ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Long Shadow (2023-2023)
⭐IMDB: 8.1/10 (2 k Votes)
🎬 #Crime #Drama #History
🗓 2023-2023 🎞 tv mini series
🌎 #UnitedKingdom
⏰ 48 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Long Shadow (2023)The Long Shadow (2023)IMDb- 8.1/10
Your browser does not support the video tag.ဇာတ်လမ်းအညွှန်းလူသတ်သမား ဘယ်သူလဲ…၁၉၇၅ နဲ့ ၁၉၈၀ ခုနှစ်အတွင်းမှာ အင်္ဂလန် Yorkshire ပြည်နယ်တစ်ခွင်နဲ့Manchester မြို့မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေ ရှိခဲ့ပါတယ်။ကွင်းဆက်လူသတ်သမားရဲ့ အဓိကပစ်မှတ်ဟာ ပြည့်တန်ဆာအမျိုးသမီးတွေပါ။စုံထောက်တွေ ရဲတွေက လူသတ်သမားကို သဲကြီးမဲကြီးလိုက်ရှာခဲ့ပေမယ့်ကွင်းဆက်လူသတ်သမားဟာ ၅နှစ်နီးပါးအထိလွှတ်မြောက်နေခဲ့ပါတယ်၊ ပြစ်မှုတွေဆက်တိုက် ကျူးလွန်နေခဲ့ပါတယ်။၅နှစ်အတွင်း ပြစ်မှုပေါင်းများစွာပေါ်ပေါက်ခဲ့တဲ့ ဒီကွင်းဆက်မှာအသတ်ခံရသူ အမျိုးသမီး ၁၃ဦးအထိ ရှိခဲ့ပြီးတော့အသက်ရှင်လွတ်မြောက်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။နောက်ဆုံးတော့ လူသတ်သမားကို ဖမ်းမိခဲ့ကြပါတယ်။လူသတ်သမားဟာ Peter Sutcliffe…။၁၈၈၈ ခုနှစ် လန်ဒန်က အမည်မဖော်နိုင်ခဲ့တဲ့ကွင်းဆက်လူသမား Jack the ripper လိုမျိုးအခုပြောပြနေတဲ့ ကွင်းဆက်လူသတ်သမားကိုခေါ်တဲ့အမည်က Yorkshire Ripper…။အင်္ဂလန်နိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီးYorkshire Ripper ဆိုတဲ့အသံကြားတာနဲ့Yorkshire ပြည်နယ်သားတွေရဲ့စိတ်ထဲမှာမုန်းတီးရွံရှာမှုတွေ၊ စက်စုပ်မှုတွေ၊ ကြောက်ရွံမှုတွေ ခံစားနေကြရဦးမလား။ အခု The Long Shadow ဇာတ်လမ်းကဒီဖြစ်ရပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပြစ်မှုတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်နေတဲ့အချိန်မှာလူသတ်သမားကိုဖမ်းမိဖို့အတွက် ရဲတွေစုံထောက်တွေဘယ်လိုကြိုးစားနေကြမလဲ၊ ဘယ်လိုကြောင့်ကွင်းဆက်လူသတ်သမားကို ၅နှစ်ကြာလောက်အောင်အထိမဖမ်းမိကြသေးတာလဲ၊ လူသတ်သမားဟာ ပြစ်မှုကျူးလွန်တဲ့နေရာမှာဒီလောက်တောင်ပဲ ပိရိသလား။ဒီလိုရှုထောင့်ကနေ ရိုက်ကူးထားပြီး အသတ်ခံခဲ့ရတဲ့သူတွေအသက်ရှင်လွတ်မြောက်ခဲ့သူတွေရဲ့ ဘဝဇာတ်ကြောင်းလေးတွေကိုအင်တာဗျူးမေးမြန်းထားတဲ့ပုံစံနဲ့ ထည့်သွင်းထားပါတယ်။တရားခံ ဘယ်သူလဲ၊ ဘယ်လိုရှာတွေ့မှာလဲ၊ ဘယ်လိုဖမ်းမိသွားမှာလဲ ဆိုတာ…သိချင်စိတ်တွေ ကြည့်ချင်စိတ်တွေကို နောက်ဆုံးအထိဆွဲခေါ်သွားပေမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို “Time(2021)”၊ “Des(2020)၊ “Broadchurch(2017)” ဒီလိုမျိုးနာမည်ကြီး မှုခင်းဇာတ်လမ်းတွဲကို ရိုက်ကူးထားတဲ့နာမည်ကြီး director ဖြစ်တဲ့ Lewis Arnold ကရိုက်ကူးထားပါတယ်။cast တွေကလည်း tv seies တွေမှာ အောင်မြင်ထားတဲ့Jack Deam ၊ မှုခင်းဇာတ်လမ်းတွေနဲ့အောင်မြင်ထားကြတဲ့Lee Ingleby ၊ Katherine Kelly ၊ Daniel Mays တို့၊harry potter ရဲ့ doby ဖြစ်ခဲ့တဲ့ Toby Jones တို့၊ David Morrissey တို့လိုနာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ရိုက်ကူးထားပါတယ်။imdb rating 8.1 အထိ ရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးကိုCM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။လူသတ်သမား ဘယ်သူလဲ… အဖြေထုတ်ရင်းကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းရေးသားသူက Orika ဖြစ်ပါတယ်။)...
Manbaby (2022)
⭐IMDB: 5.8/10 (59 Votes)
🎬 #Comedy #Fantasy #ScienceFiction
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လောကမှာ ရတာမလို လိုတာမရ ဆိုတဲ့ ဖြစ်ရပ်တွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာကိုရဖို့ လောကသဘာဝ နိယာမတွေနဲ့ ဆန့်ကျင်ပြီး လုပ်ယူမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ ရှိစမြဲပဲလေ…..
