uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Walking with the Enemy (2013) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Action #Drama #History #War #Romance 🗓 2013 🎞 movie 📺 #720p #1080p 💿 772.2 MB ⦿ 1.6 GB 🌎 #Romania #Hungary #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley က ဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီ အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားက ဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာ နာဇီတွေဝင်ရောက်လာပြီးနောက် အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။ အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကို သက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာ မျှော်လင့်ထားသလို မိသားစုဝင်တွေကို မတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီး မိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေ ဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင် စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...

Season of the Witch (2011) ⭐TMDB: 54.0% User Score 🎬 #Action #Adventure #Fantasy 🗓 2011 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.2 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြို့စောင့်တပ်တွေရဲ့ ဖမ်းတာကို ခံလိုက်ရတယ်။ အဲဒီမြို့ရဲ့ ဘုန်းတော်ကြီးချုပ်က Bhemen နဲ့ Felson တို့ကို စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို Severac ဆိုတဲ့ ဘုန်းတော်ကြီးတွေရှိနေတဲ့ နေရာ ပို့ပေးဖို့ အပေးအယူလုပ်တယ်။ ဒါပေမယ့် Bhemen နဲ့ Felson တို့က ချက်ချင်း လက်မခံခဲ့ပါဘူး။ နောက်ဆုံးကြမှ စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးကို မျှမျှတတ တရားရင်ဆိုင်ခွင့်ပေးမယ်ဆိုတဲ့ Bhemen ရဲ့ တောင်းဆိုချက်ကို လက်ခံတော့မှ ခရီးထွက်ဖို့ ပြင်ကြတော့တယ်။ Severac ဆီ ပို့ဆောင်ခံရမယ့် မိန်းကလေးက တကယ်ပဲ စုန်းမလား အပြစ်မရှိပဲ စွပ်စွဲခံရတာလား လိုက်ပါပို့ဆောင်မယ့် ခရီးစဉ်မှာ Bhemen နဲ့ Felson တို့ အပြင် အခြား ဘယ်သူတွေရော လိုက်ကြမလဲ ဒီခရီးစဉ်တစ်လျှောက် အဆင်ပြေပြေ အဆုံးသတ်မလား ခရီးစဉ် အဆုံးမှာ ဘယ်လို အရာတွေကရော စောင့်နေမလဲ Bhemen နဲ့ Felson တို့ကရော ရှေ့တန်းစစ်တိုက်နေရာကနေ ဘာတွေဖြစ်ခဲ့လို့ ဒီလို အဖြစ်တွေကို လိုက်ပါ လုပ်ဆောင်နေရတာလဲ ဆိုတဲ့ အကြောင်းတွေကို အတွေးပေါင်းများစွာ နဲ့ Season of The Witch – 2011 ကို အဆုံးထိ ကြည့်ဖို့ တိုက်တွန်းပါရစေ။ Bhemen အဖြစ် သရုပ်ဆောင်ထားတာကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသားကြီး Nicholas Cage ပဲ ဖြစ်ပါတယ်။...

Tommy Guns (2022) ⭐IMDB: 6.6/10 (163 Votes) 🎬 #History #War #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 1.1 GB ⦿ 2.2 GB 🌎 #Portugal #France #Angola ⏰ 2 နာရီ 5 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 6.7 အထိရရှိထားတဲ့ပေါ်တူဂီ စစ်နဲ့ဒရမ်မာ ဇာတ်ကားတစ်ကားဖြစ်ပြီး စစ်ပွဲတွေကြောင့်လက်ထိုးရုပ်ဖြစ်ခဲ့ရတဲ့စစ်သားတွေရဲ့ဘဝအကြောင်းကိုတစ်မူထူးခြားတဲ့ရှုထောင့်တစ်ခုကနေရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းမှာတော့….. တပ်စုတစ်စုဟာနေ့စဉ်တိုက်ခိုက်ဖို့အမြဲလေ့ကျင့်နေခဲ့ပြီးအပြင်လောကအကြောင်းဘာဆိုဘာမှမသိရဘဲသူတို့ဗိုလ်မှုးပြောတဲ့စကားတွေကိုသာယုံကြည်နေကြရပါတယ် တစ်နေ့မှာတော့ဗိုလ်မှုးကအပျော်ရှာဖို့ကောင်မလေးတစ်ယောက်ကိုခေါ်လာရာကနေမတော်တဆ‌ဗိုလ်မှုးကိုသေနတ်မှန်ပြီးသေဆုံးသွားပါတော့တယ် ဗိုလ်မှုးသေသွားတော့မှအပျော်မယ်ကောင်မလေးကတစ်ဆင့်သူတို့ရဲ့စခန်းအကြောင်းသံသယတွေရှိလာရာကနေအပြင်ကိုထွက်ပြေးကြဖို့ဆုံးဖြတ်လိုက်ပါတော့တယ် တကယ်တမ်းတော့သူတို့တွေဟာအပြင်လောကနဲ့သီးခြားကန့်သတ်ထားတဲ့နေရာတစ်ခုမှာသီးသန့်ပိတ်လှောင်ခံနေရတာပါ သူတို့တစ်တွေပိတ်မိနေတဲ့နံရံတွေကြားကနေအပြင်လောကကြီးကိုဘယ်လိုထွက်‌ပြေးလွှတ်မြောက်သွားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ...

