uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Couples Retreat (2009) ⭐IMDB: 5.5/10 (113 k Votes) 🎬 #Comedy #Romance 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေခြံရံထားတဲ့ Couples’ retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်.အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲအချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။Couples’ retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့အချိန်ကာလတစ်ခု ကိုဆိုလိုတာပါစုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာစိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာစိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples’ retreat လို့တင်စားပြောနိုင်ပါတယ်ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကိုပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ်ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ရွန်နီတို့ အတွဲပါ ပါလာခဲ့ပြီးချိန်မှာတော့ ဂျေဆင်ခန့်မှန်းထားတဲ့အတိုင်းစုံတွဲ၄တွဲရဲ့ အပန်းဖြေခရီးစဉ်က ဖြစ်မြောက်လာခဲ့ပါတယ်စလိုက်ရှိုးမှာပြထားတဲ့အတိုင်း စနော်ကယ်နဲ့ရေငုပ်တာတွေ. ဂျက်စကီးစီးတာတွေ.ကနူးလှေလှော်တာတွေစတဲ့ ပျော်စရာလှုပ်ရှားမှုတွေကို မျှော်လင့်ထားပေမယ့် ကျွန်းကို ရောက်သွားချိန်မှာတော့ သူတို့ မမျှော်လင့်ထားတဲ့ Couples’ therapy Session ကို မဖြစ်မနေလုပ်ရမယ့်အခြေအနေကို ရောက်လာခဲ့ပါတော့တယ်မအားလပ်တဲ့နေ့စဉ်ဘဝကနေ ရုန်းထွက်လာခဲ့ပြီးမှ စုံတွဲဆွေးနွေးခန်းဝင်နေရတဲ့သူတို့.ကျွန်းပေါ်မှာ ပျော်စရာ အခိုက်အတန့်လေးတွေကို ဖန်တီးနိုင်မလား.ကိုယ့်ဘဝရဲ့လက်တွဲဖော်အစစ်ကို တွေ့ရှိသွားမလား.စုံတွဲတွေကြားထဲက အေးစက်ပျောက်ဆုံးနေတဲ့ခံစားချက်တွေကို ပြန်လည်ရှာတွေ့နိုင်မလား ဆိုတာကိုဟာသနှောပြီးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကို CM ကနေ ပရိသတ်များကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက် ရပါတယ်...

Soul Surfer (2011) ⭐IMDB: 7.0/10 (52 k Votes) 🎬 #Biography #Drama #Family #Sport 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတိုင်း၌ ထူးခြားသော အခွင့်အရေးတစ်ရပ်စီ ပိုင်ဆိုင် ထားကြသည်။သို့သော် ထိုအခွင့်အရေးကို  ရယူအသုံးချနိုင်ရန်မှာ လူတစ်ဦးချင်းစီ စိတ်စွမ်းအားဖြင့်သာသက်ဆိုင်မှုရှိ ကြောင်းကို  Soul Surfer  ဇာတ်ကား၌ ဖွင့်ဆိုခဲ့ပါသည်။ ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးခဲ့သော ဇာတ်ကား ဖြစ်ပါသည်။ လက်တစ်ဖက်မရှိတော့ဘဲပရော်ဖက်ရှင်နယ် ရေလွှာလိႈင်းစီးသူဖြစ်လာခဲ့သည့် ဘတ်တနီဟမ်မယ်လ်တန် အကြောင်းကိုရိုက်ကူးခဲ့ခြင်းဖြစ်သည်။IMDb Rating (7.1/10) ရရှိထားပါတယ်။ ဟမ်မယ်လ်တန်ကို ၁၉၉၀ပြည့်နှစ်၌ ရေလွှာလိႈင်းစီးသူ မိဘနှစ်ပါးမှ ဟာဝိုင်အီတွင်မွေးဖွားခဲ့သည်။ မိဘများနည်း တူ ရေလွှာလိႈင်းစီးခြင်းကို ဝါသနာထုံသူဖြစ်ပြီးငယ်စဥ်ကတည်းကပင် ရေလွှာလိႈင်းစီးခဲ့သူ ဖြစ်ပါသည်။ ထိုစဥ်က တည်းက ဟမ်မယ်လ်တန်ကိုအလားအလာရှိသော ရေလွှာ လိႈင်းစီးသူ ဆယ်ကျော်သက်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။ဒေသတွင်း ပြိုင်ပွဲများတွင်လည်းထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့သည်။ထို့ပြင် ကိုယ်လက်အင်္ဂာချို့ယွင်းမှုမရှိသော လူတစ်ဦးအဖြစ်လည်း ရပ်တည်ရှင်သန်နေခဲ့ပါသည်။ ၂၀ဝ၃ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့။  ဟမ်မယ်လ်တန်နှင့် သူငယ်ချင်းဖြစ်သူအယ်လန်နာဘလန်ချက် နှင့် ရေလွှာလိႈင်းစီးထွက်ခဲ့သည်။ သူတို့နှင့်အတူ ဘလန်ချက်၏ဖခင်လည်း လိုက်ပါခဲ့သည်။ ရေလွှာလိႈင်းစီးနေရင်းက ပင် ဟမ်မယ်လ်တန်ကိုငါးမန်တစ်ကောင်က ဝင်ဆွဲခဲ့သည်။ တစ်ကိုယ်လုံးပါမသွားခဲ့သော်လည်း ဗယ်ဘက်လက်ကငါး မန်းပါးစပ်အတွင်း  ပါသွားခဲ့သည်။ လက် မောင်ရင်းမှစပြီး လက်တစ်ချောင်းလုံးပါသွားခဲ့ခြင်းဖြစ်သည်။ ငါးမန်းက နောက်တစ်ကြိမ် ပြန်လှည့်မလာသော်လည်းသွေး ထွက်လွန်မှုက ဟမ်မယ်လ်တန်ကို သတိလစ်စေခဲ့သည်။ သေဆုံးသည်အထိမဖြစ်ခဲ့သော် လည်း ဗယ်ဘက်လက်က လုံးဝမရှိတော့ပေ။ ဟမ်မယ်လ်တန်၏ အိပ်မက်ကပရော် ဖက်ရှင်နယ် ရေလွှာလိႈင်းစီးသူ ဖြစ်လိုခြင်း ပင် ဖြစ်၏။  လက်ကို ငါးမန်းဆွဲခံလိုက်ရ သည့်အချိန်မှာ ဟမ်မယ်လ်တန်၏ အသက် က ၁၃နှစ်သာ ရှိသေးသည်။ ဆေးရုံမှဆင်း ခဲ့ပြီးနောက်သူ၏ ရည်ရွယ်ချက်က ရေထဲ ဆင်းနိုင်ရန် ဖြစ်သည်။ လက်နှစ်ဖက်ရှိသူ ပင် မလွယ်ကူသောရေလွှာလိႈင်းစီးခြင်းကို ဟမ်မယ်လ်တန်က လက်တစ်ဖက်တည်းဖြင့် စီးနိုင်ရန် ကြိုးပမ်းခဲ့သည်။မိဘနှစ်ပါးက အားပေးကူညီခဲ့သည့် နည်းတူ မိသားစုဝင် များကလည်း အားပေးခဲ့ကြသည်။အခက် အခဲနှင့် သဘောထားကွဲလွဲမှုများ ကြုံတွေ့ခဲ့ သော်လည်း အိပ်မက်အတိုင်းဖြစ်လာစေဖို့ဟမ်မယ်လ်တန်က လက်မလျော့ခဲ့။ ယခုဇာတ်ကားကို ဒါရိုက်တာ ရှောန် မက်နမ်မရာက ရိုက်ကူးခဲ့ပါသည်။ဟမ်မယ်လ်တန်ရေးသားခဲ့ပြီး ၂၀ဝ၄ခုနှစ်က ထွက်ရှိခဲ့သော စာအုပ်ကိုပင် အခြေခံထားခဲ့သည်။ထိုစာအုပ်အမည်က Soul Surfer: A True Story of Faith, Family, and Fighting toGet Back on the Board ဖြစ်ပါသည်။ (ရုပ်ရှင်အညွှန်းကို notyetnow.wordpress.com မှကူးယူဖော်ပြပါသည်။)...

