uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Singham (2011) ⭐IMDB: 6.8/10 (20 k Votes) 🎬 #Action #Bollywood #Drama #Crime 🗓 2011 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းကတော့ ငွေကြေးချမ်းသာတဲ့ဒုစရိုက်သမားတွေက လာဘ်စားတဲ့ရဲတွေနဲ့ပေါင်းပြီးဥပဒေကိုဂရုမစိုက် ထင်တိုင်းကြဲနေကြပါတယ် ဒါကိုမခံနိုင်တဲ့ သမာသမတ်ကျတဲ့ရဲတစ်ယောက်ကသူတို့ကိုဆန့်ကျင်ဖို့ကြိုးစားတဲ့အခါမှာတော့ အဲဒီရဲကိုလာဘ်စားတယ်ဆိုပြီးလုပ်ကြံအမှုဆင်ကာ ထောင်ချဖို့ကြိုးစားပါတော့တယ် ဘယ်လိုမှဖြေရှင်းလို့မရတော့တဲ့ အဆုံးမှာတော့လုပ်ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင်ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ် သုံးနှစ်ကြာပြီးနောက်မှာ အဲဒီရဲရဲ့မိန်းမပြန်အစဖော်တဲ့အတွက်ကြောင့်နောက်တစ်ခါဒီအမှုကို ပြန်စစ်ဖို့တာဝန်ကျတဲ့သူကတော့ရဲအရာရှိ ဘာဂျီရိုဆင်းဂမ် ပဲဖြစ်ပါတယ်… ဆင်းဂမ်ဟာ သတ်သေသွားတဲ့ရဲအရာရှိဟောင်းရဲ့ရုံးခန်းမှာထိုင်ပြီး ဒီဒုစရိုက်သမားတွေရဲ့ နည်းမျိုးစုံခြိမ်းခြောက်ဒုက္ခပေးတဲ့ကြားကဘယ်လိုပြန်ပြီး အပြစ်ပေးနိုင်အောင်လုပ်သွားမလဲကိုတော့ဇာတ်ကားထဲမှာဆက်ကြည့်သွားကြပါလို့ ဘာသာပြန်ကတော့ May Thu ဖြစ်ပြီး အညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ်
...

Natalie (2010) ⭐IMDB: 4.7/10 (660 Votes) 🎬 #Adult #Drama #Mystery #Psychological #Romance #Comedy 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Natalie ( 2010 ) *************** ပရိတ်သတ်ကြီးတွေကို မိတ်ဆက်ပေးမဲ့ အခုကားလေးကတော့… ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Natalie ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ နာမည်ကြီး ပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဟွမ်းဂျွန်ဟျော့ရဲ့ အိမ်မက်က… လောကကြီးမှာ အလှဆုံးသော မိန်းကလေး ပန်ပုရုပ်တစ်ခုကို ထုနိုင်ဖို့ပါ။ ဒါပေမဲ သူဟာ အနုပညာသမားတွေမှာ ဖြစ်တတ်တဲ့ art block ဖြစ်ပြီးတော့… ပန်းပုထုနိုင်စွမ်း လျော့ကျလာခဲ့ပါတယ်။ အဲဒီလိုကြောင့် အနုပညာတက္ကသိုလ်တစ်ခုမှာ.. ပါမောက္ခအဖြစ် အလုပ်လုပ်ခဲ့ပါတယ် တစ်နေ့မှာ အကကျောင်းသူတစ်ယောက်ဖြစ်တဲ့.. ဂျောင်မီရန်းနဲ့ တွေ့ဆုံပြီးတော့ ချစ်ကြိုက်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း… ဂျောင်မီရန်းကို တစ်ဖက်သက်ကြိုက်နေတဲ့ ဂျန်မင်ဝူဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေး.. တစ်ယောက်လည်းရှိနေပါတယ်။ ဆရာနဲ့ တပည့် ဆက်ပြီးတော့ ချစ်နိုင်ပါ့မလား… ဘယ်လိုအခက်ခဲတွေကြုံတွေ့ရမလဲ တစ်ဖက်သက် အချစ်ကရော ဘယ်လိုဆက်ဖြစ်မလဲ။ Natalie ဆိုတာကရော ဘယ်သူလဲ ဟွမ်းဂျင်‌ဟျော့ကရော သူ့အိမ်မက်ကိုဖန်တီးနိုင်ပါ့မလား… ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ 18+ အနည်းငယ် ပါဝင်တာကြောင့် လူ ၁၈ယောက် စုကြည့်ဖို အကြံပေးချင်ပါတယ်ဗျာ။
...

