uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Flash (2023) ⭐IMDB: 7.4/10 (44 k Votes) 🎬 #Action #Adventure #Fantasy #SciFi 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 3.0 GB ⦿ 1.4 GB ⦿ 962.1 MB 🌎 #UnitedStates #Canada #Australia #NewZealand ⏰ 2 နာရီ 24 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Flash (2023) ============= HDTC versionပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေးကြည်ပါပြီ။ ဒီရုပ်ရှင်မျိုးကတော့ ကြည်တောက်ရှင်းကိုပဲ ကြည့်တာအကောင်းဆုံးပါပဲ။ မစောင့်နိုင်တော့တာတို့ ဇာတ်လမ်းသိချင်ရုံတို့ဆိုတဲ့လူတွေအတွက် ဘာသာပြန်ပြီးတင်ပေးထားတာပါ။ ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူ ပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူ အချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)...

The Flash (2023) ⭐IMDB: 7.4/10 (44 k Votes) 🎬 #Action #Adventure #Fantasy #SciFi 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 3.0 GB ⦿ 1.4 GB ⦿ 962.1 MB 🌎 #UnitedStates #Canada #Australia #NewZealand ⏰ 2 နာရီ 24 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Flash (2023) ============= HDTC versionပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေးကြည်ပါပြီ။ ဒီရုပ်ရှင်မျိုးကတော့ ကြည်တောက်ရှင်းကိုပဲ ကြည့်တာအကောင်းဆုံးပါပဲ။ မစောင့်နိုင်တော့တာတို့ ဇာတ်လမ်းသိချင်ရုံတို့ဆိုတဲ့လူတွေအတွက် ဘာသာပြန်ပြီးတင်ပေးထားတာပါ။ ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူ ပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူ အချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)...

Ghosts of Beirut (2023-2023) ⭐IMDB: 7.1/10 (764 Votes) 🎬 #Drama #Thriller 🗓 2023-2023 🎞 tv mini series 📺 #1080p 🌎 #UnitedStates #Morocco #UnitedStatesofAmerica ⏰ 53 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ghosts of Beirut (2023)Ghosts of Beirut(2023)အခု ၂၀၂၃ မှထွက်ရှိလာတဲ့ Thriller-Spy ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းတွဲဆိုပေမဲ့ တစ်ချက်တစ်ချက်မှာ Documentary စတိုင် ဖြစ်ရပ်မှန်တွေပြောပြတာတွေလည်း ပါဝင်တော့ ရသသုတစုံလင်စွာခံစားရမဲ့ ဇာတ်လမ်းပါပဲ အာရပ်-အစ္စရေးစစ်ပွဲအစပြုခဲ့တဲ့ ခေတ်ကနေ ယနေ့အချိန်ထိ CIA နဲ့ မော့ဆတ်တွေကို ခေါင်းခဲစေခဲ့တဲ့ လက်ဘနွန်က အကြမ်းဖက်ဗုံးခွဲသမားတစ်ယောက်ကို လိုက်လံဖမ်းဆီးဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ပုံကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပြီး ကြားထဲက Documentry ပုံစံသမိုင်းကို ဝင်ပြောပြတာကလည်း ဇာတ်ရှိန်မကျစေတဲ့ အပြင် မူရင်းဇာတ်အိမ်ကို ခိုင်မာအောင်တည်ဆောက်ပေးသလို ဖြစ်နေတာမို့ ဖြစ်ရပ်မှန်အခြေပြု စပိုင်ဇာတ်လမ်း တကယ်ဖြစ်ခဲ့တဲ့ အာရပ်-အစ္စရေးစစ်ပွဲအကြောင်းတွေကို သိချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့စီးရီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်တစ်ပတ်တစ်ပိုင်းနှုန်း နဲ့ စုစုပေါင်း ၄ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားပေးတာကတော့ Sai Thurein Lynn ဖြစ်ပါတယ်Genre….. Drama...

Coming to America (1988) ⭐IMDB: 7.1/10 (215 k Votes) 🎬 #Adventure #Family #ScienceFiction #SciFi #Comedy #Romance 🗓 1988 🎞 movie 📺 #1080p 💿 436.2 MB ⦿ 1.1 GB ⦿ 752.3 MB 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 47 စက္ကန့် 👑 Burma Link Channel ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဇာတ်ဆောင်အာဖရိကတော်ဝင်မင်းသားလေး Akeem ဆိုသူက သူ့ရဲ့ 21 နှစ်ပြည့်မွေးနေ့မှာ သူ့ရဲ့ဖခင်ဘုရင် ကြီးက သူ့ကိုထိန်းမြားပေးဖို့စီစဉ်ပါတယ်။ သူကတော့ သူနဲ့လက်ထပ်မည့်သတို့သမီးလောင်းကသူစေလိုရာစေနေမည့်သူအဖြစ်မွေးကတည်းကလေ့ကျင့်ပေးထားသူဖြစ်တာကြောင့်သူမနှစ်သက်ခဲ့ပါဘူး။ အဲ့လိုနဲ့ဖခင်ကိုလှည့်ပတ်ပြီး အမေရိကားကိုသတို့သမီးရှာဖို့ထွက်လာခဲ့ပါတယ်။ Akeem ကသူနဲ့လက်ထပ်မည့်အမျိုးသမီးကသူ့ကိုအကြံဉာဏ်တွေပေးနိုင်ရမယ်၊ သူချမ်းသာလို့လက်ထပ်တာမဖြစ်ရဘူးဆိုပြီးခံယူထားတာကြောင့် သတို့သမီးလောင်းရှာဖွေရာမှာ ဘယ်လိုတွေလွဲချော်မလဲ၊ သူချစ်တကယ်ချစ်တဲ့သူကိုတွေ့သွားတဲ့အခါဘယ်လိုတွေဒုက္ခခံပြီး ကောင်မလေးရဲ့အချစ်စစ်ကိုရယူမလဲ ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ကြည်နူးပျော်ရွှင်ဖွယ်ကြည့်ရှုနိုင်မှာပါ။ Translator & Review by - Khine Thazin...