Bringing Down the House (2003) ⭐TMDB: 60.0% User Score 🎬 #Comedy #Drama 🗓 2003 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bringing down the House (2003)Genre – ComedyIMDB – 5.6/10 ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။ မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲ ရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။ American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူ လူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကို ခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက အလုပ်ပဲအရမ်းလုပ်ပြီး ကလေး ၂ ယောက်ကို အချိန်မပေးနိုင်တဲ့အပြင် ဇနီးဖြစ်သူကိုပါ ချစ်ပေမဲ့လည်း ကွာရှင်းခံထားခဲ့ရတဲ့လူပါ။ အဲဒီမှာတင် လိုင်းပေါ်ကနေ ကောင်မလေးတစ်ယောက်နဲ့ ဥပဒေအကြောင်း တိုင်ပင်ဆွေးနွေးကြပြီး အပြင်မှာပါ တွေ့ဖို့ ချိန်းထားတဲ့အထိ အဆင်ပြေ ချောမွေ့နေတာပေါ့။ တစ်ရက်ကျ အလုပ်မှာ အပေါက်ဆိုး ဂုဏ်မောက်တဲ့ဖောက်သည် တစ်ယောက်ကိုလည်း အလုပ်ကိစ္စ စာချုပ်ရအောင် ချုပ်ရမယ့်အချိန် ကလေးနှစ်ယောက်ကိုလည်း အိမ်မှာခေါ်ထားရမယ့်အချိန် မတိုင်ခင်မှာ အွန်လိုင်းပေါ်က လူဖြူကောင်မလေးနဲ့ ညစာဒိတ်ထားလို့ စောင့်နေတာပေါ့။ ဒီမှာတင် ပေါက်ချလာတာက ပုံထဲမှာ ပြထားသလို လူဖြူမချောချောလေး မဟုတ်ပဲ ထောင်ထွက် ရာဇဝတ်သား လူမည်းအမျိုးသမီးကြီး ဖြစ်နေပြီး သူ့ကို တစ်ပတ်ရိုက် ဂျင်းထည့်ပြီး ရောက်လာတာနဲ့ ဖြစ်ပါတယ်။ အဲဒီမှာ ဘယ်လိုမှ နှင်ချမရတဲ့အဆုံး အိမ်ပေါ်ခေါ်တင်ထားပြီး ကလေးနှစ်ယောက်နဲ့ အပြင် ဖောက်သည် စာချုပ်ချုပ်ရမယ့်ကိစ္စတွေကြား ဒီ ဘွားတော်နဲ့ ပြဿနာတွေတက် တလွဲတွေ ဖြစ်ကြပြီး ဘယ်လိုဖြေရှင်းကြမလဲ ရယ်မောပြီး ကြည့်နေရမှာ ဖြစ်ပါတယ်။...

Ida (2013) ⭐IMDB: 7.4/10 (60 k Votes) 🎬 #Drama 🗓 2013 🎞 movie 🌎 #Poland #Denmark #France #UnitedKingdom ⏰ 1 နာရီ 22 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပိုလန်နိုင်ငံ ဒုတိယကမ္ဘာစစ်ကြီးအပြီးကာလများမှာဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်တစ်ခုလုံးကိုအဖြူအမဲ ကာလာနဲ့ ရိုက်ကူးထားတယ်။ ဓာတ်ပုံဆန်ဆန် မလှုပ်မလျက်ကင်မရာရိုက်ချက်တွေအများကြီးသုံးထားတယ်။ ဒုတိယကမ္ဘာစစ်ပွဲအတွင်းနဲ့စစ်ပြီးကာလမှာ လူသားတွေရဲ့ ပုဂ္ဂိုလ်ရေး၊ သမိုင်းရေးအရ ရုန်းကန်ရတာတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ပြထားတယ်။ ကျပ်တည်းမှုတွေ၊ ချွတ်ခြုံကျမှုတွေ ကြားမှာ လူတွေရဲ့ စိတ်ဓာတ်ဖောက်ပြားမှုဟာ ရိုးအီနေပြီဖြစ်တဲ့ ဘဝရဲ့လှည့်ကွက်တစ်ခုသာဖြစ်တယ်။ စစ်ကြီးအတွင်းမှာ မိဘမဲ့ဖြစ်ခဲ့ရတဲ့ အယ်လ်ဒါတစ်ယောက် သီလရှင်ကျောင်းမှာပဲကြီးပြင်းခဲ့ရတယ်။ သီလရှင်တသက်လုံးဝတ်ဖို့ ကျမ်းမကျိန်ခင်မှာ ကျောင်းအုပ်မာသာကြီးက တစ်ဦးတည်းသောသက်ရှိထင်ရှားဆွေမျိုးရင်းခြာဖြစ်တဲ့ သူ့အဒေါ်ဆီမှာသွားနေဖို့ စေလွှတ်ခဲ့တယ်။ အဒေါ်ဖြစ်သူဗန်ဒါက အငြိမ်းစား ပြည်နယ်တရားသူကြီး၊ စစ်အတွင်းမှာရခဲ့တဲ့ စိတ်ဒဏ်ရာအမာရွတ်တွေနဲ့ခုချိန်ထိ ဘဝကိုလေးပင်စွာဖြတ်သန်းနေတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ပေါ့။ အယ်လ်ဒါ့ ရဲ့ဇစ်မြစ်၊ အဖေနဲ့အမေ စစ်ကြီးအတွင်းမှာ ဘယ်လိုဆုံးပါးခဲ့လဲဆိုတာ ဗန်ဒါနဲ့တွေ့မှ သီလရှင်လေးအယ်လ်ဒါ သိခဲ့ရတယ်။ တူကြီးနှစ်ယောက် ရှေ့ဆက်ပြီး အတိတ်ကိုပြန်လည်တူးဆွ ကြည့်ကြတာကိုတော့ ဆက်ကြည့်လိုက်ကြပါ။ ရင်ဘတ်ထဲမှာ လေးပင်တဲ့ခံစားချက်တစ်ခုတော့ ကျန်ခဲ့မှာအသေချာပါပဲ။...

The Fifth Estate (2013) ⭐IMDB: 6.2/10 (42 k Votes) 🎬 #Biography #Crime #Drama #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #India #Belgium #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။The Fifth Estate ဆိုတာ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks  ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World’s Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။The Fifth Estate ဇာတ်ကားဟာ WikiLeaks ရဲ့အတွင်းရေးကို ဖွင့်ချထားတာဖြစ်ပါတယ်။Daniel Domscheit Berg ဟာ Assange ရဲ့ အရမ်းအားကိုးရတဲ့ သူငယ်ချင်းပါ။သူတို့နှစ်ယောက် စိတ်ဝမ်းကွဲပြီးတဲ့နောက် Daniel က စာအုပ်ရေးပြီး WikiLeaks ရဲ့အတွင်းရေးတွေကို ဖွင့်ချပြခဲ့တာပါ။ဒီဇာတ်ကားကိုကြည့်ပြီးတဲ့နောက် ဟက်ကာတွေရဲ့ ဘဝကို နားလည်လာမှာပါ။ဟက်ကာဖြစ်ဖို့ ဘယ်လောက်တောင်ကြိုးစားခဲ့ရတယ်။ ပိုက်ဆံတွေ ဘယ်လိုရှာခဲ့ရတယ်။ ကိုယ်ပိုင်ဆာဗာထောင်နိုင်အောင် ဘယ်လိုစုခဲ့ရတယ်။ အစိုးရမသိအောင် ဘယ်လိုပုန်းနေရတယ်။ အကယ်၍မိသွားရင်လည်း ကိုယ်အရမ်းချစ်ရတဲ့ကွန်ပျူတာနဲ့ အစိုးရတွေက အဝေးဆုံးမှာ ထားထားတာပါ။ဒီဇာတ်ကားမှာ Assange က ဘယ်လိုရည်ရွယ်ချက်နဲ့ဒီဝက်ဘ်ဆိုဒ်ကိုထောင်ခဲ့တယ်ဆိုတာကို လေ့လာရမှာပါ။နောက်ပြီး သူလုပ်လိုက်တဲ့အမှုက ဘယ်လောက်တောင် ကမ္ဘာကိုတုန်လှုပ်စေခဲ့တယ်ဆိုတာ သိရမှာပါ။ နောက်ပြီး သူဘာလို့ ခေါင်းတွေစွတ်စွတ်ဖြူနေတာလဲဆိုတာကိုလည်း တွေ့ရမှာပါ။ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ညွှန်းလိုက်ရပါတယ်။Julian Assange အဖြစ် ကျွန်တော်တို့ CM ရဲ့ အချစ်တော် ရှားလော့မင်းသားကြီးBenedict Cumberbatch မှသရုပ်ဆောင်ထားပါတယ်။...

