uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Wreck (2022- ) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Comedy #Horror #Mystery #Thriller 🗓️ 2022- 🎞️ Series 📺 1080p FHD 🌎 #UnitedKingdom ⏰ 48 မိနစ် 10 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wreck (2022)Wreck (2022) Season 01 Complete  ~ IMDb – 6.5/10, Rotten Tomatoes – 64% ~ လျှို့ဝှက်ဆန်းကြယ်တွေ စွန့်စားခန်းတွေ ကြိုက်သူတွေအတွက်တော့ ဒီစီးရီးက အပန်းဖြေကြည့်ဖို့ တန်မယ့်ထဲပါ,ပါတယ်… ဒါ့အပြင် ဇာတ်လမ်းအဆုံးမှာ သင်္ဘောတက်ချင်စိတ် သင်္ဘောသား လုပ်ချင်စိတ် ပျောက်သွားပါလိမ့်မယ်။ ဇာတ်လမ်းအစမှာတော့ ဂျေမီဆိုတဲ့ ကောင်လေးတစ်ယောက် ဗီလိုရမ်ဆိုတဲ့ နွေရာသီ အပျော်စီး သင်္ဘောကြီးပေါ်ကို အလုပ်သမားတစ်ယောက်အနေနဲ့ လိုက်ပါလာခဲ့တယ်။ ဒီသင်္ဘောပေါ်က သင်္ဘောသားအဖွဲ့ကိုတော့ ဆာခရေမန်တမ်လို့ ခေါ်တယ်။ ဒါပေမဲ့ ဂျေမီဟာ ဒီနေရာကို အလုပ်လုပ်ရုံသက်သက်ရောက်လာခဲ့သူ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ လလောက်က သူ့အစ်မ ဖြစ်သူ ပစ်ပါဟာလည်း ဒီသင်္ဘောပေါ်ကို တက်သွားခဲ့ပါတယ်။ နောက်တော့ ဗီလိုရမ်ကနေတစ်ဆင့် သူ့အစ်မဟာ သင်္ဘောပေါ်က ခုန်ချသွားခဲ့တယ်လို့ ဆက်သွယ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျေမီဟာ ဒါကို မယုံပါဘူး။ ဒါကြောင့် သူဟာ ဒီသင်္ဘောပေါ်ကို ကောမက်ခ်ဆိုတဲ့ လူတစ်ယောက်အဖြစ် လိုက်ပါခဲ့ပြီး အကြောင်းစုံသိရဖို့ အဖြေရှာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်္ဘောပေါ် ရောက်ရောက်ချင်းမှာပဲ ဒီသင်္ဘောရဲ့ သဘောသဘာဝဟာ ကြော်ငြာထဲကလို မဟုတ်ဘဲ ကွဲပြားနေတဲ့အပြင် သူ့အစ်မရဲ့ အဖြစ်နဲ့ ဆက်စပ်နိုင်တဲ့ ရုတ်တရက် လူတစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးမှုတွေ ဖြစ်လာတဲ့အခါ ပဟေဠိတွေ များလှတဲ့ သင်္ဘောကြီးပေါ်မှာ ဂျေမီ ဘာတွေ ဆက်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှား ကြည့်ရှုပေးကြပါဦးခင်ဗျာ… (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Act Molemy ပဲဖြစ်ပါတယ်)Size ~ 500MB+

In His Shadow (2023) ⭐IMDB: 4.6/10 (243 Votes) 🎬 #Crime #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #France #UnitedStates ⏰ 1 နာရီ 31 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 In His Shadow(2023) ******************** Ibrahim ဆိုတဲ့ကောင်လေးဟာ တစ်ဦးတည်းသောသားလေးမို့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရတဲ့ ကလေးတစ်ယောက်ပေါ့…ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့အပျော်တွေအားလုံး ပျောက်ဆုံးရမယ့်နေ့ ရောက်ရှိလာပါတယ် … Osumane ဆိုတဲ့ သူ့ရဲ့အဖေဟာ ခရီးတစ်ခုထွက်သွားရာကနေ ပြန်အလာမှာ မိန်းမမတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်… အဲ့ဒီမိန်းမဟာ သူ့ရဲ့မိထွေး သူ့အဖေရဲ့ နောက်မိန်းမပေါ့…အဲ့ဒီကတည်းက ပြဿနာတွေတက်နေခဲ့ပေမယ့် သူ့ရဲ့မိထွေးက ကလေးမွေးလာတဲ့ အခါမှတော့ သူဟာ ဖခင်မေတ္တာကို ရသင့်သလောက်မရနိုင်တော့ပါဘူး…အဲ့ဒီလိုပြဿနာတွေကြောင့် လုပ်မိလုပ်ရာ လုပ်ရာကနေ လူမိုက်နီးပါးကိုဖြစ်လာပါတော့တယ်.. ဒါကိုသိသွားတဲ့ သူ့အဖေက သူ့ကို အိမ်ပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်…အိမ်ပေါ်ကနေ ဆင်းသွားပြီးတော့ သူဘာတွေဆက်လုပ်မလဲ.. သူ့မိထွေးကမွေးတဲ့ သူ့အဖေတူအမေကွဲညီလေးနဲ့ရော ဘယ်လိုဆက်ဆံရေးတွေ ရှိမလဲဆိုတာကိုတော့…