Bloody Johann (2024) ⭐TMDB: 60% User Score 🎬 #Comedy #Fantasy #Horror 🗓 2024 🎞 movie 🌎 #Czechia #CzechRepublic ⏰ 1 နာရီ 31 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bloody Johann (2024) ဇာတ်ကားက Horror ရုပ်ရှင်အမျိုးအစားပါ။ ဂျာမဏီရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်ကို အမှီပြုပြီးတော့ ဒီရုပ်ရှင်ကို ရိုက်ကူးထားတာပါ။ ယောဟန်ဖော့စ်က မားဂရက်ကို ရဖို့အတွက် နတ်ဆိုးနဲ့ အလောင်းအစားလုပ်ခဲ့ပါတယ်။ အဲဒီအတွက် ပြန်ပေးဆပ်လိုက်ရတာကတော့ သူရလိုက်တဲ့ မားဂရက်ရဲ့ ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာပါပဲ။ မားဂရက်က သူ့ကို ဒီလို အောက်လမ်းနည်းနဲ့ ရယူလိုက်မှန်းသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ မိသားစုဘဝက ရာစုနှစ်ပေါင်းများစွာ မကျေမချမ်းဖြစ်မှုတွေနဲ့ ရှေ့ဆက်ကြရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)
...

Paid in Full (2002) ⭐TMDB: 68% User Score 🎬 #Action #Crime #Drama 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paid in Full (2002) IMDb Rating (7.0) / Rotten Tomatoes (53%) ဒါလေးကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ crime/ dramaအမျိုးအစားကားပါ။ ၈၀ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်မှီငြိမ်းရိုက်ကူးထားတယ်လို့လည်းဆိုကြပါတယ်။ မူးယစ်ဆေးတွေ ရာဇ၀တ်မှုတွေ ဂိုဏ်းတွေကြီးစိုးတဲ့ လူမည်းရပ်ကွက်ဟာလမ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း – အေ့စ်က ပင်မင်းမှာအလုပ်လုပ်တဲ့ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ “မစ်”ရဲ့လွမ်းမိုးမှု ကြောင့် ငွေရလွယ်တဲ့လမ်းကိုလိုက်ပြီး မစ် ခဏထောင်ထဲရောက်နေချိန်မှာ ဟာလမ်ရဲ့မူးယစ်ရာဇာတစ်ဦးဖြစ်လာပါတယ်။ နောက်ကျ မစ်ကနေတဆင့် လက်ရဲဇက်ရဲ “ရီကို” နဲ့ပါတွဲမိပြီး ဟာလမ်လမ်းတလျှောက်ကြီးစိုးခဲ့ကြတဲ့အကြောင်းအပြင် ရာဇ၀တ်မှု‌ တွေ သစ္စာဖောက်မှုတွေနဲ့ သူတို့သုံး‌ယောက်ရဲ့ဘ၀တွေ ဘယ်လိုအဆုံးသတ်သွားလဲ စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အချိန်ပေးရတန်တဲ့ကားကောင်းလေးမလို့ တင်ဆက် ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။)
...

They (2002) ⭐TMDB: 50% User Score 🎬 #Horror #Mystery #Thriller 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 They (2002) ကလေးဘဝ တုန်းက ခြောက်အိပ်မက် မက်ခဲ့ဖူးတဲ့ ကလေးတွေရှိကြမှာပါ။ ဒီရုပ်ရှင်ဟာ ဒီလို ခြောက်အိပ်မက်မက်ခဲ့တဲ့ ကလေးတွေ အသက်ကြီးလာတဲ့ အချိန်မှာ ငယ်ဘဝ ရဲ့ အရိပ်ဆိုးကြီးတွေ ပြန်ခြောက်လှန့်လာတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ အဓိက ဇာတ်ကောင် ဂျူလီယာဆို တဲ့ ကောင်မလေးဟာတစ်နေ့မှာတော့ သူ့လိုပဲ ငယ်ဘဝတုန်းက ခြောက်အိပ်မက်တွေ ခံစားခဲ့ရတဲ့ သူငယ်ချင်းဟောင်း ဘီလီ နဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ ဘီလီ ရဲ့ပြောချက်အရ သူတို့လို ခြောက်အိပ်မက် မက်ခဲ့တဲ့ ကလေးတွေကို အမှတ်အသားလုပ်ပြီး အမှောင်ထဲပြန်ခေါ်သွားချင်နေတဲ့ အရာ တွေရှိတယ်လို့ဆို ပါတယ်။ ဘီလီက အဲဒီအရာတွေဟာ အမှောင်ထဲမှာပဲ နေပြီး အလင်းကို ကြောက်တယ်လို့ ပြောပြပြီး သူ့ကိုယ်သူ သတ်သေသွားပါတယ်။ ဘီလီ သေဆုံးသွားပြီးမကြာခင်မှာပဲ ဂျူလီယာကိုယ်တိုင် ခြောက်အိပ်မက်တွေ ပြန်မက်လာပြီး သူ့လို လူမျိုးတွေနဲ့လည်း မိတ်ဆွေ တွေဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘီလီပြောတဲ့ အမှတ်အသားမျိုး ဂျူလီယာဆီမှာလည်း ပေါ်လာပြီး သူ့ကို အမှောင်ထဲ ခေါ်သွားဖို့ကြိုးစားနေတဲ့ အရာတွေနဲ့ ကိုယ်တိုင် ရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)
...

