uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Paint It Gold (2023) ⭐IMDB: 5.7/10 (330 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 31 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paint It Gold [2023] (IMDb 5.6/10) ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်…ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်…သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်…ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့…နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်…အာသာက နာဗီကို အမြဲတစေ ကူညီတယ်ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်…ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်…အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့…ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်…ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာသူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်…အာသာကတော့ မကူညီခဲ့ပါဘူး…အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

The Two Faces of January (2014) ⭐IMDB: 6.2/10 (34 k Votes) 🎬 #Crime #Mystery #Romance #Thriller 🗓 2014 🎞 movie 🌎 #UnitedKingdom #France #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 January ဆိုတဲ့စကားလုံးဟာ မျက်နှာနှစ်ဖက်ရှိတဲ့ ဂရိနတ်ဘုရား Janus ကိုအစွဲပြုပြီး ခေါ်ဝေါ်တယ်ဆိုတာ သိပါသလား။ ဒီရုပ်ရှင်ဟာ ဆန့်ကျင်ဖက်နှစ်ခု ဒွန်တွဲ တည်ရှိနေခြင်းကို ကိုယ်စားပြုတဲ့ နတ်ဘုရား Janus ကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။ ဂရိနိုင်ငံမှာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်နေတဲ့ လူလိမ်ပေါက်စ ရိုင်ဒယ်လ်ဟာ တစ်နေ့မှာ လူကုံထံဇနီးမောင်နှံ နှစ်ဦးနဲ့ တွေ့ရှိခဲ့တယ်။ တိုင်းတစ်ပါးမှာ လာဆုံတဲ့ အမေရိကန်သားချင်းအနေနဲ့ သူတို့ ၃ ဦးဟာ အချိန်တိုအတွင်း ခင်မင်သွားကြတော့တယ်။ ဒါပေမဲ့ ခမ်းနားမှု မျက်နှာဖုံးကွာကျသွားတဲ့အချိန်ရိုင်ဒယ်လ်ဟာ လူကုံထံလင်မယားထဲက ခင်ပွန်းဖြစ်သူရဲ့ ရာဇဝတ်မှုကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ…. အထက်တန်းဆန်ဆန် ဇာတ်လမ်းနောက်ခံနဲ့ အံ့ဩမှင်သက်စေမဲ့ ရှုခင်းတွေ၊ အချစ်နဲ့ အန္တရာယ်ကြားက စွန့်စားမှုတွေကို ကြည့်ရှုနိုင်မဲ့ ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
...

Loving Leah (2009) ⭐IMDB: 7.1/10 (4 k Votes) 🎬 #Drama #Romance 🗓 2009 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို မိုးအေးအေးလေး ဇိမ်နဲ့ကွေးပြီး ကြည့်ဖို့ ဆွတ်ပျံ့ကြည်နူးဖို့ ကောင်းတဲ့ အချစ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှလုံးခွဲစိတ် ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဂျိတ်ခ်ဟာ ဂျူးလူမျိုး တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာ အစ်ကိုဖြစ်သူ ဂျူးဘာသာရေးဆရာ ရုတ်တရတ်ဆုံးပါးသွားပြီး အိမ်ကို နာရေးပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူမသိလိုက်တာက ကလေးမရှိသေးတဲ့ ဂျူးအိမ်ထောင်မှာ အစ်ကိုဖြစ်သူ ဆုံးပါးပြီး ညီဖြစ်သူက လူပျိုလူလွတ်ဆိုရင် အစ်ကိုဖြစ်သူရဲ့ ဇနီးကို လက်ထပ်ယူဖို့ သတ်မှတ်ထားတဲ့ လယ်ဗီရိတ် အိမ်ထောင်ပြုခြင်း ရှိနေတယ်ဆိုတာပါပဲ။ ဘာသာရေးကို သိပ်ပြီး ယုံကြည်မှုမရှိတဲ့ ဂျိတ်ခ်နဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် ခယ်မလေး လေယာတို့ နှစ်ဦး ဆုံတွေ့ ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ။ ရှေးရိုးစွဲ ယုံကြည်မှု ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးမိသားစုအတွင်း ဖြစ်တတ်တဲ့ သဘောတရားလေးတွေနဲ့ အမြင်မတူညီတဲ့ သူနှစ်ဦး ပေါင်းစပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ရိုမန်တစ် ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့ Hallmark Channel က ရိုက်ကူးထားပြီး Nomination ငါးခု အထိ ရထားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။
...

