uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Mantra Warrior: The Legend of the Eight Moons (2023) ⭐IMDB: 5.9/10 (138 Votes) 🎬 #Action #Adventure #Animation #Romance #ScienceFiction #Fantasy #SciFi 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 30 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှေးဟောင်းဒဏ္ဍာရီတွေအရ နှစ်ပေါင်း ၅၀၀ ကြာတိုင်းမှာ နတ်ဆိုးဝိဥာဉ်တွေကို ဆက်သွယ်ထိန်းချုပ်နိုင်တဲ့ “စတိ”နတ်စွမ်းအားဟာ မိန်းမပျိုတစ်ဦးရဲ့အသွင်နဲ့ နိုးထလာလိမ့်မယ်လို့ အဆိုရှိခဲ့တယ် အဲဒီစွမ်းအားဟာ အရာအားလုံးကို ဖန်တီးနိုင်သလို ဖျက်လည်းဖျက်ဆီးလိုက်နိုင်တာမို့ စကြဝဠာတစ်ခုလုံးရဲ့ ကပ်ဆိုးကြီး တစ်ခုလည်း ဖြစ်လာနိုင်ခဲ့တယ် ဝမ်နရာဂြိုဟ်ရဲ့ လမင်းရှစ်စင်း တစ်တန်းတည်းကျပြီး သေဆုံးခြင်းပင်လယ်နဲ့ အပြိုင်ဖြစ်သွားချိန်မှာ “စတိ”စွမ်းအား အမှားဘက်မရောက်အောင် ထိန်းသိမ်းပေးမယ့် မှော်ဝင် စစ်သည်တော်တွေ မွေးဖွားလာလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီလည်း ရှိနေခဲ့တယ် ဒီဒဏ္ဍာရီတွေကို ယုံကြည်ခဲ့တဲ့ စစ်သူကြီးဆူခရစ်ပ်က မှော်ဝင်စစ်သည်တော်တွေ ဖြစ်လာနိုင်တဲ့ ဝါယု၊ဝေလာ၊ဘူစဘာဆိုတဲ့ တပည့်သုံးယောက်ကို စောင့်ရှောက်သင်ကြားပေးခဲ့ပြီး ဝမ်နရာဂြိုဟ်ရဲ့ဘုရင်ဖာလီလက်အောက်ကို ဝေလာနဲ့ ဘူစဘာကို သူလျှိုအဖြစ် စေလွှတ်ခဲ့တယ် ဝမ်နရာကို အုပ်ချုပ်သူ အယိုဒယားပြည့်ရှင်ရဲ့ သားတော်ရမ်ရဲ့ မိဖုရားဆီတာဟာနတ်ဆိုးဝိဥာဉ်တွေနဲ့ ဆက်သွယ်နိုင်လာခဲ့တာမို့ “စတိ” စွမ်းအား နိုးထလာတော့မယ်ဆိုတဲ့ ဒဏ္ဍာရီ စတင်လာပါတော့တယ် အယိုဒယားရဲ့ ရန်သူ လုန်ကာဂြိုဟ်ဘုရင်ထွတ်စကန်က မင်းသမီးဆီတာကို ပြန်ပေးဆွဲသွားပြီး ဝမ်နရာဂြိုဟ်ကိုပါ ပုန်ကန်စေခိုင်းချိန်မှာတော့ မင်းသမီးဆီတာကို ပြန်ကယ်တင်နိုင်ပါ့မလား ဒဏ္ဍာရီလာ မှော်ဝင်စစ်သည်တော်တွေကရော တကယ်မွေးဖွားလာနိုင်မှာလား ဂြိုဟ်တွေ ပုန်ကန်မှုကို ဖြေရှင်းနိုင်ပြီး စကြဝဠာမဟာမိတ်ကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
...

The Coast Guard (2002) ⭐TMDB: 64% User Score 🎬 #Drama #War 🗓 2002 🎞 tv movie 🌎 #SouthKorea ⏰ 1 နာရီ 36 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Coast Guard (2002) ဒီတစ်ခါပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ ၂၀၀၂ ခုနှစ်က ထွက်ထားတဲ့ ကိုရီးယားစစ်အက်ရှင်ကားလေးပဲ‌ဖြစ်ပါတယ်။ IMDb 6.5/10 ရထားပြီး ဆု ၃ ဆုရရှိထားသလို စံကာတင်စာရင်း တစ်ကြိမ်ဝင်ထားတဲ့ ကားလေးမို့ မခေဘူးလို့ပြောလို့ရတဲ့ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးဒါရိုက်တာရင် မင်းသားပါ ပါဝင်ထားတာမို့ သရုပ်ဆောင်ပိုင်းကလည်း ပြောစရာမလိုပါဘူး။ အမြင်မသင့်တော်တဲ့ဇာတ်ကွက်နဲ့ အသုံးအနှုန်း‌တွေပါတာမို့ အသက်မပြည့်သေးတဲ့သူနဲ့ နှလုံးရောဂါရှိသူတွေ မကြည့်ဖို့တော့ ကြိုအကြံပေးပါရစေ။ ဒါဆို Plot ပိုင်းကိုသွားပါမယ်။ Plot ကတော့ တောင်ကိုရီးယားရဲ့ ကမ်းရိုးတန်းက ကမ်းခြေစောင့်တပ်ဖွဲ့မှာ သူလျှိုဖမ်းဖို့ အရူးအမူးဖြစ်နေတဲ့ တပ်သားတစ်ယောက်ရှိပါတယ်။ နေ့နေ့ညည သူလျှိုချင်းထပ် ထိုင်အော်နေရာက တစ်ညမှာတော့ တားမြစ်နယ်မြေထဲကိုမှ အမူးလွန်ပြီး အာဝါဟာကျတဲ့အတွဲရောက်လာပါရော။ ဖြစ်ချင်တော့ ဒီကမဲမဲမြင်ရာပစ်ချင်နေတဲ့ကောင်နဲ့လည်းတိုးရော ယောက်ျားလေးဖြစ်သူမှာ အာဝါဟပြီးစတင် သေနတ်စာမိပါလေရော။ ဒါကို စိမ်းစိမ်းကြီးမြင်ထားရတဲ့ သူ့ကောင်မလေးမှာလည်း ဟက်ကော့ကြီးရူး။ ပစ်လိုက်တဲ့ကိုယ်တွေကောင်ကြီးဆိုတာလည်း သေနတ်အရသာမိပြီး ထရာမာရ။ ဒါ့အပြင်မိန်းမကလည်းပစ် ဂေါက်သွားတော့ တပ်ကလည်းထုတ်နဲ့ ပဋာကိုမြေလူးပါလေရော။ ဒါပေမယ့် ဇာတ်လမ်းကခုမှစမှာ ရူးသာရူးတယ် တပ်ရင်းတစ်ခုလုံးကို နာမည်လေးတစ်လုံးနဲ့သုံးပြီး ပတ်အာဝါဟဝိဝါဟပြီး အစ်ကိုနဲ့ရန်တိုက်ပေးတဲ့ အရူးမနဲ့ တပ်ကိုပြန်ဝင်ဖို့လုပ်ရင်း လက်မခံလို့ သေနတ်ခိုးပြီး ကိုယ့်တပ်စုကလူ ကိုယိပြန်သတ်တဲ့အရူး၊ အရူးနှစ်ကောင် ရွှေဉာဏ်တော်စူးရောက်ချက်တွေကို သေနတ်သံမဆဲကြည့်ရမှာပဲဖြစ်ပါတယ်။
...

