ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Post Truth (2023)
⭐TMDB: 71.0% User Score
🎬 #Comedy
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 1.33 GB ⦿ 586.44 MB
🌎 #China
⏰ 1 နာရီ 51 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပိုင်ဆိုင်မှုအားလုံးကို မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့တဲ့အတွက် နာမည်ကြီးသွားတဲ့“အလှူရှင်အစ်မ” ကြီးဟာ တစ်ညအတွင်းမှာပဲ ကလပ်မှ“ကောင်မလေး” အဖြစ် သတင်းထွက်လာသောအခါ……
အခုတစ်ခေါက် CM ပရိသတ်တွေအတွက် Keep you safe ဆိုတဲ့ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ –
သူငယ်ချင်းအတွက်နဲ့ ရန်ဖြစ်ပြီး ထောင်ကျခဲ့တဲ့ ဝေ့ဖျင်အန်းဟာထောင်ထွက်ပြီးနောက် သင်္ချိုင်းမြေရောင်းသူအဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။လူလတ်အရွယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေတဲ့ ဝေ့ဖျင်အန်းဟာသူ့ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဖောက်သည်ဖြစ်သူဟန်လုရဲ့ ကောလာဟလ သတင်းကို ကြားသိခဲ့ရပါတယ်။
ထို ကောလာဟလသတင်းကို ဖြေရှင်းနိုင်ရန်အတွက်၊ ကတိတစ်ခုအတွက်ဝေ့ဖျင်အန်းဟာ ကောလာဟလတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာပါတော့တယ်။လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ပြည့်နက်နေခဲ့တယ်။သူ့ညီမဖြစ်သူ ဝေ့ရူရိကလဲ ကောလာဟလဖြန့်တဲ့ထဲ ပါနေပြီးချမ်းသာကြွယ်ဝလှတဲ့ ဒါရိုက်တာဖုန်ရဲ့ လိုက်လံ နှောင့်ယှက်ခြင်းကိုလဲ ခံခဲ့ရပါတယ်။
တဖြည်းဖြည်းနဲ့ သူဟာ “ကိုယ်မှန်တယ်ထင်တဲ့အရာကိုလုပ်ခြင်း”က ပိုပြီးတော့ စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ဝေ့ဖျင်အန်းတစ်ယောက် ကောလာဟလတွေကို ဖြေရှင်းနိုင်ပါ့မလား……ဟန်လုရဲ့ သင်္ချိုင်းနေရာကိုရော ထိန်းသိမ်းထားပေးနိုင်မလာ……ဆိုတာကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။
Hansan: Rising Dragon (2022)
⭐IMDB: 6.6/10 (2 k Votes)
🎬 #Action #Drama #History #War
🗓️ 2022 🎞️ Movie
📺 #4K #1080p #720p
💿 8.16 GB ⦿ 1.39 GB ⦿ 1.32 GB
🌎 #SouthKorea
⏰ 2 နာရီ 10 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hansan: Rising Dragon (2022)
(သမိုင်းကြောင်းပြန်လည်ပြောပြချိန် စာတန်းထိုး မညီခြင်းနှင့် ရှေးခေတ်စစ်ဘက်ဆိုင်ရာ အသုံးအနှုန်းလိုအပ်ချက်များအား ပြန်လည်ပြင်ဆင်ထားပါပြီ)
ဒါရိုက်တာ Kim Han-min ဆိုတာကတော့ The Admiral: Roaring Current, War of the Arrows တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူပါ။ အခုလည်း ဂျိုဆွန်း ရေတပ် စစ်သူကြီး လီဆွန်းရှင်းအကြောင်း ထပ်မံရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ထွက်လာခဲ့ပြန်ပါပြီ။
အားလုံးသိကြတဲ့အတိုင်း စစ်သူကြီး လီဆွန်းရှင်းဟာ ဂျပန် ကျူးကျော်စစ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး စစ်ပရိယာယ် ကြွယ်ဝတဲ့ နည်းဗျူဟာမှုးအဖြစ်လည်း ကျော်ကြားပါတယ်။
ဒီ Hansan: Rising Dragon ဆိုတဲ့ ရုပ်ရှင်ကတော့ စစ်သူကြီး လီဆွန်းရှင်းရဲ့ သမိုင်းဝင် အောင်ပွဲဆင်နိုင်ခဲ့တဲ့ ဟာဆန်းဒို တိုက်ပွဲ အကြောင်းကို အခြေခံပြီး အသေးစိတ် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။
တစ်ခေတ်တစ်ခါက အာရှကို မင်းမူခဲ့တဲ့ ဂျပန်တွေကို ပင်လယ်ပြင်မှာ ဘယ်လို ဗျူဟာခင်းပြီး အနိုင်ယူခဲ့လဲ?ကိုးရီးယားတွေရဲ့ ဂန္တဝင် လိပ်သင်္ဘောတွေက စစ်ရေးမှာ ဘယ်လို အရေးပါ အရာရောက်သလဲ? စတာတွေ ကြည့်နိုင်မဲ့အပြင် နိုင်ငံရေး စစ်ရေး လှည့်ကွက်တွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာ ကားကောင်းလေး ဖြစ်ပါတယ်။
စစ်သူကြီး လီဆွန်းရှင်း အနေနဲ့ ဝါရင့်မင်းသားကြီး Park Hae Il က ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီးလေး Kim Hyung Gi အပြင် Byun Yo Han , Taec Yeon , Gong Myung တိုနဲ့အတူ ဝါရင့်သရုပ်ဆောင်ကြီးတွေ တွဲဖက် ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်တဲ့ ကားလေး ဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့Winက ရေးပေးထားပါတယ်။)
The Teacher's Diary (2014)
⭐IMDB: 7.8/10 (3 k Votes)
🎬 #Asian #Comedy #Drama #Romance
🗓️ 2014 🎞️ Movie
📺 #1080p
💿 1.25 GB
🌎 #Thailand
⏰ 1 နာရီ 44 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Teacher’s Diary(2014)
အချစ်ဆိုတာ ဒီလိုဖြစ်တယ် ဟိုလိုဖြစ်တယ်ဆိုပြီး တစ်ခုတ်တရပြောကြ၊ငြင်းကြရလောက်တဲ့အထိ ဝေခွဲမရနိုင်ခြင်းတွေနဲ့ပြည့်နှက်နေတယ်လို့ထင်မှတ်ထားတယ်မလား။အမှန်တော့ အချစ်ထက်ဆန်းကြယ်ပြီး အချစ်ကိုတောင်ဦးဆောင်နိုင်တဲ့အရာဟာ “ဖူးစာ”ပါ။လူသားနှစ်ယောက်ဟာအမှတ်တမဲ့ကိစ္စလေးတွေကနေ ဘဝခရီးတစ်ခုကိုအတူတူလျှောက်လှမ်းဖို့အကြောင်းဖန်လာတယ်ဆိုရင် အချစ်ထက်ပိုစွမ်းအားကြီးတဲ့ “ဖူးစာ” ရဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဆိုတာကို သံသယမရှိပါနဲ့။ဒီလိုပေါ့ပါ့ပါးပါးကြည်နူးစရာဖြစ်ရပ်လေးတွေကို လေးလံတဲ့လူသားဒုက္ခတွေကြားမှာအကောင်းဆုံး ပုံဖော်ပြသသွားခဲ့တာ Teacher’s Diary ဆိုတဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်လမ်းလေးမှာပါ။