ဒီဇာတ်ကားလေးကတော့မိသားစုဟာသ ကားလေးတစ်ကားဖြစ်ပြီးတော့ လူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ယောကျ်ားဖြစ်သူနဲ့ မျိုးရိုးစဉ်ဆက် ဟော်မုန်းဆိုင်ရာ သိပ္ပံပညာရှင်တွေဖြစ်တဲ့ မိန်းမနဲ့ လင်မယားချင်း ကလေးယူမယ်/မယူဘူး သဘောထားကွဲလွဲတာကနေ စတဲ့ဇာတ်အိမ်ကလေးပေါ့။
ကလေးရူး ရူးနေတဲ့ယောက်ျားဖြစ်သူနဲ့ No Child Marriage ဖြစ်ချင်နေတဲ့ မိန်းမဖြစ်သူ သိပ္ပံပညာရှင် ဒေါက်တာတို့ သဘောထားကွဲပြီးတော့ ယောကျ်ားဖြစ်သူက သူ့မိန်းမစိတ်ကိုပြောင်းလဲနိုင်ဖို့အတွက် ကလေးတစ်ယောက်လို ဟန်ဆောင်ပြီး ကြိုးစားတဲ့ Comedy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်…..
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Reptile (2023)
⭐IMDB: 6.8/10 (38 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 16 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Reptile (2023)===========IMDb Rating – 6.8/10Crime, Drama, Mystery
Marvel နဲ့ Starwars ရုပ်ရှင်တွေထဲက မင်းသားကြီး Benicio Del Toro နဲ့Justin Timberlake တို့ဦးဆောင်ပါဝင်ထားတဲ့ Crime, Mystery ကားကောင်းလေးဖြစ်ပါတယ်။
တွန်နီကိုးလ်ဆိုတာ သေမှုသေခင်းနာမည်ကြီး စုံထောက်အရာရှိတစ်ယောက်ဖြစ်ပြီး ရဲဌာနတစ်ခုလုံးမှာ အတွေ့အကြုံအရမ်းများပါတယ်။ သူ့ရဲ့ တာဝန်ထမ်းဆောင်မှု အနားယူတော့မယ့် အချိန်မှာ သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရတော့မယ့်သူပါ။ဒါပေမယ့် သူမနားခင်မှာ…အရမ်းထူးဆန်းတဲ့ လူသတ်မှုတစ်ခုကို ဖြေရှင်းဖို့အကြောင်းဖန်လာပါတယ်။ ဒီလူသတ်မှုဟာ ပြင်ပကရာဇဝတ် ဒုစရိုက်သမားတွေတင်မဟုတ်ဘဲ သူ့ရဲဌာနက လုပ်ဖော်ကိုင်ဖက်တွေပါ တစ်မျိုးတစ်ဖုံပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာ . . . နီကိုးလ်တစ်ယောက် ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့ဘဲ ဒီလူသတ်မှုကိုစုံစမ်းရင်း တရားခံတွေကိုပါ ဖော်ထုတ်ရပါတော့တယ်။ Plot twist တွေအရမ်းကောင်းပြီး နာမည်ကြီးမင်းသား၂ ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကောင်းကောင်းပြန်ခံစားရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Dark Harvest (2023)
⭐IMDB: 5.6/10 (517 Votes)
🎬 #Fantasy #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့
မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။
ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့
ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။
ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့
ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။
ဇာတ်လမ်းအကျဉ်း
ရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။
ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေ
မကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲက
ဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။
အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံး
မုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီး
တစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။
ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန်
အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။
အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာ
ရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊
ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့
ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။
အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်း
အဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့
အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ...
Wake Wood (2009)
⭐IMDB: 5.5/10 (9 k Votes)
🎬 #Drama #Horror #Thriller
🗓 2009 🎞 movie
🌎 #Ireland #UnitedKingdom
⏰ 1 နာရီ 32 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။
မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။
ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။
စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။(သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်)...
Kasargold (2023)
⭐IMDB: 6.4/10 (585 Votes)
🎬 #Action #Bollywood #Drama #Thriller #Crime