Rise of the Legend (2014) ⭐IMDB: 6.4/10 (4 k Votes) 🎬 #Action #Asian #Biography #Drama 🗓 2014 🎞 movie 🌎 #HongKong #China ⏰ 2 နာရီ 11 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb rating 6.5/10 ရရှိထားပြီး ဒီဇာတ်ကားမှာနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာကိုတွေ့ရှိရပါတယ်။ကျွန်တော်ကတော့ ဒီကားကို အရင်ကထွက်ထားခဲ့တဲ့ ဝမ်ဖေးဟုန်ဇာတ်ကားတွေကိုRevolution လုပ်ပြီးရိုက်ထားသလားလို့တောင်ထင်မိပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် တရုပ်ပြည် ချင်ခေတ်ရဲ့ တော်လှန်ပုန်ကန်မှုတွေ၊စစ်ပွဲတွေ၊သဘာဝဘေးအန္တရာယ်တွေနဲ့တခြားစီးပွားရေး ပြသနာတွေကို ဖေါ်ပြရိုက်ကူးထားပြီးချင်ခေတ်ရဲ့ အဆိုးဆုံးသော အခြေအနေတွေကို ရိုက်ပြထားတာပါ။တရုပ်ပြည်ရဲ့ပင်လယ် ပိုးချည်လမ်းလို့ခေါ်တဲ့ ဝမ်ကျိုးမြစ်ရဲ့ ဇူဂျန်ဆိပ်ကမ်းတစ်နေရာ ကျားနက် အဖွဲ့က အုပ်စိုးထားပြီး၎င်း ကျားနက်အဖွဲ့ကို ဦးဆောင်နေသူ မာစတာလူမှာ မွေးစားသားကတော့ ၃ယောက်ရှိပါတယ် သားအကြီးဆုံး တာဟုန် ၊ သဌေးလေး အားခို နဲ့တတိယကျား တို့ ကတာဝန်ခွဲေ၀ အုပ်ချုပ်ကြပါတယ်။ တရက်မှာ မာစတာလူ က သူ၏ စတုတ္ထမြောက်မွေးစားသားကို ရွေးချယ်ရန်သူ၏ အလုပ်သမားများထဲမှ လုပ်သက်ကြာပြီး အစွမ်းအစရှိသူများကို ရွေးထုပ်ပြီးသူ၏ပြိုင်ဘက်ဂိုဏ်း မြောက်ပင်လယ်ဂိုဏ်းကို သုတ်သင်ခိုင်းပါတယ်…….စတုတ္ထမြောက် မွေးစားသားရဲ့ ဘယ်လိုလျှိုကွက်တွေနဲ့ မြောက်ပင်လယ်ဂိုဏ်းကိုခြေမှုန်းမလဲ…..စတုတ္ထသား ကရော ဘယ်လိုရည်ရွယ်ချက် ဘယ်လို တုန့်ပြန်မှုတွေအတွက်ကျားနက်ဂိုဏ်းအတွင်းဝင်ရောက်လာသလဲဆိုတာကိုတော့ပရိတ်သတ်ကြီးအနေနဲ့ ဆက်လက်ကြည့်ရှုကြပါ……………………… P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက်အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါမာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါအသက်ကြီးပြီး ဝပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ်...

A Beautiful Mind (2001) ⭐TMDB: 79.0% User Score 🎬 #Biography #Drama #Romance 🗓 2001 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ တောင်းဆိုထားတာလည်းကြာပါပြီ။ အခုမှပဲ တင်ဖြစ်ပါတယ်။ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်သလို ကြည့်လည်း ကြည့်သင့်ပါတယ်။ဒါပေမယ့် တော်တော်များများကတော့ ဒီကားကို ပျင်းစရာ ကောင်းတယ်လို့ ထင်နိုင်ပါတယ်။တကယ်ကောင်းတဲ့ကားပါ။ ဇာတ်လမ်းက Biopic (လူတစ်ယောက်ရဲ့ ဘဝအမှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာကို Biopic လို့ခေါ်ပါတယ်။) ဖြစ်ပြီး၊John Nash လို့ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ရဲ့ ဘဝကို ဇာတ်လမ်းရိုက်ကူး ထားတာပါ။John Nash က Nobel Laureate in Economics ဆုရှင်ဖြစ်ပြီး၊သူ့ရဲ့ Equation တွေက Economy ကို အများကြီး အထောက်အကူပြု့ခဲ့ပါတယ်။သူက ၁၉၅၇ ခုနှစ်မှာ Princeton University မှာ ပညာတော်သင်ဆုရခဲ့ပြီး ပညာသင်ကြားခဲ့ပါတယ်။ဘွဲ့ရပြီးတဲ့ အခါမှာလည်း ကျောင်းမှာပဲ ဆရာအဖြစ်နဲ့ ပြန်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ ဇာတ်ကားက သူဘဝအကြောင်းကို ဖော်ကြူးထားပြီး၊ သူဘယ်လို ရုန်းကန်ရပုံ၊ အခက်အခဲတွေတွေ့ ရပုံ၊အခက်အခဲတွေကို ဘယ်လို အောင်မြင်အောင်ကျော်ဖြတ်နိုင်ခဲ့လို့Nobel ဆုရှင်အဖြစ် ချီးမြှောက်ခံရ ပုံတွေကို ပီပီပြင်ပြင် တင်ဆက်ထားပါတယ်။Biopic ဖြစ်လို့ ဇာတ်လမ်းအသေးစိတ် ပြောဖို့မလိုသလို၊ ပြောလိုက်ရင်လည်း ကြည့်ရတာ အရသာ ပျက်ပါတယ်။အထူးသဖြင့် ဇာတ်လမ်းရဲ့ အဓိက လှည့်ကွက် ကို ပရိတ်သတ်တွေ ကိုယ်တိုင် ကြည့်ရင်း သိရတာမှ တကယ် အရသာ ဖြစ်ပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ ဘဝသရုပ်ဖော် ဇာတ်လမ်း ဆိုပေမယ့် ဇာတ်လမ်းတင်ဆက်ပုံကောင်းတာကြောင့်ကြည့်ရှုသူတွေ မပျင်းမရိပဲနဲ့ကြည့်နိုင်မှာပါ။အထူးသဖြင့် ဇာတ်ရှိန်အတက်အကျ မှန်သလို၊ တည်းဖြတ်လည်းကောင်းပါတယ်။ဒါ့အပြင် များနိုင်ငံက ပညာရှင်တွေ ဘယ်လို တော်တယ်၊ ဘယ်လို ကြိုးစားတယ်၊ ဘယ်လို အချိန်ဖြုန်းတယ်ဆိုတာကိုဒီကားလေး ကြည့်ပြီး အတုယူ နိုင်မှာ ဖြစ်တာကြောင့်အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။IMDB Ratingလဲ 8.2 အထိ ရထားတဲ့ ဇာတ်ကားပါ။...