Who Are You People (2023) ⭐IMDB: 4.9/10 (221 Votes) 🎬 #Drama #Mystery 🗓 2023 🎞 movie 📺 #720p #1080p 💿 643.8 MB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Who Are You People (2023)===================== မိသားစု ဆွေမျိုးတွေကြားထဲမှာ စ’နေကျစကားရှိတယ်လေ။ နင့်ကိုမွေးစားထားတာနင့်ကိုဘယ်ကကောက်ရလာတာဆိုပြီး။ မိဘတွေနဲ့အဆင်ပြေ၊ ဘာပြဿနာမှမရှိတဲ့ကလေးအတွက်တော့ ဒီစကားက စနောက်ရုံသက်သက်ထက်မပိုပေမဲ့ သားသမီးချင်းအတူတူ အချစ်မခံရတဲ့ ကလေးအတွက်ကျ ဒီလိုမျိုး စနောက်မခံရဘဲနဲ့တောင် ငါကသူတို့ကလေးမှဟုတ်ရဲ့လားလို့ အတွေးဝင်သွားတတ်တယ်။ အဲလက်က သမီးအကြီးဆုံး။ သူ့အောက်မှာ အမြွှာညီမနှစ်ယောက်ရှိတယ်။ ငယ်ငယ်လေးကတည်းက အဖုအထစ်တွေရှိလာတဲ့ မိဘနဲ့သားသမီးကြားဆက်ဆံရေးမှာ အဲလက်၁၆နှစ်အရွယ်ရောက်တော့ ပိုဆိုးကုန်တာပေါ့။ အရွဲ့တိုက် ကလန်ကဆန်လုပ်တတ်တဲ့အရွယ်မှာ အဖေဖြစ်သူက ဒေါသအိုး၊ အမေကလည်း စိတ်မရှည်တဲ့သူမျိုးဆိုတော့ ဒီအဖေအမေနဲ့ သမီးက အမြဲတမ်းတကျက်ကျက်ပါပဲ။ အဲလက်ရဲ့ အမြွှာညီမနှစ်ယောက်ကတော့ အဖေအမေရဲ့ အသည်းကျော်လေးတွေပါ။ သူတို့နှစ်ယောက်ကိုရဖို့ ဆရာဝန်တွေနဲ့ ဘယ်လိုတွေ့ခဲ့ရကြောင်း ဘယ်လိုခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ကလေးတွေဖြစ်ကြောင်းကို ပုံပြင်ပြောသလို တဖွဖွပြောနေတော့ သမီးကြီးဖြစ်တဲ့ အဲလက်ရင်ထဲမှာ သံသယမျိုးစေ့တွေ အညှောက်ပေါက်လာပါတယ်။ ဒီမျိုးစေ့တွေ ကြီးထွားလာအောင် ရေလောင်းပေးလိုက်တာကတော့ အဲလက်အမေသိမ်းထားတဲ့ စာတစ်စောင်ကြောင့်ပါ။ အဲလက်မမွေးခင်ခြောက်လအလိုမှာ ကားလ်ဆိုတဲ့အမျိုးသားတစ်ယောက်က အဲလက်အမေဆီပို့ထားတဲ့တောင်းပန်စာ။ ဒီစာကြောင့်ပဲအဲလက်က ကားလ်ဆိုတာ သူ့အဖေအရင်းများဖြစ်မလားလို့တွေးမိလာပါတယ်။ ဒါကြောင့်အိမ်ကပို့တဲ့ ဘော်ဒါဆောင်ကိုမသွားဘဲ လစ်ပြေးလာပြီး ကားလ်ဆီလိုက်သွားပါတယ်။အဲလက်နဲ့ကားလ်က သားအဖအရင်းလား… အဲလက်တစ်ယောက်သူနဲ့သက်ဆိုင်တဲ့နေရာကိုရှာတွေ့နိုင်မလား… ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...

Dream House (2011) ⭐IMDB: 6.0/10 (68 k Votes) 🎬 #Drama #Mystery #Thriller 🗓 2011 🎞 movie 📺 #720p #1080p 💿 657.5 MB ⦿ 1.3 GB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်‌ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်‌ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ အပြစ်ပြောစရာမရှိအောင်ကောင်းသလို ၅နှစ်နဲ့၇နှစ်အရွယ် သမီးနှစ်ယောက်သရုပ်ဆောင်တာလည်း အတော်ပီပြင်လှပါတယ်။...

Snow and the Bear (2022) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 766.1 MB ⦿ 1.4 GB 🌎 #Turkey #Germany #Serbia ⏰ 1 နာရီ 33 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ~~IMDb 6.7~~ဘဝမှာ ကိုယ်တစ်ယောက်တည်း အဖြူရောင်ဟာလာဟင်းလင်းအခန်းထဲမှာ ပိတ်ခံထားရမယ်ဆို ဘယ်လိုခံစားရမလဲ၊ ဘယ်လိုအတွေးတွေများတွေးနေမိမလဲ။ ကိုယ်နဲ့ မရင်းနှီးနဲ့နေရာမှာ မျက်နှာစိမ်းတွေနဲ့ ဒေသရဲ့အခြေအနေတွေ အနှောင့်အယှက်ဆိုတာ မျက်စိအမြင်ထက် နားနဲ့ပဲကြားရပြီ ပုံပြင်သယောင် ဒဏ္ဍာရီသယောင် အဖြေဘာလဲထက် ဘာမေးရမှန်းတောင်မသိဖြစ်နေချိန်တွေ ကို ကိုယ်တိုင်မကြုံဖူးလည်း နှာဖူးတွေ့ဒူးတွေ့ တွေ့ရမယ့်ကားပါ။ ဇာတ်လမ်းကတော့ နယ်ဘက်က ခေါင်ဖျားလှတဲ့ဒေသမှာ တာဝန်ကျလို့ ဆင်းလာရတဲ့ သူနာပြုမလေးကို အဓိကဇာတ်အိမ်တည်ထားပါတယ်၊ ဇာတ်လမ်းက အေးအေးလေးသွားတာဆိုပေမဲ့ မင်းသမီးရဲ့ မျက်နှာ အနေအထား နဲ့ တခြားဇာတ်ဆောင်တွေရဲ့ ပံ့ပိုးမှုကြောင့် အချိန်ကုန်မှန်းမသိတောင်ဖြစ်သွားရမယ့် ကားပါ၊ နားနားနေနေ အချိန်ဖြုန်းချင်လို့ပဲဖြစ်ဖြစ် ပုံမှန်ကြည့်နေကျနဲ့မတူတဲ့ ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီဇာတ်ကားလေးကို recommend ပေးပါရစေ။...