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 17 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kasargold (သို့) လောဘသားတို့သွားရာလမ်း (2023)
IMDb 7.0 ရရှိထားတဲ့ Malayalam စကားပြော action/thriller ရုံတင်ကားလေးပါသရုပ်ဆောင်တွေအနေနဲ့ malayalam မျက်နှာသိသရုပ်ဆောင်တွေဖြစ်ကြတဲ့ Asif Ali, Sunny Wayne နဲ့ Vinayakan တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ အယ်လ်ဘီဆိုတဲ့ ရွှေမှောင်ခိုတင်သွင်းသူတစ်ယောက်နဲ့သူ့ရဲ့ ကောင်မလေး နန်စီတို့ဟာ မှောင်ခိုသွင်းလာတဲ့ “ရွှေ”တွေပျောက်သွားတဲ့ကိစ္စမှာ ပါဝင်ပက်သတ်မိပါတော့တယ်
အယ်လ်ဘီရဲ့ အလုပ်ရှင်က ဒီခိုးမှုမှာ ဖိုင်ဇယ်ဆိုတဲ့လူကိုအယ်လ်ဘီကို ရအောင် ရှာခိုင်းပါတော့တယ်တကယ်တမ်း ဖိုင်ဇယ်ကို တွေ့သွားတဲ့အခါမှာ ဘယ်လိုဆက်ဖြစ်မှာလဲ…
ဒီကားက ဇာတ်ကောင်ကာရိုက်တာတွေကိုSide character တွေအနေနဲ့တင်မဟုတ်ပဲ အသေအချာလေး နောက်ကြောင်းရာဇဝင်တွေမိတ်ဆက်ပေးထားပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးထားတဲ့အပြင် နောက်ခံဂီတကောင်းကောင်းနဲ့ ကြွကြွရွရွ ကြည့်ရှုရမှာပါနိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ နောက်ကွယ်က လက်မည်းကြီးတွေအကြောင်းလည်း သေချာပြထားတာမို့အတည်အတံ့ မှုခင်းရုပ်ရှင်ကို ရှာနေတဲ့သူတွေအတွက် “ရွှေ” ပါပဲ
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Mark Antony (2023)
⭐IMDB: 7.0/10 (2 k Votes)
🎬 #Action #Bollywood #Comedy #Drama #ScienceFiction #SciFi #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 30 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mark Antony (သို့) မာ့ခ် အန်တိုနီ (2023)IMDb – 7.2/10
Amazon Prime Videoက လတ်တလောထွက်ရှိထားတဲ့မင်းသားကြီး ဗီရှယ်လ်ရဲ့ ရုံတင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဘတ်ဂျက်ရူပီး ၂၈ကုဋေသုံးထားပြီး ကုဋေတစ်ရာကျော်ပြန်လည်ရရှိခဲ့တဲ့ကားလည်းဖြစ်ပါတယ်။
အချိန်ခရီးသွားတဲ့ကားတွေအများကြီးထဲကမှ ဒီကားမှာတော့အတိတ်ကို ဖုန်းလှမ်းဆက်လို့ရတဲ့ဖုန်းတစ်လုံးနဲ့အစပြုခဲ့တယ်။ဒီလို အတိတ်ကိုဖုန်းဆက်ပြီး ပစ္စုပ္ပန်ကိုလိုသလိုပြုပြင်လို့ရတဲ့ဖုန်းကိုတီထွင်တဲ့သိပ္ပံပညာရှင်ကိုယ်တိုင်တောင် သူ့ရဲ့သေခြင်းတရားကိုတော့မလွန်ဆန်နိုင်ခဲ့။ဒါပေမဲ့ အဲဒီဖုန်းကလူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားတဲ့အခါမှာတော့။
လူဆိုးဂိုဏ်းခေါင်းဆောင်နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ကြားမှာအတိတ်ကိုဖုန်းခေါ်လို့ရတဲ့ ဒီလိုဖုန်းရောက်လာတဲ့အချိန်မှာသူတို့ရဲ့ အနာဂတ်တွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Fair Play (2023)
⭐IMDB: 6.5/10 (13 k Votes)
🎬 #Drama #Mystery #Thriller #Uncategorized
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fair Play (2023)============IMDb Rating – 6.5/10
၂၀၂၃ ခုနှစ်မှာ Netflix ကနေ ထွက်ရှိလာတဲ့ Dram/Erotic Thrillerဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.5 နဲ့Rotten Tomatoes 88% ရရှိထားပါတယ်။ Erotic အမျိုးအစားလည်းဖြစ်တာမို့ မိသားစုနဲ့ အတူမကြည့်ရှု့သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ရယ်ပါသလို ၊ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေလည်း ပါဝင်တယ်ဆိုတာကြိုပြီးသတိပေးလိုက်ချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အမ်မလီနဲ့ လုခ်ဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ စုံတွဲတစ်တွဲပါ။ သူတို့နှစ်ယောက်လုံးဟာ ငွေရေးကြေးရေးကုမ္ပဏီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကြပါတယ်။ အလုပ်မှာတော့ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာ လူမသိအောင် လျှို့ဝှက်ထားကြပါတယ်။
လုခ်ရမယ်လို့ ထင်ထားတဲ့ ရာထူးမှာ အမ်မလီ ရသွားပြီး အမ်မလီက လုခ်ရဲ့အထက်လူကြီး ဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ သူတို့ နှစ်ယောက်ကြားမှာ အဖုအထစ်လေးတွေ ဖြစ်သွားကြပြီး ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းထဲမှာခံစားလိုက်ပါ။ (စီးပွားရေးဆိုင်ရာအသုံးအနှုန်းတွေ၊ ဘာသာပြန်လိုအပ်ချက်တွေပါရှိသွားရင် ကျွန်တော့်ရဲ့ လိုအပ်ချက်သာဖြစ်ကြောင်းပြောချင်ပါတယ်။)
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...
The Astronaut (2022)
⭐IMDB: 6.7/10 (384 Votes)
🎬 #Comedy #Drama
🗓 2022 🎞 movie
🌎 #France
⏰ 1 နာရီ 50 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Astronaut (2022)