I Saw the TV Glow (2024) ⭐IMDB: 6.0/10 (10 k Votes) 🎬 #Drama #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ A24 production က ထုတ်ထားတဲ့ Horror/Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Horror ကားဆိုပေမယ့် လူတွေကို အတင်းဖြဲခြောက်တဲ့ကားတွေထဲမှာတော့ မပါပါဘူး။ သေချာတာကတော့ ဒီဇာတ်ကားကြည့်ရတာ တော်တော်လေး Trippy ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သုံးထားတဲ့ အရောင်တွေ ရိုက်ချက်တွေကတော့ ကြည့်လို့လှပြီး တစ်မူထူးခြားပါတယ်။ အိုဝန် ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ကျောင်းမှာ တစ်နေ့ မက်ဒီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။ မက်ဒီဟာ အိုဝန်ကို သူကြည့်နေကြ ဇာတ်လမ်းတွဲတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲလာတဲ့အချိန်ဟာ အိုဝန်ရဲ့ အိပ်ယာဝင်ချိန်ထက်နောက်ကျတဲ့ အတွက် သူ့ရဲ့ မိဘတွေက ပေးမကြည့်ခဲ့ပါဘူး။ အဲဒါကြောင့် မက်ဒီဟာ ဇာတ်လမ်းကို တိပ်ခွေထဲသွင်းပြီး အိုဝန်ကို ပေးကြည့်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ ရင်းနှီးလာပြီး နှစ်တွေကြာလာတော့ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ထူးဆန်းတာတွေ ဖြစ်လာတဲ့အခါ
...

The Foul King (2000) ⭐TMDB: 68% User Score 🎬 #Comedy #Sport #Drama 🗓 2000 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 52 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Foul King ( 2000 )IMDb: 6.9/10Genre: Comedy/Sport I Saw the Devil, A Bittersweet Life , The Good, the Bad, the Weird တို့ရဲ့ဒါရိုက်တာKim Jee-woonကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ ကိုရီးယားရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ပွဲဦးထွက်ကတည်းက ကိုရီးယားရဲ့ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့ ချွဲမင်ဆစ် , ဆောင်းကန်ဟို, လီဗြောင်ဟွန်းတို့လို လူတွေနဲ့ပဲဆက်တိုက်ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ချွဲမင်ဆစ် ,ဆောင်းကန်ဟိုတို့နဲ့ The Quiet Familyကိုပွဲဦးထွက်အနေနဲ့ ရိုက်ခဲ့ပြီး ဒုတိယကားအနေနဲ့ The Foul Kingကို ဆောင်းကန်ဟိုနဲ့ ရိုက်ခဲ့တယ်။ နောက် A Tale of Two Sisters, A Bittersweet Life, The Good, the Bad, the Weird , I Saw the Devil , The Age of Shadows, Illang: The Wolf Brigade, Cobwebစတဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တယ်။ အကုန်လုံး ဘောင်ဝင်တန်းဝင်ကားတွေချည်းပါပဲ။ ထုံးစံအတိုင်း ဟောလိဝုဒ်က သူ့ကိုခေါ်ရိုက်ခိုင်းထားတဲ့အားနိုးကား The Last Stand (2013)တစ်ခုပဲ သိပ်မစွံလှတာပါ။ တစ်ချက်ရှိတာက ပွဲဦးထွက်၂ကားကိုကြည့်ရင် ကင်ဂျီးဝန်ဟာ Black Comedy အားသန်တဲ့ Black Comedyကိုအသားပေးရိုက်ပြချင်တဲ့ ဒါရိုက်တာဆိုတာ မြင်သာနေပေမဲ့ Cobwebမတိုင်ခင် နောက်ပိုင်းကားတွေအကုန်လုံးမှာသူဟာ Black Comedy မဆန်တော့ပါဘူး။ ကောင်းပေမဲ့ Mainstreamရုပ်ရှင်ဆန်ဆန်ကားတွေပဲဖြစ်သွားပါတယ်။ပွဲဦးထွက်နှစ်ကားနောက်ပိုင်း ကားတွေအကုန်လုံး ဒီလိုဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Cobwebမှာတော့ကင်ဂျီးဝန်ဟာ Black Comedyလိုင်းဘက် ပြန်ရောက်သွားပါပြီ။ ဒါပေမဲ့ လုံးဝ Black Comedy ဘက်ပြန်ရောက်လာပြီလို့တော့ ပြောမရပြန်ပါဘူး။ နောက်ရိုက်မယ့်၂ကားလုံး Black Comedy ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်နေလို့ပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ကင်ဂျီးဝန်ကို Black Comedyကားတွေပိုရိုက်စေချင်ပေမဲ့ နောက်၂ကားထိတော့အလားအလာမရှိသေးဘူး။ ဒီနေရာမှာတစ်ခုရှိတာက လက်ရှိအရေအတွက်အရတော့ သူ့Black Comedyကားတွေထက်ကျန်တဲ့ကားအများစုက ဇာတ်လမ်းဇာတ်အိမ်ရော တင်ဆက်ပုံရောပိုကောင်းနေပါတယ်။ ပွဲဦးထွက်တွေမှာ ရိုက်ခဲ့သကိုး။Cobwebမှာတော့ အဲဒီအားနည်းချက်တွေ မရှိသလောက်ဖြစ်သွားတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ်ကင်ဂျီးဝန်းကို ကျွန်တော့်အနေနဲ့တော့ I Saw the Devilတို့လိုပုံစံမျိုးထက် Black Comedyကားတွေမှာပိုအရသာတွေ့ပါတယ်။ လက်ရှိအထင်ကရထိပ်တန်း ဒါရိုက်တာတွေထဲ ကင်ဂျီးဝန်းပုံစံဟာ အဲဒီကားတွေမှာတော့လုံးဝကွဲထွက်နေလို့ မတူတဲ့အရသာတစ်မျိုးပေးနိုင်လို့ပါပဲ။ The Foul Kingကတော့ ရုံးမှာ အထက်လူကြီး အနိုင်ကျင့်ခံနေရတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ကနေမဆီမဆိုင် ပရိုနပန်းလောကထဲဝင်ပြီး နပန်းသမားဝင်လုပ်တဲ့အကြောင်းပါပဲ။တော်တော်စားတဲ့ ဇာတ်ကြောင်းလို့ပြောရမယ်။ ဒီလိုစားတဲ့ ဇာတ်ကြောင်းကို ကင်ဂျီးဝန်ကBlack Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေနဲ့ အသက်သွင်းထားတာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရမှာပါ။မင်းသားက ဆောင်းကန်ဟိုဆိုတော့ ဇာတ်ကောင်နဲ့လည်းတော်တော်လေးပနံသင့်တော့ အတိုင်းအတာတစ်ခုအထိတော့ပြည့်စုံတဲ့ ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဇာတ်အိမ်က အရမ်းကြီးတော့ အားရစရာမကောင်းနေတဲ့အတွက်ဒီရုပ်ရှင်ဟာ Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူတွေအတွက်လိုဖြစ်နေပါလိမ့်မယ်။I Saw the Devilတို့လိုပုံစံမျိုး သွားမမျှော်လင့်မိဖို့တော့ လိုပါလိမ့်မယ်။
...

