uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Breakout (2023) ⭐IMDB: 4.4/10 (280 Votes) 🎬 #Action #Thriller #Crime 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့သားဖြစ်သူကိုလာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကိုအပိုင်စီးတဲ့ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကိုအသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။

Terminator Genisys (2015) ⭐IMDB: 6.3/10 (284 k Votes) 🎬 #Action #Sci-Fi #ScienceFiction #Thriller #Adventure #SciFi 🗓️ 2015 🎞️ Movie 📺 720p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အားလုံးစောင့်မျှော်နေတဲ့ Terminator Genisys ကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီကားအကြောင်းကို အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးပေးသွားမှာဖြစ်ပြီး ဇာတ်လမ်းကသိပ်မရှုပ်လို့ မရှင်းပြတော့ပါဘူးဇာတ်လမ်းမပြောခင်မှာရုပ်ရှင်ထဲကTimeTravelအကြောင်းအနည်းငယ်ရှင်းပြချင်ပါတယ်..Time Travel ဇာတ်လမ်းတွေမှာ Alternate Timeline လို့ခေါ်တဲ့ အချိန်တွေထွက်လာပါတယ်။Comic Book ဖတ်တဲ့သူတွေက ဒီအခေါ်အဝေါ်ကိုရင်းနှီးပြီး ဘာကိုဆိုလိုလည်းဆိုတာ တန်းသိမှာပါ။အနီးစပ်ဆုံးဥပမာပေးရရင် Jet Li ရဲ့ The One ဇာတ်ကားထဲက အယူအဆနဲ့တူတူပါပဲ။Timeline ဆို Facebook က Timeline ပြေးမြင်နေကြလားမသိဘူး။Alternate Timeline ကို လူပိန်းနည်းနဲ့ပြောရရင်Facebook မှာအကောင့် ၂ခု နာမည်တူ ဓါတ်ပုံအတူဖွင့်ထားတဲ့သဘောပါဘူး။ဒါပေမယ့် ပို့စ်တူတူတင်ရင်တောင် တင်တဲ့ အချိန် မိနစ်ပိုင်းကွာသွားမှာဖြစ်သလို၊ မတူတာတွေလည်း တင်လို့ရပါတယ်။ဇာတ်လမ်းက Terminator, Terminator 2 တို့နဲ့ မဆိုင်ပဲ သူနဲ့ အပြိုင်ရှိတဲ့Timeline မှာ ဖြစ်တဲ့အဖြစ်အပျက်တွေဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ John Connor က Kyle Reese ကိုသူ့အမေကို ကာကွယ်ဖို့ ပြန်လွှတ်လိုက်တဲ့ အချိန်မှာပဲ John Connor ကိုTerminator တစ်ယောက်က တိုက်ခိုက်တာ ခံလိုက်ရပြီးTerminator အဖြစ် ပြောင်းခံလိုက်ရပါတယ်။ဒါ့ကြောင့်ပဲ ထွေလာထဲမှာပါသလို John Connor (Jason Clarke) ကလူတစ်ပိုင်း Terminator တစ်ပိုင်းဖြစ်သွားတာပါ။ဒါကြောင့် သူတို့ရဲ့ Timeline ကပြောင်းသွားခဲ့ပြီးKyle Reese (Jai Courtney) ၁၉၈၄ ကိုပြန်ရောက်တဲ့အချိန်(Original Timeline မှာ Terminator ပထမကားအချိန်မှာ) မှာအရင်လိုမဟုတ်တော့ပဲ ထူးခြားနေတာတွေ့ရပါတယ်။Liquid Metal (T-1000) က ကြိုရောက်နေသလို၊သူကာကွယ်ရမယ့် Sarah Connor က သူ့ကို ပြန်ကယ်နေရပါတယ်။Sarah အဖြစ် သရုပ်ဆောင်တဲ့ Emilia Clark (Game of Throne) ကကလေးဘဝ ကတည်းက T-800 (Arnold) နဲ့အတူ ကြီးပြင်းလာတာဖြစ်ပါတယ်။သူမအသက် ၉နှစ်အရွယ်မှာ Skynet က သူမကို ကလေးဘဝကတည်းကသတ်ဖို့အတွက် T-1000 (Lee Byung-hun) ကိုစေလွှတ်လိုက်သလို၊T-800 ကလည်း သူမကိုကယ်ဖို့ တစ်ယောက်ယောက်က စေလွှတ်လိုက်ပြီးအဲ့ဒီအချိန်ထဲက သူမကို လေ့ကျင်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။Sarah ကိုကာကွယ်ဖို့ T-800 (Arnold) ကို ဘယ်သူကပြန်လွှတ်လည်းဆို တာကိုArnold ကိုယ်တိုင်မသိဘူးလို့ဆိုပါတယ်။ဘာလို့လည်းဆိုတော့ ပြန်လွှတ်တဲ့သူကို Skynet က လိုက်သတ်မှာစိုးလို့ လို့ ရှင်းပြပါတယ်။Arnold ကစက်ရုပ်ဖြစ်ပြီး ဘာလို့ အိုနေလည်းဆိုတာကိုတော့သူ့ရဲ့ အရေပြားတွေက လူတွေရဲ့ အသွေးအသားနဲ့တည်ဆောက်ထားလို့စက်ကမအိုသွားပေမယ့် အသားအရည်ကတော့ အိုသွားတာဖြစ်တယ်လို့ ရှင်းထားပါတယ်။ဇာတ်လမ်းကအများကြီးရှင်းပြဖို့မလိုပါဘူး။လူတိုင်းနားလည်လွယ်မှာဖြစ်ပြီး ဇာတ်လမ်းကထုံးစံအတိုင်း Skynet ကိုဖျက်ဆီးဖို့ကြိုးစားကြမှာဖြစ်ပါတယ်။ဒီကားကို ဝေဖန်ရတာ ကျွန်တော့် အတွက်မလွယ်ပါဘူး။Arnold က ကျွန်တော့် အကြိုက်ဆုံး မင်းသားဖြစ်ပြီးသူရဲ့ ဇာတ်ကားအားလုံး ကျွန်တော်ကြည့်ဖူးပြီး အကုန်လုံးလည်းကြိုက်ပါတယ်။ဒီကားကိုလည်း ပရိတ်သတ်တစ်ယောက်အနေနဲ့ ကြိုက်ပေမယ့်ဝေဖန်စရာတွေလည်းအများကြီးတွေပါတယ်။ဒီကားတစ်ကားလုံးမှာ Arnold က သရုပ်ဆောင်အကောင်းဆုံးလို့တောင်ပြောရမှာဖြစ်ပြီး၊သူ့ကြောင့် ဒီကားက အညံစားကားတစ်ကားမဖြစ်တာပါ။ကျန်သရုပ်ဆောင်တွေကတော့သာမန်ပဲဖြစ်ပြီးEmilia Clark နဲ့ Jai Courtney တို့ကတော့ ကြိုးစားသရုပ်ဆောင်ထားတာတွေ့ရပါတယ်။ဒါပေမယ့် သူတို့နှစ်ဦးကြားမှာ အချိတ်အဆက်မမိတော့ကြည့်ရတာတစ်မျိုးဖြစ်နေပါတယ်။Jai Courtney က ထုံးစံအတိုင်း သရုပ်ဆောင်မကောင်းပေမယ့်ဒီကားက သူရိုက်ဖူးသမျှကားတွေထဲမှာ သရုပ်ဆောင်မဆိုးဘူးလို့ပြောလို့ရပါတယ်။(Die Hard 5 က သူ့ရဲ့အညံ့ဆုံး ဇာတ်ကားဖြစ်ပါတယ်။)ဒါ့အပြင် ဒီကားမှာ Arnold နဲ့ CGI (Computer Generated Image)Arnold တို့ ချတဲ့အခန်းလည်းပါပြီး ဒီအခန်းတစ်ခန်းနဲ့တင်ကြည့်ရတန်နေပါပြီ။ဒါ့အပြင် Iconic T-1000 စက်ရုပ်လည်းပြန်ပါခဲ့သလို၊မင်းသား Lee Byung-Hun ကလည်း သရုပ်ဆောင် ကောင်းပါတယ်။တစ်ခန်းနှစ်ခန်းပဲပါရပေမယ့် လုပ်ကွက်ရသလောက်နဲ့ လုပ်ပြသွားခဲ့တာတွေ့ရပါတယ်။ဒါ့အပြင် ဇာတ်လမ်းနဲ့ ပထမ နာရီဝက်လောက်က Terminator 1 နဲ့ 2 ကအဖြစ်အပျက်တွေ အခု Timeline မှာလာဖြစ်တာကိုပြသွားတာဖြစ်ပါတယ်။ဒီကားကို လူတော်တော်များများကြိုက်ကြမှာဖြစ်ပြီး၊ဇာတ်လမ်းမကောင်းလှပေမယ့် အာနိုးကို ဇာတ်ကားထဲမှာပြန်ပါလို့ရအောင် အိုင်ဒီယာလုပ်ထားတာ တော့ ချီးကြူးရမှာပါ။Time Travel လုပ်ရင် အဝတ်တွေမပါရဘူး ဆိုတဲ့ အတွက်ကြောင့်ဝတ်စလစ်အခန်း နှစ်ခန်းသုံးခန်းလောက်ပါတာသတိပြုစေချင်ပါတယ်။No Sex ပါ။ အာနိုးပရိတ်သတ် တစ်ယောက်အနေနဲ့ဒီက