Song ဆိုတဲ့ကောင်လေးဟာ ခက်ခဲတဲ့ဘဝပေးအခြေအနေတစ်ခုမှာ ဘာအလုပ်ဖြစ်ဖြစ်စပြီးရင် ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်ပိုင်ရှင်လူငယ်လေးတစ်ယောက်။သူ ရေပေါ်ကျောင်းကိုစရောက်တော့ ထွက်ပြေးချင်လောက်အောင်အဲ့ကျောင်းမှာလိုအပ်ချက်အရမ်းများတယ်။ဒါပေမယ့် သူကံကောင်းသွားတာက သူ့အရင်ရောက်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ Ann ဆိုတဲ့ဆရာမလေးရေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကြောင့်ပါ။Ann ဟာသူကြုံတဲ့အခက်အခဲတွေနဲ့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာကိုဒိုင်ယာရီစာအုပ်ထဲမှာကောင်းကောင်းမှတ်တမ်းတင်ရေးထားခဲ့တယ်။ဒါတွေကိုဖတ်ပြီး Song တစ်ယောက်ပြဿနာတွေကိုဖြေရှင်းဖို့ အားအင်နဲ့နည်းလမ်းတွေရခဲ့တယ်။Ann ရေးခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးဖတ်ပြီးတဲ့နောက် Ann မြတ်နိုးခဲ့တဲ့ရေပေါ်ကျောင်းလေးနဲ့ ကလေးတွေကိုပါ Song တစ်ယောက်ချစ်ခင်တတ်ခဲ့ပြီ။Ann ရဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း အထီးကျန်ခြင်း ဝမ်းနည်းခြင်းတွေကိုသိရှိခံစားပြီးတဲ့နောက် Song ဟာ ဒိုင်ယာရီစာအုပ်ပိုင်ရှင် Ann ကိုအရမ်းတွေ့ချင်လာတယ်။Ann တစ်ယောက်သံယောဇဉ်ကြောင့်ကျောင်းလေးကိုပြန်လာတော့ သူ့ဒိုင်ယာရီစာအုပ်လေးမှာသူမရှိတုန်း သူမသိလိုက်တဲ့အကြောင်းအရာတွေဖြစ်ပျက်သွားတာတွေ့ခဲ့ရတယ်။အဲ့လိုဖြစ်ရပ်တွေကို ထပ်ပြီးဖြည့်စွက်ထားတဲ့ Song ဆိုတဲ့ကျောင်းဆရာလေးမှာလည်းရေပေါ်ကျောင်းနဲ့ကလေးတွေကို သူ့လိုပဲချစ်ခင်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်ဆိုတာသိရှိပြီးနောက် Ann ဟာလည်း Song ကိုအရမ်းတွေ့ချင်လာပြန်တယ်။
ရိုးရှင်းလွန်းတဲ့ဇာတ်ကြောင်းကိုမကြည့်ကြည့်ချင်လာအောင်ဆွဲဆောင်သွားတာက ဇာတ်ညွှန်းနဲ့ ဓါတ်ပုံပညာ(Cinematography)။အဓိကဇာတ်ကောင်နှစ်ယောက်ဟာအချိန်ကာလကွာခြားချက်ကြောင့်မတွေ့မဆုံနိုင်ကြပေမယ့် သူတို့ခံစားချက်နဲ့စိတ်စေတနာတွေကြောင့်သူတို့ကိုအမြန်ဆုံစေချင်တဲ့စိတ်ဖြစ်စေလာတဲ့အထိဇာတ်ညွှန်းဟာ smooth ဖြစ်လွန်းခဲ့တာ။Cinematographer ရဲ့ဆရာကျမှုက ရေပေါ်ကျောင်းနဲ့အဲ့ပတ်ဝန်းကျင်ကို တစ်ခေါက်လောက်တော့သွားကြည့်ချင်မိစိတ်ကိုဖြစ်စေပါတယ်။ဒါ့အပြင် ကလေးတွေရဲ့ဆူဆူလောင်လောင်အသံတွေ၊ ကျောင်းဆရာပေါက်စလေးနှစ်ယောက်ရဲ့ကမောက်ကမနိုင်မှုတွေကိုအနောက်ကနေ တီးလုံးသံပါးပါးလေးနဲ့ပံ့ပိုးထားပါသေးတယ်။အနုပညာအရအောင်မြင်မှုအနေနဲ့ ထိုင်းအမျိုးသားရုပ်ရှင်ဆုပေးပွဲမှာ အပေါ်ကချီးကျူးထားတဲ့ Cinematography နဲ့ နောက်ခံတေးဂီတဆုအပြင် Art Direction,Original song နဲ့ တည်းဖြတ်ဆုဆိုပြီး ၅ ဆုတောင်သိမ်းပိုက်ခဲ့တယ်။
သြဇာသီးမရောင်းတဲ့ဆရာ နဲ့ကျောင်းသားကြားက ၅၂၈ မေတ္တာကိုအခြေခံထားပြီး ကြည်နူးလို့မျက်ရည်ကျတဲ့ခံစားချက်ကိုသဘောကျရင်တော့ Teacher’s Diary ဆိုတဲ့ထိုင်းကားလေးကိုကြည့်ပါ။ဒီဇာတ်ကားလေးမှာ ပညာရေးဆိုတာ အမှတ်တွေအဆင့်တွေဆိုတာထက်ကိုယ့်အနီးအနားကအရာတွေဆီကနေ သင်ယူလေ့လာကာ ကိုယ်နားလည်ခဲ့တဲ့အရာတွေကိုဘယ်လိုလက်တွေ့အသုံးချမယ်ဆိုတာမျိုးကိုပါ ပါးပါးလေးပြသွားခဲ့တယ်။အတိအကျပြောနိုင်တာက အချစ်နဲ့ဘဝအဓိပ္ပါယ်အချို့ကိုပုံဖော်ထားတဲ့ Teacher’s Diary ကိုပထမအကြိမ် ကြည့်ပြီးသွားတဲ့အခါ သေချာပေါက်နောက်တစ်ခေါက်ထပ်ကြည့်ချင်စိတ်ဖြစ်လာမှာပါ…။
IMDB – 7.9
(ရုပ်ရှင်အညွှန်းကိုKo Aung Myo Naing FBမှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်တင်ဆက်ထားသူကတော့ မယွန်းစန္ဒီ(Meoww Meoww)ဖြစ်ပါတယ်။)
Call Me by Your Name (2017)
⭐IMDB: 7.8/10 (289 k Votes)
🎬 #Drama #Romance
🗓️ 2017 🎞️ Movie
📺 #1080p #720p #480p
💿 2.45 GB ⦿ 1.20 GB ⦿ 813.14 MB
🌎 #Italy #France #UnitedStates #Brazil #UnitedStatesofAmerica
⏰ 2 နာရီ 12 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Call Me by Your Name (2017)=====================IMDb Rating – 7.8/10
၁၉၈၃ ခုနှစ်ရဲ့ အီတလီနွေရာသီမှာ ကားလေးတစ်စီးနဲ့ အိမ်ကို စရောက်လာတဲ့ခင်ဗျားဟာ ကျွန်တော့်ရဲ့ အိပ်ခန်းကို ဦးစွာ သိမ်းပိုက်ခဲ့တယ်။ အရပ်အမောင်းကောင်းကောင်းနဲ့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ ၇နှစ်တောင်အသက်ကွာခြားသတဲ့။
အချင်းချင်း နှုတ်ဆက်ခါနီးကို သူများနဲ့မတူ တမူထူးခြားစွာ ” နောက်မှပဲ ” ”နောက်မှပဲ” လို့ ပြောတတ်တဲ့ခင်ဗျားကို ကျွန်တော် အမြင်တော့ကပ်မိသား။ဒီလို တုံးတိဆန်တဲ့ စကားက ကျွန်တော့်အတွက်တော့ ရိုင်းပြမောက်မာတဲ့အပြုအမူလို့ ထင်မိတယ်လေ။ ဟော တွေ့လား ဒီလိုနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့အတွေးနယ်ကို နယ်ချဲ့သိမ်းပိုက်လိုက်ပြန်ပြီ။ အိမ်ကို လာတဲ့ ဧည့်သည်ကို အိမ်ရှင်ဖြစ်တဲ့ ကျွန်တော်က မြို့တစ်ဝိုက်ကို လမ်းပြရင်း အချိန်ကုန်ဆုံးပေးခဲ့ရပြန်တယ်။
