uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Immerstill (2023) ⭐IMDB: 5.3/10 (41 Votes) 🎬 #Crime 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Austria ⏰ 1 နာရီ 31 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Immerstill(2023) *************** 2023 မှာ အသစ်ထွက်ရှိတဲ့ Crime ဇာတ်ကား အမျိုးအစားလေးပါ။ ပဟေဋိဆန်ဆန် မှုခင်း ဇာတ်ကားတွေကို နှစ်သက်တဲ့ ရုပ်ရှင် ချစ်သူတို့အတွက် သင့်တော်တဲ့ ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့Immerstill မြို့ငယ် (ရွာ) လေးမှာ ရဲအရာရှိတွေ မြို့သူ မြို့သားတွေဟာ အမျိုးသမီးတွေကိုဆိုရင် အထင်သေးကြပြီး လူပျောက်တာကို ပေါ့ပျက်ပျက်သဘောထားပြီး မရှာဖွေကြဘူး။ ဒီလိုနဲ့ ကက်သီဆိုတဲ့ ကောင်မလေးက မားကုစ်ဆိုတဲ့ ကောင်လေးနဲ့ နယူးဇီလန်ကို ခိုးပြေးသွားတဲ့ပုံစံ စာပို့ပြီး ပျောက်သွားကြတယ်။ ကက်သီရဲ့ သူငယ်ချင်းဖြစ်သူ မာရီနဲ့ နာတာလီတို့က ကက်သီက မားကုစ်နဲ့ တူတူ ထွက်သွားတယ်ဆိုတာ ယုတ္တိမရှိကြောင်း လူကြီးတွေကို ရဲတွေကို ပြောပြပြီး ဘယ်သူမှ မယုံကြတဲ့အဆုံးသူတို့ဘာသာ လိုက်ရှာခဲ့ကြတယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ ၂ ယောက်ပါ ပျောက်သွားကြတယ်။ မာရီရဲ့အစ်မဖြစ်သူ လီဆာတစ်ယောက် Vienna မြို့ကနေ ချက်ချင်း Immerstill ကို ပြန်လာပြီး သူ့ညီမလေးနဲ့ နာတာလီကို ရှာပုံတော် ဖွင့်ခဲ့တယ်။ ဇာတ်လမ်းလေးက ပရိယာယ်တွေပါပြီး စိတ်ဝင်စားဖို့ကောင်းတာမလို့… ဘာဆက်ဖြစ်မလဲ အဆုံးထိ ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ

Vaathi (2023) ⭐IMDB: 7.6/10 (3 k Votes) 🎬 #Action #Bollywood #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 14 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vaathi (2023) IMDb-7.6/10 သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသားDhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာသူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်ကသင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ်အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီးအဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါအဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကိုနောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့…..ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်းအချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ်အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါ ဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ်Education is the only weapon that can change the world တဲ့ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ အသိပညာရှင် အတတ်ပညာရှင်တွေလိုအပ်လာပြီး ပညာရေးက အားလုံးအတွက် အဓိကလိုဖြစ်လာပါတယ်အဲ့ပညာရေးနဲ့အတူ ခါတော်မီ ပညာရေးကိုအမှီပြုစီးပွားရှာမဲ့လူတွေလည်း ပေါ်ပေါက်လာပါတယ်ဘော်ဒါဆောင်တွေဖွင့် ကိုယ်ပိုင်ကျောင်းတွေဖွင့်နဲ့ ပညာရေးကိုအမှီပြုစီးပွားရေးသောင်းကျန်းကြနဲ့အကွက်ပေါင်းစုံ လှည့်ကွက်ပေါင်းစုံ လူ့သဘာဝပေါင်းစုံနဲ့ ဇာတ်လမ်းက သူပေးချင်တဲ့ Message ကိုရှုထောင့်ပေါင်းစုံကနေ ထောက်ပြသွားတာကိုတွေ့ရမှာပါ ဒီဇာတ်ကားလေးမှာ ဆရာဘာလာရဲ့နေရာကနေ သူပြချင်သွားတာက ပညာရေးဆိုတာဆရာတွေက စေတနာမေတ္တာတွေနဲ့ ပြည့်စုံရုံတင်မကဘဲနဲ့စနစ်ကလည်း ပညာရေးကို အလေးပေးဖို့လိုအပ်ကြောင်းကို တစ်ခေတ်တုန်းကဖြစ်ခဲ့တဲ့အမှန်တရားတွေနဲ့ထောက်ပြပြီး တင်ဆက်ပေးထားတာကို တွေ့ရမှာပါဒီအညွှန်းကို အဆုံးသတ်တဲ့အနေနဲ့ ပရိသတ်ကြီးတွေလည်း ကမ္ဘာကြီးရဲ့အစွမ်းအထက်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ပညာရေးဆိုတာကို တခြားနိုင်ငံတွေက ဘယ်လိုရရှိဖို့ကြိုးစားတယ်အနုပညာရှင်တွေကလည်း အခုလိုမျိုး ဝေဖန်ထောက်ပြမှုတွေဘယ်လိုလုပ်လဲဆိုတာပရိသတ်ကြီးတို့ ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုနိုင်ကြဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်

