ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Ten Years of Loving You (2022)
⭐IMDB: 5.2/10 (38 Votes)
🎬 #Drama #Romance
🗓 2022 🎞 movie
🌎 #China
⏰ 1 နာရီ 44 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မေ့ပစ်ချင်ဆုံးလူတစ်ယောက်ဟာ အိပ်မက်ထဲမှာအမြဲပေါ်ပေါ်လာတတ်တယ်။ကိုယ့်အတွက်အိမ်လိုနွေးထွေးမှုတွေပေးခဲ့တဲ့လူတစ်ယောက်ဟာသူ့လက်နဲ့ပဲအဲဒီအိမ်ကိုပဲဖျက်ဆီးပစ်ခဲ့တယ်။
အကြောင်းပြချက်မရှိ သူ့ကိုစွန့်ပစ်သွားတဲ့လူတစ်ယောက်ဟာ(၇)နှစ်ကြာမှပြန်ပေါ်လာတော့ သူ့ရဲ့သမာရိုးကျဘဝလေးဟာစည်းချက်တွေပျက်ပြီး ရှုပ်ထွေးသွားရပြန်တယ်။ခွင့်လွှတ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား……ခွင့်လွှတ်လိုက်ရင်ရော တရားပါ့မလား……ကံကြမ္မာရဲ့ကြိုးကိုင်မှုအောက်မှာ ရင်ဘတ်ကြီးနဲ့ရင်းပြီးကခုန်ခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ရင်နင့်စရာချစ်ဇာတ်လမ်းလေးပါပဲ။...
Tainted Love (2023)
⭐TMDB: 55.0% User Score
🎬 #Crime #Mystery
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 40 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီးZhang Yu , Zhang Youhao နဲ့ Meng li တို့လိုသရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။
ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာအွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။
2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုကမှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးကအမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီးငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြားကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။
ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်ကသူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့….သူတို့ကိုလိမ်တဲ့သူတွေနဲ့ပြန်တွေ့မလား … ဘယ်လိုလူတွေနဲ့တွေ့ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ...
A Stray Goat (2017)
⭐IMDB: 6.1/10 (148 Votes)
🎬 #Drama #Romance
🗓 2017 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 31 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖခင်ဖြစ်သူရဲ့ မွေးရပ်မြေတစ်ဖြစ်လည်း နယ်စွန်နယ်ဖျားက
မြို့ငယ်လေး ဂိုဆုန်းကို ဂျိုမင်ရှစ်တို့မိသားစုပြောင်းရွှေ့လာခဲ့ပါတယ်
လူသတ်သမားရဲ့ သမီးလို့စွပ်စွဲခံရပြီး ကျောင်းမှာအနိုင်ကျင့်နှိပ်စက်ခံရတဲ့
ယန်းယယ်ဂျူဟာ မင်ရှစ်နဲ့တွေ့ပြီး ဘယ်လိုနှစ်သိမ့်မှုတွေရပြီးပြောင်းလဲလာမလဲ
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့ ကြုံလာရတဲ့ပြဿနာတွေကြား
ဘယ်လိုရင့်ကျက်လာကြမလဲဆိုတာ ကြည့်ရှုခံစားနိုင်မယ့်
ဒရမ်မာကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...
Venus (2022)
⭐IMDB: 5.5/10 (3 k Votes)
🎬 #Horror #Drama #Thriller
🗓 2022 🎞 movie
🌎 #Spain
⏰ 1 နာရီ 40 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သွေးသံတရဲရဲကြမ်းကြမ်းတမ်းတမ်း Horror ကားတွေကိုမှကြိုက်တဲ့
လူတွေအတွက် Venus ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