Rise of the Legend (2014) ⭐IMDB: 6.4/10 (4 k Votes) 🎬 #Action #Asian #Biography #Drama 🗓 2014 🎞 movie 🌎 #HongKong #China ⏰ 2 နာရီ 11 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb rating 6.5/10 ရရှိထားပြီး ဒီဇာတ်ကားမှာနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာကိုတွေ့ရှိရပါတယ်။ကျွန်တော်ကတော့ ဒီကားကို အရင်ကထွက်ထားခဲ့တဲ့ ဝမ်ဖေးဟုန်ဇာတ်ကားတွေကိုRevolution လုပ်ပြီးရိုက်ထားသလားလို့တောင်ထင်မိပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် တရုပ်ပြည် ချင်ခေတ်ရဲ့ တော်လှန်ပုန်ကန်မှုတွေ၊စစ်ပွဲတွေ၊သဘာဝဘေးအန္တရာယ်တွေနဲ့တခြားစီးပွားရေး ပြသနာတွေကို ဖေါ်ပြရိုက်ကူးထားပြီးချင်ခေတ်ရဲ့ အဆိုးဆုံးသော အခြေအနေတွေကို ရိုက်ပြထားတာပါ။တရုပ်ပြည်ရဲ့ပင်လယ် ပိုးချည်လမ်းလို့ခေါ်တဲ့ ဝမ်ကျိုးမြစ်ရဲ့ ဇူဂျန်ဆိပ်ကမ်းတစ်နေရာ ကျားနက် အဖွဲ့က အုပ်စိုးထားပြီး၎င်း ကျားနက်အဖွဲ့ကို ဦးဆောင်နေသူ မာစတာလူမှာ မွေးစားသားကတော့ ၃ယောက်ရှိပါတယ် သားအကြီးဆုံး တာဟုန် ၊ သဌေးလေး အားခို နဲ့တတိယကျား တို့ ကတာဝန်ခွဲေ၀ အုပ်ချုပ်ကြပါတယ်။ တရက်မှာ မာစတာလူ က သူ၏ စတုတ္ထမြောက်မွေးစားသားကို ရွေးချယ်ရန်သူ၏ အလုပ်သမားများထဲမှ လုပ်သက်ကြာပြီး အစွမ်းအစရှိသူများကို ရွေးထုပ်ပြီးသူ၏ပြိုင်ဘက်ဂိုဏ်း မြောက်ပင်လယ်ဂိုဏ်းကို သုတ်သင်ခိုင်းပါတယ်…….စတုတ္ထမြောက် မွေးစားသားရဲ့ ဘယ်လိုလျှိုကွက်တွေနဲ့ မြောက်ပင်လယ်ဂိုဏ်းကိုခြေမှုန်းမလဲ…..စတုတ္ထသား ကရော ဘယ်လိုရည်ရွယ်ချက် ဘယ်လို တုန့်ပြန်မှုတွေအတွက်ကျားနက်ဂိုဏ်းအတွင်းဝင်ရောက်လာသလဲဆိုတာကိုတော့ပရိတ်သတ်ကြီးအနေနဲ့ ဆက်လက်ကြည့်ရှုကြပါ……………………… P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက်အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါမာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါအသက်ကြီးပြီး ဝပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ်...

Lone Survivor (2013) ⭐IMDB: 7.5/10 (299 k Votes) 🎬 #Action #Biography #Drama #War #History 🗓 2013 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် စစ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ အစရဲ့ အက်ရှင်ကားကောင်း တစ်ကားဖြစ်ခဲ့ပါတယ်။ဒီကားက တကယ့် ဖြစ်ရပ်မှန် Red Wings Operation ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး၊ ကျဆုံးသွားတဲ့ စစ်သားတွေကို အမှတ်တရ ဂုဏ်ပြုထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Trailer မှာပါတဲ့အတိုင်း Navy SEAL လေးယောက်က တာလီဘန် ခေါင်းဆောင် တစ်ယောက်ကို အပြတ်ရှင်းဖို့ သွားတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ရှိနေတဲ့နေရာကို ဆိတ်ကျောင်းသား သားအဖကရောက်လာ ပြီးတွေ့သွားတဲ့အခါမှာတော့ Rules of Engagement (စစ်ပွဲတစ်ပွဲရဲ့စည်းကမ်းတွေလို့ ယေဘူယျ ဘာသာပြန်လို့ရပါတယ်) အရ ကလေးတွေ၊ လက်နှက်ကိုင် မဟုတ်တဲ့ အရပ်သားတွေကို မသတ်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲ့လိုပြန်လွှတ်ပေးလိုက်ရင် သူတို့ နောက်မှာ တာလီဘန် တွေလိုက်လာမှာကို သိရဲ့နဲ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ အထူးလေ့ကျင့်ပေးထားတဲ့ Navy SEAL လေးယောက်နဲ့ တာလီဘန် အယောက် ၂၀၀ကျော်ရဲ့ အပြန်အလှန် တိုက်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်အရလည်း ပရိတ်သတ်ကြီး ခန့်မှန်းမိနေမှာဖြစ်သလို၊ ဒီကားရဲ့ဖြစ်ရပ်မှန်ကို ရှာကြည့်ထားတဲ့ သူတွေလည်း သိနေမှာပါ။ အဲ့ဒါကတော့ ၄ယောက်မှာ ၁ယောက်ပဲ အသက်ရှင် ပြန်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက Navy SEAL တွေ ရဲရဲရင့်ရင့် တိုက်ခိုက်ပုံ၊ စွန့်လွှတ်အနစ်အနာခံပုံတွေကို ပရိတ်သတ် ရင်ထဲရောက်အောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ ရဲရင့်မှု၊ စစ်သား ကောင်းတွေရဲ့ စိတ်ဓါတ် ရေးရာ ရဲရင့်မှုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းမှာ သူတို့လွှတ်ပေးလိုက်တဲ့ ထဲက အာဖဂန် ကောင်လေးတစ်ယောက်ရဲ့ မျက်နှာမှာ ရက်စက် ကြမ်းကြုတ်မှု၊ မုန်းတီးမှုတွေ၊ ပြည့်နေပေမယ့်၊ နောက်ဆုံးမှာ မင်းသားကို ကယ်ခဲ့တဲ့ အာဖဂန် တွေကတော့ လူစိတ်ရှိတဲ့ လူသားတွေဖြစ်တယ်ဆိုတာ ပြသခဲ့ပါတယ်။ (အာဖဂန်တွေက သူတို့ ရန်သူနဲ့ တိုက်ခိုက်နေတဲ့သူကို ကာကွယ်ပေးရမယ်ဆိုတဲ့ အယူအဆကြောင့် ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ တာလီဘန်တွေက အာဖဂန် တွေကိုလည်း သတ်ဖြတ်ပါတယ်။ အခုထိလည်း အာဖဂန် တွေနဲ့ အစွန်းရောက်တာလီဘန်တွေ စစ်ဖြစ်နေတုန်းပါပဲ)ဇာတ်လမ်းကောင်းတစ်ကားပါ။ Navy SEAL (SEa, Air and Land team) နဲ့ စစ်ကားတွေကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒီကားက ဒီဇင်ဘာလ အမေရိကားမှာ ပရီးမီးယား ပြထဲက အွန်လိုင်းပေါ်မှာ အကြည်ထွက်နေတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ရုံမှာကြည့်ချင်လို့ အွန်လိုင်းမှာတောင် မကြည့်ပဲ စောင့်ခဲ့တာဖြစ်ပြီး စောင့်ရကြိုး နပ်တယ်လို့ပြောလို့ရပါတယ်။ Saving Private Ryan ပြီးနောက် အကောင်းဆုံး စစ်ကားတစ်ကား လည်းဖြစ်ပါတယ်။ ————————————-...