Family of Two (A Mother and Son Story) (2023) ⭐IMDB: 6.3/10 (145 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖိလစ်ပိုင် Drama ကားဖြစ်တဲ့ Family of Two ( A Mother and Son Story) ကတော့ ငယ်ငယ်ကတည်းက ဖခင်ဆုံးပါးသွားတာကြောင့် အမေတစ်ခုသားတစ်ခုနေလာခဲ့ကြတဲ့ သိပ်ချစ်ကြတဲ့သားအမိနှစ်ယောက်အကြောင်း ရိုက်ကူးပြထား ဖြစ်ပါတယ်။ အမေဖြစ်တဲ့မာရီကာက အလုပ်မျိုးစုံလုပ်ပြီး သား​ဖြစ်တဲ့မတ်တီကို တစ်ယောက်တည်းပြုစုပျိုးထောင်ပေးခဲ့တဲ့ ခေတ်မီတဲ့အမြင်ရှိတဲ့ မိခင်တစ်ယောက်ပါ။ မတ်တီကို အစစအရာရာနားလည်မှုပေးနိုင်ခဲ့ပြီး ချွေးမကိုလည်း နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့ပါတယ်။ တစ်ရက်မှာတော့ မတ်တီက အောင်မြင်မှုလမ်းကြောင်းအတွက် စင်ကာပူမှာအလုပ်သွားလုပ်ရဖို့ဖြစ်လာခဲ့ပါတယ်။ အားလုံးနားလည်ပေးနိုင်ပေမယ့် မတ်တီနဲ့မခွဲနိုင်တဲ့အမေ့ကို ဝမ်းနည်းစွာနေရစ်ခဲ့ရမှာစိုးတာကြောင့် မတ်တီက နောက်အိမ်ထောင် ပြုခိုင်းဖို့စီစဥ်ပါတော့တယ်။ ဒါပေမဲ့ မတ်တီရဲ့လုပ်ရပ်ကြောင့် မာရီကာဟာ ဒေါသအကြီးအကျယ်ထွက်ပြီး သိပ်ချစ်ကြတဲ့ သားအမိနှစ်ယောက်ပြဿနာတက်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ မာရီကာတစ်ယောက် မတ်တီရဲ့ကောင်းတဲ့ရည်ရွယ်ချက်ကို လက်ခံပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာသားဖြစ်သူရဲ့ကမ္ဘာထဲမှာ အချိန်ပြည့်လည်ပတ်နေခဲ့တဲ့ မိခင်တစ်ယောက်အတွက် ကိုယ်ကိုယ်တိုင်ရဲ့ဘဝအဓိပ္ပါယ်ကို ပြန်လည်ရှာဖွေခဲ့ရပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
...

Boss Ma'am (2024) ⭐IMDB: 7.2/10 (25 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 6 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boss Ma’am (2024) ဗန်းန်ဟာ ကုမ္ပဏီတစ်ခုရဲ့အကြီးတန်းအရောင်းမန်နေဂျာဖြစ်ပြီး သူ့ရုံးမှာ သူကဩဇာအကြီးဆုံးဖြစ်ပါတယ်။ မျက်နှာကြောတင်းသလို၊ တိကျပြတ်သားပြီး စိတ်ထားလည်းမကောင်းတဲ့သူ့ကိုအားလုံးက ဖိန့်ဖိန့်တုန်ကြောက်ရပြီး သူ့ရဲ့အငယ်တန်းတွဲဖက်ကောင်မလေးဖြစ်တဲ့ ချမ်းကတော့ သူ့ဒဏ်ကိုအခံရဆုံးပါပဲ။ ဒါပေမယ့် ဗန်းန်မှာ ဘယ်သူမှမသိတဲ့ အမှောင်စိတ်တစ်ခုရှိပြီး အဲ့ဒါကတော့ ရုံးမှာအားလုံးကိုအမြဲတမ်းနိုင်စားနေရတဲ့သူဟာ လူကွယ်ရာမှာတော့ ကိုကို့ကလေးလေးအဖြစ်ဒဏ်ပေးခံချင်နေတာပါ။ အဲ့ဒီစိတ်ကြောင့်ပဲ ရုံးမှာအဲကွန်းလာပြင်တဲ့ကောင်လေးကို အထာပေးပြီး သူ့ရဲ့မွန်းကျပ်မှုတွေကိုဖြေဖျောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကိုအမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ ချမ်းကမြင်သွားပြီး ဗီဒီယိုရိုက်ယူထားသလို အဲ့ဒီဗီဒီယိုကိုအသုံးချပြီး သူ့အပေါ်ခြိမ်းခြောက်အနိုင်ယူလာချိန်မှာတော့..။ တက်တူးတွေနဲ့အရမ်းမိုက်တဲ့ မမကြီး Jenn Rosa ကဆံပင်ပုံစံပြောင်းပြီးထက်မြက်တဲ့ဘောစိမအဖြစ်ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Non-Stop (2014) ⭐IMDB: 6.9/10 (280 k Votes) 🎬 #Action #Mystery #Thriller 🗓 2014 🎞 movie 🌎 #UnitedKingdom #France #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက မင်းသားကြီး Liam Neesonရဲ့ အက်ရှင် ကားကောင်းတွေထဲက တစ်ကားဖြစ်ပြီး IMDb 6.9နဲ့ RT 62%အထိ ရထားပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး အနေနဲ့ လေကြောင်းအရာရှိ ဘေလ်မက်ဇ်အဖြစ် ပါဝင် ထားတာပါ။ နယူးယောက်ရဲဌာနကနေ စိတ်ကျရောဂါနဲ့ အရက်စွဲပြဿနာကြောင့် တာဝန်က ရပ်နားခံထားရတဲ့ ဘေလ်ဟာ လေကြောင်းလိုင်းတစ်ခုမှာ အရာရှိအနေနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတာပါ။ တစ်နေ့မှာ သူ့ရဲ့လေယာဉ်ပေါ်မှာ ဘဏ်အကောင့်ထဲ သန်း၁၅၀အတိ လွှဲမပေးမချင်း မိနစ်၂၀ပြည့်တိုင်း ခရီးသည်တစ်ဦးကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုဝင်လာပါတယ်၊ ခြိမ်းခြောက်ထားတဲ့အတိုင်းပဲ မိနစ်၂၀တိုင်းမှာ ခရီးသည် တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အခါ သန်း၁၅၀ လွှဲပေးဖို့ အာဏာပိုင်တွေနဲ့ ဘဏ်အကောင့်ကို စစ်ကြည့်မှ ဘေလ်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့် ဖြစ်နေခဲ့ပါတယ်၊ ဒါကြောင့် အစိုးရဘက်ကလည်း စိတ်ကျရောဂါရာဇဝင် ရှိထားတဲ့ ဘေလ်ကို မယုံတော့ဘဲ လူသတ်မှုနဲ့ လေယာဉ် ပြန်ပေးဆွဲမှုတွေကို ကျူးလွန်နေတဲ့ သံသယတရားခံလို့ တထစ်ချ သတ်မှတ်လိုက်တဲ့အခါ တရားခံအစစ်တွေနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဖိအားတွေကြားကနေ ဘေလ် တစ်ယောက် ခရီးသည်တွေကို ကယ်တင်နိုင်ပါ့မလား။ တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီး သူ့အပေါ်ကို ကျနေတဲ့ သံသယအမြင်တွေကို ဖယ်ရှားနိုင်မလားဆိုတာ ဇာတ်ရှိန် မကျတမ်းကြည့်ရမယ့် အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
...