The Reaping (2007) ⭐TMDB: 57% User Score 🎬 #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချော Hilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elba တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီး IMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက် ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကို သိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကို ပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်း ဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလို ဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက် အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့ သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်း ကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူး ချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲ လာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာ ပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျ ဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေ နတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

The Reaping (2007) ⭐TMDB: 57% User Score 🎬 #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချော Hilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elba တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီး IMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက် ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကို သိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကို ပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်း ဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလို ဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက် အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့ သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်း ကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူး ချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲ လာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာ ပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျ ဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေ နတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

Fasten Your Seatbelt (2013) ⭐IMDB: 5.6/10 (237 Votes) 🎬 #Comedy 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fasten Your Seat Belt (2013) Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင်ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက်ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင်လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။ အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Su Myat, Mary, Char Ouတို့ပဲ ဖြစ်ပါတယ်။
...

The Reaping (2007) ⭐TMDB: 57% User Score 🎬 #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချော Hilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elba တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီး IMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက် ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကို သိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကို ပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်း ဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလို ဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက် အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့ သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်း ကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူး ချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲ လာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာ ပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျ ဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေ နတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

No Good Deed (2014) ⭐IMDB: 5.6/10 (22 k Votes) 🎬 #Crime #Drama #Horror #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ No Good Deed ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Sam Miller ကရိုက်ကူးပုံဖော်ထားပြီး rating 5.6/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ ကော်လင်းအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Idris Elba ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိထားပြီး မင်းသမီး Taraji Henson ကအကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးရရှိထားပါတယ်… ဇာတ်လမ်းအစမှာလူသတ်မှုနဲ့ ထောင်ငါးနှစ်ကျနေတဲ့ ကော်လင်းဆိုတဲ့လူသတ်သမားတစ်ယောက် အယူခံဝင်ဖို့ တရားရုံးကို သွားနေပုံနဲ့စတင်ထားပါတယ် ဒီဇာတ်ကားက လူ့လောကမှာအိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ နောက်ဆုံးမှာ ဘယ်လို အဆုံးသတ် သွားမလဲဆိုတာကို ထောက်ပြထားပါတယ် ဒီလိုနဲ့ကော်လင်းတစ်ယောက် အယူခံဝင်တာမအောင်မြင်တဲ့အဆုံး ထောင်ကိုပြန်တဲ့လမ်းမှာ ကားပေါ်ကနေထွက်ပြေးလွတ်မြောက် သွားပါတယ် အဲ့ဒီနောက် လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ချစ်သူကောင်မလေးဆီကို အရောက်ပြန်ပါတော့တယ် အချစ်ကြီးတဲ့ကောလင်းတစ်ယောက် မိမိချစ်လှပါတယ်ဆိုတဲ့ ကောင်မလေးက မိမိထောင်ကျနေတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိလိုက်တဲ့အချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ…. ကော်လင်းတစ်ယောက် ဒီအဖြစ်မှန်ကိုရင်ဆိုင်နိုင်ပါ့မလား ကောလင်းတစ်ယောက်ဘယ်လိုမျိုးတွေဂလဲ့စားချေဖို့ ကြိုးစားမလဲ.. တစ်ဖက်မှာလည်း တယ်ရီဆိုတဲ့ ကလေးနှစ်ယောက်နဲ့ နပန်းလုံးနေရတဲ့ အိမ်ထောင်ရှင်မ အမျိုးသမီးတစ်ယောက်က မိမိယောကျ်ားရဲ့အရေးမထားမှုတွေ ဂရုမစိုက်မှုတွေကို ခါးစီးခံနေရပါတယ် ဒီလိုနဲ့ တစ်နေ့မှာတယ်ရီရဲ့အမျိုးသား ဂျက်ဖ်ရီက သူ့အဖေမွေးနေ့မလို့ ဂေါက်ရိုက်သွားမယ်ဆိုပြီး ပြောကာ အထုပ်အပိုးတွေနဲ့ မိုးထဲရေထဲကိုထွက်သွားပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာပဲ ကော်လင်းတစ်ယောက် ကားပျက်ပြီး တယ်ရီတို့အိမ်ကိုရောက်လာခဲ့ပါတယ် အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်ကြမလဲ… ကော်လင်းကရော အစစအရာရာ သဘောကောင်းပြီး ကူညီပေးနေတဲ့ တယ်ရီတို့သားအမိသုံးယောက်ကိုဘာလို့ ပြန်ပေးဆွဲဖမ်းသွားတာလဲ ဘာကြောင့်လဲ ဘယ်နေရာကို ဖမ်းခေါ်သွားတာလည်း ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင် လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး… ဒီဇာတ်ကားက ကြည့်ရှုသူပရိတ်သတ်ကြီးကို ဇာတ်လမ်းအစအလည်အဆုံး ထိုင်ရာကနေမထချင်လောက်အောင် စွဲဆောင်ထားနိုင်မှာ အမှန်ပါပဲ ဒီဇာတ်ကားက Crime , Drama & Horror ဇာတ်လမ်းအမျိုးအစားကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ သူတွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်
...

