲခဲ့ပြီး ကိတ်တလင်းကဆော့ဖ်ဘောဆိုတဲ့ဘေ့စ်ဘောနဲ့ ဆင်တူတဲ့ ကစားနည်းမှာအရမ်းတော်နေတဲ့ ပါရမီပါနေခဲ့ပါတော့တယ်။ အဲ့ဒါကြောင့် ကျောင်းပွဲတွေမှာအမြဲတမ်းအနိုင်ရခဲ့ပြီး ကိတ်တလင်းက ထိပ်တန်းကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ကံကြမ္မာဆိုတာ ချိုတစ်လှည့်ခါးတစ်လှည့်ဖြစ်နေစမြဲမလို့ ကိတ်တလင်းအတွက် အရမ်းအရေးကြီးတဲ့အချိန်တစ်ခုမှာကစားရင်းနဲ့ မတော်တဆဖြစ်ပြီးဒူးခေါင်းစုတ်သွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ ကိတ်တလင်းနဲ့ သူ့မိသားစုအတွက်အမြဲတမ်းအလှည့်အပြောင်းဖြစ်နေတဲ့ ကံကြမ္မာကြားမှာ ကိတ်တလင်းတစ်ယောက်ဘယ်လိုမလျှော့သောဇွဲနဲ့ ဆက်လက်ကြိုးစားသွားပြီး အောင်မြင်တဲ့အမျိုးသမီးမသန်စွမ်းအားကစား သမားတစ်ယောက်ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
The Coffee Table (2022) ⭐IMDB: 6.7/10 (5 k Votes) 🎬 #Horror #Thriller #Comedy #Drama 🗓 2022 🎞 movie 🌎 #Spain ⏰ 1 နာရီ 30 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The coffee table ဇာတ်ကားလေးက 2022 မှာထွက်ရှိခဲ့ပြီး IMDb 6.7 ရရှိထားပြီး Rotten tomatoes 86% ရရှိထားတဲ့စပိန်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟက်စွပ်နဲ့မာရီယာတို့ ဇနီးမောင်နှံဟာ ပူပူနွေးနွေး မိဘတွေဖြစ်လာတဲ့သူတွေပါ။ တစ်နေ့မှာ အိမ်အတွက် ကော်ဖီစားပွဲသွားဝယ်ကြပါတယ်။ စားပွဲဝယ်လိုက်ကတည်းက တစ်ဆစ်ချိုးပြောင်းသွားတဲ့ သူတို့ရဲ့ဘဝကို ရှုစားရမှာပါ။ ကံဆိုးမှုဆိုတာ တစ်ကောင်တည်းမလာဘူး အဖော်အပေါင်းနဲ့လာတယ်ဆိုတာ ဒီကားကိုကြည့်ရင်သိရမှာပါ။ ဒါကြောင့် သဲထိတ်ရင်ဖိုကြိုက်တဲ့ ပရိသတ်ကြီးတို့အတွက် Channelmyanmar ကနေ The coffee table ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။...