Missions of Love (2018) ⭐IMDB: 5.5/10 (148 Votes) 🎬 #Asian #Drama #Romance #Comedy 🗓 2018 🎞 movie 🌎 #Japan ⏰ 1 နာရီ 37 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mission of love (2018) IMDb – 5.5My Drama List – 6.9 2009 ခုနှစ်‌ကနေ 2015 အထိ Nakayoshi manga magazine မှာ လစဉ်ရေးသားတင်ဆက်ခဲ့တဲ့ Manga Series ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဟိမုရိုယူကီနာက အွန်လိုင်းပေါ်မှာ နာမည်ကျော်တဲ့ စာရေးဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။ သူက နာမည်ကျော်စာရေးဆရာမဆိုပေမယ့် အချစ်ဝတ္ထုကို တစ်ခါမှမရေးဖူးပါဘူ။ တစ်နေ့မှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ အချစ်ဝတ္ထုရေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အချစ်အကြောင်း ဘာတစ်ခုမှမသိတဲ့ယူကီနာတစ်ယောက် ဝတ္ထုရေးဖို့ ကုန်ကြမ်းအဖြစ် အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးဖို့လိုအပ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ကျောင်းရဲ့ နာမည်ကြီးကျောင်းသားတစ်ယောက်ဖြစ်တဲ့ ခီတမိရှီဂုရဲရဲ့ လျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင် သိရှိသွားပါတော့တယ်။ အဲဒီလျှို့ဝှက်ချက်ကိုသုံးပြီး ရှီဂုရဲကို သူနဲ့တွဲပေးဖို့ အကြပ်ကိုင်ခဲ့ပါတယ်။ ယူကီနာတစ်ယောက် ဝတ္ထုအတွက် မစ်ရှင်တွေတစ်ခုပြီးတစ်ခု စမ်းသပ်ရင်းနဲ့ ဘာမှမပြောင်းလဲဘဲ ဝတ္ထုကိုအဆုံးထိရေးနိုင်မလား ယူကီနာရဲ့အချစ်ရေးအပြောင်းအလဲ အခက်အခဲတွေကို စိတ်ဝင်စားစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်
...

Earwig and the Witch (2020) ⭐IMDB: 4.7/10 (6 k Votes) 🎬 #Adventure #Animation #Fantasy #Family 🗓 2020 🎞 tv movie 🌎 #Japan ⏰ 1 နာရီ 23 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခေါက်တင်ဆက်ပေးမှာကတော့ ၂၀၂၀ ခုနှစ်ထွက် Studio Ghibli ကထုတ်တဲ့ ပထမဆုံး 3D CG animation ကားလေးပါပဲ Anime လို့ဆိုလိုက်တာနဲ့ ပြယုဂ်တခုအဖြစ် ပြေးမြင်ကြတဲ့ Studio Ghibli ထုတ်ကားတွေရဲ့ ဖန်တီးရှင် ဆရာကြီး Hayao Miyazaki ရဲ့သားဖြစ်သူ Goro Miyazaki ရဲ့လက်ရာပါ Howl’s Moving Castle ရဲ့ မူရင်းရေးသားသူ စာရေးဆရာမ Diana Wynne Jones ရဲ့စာအုပ် Earwig and The Witch ဆိုတာကို ရိုက်ကူးထားတဲ့ Fantasy/Adventure ဇာတ်လမ်းလေးပါ Original Soundtrack တွေနဲ့ Musical အမျိုးအစားလည်းဖြစ်ပါတယ် 2D animation ကိုပဲ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရမှာ တမျိုးဖြစ်နေမှာပေမဲ့ ဇာတ်လမ်းလေးကကောင်းတာမို့ စမ်းကြည့်သင့်ပါတယ် အရင်ကားတွေကိုတော့ nostalgic မဖြစ်စေပေမဲ့ သူ့ပုံစံနဲ့သူ တမျိုးဆွဲဆောင်မှုရှိပါတယ် ဇာတ်လမ်းလေးကတော့ 1990 ကာလတွေက အင်္ဂလန်မှာ စုန်းမတယောက်ဟာ အခြေအနေတခုကြောင့် သူ့ကလေးကို မိဘမဲ့ဂေဟာမှာထားခဲ့ပြီး ထွက်ပြေးသွားရပါတယ် သမီးလေးကို earwig ဆိုတဲ့ နာမည်ပေးထားခဲ့ပြီး စာလေးတစောင်နဲ့ ထားခဲ့တယ် ‌ဒီကလေး ၁၀ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ သူဟာ ဂေဟာတခုလုံးကို သူ့အလိုကျ စီမံနေနိုင်ပြီးတော့ အမွေးစားခံချင်တဲ့ဆန္ဒမရှိဘဲ ဒီတိုင်းပဲ နေရတာ ပျော်ရွှင်နေပါတယ် တရက်မှာတော့ ကလေးမွေးစားဖို့လာတဲ့ စုံတွဲတတွဲက သူ့ကိုမှ မျက်စိကျပြီး မွေးစားဖို့ ရွေးလိုက်ပါတယ် ဖြစ်ချင်တော့ မွေးစားတဲ့သူတွေက စုန်းစုံတွဲဖြစ်နေတာပါပဲ ဒီလိုနဲ့ earwig တယောက် မွေးစားမိဘအိမ်လိုက်သွားရပြီး အဲ့အိမ်မှာ သူဗိုလ်ကျနိုင်အောင် ဘယ်လိုကြံစည်ကြိုးစားမလဲ ဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦးဗျာ
...