Draft Day (2014) ⭐IMDB: 6.8/10 (64 k Votes) 🎬 #Drama #Uncategorized #Sport 🗓 2014 🎞 movie 📺 #1080p #720p #480p 💿 1.7 GB ⦿ 921.5 MB ⦿ 536.8 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့ တင်ဆက်ပေးမှာကတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်လေးပါ။ NFL Draft ဆိုတာ အသင်း ၃၂ သင်းက လိုချင်တဲ့ ကစားသမားကို ရနိုင်ဖို့ ကစားသမား ၂၂၄ ယောက်ထဲက အကြိတ်အနယ်ရွေးချယ်ရမယ့် အခွင့်အရေးပါ။ Sonny Weaver Jr. ကတော့ Cleveland Browns ဘောလုံးအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ့အဖေ နည်းပြ Sonny Weaver ဆုံးသွားပြီး လူတွေက အဖေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ကြတာတွေ၊ အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးတာတွေကြောင့် ဖိအားများနေပါတယ်။ ဇာတ်လမ်းစပုံကတော့ Sonny ဆီကို Seattle Seahawks အသင်းက Tom က ကမ်းလှမ်းမှုတစ်ခု လုပ်ရာကစပါတယ်။ ကမ်းလှမ်းချက်ကတော့ Seattle Seahawks က ထိပ်တန်း တိုက်စစ်မှူး ဘိုကယ်လာဟန်ကို လိုချင်ရင် Browns အတွက် ပထမအဆင့်မှာ ရွေးချယ်ထားတဲ့ သုံးနှစ်စာ ကစားသမားတွေနဲ့ အလဲအလှယ်လုပ်ရမှာပါ။ သူ့ရွေးချယ်မှုတစ်ခုက အသင်းရဲ့ အနာဂတ်ကို‌‌ ဆုံးဖြတ်မှာ ဖြစ်နေတော့ ဘိုကယ်လာဟန်က သင့်တော်တဲ့ ရွေးချယ်မှု ဟုတ်ရဲ့လားဆိုတာ Sonny နဲ့ Browns အဖွဲ့သားတွေ ဘယ်လို အဖြေရှာကြမလဲ။ လှည့်ကွက်တွေ အရွှေ့အပြောင်းတွေနဲ့ Sonny တစ်ယောက် လိုချင်တဲ့အသင်းကို ပုံဖော်နိုင်မလားဆိုတာကိုတော့…....

Para Betina Pengikut Iblis (2023) ⭐IMDB: 5.4/10 (64 Votes) 🎬 #Horror 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 2.2 GB ⦿ 1.0 GB ⦿ 426.0 MB 🌎 #Indonesia ⏰ 1 နာရီ 30 မိနစ် 38 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Three women in a small village conceal dark secrets, including unholy alliances and a mysterious ingredient used in a popular curry restaurant....

On Sacred Ground (2023) ⭐IMDB: 6.0/10 (169 Votes) 🎬 #Drama 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.1 GB ⦿ 671.9 MB ⦿ 320.0 MB 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2023 ခုနှစ်မှအသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.3/10 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ၂၀၁၆ ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့ ဒါကိုတာပြည်နယ်ကရေနံပိုက်လိုင်းဖြစ်ရပ်ကိုအခြေခံပြီးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့ ဒါကိုတာပြည်နယ်မှာ‌ဆောက်လုပ်နေတဲ့ရေနံပိုက်လိုင်းအရေးအခင်းနဲ့ပတ်သက်ပြီး သတင်းယူဖို့သွားတဲ့သတင်းထောက်ဒန်မက္ကန်နီတစ်ယောက် ဘယ်လိုအမှန်တရားတွေကိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်...