Fairy (2022) ⭐TMDB: 50.0% User Score 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #SouthKorea ⏰ 1 နာရီ 20 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fairy (2022) တစ်ရပ်ကွက်တည်း နေထိုင်တဲ့ အိုချောနဲ့ ယောန်နန်တို့ လက်ထပ်ဖြစ်ခဲ့ကြတယ်ကိုယ်ပိုင်ကော်ဖီဆိုင်အသီးသီးဖွင့်ထားကြတဲ့ လင်မယား၂ယောက် စီးပွားရေးအဆင်မပြေတာကြောင့်အိမ်တွင်းရေးအဆင်မပြေဖြစ်နေတဲ့ကြားကတစ်ရက်မှာ အရက်မူးပြီးကားမောင်းရင်း ကောင်လေးတစ်ယောက်ကို တိုက်မိခဲ့တယ်အဖမ်းခံရမှာကြောက်တာကြောင့် အမည်မသိကောင်လေးကို အိမ်ခေါ်တင်ထားခဲ့တယ်မထင်မှတ်ဘဲဆုံခဲ့တဲ့ ‘ဆော့’ ဆိုတဲ့ကောင်လေးက အိုချောဆိုင်မှာဝိုင်းလုပ်ပေးရင်းအိုချောရဲ့စီးပွားရေးက တဖြည်းဖြည်း အဆင်ပြေလာခဲ့တယ် ဒါကို ယောန်နန်ကလည်း ရိပ်မိလာပြီး ဆော့လေးကို သူ့ဆီမှာ အလုပ်ခေါ်ခိုင်းဖို့ကြိုးစားလာတယ်နောက်ပိုင်း အိုချောကပါ ယောန်နန်ရဲ့ အကြံတွေကိုသိလာပြီးသူတို့ လင်မယား၂ယောက်ကြားမှာ ဘယ်လိုပြဿနာတွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေရှိလာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပါ Fairy ဆိုတဲ့ နာမည်လေးအတိုင်း ကောင်လေးရဲ့ သရုပ်အမှန်ကကော ဘာဖြစ်မလဲ?ဒီဇာတ်လမ်းထဲမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် Ryoo Hyoun Kyoung, Kim Jo Hun, Kim ShinBi တို့က ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Hsu Wai Wai Kyawပဲ ဖြစ်ပါတယ်။

The Magician (2015) ⭐IMDB: 5.8/10 (690 Votes) 🎬 #Drama #Fantasy #Romance 🗓️ 2015 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 2 နာရီ 3 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Magician(2015) ****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။ Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက် ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲက သမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။ တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့် ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့ မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့……………

5000 Blankets (2022) ⭐IMDB: 6.1/10 (156 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 5000 Blankets (2023) IMDb ~ 6.3 တက္ကဆက်ပြည်မြောက်ပိုင်း ဖို့တ်ဝေါ့သ်မှာ အိမ်ခြေရာမဲ့တွေကို ကူညီပေးနေတဲ့ “Philip’s Wish” ဆိုတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ ရှိပါတယ်။အိမ်ခြေရာမဲ့တွေကို စောင်၊ စားစရာနဲ့ အခြေခံ လူသုံးပစ္စည်းတွေ သိန်းနဲ့ချီပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးပါ။ အဲဲဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့သူတွေကတော့ စင်ဒီနဲ့ဖေးလ်လစ်ဆိုတဲ့ သားအမိနှစ်ယောက်ပါ။ ဒီသားအမိက စိတ်ကစဉ့်ကလျား ရောဂါဖြစ်ပြီး အိမ်က ထွက်သွားတဲ့ စင်ဒီရဲ့ယောကျာ်း၊ ဖေးလ်လစ်ရဲ့အဖေ ဘော်ဘီကို လိုက်ရှာဖို့ ကြိုးစားရင်းဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့တွေရဲ့ ညတာရှည်ပြီး ချမ်းအေးလှတဲ့ ဘဝကို သိရှိခဲ့ရပါတယ်။ ဘော်ဘီလည်း သူတို့လို ဖြစ်နေမလားဆိုတဲ့စိတ်နဲ့ ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့ ၅၀၀၀ ထောင်ကျော်အတွက်စောင်တွေ လိုက်ဝေပေးဖို့ စိတ်ကူးမိရာကနေ ဒီဖောင်ဒေးရှင်းကြီး ပေါ်ပေါက်လာတာပါ။ ဒီဇာတ်လမ်းက အဲဒီဖြစ်ရပ်မှန်ကို အသက်သွင်းပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းက Plot twist တွေလည်း မရှိသလို တင်ပြပုံကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ဒါပေမဲ့ အကြင်နာတရား ကင်းမဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာချစ်ခြင်းမေတ္တာတွေလည်း ရှိသေးကြောင်း လှလှပပ ပုံဖော်ပြထားပါတယ်။ဖြစ်ရပ်မှန်လည်း ဖြစ်တာကြောင့် အသက်ဝင်ပြီး တစိမ့်စိမ့်ကြည့်ရင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားမျိုးပါ။ စင်ဒီတို့သားအမိ ဘော်ဘီကို ရှာတွေ့ခဲ့လားဆိုတာကို ဇာတ်ကားထဲမှာ အဖြေရှာရင်းမေတ္တာတရားနဲ့ ယုံကြည်ချက်တွေအကြောင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။

The Magician (2015) ⭐IMDB: 5.8/10 (690 Votes) 🎬 #Drama #Fantasy #Romance 🗓️ 2015 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 2 နာရီ 3 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Magician(2015) ****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။ Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက် ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲက သမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။ တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့် ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့ မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့……………

5000 Blankets (2022) ⭐IMDB: 6.1/10 (156 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 5000 Blankets (2023) IMDb ~ 6.3 တက္ကဆက်ပြည်မြောက်ပိုင်း ဖို့တ်ဝေါ့သ်မှာ အိမ်ခြေရာမဲ့တွေကို ကူညီပေးနေတဲ့ “Philip’s Wish” ဆိုတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ ရှိပါတယ်။အိမ်ခြေရာမဲ့တွေကို စောင်၊ စားစရာနဲ့ အခြေခံ လူသုံးပစ္စည်းတွေ သိန်းနဲ့ချီပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးပါ။ အဲဲဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့သူတွေကတော့ စင်ဒီနဲ့ဖေးလ်လစ်ဆိုတဲ့ သားအမိနှစ်ယောက်ပါ။ ဒီသားအမိက စိတ်ကစဉ့်ကလျား ရောဂါဖြစ်ပြီး အိမ်က ထွက်သွားတဲ့ စင်ဒီရဲ့ယောကျာ်း၊ ဖေးလ်လစ်ရဲ့အဖေ ဘော်ဘီကို လိုက်ရှာဖို့ ကြိုးစားရင်းဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့တွေရဲ့ ညတာရှည်ပြီး ချမ်းအေးလှတဲ့ ဘဝကို သိရှိခဲ့ရပါတယ်။ ဘော်ဘီလည်း သူတို့လို ဖြစ်နေမလားဆိုတဲ့စိတ်နဲ့ ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့ ၅၀၀၀ ထောင်ကျော်အတွက်စောင်တွေ လိုက်ဝေပေးဖို့ စိတ်ကူးမိရာကနေ ဒီဖောင်ဒေးရှင်းကြီး ပေါ်ပေါက်လာတာပါ။ ဒီဇာတ်လမ်းက အဲဒီဖြစ်ရပ်မှန်ကို အသက်သွင်းပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းက Plot twist တွေလည်း မရှိသလို တင်ပြပုံကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ဒါပေမဲ့ အကြင်နာတရား ကင်းမဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာချစ်ခြင်းမေတ္တာတွေလည်း ရှိသေးကြောင်း လှလှပပ ပုံဖော်ပြထားပါတယ်။ဖြစ်ရပ်မှန်လည်း ဖြစ်တာကြောင့် အသက်ဝင်ပြီး တစိမ့်စိမ့်ကြည့်ရင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားမျိုးပါ။ စင်ဒီတို့သားအမိ ဘော်ဘီကို ရှာတွေ့ခဲ့လားဆိုတာကို ဇာတ်ကားထဲမှာ အဖြေရှာရင်းမေတ္တာတရားနဲ့ ယုံကြည်ချက်တွေအကြောင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။

