ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Flakka Zombie Drug (2023) ⭐IMDB: 2.6/10 (80 Votes) 🎬 #Horror #Mystery #SciFi 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 15 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Flakka Zombie Drug (2023) ခင်ပွန်းဆုံးသွားလို့ ဘ၀အသစ်စဖို့ကြိုးစားနေတဲ့ ဒေါက်တာကတ်စ်လိုးဟာ လက်စ်ဗီးဂတ်စ်မြို့ကိုပြောင်းရွေ့ရင်း လူတွေကိုဖုတ်ကောင်တွေလိုပြောင်းသွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုးနဲ့ကြုံတွေ့ရပါတော့တယ်။ အဲ့ဒီဗိုင်းရပ်စ်က ဆုံးသွားတဲ့ခင်ပွန်းဖြစ်သူနဲ့ ဘယ်လိုဆက်စပ်နေလဲ အိမ်နီးနားချင်းဆိုတဲ့သူကရော ဘာတွေကြံနေသလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။)...
The Price of Money: A Largo Winch Adventure (2024) ⭐IMDB: 5.1/10 (736 Votes) 🎬 #Action #Adventure #Mystery #Thriller #Drama 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 36 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Largo Winch ရုပ်ရှင်ကားရဲ့နောက်ဆက်တွဲ တတိယမြောက် Thriller/ Actionကားလေးပဲဖြစ်ပါတယ်… Thriller ကားချစ်သူတွေအနေနဲ့ အသည်းတအေးအေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုအခန်းတွေလုံလုံလောက်လောက် ပါသလို Action ကားချစ်သူတွေအနေနဲ့လည်း အသည်းတယားယား Fight Scene တွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်… Drama ဆန်ဆန်ဇာတ်အိမ်တွေလည်း ထည့်သွင်းရိုက်ကူးထားတဲ့ အတွက်ကြောင့် ရသစုံတဲ့ ဒီရုပ်ရှင်ကားလေးကို ပရိသတ်တွေ နှစ်သက်ကြမှာ အမှန်ပါပဲ… ပြန်ပေးဆွဲခံရတဲ့သားငယ်နဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ကနေဒါသစ်တောကနေ ဘန်ကောက်မြို့နဲ့မြန်မာပြည်သတ္တုတူးဖော်ရေး လုပ်ကွက်တွေထိ ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရတဲ့ ယခု Largo Winch အကြောင်းရုပ်ရှင်မှာ ကျယ်ပြန့်တဲ့နောက်ခံ ရှုခင်းတွေနဲ့ လူနေမှုပတ်ဝန်းကျင်ကိုလည်း ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်… Largo Winch ရုပ်ရှင်များရဲ့ အဓိကဇာတ်ဆောင်မင်းသား Tomer Sisley အပြင် ယခုတတိယကားလေးမှာတော့ နာမည်ကျော် မင်းသား James Franco လည်း ဇာတ်ပြိုင်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားတာဖြစ်လို့ James Franco ပရိသတ်များအနေနဲ့လည်း အချိန်ပေးပျော်တဲ့ရုပ်ရှင်တစ်ကားဖြစ်မှာ အသေအချာပါပဲ… Largo Winch တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေကို ကြုံတွေ့ရမလဲ James Franco သရုပ်ဆောင်ထားတဲ့ Ezio Burntwood ဇာတ်ကောင်တစ်ယောက် ဘယ်လိုဇာတ်ရှိန်မြင့်အောင် ဆွဲခေါ် သွားမလဲဆိုတာတော့ ဒီရုပ်ရှင်လေးထဲမှာပဲ ကြည့်လိုက်ကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်… ( ရုပ်ရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Ye Thiha Htet ပဲ ဖြစ်ပါတယ်...
Merry Birthday, Happy Christmas (2024) ⭐IMDB: 5.0/10 (98 Votes) 🎬 #Drama #Family #Romance 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Merry Birthday Happy Christmas (2024) ဇာတ်လမ်းနာမည်အတိုင်းပါပဲ ခရစ်စမတ်နေ့နဲ့ မွေးနေ့နဲ့ တိုက်နေတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ဆယ်ရာနဲ့ ကယ်ဗင်တို့ ရဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ။ ငယ်ငယ်ထဲက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာတဲ့အလျောက် အသက်လေးတွေရလာတော့ ဘယ်သူက ဘယ်သူ့အပေါ်ကို ခံစားချက်တွေပြောင်းသွားမလဲ။ သူတို့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ခရစ်စမတ် Theme လေးနဲ့ရိုက်ကူးထားတာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)...
Devils Stay (2024) ⭐TMDB: 40% User Score 🎬 #Drama #Horror #Mystery #Supernatural 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 35 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Devils Stay (2024) ******************* သဘာဝလွန် ဇာတ်ကားအမျိုးအစားကို သဘောကျတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေဦးမဲ့ အမိုက်စား ဇာတ်ကားသစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ လောလောလတ်လတ် ထွက်ရှိထားတဲ့ Face Me ဇာတ်လမ်းတွဲထဲက ချာဂျောင်ဝူး (Lee Min Ki) ဖာသာ အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ချာဆိုမီ (Lee Re) ဆိုတဲ့ ခပ်ငယ်ငယ် ကောင်မလေးဟာ နှလုံးခွဲစိတ် ကုသမှု ခံယူပြီးတဲ့ နောက်မှာ ပုံမှန်နဲ့ မတူဘဲ ထူးဆန်းလာခဲ့ပြီး တစ်နေ့မှာတော့ သဘာဝလွန် အဖြစ်အပျက် တစ်ခုကြောင့်ပဲ သေဆုံးသွားခဲ့ပါတယ်။ ခွဲစိတ်မှု အောင်မြင်ခဲ့ပေမဲ့ ဒီလို အဖြစ်အပျက်တွေကြောင့် သမီးဖြစ်သူကို လက်လွှတ်လိုက်ရတဲ့အတွက် အဖေဖြစ်သူ ချာဆွန်းဒို (Park Shin Yang) ဟာလည်း ယူကျုံးမရ အပြည့်နဲ့ပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဈာပန လုပ်ထုံးအရ သေဆုံးသူကို ၃ရက်ထားထားရစဥ်မှာပဲ ဆိုမီရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နှလုံးကနေ နတ်ဆိုးဟာ နိုးထလာခဲ့ပါတော့တယ်။ ဖာသာ ဘန်ဟယ်ရှင်း (Lee Min Ki) ဦးဆောင်ပြီး ဒီနတ်ဆိုးကို ဘယ်လို တိုက်ထုတ်သွားမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်...
