uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Handsome (2022) ⭐TMDB: 35.0% User Score 🎬 #Comedy 🗓 2022 🎞 Movie 🌎 #SouthKorea ⏰ 1 နာရီ 32 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Handsome (2023) မီနမ်(လူချောလေး)ဆိုတဲ့ စုံထောက်ဟာ နာမည်ချောပေမဲ့လူကတော့ မချောနိုင်လို့ တော်တော်အခက်တွေ့နေသူပါ အဲဒါတင်မကဘဲ လုပ်တဲ့ အလုပ်တိုင်းမှာ တော်တော်ကိုးရိုးကားယားနိုင်ပြီးပြဿနာချည်းဖြစ်နေလို့ အဖွဲ့က မစ်ရှင်တွေမှာ သူ့ကိုချန်ထားချင်ကြပါတယ် တစ်နေ့ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝတခြားတစ်ယောက်လူလို ပြောင်းသွားတဲ့အခါမှာ ပြဿနာကပိုကြီးလာပါတော့တယ် အဲဒါကြောင့် အဖွဲ့က အထူးတာဝန်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ကို အသွင်ယူ စုံစမ်းခိုင်းရင်းကနေအဲဒီရာဇဝတ်မှုကို ဖမ်းနိုင်မလား အလုပ်မှာ ယုံကြည်မှုပြန်ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...

The Kite Runner (2007) ⭐TMDB: 73.0% User Score 🎬 #Drama 🗓 2007 🎞 movie 🌎 #UnitedKingdom #China #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 08 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Kite Runner (2007) ================== IMDb Raitng – 7.6/10 လူတွဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးတဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ် ကိုယ်ထက် သူတပါးကို ပိုချစ်လိုက်မိရင် အရှုံးသမားလုံးလုံး ဖြစ်ရတာကြောင့်ပဲပေါ့။ အချစ်ဆိုတာ အသက်အရွယ် လိင်မခွဲခြားတတ်ပါဘူး။ လည်ပင်းဖက်ပေါင်းတယ်ဆိုတဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝက ကိုယ့်သူငယ်ချင်းဟာ နှလုံးသားတစ်တောင့်မှာတော့ အနက်ရှိုင်းဆုံး နေရာယူသွားတတ်ကြတယ်မဟုတ်လားဗျာ။ ဒါကလည်း သူငယ်ချင်းအပေါ်ထားရတဲ့ သူငယ်ချင်းအချစ်ပေါ့။ ကိုယ့်ကိုသိပ်ချစ်ပြီး ကိုယ့်အတွက် အစစအရာရာ အနစ်နာခံ၊ ကိုယ့်အတွက်ဆို မြေကြီးခဲကောက်စားရ ကောက်စားရ၊ စွန်ကလေးတစ်ခုအတွက် အစစ အရာရာစွန့်စားပေးဆပ်ပြီး ကိုယ့်အတွက်ပြန်ယူလာတဲ့ သူငယ်ချင်းကိုမှ ကိုယ်က နှင်ထုတ်ရက်ရတာလား။ အပြစ်ကို ရှောင်လွဲချင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်သူအဖြစ် အားမလိုအားမရစိတ်ကို ကိုယ်နိုင်တဲ့ဘက်ကို ဖောက်ခွဲခဲ့တဲ့ လူတွေထဲက လူယုတ်မာလေးတစ်ယောက်နဲ့၊ ကိုယ့်မျက်နှာကိုပဲ တကြည့်ကြည့်နေတတ်တဲ့ ချစ်တတ်သူလေးတို့ လောကတစ်ကွေ့မှာ တွေ့ဆုံခဲ့ဖူးသတဲ့။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုးသားဖြူစင်တဲ့မေတ္တာကို လူ့သဘာဝနဲ့ရောယှက်ပြီး တင်ပြသွားတာပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့ပြီး ငွေကြေးအားဖြင့်လည်း မြတ်စွန်းခဲ့ပါတယ်။ အာဖကန်နစ်စတန်နိုင်ငံရဲ့ မူစလင်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဇာတ်နာနာနဲ့ ကြည့်ရမှာပါ။ အမေရိကန်မှာ အသားကျနေတဲ့ လူရွယ်တစ်ယောက်ဆီကို ပါကစ်စတန်က ဦးလေးတစ်ယောက်က ဖုန်းဆက်ပြီး တာလီဘန်လက်အောက်ရောက်နေ‌တဲ့ ကာဘူးလ် ကို ပြန်လာခိုင်းပါတယ်။ လာခိုင်းတာကလည်း ကလေးတစ်ယောက်ကို မိဘမဲ့ကျောင်းက ကယ်ထုတ်နိုင်ဖို့ပါ။ အမေရိကန်ကနေ ပါကစ်စတန်၊ အဲဒီနောက် အာဖကန်နစ်စတန် ကာဘူးလ်အထိ ခရီးကြမ်းနှင်၊ အသက်အန္တရာယ်စွန့်ခဲ့တဲ့ အကြောင်းက ဘာကြောင့်လဲ။ ဘယ်သူတွေလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ စွန်ကလေးတွေ ကောင်းကင်မှာ ပျံဝဲနေတဲ့အချိန်မှာ လေနီကြမ်းဆင်လာတော့၊ စွန်ကလေးတွေ တကွဲတပြား လွင့်ထွက်ရခဲ့တယ်။ ဒါပေမဲ့ ကြည်လင်တဲ့ကောင်းကင်မှာ စွန်ကလေးတွေ တစ်နေ့ ပြန်ပြီး ပျံဝဲခွင့် ရဦးမှာပါလေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Arr Khun Winchester ဖြစ်ပါတယ်)...

