uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Hiram na Sandali (2025) ⭐TMDB: 0% User Score 🎬 #Adult #Drama #Romance 🗓 2025 🎞 movie 🌎 #Philippines ⏰ 1 နာရီ 11 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hiram na Sandali (2025) ခရစ်စ်နဲ့အန်နီတို့ဟာ တစ်ချိန်က အချစ်ကြီးချစ်ခဲ့သူတွေဖြစ်ခဲ့ပြီး အခုချိန်မှာတော့ လက်တွဲဖော်အသစ်တွေကိုယ်စီနဲ့တစ်လမ်းစီလျှောက်နေကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ဦးတစ်ချိန်က မွေးထားခဲ့ဖူးတဲ့ ခွေးလေး ပိုချီရဲ့အုတ်ဂူဆီကိုတော့ တစ်နှစ်တစ်ခါအရောက်လာကြပြီး နူတ်ခွန်းဆက်လေ့ရှိကြတဲ့အတွက်ပြန်ဆုံကြလေ့ရှိပါတယ်။ သူတို့ရဲ့လက်တွဲဖော်တွေ၊ အလုပ်ကိစ္စတွေ ကိုယ်စီအဆင်မပြေမှုတွေနဲ့ဆုံမိကြတဲ့တစ်ကြိမ်မှာတော့ အရင်က ခံစားချက်တွေပြန်နိုးကြားလာပြီး အချစ်နယ်ကျွံမိပြန်ကြပြီးတဲ့နောက်မှာတော့ဘယ်လမ်းကိုဆက်သွားမလဲ ရွေးချယ်ကြဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Razakar: The Silent Genocide of Hyderabad (2024) ⭐TMDB: 70% User Score 🎬 #Action #Bollywood #Drama #Historical #History 🗓 2024 🎞 Series 🌎 #India ⏰ 2 နာရီ 33 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Razakar: The Silent Genocide of Hyderabad (2024) လွတ်မြောက်မှုဘယ်ဆီ ဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်ကြိုက်နှစ်သက်သူပရိတ်သတ်တို့အတွက် သမိုင်းကြောင်းနောက်ခံအက်ရှင်ဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ငွေဟာဒုတိယဘုရားသခင်လို့ ပြောကြတဲ့အတိုင်းသာမန်လူတွေဟာ ငွေကိုတပ်မက်ကြသလို နိုင်ငံတွေအနေနဲ့လည်းအရာအားလုံးရယူနိုင်ပါတယ်ဆိုတဲ့လက်နက်အာဏာကို တပ်မက်ကြပြန်ပါတယ်။ ၁၉၄၇ ဩဂုတ် ၁၅ မှာအိန္ဒိယဟာ လွတ်လပ်‌ရေးရခဲ့ပေမဲ့ဟိုင်ဒရာဘတ်ပြည်နယ်မှာတော့ မတည်ငြိမ်မှုတွေရှိနေဆဲပါ။နိုင်ငံရဲ့တခြားနေရာတွေက လွတ်လပ်ရေးပွဲဆင်နွှဲနေကြပေမဲ့ဗြိတိန်ဟိုင်ဒရာဘတ်ပြည်နယ်ကတော့နီဇမ်တွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေသလိုဟင်ဒူတွေကလည်း ရာဇာကာတွေရဲ့ဖိနှိပ်မှုကိုခံနေကြရတုန်းပါ။ ဟင်ဒူတွေရဲ့အိန္ဒိယကိုနန်းတက်ဖို့ဆန္ဒကို ဆန့်ကျင်ဖို့၊ နီဇမ်တွေမူဆလင်ထိန်းချုပ်မှုအောက် ကျရောက်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းထားတဲ့ရာဇာကာတွေရဲ့ အကြင်နာမဲ့မှု၊ သူတို့ကိုဆန့်ကျင်တဲ့သူရဲကောင်းတွေရဲ့ ရဲရင့်မှုတွေကို ရင်သပ်ရှုမော ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။
...

All I Need for Christmas (2024) ⭐TMDB: 58% User Score 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ္စမတ် ပြီးသွားပေမယ့် ဆောင်းအရိပ်အငွေ့တွေ ကျန်သေးဆဲ ကာလမှာ ချစ်စရာ ခရစ္စမတ်မိသားစုကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေက တခြား ရုပ်ရှင်ကားတွေနဲ့ မတူဘဲ ကြည့်ရတဲ့ သူကိုပါ ပျော်ရွှင်စေပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ Maggie ဆိုတဲ့ ကန်းထရီး အဆိုတော်မလေးဟာ ခရစ္စမတ် ပိတ်ရက်မှာ အိမ်ကို စောစောပြန်ဖြစ်သွားပါတယ်။ အကြောင်းအရင်းကတော့ သူ့ဖျော်ဖြေပွဲတွေက ရပ်နားခံရလို့ပါပဲ။ သူက ရှေးရိုးစွဲ ဂီတပညာရှင်ဖြစ်ပြီး auto-tune တွေ ဖုန်းထဲက နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ဘယ်တော့မှ အားမရသူပါ။ ခေတ်နဲ့အညီ ရေစီးကို မလိုက်နိုင်တဲ့ သူဟာ တဖြည်းဖြည်း နာမည်မရတော့ဘဲ ဖျော်ဖြေပွဲလည်း ရပ်နားခံလိုက်ရပါတယ်။ ဒီတော့ ပိတ်ရက်မှာ မိဘအိမ် ပြန်ရင်း အိမ်နားက ဧည့်ဂေဟာမှာ တည်းတဲ့ Archer ဆိုတဲ့နာမည်ကြီး ဂီတ app တီထွင်သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ Maggie မိဘတွေက ခရစ္စမတ် သစ်ပင် စိုက်ခင်းပိုင်တော့ Archerက ကိုယ်ပိုင် သစ်ပင်လေး တစ်ပင် လာဝယ်ရင်း ရင်းနှီးသွားကြတာ ဖြစ်ပါတယ်။ သူတို့ကြားက သံယောဇဥ်တွေ တိုးလာတာနဲ့အမျှ ရှေးရိုးစွဲတဲ့ Maggie တစ်ယောက် Archer နဲ့ သူ့နည်းပညာတွေကို လက်ခံနိုင်ပါ့မလား ကြည့်ရှုရမှာပါ။
...