~ IMDb rating – 6.7/10 ~
ဒီကားလေးက ပြင်သစ်စကားပြော ဒရာမာအမျိုးအစားဖြစ်ပြီး Nomination နှစ်ခုလည်း၀င်ထားလောက်အောင်ကို အာကာသအကြောင်းရယ်၊ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့လူတစ်စုအကြောင်းရယ်ကို အချိုးညီညီပေါင်းစပ်ထားတဲ့ကားပါပဲ။
ဂျမ်ဆိုတဲ့ လေကြောင်းအင်ဂျင်နီယာတစ်ယောက်ရဲ့အိပ်မက်က အာကာသယာဉ်မှူးဖြစ်ဖို့ပါ။ ဥရောပအာကာသအေဂျင်စီမှာ ၀င်ခွင့်ဖြေဖူးပေမဲ့ ကျခဲ့တာကြောင့် ကိုယ်ထူကိုယ်ထ ဒုံးပျံယာဉ်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲမှာ လမ်းလျှောက်ဖို့ကြံနေတာပါ။ သူနဲ့အတူ လောင်စာအတွက် ကူညီပေးတဲ့ ဓာတုပညာရှင်တစ်ယောက်ရှိပါတယ်။ နောက်ပိုင်းကျ ခရီးလမ်းကြောင်းကိုတွက်ချက်ဖို့ သင်္ချာပညာရှင်တစ်ယောက် အာကာယာဉ်မှူးဟောင်းတစ်ယောက်ပါလာပြီး သူတို့လူတစ်စု ကမ္ဘာ့ပထမဆုံး အပျော်တမ်း ခရီးသည်ပါအာကာသယာဉ်ကြီးတည်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲအာကာသလမ်းလျှောက်ဖို့လုပ်ကြပါတယ်။ သူတို့ရဲ့အိပ်မက်တွေ အနှောင့်အယှက်မျိုးစုံကြားထဲမှာ အောင်မြင်သွားရဲ့လားဆိုတာ အားလုံးပဲကြည့်ရှုခံစားကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Evan Almighty (2007)
⭐TMDB: 56.0% User Score
🎬 #Comedy #Family #Fantasy
🗓 2007 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Evan Almighty (2007)=============
ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။ အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။
ဒါပေမယ့် နောဧဆိုတဲ့ လူသားတစ်ယောက်ကိုတော့ ဘုရားသခင်က အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ကမ္ဘာကြီးကို restart ချတဲ့ပုံစံနဲ့ ရွေးချယ်ခံရတဲ့ လူသားတွေ တိရိစ္ဆာန်မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ကြီးမားတဲ့ အာ့ခ် လှေကြီးတစ်စင်း တည်ဆောက်ရန်အတွက် နောဧကို ဘုရားသခင်က သတိပေးခဲ့တယ်။ နောဧက ဇနီးတစ်ယောက် သားသုံးယောက်နဲ့ လှေကြီးကိုတည်ဆောက်ပြီး လူသားများနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုမှာ အဖိုအမ တစ်စုံစီကို ရေလွှမ်းမိုးမှုကြီးကနေ ကယ်တင်နိုင်ခဲ့တယ်။
အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ပူပူနွေးနွေး အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်လေး အီဗန် ဘတ်စ်တာကို ခေတ်သစ် နောဧအဖြစ် ဘုရားသခင်က ရွေးချယ်လိုက်တဲ့အခါမှာတော့ ပေါက်ကရ ရယ်စရာအဖြစ်တွေ ပေါ်ပေါက်လာပါတော့တယ်။
မိသားစုကြည့် ရယ်စရာ ပညာပေးကားတစ်ကားဖြစ်ပြီး ဝါးလုံးကွဲရယ်ရတာမျိုးမဟုတ်ဘဲ တပြုံးပြုံးနဲ့ ဇာတ်ကားဆုံးတဲ့အထိ ထိုင်ကြည့်ရမယ့်ကားလေးပါ ပေးချင်တဲ့ သင်ခန်းစာလေးကလည်း လောကကြီးမှာ အမှန်တကယ်လိုအပ်နေတဲ့ အရာဖြစ်တယ်ဆိုတာကို ကြည့်ရှုခံစားပြီး ဆင်ခြင်သုံးသပ်လိုက်ကြပါဦး။
(ဇာတ်ကားနဲ့ အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်)...
A Deadly Invitation (2023)
⭐IMDB: 5.1/10 (455 Votes)
🎬 #Comedy #Mystery #Thriller
🗓 2023 🎞 movie
🌎 #Mexico
⏰ 1 နာရီ 33 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Glass Onion တို့ Murder Mystery တို့လိုမျိုး ဖိတ်ကြားမှုတစ်ခုကိုခံရပြီး
အဲ့ဒီကိုသွားတဲ့အခါမှာ လူသတ်မှုတွေနဲ့ကြုံတွေ့ရပြီး အမှုအခင်းတွေဖြေရှင်းရတဲ့
မှုခင်းစုံထောက်ဇာတ်ကားတွေကို အနည်းနဲ့အများတော့ကြည့်ဖူးကြမှာပါ။
အခုလည်း အဲ့လိုဇာတ်ကားမျိုးနောက်တစ်ကားဖြစ်တဲ့ A Deadly Invitation ဆိုတဲ့
စပိန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကတော့ ထွေထွေထူးထူးပြောစရာမလိုဘဲ မဖြေရှင်းရသေးတဲ့
ပြစ်မှုတွေကို အသံလွှင့်တင်ဆက်နေတဲ့ အဂါသာဆိုတဲ့ကောင်မလေးတစ်ယောက်ကို
မိတ်ဆက်ထားတာနဲ့ စတင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။တစ်နေ့မှာတော့
သူ့ဆီကို ဖိတ်စာတစ်ခုရောက်လာခဲ့ပြီး သူ့ကိုဖိတ်ကြားတဲ့လူကတော့ တခြားသူမဟုတ်ဘဲ
သူနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့အစ်မဖြစ်သူအိုလီဗီယာပဲဖြစ်ပါတယ်။ ဒီလိုနဲ့
သူ့အစ်မဆီရောက်သွားပြီး သိပ်မကြာခင်မှာပဲ အိုလီဗီယာကထူးထူးဆန်းဆန်းတွေ
ပြောပါတော့တယ်။အဲ့ဒီညမှာ အိုလီဗီယာသေဆုံးသွားခဲ့ပြီး ကျန်ခဲ့တဲ့ဖိတ်ကြားခံခဲ့ရတဲ့
လူတွေလည်း ဒီအမှုကိုဖြေရှင်းလို့မပြီးမချင် းဘယ်မှမသွားရဘဲ ပိတ်မိနေပါတော့တယ်။
ဒီလိုနဲ့ ကျန်ရစ်ခဲ့တဲ့ညီမဖြစ်သူ အဂါသာကသူ့အစ်မပြောပြခဲ့တဲ့ သဲလွန်စတွေကို
အသုံးချပြီး သူ့အစ်မဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာကို လိုက်လံစုံစမ်းတာကိုကြည့်ရမဲ့
စုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
Triage (2009)
⭐IMDB: 6.5/10 (11 k Votes)
🎬 #Drama #Mystery #Thriller #War
🗓 2009 🎞 movie
🌎 #Ireland #Spain #Belgium #France #Austria #CaymanIslands
⏰ 1 နာရီ 40 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“It is only the dead who have seen the end of the war.” ဆိုသလိုပဲ လူတွေသေဆုံးသွားရင်တောင် စစ်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါ။
စစ်ပွဲတွင်းကနေပြန်လာတဲ့သူတွေမှာ သာမန်လူတွေနဲ့မတူတဲ့စိတ်ဒဏ်ရာကြီးကြီးမားမားတွေရှိနေတတ်တယ်။ ထိရောက်တဲ့ကုထုံးတွေမှမကူရင် ဘယ်လိုမှနလံမထူနိုင်အောင် အချိန်စက်ဝန်းတစ်ခုတည်းမှာပဲပိတ်မိနေသလို လက်ကျန်ဘဝတစ်ခုလုံး နာကျင်နေရတတ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာတခြားသူတွေဆီကရနိုင်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်၌မှာပဲ ကိုယ့်ကိုပြန်ပြီးခွင့်လွှတ်ပေးလို့ရတဲ့အရာမျိုးပါ စိတ်ရဲ့ပြဿနာတော်တော်များများက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တာကနေစပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲတွင်းမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ဝင်ငွေရှာတဲ့ သဘာဝဓာတ်ပုံဆရာမာ့ခ်က ဒီတစ်ခေါက်မှာသူငယ်ချင်းဒေးဗစ်နဲ့အတူ စစ်ပွဲရှိရာKurdistanကို အလုပ်ခရီးထွက်ဖြစ်ခဲ့တယ်။ သူတို့စခန်းချတဲ့နေရာကတော့ Triageစနစ်ကျင့်သုံးတဲ့ စစ်လူနာကုသဆောင်မှာပေါ့။ တစ်နေ့မှာ မာ့ခ်က အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးကို သူကိုယ်တိုင်ရော ရေရေရာရာသိမှာလား လက်ခံနိုင်စွမ်းရှိမှာလား စစ်ပွဲတွေနဲ့ထိတွေ့မှုမရှိတဲ့အပြင်ကမိသားစုဝင်တွေကရော မာ့ခ်ကိုကူညီပေးနိုင်မှာလား။ ဒီအဖြေတွေကို Triage 2009 movieမှာ ကြည့်ရှုလို့ရပါပြီ။ သဘာဝရုပ်ရှင်တွေကိုကြိုက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက်တော်တော်ကိုပြီးပြည့်စုံတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။...
Down Low (2023)
⭐IMDB: 5.4/10 (393 Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ Comedyကိုမှ LGBTQ ပုံစံလေးနဲ့
ဇာတ်အိမ်တည်ထားပါတယ်…။
Dark Comedyလေးတွေနဲ့ ဗရုတ်သုတ်ခ ဂေးတို့ဘဝကို ပီပီပြင်ပြင်
မြင်တွေ့ရဦးမယ့်ကားလေးပါပဲ…။
ဇာတ်လမ်းနာမည်ဖြစ်တဲ့ Down Lowဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိနဲ့
ကြိတ်ပုန်းဂေးနေတဲ့ အိမ်ထောင်ရှင်ကြီးအကြောင်းပေါ့…။
ဇာတ်လမ်းအကျဥ်းလေးကတော့
ဂေရီဟာ နောက်တစ်လသာအသက်ရှင်ရတော့မယ့် ရောဂါရှင်အိမ်ထောင်သည်ကြီးပါ…။
သူမသေခင်လေးမှာ တစ်သက်လုံးဖုံးဖိလာခဲ့တဲ့ ဆန္ဒလေးတွေကို ဖြစ်မြောက်အောင်
အကောင်အထည်ဖော်ကြည့်မယ်ဟဲ့ဆိုပြီး ဂေးနေကြောင်းမိသားစုကို ဖွင့်ပြောလိုက်ပါတယ်…။
ဖွင့်ပြောပြီးချက်ချင်းပဲ ဇနီးနဲ့သားနှစ်ယောက်က ပစ်သွားလို့ တစ်ကိုယ်တည်းကြေကွဲနေရသူပေါ့…။
ဒီလိုနဲ့ ပွ့င်ချင်တာတောင် ပြည့်ပြည့်ဝဝ မပွင့်ရဲ မပွင့်တတ်တော့ပါဘူး…။
တစ်ကိုယ်တည်းဘဝဖြစ်သွားပြီးနောက် သူ့ဆန္ဒလေးတွေပြည့်ဝအောင်ဆိုပြီး
ဂေးအနှိပ်သည်လေးတစ်ယောက်ကို ငှားလိုက်ပါတယ်….။
ဒီမှာစပြီး ငါးပါးမှောက်တဲ့ဇာတ်လမ်းကစတော့တာပါပဲ…။
အပုန်းကြီးနဲ့ အနှိပ်သည်လေးတို့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီး ဘယ်လို
ဗရုတ်ကျဦးမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီဗျာ….။...
It Lives Inside (2023)
⭐IMDB: 5.4/10 (2 k Votes)
🎬 #Drama #Horror #Thriller #Mystery
🗓 2023 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Horror ပရိတ်သတ်ကြီးအတွက် လောလောလတ်လတ် ထွက်ရှိထားတဲ့
Horrorဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။
ဇာတ်ကားလေးကတော့ အမေရိကားမှာ ပြောင်းရွေ့နေထိုင်နေတဲ့
ဟိန္ဒူမိသားစုကိုဇာတ်အိမ်တည်ထားတာပါ။ အဓိကဇာတ်ကောင် ဆမီဒါဟာ
အထက်တန်းကျောင်းသူလေးဖြစ်ပြီး အထက်တန်းကျောင်းမှာ သူ့လိုပဲ
တာမီရာဆိုတဲ့ဟိန္ဒူမလေး တစ်ယောက်ရှိပါတယ်။ အဲ့ဒီ တာမီရာဟာ
အရင်ကနဲ့မတူပဲ တစ်ယောက်တည်းသီးသန့်နေပြီး ထူးထူးဆန်းဆန်းတွေပြုမူ
လို့နေပါတယ်။ တစ်နေ့မှာတော့ တာမီရာဟာ ထိတ်လန့်သွေးပျက်နေဟန်နဲ့အတူ
ဖန်ပုလင်းတစ်လုံးကိုကိုင်ကာ ဆမီဒါဆီ အကူအညီလာတောင်းပါတော့တယ်။
သူကိုင်ထားတဲ့ဖန်ပုလင်းထဲမှာ ဘယ်လိုအရာရှိနေတာလဲ၊ ဆမီဒါကရော
သူ့ကိုကူညီပေးလိုက်ပါ့မလား၊ ဘယ်လိုအရာတွေဆက်ဖြစ်လာမှာလဲ စတာတွေကို
ဇာတ်ကားထဲမှာပဲ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။...