Elysium (2013) ⭐IMDB: 6.6/10 (454 k Votes) 🎬 #Action #Drama #Sci-Fi #ScienceFiction #Thriller #SciFi 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.6) / Rotten Tomatoes (64%) 2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်… ၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် …ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်… သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့… သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။

Elysium (2013) ⭐IMDB: 6.6/10 (454 k Votes) 🎬 #Action #Drama #Sci-Fi #ScienceFiction #Thriller #SciFi 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.6) / Rotten Tomatoes (64%) 2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်… ၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် …ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်… သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့… သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။

Vaathi (2023) ⭐IMDB: 7.6/10 (3 k Votes) 🎬 #Action #Bollywood #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 14 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vaathi (2023) IMDb-7.6/10 သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသားDhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာသူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်ကသင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ်အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီးအဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါအဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကိုနောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့…..ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်းအချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ်အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါ ဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ်Education is the only weapon that can change the world တဲ့ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ အသိပညာရှင် အတတ်ပညာရှင်တွေလိုအပ်လာပြီး ပညာရေးက အားလုံးအတွက် အဓိကလိုဖြစ်လာပါတယ်အဲ့ပညာရေးနဲ့အတူ ခါတော်မီ ပညာရေးကိုအမှီပြုစီးပွားရှာမဲ့လူတွေလည်း ပေါ်ပေါက်လာပါတယ်ဘော်ဒါဆောင်တွေဖွင့် ကိုယ်ပိုင်ကျောင်းတွေဖွင့်နဲ့ ပညာရေးကိုအမှီပြုစီးပွားရေးသောင်းကျန်းကြနဲ့အကွက်ပေါင်းစုံ လှည့်ကွက်ပေါင်းစုံ လူ့သဘာဝပေါင်းစုံနဲ့ ဇာတ်လမ်းက သူပေးချင်တဲ့ Message ကိုရှုထောင့်ပေါင်းစုံကနေ ထောက်ပြသွားတာကိုတွေ့ရမှာပါ ဒီဇာတ်ကားလေးမှာ ဆရာဘာလာရဲ့နေရာကနေ သူပြချင်သွားတာက ပညာရေးဆိုတာဆရာတွေက စေတနာမေတ္တာတွေနဲ့ ပြည့်စုံရုံတင်မကဘဲနဲ့စနစ်ကလည်း ပညာရေးကို အလေးပေးဖို့လိုအပ်ကြောင်းကို တစ်ခေတ်တုန်းကဖြစ်ခဲ့တဲ့အမှန်တရားတွေနဲ့ထောက်ပြပြီး တင်ဆက်ပေးထားတာကို တွေ့ရမှာပါဒီအညွှန်းကို အဆုံးသတ်တဲ့အနေနဲ့ ပရိသတ်ကြီးတွေလည်း ကမ္ဘာကြီးရဲ့အစွမ်းအထက်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ပညာရေးဆိုတာကို တခြားနိုင်ငံတွေက ဘယ်လိုရရှိဖို့ကြိုးစားတယ်အနုပညာရှင်တွေကလည်း အခုလိုမျိုး ဝေဖန်ထောက်ပြမှုတွေဘယ်လိုလုပ်လဲဆိုတာပရိသတ်ကြီးတို့ ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုနိုင်ကြဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်

