ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Bunny Drop (2011)
⭐IMDB: 7.2/10 (2 k Votes)
🎬 #Comedy #Drama
🗓 2011 🎞 movie
🌎 #Japan
⏰ 1 နာရီ 54 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bunny Drop (2011)
~ IMDb – 7.2/10, RT – 68%, MyDramaList – 8.2/10 ~
ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။ အဲဒီကလေးက ကိုယ့်ကလေးမဟုတ်ဘဲ တစ်ခြားသူရဲ့ကလေးဖြစ်နေတဲ့အပြင် ပြောစကားနားမထောင်တဲ့ကလေးဖြစ်နေပြန်ရင်လည်း ပြုစုစောင့်ရှောက်ရပိုခက်မှာမလား။
ဒိုင်းကီချိ (Daikichi) တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်း (Rin) လို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ ဒိုင်းကီချိရဲ့မိဘကအစ သူ့ဆွေမျိုးတွေက ရင်းကို သူတို့မိသားစုမျိုးရိုးရဲ့ အရှက်ရစရာတစ်ခုလို့ သတ်မှတ်ကြပြီး ဘယ်သူမှခေါ်ထားပြီး မစောင့်ရှောက်ချင်ကြဘူး။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ခေါ်ယူစောင့်ရှောက်တာကမှားသွားပြီလားလို့ လူပျိုဖြစ်တဲ့ ဒိုင်းကီချိတစ်ယောက် နောင်တရနေပေမဲ့ အဆိုးထဲကအကောင်းလို့ပြောရလောက်အောင် သိပ်လိမ္မာတဲ့ ရင်းကို တဖြည်းဖြည်း ကိုယ့်သမီးလို မြင်ယောင်ပြီး သံယောဇဉ်တွယ်လာမိတော့တယ်။
ဟုတ်ပါတယ်… ဇာတ်လမ်းကသိပ်ကိုရိုးရှင်းပါတယ်။ လှည့်ကွက်တွေ၊ ဒရာမာအရမ်းချိုးတာတွေမပါဘဲ ကလေးတစ်ယောက် အထူးသဖြင့် တစ်ခြားသူရဲ့ကလေးကို ကျွေးမွေးပြုစုစောင့်ရှောက်နိုင်မှာလား၊ အလုံးစုံတာဝန်ယူနိုင်မှာလား၊ အဲဒီကလေးအတွက် တစ်ခါတစ်ရံ ကိုယ့်ဘဝကိုယ် အနစ်နာခံနိုင်မှာလားဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ရိုက်ကူးပြထားတာပါ။
ဒီ Usagi Drop ဇာတ်ကားက Yumi Unita ရေးတဲ့ Usagi Drop (2005-2011) Manga ကိုပြန်ရိုက်ထားတဲ့ Live-Action ဇာတ်ကားဖြစ်ပြီး Anime အဖြစ်လည်း ၂၀၁၁ ခုနှစ်မှာ Production I.G စတူဒီယိုကနေ ၁၁ ပိုင်းထွက်ရှိထားပါတယ်။ Usagi Drop ဇာတ်ကားရဲ့ဒါရိုက်တာ Sabu က ဒီဇာတ်ကားကိုရိုက်ကူးခဲ့တုန်းက သရုပ်ဆောင်တွေဆီက သဘာဝကျကျ သရုပ်ဆောင်မှုတွေကို လိုချင်ခဲ့တာဆိုပြီး အစအဆုံးနီးပါး ဇာတ်ညွှန်းအသင့်မရှိဘဲ လက်တန်းရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ Usagi Drop ကို ရိုက်ကူးပြီး ၁၄ ကြိမ်မြောက် Shanghai International Film Festival မှာပြတော့လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးခံခဲ့ရတဲ့ကားကောင်းပါပဲ။
အလုပ်တစ်ဖက် ကလေးတစ်ဖက်နဲ့ တိုင်ပတ်နေတဲ့ လူပျိုကြီး ဒိုင်းကီချိအဖြစ် ပေါ်လွင်အောင် သရုပ်ဆောင်ပြတဲ့သူက တစ်ခြားသူမဟုတ်ပါဘူး… ပထမဆုံး Death Note Live-Action တွေထဲမှာ L အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kenichi Matsuyama ပါ။ ရင်း အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင် Mana Ashida က ကလေးပီပီ ချစ်စရာကောင်းလောက်အောင် Kenichi နဲ့အပြိုင် သရုပ်ဆောင်နိုင်ခဲ့လို့ အဲဒီနှစ်ကကျင်းပခဲ့တဲ့ ၅၄ ကြိမ်မြောက် Blue Ribbon Awards ပွဲမှာ Best Newcomer (အကောင်းဆုံးတက်သစ်စသရုပ်ဆောင်) ဆုကို ရရှိခဲ့ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...
The Hunger Games: Mockingjay - Part 2 (2015)
⭐IMDB: 6.5/10 (361 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction #Thriller
🗓 2015 🎞 movie
🌎 #USA #UnitedStates #Germany #Canada #France #UnitedStatesofAmerica
⏰ 2 နာရီ 17 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunger Games: Mockingjay – Part 2 (2015)
IMDb Rating (6.5) / Rotten Tomatoes (70%)
ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့်နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာအရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကိုရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။
ဒါပေမယ့် အချိန်တွေကြာလာလေလေကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့အသက်တွေပေးလိုက်ရလေလေနဲ့ပဲနောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။
တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာအောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရောနောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ…….။
The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=the+hunger+gamesကြည့်ပါ။...
The Hunger Games: Mockingjay - Part 1 (2014)
⭐IMDB: 6.6/10 (491 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction #Thriller
🗓 2014 🎞 movie
🌎 #USA #UnitedStates #Canada #France #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunger Games: Mockingjay – Part 1 (2014)
IMDb Rating (6.6) / Rotten Tomatoes (70%)
ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းကတကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာသူ့အနားမှာပီတာမရှိတော့ပါဘူး။သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကိုကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။
တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။
ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။
The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=the+hunger+gamesကြည့်ပါ။...
The Hunger Games: Catching Fire (2013)
⭐IMDB: 7.5/10 (707 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction #Thriller
🗓 2013 🎞 movie
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 27 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunger Games: Catching Fire (2013)
IMDb Rating (7.5) / Rotten Tomatoes (90%)
ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက်သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင်နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကိုဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။
ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာသူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့်ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက်ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။
ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကိုရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက်ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ဘယ်လိုတွေရင်ဆိုင်ပြီးတော့ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။
The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=the+hunger+gamesကြည့်ပါ။...