Terminator 3: Rise of the Machines (2003) ⭐IMDB: 6.3/10 (407 k Votes) 🎬 #Action #Sci-Fi #SciFi 🗓️ 2003 🎞️ Movie 📺 720p 🌎 #UnitedStates #Germany #UnitedKingdom ⏰ 1 နာရီ 49 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကိုတော့ အများကြီးညွှန်းစရာမလိုတော့ဘူးလို့ထင်ပါတယ်.. လူသားနဲ့စက်ရုပ်တွေနဲ့ မပြီးဆုံးသေးနိုင်တဲ့တိုက်ပွဲတွေကို ဆက်လက်မြင်တွေ့ရဦးမှာဖြစ်ပါတယ်…. ဒီဇာတ်ကားကို ဒါရိုက်တာ Jonathan Mostow ကရိုက်ကူးထားပြီးတော့ တိုက်တန်းနစ်ရဲ့နာမည်ကြီးဒါရိုက်တာဖြစ်သူ James Cameron ကပါ ၀င်ရောက်အားဖြည့်ပေးထားပါတယ်.. ဒီကားဟာ ကြာနေပြီးဖြစ်ပေမယ့်လည်း မင်းသားကြီးအာနိုးဆိုတာနဲ့ Terminator ကိုလူတိုင်းပြေးမြင်ကြမှာပါ.. ဒါကြောင့် Rating 6.3 ရရှိထားတဲ့ ဒီကားကို ပြန်လည်ခံစားကြဖို့ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်…

Terminator Salvation (2009) ⭐IMDB: 6.5/10 (368 k Votes) 🎬 #Action #Sci-Fi #Adventure #SciFi 🗓️ 2009 🎞️ Movie 📺 1080p 🌎 #UnitedStates #Germany #UnitedKingdom #Italy ⏰ 1 နာရီ 57 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2019မှာအသစ်ထပ်မံထွက်ရှိလာတဲ့ Terminator ကားရဲ့အရင်ကထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ Terminatorဆိုတာနဲ့လူတိုင်းသိပြီးသားဇာတ်ကားတစ်ကား​​​ပေါ့ ဒီကားမှာ​တော့ The Knight မင်းသားကြီး Christian Bale နဲ့ Avator မင်းသားကြီး Sam Worthingtonတို့ ပါဝင်ထားတဲ့​ကား​ကောင်းတစ်​ကောင်းပါ ဂျွန်​​ကော်နာက စကိုင်းနက်ရဲ့ projectအသစ်ဖြစ်တဲ့ T-800ကိုရှာ​တွေ့ခဲ့တယ် T-800ကလူသား​မျိုးနွယ်​တွေကို​ပျောက်ဆုံးသွား​အောင်လုပ်နိုင်တယ် ဒါ​ကြောင့် ဂျွန်​ကော်နာက စစ်တပ်ကိုဦး​ဆောင်ပြီး terminator​တွေကိုဆန့်ကျင်ဖို့ဆုံးဖြတ်လိုက်တယ် ​ဂျွန်​ကော်နာက ကိုင်လီရီးစ်ကိုရှာ​ဖွေဖို့ စကိုင်းနဲ့ထဲကို ဘယ်လိုဝင်ပြီး ရှာ​ဖွေခဲ့လည်းဆိုတာ ဘာ​တွေနဲ့ရင်ဆိုင်ရလည်းဆိုတာ ကြည့်ရှု့ရမှာပါ