Pichaikkaran 2 (2023) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Action #Bollywood #Drama #SciFi #ScienceFiction #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 3.2 GB ⦿ 1.2 GB 🌎 #India ⏰ 2 နာရီ 31 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pichaikkaran 2 (2023) 2016 က ထွက်ရှိထားတဲ့ Pichaikkaran ရဲ့အောင်မြင်မှုအပြီးမှာ ပုံစံတူ stand-alone sequel တစ်ကားဖြစ်တဲ့Pichaikkaran 2 ဟာ လောလောလတ်လတ်မှာ ရုံတင်ထားတာဖြစ်ပြီး rating တွေလည်းကောင်းသလိုရုံတင်ငွေ ကုဋေ ၃၄ သန်းကျော်အမြတ်ရရှိထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဆရာဝန်တစ်ယောက်က နှလုံးတွေ‌ ကျောက်ကပ်တွေ အစားထိုးတာတင်မကပဲဦးနှောက်အစားထိုးတာကိုပါ အောင်မြင်စွာစမ်းသပ်လ်ုက်နိုင်ပါတယ်ဗီဂျေးဆိုတာကတော့ အောင်မြင်နေတဲ့စီးပွားရေးသမား ဉာဏ်ကြီးရှင်တစ်ယောက်ပါသူ့ရဲ့လူယံုဆိုတဲ့သူက နောက်ကျောဓားနဲ့ထိုး ခဏနေကဦးနှောက်လဲတဲ့ အစားထိုးမှုကိုဗီဂျေးအပေါ်လုပ်ပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ကြံစည်လာတဲ့အခါမှာတစ်ခေတ်တစ်ခါက Face-off လိုမျိုး vibe ကိုပြန်ခံစားမိမဲ့အပြင်ဦးနှောက်ချင်းပါလဲပစ်တဲ့ ကျွတ်ဆင်အကွက်ကြီးတွေနဲ့ အက်ရှင်ဒရာမာရသစုံကြည့်ရမှာဖြစ်လို့ လက်မလွှတ်ကြဖို့ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွကတော့Sai ~ chiclon3 ~ BpL ~ Thaik San ~ YH ~ Yunni တို့ပဲဖြစ်ပါတယ်...

Stolen in Her Sleep (2022) ⭐IMDB: 5.4/10 (175 Votes) 🎬 #Mystery #Thriller #TVMovie 🗓 2022 🎞 tv movie 📺 #1080p #720p #480p 💿 1.5 GB ⦿ 693.9 MB ⦿ 434.8 MB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stolen in Her Sleep (2022)=================== ဟေလီဟာ နှလုံးအစားထိုးခွဲစိတ်ကုသခံထားရတာ သိပ်မကြာသေးတဲ့ သမီးလေးဖြစ်သူအေဗာနဲ့အတူ အိမ်မှာပဲနေဖြစ်တာများတဲ့ stay-at-home ပန်းချီဆရာမတစ်ယောက်ပါ။ စိတ်ပူပန်မှုတွေအလွန်များလွန်းတတ်တာကြောင့်မို့လို့ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဆေးတွေကိုလည်း သောက်သောက်နေရတဲ့သူပေါ့။ ခင်ပွန်းသည်ဖြစ်သူ ဂျိမ်းစ်ရှိပေမယ့်လို့ အလုပ်ကိစ္စနဲ့ခရီးတွေ ခဏခဏထွက်နေရတာကြောင့်မို့လို့ တစ်နေ့မှာတော့ ဂျိမ်းစ်ဟာ ဟေလီအတွက်အကူအညီဖြစ်ရအောင်ရယ်၊ သူကိုယ်တိုင်နဲ့လည်း နှစ်ပေါင်းများစွာကြာအောင် အလှမ်းဝေးကွာလျက်ရှိနေပြီး သိပ်မကြာခင်ကမှ ပြန်အဆက်အသွယ်ရထားတဲ့မိခင်ဖြစ်သူလင်းနဲ့ မိသားစုဘဝလေး ထပ်ဖြစ်စေချင်တာကြောင့် လင်းကို တစ်ခါတလေအိမ်ကိုလာကူညီပေးဖို့ခေါ်ထားလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟေလီ့အနေနဲ့ သဘောအကျကြီးမဟုတ်ပေမယ့်လည်း ခင်ပွန်းသည်ကိုအားနာပြီးလက်ခံလိုက်ရတာပေါ့။ ဒါ့အပြင် ဟေလီတစ်ယောက် အပြင်မှာ မက်ဂန်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ မထင်မှတ်ဘဲတွေ့ဆုံမိပြီး သူငယ်ချင်းတွေလို ရင်းနှီးကျွမ်းဝင်လို့လာခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့နားကိုလူသစ်နှစ်ယောက်ရောက်လာအပြီးတစ်နေ့မှာတော့ ကလေးထိန်းဖြစ်သူမေရီဟာ ပန်းခြံမှာကလေးထိန်းပေးနေရင်းနဲ့ ရုတ်တရက်သေဆုံးသွားခဲ့သလို ဟေလီ့အနေနဲ့လည်းသူ့အနောက်ကနေ လိုက်လိုက်နေတဲ့ ယောကျ်ားတစ်ယောက်ကို ခဏခဏတွေ့တွေ့နေလာရပါတယ်။ ဒါပေမယ့်လည်း သူကလွဲပြီး အဲဒီယောကျ်ားကို ဘယ်သူမှမတွေ့ရဘူးပြောပြောနေတော့ တကယ်ရောဟုတ်ရဲ့လား ဒါမှမဟုတ် ဟေလီတစ်ယောက် စိတ်တွေထင်ယောင်ထင်မှားဖြစ်ပြီးမြင်ယောင်နေတဲ့အရာလား။ မေရီသေဆုံးသွားတာဟာ သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား။ လင်းဟာလည်းဂျိမ်းစ်ရဲ့မိခင်ဆိုပေမယ့်လို့ ဝေးကွာနေတာနှစ်တွေအတော်ကြာနေပြီဖြစ်လို့ ဟေလီတစ်ယောက် အပြည့်အဝနဲ့ယုံကြည်လို့မရနိုင်တဲ့သူဖြစ်နေသလိုမက်ဂန်ဟာလည်း အခုမှစသိကျွမ်းလာရတာဖြစ်လို့ သဘောရိုးရှိနေနိုင်ပါ့မလားဆိုတဲ့ မေးခွန်းပေါင်းများစွာကိုတော့ ဒီ Stolen in Her Sleep ဆိုတဲ့ကားလေးကိုကြည့်ရင်း အဖြေရှာလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...

