uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Segredos (2024) ⭐IMDB: 5.2/10 (14 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Brazil ⏰ 2 နာရီ 6 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အိမ်ထောင်ရေး နဲ့ thriller ရောထားတဲ့ ရုပ်ရှင်တစ်ကားကို ဘာသာပြန်တင်ဆက် ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ နိုအာ နဲ့ နာအိုမီတို့ ဇနီးမောင်နှံရဲ့ အက်ကြောင်းထလာတဲ့ အိမ်ထောင်ရေးတစ်ခုဟာ မီးပျက်ည တစ်ည ပြီးတဲ့နောက် ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာပါပဲ ။ ရေးလ်တက္ကသိုလ်မှာတည်းက မြင်မြင်ချင်း ချစ်မိပြီး လက်ထပ်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အများအမြင်မှာတော့ လိုက်ဖက်ညီပြီးတော့ အောင်မြင်တဲ့ စုံတွဲတစ်တွဲဖြစ်ပေမဲ့ အတွင်းပိုင်းမှာတော့ အက်ကြောင်းတွေ ထနေတဲ့ သူတို့ ဆက်ဆံရေးကို နိုအာက အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ သူတို့နှစ်ယောက် ကြားမှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေက လျစ်လျူမရှုနိုင်လောက်အောင် ကြီးမားလွန်းနေတာပါပဲ ။ ဒီလျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ အဆုံးသတ်မှာ သူတို့ ဆက်ဆံရေးက ပိုကောင်းလာမှာလား ပိုဆိုးသွားမှာလားဆိုတာကိုတော့ Secrets 2024 ရုပ်ရှင်မှာ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်
...

Far and Away (1992) ⭐TMDB: 68% User Score 🎬 #Adventure #Drama #Romance #Western 🗓 1992 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 20 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tom Cruise နဲ့ Nicole Kidman တို့ရဲ့ 1992 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ romance/drama ဇာတ်လမ်းတစ်ပုဒ်ပါ နှစ်ယောက်လုံးရဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်လှလွန်းတဲ့ အသက်ပါပါ သရုပ်ဆောင်ချက်တွေကို ဒီကားထဲမှာ ခံစားကြည့်ရှုရမှာပါ IMDb rating 6.6 နဲ့ Letterboxd မှာ 3.2 ရထားတဲ့ western film ကောင်းတစ်ခုပါပဲ ၁၈၉၀ ဝန်းကျင်ကာလ အိုင်ယာလန်ပြည်မှာ မြေရှင်တွေဟာ အမြတ်ကြီးစားပြီး မြေငှားခ မတရားတင်တဲ့အတွက် မြေငှားလယ်သမားတွေက အလွန်အမင်း မုန်းတီးစက်ဆုပ်ကြတယ် အဲဒီထဲမှာ လူငယ်လေး ဂျိုးဆက်ဖ်ဒေါ်နယ်လီ လည်း အပါအဝင်ပါပဲတစ်နေ့ မြေငှားတွေနဲ့ မြေရှင် ရုန်းရင်းဆန်ခတ်ဖြစ်ကြချိန် ဂျိုးဆက်ဖ်ရဲ့ အဖေဟာ သေနတ်မှန်ပြီး ဆုံးသွားခဲ့တယ် သူ့အဖေအတွက် ကလဲ့စားချေဖို့ ဂျိုးဆက်ဖ်ဟာ မြေရှင်ဖြစ်သူ ဒန်နီရယ်ခရစ်စတီ ကို လိုက်ရှာခဲ့တယ် မြေရှင်ရဲ့အိမ်ကိုရောက်တော့ မြေရှင်ရဲ့ သမီးဖြစ်သူ ရှာနွန်ခရစ်စတီ နဲ့ ဆုံခဲ့ပြီး နှစ်ဦးသား အကြောင်းအရင်းကိုယ်စီအတွက် အမေရိကကို ထွက်ပြေးခဲ့ကြတယ် အမေရိကကို ရောက်ချိန်မှာ ကြံစည်ထားသလို မဖြစ်လာဘဲ လောကဓံနဲ့ ကြုံရပြီး သူတို့နှစ်ဦးရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘယ်လိုရုန်းကန်ကြမလဲ ဆိုတာကို ရှုစားလိုက်ပါဦးခင်ဗျာ
...

Rally Caps (2024) ⭐IMDB: 6.4/10 (110 Votes) 🎬 #Adventure #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ဇာတ်ကားလေးကတော့ အမေရိကန် ဘေ့စ်ဘောလိဂ် (မေဂျာလိဂ်) မှာ တစ်ဦးတည်းသောာ နားမကြားရတဲ့ ကစားသမားအဖြစ် ထင်ရှားတဲ့ Curtis Pride က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဂျော်ဒီ တို့ မိသားစုက မိသားစုအစဥ်အဆက် ဘေ့စ်ဘောအားကစားကို ဝါသနာပါသူတွေပါ … ဂျော်ဒီရဲ့ အစ်ကိုဖြစ်သူကလည်း ကောလိပ်အသင်းမှာ ကစားနေပြီး လက်စွမ်းကောင်းတယ်လို့ အများက သတ်မှတ်ထားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ‌ဂျော်ဒီ တစ်ယောက်လည်း အငယ်တန်းလိဂ်အတွက် လက်ရည်အစမ်းသပ်ခံဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ လက်ရည်စမ်းသပ်မှု လုပ်နေရင်းမှာပဲ ဘတ်တံတစ်ချောင်းက ဘောလုံးရိုက်တဲ့သူ လက်ထဲက လွတ်ထွက်သွားပြီး ဂျော်ဒီ ရဲ့ မျက်နှာကို ထိသွားတာကြောင့် ဒဏ်ရာအကြီး အကျယ်ရသွားပါတော့တယ်။ ထရော်မာတွေ ရသွားတဲ့ ဂျော်ဒီ ဟာ ဘေ့စ်ဘောအားကစားကိုလည်း ဆက်မကစားတော့ဘဲ တစ်နေ့တစ်နေ့ အခန်းတွင်းပုန်းကာ မှိုင်တွေလို့နေပါတော့တယ်။ သားဖြစ်သူရဲ့ အဖြစ်ကို ကြည့်ရင်း စိတ်မကောင်းတဲ့ အမေ ဖြစ်သူက ဂျော်ဒီရဲ့ အစ်ကို ရော့ ရှိတဲ့ ဘေ့စ်ဘောကမ့် ကို နွေရာသီမှာ ‌ဂျော်ဒီ့ကို ပို့လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကမ့်ရောက်တဲ့အခါမှာတော့ ဂျော်ဒီ တစ်ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သူ့ စိတ်ထဲက စိတ်ဒဏ်ရာတွေကိုရော ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ သူငယ်ချင်းအသစ်တွေနဲ့ အတူတူ ဒီနွေရာသီမှာ ‌ဂျော်ဒီတစ်ယောက် ဘာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုလိုက် ကြရအောင်ပါခင်ဗျာ။
...