Gifted (2014) ⭐IMDB: 5.7/10 (269 Votes) 🎬 #Crime #Thriller #Drama 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gifted (2014)************* ၈ နှစ်ကြာလုပ်ခဲ့တဲ့ ရုံးအလုပ်ကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ ဂင်မင်ဆူဟာ… အနာဂတ်ပျောက်ပြီး မွဲပြာကျခါနီးအဖြစ်ကို ရောက်ရှိသွားခဲ့တယ်။ စုထားတဲ့ငွေလည်းမရှိ… ဝင်ငွေလည်းမရှိတော့တဲ့ မင်ဆူဟာ အလုပ်ပေါင်းမနည်း ထပ်လျှောက်ရာမှာလည်း အရေးနိမ့်ခဲ့ပြန်တယ်။ သူ့ကိုယ်သူ ရှက်စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် ဒီအကြောင်းတွေကို သူနဲ့စေ့စပ်ထားတဲ့ ဆူဂျင်းဆီ… တစ်ခွန်းမှ မပြောခဲ့ပါဘူး။ ဒုက္ခိတကိုသာ ယူချင်ယူမယ်၊ ကျောမွဲတဲ့လူကိုတော့ မယူနိုင်တဲ့ ဆူဂျင်းဟာ… ဒီကိစ္စကို သိလိုက်တဲ့အခါ ဒေါသအကြီးအကျယ်ထွက်ပြီး မင်ဆူကို လမ်းခွဲဖို့ပြောတော့တယ်။ ဘဝလည်းပျက်၊ ဇနီးလောင်းကိုလည်း ဆုံးရှုံးခါနီးဖြစ်နေတဲ့ မင်ဆူဟာ ကြံမိကြံရာနဲ့ တရားမဝင်အလုပ်တွေကို လုပ်လာတဲ့အခါ… သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာ ရှေ့အနာဂတ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ… သူ့ကိုယ်ထဲမှာ ဖုံးထားတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုရှာတွေ့လာမလဲဆိုတာကို… ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ 18+ scenes တချို့ပါဝင်တာကြောင့် မိသားစုနှင့်အတူကြည့်ရှုရန် မသင့်တော်ပါ။...
Mechanic Rocky (2024) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 33 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mechanic Rocky (2024) စက်ပြင်ဆရာလေး ရော့ကီIMDb 4.5/10 အချစ်ဟာသ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ် သူ့ဖခင်ကားမောင်းသင်တာကို စိတ်တိုင်းမကျဖြစ်နေတဲ့မိန်းကလေးချောလေးဟာ ကားရုံတစ်ခုရဲ့ကားမောင်းသင်တန်းကိုသွားတက်ပြီး ကားမောင်းသင်ခဲ့ပါတယ် ဖြစ်ချင်တော့ အဲဒီကားမောင်းသင်တန်းက ကားရုံပိုင်ရှင်စက်ပြင်ဆရာက ကိုယ်တိုင်သင်ပေးဖို့ဖြစ်လာပါတော့တယ် ကားမောင်းသင်ရင်း စကားစမြည်ပြောရင်းနဲ့ မိန်းကလေးကသူသင်တန်းအပ်ရင်း ကားရုံပိတ်ဖို့အကြောင်းပြောနေတာကြားလို့ စက်ပြင်ဆရာကိုမေးမြန်းပါတယ် ထိုအခါမှစက်ပြင်ဆရာက သူ့ကားရုံအကြောင်း တစ်စိတ်တစ်ပိုင်းကို ပြောပြခဲ့ပါတယ်ဒီကားရုံဟာ သူ့အဘိုးအမွေဖြစ်ကြောင်း သူ့အဘိုးဟာဂိုဏ်းတစ်ခုကနာမည်ကြီးဂိုဏ်သားဖြစ်ကြောင်းသူ့အဘိုးရဲ့ပါးစပ်စည်းမစောင့်မှုကြောင့် လက်တစ်ဖက်ပါဆုံးရှုံးရကြောင်း သူ့အဘိုးသေဆုံးသွားတဲ့အခါသူ့ဖခင်ကိုဒီကားရုံ အမွေပေးခဲ့ကြောင်း မသေခင် သူ့မိခင်ဆီပြန်လည်ဝင်စားမယ်လို့ပြောခဲ့ကြောင်းတွေအပြင်သူ့ဖခင်ရဲ့ အိမ်မက်အကြောင်းစသည်ဖြင့် ပြောပြပါတော့တယ် သူ့ဖခင်ရဲ့ဘဝအိမ်မက် ရည်မှန်းချက်ကဘာဖြစ်မလဲ သူ့အဘိုးကရောမသေခင်ဘာလို့ပြန်လည်ဝင်စားမယ်ပြောခဲ့သလဲသူ့အဘိုးဂိုဏ်းသားဘဝအတွေ့အကြုံကရောဘာတွေဖြစ်မလဲ ဒီကားရုံကရောထင်သလောက်ရိုးရှင်းပါ့မလားဆိုတာ ရယ်ရယ်မောမောနဲ့ စိတ်လှုပ်ရှားစွာ အားပေးခံစားကြည့်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
Não Tem Volta (2023) ⭐IMDB: 5.0/10 (217 Votes) 🎬 #Action #Comedy 🗓 2023 🎞 movie 🌎 #Brazil ⏰ 1 နာရီ 30 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Não Tem Volta (2023) IMDb Rating (5.0) ဘရာဇီးအချစ်ဟာသကားဖြစ်တဲ့ ဒီကားရဲ့ ဇာတ်အိမ်က ထူးလည်းထူးတယ် ရူးလည်းရူးတယ်လို့ပြောရမယ်။ ကောင်လေးတစ်ယောက်ရှိတယ်။ သူက သူ့ကောင်မလေးက သူ့ကိုထားသွားတာကို ခံခဲ့ရတယ်။ မင်းမရှိရင် အသက်မရှင်ဘူးဆိုတာ ဒီကောင်အစစ်ပဲ။ တစ်နှစ်လောက်တော့ စောင့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နှစ်စောင့်ခဲ့ပေမဲ့ သူ့ကောင်မလေးက ပြန်မလာခဲ့ဘူး။ ဒီတော့ သူက လူသတ်သမားငှားပြီး သူ့ကိုယ်သူပြန်သတ်ခိုင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ခိုင်းမိတဲ့ ဇာတ်ကတော့ ရှေ့မှာလည်းရှိခဲ့ပေမဲ့ ဒီကားကတော့ ကျန်တဲ့အဲလီးမန့်တွေကပါ စားနေတာမျိုးပေါ့။ သူ့ကိုယ်သူသတ်ဖို့ အလုပ်အပ်တဲ့အချိန် လူသတ်သမားငှားပေးမယ့်ပွဲစားက သူ့ကို တစ်ခါတည်းမှာထားတယ်။ အလုပ်အပ်ပြီးရင် ပြတ်ရုတ်သိမ်းလို့မရဘူး။ နောက်ပြန်ဆုတ်လို့မရဘူးတဲ့။ မင်းမရှိရင်အသက်မရှင်ချင်တဲ့ကောင်ကလည်း ပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့။ အလုပ်အပ်ပြီး အိမ်ပြန်လာတော့ သူ့ကောင်မလေး ပြန်လာတာနဲ့ တိုးတယ်။ သူ့ကိုချစ်ကြောင်းတွေပါပြောတော့ ဒီကောင်နားကားရော။ ဒီတော့ သူပြန်ဆုတ်လို့မရတဲ့ အပေးအယူလုပ်ထားတဲ့ကိစ္စကို ပြန်ဆုတ်ဖို့ သူဘယ်လိုလုပ်လဲ တလွဲတွေနဲ့ချည်းကြည့်ရမယ့် ရုပ်ရှင်ပါ။ တစ်ခုရှိတာက ဒီဘရာဇီးကားက ဘောင်ဝင်တန်းဝင်ကားမဟုတ်လေတော့ အင်္ဂလိပ်စာဖိုင်က ဘောင်ဝင်တန်းဝင်စာဖိုင်မျိုးတော့ မထွက်ထားဘူး။ နားလည်လွယ်အောင် ဖြည့်ပြန်ထားပေမဲ့ ခြောက်ပြစ်တော့မကင်းတာတော့ သည်းခံကြည့်စေချင်ပါတယ်။ ဇာတ်လမ်းကို နားလည်မှုလွဲစေမှာမျိုးတော့ မရှိပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Taklee Genesis x Worlds Collide (2024) ⭐IMDB: 5.6/10 (301 Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Fantasy 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 26 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taklee Genesis (2024)********************* Taklee Genesis ဆိုတာက ဟိုးအရင် စစ်အေးတိုက်ပွဲတွေမှာ… US စစ်သားတွေ လျှို့ဝှက်ပြီး စမ်းသပ်တီထွင်ခဲ့တဲ့ အချိန်ခရီးသွားစက်တစ်ခုဖြစ်ပါတယ်။ စစ်ပွဲပြီးသည်အထိ ဒီအချိန်ခရီးသွားစက်က အသုံးပြုလို့ရတဲ့ အခြေအနေ မဟုတ်ခဲ့တာကြောင့်… စစ်ပြီးနောက်မှာတော့ အဲဒီစက်က ထိုင်းနိုင်ငံမှာပဲကျန်ခဲ့ပါတယ်။ စတယ်လာရဲ့ အဖေကတော့… လွန်ခဲ့တဲ့ နှစ်30က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာသူ့အမေကနေမကောင်းဖြစ်နေလို့ … ပြုစုဖို့အတွက် သူ့မွေးရပ်မြေကို ပြန်ခဲ့ရပါတယ်။ တစ်ညမှာတော့ သူ့အဖေကရေဒီယိုကနေတဆင့်… ဆက်သွယ်လာပါတယ်။ စတယ်လာက သူ့အဖေကိုကယ်တင်နိုင်ဖို့အတွက် အချိန်ခရီးသွားစက်ကိုအသုံးပြုပြီး… စွ့န်စားခရီးထွက်ရမှာဖြစ်ပါတယ်။ အချိန်ခရီးသွားစက်ကို အသုံးပြုရင်း ဘယ်လိုအန္တရာယ်တွေကြုံရမလဲ… သူ့အဖေက ဘာကြောင့် ပျောက်သွားခဲ့ရတာလဲဆိုတာတွေကိုတော့ CGI အမိုက်စားနဲ့ … Taklee Genesis ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Taklee Genesis ရဲ့ အဓိက သရုပ်ဆောင်တွေအနေနဲ့ စတယ်လာ အဖြစ် Paula Taylor… အစ်သီ အဖြစ် Peter Corp Dyrendal နဲ့ ကွန် အဖြစ် War Wanarat Ratsameerat တို့က ပါဝင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ Kim မှ ရေးသားပေးထားပါတယ်...
Love at the Bootcamp (2024) ⭐IMDB: 6.4/10 (30 Votes) 🎬 #Romance #TVMovie #Comedy 🗓 2024 🎞 tv movie 🌎 #USA #Canada ⏰ 1 နာရီ 29 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love at the Bootcamp (2024)—————————Genre – Romance/ ComedyIMDb – 6.4/10 ကိတ်ဆိုတဲ့သွက်သွက်လက်လက်နဲ့ကူညီချင်စိတ်ရှိတဲ့ကောင်မလေးတစ်ယောက်ကအလုပ်ကြောင့်နယ်မြို့လေးကအားကစားရုံကိုလည်ပတ်အောင်ကူညီပေးဖို့ရာဖြစ်လာပါတယ် ပိုင်ရှင်ကောင်လေးနဲ့သူမကြားကမတူညီတဲ့စိတ်နေစိတ်ထားတွေကြောင့်ဖြစ်ပေါ်လာတဲ့အလွဲတွေကြားဘယ်လိုညှိနှိုင်းပြီးအလုပ်လုပ်ကြမလဲဆိုတာဟာသနှောပြီးကြည့်ရမယ့်အပြင် သူငယ်ချင်းမိသားစုအစရှိတဲ့မေတ္တာအမျိုးမျိုးကိုလည်းပုံပေါ်အောင်ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်...
Despatch (2024) ⭐IMDB: 4.5/10 (4 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 33 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Despatch (2024) “လျှို့ဝှက်ချက်များ တူးဖော်ခြင်း” သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ မှုခင်းဆိုပေမဲ့ မြင်နေကျ ရဲဇာတ်လမ်းတွေထက်မှုခင်းသတင်းထောက်တစ်ယောက်ရဲ့စွန့်စားခန်းကိုစာနယ်ဇင်းသမားအမြင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခုလို ပြောင်းလဲလာတဲ့ဒီဂျစ်တယ်ခေတ်ကြီးမှာ အပြောင်းအလဲကြီးတစ်ခုကိုမလွဲမသွေခံခဲ့ကြရတာကတော့ စာနယ်ဇင်းသမားတွေပါပဲ။ Print media ခေတ်ကနေ digital media ခေတ်မှာအသားကျအောင် ကြိုးစားနေရသူတွေထဲမှာနှစ်ဆွေး မှုခင်းသတင်းသမားကြီး ဂျွိုင်းလည်း ပါ၀င်ပါတယ်။ သူတို့သတင်းစာတိုက်မှာ အပြောင်းအလဲတွေဖြစ်နေခိုက်မှာပဲအုပ်စုဖွဲ့ပစ်ခတ်မှုသတင်းတစ်ခု ပေါ်လာပါတယ်။ အဲဒါကလည်း သူတို့မြို့က အကြီးစားငွေကြေးမှောင်ခိုသမားတွေနဲ့ပတ်သက်နေပြီး အန္တရာယ်ကြီးတဲ့ အမှုမျိုးပါ။ အဲဒီအခါမှာ ဂျွိုင်းတစ်ယောက် အပြောင်းအလဲနဲ့စိန်ခေါ်မှုတွေကြား၊စနစ်ဟောင်းနဲ့စနစ်သစ် လွန်ဆွဲပွဲကြားမှာ ကိုယ်တိုင်စွန့်စားပြီးသတင်းလိုက်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဂျွိုင်းတစ်ယောက် သတင်းကြီးကြီးရဖို့ ဘယ်လိုစွန့်စားရင်ဆိုင်မလဲ၊အလုပ်နဲ့ လူမှုရေးပြဿနာတွေကြား ဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုစိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)...