Dark Floors (2008) ⭐TMDB: 49.0% User Score 🎬 #Uncategorized #Action #Fantasy #Horror #Mystery #Thriller 🗓 2008 🎞 movie 🌎 #Finland #Iceland ⏰ 1 နာရီ 27 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dark Floors (2008)================ ဘန်ဟာ အော်တစ်ဇင် ဖြစ်နေတဲ့ သမီးလေးဆယ်ရာကို ရောဂါရှာဖွေဖို့အတွက် စိန့်မေရီဆေးရုံကို ရောက်နေတယ်။ ကံဆိုးချင်တော့ စက်ထဲမှာရောဂါရှာဖွေနေတုန်း စက်က မီးထလောင်တာမို့ ဘန်က ဆေးရုံခိုးဆင်းပြီး ပြောင်းဖို့ ပြင်ခဲ့တယ်။ သူနာပြုဆရာမလေး အမ်မလီက တွေ့သွားတာမို့လိုက်ဖြောင်းဖျရင်း ဓာတ်လှေကားထဲ လိုက်ဝင်ခဲ့တယ်။ သူတို့ ၃ယောက်အပြင် လုံခြုံရေးတစ်ယောက် ခြေသလုံးအိမ်တိုင် အဖိုးကြီးတစ်ယောက်နဲ့စီးပွားရေးသမားတစ်ဦးလည်း လိုက်ပါလာခဲ့တယ်။ ဓာတ်လှေကားဆင်းချိန်မှာ မတော်တဆဖြစ်ပြီး ဓာတ်လှေကားရပ်တန့်သွားခဲ့ပါတယ်။ ပြန်ပွင့်လာချိန်မှာတော့ တစ်ဆေးရုံလုံးက ရုတ်တရက်ကြီးခြောက်ကပ်လို့နေတာပေါ့။ သူတို့တွေ ဆေးရုံထဲက ထွက်ဖို့ကြိုးစားကြရင်းမမျှော်လင့်ထားတာတွေ ကြုံတွေ့လာရတဲ့အခါ……. ထူးထူးဆန်းဆန်း plotနဲ့အတူ တစ္ဆေလိုလို မိစ္ဆာလိုလို ငရဲလိုလို time loopလိုလို multidimensional လိုလိုနဲ့ ဘာမှန်းမသိ ခံစားချင်သူများအဖို့ ဇာတ်ကားကောင်း ဖြစ်ပါကြောင်းပြောရင်းတင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mugiwara Ya ဖြစ်ပါတယ်)...

Owning Mahowny (2003) ⭐TMDB: 68.0% User Score 🎬 #Crime #Drama #Thriller 🗓 2003 🎞 movie 🌎 #Canada #UnitedKingdom #UnitedKingdom ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Owning Mahowny (2003) ================== ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့ အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝ က သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲ နေပါတယ်။ ရတဲ့လစာကနေ အကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက် ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ် မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ ဒီလိုနဲ့ မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမ သောက် လောင်းကစားလုပ်ပါတော့တယ်။မက်ဟော်နီကို “လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာ ထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ” ဆိုတော့ “တစ်ရာ” ပါတဲ့။ “လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရဖူးလဲ” လို့ မေးတဲ့အခါမှာတော့ “နှစ်ဆယ်” လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့ တစ်ဘဝလုံးကို “နှစ်ဆယ်” နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...