Tiger's Tail (2022) ⭐IMDB: 3.4/10 (26 Votes) 🎬 #Thriller #Romance 🗓 2022 🎞 movie 📺 #1080p #720p 💿 1.5 GB ⦿ 553.4 MB 🌎 #Nigeria ⏰ 1 နာရီ 52 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tiger’s Tail (2022)============== အမ်မရာလို့ ခေါ်တဲ့ US ရောက် နိုင်ဂျီးရီးယားသူလေးဟာမိခင်နိုင်ငံက ကလေးတွေကိုလည်းကူညီပေးဖို့ နိုင်ဂျီးရီးယားကို ပြန်လာပါတော့တယ်။ ခရီးရောက်မဆိုက် ချစ်သူကလက်ထပ်ခွင့်ပါတောင်းလိုက်တော့ ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ နိုင်ဂျီးရီးယားက ဆင်ခြေဖုံးရပ်ကွက်တွေမှာရှိတဲ့ ကလေးတွေကို စာသင်ဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်ဆိုတဲ့အတိုင်း ခိုးဆိုးလုနှိုက် ဆေးဝယ်ဆေးရောင်းကောင်တွေကလည်းရှိနေတော့ သူတို့ရဲ့ဘိပျောက်မှာ စိုးရိမ်လာတဲ့အခါ အမ်မရာကိုမကြည်ကြတော့ပါဘူး။ တစ်ဖက်မှာလည်း LDRS ဖြစ်နေတုန်းက ကျင်းအစုံတူးထားတဲ့ ရည်းစားရဲ့ အပုပ်နံ့ကိုလည်း သိသွားရပါတော့တယ်။အမ်မရာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရပြီးဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Annem (2019) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Drama 🗓 2019 🎞 movie 📺 #1080p #720p #480p 💿 1.5 GB ⦿ 632.4 MB ⦿ 364.3 MB 🌎 #Turkey ⏰ 1 နာရီ 50 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Annem (2019)===========Genre – DramaIMDB – 5.8/10 ဒရမ်မာကားတွေနဲ့ မျက်ရည်ခြူတဲ့နေရာမှာ တူရကီကားတွေ ပိုင်နိုင်နေကြသလား။ လူတိုင်းသိကြမယ့်ကားလေးပြောဆို ကိုရီးယားကလေးမလေးနဲ့တူရကီစစ်သားကြီးတို့ မေတ္တာအကြောင်း ရိုက်ထားတဲ့ Ayla ဆိုတာ ရှိပါတယ်။ တကယ်ကို ကြည့်မိတဲ့လူတိုင်း မျက်ရည်ဝဲရတဲ့ကားပါ၊ အခုလည်းမျက်ရည်ခြူမယ့်နောက်တစ်ကားဖြစ်ပါတယ်။ ဒီတစ်ခါတော့ မိခင်မေတ္တာကို ဖော်ကျုးထားတဲ့ ဒရမ်မာကားလေးပေါ့။ တူရကီက ရွာလေးတစ်ရွာမှာ အသက်ကြီးမှ သမီးလေးမွေးထားတဲ့ လင်မယားရှိကြတယ်၊ ယောက်ျားကတော့ မြင်းလောင်း အရက်သောက်နဲ့ ဆူပူတကျက်ကျက်ပေါ့လေ။ မအေကြီးခမျာကျ ချစ်ရှာတယ်။ အသက်ကြီးမှရတာအပြင် သူ့လို ပညာမတတ်တာမျိုး မဖြစ်စေချင်လို့ ကျောင်းလည်းတက်စေချင်တယ်၊ ယောက်ျားကတော့ တားတာပေါ့လေ၊ အချိန်တန် ယောက်ျားပေးစားပြီး လယ်လုပ်ရမယ်ပေါ့။ ဒါပေမဲ့ အတိုက်အခံတွေကြားက မအေအိုကြီးလည်း ရအောင်ထားခဲ့ရှာပါတယ်၊ မရှိလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးရင်းနဲ့ပေါ့။ ဒီလိုနဲ့ အသက်ကြီးလာခဲ့တော့ အမေအိုကြီးက ချစ်ပြီး သည်းသည်းလှုပ်နေသလောက် ဆယ်ကျော်သက်ဖြစ်လာတဲ့ကောင်မလေးက ရွာသူအဖွားကြီး သူ့ကို အရှက်ကွဲရစေတယ်ပေါ့လေ။ ဒီရွာကြီးမှာလည်း မနေချင်တော့ဘူး မြို့သွားပြီး ကောလိပ်တက်ချင်လာတယ်။ အိမ်မှာလည်း မိဘတွေနဲ့တကျက်ကျက်ဆိုတော့ စိတ်ညစ်လာတယ်ပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကောလိပ်ဝင်ခွင့်အောင်လို့ အတောင်စုံတဲ့ငှက်မလေး ပျံသန်းဖို့ အချိန်ကျလာခဲ့တဲ့အခါမှာတော့……..။ တကယ်ကိုမျက်ရည်ဝဲရမယ့် အမေနဲ့သမီး ဒရမ်မာကားလေးပါ မိခင်လုပ်တဲ့မင်းသမီးကြီးဆို တော်တော်သရုပ်ဆောင်ကောင်းပြီး ကျွန်တော်တို့ ဟိုးအရင်ချိုပြုံးတို့အမေလုပ်တုန်းက ခေတ်ကိုတောင် သတိရစေပါတယ်၊ နောက်ပြီးနောက်ကွယ်ကနေ ကောင်းကောင်းပံ့ပိုးနေတာကတော့ နောက်ခံတေးဂီတပါပဲ တကယ်ကို ဆွေးမြေ့ဖွယ်လေးတွေနဲ့ ပုံဖော်ထားတာပါ။ သမီးဖြစ်သူနေရာက မင်းသမီးကလည်း အတော်ခပ်ချောချောပါပဲ။ စိတ်ခိုင်တဲ့အချိန်ဆိုရင်တော့ အတူတူကြည့်ပြီး မိခင်ကျေးဇူး အောက်မေ့လိုက်ကြရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