IMDb မှာ Rating 5.5 ရရှိထားပြီးသူ့အနေအထားနဲ့ သူတော့ကြည့်လို့
ကောင်းတယ်လို့ပြောလို့ရပါတယ်။
နာမည်ကြီး Horror ကားတွေကြည့်ရတာ အကုန်ကုန်ပြီးတော့
ကြည့်စရာရှာနေရတယ်ဆိုရင် ဒီကားလေးကိုတော့စမ်းကြည့်ကြည့်လိုက်ကြပါ။
ဇာတ်လမ်းအစမှာတော့ လူစီယာလို့ခေါ်တဲ့ကလပ်မှာကပြဖျော်ဖြေရတဲ့
ကောင်မလေးတစ်ယောက်က ကလပ်ကနေမူးယစ်ဆေးတွေခိုးပြီး
ထွက်ပြေးလာခဲ့တာကိုတွေ့ရမှာပါ။အဲ့ဒီဆေးတွေကြောင့် သူ့အလုပ်ရှင်တွေက
သူ့နောက်ကိုလိုက်လာတဲ့အတွက် ကြံရာမရတဲ့အဆုံးသူ့ အစ်မတိုက်ခန်းဆီ
သွားခဲ့ပါတော့တယ်။နောက်နေ့မနက်မှာတော့ သူ့အစ်မပျောက်နေပြီး
ပြန်မလာတဲ့အပြင် သူ့ကိုလိုက်ရှာနေတဲ့လူတွေရဲ့ရန်ကို ကြောက်တဲ့အတွက်
အဲ့ဒီတိုက်ခန်းမှာပဲ ဆက်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီတိုက်ခန်းကသူ့ကို
လိုက်ဖမ်းနေတဲ့ လူတွေထက်အများကြီး ပိုကြီးမားတဲ့ပြဿနာဆိုတာကို
လူစီယာတစ်ယောက်သိခဲ့ရပါတော့တယ်။အဲ့ဒီပြဿနာကြီးကတော့ အဲ့ဒီတိုက်ခန်းက
ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေနဲ့ပြည့်နှက်နေတာပဲဖြစ်ပါတယ်။
လူစီယာတစ်ယောက် တွေ့ကြုံနေရတဲ့ကြောက်မက်ဖွယ်ရာ ကောင်းတယ်ဆိုတဲ့
အရာတွေက ဘယ်လောက်တောင်ဆိုးတဲ့အရာတွေလဲ သူ့နောက်ကိုလိုက်ဖမ်းနေတဲ့
လူတွေကရော သူ့ကိုရှာတွေ့သွားကြမလား အရေးကြုံနေတဲ့အချိန်မှာ ပျောက်သွားတဲ့
သူ့အစ်မကရော ဘယ်တွေကိုရောက်နေပြီး အချိန်မှီရောပြန်လာနိုင်ပါ့မလားဆိုတဲ့
စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ကြည့်ရှုရမဲ့သည်းထိတ်ရင်ဖိုရမဲ့
ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
The Last King of Scotland (2006)
⭐TMDB: 74.0% User Score
🎬 #Biography #Drama #History #Thriller
🗓 2006 🎞 movie
🌎 #UnitedKingdom #Germany #UnitedStatesofAmerica #UnitedKingdom
⏰ 2 နာရီ 4 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
~~IMDb 7.6, Rotten Tomatoes 87%~~
အော်စကာဆုတစ်ဆု နဲ့အခြားဆုပေါင်း ၄၀ ကျော်ဆွတ်ခူးထားပြီး ဆန်ကာတင်စာရင်းပေါင်း ၃၀ကျော်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား The Last King Of Scotland.
သရုပ်ဆောင်များအနေနဲ့ James McAvoy ကဇာတ်ဆောင်မင်းသားအဖြစ်၊ နာမည်ကြီးလူမည်းသရုပ်ဆောင်တွေထဲတစ်ယောက်ဖြစ်တဲ့ Forest Whitaker ကဗီလိန်မင်းသားအဖြစ် နဲ့ ကိုယ်တွေရဲ့ British မင်းသမီးကြီး Gillian Anderson တို့စသဖြင့်များစွာပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းပုံစံကတော့ နီကိုးလတ်စ်(James McAvoy ) က ဆရာဝန်ဘွဲ့ရပြီး စွန့်စားမှုလေးတစ်ခုလုပ်ချင်လို့ ရောက်ချင်ရာရောက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကိုမျက်လုံးမှိတ်လက်ထောက်ရွေးခဲ့ပါတယ်။ သူကျသွားတာကတော့ ယူဂန်ဒါဖြစ်ပြီး အဲ့နောက်ယူဂန်ဒါမှာအကျိုးပြုဆရာဝန်လေးလာလုပ်ပါတော့တယ်။
ယူဂန်ဒါမှာ အဲ့အချိန် သမ္မတဟောင်းအိုဘိုတီပြုတ်ပြီး ဗိုလ်ချုပ်အာမင်(Forest Whitaker ) က သမ္မတလုပ်နေတာပါ။ အစပိုင်းကတော့ထုံးစံအတိုင်း လေထဲတိုက်အိမ်ဆောက်အာလုပ်ကတိတွေနဲ့ ပြည်သူ့ ယုံကြည်မှုကို ဖြားယောင်းခဲ့ပါတယ် ၊နောက်ပိုင်းမှာတော့ ဆန့်ကျင့်သူတွေကို ရှင်းလင်းသုတ်သင်ရင်း တိုင်းပြည်အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်…..