Eden (2012) ⭐IMDB: 6.6/10 (9 k Votes) 🎬 #Crime #Drama #Thriller 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Eden (2012) ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ခင်ဗျားဆီက စုတ်ပြတ်သတ်နေတဲ့ လူတစ်ယောက် အကူအညီလာတောင်းတယ်ထား။ ခင်ဗျားလည်း ဒီလူဘာတုန်းလို့ အရင်တွေးမိကြမှာပဲ။ဘာမဟုတ်တဲ့ကိစ္စလေးတွေအတွက် သူစိမ်းဆီ အကူအညီတောင်းမိရင်တောင် သံသယနဲ့အကြည့်ခံရတဲ့ကမ္ဘာပဲမလား။လူကုန်ကူးတဲ့ကောင်တွေက ဒီအထာတွေနပ်တော့ အရလိုက်ဖမ်း ခင်ဗျားတို့ဝင်ပါရင်ခင်ဗျားတို့ပါ ဒုက္ခရောက်သွားမယ် ဘာညာ ပြောပြီး ခြောက်လိုက်ရင် ကြောက်သွားကြတာချည်းပါပဲ။ ဒီတော့ မလွတ်နိုင်တဲ့ ကောင်မလေးဟာ ဒီသံသရာကြီးထဲ ရှင်သန်ခဲ့ရတယ်။လိင်ကိစ္စအတွက်ရောင်းစားတာ , ဆေးရောင်းတာ , ကလေးရောင်းတာ စစသဖြင့် မကောင်းမှုမျိုးစုံကို တစ်စထက်တစ်စ ခရေစေ့တွင်းကျ သူမြင်လာခဲ့ရတယ်။လူကုန်ကူးတဲ့လူတွေက သူတို့လို လူကုန်ကူးခံရတဲ့လူအချင်းချင်းကြားမှာ အချစ်တော်လေးမွေး ဒလန်လေးထည့်ပေးထားတတ်တယ်။သူတို့မလွတ်နိုင်တာ သေချာအောင် ထပ်ပြီးကစားလိုက်တာပေါ့။ အဖမ်းခံရတဲ့ကောင်မလေးဟာ သူရှင်သန်ဖို့အတွက် လိုက်လျောညီထွေနေရင်းဒီထက်ပိုနက်နဲတဲ့ မကောင်းမှုတွေကြားရောက်လာတယ်။ သူကိုယ်တိုင်လည်း သူတို့ထဲကတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ဒီလိုနဲ့ အခြေအနေတစ်ခုကိုရောက်လာခဲ့တဲ့အခါ သူ့အသိစိတ်နဲ့ရှင်သန်ချင်စိတ် ဘယ်ဟာက ပိုတာသွားမလဲ ကြည့်ရမယ့် ဝမ်းနည်းစရာဇာတ်လမ်းပါပဲ။ အညွန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။

Ping Pong: The Triumph (2023) ⭐IMDB: 6.6/10 (96 Votes) 🎬 #Drama 🗓️ 2023 🎞️ Movie 📺 480p SD 🌎 #China ⏰ 2 နာရီ 18 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတစ်ခေါက် CM က ပရိသတ်တွေအတွက် Ping Pong The Triumph ဆိုတဲ့အားကစားရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- 1990 ပြည့်နှစ်အစောပိုင်းနှစ်တွေမှာတရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲဟာ ဆွီဒင်အဖွဲကိုအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ ၃ နှစ်ဆက်တိုက် ချန်ပီယံဖလားနဲ့ဝေးကွာခဲ့တဲ့ ပင်ပေါင်အဖွဲဟာ ရှုံးနိမ့်မှုကြီးနဲ့ ကြုံနေရပါတယ်။ တိုက်မင်ကျားက ဦးဆောင်တဲ့ နည်းပြအဖွဲ အသစ်ကိုတရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲကို ပြုပြင်ပြောင်းလဲပေးဖိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့1995 ခုနှစ် ထျန်းကျင်းနိုင်ငံတကာပင်ပေါင်ပြိုင်ပွဲမှာ ချန်ပီယံဆွဲနိုင်ရန် ဖြစ်ပါတယ်။ နိုင်ငံတော်ပင်ပေါင်နည်းပြချုပ်အသစ်ဖြစ်သူ တိုက်မင်ကျားကနည်းပြချုပ်ရွေးချယ်ပွဲမှာ ” ၂ နှစ် ၁၀ နှစ်မလိုဘူး” ဆိုတဲ့ စကားကြီးစကားကျယ်ပြောပြီးနောက်……၂ နှစ်အတွင်းမှာ အမျိုးသားပင်ပေါင်အဖွဲကို ချန်ပီယံအဖြစ်လေ့ကျင့်ပေးနိုင်မလား……နိုင်ငံတော်အဖွဲထဲကိုရော ဘယ်လို အားကစားသမားတွေ ဝင်လာမလဲ ……ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ကြဦးနော်။

