ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Bubba Ho-tep (2002)
⭐TMDB: 66.0% User Score
🎬 #Comedy #Fantasy #Horror #Mystery #Thriller
🗓 2002 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bubba Ho-tep (2002)
တစ်ချိန်က နာမည်ကျော် အဆိုတော် အဲလ်ဗစ်စ်ပရက်စလေရော၊ ပရက်စလေ အယောင်ဆောင်ရော၊ သမ္မတ ကနေဒီအယောင်ဆောင်ရော၊ မံမီတွေရော စုံအောင်ပါတဲ့ လူအိုကြီးတွေကားဖြစ်ပါတယ်။
တက္ကဆက်ပြည်အရှေ့ပိုင်းက လူအိုရုံမှာ သူ့ကိုယ်သူ အဲလ်ဗစ်စ်လို့ ဆိုတဲ့ ဆီဘက်ရှန်ဆိုတဲ့ ဘိုးတော်နဲ့ သမ္မတကနေဒီပါလို့ ပြောတဲ့ ဂျက်တို့ နှစ်ယောက်က သူငယ်ချင်းဖြစ်နေပါတယ်။ ဒါအဆန်းတော့မဟုတ်ပါဘူး လူအိုရုံက အဘိုးအဘွားတွေက အနည်းနဲ့အများ စိတ်ပုံမှန်မရှိကြတာများပါတယ်။
ဆီဘက်ရှန်ရဲ့ ဇာတ်လမ်းအရ သူက အဲလ်ဗစ်စ်ဖြစ်ပြီး စတိတ်စင်ပေါ်က ပြုတ်ကျလို့ အနှစ် ၂၀ ကိုမာ၀င်နေခဲ့တာပါတဲ့။ သူအောင်မြင်နေတုန်း ကျော်ကြားမှုကို စိတ်ကုန်သွားလို့ ဆီဘက်ရှန်ဆိုတဲ့ အဲလ်ဗစ်စ်အတုခိုးတဲ့သူနဲ့ စာချုပ်ချုပ်ပြီး ဘ၀ချင်းလဲထားတာပါတဲ့။ သူ့လိုပဲ ဂျက်ကလည်း သူ့ကို လုပ်ကြံနေတဲ့သူတွေဆီက ရှောင်နေတာ၊ သူလူမည်းဖြစ်တာ လူဖြူတွေက သူ့ကို အရောင်ဆိုးပစ်တာဆိုပြီး ဆိုပြန်ပါတယ်။
ပြသာနာက သူတို့လူအိုရုံမှာ တစ်နေ့တခြား သေဆုံးမှုတွေတိုးလာပြီး ဂျက်က အိမ်သာနံရံက အီဂျစ်စာကြောင့် မသင်္ကာလို့ ဆက်စုံစမ်းလေ့လာကြည့်တော့ သူတို့လူအိုရုံက ရှေးဟောင်း အီဂျစ်မံမီကောင်ကြီး ကာလကြာရှည် ဝိညာဉ်စုပ်တဲ့နေရာဖြစ်နေတာ သိသွားပါတယ်။ ဒီလိုနဲ့ သူတို့ဝိညာဉ်အစုပ်မခံရရေး ကာကွယ်ဖို့ ဂျက်နဲ့ ဆီဘက်ရှန်တို့ လူအိုကြီးနှစ်ယောက် မံမီကို ရှင်းဖို့ဘယ်လိုကြံစည် လှုပ်ရှားကြလဲဆိုတာ ဆက်လက်အားပေးလိုက်ပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
And Yet, You Are So Sweet (2023)
⭐IMDB: 6.6/10 (40 Votes)
🎬 #Romance #Drama
🗓 2023 🎞 movie
🌎 #Japan
⏰ 1 နာရီ 39 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
And Yet, You Are So Sweet (2023)
~ IMDb – 6.6/10, MyDramaList – 7.6/10 ~
အထက်တန်းကျောင်း ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ပြီးတော့ တစ်ဖက်သတ်အချစ်ရှိသူတွေ၊ ဒီလိုဇာတ်လမ်းကို သဘောကျတဲ့သူတွေ ကြည့်သင့်တဲ့ ၂၀၂၃ထွက် ဂျပန်ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့ မာယာဆိုတဲ့ ကျောင်းသူလေးက သူသဘောကျနေရတဲ့ Crush ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူက ငကြောင်တစ်ကောင် ဖြစ်နေခဲ့ပြီးတော့ မာယာ့ကို ဆိုးဆိုးရွားရွားငြင်းတဲ့အပြင် SNS မှာပါ ရုပ်ဆိုးမလို့ စာရေးတင်ပြီး အရှက်ခွဲခဲ့ပါတယ်။ ဒီလိုတွေဖြစ်ပြီး နောက်ရက်မှာတော့ ကျောင်းအလာ ရထားပေါ်မှာ သူတို့အတန်းရဲ့ ပျိုတိုင်းကြိုက် ခန့်ချောလေး ချိဂိရနဲ့ဆုံခဲ့ပါတယ်။ ချိဂိရက သူ့ကိုလာကြိုက်တဲ့မိန်းကလေးတွေအပေါ် အေးတိအေးစက်နဲ့ အမြဲငြင်းတတ်တဲ့ကောင်လေးပါ။
အခုအချိန်မှာ မာယာက အသည်းကွဲနေတာမို့ သူ့ကို ချစ်ဟန်ဆောင်ပြီး တစ်ဖက်သတ်အချစ်ဂိမ်းကို ကစားရင်း အရင် Crush ကို မေ့ပစ်ကြည့်ဖို့ ကမ်းလှမ်းလာပါတယ်။ အရင်လူကိုမေ့ဖို့ နောက်လူကို ဟန်ဆောင်အစားထိုးချစ်မဲ့ သူတို့ရဲ့ အချစ်ဂိမ်းက ဘယ်လိုတွေဆက်ဖြစ်သွားမလဲ…။
အချေလေး ချိဂိရကရော ကြေကွဲလူငယ်လေး မာယာကိုမှ ဘာဖြစ်လို့ ဒီလိုလုပ်စေချင်ရတာလဲဆိုတာကိုတော့ ဒီချစ်စရာဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်ရှုနိုင်ပါပြီ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...