I Love You to the Moon and Back (2024) ⭐TMDB: 70% User Score 🎬 #Drama #Romance 🗓 2024 🎞 tv series 🌎 #China ⏰ 1 နာရီ 45 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Love you to the Moon and Back ဆိုတဲ့ကားလေးကတော့မင်းမျက်နှာလေးကိုမြင်ရဖို့အတွက်နဲ့ လကမ္ဘာထိအောင်အသွားအပြန်လုပ်ရလဲကျေနပ်ပါတယ်ဆိုတဲ့ချစ်ခြင်းတွေကိုဖော်ပြတဲ့အချစ်ကားလေးဖြစ်ပါတယ်။ ရွာကညားခါစလင်မယားလေးဟာ မြို့တက်ပြီးအလုပ်လုပ်ကြတော့တစ်မြို့စီခွဲနေကြရတယ်။ ပျော်ရွှင်ခြင်းစံအိမ်ဆိုတဲ့ရှင့်ဖူတည်းခိုခန်းလေးမှာ တစ်လကို ၁ခါ ၂ခါလောက်ချိန်းတွေ့ကြပြီး ချစ်ကြည်နူး တစ်တီတူးကြတာပေါ့။ ဆောင်းလယ်ပွဲတော်လို့ခေါ်တဲ့ လနတ်ကန်တော့ပွဲနေ့မှနှစ်ယောက်လုံးမထင်မှတ်ပဲအလုပ်ကခွင့်ရကြတော့အရင်လိုကြိုမချိန်းပဲ surprise တိုက်မယ်ဆိုပြီး၂ယောက်လုံးကမပြောမဆိုသွားကြတော့ လွဲကြတာပေါ့။ ဒီလိုနဲ့သွားလိုက်ပြန်လိုက်နဲ့ ပွဲတော်နေ့မှာ၂ယောက်သားဆုံရောဆုံနိုင်ကြပါဦးမလား ဆိုတဲ့အကြောင်းလေးကိုရထားပေါ်မှာကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေနဲ့ရောညှပ်ပြီးပုံဖော်ထားတဲ့ ကြည်နူးစရာဇာတ်ကားလေးပဲဖြစ်ပါတယ်...
Home Sweet Home (2021) ⭐IMDB: 5.4/10 (436 Votes) 🎬 #Crime #Mystery #Thriller #Drama 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 50 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့… ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်းယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရအပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်းဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့်ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့်မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူကငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်ကကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင်အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး အတူပုံဆွဲလေ့ရှိတယ်။ဒီလိုသာမန်မဟုတ်တဲ့ မိသားစု မရိုးရှင်းတဲ့ အိမ်မှာမူမမှန်တဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုဖြစ်လာခဲ့တယ်။နောက်ပြီး ဝမ်ကတော်ကလည်း တခြားယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်ပြီးရတဲ့ ကိုယ်ဝန်ကိစ္စလည်းပေါ်လာပြန်တယ်။ဒါကြောင့် ဦးနှောက်စားရတာကြိုက်တဲ့ပရိသတ်တွေအတွက်လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ...
Mountain Guardians (2024) ⭐TMDB: 0% User Score 🎬 #Mystery #Thriller 🗓 2024 🎞 tv series 🌎 #China ⏰ 1 နာရီ 24 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်ကော်ခေတ် အစပိုင်းမှာ နေရာတကာ စစ်ဖြစ်နေပြီးမိစ္ဆာမကောင်းဆိုးဝါးတွေအများအပြား ရှိနေပါတယ်။ဂျပန်က တရုတ်နယ်မြေကို ကျူးကျော်မှုအရှိန်မြင့်နေချိန်လည်း ဖြစ်ပါတယ်။ ဂျပန်ယင်းယန်ဆရာက လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေပြီးယဉ်ကျေးမှုမျှဝေမယ်လို့ ဆင်ခြေပေးပြီး တရုတ်ပြည်တွင်းကိုကြိုတင်ဝင်လာခဲ့ပါတယ်။ သူတို့အကြံအစည်ကတော့တရုတ်ပြည်က နဂါးကြောကို ရှာပြီး တရုတ်နိုင်ငံရဲ့ဖုန်းရွှေကို ဖျက်ဆီးပြီးနောက် နောက်ပိုင်းကျူးကျော်ရေးအတွက် လမ်းခင်းထားဖို့ ဖြစ်ပါတယ်။ ဦးလေးချီးက ဂျပန်ယင်းယန်ဆရာရဲ့ အကြံအစည်ကို သိပြီးနဂါးကြောကို အသက်ပေးကာကွယ်ဖို့ လုပ်ပါတော့တယ်။ဂျပန်တွေရဲ့ ယုတ်မာမှုက လူများစွာကို အန္တရာယ်ဖြစ်စေတဲ့အခါ……ဦးလေးချီးကရော ဘယ်လို တန်ပြန်တိုက်ခိုက်မလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။...