နီကိုးလတ်စ်ကတော့အကြောင်းတိုက်ဆိုင်သွားပြီးအာမင်ရဲ့မိသားစုဆရာဝန်ဖြစ်သွားရာကနေဇာတ်လမ်းကိုdramatic ဆန်အောင်ထည့်ထားပါတယ်။ ဒီရုပ်ရှင်က အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို ဇာတ်လမ်းဆင်ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် လေ့လာချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဆင်ဆာကတော့ ကြည့်မလှတဲ့အလောင်းတွေ၊ မင်းသားရဲ့တွေ့ရာအိုင်ခြေဝင်ဆေးတဲ့ပုံရိပ်တွေပါမှာမို့ မိသားစုနဲ့တော့မကြည့်သင့်ပါဘူး...
My Brother is Too Much (2020)
⭐TMDB: 0.0% User Score
🎬 #Adult #Drama #Romance
🗓 2020 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 1 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
{18+}My Brother is Too Much (2020)
အားကစားထဲမှာ ဘယ်အားကစားက အကောင်းဆုံးလို့ထင်လဲ?
အခု ဇာတ်ကားလေးကတော့ ညီကိုတို့အတွက် ကယ်လိုရီလောင်ကျွမ်းမှုအများဆုံးအားကစားလုပ်နည်းလေးအပြင် ညီအစ်ကို ၂ယောက်အတွဲ ၂တွဲရဲ့ တစ်ယောက်နဲ့ တစ်ယောက်မသိရအောင် လူချင်းလဲပြီး အားကစားပညာချင်းဖလှယ်ကြတာကိုပါ မြင်တွေ့ရမှာပါ
နယ်ကနေ ဆိုးလ်မြို့ပေါ်တက်လာတဲ့အစ်ကို ဖြစ်သူနဲ့မြို့ပေါ်က ညီလေးရဲ့ အားကစားကျွမ်းကျင်ပုံအပြင်ချစ်သူပျိုဖြူချောလေးတွေကိုပါ ခံစားကြည့်ရှုရမှာပါ..
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
NH 10 (2015)
⭐IMDB: 7.2/10 (14 k Votes)
🎬 #Action #Bollywood #Crime #Drama #Adventure #Thriller
🗓 2015 🎞 movie
🌎 #India
⏰ 1 နာရီ 52 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
NH 10 (2015)
IMDb – 7.2 /10
ဒီတစ် ခေါက်မှာ တော့PKကားထဲက နာမည်ကြီးမင်းသမီးအနွတ်ရှ်ကားပါဝင်တဲ့ 2015ထွက်Thriller/Drama ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအညွှန်းခရီးထွက်လာတဲ့အဝေးပြေးလမ်းမပေါ်က အာဂျွန်နဲ့မီရာဆိုတဲ့လင်မယားဟာမထင်မှတ်ထားပဲ လူသတ်မှုတစ်ခုကိုမျက်မြင် တွေ့လိုက်ရပြီး နောက်မှာသူတိုနှစ်ဦးကိုပါ လူသတ်သမားအုပ်စုက ကိစ္စရှင်းဖိုကြံစည်ကာလိုက်သတ်ပါတော့တယ်
လူသူနည်းပါးတဲ့အဝေးပြေးလမ်းမကြီးရဲ့ လမ်းကြောင်းပေါ်မှာသူတိုရအောင်ထွက်ပြေးနိုင်ပါ့မလား လူသတ်မှုရဲ့ နောက်ကွယ်မှာရောဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာ ဇာတ်ကားတလျှောက်လုံးသဲထိတ်ရင်ဖိုစွာကြည့်ရှု့သွားရမှာဖြစ်ပါတယ်
ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူက Khin Khin ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Fuzzy Head (2023)
⭐IMDB: 6.7/10 (56 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်ကားတစ်ကားလုံး ပရိသတ်ကိုခေါင်းစားမဲ့ ဇာတ်ကားတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်က Fuzzy Head ဖြစ်ပြီး
နာမည်နဲ့လိုက်အောင်ကို ခေါင်းကိုက်စေမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာ တွေ့ဖူးမြင်ဖူးနေတဲ့
ဇာတ်ကားတွေလို ဇာတ်ကွက်မျိုးတွေနဲ့မဟုတ်ဘဲ ထူးထူးဆန်းဆန်းကြည့်ရှု
ရမှာပဲဖြစ်ပါတယ်။
မာလာလို့ခေါ်တဲ့ ကောင်မလေးကငယ်စဉ်က စိတ်ဒဏ်ရာတွေရခဲ့တဲ့အတွက်
စိတ်ဝေဒနာ တစ်မျိုးကို ခံစားနေရပြီး တကယ်ဖြစ်နေတဲ့အရာတွေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့
အရာတွေနဲ့ အမြဲတမ်းရောထွေးနေတတ်ပါတယ်။အဲ့ဒီရောဂါကြောင့် အိပ်တောင်
မအိပ်ရဲလောက်တဲ့အထိ ဖြစ်နေပြီးအတူတူနေထိုင်တဲ့ သူငယ်ချင်းဆီကနေ
ထပ်ခါထပ်ခါထွက်ပြေးနေပြီး ရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက် လျှောက်သွား
နေတတ်သူတစ်ယောက်ပါ။သူ့စိတ်ဝေဒနာရဲ့ ဇာတ်မြစ်ကတော့ သူ့အမေကြောင့်ဖြစ်ပြီး
သူ့ရဲ့ငယ်ဘ၀က သူ့အမေကြောင့်ပဲကြမ်းတမ်းခဲ့ပါတယ်။တစ်နေ့မှာသူ့အမေက
သေသွားခဲ့ပြီးတော့ သေသွားတဲ့သူ့အမေရဲ့ ဘေးနားမှာသူရှိနေခဲ့ပါတယ်။
သူကတော့ သူ့အမေကိုသူကိုယ်တိုင် သတ်ခဲ့တယ်လို့ပြောပေမဲ့ တကယ်တမ်း
ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူကိုယ်တိုင်တောင်မသိပါဘူး။ဒီလိုနဲ့ သူ့အမေတကယ်တမ်း
ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို သေချာသိနိုင်ဖို့အတွက် သူ့မှတ်ဉာဏ်တွေထဲကနေ
ပြန်လည်ရှာဖွေရင်း ဒီအိပ်မက်ဆိုးကြီးကနေရုန်းထွက်နိုင်မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။...
The Great Escaper (2023)
⭐IMDB: 7.2/10 (1 k Votes)
🎬 #Drama #Comedy #Romance #War
🗓 2023 🎞 movie
🌎 #UnitedKingdom #Sweden #France
⏰ 1 နာရီ 37 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာ
မင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့
ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့
မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။
မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီး
ကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့
၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။
ဇာတ်လမ်းအနှစ်ချုပ်
ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့
အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့
နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို
တက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေ
ခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး
ပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာ
နေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာ
ဘယ်သူမှမသိကြပါဘူး။
အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာ
တခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းက
စိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါ
သေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေး
ချွတ်ယွင်းလာတာကို မသိသေးတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ သူလုပ်စရာရှိတာကိုသာ
သဲကြီးမဲကြီးအာရုံစိုက်နေရာက ဘဝတူစစ်ပြန်ကြီး Arthur ရဲ့အကူအညီကြောင့်
မမျှော်လင့်ထားတဲ့နေရာကို ရောက်ခဲ့ပါတော့တယ်။ ခရီးသွားဟန်လွဲဆုံရတဲ့ Arthur ရဲ့
နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိမလဲ၊ Bernard သူရည်မှန်းထားတာတွေ
အားလုံးလုပ်နိုင်ပါ့မလား။ သူတွေ့ချင်တဲ့အရာတွေနဲ့တွေ့နိုင်ပါ့မလား၊ ကျန်ရစ်ခဲ့တဲ့
ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ရောက်တဲ့အထိ အသက်ရှည်ပါ့မလားဆိုတာ
IMDB 7.2, Rotten Tomato 79% ရထားတဲ့ The Great Escaper ရုပ်ရှင်ဇာတ်ကားနဲ့
အတူစီးမျောရင်းခံစားသက်ဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။...
Grudge (2021)
⭐IMDB: 5.5/10 (5 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓 2021 🎞 movie
🌎 #Turkey
⏰ 1 နာရီ 47 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Grudge (2021) ဇာတ်ကားဟာ တူရကီနိုင်ငံမှာ အခြေခံရိုက်ကူးခဲ့တဲ့
ဇာတ်ကားဖြစ်ပြီး တူရကီနိုင်ငံရဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာ/ဒါရိုက်တာဖြစ်တဲ့
Yilmaz Erdogan ကိုယ်တိုင် ရေးသားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့
action/crime ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကျောရိုးက ဆုချီးမြှင့်ခံရပြီး ရာထူးတိုးတော့မဲ့
ရဲမှူးကြီးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ သူ ရာထူးမတိုးခင်လေးမှာ
သူသာမန်ရဲဘဝတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်လိုလူတွေက
သူ့ကို ရန်ငြိုးတွေနဲ့ ဘာများကြံစည်ကြမလဲ။ သူကကော အဲ့အခက်အခဲတွေကို
ကျော်လွှားနိုင်မှာလား။ သူ့ရဲ့အတိတ်က အရိပ်မည်းတွေကို လွတ်အောင်
ရှောင်ပြေးနိုင်မှာလားဆိုတာတွေကို ကြည့်ရှူရမှာဖြစ်ပါတယ်။ သာမန် crime တွေနဲ့
မတူတာက ဇာတ်လမ်းမဆုံးမချင်း ဘယ်သူက ဘာတွေ ဖြစ်လိုဖြစ်မလဲဆိုတာ
လုံးဝမှန်းလို့မရနိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို အပေါ့ထသွားဖို့တောင်
မေ့လောက်တဲ့အထိ အစကနေအဆုံး ဆွဲခေါ်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။
မဖြစ်မနေ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...