The Hunger Games (2012)
⭐IMDB: 7.2/10 (982 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction #Fantasy #Thriller
🗓 2012 🎞 movie
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 23 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunger Games (2012)
IMDb Rating (7.2) / Rotten Tomatoes (84%)
The Hunger Games (2012) Review*** Spoiler Alert ***နာမည်ကျော်သရုပ်ဆောင် Jennifer Lawrence သရုပ်ဆောင်ထားတဲ့ Adventure , Drama , Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပရိသတ်တွေနဲ့စိမ်းမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်း : The Hunger Games ရဲ့ဇာတ်လမ်းကတော့ Districts တစ်ခုချင်းစီကနေ တစ်နှစ်ကို အသက် 12-18 ကြား ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပါတယ်။ အရွေးချယ်ခံရတဲ့ လူတွေကို Tributes လို့ ခေါ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ပြီး Capitol လို့ခေါ်တဲ့ အစိုးရမြို့မှာ နှစ်စဉ်ကျင်းပတဲ့ Hunger Game မှာသွားရောက်ယှဉ်ပြိုင်စေပါတယ်။ Hunger Game မှာပါတဲ့ Tributes တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သေသည်အထိ တိုက်ခိုက်ရပြီး နောက်ဆုံး တစ်ယောက်ပဲကျန်ရပါမယ်။အဲ့ဒီနောက်ဆုံး ကျန်တဲ့တစ်ယောက်က Hunger Game မှာအနိုင်ရရှိတဲ့လူပဲဖြစ်ပါတယ်။ အဲ့ဒီလိုတစ်ယောက်နဲ့ တစ်ယောက်သတ်နေတာကို အပြင်က လူချမ်းသာတွေနဲ့ အစိုးရအဖွဲ့ဝင်တွေက အားရပါးရ ကြည့်ရှုအားပေးနေကြတာပါ။ ဘာဖြစ်လို့ အဲ့ဒီလို နှစ်စဉ်သတ်ခိုင်းနေတာလဲဆိုရင် အရင်တုန်းက တိုင်းပြည်မှာဆူပူအုံကြွမှုတွေဖြစ်ပြီး အစိုးရကိုပုန်ကန်တယ်။အဲ့ဒီအချိန်မှာ Capitol ပဲကျန်ခဲ့တယ်။ အဲ့ဒါကို Capitol ကအစိုးရက သူတို့ကိုနောက်ထပ် ပုန်ကန်မှုတွေမပြုလုပ်အောင် ၊ သူတို့ပုန်ကန်မှုတွေပြုလုပ်တုန်းက ဘယ်လိုနှိမ်နင်းခဲ့တယ်ဆိုတာတွေပြန်မှတ်မိအောင် ၊ အပြစ်ပေးတဲ့အနေနဲ့ နောက်ထပ် ပုန်ကန်မှုတွေမလုပ်အောင် တစ်နှစ်တစ်ကြိမ် Capitol မှာ Hunger Game ကိုကျင်းပပေးရတာပဲဖြစ်ပါတယ်။
Hunger Game အတွက် လူရွေးတဲ့အခါမှာ Katniss Everdeen (Lawrence) ရဲ့ ညီမလေးက အရွေးခံလိုက်ရတယ်။ ဒါပေမဲ့ သူမက ငယ်သေးလို့ သူမအစား Katniss Everdeen က Volunteer လုပ်မယ်ဆိုပြီး အရွေးချယ်ခံလိုက်ပါတယ်။ နောက်ထပ် ယောက်ကျားလေးတစ်ယောက်ကတော့ Peeta လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကို ရွေးချယ်သွားပါတယ်။ ဒီလိုနဲ့သူတို့ Hunger Game မှာယှဉ်ပြိုင်ဖို့အတွက် Capitol ကိုရောက်လာတယ်။ သူတို့ နှစ်ယောက်က District 12 ကနေဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။သူတို့ရဲ့ အဖွဲ့တိုင်းမှာလဲ သူတို့ရဲ့ နည်းပြကိုယ်စီရှိပါတယ်။ Capitol ကလူတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကတော့ အရောင်စုံတွေနဲ့ ခပ်ကြောင်ကြောင် အဝတ်အစားတွေနဲ့ပါ။ ဒီလိုနဲ့သူတို့ Hunger Game မှာယှဉ်ပြိုင်ကြပါတယ်။ ယှဉ်ပြိုင်တဲ့အခါမှာ အခြားပြိုင်ဘက်ကတွေက အချင်းချင်း Allies ဖွဲ့ကြပါတယ်။ Katniss ကတော့ ဒါတွေမသိတဲ့အတွက်ကြောင့် တစ်ယောက်ထဲပဲပြိုင်ပြီး သူတို့တွေနဲ့ ဝေးသမျှဝေးအောင် ပြေးပါတယ်။
Katniss ရဲ့ အားသာချက်က မြှားပစ်ကျွမ်းကျင်တာပါ။ဒီလိုနဲ့ Hunger Game ကိုခက်ခက်ခဲခဲယှဉ်ပြိုင်ကြပါတယ်။ Hunger Game က စည်းကမ်းကိုက နောက်ဆုံးတစ်ယောက်ပဲကျန်ရမှာပါ။ ဒါကို Katniss အနေနဲ့ Peeta ပေါင်းပြီး အချစ်ဇာတ်လမ်းအတုတွေဖန်တီးပြီး နှစ်ယောက်လုံးအသက်ရှင်ကျန်ရစ်အောင် လုပ်ပါတယ်။ Hunger Game ကို ကြည့်ရှုနေကြတဲ့ ပရိသတ်တွေကိုအထင်ကြီးအောင်လုပ်နိုင်လေ …. အနိုင်ရဖို့အခွင့်လမ်းများလေပါပဲ။ ဒါကိုသိအောင် Katniss တို့ နည်းပြကပြောပြထားတဲ့အတွက်ကြောင့်လူအများအထင်ကြီးအောင် သိပ်ချစ်ကြတဲ့ စုံတွဲအဖြစ်ဟန်ဆောင်ပြီး District 12 အတွက် ၂ ယောက်လုံးအနိုင်ရပြီး အသက်ရှင်ကျန်ရစ်ပြီး အနိုင်ရသွားတာပါ။
Review : The Hunger Games (2012) ကိုကြည့်ရတာ Divergent တို့ .. The Maze Runner တို့နဲ့ ခပ်ဆင်ဆင်တွေပါပဲ။ ဒီဇာတ်ကားထဲမှာ ကြည့်ရတာသိပ်အဆင်မပြေတာကတော့ Capitol ကလူတွေဝတ်တဲ့ အဝတ်အစားတွေနဲ့ ဆံပင်အရောင်တွေ ၊ ဆံပင်ပုံစံတွေပါ။ ခပ်ကြောင်ကြောင် အရောင်တွေနဲ့ . အရောင်စုံတွေသုံးထားတာကတော့ တော်တော်လေးကြည့်ရဆိုးပါတယ်။ ဇာတ်ကားက စိတ်ကူးယဉ်ဆန်တဲ့ဇာတ်ကားတစ်ကားပါ။ စိတ်ကူးယဉ်ဆန်တဲ့ဇာတ်ကားမို့လို့လဲ အဲ့ဒီလိုအရောင်တွေသုံးထားတာဖြစ်မယ်ထင်တယ်။ဒါပေမဲ့ ဇာတ်ကားက ကြည့်လို့တော့ကောင်းပါတယ်။သူ့ဇာတ်လမ်းနဲ့ သူ့ဇာတ်အိမ်နဲ့ ရိုက်ပြသွားတာလဲကောင်းပါတယ်။ Hunger Game ဇာတ်ကားက Divergent တို့ .. The Maze Runner တို့ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ Hunger Game ရဲ့ Budget ကတော့ $78 Million အသုံးပြုခဲ့ပြီး Box Office ဝင်ငွေကတော့ $694.4 Million ပြန်ဝင်တဲ့အတွက် တော်တော်အောင်မြင်တဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။
(ရုပ်ရှင်အညွှန်းကိုDatShin Pageမှ ကူးယူဖော်ပြပါသည်။)
The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=the+hunger+gamesကြည့်ပါ။...