Just Married (2003) ⭐TMDB: 58% User Score 🎬 #Comedy #Romance 🗓 2003 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားက ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Aston Kutcher နဲ့ Brittany Murphy တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ တွမ်နဲ့ဆာရာတို့ဟာ မတော်တဆတွေ့ဆုံမိကြရင်း မထင်မှတ်ထားတဲ့ပုံစံနဲ့ လူငယ်တို့သဘာဝ ချစ်ကြိုက်မိသွားကြပါတယ်။ ချမ်းသာတဲ့ဆာရာရဲ့မိဘတွေကတော့ အနေအထားချင်းမတူတဲ့ တွမ်နဲ့ သဘောမတူပါဘူး။ ဒါပေမဲ့ ဆာရာဟာ မိဘတွေရဲ့သဘောထားနဲ့ဆန့်ကျင်ပြီး တွမ်နဲ့လက်ထပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နှစ်ယောက်သား ဥရောပတစ်ခွင် အလည်အပတ်ခရီးထွက်ဖို့ပြင်ဆင်ပါတယ်။ တစ်ဖက်မှာလည်း ဆာရာတို့မိဘတွေဟာ သူတို့နှစ်ယောက်ကိုအနှောင့်အယှက်ပေးဖို့ ဆာရာရဲ့ရည်းစားဟောင်းဖြစ်သူကို နောက်ကနေလိုက်ဖို့လွှတ်လိုက်ပါတော့တယ်။ ဒီကားထဲကတော့ သူတို့ညားခါစ အတွဲကြားက အလွဲတွေ ပြဿနာတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတာဖြစ်ပြီး ဘဝအမောတွေကို တစ်ခဏတာပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Your Monster (2024) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Uncategorized #Romance #Comedy #Horror #Music 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sundance Film Festival နဲ့ Charlotte Film Festival တို့မှာ Audience Favorite Award ဆုကို ရရှိခဲ့တဲ့ Your Monster ရုပ်ရှင်ကားကြီး………………. ကင်ဆာရောဂါကိုခံစားနေရတဲ့ လော်ရာတစ်ယောက် သူ့ရဲ့ချစ်သူဆီက စွန့်ပစ်ခြင်းကိုပါ ခံလိုက်ရပြီးတော့ ဘဝကြီးတစ်ခုလုံးကမောက်ကမဖြစ်နေခဲ့ပါတယ်… ဒီလိုနဲ့ မုန်တိုင်းထန်တဲ့ညတစ်ညမှာ သူနဲ့အတူ တစ်ဘဝလုံးအတူရှိခဲ့ဖူးတဲ့ သူ့ရဲ့အဝတ်ဗီရိုထဲက မွန်းစတားဆိုတဲ့သားကောင်ကြီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့ကြတယ်… မွန်းစတားကြီးကတော့ လော်ရာအိမ်ပြန်ရောက်လာတာကို သဘောမကျဖြစ်ခဲ့ပြီး သူတို့နှစ်ယောက် တစ်အိမ်ထဲမှာ ဘယ်လိုပြဿနာတွေဖြစ်ကြမလဲ လော်ရာက သူ့ရည်းစားဟောင်းရဲ့ ပြဇာတ်မှာ ပါဝင်ဖို့ လူရွေးပွဲသွားဖြေကြတဲ့အခါ သူမဘာတွေထပ်ပြီးတော့ သိလာရအုံးမလဲ ? သစ္စာဖောက်ခံရမှုတွေ၊ နာကျည်းစရာတွေနဲ့ ထင်မှတ်မထားတဲ့ဇာတ်လမ်းမြုပ်ကွက်တွေအများကြီးနဲ့ ပုရိတ်သတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်ခဲ့တဲ့ နှစ်ကြိမ်တိုင်တိုင် “ပုရိသတ်အကြိုက်နှစ်သက်ဆုံးဆု”ကို ရရှိထားတဲ့ Your Monster ရုပ်ရှင်ကားကြီးကို စောင့်ကြည့်ပေးကြပါဦး
...