Everything Comes to an End (2024) ⭐TMDB: 80% User Score 🎬 #Romance #Thriller 🗓 2024 🎞 tv movie 🌎 #BosniaandHerzegovina #Bulgaria #Croatia #Germany #Macedonia #Montenegro #Serbia #Turkey ⏰ 1 နာရီ 25 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Everything Comes to an End (2024) IMDb Rating (6.8) ဒင်ကိုဟာ သူ့နေရာဒေသမှာဆိုရင် နာမည်ကြီးတဲ့ရှေ့နေတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဖောက်သည်တစ်ယောက်ဟာ မူးနေရင်းနဲ့ နှစ်လောင်းပြိုင်လူသတ်မှုကြောင်းကို အမှတ်မထင်ဝန်ခံမိသွားပါတယ်။ ဖြစ်ချင်တော့ ပြောလိုက်တဲ့ကိစ္စမှာ မြို့ရဲ့နာမည်ကြီးခရိုနီက လက်သည်ဖြစ်နေတာပါ။ ခရိုနီကတော့ မြို့ကိုဘယ်လောက်ပိုင်လဲဆိုရင် တရားရင်ဆိုင်ဖို့ရှိလာလို့ တရားကိစ္စတွေပါရှိလာပြီဆိုရင် တရားခွင်ကိုပါကြိုးကိုင်ခြယ်လှယ်နိုင်သူတစ်ယောက်ပါ။ ဒါကို သိသွားတဲ့ ဒင်ကိုဟာ သူ့ရဲ့ဘဝကိုရင်းပြီး တရားမျှတမှုကို ဘယ်လိုရှာဖွေသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

The Mehta Boys (2024) ⭐IMDB: 7.4/10 (483 Votes) 🎬 #Bollywood #Drama #Comedy #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Mehta Boys (2025) သွေးသည်ရေထက်ပျစ်သည် 3 idiots လိုမသိသူမရှိလောက်အောင် ကျော်ကြားခဲ့တဲ့ရုပ်ရှင်မှာတက္ကသိုလ်က‌ ပါမောက္ခကျောင်းအုပ်နေရာကနေဗီရူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Boman Irani ကဒီရုပ်ရှင်ထဲမှာ ကိုယ်တိုင် ဒါရိုက်တာရော မင်းသားအနေနဲ့ပါ ပါဝင်ထားပါတယ်။ လူသား‌တွေအနေနဲ့ မွေးကတည်းက စတင်ထိတွေ့ ရင်းနှီးရတာ ကိုယ့်မိခင်နဲ့ဖခင်ပါ။သူတို့ရဲ့မေတ္တာတရားတွေ စောင့်ရှောက် ဆုံးမမှုတွေနဲ့ ကြီးပြင်းလာရပြီးလူလားမြောက် အရွယ်ရောက်လာတဲ့အချိန်မှာတော့ကတောက်ကဆ ဖြစ်လာတတ်ကြပါတယ်။ ဒီဇာတ်ကားလေးမှာလည်း အာမေဆိုတဲ့ ဗိသုကာပညာရှင်လေးဟာသူ့မိခင်ဆုံးပါးသွားချိန်ကစလို့ သူနဲ့စကားကြောမတည့်မျက်နှာကြောမတည့်ဖြစ်နေရတဲ့ဖခင်နဲ့ အတူနေရပါတော့တယ်။ သူ့ဖခင်အနေနဲ့လည်း ဇနီးဖြစ်သူက ဆုံးပါးသွားလို့ စိတ်ထိခိုက်နေရတဲ့အပြင်သူတစ်သက်လုံးနေထိုင်ကြီးပြင်းခဲ့ရတဲ့ နေရပ်ဒေသကိုစွန့်လွှတ်လို့တစ်ခြားဒေသမှာနေရဖို့ဖြစ်လာတဲ့အခါမှာတော့သားဖြစ်သူနဲ့ ပိုလို့မတည့်တော့ပါဘူး။ ဒီလို ဆက်ဆံရေးမပြေလည်ရာကနေ အေးစက်မလိုဖြစ်နေတဲ့ယောက်ျားသားနှစ်ဦးကို ကြားထဲကညှိနှိုင်းပေးနေရတာကတော့အာမေရဲ့အစ်မဖြစ်သူ အာနူပါ။ ဘယ်လိုပဲစကားများရန်ဖြစ်ကြတယ်ဆိုဆို မိသားစုဆိုတာအချိန်တန် အရေးကြုံရင် ပြန်လည်စည်းလုံးပေါင်းစည်းကြရ‌တာမို့သူတို့သားအဖ ဘယ်လိုပြေလည်ကြမလဲ၊ အာနူကဘယ်လိုညှိနှိုင်းပေးရမလဲ၊သူတို့ရဲ့ဖခင်ကရော ပြောင်းသွားတဲ့နေရာမှာ အဆင်ပြေသွားလားဆက်လက်နေထိုင်ဖြစ်သွားလားဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။
...

