ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Lobola Man (2024) ⭐IMDB: 5.7/10 (128 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 49 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာဆောင်တွေမှာ မိသားစုနှစ်စုပေါင်းဖက်ဖို့အတွက် တင်တောင်းငွေညှိနှိုင်းမှုအတွက် ထုံးတမ်းကို သူတို့အတွက် လိုဘိုလာညှိနှိုင်းမှုလို့ခေါ်ကြပါတယ်။ မင်္ဂလာမဆောင်ခင်မှာ လိုဘိုလာညှိနှိုင်းမှုက မဖြစ်မနေလုပ်ဆောင်ရတဲ့ ထုံးတမ်းတစ်ခုပေါ့။ ဒီလို ညှိနှိုင်းမှုမျိုးမှာ ညှိနှိုင်းတတ်တဲ့သူမရှိရင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လိုဘိုလိုညှိနှိုင်းသူအနေနဲ့ လုပ်ကိုင်နေတဲ့ အေ့စ်ငူဘီနီဆိုသူရှိပါတယ်။ အေ့စ်ငူဘီနီဟာ ငယ်ငယ်လေးကတည်းက အချစ်ကို အယုံအကြည်မရှိခဲ့သူတစ်ဦးပါ။လိုဘိုလိုညှိုနှိုင်းသူအနေနဲ့လုပ်ဆောင်နေရင်း ဘားတစ်ခုမှာ ဇန်ဒီဆိုတဲ့ကောင်မလေးကိုမြင်ပြီးတော့ ကြွေသွားပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ဒုခ်နဲ့ လက်ထပ်မဲ့သူဖြစ်နေတဲ့အခါမှာတော့ …… ပရော်ဖက်ရှင်နယ်ကျတဲ့ လိုဘိုလာညှိနှိုင်းသူတစ်ယောက်အနေနဲ့ ဒုခ်နဲ့ ဇန်ဒီကို ဘယ်လိုတွေ ညှိနှိုင်းမှုပြုလုပ်ပေးမလဲ ….သူတို့ကိစ္စတွေကရော အဆင်ပြေပါ့မလား …… အေ့စ်အနေနဲ့ကရော ဇန်ဒီနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်)...
The Cigarette (2024) ⭐TMDB: 0% User Score 🎬 #Horror #Comedy 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 22 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်စမင်ဆိုတဲ့ ကောင်မလေးက အလုပ်မရှိအကိုင်မရှိ အသုံးအဖြုန်းကလည်းကြီးတာကြောင့် သူ့ရည်းစားက တိုက်ခန်းကနေ မောင်းထုတ်လိုက်ပြီး ခွာသွားပါတယ် နေစရာမရှိလို့ မိဘအိမ်ပြန်လာတော့လည်း လက်မခံတာကြောင့် ကိုယ့်ဘာသာ အလုပ်တစ်ခုရှာဖို့ ကြံဆရင်း ဘားတစ်ခုမှာ စီးကရက်ဘူးတစ်ဘူးကို လာပေးတဲ့ လူတစ်ယောက်နဲ့ ဆုံတယ် အဲဒီလူက အထူးပြုလုပ်ထားတဲ့ စီးကရက်တွေကို လိုက်ဖြန့်ခိုင်းပြီး သောက်သုံးသူအသက်ငယ်လေ ပိုက်ဆံပိုရမယ်လို့ ဆွယ်လာလို့အဆိုပါ စီးကရက်ကို လိုက်လံဖြန့်ရင်းမှ မထင်မှတ်ထားတဲ့ အိပ်မက်ဆိုးသဖွယ် အဖြစ်ဆိုးတွေ ဖြစ်လာတဲ့အခါမှာတော့...