Freaky Profiling (2023)
⭐IMDB: 4.5/10 (41 Votes)
🎬 #Crime #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ ပရိတ်သတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Freaky Profiling ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးကတော့မိုင်ကာကင်းဆိုတဲ့လူမည်းကောင်းလေးရဲ့ သူငယ်ချင်းဖြစ်သူ လာတာရှာတစ်ယောက် လူဖြူရဲတွေရဲ့ အပြစ်မရှိအပြစ်ရှာပြီး ဖမ်းဆီးနှိပ်စက်ခံရပြီးသေဆုံးသွားပါတယ်။ အဲ့ဒါကြောင့် လူမည်းတက်ကြွလှုပ်ရှားသူဖြစ်တဲ့ မိုင်ကာတစ်ယောက် စုရုံးပွဲတစ်ခုလုပ်ဖို့ဦးဆောင်ပါတော့တယ်။
ထိုစုရုံးပွဲအတွက်ပြင်ဆင်နေတုန်းမှာပဲ လူမည်းကောင်လေး မိုင်ကာကင်းဟာ လူဖြူရဲတစ်ယောက်ဖြစ်တဲ့ လိုဂန်ဂျုံးစ်နဲ့ သဘာဝလွန်အဖြစ်အပျက်တစ်ခုကြောင့် ခန္ဓာကိုယ်ချင်းလဲသွားပါတယ် သူတို့နှစ်ယောက် မူလအခြေအနေမှန်ကိုပြန်ရဖို့အတွက် ဘယ်လိုပူးပေါင်းလုပ်ဆောင်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်
ဒီကားလေးကိုကြည့်ပြီးသွားရင် လူမျိုးရေးခွဲခြားမှုဟာ ဘယ်လောက်ထိ စက်ဆုပ်ဖွယ်ကောင်းလဲဆိုတာ တွေ့မြင်နိုင်မှာပါ။ ဒီဇာတ်ကားလေးထဲမှား လူမည်းတွေရဲ့ ဖိနှိပ်ခံရမှု တွေကို ကွက်ကွက်ကွင်းကွင်းကိုရိုက်ပြထားပါတယ်...
Annika (2021- )
⭐IMDB: 7.1/10 (7 k Votes)
🎬 #Mystery #Crime #Drama
🗓 2021- 🎞 tv series
🌎 #UnitedKingdom
⏰ 48 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Annika (2021)
Your browser does not support the video tag. 2021 ခုနှစ်ထွက် စကော့တလန် crime drama စီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ BBC Radio4 ရဲ့ Annika Standhed ဆိုတဲ့ drama ပေါ်အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ Alibi နဲ့ All3Media မှာလွှင့်ဖို့ Black Camel Pictures ကနေထုတ်လုပ်ရိုက်ကူးထားတာပါ။ 2021 ခုနှစ် ဩဂုတ်လမှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။လက်ရှိ Series နှစ်ခုထုတ်လွှင့်ထားပြီး serie တစ်ခုမှာ episode ၆ ခုဖြစ်ပါတယ်။ Episode တစ်ခုစီတိုင်းမှာ အဓိကဇာတ်ကောင်များမပြောင်းလဲဘဲ သီးခြားဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ကတော့ Nikola Walker၊ Jamie Sives၊ Katie Leung၊ Kate Dickie၊ Ukweli Roach နဲ့ Silvie Furneaux တို့ကဦးဆောင်ပါဝင်သရုပ်ဆောင်ထားပါတယ်။Series ရဲ့ဇာတ်အိမ်ကိုတော့ နော်ဝေနွယ်ဖွား စကော့တလန်ရေကြောင်းသေမှုသေခင်းဌာနက အမှုလိုက်အင်စပက်တာ အန်နစ်ကာစထရန်းဒက်တ် ရဲ့အမှုလိုက်ပုံတွေ၊ သမီးဖြစ်သူမော်ဂန်နဲ့ အပြန်အလှန်ဆက်ဆံရေးတွေအပေါ်အခြေခံပြီး အမှုတစ်မှုချင်းအလိုက် ဌာနတွင်းဆောင်ရွက်ပုံတွေအပေါ် ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ episode တိုင်းမှာ စကနေဆုံးတိုင် လက်လွှတ်ခံလို့မရတဲ့ ဇာတ်အိမ်ချိတ်ဆက်မှုတွေ၊ plot twist တွေပါတာဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်တစားကြည့်ရှူကြရမှာပါ။ အက်ရှင်ခန်းအသားပေး အကြမ်းပတမ်းတွေမပါပေမယ့် တကယ့်မှုခင်းတစ်ခုကို ဖြေရှင်းနေသလိုမျိုး လက်တွေ့နဲ့အနီးစပ်ဆုံးတင်ပြထားပေမယ့် အေးအေးလေးလေးနဲ့ ပရိသတ်ရဲ့ curiosity ကိုနှိုးဆွပေးတဲ့၊ ဇာတ်ရှိန်တစ်ရိပ်ရိပ်တက်လာတဲ့ဇာတ်မျိုးဖြစ်တဲ့အတွက် ကြည့်ရတာအတော်လေးအဆင်ပြေပါတယ်။ IMDb rating လည်း 7.1 ရထားတာဖြစ်တဲ့အတွက် မဖြစ်မနေကြည့်ထိုက်တဲ့ crime စီးရီးတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။...