Welcome to My Side (2024) ⭐TMDB: 90% User Score 🎬 #Comedy #Fantasy #Romance 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 43 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ကြည့်နေကျဇာတ်ကားမျိုးမဟုတ်တဲ့အချစ်ဇာတ်ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ချန်ရှောင်ကျိုးဆိုတဲ့ကောင်လေးတစ်ယောက် တစ်နေ့ သူ့ချစ်သူနဲ့လမ်းခွဲခဲ့ကြပါတယ်အကြောင်းအရင်းကတော့ ဆေးလိပ်မဖြတ်နိုင်လို့ပါအဲ့နေ့လမ်းခွဲတဲ့ညမှာတင်ပဲ ရှောင်ကျိုးတစ်ယောက်ဆေးလိပ်ကိုနာကျည်းပြီး ဆေးလိပ်ဖြတ်ဖို့ ဆေးခန်းတစ်ခုကိုရောက်သွားရာမှာတော့ ဆရာဝန်က ဦးနှောက်ကိုလျှပ်စစ်ကုထုံးနဲ့ လုပ်ပေးနေချိန်မှာ ရုတ်တရက်ကြီးမီးပျက်သွားပြီး ဦးနှောက်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ် ၃ရက်ကြာမေ့မြောပြီးနောက်မှာတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့အဝါရောင်ကိုမြင်တာနဲ့ ဘေးပတ်ဝန်းကျင်က လူတွေအားလုံးဟာအဝါရောင်ဘဲရုပ်အဖြစ်ပြောင်းသွားပြီးစကားသံမကြားရတော့ဘဲ ဘဲအော်သံပဲကြားရတော့တာပါ အဲ့လိုနဲ့တစ်နေ့ အစားသောက် vlog လုပ်တဲ့နာမည်ကြီးဖုန်ကျားနန်ဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းကြောင့်တွေ့ဆုံခဲ့ရပြီးနောက်မှာတော့ ရှောင်ကျိုးတစ်ယောက်သိလိုက်ရတာကကျားနန်သူ့နားမှာရှိနေရင် သူအဝါရောင်ကိုကြည့်လည်း ဘာမှမဖြစ်တာပါပဲ အဲ့လိုနဲ့ တစ်နေ့မှာ ကျားနန်တစ်ယောက် သူ့အနားကနေထွက်သွားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမှာလဲ ဘာလို့ကျားနန်က သူ့အနားမှာရှိနေချိန်တိုင် ရောဂါမဖောက်ရတာလဲဆိုတာကိုတော့ ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်ကားလေးမှာကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်...
Sad Love Story (2005) ⭐TMDB: 67% User Score 🎬 #Drama 🗓 2005 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 4 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sad Love Story (2005) *********************** အပိုင်း (၁ မှ ၂၀) စ/ဆုံး တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Kim Hee-Sun၊ Kwon Sang Woo၊ Yeon Jeong Hoon၊ ကလေးသရုပ်ဆောင် မင်းသား Yoo Seung Ho စတဲ့ အဘွားတို့ခေတ်က ဒိတ်ဒိတ်ကြဲ မင်းသားကြီး၊ မင်းသမီးကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို CM ပရိသတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မိဘမဲ့ဖြစ်ပြီး ကလပ်အဆိုတော် အဒေါ်က စောင့်ရှောက်ထားရတဲ့ မျက်မမြင်ကောင်မလေး ဟယ်အင်း၊ အမေရိကန် စစ်သားတွေကို အရက်ရောင်းတဲ့ ကလပ်ပိုင်ရှင် အမေဖြစ်သူကြောင့် နေ့စဉ်ရက်ဆက် ကျောင်းမှာ တခြားကလေးတွေရဲ့ သရော်ခြင်းကိုခံရပြီး ရန်မဖြစ်လာတဲ့နေ့မရှိတဲ့ ဂျွန်ယောင်း။ ဖြူစင်တဲ့ကလေးဘဝအရွယ်မှာ တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ တစ်ယောက်ပေါ်တစ်ယောက်မှီခိုရင်း ငယ်ချစ်ဦးတွေ ဖြစ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ကံကြမ္မာအကြောင်း ဖန်လာပြီး ဟယ်အင်းလေးက အမေရိကားကို ရွှေ့ပြောင်းရမဲ့အချိန် ရောက်လာတဲ့အခါ ငယ်ချစ်ဦးရေစက်ဟာလည်း ပြတ်တောက်ရတော့မလို ဖြစ်သွားတော့တယ်။ အမေရိကားရောက်သွားတဲ့ ဟယ်အင်းဟာ မျက်စိခွဲစိတ်မှုကို ခံယူပြီး လူသစ်စိတ်သစ် ပြောင်းလဲသွားရင်း ဂျွန်ယောင်းရဲ့သူငယ်ချင်းတစ်ဖြစ်လဲ သူဌေးသား ဂွန်းဝူနဲ့ တွေ့ဆုံဖို့ ဖြစ်လာတယ်။ ငယ်ချစ်ဦးကို မမြင်ဖူးခဲ့တဲ့ ဟယ်အင်းဟာ အသက်ကြီးလာတဲ့အခါ သူ့ကိုပြန်မြင်ရင် မှတ်မိပါဦးမလား။ နိုင်ငံရပ်ခြားကို ရောက်လို့ ခေါင်းအစခြေအဆုံး ပြောင်းလဲသွားတဲ့အခါ ဘဝဟောင်းကလူကရော သူ့ကိုသတိရပါဦးမလား စတဲ့ လွမ်းဆွတ်ဖွယ် ဇာတ်လမ်းလေးကို မိုးရာသီနဲ့ အံကိုက် ဆွေးဆွေးမြည့်မြည့် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Esth မှ ရေးသားထားပါတယ်။)...
Those About to Die (2024) ⭐IMDB: 6.6/10 (12 k Votes) 🎬 #Drama #Action #Comedy 🗓 2024 🎞 tv series 🌎 #UnitedStates #Germany #Italy #UnitedStatesofAmerica ⏰ 51 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Those About to Die (2024) Season 01 Complete ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။ ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။ ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ လောင်းကစားဒိုင် တန်းနက်စ်ကတော့ မြင်းထက် လူ့အသက်ကတန်ဖိုးမဲ့တဲ့ အောက်တန်းစားပတ်ဝန်းကျင် မြောင်းထဲကနေ ကိုယ်ထူကိုယ်ထ ကြိုးစားပြီး လောင်းကစားဝိုင်းဒိုင် သူ့ပတ်ဝန်းကျင်မှာ ဩဇာရှိတဲ့သူဖြစ်လာတာပါ။ သူက အမြင့်ကိုမှန်းတယ်။ အထက်တန်းစားမျိုးရိုးမဟုတ်ပေမဲ့ လူရည်လည်ပြီး လုပ်ရည်ကိုင်ရည်ရှိလို့ တဖြည်းဖြည်း တစ်ဆင့်ချင်း တက်သွားတာကို စီးရီးထဲမှာတွေ့ရမှာပါ။ သူက ရက်စက်တယ်၊ လူမဆန်ဘူးလို့ နာမည်ကျော်ပေမဲ့ သူ့ရဲ့လူသားဆန်တဲ့အပိုင်းတွေကိုလည်း တွေ့ကြရမှာပါ။ သမိုင်းမှာ နာမည်ကြီးတဲ့ မြင်းရထားမောင်းသမား စကောပတ်ရဲ့ အကြောင်းကိုလည်း တန်းနက်စ်နဲ့ ဆက်နွယ်ပြီး တွေ့ရပါလိမ့်မယ်။ ရောမခေတ်ရဲ့ Peaky Blinder စီးရီးလို့ ခေါ်လို့ရအောင် ခပ်ဆင်ဆင်ဖြစ်တယ်လို့ ထင်ပါတယ်။ မြင်းလောင်းကစားဒိုင် လူမိုက်လေးဘဝကနေ တဖြည်းဖြည်း အဆင့်တွေ တက်လာတာချင်းတူလို့ပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့666ပဲဖြစ်ပါတယ်)...