Inside the Yellow Cocoon Shell (2023)
⭐TMDB: 67.0% User Score
🎬 #Drama
🗓 2023 🎞 movie
🌎 #Vietnam #France #Singapore #Spain
⏰ 2 နာရီ 59 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက ဗီယက်နမ်စကားပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်နမ်ဒါရိုက်တာ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်ဝိညာဉ်ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်မှာ Camera d’or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီးဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံတွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်နေရတဲ့ Thiên ရဲ့ အဇ္ဈတ္တလွန်ဆွဲမှုနဲ့အတူ ကွယ်လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်းရပုံတို့ကို ရိုးရှင်းစွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်ကိုတူးဆွခြင်း ယုံကြည်မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်းပုံဖော်ထားပါတယ်။
ဇာတ်လမ်းက ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်ဝေဖန်သူတွေ ချီးမွမ်းခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင် တခြားသောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Drama/Narrative ဖြစ်ပါတယ်။ ဒိုင်ယာလော့ဂ်နည်းပြီး visual ပိုင်းကိုအသားပေးထားတာဖြစ်သလို ရှည်လျားတဲ့ရိုက်ချက်တွေနဲ့ သမာရိုးကျမဟုတ်တဲ့တင်ပြပုံကြောင့်လည်း ဒီဇာတ်ကားကို ရုပ်ရှင်ဝေဖန်သူတွေအကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်တောင်ပေါ်ကျေးလက်ဒေသရဲ့ လှပတဲ့ရှုခင်းတွေကိုလည်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းက တချို့ပရိသတ်တွေအတွက် ပျင်းရိစရာကောင်းနိုင်ပေမဲ့ Cinematography နဲ့တင်ကြည့်ရတန်နေပြီလို့ဆိုနိုင်ပါတယ်။ Art House ရုပ်ရှင်တွေကိုနှစ်သက်သလို အချိန်လည်းပေးပြီး စိတ်အေးလက်အေးကြည့်ရှုခံစားနိုင်တဲ့ပရိသတ်တွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။...
Maverick (1994)
⭐TMDB: 69.0% User Score
🎬 #Action #Adventure #Comedy #Western #Drama
🗓 1994 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 7 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။
အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ အကြမ်းအရမ်းတွေပါသော်လည်း သူတို့ချည်းသက်သက်မဟုတ်ဘဲ money heist ဆန်ဆန် twists and turns လေးတွေထည့်ပြီး အထက်မှာဖော်ပြခဲ့တဲ့သဘောတရားနဲ့ ပိုကာလောကအကြောင်းရောသမမွှေထားတဲ့ တစ်မူဆန်းသစ်ကွဲပြားတဲ့ western ရုပ်ရှင်ဖြစ်လို့ သမရိုးကျ cowboy ရုပ်ရှင်တွေနဲ့မတူတဲ့ ရသတစ်မျိုးကို ခံစားရမှာပါ။
အဓိကဇာတ်ဆောင်ကတော့ သရုပ်ဆောင်ရော၊ ဒါရိုက်တာအဖြစ်ပါ အနုပညာစန်းပါတဲ့ မင်းသားကြီး Mel Gibson ဖြစ်တဲ့အတွက် သရုပ်ဆောင်ကောင်းမွန်မှု၊ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုကို အထူးတလည်ညွှန်းဆိုနေစရာ လိုမယ်မထင်တော့ပါဘူး။ Mel Gibson၊ James Garner၊ Jodie Foster၊ James Coburn၊ Alfred Molina၊ Geoffrey Lewis၊ Dub Taylor အစရှိတဲ့ ၉၀ ပြည့်လွန်နှစ်တွေရဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ အားဖြည့်တင်ဆက်ထားပါတယ်။ Roy Huggins ရဲ့ Maverick ဆိုတဲ့နာမည်တူဝတ္တုအပေါ်မှာပဲအခြေခံထားပြီး ဇာတ်ညွှန်း William Goldman၊ ဒါရိုက်တာ Richard Donner ကတာဝန်ယူရိုက်ကူးကာ Warner Bros. ကုမ္ပဏီကနေ 1994 ခုနှစ် မေလမှာဖြန့်ချိခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မဲဗရစ်ခ်( Mel Gibson) ဟာ သူ့ကိုယ်သူ ဖဲဝိဇ္ဇာကြီးတစ်ယောက်လို့ စိတ်ကြီးဝင်နေသူပါ။ ဖြစ်ချင်တော့ အမေရိကန်အနောက်ပိုင်းဒေသဟောင်း Lauren Belle အပျော်စီးသင်္ဘောပေါ်မှာ အထူးစပါယ်ရှယ် ပိုကာချန်ပီယံလုပွဲကြီး ကျင်းပဖို့ရှိနေပါတယ်။ မဲဗရစ်ခ်ခမျာ သူ့ပါရမီနဲ့ ဖဲဇာတာကို တစ်ချီတည်းစမ်းသပ်ခွင့်ရမယ့် အဆိုပါပြိုင်ပွဲကို တားမနိုင်ဆီးမရ ဝင်ပါချင်နေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကြေးက ဒေါ်လာ ၂၅၀၀၀ ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ပိုက်ဆံနဲ့မလောက်လို့ အကြွေးသမားတွေဆီက ပြန်ဆပ်ငွေရဖို့လည်း အဆင်မပြေတဲ့အခါမှာ မဲဗရစ်ခ်တစ်ယောက် ဝင်ကြေးပြည့်မီဖို့ ကြိုးစားရပါတော့တယ်။ အဲ့လိုကြိုးစားရင်း ပြိုင်ပွဲကိုအသွား လမ်းခရီးမှာ လူလိမ်မလေး အန်နာဘယ်လ်၊ နယ်ထိန်းအရာရှိ ဇိန်းကူးပါးတို့နဲ့ ဆုံပြီး ဘယ်လိုတလွဲတွေကြုံကြမလဲ၊ သူ့ရည်ရွယ်ချက်အတိုင်း ပြိုင်ပွဲဝင်နိုင်ပါ့မလား၊ သူတို့ကိုယ်စီရဲ့ လျှို့ဝှက်ရည်မှန်းချက်တွေက ဘာတွေလဲ၊ နောက်ဆုံး ဘယ်သူချန်ပီယံဖြစ်ပြီး ဆုငွေ ဒေါ်လာသန်းဝက်ကို ဘယ်သူနိုင်သွားမလဲဆိုတာတော့ ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။
Western ရုပ်ရှင်တို့ထုံးစံအတိုင်း သေနတ်ပစ်ခန်းတွေ၊ အင်ဒီးယန်းတွေ၊ မြင်းစီးကောင်းဘွိုင်တွေ ရိုးရာမပျက်ထည့်ပေးထားတဲ့အပြင် ဒီဇာတ်လမ်းမှာတော့ ပိုကာနဲ့ comedy ပိုင်းကို နည်းနည်းအသားပေးပြထားလို့ ဇာတ်ကားအစမှအဆုံးထိ မလွတ်တမ်းကြည့်ဖြစ်သွားမှာပါ။ အက်ရှင်သီးသီး ကောင်းဘွိုင်ဇာတ်လမ်းတွေပဲ ကြိုက်သူတွေအတွက် အဆင်မပြေလောက်ပေမယ့် မင်းသားကြီး Mel Gibson သရုပ်ဆောင်ချက်ကိုကြည့်ရတာနဲ့တင် ကြည့်ပျော်နေပါပြီ။
IMDb rating 7 ရထားပြီး Rotten tomatoes 68% ဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းပါရစေ။...