Bougainvillea (2024) ⭐IMDB: 6.4/10 (2 k Votes) 🎬 #Action #Bollywood #Crime #Mystery #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bougainvillea (2024) “စက္ကူပန်း”IMDb – 6.7/10ဒီကားလေးကတော့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့ပရိသတ်တွေအတွက်မလွတ်တမ်းကြည့်သင့်တဲ့ ရုံတင်ဇာတ်ကားကောင်းလေးပါ။ ရော့်ချီနဲ့ ရီသူးတို့ဟာ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေကြတဲ့သူတွေပါ။ ဒါပေမဲ့ တစ်ရက် ကားအက်စီးဒင့်တစ်ခုနဲ့ကြုံလိုက်ရပြီးရီသူးတစ်ယောက် အတိတ်မေ့သွားပါတယ်။မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်းဒီလိုအဖြစ်ဆိုးနဲ့ပါကြုံလိုက်ရတာကြောင့်အနည်းနဲ့အများတော့ နေ့စဉ်ဘဝမှာ သက်ရောက်မှုရှိခဲ့တာပေါ့။ ဒါပေမဲ့ ရော့်ချီဟာ သူ့ဇနီးကို စိတ်ရှည်ရှည်နဲ့စောင့်ရှောက်ပေးပြီးအချစ်တွေအပြည့်အဝပေးရှာပါတယ်။ရီသူးက အပြင်ကိုသိပ်ထွက်လေ့မရှိပေမဲ့ အားလပ်ချိန်တွေမှာတော့ပန်းချီလေးတွေဆွဲပြီး သွားသွားရောင်းတတ်တဲ့သူပါ။ဒါပေမဲ့ ဒီလိုတစ်ဖန်ပြန်အဆင်ပြေနေတဲ့ သူတို့ဘဝလေးထဲကိုနောက်ထပ်မုန်တိုင်းတစ်လုံး ဝင်လာပါတယ်။ အဲဒါကတော့ရဲအရာရှိတစ်ယောက် စုံစမ်းနေတဲ့အမှုတစ်ခုမှာ ရီသူးကအဓိကသံသယရှိသူဖြစ်လို့နေတာပါ။ ရီသူးဆိုတဲ့ အမျိုးသမီးရဲ့အတိတ်မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ဒီအမှုကရော သူနဲ့ဘယ်လိုပတ်သက်မှုရှိနေတာလဲ..ဒီမေးခွန်းတွေကိုတော့ ဇာတ်ကားလေးကိုရင်တထိတ်ထိတ်ကြည့်ရင်းနဲ့ပဲ အဖြေရှာလိုက်ရအောင်နော်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
For Prophet (2024) ⭐IMDB: 5.7/10 (92 Votes) 🎬 #Bollywood #Comedy #Drama #Family #Fantasy 🗓 2024 🎞 movie 🌎 #USA #UnitedStates ⏰ 1 နာရီ 45 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 For Prophet (2024) ဂျိမ်းဖစ်ရှာဆိုတဲ့ ဘုရားသခင်ကို ယုံကြည်သက်ဝင်သူတစ်ဦးဟာသူ့ဇာတိမြေလေးအတွက် စိုးရိမ်ပြီးတော့ ဘုရားသခင်ဆီမှာဆုတောင်းမှုတွေ ပြုလုပ်ပါတယ်။ အထူးသဖြင့်တော့ သူ့မိထွေးရှာရွန်ဖစ်ရှာနဲ့ သူ့အစ်ကိုဒေမွန်ဖစ်ရှာအတွက်ပါပဲ။မိထွေးဖြစ်သူကတော့ အိုးမဲ့အိမ်မဲ့တွေအတွက် ရန်ပုံငွေပွဲတွေလုပ်ပြီးနေစရာတွေထောက်ပံ့ပေးနေတဲ့သူဖြစ်လို့ ဒီကိစ္စတွေ အဆင်ပြေဖို့ဘုရားသခင်ထံမှာ ဂျိမ်းအနေနဲ့ မိထွေးဖြစ်သူကို ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အစ်ကိုလုပ်တဲ့သူ ဒေမွန်ကတော့ အရင်က ဘုရားသခင်ထံမှာ ဆုတောင်းခဲ့သူဖြစ်ပေမဲ့အခုချိန်မှာ ယုံကြည်မှုတွေ ဝေဝါးပြီးတော့ ဘုရားသခင်ပေါ်မှာ အေးစက်စက်နိုင်စွာနဲ့ ရှိနေပါတယ်။ ဒီအတွက် ဘုရားသခင်ထံမှာ အစ်ကိုဖြစ်သူကိုလမ်းမှန်ပြန်ရောက်အောင်ကူညီပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒေမွန်တစ်ယောက် ဒီလိုဖြစ်ရတာကလည်း လူစီဖာ့ရဲ့နတ်ဆိုးအကြီးဆုံးတွေထဲက တစ်ကောင်ကသူ့အနားမှာ နှောင့်ယှက်နေလို့ဖြစ်ရတာပါ။ ဂျိမ်းတစ်ယောက် ဒီလိုဆုတောင်းတဲ့အချိန်မှာ ယုံကြည်သက်ဝင်သူတစ်ယောက်ရဲ့ဆုတောင်းသံကို ဘုရားသခင်က ကြားရပြီးတော့ ရာဖိုင်ယယ်ကိုကမ္ဘာမြေပေါ်ဆင်းသက်ပြီး ဒေမွန့်ကို ကူညီဖို့ အသွယ်ယူသွားရောက်ဖို့ အမိန့်ချမှတ်လာပါတော့တယ်။ ဒီလိုနဲ့ ရာဖိုင်ယယ်တစ်ယောက် ကမ္ဘာမြေကို ဘယ်လိုပုံစံနဲ့ရောက်လာမလဲ ….ဒေမွန်တစ်ယောက် လူစီဖာ့နတ်ဆိုးရန်ကနေ ဘယ်လိုလွတ်မြောက်လာနိုင်မလဲ …..ရာဖိုင်ယယ်တစ်ယောက် ဒေမွန့်ကို ဘယ်လိုတွေ ကူညီပေးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)...