Terminator 3: Rise of the Machines (2003) ⭐IMDB: 6.3/10 (407 k Votes) 🎬 #Action #Sci-Fi #SciFi 🗓️ 2003 🎞️ Movie 📺 1080p 🌎 #UnitedStates #Germany #UnitedKingdom ⏰ 1 နာရီ 49 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကိုတော့ အများကြီးညွှန်းစရာမလိုတော့ဘူးလို့ထင်ပါတယ်.. လူသားနဲ့စက်ရုပ်တွေနဲ့ မပြီးဆုံးသေးနိုင်တဲ့တိုက်ပွဲတွေကို ဆက်လက်မြင်တွေ့ရဦးမှာဖြစ်ပါတယ်…. ဒီဇာတ်ကားကို ဒါရိုက်တာ Jonathan Mostow ကရိုက်ကူးထားပြီးတော့ တိုက်တန်းနစ်ရဲ့နာမည်ကြီးဒါရိုက်တာဖြစ်သူ James Cameron ကပါ ၀င်ရောက်အားဖြည့်ပေးထားပါတယ်.. ဒီကားဟာ ကြာနေပြီးဖြစ်ပေမယ့်လည်း မင်းသားကြီးအာနိုးဆိုတာနဲ့ Terminator ကိုလူတိုင်းပြေးမြင်ကြမှာပါ.. ဒါကြောင့် Rating 6.3 ရရှိထားတဲ့ ဒီကားကို ပြန်လည်ခံစားကြဖို့ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်…

Terminator 2: Judgment Day (1991) ⭐IMDB: 8.6/10 (1 M Votes) 🎬 #Action #Sci-Fi #SciFi 🗓️ 1991 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 2 နာရီ 35 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကဲအခုတစ်ခါတော့ မင်းသားကြီးအာနိုးရဲ့ Terminator ဒုတိယကားကိုတင္ဆက္ေပး လိုက်ပါတယ် ဇာတ်လမ်းလေးက တော့ Old But Gold လို့ပြောရမှာပါပဲဗျ အရင်ကြည့်ဘူးတဲ့သူ တော်တော် များတာမို့

The Terminator (1984) ⭐IMDB: 8.1/10 (883 k Votes) 🎬 #Action #Sci-Fi #SciFi 🗓️ 1984 🎞️ Movie 📺 720p 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 47 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၈၄ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ 8 ရထားတဲ့ မင်းသားကြီးအာနိုးရဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော် အက်ရှင် သိပ္ပံသဲထိပ်ရင်ဖိုကားကြီးကိုတင်ဆက်ပေးပါရစေ ဒီကားထဲမှတော့မင်းသားကြီးအာနိုးက ၂၀၂၉ ကနေ ၁၉၈၄

Terminator 2: Judgment Day (1991) ⭐IMDB: 8.6/10 (1 M Votes) 🎬 #Action #Sci-Fi #SciFi 🗓️ 1991 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 35 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကဲအခုတစ်ခါတော့ မင်းသားကြီးအာနိုးရဲ့ Terminator ဒုတိယကားကိုတင္ဆက္ေပး လိုက်ပါတယ် ဇာတ်လမ်းလေးက တော့ Old But Gold လို့ပြောရမှာပါပဲဗျ အရင်ကြည့်ဘူးတဲ့သူ တော်တော် များတာမို့

The Terminator (1984) ⭐IMDB: 8.1/10 (883 k Votes) 🎬 #Action #Sci-Fi #SciFi 🗓️ 1984 🎞️ Movie 📺 1080p 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 47 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၈၄ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ 8 ရထားတဲ့ မင်းသားကြီးအာနိုးရဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော် အက်ရှင် သိပ္ပံသဲထိပ်ရင်ဖိုကားကြီးကိုတင်ဆက်ပေးပါရစေ ဒီကားထဲမှတော့မင်းသားကြီးအာနိုးက ၂၀၂၉ ကနေ ၁၉၈၄

The Pope's Exorcist (2023) ⭐IMDB: 6.2/10 (12 k Votes) 🎬 #Horror #Thriller #Mystery 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedKingdom #Spain #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Pope’s Exorcist (2023) ” R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်‌မပြေနိုင်ပါဘူးခင်ဗျာ “ မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ အဲဒီနတ်ဆိုးရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်သူလဲဆိုတာကို သိအောင်လုပ်ရင်း တန်ပြန်ဖို့ ကြိုးစားရပုံတွေကို တွေ့ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