Siya (2022) ⭐IMDB: 8.9/10 (6 k Votes) 🎬 #Bollywood #Drama 🗓 2022 🎞 movie 📺 #1080p #720p 💿 1.9 GB ⦿ 776.6 MB 🌎 #India ⏰ 1 နာရီ 51 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Siya (2023)**************ဒီ ဟင်ဒီစကားပြောCrime/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးကိုတော့ Zee5 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီးIMDb rating 8.9အထိ ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းစီယာဟာ ၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီးရွာမှာ အဖေတို့ အဒေါ်တို့နဲ့ နေပါတယ်။သူက ဒေလီကိုသွားပြီး အလုပ်လျှောက်ဖို့ အိပ်မက်မက်နေခဲ့ပေမဲ့အခြေအနေ အကြောင်းကြောင်းကြောင့် သွားခွင့်မရခဲ့ပါဘူး။တစ်နေ့မှာတော့ ရွာသားတချို့ရဲ့ ယုတ်မာမှုကို ခံလိုက်ရပါ‌တော့တယ်။ဒါပေမဲ့ သူဟာ အမှန်တရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ယုတ်ညံ့တဲ့ အသိုက်အဝိုင်းကိုသတ္တိရှိရှိ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရာမှာတော့ … စီယာတစ်ယောက် ဘယ်လိုအခက်အခဲ အတားအဆီးတွေနဲ့ရင်ဆိုင်ရမှာလဲ ….အမှန်တရားက သူ့ကို မျက်နှာသာ ပေးမှာလား …ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ … ဇာတ်လမ်းအညွှန်းကတော့ Thaik Sanမှ ရေးသားပေးထားပြီးဘာသာပြန်တွေကတော့ Thaik San,BpLနဲ့ Yunniတို့ပဲ ဖြစ်ပါတယ်။...

Bitter Moon (1992) ⭐IMDB: 7.2/10 (41 k Votes) 🎬 #Adult #Drama #Romance #Thriller 🗓 1992 🎞 movie 📺 #1080p #720p 💿 2.1 GB ⦿ 936.8 MB 🌎 #France #UnitedKingdom ⏰ 2 နာရီ 20 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bitter Moon (1992) ~ IMDb – 7.2/10, Rotten Tomatoes – 63% ~ ခေတ်လိုအပ်ချက်အရရော လူ့လိုအပ်ချက်အရရော Erotic ကားတွေကို ရိုက်ခဲ့ကြတဲ့ အထဲမှာ ထိတ်ထိတ်ကြဲဒါရိုက်တာတွေလည်း မကင်းခဲ့ပါဘူး။ မင်းသားမင်းသမီးတွေကတော့ ပိုမကင်းပေါ့။ အရှေ့တိုင်း အနောက်တိုင်းအပါအဝင် နာမည်ကြီးစီနီမာတော်တော်များများက ဒါရိုက်တာတွေထဲ ဒီလိုကားတွေရိုက်ခဲ့တဲ့သူတွေ မနည်းပါဘူး။ ဒီတစ်ခါကားကို ရိုက်တဲ့သူက ရိုမန်ပိုလန်စကီးပါ။ ရိုမန်ပိုလန်စကီးနာမည်ကို ဂိတော်တော်များများလည်း ရင်းနှီးပြီးသားပါပဲ။ သူ့မရင်းနှီးတောင် သူရိုက်ခဲ့တဲ့ကားတွေကိုတော့ ရင်းနှီးကြမှာပါပဲ။ The Pianist, Rosemary’s Baby, Chinatown စသဖြင့် မာစတာ့ မာစတာပိစ်တွေကားတွေကို ရိုက်ခဲ့တဲ့ ဆရာကြီးပါပဲ။ ဒီဘဲက အော်စကာ၊ ဗြိတိန်အကယ်ဒမီ၊ ဆီဇာ၊ ရွှေကမ္ဘာလုံး၊ ရွှေဝက်ဝံ၊ Palme d’Or စသဖြင့် ထိပ်တန်းတကာထိပ်တန်းဆုကြီးတွေနဲ့ အမြဲ မျက်မှန်းတန်းမိနေတဲ့ လူဆိုလည်းမမှားဘူး။ ဒီတော့ သူ့စကေးကိုတော့ သွားရှုပ်လို့မရဘူးပေါ့။ ဒီဘိုးအေကြီးက ဟိုးဟောလိဝုဒ်ရွှေခေတ်ကတည်းကရှိခဲ့တဲ့သူဖြစ်သလို ဒီနှစ် ၂၀၂၃မှာလည်း ကားအသစ်ထွက်ဖို့ရှိသေးပြန်တာပါပဲ။ ဒီကားကလည်း သူကိုယ်တိုင်ရိုက်ထားတဲ့ Erotic ဆန်ဆန်ကားဆိုတော့ ဇာတ်ကတော့ ကြမ်းပါတယ်။ ဒါပေမဲ့လည်း သူ့ကားကိုမျှော်မှန်းထားမယ့်လူတွေအတွက် စံတင်လောက်စရာမဖြစ်ခဲ့လို့လားမသိ ရိတ်တင်ကတော့ မကောင်းသွားရှာပါဘူး။ အဲဒီလိုဆိုရင်တောင် Erotic ဆန်ဆန်ကားကိုမှ ဇာတ်အိမ်အလန်းစားကြီးနဲ့ ကြည့်ချင်ကြတဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဆိုမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...

Color Rush (2020-2022) ⭐IMDB: 6.9/10 (1 k Votes) 🎬 #BL #Drama #Romance #Mystery 🗓 2020-2022 🎞 tv series 📺 #1080p #720p 💿 2.1 GB ⦿ 930.9 MB 🌎 #SouthKorea ⏰ 2 နာရီ 1 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Color Rush 2 ကဲ Color Rush S2 Movie Versionလေး လာပါပြီအရင် S1တုန်းက Mono ယွန်းအူတစ်ယောက် သူ့ရဲ့Probe ဂိုယူဟန်နဲ့ တွေ့ဆုံခဲ့ပြီး တစ်နေ့တော့ ဂိုယူဟန်က ယွန်းအူအစား ပြန်ပေးဆွဲခံခဲ့ရပြီး ပျောက်သွားခဲ့ပါတယ် အခု S2ကို အကျဉ်းချုပ်လေး ပြောပြရရင်တော့ အရောင်တွေကို အဖြူအမဲအနေနဲ့သာ မြင်ရတဲ့ Monoတွေဟာ သူတို့ကို အရောင်မြင်နိုင်စွမ်း(Color Rush)အခိုက်အတန့်ကိုပေးတဲ့ Probeတွေကို တွေ့ဆုံတဲ့အခါ… ပျော်ရသလို စွဲလမ်းလွန်းသွားတတ်တာကြောင့် ပြန်ပေးဆွဲမှု လူသတ်မှုတွေပါထိ ဖြစ်ကြတော့ ရာဇဝတ်ကောင်တွေအဖြစ် Monoတွေကို လူအများက ကျဉ်ပယ်ကြပါတယ် ဝမ်းနည်းမှု မတရားမှု စိတ်အားငယ်မှုတွေနဲ့အတူ ပတ်ဝန်းကျင်ဒဏ်ကို ခံစားရတဲ့ Monoတွေရဲ့ ခံစားချက်တွေကို အခွင့်ကောင်းယူ အသုံးချပြီး အရောင်မြင်နိုင်အောင် ဖန်တီးပေးမယ့် ”Probe ခွဲစိတ်မှု ”ဆိုတဲ့ စီးပွားရေးလောကသားအချို့ရဲ့ လျျို့ဝှက်ရာဇဝတ်မှုတစ်ခု ရှိနေတဲ့အခါ အဲ့အမှုထဲ ပါဝင်ပြီး သေဆုံးသွားခဲ့တဲ့ Mono ကျောင်းသူယယ်ဝန်အတွက် ကလဲ့စားချေမယ့် အစ်ကိုဖြစ်သူ ဆယ်ဟျွန်းနဲ့… အမေဖြစ်သူနဲ့ ဂိုယူဟန် ပျောက်ဆုံးမှုနောက်ကွယ်ကအကြောင်း စုံစမ်းနေတဲ့ ယွန်းအူတို့ သူငယ်ချင်းနှစ်ယောက်… monoတွေ ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားကို ဘယ်လိုဖော်ထုတ်ကြပြီး သူတို့နှစ်ယောက်ကြားမှာ တဖြည်းဖြည်း ဘယ်လိုဘယ်ပုံ ခံစားချက်လေးတွေ ဖြစ်ပေါ်လာမလဲဆိုတာ… ထူးထူးနဲ့မှ ခြားခြား မှုခင်းဆန်ဆန် စိတ်ဝင်စားစရာ ဒီBLကားလေးမှာ ကြည့်ရှုလို့ရပါပြီ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )...