Brother (2022) ⭐IMDB: 7.0/10 (506 Votes) 🎬 #Drama #Music #Romance #Mystery 🗓 2022 🎞 movie 📺 #720p #1080p 💿 955.5 MB ⦿ 2.1 GB 🌎 #Canada #UnitedStatesofAmerica ⏰ 2 နာရီ 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Brothers (2022) ~ IMDb – 7/10, Rotten Tomatoes – 88% ~ ဒီဇာတ်ကားလေးက 2022 နှစ်မှာထွက်ထားတဲ့ ကနေဒီယန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဆုတွေ (၁၄)ခုအထိရပြီး Nomination (၁၇)ခုထိတောင်၀င်ထားတာပါ။ IMDb မှာဆိုလည်း 7/10 နဲ့ ခရမ်းချဉ်သီး 88% ရထားပါတယ်။ ဇာတ်အိမ်လေးကတော့ ရွေ့ပြောင်းနေထိုင်သူ မိခင်တစ်ယောက်နဲ့ သားနှစ်ယောက်အ‌ပေါ်အခြေတည်ထားပြီး သူတို့အကြောင်းကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက တကယ်ကိုလှပပြီး ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ လက်ရှိအချိန်နဲ့ အတိတ်ကာလကို နောက်ကြောင်းပြန် ယှဉ်ပြထားပြီး ထိခိုက်နာကျင်စရာကောင်းတဲ့နေရာဆီကို တ‌ဖြည်းဖြည်းဆွဲခေါ်သွားတာကိုက ဒီဇာတ်ကားရဲ့လှပမှုပါပဲ။ ဒီဇာတ်ကားကို အပေါ်ယံကြည့်ရင် သာမန်မိသားစုဒရာမာကားလေးပါပေါ့။ ဒါပေမဲ့ အဲဒီအောက်မှာတော့ ရွေ့ပြောင်းနေထိုင်သူတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေ၊ အဲဒီခေတ်က လူမျိုးရေးခွဲခြားမှုတွေအပြင် လူမျိုးတူချင်းဆီကပါ ပိုင်နက်စိုးမိုးလိုမှုကြောင့် ရန်စောင်မှုတွေကို နက်နက်နဲနဲ မြင်နိုင်တဲ့ဇာတ်လမ်းလေးပါ။ တကယ်လို့ ခင်ဗျားက သာမန်ဟောလိဝုဒ်စတိုင်ဖျော်ဖြေရေးဇာတ်ကားတစ်ကားကိုမျှော်လင့်နေရင် ဒီကားလေးက သာမန်ဇာတ်လမ်းလေးပါပဲ။ ဒါပေမဲ့ ခင်ဗျားက ထိရှလွယ်ပြီး ကံဆိုးမိုးမှောင်ကျတဲ့သူတွေရဲ့ဇာတ်လမ်းတွေကို ကိုယ်ချင်းစာပြီးခံစားတတ်ရင် ဒီကားလေးက ခင်ဗျားတို့အတွက် ရွေးချယ်မှုကောင်းပါပဲ။ ဘယ်လိုပဲဆိုဆိုပါ အချိန်ပေးရတန်တဲ့ကားဆိုတာ ဆုတွေကသက်သေပါပဲ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Revolver (2005) ⭐TMDB: 64.0% User Score 🎬 #Action #Crime #Drama #Mystery #Thriller 🗓 2005 🎞 movie 📺 #720p #1080p 💿 598.6 MB ⦿ 1.8 GB 🌎 #UnitedKingdom #France #UnitedKingdom ⏰ 1 နာရီ 51 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီး Action၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့် ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ…။ တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့ ဆိုကြပါသတဲ့…။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ…။ မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသား ဂျေဆင် စတက်သန်ပါ…။ ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင် အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ ၇ နှစ်လောက်အောင်းလိုက်ရပါတယ်…။ ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်…။ တစ်ယောက်က စစ်တုရင်ဆရာကြီး…နောက်တစ်ယောက်က အယုံသွင်း လှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး…။ ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့် သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာ ကုန်ဆုံးပြီး ထောင်ကထွက်လာခဲ့ပါတယ်…။ စစ်တုရင်ပညာနဲ့ လှည့်စားမှုအတတ်ပေါင်းလိုက်တော့ အတော်အစွမ်းထက်သွားပါလေရော…။ ထောင်ကအထွက် ထောင်ထဲမှာသင်ယူခဲ့တဲ့ပညာတွေနဲ့ နှစ်နှစ်လောက် လောင်းကစား လုပ်ရင်းငွေကိုရှာ၊ ကြွယ်ဝချမ်းသာလာပြီးတဲ့နောက် ဂန်စတားခေါင်းဆောင် မစ္စတာဒီနဲ့ ပညာချင်းပြန်ပြိုင်ပါတော့တယ်….။ ဒီဇာတ်လမ်းက တွေ့နေကျ action၊ crime တွေနဲ့မတူဘဲ သူ့ထက်ငါဆရာ ပညာချင်းပြိုင်တဲ့ပုံစံအပြင် plot twist ခပ်ဆန်းဆန်းကိုမြင်တွေ့ရမှာပါ….။ တွေးတောရင်းကြည့်ရမယ့်ကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ…။ ဒါရိုက်တာ Guy Ritchieနဲ့ မင်းသား ဂျေဆင် စတက်သန်တို့ လက်တွဲထားတဲ့ကားမို့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါပဲ။...