Everyone's Hero (2006) ⭐TMDB: 58% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2006 🎞 movie 🌎 #USA #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂ဝဝ၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရန်းကီအာဗင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် သူဟာ ဘေ့ ဘောရိုက်ဝါသနာပါပေမယ့် ကျွမ်းကျင်မှုမရှိတာကြောင့် သူ့သူငယ်ချင်းတွေက သူ့ကိုဆိုမပါစေချင်ပါဘူး။ အမြဲအဖယ်ကျဉ်ခံရပါတယ်။ ရန်းကီ ရဲ့ဖခင်ဟာ အားကစားရုံမှာလုံခြုံရေးတစ်ယောက်ပါ။ တစ်ရက်သူ့အဖေအလုပ်ဆီ သူသွားရင်း အဲဒီအားကစားရုံမှာထားတဲ့ နိုင်ငံကျော် ဘေ့ ဘောသမား ဘေးရဲ့ဘေ့ဘောရိုက်တံဟာ ပျောက်ဆုံးသွားခဲ့ပြီး သူ့အဖေအလုပ်ပြုတ်သွားခဲ့ပါတယ်။ ရန်းကီဟာ သူလုံခြုံရေးတစ်ယောက်ကို မြင်ခဲ့တာကြောင့် သူ့နောက်လိုက်ကာ ထိုရိုက်တံကို ပြန်လည်ခိုးယူပြီး ပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ပို့ဆောင်ပေးခဲ့ပုံတို့ကို ရင်သပ်ရှုမောဖွယ် ခံစားရမှာပဲဖြစ်ပါတယ်
...

Wish Upon (2017) ⭐IMDB: 5.1/10 (23 k Votes) 🎬 #Fantasy #Horror #Thriller #Drama #Mystery 🗓 2017 🎞 movie 🌎 #USA #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wish upon Be careful what you wish for သင့်ဆုတောင်းကိုသတိပြုပါ လူတိုင်းဆုတောင်းပြည့်ချင်ကြပါတယ်။ ကိုယ်ဆုတောင်းတာတွေတကယ်ဖြစ်လာရင် အတိုင်းထက်အလွန်ပျော်ရွှင်တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အမြဲတမ်းကျောင်းမှာအစအနောက်ခံနေရတတ်တဲ့ကောင်မလေးတစ်ယောက်က သူ့ဆီမှာဆုတောင်းပြည့်အိုးလေးတစ်ခုရလာပြီးပြောင်းလဲမှုတွေဖြစ်လာတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ ထိုအိုးလေးမှာ ဆုတောင်းရခုကိုပြည့်အောင်လုပ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါပေမယ့် ဆုတောင်းတစ်ခုပြည့်မြောက်ပြီးတိုင်း ကိုယ်နဲ့သိတဲ့သူတစ်ယောက်အသက်ဆုံးရှုံးရတဲ့အကြောင်းကို ထိုကောင်မလေးကနောက်ကျမှသိလိုက်ရပါတော့တယ်။ အကြောင်းကတော့ အိုးထဲမှာနတ်ဆိုးတစ်ကောင်ရှိနေတဲ့အတွက်ပဲဖြစ်ပါတယ်။ ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ကားတစ်ကားပါ။ Horror ပရိသတ်တွေအတွက်တော့ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ရဲမာန်အောင်ပါ။)
...