Army of One (2020)
⭐IMDB: 4.5/10 (6 k Votes)
🎬 #Action #Thriller
🗓 2020 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အလာဘားမားရဲ့ တောနက်တွေထဲကို စခန်းချခရီးထွက်လာတဲ့ ဒီလွန်နဲ့ ဘရန်နာ ဆိုတဲ့လင်မယားနှစ်ယောက်၊တရားမဝင် မူးယစ်ဆေးနဲ့ လက်နက်တွေ သိုလှောင်ထားတဲ့နေရာတစ်ခုကို မတော်တဆ ရောက်သွားခဲ့ကြပါတယ်။
သူတို့ ထွက်မပြေးနိုင်သေးခင်မှာပဲဂိုဏ်းဝင်တွေက သူတို့နှစ်ယောက်ကိုဖမ်းမိပြီး နှိပ်စက်ခဲ့ရာကနေ အမှားနှစ်ခုလုပ်မိသွားပါတယ်။ ဒီလွန်ကို သတ်လိုက်မိပြီး ဘရန်နာကိုတော့သတ်လိုက်မိပြီလို့ ထင်ခဲ့တာပါပဲ။ အဲ့ဒီဘရန်နာရဲ့ နောက်ကြောင်းကို ကြိုတင်မသိခဲ့တာကတော့ သူတို့ရဲ့ တတိယ အမှားဖြစ်ပါလိမ့်မယ်။စနစ်တကျလေ့ကျင့်ထားတဲ့ ထိပ်တန်းအထူးတပ်ဖွဲ့ဝင်ဟောင်း လက်ဖတင်နင် ဘရန်နာ ဘိတ်ကာဟာ ကျားနာတစ်ကောင်လို ဂိုဏ်းတစ်ခုလုံးနဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်တော့မှာပါ။မထင်ထားပဲ အတော်ကြီးကိုကောင်းနေတဲ့ဇာတ်ကားတစ်ကားပါ၊ ကားရဲ့ အက်ရှင်ခန်းတွေက one-shot ရိုက်ချက်တွေကို တစ်နာရီသာပြင်ဆင်ချိန်ယူပြီးတစ်ကြိမ်တည်းနဲ့အမိအရ ရိုက်ခဲ့တာပါတဲ့။ တကယ်လဲ အဲ့ဒီအက်ရှင်ခန်းတွေက သဘာဝကျပြီး ကြည့်ကောင်းပါတယ်။
IMDb Rating (6.6) ရရှိထားပါတယ်...
Hibang (2023)
⭐IMDB: 8.5/10 (40 Votes)
🎬 #Adult #Thriller #Romance
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 50 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hibang (2023)
အီဆာဆိုတဲ့ကောင်မလေးဟာ ခေါင်းမှာဒဏ်ရာတစ်ခုနဲ့၊ အတိတ်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဗလာနဲ့ လူသူမနီးတဲ့အရပ်ကအိမ်တစ်လုံးမှာ နိုးထလာခဲ့ပါတယ်။ အနားမှာ သူ့ကိုသိပ်ရင်းနှီးတဲ့ပုံနဲ့ ထရစ်စတန်ဆိုတဲ့ လူငယ်တစ်ယောက်ရှိနေပြီး အဲဒီလူငယ်က သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းငါးနှစ်ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ အီဆာနောက်ကိုတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကြောင့် အခုလိုမတော်တဆဒဏ်ရာရပြီး အတိတ်မေ့ခဲ့ရတာဖြစ်ကြောင်း၊ အခုလည်း အဲဒီလူလက်ကနေ လွတ်ဖို့ ဒီလိုလူသူမနီးတဲ့ နေရာတစ်ခုကိုတိမ်းရှောင်နေရကြောင်းရှင်းပြသလို သူတို့ရဲ့အတိတ်က အထောက်အထားတွေကိုလည်း အခိုင်အမာပြပါတယ်။
အီဆာ့စိတ်ထဲမှာ သူ့ကိုရင်းနှီးနေပေမဲ့ ချစ်သူခင်ပွန်းတစ်ယောက်လိုချစ်တဲ့စိတ် နည်းနည်းမှမခံစားမိတာကြောင့် အရာရာကိုသံသယထားနေရင်းက သူ့သံသယကိုခိုင်မာစေတဲ့ ကိစ္စတွေတစ်စစပေါ်လာပါတော့တယ်။
2023 ရဲ့နောက်ဆုံးထွက်အနေနဲ့ အသစ်စက်စက် မင်းသမီးလေးတစ်ယောက်ကို စင်တင်မိတ်ဆက်ပေးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ Rica Gonzales လို့ခေါ်ပြီး အလှအပနေရာမှာတော့ ရှေ့က စီနီယာမမတွေထက်မလျော့သလို တခြားနေရာမှာလည်း တင်းပြည့်ကျပ်ပြည့်ဖြစ်တဲ့အတွက် Vivamax’s Crush အသစ်လေးကို အားပေးရှုစားအကဲဖြတ်ကြရအောင်ပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
The River Wild (1994)
⭐TMDB: 64.0% User Score
🎬 #Adventure #Crime #Thriller #Drama
🗓 1994 🎞 video movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The River Wild (1994)
~ IMDb – 6.5/10, Rotten Tomatoes – 57% ~
ဒီကားလေးကတော့ Adventure Thriller ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ဆိုရင်လည်း Mamma Mia တို့၊ The Devil Wears Prada တို့လိုကားတွေနဲ့ထင်ရှားတဲ့ ဂန္ထဝင်မင်းသမီးကြီး Meryl Streep နဲ့ Thriller ဇာတ်ကားနဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့ Kevin Bacon တို့ဆိုတော့ အရွေးမမှားလောက်စေမယ့်ကားလေးပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ သားအမိသားအဖသုံးယောက် အပျော်တမ်းလှေစီးထွက်လာရင်း လမ်းမှာ သူစိမ်းနှစ်ယောက် ဒုက္ခရောက်နေတာကိုတွေ့လို့ကူညီကြပါတယ်။ ဒါပေမဲ့ အဲဒီသူစိမ်းနှစ်ယောက်က သာမန်လူတွေမဟုတ်ဘဲ ဓါးပြတိုက်ပြီးပြေးလာတဲ့သူတွေဖြစ်နေပါတယ်။ နောက်တော့ သူတို့ရဲ့အသက်ကိုရန်ရှာလာတဲ့နောက်မှာ သူတို့သုံးယောက် တောတောင်အထဲ မြစ်လယ်မှာ မြစ်အန္တရာယ်ကတစ်ဖက် လူဆိုးတွေအန္တရာယ်ကတစ်ဖက် ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ရင်တဖိုဖို စိတ်၀င်တစားကြည့်ရှုရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Calling Sahasra (2023)
⭐TMDB: 0.0% User Score
🎬 #Bollywood #Crime #Horror #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 22 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Calling Sahasra (2023) “ခေါ်သံ”IMDb 8/10
သွေးအိုင်ရဲရဲထဲက ပြတ်ကျနေတဲ့လက်တစ်စုံ အော်ဟစ်နေတဲ့လူတွေရဲ့အသံတွေနဲ့တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ဒီလူတွေအော်ဟစ်သံကိုမြိန်ရေရှက်ရေနဲ့နားသောတဆင်နေကြတဲ့လူ့အဖွဲ့အစည်းကလည်းရှိသကိုးစာရင်းသွင်းပြီးမှသာဒီဝဘ်ဆိုဒ်ထဲဝင်ခွင့်ရှိတဲ့လူ့အဖွဲ့အစည်းတွေကိုခြေရာခံဖို့ကမလွယ်သူတို့ကဒီဝဘ်ဆိုဒ်ကိုလူစီဖာလို့ခေါ်ကြသတဲ့
လူစီဖာရဲ့နှိပ်စက်ခန်းကနေ လွတ်မြောက်လာတဲ့လူတွေရှိပေမဲ့ထရော်မာတွေများနေတာကြောင့်မေးမြန်းလို့မရတော့ ဘဲဥအစရှာမရဖြစ်နေကြတဲ့ပြည်သူတွေ..