Miguel Wants to Fight (2023) ⭐IMDB: 6.2/10 (79 Votes) 🎬 #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 636.4 MB ⦿ 1.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းနာမည်လေးအတိုင်းပဲ တိုက်ချင်ခိုက်ချင်တဲ့ မီဂဲလ်အကြောင်း comedy movieလေးကိုကြည့်ရှုရမှာပါ….။ မီဂဲလ်ဟာ အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ရန်ဖြစ်တာ မထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းသုံးယောက်နဲ့ ပျော်ပျော်နေလေ့ရှိသူပါ…။ တိုက်ရခိုက်ရတာကို အကြိုက်ကြီးကြိုက်ပေမယ့်လည်း တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ လူလိမ္မာလေးပေါ့…။ သူ့သူငယ်ချင်းသုံးယောက် ရန်ဖြစ်တိုင်း ဝင်မပါဘဲ ဘေးမှာပဲတိတ်တိတ်လေး ရပ်နေလေ့ရှိသူပါ….။ ဒီလိုနေနေတာကို သူ့သူငယ်ချင်းတွေ သတိထားမိသွားပြီး ဝိုင်းပြောတဲ့အခါမှတော့ မီဂဲလ်တစ်ယောက် ရန်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်….။ နောက်တော့ သူ့ရဲ့ ပထမဆုံးရန်ပွဲအထွက် ပထမဆုံးလက်သီးထိုးခံရမယ် ရန်သူကိုလိုက်ရှာပါတော့တယ်….။ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့အပြင် စိတ်ကူးယဥ် တိုက်ကွက်တွေနဲ့  anime  တိုက်ကွက်တချို့ကိုပါ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ…။...

So Close (2002) ⭐TMDB: 68.0% User Score 🎬 #Action #Asian #Crime #Thriller 🗓 2002 🎞 movie 📺 #720p #1080p 💿 1.4 GB ⦿ 3.7 GB 🌎 #HongKong #HongKong ⏰ 1 နာရီ 50 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 So Close (2002) IMDb Rating (6.6) / Rotten Tomatoes (82%) မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့  So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။ အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့… အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ လုပ်ကြံပေးတတ်တဲ့သူတွေပါ။ သူတို့တွေကို ခြေရာခံမိသွားတာကတော့ ရဲမေ ကောင်းယက်ဟောင်ပါပဲ။ ညီအစ်မနှစ်ယောက်နဲ့ ရဲမေတို့ လိုက်တမ်းပြေးတမ်းကစားရင်း သူတို့ကို အလုပ်အပ်တဲ့ အဖွဲ့ကလူတွေက နှုတ်ပိတ်ဖို့ ကြိုးစားလာတဲ့အခါ ဘေးကျပ်နံကျပ်အခက်အခဲတွေကနေ သူမတို့ဘယ်လို စွန့်စားကြမလဲဆိုတာ…..။...

Martyr or Murderer (2023) ⭐IMDB: 5.1/10 (374 Votes) 🎬 #Drama #History 🗓 2023 🎞 movie 📺 #720p #1080p 💿 680.2 MB ⦿ 1.5 GB 🌎 #Philippines ⏰ 1 နာရီ 47 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နိုင်ငံရေးအကြောင်း၊ သမိုင်းကြောင်းတွေ စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက် ၂၀၂၃ခုနှစ်မှာ ထွက်ရှိ တဲ့ ဖိလစ်ပိုင်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းမှာ နာမည်ကြီးနိုင်ငံရေးဦးဆောင် မိသားစု ၂စုဖြစ်တဲ့ အကွီနိုမိသားစုနဲ့ မားကို့စ်မိသားစုတို့ကြားက ရန်ကြွေးဟာ လူသိထင်ရှားပါပဲ။ ဒီဇာတ်လမ်းဟာ ၎င်းမိသားစုနှစ်စုရဲ့ ကျောင်းတော်ကရန်စ၊ အတိတ်နောက်ခံသမိုင်း၊ နိုင်ငံရေးမှာအားပြိုင်မှု စတာတွေကို ဖော်ကျူး ခြယ်မှုန်းထားတဲ့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ်ဟာ အာဏာရှင်အဖြစ်ကျော်ကြားပြီးတော့ စစ်အုပ်ချုပ်ရေး ကာလထုတ်ပြန်ပြီး အုပ်ချုပ်ခဲ့ ချိန်တွေအပါအဝင် နှစ်ပေါင်း ၂၀ နီးနီး ဖိလစ်ပိုင်နိုင်ငံကို ကြိုးကိုင် ချယ်လှယ်ခဲ့တဲ့သူပါ။ သူအုပ်စိုးစဉ်ကာလအတွင်း၊ သူ့သမ္မတသက်တမ်းအတွင်း သူ့ရဲ့အဓိကပြိုင်ဘက်၊ အဓိက ဝေဖန်တိုက်ခိုက်ခဲ့သူ ကတော့ လွှတ်တော်အမတ် ဟောင်း၊ တာလေးဒေသအုပ်ချုပ်ရေးမှူးဟောင်း နီနွိုင်းအကွီနို ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ် အာဏာကနေ ပြုတ် ကျသွားတာကလည်း လေဆိပ်မှာ နီနွိုင်းအကွီနို လုပ်ကြံအသတ်ဖြတ်ခံရမှုရဲ့ နောက်ဆက်တွဲဂယက်ကြောင့် ဖြစ်ပြီး သူ့ကိုဖြုတ်ချတဲ့ ပြည်သူ့အာဏာတော်လှန်ရေးကို ဦးဆောင်သူကလည်း နီနွိုင်းအကွီနိုရဲ့ ဇနီးသည်ဖြစ်သူ၊ ၁၁ကြိမ် မြောက်သမ္မတဖြစ်လာသူ ကော်ရာဇိုအကွီနိုပါပဲ။ ဖာဒီနန်မားကို့စ်ရဲ့ဇနီးဖြစ်သူ အီမယ်လ်ဒါမားကို့စ်ဟာ တချိန်က နီနွိုင်းအကွီနိုနဲ့ ချစ်သူဖြစ်ခဲ့ပြီး မားကို့စ်နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး အီမယ်လ်ဒါမားကို့စ်ဟာ ဖိနပ်အရံ (၁၀၀၀၀) တစ်သောင်းထိ ရှိတယ်လို့ ထိုစဉ်က လူသိထင်ရှားကျော်ကြားခဲ့သူပါ။ ဒီဇာတ်လမ်းဟာ ဖာဒီနန်မားကို့စ် ဇာတ်လမ်းအကြောင်း ရိုက်ကူးတဲ့ ဇာတ်ကား ၃ ကားထဲမှာ ဒုတိယ မြောက် ကားဖြစ်ပြီး (၂၀၂၂)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Maid in Malacanang ရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ ပထမ ဇာတ်လမ်း နဲ့ပက်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ဝေဖန်မှုများစွာနဲ့ ဂယက်ရိုက်ခဲ့သလို အခုဒီဇာတ်လမ်းနဲ့ ပက် သက်ပြီးလည်း ဝေဖန်သံတွေ သောသောညံနေဆဲပါ။ အကြောင်းကတော့ နီနွိုင်းအကွီနိုဘက်ကို အနည်းငယ်ပုတ် ခတ်ထားပြီး ဖာဒီနန်မားကို့စ်ဘက်ကို လျှော့ပေါ့ထားတဲ့အကြောင်းအရာတွေများပြားနေလို့ပါ။ လက်ရှိသမ္မတ ဖြစ်သူက ဖာဒီနန်မားကို့စ်ရဲ့သားဖြစ်သူ ဖြစ်နေတဲ့အကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်မှာ အဓိကကျတဲ့နေရာမှာပါဝင်ခဲ့တဲ့ မိသားစု ၂စုရဲ့ အတွင်းရေးအချို့ကို လှစ်ဟပြထားတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်နဲ့ချိန်ထိုးပြီး ခံစားနိုင်မယ့် ဇာတ်ကားကောင်းတစ်ခုဆိုတာကို ညွှန်းဆိုပါရစေ။...