Dylan & Zoey (2022) ⭐IMDB: 7.6/10 (53 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 22 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dylan & Zoey (2022) ================= ဖတ်ဖူးတဲ့စာသားလေးရှိတယ်။ ပုဆိန်ကမမှတ်မိပေမဲ့ သစ်ပင်ကမမေ့ဘူးတဲ့။ လုပ်တဲ့သူကတော့ သူတို့လုပ်ခဲ့တာတွေကို မေ့ပြီးနေနိုင်ပေမဲ့ ခံရတဲ့သူမှာတော့ အလဲလဲအကွဲကွဲပါပဲ။ ဇိုဝီနဲ့ ဒီလန်က အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားပြီး ပြန်ဆုံကြတဲ့အခါမှာ လောကဓံရဲ့ထုထောင်းမှုကြောင့် နှစ်ယောက် သားက ဒဏ်ရာတွေကိုယ်စီနဲ့ပါ။ အတိတ်ရဲ့အရိပ်မည်းကြီးအောက်ကနေ ရုန်း မထွက်နိုင်တဲ့ သူတို့နှစ်ယောက်က အချင်းချင်းဘယ်လိုကူညီပေးကြမလဲ။ ဘယ် လိုကုစားပေးကြမလဲ။ သင်ဆိုရင်ရော သင့်သူငယ်ချင်းအတွက် ဘယ်အတိုင်း အတာထိ ပေးဆပ်နိုင်မလဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...

Bedeviled (2016) ⭐IMDB: 4.2/10 (3 k Votes) 🎬 #Horror #Mystery #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bedeviled (2016)============= ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်းနည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြောရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ်ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေးတစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက်မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ်မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အမှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်းမိုးမှုကို ခံရတော့တာပါပဲ။ Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆိုပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်းထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mugiwara Ya ဖြစ်ပါတယ်)...

Ruined (2023) ⭐IMDB: 3.9/10 (151 Votes) 🎬 #Thriller 🗓 2023 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ruined (2023)=========== ရစ်ချတ်နဲ့ အိုလီဗီယာ တို့နှစ်ယောက်သားဟာတစ်ယောက်ကိုတစ်ယောက်သိပ်ကိုချစ်ကြတဲ့ စုံတွဲလေးပေါ့။ ဒီလိုနဲ့ လက်ထပ်လိုက်ကြပြီး အလုပ်အကိုင်ကလည်း ရစ်ချတ်ကလည်း သွားဖွားမီးယပ်အထူးကု၊ အိုလီဗီယာကလည်းဗိသုကာဒီဇိုင်နာဆိုတော့ အိုကေစိုပြေနေခဲ့ကြတာပေါ့။ အဘက်ဘက်ကနေပြည့်စုံနေတဲ့ မိသားစုလေးထဲကို ဝင်နှောင့်တဲ့ ပြသနာက ကြီးပါတယ်။ အိမ်ထောင်သက် ၁၀ နှစ်ကြာတဲ့အထိ ရစ်ချတ်တို့ ကလေးမရနိုင်သေးပါဘူး။ကြာလာတော့လည်း အိမ်ထောင်ရေး အဖုအထစ်တွေဖြစ်ပြီး တစ်ပူပေါ် နှစ်ပူဆင့်တော့တာပေါ့။ ဒီလိုနဲ့ မိန်းမဖြစ်သူ အိုလီဗီယာတစ်ယောက် အိမ်ထောင်ရေးကုထုံး ဆွေးနွှေးဖို့ဖြစ်လာတဲ့အခါမှာတော့ တာဝန်ခံ ဆရာဝန်မလေးဟာ တချိန်က ယောင်္ကျားဖြစ်သူရဲ့ အဆက်ဟောင်း ဖြစ်နေတဲ့အခါမှာတော့ ယောင်္ကျားဖြစ်သူနဲ့ အဆက်ဟောင်းတို့ အတိတ်မှာဘာတွေဖြစ်ခဲ့ကြမလဲ။ အဆက်ဟောင်းကရော နှစ်တွေအကြာကြီးကြာပြီးမှ ဘာဖြစ်လို့ ပြန်ပေါ်လာရသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thettti Tun ဖြစ်ပါတယ်)...