Seven Nights in Japan (1976) ⭐IMDB: 5.7/10 (229 Votes) 🎬 #Drama #Romance #Action #Comedy #Music 🗓️ 1976 🎞️ Movie 📺 480p SD 🌎 #France #UnitedKingdom #Japan ⏰ 1 နာရီ 40 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ “ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ” တဲ့။ “အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်” တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။)

Rana Naidu (2023- ) ⭐IMDB: 7.6/10 (6 k Votes) 🎬 #Action #Crime #Drama #Mystery 🗓️ 2023- 🎞️ tv series 📺 1080p FHD 🌎 #India ⏰ 48 မိနစ် 27 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rana Naidu (2023)Rana Naidu (IMDb 7.4/10) **************************ဘာဟူဘလီရဲ့ ဗီလိန်ကြီးဘလ်လားလ်ဒေ့ဗ် ရာနာဒက်ဂူဗာသီ နဲ့ Drushyam (Telugu Version)မင်းသားကြီး ဒက်ဂူဗာသီ ဝမ်န်ကာတေးရှ် တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ rating ကောင်းကောင်း cast အလန်းနဲ့ အက်ရှင်ကားကောင်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်…. ဇာတ်လမ်း အကျဉ်း ရာနာနိုင်ဒူဆိုတာ ‌ဆယ်လီတွေလောကမှာ ပြသနာမှန်သမျှ ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးပါ အတွင်းရေးတွေလူသိမခံချင်ဘူးလား ရွှေကြာတွေခေါ်ပျော်ပါးတာ လူမိသွားလို့တိုင်ပတ်နေတာလား မယားငယ်ထားပြီးတိုင်ပတ်နေလား ရာနာဆီဖုန်းတစ်ချက်ဆက်လိုက်ရုံပါပဲ.. အချိန်မရွေးပေါ့ ၂၄ နာရီ ဝန်ဆောင်မှုပါ….. သူ့မှာ ညီတစ်ယောက်အကိုတစ်ယောက်ရှိပါသေးတယ် သူတို့ညီအကိုသုံးဖော်ရဲ့အဖေက အခုမှထောင်ကလွတ်လာတာပါ ရာနာကသူ့အဖေဆိုမျက်နှာချင်းတောင်မဆိုင်ချင်လောက်အောင် မုန်းတာပါ အဲဒီတော့ သူ့အဖေထောင်ကထွက်လာတဲ့အခါမှာ ဆရာကောင် ရာနာနဲ့ ဘာပြသနာတွေတက်မလဲ သူ့အဖေကရော ဘာလို့ထောင်ကျသွားတာလဲ အရင်ကရော ဘာတွေဖြစ်ခဲ့လဲ ခုလဲဘာဆက်ဖြစ်မလဲဆိုတာ တစ်ဝကြီးကြည့်ရှုရမဲ့ အဖေနဲ့သားများ ဂန်းစတားအထာဇာတ်လမ်းလေး ဖြစ်ပါတယ်Netflix series ဖြစ်တာနဲ့အညီ ဆက်တင်အလန်း ရိုက်ချက်အလန်း အက်ရှင်ခန်းအလန်းတွေအပြင်အသုံးအနှုန်းတချို့ဇာတ်ကွက်တွေကလဲ ဆယ့်ရှစ်အပေါင်းမက နှစ်ဆယ့်တစ်အပေါင်းနီးပါးမို့မိသားစုနဲ့အတူ မကြည့်ရှုသင့်ကြောင်းတော့ ကြိုတင်သတိပေးလိုက်ပါရစေ။File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 50mTotal Episodes:Subtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama, Mystery