Maryade Prashne (2024) ⭐IMDB: 8.1/10 (58 Votes) 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maryade Prashne (2024) “အလွှာ” လူတန်းစားအလွှာကွာခြားမှုကို ပြထားတဲ့ကန်နားဒါး ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မန်ဂျာ ဆာတစ်ရှ်နဲ့ ဆူရီတို့ အခင်ဆုံးသူငယ်ချင်းသုံးယောက်ဟာမတူညီတဲ့ အလုပ်သုံးခုကို လုပ်ကိုင်ကြပေမဲ့တူညီတဲ့အချက်တစ်ခုကတော့ သူတို့သုံးယောက်လုံးဟာလက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ် လိုအပ်ရင် တစ်ယောက်ကိုတစ်ယောက် အကူအညီပေးတတ်ကြပြီးအိပ်မက်ကိုယ်စီနဲ့ ရုန်းရင်းကန်ရင်း တစ်ရက်တော့လူချမ်းသာတစ်စုကြောင့် သူတို့ထဲက သူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါ သူငယ်ချင်းဖြစ်သူအတွက်အဲဒီသူဌေးသားနဲ့ အပေါင်းအပါတွေကို သူတို့ဘယ်လိုလက်တုန့်ပြန်သွားမှာလဲ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

A Nanny to Die For (2024) ⭐IMDB: 3.4/10 (62 Votes) 🎬 #Thriller 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Nanny to Die For (2024) IMDb Rating (3.4) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်က ထွက်ရှိထားတဲ့မိသားစု သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း———————ဆာရာနဲ့ မာ့ခ်တို့ဟာ တစ်​ဦးတည်သောသမီးလေးကို ပိုင်ဆိုင်ထားတဲ့ သာယာတဲ့အိမ်ထောင်မိသားစုလေးပါ။ သူတို့ရဲ့သမီးလေး အက်ရှ်လေဟာ ဆယ်ကျော်သက်ဝန်းကျင်ထဲကိုဝင်စပြုလာပါတယ်။ ဒီလိုနဲ့ ဆာရာကလည်း အလုပ်ပြန်လုပ်တော့မယ်ဆိုပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချရတော့တာပေါ့။ ဒီလိုနဲ့ပဲ ဆာရာနဲ့မာ့ခ်တို့ လင်မယားတို့နှစ်ယောက် ကိုယ်စီအလုပ်လုပ်ရတော့မှာမလို့ ကလေးနဲ့ အိမ်ကိုကြည့်ဖို့ဆိုပြီး ကလေးထိန်းတစ်ယောက်ကို အင်တာဗျူးရင်းလိုက်ရှာပါတော့တယ်။ အဆင်မပြေမှုများစွာဖြစ်ပြီးနောက်ပိုင်းမှာ မထင်မှတ်ထားစရာနဲ့ဘဲ ဂျက်စမင်လို့ခေါ်တဲ့ လူငယ်မိန်းကလေးတစ်ယောက်ဟာ သူတို့ရဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတာကိုတွေ့သွားပါတယ်။ အစပိုင်းမှာတော့ ဆာရာတို့မိသားစုနဲ့ လိုလေသေးမရှိအောင် အဆင်ပြေနေကြမယ့် ဂျက်စမင်ရဲ့နောက်ကွယ်က သရုပ်မှန်က ဘယ်လိုလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ရင်တလှုပ်လှုပ်နဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

Return to Me (2000) ⭐TMDB: 66% User Score 🎬 #Comedy #Drama #Romance 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Return to Me (2000) IMDb Rating (7.0) / Rotten Tomatoes (62%) ဒါရိုက်တာ Bonnie Hunt ၏ ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးထားပြီး၊ David Duchovny နှင့် Minnie Driver တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘော့ဘ် (David Duchovny) သည် ဇနီးဖြစ်သူ အဲလိဇဘတ် (Joely Richardson) ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင် ဂရေ့စ် (Minnie Driver) နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ်ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။ “Return to Me” သည် စိတ်ကျေနပ်ဖွယ်ကောင်းသော ဇာတ်ကားလေးဖြစ်ပြီး၊ ဘ၀ရဲ့အရှုံးနှင့် အနိုင်ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေပါတယ်။ ဇာတ်ကောင်များရဲ့ စစ်မှန်မှု၊ သဘာဝကျသော ဟာသများနဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်အိမ်တို့က ရုပ်ရှင်ကြည့်ပရိတ်သတ်ကို အကောင်းဆုံး ဆွဲဆောင်နိူင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)
...

The Street Fighter's Last Revenge (1974) ⭐TMDB: 55% User Score 🎬 #Action #Crime #Drama 🗓 1974 🎞 movie 🌎 #Japan ⏰ 1 နာရီ 24 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Shinichi Chiba ဟာ The Street Fighters ဇာတ်ကားတွဲတွေရဲ့အောင်မြင်မှုကြောင့် Sonny Chiba ဆိုတဲ့ နာမည်ကို နိုင်ငံတကာထိ ဟိုးလေးတကျော်ဖြစ်အောင် ထိုးဖောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆာမူရိုင်းဇာတ်လမ်းအများစုမှာ ပရိသတ်မျက်မှန်းတန်းမိနေတဲ့ Sonny Chiba ကို ဒီဇာတ်လမ်းမှာတော့ ကရာတေးသိုင်းပညာရှင် ကြေးစားတိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကြေးစားတိုက်ခိုက်ရေးပညာရှင် ဆူရူဂီ(Sonny Chiba)ဟာ အိုဝါဒါ မိသားစုဝင် ဂို အိုဝါဒါ နဲ့ အနက်ရောင်လက်ဆွဲအိတ် တစ်ခု ကို ဆူပူအုံကြွမှုတစ်ခုအတွင်းကနေ ရဲယောင်ဆောင်ပြီးတော့ ကယ်တင်ခဲ့ပါတယ်။ ချိန်းဆိုထားတဲ့နေရာထိအရောက်ပို့ပေးခဲ့ပေမယ့်လည်း အိုဝါဒါမိသားစုက ကတိမတည်ဘဲ ဆူရူဂီကို အပြတ်ရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဆူရူဂီကလည်း ဂိုအိုဝါဒါကို အမိဖမ်းပြီး သေနတ်တွေချဖို့ ချိန်းခြောက်ခဲ့ပါတယ်။ လက်ဆွဲအိတ်ထဲက တိတ်ခွေကိုပေးဖို့ ချိန်းခြောက်ခဲ့ပေမယ့် အိုဝါဒါမိသားစုဝင်တွေငှားရမ်းထားတဲ့ ထိုင်ဝမ်က သိုင်းပညာရှင် ဟိုဖုန်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟိုဖုန်းက အမျိုးသမီးဖြစ်နေတာကို လက်ဝါးထင်ထင် တွေ့ရှိခဲ့တဲ့အတွက် ဆူရူဂီရဲ့နှလုံးသားက မာကျောနိုင်စွမ်းမရှိဘဲ ၁၀ နှစ် ကြိုးစားခွင့် ပေးခဲ့ပါတယ်။ တိုကိုဓာတုဗေဒပစ္စည်းကုမ္ပဏီနဲ့ အစိုးရအဖွဲ့အစည်းကြားက အကျင့်ပျက်ခြစားမှုတွေကို အသံဖမ်းထားနိုင်ခဲ့တဲ့ အဆိုပါတိတ်ခွေကို ဖွင့်ပြပြီး ဆေဂန်အိုဝါဒါက မစ္စတာလီဇူကာကို ငွေညှစ်ဖို့ ကြိုးစားခဲ့ပါတယ်.။ ထိုအချိန်မှာပဲ ဆူရူဂီက အလစ်ဝင်ရောက်တိုက်ခိုက်ရယူပြီး ယန်း သန်း ၁၀၀ နဲ့ လဲလှယ်ဖို့ ရာဇသံပေးခဲ့ပါတယ်။ အိုဝါဒါမိသားစုက သူတို့ရဲ့ ဝှက်ဖဲ ညီမအငယ်ဆုံးဖြစ်သူ အေယာအိုဝါဒါနဲ့ ဆူရူဂီကို ဖျားယောင်းပြီး အပြတ်ရှင်းဖို့အတွက်ကိုတော့ ချီကာဂိုမာဖီးယားဂိုဏ်းသားဟောင်း မစ္စတာဘလက်ခ်ကို ထပ်မံငှားရမ်းခဲ့ပါတယ်။ ဒီကစားပွဲထဲကို ဥပဒေဘက်တော်သားဖြစ်တဲ့ အစိုးရရှေ့နေ ကူနီဂါမီကပါ ဝင်ရောက်လာပြီး သူ့နည်းသူ့ဟန်နဲ့ တိတ်ခွေကို ရယူဖို့ ကြိုးစားလာပါတော့တယ်။ အေယာအိုဝါဒါရဲ့ မာယာကျော့ကွင်းထဲကို အကြိမ်ကြိမ်ကျရောက်ခဲ့တဲ့ ဆူရူဂီ၊ ကရာတေးသိုင်းပညာမှာ ဆူရူဂီထက် ခေါင်းတစ်လုံးသာနေတဲ့ ကူနီဂါမီ၊ လှေနဲ့မြင်းပမာ ဦးဆောင်ရာနောက်ကို ကောက်ကောက်ပါအောင်လိုက်မယ့် မိန်းမမာယာကို အပီပြင်ဆုံးအသုံးချသွားတဲ့ အေယာ တို့ရဲ့ ကစားပွဲထဲမှာ ဘယ်သူက ပန်းတိုင်ကို အရင်ရောက်မလဲဆိုတာ ရှုစားနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်
...