Reinventing Elvis: The '68 Comeback (2023) ⭐IMDB: 7.7/10 (204 Votes) 🎬 #Documentary #Music 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 51 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Reinventing Elvis: The 68′ Comeback (2023)================================IMDb Rating – 7.8/10 Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင်မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artistတစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆိုရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ်နေတဲ့ အချိန်ပါပဲ။ စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက်ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis အတွက် စိတ်ထိခိုက်စရာသတင်းတွေကပဲ စောင့်ကြိုလို့နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အနုပညာအရည်အချင်းတွေကို ချိုးနှိမ်ထားတဲ့ မန်နေဂျာဖြစ်သူ Colonel TomParker ကြောင့်လည်း ခေတ်ပြိုင်ပေါ်လာတဲ့ The Beatles အဖွဲ့နဲ့ နှိုင်းယှဉ်ခံရမှုတွေက ဒုနဲ့ဒေးပါ။ ပြောရရင် ဒီ Elvis’s 1968 Comeback Special ကအခုလိုကမောက်ကမတွေဖြစ်နေတဲ့ သူ့ရဲ့ အနုပညာဘဝကို တစ်ဆစ်ချိုးထပ်မံပြောင်းလဲသွားစေခဲ့တဲ့ TV show တစ်ခုပါပဲ။ လူငယ်ပရိုဂျူဆာဒါရိုက်တာ Steve Binder နဲ့ Elvis တို့ရဲ့ အတွဲညီညီပေါင်းစပ်မှုကြောင့် Elvis အတွက် ရွှေခေတ်ကို ပြန်ရောက်ရှိသွားနိုင်ခဲ့ပါတယ်။ဒီ movie မှာတော့ Elvis’s 1968 Comeback Special ရဲ့ နောက်ကွယ်ကကြုံတွေ့ခဲ့ရတဲ့ struggles တွေနဲ့ အမေရိကန်ရဲ့ ကပ်ဆိုက်ကာလအကြောင်းတွေကို တင်ဆက်ပြသပေးထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Kine Soe ဖြစ်ပါတယ်)...

Metalocalypse: Army of the Doomstar (2023) ⭐IMDB: 6.8/10 (383 Votes) 🎬 #Animation #Comedy #Music 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Metalocalypse: Army of the Doomstar (2023)=================================IMDb Rating – 6.8/10 American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypseတို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ “Metalocalypse:The Doomstar Requiem” ရဲ့ Sequel ဖြစ်တဲ့ “Metalocalypse: Army of theDoomstar”(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံးအနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်းကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDbrating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။ Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်းကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်းတစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်က‌နေ ကမ္ဘာကြီးကိုကယ်တင်ဖို့”Song ofSalvation”ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ်လိုကယ်တင်နိုင်မှာလဲ၊ “Song of Salvation”ဆိုတာ ဘာကြီးလဲတောင် Dethklokအဖွဲ့သားတွေမသိကြပါဘူး။ နေသန်ဟာ အဲဒီအချိန်တုန်းက စော်ငြင်းခံရတဲ့အပြင်ရှင်သန်ခြင်းအဓိပ္ပာယ်တွေပါပျောက်ဆုံးနေတာပါ။ သူရေးသမျှကလည်း သေခြင်းတရားအကြောင်းတွေချည်းပဲဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း ရှင်သန်ခြင်းနည်းကို မသိဘဲစိတ်ဓာတ်ကျနေတာမို့လို့ အဲဒီသီချင်းကိုမရေးနိုင်ဖြစ်နေပါတယ်။ ဟိုဗီလိန်တွေကလည်း သူသီချင်းရေးနိုင်သွားမှာစိုးလို့ နည်းမျိုးစုံနဲ့လိုက်နှောက်ယှက်ပါတယ်။ ဆိုတော့ကာ နေသန်တစ်ယောက် ပျောက်ဆုံးနေတဲ့သူကိုယ်သူပြန်ရှာဖွေပြီး“Song of Salvation”ကိုဘယ်လိုရေးမလဲ၊ သီချင်းတစ်ပုဒ်တည်းနဲ့ ဂြိုဟ်ပျက်မဲ့ကိန်းကနေ ဘယ်လိုကာကွယ်မလဲ‌ဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