Ace Ventura: Pet Detective (1994)
⭐TMDB: 65.0% User Score
🎬 #Uncategorized #Comedy #Mystery
🗓 1994 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The mask ဇာတ်ကားနဲ့သိကြတဲ့ ဟာသမင်းသားကြီး jim carry ရဲ့ ဟာသကားကောင်းလေးပါ Ace venture လို့ခေါ်တဲ့ တိရိစာၦန်ပျောက်ဆုံးမှု့တွေကိုပဲ သီးသန့်လိုက်စုံစမ်းပေးတဲ့ လူတစ်ယောက် စုံစမ်းထောက်လှမ်းရာမှာတော်သော်လည်း ပြောင်ချော်ချော် မျက်နှာပေးကြောင့် လူတွေသိပ်ကြည့်မရတဲ့လူတစ်ယောက် ပမာမခန့်လုပ်ရပ်တွေနဲ့ ဒုရဲအုပ်လိုလူမျိုးကိုတောင် ပြန်လှောင်ရဲတဲ့လူတစ်ယောက် အဲ့လိုလူတစ်ယောက် ဘောလုံးအသင်းရဲ့ လာဘ်ကောင် လင်းပိုင်ပျောက်ဆုံးမှု့ကို လိုက်လံ စုံစမ်းသောအခါ လူသတ်မှု့၊ မိ်န်းမချော ၊ မထင်မှတ်ထားတဲ့တရားခံ စတဲ့ အလှည့်အပြောင်းများစွာနဲ့ ဇာတ်ကားဆုံးသည်အထိ ရယ်မောရင်း ခံစားသွားရမယ့် စုံထောက်ဟာသကားကောင်းလေးပါ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကြည့်ရှု့လိုက်ပါဦး။ IMDB rating 6.9 အထိ ရထားတဲ့ ဇာတ်ကားပါ။
File Size : 620 MBQuality : Blu ray 720PRunning Time : 1hr 26 minuteFormat : Mp4Genre : ComedyEncoder : Joker.phs
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Zayar Phyo ပဲ ဖြစ်ပါတယ်)...
Ace Ventura: Pet Detective (1994)
⭐TMDB: 65.0% User Score
🎬 #Uncategorized #Comedy #Mystery
🗓 1994 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The mask ဇာတ်ကားနဲ့သိကြတဲ့ ဟာသမင်းသားကြီး jim carry ရဲ့ ဟာသကားကောင်းလေးပါ Ace venture လို့ခေါ်တဲ့ တိရိစာၦန်ပျောက်ဆုံးမှု့တွေကိုပဲ သီးသန့်လိုက်စုံစမ်းပေးတဲ့ လူတစ်ယောက် စုံစမ်းထောက်လှမ်းရာမှာတော်သော်လည်း ပြောင်ချော်ချော် မျက်နှာပေးကြောင့် လူတွေသိပ်ကြည့်မရတဲ့လူတစ်ယောက် ပမာမခန့်လုပ်ရပ်တွေနဲ့ ဒုရဲအုပ်လိုလူမျိုးကိုတောင် ပြန်လှောင်ရဲတဲ့လူတစ်ယောက် အဲ့လိုလူတစ်ယောက် ဘောလုံးအသင်းရဲ့ လာဘ်ကောင် လင်းပိုင်ပျောက်ဆုံးမှု့ကို လိုက်လံ စုံစမ်းသောအခါ လူသတ်မှု့၊ မိ်န်းမချော ၊ မထင်မှတ်ထားတဲ့တရားခံ စတဲ့ အလှည့်အပြောင်းများစွာနဲ့ ဇာတ်ကားဆုံးသည်အထိ ရယ်မောရင်း ခံစားသွားရမယ့် စုံထောက်ဟာသကားကောင်းလေးပါ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကြည့်ရှု့လိုက်ပါဦး။ IMDB rating 6.9 အထိ ရထားတဲ့ ဇာတ်ကားပါ။
File Size : 620 MBQuality : Blu ray 720PRunning Time : 1hr 26 minuteFormat : Mp4Genre : ComedyEncoder : Joker.phs
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Zayar Phyo ပဲ ဖြစ်ပါတယ်)...