Luv Ki Arrange Marriage (2024) ⭐IMDB: 5.0/10 (4 k Votes) 🎬 #Bollywood #Comedy #Family #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Luv Ki Arrange Marriage 2024 နှစ်ဆောင်ပြိုင်ချစ်ခြင်း IMDb-5.0/10 တစ်နေ့တာပင်ပန်းတာတွေကို ဟာသနဲ့ဖြေဖျောက်လိုသူတွေအတွက်ဟင်ဒီဟာသကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အချစ်ရေးရောဟာသလေးတွေရောပါတဲ့အပြင် heavyမဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းကိုရှုစားလိုသူတွေအတွက် အဆင်ပြေမှာပါ။ မေတ္တာဆိုတာ တစ်ယောက်တည်းကိုပေးရင် အတ္တလို့သဘောထားတဲ့သူပီပီ မစ်ရှရာဟာမိန်းမတိုင်းနဲ့ လက်ပွတ်တတီးနေတတ်သူပါ။ ပရမ်ကဘယ်လောက်ပဲ ဖြူစင်တဲ့ ၅၂၈ မေတ္တာမိတ်ဆွေဆက်ဆံရေးလို့ပြောပြော ဒီမိန်းမတွေရဲ့ ကာမပိုင်ယောက်ျားတွေက မကြည်ဖြူတာကြောင့်လစ်ရင်လစ်သလို သမခံရသူပေါ့။ သားဖြစ်သူလပ်ဗ်က ဖိုက်တာဖြစ်နေလို့သာမစ်ရှရာတစ်ယောက်ခံသာနေတာဆိုလည်းမမှားပါဘူး။ တစ်နေ့ လပ်ဗ်တစ်ယောက် အီရှီကာဆိုတဲ့ ထက်ထက်မြက်မြက်မိန်းကလေးကို သဘောကျသွားချိန်မှာကိုမေတ္တာရှင်မစ်ရှရာကလည်း အီရှီကာရဲ့အမေကို သဘောကျမိလေတော့…. တစ်ပြိုင်နက်မဖြစ်နိုင်တဲ့ ဒီသားအ‌ဖရဲ့အချစ်ရေးမှာ ဘယ်သူကဘယ်သူ့အတွက် စတေးသွားမလဲဆိုတာ ရှုစားကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)
...