Ping Pong: The Triumph (2023) ⭐IMDB: 6.6/10 (96 Votes) 🎬 #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 2 နာရီ 18 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတစ်ခေါက် CM က ပရိသတ်တွေအတွက် Ping Pong The Triumph ဆိုတဲ့အားကစားရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- 1990 ပြည့်နှစ်အစောပိုင်းနှစ်တွေမှာတရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲဟာ ဆွီဒင်အဖွဲကိုအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ ၃ နှစ်ဆက်တိုက် ချန်ပီယံဖလားနဲ့ဝေးကွာခဲ့တဲ့ ပင်ပေါင်အဖွဲဟာ ရှုံးနိမ့်မှုကြီးနဲ့ ကြုံနေရပါတယ်။ တိုက်မင်ကျားက ဦးဆောင်တဲ့ နည်းပြအဖွဲ အသစ်ကိုတရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲကို ပြုပြင်ပြောင်းလဲပေးဖိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့1995 ခုနှစ် ထျန်းကျင်းနိုင်ငံတကာပင်ပေါင်ပြိုင်ပွဲမှာ ချန်ပီယံဆွဲနိုင်ရန် ဖြစ်ပါတယ်။ နိုင်ငံတော်ပင်ပေါင်နည်းပြချုပ်အသစ်ဖြစ်သူ တိုက်မင်ကျားကနည်းပြချုပ်ရွေးချယ်ပွဲမှာ ” ၂ နှစ် ၁၀ နှစ်မလိုဘူး” ဆိုတဲ့ စကားကြီးစကားကျယ်ပြောပြီးနောက်……၂ နှစ်အတွင်းမှာ အမျိုးသားပင်ပေါင်အဖွဲကို ချန်ပီယံအဖြစ်လေ့ကျင့်ပေးနိုင်မလား……နိုင်ငံတော်အဖွဲထဲကိုရော ဘယ်လို အားကစားသမားတွေ ဝင်လာမလဲ ……ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ကြဦးနော်။

Supercell (2023) ⭐IMDB: 4.5/10 (320 Votes) 🎬 #Action #Adventure #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 42 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Supercell (2023)============ လတ်တလော အသစ်ထွက်ရှိလာတဲ့ထဲကမှ Best CinematographyAward အပါအဝင် ဆုသုံးဆုထိ ရရှိထားတဲ့ action and adventureဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ သိပ္ပံပညာရဲ့ နက်ရှိုင်းမှုတွေ၊ သဘာဝတရားကြီးရဲ့ ဆန်းကြယ်မှုတွေကိုသည်းထိပ်ရင်ဖို ကြည့်ရှု့သွားရမှာဖြစ်ပြီး လေ့လာမှတ်သားစရာတွေလည်း ပါဝင်နေတာဖြစ်လို့ ဇာတ်လမ်းကြည့်ရင်း win-win အခြေအနေတစ်ခုကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဝီလီယမ်ဘရိုဒီဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ဆုံးပါးသွားပြီဖြစ်တဲ့ သူ့ရဲ့ဖခင်ဖြစ်သူ ဘေလ်ဘရိုဒီတစ်ဖြစ်လဲ ဒဏ္ဍာရီလာမုန်တိုင်းမုဆိုးတစ်ဦးရဲ့ အဆုံးမရှိတဲ့ အိပ်မက်တွေနောက်ကို လိုက်ဖို့ ကြိုးစားတဲ့ စွန့်စားခန်းတစ်ခုပါပဲ။ အဲဒီစွန့်စားခန်းမှာအသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်တဲ့ မုန်တိုင်းတွေ၊ လေဆင်နှာမောင်းတွေ တစ်လုံးပြီးတစ်လုံး ကြုံတွေ့ရပြီး အသက်ရှင်ကျန်ရစ်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို သည်းထိပ်ရင်ဖို တွေ့မြင်သွားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)

Eo-lin hyeong-soo 2 (2017) ⭐IMDB: 5.5/10 (33 Votes) 🎬 #Adult #Drama #Romance 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 1 နာရီ 11 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ၁၈ယောက်ပေါင်းပြီးမှကြည့်ချင်တယ်ဆိုတဲ့ ယောက်ျားထုကြီးအတွက် Good Model 2 ဆိုတဲ့ ကိုရီးယားကားလေးတင်ဆက်ပေးလိုက်ပါတယ်ဗျ။ ကိုရီးယား ၁၈+ ကားအများစုရဲ့ထုံးစံအတိုင်း ဇာတ်လမ်းကတော့ မသန်းပေါ့ဗျာ။ ဇာတ်လမ်းအကြောင်းကိုထွေထွေထူးထူးတစ်သီတစ်တန်းကြီး ညွှန်းမနေတော့ဘဲ အကျဉ်းရုံးလေးပဲပြောပြလိုက်တော့မယ်။ ဘာလို့လဲဆိုတော့ The Handmaiden လို သီဖွဲ့နေရမယ့်ဇာတ်ကားမျိုးလည်းမဟုတ် ဒီလိုကားကြည့်လည်း အများစုက ကောင်းခန်းကိုကျော်ကြည့်ကြတာကိုး :3 ။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုးလ်မြို့မှာနေတဲ့အစ်မဖြစ်သူဟာ အိမ်ထောင်ရေးအဆင်မပြေတာကြောင့် ယောက်ျားအိမ်ပေါ်ကဆင်းပြီး ညီမဖြစ်သူရဲ့အိမ်ကိုသွားနေပါတော့တယ်။ ညီမရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းငြိဆိုသလို တစ်အိမ်တည်းအတူနေ ယောက်ျားတစ်ယောက်နဲ့ ငြိစွန်းဖို့အကြောင်းဖန်လာပါတော့တယ်။ ဒီလို စိုင်ကော်လို့ခြုံပေါ်ရောက်သွားတဲ့ နှစ်သီးစားလေးကံကောင်းသူမောင်ရှင်ကတော့ ညီမရဲ့ရည်းစားဖြစ်သူ ပုံဆွဲဆရာလေးမောင်လူအေးပဲဖြစ်ပါတယ်။ ဒီလိုမျိုးအိမ်ထောင်သည်အစ်မဖြစ်သူနဲ့ ညီမရဲ့ရည်းစားတို့ အထိအတွေ့ကိုမလွန်ဆန်နိုင်ဘဲ ငြိစွန်းကြပြီး သောက်လေသောက်လေ ငတ်မပြေဆိုတဲ့အတိုင်း ကာမဂုဏ်အာရုံမှာ ဘယ်လိုမွေ့လျော်ကြတယ်ဆိုတာကို အကွက်ပေါင်းစုံနဲ့ ကြည့်ရှုသူရင်ထဲ ကျလိကျလိဖြစ်အောင် ရိုက်ကူးပြီးတင်ဆင်ထားပါတယ်။