The Park (2023) ⭐IMDB: 4.2/10 (277 Votes) 🎬 #Action #Drama #Horror #Science Fiction #Thriller #ScienceFiction #SciFi 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိထားခဲ့တဲ့ TheParkကားဟာဆိုရင် ကပ်ရောဂါတစ်ခုဖြစ်ပွားနေတဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူကြီးတွေမှန်သမျှဟာ ဆုံးပါးသွားခဲ့ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေသာ ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့အဓိက ဇာတ်ဆောင်၃ယောက်ဟာ စွန့်ပစ်ခံထားရတဲ့ ကစားကွင်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားရင်းနဲ့ သူတို့တွေရော ကပ်ရောဂါကနေရော လွတ်မလွတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Action Drama Horror Sci-Fi Thriller အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်အိမ်အဆန်းလေးတွေကိုကြိုက်တတ်တဲ့လူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

The Park (2023) ⭐IMDB: 4.2/10 (277 Votes) 🎬 #Action #Drama #Horror #Science Fiction #Thriller #ScienceFiction #SciFi 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိထားခဲ့တဲ့ TheParkကားဟာဆိုရင် ကပ်ရောဂါတစ်ခုဖြစ်ပွားနေတဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူကြီးတွေမှန်သမျှဟာ ဆုံးပါးသွားခဲ့ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေသာ ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့အဓိက ဇာတ်ဆောင်၃ယောက်ဟာ စွန့်ပစ်ခံထားရတဲ့ ကစားကွင်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားရင်းနဲ့ သူတို့တွေရော ကပ်ရောဂါကနေရော လွတ်မလွတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Action Drama Horror Sci-Fi Thriller အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်အိမ်အဆန်းလေးတွေကိုကြိုက်တတ်တဲ့လူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

The Pay Day (2022) ⭐IMDB: 4.1/10 (136 Votes) 🎬 #Crime #Thriller #Comedy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 File size…(1.1 GB)/(600 GB)/(300 Mb)Quality….Webrip 1080p / 720p / 480pFormat…mp4Duration….01:33:00Genre…Crime, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Monica May

Dungeons & Dragons: Honor Among Thieves (2023) ⭐IMDB: 7.5/10 (55 k Votes) 🎬 #Action #Adventure #Comedy #Fantasy 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #Canada #UnitedKingdom #Iceland #Australia #Ireland #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dungeons & Dragons: Honor Among Thieves (2023) ~IMDb – 7.5/10, RT – 90%, Meta – 72% ~ မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာ သုံးသွားတဲ့ မှော်တိုက်ကွက်တွေကလည်း နာမည်တွေမပြောပေမဲ့ ယခင် ဂိမ်းတွေထဲမှာ အဓိကသုံးကြတဲ့ အကွက်တွေဖြစ်သလို D&D ယူနီဗာ့စ်ကြီးရဲ့ အထင်က‌ရနေရာဖြစ်တဲ့ Neverwinter မြို့ကို နေရာစုံပြထားတဲ့အပြင် Easter Egg မျိုးစုံပါပါတယ်။ D&D ဖန် ဟုတ်ဟုတ်မဟုတ်ဟုတ် ကြည့်လို့ကောင်း အချိန်ပေးရကျိုးနပ်မှာတော့သေချာပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အက်ဂင်ဆိုတဲ့ လူတစ်ယောက်ဟာ လူတွေကို ကူညီတဲ့ စောင်းသမားအဖွဲ့ကနေ သူခိုးအဖြစ်ကို အကြောင်းတစ်ခုကြောင့် ပြောင်းလဲလာတဲ့လူတစ်ယောက်ပါ။ သူနဲ့အတူ သူ့ရဲ့ သမီး ကီရာ၊ တိုက်ခိုက်ရေးသမား ဟိုဂါ၊ မှော်ဆရာတလွဲကောင် ဆိုင်မွန်၊ လူလိမ် ဖို့ဂျ်တို့လည်း သူခိုးအဖွဲ့မှာပါဝင်ကြပါတယ်။ တစ်ကြိမ်မှာတော့ အက်ဂင်ရဲ့ သေသွားတဲ့ ဇနီးကိုအသက်ပြန်သွင်းနိုင်တဲ့ ကျောက်ပြားတစ်ချပ်ကိုခိုးယူရင်း အဖမ်းခံလိုက်ရပြီး အက်ဂင်နဲ့ဟိုဂါတို့ ထောင်ကျသွားခဲ့ပါတယ်။ ထောင်ကနေ ထွက်ပြေးလာပြီး ကျောက်ပြားနဲ့သမီးကို ပြန်လိုက်ရှာရင်းနဲ့ သေယန်ဆိုတဲ့ စုန်းကဝေတပ်ကြီးနဲ့ တိုက်ခိုက်ဖို့ကြုံလာတဲ့အခါ…… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Last Tango in Paris (1972) ⭐IMDB: 6.9/10 (56 k Votes) 🎬 #Drama #Romance 🗓️ 1972 🎞️ Movie 📺 720p 🌎 #Italy #France ⏰ 2 နာရီ 10 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Last Tango in Paris (1974) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။ မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ထိပ်တန်းကျခဲ့တဲ့ 400 Blows က မင်းသားကြီး Jean-Pierre Léaud နဲ့ ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ရုပ်ရှင်ပေါင်းများစွာမှာ သရုပ်ဆောင်ဖူးခဲ့တဲ့ မာလွန်ဘရန်ဒိုတို့က အဓိက သရုပ်ဆောင်ထားတယ်။ မင်းသမီးကလည်း ပြင်သစ်မင်းသမီး Maria Schneider ပါ။ ဘရန်ဒိုကလွဲ အကုန်ပြင်သစ်တွေချည်းလို့ ပြောလို့ရပါတယ်။ Erotic Drama Film တစ်ကားအနေနဲ့ဆို ဒီကားဟာ တော်တော်ထိပ်တန်းကျတဲ့ အရည်အသွေးရှိတယ်လို့တောင် ပြောချင်ပြောလို့ရပါတယ်။Sex Scenes တွေက အကြမ်းပတမ်းတွေတောင်ပါတာမို့ အများသူငါ သူယှဉ်တွဲကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)