The Boxer (1997)
⭐TMDB: 67.0% User Score
🎬 #Drama #Romance #Sport
🗓 1997 🎞 movie
🌎 #Ireland #UnitedStates
⏰ 1 နာရီ 54 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ ratingလဲကောင်း criticsတွေလဲအကြိုက်တွေ့ခဲ့တဲ့ Dramaကားကောင်းလေးပါ။ ပါဝင်ထားတာကလဲ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Daniel Day-Lewis နဲ့ Emily Watsonတို့ဖြစ်တဲ့အတွက် ကားကောင်းတစ်ကားဆိုတာသိနိုင်ပါတယ်။
နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် ထောင်ထဲမှာ၁၄နှစ်နေခဲ့ရပြီး ပြန်ထွက်လာခဲ့တဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီဟာ သူ့ရဲ့အရင်အိပ်မက်ဖြစ်တဲ့ လက်ဝှေ့ပွဲတွေပဲကျင်းပပြီး နေချင်တဲ့သူပါ။ သူအရမ်းချစ်ရတဲ့ ချစ်သူဟောင်းဖြစ်တဲ့ မက်ဂီကိုလဲ ပိုင်ဆိုင်ဖို့ကြိုးစားနေတုန်းပါပဲ။ ဒါပေမဲ့လည်း အတိတ်က ဖြစ်ရပ်တွေရဲ့ ရန်သူဟောင်းတွေက ရန်ငြိုးတွေမပြတ်နိုင်ဘဲ ဒုက္ခတွေပေးဖို့ကြိုးစားလာခဲ့အခါမှာတော့… ထိုဒုက္ခတွေကြားမှာ သူနဲ့ မက်ဂီနဲ့ ဘယ်လိုရုန်းကုန်ရမလဲဆိုတာကို လှလှပပရိုက်ကူးကားတဲ့ Dramaကားကောင်းလေးပါ။...
A Biltmore Christmas (2023)
⭐IMDB: 8.0/10 (2 k Votes)
🎬 #Fantasy #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူစီ ဟာ့ဒ်ဂရိုဗ့်ဟာ သူ့အရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ ခရစ်စမတ်ရုပ်ရှင်ဖြစ်တဲ့ His Merry Wife! ဆိုတဲ့ ဂန္တဝင်ရုပ်ရှင်ကို ပြန်ပြီးရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းရေးဆရာမ တစ်ယောက်အနေနဲ့ အလုပ်ရခဲ့ပါတယ်.
၁၉၄၇ ခုနှစ်မှာရိုက်ခဲ့တဲ့ အဲဒီ့ရုပ်ရှင်ဟာ ဘေ့လ်မိုးဆိုတဲ့ အိမ်ကြီးမှာ ရိုက်ခဲ့ကြတာဖြစ်ပြီးတော့ တကယ့် ဂန္တဝင်ခရစ်စမတ်ရုပ်ရှင် အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်. စတူဒီယိုက လူစီရေးထားတဲ့ ဇာတ်သိမ်းနဲ့ပတ်သက်ပြီးတော့ သိပ်သဘောမကျတဲ့အခါ သူ့ကို အဲဒီ့ရုပ်ရှင် ရိုက်ကူးခဲ့တဲ့အိမ်ကြီးဆီကိုသွားပြီးတော့ ဇာတ်ညွှန်းပြန်ပြင်ရေးခိုင်းခဲ့ပါတယ်.
ဒါပေမယ့် အဲဒီ့ရုပ်ရှင်ထဲမှာပါခဲ့တဲ့ သဲနာရီလေးတစ်လုံးကို အမှတ်မထင်တွေ့သွားပြီး အဲဒီ့သဲနာရီလေးက အတိတ်နဲ့ ပစ္စုပန်ကို ဆက်သွယ်ထားတဲ့ ပစ္စည်းလေးဖြစ်နေတဲ့အခါ…. လူစီကိုယ်တိုင်က အတိတ်ကိုသွားပြီးတော့ အနာဂတ်ကိုပြောင်းလဲပစ်နိုင်ဖို့ ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့အခါ….ပေါ့ပေါ့ပါးပါနဲ့ ခရစ်စမတ်ကာလလေးမှာ မိသားစုနွေးနွေးထွေးထွေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပါ.
ခရစ်စမတ်ရုပ်ရှင်တွေအရိုက်များတဲ့ မင်းသမီးချော Bethany Joy Lenz အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...