Population Purge (2024) ⭐IMDB: 5.1/10 (93 Votes) 🎬 #Action #Horror #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနှစ်မှထွက်ရှိထားတဲ့ Action/Thriller ဇာတ်ကားဖြစ်ပါတယ်။ Brian Johnson ဆိုသူက ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ်။ Post Apocalyptic ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး စတန့်သမားတစ်ဦးဖြစ်တဲ့ Lamar Wilson က အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လူဦးရေထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက လူသန်းပေါင်းများစွာကို အဆိပ်ခတ်သုတ်သင်ခဲ့ပါတယ်။ ရှားပါးအေဘီ ပေါ့စတစ်သွေးပိုင်ရှင်တွေပဲ အသက်ချမ်းသာရခဲ့ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ မြေးအဘိုးနှစ်ဦးဟာ အေဘီပေါ့စတစ် သွေးပိုင်ရှင်တွေဖြစ်ပြီး အပန်းဖြေဥယျာဉ်တစ်ခုမှာ ပုန်းအောင်းနေပါတယ်။ သူတို့မြေးအဘိုးနှစ်ဦးကို သွေးမှောင်ခိုသမားတွေနဲ့ အစိုးအရာရှိတစ်ဦးက အမဲလိုက်သလို ရှာဖွေသုတ်သင်ဖို့ကြိုးစားရကနေ မြေးအဘိုးနှစ်ဦးလည်း အသက်ရှင်ကျန်ရစ်ဖို့ ခုခံကာကွယ်ရပါတော့တယ်။ Low Badget ဇာတ်ကားဖြစ်တာကြောင့် အများကြီး မမျှော်လင့်ထားမှ အဆင်ပြေပါလိမ့်မယ်။ ဒါရိုက်တာရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး အက်ရှင်ပြကွက်တွေကို ခပ်စိပ်စိပ်တွေ့ရတဲ့အတွက် Thriller ထက် Action ဖက်ကို အလေးကဲထားတယ်လို့မြင်ပါတယ်။...
Welcome to the Dollhouse (1996) ⭐TMDB: 71% User Score 🎬 #Comedy #Drama 🗓 1996 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Welcome to the Dollhouse ကိုယ်တွေ နေ့စဉ်ဘဝမှာ လမ်းလျှောက်ရင်း ကိုယ့်ဘက်ကနေလဲ မှန်နေရက်နဲ့ ဘလိုင်းကြီး”လမ်းကြည့်လျှောက် +*-%”လို့ ဆဲခံရတဲ့အဖြစ်မျိုး ရှိပါတယ်။ မခံချင်စိတ်နဲ့ ပြန်လှည့်ပြောမယ် ဆိုတော့လဲ စီးတော်ယာဥ်နဲ့ ဆရာသမားတွေကို နောက်မီးသာမြင်လိုက်ရတော့တာမျိုး။ ပြောရင်လဲ ကြားမှာ မဟုတ်တော့သလို၊ ထိရောက်မှာကို မဟုတ်တော့မယ့် မကျေနပ်မှုမျိုး။ ဒီကားဟာလဲ အဲ့လိုမျိုးပါပဲ။ ဘာမှပြောင်းလဲ မသွားတဲ့ ပိတ်မိခြင်းမျိုးကို ခံစားရမိမယ် ထင်ပါတယ်။ ကြည့်ပျော်ကြပါစေ။...
What Keeps You Alive (2018) ⭐IMDB: 5.7/10 (10 k Votes) 🎬 #Horror #Thriller 🗓 2018 🎞 movie 🌎 #Canada ⏰ 1 နာရီ 39 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တောအုပ်အစပ်က ရေကန်ကြီးဘေးမှာရှိနေတဲ့ ဘိုးဘွားပိုင်အိမ်လေးဆီကို ဂျူးနဲ့ ဂျက်ကီတို့ စုံတွဲ အလည်အပတ်လာခဲ့ကြပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဂျက်ကီရဲ့ အပြုအမူတွေကအရင်လို မဟုတ်တော့ဘဲပြောင်းလဲသွားခဲ့တဲ့အပြင် ဂျူးတစ်ယောက်လည်း ဒီအိမ်လေးမှာပဲဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေကို ပြန်သိလာခဲ့ရပြီး ကြည်နူးဖွယ်စုံတွဲလေးရဲ့ နှစ်ပတ်လည်းအထိမ်းအမှတ် အပန်းဖြေခရီးဟာ ဘယ်လိုပျက်စီးသွားရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။...