Dungeons & Dragons: Honor Among Thieves (2023) ⭐IMDB: 7.5/10 (55 k Votes) 🎬 #Action #Adventure #Comedy #Fantasy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #UnitedKingdom #Iceland #Australia #Ireland #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dungeons & Dragons: Honor Among Thieves (2023) ~IMDb – 7.5/10, RT – 90%, Meta – 72% ~ မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာ သုံးသွားတဲ့ မှော်တိုက်ကွက်တွေကလည်း နာမည်တွေမပြောပေမဲ့ ယခင် ဂိမ်းတွေထဲမှာ အဓိကသုံးကြတဲ့ အကွက်တွေဖြစ်သလို D&D ယူနီဗာ့စ်ကြီးရဲ့ အထင်က‌ရနေရာဖြစ်တဲ့ Neverwinter မြို့ကို နေရာစုံပြထားတဲ့အပြင် Easter Egg မျိုးစုံပါပါတယ်။ D&D ဖန် ဟုတ်ဟုတ်မဟုတ်ဟုတ် ကြည့်လို့ကောင်း အချိန်ပေးရကျိုးနပ်မှာတော့သေချာပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အက်ဂင်ဆိုတဲ့ လူတစ်ယောက်ဟာ လူတွေကို ကူညီတဲ့ စောင်းသမားအဖွဲ့ကနေ သူခိုးအဖြစ်ကို အကြောင်းတစ်ခုကြောင့် ပြောင်းလဲလာတဲ့လူတစ်ယောက်ပါ။ သူနဲ့အတူ သူ့ရဲ့ သမီး ကီရာ၊ တိုက်ခိုက်ရေးသမား ဟိုဂါ၊ မှော်ဆရာတလွဲကောင် ဆိုင်မွန်၊ လူလိမ် ဖို့ဂျ်တို့လည်း သူခိုးအဖွဲ့မှာပါဝင်ကြပါတယ်။ တစ်ကြိမ်မှာတော့ အက်ဂင်ရဲ့ သေသွားတဲ့ ဇနီးကိုအသက်ပြန်သွင်းနိုင်တဲ့ ကျောက်ပြားတစ်ချပ်ကိုခိုးယူရင်း အဖမ်းခံလိုက်ရပြီး အက်ဂင်နဲ့ဟိုဂါတို့ ထောင်ကျသွားခဲ့ပါတယ်။ ထောင်ကနေ ထွက်ပြေးလာပြီး ကျောက်ပြားနဲ့သမီးကို ပြန်လိုက်ရှာရင်းနဲ့ သေယန်ဆိုတဲ့ စုန်းကဝေတပ်ကြီးနဲ့ တိုက်ခိုက်ဖို့ကြုံလာတဲ့အခါ…… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Last Tango in Paris (1972) ⭐IMDB: 6.9/10 (56 k Votes) 🎬 #Drama #Romance 🗓️ 1972 🎞️ Movie 📺 1080p 🌎 #Italy #France ⏰ 2 နာရီ 10 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Last Tango in Paris (1974) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။ မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ထိပ်တန်းကျခဲ့တဲ့ 400 Blows က မင်းသားကြီး Jean-Pierre Léaud နဲ့ ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ရုပ်ရှင်ပေါင်းများစွာမှာ သရုပ်ဆောင်ဖူးခဲ့တဲ့ မာလွန်ဘရန်ဒိုတို့က အဓိက သရုပ်ဆောင်ထားတယ်။ မင်းသမီးကလည်း ပြင်သစ်မင်းသမီး Maria Schneider ပါ။ ဘရန်ဒိုကလွဲ အကုန်ပြင်သစ်တွေချည်းလို့ ပြောလို့ရပါတယ်။ Erotic Drama Film တစ်ကားအနေနဲ့ဆို ဒီကားဟာ တော်တော်ထိပ်တန်းကျတဲ့ အရည်အသွေးရှိတယ်လို့တောင် ပြောချင်ပြောလို့ရပါတယ်။Sex Scenes တွေက အကြမ်းပတမ်းတွေတောင်ပါတာမို့ အများသူငါ သူယှဉ်တွဲကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)