The Buriti Flower (2023) ⭐IMDB: 6.5/10 (336 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Brazil #Portugal ⏰ 2 နာရီ 5 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Buriti Flower 2023Imdb 6.6 ဒီတစ်ခါမှာတော့ စိတ်ဝင်စားစရာ ပေါ်တူဂီ တိုင်းရင်းသားလူမျိုးတွေရဲ့လူတွေမေ့လျော့ခံသူတို့နယ်မြေလေးကိုကာကွယ်ကြမဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးထားပါတယ် တိမ်မြုပ်ပျောက်ကွယ်တော့မဲ့ တောတွင်းတစ်နေရာက နယ်မြေလေးတစ်ခုဘိုးဘေးတွေချမှတ်ခဲ့တဲ့စည်းမျဉ်း စည်းကမ်းအတိုင်း လက်ရှိကာလအထိတစ်သဝေမတိမ်းလိုက်နာနေထိုင်ခဲ့ကြတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတွေပါ အစိုးရကတော့ ဒီမြေကိုပြန်လည်တည်ဆောက်ရေးအတွက် ဖြိုသင့်တာဖြို ပြင်သင့်တာပြင်ချင်တယ်ပေါ့အာဏာပိုင်တ္ငေကတော့ ပိုက်ဆံနဲ့အမြတ်ပဲမြင်ကြပေမဲ့ မွေးကတည်းကဒီဒေသမှာပဲကြီးပြင်းလာတဲ့တိုင်းရင်းသားတွေအဖို့တော့ ဒီမြေက သူတို့အတွက်မြင့်မြတ်တဲ့မြေသူတို့ရှင်သန်မှု အရင်းတည်ရာမြေပေါ့ စိတ်အားထက်သန်မှုကလွဲဘာမှမရှိတဲ့ရိုးသားတဲ့တိုင်းရင်းသားလူနည်းစုနဲ့ အာဏာတို့ထိပ်တိုက်တွေ့တဲ့အခါလွတ်လပ်မှုကို ကာကွယ်ဖို့ဘယ်လိုတွေကြိုးပမ်းသွားကြမလဲ ဘယ်သူကအနိုင်ရမလဲဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Star ~ Eaindra ~ Cym ~ ToMo တို့ပဲဖြစ်ပါတယ်...
Enchanting Christmas (2024) ⭐IMDB: 6.3/10 (310 Votes) 🎬 #Comedy #Romance #Drama #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Enchanting Christmas (2024) IMDb Rating (6.3) ဘန်ဟာ ရေခဲပန်းပုထုသူတစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ အန်နီနဲ့အတူ မြို့လေးတစ်မြို့မှာ နေထိုင်သူပါ။ ခရစ္စမတ်နီးလာတဲ့တစ်နေ့မှာ ဘန်ဟာ သမီးဖြစ်သူအလိုကျ ရေခဲမင်းသမီးရုပ်လေးတစ်ရုပ်လုပ်ပေးခဲ့ပါတယ်။ ငယ်စဥ်ကတည်းက အမေဆုံးပါးသွားတဲ့ အန်နီဟာ သူ့အဖေထုဆစ်ပေးထားတဲ့ လှပလွန်းတဲ့ မင်းသမီးပန်းပုရုပ်ထုလေးကိုကြည့်ရင်း သူ့အဖေအထီးကျန်နေတာမကြည့် ရက်တာရယ် သူမလိုက်နိုင်တဲ့ သင်္ချာနဲ့ပတ်သက်လို့ ကူညီပေးဖို့ရယ် သူတို့သားအဖအတွက် သူငယ်ချင်းတယောက်အနေနဲ့လိုချင်ပါတယ်ဆိုပြီး ပန်းပုရုပ်ထုလေး အသက်ဝင်လာပါစေလို့ ဆုတောင်းမိလိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ပန်းပုရုပ်ထုလေးဟာ တစစီဖြစ်နေတာမြင်လို့ ဘန်က အန်နီကိုညကမုန်တိုင်းဝင်သွားလို့ဖြစ်ရမယ်ဆိုပြီး နှစ်သိမ့်ပေးခဲ့ရင်း အလုပ်ကိစ္စတခု အတွက် ထွက်သွားခဲ့ပါတယ်။ အဲဒီမှာ အန်နီဟာကျကွဲနေတဲ့ရေခဲတုံးတွေဘေးမှာ ခြေရာတွေရှိနေတာကိုသတိထားမိပြီး နောက်ယောင်ခံလိုက်ရင်း သူ့ဆုတောင်း ကတကယ်ဖြစ်လာတာကို မျက်ဝါး ထင်ထင်မြင်တွေ့ခဲ့ရပါတော့တယ်။ အဲဒီနောက်မှာတော့ အသက်ဝင်လာတဲ့မင်းသမီးလေးကို အန်နီက ဂျိတ်ဒ်ဖရော့စ်လို့အမည်ပေးရင်း အိမ်ကိုခေါ်လာခဲ့ကာ သူ့အဖေကိုတော့ ဂျိတ်ဒ်ဟာကျောင်းကဆရာ မတစ်ဦးဖြစ်ပြီး တိုက်ခန်းမှာရေယိုစိမ့်တဲ့ပြဿနာဖြစ်နေလို့ သွားစရာမရှိလို့ ခရစ္စမတ်ကာလမှာ ၃ ယောက်အတူတူယာယီနေရအောင်ဆိုပြီး သူ့အဖေကိုလိမ်လည် စည်းရုံးခဲ့ပါတယ်။ ခုချိန်မှာ အရာရာအဆင်ပြေချောမွေ့နေပေမယ့်လည်း ဂျိတ်ဒ်နဲ့ အန်နီတို့တွေ ခရစ္စမတ်စ်အပြီးမှာ ဘန်ကိုဘယ်လိုဆက်လိမ်ကြမလဲ ဒါမှမဟုတ် အမှန်အတိုင်းပဲပြောလိုက် ကြမလား။ ဂျိတ်ဒ်ကရော ဘန်တို့သားအဖနှစ်ယောက်နဲ့အတူ ဘယ်လိုတွေစခန်းသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဇာတ်လမ်းသွားလေးနဲ့ ကြည့်ရှုခံစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။)...
Holy Mother (2024) ⭐IMDB: 6.0/10 (117 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Spain #Belgium ⏰ 1 နာရီ 57 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Holy Mother (2024) IMDb Rating (6.0) ၉ ရာစုအလယ်ခေတ်ကတစ်ကျော့ပြန်ခေတ်လို့သမုတ်ကြပေမဲ့ တစ်ဖက်မှာလည်း အမှောင်မိုက်ဆုံးအခြမ်းရှိနေပါတယ်။ အမ်မာက အသက် ၁၇ နှစ်သာရှိသေးပေမဲ့ ခရစ်ယာန်ကျောင်းထိုင်သီလရှင်အဖြစ်ခံယူခဲ့ပြီး သူတို့နေထိုင်တဲ့ဒေသမှာ လူဦးရေတိုးတက်အောင်လုပ်ဖို့ဆိုတဲ့ သမိုင်းပေးတာဝန် (ဝါ) ဖခင်ပေးတာဝန်ကို ထမ်းဆောင်ဖို့ဖြစ်လာပါတယ်။ သူမက နာခံတတ်တဲ့သူဖြစ်တဲ့အလျောက် သူ့တာဝန်သူ စည်းဘောင်တွေကြားထဲကနေ ရအောင်လုပ်ဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သူတို့ဒေသထဲမှာ မော်ရ်တွေရဲ့ကျူးကျော်မှုရန်ကရှိနေသေးတဲ့အပြင်ကိုမှ ကျောင်းတိုက်ထဲမှာပါ အရှုပ်တော်ပုံကိစ္စတွေဖြစ်လာပါတော့တယ်။ ဒီလိုအရှုပ်ကိစ္စတွေနဲ့ အလယ်ခေတ်ရဲ့ဖိုဝါဒီကြီးစိုးမှုတွေကြားကနေ စစ်စတားတစ်ယောက် ဘယ်လိုတွေရုန်းကန်မလဲဆိုတာကြည့်ရှုရမဲ့ စပိန်ဘာသာရေး ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)...