Juanpis González: The People's President (2024) ⭐IMDB: 6.1/10 (91 Votes) 🎬 #Comedy #Action 🗓 2024 🎞 movie 🌎 #Colombia ⏰ 1 နာရီ 32 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ”နိုင်ငံရေးဆိုတာ ပြဿနာရှာခြင်းအနုပညာဖြစ်တယ်””နေရာတိုင်းမှာ ပြဿနာရှာမယ် ရောဂါအမည်မှားတပ်ပြီး… တလွဲဆေးကုပေးသလိုပဲ ..တလွဲတွေဖြေရှင်းကြမယ်” ပြီးပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းမှာမွေး ဒုက္ခဆိုတာဘာလဲ နားတောင်မလည် သုံးဖြုန်းရမ်းကားပျက်စီးလာတဲ့ ဘဝင်ရူးဂျွန်ပစ်ဂွန်ဇားလက်တစ်ယောက်…. ဘာနေနေကိုယ့်အတွက်အကျိူးရှိရင်ပြီးရော လက်ဖျားငွေသီးရင်ပြီးရောဆိုပြီး အာဏာရူးစိတ်ဓာတ်နဲ့ မဲကိုငွေနဲ့ဝယ်ပြီးတော့ ကိုလံဘီယာနိုင်ငံရဲ့သမ္မတဖြစ်လာ… တကယ်တမ်းကျ နိုင်ငံရေးဆိုတာသူထင်သလောက်မလွယ် ”နိုင်ငံရေးမှာကိုယ်ကျင့်သိက္ခာဆိုတာမရှိဘူး” ခေါင်းကြီးပိုင်းလူတစ်စုကတင် အကွက်ရွှေ့ပြီးကစားနေတဲ့ပွဲ အတိုက်အခံတွေ လူထုမကျေနပ်ချက်တွေ အတို့အထောင်အထိုးအနှက်တွေနဲ့ တိုက်ဆိုင်မှုဆိုတာမရှိတဲ့နိုင်ငံရေး… အာဏာရဖို့အတွက်ဆို မိသားစုဝင်အချင်းချင်းတောင်ညှာတာမှုမရှိတဲ့နိုင်ငံရေး ဒါတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘဝင်ရူးဂျွန်ပက်ဘလိုတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာ….. ဒီဇာတ်ကားကလေ ခြစားနေတဲ့နိုင်ငံမှာ ငွေရှိချမ်းသာတဲ့အုပ်စုကအာဏာလုကြ,ဘယ်အပေါက်ကနေစားရမလဲ သူတို့အတွက် အကျိုးရှိမယ်ဆိုတစ်တိုင်းပြည်လုံးကို အားရပါးရချနင်းတတ်တဲ့စရိုက်တွေ မဲရအောင်ယူတုန်းက ပေးလိုက်တဲ့ရွှေရောင်ကတိတွေ ရွှေရောင်လွှမ်းလိုက်တဲ့နိုင်ငံ လက်တွေ့ကျကိုယ့်ဘက်ပဲကိုယ်ယက် ပြည်သူတွေရဲ့ဒုက္ခတွေဘာတစ်ခုမှမဖြေရှင်းတတ်တဲ့အသုံးမကျတဲ့အစိုးရနဲ့တကိုယ်ကောင်းအာဏာရူးတွေလုပ်စားနေတဲ့ နိုင်ငံရေးကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြပြီး ကောင်းကောင်းသရော်ထားတဲ့ဇာတ်ကားဖြစ်လို့ ခံစားကြည့်ရှုလိုက်ကြပါအုံးလို့...