Anak Rimau the Movie (2022) ⭐IMDB: 6.7/10 (29 Votes) 🎬 #Drama #Family #Sport 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Malaysia ⏰ 2 နာရီ 17 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Anak Rimau the Movie(2022) *************************** ဘောလုံးအကယ်ဒမီတစ်ခုအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးသွားရင် စိတ်ထဲမှာ အတွေးထဲမှာ တစ်ခုခုတော့ တွေးနေမိမှာ အမှန်ပါပဲ။နိုင်ငံရဲ့နေရာစုံကနေလာတဲ့ ဘောလုံးကန်ရတာကို အရမ်းဝါသနာပါတဲ့ လူငယ်လေးတွေ Anak Rimau ဘောလုံးအကယ်ဒမီကိုရောက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ။အဲရစ်ဖ်ကတော့ ဆင်းရဲပြီး အမေနဲ့ အတူတူနေပါတယ်။ သူ့မှာ ဆိုးသွမ်းပြီး ဦးတည်ရာမဲ့နေတဲ့ အကိုတစ်ယောက်ရှိပါတယ်။ ဒန်းနစ်ကတော့ ချမ်းသာပြီး သူ့အဖေက Anak Raimu Academy ရဲ့ အကြီးဆုံးစပွန်ဆာတစ်ယောက်ပါ။ မာရို ကတော့စိတ်ဓာတ်ကြံခိုင်ပြီး စကေးရှိတဲ့ တိုက်စစ်မှုးတစ်ယောက်ပါ။အဲ့လိုမတူညီတဲ့ ဘဝတွေ မတူညီတဲ့ နေရာဒေသက လာတဲ့သူတွေကို နည်းပြကြီး ဇိုင်နာ ဘယ်လို ကိုင်တွယ်ပြီး အောင်မြင်တဲ့ဘောလုံး အသင်းတစ်သင်းဖြစ်အောင် ပြုစုပျိုးထောင်သွားမလဲဆိုတာကတော့………

Anak Rimau the Movie (2022) ⭐IMDB: 6.7/10 (29 Votes) 🎬 #Drama #Family #Sport 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Malaysia ⏰ 2 နာရီ 17 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Anak Rimau the Movie(2022) *************************** ဘောလုံးအကယ်ဒမီတစ်ခုအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးသွားရင် စိတ်ထဲမှာ အတွေးထဲမှာ တစ်ခုခုတော့ တွေးနေမိမှာ အမှန်ပါပဲ။နိုင်ငံရဲ့နေရာစုံကနေလာတဲ့ ဘောလုံးကန်ရတာကို အရမ်းဝါသနာပါတဲ့ လူငယ်လေးတွေ Anak Rimau ဘောလုံးအကယ်ဒမီကိုရောက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ။အဲရစ်ဖ်ကတော့ ဆင်းရဲပြီး အမေနဲ့ အတူတူနေပါတယ်။ သူ့မှာ ဆိုးသွမ်းပြီး ဦးတည်ရာမဲ့နေတဲ့ အကိုတစ်ယောက်ရှိပါတယ်။ ဒန်းနစ်ကတော့ ချမ်းသာပြီး သူ့အဖေက Anak Raimu Academy ရဲ့ အကြီးဆုံးစပွန်ဆာတစ်ယောက်ပါ။ မာရို ကတော့စိတ်ဓာတ်ကြံခိုင်ပြီး စကေးရှိတဲ့ တိုက်စစ်မှုးတစ်ယောက်ပါ။အဲ့လိုမတူညီတဲ့ ဘဝတွေ မတူညီတဲ့ နေရာဒေသက လာတဲ့သူတွေကို နည်းပြကြီး ဇိုင်နာ ဘယ်လို ကိုင်တွယ်ပြီး အောင်မြင်တဲ့ဘောလုံး အသင်းတစ်သင်းဖြစ်အောင် ပြုစုပျိုးထောင်သွားမလဲဆိုတာကတော့………

Gooische vrouwen (2011) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Comedy #Drama 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #Netherlands #France ⏰ 1 နာရီ 48 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gooische vrouwen (2011)===================IMDb Rating – 6.2/10 “Gooische Vrouwen”ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင်အဖြစ်ရိုက်ကူးထားတာတာပါ။ နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ ‘ဟတ်ဂွိုင်’တွင်နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက်ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော်ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တောခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်းလို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲအချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ်လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KaungPaing ဖြစ်ပါတယ်)