I Wish (2011) ⭐IMDB: 7.3/10 (8 k Votes) 🎬 #Drama 🗓 2011 🎞 movie 🌎 #Japan ⏰ 2 နာရီ 9 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Wish ( 2011 ) ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကိုသူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။အကုန်လုံး‌တော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာအိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့‌ တော်တော်နှိုင်းကြတယ်။တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းပေးနေတဲ့အရာတွေအဖြစ် ကူးပြောင်းသွားခြင်းပါပဲ။မထင်မှတ်ဘဲ ရုပ်ရှင်တွေက ရုပ်ရှင်ထက်ပိုသွားခြင်းတွေပေါ့။ I Wishကို အခြေတည်ထားတာက မီးတောင်ရှင်ရှိနေတဲ့ မြို့လေးတစ်မြို့မှာပေါ့။အဲဒီမြို့ကလေးအိမ်တွေကို မီးတောင်ပြာတွေက အမြဲကျတတ်တယ်။အိမ်တွေလည်း ပြာမှုန်တွေ ထူလို့ပေါ့။အဲဒီမြို့လေးက အိမ်လေးတစ်အိမ်မှာ အိမ်ထောင်ကွဲပြီး မိဘအိမ်ကို ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူ့သားလေးရှိတယ်။သူ့အဘိုးအဘွားတွေလည်း ရှိတယ်။သူ့အဘိုးအဘွားတွေကတော့ ကျည်ဆန်ရထားတွေနဲ့ အပြေးမြန်တဲ့ ခေတ်ကို ဝင်ဆံ့မီအောင် ကြိုးစားနေရသလိုသူတို့သမီးကလည်း အလျဉ်မီဖို့ခက်တဲ့ခေတ်တစ်ခေတ်ကို အလျဉ်မီအောင် ကြိုးစားနေရတယ်။သူ့သားလေးကတော့ ဒီမီးတောင်ကြီးပေါက်ကွဲသွားပြီး လူတွေနေလို့မရတော့ရင် မြို့ကြီးကို ပြန်ပြောင်းပြီးသူ့အဖေနဲ့ကျန်ခဲ့တဲ့ သူ့ညီလေးနဲ့ သူ့အမေနဲ့သူ မိသားစုလေးယောက် ပြန်ဆုံနိုင်မှာပဲလို့ ကလေးဆန်ဆန် စိတ်ကူးယဉ်နေတယ်။ဒီလိုနဲ့ ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ယုံတမ်းစကားလေးကို လက်တွေ့လုပ်ကြည့်ဖို့ သူနဲ့သူ့ သူငယ်ချင်းတစ်အုပ်အတူတူကြံကြတယ်။ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာကို သွားပြီး ဆုတောင်းဖို့လုပ်ကြတယ်။ဒီရုပ်ရှင်လေးက အဲဒီအကြောင်းပေါ့။ ကလေးသရုပ်ဆောင်တွေအဓိက သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးပြီးတဲ့အထိKoreedaဟာ ဇာတ်ညွှန်းကိုမစခဲ့သေးဘဲ ကလေးသရုပ်ဆောင်တွေရွေးပြီးမှပဲ ကလေးတွေဆီက အိုင်ဒီယာတွေပါယူပြီး ဇာတ်ညွှန်းကို စခဲ့တယ်။ဒီကလေးသရုပ်ဆောင်တွေထဲ Kanna Hashimotoကတော့ နာမည်ကျော်လာခဲ့တယ်။တခြားသရုပ်ဆောင်တွေကတော့ ဂျပန်ရဲ့ နာမည်ကျော် ခေတ်ဟောင်းမင်းသားကြီး မင်းသမီးကြီးတွေဖြစ်တဲ့ Kirin Kikiနဲ့ Isao Hashizumeတို့အပြင်ဂျပန်စီနီမာရဲ့ ထိပ်တန်းသရုပ်ဆောင်၅ယောက်လောက်စာရင်းလုပ်ရင်တောင် ထိပ်ဆုံး၃နေရာလောက်မှာရှိနေမယ့်Hiroshi Abeနဲ့ သရုပ်ဆောင်နဲ့ရော အလှနဲ့ရော အသေသတ်နိုင်တဲ့ မမMasami Nagasawaတို့တွေပါပဲ။သူတို့နှစ်ယောက်ကတော့ ဧည့်သည်သရုပ်ဆောင်ဆန်ဆန်ပါထားတာပါ။ဒီလူတွေဟာ Koreedaနဲ့ တွဲရိုက်နေကျလူတွေပါပဲ။ကလေးသရုပ်ဆောင်တွေချည်း သုံးထားပေမဲ့ လူကြီးတွေကလည်း အကြမ်းဆုံးတွေချည်းသုံးထားတာပါ။ ဒီရုပ်ရှင်ထဲ ထူးထူးခြားခြားလှနေတာလေးက ဒီနေ့တော့ သာယာတဲ့နေ့ဖြစ်မှာပဲလို့ ဒီရုပ်ရှင်ထဲက လူတွေကမပြောကြဘူး။ဒီနေ့တော့ မီးတောင်ပြာတွေ သိပ်မကျလောက်ဘူးလို့ပဲ ပြောကြတယ်။ဒီရုပ်ရှင်ဟာ မီးတောင်ပြာတွေ ထူထူထဲထဲကျတဲ့နေ့တွေအကြောင်း မီးတောင်ပြာတွေ ပါးပါးလျလျကျတဲ့နေ့တွေအကြောင်းပါပဲ။မီးတောင်ပြာတွေမကျမယ့်နေ့တို့တွေတော့ မရှိဘူးပေါ့။ပါးပါးလျလျလောက်ကျရင်ကိုပဲ အဲဒီဘဝတွေ လှနေခဲ့ခြင်း အကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။
...

Monsters vs Aliens (2009) ⭐TMDB: 62% User Score 🎬 #Action #Adventure #Animation #Family #ScienceFiction 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်….. ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာ ဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။ သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီး တစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့် ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့် သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီး သူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများက သူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက် Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်
...

172 Days (2023) ⭐IMDB: 6.3/10 (310 Votes) 🎬 #Biography #Drama #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 43 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 172 Days (2023) Netflix ကနေ ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ အင်ဒိုနီးရှား Drama Romantic ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအပေါ် အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Rating မှာလဲ IMDb 6.5 ထိရရှိထားတဲ့ အချစ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ဇီရာဟာပေတေလေလွင့်နေပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘဝဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပါ။ဒါပေမဲ့တစ်နေ့မှာတော့ အသက်သေမလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ဆေးရုံပေါ်ရောက်သွားပြီးမှာဘာသာရေးဘက်ကိုလိုက်စားပြီး စိတ်အေးချမ်းမှုကိုစတင်ရှာဖွေခဲ့ပါတယ်။နောက်တော့ဇီရာက အစ်မဖြစ်သူနဲ့ ဗလီကျောင်းကိုလိုက်သွားခဲ့ရာမှ မထင်မှတ်ထားဘဲငယ်သူငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့ရာမှ အာမာဆိုတဲ့ ဗလီဆရာလူငယ်လေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွေ တိုးလာပြီး သံယောဇဉ်တွေတွယ်လာတဲ့နောက် လက်ထပ်ဖို့အထိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ဇီရာရဲ့အတိတ်ကအရိပ်ဆိုးတွေလိုက်လာတဲ့အခါမှာတော့ … အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