Sunray: Fallen Soldier (2024) ⭐IMDB: 4.3/10 (465 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 55 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sunray: Fallen Soldier (2025) အန်ဒီဟာ သူ့ရဲ့ တစ်ဘဝလုံးစာကို စစ်တပ်ထဲမှာ ကုန်ဆုံးခဲ့ပြီးနောက်ပိုင်းမှာ စစ်တပ်အငြိမ်းစားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ စိတ်ကောင်းစွာနဲ့ဘဲ အန်ဒီဟာ မိန်းမနဲ့ပြတ်သွားပြီး အရင်မိန်းမနဲ့လည်း သမီးလေးတစ်ယောက်ရှိနေခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့သမီလေးဟာ မူးယစ်ဂိုဏ်းရဲ့သားလေးနဲ့ ကောင်လေးဖြစ်နေတာပါ။ တစ်နေ့မှာကောင်လေးရဲ့ ဆေးပို့ဆေးဝယ်တာကို လိုက်ပေးတဲ့ အန်ဒီရဲ့သမီးဟာ မတော်တဆဆေးသုံးမိပြီး ဆေးလွန်ကာသေသွားခဲ့ပါတယ်။ ဒါကို သိသွားတဲ့ အန်ဒီဟာ မူးယစ်ဂိုဏ်းတစ်ခုလုံးကို အစဖျောက်ဖို့ နည်းလမ်းရှာလာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

Ultraviolet (2006) ⭐TMDB: 52% User Score 🎬 #Action #SciFi #ScienceFiction #Thriller 🗓 2006 🎞 movie 🌎 #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 UltraViolet(2006)2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ultraviolet ဟာ သိပ္ပံစိတ်ကူးယဉ်အက်ရှင် ဇာတ်ကားတစ်ခုဖြစ်ပြီး၊ Resident Evil ထဲက Milla Jovovich က မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်ကားထဲမှာ သူမက Violet အဖြစ် ပါဝင်သရုပ်ဆောင်ပါတယ်။အနာဂတ်ကမ္ဘာမှာ Hemophages လို့ခေါ်တဲ့သွေးစုပ်သတ္တဝါ ဗီဇပြောင်းလဲသူတွေဟာ လူသားတွေအတွက် အန္တရာယ်ရှိတယ်လို့ သိမြင်ခံထားရပြီး အစိုးရက သုတ်သင်ဖို့ ကြိုးစားနေပါတယ်။ Violetဟာသွေးစုပ်သတ္တဝါ တစ်ဦးဖြစ်ပြီး သူမ့ရဲ့ မိသားစုကို မတရားသတ်ဖြတ်ခံခဲ့ရတဲ့အတွက် အစိုးရကို လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နေ့မှာ သူမဟာ အရေးပါတဲ့ ဇီဝလက်နက် တစ်ခုကို ခိုးယူဖို့တာဝန်ကျရောက်လာခဲ့ပြီး၊ ထိုလက်နက်ဟာ Six လို့ခေါ်တဲ့ ကလေးတစ်ဦးဖြစ်နေတာကို သိလိုက်ရပါတယ်။ သူ့ကို သတ်ဖို့ ညှင်းပမ်းခံရပေမယ့် Six ဟာ လူသားမျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်နိုင်မယ့် သူဖြစ်နေတာကို သိလိုက်တဲ့အခါမှာတော့ Violet ဟာ သူ့ကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ သူမဟာ အစိုးရနဲ့ တိုက်ရိုက်တော်လှန်ရင်း၊ သွေးစုပ်သတ္တဝါ တွေရဲ့ မျိုးဆက်အနာဂတ်ကို ပြောင်းလဲပေးနိုင်မယ့် တိုက်ပွဲထဲရောက်သွားပြီးတကယ်ပဲမျိုးဆက်အနာဂတ်ကိုပြောင်းလဲနိုင်ခဲ့မှာလားSixနဲ့သူမနဲ့ ရောဘာတွေဆက်ဖြစ်သွားမှာလဲSix ဟာသူတို့ကိုတကယ်ရော ကယ်တင်နိုင်ရဲ့လားကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Kooluumoo မှ တင်ဆက်ထားပါတယ်။)
...