What We Find on the Road (2024) ⭐IMDB: 4.8/10 (138 Votes) 🎬 #Uncategorized #Adventure #Comedy #Drama #Mystery 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica #UnitedStates ⏰ 1 နာရီ 34 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုတ်တရက် တီဂျေဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့အိမ်ကို လူတစ်ယောက်ရောက်လာပြီး ကားသော့တစ်ချောင်းနဲ့ လိပ်စာ စာရွက်တစ်ရွက်ကို အဖေဖြစ်သူကပေးခိုင်းလိုက်တယ်ဆိုပြီး ဇာတ်ကိုအစပျိုးထားပါတယ် တီဂျေရဲ့အဖေဖြစ်သူဟာ မူးယစ်ဆေးအရက်သေစာအစုံပလုံချတဲ့ထောင်ထွက်လူမိုက်တစ်ယောက်ဖြစ်ခဲ့တာပါ တီဂျေ ကလေးဘ၀အရွယ်ကတည်းက အမေဖြစ်သူနဲ့သူ့ကို ဒီအတိုင်းပစ်ထားပြီးထွက်သွားခဲ့တဲ့အတွက်ကြောင့် အဖေဖြစ်သူကိုစိတ်နာနေခဲ့တဲ့ တီဂျေဟာ ရုတ်တရက်လက်ခံရရှိလိုက်တဲ့ ပစ္စည်းပစ္စယာတွေကြောင့် အဖေဖြစ်သူဆီကိုသွားရဖို့ဖြစ်လာပါတော့တယ် တီဂျေတစ်ယောက် အဖေဖြစ်သူကိုတွေ့ဖို့သွားရင်း လမ်းခရီးတစ်လျှောက်ဘယ်လိုကြုံတွေရမလဲဆိုတာကို road trip cinematography ဆန်ဆန် ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်
...

Pukpok (2024) ⭐IMDB: 6.7/10 (29 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 1 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pukpok (2024) ဂျန်နီလင်းက ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ညီအစ်ကိုနှစ်ဦးရဲ့အတွင်းရေးမှူးဖြစ်ပြီး အပြုံးချိုချို၊ အလှအပ၊ဆွဲဆောင်အားတွေကို အသုံးချပြီးဘ၀တူဝန်ထမ်းတွေကို လိုရာအသုံးချတတ်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ပရိယာယ်တွေအောင်မြင်လာတာနဲ့အမျှ လောဘတွေတစ်ဆင့်တက်လာပြီး အလုပ်ရှင်ညီအစ်ကိုနှစ်ယောက်ကိုပါ နဖားကြိုးထိုးဖို့ကြံရွယ်လာချိန်မှာတော့ သူမျှော်မှန်းတဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား၊ လမ်းခုလတ်ကပဲ ခွေးကျဝက်ကျ ကျဆုံးမှာလားဆိုတာ ဆက်လက်ရှုစားကြပါ။ ဂျန်နီလင်းအဖြစ် Allison Smith ဆိုတဲ့အသစ်ကလေးတစ်ယောက်ကို မိတ်ဆက်ပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