Most Eligible Bachelor (2021) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 24 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating(7.1) ရည်းစား စဖြစ်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အရမ်း​ ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲHoneymoon period ​ပေါ့အချိန်ကြာတွဲလာရင်း အိမ်​ထောင်သည်ဘဝ ကူး​ပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူ​တွေ ဘယ်​လောက်ရှိမလဲတချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူး​လေ​နော့အိမ်​ထောင်သက်ကြာလာ​လေ​လေ မိသားစုအ​ရေး စီးပွား​ရေး လူမှု​ရေးကိစ္စ​တွေကြားမှာ မချစ်​တော့တာမဟုတ်​ပေမယ့် မချစ်ပြတတ်ကြ​တော့ပါဘူးCM ပရိသတ်ကြီးတို့​​ကော “အိမ်​ထောင်သည်ဘဝက​နေ ဘာတွေများ​မျှော်လင့်ထားကြပါသလဲ”​ပျော်ရွှင်​သောအိမ်​ထောင်​ရေးဖြစ်​အောင် ဘယ်လို​နေထိုင်ရမလဲဆိုတာကို သိချင်ရင်​တော့ ဒီကား​လေးကို ကြည့်သင့်ပါတယ်။ အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီး​လောင်း အ​ယောက် ၂၀နဲ့လိုက်​တွေ့ရမယ့် ဟာရှာ…ပထမသတို့သမီး​လောင်းက​တော့ သူ့အလိုကျ လိုက်​လျောညီ​ထွေ​နေ​ပေးတတ်လွန်းတဲ့ မိန်းက​လေး…မိဘ​တွေက တခြားသတို့သမီး​လောင်း​တွေ အားလုံး​တွေ့ပြီးမှ ​​ရွေး​စေချင်တာ​ပေါ့… အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံ​လေးရယ် ဇာတာခွင်ရယ်ကို သတို့သမီး​လောင်း ​နောက်တစ်​ယောက်ရဲ့အ​ဖေဖြစ်သူဆီကို သွား​ပေးရင်း ဓါတ်ပုံ​ပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းက​လေးနဲ့ ​ဆုံဖို့ကံပါ​လာတော့တယ်…ထိုမိန်းက​လေးနဲ့​တွေ့ပြီး​နောက် ဟာရှာတစ်​ယောက် သူ့ရဲ့ ဘဝလက်တွဲ​ဖော်ဆီက ဘာကိုလိုချင်ရမှန်း မသိ​အောင် စိတ်ရှုပ်သွားပါ​တော့တယ် သူ့အတွေးအမြင်တွေအကုန်လုံး ပြောင်းလဲကုန်ပါတယ်။ ကောင်မလေးနဲ့ စကားပြောရတာတွေ၊ အတူသွား အတူလာတဲ့အချိန်တွေမှာ သူပျော်ရွှင်နေခဲ့တယ်။ သတို့သမီး​လောင်း​တွေ လိုက်​တွေ့​နေ​ပေမယ့်လည်း စိတ်မပါ​တော့တဲ့ ဟာရှာ တစ်​ယောက် ဖြစ်​ပေါ်လာတဲ့ အထင်လွဲပြဿနာတွေကို ဖြေရှင်းပြီး ချစ်တဲ့သူနဲ့ပဲ မင်္ဂလာဆောင်မှာလား၊ လူပျိုကြီးပဲလုပ်သွားမလား၊ မိဘပေးစားတဲ့သူနဲ့ပဲ ညားမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာပဲ ကြည့်ရှုကြဖို့ ညွှန်းဆိုပါရစေ…။

Adbhutham (2021) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Bollywood #Romance #Sci-Fi #Drama #SciFi 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 22 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Abdhutham 2021IMDb (8/10) Your Name Animated Movie လေးလာပါပြီ 😛 Japan Anime ကားဖြစ်တဲ့ Your name ကို Inspiration ယူထားပုံရတဲ့ တမီးလ်အချစ်ဇာတ်လမ်းလေးပါပဲ။ တမီးလ်အချစ်ကားလေးတွေ ဘယ်လောက်ရိုလဲကတော့သိပ်ညွှန်းနေစရာလည်းလိုမယ်မထင်ပါဘူး။ ၂၀၁၄ ခုနှစ်က ဗန်နလာဆိုတဲ့ကောင်မလေးနဲ့ ၂၀၁၉ ခုနှစ်က ကောင်လေးဆူရာတို့ဟာTime slip (အချိန်ချွတ်ချော်တိမ်းစောင်းမှု) ဖြစ်နေတဲ့ sim card လေးတစ်ကတ်ကနေ ဆက်သွယ်မိသွားကြပါတယ်။ မမြင်ရတဲ့ ဆက်သွယ်မှုတွေကြားမှာ သူတို့တစ်ယောက်ကိုတစ်ယောက် ငြိတွယ်သွားကြမလားတစ်ယောက်အခက်အခဲကိုတစ်ယောက်ဖြေရှင်းနိုင်မလားဒီကိစ္စတွေရဲ့အစ ဆင်းကတ်လေးကရော ဘာလို့ Time Slip ဖြစ်သွားရတာလဲ၊၂၀၁၄ ကဗန်နလာလေးက ၂၀၁၉ ကဆူရာလေးကို တွေ့ခွင့်ရော ရမှာလား၊ ထူးဆန်းရှုပ်ထွေးလှတဲ့ဇာတ်ကွက်တွေ‌ကို တစ်ကွက်ချင်းဘယ်လိုရှင်းချသွားမလဲဆိုတာစိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ရင်တဖိုဖိုကြည့်ရမယ့်ဇာတ်ကားကောင်းလေးပါ..။