ကျွန်တော့်ဘက်က ဧည်၀တ်ကျေရဲ့လား သေချာမသိပေမယ့် သေချာတာတစ်ခုကကျွန်တော့်အချိန်တွေကို ခင်ဗျား သိမ်းပိုက်သွားပြန်ပြီ။ အချိန်ကြာလာတော့ “နောက်မှပဲ”ဆိုတဲ့ ကျွန်တော်ကိုယ်တိုင် အရိုင်းဆန်တယ် ပြောခဲ့တဲ့ စကားလေးကိုမှ ကျွန်တော်စွဲလမ်းလာတယ်။ ကျွန်တော့်ရဲ့ အိပ်ခန်း၊ စိတ်နဲ့ အချိန်တွေကို သိမ်းပိုက်ခဲ့တာ ခင်ဗျားဆိုပေမယ့် နှလုံးသားနဲ့ အသွေးအသားကို အသိမ်းပိုက်ခံချင်သူက ကျွန်တော် ဖြစ်လာတယ်။ နှစ်ယောက်တည်းသိတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်ရည်ညွှန်းတဲ့အခါ လောကကို မေ့ပြီး အပျော်ကြီး ပျော်တတ်ခဲ့ပြီ။ သို့ပေမဲ့ အတားအဆီးချုပ်ချယ်မှုတွေ များတဲ့ ဒီလောကမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာယိုယွင်းသွားနိုင်တာကိုတော့ ခင်ဗျားက အစောကြီးကတည်းက ပိုနားလည်ခဲ့ပုံပါပဲ။
ကျွန်တော်ဆိုတဲ့ကောင်က ဘာဆိုဘာမှ မသိခဲ့တဲ့ ၁၇ သာသာ ကောင်လေးတစ်ယောက်ပါ။ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ အိုလီဗာ … ခင်ဗျား ထွက်သွားတော့မယ်ဆိုရင် အနားမှာဘယ်သူမှ မရှိတော့ချိန် ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်သွားချိန်မှာ ကျွန်တော့်ဘက်ကို တစ်ချက် မျက်နှာမူပြီး ခင်ဗျားရဲ့ နာမည်လေးနဲ့ ကျွန်တော့်ကို ခေါ်လို့နှုတ်ဆက်ခဲ့ပါ ……
/အယ်လီယို
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်)
From Hell (2001)
⭐IMDB: 6.7/10 (160 k Votes)
🎬 #Horror #Mystery #Thriller
🗓️ 2001 🎞️ Movie
📺 #1080p
💿 1.45 GB
🌎 #UnitedKingdom #UnitedStates #CzechRepublic #Czechia
⏰ 2 နာရီ 2 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM Fan တွေ အတွက် မင်းသားကြီး Johnny Depp ငယ်စဥ်က သရုပ်ဆောင်ခဲ့တဲ့
ရုပ်ရှင်ကားကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
၂၀၀၁ ခုႏွစ္က ထြက္ရွိခဲ့တဲ့ From Hell ဆိုတဲ့
သည်းထိတ်ရင်ဖို စုံထောက် ရုပ်ရှင်ကားဖြစ်ပါတယ်
IMDb Rating 6.8 ထိ ရရွိထားပါတယ္
Johnny Depp နဲ့ အတူ မင်းသမီး Heather Graham ပါ သရုပ်ဆောင်ထားပါတယ်
ဇတ်လမ်းပုံစံကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာ
ရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ်
သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့
အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့
စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ်
သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ်
ပုံစံ အရ ပြောရရင် မင်းသိင်္ခ ၀တ္တုထဲက ဆားပုလင်း နှင်းမောင် လိုပေါ့…
တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်း
တစ်ခုဖြစ်ခဲ့ပါတယ်…
အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမား
တစ်ယောက် ရှိနေပြီး ပြည့်တန်ဆာတွေကို သတ်ပြီးရင် လိင်အင်္ဂာကို လှီးယူသွားတက်ပါတယ်
ရဲတွေလဲ အတော် ခေါင်းစားနေပါပြီ ဒီအမှု ကို ဖြေရှင်းနိုင်မယ့်သူကလဲ တစ်ယောက်ပဲ ရှိပါတယ်
သူကတော့ အက်ဗာလိုင်း ပေါ့….
ဇတ်လမ်းက စကြည့်ကတည်းကနေ အဆုံးထိ အင်မတန် စိတ်၀င်စားဖို့ကောင်းပါတယ်
အင်္ဂလန်ဘုရင်မကြီး နဲ့ တော်၀င်မျိုးဆက်တွေ အပါအ၀င် မြန်မာပြည်မှာနာမည်ကြီးတဲ့
ပလျှူးခေါင်းဖြတ် ဂိုဏ်းလို့ နာမည်ကြီးတဲ့ ဖရီးမေဆင် လို ဂိုဏ်းတွေပါ ပါ၀င်လာခဲ့ပါတယ်
Firday ည အတွက် ညစာ လို့ သက်မှတ်ပြီး ကြည့်ရှုနိုင်ပါပြီ…
ဇတ်လမ်းကို မေသူ က ဘာသာပြန်ပေးထားပါတယ်
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
Warcraft (2016)
⭐IMDB: 6.7/10 (270 k Votes)
🎬 #Action #Adventure #Fantasy
🗓️ 2016 🎞️ Movie
📺 1080p #720p #1080p #4K
💿 1.44 GB ⦿ 3.65 GB ⦿ 6.32 GB
🌎 #China #UnitedStates #Canada #Japan
⏰ 2 နာရီ 3 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
********************************
ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။
သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီး
WOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။
လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။
ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့
Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။
ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာ
Orc မှော်ဆရာ Gul’dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီး
မှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီး
မျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။
အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာ
တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်
ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။
ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့
တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ……
Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီး
မှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ….