컬러러쉬 (2021) ⭐TMDB: 0.0% User Score 🎬 #Drama #Romance 🗓 2021 🎞 Movie 📺 #720p 💿 1013.4 MB 🌎 #SouthKorea ⏰ 1 နာရီ 57 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Color Rush -BL 2021 Monoနဲ့ Probeဆိုတာကိုကြားဖူးကြပါသလား။ မကြားဖူးရင်တော့ ဒီကားလေးထဲမှာ လေ့လာလို့ရမှာဖြစ်ပြီး သိပြီးသားဆိုရင်တော့ အဲ့လူနှစ်ယောက်ကြားက ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ကြရအောင်ပါ။ Monoဆိုတာ အရောင်မြင်နိုင်စွမ်းမရှိသူကိုခေါ်ပါသတဲ့ ဒါပေမယ့် Color Blind ဖြစ်တာမျိုးတော့မဟုတ်ဘဲ သူတို့မြင်ရတဲ့လောကကြီးဟာ မီးခိုးရောင်အဖြစ်တည်ရှိနေတာမျိုးပါ။ ကံကြမ္မာက ဖန်တီးပေးထားတဲ့အဆန်းတကြယ်ဖြစ်ရပ်လေးကတော့ အဲ့ဒီMonoလိုလူတွေဟာ လူတယောက်နဲ့တွေ့တဲ့အခါ အရောင်မျိုးစုံဖြာထွက်တာ(Color rush)ကို မြင်ရပြီး အရောင်တွေကိုသိမြင်ခံစားလာနိုင်ကြပါသတဲ့။ အဲ့လိုသူတို့ကို အရောင်တွေကိုသိမြင်ခွင့်ပေးနိုင်သူကို Probeလို့ခေါ်ပြီး Monoတယောက်ဟာ သူ့ရဲ့Probeနဲ့တွေ့ဆုံခွင့်ရသွားပြီဆိုရင် အရူးအမူးစွဲလန်းသွားတဲ့ထိဖြစ်သွားတတ်ကြပါတယ်။ Probeသာဘေးမှာရှိနေရင် အရောင်တွေကိုမြင်ခွင့်ရမယ်ဆိုတဲ့လောဘကြောင့်ရော ချစ်မိသွားတဲ့စိတ်ကြောင့်ရော…ပြောရမယ်ဆိုရင် Probeနဲ့Monoဟာ soulmate လိုမျိုးဖြစ်နေကြတဲ့ သဘောသဘာဝလေးကို ဒီကားလေးထဲမှာ Monoဖြစ်သူ အထက်တန်းကျောင်းသားချွဲယွန်းဝူနဲ့ သူ့ရဲ့Probe ဂိုယူဟန်ကြားက ဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားပါတယ် BLကားလေးဖြစ်လို့ မထိတထိကလိကလိနေရာလေးများကို စောင်ကိုက်ကြည့်ရမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...

No Regret (2006) ⭐IMDB: 6.9/10 (2 k Votes) 🎬 #BL #Drama #Romance 🗓 2006 🎞 movie 📺 #1080p #720p #480p 💿 1.5 GB ⦿ 820.7 MB ⦿ 296.8 MB 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 No Regret (2006) နာမည်ကြီးမင်းသား Kim Nam Gil နုစဉ်အခါက ရိုက်ခဲ့ဖူးတဲ့ရှားရှားပါးပါး BL Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဆိုတာ ပုံစံစုံ၊ အလွှာစုံနဲ့ ဖြစ်ပျက်တည်ရှိလာခဲ့ကြတာပါပဲ။မိုးနဲ့မြေ ဆိုတဲ့ ရှေးရိုးကျဇာတ်လမ်းတွေအတိုင်းပါပဲ။မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အီဆူမင်း နဲ့ သူဌေးသားကလေး ဆွန်းဂျယ်မင်း တို့ရဲ့ အချစ်ဇာတ်လမ်းပါ။ မိဘမဲ့တစ်ယောက် ဖြစ်တဲ့ အီဆူမင်း ဟာ အခြေအနေအရပ်ရပ်ကြောင့်ယောကျာ်းပြည့်တန်ဆာဘဝနဲ့ အသက်မွေးခဲ့ရပါတယ်။သူဌေးသားကလေး ဆွန်းဂျယ်မင်းကိုတော့ စတွေ့ကတည်းက ကြည့်မရဖြစ်နေခဲ့တာပါ။ဒါပေမယ့်လည်း အီဆူမင်းကို ဆွန်းဂျယ်မင်းက တန်းတန်းစွဲ ဖြစ်လို့နေခဲ့ပါတယ်။ဆွန်းဂျယ်မင်းက အီဆူမင်းကို မရရအောင် လိုက်ခဲ့ပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဌေးသားနဲ့ ပြည့်တန်ဆာတို့ရဲ့ အချစ်ဇာတ်လမ်းကပန်းခင်းထားသလို သာယာဖြောင့်ဖြူးနေခဲ့တာတော့ မဟုတ်ပါဘူး။ ဘာအခက်အခဲတွေနဲ့ ကြုံရမလဲ?သူတို့နှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲ? ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။မင်းသားနှစ်လက်ကလည်း ဓာတုဗေဒမိမိနဲ့ သရုပ်ဆောင်ထားတာမို့အရိုခန်းလေးတွေကလည်း အသက်ဝင်နေတာကို မြင်ကြရဦးမှာပါ။ ဘာသာပြန် နဲ့ အညွှန်းကတော့ Go Dong Won ပဲ ဖြစ်ပါတယ်။...