Halloween (2007)
⭐TMDB: 62.0% User Score
🎬 #Horror
🗓 2007 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 1 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ကြိမ်မှာတော့ ဟောလိုးဝင်းရုပ်ရှင်တွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့
ကြည့်ရှုသူပရိတ်သတ်ကြီးကို Hallowen horrorဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့
Hallowen(1)ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ
ဒီဇာတ်ကားကိုမူလဟောလိုးဝင်းရုပ်ရှင်ရဲ့အစဒါရိုက်တာလည်းဖြစ်သူ
ယခုဟောလိုးဝင်းရုပ်ရှင်ရဲ့တွဲဖက်စာရေးဆရာဖြစ်တဲ့ Jhon Carpenterကသူကြုံတွေ့
ခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်အပေါ်ကိုအခြေခံရေးသားထားပြီး ဒါရိုက်တာDavid Gordenက
ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/10ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
ဒီဇာတ်ကားမှာမင်းသားJames Jude Courtney နဲ့မင်းသမီးJamie Lee
Curtisအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ မင်းသမီး Jamie Lee
Curtisကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိထားပါတယ် ဒီဇာတ်လမ်းအစမှာ
ငယ်ငယ်ကတည်းကလိင်တူစိတ်ဝင်စားသူလို့ထင်ခံနေတဲ့ရတဲ့ အဓိကဇာတ်ဆောင်
Michael Myersကငါးနှစ်သားအရွယ်မှာ ဘယ်သူမှထင်မှတ်မထားတာတွေကို
လုပ်ထားတာကိုတွေ့လိုက်ပါတယ် အဲ့တာကတော့သူက အိမ်မွေးတိရစ္ဆာန်လေးတွေကို
ညဉ်းပန်းနှိပ်စက်တာကိုသဘောကျနေတာဖြစ်ပါတယ် ဒီလိုနဲ့ဟောလိုးဝင်းညရောက်တဲ့အခါ
Michael Myersဆိုတဲ့ ငါးနှစ်သားအရွယ်ကောင်လေးတစ်ယောက်က ဘယ်သူမှ
ထင်မှတ်ထားတာကိုလုပ်လိုက်ပါတယ် အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ
Michael Myersရဲ့ ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမှာလဲ
ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာစီးမျောကြည့်ရှုလိုက်ပါဦး
တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီး
အတွက် အချိန်ကုန်ရကျိုးလည်းနပ်စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်
ဒီဇာတ်ကားဟာ Crime,Horror&Thriller အမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့သူတွေ
မလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်...
Silent Night (2023)
⭐IMDB: 5.8/10 (4 k Votes)
🎬 #Action #Thriller #Crime
🗓 2023 🎞 movie
🌎 #UnitedStates #Mexico #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Silent Night (2023)==============
မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီးအသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကိုလိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူး။
R rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။မင်းသားကတော့ Suicide Squad ထဲက Joel Kinnamanပါပဲ။ (သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များနဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
Under the Light (2023)
⭐IMDB: 6.1/10 (367 Votes)
🎬 #Action #Crime #Drama #Thriller
🗓 2023 🎞 movie
🌎 #China
⏰ 2 နာရီ 8 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားလက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။
ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီးတရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီးချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကိုရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။
ဒီလိုနဲ့ဒီဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရစီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့…အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက်စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ...
One and Four (2023)
⭐TMDB: 60.0% User Score
🎬 #Drama #Fantasy
🗓 2023 🎞 tv series
🌎 #China
⏰ 1 နာရီ 28 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆောင်းရာသီအေးအေးလေးမှာ နှင်းတောထဲက တွေးစရာတွေအပြည့်နဲ့suspenseဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။နှင်းတွေဖုံးလွှမ်းနေတဲ့ တောထဲကသစ်လုံးအိမ်လေးမှာတစ်ယောက်ထဲစိတ်ညစ်ညစ်နဲ့အရက်မူးနေတဲ့ သစ်တောထိန်းသိမ်းရေးသမားတစ်ယောက်……သူမနက်နိုးလာတဲ့အချိန်မှာ လူတစ်ယောက်ဟာသေနတ်တစ်လက်နဲ့ အိမ်ထဲကိုအတင်းဝင်လာပါတယ်။
သူဟာသစ်တောဆိုင်ရာရဲအရာရှိတစ်ယောက်ဖြစ်ပြီး တားမြစ်သားကောင်တွေကိုအမဲပစ်တဲ့တရားခံကိုဖမ်းရင်းရောက်လာပါတယ်လို့ပြောပြီး သူ့ကိုတရားမဝင်မုဆိုးကူဖမ်းပေးဖို့ပြောလာတယ်။အဲဒီမတိုင်ခင် မနက်မိုးမလင်းခင်မှာသစ်လုံးအိမ်ကိုရောက်လာပြီး မိန်းမရဲ့ကွာရှင်းစာနဲ့အရက်ပုလင်းတွေယူလာပေးတဲ့ တစ်ရွာတည်းသား သူငယ်ချင်းတစ်ယောက်……သူဟာပြန်သွားချိန်မှာ တောထဲမှာလမ်းပျောက်သွားခဲ့လို့ သစ်လုံးအိမ်ကိုပြန်လာတာလို့ပြောပြန်တယ်။
အဲဒီနောက် သေနတ်တစ်လက်နဲ့ရဲအရာရှိတစ်ယောက်ရောက်လာပြန်တယ်သူကလဲ တရားမဝင်မုဆိုးကိုလိုက်ဖမ်းနေတာလို့ပြောပြန်တယ်။တကယ်ပဲ ဘယ်သူပြောတဲ့ဇာတ်လမ်းကအမှန်ဖြစ်နေမလဲ……ဘယ်သူကတရားမဝင်မုဆိုးဖြစ်မလဲ…….နှင်းတောထဲကလျှို့ဝှက်ချက်ရဲ့အဖြေဟာဘာဖြစ်နေမလဲ...