Section 8 (2022) ⭐IMDB: 4.2/10 (1 k Votes) 🎬 #Action #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 704.0 MB ⦿ 1.5 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Section 8 (2022)============= ဒီတစ်ခေါက်မှာတော့ Section Eight ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Action/Adventure movie ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Section eight ဇာတ်ကားကတော့ Mosul မှာ စစ်သားတစ်ယောက် ဖြစ်တဲ့Jake တစ်ယောက် သူ့ရဲ့အရာရှိ Tom Mason နဲ့အတူတူ Taliban တွေလက်ထဲကနေ လက်မတင်လေးလွတ်မြောက်လာတဲ့ တိုက်ပွဲကနေ စတင်ရိုက်ကူးထားပါတယ်။ ငါးနှစ်ကြာပြီးနောက်မှာတော့ Jake တစ်ယောက် အိမ်ကိုပြန်လာပြီးတော့ ကားပြင်သမားတစ်ယောက်အဖြစ် သူ့ဦးလေးဖြစ်သူ အာလ်ရဲ့ ဆိုင်မှာအလုပ်လုပ်ရင်း သူ့ဇနီးလေး Ash ရယ် သားလေး West ရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။ တစ်နေ့မှာတော့ သူ့ ဦးလေးကို လူရမ်းကားတစ်သိုက်က ဝင်နှောင့်ယှက်ပြီးပိုက်ဆံအကြပ်ကိုင်တောင်းခံရတဲ့အချိန်မှာ ဂျိတ်တစ်ယောက် လူရမ်းကားတွေကိုအနိုင်တိုက်နိုင်လိုက်ပေမဲ့ သူ့မိသားစုအသက်အန္တရာယ်နဲ့ သူ့ကိုခြိမ်းခြောက်သွားခဲ့ပါတယ်။ သူမထင်မှတ်ထားခဲ့တာအချိန်မှာပဲ လူရမ်းကားတွေက မကျေပွဲကိုသူ့ဇနီးနဲ့သားလေးအပေါ် ပုံချသွားပြီး နှစ်ယောက်စလုံးကို သတ်သွားတဲ့အခါမှာတော့ဂျိတ်တစ်ယောက် လူရမ်းကားတွေအပေါ် ဘယ်လိုလက်စားပြန်ချေမလဲ။ သူ့ဘဝကြီးကျွန်းထိုးမှောက်ခုံဖြစ်ပြီးသွားတဲ့နောက်မှာ Section Eight ထဲကို ဘယ်လိုဝင်ရောက်သွားပြီး လုပ်ကြံသတ်ဖြတ်သူဖြစ်လာမလဲဆိုတာတွေကို Action ကားတစ်ကားရဲ့အနှစ်သာရပြည့်ပြည့်ဝဝနဲ့ ကြည့်ရှုလို့ရမဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ကြည့်ရှုခံစားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)...