The Return of Sister Street Fighter (1975) ⭐TMDB: 64% User Score 🎬 #Action #Crime 🗓 1975 🎞 movie 🌎 #Japan #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဂျပန် ကိုယ်ခံပညာအက်ရှင် ဇာတ်ကားတစ်ကားဖြစ်ပြီး (၁၉၇၄)မှာ ထွက်ရှိခဲ့တဲ့ “Sister Street Fighter”၊ “Sister Street Fighter : Hanging by a Thread” တို့ရဲ့ Threequel တတိယမြောက်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဟောင်ကောင်မှာနေနေတဲ့ ကွန်ယုဆီကို ဂျပန်သွားဖို့လိုတဲ့ ပြဿနာဟာ ထပ်မံရောက်ရှိလို့လာပါတော့တယ်။ ကွန်ယုရဲ့ မိတ်ဆွေစုံထောက်ရှိုဟာ ကွန်ယုကို အကူအညီလာတောင်းရာကနေ မသမာသူတွေရဲ့လုပ်ကြံတာကို ခံလိုက်ရပါတယ်။ ရှိုရဲ့သမီးလေး ရိကာကျန်ခဲ့တာကြောင့် ကွန်ယုဟာ ရိကာလေးကို တာဝန်ယူလိုက်ရပြီး ရိကာရဲ့ ပျောက်ဆုံးလျက်ရှိတဲ့ မိခင်ကို ဂျပန်ပြည်သွားကာ ရှာပုံတော် ဖွင့်ပါတော့တယ်။ ကွန်ယုရဲ့ ထုံးစံအတိုင်း ဘယ်လိုလူတွေနဲ့ ပတ်သက်မိလို့ ဘယ်လို ပြဿနာတွေ ဖြစ်ဦးမလဲ။ သူ ဂျပန်ထိလာပြီး လက်စသတ်တဲ့ အလုပ်ကကော အောင်မြင်မှာလား။ ရိကာလေးကော သူ့မေမေနဲ့ ပြန်ဆုံရမှာလားဆိုတာတွေကိုတော့ “The Return of the Sister Street Fighter” ဆိုတဲ့ ဇာတ်ကားလေးမှာ အက်ရှင်ဇာတ်ကွက်တွေနဲ့ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ***ပွင့်လင်းရှင်းလင်းတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့်မလို့ မိသားစုနဲ့ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး
...

Sister Street Fighter: Hanging by a Thread (1974) ⭐TMDB: 63% User Score 🎬 #Action #Drama #Crime 🗓 1974 🎞 movie 🌎 #Japan ⏰ 1 နာရီ 26 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (၁၉၇၄) ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ “Sister Street Fighter: Hanging by a Thread” ဆိုတဲ့ ဇာတ်ကားကတော့ ဂျပန် အက်ရှင်ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ကွန်ယုတစ်ယောက် သူ့သူငယ်ချင်း ဘီရဲပြန်ပေးဆွဲခံရတာကို ကယ်တင်ဖို့ တိုကျိုကိုသွားရင်း ကိစ္စကြီးကြီးမားမားထဲ ထပ်ပါရပြန်ပါတော့တယ်။ ဟောင်ကောင်ကနေ တိုကျိုကို ရောက်လျှင်ရောက်ချင်းပဲ လုပ်ကြံတိုက်ခိုက်သူတွေရဲ့ တိုက်ခိုက်တာကို ကွန်ယု ဘုမသိဘမသိ ရင်ဆိုင်ရပါတော့တယ်။ သူ အားကိုးတကြီးနဲ့ ကူညီမယ့်သူဆိုလို့ သူ့အစ်မတစ်ယောက်တော့ ရှိခဲ့ပါရဲ့။ သို့ပေမယ့်လည်း ကွန်ယု မသိခဲ့တာကတော့ သူ့အစ်မဟာ အခု သူလိုက်လံထောက်လှမ်းနေတဲ့ အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ အိုဆနဲဆိုတဲ့ ဒီအဖွဲ့အစည်းဟာ မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲ ခန္ဓာကိုယ်ထဲ သွေးလောင်းစိန်တွေကို ထည့်ပြီး မှောင်ခို ရတနာတွေအကြောင်းပြုကာ မကောင်းမှုဒုစရိုက်တွေကို ကျူးလွန်နေတဲ့ အဖွဲ့အစည်းပဲဖြစ်တယ်။ မကောင်းမှုဒုစရိုက်ကို ကျုးလွန်တဲ့အလျောက် ကိုယ်ခံပညာရှင်ေတွကိုလည်း သူတို့လိုရာ အသုံးချဖို့ မွေးထားပါသေးတယ်။ ဆိုတော့ ကွန်ယုတစ်ယောက် သူထောက်လှမ်းနေတဲ့အဖွဲ့ဂိုဏ်းဝင် သူ့အစ်မရဲ့ အကူအညီကို ရမလား မရဘူးလား။ သူ့ကို လုပ်ကြံတိုက်ခိုက်ကြမယ့် ကိုယ်ခံပညာရှင်တွေရဲ့ လက်ကနေကော လွတ်မြောက်နိုင်ပါ့မလား။ ဘီရဲကိုကော ရည်မှန်းထားသလို ကယ်တင်နိူင်ပါ့မလား စတာတွေကို အက်ရှင်ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ကြည့်ရှုနိုင်မယ့် ဂျပန်အက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ***ပွင့်လင်းရှင်းလင်းတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့်မလို့ မိသားစုနဲ့ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး
...