Orc တွေထဲက တကယ့် အမှန်တရားကို မြင်နိုင်တဲ့
နှင်းဝံပုလွေမျိုးနွယ်ခေါင်းဆောင်(Frostwolf) ဂျူရိုတန် နဲ့ သွေးနှောနေတဲ့ Orc မိန်းကလေး Garona
တို့ကရောဘယ်လိုဆက်လှုပ်ရှားကြမလဲဆိုတာ ဒီ Warcraft The Beginning ထဲမှာကြည့်ရှုရင်း
နောက်ထွက်မဲ့အပိုင်းတွေကို အတူတူစောင့်ကြတာပေ့ါဗျာ။
Thor: Ragnarok (2017)
⭐IMDB: 7.9/10 (776 k Votes)
🎬 #Action #Adventure #Comedy #MarvelUniverse #Fantasy #ScienceFiction #SciFi
🗓️ 2017 🎞️ Movie
📺 #720p #4K
💿 1.26 GB ⦿ 6.24 GB
🌎 #UnitedStates #Australia #UnitedStatesofAmerica
⏰ 2 နာရီ 10 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thor: Ragnarok (2017)
IMDb Raing (8.0)
Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ဝိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အဝခံစား ရဦးမှာပါ။ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို အကူအညီတောင်းပြီး သူ့အဖေကို ရှာတဲ့အခါ ကမ္ဘာမြေပေါ်က နော်ဝေးမှာရှိနေတယ်ဆို တာ သိသွားပြီး လိုက်သွားပေမယ့် သူ့အဖေ အိုဒင်ကတော့ မရှိတော့ပါဘူး။ အိုဒင်ဟာ နှစ်ပေါင်းများစွာကတည်းက အကျဉ်းကျနေတဲ့ သူ့ရဲ့ သမီးဦး ဟီလာကိုပြန်လွှတ်ပေးပြီး နောက်ဆုံးမှာ ဟီလာဟာ အက်စ်ဂါ့တ်ကို ချေမှုန်းမယ့် ရန်သူအဖွဲ့ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။ဟီလာဟာ သောရဲ့ လက်စွဲတော်တူကို ဖျက်ဆီးပစ်ခဲ့သလို သောနဲ့ လိုကီကိုလည်း အာကာ သထဲအရောက်ပို့ပြီး အပြတ်ရှင်းဖို့လုပ်ပါတော့တယ်။နောက်တော့ အက်စ်ဂါ့တ် ကို ဟီလာရောက်သွားပြီး အက်စ်ဂါ့တ်က စစ်တပ်တွေကို ဖျက်ဆီး ပြီးတော့ သူနဲ့ ဟိုးအရင်တုန်းက တိုက်ခိုက်ဖူးတဲ့ သေသူကို ပြန်ရှင်အောင်လုပ်ပြီး သူ့လက်အောက်ခံလက်မရွံ့ ဘက်တော်သားအဖြစ် လုပ်စေခဲ့ပါတယ်။အက်စ်ဂါ့တ်ကို စိတ်ကြိုက် ဖျက်ဆီးပစ်ဖို့လုပ်နေတဲ့ ဟီလာ ကို သောတစ်ယောက်တားဆီးနှိမ် နင်းနိုင်မှာလားဆိုတာကို စူပါဟီးရိုးဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အမိုက်စားအထူးပြုလုပ်ချက်တွေနဲ့အတူ ဆက်ကြည့်လိုက်ဦးနော်။
++++++++++++++++++++++++++++
Marvel Cinematic Universe Intro
=======================
Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။
Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီးစကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။
Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့
၁. Space Stone aka Tesseract (Blue)(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီးAvengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)
၂။ Reality Stone aka Aether (Red)( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)
၃။ Power Stone (Purple Orb)( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)
၄။ The Time Stone ( The Eye of Agomotto, Green)( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)
၅။ Mind Stone (Yellow)( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)
၆။ Soul Stone (Orange)( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ
The Dark Knight Rises (2012)
⭐IMDB: 8.4/10 (2 M Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2012 🎞️ Movie
📺 #720p #1080p #4K
💿 1.16 GB ⦿ 3.09 GB ⦿ 5.83 GB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 44 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Dark Knight Rises (2012)IMDb Rating (8.4)
ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။
Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေထင်နေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ် ရန်သူတစ်မျိုးက Gotham ကို နှောက်ယှက်ဖို့ ပြင်ဆင်နေပါတယ်။တစ်ဖက်မှာ Bane (Tom Hardy) က CIA က ထိန်းသိမ်းထားတဲ့ Nuclear Physicist တစ်ယောက်ကို ဖမ်းခေါ်သွားသလို၊ Selina Kyle (Anne Hathaway) (ကာတွန်းထဲမှာ Catwoman) ကလည်း Bruce Wyane ရဲ့ အိမ်မှာ Harvey Dent အမှတ်တရပွဲလုပ်နေတုန်း ခိုးဝင်ပြီး Bruce အမေရဲ့ လည်ဆွဲကိုခိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ပစ်မှတ်က Bruce ရဲ့ လက်ဗွေ ဖြစ်ကြောင်း Bruce က ရိပ်မိသွားပြီး စုံစမ်းမှုတွေပြု လုပ်ခဲ့ပါတယ်။Selina က Bruce ရဲ့ လက်ဗွေကို ခိုးပြီးတဲ့နောက်မှာ ပါတီပွဲက Congressman တစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားပြီးတော့ လက်ဗွေကိုခိုးခိုင်းတဲ့ သူနဲ့တွေ့ဖို့အတွက် ခေါ်သွားခဲ့ပါတယ်။
ဒါကို Gordon တို့လိုက်ရှာရာကနေ Gordon တစ်ယောက် အဖမ်းခံရပြီး Bane နဲ့တွေ့ခဲ့ပါတယ်။ Bane က Gotham မြိ့ုက မြေအောက် မြောင်းတွေထဲမှာ တပ်စွဲထားတာ ကိုတွေ့လိုက်ပြီး Gordon တစ်ယောက် ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့ပါတယ်။နောက်တစ်ဖက်မှာ Robin John Blake (John Blake လို့ပဲ တစ်ကားလုံးသုံးသွားခဲ့ပါတယ်။) ဆိုတဲ့ ရဲအရာရှိတစ်ယောက်က Gordon ကိုရှာတွေ့သွားပြီးဆေးရုံကိုပို့ပေးခဲ့ပါတယ်။ John Blake ဆိုတဲ့ Character ကို ဒါရိုက်တာက Robin သဘောနဲ့ထည့်ပေးတာဖြစ်ပြီး၊ Batman နဲ့ Robin ဆိုတဲ့ပုံစံကို သွယ်ဝိုက်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Christopher Nolan က Robin ကို ကာတွန်းထဲကလို ကလေး တစ်ယောက် ထည့်ပေးရင် ယုတ္တိမရှိဘူးလို့ ယူဆတာရယ်၊ Batman & Robin ဇာတ်ကားက လူကြီး Robin ကို ပရိတ်သတ်တွေမကြိုက်တာရယ်ကြောင့် ရဲအရာရှိတစ်ယောက် အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ဒီနေရာမှာ Bane ရဲ့ ဇာတ်ကြောင်းကို Alfred က Bruce ကိုပြောပြပါတယ်။ Batman Begins မှာတုန်းက Batman ကိုပညာသင်ပေးခဲ့တဲ့ Ra’s Al Ghul ရဲ့ တပည့်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Bane က မြေအောက်အကျဉ်းထောင်ထဲမှာ မွေးခဲ့တာဖြစ်ပြီး၊ အစပိုင်းတုန်းက Bane ကို Ra’s Al Ghul ရဲ့ သားလို့ Batman က ထင်ခဲ့ပါတယ်။ Bane ရဲ့ အဓိက ရည်ရွယ်ချက်က ပထမဆုံးဇာတ်ကားက Ra’s Al Ghul ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Gotham ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။ဒီရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်း၊ Batman ကရော Gotham မြိ့ုကိုဘယ်လို ကယ်တင်မလည်းဆိုတာ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။Batman Begins, The Dark Knight, The Dark Knight Rises သုံးကားစလုံးက သမိုင်းမှာအကောင်းဆုံး Superheros ဇာတ်လမ်းတွဲ အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို၊ ဒီသုံးကားက ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းသုံးကားဆို တာ အငြင်းပွားစရာမှရှိနိုင်ပါဘူး။ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ Sex Scene တစ်ခန်းပါပေမယ့် Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည့်ရှုနိုင်မှာဖြစ်သလို၊ အက်ရှင်ကားကြိုက် ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ။#Sololay(ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြသည်။)4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အဆင်ပြေနိုင်ကြောင်း အသိပေးပါရစေ။Batman:The Dark Knight Trilogy ဇာတ်ကား ၃ ကားလု
Alita: Battle Angel (2019)
⭐IMDB: 7.3/10 (279 k Votes)
🎬 #Action #Adventure #SciFi #Thriller
🗓️ 2019 🎞️ movie
📺 #720p
💿 950.37 MB
🌎 #Japan #Canada #UnitedStates
⏰ 2 နာရီ 1 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အနာဂတ်ကာလမှာပါ။ တစ်စစီဖြစ်နေတဲ့ စက်ရုပ်မလေးတစ်ယောက်ဟာCyber-doctor တစ်ယောက်ကယ်တင်ခဲ့လို့ ပြန်လည်နိုးထလာခဲ့တယ်။
သူ့ကိုယ်သူ ဘယ်သူမှန်းမျသိ၊ အပြင်လောကအကြောင်းလည်းဘာမှမသိတဲ့ Alita ဟာ တိုက်ရည်ခိုက်ရည်ကျွမ်းလှတဲ့အတွက် သူ့မိသားစုကို
ကာကွယ်ရင်းနဲ့မှ သူ့ရဲ့အတိတ်၊ သူနေထိုင်တဲ့မြို့နဲ့ သူ့ရဲ့ရည်မှန်းချက်တို့ကို ပြန်လည်သိရှိလာခဲ့ပါတယ်။
Review…နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။
Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။
Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့ “Greatest movie in the world” ပါပဲလို့ပြောပါတယ်။
ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။
Avatar ဖန်တီးရှင်ကြီး James Cameron ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့
Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် visual spectacle ကြီးတစ်ခုပါပဲ။
အရာအားလုံးက ရှင်းလင်း မြင်သာတယ်။
Ready Player One တုန်းကတောင် နည်းနည်းခပ်မှောင်မှောင် ဖြစ်သေးတယ်။
Mo-cap လက်ရာကတော့ အစစ်နဲ့ အတု ခွဲလို့မရလောက်အောင်ကိုလက်ရာမြောက်လွန်းတယ်။
ချကြဗြင်းကြတဲ့အခန်းတွေမှာဆိုလည်း မည်ကဲ့သို့လုပ်လိုက်သည်မသိ ဆိုပြီးဝုန်းဒိုင်းနဲ့ ပြီးမသွားဘူး။
ရှင်းရှင်းလင်းလင်း လှလှပပ အားရပါးရကိုမြင်ရတယ်။Motorball game အခန်းတွေဆို လုံးဝလန်ထွက်။ သတ်တာဖြတ်တာဆိုလည်းတကယ့် brutal ပဲ။
ထင်မထားတာတွေ အကြမ်းကြီးတွေ လုပ်ပြတယ်။Character design တွေလည်း လန်ထွက်။
မြင်ကွင်းပိုင်းမှာ အရောင်အသွေးအကုန် ပြီးပြည့်စုံလှပါတယ်ဆိုပေမဲ့Alita ဟာ ဇာတ်ညွှန်းပိုင်းမှာ နည်းနည်းလေး ပေါ့နေပါတယ်။
ဇာတ်လမ်းက ဒီထက်အများကြီး ချောမွေ့လို့ရပါတယ်။အခုက တချို့နေရာတွေ scene တစ်ခုနဲ့တစ်ခုကူးတာမှာ ထောက်နေတာတွေရှိတယ်။
ဇာတ်လမ်းစကတည်းက ဖြစ်ပျက်နေတာတွေ များလွန်းနေသလိုဖြစ်နေတယ်။
ဒီလိုဖြစ်ပျက်နေတာတွေ များလွန်းလို့ ကြားထဲမှာပျောက်နေခဲ့တာတွေအများကြီးပဲလို့ မြင်မိတယ်။
မိုက်လှပါတယ်ဆိုတဲ့ ဇာတ်ကောင်တွေကိုဒီထက် character ပိုပြနိုင်ရင်လည်းပိုကောင်းပါမယ်။
အခုက character arc လည်းသိပ်မပါခဲ့သလိုတချို့ဇာတ်ကောင်တွေဆို သေသွားလည်း
ရင်ထဲဘာမှမဖြစ်သလို ပေါ့ပေါ့ပဲ။ဟိုမိန်းမကြီးကလည်း ဘယ်ကနေ ပေါ်ပေါ်လာမှန်းမသိ။
ဇာတ်လမ်းပိုင်း နည်းနည်းလေး လိုနေတာကလွဲရင် Battle Angel ဟာလုံးဝ ကြည့်ရတန်တဲ့ ကားတစ်ကားပါပဲ။
သေလောက်အောင် လှပ ပြင်းထန်လှတဲ့ မြင်ကွင်းတွေကတစ်ကားလုံး မပျင်းရအောင် လုံးဝဆွဲဆောင်သွားပါလိမ့်မယ်။
(ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်)Admin KPKDatShin: 3/5IMDB: 7.6/10Tomatometer: 60%ရုပ်ရှင်ကားကိုတော့ Little Neo မှ ဘာသာပြန်ပေးထားပါတယ်
Hold 'Em King: Airline (2022)
⭐TMDB: 40.0% User Score
🎬 #Adult #Crime #Action #Drama
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.00 GB ⦿ 485.38 MB
🌎 #SouthKorea
⏰ 1 နာရီ 20 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
********************************
ဒီကားက ဇာတ်လမ်းလည်းကောင်းသလို 18+အခန်းတွေကလည်း
ခပ်မိုက်မိုက်တွေမို့ ကြည့်ရအတော်ပြေတယ်…
ဂင်ထာဂူဆိုတဲ့သူက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ဟင်းပို့သူ တစ်ယောက်ဖြစ်တယ် တစ်နေ့မှာ ဆေးစစ်ရာမှ ကင်ဆာဖြစ်နေကြောင်း သိရတဲ့အပြင် သူ
နေရမယ့် ရက်ကလည်း တစ်နှစ်ခန့်သာ ကျန်တော့ကြောင်းသိခဲ့ရတယ်… အဲဒီအချိန်မှာ သူ့ကို မှီခိုနေကြတဲ့ အမေနဲ့ ညီမလေးအတွက် ဘယ်လိုများ လုပ်ပေးရပါ့မလဲဆိုပြီးတွေးပူနေခဲ့တယ် ..တစ်နေ့ လောင်းကစားရုံတစ်ခုကို ဟင်းသွားပို့ရမှ လောင်းကစား လုပ်ကြည့်ချင်စိတ်တွေ တဖွားဖွား
ပေါ်လာခဲ့တော့တယ် ..အဲဒါကြောင့်လောင်းကစားရုံပိုင်ရှင် ယောင်းဆောကို အကူအညီတောင်းပြီးHoldem ကစားနည်းကို သင်ပေးဖို့ တောင်းဆိုခဲ့တယ် ယောင်းဆောကလည်း