Most Eligible Bachelor (2021) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Bollywood #Drama #Romance 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 24 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating(7.1) ရည်းစား စဖြစ်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အရမ်း​ ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲHoneymoon period ​ပေါ့အချိန်ကြာတွဲလာရင်း အိမ်​ထောင်သည်ဘဝ ကူး​ပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူ​တွေ ဘယ်​လောက်ရှိမလဲတချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူး​လေ​နော့အိမ်​ထောင်သက်ကြာလာ​လေ​လေ မိသားစုအ​ရေး စီးပွား​ရေး လူမှု​ရေးကိစ္စ​တွေကြားမှာ မချစ်​တော့တာမဟုတ်​ပေမယ့် မချစ်ပြတတ်ကြ​တော့ပါဘူးCM ပရိသတ်ကြီးတို့​​ကော “အိမ်​ထောင်သည်ဘဝက​နေ ဘာတွေများ​မျှော်လင့်ထားကြပါသလဲ”​ပျော်ရွှင်​သောအိမ်​ထောင်​ရေးဖြစ်​အောင် ဘယ်လို​နေထိုင်ရမလဲဆိုတာကို သိချင်ရင်​တော့ ဒီကား​လေးကို ကြည့်သင့်ပါတယ်။ အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီး​လောင်း အ​ယောက် ၂၀နဲ့လိုက်​တွေ့ရမယ့် ဟာရှာ…ပထမသတို့သမီး​လောင်းက​တော့ သူ့အလိုကျ လိုက်​လျောညီ​ထွေ​နေ​ပေးတတ်လွန်းတဲ့ မိန်းက​လေး…မိဘ​တွေက တခြားသတို့သမီး​လောင်း​တွေ အားလုံး​တွေ့ပြီးမှ ​​ရွေး​စေချင်တာ​ပေါ့… အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံ​လေးရယ် ဇာတာခွင်ရယ်ကို သတို့သမီး​လောင်း ​နောက်တစ်​ယောက်ရဲ့အ​ဖေဖြစ်သူဆီကို သွား​ပေးရင်း ဓါတ်ပုံ​ပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းက​လေးနဲ့ ​ဆုံဖို့ကံပါ​လာတော့တယ်…ထိုမိန်းက​လေးနဲ့​တွေ့ပြီး​နောက် ဟာရှာတစ်​ယောက် သူ့ရဲ့ ဘဝလက်တွဲ​ဖော်ဆီက ဘာကိုလိုချင်ရမှန်း မသိ​အောင် စိတ်ရှုပ်သွားပါ​တော့တယ် သူ့အတွေးအမြင်တွေအကုန်လုံး ပြောင်းလဲကုန်ပါတယ်။ ကောင်မလေးနဲ့ စကားပြောရတာတွေ၊ အတူသွား အတူလာတဲ့အချိန်တွေမှာ သူပျော်ရွှင်နေခဲ့တယ်။ သတို့သမီး​လောင်း​တွေ လိုက်​တွေ့​နေ​ပေမယ့်လည်း စိတ်မပါ​တော့တဲ့ ဟာရှာ တစ်​ယောက် ဖြစ်​ပေါ်လာတဲ့ အထင်လွဲပြဿနာတွေကို ဖြေရှင်းပြီး ချစ်တဲ့သူနဲ့ပဲ မင်္ဂလာဆောင်မှာလား၊ လူပျိုကြီးပဲလုပ်သွားမလား၊ မိဘပေးစားတဲ့သူနဲ့ပဲ ညားမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာပဲ ကြည့်ရှုကြဖို့ ညွှန်းဆိုပါရစေ…။

Quills (2000) ⭐IMDB: 7.2/10 (55 k Votes) 🎬 #Adult #Biography #Drama 🗓️ 2000 🎞️ Movie 📺 720p HD 🌎 #UnitedKingdom #Germany #UnitedStates ⏰ 2 နာရီ 4 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Quills ( က​လောင်​တံများ) IMDB – 7.3ခရမ်​းချဉ်​သီး – ၇၅ လုံး ဒီပုံပြင်​မှာ ဘယ်​သူက မတရားတာလဲ။ * တစ်​စက်​မှ အဓိပ္ပါယ်​မရှိတဲ့ ဘဝကြီးမှာသူခံစားရသလို ​ရေးချပြီး သူ​သေပြီးတဲ့​နောက်​တစ်​စုံတစ်​ရာ ချန်​ခဲ့ချင်​တဲ့ စာ​ရေးဆရာအရူးတစ်​​ယောက်​….။ * ​မေတ္တာတရား ခွင်​့လွှတ်​ခြင်​းကို အ​လေးထားတဲ့ခရစ်​ယာန်​ ဘုန်​း​တော်​ကြီး တစ်​​ယောက်​….။ * အရူး​တွေကို သူ့နည်​းသူ့ဟန်​နဲ့ နှိပ်​စက်​ပြီးကုသတတ်​တဲ့ ​ဒေါက်​တာ တစ်​​ယောက်​..။ ကျွန်​​တော်တို​့ ကြားဖူးတဲ့ စကားလိုပါပဲလှံသွား ဓားသွား မြှားသွားထက်​က​လောင်​သွားထက်​တယ်​တဲ့..။လိင်​မှု ကိစ္စ​တွေကို အပွင့်​လင်​းဆုံး ​ရေးထားပြီးဂုဏ်​သိက္ခာ​တွေ စည်​း​တွေ မပါပဲလူ့​လောကကြီးကို အရိုးသားဆုံး အမြင်​နဲ့​ရေးသားခဲ့တဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့​ရေးသားမှု​တွေဟာ တစ်​ချို့လူ​တွေရဲ့ဆုံးဖြတ်​ချက်​​တွေကို သက်​​ရောက်​​စေခဲ့ပါတယ်​။ ဒါ့အပြင်​ အဲ့​ခေတ်​အဲ့ဒီအခါအ​နေနဲ့ညစ်​ညမ်​းလွန်​း​နေပြန်​ပါတယ်​။ဒီ​တော့ သူ့ကို နည်​းမျိူးစုံနဲ့ စာမ​ရေး​အောင်​ထိန်​းသိမ်​းရပါတယ်​။ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ စာ​ရေးချင်​စိတ်​ပန်​းချီဆရာတစ်​​ယောက်​ရဲ့ ပန်​းချီဆွဲချင်​စိတ်​ဒါ​တွေကို ဘယ်​တံတိုင်​း​တွေကမှ တားဆီးမရပါဘူး။ ဒီ​တော့ သူ ရ​အောင်​ ​ရေးပြီးနည်​းမျိုးစုံနဲ့ အပြင်​ထုတ်​ခဲ့ပါတယ်​။သူဟာ လူ​ကောင်​းတစ်​​ယောက်​ မဟုတ်​ခဲ့ပါဘူးကိုယ်​့ကိုယ်​ထဲက ​သွေးနဲ့ပါ​ရေးခဲ့တဲ့သူ့အနုပညာ ဘဝကိုဒီမှော်ရုံတောထဲ နှစ်မြှပ်ထားတဲ့ အနုပညာသမားစစ်​စစ်​ဆိုတာ က​တော့မမှားပါဘူး။ ဒီဇာတ်​လမ်​းမှာ သူဟာ စိတ်​ကျန်​းမာ​ရေး ​ဆေးရုံကအရူးပါ။ ကျွန်​​တော်​့အမြင်​မှာ​တော့ သူ မရူးခဲ့ပါဘူး။ ​လောကကြီးမှာ အ​ကောင်​း​ရော အဆိုး​ရော ရှိပါတယ်​။အ​ကောင်​းမြင်​တက်​တဲ့လူက​ကောင်​းတယ်​ ထင်​ပြီးအဆိုးမြင်​တက်​တဲ့ လူက ဆိုးရွားတယ်​ ထင်​ပါမယ်​။ ဒီပုံပြင်​မှာ​ရောခင်​ဗျားတို့က ဘယ်​သူ့ကို ဆိုးတယ်​ထင်​ပြီးဘယ်​သူ့ကို ​ကောင်​းတယ်​ ထင်​ကြမှာပါလဲ…။ ဒီပုံပြင်​ဟာက​လောင်​တံကို မှင်​အိုးထဲ အဆုံးထိနှစ်​ပြီးမသာယာတဲ့ ​လောကကြီးမှာလွတ်​လပ်​မှုကို ရှာ​ဖွေခဲ့တဲ့ လူတစ်​​ယောက်​အ​ကြောင်​းပါ။ သရုပ်​​ဆောင်​​တွေ…ဇာတ်​အိိမ်​​တွေ..စကားလုံး​တွေ….အကုန်​လှပတဲ့ ဇာတ်​လမ်​းတစ်​ပုဒ်​ပါ။ဒီ​တော့ စာမျက်​နှာ​လေးကို စလှန်​ကြည်​့လိုက်​ကြပါ။ R-Rated ဖြစ်လို့ တချို့အခန်းတွေကတော့ မိသားစုနဲ့မကြည့်သင့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ပါ။)