The More Love Grows (2023) ⭐TMDB: 70.0% User Score 🎬 #Drama #TVMovie #Comedy #Romance 🗓 2023 🎞 Movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The More Love Grows (2023) The More Love Grow(2023) ဆိုတဲ့ ဇာတ်လမ်းလေးဟာ Romance အမျိုးအစားဒရာမာကားလေးဖြစ်ပါတယ်။အချစ်ဆိုတဲ့အရာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပြီး ဂရုစိုက်လေအချစ်တိုးလာလေဖြစ်တဲ့အခါမျိုးရှိသလို၊အချစ်ဆိုတာအချိန်နဲ့အမျှပြောင်းလဲနေတာလည်းရှိတတ်ပါတယ်။ဒီလိုပါပဲ ဒီဇာတ်လမ်းလေးမှာ ဟယ်လန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာယောကျာ်းဖြစ်သူရဲ့ကွာရှင်းမှုကြောင့် စိတ်ဓာတ်တွေကျပြီး ဆောက်တည်ရာမရဖြစ်နေချိန်မှာသူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် ပတ်ဝန်းကျင်ကလူတွေနဲ့အဆင်ပြေအောင်သူ့ကိုကုစားပေးမယ့်အရာကဘာလဲ။ ဟုတ်ကဲ့ဆက်ပြီးရှူစားပေးကြပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။...

Stories Not to be Told (2022) ⭐TMDB: 59.0% User Score 🎬 #Action #Adventure #Comedy 🗓 2022 🎞 Movie 🌎 #Spain ⏰ 1 နာရီ 39 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stories not to be told (2023) ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်းအမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီးစိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကိုStories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုကလူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီးသူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Janeပဲ ဖြစ်ပါတယ်။...

Teenage Mutant Ninja Turtles: Mutant Mayhem (2023) ⭐IMDB: 7.5/10 (22 k Votes) 🎬 #Action #Adventure #Animation #Comedy #Family #Fantasy #SciFi 🗓 2023 🎞 movie 🌎 #UnitedStates #Japan #Canada #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Teenage Mutant Ninja Turtles: Mutant Mayhem (2023) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ 2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ပြန်ရေးထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ တိရစ္ဆာန်တွေကိုစမ်းသပ်ပြီး သန္ဓေပြောင်းစစ်တပ်တစ်ခုဖန်တီးချင်တဲ့အဖွဲ့တစ်ဖွဲ့ကနေ သိပ္ပံပညာရှင် တစ်ယောက်ဟာ ဆေးရည်တွေကိုခိုးယူပြီး သူ့ရဲ့ သန္ဓေပြောင်းကောင်လေးတွေနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်ကို လိုက်ဖမ်းရင်း တိုက်ပွဲတွေဖြစ်ပြီး ဆေးရည်တွေ မြောင်းထဲကျသွားရာကနေ ဆရာကြွက်တို့ လိပ်နင်ဂျာလေးဖော်တို့ ဖြစ်လာပါတယ်။ လိပ်နင်ဂျာလေးတွေ ဆယ်ကျော်သက်ဖြစ်လာချိန်မှာ မြောင်းထဲမှာပဲ ပုန်းမနေချင်တော့ဘဲ လူတွေကြားမှာ ဝင်ဆန့်ချင်လာပါတယ်။ သူတို့ကို လူတွေလက်ခံအောင် သူရဲကောင်းဖြစ်ဖို့ ကြိုးစားရာကနေ စူပါဖလိုင်းဆိုတဲ့ သန္ဓေပြောင်းယင်ကောင် ဗီလိန်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...

Família (2023) ⭐IMDB: 4.8/10 (54 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Familia (2023) ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာအသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်းဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ သုံးယောက်အကြား အကြောင်းအရာတွေ ဘယ်လိုချိတ်ဆက်ပြီးကံကြမ္မာဆိုးကို ကျော်သွားနိုင်မလားဆိုတာကိုတော့ ဒီ Familia ဇာတ်ကားကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ကြပါစို့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Naung Naungပဲ ဖြစ်ပါတယ်။...

Vacation Friends 2 (2023) ⭐IMDB: 5.3/10 (3 k Votes) 🎬 #Action #Adventure #Comedy #Crime 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vacation Friends 2 (2023) ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။ Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ကားမို့ အားလုံးကြည့်ပျော်ကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)...

Countdown (2019) ⭐IMDB: 5.4/10 (43 k Votes) 🎬 #Horror #Thriller 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mobile ခေတ် ဖြစ်လာတာနဲ့ အမျှ လူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ် နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲ ဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်… တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာ သောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က ” Countdown” ပါ ထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကို တွက်ချက်ပေးမယ်လို့ ဆိုပါတယ်… ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့ App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူ အရင်သေမလဲ ပြိုင်ကြပါတော့တယ်… အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိ နေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက်ကတော့ ၃ နာရီ အတွင်း သေမယ်လို့ App က သတိပေးလာပါတယ်… အားလုံး အတော်လေး ရယ်လိုက်ရပါတယ် အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ် တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့ 3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP က ချိန်းခြောက်ခံထားရတဲ့ ကောင်မလေးပါပဲ… တကယ်တမ်း ၃ နာရီ အတွင်းသေမလား ရှင်မလား ဆိုတာကိုတော့ CM Fan တွေ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ File size…  990 MB/ 468 MBQuality… BluRay 1080p / 720pFormat… mp4Duration…. 1h 31mGenre …..  Drama, HorrorSubtitle…. Myanmar Subtitle (Hard Sub)Encoder…. Thit San KhantTranslated by…  Htet Wai Lwin , Chanyein SoeYoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins...