ကစားဖို့ ငွေ သိန်း ၂၀၀ ကို ယူလာခဲ့ရင် စဉ်းစားပေးမယ်လို့ ပြောခဲ့တယ်..ထာဂူတစ်ယောက် သိန်း ၂၀၀ ကိုင်ပြီး လောင်းကစားဖို့ သွားရာမှ မသေခင် ပိုက်ဆံတွေ ပြောင်ပြီး မွဲသွားမလား
ထောသွားမလား ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် အားပေးလိုက်ကြပါဦးနော်…
+
၃
The Maidens' Conspiracy (2006)
⭐IMDB: 4.0/10 (973 Votes)
🎬 #Adult #Adventure #Romance
🗓️ 2006 🎞️ Movie
📺 #1080p #720p
💿 3.23 GB ⦿ 1.35 GB
🌎 #Italy #Spain #UnitedKingdom
⏰ 2 နာရီ 7 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tirante El Blanco (or) The Maidens’ Conspiracy(2006)
ဒီဇာတ်ကားကတော့ ဓားချင်းခုတ်တော့မှာလိုလို စစ်တိုက်တော့မှာလိုလို ပတ္တယားတီးတော့မှာလိုလို ဆော်ကြူမှာလိုလို ဟိုလိုလို ဒီလိုလိုစပိန်ဇာတ်ကားလေးဖြစ်ပြီးတော့ တချို့ဇာတ်ဝင်ခန်းတွေကတော့ 18+ ပါ။
ဇာတ်လမ်းကတော့….ဂရိအင်ပါယာကြီးကို တူရကီတွေထိပါးတော့ ဧကရာဇ်ဘုရင်က စစ်ကူတောင်းရသတဲ့။ဆက်ခံသူသားက တိုက်ပွဲမှာကျ၊ ဧကရာဇ်က လူအို၊ မိဖုရားက အိမ်ထောင်ရေးဖောက်ပြန်၊မင်းသမီးက 16 နှစ်မ ဆိုတော့၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ နန်းတွင်းရေးတွေကြောင့် စစ်ရှုံးတာ မဆန်းဘူးပေါ့ဗျာ။
စစ်ကူရောက်လာတဲ့ ဗိုလ်မင်းက တိုက်ရည်ခိုက်ရည်ကောင်း၊ လူချောလူလှ။ စစ်ပွဲတွေမှာ အောင်နိုင်မှုတွေ ယူလာပေးပါတယ်။ဒါပေမဲ့ ဗိုလ်မင်းက ဧကရာဇ်ရဲ့သမီးတော် 16 နှစ်မကို တက်ချိုင်တော့ ပြဿနာတွေ ဖြစ်ကြတာပေါ့ဗျာ။
အပျိုတော်တွေကြား ဗိုလ်မင်းကို လိုတဲ့သူရှိသလို၊ မလိုတဲ့သူလည်းရှိ။မင်းသမီးနဲ့ ဗိုလ်မင်းကို အောင်သွယ်သူက အောင်သွယ်၊ ဖျက်သူကဖျက်။ ဇာတ်ရှုပ်ကြီးပါပဲ။
ဒီလိုနဲ့ အင်ပါယာကြီးတစ်ခုလုံးက မင်းသမီးပုခုံးပေါ် ကျရောက်လာတဲ့အခါ16 နှစ်မ လေး ဘာလုပ်မလဲ၊ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြဦးစို့။
18 ယောက်စုပြီးတော့ ကြည့်ဖို့မလိုပေမဲ့ မိသားစုနဲ့တော့ မကြည့်ပါနဲ့နော်။
Super Daddy (2023)
⭐TMDB: 70.0% User Score
🎬 #Action
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 1.18 GB ⦿ 467.38 MB
🌎 #China
⏰ 1 နာရီ 29 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဝမ်ပေါင်ဆိုတဲ့ တီထွင်ပညာရှင်တစ်ဦးဟာ လမ်းမလျှောက်နိုင်တဲ့လူနာတွေအတွက်ရည်ရွယ်ပြီး အရိုးတုဝတ်စုံတစ်ခုထီထွင်ထားခဲ့ပါတယ်၊ကံမကောင်းစွာနဲ့ သူရဲ့ဝတ်စုံအခိုးခံလိုက်ရလို ပြန်လိုက်ယူရင်းဝမ်ကျစ်၊ မီရှီးတိုလင်မယားနဲ့ဆုံတွေ့ခဲ့ပါတယ်
———သမီးလေး ရှောင်ခယ်ကိုအုပ်ထိန်းခွင့်ရဖို စတန့်အစားထိုးမင်းသားလုပ်ရင်းငွေရှာနိုင်သမျှရှာနေတဲ့ -“ဝမ်ကျစ်”ဝမ်ကျစ်နဲ့ကွာရှင်းပြီးတဲ့နောက်မှာ ကျန်းရန်ဆိုတဲ့တီထွင်ပညာရှင်တစ်ယောက်နဲ့ယူထားပြီး သမီးလေးရှောင်ခယ်ရဲ့အုပ်ထိန်းခွင့်ကိုရထားတဲ့-“မီရှီး”
ဝမ်ပေါင်တစ်ယောက်ဝတ်စုံပြန်ယူဖိုလာရင်း မတော်တဆ ဝမ်ကျစ်၊မီရှီးတိုနဲ့ဆုံတွေ့မိတဲ့အခါ ဝတ်စုံကိုပြန်ယူလာနိုင်ပါ့မလား ဆိုတာကိုဟာသလေးတွေနဲ့အတူ တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်
Planet Earth: A Celebration (2020)
⭐IMDB: 8.6/10 (450 Votes)
🎬 #Documentary #Family
🗓️ 2020 🎞️ Movie
📺 #1080p #720p #480p
💿 2.17 GB ⦿ 862.56 MB ⦿ 461.22 MB
🌎 #UnitedKingdom
⏰ 58 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Planet Earth: A Celebration (2020)
ဒီ Documentryလေးကတော့ BBCကတင်ဆက်တဲ့ Planet Earth IIနဲ့Blue Planet II အစီအစဥ်တွေကိုမှ အထူးအစီအစဥ်အနေနဲ့ ပြန်ပေါင်းစည်းပေးထားတာပါ။နောက်ခံဂီတကိုလည်း သီးသန့်ထည့်သွင်းထားပြီး Covidကာလအတွင်း သဘာဝတရားကို ခံစားသိနိင်အောင် တင်ဆက်ထားတာပါ။ ကြမ်းတမ်းလွန်းတဲ့ သဘာဝတရားကြီးကိုတောင် အံ့တုနေကြတဲ့ သတ္တဝါမျိုးစုံရှိပြီး အားတက်ဖွယ်ခံစားနိုင်အောင်ပါတဲ့။
Documentryထဲမှာဆိုရင် ရေဘဝဲ၊ လင်းပိုင်၊ ခြင်္သေ့၊ ကြိုးကြာနီ၊ နှင်းကျားသစ်၊ အီဂွာနာဖွတ်နဂါး၊ Racer မြွေ၊ ပင်လယ်ပျံလွှား၊ ထရီဗယ်လီငါး၊ဟယ်ရင်းငါးသလောက်၊ အော်ကာနဲ့ Humpbackဝေလငါး စတာတွေကို အကျအနရိုက်ကူးပြထားပါတယ်။
တောရိုင်းသတ္တဝါတွေရဲ့ ရှင်သန်မှုတွေ၊ အမူအကျင့်၊ အမဲလိုက်ပုံတွေ၊ ဉာဏ်ရည်တွေကိုတွေကို အနီးကပ်ကြည့်ရှုရမှာပါ။ ထူးခြားတာက Documentryဆိုတိုင်း ပျင်းစရာမဟုတ်ပြန်ဘူးဗျ။
အီဂွာနာဖွတ်ပေါက်လေးနဲ့ မြွေတို့ကြား၊ ပင်လယ်ပျံလွှားနဲ့ ထရီဗယ်လီငါးတို့ကြားက အမဲလိုက်သူနဲ့ ရှင်ကျန်အောင်ကြိုးပမ်းသူတို့တိုက်ပွဲဟာဆိုရင်ကြမ်းပါပေ့ဆိုတဲ့ actionကားတွေတောင်မေ့သွားအောင် ကြည့်ကောင်းလွန်းပါတယ်။
မွန်းကြပ်ကာလကို ကျော်ဖြတ်နိုင်အောင်အားပေးတဲ့အနေနဲ့ တောရိုင်းသဘာဝတရားကို ရိုက်ကူးပြထားတာမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ Docu လေးပါပဲ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)
The Invisible Girl (2023-2023)
⭐IMDB: 5.7/10 (205 Votes)
🎬 #Drama #Mystery #SciFi&Fantasy #Thriller
🗓️ 2023-2023 🎞️ Series 📺 1080p
🌎 #Spain #Germany
⏰ 32 မိနစ် 3 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Invisible Girl (2023)The Invisible Girl (2023)
==================စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသူလေးတစ်ဦး အသတ်ခံ
ရပြီးနောက်မှာ ကာဒေနားမြို့တစ်မြို့လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့
ပါတယ်။ ယခင်ငြိမ်းချမ်းခဲ့သော မြို့လေးအဖြစ်ကနေ အခုတော့
လူအားလုံးဟာ သံသယရှိသူတွေဖြစ်လာပါတော့တယ်။ ဂျူလီယာနဲ့
သူရဲ့အဖေတို့ဟာလည်း ဒီအမှုကိစ္စမှာ တစ်နည်းတစ်ဖုံပတ်သတ်လာ
ပါတော့တယ်။
သူငယ်ချင်းဖြစ်သူရဲ့သေဆုံးမှုအတွက် တရားခံကိုကြိုးစားရှာဖွေမယ့်
ဂျူလီယာနဲ့ အဖေဖြစ်သူရဲ့မှူးတို့ဟာ အမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့
အဖြေရှာကြရင်း နှစ်ဦးကြားက ဆက်ဆံရေးအခြေအနေတွေ တင်း