Adult Swim Yule Log 2: Branchin' Out (2024) ⭐TMDB: 50% User Score 🎬 #Comedy #Horror #Romance 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.5/10 2022ခုနစ်က ထွက်ရှိခဲ့တဲ့ Adult Swim Yule Logရဲ့အဆက် ဟော်ရာရုပ်ရှင်ပေါ့။ မီးလောင်နေတဲ့သစ်တုံးပျံကြီးကနေ လွတ်မြောက်ရှင်ကျန်ခဲ့ပေမဲ့ သူ့ရှေ့မှာသေသွားတဲ့ ရည်းစားနဲ့ တခြားသူတွေကြောင့် စိတ်ဒဏ်ရာရနေခဲ့တဲ့ ဇိုဝီ။ ဘယ်ကိုသွားသွား ပုဆိန်တစ်လက်နဲ့ဖြစ်တာရော၊ သစ်တုံးပျံကြီးကို ပြန်ပြန်မြင်ယောင်ပြီး ကယောင်ကတမ်းတွေအော်နေတို့ အလုပ်မှာလည်း အဆင်မပြေဖြစ်နေရတယ်။ စိတ်ပြေလက်ပျောက်ဆိုပြီး ခရီးထွက်လာကာမှ မစ်တေးတိုးဆိုတဲ့ မြို့ငယ်လေးမှာ ပိတ်မိသွားရာကစ သစ်တုံးပျံကြီး သူ့ကိုလာသတ်တော့မှာဆိုတဲ့စိတ်နဲ့ မြို့ငယ်လေးကနေ ထွက်ရဖို့အရေး ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)
...

Condor Hero (2025) ⭐TMDB: 0% User Score 🎬 #Action #Fantasy #History 🗓 2025 🎞 Series 🌎 #China ⏰ 1 နာရီ 47 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ်Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာအခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Versionအဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာသိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကိုမွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။ အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့်ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့်ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ်ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့တင်ဆက်မလဲ…ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ
...

Romeo + Juliet (1996) ⭐TMDB: 68% User Score 🎬 #Drama #Romance 🗓 1996 🎞 Series 🌎 #Mexico #USA #Australia #UnitedStatesofAmerica ⏰ 2 နာရီ 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Romeo + Juliet (1996) IMDb Rating (6.7) / Rotten Tomatoes (72 %) အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်လို့မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးလိယက်ကို အရင်ဆုံးသတိရမိမှာပါ။ စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲRomeo & Juliet ဟာလဲ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ပြဇာတ်ဟာStar-Crossed Lover လို့ခေါ်တဲ့ သူက ကိုယ့်အတွက်.. ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ” Romeo must die “လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကြိမ်ကြိမ် Reboot ရိုက်ကူးကြပေမယ့် ဒီနေ့ထိတိုင် ဟောင်းမသွားသေးတဲ့ရိုမန့်ရုပ်ရှင်တစ်ကားအဖြစ်ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။ ဒီ Versionမှာတော့ Modern ပုံစံနဲ့ ပြန်အသက်သွင်းထားပေမဲ့ရှိတ်စပီးယားရဲ့ ပြဇာတ်ကစကားတွေအကုန်ယူသုံးထားပါတယ်။ဒါကလည်း ဒီကားရဲ့ တစ်မူထူးခြားချက်ပါပဲ။ သုံးထားတဲ့ မင်းသားကလည်း Leonardo ဖြစ်နေတဲ့အပြင်Juliet နေရာက Claire Danes ရဲ့ နတ်သက်ကြွေတဲ့ အလှကြောင့်ပါအတော်ရုပ်လုံးကြွတဲ့ Characterတွေ ဖြစ်လာပါတယ်။ ဒီ Versionက Romeo Juliet တွေထဲ ကျွန်တော့်အကြိုက်ဆုံးversion ဆိုလည်းဟုတ်ပါတယ်။ ကမ္ဘာကြီးက Romantic မဆန်ပါဘူးချစ်သူတွေကပဲ ကမ္ဘာကြီးကို Romantic ဆန်စေခဲ့တာပါ။ ဟိုးငယ်ငယ်တုန်းကတော့…ဒီဇာတ်လမ်းရဲ့ Endingကို Sad Ending လို့ ကျွန်တော်ထင်မှတ်ဖူးခဲ့ပေမဲ့သေချာတွေးကြည့်မိရင် မလွယ်ကူတတ်တဲ့ ဒီလိုကမ္ဘာကြီးမှာလူနှစ်ယောက်အပြန်အလှန် အဆုံးမဲ့ချစ်ရဲပြီးတဲ့နောက်သူတို့ရဲ့ ဖြစ်တည်မှု အဓိပ္ပါယ်တစ်စုံတစ်ရာရပြီးတဲ့နောက်အတူတူအဆုံးသတ်ခဲ့ရခြင်းကို Sad Ending လို့ကျွန်တော် မဆိုချင်တော့ပါဘူး။ ကဗျာတစ်ပုဒ်ထဲကလိုပါပဲ..“အနုပညာမှာ..ဘဝမှာ…အချစ်မှာ… အဆုံးသတ်ရန်တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။” (ရုပ်ရှင်အညွှန်းကို ဝီရအောင်မှရေးသားပြီး ဘာသာပြန်ကို Demon မှ တင်ဆက်ထားပါတယ်။)
...