Bureau 749 (2024) ⭐TMDB: 33% User Score 🎬 #Action #Adventure #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 4 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်နိုင်ငံမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေအားလုံးကို ခေါ်ရိုက်ထားသလားထင်ရအောင်နာမည်ကြီးသရုပ်ဆောင်တွေစုပေါင်းအားဖြည့်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။TF boys အဖွဲ့ဝင် Karry Wang က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့သိပ္ပံအက်ရှင်စွန့်စားခန်းရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ အနာဂတ်ခေတ်မှာ ကမ္ဘာပေါ်မှာ အမည်မသိသက်ရှိတွေ ထွက်ပေါ်လာတဲ့အတွက်၇၄၉ သက်ရှိသုတေသနစခန်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းပြိုကျပြီးနောက်သတ္တုတွင်းတစ်ဝိုက်မှာ မြူငွေတွေ ထွက်ပေါ်လာပါတယ်။အဲဒီမြူငွေ့တွေက လူတွေအတွက် အန္တရာယ်မရှိပေမဲ့ တဖြည်းဖြည်းပိုပြီး သိပ်သည်းလာပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းထဲမှာလည်း ထူးဆန်းတဲ့ သက်ရှိတစ်မျိုးကို တွေ့ခဲ့ပြီးအဲဒီသက်ရှိဟာ သတ္တုရော ပရိုတင်းဓာတ်ကိုရော စုပ်ယူဝါးမြိုနိုင်ပြီးအဲဒီအကောင်ကို အနိုင်ယူနိုင်တဲ့အရာမရှိ ဖြစ်နေပါတယ်။ အဲဒီသက်ရှိကိုအမှတ်သုညသက်ရှိအဖြစ် နာမည်ပေးခဲ့ပါတယ်။ အမှတ်သုညသက်ရှိကကြီးလာတာနဲ့အမျှ လူတွေအတွက် အန္တရာယ်ရှိလာခဲ့ပါတယ်။ သတ္တုတွင်းထဲက ပြဿနာကို ဖြေရှင်းဖို့ သာမန်ကောင်လေးတစ်ယောက်အဖြစ်ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ မာရှန်းကို ၇၄၉ စခန်းကလိုအပ်လာတဲ့အတွက် မာရှန်းရဲ့ဘဝဟာ စတင်ပြောင်းလဲရပါတော့တယ်။ မာရှန်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ……သတ္တုတွင်းထဲက သက်ရှိကိုရော ဘယ်လို အနိုင်ယူရမလဲ……၇၄၉ စခန်းက ဒီအန္တရာယ်ဘေးက ကျော်ဖြတ်နိုင်မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
The Children's Train (2024) ⭐IMDB: 7.4/10 (4 k Votes) 🎬 #Drama #History 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 46 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Children’s Train(2024) IMDb Rating (7.4) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာပဲ ထွက်ရှိထားပြီးတော့ ဒရာမာ သမိုင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ Christian Carvone , Barbara Ronchi ,Serena Rossi တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Cristina Comencini ရိုက်ကူးထားပြီးတော့ Viola Ardone ရဲ့ “ The Children’s Train” ဝတ္ထုမှ ကောင်နှုတ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း… 1946 ခုနှစ်က အသက်ခုနှစ်နှစ်အရွယ် Amerigo လို့ခေါ်တဲ့ အီတလီကောင်လေးဟာ သူ့ရဲ့ နာပိုလီကဆင်းရဲတဲ့ မိသားစု နဲ့ သူ့အမေ Antonietta ဆီကနေရုန်းထွက်ပြီးတော့ စစ်ပွဲကြောင့် ဆင်းဆင်းရဲရဲနေရတဲ့ ကလေးတွေကို အီတလီမြောက်ပိုင်းက ချမ်းသာတဲ့ မိသားစုတွေဆီပို့တဲ့ ရထားပေါ်ကို လိုက်ပါသွားပါတယ်။ မြောက်ပိုင်းကိုရောက်တဲ့ အခါမှာတော့ Derna ဆိုတဲ့ မိန်းမငယ်လေးက Amerigo ကိုခေါ်သွားပြီးတော့ ဂရုစိုက်ပေးခဲ့ပါတယ်။ အဲ့ဒီလို နဲ့ Amerigo တစ်ယောက် နှစ်တွေအများကြီးကြာတဲ့ အခါမှ သူ့အမေရဲ့ မေတ္တာတွေကို နားလည်သွားတဲ့ အခါမှာတော့ နောက်ကျသွားခဲ့ပါပြီ။ မိခင်မေတ္တာအကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဝမ်းနည်းစွာကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
Papillon (1973) ⭐TMDB: 78% User Score 🎬 #Biography #Crime #Drama 🗓 1973 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 33 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Papillon (1973) IMDb Rating (8.0) / Rotten Tomatoes (73 %) စာဂျပိုး တွေ ရဲ့ ဟီးရိုး သို့မဟုတ်ယောက်ျားတို့လုံ့လ သေကာမှလျှော့မယ့် ပါပီလွန် ❣️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️တစ်ပွဲတော့ ရှုံးခဲ့ပြီ။ သို့သော် နိုင်ခြင်း၊ ရှုံးခြင်း ဟူသည်မှာ ကိုယ့်နှလုံးသားထဲ၌ ခံယူတတ်မှု သဘောထားပေါ်၌ တည်၏။ ရှုံးခြင်း၏ ရလဒ်ကို ကိုယ်ကြံ့ကြံ့ခံနိုင်လျှင် ကိုယ့်ကိုရှုံးသူဟု မည်သူ ခေါ်နိုင်မည်နည်း။ပါပီလွန် နှင့် ဗင်ဂို စာအုပ်မှ……. ပါပီလွန် နှင့် ဗင်ကို☁️☁️☁️☁️☁️☁️စာဖတ်သူ အတော်များများက သည်စာအုပ်ကို