Axegrinder 666 (2023) ⭐IMDB: 3.8/10 (82 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Axe Grinder 666 (2023) ပုဆိန်နဲ့ ခုတ်သတ်တာတို့ လွှစက်နဲ့ ဖြတ်တာတို့ လိုမျိုး ပက်ပက်စက်စက်သတ်ပြမှာဆိုပေမဲ့ရွံ့စရာကောင်းလောက်အောင်အကုန်တော့မပြပါဘူးကြောက်တတ် ရွံတတ်သူများ မကြည့်သင့်တဲ့ကားပါတူတူအော်မဲ့ သူငယ်ချင်းတွေ စုကြည့်မယ်ဆိုရင်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါဇာတ်လမ်းလေးကတော့ လူတွေကို ပက်ပက်စက်စက်သတ်တဲ့နေရာမှာနာမည်ကြီးတဲ့ ဖရက်ဒီပါးမာဆိုတဲ့ ဆိုက်ကိုလူသတ်သမားကို ပြန်လည်နိုးထလာအောင်မိန်းမတစ်ယောက်က ပြန်ခေါ်လိုက်တာကနေစတာပါသူငယ်ချင်းတွေ ထုံးစံအတိုင်းပျော်ပွဲစား ထွက်ရာကနေ ဘဲပူမိနေတဲ့ ကောင်မလေးနဲ့သူ့သူငယ်ချင်းကိုတွဲသွားတဲ့ သူ့ရည်းစားဟောင်းတို့ ကမ်းခြေမှာ ဆုံကြတော့ စကားများရန်ဖြစ်ကြပါလေရောဒါကိုဘေးကသူငယ်ချင်းတွေက ဝိုင်းဆွဲပြီးတော့ ကိုယ့်ကိစ္စနဲ့ကို ထွက်သွားကြပါလေရောအဲ့မှာ ဖရက်ဒီပါမားကြီးက တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်တာကို ရင်သတ်ရှမော ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘယ်သူတွေ သေမလဲ ဘယ်သူတွေ အသက်ရှင်ကျန်ခဲ့မလဲဆိုတာကတော့….စကားလုံး ကြမ်းကြမ်းတွေနဲ့ 18+ ခန်းတွေပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူးဒါမျိုးမှ ကြိုက်တာဆိုတဲ့သူတွေအတွက်ကတော့ ရှယ်ပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့Thet Ooပဲ ဖြစ်ပါတယ်။
...

RIPLEY (2024) ⭐TMDB: 83% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #Switzerland #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 RIPLEY (2024)  ရှားလော့ဟုမ်းထဲက ဗီလိန်ကြီး မိုရီရာတီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Andrew Scott ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ ဒီကားမှာလည်း သူ့ကို အဓိကဇာတ်လိုက်တစ်ဖြစ်လဲ ဗီလိန်တစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပြီး rating လည်း 8.1 ထိရထားလို့ အတော်လေးကောင်းတဲ့ ရှားရှားပါးပါး Neo-Noir ဇာတ်လမ်းတွဲဖြစ်ပါတယ်…အမေရိကန်နယူးယောက်ကနေ စွန့်ခွာပြီး အီတလီမှာ ဇာတ်မြှုပ်နေထိုင် ပန်းချီဆွဲနေတဲ့ ဒစ်ကီဂရင်းလိစ်ကို သူ့မိဘတွေက လွမ်းလာတဲ့အတွက် အိမ်ပြန်လာဖို့ လူတစ်ယောက် စေလွှတ်ပြီး စည်းရုံးခိုင်းလိုက်ပါတယ်သူကတော့ တစ်ခြားမဟုတ်ဘဲဗီလိန် တွန်ရစ်ပလီဆိုသူပါ…ရစ်ပလီက နယူးယောက်မှာ သာမန်စာရင်းကိုင်ဆိုပေမယ့် သမာအာဇီဝနဲ့လုပ်စားနေသူတော့ မဟုတ်ပါဘူး..သူ့ကိုမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ မစ္စတာဂရင်းလိစ်ဟာ သားဖြစ်သူကို ခေါ်ဖို့ အီတလီကို လွှတ်လိုက်ပါတယ်….ဒါပေမယ့် ရစ်ပလီဟာ အစကတော့ ခိုင်းတဲ့အတိုင်းအခကြွေးငွေယူပြီး ဒစ်ကီကို နယူးယောက်ပြန်ခေါ်ဖို့လုပ်ပေမယ့်…ဂရင်းလိစ်တို့ မိသားစုရဲ့ စည်းစိမ်ကို မြင်သွားတာကြောင့် ဒစ်ကီ ဂရင်းလိစ်ကို သွေးအေးအေးနဲ့ နှိပ်စက်ပါတော့တယ်….. ကာရိုက်တာ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ရှိန်ကို အမြင့်ကြီး ဆွဲခေါ်သွားမယ့် Crime-Thirller ဇာတ်လမ်တွဲကောင်းဖြစ်တာကြောင့် သေချာပေါက်လက်မလွှတ်တမ်းကြည့်သင့်ပါတယ်…( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်
...

Monsters at Work (2021) ⭐TMDB: 72% User Score 🎬 #Family #Comedy #Animation 🗓 2021 🎞 Series 🌎 #UnitedStatesofAmerica ⏰ 26 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Monsters at Work (2021) ဒီစီးရီးလေးက ကျွန်တော်တို့အားလုံး ငယ်ငယ်က ကြိုက်နှစ်သက်ခဲ့တဲ့ Monsters, Inc.ရုပ်ရှင်ရဲ့နောက်ဆက်တွဲစီးရီးလေးပါ…။မူရင်းဇာတ်ကားကလို ချစ်စဖွယ်လေးဇာတ်အိမ်လေးနဲ့မို့Monsters, Inc. ဖန်တွေအားလုံးကြိုက်နှစ်သက်ဦးမှာပါပဲ…။ဇာတ်လမ်းအကြောင်းလေးကတော့….မွန်းစတားတွေဟာ ကလေးသူငယ်တွေကို ခြောက်လှန့်ပြီးမြို့တော်အတွက်ဓာတ်အားရှာတဲ့ စနစ်ကိုမသုံးကြတော့ပါဘူး…။ဘာလို့ဆို ကြောက်လှန့်လို့အော်ဟစ်တဲ့အသံထက် ကလေးတွေရဲ့ရယ်မောသံဟာဓာတ်အားပိုထုတ်ပေးနိုင်လို့ပါပဲ…။ဒါက မူရင်းဇာတ်လမ်းပြီးဆုံးသွားတဲ့အပိုင်းပေါ့…။ဒီလိုမွန်းစတားလောကမှာ အပြောင်းအလဲကြီးပြောင်းလဲနေတာကို မသိတဲ့ မွန်းစတားလေးတစ်ယောက်ရှိပါတယ်…တိုင်လာ တက်စ်မွန်ပါ…။တိုင်လာတစ်ယောက် မွန်းစတားအင့်စက်ရုံကို ခြောက်လှန့်သူအဖြစ်အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့အခါမှာတော့ရောက်ရောက်ချင်းနေ့မှာပဲ အလုပ်ပြုတ်သွားရှာပါတယ်။ဘာလို့ဆို မွန်းစတားအင့်က ကလေးတွေကို ရယ်မောအောင်လုပ်ဖို့အတွက် ပြက်လုံးထုတ်တတ်တဲ့ မွန်းစတားတွေကိုပဲအလုပ်ခေါ်တော့လို့ပါ…။ဒီတော့ တစ်သက်လုံး ခြောက်တာလှန့်တာပဲလေ့ကျင့်လာတဲ့မွန်းစတားလေးတစ်ယောက်က ပြက်လုံးထုတ်တတ်တဲ့မွန်းစတားဖြစ်အောင်၊ နာမည်ကျော် မွန်းစတားအင့်ကုမ္ပဏီကြီးမှာအလုပ်လုပ်ခွင့်ရအောင် ကြိုးစားတဲ့ဇာတ်အိမ်လေးကိုချစ်စဖွယ်မြင်တွေ့ရဦးမှာပါ…..။ဒါ့အပြင် တစ်ချိန်က ကလေးဘဝမှာ အားလုံးအချစ်တော်ဖြစ်ခဲ့တဲ့မိုက်ဝဇားစကီးတို့ ဂျိမ်းပီဆူလီဗန်တို့ကိုလည်း မြင်တွေ့ရမှာမို့အလွမ်းပြေကြည့်ရှုသင့်တဲ့ စီးရီးလေးပဲဖြစ်ပါတယ်ဗျာ
...