1670 (2023- )
⭐IMDB: 8.0/10 (1 k Votes)
🎬 #Comedy #Drama #History
🗓 2023- 🎞 tv series
🌎 #Poland
⏰ 38 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1670 (2023)1670 (2023)
Genre – Comedy, History
Your browser does not support the video tag.၁၇ ရာစုနှစ် ပင်မဥရောပမှာ အားကောင်းခဲ့တဲ့ ပိုလန်-လစ်သူနီးယားပူးပေါင်းရေးခေတ်အပေါ် အခြေခံထားတဲ့ ပိုလန် Mockumentary စတိုင်၈ ပိုင်းပါ ဟာသစီးရီး တစ်ခု ဖြစ်ပါတယ်။Mockumentary ဆိုတာကတော့ Documentary လိုမှတ်တမ်းရုပ်ရှင်စတိုင်ကို ရုပ်တည်ကြီးတွေနဲ့ပရိတ်သတ်ကို စကားပြောသလိုမျိုးလှမ်းလှမ်းမျက်ခွက်ပြောင်ကြတာမျိုးပါDeadpool လိုပေါ့လေ။ Cunk on Earth တို Office တို့ ကြည့်ဖူးရင်တော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ၁၇ ရာစု ပိုလန်ခေတ်ရဲ့ ရွာလေးတစ်ရွာဖြစ်တဲ့အဒန်ချက်ကာရွာရဲ့ မျိုးရိုးမြင့် ရွာတစ်ဝက်ပိုင် ပရမ်းပတာအရှင်ကြီး ယန်ပါဝယ်ကို ဗဟိုပြုတင်ဆက်ထားပါတယ်။ ဘာသာရေးအရူးဖြစ်တဲ့ သူ့ ဇနီးသည် ဇိုဖီယာပါမယ်၊ အမွေဆက်ခံရပေမဲ့ဖအေက သဘောမကျတဲ့ ဂီတသမား သားကြီးရယ်ဖအေသဘောကျ ဂျင်းထည့်နေတဲ့ ဘုန်းတော်ကြီးသားငယ်ရယ် ဖအေကို ပုန်ကန်ပြီး ခေတ်မှီတဲ့ သမီးငယ်နဲ့ မိသားစုကြီးပေါ့။ တစ်ဖက်မှာလည်း နောက်ထပ် ရွာတစ်ဝက်ကို ပိုင်တဲ့ယန်ပါဝယ်ရဲ့ ပြိုင်ဖက် အွန်ဒရေး ရှိမယ်။ဇိုဖီယာရဲ့ မောင်ဖြစ်သူ အာပလာ စစ်ပြန်တစ်ယောက်နဲ့ပန်းပဲသမားလေးလည်း ပါဝင်ပြီး ဒီလူတွေကြားရွာမှာ အချင်းချင်း သောက်ပြသနာတွေတက် ဒုက္ခတွေရှာစမာကလာများတာတွေကို အကြည်တော်ဝတ္ထုထဲကလိုမျိုးပေါက်ကရဟာသတွေနဲ့ ရှူစားရမှာပါ။ ပိုလန်စီးရီးဆိုပေမဲ့ Production ကောင်းကောင်းSoundtrack ကောင်းကောင်းတွေနဲ့ တင်ဆက်ထားပြီးမင်းသားနေရာက သရုပ်ဆောင်ဆို Mr.Bean တို့ Naked Gun ထဲက ခေါင်းဖြူကြီးတို့ကိုပြေးမြင်ရလောက်အောင် ရုပ်တည်ကြီးနဲ့ ထထဖောက်မှာကို မြင်ရမှာပါ။...
As We Know It (2023)
⭐IMDB: 5.6/10 (67 Votes)
🎬 #Comedy #Horror #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
As We Know It (2023)
Zombie တွေပါတဲ့ Horror အမျိုးအစားကိုမှ ကြောက်စရာမကောင်းဘဲ ဟာသဆန်ဆန် ရသစုံခံစားရမယ့် ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ကြားက နွေးထွေးတဲ့ Friendship နဲ့ Relationship တွေအကြောင်းကို မတူညီတဲ့ရှုထောင့်ကနေ ပေါ့ပေါ့ပါးပါးပုံဖော်ထားတာပါ။
ဇာတ်လမ်းအစက LA မှာ ပဲနို့ထုတ်တဲ့ ကုမ္ပဏီက ပဲနို့တွေ ပြသာနာပေါ်ပြီး ဗိုင်းရပ်စ်အဖြစ်ပြောင်းသွားကာ သောက်တဲ့လူတိုင်း ဖုတ်ကောင်တွေဖြစ်ကုန်ကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင်လိုက်ကိုက်ပြီး ဗိုင်းရပ်စ်အနှံ့အပြား ကူးစက်နေတဲ့အချိန်မှာ ရည်းစားနဲ့ ပြတ်သွားပြီး ဘာမှမသိဘဲ အိမ်ထဲမှာ ဆွေးကောင်းနေတဲ့ ၀တ္ထုရေးဆရာ ဂျိမ်းစ်…ဂျိမ်းစ်ကို ခေါ်ပြီး ဆီရက်တယ်ကို ပြေးဖို့ ဂျိမ်းစ်အိမ်ကို အပြေးအလွှားလာတဲ့ အချစ်ဆုံးသူငယ်ချင်း ဘရုစ်…
သူတို့နှစ်ယောက် ကားနဲ့သွားမလို့ပြင်ပြီးကာမှ ကားဆီမရှိတော့လို့ အိမ်မှာသောင်တင်နေပါလေရော။ အဲဒီအချိန်မှာပဲ ဂျိမ်းစ်ရဲ့ရည်းစားဟောင်း အမ်မလီက သူ့သူငယ်ချင်းတွေနဲ့ မပြေးခင် အဆင်ပြေလား လာမေးရင်း ဖုတ်ကောင်တွေသောင်းကျန်းလို့ သူပါ ဂျိမ်းစ်တို့နဲ့ ပိတ်မိနေတဲ့အခါ… သူတို့ရဲ့တွဲခဲ့တုန်းက မပွင့်လင်းခဲ့တာတွေ ပြန်လည် ဖြေရှင်းရင်း ဘရုစ်နဲ့ အမ်မလီတို့ရဲ့ အတိတ်ကိုပါ သိလိုက်ရတဲ့ ဂျိမ်းစ်တစ်ယောက် အသည်းနှစ်ထပ်ကွမ်း ကွဲသလိုဖြစ်သွားပါတယ်။
ဒီကြားထဲ ဖုတ်ကောင်ကပ်ဆိုးကြီးကလည်း မပြီးသေးတော့ အိမ်ထဲမှာ သူတို့၃ယောက်သား ပိတ်မိနေပြီး အရင်က အမှားတွေ မကျေလည်တာတွေကို ပြန်လည်ဖြေရှင်းတာကို တွေ့ရမှာပါ။ ကံကောင်းတာက ဘရုစ်က မထင်မှတ်ဘဲ ဗိုင်းရပ်စ်အတွက် ဖြေဆေးရှာတွေ့သွားပြီး ဘယ်လိုအလှည့်အပြောင်းတွေ ဆက်ဖြစ်ဦးမလဲဆိုတာ… ဆက်လက်ပြီး ရှုစားပေးကြပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Always - Sunset on Third Street (2005)
⭐TMDB: 74.0% User Score
🎬 #Comedy #Drama #Family
🗓 2005 🎞 movie
🌎 #Japan
⏰ 2 နာရီ 13 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Always: Sunset on Third Street (2005)
~ IMDb – 7.7/10, RT – 90%, MyDramaList – 7.9/10 ~
~~~~~~~~~~~~~~~~~~~~ဓား
ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ်အဲဒါ လွယ်တယ်ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူးအဲဒါ ခက်တယ်သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။