မာလာပါတော့တယ်။ ဒီစီးရီးဟာ စာအုပ်အနေနဲ့ အောင်မြင်ခဲ့ပြီး
ယခုဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်အသက်သွင်းလိုက်တဲ့ စပိန် မှုခင်း
ဒရာမာ စီးရီးအမျိုးအစားလေး ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ Zaw Myo Thu, Leonard Lin ဖြစ်ပါတယ်။)File Size………….(250 MB) / (1 GB)
The Fist of the Condor (2023)
⭐IMDB: 5.6/10 (157 Votes)
🎬 #Action #Drama
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.65 GB ⦿ 863.27 MB ⦿ 431.73 MB
🌎 #Chile
⏰ 1 နာရီ 20 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ ဒီတစ်ခါတော့ စပိန်ကိုယ်ခံပညာကားလို့ပဲပြောမလား သိုင်းကားလို့ပဲပြောမလား ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ကိုယ်ခံပညာကားဆိုတော့ Body တောင့်တောင့်နဲ့ စပိန်မင်းသား Marko Zaror ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသလို Producer လည်းလုပ်ထားပြီး 2023 မှာထွက်ထားတဲ့ အသစ်စက်စက်ဇာတ်ကားလေးတစ်ကားပေါ့နော် rating လည်းသိပ်မဆိုးတဲ့ Fighting ကားလေးပေါ့ ဇာတ်လမ်းကတော့ ၁၆ရာစုလောက်ကသမိုင်းကိုဇာတ်အိမ်တည်ထားတယ် အာတာဟွာပအင်ပါယာ ခေတ်က အင်ကက်စ်လူမျိုးတွေအသုံးပြုခဲ့ကြတဲ့ သိုင်းပညာတစ်ရပ်ပေါ့ စာအုပ်တစ်အုပ်ထဲမှာရေးသားမှတ်တမ်းတင်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ကြတာ မင်းသားမှာ အမွှာညီတစ်ယောက်ရှိတယ်လေ ရုပ်ကလည်းဆင် သိုင်းပညာအရည်အချင်းကလည်း အတူတူပဲ တစ်နေ့တော့ အဲ့ဒီသိုင်းကျမ်းစာအုပ်ကို လုပ်ကြံပြီးတော့ညီဖြစ်သူက ယူပြီးထွက်ပြေးတာကနေစလိုက်တဲ့ဇာတ်လမ်းက…… နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲ အဲ့ဒီသိုင်းပညာကိုဘယ်လိုလေ့ကျင့်ရတာလဲ လေ့ကျင့်ဖို့ဘာတွေလိုအပ်လဲ ဘာတွေပေးဆပ်ခဲ့ရလဲ စသည်ဖြင့် အမွှာညီကိုနှစ်ယောက်ရဲ့ ခံယူချက်မတူတဲ့စရိုက်တွေနဲ့ ဇာတ်လမ်းအစကနေအဆုံး Fighting တွေကိုကြည့်ရှုရမှာဖြစ်တဲ့အပြင် Fighting ကားတွေ ကိုယ်ခံပညာကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် တရုပ်သိုင်းကားတွေကြည့် ဂျပန်သိုင်းကားတွေ ကိုရီးယားသိုင်းကားတွေ စတဲ့ အာရှသိုင်းကားတွေကြည့်နေကြဆိုပေမဲ့ စပိန်ကိုယ်ခံပညာကားဆိုတော့ ခံစားမှုတစ်ခုတော့ပေးမယ်လို့ယုံကြည်ပါတယ်
The Terminal (2004)
⭐IMDB: 7.4/10 (473 k Votes)
🎬 #Adventure #Comedy #Drama #Romance
🗓️ 2004 🎞️ Movie
📺 #720p #1080p #4K
💿 1.52 GB ⦿ 2.96 GB ⦿ 11.03 GB
🌎 #UnitedStates
⏰ 2 နာရီ 9 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ဒီရုပ်ရှင်က Life is waiting ပါတဲ့…။
ဇာတ်လမ်းကျောရိုးကတော့ …အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးကခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်…ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲလေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကိုဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။
ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့်အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။
လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်…ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ…အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ…ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ်ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။
အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။
The Sapphires (2012)
⭐IMDB: 7.0/10 (15 k Votes)
🎬 #Comedy #Drama #Biography #Music #Romance
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
💿 1.92 GB ⦿ 949.32 MB ⦿ 527.70 MB
🌎 #Australia
⏰ 1 နာရီ 41 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Sapphires သည် ဇာတ်ညွှန်းရေးဆရာ Tony Briggs ၏မိခင်နှင့် အဒေါ်တို့ရဲ့ လက်တွေ့ဘဝ 1960ခုနှစ် မိန်းကလေးအဖွဲ့ကို အခြေခံထားတဲ့ဇာတ်စင်ပြဇာတ် The Sapphires ကိုအခြေခံထားတဲ့ သြစတေးလျ တေးဂီတ ဟာသ-ဒရာမာဇာတ်ကားလေးဖြစ်ပါတယ် ။ ဒီဇာတ်ကားကို 2012 ကန်နီးရုပ်ရှင်ပွဲတော်မှာပထမဆုံးပြသခဲ့တာပါ။ ဒီဇာတ်ကားလေးဟာ ဩစတေးလျဌာနေအမျိုးသမီးလေးယောက်ဖြစ်တဲ့ ဂေးလ်၊ ဂျူလီ၊ ကေ နဲ့ စင်သီယာတို့ဟာ စစ်ပွဲအတွင်း စစ်သားတွေကိုဖျော်ဖြေပေးဖို့ ဗီယက်နမ်ကို သွားရတဲ့အကြောင်းလေးကိုရိုက်ကူးထားတာပါ။File size…(1.9 GB)/(940 GB)/(520 Mb)Quality….Webrip 1080p / 720p / 480pFormat…mp4Duration….01:43:00Genre…Drama, ComedySubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Pyae Phyo Min
Double Life (2023)
⭐IMDB: 5.2/10 (73 Votes)
🎬 #Mystery #Thriller #Crime
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.60 GB ⦿ 726.81 MB ⦿ 354.76 MB
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2023 မေလ၅ရက်နေ့ကမှပူပူနွေးနွေးထွက်ရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်။ Javicia Leslie,John Cassiniနဲ့ Pascale Huttonတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ Sharon Satter ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Mark Setter က ရုံးကအပြန်မှာ သေဆုံးသွားတာကိုသိရှိပြီး ပူဆွေးနေတုန်းမှာပဲ Jo Creuzot ဆိုတဲ့အမျိုးသမီးက သူမရဲ့ခင်ပွန်းသေဆုံးမှုက ပုံမှန်မဟုတ်ကြောင်းပြောပြရင်း အစအနများကိုလိုက်ရှာကြရာကနေ တကယ်ကိုမထင်ထားတဲ့ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ CrimeThriller အမျိုးအစားပဲဖြစ်ပါတယ်။ တကယ့်ကို မထင်ထားတဲ့လှည့်ကွက်များနဲ့ အက်ရှင်များကိုကြိုက်နှစ်သက်ရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့တိုက်တွန်းပါတယ်.