Rumba Therapy (2022) ⭐IMDB: 6.2/10 (600 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 43 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rumba Therapy (2023) တိုနီ… တိုနီဟာ အသက်ခပ်ကြီးကြီး ကျောင်းကားဒရိုင်ဘာ၊ မိသားစုမရှိ သားသမီးမရှိ လုပ်ဖောက်ကိုင်ဖက်ကိုလည်း လုပ်ဖော်ကိုင်ဖက်လောက်ပဲ ဘဘောထားတဲ့သူ။တစ်နေ့တော့ တိုနီတစ်ယောက် နှလုံးဖောက် ဆေးရုံရောက်ပြီး ပြန်သတိရတဲ့နောက်ဆရာဝန်ဟာ ဆွေးမျိုးသားချင်းကို အသိပေးဖို့ တိုနီ့ကို မေးတဲ့အခါ တိုနီဟာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်းဖြေခဲ့ပါတယ်။ဆရာဝန်ဟာလည်း လူနာတွေကို ဘဝနေဝင်ချိန်မှာ ချစ်ရသူတွေနဲ့ နွေးနွေးထွေးထွေးနေဖို့ တိုက်တွန်းခဲ့ပါတယ်။ နောင်တဆိုတာ နောင်မှ ရဆိုသလိုပဲ တိုနီဟာလည်း တစ်ချိန်က သူ့လုပ်ရပ်တွေအတွက် နောင်တစိတ်ဝင်လာပါတော့တယ်။တိုနီဟာ မိန်းမနဲ့ သမီးကို စွန့်ပစ်ခဲ့တဲ့ ဖခင်မပီသတဲ့ လူတစ်ယောက်၊ ဒီအမှားတွေကို သူပြုပြင်ချင်လာပါတော့တယ်။မသေခင်မှာ မိန်းမနဲ့ သမီးကို တွေ့ချင်လာပါတော့တယ်။ အရင်မိန်းမကို ပြန်တွေ့ရတာဟာ လွယ်ကူပါတယ်…ကလေးဘဝကတည်းက သူထားရစ်ခဲ့တဲ့ မာရီယာလေးကို ဖအေအဖြစ်နဲ့ မျက်နှချင်းဆိုင်ရဖို့ကသာ ခက်ခဲတာပါ။ဒီတော့ သမီးရှိရာ အကသင်တန်းကျောင်းကြီးကို လိုက်လာရင်း…တိုနီဟာ သူ့သမီးကို သူဟာ မာရီယာ့ဖအေပါလို့ ဘယ်လို အသိပေးမလဲအသိပေးနိုင်ခဲ့တဲ့နောက်ရော ဘယ်လိုတွေ ဆက်ဖြစ်မလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

The Dive (2023) ⭐IMDB: 5.6/10 (982 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #Germany ⏰ 1 နာရီ 31 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဦးဆုံးအနေနဲ့ ဒီရုပ်ရှင်လေးဟာ 2020ခုနှစ်ထွက် Breaking Surfaceဆိုတဲ့ Swedish movieလေးကို english movieအဖြစ်ပြန်ရိုက်ကူးထားတာပါ…။ ဇာတ်လမ်းလေးကတော့ မေ နဲ့ ဒရူးဆိုတဲ့ ညီအစ်မနှစ်ယောက် နယ်ဝေးက ကမ်းခြေလှလှလေးတစ်ခုဆီ ပင်လယ်ရေငုပ်ထွက်ကြတယ်ပေါ့…။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာလည်းကြာ၊ အတူရေမငုပ် ဖြစ်တာလည်းကြာဆိုတော့ နှစ်ယောက်သား စိတ်လျှော့လက်လျှော့နေနေမိတာပေါ့…။ ဒီလိုရေငုပ်နေရင်းနဲ့ ကံခေပြီး အစ်မဖြစ်သူ မေ ဟာ ပြဿနာတစ်ခုနဲ့ကြုံပါလေရော….။ ရေအောက်မှာ တစ်ခုခုဖြစ်လို့ အပေါ်ပြန်မတက်နိုင်သရွေ့ ပထမဆုံး ကြုံရတဲ့ဒုက္ခက အောက်စီဂျင်ပါပဲ…။ နောက်ပြီးတော့ အချိန်ပါ…။ အချိန်တစ်ရွေ့ရွေ့ကုန်လာလေ အသက်ဘေးနီးလာလေ၊ အခြားအန္တရာယ်အစုံတိုးလာလေပါပဲ….။ ဒီတော့ ဒီညီအစ်မနှစ်ယောက် အသက်ဘေးကလွတ်အောင် ဘယ်လိုဆုံးဖြတ်ချက် မှန်မှန်ချကြမလဲ…၊ ဘယ်လိုရုန်းကန်ကြမလဲတွေ့ရမယ့်အပြင် ဇွဲမလျှော့ကြတဲ့ညီအစ်မနှစ်ယောက်ကြားက သံယောဇဥ်မေတ္တာတရားကိုပါ မြင်တွေ့ရမယ့်ကားလေးဖြစ်ပါတယ်…။...