Daisy Jones & The Six (2023-2023) ⭐IMDB: 8.1/10 (23 k Votes) 🎬 #Drama #Music #Romance 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 7 မိနစ် 27 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Daisy Jones & the Six (2023)Daisy Jones & the Six (2023) ===================== IMDb Rating – 8.1/10ဂီတဆိုတာ ဘာလဲ။ လူတွေက ဂီတကို သူတို့ရဲ့ အထင်တွေ အမြင်တွေနဲ့ ရှု့ထောင့်မျိုးစုံကနေ ပုံဖော်ကြတယ်။ တချို့က ကြီးကျယ်ခမ်းနားမှုလို့ မြင်ကြပေမယ့် လူတချို့အတွက်က တော့ ဂီတနဲ့ အသက်မွေးတာက ထမင်းငတ်မယ့်အလုပ်လို့ မြင်ကြပါတယ်။ ဒါကလည်း ဖြတ်သန်းရပုံဘဝချင်းမတူကြလို့ အမြင်ချင်းမတူကြတာပဲ . . . ရှိပါစေတော့။ ဒါပေမယ့် လူငယ်အများစုဟာ ဂီတတွေကို ဖန်တီးပြီးတော့ လူသားသမိုင်းတစ်လျှောက် အကြီးဆုံးဖြစ်တဲ့ ဖျော်ဖြေရေး လှိုင်းလုံးကြီးထဲမှာ စီးမျှောလိုက်ပါကြဖို့ ကြိုးစားကြပါတယ်။ လှိုင်းလုံးဖြစ်တဲ့အလျှောက် အောင်မြင်မယ်ဆိုရင် လှိုင်းထိပ်ကို ရောက်မယ် ကျရှုံးမယ်ဆိုရင်တော့ လှိုင်းအောက်ကို ရောက်ရှိ သွားမှာပဲ။ ဒီလိုနဲ့ ခေတ်ပေါ် ဂီတလောကမှာ အောင်မြင်ပြီး နာမည်ကြီးကြတဲ့ တီးဝိုင်းအဖွဲ့တွေ များစွာရှိသလိုပဲ လူမသိသူမသိ ဖျက်သိမ်းသွားတဲ့ တီးဝိုင်းအဖွဲ့ဆိုတာတွေလည်း ဒုနဲ့ဒေးပါပဲ။ဒီဇာတ်လမ်းမှာလည်း ထို့အတူပဲ ၁၉၇၇ မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Daisy Jones and The Six ဆိုတဲ့ တီးဝိုင်းအဖွဲ့ တစ်ခုဟာ အောင်မြင်မှုတွေ အလီလီဆွတ်ခူးရင်း ဂီတလှိုင်းလုံးကြီးမှာ ပျော်မွေ့ခဲ့ကြပါတယ်။ လက်မှတ်တွေ တစ်စောင်မကျန်အောင် ရောင်း ချရတဲ့ ချီကာဂိုမြို့ Solider Field က ဖျော်ဖြေပွဲတစ်ခု အပြီးမှာတော့ သူတို့အဖွဲ့ ဂီတလောက ကနေ အနားယူခဲ့ကြပါတယ်။ ဆယ်စုနှစ်တွေ ကြာအပြီးမှာတော့ ဘာဖြစ်လို့ အဖွဲ့ကို ဖျက်သိမ်းပြီး အနားယူခဲ့လဲဆို တာကို အဖွဲ့သားတွေက အမှန်အတိုင်းပြောပြဖို့ သဘောတူခဲ့ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူတို့အဖွဲ့ ဘယ်လို စတင်ဖွဲ့စည်းဖြစ်တယ်၊ ဘယ်လို နာမည်ကြီးအောင်လုပ်ကြတယ်၊ ဘယ်လိုတွေ စီးမျှောခံစားကြတယ်၊ ဘာကြောင့် အဖွဲ့ပျက်သွားတယ်ဆိုတာတွေကို ဇာတ်လမ်းတစ်လျှောက် အနိမ့်အမြင့်တွေကို သီချင်းကောင်းများစွာနဲ့ လိုက်ပါခံစားနိုင်မယ့် ဇာတ် လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(400 MB) / (1.0 GB)