Ace Ventura: Pet Detective (1994)
⭐TMDB: 65.0% User Score
🎬 #Uncategorized #Comedy #Mystery
🗓 1994 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The mask ဇာတ်ကားနဲ့သိကြတဲ့ ဟာသမင်းသားကြီး jim carry ရဲ့ ဟာသကားကောင်းလေးပါ Ace venture လို့ခေါ်တဲ့ တိရိစာၦန်ပျောက်ဆုံးမှု့တွေကိုပဲ သီးသန့်လိုက်စုံစမ်းပေးတဲ့ လူတစ်ယောက် စုံစမ်းထောက်လှမ်းရာမှာတော်သော်လည်း ပြောင်ချော်ချော် မျက်နှာပေးကြောင့် လူတွေသိပ်ကြည့်မရတဲ့လူတစ်ယောက် ပမာမခန့်လုပ်ရပ်တွေနဲ့ ဒုရဲအုပ်လိုလူမျိုးကိုတောင် ပြန်လှောင်ရဲတဲ့လူတစ်ယောက် အဲ့လိုလူတစ်ယောက် ဘောလုံးအသင်းရဲ့ လာဘ်ကောင် လင်းပိုင်ပျောက်ဆုံးမှု့ကို လိုက်လံ စုံစမ်းသောအခါ လူသတ်မှု့၊ မိ်န်းမချော ၊ မထင်မှတ်ထားတဲ့တရားခံ စတဲ့ အလှည့်အပြောင်းများစွာနဲ့ ဇာတ်ကားဆုံးသည်အထိ ရယ်မောရင်း ခံစားသွားရမယ့် စုံထောက်ဟာသကားကောင်းလေးပါ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကြည့်ရှု့လိုက်ပါဦး။ IMDB rating 6.9 အထိ ရထားတဲ့ ဇာတ်ကားပါ။
File Size : 620 MBQuality : Blu ray 720PRunning Time : 1hr 26 minuteFormat : Mp4Genre : ComedyEncoder : Joker.phs
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Zayar Phyo ပဲ ဖြစ်ပါတယ်)...
Delivery Man (2013)
⭐IMDB: 6.3/10 (82 k Votes)
🎬 #Comedy #Drama
🗓 2013 🎞 movie
🌎 #UnitedStates #India #Canada #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Delivery Man (2013)==================
အကယ်၍ သင်ဟာ မမျှော်လင့်ပဲ
ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး
သူတို့ထဲက ၁၄၂ယောက်က
သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။
အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင်
Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး
ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်
Starlord မင်းသားကြီး Chris Pratt နဲ့အတူ
မင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့
comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်
ဟာသနှောတဲ့drama ကြိုက်သူတွေ
သဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး
သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။
တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က
သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။
ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက
သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။
ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့
တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။
ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း
ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့
သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို
ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့်
အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့
ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။...
The Killer (2023)
⭐IMDB: 7.4/10 (8 k Votes)
🎬 #Action #Adventure #Crime #Thriller #Drama #Mystery
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Killer (2023)
ပစ်မှတ်ကိုမလွဲဖူးတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ပထမဆုံးလွဲသွားတဲ့အခါ ဘာဖြစ်လာလဲ။