Yaadhum Oore Yaavarum Kelir (2023) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Action #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yaadhum Oore Yaavarum Kelir (2023)IMDb-7.1/10 မင်းသားကြီးဗီဂျေးစည်သူပတီရဲ့ ဒုက္ခသည်တစ်ယောက်အနေနဲ့ သူယုံကြည်ရာနောက် လိုက်ခဲ့ရပုံတွေကို အားတက်ဖွယ်ကြည့်ရှုရမှာပါ။ဘယ်သူလဲ ဘယ်ကလာတာလဲ ဘာလို့ဒီမှာရှိနေတာလဲ ဘယ်ကိုသွားမှာလဲဆိုတဲ့ ပဟေဠိတွေနဲ့လူတစ်ယောက်။ ဒီကမ္ဘာကြီးကို ဘာလို့ဖန်တီးခဲ့လဲဆိုတာ ကျွန်တော်၃နှစ်သားတည်းကတွေးဖူးတယ်။ဘာလို့လဲဆိုတော့ လူသားအချင်းချင်း တိုက်ပွဲတွေဖြစ်ကြတယ် အကြောင်းကနယ်မြေလေးကြောင့်တဲ့။ ဒါဆိုဒီနယ်မြေက ဘာအတွက်လဲလို့မေးတော့ လူတွေရှင်သန်ဖို့ပါတဲ့။အုပ်စုဖွဲ့နေတဲ့လူတွေကိုကာကွယ်ဖို့ ဥပဒေပြဋ္ဌာန်းပြီး ဒီဥပဒေကိုကာကွယ်ဖို့ ခေါင်းဆောင်ရွေးကြတယ်။ခေါင်းဆောင်နောက်လိုက်ပြီး နိုင်ငံတစ်နိုင်ငံတည်ထောင်လိုက်တယ်။ ဒီနိုင်ငံကိုကာကွယ်ဖို့ဆိုပြီး လူတွေသတ်ကြပြန်ရော။ဒါဆိုဘာလို့နိုင်ငံဖွဲ့စည်းလည်းဆိုတော့ လူတွေကို ကာကွယ်ဖို့ပါတဲ့။ဆိုတော့ ဒီနေ့ထိ ကျွန်တော့်မေးခွန်းအတွက် အဖြေမရှိခဲ့…။ ဘယ်နေရာ ဘယ်အချိန်မှာ ဗုံးထပေါက်မလဲစိုးရိမ်နေရတဲ့ သီရိလင်္ကာရဲ့ ဒေသလေးတစ်ခုဆီကနေ စောင့်ရှောက်လာခဲ့ရတဲ့ကလေးတယောက်ကို ဖာသာကြီးက ကလေးကျွမ်းကျင်တဲ့ဂီတနောက်ကိုလိုက်ဖို့ လန်ဒန်ကိုလွှတ်လိုက်တယ်။အသက်ဆယ့်ရှစ်နှစ်ကျော်လို့ မှတ်ပုံတင်ပြန်လျှောက်ရာက ပျောက်သွားတဲ့အတောအတွင်း လူသတ်မှုနဲ့ထောင်ကျခဲ့ကြောင်းထွက်ပေါ်လာတဲ့အမှန်တရားတွေကြားထဲမှာ ဘာဖုံးကွယ်မှုတွေရှိနေမလဲ။အဲဒီလို အခက်အခဲတွေကြားကသူ့ကိုစောင့်ရှောက်ခဲ့တဲ့ ဖာသာကြီးဖြစ်စေချင်တဲ့ ဂီတပညာရှင်ကြီးဖြစ်နိုင်မလားဆိုတာကတော့..(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Zwe Yan ~V တို့ပဲ ဖြစ်ပါတယ်)...