O Saathiya (2023) ⭐IMDB: 7.9/10 (3 k Votes) 🎬 #Bollywood #Musical #Romance #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 1.3 GB ⦿ 2.4 GB 🌎 #India ⏰ 2 နာရီ 15 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 O Saathiya (2023)IMDb 7.1/10 ကိုယ့်ဘက်က မေတ္တာအစစ်ပေးတိုင်း မေတ္တာအစစ်ပြန်ရမယ်လို့ထင်နေရင်တော့ လူကြီးမင်းတို့ဒီကားကြည့်သင့်ပါတယ် စလာလာချင်းမှာကို ကိုယ့်ရဲ့အချစ်ဆုံးလေးက မင်္ဂလာဆောင်ဖိတ်စာမှာကိုယ်မဟုတ်တဲ့တခြားယောကျာ်းတစ်ယောက်နာမည်နဲ့ လာဖိတ်ပြီး သူများနဲ့ညားတဲ့ငါ့ရည်းစားဇာတ်ကို အခင်းခံလိုက်ရတဲ့ အာဂျွန်…ဘဝမှာတစ်ချို့အမှားတွေက ပြန်ပြင်လို့မရသလို ရှေ့ဆက်တိုးဖို့လေးလံလာတဲ့အခါလူတွေကြုံတွေ့ရမဲ့ ခံစားချက် ဆုံးဖြတ်ချက်တွေ နာကြည်းမှု နားလည်မှုတွေကို..ဒီကားကြည့်ရင်း အ‌တွေးတစ်ခုခုကျန်ခဲ့နိုင်တဲ့အထိ ဆွဲခေါ်သွားနိုင်ပါကြောင်း.. အာဂျွန်- ငါ နင့်ကိုစတွေ့ခဲ့တာ ကျောင်းအုပ်ကြီးရုံးခန်းမှာ ငါတို့အတန်းသားအချင်းချင်းစကားများကြလို့ ခေါ်ငေါက်နေတဲ့အချိန်လေ။မြင်မြင်ချင်းအချစ်ရဲ့နောက်မှာ သံယောဇဉ်တွေတစ်ရစ်ချင်း တိုးလို့ချည်နှောင်ရင်း နင့်ကိုချစ်ရေးဆိုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ကံတရားရဲ့ မျက်နှာသာမပေးမှုတွေနဲ့ ငါအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရတယ်.. ဒါပေမဲ့ ငါလက်မလျော့ဘဲမင်းဆီကအချစ်ကပြန်ရဖို့ ကြိုးစားနေတုန်းမှာ ငါမဟုတ်တဲ့ သတို့သားနာမည်နဲ့နင့်ရဲ့မင်္ဂလာဆောင်ဖိတ်စာကို မြင်လိုက်ရတဲ့အခိုက်မှာ ငါ့ကမ္ဘာတစ်ခုလုံးပြိုလဲခဲ့ပါတယ် ချစ်ရသူရယ်..နင်က ငါ့ရဲ့ပထမဆုံးနဲ့ ထာ၀ရတည်ရှိနေမဲ့ တစ်ဦးတည်းသောချစ်သူလေးပါပဲ။ သိပ်ချစ်ကြတဲ့ သူတို့တွေ ဘယ်ဘူတာမှာလွဲခဲ့တာလဲ ပြန်လည်ဆုံစည်းနိုင်ကြမလားဆိုတာကတော့..ရုပ်ရှင်အစမှာတင် ဆွေးရတာကို ပြထားပေမဲ့ ကြည်နူးရတဲ့အချိန်မှာဆွေးရမှာကိုပါ မေ့သွားစေမယ့် တေလေဂူး အချစ်အလွမ်းရုပ်ရှင်လေးကိုချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်ကြည်နူး လွမ်းဆွေးပေးကြပါဦး(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ V~Zwe Yan~Yunni~BpL~Cherry တို့မှခံစားသက်ဝင်ရေးသားထားပါတယ်)...

Take Off (2009) ⭐IMDB: 6.9/10 (974 Votes) 🎬 #Comedy #Drama #Sport 🗓 2009 🎞 movie 📺 #720p #1080p 💿 1.4 GB ⦿ 2.9 GB 🌎 #SouthKorea ⏰ 2 နာရီ 28 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကို နောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစား ပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေး နိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမား အဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။ နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။ အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကို လိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့ စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှ ာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။ နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။ တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့် အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့ သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊ သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေ တွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာ ဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်း ပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။...

Wonderwell (2023) ⭐IMDB: 4.9/10 (206 Votes) 🎬 #Drama #Family #Fantasy 🗓 2023 🎞 movie 📺 #720p #1080p 💿 544.8 MB ⦿ 1.4 GB 🌎 #Italy #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wonderwell (2023)=============== လွယ်လွယ်ပြောရရင် ၁၂ နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့အိမ်ပြန်နိုင်ဖို့ ကြိုးစားတဲ့ဇာတ်လမ်းလေးပေါ့။ ဒါပေမဲ့ ဒီကောင်မလေးမှာ ထူးခြားတာက ပန်းပွင့်လေးတွေနဲ့ ပတ်သက်တဲ့ မှော်အစွမ်းတွေရှိနေတာပါပဲ။ ပန်းပွင့်လေးတွေကို ထိလိုက်တာနဲ့ သူ့ရဲ့လက်မှာ လာရစ်နွယ်သွားပြီး လက်ကောက်လေးတစ်ခုလို ဖြစ်သွားတတ်တယ်။သူကတော့ ဒီအစွမ်းတွေကို လျှို့ဝှက်ထားရင်းနဲ့ပဲ နေလာခဲ့ပါတယ်။တစ်ရက်မှာတော့ စုန်းမကြီးရှိတယ်လို့ နာမည်ကြီးတဲ့ တောအုပ်ကြီးထဲက ရေတွင်းတစ်ခုဆီ ရောက်သွားခဲ့ပြီး အဲဒီရေတွင်းကနေ တခြားကမ္ဘာတစ်ခုဆီ ရောက်ရှိသွားခဲ့ချိန်မှာတော့….ဒီလိုနဲ့ သူ့ရဲ့ အိမ်အပြန်ခရီးစဉ်ကို စတင်ရတော့တာပေါ့။ အိမ်ပြန်နိုင်ဖို့ ကြိုးစားတယ်ဆိုတော့ သူ့မိသားစုက နွေးထွေးတဲ့ မိသားစုလေးမို့လို့နေမယ်လို့ တွေးလိုက်မိရင်တော့ မှားသွားလိမ့်မယ်။ အချိန်ပြည့်ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တဲ့ အဖေဖြစ်သူရယ်၊ အရယ်အပြုံးမရှိတဲ့ အမေဖြစ်သူရယ်၊ မော်ဒယ်ရူးရူးနေတဲ့ အစ်မဖြစ်သူရယ်ဒီသုံးယောက်ရှိတဲ့ အိမ်ကိုပါတဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...