Bridge of Spies (2015) ⭐IMDB: 7.6/10 (322 k Votes) 🎬 #Biography #Drama #Thriller #History #War 🗓 2015 🎞 movie 🌎 #Germany #India #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 21 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒုတိယကမာၻစစ်အပြီး အချိန် ဆိုဗီယက်ပြည်ထောင်စုအင်အားကောင်းနေချိန်ဂျာမနီမှာ အုပ်ချုပ်မှုကိစ္စရှုပ်ထွေးနေချိန်အရှေ့ဂျာမနီ အနောက်ဂျာမနီခွဲခြားပြီး ဘာလင်တံတိုင်းကြီးဆောက်နေချိန်အမေရိကန်တို့ရဲ့ သြဇာကြီးမားနေတဲ့ဆိုဗီယက်အပေါ်စိုးရိမ်မှုကြီးထွားနေချိန်စစ်အေးကာလအရှိန်မြင့်တက်နေဆုံးအချိန်အမေရိကန်ပြည်သူတွေစိတ်ထဲ ဆိုဗီယက်ကအမေရိကန်ကိုအနုမြူဗုံးကျဲမယ်လို့အထင်ရောက်နေတဲ့အချိန် သမရိုးကျစစ်မှ ဘက်ပေါင်းစုံစစ်ဆင်ရေးကိုအရှိန်အဟုန်မြှင့်နေတဲ့အချိန် ဒီလိုအမှားအယွင်းမခံနိုင်တဲ့ကမာၻ႔အင်အားကြီးနိုင်ငံ၂ခုရဲ့ အင်အားချိန်ခွင်မျှနေတဲ့အချိန်မှာဆိုဗီယက်တို့ရဲ့ နျူးကလီးယားစွမ်းအင်တွေကိုထောက်လှမ်းဖို့အမေရိကန်တို့ရဲ့နောက်ဆုံးပေါ်ယူ၂ လေယဥ်တွေက ဆိုဗီယက်ပိုက်နက် ပေ ၇၀၀၀၀ အထက်က ထောက်လှမ်းဖို့စေလွှတ်ခဲ့တယ်ပေ ၇၀၀၀၀ ဆိုတဲ့အမြင့်ပေကအဲဒီ့ခေတ်အခါက လေယဥ်မှူးတွေတောင်မယုံလောက်အောင်ပျံနိုင်တဲ့အမြင့်ပေထူးခြားတာက ဒီစစ်ဆင်ရေးကိုဦးဆောင်တာက စီအိုင်အေဖြစ်ပြီးတော့ စစ်တပ်က သတင်းစစ်ဆင်ရေးအတွက်အချက်အလက်တွေစုဆောင်းပေးရတဲ့စစ်ဆင်ရေးမျိုး ဒီစစ်ဆင်ရေးမှာပါတဲ့ အမေရိကန်လေတပ်ဗိုလ်ပါ၀ါတယောက်လဲပါ၀င်ခဲ့တယ် မိဘဆွေမျိုးချစ်သူမပြောနဲ့စစ်ဆင်ရေးခန်းကထွက်တာနဲ့ဒီသတင်းကို အကောင်အထည်ဖော်ဖို့ပဲအာရုံထားခိုင်းပြီး အထူးလျှူိ့၀ွက်ထားခဲ့တယ် ဒါတင်မကဘူး ဒီစစ်ဆင်ရေးမှာပါတဲ့လူတွေက အဖမ်းခံခွင့်မရှိဘူး လေယဥ်ကိုဆိုဗီယက်တွေမိသွားခွင့်မရှိဘူး မိသွားခဲ့ရင်တောင်ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ထောင့်စေ့အောင်စီစဥ်ခဲ့တယ်ကံမကောင်းစွာနဲ့ပဲ ဗိုလ်ပါ၀ါရဲ့လေယဥ်ဟာပစ်ချခံရပြီးအဖမ်းခံခဲ့ရတယ်…….. သတင်းစစ် စစ်အေးကာလဖြစ်တဲ့အလျောက် ဆိုဗီယက်တို့ကလဲ အမေရိကန်ထဲကိုသူလျှူိတွေကိုကေဂျီဘီအဖွဲ့အုပ်ချုပ်မှုအောက်ကနေပြီးတန်ပြန်စစ်ဆင်ရေးတွေ လုပ်ခဲ့တယ် ဒီနေရာမှာဗိုလ်မှူးကြီး ရူးဒေါ့ဖ်အေဗယ်လဲအပါအ၀င်ပေါ့ရူးဒေါ့ဖ်အေဗယ်လဲ အမေရိကန်တန်ပြန်ထောက်လှမ်းရေးလက်ထဲကိုရောက်သွားတဲ့အခါ…… ဗိုလ်ပါ၀ါလေယဥ်ပျက်ကျခဲ့တာကိုအမေရိကန်တို့အနေနဲ့ နာဆာက မိုးလေ၀သတိုင်းတာတဲ့လေယဥ်ပျောက်ဆုံးသွားပြီဆိုပြီးသတင်းဖြန့်ခဲ့သလို ဆိုဗီယက်တို့ကလဲ ပါ၀ါ႔ကိုအခမ်းအနားထုတ်ပြီးသူလျှူိဖမ်းမိကြောင်းကြေငြာခဲ့တယ် တဆက်ထဲမှာပဲ ဆိုဗီယက်သြဇာကြီးထွားနေတဲ့ အရှေ့ဂျာမနီကိုအမေရိကန်တို့ကအသိအမှတ်မပြုခဲ့သလိုအမေရိကန်နိုင်ငံသားမည်သူမဆိုလက်ထဲလမ်းပြမြေပုံကိုင်မိရင်တောင် သူလျှူိလို့ဖမ်းဆီးခံနေရတဲ့အရှေ့ဂျာမနီမှာအမေရိကန်ကျောင်းသားတယောက်ပရိုင်ရာဟာသူလျှူိမှုနဲ့ဖမ်းဆီးခံလိုက်ရတယ်…… ဒီလိုအခြေအနေရှုပ်ထွေးနေတဲ့အချိန်မှာ ပြစ်မှုအတွေ့အကြုံကောင်းရှိတဲ့အာမခံရှေ့နေတယောက်က အမေရိကန်တနိုင်ငံလုံးကန့်ကွက်နေတဲ့ကြားက သူလျှူိအတွက်လျောက်လဲချက်တင်ဖို့တာ၀န်ပေးခြင်းခံရတယ် သူ့မိသားစုဟာဒီလုပ်ရပ်အတွက်ချောင်းမြောင်းလုပ်ကြံခံရပေမယ့်အသက်အန္တရာယ်တစုံတခုမကျရောက်ခဲ့ဘူး ရဲတွေကအစဒီလုပ်ကြံမှုကိုမျှတတယ်လို့မပြောယုံတမယ်ကန့်ကွက်နေတဲ့ကြားက ခံယူချက်စေတနာအတွေးအခေါ်အပြည့်နဲ့အရည်အချင်းရှိတဲ့ရှေ့နေတယောက်ရှိခဲ့တယ်သူကတော့ ဂျင်မ်ဒိုဗန်နို.(တွမ်ဟန့်)ပဲဖြစ်ပါတယ်……. လူ့အခွင့်အရေးဆိုတဲ့စကားမတွင်ကျယ်လှသေးတဲ့ အဲဒီ့ခေတ်မှာသူ့လုပ်ရပ်တိုင်းဟာလူအမုန်းခံရစရာတွေချည်းပဲ ဒါတင်မကဘူးပါ၀ါနဲ့အေဗယ်တို့သူလျှူိချင်းလဲလှယ်ဖို့ကိစ္စကိုလဲ ရဲရဲ၀င့်၀င့်တင်ပြခဲ့ပြီးဘယ်အစိုးရဘယ်အဖွဲ့အစည်းနောက်ခံထောက်ပံ့မှုမပါဘဲသာမန်နိုင်ငံသားတယောက်ရှေ့နေတယောက်အနေနဲ့ သူလျှူိတွေခြေရှုပ်နေတဲ့ ဒီ နိုင်ငံ၃ခုကြားမှာ နိုင်ငံသိက္ခာမထိအောင်အားလုံးအကျိုးစီးပွား အတွက် ဗိုလ်ပါ၀ါရယ် ကျောင်းသားပရိုင်ရာ၂ယောက်ကို ရူးဒေါ့ဖ်အေဗယ်နဲ့ရအောင်လဲခဲ့တဲ့သူ့ရဲ့ သံတမန်ရေးစွမ်းရည် အတွေးအမြင်တွေကလဲ အတုယူထိုက်ပါတယ်  သူ့ခံယူချက်ကတော့ကိုယ်လုပ်တဲ့အလုပ်ကိုယ်သိတယ်ဆိုတာပဲ ဒီကိစ္စကြီးအပြီးမှာ အမေရိကန်တွေရဲ့ အရှေ့ဂျာမနီပေါ်သဘောထားဟာလဲပြောင်းလဲခဲ့ရတယ်ကွန်မြူနစ်သူလျှူိလဲကွန်မြူနစ်အလုပ်ကိုစွန့်လွှတ်သွားခဲ့တယ်တကမ္ဘာလုံးကိုလှုပ်ခတ်သွားတဲ့ အကျိုးတရားကိုဖန်တီးခဲ့တဲ့ရှေ့နေတယောက်အကြောင်းကိုလဲရင်တထိတ်ထိတ်နဲ့တွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးသူလျှူိလဲတဲ့အခန်းမှာလဲ ကွန်မြူနစ်သူလျှူိနဲ့အမေရိကန်ရှေ့နေတယောက်ကြားသံယောဇဥ်ကိုဖော်ကျူးသွားခဲ့ပါတယ်IMD rating 7.7 ရရိွထားတဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ် File Size         : 1 GBQuality           : Blu ray 720PRunning Time : 2hr 22 minuteFormat           : Mp4Genre             : Biography, Drama, ThrillerEncoder         : Joker.phs (ဇာတ်ကား ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့ မြန်မာကြီးပဲ ဖြစ်ပါတယ်)...