The Seven Deadly Sins: Grudge of Edinburgh Part 1 (2022) ⭐IMDB: 5.5/10 (651 Votes) 🎬 #Action #Adventure #Animation #Fantasy #Comedy 🗓 2022 🎞 movie 🌎 #Japan #SouthKorea ⏰ 52 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Seven Deadly Sins: Grudge of Edinburgh Part 1 (2022)========================================= ဟုတ်ပါတယ်။ Seven Deadly Sins fanတွေကြားမှာ အရမ်းပွဲထသွားခဲ့တဲ့2022တုန်းက Movie ပါ။ ဒါရိုက်တာနဲ့ စတူဒီယိုအပြောင်းအလဲကြောင့် fanတွေကြားမှာ Game Trailer လားလို့တောင် မေးယူရတဲ့အထိ Animationstyle ကြီးတစ်ခုလုံး ဝက်ဝက်ကွဲဖုန်ထသွားတဲ့ကားပါ။ Seven Deadly Sinsက plot ပိုင်းကြောင့် Manga မှာအတန်အသင့်အောင်မြင်ပြီး ဖန်အသင့်အတင့်လည်းရှိတဲ့ Anime series တစ်ခုပါ။ Grudge of Edinburghရဲ့ Animationstyle က 2D Japan Anime ကြည့်နေကျလူတွေရဲ့ မျက်စိထဲမှာတော့ နည်းနည်းတစ်မျိုးဖြစ်နေမယ်ဆိုပေမဲ့ အရင် 2Dလို့ စိတ်ထဲမထားဘဲ တခြားအသစ်တစ်ခုအနေနဲ့ မြင်ကြည့်ရင် အဆင်ပြေမယ်ထင်ပါတယ်။ SDSကို မကြည့်ဖူးသူတွေအနေနဲ့လည်း ဒီမူဗီကို ကြည့်လို့ရပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ Timeline ကတော့ ဒုစရိုက်(၇)ပါးရဲ့ခေါင်းဆောင် နဂါးဒေါသဒုစရိုက် Meliodasနဲ့နတ်ဘုရားမမျိုးနွယ် တတိယမြောက် မင်းသမီး Elizabeth တို့ရဲ့သား TristanLiones ခေတ်ပါ။ တစ်နေ့တော့ ဘုရင်မ Elizabeth ကျိန်စာအတိုက်ခံပြီး အဲ့ကျိန်စာကို ပယ်ဖျက်ဖို့ Tristanက အာရုံခံမိတဲ့အတိုင်း အရှေ့ဘက်ယွန်းယွန်းကို ခရီးထွက်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ လိုက်ဖမ်းခံရလို့ ထွက်ပြေးနေတဲ့ ဘီလူးတွေ၊ နတ်သူငယ်တွေနဲ့တွေ့ပြီး ကယ်ပေးလိုက်ရာကနေ သူတို့ရဲ့ဦးတည်ရာကလည်း အရှေ့ဘက်ဖြစ်နေလေတော့ အတူတူခရီးထွက်လာလိုက်ကြပါတယ်။ Part(1), Part (2)နှစ်ကားထွက်ထားပြီး နှစ်ကားလုံးတင်ဆက်ပေးသွားပါမယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

The Seven Deadly Sins: Grudge of Edinburgh Part 2 (2023) ⭐IMDB: 6.2/10 (234 Votes) 🎬 #Action #Adventure #Animation #Fantasy #Comedy 🗓 2023 🎞 movie 🌎 #Japan #SouthKorea ⏰ 55 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Seven Deadly Sins: Grudge of Edinburgh Part 2 (2023)==========================================IMDb Rating – 6.2/10 Hai!…Part 1ရဲ့ အဆက် Part 2ပါ။ ဒီထဲမှာတော့ Tristanတို့တွေ အယ်ဒင်ဘရာရဲတိုက်ကို ရောက်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ Part 1 ထက် ဇာတ်ရှိန်လည်းတက်လာပြီး စိတ်ဝင်စားဖို့ကောင်းလာပါပြီ။Next Gen ကားမို့လို့ Old Gen တွေကို nerfထားတာမျိုးမရှိဘဲ Next GenရောOld Gen ရောကြမ်းပြထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...