Adbhutham (2021) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Bollywood #Romance #Sci-Fi #Drama #SciFi 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 22 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Abdhutham 2021IMDb (8/10) Your Name Animated Movie လေးလာပါပြီ 😛 Japan Anime ကားဖြစ်တဲ့ Your name ကို Inspiration ယူထားပုံရတဲ့ တမီးလ်အချစ်ဇာတ်လမ်းလေးပါပဲ။ တမီးလ်အချစ်ကားလေးတွေ ဘယ်လောက်ရိုလဲကတော့သိပ်ညွှန်းနေစရာလည်းလိုမယ်မထင်ပါဘူး။ ၂၀၁၄ ခုနှစ်က ဗန်နလာဆိုတဲ့ကောင်မလေးနဲ့ ၂၀၁၉ ခုနှစ်က ကောင်လေးဆူရာတို့ဟာTime slip (အချိန်ချွတ်ချော်တိမ်းစောင်းမှု) ဖြစ်နေတဲ့ sim card လေးတစ်ကတ်ကနေ ဆက်သွယ်မိသွားကြပါတယ်။ မမြင်ရတဲ့ ဆက်သွယ်မှုတွေကြားမှာ သူတို့တစ်ယောက်ကိုတစ်ယောက် ငြိတွယ်သွားကြမလားတစ်ယောက်အခက်အခဲကိုတစ်ယောက်ဖြေရှင်းနိုင်မလားဒီကိစ္စတွေရဲ့အစ ဆင်းကတ်လေးကရော ဘာလို့ Time Slip ဖြစ်သွားရတာလဲ၊၂၀၁၄ ကဗန်နလာလေးက ၂၀၁၉ ကဆူရာလေးကို တွေ့ခွင့်ရော ရမှာလား၊ ထူးဆန်းရှုပ်ထွေးလှတဲ့ဇာတ်ကွက်တွေ‌ကို တစ်ကွက်ချင်းဘယ်လိုရှင်းချသွားမလဲဆိုတာစိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ရင်တဖိုဖိုကြည့်ရမယ့်ဇာတ်ကားကောင်းလေးပါ..။

My Friend's Older Sister (2016) ⭐IMDB: 7.6/10 (81 Votes) 🎬 #Adult #Asian #Comedy #Drama #Romance 🗓️ 2016 🎞️ Movie 📺 480p SD 🌎 #SouthKorea ⏰ 1 နာရီ 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရွယ်မရောက်သူများ လုံးဝမကြည့်ရ….Dark Side Production မှတင်ဆက်သည်။