Rebellious (2024) ⭐IMDB: 6.5/10 (82 Votes) 🎬 #Animation #Comedy #Family #Fantasy #Adventure 🗓 2024 🎞 movie 🌎 #UnitedKingdom #Cyprus ⏰ 1 နာရီ 34 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ CM ပရိသတ်များအတွက် Animation ကားကောင်းလေးတစ်ကား တင်ဆက်ပေးမှာပဲဖြစ်ပါတယ်… Mina ဆိုတဲ့ မင်းသမီးလေးတစ်ပါးဟာ ဆတ်ဆတ်ကြဲမဟုတ်မခံ သူလေးဖြစ်ပါတယ် မင်းသမီးလေးဟာ အရွယ်ရောက်လို့ ကြင်ယာတော်နဲ့ လက်ဆက်ဖို့အချိန်ကျရောက်လာတဲ့အခါမှာတော့ ခမည်းတော် ဘုရင်ကြီးဟာ နေရာချထာားပေးဖို့ စီစဉ်ခဲ့ပါတယ်… သို့သော်လည်း မင်းသမီးလေးဟာ သူချစ်ရသူ စာဂျပိုးလေး Ronan ကို လက်ထပ်ဖို့ဆုံးဖြတ်ထားတာကြောင့် ဘုရင်ကြီးဆီကို တောင်းဆိုဖို့ ဖြစ်လာရပါတော့တယ်.. တစ်ချိန်တည်းမှာပဲ လက်မထပ်ရသေးသူ မင်းသမီးများကို လုယူဖမ်းဆီး ခေါ်ဆောင်လေ့ရှိသော မှော်ဆရာကြီး Kezabor ပုံပြင်ဟာလည်း နာမည်ကြီးလို့နေပါတယ် မှော်ဆရာကြီး Kezabor ဟာ သတို့သမီးတွေကို ဖမ်းယူကာ ၎င်းရဲ့ရဲတိုက်ကြီးဆီ ခေါ်ဆောင်သွားလေ့ရှိပြီး သူနဲ့အတူ နေထိုင်ဖို့ကို အတင်းဖိအားပေးသူဖြစ်ပါတယ်… ကမ္ဘာအရပ်ရပ် သတို့သမီးပေါင်းများစွာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော်လည်း ပြန်လွတ်လာသူမရှိ၊ ကယ်တင်ဖို့ သွားရောက်ကြသူ စစ်သည်တော်ရဲမက် များလည်း Kezabor ၏ရဲတိုက်ဆီသို့ရောက်အောင်မသွားနိုင်ကြဘဲရဲတိုက်သို့ ဝင်ရောက်ရာ တောင်ကြားလမ်းဝတွင်သာ ဘဝဆုံးကြရပါတယ်.. ထိုသို့သော အဖြစ်အပျက်ဟာ အသစ်စက်စက်သတို့သမီးလေး Mina အပေါ်ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာရာ လက်ထပ်ပွဲပျက်စီး သွားပြီး ဝင်ရောက်အရွေးခံသူ ကြင်ယာတော်လောင်းလျာများအဖို့ ဒုတိယ အခွင့်အရေးထပ်မံရရှိခဲ့ပြန်ပါတယ်… ဘုရင်ကြီးဟာ သူ့သမီးတော် Mina ကို ကယ်တင်နိုင်သူထံ သမီးတော်နဲ့တကွ နိုင်ငံကိုပါ အပ်နှင်းမည်ဟု ကျေညာလိုက်ပြီးနောက်မှာတော့ ကြင်ယာတော် လောင်းလျာများ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့နေရာမှာ ဖမ်းဆီးခံထားရတဲ့ မင်းသမီးလေးကို ရှာဖွေကယ်တင်ဖို့လုပ်ရပါတော့တယ်.. ကြင်ယာတော်လောင်းလျာများဟာ များသောအားဖြင့် ခွန်အားအရာကြီးမားသူတွေ ဖြစ်သော်လည်း မင်းသမီးလေးရဲ့ ချစ်သူကတော့ စာဂျပိုးလေးသာဖြစ်နေကာ အတိုက်အခိုက်လည်းမရဘဲ မင်းသမီးလေးကို ရှာ‌ဖွေဖို့အရေး မျှော်လင့်ချက် မဲ့ကာ တွန့်ဆုတ်နေရချိန်မှာတော့… ဒီဇာတ်ကားလေးမှာဆိုရင် အဓိကဇာတ်ကောင်မင်းသမီး Mina ဟာ အနုအရွဖြစ်မနေဘဲ ရဲရင့်တဲ့အသွင်နဲ့ ဖျတ်ဖျတ်လတ်လတ်ရှိနေတာကို သဘောကျဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ချစ်စရာ အရောင်အသွေးစုံ ယဉ်ကျေးမှု နောက်ခံအစုံ စိတ်နေစိတ်ထားအစုံ ဇာတ်ကောင်လေးများကိုမြူးမြူးကြွကြွ ကြည့်ရှုခံစားရမှာဖြစ်လို့ Animation ကားချစ်သူ ကာတွန်းကားချစ်သူ CM ပရိသတ်များ လက်မလွတ်ရစေဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ
...