A Body That Works (2023) ⭐TMDB: 0% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Germany #Italy ⏰ 1 နာရီ 42 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နီကိုလာက စိတ်မနှံ့တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေရဲ့ စပျစ်ခြံအလုပ်တွေကိုလည်း ဝင်မကူ သူ့ကိုယ်ပိုင်ခွေးနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေ့ရှိတယ်။ ညဘက်တွေဆိုလည်း ခွေးတစ်ကောင်နဲ့ ရွာထဲကိုလျှောက်သွားတတ်ပြီး လူတွေ လမ်းကြားထဲမှာ ရန်ဖြစ်နေတာမြင်ရင် သူက ကြောက်လို့ထွက်ပြေး… လူတွေက သူထွက်ပြေးတာကိုမြင်တော့ သူက ရွာသားတွေကို လိုက်ချောင်းနေတာလားဆိုပြီး အတွေးရောက်စရာတွေဖြစ်ကုန်တော့တယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာထဲက ရွာသားတစ်ယောက်ရဲ့ ပန်းပုရုပ်ထုတစ်ခုကို လူတစ်ယောက်က ညဘက်ကြီး ခေါင်း-ဖြတ်သွားတဲ့အခါ… နောက်ညတွေမှာလည်း အခြားပန်းပုရုပ်တွေပါ ဖျက်စီးခံလာရတဲ့အခါ… တစ်ရွာလုံးရဲ့ စွပ်စွဲချက်တွေက နီကိုလာဆီကို စုပြုံပြီးရောက်လာတော့တယ်။ တကယ်ပဲ နီကိုလာက ရွာကပစ္စည်းတွေကို ဖျက်စီးနေတာလား? ဘယ်သူကလုပ်နေတာလဲ? အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
Alice in the Cities (1974) ⭐TMDB: 77% User Score 🎬 #Drama 🗓 1974 🎞 movie 🌎 #Germany ⏰ 1 နာရီ 54 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖီလစ်ဆိုတဲ့သူဟာ နယူးယောက်မြိုမှာ လေလွှင့်နေတဲ့ဂျာနယ်လစ်ပါ။ မြူးနစ်ကိုအပြန် အဲလစ်ဆိုတဲ့ကလေးမလေးရယ် သူ့အမေရယ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူ့အမေဟာ အဲလစ်ကို ဖီလစ်နဲ့ထားခဲ့တဲ့အချိန်မှာ ဖီလစ်ဟာ အဲလစ်ရဲ့အဘွားကိုရှာပုံတော်ဖွင့်ရပါတော့တယ်။ ၉နှစ်အရွယ်အဲလစ်လေးနဲ့ လေလွှင့်နေတဲ့ဂျာနယ်လစ် ဖီလစ်တို့အဲလစ်အဘွားကိုရှာတွေ့နိုင်ပါ့မလား...
Pee Nak 4 (2024) ⭐IMDB: 4.9/10 (306 Votes) 🎬 #Comedy #Horror 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 52 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pee Nak 4(2024) သိပ်လည်း မကြောက်ရဘဲ ပေါ့ပေါ့ပါးပါး ကြည့်နိုင်ဖို့အတွက် Pee Nak ရောက်လာပြန်ပါပြီ။Pee Nak 4 မှာတော့ အရင်ဇာတ်လမ်းလိုပဲ ဘယ်သူက Pee Nak ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတုန်းပါပဲ။ ဇတ်လမ်းကိုေတာ့ နာမည်ကျော်မင်းသား မင်ဂျွန်ရဲ့ အာလပ်ရက်ခရီးနဲ့ အစပြုထားပါတယ်။မင်ဂျွန်တစ်ယောက် မနမန်နေဂျာတွေနဲ့အတူ ကျေးလက်ဘက်က အိမ်ဟောင်းဆီမှာ အပန်းဖြေလာရင်းအမေပေးလိုက်တဲ့ “ဝတ်ပြုဆောင်ကို ပြန်ပြင်ရန်” ဆိုတဲ့ တာဝန်ကိုပါ ယူလာပါသေးတယ်။ဒီလိုနဲ့ ဝတ်ပြုဆောင်ကို ပြင်ဖို့လုပ်ရင်းက ထူးဆန်းမှူတွေနဲ့ ပုံရိပ်ယောင်တွေ မြင်လာရချိန်မှာတော့…အိမ်ဟောင်းမှာ မက်နေတဲ့ အိပ်မက်တွေရဲ့ အဖြေ…ဝတ်ပြုဆောင်ရဲ့ နောက်ကြောင်းနဲ့…Pee Nak က ဘယ်သူဖြစ်မလဲဆိုတာ ကြည့်ရမှာပါပဲ။ Pee Nak ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း လျှိ့ဝှက်တဲ့ဇာတ်ကြောင်းတွေနဲ့ကြောက်စရာပြကွက်တွေကြားက အခွီအသော ဇာတ်ကြောင်းလေးတွေကိုပါ မြင်တွေ့ရဦးမှာပါ။ အညွှန်းကိုတော့Su Myatက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Su Myat, Mary, Char Ou, Dao Phyoတို့ပဲ ဖြစ်ပါတယ်။...