Sky High (2005) ⭐TMDB: 62% User Score 🎬 #Action #Adventure #Comedy #Family #SciFi 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။
...

Barroz (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #Bollywood #Fantasy #Mystery #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 35 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Barroz (2024) “ရတနာသိုက်စောင့် သရဲကြီး ဘာရိုဇ်” ပုံပြင်ဆန်ဆန်နဲ့ စိတ်၀င်စားစရာကြည့်ရမဲ့မလေယာလမ်စကားပြော အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ဘ၀က က‌လေးဘ၀ပုံပြင်တွေထဲမှာ ဘာရိုဇ်ဆိုတဲ့ရတနာသိုက်စောင့်သရဲကြီးအကြောင်းတချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။ သူဟာ အရှင်ဒဂါးမားရဲ့ ရတနာသိုက်ကို စောင့်ပေးနေရတဲ့အိန္ဒိယရောက် သစ္စာရှိ ပေါ်တူဂီသရဲကြီးပါ။ဘာရိုဇ်ဟာ ကျမ်းဂန်အလိုအတိုင်းရတနာသိုက်ကိုစောင့်ရှောက်ရင်းအမွေဆက်ခံမဲ့သူကို စောင့်နေခဲ့တာပါ။ လက်ရှိ ဒီဘက်ခေတ်မှာတော့ အိန္ဒိယနိုင်ငံ ဂိုအာမှာလေလံပွဲကြီးတစ်ခု ကျင်းပနေပါတယ်။ ဂိုအာမှာလည်း ကာစီနိုမဖွင့်ရေးအတွက် ဆန္ဒပြနေသူတွေကတစ်မျိုး၊လေလံပွဲအတွက် နိုင်ငံတကာကရောက်နေတဲ့ လုပ်ငန်းရှင်တွေကတစ်ဖုံနဲ့စည်ကားလို့နေပါတယ်။ အဲဒီလေလံပွဲကို လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရွန်နဲ့သူ့ရဲ့မိတဆိုးသမီးလေးအီဆာတို့လည်း ရောက်ရှိလာပါတယ်။အီဆာဟာ ပြောမရဆိုမရ ဂျစ်တိုက်တတ်တဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။ အဲဒီကို အီဆာရောက်လာတာနဲ့အတူရတနာသိုက်မှာလည်း ထူးခြားမှုတွေဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုနဲ့ ဂျစ်တူးမလေးအီဆာတစ်ယောက် ရောက်ရာနေရာမှာ ဘယ်လိုတွေမွှေဦးမလဲ၊ရတနာသိုက်နဲ့အီဆာတို့ ဘယ်လိုပတ်သက်နေမလဲ၊ အီဆာနဲ့ ဘာရိုဇ်တွေ့ကြတဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~KKKZ~V~Star ဖြစ်ပါတယ်။)
...

Celebrity (2023) ⭐TMDB: 77% User Score 🎬 #Drama #Mystery 🗓 2023 🎞 Series 🌎 #SouthKorea ⏰ 44 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Celebrity(2023) **************. အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံး ယနေ့မျက်မှောက်ခေတ်မှာ အတော်များများ ဈေးကွက်ကို ထိုးဖောက်ဖို့ဆိုရင် ဆယ်လီတွေရဲ့ အားကိုယူရတယ်…ယုတ်စွ အဆုံး သွားကြားထိုးတံက အစ ဆယ်လီတွေနဲ့ကြော်ငြာရတဲ့ခေတ်ကိုရောက်နေတယ်… ခရစ်စတီယာနိုရော်နယ်ဒိုဟာ သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာမသောက်ကြနဲ့ ရေပဲသောက်ကြလို့ပြောလို့ ကိုလာကုမ္ပဏီစတော့ဈေးကွက်ဟာ သိသိသာ ထိုးဆင်းသွားတယ်လို့ ကြားသိလိုက်ရပါတယ်..ဆိုတော့ လူမှုကွန်ယက်မှာ လွှမ်းမိုးမှုရှိတဲ့ ဆယ်လီတွေရဲ့ စွမ်းအားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ ဒါကသက်သေပါပဲ…ဒီစီးရီးထဲမှာလည်း ကိုရီးယားက ဆယ်လီတွေရဲ့  နေမှုထိုင်မှုတွေနဲ့ ဒီဘဝရောက်အောင်ကြိုးစားခဲ့ပုံတွေ…ဒါ့အပြင် ဒီလိုနေထိုင်ရတဲ့ ကာလမှာ ဘယ်လိုတလွဲတွေကြုံခဲ့ရလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားတယ်.. နာမည်ကျော် သရုပ်ဆောင်များစွာပါဝင်ထားသလို လူသတ်မှုတွေ… ကုမ္ပဏီတွေရဲ့ စီးပွားရေးလှုပ်ရှားမှုတွေ….လူထုရဲ့တုန့်ပြန်ပုံတွေကိုလည်း စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုရမှာဖြစ်ပါတယ်
...