Husband, Father, Killer: The Alyssa Pladl Story (2024) ⭐IMDB: 6.4/10 (165 Votes) 🎬 #Drama #TVMovie 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန် Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… Alyssa Pladl ဟာ Steven Pladl နဲ့ ငယ်ချစ်တွေဖြစ်ပြီး အသက် ၁၅ နှစ် အရွယ်မှာပဲ မိဘတွေသဘောမတူတဲ့ကြားက ခိုးရာလိုက်ပြေးကာ လက်ထပ်ပေါင်းသင်း နေထိုင်ခဲ့ပါတယ် လက်ထပ်ပြီးမကြာမီမှာပဲ Alyssa တစ်ယောက်ကိုယ်ဝန်ရှိကာ သမီးလေးတစ်ယောက်ထွန်းကားပြီး နောက်မှာတော့ သိပ်ချစ်တတ်လွန်းသူ ကြင်နာယုယတတ်သူ Steven Pladl ရဲ့ အလုပ်အကိုင်မည်မည်ရရမလုပ်ချင်ဘဲ မိသားစု အပေါ်အကြမ်းဖက်တတ်တဲ့စရိုက်မှန်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပါတော့တယ်… ထိုသို့အကြမ်းဖက်တတ်တဲ့ စရိုက်တွေကြောင့် လူမမယ်သမီးလေး ထိခိုက်နာကျင်ရမယ့်အရေးကို ကာကွယ်ဖို့အတွက် Alyssa တစ်ယောက်ဟာ သမီးလေးကို ရင်နာနာနဲ့ပဲ အခြားမိသားစုထံပေးကာ မွေးစားစေဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါတယ်.. သို့သော်လည်း အသက်ငယ်လွန်းသေးသူ Alyssa ဟာ Steven ရဲ့ လက်က မလွတ်နိုင်ဘဲ ငြီးငွေ့စိတ်ကုန်ဖွယ်အိမ်ထောင်ရေးမှာ နောက်ထပ်သမီးလေး နှစ်ယောက် ထွန်းကားတဲ့အထိ နေထိုင်နေရင်း သမီးလေးတွေမျက်နှာကို ထောက်ကာ ယောက်ျားဖြစ်သူကို ကွာရှင်းဖို့တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ခဲ့ရပါတယ်… ထိုသို့နှင့် အိမ်ထောင်သက် ၁၇ နှစ်ကျော်လောက်မှာတော့ တခြားမိသားစုဆီ မွေးစားဖို့ပေးလိုက်ရတဲ့ သမီးလေး Katie တစ်ယောက် Alyssa တို့မိသားစုဆီ အလည်ပြန်ရောက်လာတဲ့ရက်အတွင်း ဖခင်ရင်းဖြစ်သူ Steven ရဲ့ ညှို့ဓာတ်တွေ ကြားရောက်ကာ ချစ်မိသွားပြီး သမီးရည်းစားတွေဖြစ် ကိုယ်ဝန်ရှိသွားတဲ့ နောက်မှာတော့… ဒီရုပ်ရှင်ကားလေးမှာဆိုရင် ၂၀၁၈ ခုနှစ်က နယူးယော့ခ်မှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ၃ လောင်းပြိုင်လူသတ်မှုဖြစ်စဉ်ကို အခြေခံကာ ပြန်လည် ရိုက်ကူးထားပြီး သမီးဖြစ်သူနဲ့လင်ဖြစ်သူရဲ့ ရင်နာစရာအဖြစ်ကို မိခင်ဖြစ်သူ Alyssa ဘက်ကနေ ဂရုဏာသက်ဖွယ် မွန်းကြပ်ဖွယ် ခံပြင်းဖွယ်တင်ပြထားပါတယ် ထိုကဲ့သို့ စိတ်နှလုံးကိုထိခိုက်စရာရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ အနုပညာမြောက် ဖြစ်ရပ်မှန်ရုပ်ရှင်ကားလေးတစ်ကားကို ရုပ်ရှင်ချစ်သူ CM ပရိသတ်များအနေနှင့် မကြည့်လိုက်ရ မရှိရလေအောင် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ
...

Mafia Wars (2024) ⭐IMDB: 3.6/10 (172 Votes) 🎬 #Action #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာဖီးယားကားတွေကြိုက်နှစ်သက်သူတွေအတွက် အီတလီမာဖီးယား အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေမဟုတ်ပေမဲ့ တိုက်တာခိုက်တာ ကြမ်းတာရမ်းတာနှစ်သက်သူတွေအတွက်တော့ အပျင်းပြေကြည့် ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Mafia Wars ဖြစ်ပြီး ရဲတွေက မာဖီးယားတွေရဲ့လုပ်ငန်းတွေမှာ အသွင်ယူတာကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ တယ်ရီလို့ခေါ်တဲ့ ထောင်သားတစ်ယောက်က ထောင်ကလွတ်လွတ် လာချင်းမှာ ပတ်စ်ပို့ပြန်မရသေးဘဲ စုံထောက်တစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကိုဆီးကြိုခံလိုက်ရပါတော့တယ်။ အီတလီမှာအကောင်ကြီးမိသားစုတစ်စုက ဥရောပတစ်ခွင်လုံး ၁၀ နှစ် လောက် အေးဆေးပြဲနေလို့ရတဲ့ပမာဏရှိတဲ့ မူးယစ်ဆေးတွေရောင်းဖို့ ရှိတယ်လို့သတင်းကြားထားပေမဲ့ အချက်အလက်တိတိကျကျကိုမသိရ သေးတဲ့အတွက် စုံထောက်က တယ်ရီ့ကိုအသွင်ယူခိုင်းပြီး သတင်းနှိုက်ဖို့ ခြိမ်းခြောက်ပါတော့တယ်။တယ်ရီလည်း သူချစ်တဲ့မိသားစုရှိတဲ့မြေကို ပြန်ဖို့အတွက် ဒီအပေးအယူကိုလက်ခံလိုက်ရပြီး အသွင်ယူစလုပ်ခဲ့ပါ တော့တယ်။ကံကောင်းချင်တော့ မူးယစ်ဆေးလုပ်ငန်းထဲကအကောင်ကြီး တစ်ယောက်ရဲ့ညီဖြစ်သူကို ထောင်ထဲမှာကယ်ထားဖူးတဲ့အတွက် ချက်ချင်းပဲ အဖွဲ့ထဲရောက်သွားပါတော့တယ်။ ဒီလိုနဲ့ တယ်ရီတစ်ယောက် အသက် အန္တရာယ်တွေကြားက စွန့်စွန့်စားစား အသွင်ယူလုပ်ရင်း ဒီမူးယစ်ဆေး လုပ်ငန်းကြီးကို ဖော်ထုတ်ဖမ်းဆီးသွားနိုင်မလားဆိုတာကို အက်ရှင် အကြမ်းတွေနဲ့ရှုစားရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
...