Gooische vrouwen (2011) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Comedy #Drama 🗓️ 2011 🎞️ Movie 📺 1080p FHD 🌎 #Netherlands #France ⏰ 1 နာရီ 48 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gooische vrouwen (2011)===================IMDb Rating – 6.2/10 “Gooische Vrouwen”ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင်အဖြစ်ရိုက်ကူးထားတာတာပါ။ နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ ‘ဟတ်ဂွိုင်’တွင်နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက်ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော်ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တောခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်းလို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲအချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ်လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KaungPaing ဖြစ်ပါတယ်)

Gooische vrouwen II (2014) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2014 🎞️ Movie 📺 720p HD 🌎 #Netherlands ⏰ 1 နာရီ 46 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gooische Vrouwen 2 (2014)====================IMDb Rating – 5.9/10 (ဒီရုပ်ရှင်ကိုမကြည့်ခင်Gooische Vrouwen (2011)ကိုအရင်ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြားဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကိုသိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာသင့်အတွက်ဖြစ်ပါလိမ့်မယ်) ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်းအရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီးဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယောဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။ အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်းအသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံများကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KaungPaing ဖြစ်ပါတယ်)

Gooische vrouwen II (2014) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 #Netherlands ⏰ 1 နာရီ 46 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gooische Vrouwen 2 (2014)====================IMDb Rating – 5.9/10 (ဒီရုပ်ရှင်ကိုမကြည့်ခင်Gooische Vrouwen (2011)ကိုအရင်ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြားဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကိုသိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာသင့်အတွက်ဖြစ်ပါလိမ့်မယ်) ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်းအရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီးဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယောဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။ အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်းအသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံများကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KaungPaing ဖြစ်ပါတယ်)

The Long Kiss Goodnight (1996) ⭐IMDB: 6.8/10 (82 k Votes) 🎬 #Action #Crime #Mystery #Thriller #Drama 🗓️ 1996 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 2 နာရီ 1 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် “မေယိုး” မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ဆမန်သာကရော အတိတ်မှာတုန်းကဘယ်လိုလူမျိုးလဲ၊ သူ့ကိုသတ်ဖို့လာတဲ့ရန်သူမှန်သမျှကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို အကြမ်းစားအက်ရှင်ခန်းတွေနဲ့ကြည့်ရှုရမှာပါ။ R-rated ဖြစ်ပြီး သွေးထွက်သံယိုခန်းတွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ဖောဖောသီသီပါဝင်တာမလို့ အက်ရှင်ကားကောင်းလွမ်းနေတဲ့လူတွေအတွက် ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲဗျ။

The Long Kiss Goodnight (1996) ⭐IMDB: 6.8/10 (82 k Votes) 🎬 #Action #Crime #Mystery #Thriller #Drama 🗓️ 1996 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 2 နာရီ 1 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် “မေယိုး” မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ဆမန်သာကရော အတိတ်မှာတုန်းကဘယ်လိုလူမျိုးလဲ၊ သူ့ကိုသတ်ဖို့လာတဲ့ရန်သူမှန်သမျှကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို အကြမ်းစားအက်ရှင်ခန်းတွေနဲ့ကြည့်ရှုရမှာပါ။ R-rated ဖြစ်ပြီး သွေးထွက်သံယိုခန်းတွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ဖောဖောသီသီပါဝင်တာမလို့ အက်ရှင်ကားကောင်းလွမ်းနေတဲ့လူတွေအတွက် ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲဗျ။