Young Mother (2013) ⭐IMDB: 4.9/10 (382 Votes) 🎬 #Adult #Drama #Romance #Comedy 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 1 နာရီ 23 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 18+ အသားပေး အိမ်ထောင်ရေးပညာပေး ဇာတ်ကားတစ်ကားကိုအနုအရွ မယာပရိယာယ် တွေနဲ့ထုံမွှန်းထားတဲ့ ဇာတ်ကားတစ်ကားလေးပါ။ ၁၈+ ကိုသဘောကျသူတိုင်းမသေခင်ကြည့်သ့င်တဲ့ ဇာတ်ကားထဲမှာ ပါဝင်ပါတယ်။ ဘာလို့ပြောရတာလဲဆိုတော့ ကြည့်ကြည့်ရင် သိရပါလိမ့်မယ်(ပြောရင် ပိုတယ်ဆိုမှာစိုးလို့)။ ဒီဇာတ်ကားက ထွက်တာကြာခဲ့ပါပြီ။ ကိုရီးယား ၁၈+ မှာ ဟုန်းဟုန်းကျော်နေတဲ့ဇာတ်ကားတစ်ကားပါပဲ။ အဆင်ပြေတဲ့ စာဖိုင်က ဒီနှစ်ထဲမှာပဲ ထွက်ရှိလာလို့ အနီးစပ်ဆုံး ဘာသာပြန်ဆိုထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့—- ချန်အွန်း တစ်ယောက် ကျောင်းမှာတွေ့ကရလူနဲ့ပျော်ပါးတက်တဲ့ ကောင်မလေးတစ်ယောက်နဲ့ငြိစွန်းမိပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက် အချစ်နယ်လွန်ကြပြီး ကောင်မလေးမှာကိုယ်ဝန်ရှိသွားလို့မယူချင်ယူချင်နဲ့ ယောက္ခမ အလိုကျလက်ထပ်လိုက်ရပါတယ်။ ယောက္ခဆိုလို့ အဖွားကြီးလို့ မမြင်လိုက်နဲ့နော်.. ယောကျာၤးမရှိတဲ့နောက်ပိုင်း ကိုယ်ပိုင်စီးပွါးရေးနဲ့ သမီးကိုထိန်းကျောင်းလာခဲ့တဲ့ အပျိုတွေအရှုံးပေးရလောက်တဲ့ မိန်းမလှတစ်ဦးပါပဲ။ ခန္ဓာကိုယ်အနေထားက တစ်တစ်ရစ်ရစ် လုံးကြီးပေါက်လှပါ အသားရေအနေထားကဝင်းအိနေပြီး ပုသိသတွေမငြင်းလောက်နိုင်တဲ့အနေထားပါ သို့ပေမဲ့ အိမ်ထောင်မပြုပဲ တစ်ကိုယ်ထီးပဲ သမီးနဲ့ပျော်ပျော်ရွှင်ရွှင် နေလာခဲ့သူပါ။ ဒါပေမဲ့ အဲဒီအပျော်တွေက ကြာကြာမခံပါဘူး အမေလိုစိတ်မရှိတဲ့ သမီးက ကလေးမွေးပြီး ၅ လခန့်အကြာမှာပဲ နောက်မီးလင်းပါတော့တယ်။ အဲဒီမှာ ပြဿတွေစတာပဲ အေးချမ်းသယောင်ရှိလှတဲ့ မိသားစုဘဝလေးပြိုကွဲသွားခဲ့ပါတယ်။ ယောက္ခမကြီးကတော့ သူ့မြေးလေးနဲ့ သူ့သမက်ကို အိမ်ကအထွက်မခံပါဘူး။ ယောက္ခမကြီးက သူ့သားမက် အိမ်ကထွက်မှာမယ်စိုးတာကြောင့်အမျိုးသမီး ချောချော ဝန်ထမ်းတွေကို သူ့သားအနားကို တစ်ယောက်ပြီးတစ်ယောက် ပို့ပေးပါတော့တယ်။ ဒါပေမဲ့ ဝန်ထမ်းကောင်မလေးတွေက မမြဲပါဘူး။ ကဲ..မမြဲရတဲ့ အကြောင်းရင်းကဘာလဲ ယောက္ခကြီးရဲ့ အကြံစည်တွေရောအောင်ပါ့မလားဆိုတာကိုတော့.. စိတ်အေးအေးထား မျက်စိ လျှင်လျှင်ထားပြီးတော့ ဇိမ်ခံကြည့်လိုက်ပါစို့။ (ညှို့အားပြင်း ကောင်မလေးတွေရဲ့ ခန္ဓာကိုယ်အလှကို ကွက်ကွက်ကွင်းကွင်းနဲ့ လှုပ်လှုပ်ရှားရှား ပုံဖေါ်ထားတာမို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး) (Darside ရဲ့ အမာခံ ကိမုချိမှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်)

Pon Manickavel (2020) ⭐IMDB: 4.4/10 (556 Votes) 🎬 #Action #Bollywood #Thriller 🗓️ 2020 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 10 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pon Manickavel (2021) ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသား Prab Deva ရဲ့ အကြိမ် ၅၀ မြောက် သရုပ်ဆောင်မှုဖြစ်တဲ့ တမီးလ်ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ အရင်ဆုံး ဇာတ်လမ်းအကျဥ်းကို ကြည့်လိုက်ကြရအောင် ပွန် မာနီကယ်လ်ဗီဆိုသူက သေနတ်ပစ်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံတကာလေ့ကျင့်ရေးသင်တန်းမှာလည်း ရွှေတံဆိပ်ဆုရထားတဲ့ ထိပ်တန်း ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ် ဒါမဲ့ ပွန်ဟာ အတိတ်က အမှုတစ်ခုကို စုံစမ်းပြီးတဲ့ချိန်မှာပဲ ရုတ်တရက် ရဲအလုပ်ကနေ နှုတ်ထွက်ပြီးတော့ ရွာပြန်ပြီး နွားကျောင်းနေပါတော့တယ် ပွန့်လို ထိပ်တန်းရဲအရာရှိတစ်ဦးက ဘာအကြောင်းကြောင့် ဒီလိုနှုတ်ထွက်ခဲ့လဲဆိုတာကို ဘယ်သူမှလည်း မသိခဲ့ကြပါဘူး ဒီလိုနဲ့ တစ်နေ့မှာ နာမည်ကြီး ဗဟိုရုံးကတရားသူ​​ကြီးတစ်ဦး သဲလွန်စ မကျန်အောင် ရက်ရက်စက်စက် ပစ်သတ်ခံရလိုက်ရပါတယ် ဒီအမှုကို စုံစမ်းဖို့အတွက် အထက်က မာနီကယ်လ်ဗီကို တာဝန်ပေးအပ်လိုက်တဲ့အခါ…… ရွာပြန်နွားကျောင်းပြီး အထက်ကတာဝန်ပေးမှ အမှုပြန်စုံစမ်းတဲ့ ပွန်တစ်ယောက် လက်ဖက်ရည်လေးသောက်လိုက် မိန်းမနဲ့ အချိန်ဖြုန်းလိုက်နဲ့ အမှုကို အေးဆေးစုံစမ်းနေပြန်တော့ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း သူ့ကို အမြင်မကြည်ကြတော့ပါဘူး အမှုစုံစမ်းနေရင်းမှာပဲ ဆက်တိုက်ဆိုသလို နာမည်ကြီးစုံထောက်တွေပါ အသတ်ခံနေရတဲ့အခါ….. ဒီအမှုတွေရဲ့ လူသတ်တရားခံက ဘယ်သူလဲ??? အမှုတစ်ခုနဲ့ တစ်ခုရော ဘယ်လိုတွေဆက်စပ်နေတာလဲ အတိတ်တုန်းက ပွန့်ကို ရဲအဖြစ်က နှုတ်ထွက်ပြီး ရွာပြန်နွားကျောင်းရတဲ့အထိ ဖြစ်သွားရတဲ့ အမှုကရော ဘာဖြစ်မှာလဲဆိုတာ အားလုံးပဲ စိတ်ဝင်တစား ကြည့်ရှုပေးကြပါဦးနော်