The Crime of Padre Amaro (2002) ⭐TMDB: 66% User Score 🎬 #Drama #Romance 🗓 2002 🎞 movie 🌎 #Mexico ⏰ 1 နာရီ 59 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Crime of Padre Amaro (2002) IMDb Rating (6.7) / Rotten Tomatoes (63%) နာမည်ကျော် ဝတ္ထုတစ်ပုဒ်ကို အခြေခံ၍ ရိုက်ကူးထားသောဤ ဇာတ်ကားသည် ဘာသာရေးတရားနှင့် လူ့သဘာဝတို့ကြား ပွတ်တိုက်မှုကိုပုံဖော်ထားသောဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဖာသာအမာရိုသည် ခရစ်ယန်ဘုန်းကြီးငယ်တစ်ဦးအဖြစ် မြို့သစ်တစ်မြို့သို့ တာဝန်အရလာရင်း ဘာသာရေးစည်းကမ်းများနှင့်သွေးသားဆန္ဒအားပြိုင်မှု ဘာသာရေးအဖြစ်အရေခြုံထားသောအကျင့်ပျက်မှုများကိုမြင်လာရသည်။ ထိုစဉ်အမီလီယာဟုခေါ်သော မြို့ခံမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိသွားတဲ့အခါမှာတော့ ဘယ်လိုဖြစ်ရပ်တွေဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဘာသာတရားနှင့်ဆက်နွှယ်ပြီးလူ့သဘာဝကိုစူးစမ်းကြည့်သောဇာတ်လမ်းတစ်ပုဒ်အနေဖြင့် တော်တော်လဲပေါက်ခဲ့သလိုတော်တော်လဲအငြင်းပွါးစရာဖြစ်ခဲ့ပါတယ်။ ကြည့်ရှူရင်းတော့ ကြည့်ရှူသူတွေရင်ထဲမှာတစ်ခုခုတော့ကျန်ရှိခဲ့မှာသေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Meteor ဖြစ်ပါတယ်။)
...

Boss Ma'am (2024) ⭐IMDB: 7.2/10 (25 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 6 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boss Ma’am (2024) ဗန်းန်ဟာ ကုမ္ပဏီတစ်ခုရဲ့အကြီးတန်းအရောင်းမန်နေဂျာဖြစ်ပြီး သူ့ရုံးမှာ သူကဩဇာအကြီးဆုံးဖြစ်ပါတယ်။ မျက်နှာကြောတင်းသလို၊ တိကျပြတ်သားပြီး စိတ်ထားလည်းမကောင်းတဲ့သူ့ကိုအားလုံးက ဖိန့်ဖိန့်တုန်ကြောက်ရပြီး သူ့ရဲ့အငယ်တန်းတွဲဖက်ကောင်မလေးဖြစ်တဲ့ ချမ်းကတော့ သူ့ဒဏ်ကိုအခံရဆုံးပါပဲ။ ဒါပေမယ့် ဗန်းန်မှာ ဘယ်သူမှမသိတဲ့ အမှောင်စိတ်တစ်ခုရှိပြီး အဲ့ဒါကတော့ ရုံးမှာအားလုံးကိုအမြဲတမ်းနိုင်စားနေရတဲ့သူဟာ လူကွယ်ရာမှာတော့ ကိုကို့ကလေးလေးအဖြစ်ဒဏ်ပေးခံချင်နေတာပါ။ အဲ့ဒီစိတ်ကြောင့်ပဲ ရုံးမှာအဲကွန်းလာပြင်တဲ့ကောင်လေးကို အထာပေးပြီး သူ့ရဲ့မွန်းကျပ်မှုတွေကိုဖြေဖျောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကိုအမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ ချမ်းကမြင်သွားပြီး ဗီဒီယိုရိုက်ယူထားသလို အဲ့ဒီဗီဒီယိုကိုအသုံးချပြီး သူ့အပေါ်ခြိမ်းခြောက်အနိုင်ယူလာချိန်မှာတော့..။ တက်တူးတွေနဲ့အရမ်းမိုက်တဲ့ မမကြီး Jenn Rosa ကဆံပင်ပုံစံပြောင်းပြီးထက်မြက်တဲ့ဘောစိမအဖြစ်ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

The Dangerous Lives of Altar Boys (2002) ⭐TMDB: 66% User Score 🎬 #Comedy #Drama 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Dangerous Lives of Altar Boys (2002) IMDb Rating (6.9) / Rotten Tomatoes (76%) 2002ခုနှစ်က ထွက်ရှိထားတဲ့ လူငယ်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားထဲမှာဆိုရင် ပြီးရင် Autospy of Jane Doe ဇာတ်ကားထဲက မင်းသား Emile Hirsch နဲ့ The Silence of Lambs ဇာတ်ကားထဲမှ မင်းသမီး Jodie Foster တို့ ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်သလစ်ကျောင်းတတ်နေကြတဲ့ ကောင်လေးအုပ်စုဟာ ညစ်ညမ်းတဲ့ ကာတွန်းစာအုပ်တွေဆွဲတာကို ကျောင်းကမိသွားပါတယ်။ အဲ့တာကို သူတို့က ကျောင်းက စစ္စတာကို prank ပြန်လုပ်ကြမှာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်းသား၊ မင်းသမီးတွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေကို ဇာတ်ကားကြည့်ရင်း ပြန်လည်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)
...