Mistake (2023)
⭐IMDB: 8.7/10 (606 Votes)
🎬 #Bollywood #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 45 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mistake 2023
IMDB 8.8 ရထားတဲ့ Telugu ဘာသာစကား Crime/Thrillerဇာတ်ကားကောင်းတစ်ကားကို စိတ်ဝင်စားစရာ ဇာတ်အိမ်နဲ့ ကြည့်ရှူရမှာပါ
ဇာတ်လမ်းကတော့ Telugu ရုပ်ရှင်လောက တည်ရှိရာ ဂျူဗလီဟေးလ် ဆိုတဲ့နေရာလေးက တိုက်ခန်းတစ်ခုမှာ နေကြတဲ့ သူငယ်ချင်းသုံးယောက် အကြောင်းပါ
သူတို့ရဲ့ ကိုယ်စီကိုယ်စီရည်းစားကောင်မလေးတွေကလည်း မျက်စိအစာကျွေးစရာတစ်ယောက်တစ်မျိုးစီလှကြတော့ ကြည့်ရတာ တန်မှာပါလေ
ရုပ်ရှင်ခေါင်းစဥ်အတိုင်းပဲ သူတို့ ဘဝတစ်ကွေ့ကွေ့မှာ ဘယ်လိုမှားမှန်းမသိတဲ့‘အမှား’ လေးတွေကနေ အသက်အန္တရာယ် ဘယ်လိုခြိမ်းခြောက်ခံရမလဲ
ဒုစရိုက်လောကက လူမိုက်တွေလက်ကနေ သူတို့ကောင်မလေးတွေနဲ့အတူ ဘယ်လိုလွတ်အောင်ပြေးကြမလဲဒီလိုကားတွေမှာ မပါမဖြစ် “စိန်”တွေရဲ့ အရှုပ်တော်ပုံကိုပါ CM ပရိသတ်ကြီးရုံးပိတ်ရက်မှာ ရှူစားအားပေးကြပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့
KKKZ ~ V ~ ToMo ~ Alex ~ Yunni တို့ပဲ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Da Vinci's Demons (2013-2015)
⭐IMDB: 7.9/10 (78 k Votes)
🎬 #Drama #Adventure #Biography #Fantasy #History #Mystery #Romance
🗓 2013-2015 🎞 tv series
🌎 #UnitedStates
⏰ 1 နာရီ 1 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] Da Vinci’s Demons (2013)
Your browser does not support the video tag. Historical fantasy ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Da Vinci’s Demons နဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းတွဲဟာဂန္ဓဝင်ပန်းချီကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ငယ်ဘဝကိုအခြေခံထားပြီးအပြင်မှာတကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ခံသမိုင်းကြောင်းတွေကိုစိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာဖြစ်ပါတယ်။လီယိုနာဒိုဟာ ဖလောရင်စ့်မြို့မှာနေထိုင်ကျက်စားနေပြီး ပန်းချီပညာအပြင်သူစိတ်ဝင်စားတဲ့ ပစ္စည်းကိရိယာအသစ်အဆန်းတွေကို တီထွင်စမ်းသပ်ရင်းအချိန်ကုန်လေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူနေထိုင်ရာမြို့ကို ရောမက မျက်စိကျကျုးကျော်လာမယ့်အခြေအနေကိုကြုံလာရပါတယ်။တစ်ချိန်တည်းမှာ ငယ်စဉ်ဘဝကတည်းက ပျောက်ဆုံးခဲ့တဲ့ သူ့မိခင်နဲ့ပတ်သက်ပြီး သဲလွန်စရစေမယ့် နည်းလမ်းတစ်ခုကိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတစ်ဆင့် သိခွင့်ရခဲ့ပါတယ်။အဲ့ဒီနည်းလမ်းဟာ vault of heaven လို့ခေါ်တဲ့လျှို့ဝှက်နေရာတစ်ခုမှာရှိပြီး အဲ့ဒီနေရာကိုရောက်ဖို့အတွက် သူဟာပဟေဠိအမျိုးမျိုးနဲ့ရန်စွယ်အသွယ်သွယ်ကိုဖြတ်ကျော်ရမှာပါ။ အဲ့ဒီခေတ်ကာလက ရောမ၊ဒီမက်ဒီချီ မိသားစု၊ ပတ်ဇာ မိသားစုတို့ကြားက ဉာဏ်ကစား အားပြိုင်မှုတွေ၊ လျှို့ဝှက်ရတနာသိုက်ရှာပုံတော်တွေကိုသမိုင်းထဲက ဂန္ဓဝင်ပုဂ္ဂိုလ်တွေဖြစ်ရပ်တွေရဲ့ နောက်ခံအခင်းအကျင်းနဲ့ရှုမြင်ရမှာဖြစ်ပါတယ်။ အလွန်ကြမ်းတမ်းတဲ့ ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတွေ၊ သွေးထွက်သံယိုခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်တဲ့အခါမှာတော့ သတိထားစေချင်ပါတယ်။...