Four Samosas (2022) ⭐IMDB: 5.4/10 (192 Votes) 🎬 #Action #Comedy #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 21 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗင်နီ၊ ဇက်ခ်၊ အန်ဂျလီ၊ ပါရူဆိုတဲ့ စမူဆာ လေးခု ရှိပါတယ်။ ဗင်နီဆိုတဲ့ စမူဆာကတော့ ကိုယ့်နယ်မြို့လေးက အထည်ဆိုင်တစ်ခုမှာအရောင်း၀န်ထမ်းလုပ်နေတဲ့ လူငယ်လေးတစ်ယောက်။ ဘ၀ပေးအရသာအရောင်း၀န်ထမ်း လုပ်နေရပေမဲ့ ရက်ပ်ပါ တစ်ယောက်ဖြစ်ဖို့ ၀ါသနာပါတဲ့သူ။ပြတ်သွားတဲ့ ရည်းစားဟောင်းမလေး ရီနာကိုလဲ မမေ့နိုင်သေးဘဲခဏခဏ တမ်းတလေ့ရှိတယ်။ တစ်နေ့မှာတော့ ရီနာတစ်ယောက် သူနဲ့ နှပ်ချေးတွဲလောင်းဘ၀ကတည်းကပြိုင်ဖက်ဖြစ်တဲ့ ဆန်ဂျေး ဆိုတဲ့ ငနဲ နဲ့ စေ့စပ်လိုက်ပြီဆိုတာ သိလိုက်ရတော့ဗင်နီ သောကမီးတွေ ဝေသွားတယ်။ ဒီတော့ ဗင်နီတစ်ယောက် ရီနာလေးကို ပြန်အရယူဖို့အတွက်သူ့ရဲ့ မဟာအကြံအစည်ကြီးကို အကောင်အထည်‌ဖော်ဖို့ ကြံပါတော့တယ်။အဲဒါကတော့ ရီနာအဖေ ပိုင်တဲ့ စတိုးဆိုင်ကြီးကို ဖောက်ထွင်းပြီး သူ့ရဲ့စိန်တွေကို ခိုး…အဲဒီလိုနည်းနဲ့ ရီနာရဲ့ လက်ထပ်ပွဲကို ဖျက်ဖို့ပါ။ ဒါပေမဲ့ ဗင်နီတစ်ယောက်တည်း အားနဲ့ မဖြစ်နိုင်တာမို့ ဗင်နီရဲ့သူငယ်ချင်း သရုပ်ဆောင်ရူး ဇက်ခ်၊ သတင်းထောက်မလေး အန်ဂျလီ၊အလုပ်လက်မဲ့ အင်ဂျင်နီယာ ပါရူ တို့ရဲ့ အကူအညီယူပြီး ဖောက်ထွင်ရေးစီမံကိန်းကြီးကို စတင်ပါတော့တယ်။ ဒီလိုနဲ့ ဒီ စမူဆာ လေးခု ဆိုတဲ့ ဟာသဇာတ်လမ်း‌လေး ဖြစ်လာပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ ကားလေးမို့ ပရိသတ်တို့ ကြည့်ရှုဖို့ တင်ဆက်လိုက်ရပါတယ်။ (ဆန်ဂျေးနေရာမှာ သရုပ်ဆောင်တဲ့သူက Deadpool ထဲက စကားအလွန်များတဲ့ တက္ကစီဆရာပါ။ )