အာဂျေးကတော့ အက်ပ်တီထွင်သူတစ်ဦးပါ သူ့ညီမဖြစ်သူက ရဲတွေကိုယ်တိုင်တောင်လုပ်လာတဲ့သက်တမ်းတစ်လျှောက်ဒီလိုရက်စက်တဲ့လူသတ်မှုမျိုးမကြုံဖူးဘူးလို့ပြောရလောက်တဲ့အထိလူမဆန်စွာအသတ်ခံခဲ့ရလို့ တခြားမိန်းကလေးတွေပါဒီလိုဖြစ်မယ်စိုးပြီး ကယ်ဆယ်ရေးဆိုတဲ့အက်ပ်တစ်ခုတီထွင်နေသူပေါ့
ဟိုက်ဒရာဘတ်ကရုံးမှာတာဝန်ကျလို့ ဟိုက်ဒရာဘတ်ဆီပြန်လာရင်းနဲ့လမ်းမှာဆင်းကတ်ဝယ်မိပါတယ်ဒီဆင်းကတ်ကိုရှုထောင့်မျိုးစုံက ရိုက်ပြထားတဲ့ရိုက်ကွင်းကြောင့် ဒီဆင်းကတ်ကဘာများဖြစ်နေမလဲသူ့ဘဝထဲဒီဆင်းကတ်ရောက်လာပြီးတော့မှ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့…
(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Group Sex (2010)
⭐IMDB: 5.0/10 (3 k Votes)
🎬 #Comedy #Romance
🗓 2010 🎞 video movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Group Sex (2010)=============
ခေါင်းစဉ်ကိုကြည့်ပြီး အထင်မလွဲကြပါနဲ့၊ ပျော်စရာကောင်းတဲ့romantic/comedy ကားလေးပါ။ ဒါပေမယ့်ခေါင်းစဉ်နဲ့လိုက်အောင်ပါဝင်တဲ့ အောက်လုံးတွေ တစ်ချို့ပြကွက်တွေကြောင့်တော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။
ဇာတ်လမ်းအကျဉ်းအနေနဲ့ အန်ဒီက အချစ်ကိုကိုးကွယ်တဲ့လူရိုးလေးတစ်ယောက်ပါ။ အချစ်ကိုကိုးကွယ်လွန်းလို့လည်း သူ့ရဲ့ငါးနှစ်တာချစ်သူက လက်ထပ်ပွဲမတိုင်ခင်ကာလလေးမှာ တစ်ခြားတစ်ယောက်နဲ့အိပ်ပြီး သူ့ကိုပစ်သွားတဲ့စိတ်ဒဏ်ရာကိုအခုချိန်ထိခံစားနေရဆဲဖြစ်သလို အလုပ်တူတူလုပ်တဲ့သူငယ်ချင်း ဂျယ်ရီအိမ်မှာကပ်နေရပါတယ်။ သူ့သူငယ်ချင်း ဂျယ်ရီကတော့ မိန်းမတွေကိုဖျော်ဖြေရေးလောက်ပဲသဘောထား ပွေလွန်းရှုပ်လွန်းတဲ့သူဖြစ်ပါတယ်။
တစ်နေ့တော့ စိတ်ညစ်ညစ်နဲ့လမ်းလျှောက်ထွက်လာတဲ့အချိန်တွေ့မိတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းစွဲလန်းရာကနေနောက်ကတစ်ကောက်ကောက်လိုက်ရင်း anonymousmeetings(ဆေး၊အရက်စသည်ဖြင့်စွဲလန်းသူများအချင်းချင်းအားပေးနှစ်သိမ့်အဖြေရှာရာတွေ့ဆုံပွဲ) တစ်ခုကိုရောက်သွားပါတယ်။ သူရောက်သွားတဲ့နေရာကတော့ လိင်ကိစ္စကိုမူးယစ်ဆေးလိုစွဲလန်းနေနသူတွေ အချင်းချင်းအားပေးနှစ်သိမ့်အဲ့ဒီစိတ်ကိုဖျောက်ဖျက်ဖို့ကြိုးစားကြတဲ့နေရာတစ်ခုပါ။ အဲ့ဒီအပြင်သူချစ်မိတဲ့ကောင်မလေးကပါ ဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါ..။
အဲ့ဒီအဖွဲ့ဝင်တွေစိတ်ဝင်စားတဲ့ စွဲလန်းနေတဲ့လိင်ကိစ္စတွေဟာလည်း တကယ့်ကိုကပ်သီးကပ်သပ်ပေါက်ပေါက်ရှာရှာထူးထူးဆန်းဆန်းတွေဖြစ်နေလေတော့ ဒီအဖွဲ့ဝင်တစ်သိုက်နဲ့ အူကြောင်ကြောင် အန်ဒီတို့ ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲ? သူရည်ရွယ်တဲ့ ကောင်မလေးနဲ့ရောအဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက်လက်ရှုစားလိုက်ကြပါ။(supernatural ထဲမှာ Chuck အဖြစ်ပါဝင်ခဲ့တဲ့ Rob Benedictကလည်း ပါဝင်အားဖြည့်ထားပါတယ်)
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Mangalavaaram (2023)
⭐IMDB: 6.8/10 (1 k Votes)
🎬 #Action #Bollywood #Horror #Thriller #Mystery
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 29 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများIMDb – 6.8/10
ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။
ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲမျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။
ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီးအဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။
သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက်မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။
ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ စာတွေရေးတာတွေ့ရပြီး ဘာလို့ ဒီအင်္ဂါနေ့မှာမှ လူတွေ သေရတာလဲ …….သေဆုံးသွားတဲ့သူတွေက သွေးရိုးသားရိုးသေဆုံးရတာမျိုးရော ဟုတ်ရဲ့လား ….ရာဗီနဲ့ စိုင်လူတို့ရဲ့ ငယ်သံယောဇဉ်အချစ်တွေကရော ကြီးလာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ …….ဆိုတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Moon Maidens (2023)