Goosebumps (2023- )
⭐IMDB: 6.4/10 (550 Votes)
🎬 #Action #Adventure #SciFi #Fantasy #Comedy #Horror
🗓 2023- 🎞 tv series
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 47 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Goosebumps (2023)Goosebumps (2023)
===============
IMDb Rating – 6.3/10
Adventure, Comedy, Fantasyဟောလိုးဝင်းကာလ နီးလာပြီဆိုတော့ Disney နဲ့ Hulu တို့ရဲ့ ဇာတ်လမ်း
တွဲ ဇာတ်လမ်းကောင်းတစ်ခုကလည်း ထွက်ရှိလို့လာပါပြီ။ Stranger
Things, Lock & Keys တို့ကို ကြိုက်တဲ့ Horror fan တွေအတွက်တော့
လုံးဝအကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းဖြစ်ပြီး Rating ကောင်းတွေ
လည်းရရှိထားပါတယ်။
Your browser does not support the video tag.ပေါ့လောရန့်စ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီး
နေတဲ့ ဘစ်ဒယ်ဆိုတဲ့ အိမ်တစ်လုံးရှိပါတယ်။ အမေအဖေနဲ့ သားတစ်ယောက်
နေတဲ့အိမ်မှာ အိမ်မီးလောင်နေတုန်း သားဖြစ်သူက မြေအောက်ခန်းမှာ ပိတ်မိ
သွားရင်း သေဆုံးခဲ့ရပါတယ်။ အဲ့ဒီထဲက မိဘနှစ်ပါးလည်း ပျောက်ဆုံးသွားခဲ့တာ
ယနေ့အချိန်ထိပါပဲ။ လူသူမနေတာလည်း တော်တော်ကြာခဲ့ပါပြီ။ နှစ်တွေကြာ
လာတော့ အိုင်ဇယ်ယာရဲ့ အဖေဖြစ်သူ ဘန်က ဒီအိမ်ကြီးကို ထိန်းသိမ်းပြုပြင်
ပေးခဲ့ရင်း ပိုင်ရှင်အသစ်ဖြစ်တဲ့ အမွေဆက်ခံသူ ဘရက်ထံကိုလက်လွှဲလိုက်ပါ
တယ်။ ဘရက်လည်း ရောက်ရောက်ချင်းဆိုသလို မြေအောက်တံခါးကိုဖွင့်ရာ
ကနေ မတော်တဆမှုအချို့ကြောင့် သွေးထွက်ပြီး ငြိမ်သက်နေတဲ့ နတ်ဆိုးကို
လှုပ်နှိုးသလိုဖြစ်သွားပါတယ်။အိုင်ဇယ်ယာတို့ လူငယ်တစ်သိုက်ကလည်း ဟောလိုးဝင်းပါတီကို အိမ်ပိုင်ရှင်
အသစ် မရောက်ခင် ဘစ်ဒယ်အိမ်ကြီးမှာ ကျင်းပမယ်ဆိုပြီး စူးစမ်းကြရင်း အဖြစ်
ဆိုးတွေတစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ ဝိဉာဉ်စွဲကပ်နေတဲ့ ကင်မရာတွေ
ကျိန်စာတွေနဲ့ အိုင်ဇယ်ယာတို့ သူငယ်ချင်းတစ်သိုက်တို့ ကောင်းကောင်းကြီး ဒုက္ခ
တွေကြုံရတော့တာပေါ့။တစ်ပိုင်းနဲ့တစ်ပိုင်းမပျင်းရအောင်ကြည့်ရမယ့် လူငယ်ကြိုက် Horror ဇာတ်လမ်း
ကောင်းဖြစ်ပါတယ်။ စုစုပေါင်း(၁၀)ပိုင်းထွက်မှာဖြစ်ပြီး ကနဦး(၅)ပိုင်းတစ်ပြိုင်
တည်းထွက်ရှိလာကာ ကျန်အပိုင်းများက တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ ဆက်တိုက်ထွက်
ရှိမှာဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)...
Mystery Island (2023)
⭐IMDB: 5.5/10 (389 Votes)
🎬 #Mystery #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပဟေဠိ အဖြေညှိရတာကြိုက်တဲ့ CM ပရိတ်သတ်တို့အတွက် ၂၀၂၃ မှာအသစ်စက်စက်ထွက်ထားတဲ့ MYSTERY ISLAND ကားလေးမိတ်ဆက်ပေးပါမယ်။ Mystery ဆိုတဲ့အတိုင်းလျှို့ဝှက်ဆန်းကြယ်နေရာတွေ၊ အခန်းတွေ၊ ဝှက်စာတွေနဲ့ရှာပုံတော်ထွက်ရမှာပါ။~~~~~~~~~~~ဒီဇာတ်လမ်းထဲမှာရှာရမှာကျတော့ လူသတ်တရားခံဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုလူချမ်းသာတွေလာအပန်းဖြေနေကျ MYSTERY ISLAND ဆိုတာရှိပါတယ်၊ တစ်ညကိုဒေါ်လာတစ်သောင်းလောက်ပေးနေရတာပါ၊ အဲ့ကျွန်းမှာဘာလုပ်လဲဆို Mystery Game တွေဆော့ပြီးအပျော်တမ်း လူသတ်တရားခံ ရှာကြတာပေါ့ ။
ဖြစ်ချင်တော့ ကျွန်းကို သွားနေကျ သူဌေးသမီး ဂျေးနီက ကျွန်းကိုမရောက်ဖူးတဲ့သူ့သူငယ်ချင်း ရဲအမှုထမ်းမလေးအမ်မလီယာကို စိတ်ပြေလက်ပျောက်ရောက်ဖူးတယ်ရှိအောင်ဆိုပြီးခေါ်သွားလိုက်ချိန်မှာတော့ ၊ တကယ့်လူသတ်မှု တစ်ခုပေါ်ပေါက်လာပါတယ်။ သေဆုံးသူကတော့ ကျွန်းကို ဖန်တီးထားသူ ပိုင်ရှင် ဂျွန်မာတက်ပါ။ ဂျွန်မာတက်က ဘာလို့သေတာလဲ၊ ဘယ်သူသတ်တာလဲ၊ ပဟေဠိတွေဖန်တီးနေကျ ဉာဏ်ကြီးရှင်ကိုယ်တိုင် အသတ်ခံလိုက်ရတာ ရိုးရော ရိုးရဲ့လား၊ နောက်ကွယ်မှာရော ဘယ်သူ့ကြိုးကိုင်နေတာလဲဆိုတာတွေကို plot twist လှလှလေးနဲ့ကြည့်ရမှာဖြစ်ပါတယ်...