No Bears (2022) ⭐IMDB: 7.3/10 (3 k Votes) 🎬 #Drama #Romance 🗓 2022 🎞 movie 📺 #1080p #720p 💿 2.1 GB ⦿ 854.8 MB 🌎 #Iran ⏰ 1 နာရီ 47 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 No Bears (2022) ~ IMDb – 7.3/10, Rotten Tomatoes – 99% ~ ဒီကားက​တော့ 2022 မှာထွက်ရှိထားပြီး စုံတွဲနှစ်တွဲကြားက အချစ်​အတွက်ရုန်းကန်ရတာ​တွေကို ရိုက်ပြထားတဲ့ ဒရာမာဇာတ်ကား No Bears ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်​က​တော့ ပါဝင်သရုပ်​ဆောင်တဲ့ ဇာတ်​ဆောင် Pahani ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်း​ရေးထားတာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ရွာရဲ့ရိုးရာအရ မိမိချက်ကြိုး​ပေါ်မှာ ​ရေးထိုးထားတဲ့ ​​​ယောက်ျားလေးနာမည်နဲ့သာလက်ထပ်ရမှာဖြစ်တဲ့ ဂျူဇယ်တစ်​ယောက် တခြား​ယောကျာ်း​လေးအ​ပေါ် ​ချစ်မိသွားတဲ့အလာ… တစ်ဖက်မှာ​တော့ ဆိုးဝါးခက်ခဲလှတဲ့ဘဝက​နေလွတ်​မြောက်ဖို့ နယ်​စပ်က​​နေအကြိမ်ကြိမ် ကြိုးစား​ပေမဲ့ တဖက်နိုင်ငံကိုမ​ရောက်ဘဲ တစ်​နေ့ ပတ်စ်ပို့အတု​တွေနဲ့ နိုင်ငံခြားသွားဖို့ အခွင့်အ​ရေးရလာ​ပေမဲ့ တစ်​ယောက်တည်းသာ သွားရမယ်မှန်း ဇာရာသိသွားတဲ့အခါ… မတူညီတဲ့ ​နေရာ​ဒေသ၊ မတူညီတဲ့ ဘဝဖြတ်သန်းမှု​တွေရှိ​နေ​ပေမယ့် တူညီတဲ့အချစ်​ရေးကိစ္စ​တွေရှိ​နေတဲ့ စုံတွဲနှစ်တွဲကို တစ်လှည့်စီ စိတ်ဝင်စားစရာ​ကောင်း​အောင် ရိုက်ပြထားတဲ့ ဒရာမာကား​ကောင်း​​​ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...

Snow, Tea and Love (2021) ⭐IMDB: 5.8/10 (1 k Votes) 🎬 #Comedy #SciFi #ScienceFiction 🗓 2021 🎞 movie 📺 #1080p #720p 💿 801.6 MB ⦿ 1.7 GB 🌎 #Romania ⏰ 1 နာရီ 55 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Snow, Tea and Love (2021)===================IMDb Rating – 5.8/10 Snow..Tea and Love ဆိုတော့ ဖတ်ကြည့်လိုက်ရင် ဘာမှ ဆက်စပ်လို့မရပါဘူး၊ မရဆို လူနာမည်တွေဖြစ်နေတာကိုး။ Snow..နဲ့ Tea တို့က ပြစ်မှုနဲ့ ထောင်ကျပြီး ထောင်ထဲမှာ ဘော်ဒါတွေဖြစ်နေကြပါတယ်။ Love ကတော့ Tea ရဲ့ ဘော်ဒါဖြစ်ပြီး Tea ထောင်မကျခင်တုန်းက အိန္ဒိယမာဖီးယားတစ်ယောက်ဆီမှာ အတူတူအလုပ်လုပ်ကြပါတယ်။ တစ်ရက်မှာ မားဖီးယားဘော့စ်က အလုပ်ခိုင်းဖို့ ရှိလာတော့ Love တစ်ယောက် Tea ကို ထောင်ထဲကထုတ်ဖို့လုပ်ရတော့တာပေါ့။ ဒီလိုနဲ့ ထောင်ဖောက်ဖို့ အစီအစဉ်တွေပြောနေတုန်းမှာပဲ တလွဲတွေဖြစ်ပြီး Tea ကိုထောင်ထဲကထုတ်ဖို့ Love ပါ ထောင်ထဲလိုက်ဝင်ရပါတော့တယ်။ Snow.Tea နဲ့ Love တို့ သုံးယောက်သား ထောင်ဖောက်ဖို့ လုပ်ရာမှာဘာတွေဘယ်လို တလွဲတွေဖြစ်ကြဦးမလဲ၊ ထောင်ကထွက်လာပြီး လုပ်ရမယ့်ကိစ္စမှာလည်း ဘယ်လိုတွေ တိုင်ပတ်ကြဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မတူညီတဲ့ လူသုံးယောက်ရဲ့ မတူညီတဲ့ စရိုက်တွေနဲ့ တလွဲဟာသကားလေးဖြစ်လို့ စိတ်အပန်းဖြေဖို့အတွက် သင့်တော်မယ့် ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Padmini (2023) ⭐IMDB: 6.8/10 (881 Votes) 🎬 #Bollywood #Comedy #Drama #Family #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 768.0 MB ⦿ 1.6 GB 🌎 #India ⏰ 2 နာရီ 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Padmini(2023)‌ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်းကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်းနူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အ‌ရောက်လာရှာပါတော့တယ်။ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။ လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲအချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်းညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, Yunniတို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။...