Mukidi (2024) ⭐TMDB: 43% User Score 🎬 #Asian #Comedy 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 32 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mukidi (2024)ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။ တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှအလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။ အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာအသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်
...

Wrongfully Accused (1998) ⭐TMDB: 59% User Score 🎬 #Action #Comedy #Thriller #Adventure 🗓 1998 🎞 movie 🌎 #UnitedStatesofAmerica #Germany ⏰ 1 နာရီ 27 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ငယ်ငယ်တုန်းက နှစ်ခြိုက်ခဲ့ရတဲ့ အမေရိကန် ဟာသရုပ်ရှင်ပုံစံမျိုး အမှန်အကန် ရယ်ရမယ့်ခေတ်ဟောင်းကားလေးဖြစ်ပါတယ် ဒီလိုကားတွေမှာ ထုံးစံအတိုင်း အသက်ကြီးကြီး ဟာသမင်းသားပါမယ် ခေတ်စနစ် ယဥ်ကျေးမှု stereotype တွေကို သရော်တာမျိုးတွေ ပါမယ် နောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးတစ်ယောက်ရောပေါ့ တယောဆရာ ရိုင်ယန်က နာမည်ကျော်ပြီး လူချစ်လူခင်လည်း ပေါတဲ့ ပုဂ္ဂိုလ်ပေါ့… စပွန်ဆာသူဌေး မစ္စတာ Hibbing Goodhue တို့နဲ့လည်း ရင်းနှီးပါတယ် Hibbing ရဲ့ဇနီး လောရန်က ရိုင်ယန်ကို ခိုးစားဖို့ ခေါ်တယ် အဲဒီညမှာ မျက်လုံးတစ်လုံး၊ လက်တစ်ဖက်၊ ခြေတစ်ဖက်သာရှိတဲ့ လူတစ်ယောက်က မီလျံနာသူဌေး Hibbing ကို သတ်သွားပါလေရော ဒါပေမဲ့ ရိုင်ယန်က အကွက်ဆင်အဖမ်းခံလိုက်ရပြီး လူသတ်မှုနဲ့ သေဒဏ်ကျသွားတဲ့အခါ ထွက်ပြေးဖို့ကြိုးစားပါတော့တယ် ဒီကနေ ဇာတ်လမ်းနာမည်အတိုင်း မှားယွင်းစွာစွပ်စွဲခံလိုက်ရတဲ့ ရိုင်ယန် သူအပြစ်မရှိကြောင်း ဘယ်လိုသက်သေပြဖို့ ကြိုးစားမှာလဲ ဆိုတာကို ……. ပရိသတ်ကြီး အမောပြေစေဖို့ ဒီဟာသကားလေးမှာ ဆက်ကြည့်ပေးကြပါဦး
...

Real Fighter (2020) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 32 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Real Fighter (2020)===============IMDb rating – 6.4/10 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် အမိုက်စား Action ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့Tae seong ဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်က UFC ကြိုးဝိုင်းထဲမှာယှဉ်တိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပထမဆုံးပွဲကိုယှဉ်ထိုးပြီး အနိုင်ရလာပြီးတဲ့နောက်သူ့ရဲ့ပွဲဦးထွက်ဖို့အချိန်ကိုစောင့်နေတဲ့ကစားသမားစာရင်းဝင်ဖြစ်လာပါတယ်။အဲဒီညမှာပဲ သူ့သူငယ်ချင်းအကူအညီတောင်းလို့ လမ်းဘေးကလမ်းသူရဲတစ်ယောက် Ho yeol ဆီကနေအလဲထိုးတာကိုခံလိုက်ရတဲ့အချိန်မှာတော့ အဲဒီသတင်းကဟိုလေးတကျော်ကျော်ဖြစ်ပြီး သူ့ပွဲဦးထွက်ဖို့အစီအစဉ်ပျက်စီးသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့ Ho yeol ကို Tae seong ဘယ်လိုအနိုင်ပြန်ပိုင်းမှာလဲ…ချန်ပီယံဆိုတာတစ်ယောက်သာရှိနိုင်တာကြောင့် Blood street က ချန်ပီယံကဘယ်သူဖြစ်လာမလဲဆိုတာ..ဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
...