ဖတ်ကြည့်ပါဆိုပြီး တိုက်တွန်းလေ့ရှိတဲ့ စာအုပ်တစ်အုပ်ပါ။ ၁၉၈၂ ခုနှစ်က ဘာသာပြန်တဲ့ ဦးလှ၀င်း ( လေသူရဲတစ်ဦး ) ရဲ့ ဘာသာပြန်လက်ရာမွန် စာအုပ်ဖြစ်ပါတယ်။ မိတ်ဆက်ပေးချင်တဲ့စာအုပ်နာမည်လေးကတော့ “ပါပီလွန် နှင့် ဗင်ကို” ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ပါပီလွန်ဆိုတာ ဘာလဲ ဘယ်သူလဲ၊ ဗင်ကိုဆိုတာ ဘယ်သူလဲ ဘာလဲ လို့ ဖတ်ရင်းစဉ်းစားရတာလည်း ပညာတိုးတယ်။ “ပါပီလွန် နှင့် ဗင်ကို” စာအုပ် က တစ်ကျွန်းကျ ထောင်ပြေးတစ်ယောက်ရဲ့ ထောင်ဘ၀အကြောင်း ရေးထားတဲ့စာအုပ်ပါ။ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက ပြင်သစ်အကျဉ်းထောင် တစ်ကျွန်းစနစ်သည် ကမ္ဘာတွင် အရက်စက်ဆုံးစနစ်တစ်ခုဖြစ်တယ်။ “ပါပီလွန်နှင့်ဗင်ကို”ဟာ ပြင်သစ်ပိုင် တစ်ကျွန်းဆိုတဲ့ အကျဉ်းစခန်းများတွင် ၁၃ နှစ်ကျော် အခက်အခဲ အမျိုးအမျိုးကို ကြံ့ကြံ့ခံပြီး လွတ်မြောက်အောင်နေခဲ့သူ၏ အတ္ထုပ္ပတ္တိကို သက်၀င်လှုပ်ရှားပြီး အများစိတ်ဝင်စားအောင် ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ပါပီလွန်ဟာ ( အခြေအနေအရ… ) မိန်းမခြောက်ယောက်အထိ ယူဖြစ်တယ်။တစ်ကျွန်းကနေ လွတ်မြောက်တော့လည်းသူ့ဘဝက ဘဏ်ဓားပြဘဝတို့ ဘာတို့လည်း ဇာတ်ရှိန်မကျတဲ့အပြင် ဇာတ်ရှိန်မြင့်နေတယ်။ စာအုပ်က စ လယ် ဆုံး အားလုံးကောင်းတယ်။သည်စာအုပ်ထဲမှာ ယောက်ျားကောင်းတစ်ယောက်၏ ဇွဲ လုံ့လ သတ္တိ ဗျတ္တိ စတဲ့ အားမာန်များ အတုယူစရာပေါင်းများစွာ ပါရှိပါတယ်။တကယ့် အနှစ်သာရ ဗဟုသုတတွေပါတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခရစ်ယာန် မယ်သီလရှင်က ထောင်ထဲ ဘယ်လိုပဲပြန်ပို့ပို့ ပါပီလွန်ကမှ ထောင်ခဏဖောက်ပြီး ကျွန်းသူ ညို ပြာညက်ကလေးနဲ့ တကယ်ပျော်ခဲ့ရသေးတယ် ။တစ်နေ့တော့ ပါပီလွန် ထောင်က လွတ်မယ်လွတ်ကို လွတ်ရမယ်။ မျှော်လင့်ချက်နဲ့ ပါပီလွန်ဒါကြောင့် … ” ပါပီလွန် နှင့် ဗင်ကို ” ကိုဖတ်ဖြစ်အောင်ဖတ်စေချင်တယ်။ ပါပီလွန်နှင့် ဗင်ကို – ဦးလှဝင်း လေသူရဲ တစ်ဦး ပထမဆုံး စာအုပ်နာမည်ကို အရင်ရှင်းပြချင်တယ်။ တကယ်တမ်း မူရင်းက နှစ်အုပ်။ ပါပီလွန် က တစ်အုပ်။ ဗင်ကို ကတစ်အုပ်။ ဆရာဦးလှဝင်းကတော့ စေတနာနဲ့ နှစ်အုပ်လုံး ပူးပြီး ပြန်ပေးခဲ့တယ်။ မူရင်း စာရေးဆရာ အွန်နရီ ရှာရီယယ် (Henri Charriere) ဟာ သူ့ကိုယ်သူ ဒီစာအုပ်ထဲက ပါပီလွန် ပါလို့ ပြောခဲ့တယ်။ ဒီစာအုပ်ဟာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (autobiography) လို့လည်း ကျော်ကြားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပါပီလွန် ဟာ အွန်နရီ မဟုတ်ပါဘူး semi truth ပါဆိုတဲ့ အချက်အလက်တွေ ပေါ်လာခဲ့တယ်။ အသက် 104 နှစ်ရှိတဲ့လူ ကြီး တစ်ယောက်က လည်း သူကသာ ပါပီလွန်ပါ လို့ ပြောခဲ့သေးတယ်။ ရင်ဘတ်မှာလည်း လိပ်ပြာရုပ် ရှိတယ်။ ဘယ်လက်ညိုး လည်း ပြတ်နေတယ် ခုခေတ် လူတွေကလည်း ဒီလူကြီးကသာ ပါပီလွန် အစစ်လို့ ယုံကြည်ကြတယ်။အွန်နရီ ဟာ ပါပီလွန် အစစ်လား။ ဘီးကြဲ ကြီးကသာ ပါပီလွန် အစစ်လားဆိုတာ ကျွန်တော်တို့ အလုပ်မဟုတ်တာ အမှန်ပါ။ အထက်မှာ ထွက်ပေါ်လာတဲ့ အချက်တွေအရ ပါပီလွန် ကို 100% အတ္ထုပ္ပတ္တိ လို့မယူဆပဲ စွန့့်စားခန်း ဝတ္ထုတစ်အုပ် အနေနဲ့ ဖတ်ကြည့်မယ်ဆိုရင်တော့ Warmly Welcome လုပ်မိမှာပါပဲဗျာ။ ပါပီလွန်ဟာ ပါပီလွန့်အကြောင်း ခင်ဗျားကို စိတ်ရှင်းရှင်း နဲ့ ပြောပြမှာ မို့လို့ပါပဲ။ Papillon (1973 Film)☁️☁️☁️☁️☁️☁️☁️☁️‘’လောကဓံ၏ ဖိနှိပ်မှုအောက် ငါရောက်နေ၏။ သို့သော် ငါကား တုန်လှုပ်ငိုကြွေးခြင်း အလျဉ်းမရှိချေတကား’’ဒီလိုပြောင်မြောက်တဲ့ invictus ကဗျာစုထဲက စာသားတွေကို သတိရမိစေမယ့် ရုပ်ရှင်ကတော့ ၁၉၇၃ မှာထွက်ခဲ့တဲ့ Papillon (ပါပီလွန်) ရုပ်ရှင်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီရုပ်ရှင်ထဲမှာ ပါပီလွန်ဟာ ကံတရားကနေရက်စက်စွာ ရိုက်ပုတ်လို့ ဦးခေါင်းမှာ သွေးချင်းချင်းနီခဲ့လေရဲ့။ ဒါပေမယ့် တကယ်ပဲ ဦးခေါင်းကို မညွတ်ခဲ့။ ကိုယ်မကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်က တကျွန်း.. တကျွန်းကျမိန့် အတည်ပြုပြီးချိန်မှာ သူ့ဘ၀မှာ ကျောက်ဆောင်နဲ့ရိုက်မိတဲ့ လှေငယ်လို … သို့သော် သူနစ်မြုပ်မသွားလောကဓံလှိုင်းလုံးမှာ ရေဆန်တက်ဖို့ကြိုးစားခဲ့ သူ့အတွက် မမျှတတဲ့ ပြစ်ဒဏ်ကလွတ်မြောက်အောင် ကြံဆကြိုးစားတယ်။ သူ့မှာ ဒေဂါတို့ ဂျူလော့တို့လို ရဲဘော်ရဲဘက်တွေလည်း ရခဲ့တယ်။ ကလိန်ကျမှုတွေလည်း ကြုံရတယ်။ ဥပမာ ကျွန်းကထွက်ပြေးမယ့် လှေအတွက် ပိုက်ဆံပေးခိုး၀ယ်ပြီးမှ လ...