The Theory of Everything (2014) ⭐IMDB: 7.7/10 (470 k Votes) 🎬 #Biography #Drama #Romance 🗓 2014 🎞 movie 🌎 #UnitedKingdom #Japan ⏰ 2 နာရီ 3 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းကတော့ ကမ္ဘာကျော် အာကာသသိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်း ရဲ့ အတ္ထုပ္ပတ္တိလေးပါ…သိပ္ပံပညာရှင်လို့ပြောရင်တောင် လုံလောက်မယ်မထင်ပါဘူး…..စာရေးဆရာလည်း ဖြစ်နေပြန်တယ်လေ….အခုဖက်ခေတ်မှာ ဒုတိယအိုင်းစတိုင်းလို့တောင် တင်စားထားပြီး Black Holes ကနေထုတ်လွှတ်နေတဲ့ Radiation တွေကိုလည်း Hawking Radiation လို့နာမည်ပေးထားပါသေးတယ်…သူရခဲ့တဲ့ ဆုတွေက ၂၁ ဆုတောင်ရှိပါတယ်…ဒီလိုဖြစ်ဖို့ သူဟာသာမန်လူကောင်း တစ်ယောက်အနေနဲ့ ကြိုးစားခဲ့ရတာမဟုတ်ပါဘူး…Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီး နဲ့ယှဉ်တွဲပြီးတော့ကိုရင်ဆိုင်ခဲ့ရတာပါရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ A Brief History Of Time ဆိုတဲ့ စာအုပ်ကို သူဘယ်လိုရေးခဲ့ရလဲ ?သူ့ရဲ့ခန္ဓာကိုယ်ကြီးက ဝှီးလ်ချဲ ပေါ်မှာပဲ အမြဲတမ်း ကန့်သတ်ခံခဲ့ရပေမယ့် သူ့ရဲ့စိတ်ကူးတွေအတွေးတွေကတော့ ဟိုးကမ္ဘာ့အပြင်ဘက် စင်္ကဝြဠာ ပေါင်းများစွာထိအောင် ရောက်နေပါတယ်..ဆရာဝန်တွေက ၂ နှစ်ပဲနေရမယ်လို့ထင်ခဲ့တဲ့ သူဟာ အခုဆို ၇၃ နှစ်တောင်ရှိနေပါပြီ …ဒါပေမယ့် သူ့ရဲ့အပြုံးတွေ ကြိုးစားမှုတွေကတော့ မှေးမှိန်မသွားသေးပါဘူး…လေ့လာမှုတွေကိုရပ်ဖို့ အစီအစဉ်တောင်မရှိဘူးဆိုပဲ…အရမ်းကို အတုယူဖို့ကောင်းပါတယ်….လေးစားဖို့လည်းကောင်းပါတယ်…။ကျွန်တော်ဇာတ်လမ်းကို ပိုပြီးသဘောကျတာက မင်းသား Eddie Redmayne သရုပ်ဆောင်ချက်တွေဖြစ်ပြီး…ရုပ်ရည် ကလည်းတူတဲ့အပြင်သရုပ်ဆောင်တာတွေပါ ပီပြင်လွန်းတာကြောင့်တကယ့်ရောဂါသည်ကြီးလားလို့တောင် ထင်ရမိပါတယ်။ ၂၀၁၅ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ တကယ့်ကိုထိုက်တန်ပါတယ်။အော်စကာဆုပေးပွဲအပြီးမှာ Stephen Hawking က သူ၏ Facebook စာမျက်နှာတွင် Eddie Redmayne ကိုဂုဏ်ပြုကြောင်းဖော်ပြခဲ့ပါတယ်….“The Theory of Everything” ဇာတ်ကားမှာ ကျနော့်အနေနဲ့ သရုပ်ဆောင်ပြီး အော်စကာဆုရသွားတဲ့ Eddie Redmayne ကို ဂုဏ်ပြုပါတယ်။မင်းအကောင်းဆုံး လုပ်ခဲ့ပါတယ် Eddie, ငါမင်းအတွက်ဂုဏ်ယူပါတယ်” ဟု Stephen Hawking ကရေးသားခဲ့ပါတယ်။ *** ဗဟုသုတ အနေနဲ့…. သူ့ရဲ့ ဝှီးချဲမှာ တပ်ထားတဲ့ကွန်ပျူတာအကြောင်းလေးပါဖေါ်ပြပေးလိုက်ပါတယ်။Tablet ==>> Lenovo ThinkPad X220 Tablet (2 copies)Processor ==>> Intel® Core™ i7-2620M CPU @ 2.7GHzSSD ==>> Intel® 150Gb Solid-State Drive 520 SeriesOperation System ==>> Windows 7Speech ==>> Speech Synthesizers (3 copies):Manufacturer ==>> Speech Plus (Incorporated 1988, Mountain View, CA)Model ==>> CallText 5010 IMDb Rating (7.7/10) Rotten Tomatoes (80%) ရရှိထားသလို အိုင်းစတိုင်းပြီးရင် ၂၀ ရာစုရဲ့အထင်ရှားဆုံး သိပ္ပံပညာရှင်အကြောင်းကို ကြည့်ဖို့ တိုက်တွန်းပါရစေ… ။...

Captain Phillips (2013) ⭐IMDB: 7.8/10 (481 k Votes) 🎬 #Biography #Crime #Drama #Action #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓါးပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/100)% အထိရရှိထားသောဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓါးမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်၀င်စားဖွယ်ကောင်းပါတယ်။ဇာတ်လမ်းအကျဥ်းကတော့..Richard Phillips တာ၀န်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သဘောၤကြီးဟာ Oman သဘောၤဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓါးပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓါးပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှုိင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓါးပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓါးပြတွေ သဘောၤနားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓါးပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဥ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သဘောၤပေါ်ကိုရောက်လာခဲ့ပါတယ်… တခြားသဘောၤသားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သဘောၤကို ပါ၀ါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါ၀ါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သဘောၤသားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သဘောၤပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓါးစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်… ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓါးစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲဆိုတာ…။ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… ဒီပိုစ့်ထဲမှာတော့ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်…သဘောၤနားကို ပင်လယ်ဓါးပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သဘောၤပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သဘောၤသား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သဘောၤပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေါ့လို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သဘောၤသားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရ...

Steve Jobs (2015) ⭐IMDB: 7.2/10 (175 k Votes) 🎬 #Biography #Drama #History 🗓 2015 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Unicode ၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး ၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ  ပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs Biography ဖတ်ပြီးကတည်းက သူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့် ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။သူကြောင့်ပဲ Apple Productရဲ့ အရသာတွေကို ခံစားတတ်လာတာပါ။ သူရဲ့ ဘ၀ ဇာတ်ကြောင်းကလဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ သူရဲ့ စိတ်သဘောထားက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူ့ရဲ့ မသိစိတ်ထဲမှာတော့  လူသားဆန်မှူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူရဲ့ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကလဲ အခုအချိန်ထိ မှန်ကုန်နေတုန်းပဲ ဆိုတာ သေချာပါတယ်။သူကို တီထွင်သူလို့ ပြောတာထက် တီထွင်မှူတွေဖြစ်ပေါ်လာအောင် Motivation အကောင်းဆုံးပေးနိူင်သူလို့  ပြောရင် ပိုမှန်မယ် ထင်ပါတယ် သူရဲ့ အပေအတေ နေထိုင်မှူတွေကြောင့် အစောကြီး သေသွားခဲ့ရတာကလဲ စိတ်မကောင်းစရာပါ။ကျွန်တော် အရမ်းကြိုက်တဲ့ ဇာတ်ကားမို့ Trailerကိုပါ မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်။ (မြန်မာစာတန်းထိုးကိုတော့ MMsubtitleမှ ကူညီပေးထားတာ ဖြစ်ပါတယ်)...