⭐IMDB: 2.3/10 (127 Votes)
🎬 #Comedy #Short #Adult #ScienceFiction #SciFi
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 43 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Moon Maidens (2023)================
အညွှန်းမစခင် ဇာတ်ကားမှာပါဝင်တဲ့လူကြီးပြကွက်တချို့ကြောင့်ကလေးသူငယ်တွေ၊မိသားစုတွေနဲ့ အတူကြည့်ရှုလို့ကောင်းတဲ့ဇာတ်ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ဇာတ်လမ်းအဖွင့်မှာတော့ မက်စ်တစ်ယောက် အိမ်နီးချင်းမိန်းမနဲ့ကုတင်ပေါ်ရောက်နေတာကို အလုပ်ခရီးကနေ စောပြန်လာတဲ့မိန်းမက လက်ပူးလက်ကြပ်သွားတာနဲ့အစပြုထားပါတယ်။ပြဿနာအကြီးအကျယ်တက်မလို့ရှိသေး၊ သူတို့အိမ်နားမှာ ကျလာတဲ့ဥက္ကာခဲအပိုင်းအစကို သူ့မိန်းမက ကောက်ကိုင်လိုက်ရာကနေ အခြေအနေတွေပြောင်းပြန်ဖြစ်သွားတော့တာပါပဲ။
ဖောက်ပြန်လို့စိတ်ဆိုးရမဲ့အစား သူ့မိန်းမက အရမ်းတွေအလိုက်သိပြီး လင်ထိပ်ထားစံပုံစံမျိုးဖြစ်သွားပါတယ်။ ဒါ့အပြင် အဲ့ဥက္ကာခဲအပိုင်းအစကို ဆွဲကြိုးလုပ်ပြီး တခြားမိန်းကလေးတွေကိုပါ လိုက်ဝတ်ခိုင်းရင်း အဲ့မိန်းကလေးတွေပါ ထူးထူးဆန်းဆန်းပြောင်းလဲကုန်တော့တာပါပဲ။ တစ်ဖက်မှာတော့ မက်စ်လုပ်နေတဲ့ ဂြိုဟ်တုစီမံကိန်းကို ခိုးဖို့ကြံနေတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိပါသေးတယ်။ဆက်လက်ပြီး ဇာတ်သိမ်းနဲ့အဖြေကိုသိရအောင် ဇာတ်ကားကိုကြည့်ရှုခံစားလိုက်ကြပါဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Bad Lands (2023)
⭐IMDB: 6.2/10 (131 Votes)
🎬 #Crime #Thriller #Action
🗓 2023 🎞 movie
🌎 #Japan
⏰ 2 နာရီ 24 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bad Land (2023) ရုပ်ရှင်ကားဟာ ဒီတလောကမှ ထွက်ရှိထားတဲ့
ဂျပန် Crime Thriller ရုပ်ရှင်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ဂျပန်တွေက သိတဲ့အတိုင်း တစ်ခုခုဆို ခံစားချက်ပြင်းပြင်းနဲ့ ရိုက်ပြ
တတ်တဲ့သူတွေဖို့ ဒီလိုဇာတ်ကားတွေက အရမ်းကြည့်ကောင်းနေမှာ
အသေအချာပါပဲ။
ဇာတ်လမ်းကျောရိုးလေးကတော့ Neri နဲ့ Jo တို့ အမေတူအဖေကွဲ
မောင်နှမ ၂ ယောက်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Neri ဟာ လက်ရှိ
အချိန်မှာ အိုဆာကာမြို့က အသက်ကြီးသူတွေကို ပစ်မှတ်ထားလိမ်လည်တဲ့
လူလိမ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်နေပြီး သူ့မောင် ဖြစ်တဲ့ Jo ကတော့
ထောင်ကထွက်လာတာ မကြာသေးပါဘူး။ အစ်မဖြစ်သူက မောင်ဖြစ်သူကို
သူ့အလုပ်ထဲ ဆွဲခေါ်ရင်း ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲ ဘယ်လို
ကံကြမ္မာမျိုး ဒီမောင်နှမ ၂ ယောက် ရင်ဆိုင်ရမလဲ။ ဒီလိုအခြေအနေတွေ
ဖြစ်လာစေဖို့ အတိတ်က ဘယ်လိုဖြစ်ရပ်တွေ ရှိခဲ့ကြလဲ ၂ ယောက်သား
စတာတွေကို ၂ နာရီကျော်ကြာပေမဲ့ ခဏလေးလို့ ခံစားစေရလောက်အောင်
ကောင်းတဲ့ဇာတ်ကားထဲမှာ ကြည့်ရှုရမှာ ဖြစ်လို့ Japan ကားကြိုက်သူတွေ
crime ကောင်းကောင်းကြိုက်သူတွေ လုံးဝကြည့်သင့်တဲ့ ဇာတ်ကားလေး
တစ်ကားဖြစ်ပါတယ်ခင်ဗျ။...
黑金古殿 (2023)
⭐TMDB: 90.0% User Score
🎬 #Action #Adventure #Mystery
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 34 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားမှာ Conjuring Curse ရဲ့ပုံစံအတိုင်းပဲလျှို့ဝှက်ဆန်းကြယ်ပုံဆက်ပြီးသွားထားပါတယ်။ထူးဆန်းသတ္တဝါကိုနှင်ဖို့ ရွာသားတွေက မြူနတ်ကိုမျက်ကန်းမိန်းကလေးနဲ့ လက်ထပ်ပူဇော်ဓလေ့တစ်ခုရှိခဲ့တယ်။
ဝူရှဲ၊ ကျန်းချီလင်နဲ့ ဝတုတ်တို့က မြူတွေဆိုင်းနေတဲ့တောင်တစ်ခုမှာထူးဆန်းသတ္တဝါကဒုက္ခပေးနေတယ်ဆိုပြီး အကူအညီတောင်းလာတဲ့အတွက်မြူနှင်းတောင်ကိုရောက်လာခဲ့ကြတယ်။ တောင်ပေါ်ရောက်စမှာပဲမြူတွေထဲမှာမျက်စိလည်ပြီးလမ်းပျောက်ကြတော့တာပဲ။မြူနှင်းတွေကြားမှာဘယ်လို အန္တရာယ်တွေက စောင့်နေမလဲ ……ထူးဆန်းသတ္တဝါရဲ့နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ...