Heavenly Creatures (1994) ⭐TMDB: 70% User Score 🎬 #Biography #Crime #Drama #Thriller #Fantasy 🗓 1994 🎞 movie 🌎 #NewZealand ⏰ 1 နာရီ 49 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heavenly Creatures (1994) IMDb Rating (7.3) / Rotten Tomatoes (95 %) ဒီရုပ်ရှင်ကားကတော့ Titanic မင်းသမီးကြီး Kate Winslet ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာကတော့ The Lord of the Rings ဒါရိုက်တာ Peter Jackson ဖြစ်ပါတယ်။သူတို့အနုပညာခရီးလမ်းရဲ့ ကနဦးရုပ်ရှင်ဖြစ်ခဲ့ပေမယ့် Rating တွေလဲ မနိမ့်ခဲ့သလို ထိုက်သင့်တဲ့အောင်မြင်မှုလဲ ရရှိခဲ့ပါတယ်။ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အမီပြုရိုက်ကူးထားတာဖြစ်ပြီးPeriod Drama, Teagedy, True Crime, Biography, Thriller အစရှိတဲ့ genre မျိုးစုံပါဝင်ထားပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၇ ဆုကို ရရှိခဲ့သလို အော်စကာဆန်ကာတင်ပါဝင်ခဲ့တာမလို့ Old but Gold လို့ပဲဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့…ဂျူလိယက်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာ တစ်နေ့မှာ ကန်တာဘူရီဒေသက ကောလိပ်ကိုပြောင်းလာခဲ့ပါတယ်။ဖခင်က အင်္ဂလန်က ပါမောက္ခချုပ်တစ်ယောက်အဖြစ်ရောက်လာတာဖြစ်တဲ့အတွက်ကျောင်းမှာ ပြောစမှတ်တွင်ခဲ့တာပေါ့။ဒါပေမဲ့ သူ့ရဲ့စရိုက်ကြောင့် သူ့ကိုသိပ်သဘောမကျတဲ့ ပေါလင်းပါကာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။ဖြစ်ချင်တော့ နှစ်ယောက်လုံးက ငယ်စဉ်ကတည်းက ရောဂါအသီးသီးခံစားခဲ့ကြဖူးတဲ့သူတွေပါ။ဒီလိုနဲ့ အချင်းချင်းစာနာမိပြီး သူငယ်ချင်းဖြစ်သွားရာကနေ တဖြည်းဖြည်း အခင်ဆုံးသူငယ်ချင်းတွေအထိဖြစ်သွားကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ဂျူလိယက်က အရင်ကအဆုတ်ရောင်ဂါတစ်မျိုးဖြစ်တဲ့ တီဘီပိုးပြန်ထလာပြီး ဘယ်လောက်ထိဆိုးရွားတဲ့ကိစ္စတွေဆက်ဖြစ်မလဲဆိုတာ…။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)...
Heavenly Creatures (1994) ⭐TMDB: 70% User Score 🎬 #Biography #Crime #Drama #Thriller #Fantasy 🗓 1994 🎞 movie 🌎 #NewZealand ⏰ 1 နာရီ 49 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heavenly Creatures (1994) IMDb Rating (7.3) / Rotten Tomatoes (95 %) ဒီရုပ်ရှင်ကားကတော့ Titanic မင်းသမီးကြီး Kate Winslet ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာကတော့ The Lord of the Rings ဒါရိုက်တာ Peter Jackson ဖြစ်ပါတယ်။သူတို့အနုပညာခရီးလမ်းရဲ့ ကနဦးရုပ်ရှင်ဖြစ်ခဲ့ပေမယ့် Rating တွေလဲ မနိမ့်ခဲ့သလို ထိုက်သင့်တဲ့အောင်မြင်မှုလဲ ရရှိခဲ့ပါတယ်။ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အမီပြုရိုက်ကူးထားတာဖြစ်ပြီးPeriod Drama, Teagedy, True Crime, Biography, Thriller အစရှိတဲ့ genre မျိုးစုံပါဝင်ထားပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၇ ဆုကို ရရှိခဲ့သလို အော်စကာဆန်ကာတင်ပါဝင်ခဲ့တာမလို့ Old but Gold လို့ပဲဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့…ဂျူလိယက်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာ တစ်နေ့မှာ ကန်တာဘူရီဒေသက ကောလိပ်ကိုပြောင်းလာခဲ့ပါတယ်။ဖခင်က အင်္ဂလန်က ပါမောက္ခချုပ်တစ်ယောက်အဖြစ်ရောက်လာတာဖြစ်တဲ့အတွက်ကျောင်းမှာ ပြောစမှတ်တွင်ခဲ့တာပေါ့။ဒါပေမဲ့ သူ့ရဲ့စရိုက်ကြောင့် သူ့ကိုသိပ်သဘောမကျတဲ့ ပေါလင်းပါကာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။ဖြစ်ချင်တော့ နှစ်ယောက်လုံးက ငယ်စဉ်ကတည်းက ရောဂါအသီးသီးခံစားခဲ့ကြဖူးတဲ့သူတွေပါ။ဒီလိုနဲ့ အချင်းချင်းစာနာမိပြီး သူငယ်ချင်းဖြစ်သွားရာကနေ တဖြည်းဖြည်း အခင်ဆုံးသူငယ်ချင်းတွေအထိဖြစ်သွားကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ဂျူလိယက်က အရင်ကအဆုတ်ရောင်ဂါတစ်မျိုးဖြစ်တဲ့ တီဘီပိုးပြန်ထလာပြီး ဘယ်လောက်ထိဆိုးရွားတဲ့ကိစ္စတွေဆက်ဖြစ်မလဲဆိုတာ…။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)...