Till Death Do Us Part (2024) ⭐IMDB: 7.2/10 (70 Votes) 🎬 #Bollywood #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Till Death Do Us Part 2024 ( ‌ပြစ်ဒဏ်) Imdb 7.6 အိမ်တွင်းအကြမ်းဖက်မှုပုံစံများ survival များပါဝင်လို သတိပေးချက်ထုတ်ပြန်ထားတဲ့ဇာတ်ကားတစ်ကားပါ မိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီဆို လင်ယောကျာ်းလက်အောက်ခံ လင်ယောကျာ်းဘာခိုင်းခိုင်းဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ရှေးရိုးစွဲသဘောထားတွေကနေ မလွတ်ထွက်နိုင်သေးတဲ့ရီနာတာဆိုတဲ့မိန်းကလေးတစ်‌ယောက်ရှိတယ် သေခြင်းကသာခွဲနိုင်တယ်လို ကတိသစ္စာဆို ယူခဲ့ကြပေမဲ့ကြာကြာပေါင်းမှအကြောင်းသိလာခဲ့ရတဲ့ ရီနာတာလေးမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့ယောကျာ်းကိုကြောက်ရတော့ ယောကျာ်းဖြစ်သူအလုပ်သွားတာနဲ့ ဘယ်သူနဲ့မှမဆက်သွယ်ဘဲအိမ်တံခါးပိတ်ပြီး အိမ်ထဲမှာပဲအချိန်တွေကိုကုန်လွန်ခဲ့ရတယ် ဒီလိုနဲ့တစ်နေ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ် ယောကျာ်းအလုပ်လုပ်တဲ့ရုံးကပါ အလုပ်မလာဖုန်းလည်းမကိုင်လို နေမကောင်းဘူးလားဆိုတဲ့အကြောင်းလှမ်းမေးကြတာပါအချိန်ပိုနေ့တိုင်းဆင်းလို နောက်ကျမှပြန်ပြန်လာတဲ့ ယောကျာ်းဖြစ်သူက အလုပ်မလာဘူးဆိုတော့ ရီနာတာစုံစမ်းရမဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်ချောင်ပိတ်ခံရတဲ့ကြောင်က ကျားဖြစ်လာတတ်သလို ရီနာတာတစ်ယောက်ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V တိုပဲဖြစ်ပါတယ်
...