Deathwatch (2002) ⭐TMDB: 57% User Score 🎬 #Drama #Horror #Thriller #War 🗓 2002 🎞 movie 🌎 #Germany #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deathwatch (2002) IMDb Rating (5.9) ပထမကမ္ဘာစစ်ကာလကို အခြေခံပြီးရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သားအချို့ အဖွဲ့ကွဲ၍ ဂျာမန်ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်သွားသောအခါ တပ်စခန်းမှာ ဂျာမန်စစ်သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ဗြိတိသျှစစ်သားများက ပုန်းခိုနေနိုင်မည့် နောက်ထပ်ဂျာမန်တပ်သားတွေကို ရှာဖွေရင်း ထူးဆန်းတဲ့အဖြစ်ပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ကာ အဖွဲ့သားအချင်းချင်းရန်လိုမှုတွေ စတင်ဖြစ်ပွါးလာပါတယ်။ ရန်သူ့နယ်မြေမှာ လမ်းပျောက်နေတဲ့ ဗြိတိသျှတပ်သားအဖွဲ့ အန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ပါ့မလား သူတို့အဖွဲ့ကိုနှောင့်ယှက်နေတဲ့ ထူးဆန်းတဲ့အရာကရော ဘာဖြစ်မလဲစသည်ဖြင့် သည်းထိပ်ရင်ဖိုကြည့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)
...

YMCA Baseball Team (2002) ⭐TMDB: 62% User Score 🎬 #Comedy #Drama #Historical #Sport 🗓 2002 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 45 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 YMCA Baseball Team (2002) ************************** ဒီကားလေးကတော့ Parasite ထဲကမင်းသားကြီး Song Kang Ho ,Under the Queen’s Umbrella ထဲကမင်းသမီးကြီး Kim Hye Soo နဲ့Believer ထဲကမင်းသားကြီး Kim Joo Hyuk တို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Hyeon Seok ရိုက်ကူးပြသထားတဲ့Comedy , Drama , Sports ကားလေးပါ .. ဇာတ်လမ်းအကျဉ်း**************** ဂျပန်လက်အောက်ကျရောက်နေတဲ့ ဂျိုဆွန်းခေတ်က စာသင်သားလေးအီဟိုချန်းဟာသံတမန်ဖြစ်ချင်တဲ့ သူ့ရဲ့မူလပန်းတိုင်ပျောက်ဆုံးသွားပြီးတဲ့နောက်တစ်နေ့မှာတော့ အမေရိကန်သားတွေ ဘေ့စ်ဘောကစားနေတာကိုတွေ့ရာကဘေ့စ်ဘောရဲ့တည်ရှိမှုကို စိတ်ဝင်စားသွားခဲ့ပါတယ် .. အီဟိုချန်းဟာ သူ့အဖေကျောင်းအုပ်ဖြစ်သူရဲ့ဆန္ဒအတိုင်း အဖေဖြစ်သူနေရာကိုဆက်ခံမလား .. ဟိုချန်းရဲ့ပန်းတိုင်အသစ်ဖြစ်တဲ့ ဂျိုဆွန်းရဲ့ပထမဆုံးနဲ့အကောင်းဆုံးဘေ့စ်ဘောအသင်းရဲ့ဘေ့စ်ဘောကစားသမားဘဝကိုရွေးချယ်မလား ဆိုတာကိုဟာသလေးနှောပြီး အဲဒီခေတ်က ဂျပန်လူမျိုးတွေနဲ့ ဂျိုဆွန်းပြည်သူတွေရဲ့အရှုပ်တော်ပုံတွေ၊မျိုးချစ်စိတ်တွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. (အညွှန်းကို Lucien မှ ရေးသားထားပါတယ်)
...

Stalker (2021) ⭐IMDB: 5.2/10 (21 Votes) 🎬 #Drama #Horror #Supernatural #Mystery #Thriller 🗓 2021 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 13 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stalker (2021) **************** ဈေးသက်သက်သာသာနဲ့ ခေါင်မိုးထပ်အိမ်ကို ပြောင်းသွားပြီးတဲ့နောက် ဟာနူး (Kim Ga Bin)တစ်ယောက် မမျှော်လင့်ထားတဲ့အရာတွေကြုံရပါတော့တယ် .. ထူးဆန်းတဲ့ အိမ်က ဖြစ်ရပ်တွေ .. သူ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ အောက်ထပ်အိမ်က လူတစ်ယောက် .. ဒါတွေက ဘယ်လိုပတ်သက်နေကြလဲ ဟာနူးကရော ဘာဆက်လုပ်သွားမလဲဆိုတဲ့ အဆုံးသတ်ကို ရင်တမမနဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုသွားရမဲ့ horror ကားလေးပဲဖြစ်ပါတယ် .. (အညွှန်းကို Alice မှ ရေးသားထားပါတယ်)
...