The Dark Knight (2008)
⭐IMDB: 9.0/10 (3 M Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2008 🎞️ Movie
📺 #1080p #4K
💿 2.21 GB ⦿ 5.59 GB
🌎 #UnitedStates #UnitedKingdom
⏰ 2 နာရီ 32 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Dark Knight (2008)
===================
IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။
ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။
The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel Schumacher ရဲ့ ကလေးကြိုက် Batman Forever နဲ့ ဘယ်သူမှမကြိုက်တဲ့ Batman & Robin (၁၉၉၇မှာထွက်ခဲ့ပြီး Batman ကို ရုပ်ရှင် လောက ကနေ ခဏတာကွယ်ပျောက်သွားစေပါတယ်။) ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ Batman Begins နဲ့အတူ Batman နဲ့ Comic Book ရုပ်ရှင်တွေ ရုပ်ရှင်လောကကိုတကျော့ပြန် ဝင်လာခဲ့ပြီး ၂၀၀၈ ခုနှစ် ရဲ့ The Dark Knight ကတော့ ဘယ်သူမှမငြင်းပယ်နိုင်တဲ့ အကောင်းဆုံး Batman ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
Batman Begins မှာ Gotham မြို့ကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ Batman/Bruce Wayne အနေနဲ့ သူ့ရဲ့ အဆိုးဝါးဆုံး ရန်သူ ဖြစ်တဲ့ Joker နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ The Dark Knight ကားက Joker နဲ့ Batman ကို တမူထူးခြားတဲ့ ရှု့ထောင့်ကနေတင်ဆက်ထားပြီးတော့၊ Joker အဖြစ်သရုပ်ဆောင်တဲ့ Heath Ledger ကလည်း၊ လူတကာကို ဒုက္ခပေးဖို့က လွဲရင်၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ကလွဲရင် ဘာကိုမှ မလိုချင်တဲ့ ဇာတ်ရုပ်အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Joker က ပိုက်ဆံ၊ အာဏာ၊ ရာထူး ဘာကိုမှ မမက်ပဲ၊ ဖျက်လိုဖျက်ဆီးလုပ် ဖို့နဲ့ Gotham မြို့တစ်မြို့လုံးကို သူလိုပဲ လူဆိုး လူရမ်းကားတွေဖြစ် လာအောင် လုပ်ဖု့ိ ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေကို တားဆီးဖို့ Batman အနေနဲ့ လုပ်ရိုးလုပ်စဉ် ထဲက နေခွဲထွက်ပြီး Joker ကို ဖမ်းဖို့ကြိုးစားရပုံကို တကယ့် စုံထောက်ကား ကောင်းတစ်ကား အနေနဲ့ တင်ဆက်ထားပါတယ်။
Batman ရဲ့ Character မိတ်ဆက်ထဲမှာ ပြောထားသလိုပဲ Batman က Comic Hero တွေအားလုံးထဲမှာ The World Greatest Detective ဆိုတဲ့ ဘွဲ့ကိုရထားတဲ့ အတိုင်း ဒီကားမှာ သူ့ရဲ့ စုံထောက် စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေး သာမက သူ့ရဲ့ တိုက်ရည်ခိုက်ရည်၊ စွန့်လွှတ်စွန့်စား နိုင်မှုတွေ ကိုပါ ပရိတ်သတ် ကြီး ကြည့်ရှုခံစားနိုင်မှာပါ။
ဒါ့အပြင် ဒီကားမှာ အဓိကသရုပ်ဆောင် Christian Bale ရဲ့ ပြီးပြည့်စုံတဲ့ Batman သရုပ်ဖော်မှု၊ ဒါရိုက်တာ ရဲ့ ရိုက်ကူးတင်ဆက်မှု၊ ထူးခြားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံ၊ နက်နဲတဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေနဲ့ ကွင်းဆက်မိမိ တက်ဆက်ထားနိုင်မှုတွေထက် ပိုပြီး ပြောစရာတစ်ခုရှိပါတယ်။ ဒါကတော့ Heath Ledger ရဲ့ နောက်ဆုံး သရုပ်ဆောင်မှုလည်းဖြစ်သလို အကောင်းဆုံး ဇာတ်ကောင်လည်းဖြစ်တဲ့ Joker ပါ။ Heath Ledger ရဲ့ The Joker က တကမ္ဘာလုံးက ပရိတ်သတ်တွေကို တုန်လှုပ်စေခဲ့ပြီး၊ ဗီလိန် တွေထဲမှာ ဆရာတစ်ဆူဖြစ်စေခဲ့ပါတယ်။ ဒီကားက Batman ရဲ့အကောင်းဆုံးကားဆိုရင် Joker က အကောင်းဆုံး ဗီလိန် ဖြစ်ပါတယ်။ Heath Ledger လည်း ဒီကားနဲ့ အကယ်ဒမီရခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားပါလို့ပြောလို့ရသလို၊ The Bourne Trilogy ထက်တောင် မှာ ပိုကောင်းတယ်ဆိုရင် ငြင်းမယ့်သူမရှိလောက်ပါဘူး။ ဒီကားက Batman Fan တွေနဲ့ Comic Book ပရိတ်သတ်တွေကို စိတ်ကျေနပ်မှု့အပြည့်အဝပေးနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဟာကွက် အနည်းငယ်ရှိပေမယ့် Batman, Gordon, The Joker နဲ့ Harvey Dent (Two Face) တို့ရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်လမ်းထဲမှာ မျောပါသွားပြီး ၂နာရီခွဲလုံး စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးနှစ်ယောက်ဖြစ်တဲ့ Michael Caine နဲ့ Morgan Freeman တို့ကလည်း ဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။
ဒီကားက ကလေးကြိုက် Batman ကားမဟုတ်သလို၊ ဖန်စီ အက်ရှင်ကားမဟုတ်ပါဘူး။ Crime/Action/Drama ကားဖြစ်ပြီး ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
#Sololay
(ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြပါသည်။)
4K Version က HDR ဖြစ်တာကြောင့် HDR ကို Support ပေးနိုင်တဲ့ Android TV နဲ့ ခေတ်ပေါ် Smart Device တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ DS4K 1080p Version ကတော့ Color Regrade ပြန်လုပ်ထားတဲ့ Version ဖြစ်တာကြောင့် ဖိုင်သေးသေးနဲ့ ပိုမိုကြည်လင်ကြောင်းနဲ့ Device မျိုးစုံမှာ ကြည့်လို့အ
Doctor Strange in the Multiverse of Madness (2022)
⭐IMDB: 6.9/10 (439 k Votes)
🎬 #Action #Adventure #Fantasy #MarvelUniverse #Horror #SciFi
🗓️ 2022 🎞️ Movie
📺 #720p #4K #480p
💿 1.48 GB ⦿ 5.23 GB ⦿ 954.59 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 6 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (7.3)ဒေါက်တာစထရိန့်ဂျ် ရုပ်ရှင်အသစ်စက်စက်လာပါပြီ။ ဇာတ်လမ်းကတော့ ဝန်ဒါဗီရှင် ဇာတ်လမ်းတွဲကနေ စတာပါ။
ဝန်ဒါဗီရှင် စီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါပြီ။ဝန်ဒါဗီရှင်စီးရီးအပြီး စကားလက်ဝစ်ချ်(ကြက်သွေးရောင်စုန်းမ) ဖြစ်သွားတဲ့ ဝန်ဒါဟာ မှော်ပညာတွေကို စွန့်လွှတ်ပြီး
တစ်ယောက်တည်း နေထိုင်နေပါပြီ။ ဒါပေမဲ့ အပြိုင်စကြဝဠာတွေကို ကူးသန်းဖို့ ပေါ်တယ်တံခါး ဖွင့်နိုင်စွမ်းရှိတဲ့
အမေရိကချားဗက်စ်ဆိုတဲ့ ကလေးမလေးနဲ့ ဒေါက်တာစထရိန့်ဂျ်တို့ တွေ့ဆုံတဲ့အခါ၊ ကလေးမလေးကို
နတ်ဆိုးတစ်ကောင်က လိုက်ဖမ်းနေကြောင်း သိလိုက်ရတာမို့ ဒေါက်တာစထရိန့်ဂျ်ဟာ ဝန်ဒါမက်ဆီမော့ဖ်ကို
အကူအညီတောင်းလာပါတော့တယ်။အဲဒီကနေ အပြိုင်စကြဝဠာတစ်လျှောက် ရန်သူတွေ တိုက်ပွဲတွေ စတင်လာပါတော့တယ်…။
WEB-DL Quality ကို 4K IMAX HDR နဲ့ပါ တင်ဆက်ထားပါတယ်။(HDR Version ကိုတော့ HDR Support လုပ်တဲ့ ခေတ်ပေါ်ဖုန်းတချို့..Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပြီး ရိုးရိုး Device တွေကတော့ 4K HEVC SDR ကိုသာ ဒေါင်းလုတ်လုပ်ကြပါ။)File size… (5.2 GB)/(6.1 GB)/(2.65GB) /(1.5 GB) / (957MB)
Quality…. WEB-DL 4K IMAX HDR SDR/1080p /720p / 480p
Format…mp4
Duration….02:06:00
Genre…Action /Aventure/ fantasy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by….Mr.Anderson
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