Fear (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Thriller 🗓 2024 🎞 Series 🌎 # ⏰ 1 နာရီ 52 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fear 2024 (အကြောက်တရား) ယခုတစ်ခါမှာတော့ တေလ်ဂူ psychological thrillerဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဆိုက်ကိုဆန်ဆန် ထိတ်လန့်မှုတွေနဲ့ ဇာတ်လမ်းလေးကဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦး။ ဆင်ဒူဆိုတဲ့ကောင်မလေးတစ်ယောက် သူကတော့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေများနေပြီး ဘယ်အရာမဆို ကြောက်တတ်တဲ့ကောင်မလေးပေါ့။ မိသားစုကလည်း အလိုလိုက်ထားခဲ့ပြီးတော့ အကုန် အရိပ်တစ်ကြည့်ကြည့်နဲ့ကြည့်နေပေးရသူတစ်ယောက်ပေါ့။ဆင်ဒူမှာ ဘင်ဒူဆိုတဲ့သူငယ်ချင်းလည်းရှိခဲ့ပြီးတော့ ငယ်ငယ်လေးကတည်းကပေါင်းလာခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ။ အထီးကျန်ဆန်တဲ့ ဆင်ဒူရဲ့ ဘဝထဲကို ဆန်ပတ်ဆိုတဲ့ကောင်လေးရောက်လာတဲ့အခါမှာတာ့ သူတို့တွေ အရမ်းကို ချစ်ကြတဲ့ချစ်သူတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဆန်ပတ်ဟာ အလုပ်ကိစ္စနဲ့ တစ်ပတ်လောက်ခရီးထွက်ဖို့ ဖြစ်လာခဲ့ပြီး သွားမယ့်နေရာကလည်းလိုင်းမမိတဲ့နေရာဖြစ်နေတဲ့အခါမှာတော့ ……… နဂိုကတည်းက အတွေးများပြီး ကြောက်တတ်တဲ့ ဆင်ဒူတစ်ယောက်ဆန်ပတ်ကို ဆက်သွယ်လို့မရတဲ့အတွက် ဘယ်လိုအတွေးတွေများပြီးဆိုက်ကိုတွေ ဖောက်လာမလဲ …. ဒီရူးသွပ်မှုတွေကနေ သူ့အတိတ်ဘဝက အမှန်တရားတွေရဲ့လက်ကနေဘယ်လို လွတ်မြောက်အောင် ကြိုးစားသွားမလဲ …… ဆိုတာတွေကို ရှုစားရမှာဖြစ်ပါတယ်။ တကယ့် ဖြစ်ရပ်မှန်ပေါ်အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးဖြစ်လို့အထိတ်တလန့် ဇာတ်ကွက်တွေနဲ့ အတူတူ လိုက်ပါစီးမြောခံစားကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
...

Ek Anchaahi Jalan (2025) ⭐TMDB: 0% User Score 🎬 #Bollywood #Romance 🗓 2025 🎞 movie 🌎 #India ⏰ 1 နာရီ 27 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ek Anchaahi Jalan (2025) “လောင်မြိုက်ခြင်းအပိုင်းအစ” နာမည်ကြီးမဟုတ်ပေမဲ့ ညှိအားခပ်ပြင်းပြင်းနဲ့တောင့်တင်းဖြောင့်ဝင်းနေတဲ့မင်းသမီးချော ရီဗာချောင်ဒရီ အထူးသရုပ်ဆောင်ထားပါတယ်။ ရီတီကာဆိုတဲ့ကောင်မလေးက ငယ်ငယ်ကတည်းက ဖခင်မရှိတော့ဘဲအမေဖြစ်သူစောင့်ရှောက်မှုအောက်ပဲ ကြီးပြင်းလာခဲ့သူ။အချိန်တန်အရွယ်ရောက်လာတော့ မိဘသဘောတူတဲ့သူကို ရွေးချယ်လက်ထပ်ခဲ့တယ်။မိဘသဘောတူလိုယူကြတာဆိုပေမဲ့ အိမ်ထောင်ဘက်ဖြစ်သူအာကာ့ရှ်က ရီတီကာ့ပေါ်မှာ အရိပ်တကြည့်ကြည့်နဲ့ ချစ်ပေးတဲ့သူမျိုးပေါ့။ အာကာ့ရှ်ရဲ့ ဂရုစိုက်မှု အလေးထားမှုတွေက ရီတီကာ့အတွက်တော့စိတ်ရှုပ်စရာလိုမျိုးဖြစ်နေတတ်ပြန်ရော။ တစ်နေ့တော့ရီတီကာ့သူငယ်ချင်း အစ်ရှာနီတစ်ယောက် ရီတီကာတိုအိမ်ကိုလာနေတဲ့အချိန်မှာတော့…။ *ချစ်ခန်းနမ်းခန်းတွေကြမ်းတာမို အသက်မပြည့်သေးသူများ လက်ရှောင်ကြပါ။* (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