Your Boyfriend is Mine (2022) ⭐IMDB: 4.4/10 (216 Votes) 🎬 #Thriller #TVMovie #Action 🗓 2022 🎞 tv movie 📺 #720p #1080p 💿 664.9 MB ⦿ 1.6 GB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ထူးထူးဆန်းဆန်း လင်လုတဲ့ဇာတ်ကားလေးပါပဲ။ ဇာတ်ကားနာမည်ကတော့ Your Boyfriend Is Mine ဖြစ်ပြီးတော့ မြန်မာလိုဆိုရင်တော့ နင့်ဘဲကိုငါပိုင်တယ်ပေါ့နော်။ သူဌေးမမကြီးက ပိုက်ဆံအရမ်းလိုနေတဲ့ကောင်လေးကို သူ့ကောင်မလေးဆီက စနိုက်တဲ့အကြောင်းကိုတွေ့ရမှာပါ။ ဘန်ဆိုတဲ့ကောင်လေးတစ်ယောက်က ကျောင်းပြီးအောင်တက်ပြီး ဘွဲ့ရအောင် လုပ်ဖို့အတွက်ပိုက်ဆံ လိုအပ်နေတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူက Gentleman Caller ဆိုတဲ့ကောင်မလေးတွေကို စကားချိုချိုပြောပြီးတော့ စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးရတဲ့အလုပ်တစ်ခုမှာ လုပ်နေတာပဲဖြစ်ပါတယ်။ သူ့မှာ ကယ်လီဆိုတဲ့ကောင်မလေးတစ်ယောက်လဲရှိပြီး သူတို့က နှစ်ကိုယ်တူဘဝကို အတူတူထူထောင်ဖို့ ကြိုးစားနေကြတာပါ။အဲ့ဒီအလုပ်လုပ်လုပ်နေရပေမဲ့လဲ ဘန်အပေါ်မှာကယ်လီက စိတ်ချယုံကြည်ထားတဲ့အတွက်လဲပျော်ရွှင်တဲ့ သမီးရည်းစားစုံတွဲ ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ဘန်ရဲ့ အလုပ်မှာတွေ့ခဲ့တဲ့ သူဌေးမမကြီးတစ်ယောက်က ဘန်ကိုအရမ်းတွေသဘောကျ သွားပြီးတော့ သူ့အိမ်မှာအလုပ်လုပ်ဖို့ပါ ငွေတွေပစ်ပေးပြီးသိမ်းသွင်းခဲ့ပါတော့တယ်။ အဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ စနိုက်ကြော် ဇာတ်ကားလေးပဲဖြစ်ပါတယ်။...

Frost/Nixon (2008) ⭐TMDB: 73.0% User Score 🎬 #Biography #Drama #History 🗓 2008 🎞 movie 📺 #720p #1080p 💿 1011.8 MB ⦿ 2.0 GB 🌎 #UnitedKingdom #France #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 02 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ရုပ်​သံ​တင်​ဆက်ဖျော်ဖြေသူတစ်ယောက်နဲ့ အင်တာဗျူး​ပြီး​ Nixon က​ သူ့ကိုယ်ကျိုးအတွက်အမြတ်ထုတ်ချင်သလို Frost ဘက်ကလည်း​ ဝါးတားဂိတ်​အပါအဝင်​ Nixon ကျူး​လွန်ခဲ့တဲ့​အခြားကိစ္စတွေကို ဒီအင်တာဗျူးမှာဝန်ခံခိုင်းပြီး ပြည်​သူလူထုကို တောင်းပန်စေချင်တာဖြစ်ပါတယ်။ ရည်ရွယ်​ချက်ချင်းမတူတဲ့ သူတို့​နှစ်ယောက်​ အင်​တာဗျူးမှာ​ထိပ်တိုက်တွေ့ချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်​ အသာစီးရဖို့၊ အနိုင်​ပိုင်းဖို့ကြိုးစားကြရင်း အားပြိုင်ကြတာကို ဒီရုပ်ရှင်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီ​ဇာတ်ကားက​ Tony ဆုရရှိခဲ့တဲ့ Frost/Nixon ပြဇာတ်ကို​ ရုပ်​ရှင်အဖြစ်အသက်သွင်းထားတာဖြစ်ပြီး အောင်​မြင်​တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Michael Sheen နဲ့​ Frank Lagella တို့က​ Frost နဲ့​ Nixon အဖြစ်​သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကား​ဆု၊ ဒါရိုက်တာ​ဆုနဲ့ သရုပ်ဆောင်​ဆုအပါအဝင် အော်​စကာ​ဆုငါးဆုအထိ​ ဆန်ခါတင်ရွေးချယ်ခံခဲ့ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်​မှန်​နိုင်​ငံရေး​ဇာတ်​လမ်း​ဆိုပေမဲ့​ ဒရာမာအငွေ့အသက်တွေ​ ထည့်သွင်းထားတဲ့အတွက် ငြီးငွေ့​စရာ​မဆန်ဘဲ ပရိတ်သတ်​ရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ရုပ်ရှင်မျိုးလည်းဖြစ်သလို Nixon နဲ့​ Frost အကြား​အား​ပြိုင်​မှုကို​ လက်​ဝှေ့ပွဲတစ်ပွဲယှဥ်ပြိုင်နေရတဲ့ tension​ မျိုး​ ထည့်သွင်းတင်ဆက်ထားပါတယ်။ သမိုင်း​ထဲက​ ပုဂ္ဂိုလ်​နှစ်ဦးရဲ့ character​ ကို​ ကောင်းမွန်​စွာဖော်ကျူးထားနိုင်တဲ့အတွက်​ ရုပ်​ရှင်ဝေဖန်သူတွေ ချီးကျူး​ခြင်းကိုခံခဲ့ရပါတယ်။ Nixon နေရာမှာ​ သရုပ်ဆောင်​တဲ့​ Lagella ဟာ အော်စကာ Best Actor​ ဆုအတွက် nominee ဝင်ခဲ့ပါတယ်။ နိုင်​ငံ​ရေး​ဒရာမာ​ရုပ်ရှင်​မျိုး​ နှစ်သက်သူတွေအတွက်​ မဖြစ်​မနေကြည့်သင့်တဲ့​ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဝါးတားဂိတ်​လို​ အထင်​ကရဖြစ်ရပ်အကြောင်းကို​လည်း​ အဓိက​ Element အနေနဲ့ထည့်သွင်းထားတဲ့အတွက် သမိုင်း​စိတ်​ဝင်စား​သူတွေလည်း​ ကြည့်ရှုသင့်ပါတယ်။...