Eat Pray Love (2010)
⭐TMDB: 62.0% User Score
🎬 #Biography #Drama #Romance
🗓 2010 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 26 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Eat, Pray, Love (2010)
2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။
ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်တော့ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့အယ်လိဇဘတ် လစ်ဇ် ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာအောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင်အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲသူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ဒါနဲ့ပဲ သူရဲ့အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီးသူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ဒီနေရာ ၃ ခုကနေ ဘာတွေရှာဖွေတွေ့ရှိမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
အညွှန်းနဲ့ဘာသာပြန်ကတော့Khant Zaw Heinပဲ ဖြစ်ပါတယ်။...
Swathi Mutthina Male Haniye (2023)
⭐TMDB: 100.0% User Score
🎬 #Bollywood #Drama #Romance #Uncategorized
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 39 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Swathi Mutthina Male Haniye (2023) နေဝင်ဆည်းဆာပရယ်ရာနာ
IMDb-7.8/10 တလောကမှ စီအမ်ကတင်ဆက်ပေးထားတဲ့ တိုဘီလူမိုက်ကြီးကိုဒီတစ်ခါ ခေါင်းမာတဲ့ရောဂါသည်ဇာတ်ရုပ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်အနားမှာရှိတဲ့ လူတစ်ယောက်ရဲ့ဘဝနေဝင်ချိန်ကို ပြုစုစောင့်ရှောက်ပေးရတာစိတ်နှလုံးဘယ်လောက်ပင်ပန်းရလဲသိကြမှာပါ
ဘဝနိဂုံးချုပ်ဖို့ ၅ လတောင်မလိုတော့တဲ့လူနာပေါင်းများစွာကိုအကြံပေးဆွေးနွေးနှစ်သိမ့်စောင့်ရှောက်ရတဲ့ ပရယ်ရာနာ….
လူနာတွေရဲ့ နာကျင်ကြေကွဲသံတွေ ကျန်ရစ်သူတွေအပေါ် စိတ်မချနိုင်တဲ့စိတ်တွေနာကျင်လွန်းလို့ အမြန်အဆုံးသတ်ချင်သူတွေ ဒီလူတွေကို နေ့စဉ်နဲ့အမျှ အားပေးနေရတဲ့အပြင်..သူ့ကိုယ်ပိုင်ဘဝမှာလည်း အထီးကျန်ရတာတွေ နွေးထွေးကြင်နာမှုမရတာတွေကိုကြုံတွေ့နေရသူတစ်နေ့မှာတော့ သူတာဝန်ကျဆေးရုံကို ဘာအချက်အလက်မှမပေးချင် သေသွားရင်အလောင်းကိုလမ်းပေါ်သာပစ်ထားလိုက်ဆိုပြီး လက်ကျန်ဘဝအတိုအစကို စီးကရက်တစ်လိပ်နဲ့ အတွေးကြားမျောရင်းကုန်ဆုံးသွားချင်တဲ့လူနာတစ်ယောက်ရောက်လာခဲ့တယ်
ဒီလူနာကို လက်ကျန်ဘဝလေးမှာ တန်ဖိုးရှိရှိဖြတ်သန်းနိုင်ဖို့ ကွယ်လွန်ပြီးနောက်ကောင်းကောင်းစီမံနိုင်ဖို့ပရယ်ရာနာရင်ဆိုင်ရတော့တယ် ဒီနှစ်ယောက်ရဲ့တွေ့ဆုံမှုနဲ့ သူတို့ဘဝတွေ ၊ ရင်ဖွင့်သံတွေကြားကromance drama လှလှလေးတစ်ပုဒ်ကိုခံစားကြည့်ပါဦး ဒီကားက ရုံတင်ငွေသောက်သောက်လဲရပြီးရီဗျူးပေါင်းသောင်းချီနေတာမျိုးမဟုတ်ပေမဲ့ ကြည့်မိတဲ့ပရိသတ်တိုင်းဆီက မှတ်ချက်ကောင်းလေးတွေရထားတာမို့CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်
အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Dust and Ashes (2022)
⭐TMDB: 50.0% User Score
🎬 #Drama
🗓 2022 🎞 tv mini series
🌎 #SouthKorea
⏰ 1 နာရီ 19 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dust and Ashes (2023)
“ဘဝရဲ့မီုးခိုးငွေ့များ”
ဘဝဆိုတာ ရုန်းကန်နေရသူအဖို့ ပြဿနာ အစိုင်အခဲကြီး ဆိုပေမဲ့အဆုံးသတ်သွားတဲ့လူကတော့ မီးသင်္ဂြုလ်ပြာချပြီးတဲ့အချိန်မှာ ပြာမှုန်တွေပဲ ချန်ခဲ့ပါတယ်။
ကျန်ခဲ့တဲ့ပြာမှုန်တွေကို ပိုက်ထွေးပြီး သူထားရစ်ခဲ့တဲ့တဲ့ အခိုးအငွေ့တွေကိုရှင်သန်ရတဲ့လေအဖြစ် ရှူရှိုက်အသုံးချနိုင်ဖို့ ကျန်ရစ်သူတွေက ကြိုးစားရပါတယ်။
ဒီဇာတ်ကားမှာတော့ အဓိက ဇာတ်ကောင်အမျိုးသမီး ဟယ်ဆူးကမိသားစုအတွက် အလုပ်မျိုးစုံလုပ်ပြီး တစ်နေကုန် ရုန်းကန်လှုပ်ရှားနေရသူပါ။တစ်နေ့မှာတော့ သူမရဲ့မိခင်ဖြစ်သူက ဆွဲကြိုးချပြီး သတ်သေသွားခဲ့ပါတယ်။အမေဖြစ်သူထားခဲ့တဲ့ အသက်အာမခံကြေး ရရှိဖို့ စုံစမ်းသူ နဲ့ အာမခံကုမ္ပဏီကြားသူ ဘာတွေ လှုပ်ရှားရတယ်ဆိုတာ ကြည့်လိုက်ကြပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့SanDaKuuပဲ ဖြစ်ပါတယ်။...