Tufang (2023) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tufang (2023) “ပစ္စတိုဖူးစာ”IMDb – 6.3/10 ပန်ချာပီအဆိုတော်အနေနဲ့ နာမည်ကြီးတဲ့ ဂူရီက အဓိကဇာတ်ကောင်နေရာကနေပါဝင်ထားပါတယ်။မင်းသမီးကတော့ တလေဂူး၊ ဟင်ဒီ၊ ကန်နာဒါရုပ်ရှင်နယ်ပယ်တွေမှာ ပါဝင်နေကျဖြစ်တဲ့ ရုခ်ရှာဒီလွန်။ မင်းသားက ဦးလေးဖြစ်သူနဲ့အတူ သေနတ်ဆိုင်ဖွင့်ထားသူတစ်ယောက်။ သေနတ်တွေကိုချစ်မြတ်နိုးပြီး သေနတ်တွေကို အစမ်းပစ်ပြတဲ့ သူ့ရဲ့အွန်လိုင်းဗီဒီယိုတွေကလည်းအားပေးသူအထိုက်အလျောက်ရှိတဲ့သူဖြစ်ပါတယ်။ မင်းသမီးကတော့ သူ့လိုပဲ သေနတ်တွေကိုခုံမင်တဲ့သူ။ ညီမဖြစ်သူတွေအိမ်ထောင်ကျ ကလေးတွေရတဲ့အထိသေနတ်ပစ်ဖို့နဲ့ သေနတ်တစ်လက်ပိုင်ဆိုင်ဖို့တွေးနေတတ်တဲ့သူဖြစ်တာကြောင့်မိခင်ဖြစ်သူရဲ့ ဆူပူမှုကို နေ့စဉ်နဲ့အမျှခံရသူ။ ခပ်တည်တည်နဲ့ ရဲစခန်းမှာသေနတ်လိုင်စင်သွားလျှောက်တော့လည်း မရပြန်တာကြောင့်မင်းသားပိုင်တဲ့ဆိုင်ကနေ ခိုးဖို့အကွက်ချစီစဉ်ပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရဲ့စီစီတီဗီမှာ သူ့မျက်နှာပါနေပြီး မင်းသားက သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့။ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ ဘယ်လိုဗီလိန်တွေပါဝင်လာမလည်းဆိုတာတော့ဒီအက်ရှင်ဒရာမာဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Unaad (2023) ⭐IMDB: 8.4/10 (98 Votes) 🎬 #Bollywood #Musical #Music #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 45 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unaad (2023)“နုနယ်ချိန်” ဒီတစ်ခါမှာ CM ပရိသတ်ကြီးအတွက် ရိုးရှင်းပြီးကြည့်ပျော်မယ့် coming-of-age ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် တံငါရွာလေးတစ်ရွာမှာ အခြေတည်ထားပြီး ဘန်ယာ၊ ဆူဘမ်၊ ဂျမ်မီးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ် သူငယ်ချင်းသုံးယောက်နဲ့အတူ ပူပင်ကြောင့်ကြမဲ့လူငယ်ဘဝကို လိုက်ပါခံစားရမှာပါ လှပတဲ့ ရှုခင်းတွေကြား သူငယ်ချင်းသုံးယောက်သား အလုပ်မရှိ ကစားခုန်စား အချိန်ကုန်ရင်းအရွယ်ရောက်ခြင်းနဲ့အတူ ကပ်ပါလာတဲ့ တာဝန်ဝတ္တရားတို့ကို ငြင်းဆန်တတ်တဲ့ ဆယ်ကျော်သက်လူငယ်ဘဝ …ရင်ခုန်သံတို့ အစပျိုးတဲ့အရွယ်မှာ စတင်ခံစားမိတဲ့ အချစ်နှင့် အချစ်နောက်ကို လိုက်ခြင်း၊သူငယ်ချင်း အချင်းချင်း အခန့်မသင့်လို့ သဘောထားကွဲလွဲကြပုံတွေနဲ့အတူ …ရင့်ကျက်တည်ငြိမ်ခြင်းဆိုတဲ့ ကာလမတိုင်ခင် ဆယ်ကျော်သက်ပြဿနာတို့ကိုဘယ်သို့ဘယ်ပုံ ကျော်ဖြတ်ကြမှာလဲဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Shivrayancha Chhava (2024) ⭐IMDB: 7.3/10 (228 Votes) 🎬 #Bollywood #History #Drama #Action 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shivrayancha Chhava (2024)”ဧကရာဇ်ဆမ်ဘာဂျီ”======================================= ရုံတင်စဉ်က ဒုတိယဝင်ငွေအကောင်းဆုံး မာရသီစကားပြောရုပ်ရှင်ဖြစ်ခဲ့တဲ့ဒီသမိုင်းနောက်ခံရုပ်ရှင်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် မာရသာအင်ပါယာကို တည်ထောင်ခဲ့တဲ့ မင်းကြီးရှီဗာဂျီရဲ့အကြီးဆုံးသားမင်းကြီး ဆမ်ဘာဂျီရဲ့ဘဝကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ မင်းကြီးရှီဗာဂျီ နတ်ရွာစံသွားတဲ့အတွက် မာရသာအင်ပါယာပြိုကွဲပြီလို့ထင်နေတဲ့ မိုဂူလ်ဧကရာဇ်အာရန်ဇက်ဟာ ဘူဟန်ပူရ်မြို့ကို အိန္ဒိယတောင်ပိုင်းရဲ့ မြို့တော်အဖြစ်ပြောင်းလဲဖို့ သူ့ရဲ့တပ်မှူးဗဟာဒူးရ်ကို တာဝန်ပေးခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးဗဟာဒူးရ်ဟာ ဘူဟန်ပူရ်မြို့ကို မတရားသဖြင့်အုပ်ချုပ်နေတဲ့အတွက်အသက်ငယ်ရွယ်ပေမဲ့ ပညာဉာဏ်ပြည့်ဝတဲ့ မင်းကြီးဆမ်ဘာဂျီက ဗဟာဒူးရ်လက်ထဲကနေဘူဟန်ပူရ်မြို့ကို ကယ်တင်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်ထဲမှာ အဓိကမြင်တွေ့ရမှာ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Only You (2018) ⭐IMDB: 6.7/10 (4 k Votes) 🎬 #Drama #Romance 🗓 2018 🎞 movie 🌎 #UnitedKingdom #Sweden ⏰ 1 နာရီ 58 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါတော့ cm ပရိသတ်ကြီးကို မိုးအေးအေးလေးမှာ ရိုမန့်စ် ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နယူးရီးယား ညတစ်ညမှာ သူငယ်ချင်းအိမ်မှာ သောက်စားပြီး ပြန်လာတဲ့ အယ်လီနာဆိုတဲ့ ကောင်မလေး အငှားကားလု တားရာကနေ ဂျိတ်ခ်ဆိုတဲ့ သူ့ထက်အများကြီး ငယ်တဲ့ ကောင်လေးနဲ့ စပြီး ဆုံဖြစ်ခဲ့ကြပါတယ်။ ကားအတူစီးပြီးတဲ့နောက် လမ်းမခွဲဖြစ်ဘဲ ဇာတ်လမ်းလေးတစ်ခုကို စမိခဲ့တဲ့ အချစ်ဇာတ်လမ်း ရိုမန့်စ် ဒရာမာ ကားကောင်းလေးပါ။ ဒီဇာတ်ကားမှာ စုံတွဲတွေ ချစ်ခင်စုံမက် အတူနေကြပြီးနောက် ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေနဲ့ တွေ့ဆုံတဲ့အခါမှာ တွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေ၊ လက်တွဲဖော်ရဲ့ အားပေးမှုက ဘယ်လောက်အရေးပါသလဲဆိုတာကို မီးမောင်းထိုးပြထားနိုင်ပါတယ်။ RS သမားတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါ။ မရှိတဲ့သူတွေကတော့ ကြိုကြည့်ထားတာပေါ့နော်။ Infertility နဲ့ ပတ်သတ်ပြီး အမျိုးသမီးငယ်တွေ ခံစားရတဲ့ အပိုင်းတွေနဲ့ မိဘတွေဆီက တစ်ဆင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဒါတွေကို ဘယ်လိုမျိုး ကျော်ဖြတ်နိုင်မလဲဆိုတဲ့ အတွေးစလေးတွေ ထည့်ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားမို့ ကြည့်ရှုခံစား ကြည့်ကြပါဦးလို့
...