Star Trek: Discovery (2017-2024) ⭐IMDB: 7.1/10 (130 k Votes) 🎬 #SciFi #Fantasy #Action #Adventure #Drama 🗓 2017-2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 48 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Star Trek: Discovery (2017)  ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး မစ္စတာ စပေါ့ခ်မှာ ရှိခဲ့တဲ့ မွေးစားညီမလေးရဲ့ ဘဝဇာတ်ကြောင်းကိုပါ ကြည့်ရှုကြရဦးမှာပါ။ Star Trek ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ယာဉ်ပျံကြီးတွေနဲ့ ယာဉ်ပျံတွေပေါ်မှာ အမှုထမ်းနေကြတဲ့ ယာဉ်သားတွေရဲ့ တစ်ဦးပေါ်တစ်ဦး ကာကွယ်စောင့်ရှောက်ကြပုံတွေ၊ သိပ္ပံစွန့်စားလေ့လာရေးတွေကို မရိုးအီနိုင်အောင်ကို ကြည့်ကြရမယ့် ဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာမလို့ Star Trek ပရိတ်သတ်တွေ အကြိုက်တွေ့ကြမှာပါ။ Rating တွေအနေနဲ့လည်း IMDb 7.1/10 နဲ့ RT 85% အထိ ရထားပါတယ်။ File size…(895 MB)/(462 MB)...

Burning Body (2023-2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Drama #Mystery #Biography #Crime #Thriller 🗓 2023-2023 🎞 tv mini series 🌎 #Spain ⏰ 52 မိနစ် 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Burning Body (2023) CompleteBurning Body (2023) Netflix’s Mini Series  Money Heist ထဲမှာ တိုကျိုအဖြစ် သရုပ်ဆောင်ပြီး ကျွန်တော်တို့အားလုံးရဲ့ အချစ်ကိုရသွားခဲ့သူ မမ Úrsula Corberó ရဲ့ ဖြစ်ရပ်မှန် စပိန်စီးရီးအသစ်ဖြစ်ပါတယ်။ သူက Snake Eyes မှာလည်းပါခဲ့သလို G.I. Joe: Ever Vigilant မှာလည်း ပါလာဦးမှာပါ။ သူ့အပြင် Isak Férriz တို့၊ Quim Gutiérrez တို့၊ နောက် Money Heist ထဲကပဲ မေတ္တာတုံးကြီး ဂန်ဒီယာနေရာက José Manuel Poga တို့လို စပိန်က နာမည်ရှိတန်းရှိသရုပ်ဆောင်တွေလည်းပါသလို ဇာတ်လမ်းလည်းကောင်းတာမို့ စပိန်စီးရီးတွေကြည့်ရတာကြိုက်တဲ့သူတွေ စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုပါပဲ။ ဇာတ်ကတော့ သူ့နာမည်အတိုင်း… ကားတစ်စီးထဲမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်လောင်းကနေစတဲ့ ဇာတ်ပါပဲ။ အဲဒီအလောင်းက ယာဉ်ထိန်းရဲတစ်ယောက်ရဲ့အလောင်း။ သူ့ဇနီးဟောင်းရော လက်ရှိဇနီးရောက ဒီမှုခင်းနယ်ပယ်ကလူတွေ။ သူက အိမ်ကနေပျောက်သွားတာ နည်းနည်းတော့ကြာနေပြီ။ အားလုံးသိရသလောက်တော့ သူပျောက်နေတဲ့အချိန်အတွင်း သူ့ဇနီးကို သူက ” ငါဘာတွေလုပ်နေလဲ မင်းကိုပြောပြလို့မရသေးဘူး။ ငါ မင်းကို ဒီအရှုပ်တွေထဲ ဝင်မပတ်သက်စေချင်ဘူး”လို့ ပြောထားတာပဲရှိတယ်။ အဲဒီနောက်ပိုင်း သူပျောက်နေပြီး သူပြန်ပေါ်လာတော့ မီးလောင်နေတဲ့ အလောင်းအနေနဲ့ ပြန်ပေါ်လာခဲ့တယ်။ ဒီလိုနဲ့ သူ ဘာလို့သေသွားလဲ ဘာတွေလုပ်ခဲ့လဲဆိုတဲ့ ပဟေဠိကို သူ့ဇနီးရဲတွေရော တခြားရဲတွေရော အားလုံး ဝိုင်းပြီး အဖြေရှာဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီနောက် တခြားသောပဟေဠိများစွာနဲ့ ဒီဇာတ်လမ်းဟာ ဘယ်လိုရုပ်လုံးပေါ်လာမလဲဆိုတာကိုတော့ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ ၈ပိုင်းဇာတ်လမ်းမှာ အားလုံး သည်းထိတ်ရင်ဖိုနဲ့ စောင့်စားကြည့်ရှုကြရမှာပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 700MB+...

Love Amongst the Stars (2022) ⭐IMDB: 5.6/10 (160 Votes) 🎬 #Drama #Romance #TVMovie #Comedy #Family 🗓 2022 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 23 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မနှစ်ကထွက်ရှိထားတဲ့ Love Amongst The Stars ဆိုတဲ့ ကြယ်တာရာတွေကြားက အချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်ဗျ။ ဟိုက်ဒီက မြို့ငယ်လေးတစ်မြို့က တက္ကသိုလ်တစ်ခုရဲ့ နက္ခတ္တဗေဒပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောင်းသားတွေအတွက် နက္ခတ်တာရာကြည့်မျှော်စင်တည်ဆောက်ဖို့ ရန်ပုံငွေလိုအပ်တာကြောင့် အထက်ဘုတ်အဖွဲ့ကို ဒဏ္ဍာရီလာကြယ်တံခွန်တစ်ခုရဲ့ တည်ရှိမှုအကြောင်း သက်သေပြဖို့ကြိုးစားနေသူဖြစ်ပါတယ်။ ဩဂတ်စ်ကတော့ ဒီတက္ကသိုလ်ကို သမိုင်းဌာနရဲ့ ပရော်ဖက်ဆာရာထူးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့သူက ရှေးဟောင်းသုတေသီတစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာလှည့် စွန့်စားခန်းတွေဖွင့်ဖို့အတွက် နယူးယော့က်မှာ အခြေခိုင်တဲ့အလုပ်တစ်ခုရဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါကြောင့် နယူး‌‌ယောက်က အထက်လူကြီးတွေရဲ့ စိတ်အာရုံကိုဖမ်းယူနိုင်ဖို့ ဟိုက်ဒီရဲ့ ကြယ်တံခွန်ရှာဖွေရေးမစ်ရှင်ကြီးပါ ပါဝင်ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာဆို အဓိက‌ဇာတ်ဆောင်တွေက အချစ်ကိုကိုးကွယ်တဲ့အရွယ်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုရဲ့ပါမောက္ခတွေအနေနဲ့ ပုံဖော်ထားတာမို့ မျက်စိနောက်စရာ ရင်ခုန်စရာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းပုံစံမဟုတ်ဘဲ ဘဝရဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေတဲ့ သက်လတ်ပိုင်းတွေနဲ့ သူတို့ရဲ့အချစ်အပေါ်အမြင်၊ အချစ်တစ်ခုကို သူတို့ဘဝရဲ့ ဘယ်အတိုင်းအတာအထိ ဝင်စွက်ဖက်ခွင့်ပေးမလဲဆိုတာကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။...

Hyena (2020) ⭐TMDB: 63.0% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea #SouthKorea ⏰ 1 နာရီ 14 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hyena 2020 (18+)ဒီကားလေးကတော့ 18+ကိုမှ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ လျှို့ဝှက်ဆန်းကြယ်မှကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့ ကြည့်သင့်တဲ့ဇာတ်လမ်းပါ ဇာတ်လမ်းလေးကတော့ သိန်း ၂သောင်းရဖို့ရည်မှန်းချက်တွေနဲ့ ကြိုးစားနေတဲ့ သူတစ်ယောက်ရယ်ငယ်ငယ်ရွယ်ရွယ် လှလှပပ သူဌေးမလေးရဲ့ အလိုမကျစရာအချစ်ရေးကနေဘယ်လိုလှည့်ကွက်တွေနဲ့ တွေ့ဆုံမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ ဇာတ်လမ်းလေးလဲ ခံစားရင်း 18+အနုအယွ အလှအပတွေလည်းခံစားနိုင်မယ့်ကားကောင်းလေးပါ သူဌေးမလေးက ငယ်လည်းငယ် ချောလည်းချောသလိုညီမလေးမှကြိုက်တယ်ဆိုတဲ့ ညိုကီတွေ ဒီကားလေးကိုကြည့်သင့်ပါတယ်အနည်းဆုံးတော့ ပညာတွေရမယ့် ကားကောင်းလေးပါ...