A Dog's Purpose (2017) ⭐TMDB: 76% User Score 🎬 #Adventure #Comedy #Drama #Family #Fantasy 🗓 2017 🎞 Series 🌎 #USA #Canada #India #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘေလီ လို့ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့ ဟန်နာ တို့ရဲ့အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ကစားနည်းလေးတွေ သင်ပေးခဲ့တယ် တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့ ဟန်နာ တို့ လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့ နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ဒီလိုနဲ့ ဘေလီဟာ နောက်ဘဝတစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘဝကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့သူ့ရဲ့သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ကတော့ အီသန် ကို မေ့လို့မရနိုင်ခဲ့ပါဘူး နောက်ဆုံး ဘဝတစ်ခုမှာတော့ သူတကယ် အကျပ်အတည်းနဲ့ရုန်းကန်ခဲ့ရပါတယ် သူ့ကိုမချစ်တဲ့ သူ့သခင်တစ်ယောက်က စွန့်ပစ်ခဲ့တဲ့ အချိန်မှာတော့ အိမ်မပြန်တော့ပဲ ခြေဦးတည့်ရာထွက်လာရင်း အရင်ဘ၀ သူနဲ့ရင်းနှီးတဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့တယ်ဒီအချိန်မှာတော့ သူဟာ အီသန် ကို ရှာတွေ့နိုင်ခဲ့ပါပြီ အီသန် ကတော့ သူ့ကို မသိခဲ့ပါဘူး ဘေလီလေး တစ်ယောက် အထီးကျန်နေတဲ့ အီသန်ကို ဘယ်လိုကူညီမလဲ သူက ဘေလီ ပါဆိုတာကို အီသန် သိအောင် ဘယ်လို ကြိုးစားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ ဘဝများစွာ ဖြတ်သန်းခဲ့ရပေမဲ့ သခင်ကို ချစ်တဲ့စိတ် သခင်အပေါ်သံယောဇဉ်ကြီးတတ်တဲ့ ခွေးလေးတွေ ရဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် CM ပရိသတ်တွေထဲကမှ တိရိစ္ဆာန်ချစ်သူလေးတွေ သဘောကျ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Carey Nyein ပဲဖြစ်ပါတယ်)
...

Shivaay (2016) ⭐TMDB: 58% User Score 🎬 #Action #Adventure #Bollywood #Crime #Drama #Thriller 🗓 2016 🎞 Series 🌎 #India ⏰ 2 နာရီ 34 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shivaay (2016) IMDb Rating (6.1) တောင်တက်လမ်းပြအဖြစ် တစ်ဘဝလုံး နှစ်မြုပ်ထားတဲ့ ရှီဗား …သူ့ဘဝကတောင်တက်သမားတွေကို လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြုပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် …တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို တောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်းအဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါက တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကိုအချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်… ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့်ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် …ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာ ဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှ မိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှသူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ် တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီးသမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်..တောင်တက်သမားကြီးဟာ ပတ်စပို့ဟာသမီးဖြစ်သူနဲ့အတူတူပါသွားတဲ့ အတွက် ကလေးသခိုးအဖြစ် ယိုးစွပ်ခံရပြီးအမှုရင်ဆိုင်ရပါတော့တယ်..အဲ့ဒီမှာ သံရုံးကိုလည်းအားကိုးလို့မရ ဘူဂေးရီးယားရဲကိုလည်းအားကိုးလို့မရ ဖြစ်လာတဲ့အခါမှာတော့ တောင်တက်သမားကြီးဟာသူ့သမီးလေးအတွက် ဘယ်လိုဆက်လှုပ်ရှားမလဲ …လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ယူပြီးရောင်းတဲ့ ပြန်ပေးဆွဲဂိုဏ်းရယ် ..သံသယတရားခံဖြစ်နေတဲ့ရဲတွေကြားဘယ်လိုရင်ဆိုင်မလဲ ဆိုတာတော့ပရိတ်သတ်ကြီး ဆက်လက်ကြည့်လိုက်ပါဦး……။ မင်းသားကြီး Ajay Devgn ကိုတော့ အားလုံးသိပြီးသားနေမှာပါ ..ရုပ်ကြမ်းကြီးနဲ့ သရုပ်ဆောင် အရမ်းကောင်းတဲ့သူပါ..အခုကားက သူကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့အပြင် ပါဝင်အားဖြည့်ထားတဲ့ကလေးသရုပ်ဆောင် ရဲ့ သရုပ်ဆောင်ပိုင်နိုင်ချက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့လက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားလို့ပဲပြောလိုက်ပါရစေတော့ဗျာ ။ နောက်တစ်ခုက နှင်းတွေဖွေးဖွေးနဲ့ တောင်တွေရဲ့ အလှရိုက်ကွင်းတွေက ခန်းနားလွန်းပါတယ် သီချင်းတွေဆိုရင်လည်း cutting လုပ်ပြီး သိမ်းတောင်ထားသင့်ပါတယ် ။ဘောလိဝုဒ်မင်းသားနဲ့ ပိုလန်မင်းသမီးတို့ ဘူဂေးရီးယားလူကြမ်းတို့နဲ့ပေါင်းစပ်ရိုက်ကူးထားလို့ အရသာတမျိုးနဲ့မြင်တွေ့ရမှာပါ။
...

Future Date (2024) ⭐TMDB: 60% User Score 🎬 #Comedy #Drama #Romance #SciFi 🗓 2024 🎞 Series 🌎 # ⏰ 1 နာရီ 21 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Future Date (2024) IMDb Rating (6.7) လက်ရှိခေတ်ကာလကို နှစ်ပေါင်းများစွာကျော်လွန်သွားတဲ့အခါမှာ ကမ္ဘာကြီးဟာ မပျက်စီးရုံတမယ် ကပ်ဘေးဆိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ရာသီဥတုနဲ့ ကပ်ဘေးမျိုးစုံဆိုက်ခဲ့တဲ့ကမ္ဘာကြီးရဲ့ မျက်နှာပြင်ပေါ်မှာ လူတွေဟာမနေနိုင်တော့ဘဲ မြေအောက်မှာ ထောင်အလား အခန်းငယ်နဲ့ ကိုယ်စီနေကြရပါတယ်။ တစ်ချိန်ထဲမှာ ရိုင်းနဲ့ ရီယာဆိုသူဟာ အချင်းချင်း ကိုယ်စီစိတ်ဒုက္ခဖြစ်နေကြတဲ့ လူငယ်လေးတွေပါ။ အလုပ်အဆင်ပြေပေမယ့် သောကပြည့်နေတဲ့ ရီယာ၊ ဂေါ်မစွံတဲ့ ရိုင်းတို့ဟာ အွန်လိုင်းဒိတ်လုပ်တဲ့ အက်ပ်တစ်ခုရဲ့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေအဖြစ်ရွေးချယ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရိုင်းနဲ့ ရီယာတို့ ပြိုင်ပွဲမှာအနိုင်ရသွားပြီး ပြိုင်ပွဲရဲ့မထင်မှတ်ထားတဲ့ဆုကို ရသွားကြမလား ဒါမှမဟုတ် toxic relationship နဲ့ပဲ ဘဝကို ခါးခါးကြီးဖြတ်သန်းရမလားဆိုတာ ဒီဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ဒရာမာဆန်ဆန် ​မျှော်လင့်စောင့်စားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

You Shall Not Sleep Tonight (2024) ⭐TMDB: 69% User Score 🎬 #Horror #Thriller 🗓 2024 🎞 Series 🌎 # ⏰ 1 နာရီ 18 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ကြည့်ပြီးရင် ညဘက်အိပ်ဖို့တောင် စိတ်ဂယောင်ခြောက်ခြားဖြစ်စေနိုင်တဲ့ 2024 ခုနှစ်ထွက် Horror အမျိုးအစား ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းလေးမှာတော့ ဗီရိုထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ်လို့ အိပ်မက်မက်တတ်တဲ့ သားလေးကို အဖေဖြစ်သူက ပုံတိုပတ်စလေးတွေပြောပြပြီး ကြောက်စိတ်ကို ရင်ဆိုင်ရဲအောင် ကူညီပေးပုံနဲ့ အစပြုထားပါတယ်။ တခြား Horror ဇာတ်ကားတွေနဲ့ မတူညီတဲ့အချက်က ဒီ ၁နာရီ ဝန်းကျင်ပဲကြာတဲ့ ဇာတ်ကားထဲမှာ မတူညီတဲ့ Horror ဇာတ်လမ်းလေးတွေကို ညှပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်း ဇာတ်ကွက်အရလည်း ပြေပြေပြစ်ပြစ်ရှိပြီးတော့ စကားများများမပြောဘဲ တစိမ့်စိမ့်တွေးရင်း အသက်ဝင်လှတဲ့ သဲထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွေကို ရှုစားကြရမှာပါ။
...

Love & Other Drugs (2010) ⭐TMDB: 70% User Score 🎬 #Comedy #Drama #Romance 🗓 2010 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love & Other Drugs (2010) IMDb Rating (6.7) ဒီရုပ်ရှင်လေးက အချစ်ဆိုတာ ဘာလဲဆိုတာကို သေချာ လှစ်ဟပြထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားပါချစ်ခြင်းမေတ္တာဆိုတာ လူတစ်ယောက်မှာ ဘယ်လိုအမှားတွေ အပြစ်တွေရှိနေပါစေအဲဒါတွေကို မျက်ကွယ်ပြုနိုင်ပြီး အဲဒီလူအပေါ်ကို ‌ကြင်နာခြင်းတွေ ဂရုစိုက်ခြင်းတွေ ပုံအောပေးနိုင်တာမျိုးပေါ့ ဂျေမီဆိုတဲ့ စော်ကြည်ဘဲကတော့ ချစ်ခြင်းမေတ္တာကို သူရှာတွေ့မယ်မထင်တဲ့ နေရာမှာ ရှာတွေ့ခဲ့ပါတယ်မင်းသမီးဖြစ်သူ မက်ဂီကတော့ ပါကင်ဆန် ရောဂါ ခံစားနေရသူပေါ့ရောဂါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းပြီး ဆက်ဆံရေးတွေကို စိတ်မဝင်စားတဲ့အချိန်မှာ ဂျေမီနဲ့တွေ့ဆုံခဲ့ပါတယ် ဂျေမီနဲ့ မက်ဂီတို့ကြားက ချစ်ခြငါးမေတ္တာပေါက်ဖွားလာပုံကို တစိမ့်စိမ့်ကြည့်ရတာ အရသာရှိလှပါတယ်ဇာတ်ကောင်တွေက အရမ်းသရုပ်ပေါ်ပြီး ဇာတ်ရှိန်အနိမ့်အမြင့်အတက်အကျတွေနဲ့ ကြည့်လို့ကောင်းလှတဲ့ရုပ်ရှင်လေးပါ ဂျေမီနေရာမှာတော့ မင်းသား Jake Gyllenhaal က အပိုအလိုမရှိကွက်တိ သရုပ်ဆောင်ထားပြီးမက်ဂီနေရာမှာတော့ ဘယ်ဇာတ်ကောင်နေရာပဲဖြစ်ဖြစ် အရမ်းတော်လှတဲ့ မင်းသမီး Anne Hathaway က သရုပ်ဆောင်ထားပါတယ်ဒီရုပ်ရှင်လေးက nominee ငါးဆုနဲ့ Satellite Award ကချီးမြှင့်တဲ့ အကောင်းဆုံး မင်းသမီးသရုပ်ဆောင်ထူးချွန်ဆု 2010 ကို Anne Hathaway ရရှိသွားစေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… အချစ်ရိုမန့်ခန်းတွေမှာ ဂျိတ်ရော အန်းဟန်သာဝေးရော စိတ်ရောကိုယ်ပါနှစ်ဝင်သရုပ်ဆောင်ထားပြီး အဖော်အချွတ်လေးတွေနဲ့အရမ်း Good နေလို့မိသားစုနဲ့ အတူတူကြည့်ဖို့တော့ မသင့်တော်ပါဘူးနော်။ (ရုပ်ရှင်အညွှန်းကို Bunny မှရေးသားထားပြီး ဘာသာပြန်ကိုတော့ Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)
...

Female Boss Who Takes Over Male Employees in the Office-Karen Kaede (IPZZ-261-Decensored) ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 48 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 AV IDOL တွေ တပုံကြီးရှိတဲ့အထဲ တစ်ခါကြည့်ဖူးတာနဲ့ စွဲနေတတ်တဲ့ IDOL လေးတွေဆို Karen Kaede က ထိပ်ဆုံးကပါပဲ။ နူးညံ့ညင်သာမှုအပြည့်နဲ့ ကြင်နာသနားတတ်တဲ့ သူ့မျက်ဝန်းတွေက ပျော်ဝင်စရာအတိပါ… ကြည်တောက်ချောမွတ်တဲ့အသားအရေနဲ့ ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကလဲ ယစ်မူးစရာချည်းပါပဲ… သွယ်လျတဲ့မျက်နှာကျနဲ့ အားလုံးကိုပေါင်းစပ်လိုက်တော့ သက်ရှိနတ်သမီးတစ်ပါးလို လင်းကျင်းထွက်နေသူလေးပါ။ သူ့အလှတွေကို ကာရန်စီရရင် ကုဋေလောက်ရှိနိုင်ပါတယ်…ဒါကြောင့်နာမည်က ကာရန်ကုဋေ(Karen Kaede) ဖြစ်နေတာလားတော့မသိ။ IPZZ-261-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမကို ရုံးက မန်နေဂျာမမကြီးအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး အလိုလိုက်အကြိုက်ဆောင်တတ်တဲ့ သူမရဲ့ပုံစံနဲ့ လိုက်ဖက်စွာပါဝင်ထားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီးအပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

Utopia (2024) ⭐TMDB: 48% User Score 🎬 #Action #Thriller #Mystery #ScienceFiction 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 5 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မက်သရူးက အမေရိကန် အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို စစ်ဆင်ရေး ထွက်နေရသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ စစ်ဆင်ရေးထွက်နေတဲ့အချိန်မှာ ဇနီးဖြစ်သူကို ယူတိုးပီးယား ဆိုတဲ့ အဖွဲ့အစည်းကနေ ဖမ်းခေါ်သွားပါတော့တယ်။ ယူတိုးပီးယားအဖွဲ့ဟာ ကမ္ဘာအနှံ့က အမျိုးသမီး ချောချော လှလှလေးတွေကို စုဆောင်းပြီး ဥာဏ်ရည်တုနည်းပညာသုံးပြီး ဇီဝရုပ်ကို ပြုပြင်ပြီးတော့ အထက်တန်းလွှာတွေကို လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေပေးတဲ့ လုပ်ငန်းမှာ ပြန်အသုံးချနေတာဖြစ်ပါတယ်။ မက်သရူးရဲ့ မိန်းမဖြစ်သူ အလက်စစ်နဲ့ တခြားမိန်းကလေးပေါင်း များစွာကိုလည်း ဖမ်း‌ခေါ်ထားပြီးတော့ မှတ်ဥာဏ်တွေဖျောက်ပစ်ပြီး သူတို့လုပ်ငန်းထဲမှာ ပြန်အသုံးချနေတာပါ။ ဒီလိုနဲ့ပဲ မိန်းမဖြစ်သူ ပျောက်သွားတဲ့အခါ မက်သရူးတစ်ယောက် မစ္စတာဝိုက် အနေနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ဟန်ဆောင်ပြီး ယူတိုးပီးယားကို လာခဲ့ပါတော့တယ်။ မစ္စတာ ဝိုက်တဖြစ်လည်း မက်သရူးတစ်ယောက် သူ့မိန်းမကို ကယ်ထုတ်သွားနိုင်မလား၊ ယူတိုးပီးယား ဆိုတဲ့ အဖွဲ့ အစည်းကြီးနဲ့ သူတို့ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို အက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားရမှာဖြစ်ပြီး အမျိုးသမီး ချောချောလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာပြကွက်တွေ အများအပြား ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုဖို့တော့ မသင့်တော်ကြောင်းပါခင်ဗျာ။
...