~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ – ၂၀၁၅)~~~~~~~~~~~~~~~~~~~~
Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ၀ပ်ရှော့လေးကိုထောင်ထားတယ်။ Fictional Founder ပါပဲ။ အပြင်က တကယ့်ဆူဇီးကီးကတော့ ရုပ်ရှင်ထဲက ဆူဇူကီး၀ပ်ရှော့အဆင့်ပဲရှိသေးတဲ့ 1958 လောက်မှာ ကားကုမ္ပဏီကို ထောင်ပြီးနေပြီ။ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတာချင်းတော့တူတယ်။ ဂျပန်ရဲ့ Image ကိုဖော်ပြချင်လို့ ဂျပန်ရဲ့နာမည်ကျော် ဆူဇူကီးကုမ္ပဏီရဲ့ ဇာစ်မြစ်ဆန်ဆန်ဇာတ်ကောင်ကို ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။ ဇာတ်ကောင်ရဲ့ ဒေါသထိန်းမရတဲ့စရိုက်အပါအဝင် မတော်မတည့်စရိုက်အချို့ကြောင့် မူလလူနဲ့ကွဲလွဲအောင် ဖန်တီးပေးထားတာဖြစ်မယ်။
ဆူဇူကီးအိမ် မျက်စောင်းထိုးမှာက ဂျပန်ရဲ့အမြင့်ဆုံးစာပေဆုဖြစ်တဲ့ အခုတဂဝစာပေဆုရဖို့ကြိုးစားရင်း ဖြစ်မလာဘဲ ကလေးစာပေတွေပဲ ရေးနေရတဲ့ စာရေးဆရာ နေတယ်။ ဒီဇာတ်လမ်းမှာ သူက Emotional အဖြစ်ဆုံးဇာတ်ကောင်။ စားဖို့အနိုင်နိုင်ဘဝမှာ သူများကလေးကို အိမ်ခေါ်တင်ထားပြီး ဂေးရှားမယ်ကလေးကို ချစ်မိခဲ့တဲ့ ခပ်ညံ့ညံ့စာရေးဆရာပေါ့။ နောက်ဇာတ်ကောင်က အကြွေးတွေဆပ်ဖို့ ဂေးရှားမယ်လုပ်ခဲ့ပြီး ရပ်ကွက်ထဲ အရက်ဆိုင်လာဖွင့်ထားတဲ့ မိန်းကလေး။ နောက်တစ်ယောက်က ရွာကနေ ဆူဇူကီးကားကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ ကောင်မလေး။ စစ်အတွင်းမှာ သူ့ဇနီးနဲ့ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ ရပ်ကွက်ဆရာ၀န်။ ဇာတ်လမ်းကတော့ သူတို့ အပါအဝင် သူတို့မိသားစုတွေရဲ့ ငိုစရာ ရယ်စရာ ဘဝအကြောင်းလေးတွေပါပဲ။ ဇာတ်ကောင်တွေ ဇာတ်အိမ်တွေရဲ့ ချစ်ဖို့ကောင်းချက်ကတော့ ကြည့်နေရင်း ပြုံးမိခဲ့တာ ခဏခဏကိုပါပဲ။ ဇာတ်ကောင်တိုင်းဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျွန်တော်တို့ဘ၀ထဲက လူတွေ သို့မဟုတ် ကျွန်တော်တို့ကိုယ်တိုင်နဲ့ ဆင်တူနေတယ်။ ဒါကြောင့်ပဲ ဇာတ်ကောင်တွေရဲ့ စိတ်ထဲကို လွယ်လွယ်ကူကူနဲ့ ၀င်ရောက်နိုင်ခဲ့တယ်။
တစ်ဖက်ကကြည့်ရင် ဇာတ်လမ်းဟာပေါ့ပါးပေမဲ့ တစ်ဖက်ကကြည့်တော့လည်း နည်းနည်းလေးနက်တယ်။ သူ့အငွေ့အသက်က ဂျပန်စာပေရဲ့ အငွေ့အသက်တော့ မကင်းဘူး။ ဖတ်ဖူးတဲ့ ဂျပန် ဘာသာပြန်စာအုပ်တစ်ချို့မှာ နှောင်းခေတ်အတော်ကြာအောင် ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကိုခံနေရတုန်းဆိုတာ ပေါ်လွင်အောင် ထည့်သွင်း ရေးသားထားတတ်ကြတယ်။ ဒီရုပ်ရှင်က ဇာတ်ကောင်တစ်ချို့ကလည်း ဒီအခြေအနေကိုပုံဖော်ထားတယ်။ ရပ်ကွက်ဆရာဝန်ဆို စစ်အတွင်းက သူ့ဇနီးနဲ့သမီးကိုဆုံးရှုံးထားပြီး ၁၃နှစ်ကြာတဲ့အထိ စိတ်ဝေဒနာ ဖြစ်နေတုန်းပဲ။ ဆူဇူကီးဆိုလည်း စကားပြောရင် စစ်ပွဲအကြောင်း မပါမဖြစ်ပြောတတ်တယ်။ စစ်အတွင်းမှာကျဆုံးခဲ့တဲ့ သူ့ရဲဘော်တွေအတွက် လိပ်ပြာမလုံတဲ့စိတ်ကို ခံစားနေရတုန်းပဲ။ နောက် ဂျပန်ဆိုတာကို ထင်ဟပ်စေတဲ့ အရာတစ်ချို့လည်း သုံးထားတယ်။
ရုပ်ရှင်တစ်ကားကနေ ဘာမက်ဆေ့ရပါတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ ပြောလိုက်ရင်လည်း သူ့အနုပညာကို စော်ကားလိုက်သလိုပဲ။ Always က ပေးနိုင်တဲ့အရာဟာ နေဝင်ချိန်တစ်ခုပါပဲ။ ဘာလို့နေဝင်ချိန်လဲဆိုရင်…
အားလုံးမှာအဆင်မပြေဖြစ်ခဲ့ကြတဲ့ နေ့တို့တွေ ရှိခဲ့ဖူးမှာပဲ။ မအောင်မြင်ခဲ့ကြတဲ့… တစ်စုံတစ်ရာကို ဆုံးရှုံးခဲ့ကြတဲ့… မျှော်လင့်ချက်မဲ့နေ့တို့တွေ ရှိခဲ့ဖူးမှာပဲ။ မီးဖိုထဲက အရည်ပျော်ပြီး ပြန်လာရတဲ့နေ့တွေရဲ့ အဆုံးမှာ နေဝင်ချိန်လေးတစ်ခုကို တစ်ခါတလေတော့လည်း ငေးမောဖူးမှာပေါ့။ မလှပခဲ့တဲ့နေ့ရက်တွေရဲ့ လှပတဲ့နေဝင်ချိန်ကလေးတစ်ခုဟာ မနက်ဖြန်ဟာတော့ လှပဦးမှာပါလို့ မျှော်လင့်ချက်ရှိစေခဲ့တယ်။
စိတ်ပျက်လက်ပျက်နေ့တွေကို ကြုံပြီးတဲ့အခါ ဆည်းဆာလှတတ်တဲ့ ညနေခင်းတွေဆို တိမ်တွေကို မြင်ရတဲ့ လက်ဖက်ရည်ဆိုင်ကလေးရဲ့ တစ်ထောင့်မှာ သောက်ရတဲ့ ချိုစိမ့်တစ်ခွက်ရဲ့အရသာဟာ ဒီကမ္ဘာမှာ ကျွန်တော်အသက်ပြင်းခဲ့ရတဲ့ အကြောင်းတရားတစ်ရံပေါ့။ ဒီထက်ပိုတဲ့အရာတွေလည်း ရှိကောင်းရှိလိမ့်မယ်။ ဒီတစ်ခုကတော့ ပိုသေချာတယ်လို့ ကျွန်တော်ယုံတယ်။ ကံဟာ ဘယ်တော့မှ ထင်တိုင်းမဖြစ်ခဲ့ရင်တောင် အနည်းဆုံးအားဖြင့် ဆွဲယူသွားလို့မရနိုင်တဲ့အရာပေါ့။ အဲဒီနေ၀င်ချိန်တွေဟာ အမြဲတမ်းလှပနေဦးမှာပဲ။ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့နေပါစေ မနက်ဖြန်တွေဟာလည...