Digital Village (2023) ⭐IMDB: 8.7/10 (131 Votes) 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 28 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Digital Village (2023)IMDB 8.7 “ဒစ်ဂျစ်တယ်ရွာ” ဇာတ်ကားလေးက 2023 August မှာတင်ပူပူနွေးနွေးထွက်ထားတဲ့ IMDB rating 8.7 တောင်ရထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ရွာလေးရဲ့ wedding တစ်ခုကို ဘယ်သူမှန်းမသိတဲ့မြို့က ရုပ်ရှင်ဒါရိုက်တာ လာပြီး စင်ပေါ်တက် တော်ကီဖုတ်သွားတာကိုရုပ်ရှင်ဇာတ်ညွှန်းအကြောင်းဝါသနာ ပါတဲ့ လူငယ်လေး သုံးယောက်ကအဲဒီဒါရိုက်တာဆီ မရရအောင် ချဥ်းကပ်ပါတော့တယ် အကြောင်းက သူတို့ကြံထားတဲ့ မဟာအော်ရဂျင်နယ် မာစတာပိစ် ဇာတ်ညွှန်းကြီးကိုဒါရိုက်တာက ပိတ်ကားပေါ် အသက်သွင်းပေးဖို့ပါပဲ ဒါတွေကလည်းမြက်ရိတ်ရင်း နွားစာကျွေးရင်းရလာတဲ့ အိုင်ဒီယာတွေပါ ..ဆိုတော့သူတို့အကြံအစည်အောင်မြင်သွားမလား ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အင်တာနက်/ရုပ်ရှင် ဗဟုသုတနည်းတဲ့ရွာငယ်လေးတစ်ရွာကို “ဒစ်ဂျစ်တယ်ရွာ” ဖြစ်အောင် ကောင်လေး သုံးယောက်ဘယ်လို ပြောင်းလဲနိုင်မလဲဆိုတာကို ပေါ့ပေါ့းပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်သူကတော့ KKKZ ဖြစ်ပါတယ်...

Bambai Meri Jaan (2023- ) ⭐IMDB: 7.0/10 (526 Votes) 🎬 #Crime #Drama #Action 🗓 2023- 🎞 tv series 🌎 #India ⏰ 55 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bambai Meri Jaan (2023)BomBay My Beloved (2023)ဘုံဘေဆိုတဲ့ ပင်လယ်ဆိပ်ကမ်းစီးပွားရေးမြို့ဟာ ဒုစရိုက်မှုတွေ အင်မ‌တန်ပေါများတဲ့မြို့ဆိုလည်းမမှား… ဘုံဘေက လူမိုက်ဂိုဏ်းရာဇဝတ်ဂိုဏ်းတွေကိုထိန်းချုပ်ပြီး ရေလမ်းကလာသမျှအဖိုးတန်ပစ္စည်းတွေ မှောင်ခိုရောင်းချနေကြ ၊ ဒုစရိုက်မှုမှန်သမျှနောက်ကွယ်ကကြိုးကိုင်နေသူ ဟာဂျီဘုံဘေတစ်မြို့လုံးက ကြောက်ရွံ့ကြတဲ့ အနေအထားကနေ တစ်မြို့လုံးလေးစားရတဲ့အခြေအနေထိဖန်တီးလာနိုင်ခဲ့တဲ့သူသူ့အလုပ်သူ့စီးပွားရေးတွေဆိုရင် သူခိုးအသေးစားကအစ အထက်အရာရှိကြီးတွေအထိမထိရဲကြတဲ့အချိန်မှာ သူ့ရဲ့ ဖုံးမနိုင်ဖိမရရာဇဝတ်မှုတွေကို‌ချေမှုန်းဖို့ တာဝန်ကျလာတဲ့သူကတော့ အစ်မေးလ်တို့ ပထာန်အထူးစုံစမ်းရေးအဖွဲ့တစ်မြို့လုံးကိုခြယ်လှယ်နိုင်တဲ့ ရာဇဝတ်ဂိုဏ်းကြီးနဲ့ ရဲစွမ်းသတ္တိရှိတဲ့ သာမန်ရဲအရာရှိတစ်ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲ လူမိုက်တွေကြားက အချင်းချင်းပတ်ကွက်ကျော်ရိုက်တဲ့အကွက်တွေကို မြင်တွေ့ရမဲ့စီးရီးတစ်ခုဖြစ်ပါတယ်(အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ V ~ Yunni ~ Zwe ~ Dee ~ Moon ~ Cherry ~ Aditi ~ YH တို့ပဲဖြစ်ပါတယ်)Quality : 1080p WEB DL / 720p Total Episodes : 10EpsFormat : mp4Genres : Crime ~ DramaDuration : 1h Subtitle : Myanmar Subtitle ( Hardsub )...

The Escape of the Seven (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Mystery 🗓 2023 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 29 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Escape of the Seven (2023)The Escape of the Seven: War for Survival (2023)မိန်းကလေး တစ်ယောက် ပျောက်ဆုံးသွားတဲ့ အမှုမှာ ပါဝင်ပတ်သတ်နေတဲ့ လူ ၇ယောက်ရဲ့ အရှုပ်တော်ပုံ… ဒီလူ ၇ ယောက်ကတော့တောင်ကိုရီးယားနိုင်ငံ အကြီးမားဆုံးဖုန်းကွန်ရက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပေမဲ့ နောက်ကွယ်မှာ ထူးဆန်းမှုတွေအများကြီးရှိနေတဲ့ Uhm Ki-Joon, ပိုက်ဆံနဲ့ အောင်မြင်မှုကိုပဲ ရှေ့တန်းတင်တတ်တဲ့ ရုပ်ရှင်ထုတ်ရေးကုမ္ပဏီပိုင်ရှင် Hwag Jung-Eum, သစ္စာဖောက်ခြင်းအမျိုးမျိုးကို ကြုံတွေ့ခဲ့ရတဲ့ ဂန်စတားတစ်ယောက်ဖြစ်ခဲ့သူ Lee Joo, အလိမ်အညာတွေနဲ့ပဲ ပြည့်နှက်နေတဲ့ဘဝနဲ့ အိုင်ဒေါဖြစ်ဖို့ လောဘတက်နေတဲ့ Lee Yoo-Bi, သူဌေးအဘိုးကြီးတစ်ယောက်နဲ့ ပိုက်ဆံကြောင့် အတူနေနေတဲ့ Shin Eun-Kyung , လောဘကြီးပြီး ဒေါသထွက်ရင် ဘာမှမမြင်တော့တဲ့ ချယ်ရီအင်တာတိန်းမန့်ရဲ့ စီအီးအို Yoon Jong-Hoon, ကိုယ့်အားနည်းချက်ကို ကာကွယ်ဖို့ ကျောင်းမှာ ထူးဆန်းတဲ့ ကောလဟာသလွှင့်ခဲ့တဲ့ အနုပညာကျောင်းဆရာမ Jo Yoon-Hee တို့ပဲ ဖြစ်ပါတယ်။အကြောင်းအရင်းအမျိုးမျိုးနဲ့ ဒီအမှုရဲ့ တရားခံဖြစ်နိုင်နေတဲ့ ဒီလူ ၇ ယောက်ရဲ့ အမှုကနေ လွတ်မြောက်အောင် ကြိုးစားရုန်းကန်ကြပုံနဲ့ နောက်ဆုံး ဘယ်သူက တကယ့်တရားခံ ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality :1080p / 720pTotal Episodes : 16EpsFormat : mp4Genres : Drama, Mystery Duration : 1h 29 minsSubtitle : Myanmar Subtitle ( Hardsub )...