Three Monkeys (2008) ⭐IMDB: 7.3/10 (22 k Votes) 🎬 #Drama #Thriller 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #Turkey #France #Italy ⏰ 1 နာရီ 50 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Three Monkeys (2008)==================Directed By Nuri Bilge CeylanIMDb Rating – 7.3/10 Once Upon a Time in Anatoliaတို့ Winter Sleep တို့ The Wild PearTree တို့ကို ရိုက်ခဲ့တဲ့ တူရကီဒါရိုက်တာ Nuri Bilge Ceylanရဲ့ နာမည်ကျော်ရုပ်ရှင်တွေထဲက တစ်ကားပါ။ Ceylanဟာ ၂၀၁၄မှာ Winter Sleep နဲ့ Palmed’Orရဖူးပြီး ကားတိုင်းနီးပါးလည်း ဝေဖန်ရေးသမားတွေ သဘောကျခံရတဲ့ဒါရိုက်တာပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဖြစ်တည်မှုပဓာနဝါဒ အငွေ့အသက်နဲ့ လူ့ဘဝရဲ့ငြီးငွေ့ဖွယ်ကောင်းမှုတွေကို ရိုက်ပြတတ်ပြီး နေ့စဉ်ဘဝကို အသေးစိတ်ဖော်ပြတတ်တဲ့ဒါရိုက်တာလို့လည်း ဆိုပါတယ်။ သဘာဝကျတာကို တော်တော် အသားပေးတဲ့ဒါရိုက်တာလည်းဖြစ်ပြီး သူ့ရုပ်ရှင်တွေမှာ ဆက်တင်ကို သီးသန့်ပြင်ဆင်ခြင်းမရှိဘဲမူလသဘာဝအတိုင်း ရိုက်ပြတတ်သလို သရုပ်ဆောင်တွေကလည်း သရုပ်ဆောင်မဟုတ်တဲ့ သူ့မိသားစုဝင်တွေ အိမ်နီးနားချင်းတွေကိုပဲ သုံးတာများပါတယ်။ သူ့မိန်းမရုပ်ရှင်မင်းသမီးကတော့ ခြွင်းချက်ပေါ့။ သူ့ကားတွေအကုန်လုံးကို သူကိုယ်တိုင်ရိုက်ကူးရေးသားထုတ်လုပ်ထားတာချည်းဖြစ်သလို သူကိုယ်တိုင်ကလည်း ဖိုတိုဂရပ်ဖာလည်းဟုတ်တော့ သူ့ကားတွေက အပြတော့တော်တော်လှပါတယ်။ အခုရုပ်ရှင် Three Monkeys နဲ့လည်း ကိန်းမှာ Best Director ဆုကိုရထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရွေးကောက်ပွဲဝင်တော့မယ့် အမတ်တစ်ယောက်ကကားမောင်းလာရင်း လမ်းသွားလမ်းလာတစ်ယောက်ကို တိုက်မိတယ်။ ဒါပေမဲ့သူထောင်ကျရင် ရွေးကောက်ပွဲရှုံးမှာမို့ သူ့အစား သူ့ဒရိုင်ဘာကို ငွေပေးပြီး ထောင်ကျခံခိုင်းလိုက်တယ်။ သူ့ဒရိုင်ဘာထောင်ကျနေတုန်း သူက သူ့ဒရိုင်ဘာရဲ့မိန်းမနဲ့ဖောက်ပြန်ဖြစ်သွားတယ်။ ဒါကို သူ့ဒရိုင်ဘာရဲ့သားက သိသွားတယ်။ ကိုးလကြာတော့သူ့ဒရိုင်ဘာ ထောင်ကလွတ်လာတော့ အခြေအနေတွေ မူမမှန်နေတာသိနေသလိုသူ့ဒရိုင်ဘာရဲ့မိန်းမကလည်း သူ့ကို တမ်းတမ်းစွဲဖြစ်ပြီး မဖြတ်နိုင်ဖြစ်နေတယ်။ဒီလိုနဲ့ နိုင်ငံရေးသမားရယ်, သူ့ဒရိုင်ဘာရယ်, သူ့ဒရိုင်ဘာရဲ့မိသားစုရယ် ဘယ်လိုဇာတ်ကို ဆက်ကကြမလဲ မြင်ရမယ့်ဇာတ်ပါပဲ။ ရုပ်ရှင်နာမည်ကို မျောက်သုံးကောင်လို့ ပေးထားရတဲ့အကြောင်းရင်းကို ဇာတ်နဲ့ခြုံငုံကြည့်လိုက်ရင် ဒီနာမည်ဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်လို့တွေးမိကြမှာပါ။ မျောက်သုံးကောင်ဟာ ဂျပန်ရိုးရာကနေ ဆင်းသက်လာတဲ့ မျက်စိကို လက်နဲ့အုပ်ထားတဲ့မျောက်ရယ်, ပါးစပ်ကို လက်နဲ့အုပ်ထားတဲ့မျောက်ရယ်, နားကိုလက်နဲ့အုပ်ထားတဲ့မျောက်ရယ်ကို ရည်ညွှန်းထားတာဖြစ်ပြီး “see no evil, hear no evil,speak no evil”ကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့WiRa Aung ဖြစ်ပါတယ်)

The Long Kiss Goodnight (1996) ⭐IMDB: 6.8/10 (82 k Votes) 🎬 #Action #Crime #Mystery #Thriller #Drama 🗓️ 1996 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 2 နာရီ 1 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် “မေယိုး” မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ဆမန်သာကရော အတိတ်မှာတုန်းကဘယ်လိုလူမျိုးလဲ၊ သူ့ကိုသတ်ဖို့လာတဲ့ရန်သူမှန်သမျှကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို အကြမ်းစားအက်ရှင်ခန်းတွေနဲ့ကြည့်ရှုရမှာပါ။ R-rated ဖြစ်ပြီး သွေးထွက်သံယိုခန်းတွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ဖောဖောသီသီပါဝင်တာမလို့ အက်ရှင်ကားကောင်းလွမ်းနေတဲ့လူတွေအတွက် ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲဗျ။