ဒီရုပ်ရှင်ကိုတော့ Seven, Zodiac တို့လို အနုပညာမြောက်ကားတွေကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ ဒေးဗစ်ဖင်ချာက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အဓိကဇာတ်ကောင် ကြေးစားနေရာမှာတော့ X-men ထဲက မက်ဂနီတိုမင်းသား မိုက်ကယ် ဖက်စ်ဘန်ဒါက ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ နာမည်ကျော် ပြင်သစ်ရုပ်ပြဝတ္ထုတစ်အုပ်ကို ကိုးကားပြီးSeven ရဲ့ ဇာတ်ညွှန်းဆရာ Andrew Kevin Walker ကပဲ ရေးသားပေးထားတာပါ။
ဇာတ်လမ်းအကျဉ်း
ဘဝမှာ ကိုယ်ရေးကိုယ်တာခံစားချက်ဘာမှမပါဘဲ၊ နိုင်ငံတွေ ဘာသာတွေ ယုံကြည်ချက်တွေမထားဘဲ၊ငွေအတွက်သက်သက် ကြေးစားလူသတ်သမားလုပ်နေတဲ့သူ။ မအောင်မြင်တဲ့အလုပ်မရှိခဲ့တဲ့သူတစ်ယောက်ဟာ တစ်နေ့မှာ ပစ်မှတ်ကိုလွဲချော်သွားခဲ့တယ်။ဒီလောကမှာ နောက်ဆက်တွဲပြဿနာတွေတက်လာရင် သဲလွန်စတွေကို ရှင်းလင်းကြတာ သဘာဝပဲမို့သူ့ကိုလည်း အလုပ်အပ်တဲ့သူက သတ်ဖို့ ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့ မသေသွားတဲ့အခါမှာတော့ သူကလည်း သူ့ကိုသတ်မဲ့လူတွေကို တစ်ဆင့်ပြီးတစ်ဆင့်လိုက်ရှာပြီး ဇစ်မြစ်ဆီကို ရောက်အောင်သွားရပါတော့တယ်။ဇာတ်လမ်းကတော့ ရိုးရှင်းသလိုပါပဲ။အဓိကက တွေးစရာလေးတွေနဲ့ ဒိုင်ယာလော့ အလှအပလေးတွေနဲ့ တန်ဆာဆင်ပြီးမဲပြာပုဆိုးဇာတ်လမ်းတစ်ခုကနေ အနုပညာလက်ရာတစ်ခုကို ထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Ghoomer (2023)
⭐IMDB: 8.6/10 (9 k Votes)
🎬 #Bollywood #Drama #Sport
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 11 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ghoomer 2023 ( ခရစ်ကတ်ဘုရင်မ)IMDb 8.6
ခရစ်ကတ်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိလာတဲ့ အသစ်စက်စက် ရုံကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်ကားရဲ့ ၂နာရီကျော်လုံးမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေနဲ့ ရင်တမမကြည့်ရှူရမဲ့ကားဖြစ်တဲ့အပြင် အားလုံးရဲ့အချစ်တော်မင်းသားကြီးအမီတာဘချမ်းကြီးအပြင် သားဖြစ်သူ အဘီရှိတ်ခ်တို့လို ဝါရင့်သရုပ်ဆောင်နှစ်ဦးလဲပါဝင်ထားပြန်ပါတယ်
အန်နာ..ခရစ်ကတ်ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့ပွဲတွေထိတက်ချင်ခဲ့တာကသူမရဲ့အိပ်မက်ပေါ့ အစမ်းပွဲလေးတွေမှာဝင်ပြိုင်ကစားရင်း ဒိုင်တွေရဲ့ မျက်စိကျခြင်းခံရတဲ့သူမ ..
ဒီလိုနဲ့ အင်္ဂလန်_အိန္ဒိယ ခရစ်ကတ်ကစားသမား List ထဲ သူမပါဝင်လာခဲ့ပြီးနောက်ဆုံးဆင့် ရွေးချယ်ပွဲအတွက်လူရွေးပွဲနောက်ပိုင်းမှာ သူမဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်
ဒါကတော့ ခရစ်ကတ်ကစားသမားဖြစ်သူက လက်တစ်ဖက်ဆုံးရှုံးလိုက်ရလို့ပါပဲ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်ချင်တဲ့သူမရဲ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲတိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ဆရာတွေကရော သူ့ကိုဘယ်လိုတွေကူညီသွားမလဲဆိုတာကတော့…(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ Tomo ~ BpL ~ Cherry တို့ပဲဖြစ်ပါတယ် )
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Shining Vale (2022- )
⭐IMDB: 7.0/10 (5 k Votes)
🎬 #Comedy #Drama #Fantasy #Horror
🗓 2022- 🎞 tv series
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 32 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shining Vale (2022) (Complete)Shining Vale (2022) (Completed Limited Series)