Amazing Stories (2020-2020) ⭐IMDB: 6.3/10 (7 k Votes) 🎬 #⁉️️ #SciFi #Fantasy #Action #Adventure #Drama #Mystery 🗓️ 2020-2020 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 49 မိနစ် 28 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Amazing Stories (2023)Amazing Stories (2020)======================= IMDb Rating – 6.3/10 Amazing Stories က စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ဇာတ်လမ်းမျိုးစုံကိုစုထားတဲ့ Anthology Series တစ်ခု ဖြစ်ပါတယ်။ တစ်ပိုင်းတစ်ပိုင်းစီက ဇာတ်ကွက်တွေက စိတ်ဝင်စားဖို့ကောင်းပြီး ရင်ထဲထိစေမယ့် ရသမျိုးစုံကို ပေးနိုင်ပါတယ်။ နာမည်ကြီး Flimmaker Steven Spielberg ရိုက်ကူး ထားပြီး Dylan O’Brien, Josh holloway, Victoria Pedretti, Edward Burns, Robert Forster စတဲ့ Castတွေ များစွာပါဝင်ပါတယ်။ ကြည့်ရူသူတွေကို စိတ် ကူးယဥ်၊ ဆန်းကြယ်မှုကမ္ဘာဆီ ခေါ်သွားပေးမယ့် Sci-Fi, Fantasy ဆန်ဆန် Series တစ်ခုပဲ ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File Size………….(400 MB) / (1 GB)

Doogie Kamealoha, M.D. (2021- ) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Comedy #Drama #Family 🗓️ 2021- 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 38 မိနစ် 35 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Doogie Kamealoha, M.D. (2021)Doogie Kamealoha M.D. (2021)IMDb – 6.3/10 “ဒူဂီကန်မယ်လ်လိုဟာအမ်ဒီ”ဆေးပညာဒရာမာ က အမေရိကန်မိသားစုဆေးပညာဟာသ ဒရာမာတစ်ခုဖြစ်ပြီးတော့ ၁၉၈၉-၉၃ခုနှစ်က ABC ရုပ်သံကနေထုတ်လွှင့်ခဲ့တဲ့ “ဒူဂီဟောင်ဆာ “ဆေးပညာဒရာမာကိုအခြေခံထားတာဖြစ်ပါတယ်။လာဟဲလာ ဒူဂီ ကန်မယ်လ်လိုဟာ ဆိုတဲ့ဆယ်ကျော်သက်ဉာဏ်ကြီးရှင်မလေး က သူ့ရဲ့ အထက်တန်းကျောင်းသားဘဝနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာဝန်ဖြစ်လာတဲ့အခါမှာ မိသားစုနဲ့ဘယ်လိုရုန်းကန်နေရတယ်ဆိုတာရယ်၊ သူရဲ့အလုပ်ရှင်လဲဖြစ်တဲ့ သူ့အမေနဲ့ သူနဲ့ကြားကဆက်ဆံရေးကို ဘယ်လိုမျိုးညှိနှိုင်းပြီး အလုပ်လုပ်သွားမယ်ဆိုတာကို ၁၀ ပိုင်းထဲနဲ့ အပြီး ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Elrond ပဲ ဖြစ်ပါတယ်။Genre…..Drama, Medical