Dahaad (2023) ⭐IMDB: 7.6/10 (14 k Votes) 🎬 #Crime #Mystery #Drama #Thriller 🗓 2023 🎞 tv series 🌎 #India ⏰ 49 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dahaad 2023 ( IMDb 7.8/10) ပုရိသတို့အသည်းစွဲ ဆိုနားက်ရှီဆင်းန်ဟာလေးဟာဆိုရင် ဒီကားထဲမှာသဘာဝအတိုင်းလှပပြီး သရုပ်ဆောင်ချက် အပိုအလိုမရှိတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျ အိန္ဒိယရုပ်ရှင်လောကဟာ နှစ်ကြာလာတာနဲ့အမျှ အရည်အသွေးတွေတဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူးAmazon TV ကနေ streaming လုပ်ပေးခဲ့တဲ့ ဒီ Web series ကလည်းနှယ်နှယ်ရရတော့ မဟုတ်ပါဘူး ဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ best serie ဆုအတွက်ယှဉ်ပြိုင်ဖို့ ပြသခွင့်ရထားတဲ့ဇာတ်လမ်းလေးပါဘာတွေများကောင်းနေလို့ အင်တာနေရှင်နယ်လယ်ဗယ်လောက်ရောက်နေတာလဲဆိုတော့ဇာတ်လမ်းတည်ထားတာက ဆိုက်ကိုလူသတ်သမား serial killer အကြောင်းပါအချိတ်အဆက်မမိရင်ဂွမ်း မရိုက်တတ်ရင် မင်းသားက ပါဝါရိန်းဂျားဖြစ်ရင်ဖြစ်မဟုတ်ရင် လူဆိုးက လုံးဝဖမ်းမမိနိုင်တဲ့ god နီးပါးကြမ်း စသဖြင့် plot hole ပေါင်းများစွာရှိနိုင်ပါတယ် ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ရဲမေအန်ဂျလီဘာတီကလူပျောက်မှုတွေကို ခိုးရာလိုက်တာလား ပြန်ပေးဆွဲခံရတာလား လိုက်စုံစမ်းရင်းကွင်းဆက်လူသတ်မှုအဖြစ် ခြေရာခံမိလာတဲ့အခါ……အဓိကဇာတ်ဆောင်တွေအပြင် ဇာတ်ပို့တွေလဲအားကောင်းဘာသာရေးနိုင်ငံရေးပဋိပက္ခတွေကိုပါ side story အနေနဲ့မသိမသာထည့်ပြသွားတာမို့ အချိန်ပေးကြည့်ရတာတန်မဲ့ဇာတ်ကားတစ်ကားပါသည်းထိပ်ရင်ဖို thriller ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ဒီ series လေးကိုလက်မလွှတ်ကြဖို့ အကြံပေးရင်း တင်ဆက်ပေးပါရစေ
...

Night of Hell (2023) ⭐IMDB: 4.9/10 (77 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 29 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငရဲညဆိုတဲ့​အင်ဒိုနီးရှား​horror ကားကောင်းလေးကို တင်ဆက်ပေးပါရစေ.. အင်ဒိုနီးရှားနိုင်ငံ​ Winongoရွာလေးဟာ ငရဲည ၃ ညတာကို နှစ်စဥ်ဖြတ်သန်းရပါတယ်.. အဲညတွေဆိုရွာသူရွာသားတွေဟာ အပြင်မထွက်ရဲကြဘဲ အိမ်မှာပဲနေပြီး ကုရ်အာန်ကျမ်းကိုသာရွတ်ကြပါတယ် ငရဲညမှာသရဲတစ္ဆေတွေထကြွသောင်းကျန်းပြီး လူတွေကိုဝင်ပူးကာသတ်တာဖြတ်တာတွေ ဖြစ်တာကြောင့် အဲ ၃ ညတာက ကျိန်စာသင့်နေတဲ့ရွာလေးအတွက်တော့ တကယ့်ကိုငရဲပါပဲ ဒီကျိန်စာဆိုးလိုမျိုးငရဲညတွေဟာ ရွာလေးအပေါ်ကို ဘယ်ကနေအစပြုပြီး ဘာတွေဆက်ဖြစ်မလဲ ဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ
...

Infini (2015) ⭐IMDB: 5.3/10 (15 k Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2015 🎞 movie 🌎 #Australia ⏰ 1 နာရီ 51 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာကာသစခန်းတစ်ခုပေါ်မှာ ဇီဝကူးစက်မှု အဓိကရုဏ်းဖြစ်ပွါးတဲ့အချိန် ဝှစ်ကာမိုင်ကယ်တစ်ဦးတည်းသာ အသက်ရှင်ကျန်ခဲ့ပြီး ကမ္ဘာချီဝေးတဲ့ ဂြိုဟ်တစ်လုံးပေါ်က “အင်ဖနီ” ဆိုတဲ့ အာကာသမိုင်းတွင်းစခန်းကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ သူ့ကို ကယ်တင်ဖို့ လက်ရွေးစင် ကယ်ဆယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းစေလွှတ်လိုက်တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ၊ ဘယ်လိုလျှို့ဝှက်ချက်ကို ကြုံတွေ့ကြရမလဲ၊ ဘယ်သူတွေက ရှင်သန်ကျန်ခဲ့မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမဲ့ Sci-Fi/Horror ကားတစ်ကားပဲ ဖြစ်ပါတယ်။
...