The Blood Of The Bright Sword (2023) ⭐⁉️ 🎬 #Action #War 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 11 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တရုတ်နိုင်ငံအတွင်း ဂျပန်တပ်တွေ အုပ်စိုးချယ်လှယ်စဥ်အချိန်ကာလ…,အဋ္ဌမလမ်းကြောင်း(ပါးလု)တပ်မတော်ရဲ့ အဖွဲ့ချုပ် ဖြစ်သူ လီယွင်လုံနဲ့ ရှို့ချင်တို့ရဲ့ မင်္ဂလာပွဲညမှာ ဂျပန်အထူးတပ်ဖွဲ့ဟာ ဝင်ရောက် ထိုးစစ်ဆင်ပါတော့တယ် ။အဲဒါအပြင် ကျောက်ကျားတောင်ကြားရွာက ရွာသူရွာသားအများအပြားဟာ ဂျပန်တွေလက်ထဲမှာ အပြစ်မဲ့စွာသေဆုံးသွားခဲ့ကြပြီးသတို့သမီးဖြစ်သူ ရှို့ချင်ကိုလဲ အရှင်လတ်လတ်ဖမ်းဆီးသွားခဲ့ပါတော့တယ် ။ ဒီလုပ်ရပ်ကို မခံမရပ်ဖြစ်နေကြတဲ့ အဋ္ဌမလမ်းကြောင်း(ပါးလု)တပ်မတော် နဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေဟာဖက်စစ်ဂျပန်တွေကို တိုက်ခိုက်ဖို့အတွက် တစ်ဖန်ပြန်ကာ ထိုးစစ်ဆင်လာခဲ့ပါတယ် ။ ဒီတော့ – ❏ သူတို့တွေရဲ့ တိုက်ပွဲ အောင်မြင်နိုင်ပါ့မလား ?❏ အသက်နဲ့ရင်းကား ပေးဆပ်ခဲ့ကြတဲ့ ကျောက်ကျားတောင်ကြားရွာရွာသူရွာသားတွေအတွက် လက်စားချေပေးနိုင်ပါ့မလား ? ❏ မဂ်လာဦးညမှာတင် ကွဲကွာသွားခဲ့တဲ့ လီယွင်လုံ နဲ့ ရှို့ချင်တို့ကတော့ပြန်လည်တွေ့ဆုံ နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

Taking Woodstock (2009) ⭐IMDB: 6.7/10 (30 k Votes) 🎬 #Comedy #Drama #Music #Biography #History 🗓️ 2009 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Taking Woodstock (2009) လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ.. ၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးIMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့Drama/Musicကားလေးပါ.. ဇာတ်လမ်းအကျဉ်း၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျအယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီးသူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေးဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ..နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခုပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်..လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်းလူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုးပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်..ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေကလုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ်အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား..သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား..လူငယ်လေး အယ်လီယက်တစ်ယောက်လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်းပျောက်ဆုံးနေတဲ့ သူ့ကိုယ်သူရော ရှာဖွေတွေ့ရှိနိုင်သွားမလား ဆိုတာကိုတော့..ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဖြစ်ရပ်မှန်ကိုပဲ ၁၉၇၀ခုနှစ်က documentaryအဖြစ် ရိုက်ကူးတဲ့ တခြားဇာတ်ကားလေးတစ်ကားလည်းရှိပါသေးတယ်..အခု ဒီကားလေးကတော့ လူငယ်နဲ့ လူကြီးကြား ဖြစ်တတ်တဲ့ သဘာဝ၊လူငယ်တွေရဲ့ ငယ်ရွယ်မှုအပေါ် ရှုမြင်ချက်နဲ့ လွတ်လပ်ခြင်းအပေါ် သဘောထားတွေကိုအဓိကထား ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်..P.S ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းများ ပါဝင်တာမို့ မိသားစုနဲ့ ကြည့်ရှုရန် မသင့်ပါနော်) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ)