uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Wolf Mountain (2022) ⭐TMDB: 27.0% User Score 🎬 #Horror #Action 🗓️ 2022 🎞️ Movie 📺 720p 🌎 #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wolf Mountain (2022) ~ Rotten Tomatoes – 83% ~ လွန်ခဲ့တဲ့နှစ် ၂၀ က ဇနီးမောင်နှံတစ်တွဲဟာ ဝံပုလွေတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူတို့ရဲ့ သားလေးကတော့ Aj ပါပဲ။ Aj ဟာ အိပ်မက်ဆိုးတွေအမြဲမက်တတ်ပါတယ်။ အိပ်မက်ထဲမှာ သူအမြဲမြင်နေတဲ့အရာတွေကတော့ သူ့အဖေနဲ့ အမေကို ဝံပုလွေလူသားတစ်ယောက်က တောင်ပေါ်က တွန်းချလိုက်တာပါပဲ။ ဒါကို Aj ဟာ Psychiatrist တစ်ယောက်နဲ့ ကုသနေရပါတယ်။ ဒီ ဆရာဝန်ဟာ Aj ကို ဒီထက်ရှင်းသွားချင်ရင် ဒီကိစ္စတွေဖြစ်ခဲ့တဲ့ ဝံပုလွေတောင်ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဖို့ အကြုံပြုလိုက်ပါတယ်။ Aj ကို မိဘတွေဆုံးပါးသွားကတည်းက သူ့မိဘတွေရဲ့ မွေးစားခဲ့တဲ့ အကိုဖြစ်သူ Max ကနေ လူလားမြောက်အောင် ပြုစုပျိုးထောင်လာခဲ့တာပါ။ ခုချိန်မှာတော့ Aj ဟာ မိန်းမဖြစ်သူ Sam နဲ့အတူ မိသားစုလေးတစ်ခုတောင် ရတော့မှာပါ။ ဒါပေမဲ့ ဒုက္ခပေးနေတဲ့ ဒီအိပ်မက်ဆိုးတွေပပျောက်အောင် Wolf Mountain ဆီကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အစ်ကိုဖြစ်သူ Max ကရော မိန်းမဖြစ်သူ Sam ကပါ သူတို့လည်းလိုက်မယ်ဆိုတာကြောင့် ဒီ ဝံပုလွေတောင်ခရီးစဉ်ဟာ Aj, Sam, အစ်ကိုဖြစ်တဲ့ Max နဲ့ သူ့မိန်းမ၊ ညီမဖြစ်တဲ့ Emma နဲ့ သူ့ကောင်လေးတို့ခြောက်ယောက်သား ဒီခရီးစဉ်ကိုထွက်ခဲ့ကြပါတယ်။ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေတဲ့ တောင်ပေါ်မှာ Aj တို့ အဆင်ပြေ‌ပြေဖြတ်သန်းနိုင်ခဲ့ကြလား… Aj ရဲ့ အိပ်မက်ဆိုးတွေထဲက ဝံပုလွေလူသားဟာ တကယ်ရောရှိနေတာလား… ဘာတွေဆက်ဖြစ်လာမလဲ… Aj တို့တစ်သိုက် ဘယ်လိုအခက်အခဲတွေပေါ်လာမလဲ… ဒါတွေကို သူတို့ ရုန်းထွက်နိုင်ခဲ့ကြလား… ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားနိုင်ပါပြီခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

Wolf Mountain (2022) ⭐TMDB: 27.0% User Score 🎬 #Horror #Action 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wolf Mountain (2022) ~ Rotten Tomatoes – 83% ~ လွန်ခဲ့တဲ့နှစ် ၂၀ က ဇနီးမောင်နှံတစ်တွဲဟာ ဝံပုလွေတောင်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူတို့ရဲ့ သားလေးကတော့ Aj ပါပဲ။ Aj ဟာ အိပ်မက်ဆိုးတွေအမြဲမက်တတ်ပါတယ်။ အိပ်မက်ထဲမှာ သူအမြဲမြင်နေတဲ့အရာတွေကတော့ သူ့အဖေနဲ့ အမေကို ဝံပုလွေလူသားတစ်ယောက်က တောင်ပေါ်က တွန်းချလိုက်တာပါပဲ။ ဒါကို Aj ဟာ Psychiatrist တစ်ယောက်နဲ့ ကုသနေရပါတယ်။ ဒီ ဆရာဝန်ဟာ Aj ကို ဒီထက်ရှင်းသွားချင်ရင် ဒီကိစ္စတွေဖြစ်ခဲ့တဲ့ ဝံပုလွေတောင်ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဖို့ အကြုံပြုလိုက်ပါတယ်။ Aj ကို မိဘတွေဆုံးပါးသွားကတည်းက သူ့မိဘတွေရဲ့ မွေးစားခဲ့တဲ့ အကိုဖြစ်သူ Max ကနေ လူလားမြောက်အောင် ပြုစုပျိုးထောင်လာခဲ့တာပါ။ ခုချိန်မှာတော့ Aj ဟာ မိန်းမဖြစ်သူ Sam နဲ့အတူ မိသားစုလေးတစ်ခုတောင် ရတော့မှာပါ။ ဒါပေမဲ့ ဒုက္ခပေးနေတဲ့ ဒီအိပ်မက်ဆိုးတွေပပျောက်အောင် Wolf Mountain ဆီကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အစ်ကိုဖြစ်သူ Max ကရော မိန်းမဖြစ်သူ Sam ကပါ သူတို့လည်းလိုက်မယ်ဆိုတာကြောင့် ဒီ ဝံပုလွေတောင်ခရီးစဉ်ဟာ Aj, Sam, အစ်ကိုဖြစ်တဲ့ Max နဲ့ သူ့မိန်းမ၊ ညီမဖြစ်တဲ့ Emma နဲ့ သူ့ကောင်လေးတို့ခြောက်ယောက်သား ဒီခရီးစဉ်ကိုထွက်ခဲ့ကြပါတယ်။ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေတဲ့ တောင်ပေါ်မှာ Aj တို့ အဆင်ပြေ‌ပြေဖြတ်သန်းနိုင်ခဲ့ကြလား… Aj ရဲ့ အိပ်မက်ဆိုးတွေထဲက ဝံပုလွေလူသားဟာ တကယ်ရောရှိနေတာလား… ဘာတွေဆက်ဖြစ်လာမလဲ… Aj တို့တစ်သိုက် ဘယ်လိုအခက်အခဲတွေပေါ်လာမလဲ… ဒါတွေကို သူတို့ ရုန်းထွက်နိုင်ခဲ့ကြလား… ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားနိုင်ပါပြီခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

Perempuan Bergaun Merah (2022) ⭐IMDB: 5.6/10 (116 Votes) 🎬 #Horror #Thriller 🗓️ 2022 🎞️ Movie 📺 720p 🌎 #Indonesia ⏰ 1 နာရီ 31 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Perempuan Bergaun Merah (2022) IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။ တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီးခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

Perempuan Bergaun Merah (2022) ⭐IMDB: 5.6/10 (116 Votes) 🎬 #Horror #Thriller 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Indonesia ⏰ 1 နာရီ 31 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Perempuan Bergaun Merah (2022) IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။ တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီးခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

Sweetwater (2023) ⭐IMDB: 5.7/10 (517 Votes) 🎬 #Biography #Drama #Sport #History 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sweetwater (2023) ဒီဇာတ်ကားက NBA သမိုင်းမှာ ပထမဆုံးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့လူမည်းကစားသမား ဆွိဝါးတားကလစ်ဖ်တန်ရဲ့ ကိုယ်ရေးရာဇဝင် ရုပ်ရှင်ဖြစ်ပါတယ် Biography movie ဆိုပေမဲ့ ဇာတ်ကားဆိုတော့ ဒရာမာလေးတွေ လိုတိုးပိုလျှော့လေးတွေတော့ရှိပါတယ်အမေရိကန် ဘတ်စကတ်ဘောလောကမှာ လီဘရွန်ဂျိမ်းတို့ မိုက်ကယ်ဂျော်ဒန်တို့လို လူမည်းဂန္ထဝင် ကစားသမားတွေ အများကြီး ရှိပါတယ်ဒါပေမဲ့ သူတို့လို လူမည်းဂန္ဒဝင်တွေဖြစ်လာဖို့ ပထမဆုံးလူမည်းပရိုစာချုပ်ကို ဆွိဝါးတားက စပြီးချုပ်ဆိုခဲ့တာပါသူဒီလို NBA မှာ ပထမဆုံးပွဲတစ်ပွဲဆော့ရဖို့အတွက် လူဖြူတွေပဲဆော့ခွင့်ရှိသလိုဖြစ်နေတဲ့NBA လိဂ်မှာ ဆွိဝါးတားပါခွင့်ရအောင် ဘယ်လိုကြိုးစားခဲ့ရတယ်နည်းပြတွေ ပိုင်ရှင်တွေကအစ လူတိုင်းနဲ့အတိုက်အခံဘယ်လိုလုပ်ခဲ့ရတယ်ဆိုတဲ့သူတို့ရဲ့အခက်အခဲတွေ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာတွေကို ကြည့်ရမှာဖြစ်ပါတယ် ဘတ်စကတ်ဘောအားကစားကိုသဘောကျတဲ့သူတိုင်း ကြည့်ရှုသင့်တဲ့ကားဖြစ်သလိုယခုခေတ်မှသာ လူမည်းတွေကို နေရာအကြီးအကျယ်ဇွတ်ပေးနေပေမဲ့တစ်ချိန်တုန်းကတော့ ဥပဒေထုတ်ပြီးကျွန်စနစ်ပယ်ဖျက်ပြီးတာတောင်လူမည်းတွေကို ပိုးစိုးပက်စက်ခွဲခြားတာတွေကိုလည်း တစ်စေ့တစ်စောင်းကြည့်ရမှာ ဖြစ်ပြီးဆွိဝါးတားရဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီးတော့ လူမည်းတွေအားလုံးအတွက်သမိုင်းသစ်ရေးထိုးပေးခဲ့ပုံကို ကြည့်ရှုနိုင်ဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။

Sweetwater (2023) ⭐IMDB: 5.7/10 (517 Votes) 🎬 #Biography #Drama #Sport #History 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sweetwater (2023) ဒီဇာတ်ကားက NBA သမိုင်းမှာ ပထမဆုံးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့လူမည်းကစားသမား ဆွိဝါးတားကလစ်ဖ်တန်ရဲ့ ကိုယ်ရေးရာဇဝင် ရုပ်ရှင်ဖြစ်ပါတယ် Biography movie ဆိုပေမဲ့ ဇာတ်ကားဆိုတော့ ဒရာမာလေးတွေ လိုတိုးပိုလျှော့လေးတွေတော့ရှိပါတယ်အမေရိကန် ဘတ်စကတ်ဘောလောကမှာ လီဘရွန်ဂျိမ်းတို့ မိုက်ကယ်ဂျော်ဒန်တို့လို လူမည်းဂန္ထဝင် ကစားသမားတွေ အများကြီး ရှိပါတယ်ဒါပေမဲ့ သူတို့လို လူမည်းဂန္ဒဝင်တွေဖြစ်လာဖို့ ပထမဆုံးလူမည်းပရိုစာချုပ်ကို ဆွိဝါးတားက စပြီးချုပ်ဆိုခဲ့တာပါသူဒီလို NBA မှာ ပထမဆုံးပွဲတစ်ပွဲဆော့ရဖို့အတွက် လူဖြူတွေပဲဆော့ခွင့်ရှိသလိုဖြစ်နေတဲ့NBA လိဂ်မှာ ဆွိဝါးတားပါခွင့်ရအောင် ဘယ်လိုကြိုးစားခဲ့ရတယ်နည်းပြတွေ ပိုင်ရှင်တွေကအစ လူတိုင်းနဲ့အတိုက်အခံဘယ်လိုလုပ်ခဲ့ရတယ်ဆိုတဲ့သူတို့ရဲ့အခက်အခဲတွေ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာတွေကို ကြည့်ရမှာဖြစ်ပါတယ် ဘတ်စကတ်ဘောအားကစားကိုသဘောကျတဲ့သူတိုင်း ကြည့်ရှုသင့်တဲ့ကားဖြစ်သလိုယခုခေတ်မှသာ လူမည်းတွေကို နေရာအကြီးအကျယ်ဇွတ်ပေးနေပေမဲ့တစ်ချိန်တုန်းကတော့ ဥပဒေထုတ်ပြီးကျွန်စနစ်ပယ်ဖျက်ပြီးတာတောင်လူမည်းတွေကို ပိုးစိုးပက်စက်ခွဲခြားတာတွေကိုလည်း တစ်စေ့တစ်စောင်းကြည့်ရမှာ ဖြစ်ပြီးဆွိဝါးတားရဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီးတော့ လူမည်းတွေအားလုံးအတွက်သမိုင်းသစ်ရေးထိုးပေးခဲ့ပုံကို ကြည့်ရှုနိုင်ဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။

Hair-Trigger (2022) ⭐IMDB: 6.6/10 (95 Votes) 🎬 #Crime #Horror #Thriller #Action #Fantasy #Drama #Mystery #Romance #TVMovie 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating/(6.5) ဖောက်ထွင်းဝိဇ္ဇာ ဂျန်နာ ဆိုတဲ့ အမျိုးသမီးဟာ ထောင်ကျပြီး ကောင်းကောင်းမွန်မွန်နေထိုင်တာမို့ ထောင်ကလွတ်လာတာ မကြာသေးပါဘူးလောလောဆယ် စားပွဲထိုးအလုပ်ကိုလုပ်ကိုင်နေပေမယ့် မိသားစုဝင်တစ်ယောက်ရဲ့ ဆေးဖိုးစရိတ်ကို ကူထမ်းနိုင်ဖို့အရေး ငွေကြေးခက်ခဲနေသူ…သူ့ဆီကို လူတစ်ယောက်ယောက်လာပြီး ရတနာဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းဖို့ ကမ်းလှမ်းလာခဲ့တယ်မက်မက်မောမော ငွေကြေးရမယ်ဆိုတော့ သူလည်း သူစိမ်းအုပ်စုနဲ့တူ လုပ်ကိုင်ပါတော့တယ်ဖောက်ထွင်းပြီးနောက် သူတို့အုပ်စုဟာ စီစဉ်ထားတဲ့အတိုင်း မိုတယ်မှာ မရှောင်ဖြစ်ဘဲဘယ်ကမှန်းမသိတဲ့ အိမ်တစ်လုံးမှာ ခေတ္တခိုလှုံကြတဲ့အခါ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်လာရပါတော့တယ်…Rating လည်း 6.5 အထိရရှိထားတာမို့ ကြည့်ကောင်းမယ့်  movieတစ်ကား ဖြစ်ပါကြောင်း… (ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်သူကတော့ Mugiwara Yaဖြစ်ပါတယ်။)

The Dead Pool (1988) ⭐IMDB: 6.3/10 (47 k Votes) 🎬 #Action #Crime #Mystery #Thriller 🗓️ 1988 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Review- Dead Pool ဆိုတဲ့ ဂိမ်းဆိုတာဘယ်သူသေမလဲဆိုတာခန့်မှန်းတဲ့လောင်းကစားပါ ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ Peter Swan နဲ့ သူ့ရဲ့ရိုက်ကူးရေးအဖွဲ့သားတွေကဒီဂိမ်းကိုဆော့ကစားကြပါတယ် ဒါပေမယ်သူတို့နာမည်ကျော်တွေကိုပဲခန့်မှန်းပြီးကစားကြပါတယ် ဖြစ်ချင်တော့သေဆုံးသူတွေဟာ Peter Swan ရဲ့စာရင်းထဲကလူတွေပဲဖြစ်နေတာကိုသတိထားမိတဲ့နောက်မှာတော့ စုံထောက်ကြီး Harry Callahan သံသယတွေဝင်လာပါတယ် တကယ်ပဲလူသတ်သမားဟာ Peter Swan ဖြစ်နေမလား သူ့ကိုမုန်းတီးတဲ့အခြားတစ်ယောက်လား ဘာလို့ဒီလိုလိုက်သတ်နေရလဲ စုံထောက်ကြီး Callahan ကရောဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )

The Dead Pool (1988) ⭐IMDB: 6.3/10 (47 k Votes) 🎬 #Action #Crime #Mystery #Thriller 🗓️ 1988 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Review- Dead Pool ဆိုတဲ့ ဂိမ်းဆိုတာဘယ်သူသေမလဲဆိုတာခန့်မှန်းတဲ့လောင်းကစားပါ ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ Peter Swan နဲ့ သူ့ရဲ့ရိုက်ကူးရေးအဖွဲ့သားတွေကဒီဂိမ်းကိုဆော့ကစားကြပါတယ် ဒါပေမယ်သူတို့နာမည်ကျော်တွေကိုပဲခန့်မှန်းပြီးကစားကြပါတယ် ဖြစ်ချင်တော့သေဆုံးသူတွေဟာ Peter Swan ရဲ့စာရင်းထဲကလူတွေပဲဖြစ်နေတာကိုသတိထားမိတဲ့နောက်မှာတော့ စုံထောက်ကြီး Harry Callahan သံသယတွေဝင်လာပါတယ် တကယ်ပဲလူသတ်သမားဟာ Peter Swan ဖြစ်နေမလား သူ့ကိုမုန်းတီးတဲ့အခြားတစ်ယောက်လား ဘာလို့ဒီလိုလိုက်သတ်နေရလဲ စုံထောက်ကြီး Callahan ကရောဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )

End Call (2008) ⭐IMDB: 4.3/10 (228 Votes) 🎬 #Horror #Drama #Romance 🗓️ 2008 🎞️ Movie 📺 720p 🌎 #Japan ⏰ 1 နာရီ 32 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကယ်၍ သင်သာ ဖုန်းတစ်ကောလ် ခေါ်ရုံနဲ့ လိုချင်တဲ့ တောင်းဆုတစ်ခု ပြည့်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ…‌ခေါ်လိုက်မှာလား… ဒီဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူတွေအကြား ပျံ့နှံ့နေတဲ့ ကောလဟာလလေး တစ်ခုရှိနေပါတယ်… အဲ့ဒါကတော့ နတ်ဆိုးတစ်ပါးဆီ ဖုန်းဆက်ပြီး လိုချင်တဲ့ ဆုလေးတောင်းမယ် အပြန်အလှန်အနေနဲ့ ဖုန်းခေါ်တဲ့ ကြာချိန်ကို ကိုယ့်အသက်ထဲက ဖဲ့ပေးမယ်ဆိုတာပါပဲ… ကြားရတဲ့အတိုင်းဆို သိပ်ကို လွယ်ကူရိုးရှင်းလွန်းပါတယ်… နတ်ဆိုးဆိုတဲ့အမျိုးက ဒီလောက်နဲ့တင် အလဲအလှယ်လုပ်မယ်တဲ့လား… ဆုတောင်းသူတွေကို နတ်ဆိုးက ဘယ်လိုတွေ ချုပ်ကိုင်သွားမလဲ… ဘယ်အတိုင်းအတာထိ ခံစားစံစားကြရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )

End Call (2008) ⭐IMDB: 4.3/10 (228 Votes) 🎬 #Horror #Drama #Romance 🗓️ 2008 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 32 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကယ်၍ သင်သာ ဖုန်းတစ်ကောလ် ခေါ်ရုံနဲ့ လိုချင်တဲ့ တောင်းဆုတစ်ခု ပြည့်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ…‌ခေါ်လိုက်မှာလား… ဒီဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူတွေအကြား ပျံ့နှံ့နေတဲ့ ကောလဟာလလေး တစ်ခုရှိနေပါတယ်… အဲ့ဒါကတော့ နတ်ဆိုးတစ်ပါးဆီ ဖုန်းဆက်ပြီး လိုချင်တဲ့ ဆုလေးတောင်းမယ် အပြန်အလှန်အနေနဲ့ ဖုန်းခေါ်တဲ့ ကြာချိန်ကို ကိုယ့်အသက်ထဲက ဖဲ့ပေးမယ်ဆိုတာပါပဲ… ကြားရတဲ့အတိုင်းဆို သိပ်ကို လွယ်ကူရိုးရှင်းလွန်းပါတယ်… နတ်ဆိုးဆိုတဲ့အမျိုးက ဒီလောက်နဲ့တင် အလဲအလှယ်လုပ်မယ်တဲ့လား… ဆုတောင်းသူတွေကို နတ်ဆိုးက ဘယ်လိုတွေ ချုပ်ကိုင်သွားမလဲ… ဘယ်အတိုင်းအတာထိ ခံစားစံစားကြရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )

Diary of June (2005) ⭐IMDB: 6.2/10 (760 Votes) 🎬 #Crime #Thriller 🗓️ 2005 🎞️ Movie 📺 720p 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Diary of June(2005) ****************** ကျောင်းသားတစ်ယောက် တံတားပေါ်မှာအသတ်ခံလိုက်ရတယ်… ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားတစ်ယောက် သတ်သေတဲ့အမှု တစ်ခု ထပ်ဖြစ်သွားတယ်…သို့ပေမဲ့ သေချာစုံစမ်းကြည့်လိုက်တဲ့အခါမှတော့ လူသတ်မှုပဲဖြစ်နေခဲ့တယ်…သဲလွန်စဆိုလို့ ဗိုက်ထဲမှာ မျိုချထားတဲ့ ခပ်ဆန်းဆန်းလက်ရေးတိုစာရွက်လေးတစ်ခုပဲရှိတယ်… အဲ့ဒီနောက်မှာတော့ လူသတ်မှု ၂ခုအပြီးမှာပဲ ဆက်တိုက်ဆိုသလို ကျောင်းသားကျောင်းသူအချို့ အသတ်ခံလိုက်ရချိန်မှာတော့.. ဘာ့ကြောင့် လူသတ်သမားဟာ ကျောင်းသား  ကျောင်းသူတွေကို အဓိက ထားပြီးသတ်တာလဲ… စုံထောက်တွေကရော ဒီတရားခံကိုဖော်ထုတ်နိုင်မလားဆိုတာကိုတော့…

Diary of June (2005) ⭐IMDB: 6.2/10 (760 Votes) 🎬 #Crime #Thriller 🗓️ 2005 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Diary of June(2005) ****************** ကျောင်းသားတစ်ယောက် တံတားပေါ်မှာအသတ်ခံလိုက်ရတယ်… ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားတစ်ယောက် သတ်သေတဲ့အမှု တစ်ခု ထပ်ဖြစ်သွားတယ်…သို့ပေမဲ့ သေချာစုံစမ်းကြည့်လိုက်တဲ့အခါမှတော့ လူသတ်မှုပဲဖြစ်နေခဲ့တယ်…သဲလွန်စဆိုလို့ ဗိုက်ထဲမှာ မျိုချထားတဲ့ ခပ်ဆန်းဆန်းလက်ရေးတိုစာရွက်လေးတစ်ခုပဲရှိတယ်… အဲ့ဒီနောက်မှာတော့ လူသတ်မှု ၂ခုအပြီးမှာပဲ ဆက်တိုက်ဆိုသလို ကျောင်းသားကျောင်းသူအချို့ အသတ်ခံလိုက်ရချိန်မှာတော့.. ဘာ့ကြောင့် လူသတ်သမားဟာ ကျောင်းသား  ကျောင်းသူတွေကို အဓိက ထားပြီးသတ်တာလဲ… စုံထောက်တွေကရော ဒီတရားခံကိုဖော်ထုတ်နိုင်မလားဆိုတာကိုတော့…

Detective Dee and the Mysterious City (2021) ⭐TMDB: 0.0% User Score 🎬 #Action #Fantasy 🗓️ 2021 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 17 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ထန်မင်းဆက်ရဲ့ဧကရီဘုရင်မ အုပ်ချုပ်တဲ့အချိန်မှာကျိုင်း‌ကောင်ကပ်ဘေးကျရောက်တာကြောင့်ဒုက္ခသည်တွေကိုကယ်ဆယ်ဖို တိုင်းပြည်ဘဏ္ဍာတိုက်ကနေရန်ပုံငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်၊ဒါပေမဲ့လည်း ငွေတုံးတွေဟာသယ်ယူပိုဆောင်တဲ့လမ်းခရီးမှာတင် လုယက်ခံလိုက်ရပါတယ်… ဒါပေမဲ့ ထင်သလောက်တော့ သူခိုးဓားပြလုယက်ရုံသာမာန်အမှုလောက်တော့မဟုတ်ခဲ့ပါဘူး၊အမှုမဖြစ်ခင်မှာ “ယင်းယန်လိပ်ပြာ”လိုခေါ်တဲ့နှစ်ရောင်ပြန်လိပ်ပြာအုပ်စုပေါ်လာပြီး ငွေသတ္တာတွေဟာလေထဲမှာရုတ်တရက်ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်… ‌ဒါကြောင့် သံသယဝင်စရာပစ်မှတ်ဟာ “ယင်းယန်လိပ်ပြာ”တွေဖြစ်နေတဲ့အခါ…တကယ်ပဲ ထင်ထားသလိုဖြစ်နေမလားဆိုရိုးရှိသလို မိစ္ဆာဝိညာဉ်ထက် လူ့မိစ္ဆာစိတ်/မကောင်းတဲ့လောဘစိတ်ကပိုကြောက်စရာကောင်းတယ်ဆိုသလိုနောက်ကွယ်ကြိုးကိုင်သူက ဘယ်သူများဖြစ်နေမလား? ရည်ရွယ်ချက်အစစ်မှန်ကရော ငွေတွေသိမ်းပိုက်နိုင်ဖိုပဲလား…?“စုံထောက်ကြီးဒီးရန်ကျယ်”ဆိုတိုင်း အမှုတစ်ခုကိုပဟေဠိဆန်ဆန်ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာတွေ့မြင်ရမှာမလို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးရှင့်…

Back To The Tomorrow (2023) ⭐TMDB: 30.0% User Score 🎬 #Comedy #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 30 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နေ့ရက်တစ်ရက်ထဲကိုပဲတစ်ဖန်တလဲလဲဖြတ်သန်းနေရမယ်ဆိုရင်သင်တို့ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်သန်းကြမလဲ…… ကိုယ့်ကိုယ်ကိုကံဆိုးတယ်လို့ သတ်မှတ်ထားတဲ့ပေါင်ကျန့်ဟာဘာကိုမှအလေးနက်မထားပဲ ကြုံရာလုပ်စားပြီးနေလာခဲ့တယ်။သူကအိမ်လခတောင်မှန်အောင်မပေးနိုင်ပါဘူး။တစ်နေ့တာကုန်ဆုံးသွားပြီး နောက်တစ်နေ့ပြန်နိုးလာတဲ့အချိန်မှာ သူကဟာ(၁၁)လ (၁၁)ရက်ကိုပဲပြန်ပြန်ရောက်သွားပြီးကြုံတွေ့ခဲ့တာတွေကို အတိအကျပြန်ကြုံရတာကိုသိလိုက်ရတယ်…… ဒီလိုနဲ့မပြီးဆုံးနိုင်အောင်ဖြတ်သန်းနေရတဲ့(၁၁.၁၁)နေ့ကိုပေါင်ကျန့်ဟာနည်းအမျိုးမျိုးစုံနဲ့ လုပ်ချင်ရာတွေလုပ်ပြီးဖြတ်သန်းရင်းသူလွဲချော်ခဲ့ရတဲ့အရာတွေ အထင်လွဲခဲ့တာတွေကိုနားလည်လာခဲ့တယ်။ အဲဒီလိုနဲ့သူ့ရဲ့(၁၁.၁၁)နေ့ကိုပိုပိုကောင်းအောင်ကြိုးစားရင်းအဲဒီညမှာနှလုံးရောဂါနဲ့သေရမယ့် ကလေးရှိတာကိုသိသွားခဲ့ပါတယ်။ကံကြမ္မာကိုပြောင်းလဲလို့မရတဲ့အတွက် ကလေးလေးရဲ့မသေခင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။လူသားဆန်မှုတွေနဲ့ ဒီချာလည်ရိုက်နေတဲ့နေ့ရက်တစ်ခုကိုဘယ်လိုအကြိမ်ကြိမ်ဖြတ်သန်းကြမလဲ……မနက်ဖန်ကိုဘယ်လိုများမှရောက်နိုင်မှာလဲ..ဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော်

House of Inequity (2023) ⭐IMDB: 3.6/10 (89 Votes) 🎬 #Horror 🗓️ 2023 🎞️ Movie 📺 720p 🌎 #Australia ⏰ 1 နာရီ 48 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကြောက်တရားဆိုတာ ကိုယ့်ရဲ့ရန်သူပါပဲတဲ့။ ဒါဆိုရင် အကြောက်တရားဆိုတဲ့အရာကဘာများပါလဲ။ လောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ အကြောက်တရားလည်းအပါအ၀င်ဖြစ်ပါတယ်။ ဘာလို့ဆို အကြောက်တရားက လူတွေရဲ့စိတ်ကိုသာမက ရုပ်ပိုင်းဆိုင်ရာအထိပါထိန်းချုပ်နိုင်စွမ်းရှိလို့ပါ။ လူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြတာပါပဲ။ ဒီအကြောက်တရားကိုရင်ဆိုင်မလား အရှုံးနိမ့်ခံမလားကတော့ ကိုယ်ကိုယ်တိုင်ရဲ့ရွေးချယ်မှုပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အင်တာနက်မှာ ခေတ်စားနေတဲ့အိမ်အိုကြီးဆီ ခရီးထွက်လာတဲ့သူငယ်ချင်းတစ်စုကိုမြင်ရမှာဖြစ်ပါတယ်။ အစက ဓါတ်ပုံရိုက်ဖို့အတွက်သာဆိုပေမဲ့ အိမ်ထဲ၀င်စပ်စုကြရင်း ‌ညမှောင်သွားတဲ့အခါ ဘယ်လိုအကြောက်တရားတွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သာမန်horrorဇာတ်ကားတွေလို ခေါက်ရိုးကျိုးဇာတ်လမ်းဖြစ်ပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ကြောက်စိတ်နဲ့နှိုင်းယှဉ်ရင်း အတွေးများစေတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

House of Inequity (2023) ⭐IMDB: 3.6/10 (89 Votes) 🎬 #Horror 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Australia ⏰ 1 နာရီ 48 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကြောက်တရားဆိုတာ ကိုယ့်ရဲ့ရန်သူပါပဲတဲ့။ ဒါဆိုရင် အကြောက်တရားဆိုတဲ့အရာကဘာများပါလဲ။ လောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ အကြောက်တရားလည်းအပါအ၀င်ဖြစ်ပါတယ်။ ဘာလို့ဆို အကြောက်တရားက လူတွေရဲ့စိတ်ကိုသာမက ရုပ်ပိုင်းဆိုင်ရာအထိပါထိန်းချုပ်နိုင်စွမ်းရှိလို့ပါ။ လူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြတာပါပဲ။ ဒီအကြောက်တရားကိုရင်ဆိုင်မလား အရှုံးနိမ့်ခံမလားကတော့ ကိုယ်ကိုယ်တိုင်ရဲ့ရွေးချယ်မှုပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အင်တာနက်မှာ ခေတ်စားနေတဲ့အိမ်အိုကြီးဆီ ခရီးထွက်လာတဲ့သူငယ်ချင်းတစ်စုကိုမြင်ရမှာဖြစ်ပါတယ်။ အစက ဓါတ်ပုံရိုက်ဖို့အတွက်သာဆိုပေမဲ့ အိမ်ထဲ၀င်စပ်စုကြရင်း ‌ညမှောင်သွားတဲ့အခါ ဘယ်လိုအကြောက်တရားတွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သာမန်horrorဇာတ်ကားတွေလို ခေါက်ရိုးကျိုးဇာတ်လမ်းဖြစ်ပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ကြောက်စိတ်နဲ့နှိုင်းယှဉ်ရင်း အတွေးများစေတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

Velvet Goldmine (1998) ⭐IMDB: 6.9/10 (37 k Votes) 🎬 #Drama #Music 🗓️ 1998 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 59 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားကြီး Christian Bale ငယ်စဉ်ကသရုပ်ဆောင်ထားတဲ့ 1998 ခုနှစ်က ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Glam-rock အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း သေနတ်အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နေ့ကျမှ သေနတ်ပစ်ခံရတာဟာ သရုပ်ဆောင်တာသာဖြစ်ကြောင်း၊ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီပြကွက်နောက်ပိုင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံရ၊ ရောင်းအားတွေလည်းကျဆင်းပြီး စလိတ်ဒ်တစ်ယောက် ဘယ်ရောက်သွားမှန်းမသိအောင်ကို အစပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၁၀ နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုကနေ အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းဖို့ သတင်းထောက် အာသာကို လွှတ်လိုက်ပါတယ်။ သတင်းထောက်အာသာဟာ ငယ်စဉ်တုန်းက အဲဒီအဆိုတော် ဘရိုင်ယန်စလိတ်ဒ်ကို အရူးအမူးအားပေးခဲ့သူပဲဖြစ်ပါတယ်။ ဘရိုင်ယန်စလိတ်ဒ်ရဲ့ လိင်တူနှစ်သက်မှုကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟထားမှုတွေ၊ ထုံးတမ်းကိုဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေက အာသာအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖွင့်လှစ်ပြဖို့ အားတက်စေခဲ့တဲ့အရာတွေ ဖြစ်ခဲ့တာပါ။ စလိတ်ဒ်သေနတ်ပစ်ခံရပုံဟန်ဆောင်ပြတဲ့ ဖျော်ဖြေပွဲညတုန်းက ပွဲထဲမှာ အာသာပါရှိနေခဲ့တာပါ။ အခုအခါမှာတော့ သူတစ်ချိန်ကအရူးအမူးကြိုက်ခဲ့တဲ့ အဆိုတော်အကြောင်း လိုက်စုံစမ်းဖို့ လန်ဒန်ကိုပြန်လာခဲ့ပြီးတော့ ဘရိုင်ယန်စလိတ်ဒ်နဲ့ ဆက်စပ်နေတဲ့သူတွေအားလုံးကို အင်တာဗျူးရင်း စလိတ်ဒ်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ၊ အလုပ်အကြောင်းတွေသိလာရပြီး နောက်ဆုံး စလိတ်ဒ်နဲ့ပတ်သက်တဲ့ ပဟေဠိဆန်တဲ့အကြောင်းအရာတွေအကုန်လုံး ရှင်းလင်းသွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဒရာမာကားကောင်းလေးပဲ ဖြစ်ပါတယ်။

Velvet Goldmine (1998) ⭐IMDB: 6.9/10 (37 k Votes) 🎬 #Drama #Music 🗓️ 1998 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 59 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားကြီး Christian Bale ငယ်စဉ်ကသရုပ်ဆောင်ထားတဲ့ 1998 ခုနှစ်က ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Glam-rock အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း သေနတ်အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နေ့ကျမှ သေနတ်ပစ်ခံရတာဟာ သရုပ်ဆောင်တာသာဖြစ်ကြောင်း၊ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီပြကွက်နောက်ပိုင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံရ၊ ရောင်းအားတွေလည်းကျဆင်းပြီး စလိတ်ဒ်တစ်ယောက် ဘယ်ရောက်သွားမှန်းမသိအောင်ကို အစပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၁၀ နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုကနေ အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းဖို့ သတင်းထောက် အာသာကို လွှတ်လိုက်ပါတယ်။ သတင်းထောက်အာသာဟာ ငယ်စဉ်တုန်းက အဲဒီအဆိုတော် ဘရိုင်ယန်စလိတ်ဒ်ကို အရူးအမူးအားပေးခဲ့သူပဲဖြစ်ပါတယ်။ ဘရိုင်ယန်စလိတ်ဒ်ရဲ့ လိင်တူနှစ်သက်မှုကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟထားမှုတွေ၊ ထုံးတမ်းကိုဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေက အာသာအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖွင့်လှစ်ပြဖို့ အားတက်စေခဲ့တဲ့အရာတွေ ဖြစ်ခဲ့တာပါ။ စလိတ်ဒ်သေနတ်ပစ်ခံရပုံဟန်ဆောင်ပြတဲ့ ဖျော်ဖြေပွဲညတုန်းက ပွဲထဲမှာ အာသာပါရှိနေခဲ့တာပါ။ အခုအခါမှာတော့ သူတစ်ချိန်ကအရူးအမူးကြိုက်ခဲ့တဲ့ အဆိုတော်အကြောင်း လိုက်စုံစမ်းဖို့ လန်ဒန်ကိုပြန်လာခဲ့ပြီးတော့ ဘရိုင်ယန်စလိတ်ဒ်နဲ့ ဆက်စပ်နေတဲ့သူတွေအားလုံးကို အင်တာဗျူးရင်း စလိတ်ဒ်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ၊ အလုပ်အကြောင်းတွေသိလာရပြီး နောက်ဆုံး စလိတ်ဒ်နဲ့ပတ်သက်တဲ့ ပဟေဠိဆန်တဲ့အကြောင်းအရာတွေအကုန်လုံး ရှင်းလင်းသွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဒရာမာကားကောင်းလေးပဲ ဖြစ်ပါတယ်။

Death by Desire (2023) ⭐IMDB: 5.0/10 (10 Votes) 🎬 #Horror #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #Philippines ⏰ 1 နာရီ 29 မိနစ် 20 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 After being cast in a movie, a day laborer has to secretly shelter his lover on the set or else risk losing her and all that movie stardom has promised him.