Twice Born (2012) ⭐IMDB: 7.3/10 (17 k Votes) 🎬 #Drama #Romance #War 🗓 2012 🎞 movie 🌎 #Italy #Spain #Croatia ⏰ 2 နာရီ 10 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းဖြစ်ရပ်မှန်ကိုနောက်ခံထားတဲ့ အီတလီဒရာမာဇယတ်လမ်းလေးပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 7.3 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ မင်းသားကတော့ Into the wild , the girl next door တို့မှာပါဝင်ထားတဲ့ Emile Hirsch ဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးကတော့ Penelope Cruz ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ 1992 ခုနှစ်မှာ Bosnia and Herzegovina နိုင်ငံရဲ့မြို့တော် Sarajevo ကိုအပိတ်ဆိုခံရတာကိုအခြေခံထားပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် အီတလီနိုင်ငံသူ ဂျမ်မာဟာသူ့ရဲ့သား ပီယက်ထရို့နဲ့အတူ Sarajevo မြို့ပိတ်ဆိုခံရတဲ့အထိမ်းအမှတ်ပွဲအတွက် Bosnia နိုင်ငံကိုသွားခဲ့ပါတယ်။ ဂျမ်မာဟာ ၁၉၉၂ ခုနှစ် Sarajevo မြို့ပိတ်ဆို့ခံရတဲ့အချိန်မှာ အဲ့မြို့မှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကဂျမ်မာကတက္ကသိုလ်စာတမ်းပြုစုဖို့ရောက်ရှိနေခဲ့တာဖြစ်ပြီး အိမ်ထောင်မကျသေးပါဘူး။ အဲ့ဒီမှာသူမရဲ့သား ပီယက်ထရိုရဲ့အဖေဖြစ်မဲ့သူ အမေရိကန်လူမျိုး ဓါတ်ပုံဆရာ ဒီရေဂိုနဲ့တွေ့ရှိပြီးချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ဂျမ်မာဟာမြုံနေတဲ့အတွက်ကိုယ်ဝန်မရနိုင်တဲ့အခါ အက်စ်ကာဆိုတဲ့ဂီတပညာရှင်ကောင်မလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့စဉ်းစားလာပါတယ်။ ထို့နောက် Sarajevo မြို့ပိတ်ဆို့ခံပြီး စစ်တပ်တွေမြို့ထဲဝင်လာတဲ့အခါ သူတို့ရဲ့ကလေးမရနိုင်တဲ့ပြဿနာဟာ အကြောင်းအမျိုးမျိုးကြောင့်ပိုပြီးရှူပ်ထွေးသွားပါတယ်… ဒီဇာတ်လမ်းရဲ့တင်ဆက်ပုံက အတိတ်နဲ့လက်ရှိကိုတွဲရိုက်ပြထားတာဖြစ်ပြီး အစပထမပိုင်းမှာတော့နဲနဲလေးရှူပ်နေနိုင်ပါတယ်…အဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်…အဆုံးထိကြည့်နိုင်အောင်လည်းဆွဲဆောင်နိုင်ပါတယ်…မင်းသား၊မင်းသမီးတွေရဲ့သရုပ်ဆောင်ပုံတွေ…နောက်ခံဇာတ်ဝင်တေးတွေကလက်ရာမြောက်လို့ပါ…ခံစားကြည့်ကြပါခင်ဗျာ။
...

No Pressure (2024) ⭐IMDB: 5.1/10 (619 Votes) 🎬 #Uncategorized #Romance #Comedy 🗓 2024 🎞 movie 🌎 #Poland ⏰ 1 နာရီ 53 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ စိတ်မြန်လက်မြန် ဒေါသအိုးလေးဖြစ်ပြီး အရမ်းတော်တဲ့ စားဖိုမှုးတစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့အဖွားဆုံးသွားတဲ့သတင်းကိုကြားတဲ့အတွက် အဖွားကိုနှုတ်ဆက်ဖို့ ရွာကိုရောက်လာခဲ့ပါတယ်။ ရွာကိုရောက်မှ သူ့အဖွားဟာ စိုက်ခင်းခြံပိုင်ရှင်နဲ့ တရားရင်ဆိုင်နေရကာ ခြံကို ထုတ်ရောင်းရတော့မယ့် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်တဲ့အခါ အိုလီဗီယာတစ်ယောက် အဖွားကို အမြဲကူညီပေးသူ ဝေါ်ဂျက်ရဲ့အကူအညီကိုယူပြီး အဖွားရဲ့ခြံကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ အဖွားဖြစ်သူကြောင့် မြို့ကနေ ရွာကိုပြန်လာပြီး မိသားစုပိုင်ခြံကို ကာကွယ်ရင်း လျှို့ဝှက်ချက်တွေရှိနေတဲ့ ဝေါ်ဂျက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် Romance Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ်
...

What Jennifer Did (2024) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Crime #Documentary 🗓 2024 🎞 movie 🌎 #USA #UnitedKingdom ⏰ 1 နာရီ 28 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အေးချမ်းဆိတ်ငြိမ်လှတဲ့ ကနေဒါနိုင်ငံက မြို့‌လေးတစ်မြို့မှာ ဗီယက်နမ် မိသားစုနေထိုင်ကြပါတယ်။မိဘ နှစ်ပါးနဲ့ သမီးလေးတစ်ယောက်ရှိတဲ့ သူတို့မိသားစုဟာ ရိုးသားကြိုးစားပြီးအားလုံးနဲ့ သင့်မြတ်အောင်နေတတ်သူတွေပါ။ တစ်ညမှာတော့ အဲဒီမိသားစုအိမ်လေးကို လူတစ်စုအတင်းဝင်ရောက်လာပြီး အကြမ်းဖက်တဲ့အတွက်အမေဖြစ်သူသေဆုံးကာ အဖေဖြစ်သူမှာ သေလုမျောပါးဖြစ်ခဲ့ရပါတယ်။ သမီးလေးမှာတော့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိပေမဲ့ စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ အဲဒီအမှုအကြောင်း တစ်မြို့လုံး ဟိုးလေးတကျော်ဖြစ်သွားပြီး ဆိတ်ငြိမ်တဲ့မြို့လေးမှာ ပူပန်မှုတွေ ဖုံးလွှမ်းသွားပါတော့တယ်။ဒီအဖြစ်အပျက်တွေကတော့ 2010 ခုနှစ်က ကနေဒါမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာပါ။အမှုကို စုံစမ်းစစ်ဆေးကြတဲ့အခါမှာတော့ အံ့အားသင့်ဖွယ် မယုံနိုင်ဖွယ် ကြိုးကိုင်စီမံသူကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဘယ်သူက ဘယ်လိုကြောင့်ကျူးလွန်ခဲ့ရသလဲ။ ဘယ်လို တွေစီမံခဲ့လဲ ဆိုတာကို မကြာသေးခင်ကမှ Netflix မှာပြသခဲ့တဲ့true crime documentary အသစ်စက်စက်လေး မှာ ဆက်လက်ရှုစားနိုင်ပါတယ်။ ဒီအမှုမှာ ပါဝင်ခဲ့သူတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး လူ့စိတ်ရဲ့ဆန်းကျယ်ပုံကြောက်မက်ဖွယ်ကောင်းပုံတွေကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
...