Ask the Dust (2006) ⭐TMDB: 53% User Score 🎬 #Drama #Romance 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ သူကြိုက်နေတဲ့ ကောင်မလေးကိုမှ စတွေ့ကတည်းက မချေမငံပြောပြီး စော်ကားတတ်တဲ့ မိန်းမတွေအကြောင်းနားမလည်တဲ့ စာရေးဆရာ Arturo Bandini နဲ့ သတ္တိရှိတဲ့ ခပ်စွာစွာ စားပွဲထိုးမလေး Camilla ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။ Arturo က Colorado ကနေ LA ကို ဝတ္ထုရေးဖို့ပြောင်းလာတဲ့ အီတလီလူမျိုးစာရေးဆရာဖြစ်ပြီး ဘားတစ်ခုက စားပွဲထိုး မက္ကဆီကန်မလေး Camilla ကို မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမဲ့ သူချစ်တာက အဆန်းသား။ Camilla ကို ကော်ဖီသောက်မကောင်းလို့ ရန်တွေ့ပြီး ကော်ဖီကိုသွန်ပစ်ပြီး ထွက်သွားခဲ့တယ်။ ဆင်းရဲတဲ့စာရေးဆရာဖြစ်တဲ့ Arturo နဲ့ ချမ်းသာတဲ့သူကိုမှလက်ထပ်ချင်နေတဲ့ Camilla တို့ နှစ်ယောက် တွေ့တိုင်းရန်ဖြစ်နေရာက တဖြည်းဖြည်း ခံစားချက်တွေပေါက်ဖွားလာရာမှာတော့ နဂိုရှုပ်ပြီးသား သူတို့အချစ်ရေးက လူမျိုးရေးခွဲခြားတတ်တဲ့ခေတ်ရဲ့ ပြဿနာတွေကြောင့် ဘယ်လိုအခက်အခဲတွေ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ Romance ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော...
The Wedding Date (2005) ⭐TMDB: 68% User Score 🎬 #Comedy #Romance 🗓 2005 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kat Ellis ဆိုတဲ့ကောင်မလေးကတော့ အပျိုကြီးဖြစ်ရမှာကို ကြောက်နေတဲ့သူတစ်ယောက်ပေါ့ တစ်နေ့မှာ သူ့ညီမဖြစ်သူက သူ့ထက်အရင် မဂ်လာဆောင်ပြီလို့ သိလိုက်ရတဲ့နောက်… သူ့ညီမ မဂ်လာပွဲကို သွားဖို့ ရည်းစားအဖြစ် လိုက်ပေးမယ့်သူကို ရှာငှားတော့တာပေါ့ ဒီလိုနဲ့ သူ့ညီမ မဂ်လာဆောင်မှာ ဘာတွေဖြစ်ကုန််မလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ရိုမန့်တစ်ဆန်ဆန်ကားလေးပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော...
The Time Machine (2002) ⭐TMDB: 62% User Score 🎬 #Action #Adventure #SciFi #ScienceFiction 🗓 2002 🎞 movie 🌎 #UnitedArabEmirates #USA #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Time Machine (2002)IMDb Rating (6.0) အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက်ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေစိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့…ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေသုတေသနတွေ နဲ့ ပျော်မွေ့နေတတ်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကိုလက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ပျော်ရွှင်စရာအတိပေါ့ဗျာ။ဒါပေမဲ့ ဘ၀ ဆိုတာ ထင်မထားတာတွေဖြစ်လာတတ်တဲ့ ဆိုတဲ့ အတိုင်း သူလက်ထပ်ခွင့်တောင်းနေစဉ်မှာပဲ သူ့ကောင်မလေးကို ဆုံးရှုံးလိုက်ရပါတယ်။ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အလက်ဇန္ဒားတစ်ယောက် အဲ့အချိန်ကို ပြန်သွားပြီး အဲ့ဖြစ်ရပ်ကို ပြောင်းလဲဖို့ ကြိုးစားပါတယ်။သူဟာ အချိန်ခရီးသွားစက်ကို ထွင်ပြီးသွားပြောင်းလဲပါတော့တယ်။ဒါပေမဲ့ …..သူ့ကောင်မလေးကို ကယ်တင်နိုင်မှာလား….အချိန်ခရီးသွားစက်နဲ့ ဘယ်တွေကိုရောက်ပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာ…ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Sci-Fi ရုပ်ရှင်ဇာတ်ကားပါပဲ။...
Nobel Son (2007) ⭐TMDB: 61% User Score 🎬 #Comedy #Crime #Drama 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော...
Tall Tales from the Magical Garden of Antoon Krings (2017) ⭐IMDB: 4.6/10 (315 Votes) 🎬 #Adventure #Animation #Comedy #Family 🗓 2017 🎞 movie 🌎 #France #Luxembourg ⏰ 1 နာရီ 28 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tall Tales from the Magical Garden of Antoon Krings (2017) အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်… ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်းရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။ တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ?ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်းအားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်...
Aloft (2014) ⭐IMDB: 5.3/10 (4 k Votes) 🎬 #Drama 🗓 2014 🎞 movie 🌎 #Spain #Canada #France ⏰ 1 နာရီ 37 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က မိမိကို စွန့်ပစ်သွားတဲ့ မိခင်ကို နာကျည်းရင်း ရှင်သန်နေထိုင်နေတဲ့ သိမ်းငှက်ဆရာ အိုင်ဗန်။ အိုင်ဗန်ကို စွန့်ပစ်သွားပြီး နာမည်ကြီး ယုံတမ်းသမားတော် တစ်ဦးဖြစ်လာခဲ့တဲ့ မိခင်ဖြစ်သူ နာနာ။ သတင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် နာနာကို ရှာဖွေနေတဲ့ သတင်းထောက်ပေါက်စလေး ဂျာနီယာရက်စ်မော။ Peaky Blinders မင်းသားဖြစ်တဲ့ Cillian Murphy နဲ့ ဟော်လီးဝုဒ် ဝါရင့်မင်းသမီးကြီး Jennifer Connelly အပြင် ပြင်သစ်မင်းသမီး Mélanie Laurent တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “Aloft” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ မရေရာမှုတွေ၊ အဖြေရှာမရတဲ့ မေးခွန်းတွေ၊ ငယ်ဘဝ စိတ်ဒဏ်ရာတွေကို ကျွမ်းကျင် သရုပ်ဆောင်ချက်တွေနဲ့ လေးနက်စွာ ဆွဲထုတ်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။...
Raju Yadav (2024) ⭐IMDB: 5.4/10 (123 Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး) ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာကမိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့်အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။ သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ …….အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ …..သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား ……အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ……ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Homme Fatale (2019) ⭐IMDB: 6.2/10 (414 Votes) 🎬 #Comedy #History #Romance 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Homme Fatale 2019IMDb: 6.2/10Genre: Comedy, History, Romance ဒီဇာတ်လမ်းမှာတော့ 2PM က Lee Joon-Ho ကို playboy အဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်ပျောက်ချက်သားကောင်းနေတဲ့ Mischievous Kiss ကမမ Jung So-Min ကလည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါမိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ်ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ် တစ်ရက်မှာ ကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ်ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ်တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ်သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလား သူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်...