Mon Mon Mon Monsters (2017) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Comedy #Drama #Horror 🗓 2017 🎞 movie 🌎 #Taiwan ⏰ 1 နာရီ 53 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ တရုတ်ဇွန်ဘီဇာတ်ကားလေးဖြစ်ပြီး သွေးထွက်သံယိုပြကွက်ကြမ်းတွေ ပါတာမို့ ရွံတတ်သူများ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ အတန်းထဲက အဆင့် ၁ ကျောင်းသားကို ကျောင်းလူမိုက် အဖွဲ့က အတန်းကြေးတွေခိုးပါတယ်လို့ စွပ်စွဲခံရ‌အောင်လုပ်ပြီး တစ်တန်းလုံးရှေ့မှာ အရှက်ခွဲခဲ့ပါတယ်။ အဲဒီမှာအတန်းပိုင်က အဆင့် ၁သမားကိုရော ကျောင်းလူမိုက်တွေကိုပါ အဖွဲ့ဖွဲ့ပေးလိုက်ပြီး လူမှုကူညီရေးအလုပ်တွေ ဝင်လုပ်ဖို့ ဒဏ်ပေးလိုက်ပါတယ်။ သူတို့အဖွဲ့သွားလုပ်ရတဲ့ တိုက်ခန်းက လူသားစား မကောင်းဆိုးဝါးတွေ ရှိတယ်လို့ နာမည်ကြီးနေတဲ့ တိုက်ခန်းဖြစ်နေတာပါ။ အဲဒီတိုက်ကနေ တကယ်ပဲ မကောင်းဆိုးဝါး တစ်ကောင်ကို ဖမ်းမိလာပြီး လူမိုက်အဖွဲ့ပီပီ ပေါက်ကရနှိပ်စက်နည်းတွေ မျိုးစုံသုံးပြီး အဲဒီဇွန်ဘီမကောင်းဆိုးဝါးကို နှိပ်စက်ခဲ့ပါတယ်။ ထိုအခါဇွန်ဘီအစ်မဖြစ်သူက သူ့ညီမဇွန်ဘီကို လိုက်ရှာနေရင်းနဲ့ အထက်တန်းကျောင်းသားတွေရဲ့ လက်ချက်ဖြစ်ကြောင်း သိသွားတဲ့အခါ ကလဲ့စားချေ သတ်ဖြတ်မှုတွေ လုပ်လာလို့ ကိုယ်မွှေးခဲ့တဲ့မီးကို ကိုယ်ပြန်ငြှိမ်းရတော့မယ့် လူမိုက်အဖွဲ့နဲ့ အဆင့်တစ်ကောင်တို့ဟာ လူသတ်ဇွန်ဘီမနဲ့ ထိပ်တိုက်ရင်ဆိုင်ရ‌‌ပါတော့တယ်။
...

My Old Ass (2024) ⭐IMDB: 7.0/10 (22 k Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedKingdom #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ နှစ်အကုန်ပိုင်းမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ညိုကီတို့ရဲ့ အချစ်တော်မမ Lady Death တဖြစ်လည်း မမအော်ဗရေးပလာဇာ ပါဝင်ထားပြီးတော့ ကိုယ့်ရဲ့ Younger self ကို ပြန်သတိရသွားစေမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ Comedy Drama ဇာတ်လမ်းကောင်းလေး ဖြစ်လို့ ချက်ချင်းသာ ကြည့်လိုက်ကြပါတော့ဗျာ။ ဇာတ်လမ်းအကျဉ်း +++++++++ အဲလယတ်ဟာ ၁၈ နှစ်ပြည့်မွေးနေ့မှာ သူမရဲ့သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ကျွန်းလေးတစ်ခုဆီသွားပြီး မှိုခြောက်စားကာ Good trip လေးရဖို့ စမ်းလုပ်ကြည့်ကြပါတော့တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာ သူမရဲ့ သူငယ်ချင်းနှစ်ယောက်က ကိုယ်စီ good trip တွေ သွားနေပေမဲ့ အဲလိယတ်ကတော့ ဘာဆိုဘာမှ မခံစားရသေးပါဘူး။ ဒါကြောင့် မှိုခြောက်က အစွမ်းမပြဘူးလို့ ထင်နေတဲ့အချိန်မှာ သူမဘေးမှာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်က ဗြုန်းစားပေါ်လာပြီး သူမက အဲလိယတ်ရဲ့ ၃၉ နှစ်အရွယ်သူမဖြစ်ကြောင်း ငယ်ဘဝအမှတ်တရ တွေနဲ့ သက်သေပြပါတော့တယ်။ မှိုခြောက်ကြောင့် လွင့်နေတာပဲလား ထင်ယောင်ထင်မှားဖြစ်နေတာပဲလား တကယ့်အစစ်လားဆိုတာကို မယုံတဝက် ယုံတဝက်ဖြစ်နေတဲ့အချိန်မှာ ၃၉ နှစ်အရွယ်သူမက ၁၈ နှစ် အရွယ်သူမကို ဘယ်အရာကိုတော့လုပ်ဖို့ ဘယ်အရာကိုတော့ဖြင့် မလုပ်ဖို့ မဟုတ်ရင် နောင်တရလိမ့်မယ်စသဖြင့် သတိပေးပါတော့တယ်။ ဒီတော့ ဒီဇာတ်ကားလေးမှာ အဲလိယတ်က မှိုခြောက်ကြောင့် လွင့်နေတာ ပဲလား သူမရဲ့အနာဂါတ်က သူမနဲ့ တကယ်ပဲ ပြောဆိုနေခဲ့တာလား၊ ဘာကို သတိပေးခဲ့တာလဲ၊ သူမကရော ပြောသလို ပြင်ဆင်နိုင်ပါ့မလား ဆိုတာကို ကြည့်ရှုရင်း ငြီးငွေ့ပျင်းရိဖွယ် လူကြီးဘဝကနေ ခဏတာ လွတ်မြောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။
...