Silence 2: The Night Owl Bar Shootout (2024) ⭐IMDB: 7.6/10 (39 Votes) 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Silence 2 The Night Owl Bar Shootout (2024) “ဖုံးကွယ်တတ်သော”IMDb – 7.9/10 Manoj Bajpayeeနဲ့ Prachi Desaiတို့ရဲ့ စုံထောက်ကားကားကိုတင်ဆက်ပေးလိုက်ပါတယ်Silence… Can You Hear It(2021) ဒီသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းမတူတဲ့ ရုပ်ရှင်ကားကိုလည်း CM မှာတင်ဆက်ပေးဖူးတာမို့ ပြန်ရှာကြည့်ချင်တဲ့ပရိသတ်တွေအတွက် CM Appမှာရှုစားနိုင်ပါတယ်။ ဘားတစ်ခုမှာ သေနတ်တစ်လက်နဲ့ဝင်ပစ်ပြီး လူအတော်များများ သေခဲ့ရပါတယ်။သေဆုံးသူတွေထဲမှာ အရေးပါအရောက်တဲ့ပုဂ္ဂိုလ်တစ်ယောက် ပါနေတဲ့အတွက်တရားခံကို အပူတပြင်းလိုက်ရှာပါတော့တယ် တရားခံက လိုက်ရှာနေရင်း လိုက်လေဝေးလေဖြစ်နေတာမို့ ထောက်လှမ်းရေးတွေမခံချိမခံသာ ဖြစ်နေတာတွေကို ရှုစားရမှာပါ ဒီအမှုဖြေရှင်းတဲ့အချိန်မှာ စုံထောက်ကြီးတို့ရဲ့ ဦးနှောက်နဲ့အမြင်ထက်ပြေးတဲ့ လူငယ်လေးတွေရဲ့ အကူအညီက အမှုအတွက်အရေးပါရုံမကဘဲစုံထောက်ကြီးကပါ အံ့ဩယူလောက်အောင် ထက်မြက်နေခဲ့ပါတယ်။ အမှုလိုက်ရင်း သူတို့တွေ ထပ်သိလာရတာက အသက်မပြည့်သေးတဲ့မိန်းမငယ်လေးတွေ လိင်ကျွန်အဖြစ် တရားမဝင်လူကုန်ကူးနေတာတွေကိုပဲ။ ဘားတစ်ခုလုံး‌မှာ လူအများကြီး အသတ်ခံလိုက်ရတဲ့အမှုက သက်သေအထောက်အထားမလုံလောက်တရားခံမပေါ်တဲ့ထူးဆန်းတဲ့အမှုနဲ့ နောက်ဆက်တွဲအမှုတွေကို စုံထောက်ကြီးတို့ ဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာတော့…. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Wonder Woman (2017) ⭐TMDB: 72% User Score 🎬 #Action #Adventure #DCEU #Fantasy #SciFi #War 🗓 2017 🎞 movie 🌎 #China #HongKong #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 22 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/dceu/ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013)– Batman vs Superman: Dawn of Justice (2016)– Suicide Squad (2016)– Wonder Woman (2017)– Justice League (2017) (Theatrical Cut)– Aquaman (2018)– Shazam! (2019)– Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)– Wonder Woman 1984 (2020)– Zack Snyder’s Justice League (2021)– The Suicide Squad (2021)– Black Adam (2022)– Shazam!: Fury of the Gods (2023)– The Flash (2023)– Blue Beetle (2023)– Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Wonder Woman (2017) IMDb Rating (7.3) / Rotten Tomatoes (93%) DCEU ရဲ့ လေးကားမြောက် ရုပ်ရှင် ဖြစ်တဲ့ Wonder Woman ရုပ်ရှင်ပါ။ Box Office မှာ နံပါတ်တစ်ချိတ်ခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေနဲ့ ပရိသတ်တွေ အားပေးမှုအပြည့်ရထားပါတယ်။ သူ့ကိုတော့ Batman vs Superman မှာ မြင်ဖူးခဲ့ပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒိုင်ယာနာ ရဲ့ ငယ်ဘဝနဲ့ လူ့လောကထဲကို ပထမဆုံးခြေချချိန် စွန့်စားခန်းတွေကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဒိုင်ယာနာဟာ လူတွေသာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကျွန်းတစ်ကျွန်းမှာ နတ်ဘုရားတွေဖန်ဆင်းထားတဲ့ အမေဇုံလို့ခေါ်တဲ့ စစ်သည်တော်တွေလက်ထဲမှာ မွေးဖွားကြီးပြင်းလာသူပါ။ ဒိုင်ယာနာဟာ ဘုရင်မ ဟစ်ပိုလီတာရဲ့ သမီးတော်လည်း ဖြစ်ပါတယ်။ အဲဒီကျွန်းမှာ ယောကျာ်းတစ်ယောက်မှ မရှိပါဘူး။ တစ်နေ့မှာတော့ပထမကမ္ဘာစစ်ထဲက လေယာဉ်မှုးတစ်ယောက် လေယာဉ်ပျက်ကျပြီး ပင်လယ်ထဲ ပြုတ်ကျလာတာကို ကယ်တင်မိပြီး ကမ္ဘာစစ်ကြီးအကြောင်းကို ပထမဆုံးကြားသိသွားပါတော့တယ်။ အမေဇုံတွေဟာ ကမ္ဘာကြီးကို စစ်နတ်ဘုရားလက်က ကယ်တင်ဖို့လို့ ယုံကြည်ထားတဲ့ ဒိုင်ယာနာဟာ လေယာဉ်မှုး ဗိုလ်ကြီး စတိ ထရီဗာနဲ့အတူ လူတွေရဲ့ လောကကြီးထဲကို ခြေချပြီး စစ်ပွဲကြီးတစ်ခုလုံးကို သူယုံကြည်သလို ရပ်တန့်ဖို့ကြိုးစားပါတော့တယ်။
...