Retreat (2011) ⭐IMDB: 5.8/10 (13 k Votes) 🎬 #Drama #Horror #Thriller 🗓 2011 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 30 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Peaky Blinders ထဲမှာ သောမတ်စ်ရှယ်လ်ဘီနေရာက သရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသား Cillian Murphy ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2010 ခုနှစ်တုန်းကဒရာမာ သည်းထိပ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Retreat ဖြစ်ပြီး ကမ္ဘာပျက်ရုပ်ရှင် ဇာတ်ကားတွေလိုပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb Rating 5.8 ရရှိထားပြီး ကြည့်ဖို့အချိန်ပေးရတာ တန်စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ကိတ်နဲ့ မာတင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ထောင်ရေးက နည်းနည်းယိုယွင်း ပျက်စီးနေပြီဖြစ်တဲ့အတွက် ဇာတ်ကား နာမည်အတိုင်း Retreat(ပြန်လည်ထူထောင်ရေး)လုပ်ဖို့အတွက် ဘလက်ဟုမ်းဆိုတဲ့ ကျွန်းတစ်ကျွန်းဆီကိုသွားခဲ့ကြပါတော့တယ်။ အဲ့ဒီမှာ အိမ်လေးတစ်လုံးကို ငှားကာ လင်မယားနှစ်ယောက် အတူတူအပန်းဖြေခဲ့ကြပြီး အိမ်ထောင်ရေးပြန်လည်အဆင်ပြေဖို့ မျှော်လင့်နေပေမဲ့ တစ်ရက်ထက်တစ်ရက်ပိုပိုဆိုးလာတာပဲ ရှိခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ အိမ်ရှင်ရှိရာ ကုန်းမကြီးကိုလည်း ရေဒီယိုနဲ့ဆက်သွယ်လို့မရ အိမ်မှာသုံးနေတဲ့မီးစက်ကလည်းပျက်နဲ့ တော်တော်ကိုတိုင်ပတ်နေခဲ့ပါတော့တယ်။ကျွန်းပေါ်က ထွက်သွားဖို့ ကျတော့လည်း ဘာလှေ ဘာသင်္ဘောမှမရှိတဲ့အတွက် နှစ်ယောက်သား အဲ့ဒီကျွန်းပေါ်မှာ ပိတ်မိနေကြပါတော့တယ်။ အဲ့ဒီအချိန်မှာ သူတို့အိမ်ကိုစစ်တပ်က လူတစ်ယောက်ရောက်လာခဲ့ပြီး အပြင်မှာ လေထဲကနေ ကူးစက်တဲ့ ကြောက်စရာဗိုင်းရပ်စ်တစ်ခု ကမ္ဘာအနှံ့ပြန့်နှံ့နေပြီးအိမ်ထဲမှာပဲ လေလုံအောင်အလုံ ပိတ်နေရမယ် လို့ ပြောခဲ့ပါတော့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်လည်း နှစ်ယောက်တည်းပိတ်မိနေရာကနေ သုံးယောက်ဖြစ်သွားပြီး ကြောက်စရာကောင်းတဲ့ဗိုင်းရပ်စ်ကြီးကြားမှာ အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ရုန်းကန်ကြိုးစားကြပုံတွေကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
A Journey to Kasi (2023) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Journey to Kasi (2023)“ကာစီသို့ မျဉ်းပြိုင်၂ကြောင်း” ဒီတစ်ခေါက်မှာတော့ စိတ်ဝင်စားစရာ အပြိုင်ဆန့်ကျင်ဘက်နိယာမသဘောကိုဆောင်တဲ့ ဇာတ်လမ်းလေး၂ခုကို ယှဥ်ပြီးရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဥ်း ပါရဂူဘွဲ့လွန်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ဂျက်ဝက်ဘာတစ်ယောက် တစ်ညမှာအမျိုးသမီးပြည့်တန်ဆာတစ်ယောက် လမ်းမပေါ်မှာ အမျိုးသားတချို့ဝိုင်းဝန်း အနိုင်ကျင့်နေတာကိုတွေ့ပြီးကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ဆက်တွေ့ဖြစ်ခဲ့ကြပြီးဂျက်ရဲ့ ဆရာကိုရှာဖို့ ကာစီမြို့ကို အတူရှာဖွေရေးတစ်ခုထွက်ခဲ့ကြပါတယ်။ နောက်ထပ်ဇာတ်လမ်းတစ်ခုမှာလည်း ဆမ်ဘိုင်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာလည်းသူ့ရဲ့သား ဆီဗာနာဒါကို ကာစီမြို့ကို ဘုရားဖူးထွက်ချင်လို့ လိုက်ပို့ခိုင်းပါတယ်။ဒါပေမဲ့ အဲ့ဒါကရော သဘောရိုးနဲ့ဟုတ်ရဲ့လား ဆီဗာနာဒါမိသားစုထဲမှာရော ဘာတွေဖြစ်ပြီးဆွယ်သာကရော ကာစီမြို့နဲ့ဘယ်လိုဆက်စပ်နေမလဲဆိုတဲ့ အပြိုင်ဆန့်ကျင်ဘက်သဘောတရားနိယာမ ဇာတ်လမ်းလေးကို ကြည့်ရှူအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ ဇာတ်လမ်းနဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ခင်ဗျာ။...
Perrier's Bounty (2009) ⭐TMDB: 57% User Score 🎬 #Action #Comedy #Crime #Drama 🗓 2009 🎞 Series 🌎 #Ireland #UnitedKingdom ⏰ 1 နာရီ 28 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက် ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီး သူ့ရဲ့ အဖေဖြစ်သူရယ် .. အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ် လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေး ကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲ တစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက် ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လို မသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲ သေချာပေါက် ပြောလိုက်ပါရစေ။...