Conjuring the Cult (2024) ⭐TMDB: 33% User Score 🎬 #Horror #Drama 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Conjuring the Cult (2024) IMDb Rating (5.4) တစ်ရက်မှာ ဖခင်ဖြစ်သူ ဒေးဗစ်ဟာ ရုံးကနေပြန်လာတဲ့အချိန် အိမ်မှာ သူ့သမီးသေဆုံးတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ပဲ သမီးဖြစ်သူက သူ့ကြောင့် ဆုံးသွားရတာကို သိတဲ့ မာရှာ့မိဘဟာ အိမ်ထောင်ကွဲဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့အဖေဖြစ်တဲ့ ဒေးဗစ်ဟာ သမီးကိုစွဲလမ်းစိတ်ကြီးစွာနဲ့ စိတ်ကျရောဂါဖြစ်ပြီး တစ်နေ့တာလုပ်ငန်းတွေကိုပါ မလုပ်ဆောင်နိုင်လောက် ဘဝကြီးလုံးပါးပါးနေရပါတယ်။ တစ်နေ့မှာတော့ စိတ်ကျန်းမာရေးအထောက်အကူပြုစကားဝိုင်းတစ်ခုမှာ ဒေးဗစ်ဟာ ဆင်တူသလားဝတ်ထားတဲ့ စုန်းမပုံစံလူငယ်အမျိုးသမီးတစ်သိုက်ကနေ သူ့ကိုကမ်းလှမ်းလာတာကို ရခဲ့ပါတယ်။ သမီးဖြစ်သူကို အငမ်းမရပြန်တွေ့ချင်တဲ့ ဒေးဗစ်ဟာ အစပိုင်းမှာတော့ ငြင်းဆန်ခဲ့ပေမယ့် မလွန်ဆန်နိုင်တဲ့တစ်ဆုံးမှာတော့ ဘာတွေ ဘယ်လိုလုပ်မိသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရင်တလှုပ်လှုပ်ရှစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

I Dream of Jeannie (1965) ⭐TMDB: 78% User Score 🎬 #SciFi #Fantasy #Comedy #Family 🗓 1965 🎞 Series 🌎 #UnitedStatesofAmerica ⏰ 26 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB : 7.4Genre : Sitcom I Dream of Jeannie ကိုမသိတဲ့လူမရှိလောက်ဘူးထင်လို့ အထူးတလည်မိတ်ဆက်စရာမလိုလောက်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ I Dream of Jeannie ဇာတ်လမ်းတွဲဟာ မပါမဖြစ်မဟုတ်ရင်တောင် လူတိုင်းနဲ့ရင်းနှီးပြီးသား ဇာတ်လမ်းတွဲလေးဖြစ်မှာတော့ လုံးဝသေချာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က 5 Plus မှာ ဒီဇာတ်လမ်းတွဲလာတဲ့အချိန်တိုင်း တီဗီရှေ့ထိုင်ပြီးစောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ငယ်ဘဝကို တစ်စိတ်တဒေသလောက် ပြန်လည်ပြီး အောက်မေ့သတိရစေမယ့် ဇာတ်လမ်းတွဲဆိုလည်းမမှားပါဘူး။ Sitcom အမျိုးအစားထဲမှာ I Dream of Jeannie ဟာ ထိပ်ဆုံးကမဟုတ်ရင်တောင် အောက်မကျတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။ မကြည့်ဖူးတဲ့လူများ ကြည့်ရှုခံစားလို့ရအောင်၊ ကြည့်ဖူးတဲ့လူများလည်း ပြန်လည် အောက်မေ့ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်ညွှန်း တိုနီဆိုတာကတော့ အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ တစ်ရက်မှာကမ္ဘာ့ပတ်လမ်းထဲကို သွားဖို့အတွက် ပြင်ဆင်နေပါတော့တယ်။ အစစအရာရာ အဆင်ချောအောင်ပြင်ဆင်ထားခဲ့ပေမယ့် ကံမကောင်းအကြောင်းမလှခဲ့ပဲ အာသာကလွန်းပျံယာဉ်ပျက်ကျခဲ့ပြီး တိုနီဟာလည်း ကျွန်းတစ်ကျွန်းအပေါ်မှာ သောင်တင်သွားပါတော့တယ်။ ဒီလိုနဲ့ မမျှော်လင့်ပဲ ကျွန်းပေါ်မှာ ဖုန်ပုလင်းတစ်ခုကိုတွေ့ပြီး လက်နှင့်ပွတ်လိုက်ရာ ဂျင်းနီလေးထွက်လာပါတော့တယ်။ ဒါပေမယ့် မြင်ဖူးနေကြ ဂျင်းနီလိုမျိုး ဘီလူးကြီးမဟုတ်ပဲ အသက် ၂,၀၀၀ ကျော်ရှိပြီဖြစ်တဲ့ ရွှေအိုရောင်ဆံပင်လေးနဲ့ ဂျင်းနီအမိုက်စားလေးဖြစ်ပါတယ်။ ဂျင်းနီလေးဟာ သူ့ကိုလွှတ်ပေးခဲ့တဲ့ အရှင်သခင်ဖြစ်သူ တိုနီအားမြင်မြင်ခြင်း နက်နက်ရှိုင်းရှိုင်းချစ်မိသွားခဲ့ပါတယ်။ ခက်တာက တိုနီဟာ သူ့ရဲ့ ဆရာလည်းဖြစ်သူ၊ လေတပ်ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်တဲ့ ဗိုလ်ချုပ် စတုန်းရဲ့ သမီးဖြစ်သူ မယ်လစ်ဆာနဲ့ စေ့စပ်ပြီးသားဖြစ်နေပါတယ်။ မင်္ဂလာဆောင်ဖို့ ရက်အနည်းငယ်လေးလိုတဲ့အချိန်မှာ ဂျင်းနီရောက်လာပါတော့တယ်။ ဂျင်းနီကလည်း တိုနီကိုချစ်မိသွားတာဖြစ်သောကြောင့် ဘယ်လိုအလွဲတွေနဲ့ ဘယ်လိုများ ပေါက်ကရတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ခံစားကြည့်လိုက်ကြပါခင်ဗျာ။
...