October Sky (1999)
⭐TMDB: 76.0% User Score
🎬 #Biography #Drama #Family
🗓 1999 🎞 tv series
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
“ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား”
အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။
ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို အာကာသထဲ လွှတ်တင်လိုက်နိုင်ပြီဆိုတဲ့ သတင်းကိုကြားပြီး ဒုံးပျံတည်ဆောက်ချင်စိတ်တွေ တဖွားဖွားပေါ်သွားတယ်။ ဒီလိုနဲ့ ဟိုမာနဲ့အတူ အိုဒဲလ် ကွင်တန် နဲ့ ရွိုင်လီတို့ဟာ ဒုံးပျံသိပ္ပံနဲ့ လားလားမှမအပ်စပ်တဲ့မြို့ငယ်လေးမှာ ဒုံးပျံတွေကိုအားမပေးတဲ့ ဟိုမာရဲ့အဖေဖြစ်သူရဲ့ ဆန္ဒကိုလွန်ဆန်ပြီး မလျှော့တဲ့ဇွဲနဲ့ လက်လုပ် အပျော်တမ်းဒုံပျံအသေးစားလေးတွေကို တည်ဆောက်ကြရင်းကနေ တစ်ချိန်မှာ ဒီလူငယ်လေးဦးရဲ့အနာဂတ်ဟာ ဘယ်လိုများပြောင်းလဲသွားမလဲ။
ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ မကြုံတွေ့ခဲ့ရဖူးတဲ့ ၁၉၅၀ခုနစ်များရဲ့ အောက်မေ့ဖွယ်ရာငယ်ဘ၀ကို ပြန်လည်ခေါ်ဆောင်သွားပေးလိမ့်မယ်။ အောင်မြင်သူဉာဏ်ကြီးရှင်တို့ရဲ့ စေ့ဆော်မှု မလျှော့တဲ့ ဇွဲ လုံ့လ တွေကိုမီးမောင်းထိုးရိုက်ကူးပြထားတယ်။ အားတက်စရာ အတုယူစရာရုပ်ရှင်ကောင်းဖြစ်တာမလို့ ကလေးလူကြီးမရွေး ကြည့်ရှုဖို့သင့်တဲ့ရုပ်ရှင်ဖြစ်တယ်။ ဟိုမာနေရာမှာသရုပ်ဆောင်ထားတဲ့ Donnie Darko, Southpaw, The Covenant အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေရဲ့ သရုပ်ဆောင် Jake Gyllenhaal ဟာ ဒီရုပ်ရှင်ထဲမှာ အသက် ၁၇နှစ်အရွယ်သာ ရှိပါသေးတယ်။ စ လယ် ဆုံး အပြစ်ပြောစရာမရှိဘဲ ဇာတ်လမ်းအဆုံးအထိ ကြည့်ရှုသူရဲ့စိတ်အာရုံကို ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာမလို့ သေချာပေါက် မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။...
Archie (2023-2023)
⭐IMDB: 7.1/10 (1 k Votes)
🎬 #Drama #Biography
🗓 2023-2023 🎞 tv mini series
🌎 #UnitedKingdom
⏰ 48 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Archie (2023)Archie (2023) Complete Mini Series
Your browser does not support the video tag.~ IMDb – 7.1/10, Rotten Tomatoes – 72% ~ ဒီမီနီစီးရီးကတော့ Cary Grant အကြောင်းသက်သက်ပါပဲ။ Cary Grant အကြောင်းသက်သက်ဆိုပေမဲ့ Cary Grant ကတော့ တော်ရုံတန်ရုံမည်ကာမတ္တတော့ မဟုတ်ချေဘူး။ Classic Hollywood Cinema ရဲ့ ထိတ်ထိတ်ကြဲမင်းသားတွေထဲက တစ်ယောက်။ ဟောလိဝုဒ်ရွှေခေတ်ရဲ့ ဒုတိယမြောက်အကြီးကျယ်ဆုံး အမျိုးသားသရုပ်ဆောင်လို့ ခေါ်တွင်ရတဲ့လူ။ ပထမနေရာမှာတော့ Humphrey Bogart က ယူထားပြီး ဒီစာရင်းမှာ Marlon Brando က ၄၊ Gone with the Wind မင်းသား Clark Gable က ၇၊ ချာလီချက်ပလင်က ၁၀ ဆိုတော့ ဂရန့်ရထားတဲ့နေရာက ဘယ်လောက်ကြီးကျယ်လဲ ပြောစရာတောင်မလိုပါဘူး။ နောက် Cary Grant ဟာ Master of Suspense လို့ခေါ်တွင်ကြတဲ့ အဲဖရက်ဟစ်ကော့ရဲ့ သဘောအကျဆုံး မင်းသားလည်းဟုတ်တယ်။ ဒီစီးရီးထဲလည်း သူနဲ့ဟစ်ကော့ ဘယ်လောက်ထိ ရင်းနီးတဲ့ ဆက်ဆံရေးမျိုးရှိကြောင်း သေချာပြထားတယ်။ ဟစ်ကော့ဟာ ဂရန့်နဲ့ Suspicion (1941), Notorious (1946), To Catch a Thief (1955) နဲ့ North by Northwest (1959) လေးကား ရိုက်ဖူးတယ်။ နောက် ကာရီဂရန့်ဟာ ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကြီးကျယ်ဆုံး နံပါတ်တစ်မင်းသမီးလို့ သမုတ်ကြတဲ့ Katharine Hepburn နဲ့ James Stewart တို့နဲ့အတူတူ တွဲဖက်ပြီး The Philadelphia Story ဆိုတဲ့ ရုပ်ရှင်ကိုလည်း ရိုက်ခဲ့ဖူးတယ်။ Katharine Hepburn နဲ့ တခြားကားတွေလည်းရိုက်ခဲ့ဖူးသလို ဟောလိဝုဒ်ရွှေခေတ်ရဲ့ နာမည်ကြီးဒါရိုက်တာ တော်တော်များများနဲ့ ရိုက်ခဲ့ဖူးတယ်။ ဒါကတော့ သူ့ရဲ့ကြီးကျယ်ခြင်းတွေပေါ့။ ဒါပေမဲ့ စီးရီးမှာကျ သူ့ကြီးကျယ်ခြင်းတွေကို ပြဖို့လည်းမလိုဘူးမို့ သူ့ကြီးကျယ်ခြင်းတွေအကြောင်းတော့ မယ်မယ်ရရ သိပ်မပြထားဘူး။ အဲဒီအစား သူ့ရဲ့ ငယ်ဘဝထရော်မာတွေကနေ ကာရီဂရန့်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဖြစ်တည်လာခြင်းကိုပဲ ရိုက်ပြထားတယ်။ အာချီလိချ်လို့ခေါ်တဲ့ အင်္ဂလန်က သာမန်တောင်မဟုတ်တဲ့ အမေက အရူးထောင်ရောက်၊ အဖေက နောက်မိန်းမယူသွားလို့ မကြည်နေတဲ့ အဘွားနဲ့သွားကပ်နေရတဲ့ ကောင်လေးတစ်ယောက်ရဲ့ဘဝကနေ စပြထားတယ်။ ဒီကနေမှ အားလုံးစွန့်ပစ်တာခံခဲ့ရတဲ့ အာချီလိချ်ပေါက်စလေးကနေ ဆပ်ကပ်၊ ပြဇာတ်၊ သရုပ်ဆောင်လောကကို ကူးလာတဲ့ အာချီလိချ်အငယ်လေးရဲ့ ဘဝကို ဆက်ပြသွားတယ်။ နောက်ပိုင်းတော့ အာချီလိချ်ကနေမှ ကာရီဂရန့်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ကို သူအသက်သွင်းခဲ့ပုံကိုပြတယ်။ ကာရီဂရန့်ကို ဇာတ်ကောင်တစ်ကောင်လို သုံးရတာက အာချီကိုယ်တိုင်လည်း ကာရီဂရန့်ဟာ လူတိုင်းဖြစ်ချင်ကြတဲ့လူမျိုး လူတိုင်းပိုင်ဆိုင်ချင်တဲ့ ဘဝမျိုးနဲ့လူမျိုးလို့ ဆိုခဲ့တယ်။ ကာရီဂရန့်ကို သူက ဇာတ်ကောင်တစ်ကောင်လို့လည်း ဆိုခဲ့တယ်။ ကာရီဂရန့်ဆိုတဲ့လူဖြစ်လာအောင် သူအသက်သွင်းထားရတယ်ပေါ့။ ကာရီဟာ အာချီအတွက် ဇာတ်တစ်ကောင်လို ဘဝမျိုးပဲ။ အာချီဟာ သူအာချီဆိုတာကို ကျောခိုင်းမေ့ပစ်ပြီး ကာရီဂရန့်ဆိုတဲ့ နာမည်ကျော်မင်းသားဘဝမှာပဲ ရှင်သန်နေခဲ့တယ်။ တစ်နေ့မှာ သူ့အတိတ်က သူ့ကို တံခါးလာခေါက်လာတယ်။ ကာရီဂရန့်ဆီကို အာချီဟာရောက်လာတယ်။ ဒီလိုနဲ့ အမေရိကန်က နာမည်ကျော်မင်းသား ကာရီဂရန့်ဟာ အာချီဆိုတဲ့ကောင်လေးနေခဲ့ဖူးတဲ့ကမ္ဘာကို ပြန်တီးခေါက်မိရာက အာချီဘဝနဲ့ကာရီဘဝကြား သူလွန်ဆွဲရပုံတွေကို ပြထားတယ်။ ကာရီဂရန့်ရဲ့ဘဝကိုက အတက်အကျပေါင်းများစွာနဲ့ ဒရာမာဆန်နေတာဆိုတော့ အာချီဇာတ်လမ်းဟာ ဒရာမာဇာတ်လမ်းလို့ထင်နေရတာလည်း အံ့ဩစရာတော့မရှိဘူး။ ဒါပေမဲ့ အာချီဟာ ကာရီဂရန့်ရဲ့ ဖြစ်ရပ်မှန်ကိုပဲ ရိုက်ပြထားတဲ့ မီနီစီးရီးပါပဲ။ ဟောလိဝုဒ်ရွှေခေတ်ထဲက ဟိုးအောက်ဆုံးဘဝငရဲကနေ တစ်ခေတ်ရဲ့တစ်ယောက်တွေထဲက တစ်ယောက်ဖြစ်လာတဲ့အထိ တက်လှမ်းလာခဲ့တဲ့ နာမည်ကျော်မင်းသားတစ်ယောက်အကြောင်းဆိုရင်လည်း မမှားဘူး။ ဇာတ်လမ်းကတော့ ကောင်းပါပေ့ညွန့်ပါပေ့လို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့လည်း ဟောလိဝုဒ်ရွှေခေတ် ရုပ်ရှင်တွေနဲ့ မစိမ်းတဲ့လူတွေအတွက်နဲ့ အဲဒီခေတ်က ရုပ်ရှင်တွေရဲ့ ပရိသတ်တွေအတွက်တော့ အာချီဟာ လွမ်းစရာအတန်အသင့်ကောင်းစေမယ့် စီးရီးပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်)...
Yellowstone (2018- )
⭐IMDB: 8.7/10 (201 k Votes)
🎬 #Western #Drama
🗓 2018- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 49 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yellow Stone (2018) Season-1+2+3+4+5
Your browser does not support the video tag.Cowboyဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက်အစိမ်းသက်သက် မဖြစ်လောက်သလို ဒီဘက်ခေတ်ရဲ့ westernကောင်းဘွိုင်seriesတွေထဲမှာ ဇာတ်အိမ်ခိုင်ပြီး လူကြိုက်များတဲ့Yellowstone ဆိုတဲ့ Seriesကြီးကို စတင်တင်ဆက်လိုက်ပါပြီ။Yellowstoneဆိုတဲ့နာမည်ကို CMပရိသတ်တွေအနေနဲ့ အရှေ့မှာတင်ဆက်ခဲ့ဖူးတဲ့ Prequelစီးရီးဖြစ်တဲ့1883မှာ ရင်းနှီးခဲ့ဖူးမှာပါ။အခုစီးရီးကတော့ အဲဒီထဲက ဒပ်တန်မိသားစုရဲ့ မျက်မှောက်ခေတ်ကောင်းဘွိုင်ဘဝကို ကြည့်ရှုရမှာပါ။Oscarနဲ့ Emmyဆုရှင် မင်းသားကြီး Kevin Costner က ဒပ်တန်မိသားစုရဲ့အိမ်ထောင်ဦးစီး ဂျွန်ဒပ်တန်အဖြစ် ပါဝင််ထားတာဖြစ်ပြီးIMDb 8.7, RT 85%အထိ ရရှိထားပါတယ်။ ဒီစီးရီးက နိုင်ငံတကာကောင်းဘွိုင်ဇာတ်ကားပရိသတ်တွေကြား အတော်ရေပန်းစားသလိုအောင်မြင်မှုလည်း ကြီးတာမို့ လက်ရှိမှာSeason 5အထိ ရောက်ရှိနေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်ရဲ့အကြီးဆုံး မွေးမြူရေးခြံဖြစ်တဲ့ မွန်တားနားပြည်နယ် ရဲလိုးစတုန်းမ်ခြံကြီးရဲ့ ပိုင်ရှင် ဒပ်တန်မိသားစုအကြောင်းကို အသားပေးထားတာ ဖြစ်ပါတယ်။ မိသားစုရဲ့အိမ်ထောင်ဦးစီးဖြစ်တဲ့ ဂျွန်ဒပ်တန်ဟာ သူပိုင်တဲ့ခြံကြီးကို ဦးစီးရင်းခြစားမှုတွေနဲ့လက်ဝါးချင်းရိုက်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ ဒေသခံသစ်လုပ်ငန်းရှင်တွေ ကန်ထရိုက်လုပ်ငန်းရှင်တွေ၊ မြို့ပြတိုးချဲ့ရေးအကြောင်းပြ ပြည်သူပိုင်သိမ်းယူလိုမှုတွေ၊ နယ်မြေချင်းဆက်နေတဲ့အင်ဒီးယန်းတွေနဲ့ကာလရှည်မသင့်မြတ်မှုတွေ၊ မိသားစုပဋိပက္ခတွေကြားထဲက ခြံကြီးကို မဆုံးရှုံးရအောင် ကြိုးစားထိန်းသိမ်းပုံတွေကိုကြည့်ရှူရမှာပါ။ဒီစီးရီးဟာ ကောင်းဘွိုင်ဇာတ်တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံရေးနဲ့စီးပွားရေး၊ ဥပဒေရေးရာ အားပြိုင်မှုတွေ၊ တစ်ဘက်နဲ့တစ်ဘက်ရဲ့ခေါင်းတုံးပေါ် ထိပ်ကွက်မှုတွေ၊ လျင်သူစားကြေး ဉာဏ်ရည်ချင်းအားပြိုင်မှု၊ လက်ရုံးချင်းအားပြိုင်မှု စသဖြင့် ရသမျိုးစုံပေးနိုင်တဲ့စီးရီးဖြစ်ပြီး ဇာတ်လမ်းတင်ဆက်ပုံကလည်း အတော်ကြမ်းတာမို့ကောင်းဘွိုင်series ကြိုက်သူတွေအတွက် တမျှော်မျှော်ဖြစ်စေမဲ့Seriesပဲဖြစ်ပါတယ်။...