Kissable Lips (2022) ⭐TMDB: 10.0% User Score 🎬 #BL #Drama #Romance 🗓 2022 🎞 Movie 📺 #1080p #720p #480p 💿 1.2 GB ⦿ 637.7 MB ⦿ 230.7 MB 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 26 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kissable Lips (2022) ဒီကားလေးက blကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့သွေးသန့်လူသားတို့ရဲ့အချစ်ဇာတ်လမ်းလေး wpတွေမှာ အရမ်းစိတ်ကူးယဥ်ပြီးရေးဖူးတာတွေတွေ့မှာပါဒီကားလေးကလည်းအဲ့လိုပါပဲ။ “ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်ခဲ့သူတွေမှာ အခံစားရဆုံးက ကျန်ရစ်ခဲ့သူတွေ” လို့ ပြောကြတယ်အဲ့ထဲမှာမှ ကိုယ့်ကြောင့်ချစ်ရတဲ့သူက ထွက်သွားရတာဆို လုံးဝဖြေမဆည်နိုင်အောင်ပါပဲ ဇာတ်လမ်းလေးထဲမှာလည်း ဂျန်ဟိုဆိုတဲ့သွေးစုပ်ဖုတ်ကောင်ဟာသူ့စိတ်မထိန်းနိုင်မှုကြောင့် သူ့ချစ်သူဒိုဟွန်းကိုဆုံးရှုံးခဲ့ရပါတယ် ပိုဆိုးတာက သူတို့သွေးစုပ်ဖုတ်ကောင်တွေမှာလဲ စည်းမျဥ်းတွေရှိနေတာပါပဲလူသား (သို့မဟုတ်) မျိုးတူအချင်းချင်းကိုသတ်မိရင်အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားမှာပါ ခုလည်းချစ်သူလူသားကိုသတ်မိတဲ့ ဂျန်ဟိုဟာ ပျောက်ကွယ်ဖို့အချိန်နီးကပ်လာပါတော့တယ်ဒါပေမဲ့ ရှင်သန်ချင်ရင် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူးအဲ့ဒါကတော့ သွေးသန့်လူသားကို ရှာပြီးသူ့သွေးကိုစုပ်ရမှာပါသွေးသန့်လူသားကလည်း ရာစုနှစ်တစ်ခုကြာမှတစ်ယောက်ပဲမွေးဖွားပါတယ် လူသားဖြစ်ဖို့နည်းလမ်းရှာနေတဲ့ဂျန်ဟိုတစ်ယောက်သွေးသန့်လူသားချွဲမင်ဟျွန်းကိုတွေ့တဲ့အခါမှာဘာတွေဆက်ဖြစ်မလဲ ဘယ်လိုကြိုးစားမလဲ စိတ်ဝင်စားစရာလေးမို့ကြည့်ကြည့်ပါနော် ပြီးတော့ uke လေးရော seme လေးရောအရမ်းချောတာမို့ ကြည့်ရတာတန်ပါတယ်ရှင် ဂျန်ဟိုအဖြစ် Kim Ji Woongချွဲမင်ဟျွန်းအဖြစ် Yoon Seo Binဟေးဆိုးအဖြစ် Moon Ji Hoo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။...

Marrowbone (2017) ⭐IMDB: 6.7/10 (35 k Votes) 🎬 #Drama #Horror #Mystery #Thriller #Adventure 🗓 2017 🎞 movie 📺 #1080p #720p #480p 💿 2.6 GB ⦿ 1.3 GB ⦿ 520.6 MB 🌎 #Spain #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 57 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 A young man and his three younger siblings are plagued by a sinister presence in the sprawling manor in which they live....

Fear the Invisible Man (2023) ⭐IMDB: 4.0/10 (150 Votes) 🎬 #Horror #ScienceFiction #Thriller 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 2.4 GB ⦿ 1.1 GB ⦿ 455.5 MB 🌎 #UnitedKingdom ⏰ 1 နာရီ 40 မိနစ် 51 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 A young British widow shelters an old medical school colleague, a man who has somehow turned himself invisible. As his isolation grows and his sanity frays, he schemes to create a reign of wanton murder and terror across the city....

Over the Top (1987) ⭐IMDB: 5.8/10 (57 k Votes) 🎬 #Action #Drama #Sport 🗓 1987 🎞 movie 📺 #1080p #720p 💿 2.8 GB ⦿ 844.8 MB 🌎 #UnitedStates ⏰ 1 နာရီ 34 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Over the Top (1987) အားလုံးရဲ့အချစ်တော် ရမ်ဘိုမင်းသားကြီး စတားလုန်းစ်ရဲ့ဂန္ထဝင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ Arm-Wrestling အားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်တွေ့ကြတဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့ ရင်ထဲထိစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ~ ဇာတ်လမ်းအကျဥ်း ~ လင်ကွန်းဟော့ခ်က ယောက္ခမဖြစ်သူရဲ့စနက်ကြောင့် ကွာရှင်းခဲ့ရပြီး ဇနီးနဲ့သားလေးကိုထားခဲ့ရတာပါ။ နှစ်တွေကြာပြီးနောက်မှာ မိုက်ကယ့်အမေ နှလုံးရောဂါသည်က သူကြာကြာမနေရတော့ဘူးဆိုတာသိတဲ့အတွက် မိုက်ကယ့်အဖေကိုပြန်ခေါ်ခဲ့ပြီး မိုက်ကယ်သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုခိုင်းခဲ့ပါတယ်။ မိုက်ကယ်ကတော့ သူ့အဖေထွက်သွားရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် စစတွေ့ချင်းမှာ သူ့အဖေကို မကြည်ဖြူခဲ့ပါဘူး။ ကုန်ကား​ပေါ်က အိမ်အပြန်သုံးရက်ခရီးမှာ လူလည်လေးမိုက်ကယ်ရဲ့ အဖေကိုဆရာလုပ် သြဝါဒချွေတဲ့အခန်းတွေနဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်ရင်း ရင်းနှီးသွားကြပုံကို ကြည်ကြည်နူးနူးကြည့်ရှုခံစားကြရမှာပါ။ ဒီခရီးအပြီးမှာဘာတွေဆက်ဖြစ်လာမလဲ… မိုက်ကယ့်အဘိုးက ဘယ်လိုတွေဖျက်ဦးမလဲ… ဆိုတာကို မင်းသားကြီးစတားလုန်းစ်ရဲ့  Arm-Wrestling စကေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...