Oh, Canada (2024) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Canada #UnitedStates #Israel #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ နာမည်ကြီး ကနေဒါရုပ်ရှင် ရိုက်ကူးသူကြီး လန်နက်ဖိုက်ဖ်ရဲ့နောက်ဆုံးခရီးစဉ်ကို ရုပ်ရှင်ရိုက်ကူးသူ တစ်ယောက်နဲ့နောက်ဆုံးခရီးဆိုတဲ့အတိုင်း ရုပ်ရှင်ဆန်ဆန်ရိုက်ကူးပြသ ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ကနေဒါမှာတော့ လန်နက်ဖိုက်ဖ်ကို လူတော်တော်များများသိကြပြီး ခေတ်သစ်ရုပ်ရှင်ရိုက်ကူးသူတွေအတွက် စံထားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့ကိုဂုဏ်ပြုသောအားဖြင့် Oh Canada ဆိုတဲ့ ဇာတ်ကားလေးကိုရိုက်ကူးခဲ့ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိ ထားပါတယ်။အနုပညာနဲ့ရသကိုနှစ်သက်တန်ဖိုးထားသူတွေအတွက် ကြည့်ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ လန်နက်ဖိုက်ဖ်က ကင်ဆာကြောင့်သူ့ဘ၀ရဲ့နောက်ဆုံးနေဝင်ချိန်နီးကပ် လာတဲ့အခါမှာ တစ်ချိန်တုန်းကသူ့ကျောင်းသားဟောင်းတစ်ယောက်က သူ့ကိုအင်တာဗျူးလုပ်ချင်တယ်ဆိုတာကိုလက်ခံခဲ့ပါတယ်။ နာမည်ခံတာကတော့ အင်တာဗျူးဆိုပေမဲ့ တကယ်တမ်းမှာသူငယ်စဉ်ဘ၀ အသက် ၂၀ ကျော်ကတည်းက အခုအထိ ဖုံးကွယ်လိမ်ညာထားသမျှ အမှန်တရားတွေအားလုံးကို သူ့ဇနီးဖြစ်သူအမ်မာရဲ့ရှေ့မှာဝန်ခံချင်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့အင်တာဗျူးစတင်ခဲ့ပြီး သူငယ်စဉ်ဘ၀က အသက် ၂၀ ကျော်နဲ့ အိမ်ထောင်ကျ ကလေးအဖေဖြစ်ခဲ့တဲ့အပြင် အိမ်ထောင်ပါကွဲပြီး နောက်မိသားစုထူထောင်ခဲ့ပုံတွေ ဗီယက်နမ်မှာစစ်မှုထမ်းရမှာကို ရှောင်ချင်လို့ ကနေဒါကိုပြေးရှောင်ခဲ့ပုံတွေ သူ့ရဲ့ရုပ်ရှင်ရိုက်ကူးတဲ့အလုပ် ဘယ်လိုစတင်ဖြစ်ခဲ့ပုံတွေအပြင် သူ့မိန်းမအမ်မာကိုယ်တိုင်ပါ အံ့ဩရတဲ့ တခြားသောစိတ်ဝင်စားစရာတွေအများကြီးကို အနုပညာဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
...

Madraskaaran (2025) ⭐IMDB: 4.8/10 (1 k Votes) 🎬 #Bollywood #Drama #Action #Thriller 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Madraskaaran (2025)“အိပ်မက်များ” အသစ်စက်စက် တမီးလ်အက်ရှင်ဇာတ်ကြမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ် သရုပ်ဆောင်တွေအနေနဲ့ Shane Nigam နဲ့ Niharika Konidela တို့က အဓိကပါဝင်ထားပြီးဇာတ်လမ်းအကျဉ်းကိုပြောရရင် နယ်မြို့လေးတစ်မြို့က ဆတ်တယာဟာ ချန်နိုင်းမြို့သူလေးမီရာ့ကိုမှ တန်းတန်းစွဲချစ်သွားခဲ့ပြီး သူတို့နယ်လေးမှာအမျိုးတွေအများကြီးနဲ့ ခြိမ့်ခြိမ့်သဲမင်္ဂလာဆောင်ကျင်းပဖို့ စီစဉ်နေကြတာပါ ဒါပေမဲ့ ကံဆိုးချင်တော့ သတိမမူမိတဲ့ အမှုမဲ့အမှတ်မဲ့ကိစ္စလေးတစ်ခုကြောင့် ပြဿနာတွေ မီးခိုးကြွက်လျှောက်လိုက်လာပြီး နှစ်ကိုယ်တူမက်ခဲ့တဲ့ အတူပေါင်းဖက်ရဖို့ အိမ်မက်တွေနဲ့တစ်စစီဝေးကွာသွားမလား ပြန်လည်ပြုပြင်ဖို့ကြိုးစားလို့ရနိုင်ဦးမှာလား ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Game Changer (2025) ⭐IMDB: 5.9/10 (26 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Game changer (2025) ဝှက်ဖဲ RRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။ RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ …. ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲအိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။ မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။….. ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကိုနောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။ မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့်ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့်ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲကဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကိုပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။
...

Wish You Were Here (2025) ⭐IMDB: 4.5/10 (233 Votes) 🎬 #Romance #Drama 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “လူတစ်ယောက်ကိုတကယ်ချစ်မိသွားဖို့က အချိန်အကြာကြီးမလိုအပ်ဘဲ တစ်ဒင်္ဂအတွင်းမှာလည်းဖြစ်ပျက်သွားနိုင်ပါတယ်” ဆိုတဲ့အဓိပ္ပာယ်ကို ဖော်ကျူးထားတဲ့ Wish You Are Here ကတော့ Romance အမျိုးအစား အချစ်ကာဖြစ်ပါတယ်။ စားပွဲထိုးမလေးရှားလော့တစ်ယောက် သူငယ်ချင်းနဲ့အပြင်ထွက်ရင်း မထင်မှတ်ဘဲ အဒမ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညတာအတူနေခဲ့ မိကြပါတယ်။ ရှားလော့ထင်မထားခဲ့မိတာက အဲဒီတစ်ညဟာ သူ့ဘဝ အတွက်အရေးပါဆုံးနဲ့အပျော်ရွှင်ဆုံးဖြစ်လာခဲ့တာပါပဲ။ ဒါပေမဲ့ အရာရာကိုမေ့တတ်လွန်းတဲ့အဒမ်ဟာ ရှားလော့ထင်သလို ရိုင်းစိုင်းတဲ့ကောင်လေးတစ်ယောက်မဟုတ်ဘဲ ကင်ဆာဝေဒနာတစ်ခုကြောင့် သေရတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ ရှားလော့ဟာ အဒမ်ရဲ့နောက်ဆုံးအချိန်တွေမှာ အတူရှိနေပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဒမ်က သူမရှိတော့တဲ့အချိန်မှာ ရှားလော့တစ်ယောက် ဘဝကို ရှေ့ဆက်ပြီးလူကောင်းတစ်ယောက်နဲ့တွေ့ဖို့မျှော်လင့်ပေမယ့် လောကကြီးကနေ အဒမ်ထွက်ခွာသွားချိန်မှာ ရှားလော့ကတော့ ဖြေရာမရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရှားလော့တစ်ယောက် မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ကူညီဖေးမမှုတွေကြောင့် အဒမ်ဖြစ်စေချင်ခဲ့သလို ဘဝကိုရှေ့ဆက်ပြီး လူကောင်းတစ်ယောက်နဲ့ လည်းဆုံစည်းနိုင်ခဲ့ပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။
...