The Techniques of Fighting (2019)
⭐TMDB: 15.0% User Score
🎬 #Action
🗓 2019 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 12 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Art of Fighting (2020)
ဂွန်းဝူက ငယ်ရွယ်စဥ်ကတည်းက တိုက်ကွမ်ဒိုကို သင်ယူခဲ့သူဖြစ်ပြီးတိုက်ကွမ်ဒိုပြိုင်ပွဲမှာ ဝင်ပြိုင်ရာမှ ဒိုင်လူကြီး၏ မမျှတမှုကြောင့်ဒိုင်လူကြီးကို ပြန်ခံပြောရင်း သူ့ရဲ့တိုက်ကွမ်ဒိုအားကစားသမားဘဝကို အဆုံးသတ်ခဲ့ရပါတယ်။
ဒေါ်လေးဖြစ်သူနဲ့ နေထိုင်တဲ့ ဂွန်းဝူဟာ ငယ်ငယ်တည်းက သင်ယူခဲ့ရတဲ့ အားကစားကို စွန့်လွှတ်ပြီးသာမန်အထက်တန်းကျောင်းသားအဖြစ် စာသင်ယူဖို့ ကျောင်းပြောင်းလာခဲ့ရပါတယ်။တိုက်ကွမ်ဒိုကို စွန့်လွှတ်ပြီး ရိုးရိုးကျောင်းတက်ရင်း အေးအေးဆေးဆေးနေထိုင်ချင်တဲ့ ဂွန်းဝူအတွက်တော့ ကျောင်းအသစ်က ဆုံးဖြတ်ချက်မှားတစ်ခုပါပဲ။
ဂွန်းဝူရဲ့ကျောင်းအသစ်မှာ ကျောင်းသားချင်း ပိုက်ဆံလု၊ ရိုက်နှက်အနိုင်ကျင့်တဲ့ အုပ်စုဆိုပြီး တစ်ဖွဲ့သက်သက်ရှိပြီးအဲဒီအုပ်စုရဲ့ခေါင်းဆောင်နေရာကို အတိုက်အခိုက်အတော်ဆုံးသူက ရရှိတဲ့သဘောပါ။
ကျောင်းသားသစ်ဆိုပြီး ဂွန်းဝူကို အနိုင်ကျင့်ချင်တဲ့ အဲဒီအဖွဲ့က ဂွန်းဝူကို သွေးတိုးလာစမ်းပေမဲ့သူတို့ထက်တော်တဲ့ ဂွန်းဝူနဲ့ တွေ့တဲ့အချိန်မှာတော့ သူတို့ပဲ ပညာပြန်ပေးခံလိုက်ရပြီးဂွန်းဝူက ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ရပ်တန့်သွားအောင် ကြိုးစားတဲ့ ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Kppksပဲ ဖြစ်ပါတယ်။...
What Is Love? (2018)
⭐IMDB: 6.5/10 (604 Votes)
🎬 #Drama #Romance
🗓 2018 🎞 movie
🌎 #Japan
⏰ 2 နာရီ 5 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Just Only Love (2019)
“အချစ်ဆိုတာ ဘာလဲ”
သူ အထီးကျန်နေတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လားသူ ဝမ်းနည်းတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လား
ပေးဆပ်ခြင်းက အချစ်လားပိုင်ဆိုင်ရမှ အချစ်လား။
ဒီလိုမျိုး အချစ်ရဲ့အဓိပ္ပာယ်ကို ဇာတ်အေးအေးလေးနဲ့ညွှန်းဆိုဖော်ပြသွားမှာကတော့၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Just Only Love ဆိုတဲ့ ဂျပန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။
တာနက,မာမိုရုကို တစ်ဖက်သတ်ချစ်နေရတဲ့ ယာမဒ,တဲရုကို နဲ့ယိုကို,ကို တစ်ဖက်သတ်ချစ်နေရတဲ့ နာကဟာရ တို့ရဲ့ ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦးနော်
အညွှန်းနဲ့ဘာသာပြန်ကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်။...
What Is Love? (2018)
⭐IMDB: 6.5/10 (604 Votes)
🎬 #Drama #Romance
🗓 2018 🎞 movie
🌎 #Japan
⏰ 2 နာရီ 5 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Just Only Love (2019)
“အချစ်ဆိုတာ ဘာလဲ”
သူ အထီးကျန်နေတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လားသူ ဝမ်းနည်းတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လား
ပေးဆပ်ခြင်းက အချစ်လားပိုင်ဆိုင်ရမှ အချစ်လား။
ဒီလိုမျိုး အချစ်ရဲ့အဓိပ္ပာယ်ကို ဇာတ်အေးအေးလေးနဲ့ညွှန်းဆိုဖော်ပြသွားမှာကတော့၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Just Only Love ဆိုတဲ့ ဂျပန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။
တာနက,မာမိုရုကို တစ်ဖက်သတ်ချစ်နေရတဲ့ ယာမဒ,တဲရုကို နဲ့ယိုကို,ကို တစ်ဖက်သတ်ချစ်နေရတဲ့ နာကဟာရ တို့ရဲ့ ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦးနော်
အညွှန်းနဲ့ဘာသာပြန်ကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်။...