Buhe Bariyan (2023)
⭐IMDB: 7.7/10 (587 Votes)
🎬 #Bollywood #Drama #Uncategorized #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 8 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Buhe Bariyan (2023)
အဘွားဘူရိုနဲ့ ရဲမေပရမ်ကောလ် IMDb-7.6/10 ယောက်ျားမိန်းမ သာတူညီမျှရေး ၊ဖိုဝါဒလွှမ်းမိုးလွန်းတာတွေကို ရင်ဆိုင်တိုက်ခိုက်လာကြတာ ဟိုးအရင်တည်းကနေခုထိမပြီးကြသေးတဲ့အရာတစ်ခုပါပဲ
ဒီကားကလည်း ဒီအကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုပလော့တွေနဲ့မဟုတ်ဘဲသူတို့နေ့စဉ်ဘဝမှာတစ်ဆင့်ချင်း ရင်ဆိုင်တိုက်ခိုက်သွားကြတာမျိူး ရိုက်ကူးပြထားတဲ့ကား။
ပန်ဂျာပီရွာလေးတစ်ရွာမှာ အဘွားဘူရိုဆိုတာ ရွာအပြင်မှာသူ့လိုခင်ပွန်းသည်တွေစွန့်ခွာသွားတဲ့အမျိုးသမီးတွေနဲ့အတူနေ ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်နေကြတဲ့ ၄၀ ကျော်အမျိုးသမီးအဖွဲ့ ၊သူတို့ကိုယ်တိုင်ရုန်းကန်သူတို့ဘဝနဲ့သူတို့ ပျော်အောင်နေကြသူတွေ ၊ သူတို့ဘဝနဲ့သူတို့နေကြရင်းပတ်ဝန်းကျင်ကယောက်ျားသားတွေကလာလွှမ်းမိုးတာမကြိုက်တဲ့သူ၊ ရပ်ထဲရွာထဲမှာ ယောက်ျားသားတွေလွှမ်းမိုးချုပ်ကိုင်လွန်းတာတွေကို အသာကြည့်မနေနိုင်ဘဲဝင်ပါပါနေမိတဲ့သူတွေ ဒီလူတွေနဲ့ဝင်ပေါင်းမိတာကတော့အလုပ်ကျလာတဲ့ ရဲမေမလေး ပရမ်ကောလ် မိန်းမဖြစ်ပေမဲ့ ယောကျာ်းသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်သူလေးဒီတော့တစ်ရွာလုံးနဲ့ သူတို့အဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အကြိမ်ရေပေါင်းများစွာကိုဘယ်လိုရင်ဆိုင်ကြမလဲ သူတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးကိုရော ရနိုင်ကြမလားဆိုတာတော့…
(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo ~ Cherry တို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Karami Zakari 2-Ono Rikka-Ishihara Nozomi [MIMK-132-Decensored]
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 2 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ Erotica Manga ကာတွန်းတစ်ပုဒ်ဖြစ်တဲ့ Karami Zakari ဆိုတဲ့ဇာတ်လမ်းကို Live-action အနေနဲ့အသက်သွင်းထားတာပါ။
Volume-I နဲ့ Volume-II ဆိုပြီး ၂ ပိုင်းရိုက်ကူးထားပြီး Code တွေကတော့ MIMK-136 နဲ့ MIMK-132 ပါ။
၂ ကားစလုံးကို Decensored Version နဲ့ တင်ဆက်ထားတာမလို့ အားရပါးရကြည့်ရှုခံစားရမှာပါ။
၂ ကားစလုံးကို ဒီမှာhttps://channelmyanmar.org/?s=MIMK-136+132ကြည့်ပါ။
မင်းသမီးတွေကတော့ နုပျိုမှုတွေနဲ့ကျော့ရှင်းလှပတဲ့ Ono Rikka နဲ့ Ishihara Nozomi တို့ပဲဖြစ်ပါတယ်။
မန်ဂါဇာတ်လမ်းကို Live-action ရိုက်ကူးထားတာမလို့ ဇာတ်လမ်းဇာတ်ကွက်စုံစုံလင်လင်နဲ့ကြည့်ရမယ့် JAV ပါပဲ။
JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Karami Zakari-Ono Rikka-Ishihara Nozomi [MIMK-136-Decensored]
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ Erotica Manga ကာတွန်းတစ်ပုဒ်ဖြစ်တဲ့ Karami Zakari ဆိုတဲ့ဇာတ်လမ်းကို Live-action အနေနဲ့အသက်သွင်းထားတာပါ။
Volume-I နဲ့ Volume-II ဆိုပြီး ၂ ပိုင်းရိုက်ကူးထားပြီး Code တွေကတော့ MIMK-136 နဲ့ MIMK-132 ပါ။
၂ ကားစလုံးကို Decensored Version နဲ့ တင်ဆက်ထားတာမလို့ အားရပါးရကြည့်ရှုခံစားရမှာပါ။
၂ ကားစလုံးကို ဒီမှာhttps://channelmyanmar.org/?s=MIMK-136+132ကြည့်ပါ။
မင်းသမီးတွေကတော့ နုပျိုမှုတွေနဲ့ကျော့ရှင်းလှပတဲ့ Ono Rikka နဲ့ Ishihara Nozomi တို့ပဲဖြစ်ပါတယ်။
မန်ဂါဇာတ်လမ်းကို Live-action ရိုက်ကူးထားတာမလို့ ဇာတ်လမ်းဇာတ်ကွက်စုံစုံလင်လင်နဲ့ကြည့်ရမယ့် JAV ပါပဲ။
JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