Mallari (2023) ⭐IMDB: 6.7/10 (334 Votes) 🎬 #Drama #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Philippines ⏰ 2 နာရီ 10 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Mallari ရုပ်ရှင်ဟာ Horror အမျိုးအစားဖြစ်ပါတယ်။ အောက်လမ်းအတတ်၊ ရက်ရက်စက်စက်လူသတ်ခန်းတွေနဲ့အတူ သရဲတွေကိုပါ အချိန်ခရီးသွားနိုင်တဲ့ဇာတ်ကောင်တွေနဲ့အတူ ပေါင်းစပ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ၊ အထူးပြုလုပ်ချက်တွေ၊ ရုပ်ရှင်ရိုက်ကူးမှု၊ တည်းဖြတ်မှုနဲ့ သရုပ်ဆောင်ပိုင်းတွေအတွက် ဆုပေးပွဲတွေမှာ အမည်တင်သွင်းခံခဲ့ရသလို ဆုတွေလည်းအများကြီးရထားတဲ့ သရဲကားဖြစ်လို့ Horror ဖန်တွေအကြိုက်ဖြစ်စေမှာကတော့ သေချာပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဆုံးမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ဆက်တိုက် လူသတ်သမား Severino Mallari အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာ ၁၈၁၂၊ ၁၉၄၈ နဲ့ ၂၀၂၃ ဆိုတဲ့အချိန်ကာလသုံးခုပါဝင်တဲ့အနက် ၁၉၄၀ နဲ့ ၂၀၂၃ အချိန် ကာလကအဖြစ်အပျက်တွေကတော့ စိတ်ကူးယဉ်ဖန်တီးမှု သာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို စပိန်တွေအုပ်စိုးချိန် ၁၉ ရာစုက နာမကျန်းဖြစ်နေတဲ့မိခင်အတွက် လူ ၅၇ ယောက်သတ်ဖြတ်ခဲ့တဲ့ ဖာသာ Severino Mallari ဟာ ကြိုးမိန့်ပေးခံခဲ့ရပါတယ်။ Mallari မိသားစုက မတူညီတဲ့အချိန်ကာလသုံးခုမှာရှိနေတဲ့ Juan Severino၊ Johnrey နဲ့ Jonathan ဆိုတဲ့မျိုးဆက်သုံးခု အကြောင်း ရိုက်ကူးပြသထားပါတယ်။ ၁၈၁၂ က Severino က အစေခံတွေရဲ့ပြုစားတာခံလိုက်ရတဲ့ မိခင်အသက်ကိုကယ်ဖို့ မကောင်းတဲ့လူတွေကိုအပြစ်ပေးတာ ဆိုတဲ့အကြောင်းပြချက်နဲ့ လူ ၅၇ ယောက်ကိုသတ်ပြီး မိခင်ကိုစားစေခဲ့ပါတယ်။ ၁၉၄၈ က Mallari မျိုးဆက်တစ်ဦးဖြစ်တဲ့ Johnrey က မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး သူတို့မိသားစုထဲကလူတချို့မှာ အချိန်ခရီးသွားနိုင်စွမ်းရှိတာကို ရှာဖွေတွေ့ရှိခဲ့သူပါ။ Severino မရှိတော့ပေမယ့် လူသတ်မှုတွေကမရပ်သေးလို့ စုံစမ်းရာကနေ Severino ရှိရာ ၁၈၁၂ ကို မှတ်တမ်းရုပ်ရှင် သွားရိုက်နိုင်ခဲ့သလို အနာဂတ်က Jonathan ကိုလည်း အန္တရာယ်ကိုသတိပေးခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က Jonathan ကတော့ ဆရာဝန်တစ်ဦးဖြစ်ပြီး အထပ်ထပ်အခါခါမက်နေတဲ့အိပ်မက်ဆိုးတွေကြောင့် မိသားစုအတိတ်ကိုပြန်လည်တူးဆွဖို့ Mallari နေအိမ်ကြီးကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တကယ်တမ်းမှာ Jonathan က အိပ်မက်မက်နေတာမဟုတ်ဘဲ အချိန်ခရီးသွားနေခဲ့တာသာ ဖြစ်ကြောင်းသိရှိလိုက်ရပြီး အနာဂတ်ကချစ်သူ Agnes ရဲ့ အသက်ကိုကယ်ဖို့အစွမ်းကုန်ကြိုးပမ်းရာကနေ မတူးဖော် သင့်တာတွေကိုပြန်လည်တူးဆွမိခဲ့ပါတော့တယ်။
...