Your browser does not support the video tag.~ IMDb – 6.4/10, RT – 70%, Meta – 65% ~ (စုစုပေါင်း ၈ ပိုင်းရှိမှာဖြစ်ပြီး ဒီအပတ် နှစ်ပိုင်းတန်းထွက်တာမို့လို့ နှစ်ပိုင်းလုံးတင်ပေးလိုက်ပါတယ်။ ပြီးရင်တော့ တစ်ပတ် တစ်ပိုင်းပါခင်ဗျာ။) ဟို ဟာသရှိုးပွဲထဲကလိုပေါ့။ အနောက်တိုင်းသရဲကားတွေက အမြဲတမ်း အိမ်အဟောင်းကြီးတစ်လုံးကနေ စတယ်ဆိုတာမျိုးစတဲ့စီးရီးပဲဆိုပါတော့ဗျာ။ ဒါပေမဲ့ ဒီ Horror စီးရီးရဲ့အမျိုးအစားက Horror Comedy ဗျ။ပြောရမယ်ဆို အနောက်တိုင်းသရဲကားတွေထဲမှာ တော်ရုံ ရိုက်လေ့ရိုက်ထမရှိတဲ့ကားမျိုးပေါ့။ ထိုင်းဟာသသရဲကားတွေဘာတွေကတော့ အာရှပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီတော့ ဒီ Shining Vale ဆိုတဲ့ Horror Comedy ကရော ဘယ်လိုလာမှာလဲပေါ့။ ပြောရမယ်ဆိုရင်တော့ ဒီစီးရီးက နည်းနည်းထူးဆန်းတယ်ဗျ။ Horror Comedy သာဆိုတယ်၊ တစ်ချို့သရဲကား အနုတ်စုတ်ဂုတ်စုတ်တွေထက် တော်တော်သာတဲ့၊ တော်တော်ကြောက်ဖို့ကောင်းတဲ့ထဲမှာ ပါတဲ့စီးရီးမျိုးဗျ။ ဇာတ်လမ်းဇာတ်ကွက်ကလည်း အပိုင်း ၁ အစပိုင်းကိုကြည့်တာနဲ့ တောက်လျှောက်ကိုမျောသွားမယ့် စီးရီးမျိုးဗျ။ ဟာသက ဘယ်တော့လာမလဲမသိပေမဲ့ ညဖက်ဘာသာပြန်နေရတာ ရင်တထိတ်ထိတ်နဲ့ကို ပြန်နေရလောက်တဲ့ထိကို ကောင်းတာပါ။ ဒီတော့ တယ်ရီနဲ့ပတ်ဆိုတဲ့ လင်မယားနှစ်ယောက် သားဖြစ်သူ ဂျိတ်၊ သမီးဖြစ်သူ ဂေနာနဲ့ ကျေးလက်ဒေသဖက်က အိမ်အိုကြီးတစ်အိမ်ကိုပြောင်းရွှေ့လာရာကနေ အခြေတည်ပြီး ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းပြီး နောက်ပိုင်းထွက် သရဲကားတွေထဲမှာ လုံးဝလက်လွှတ်မခံသင့်တဲ့ Shining Vale ဆိုတဲ့ ညဖက်ကြည့်လေရှယ်အရသာရှိလေဖြစ်မယ့် Horror Comedy လေးကိုလည်း ရင်တထိတ်ထိတ်နဲ့ကြည့်လှည့်ပါဦးခင်ဗျာ။ (ဒီစီးရီးရဲ့ အညွှန်းကိုရေးသားပေးသူကတော့ San Thu Aung ပဲဖြစ်ပါတယ်။)...
Coming Soon (2008)
⭐IMDB: 6.0/10 (3 k Votes)
🎬 #Horror #Thriller
🗓 2008 🎞 movie
🌎 #Thailand
⏰ 1 နာရီ 20 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင် ရဲ့ ပုံစံ ကတော့ ဖြစ်ရပ်မှန် လူသတ်မှု တစ်ခုကို အခြေခံ ပြီး
ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ ရုံတင်ပြသဖို့ ရုပ်ရှင်ရုံ တစ်ခုကိုရောက်ရှိလာပါတယ်
ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာမို့ အလွန်နာမည်ကြီးနေပါတယ်
ခိုးကူးတွေကလဲ ဖလင်အခန်း က ဝန်ထမ်းဖြစ်တဲ့ ရှန်း ကို ပိုက်ဆံပေး ခိုင်းစေပါတယ်
ရှန်း ဟာ မကြာသေးခင်ကမှ လောင်းကစား များ
ဆေးသုံးမှု များနဲ့ အကြွေးတင်နေသူ ဖြစ်တာကြောင့် ရုပ်ရှင်ကို ကင်မရာဖြင့် ညဘက်
ခိုးရိုက်ထားဖို့ သဘောတူလိုက်ပါတော့တယ်…
သို့ပေမယ့် တစ်ခြားဝန်ထမ်းတွေ မသိအောင် ဖလင်ခန်း
ဝန်ထမ်း ရှန်း တစ်ယောက် ရုံထဲတွင် ရုပ်ရှင်ကားကို ခိုးရိုက်တဲ့အခါ
မမျှော်မှန်းထားတဲ့ အဖြစ်အပျက်တွေ ထိတ်လန့်ချောက်ချားဖွယ်များ
စတင်ကြုံတွေ့ရပါတယ်
သူ့အတွက် ကံဆိုးမှုတွေကျရောက်တော့မယ်အချိန်ဆိုတာကို
သူကိုယ်တိုင် မသိခဲ့သော အခါ….
(ဆက်လက်ကြည့်ရှုပါရန်)...
All Ears (2023)
⭐IMDB: 6.7/10 (71 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #China
⏰ 2 နာရီ 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ အသုဘနာရေးတွေမှာ သေဆုံးသွားတဲ့လူအကြောင်းပြောဖို့ဇာတ်ညွှန်းတွေကိုရေးပေးလေ့ရှိတဲ့ ဝမ်ရှန့်။သူကအရင်တုန်းက TV series ဇာတ်ညွှန်းဆရာတစ်ယောက်ပေါ့။
ဒါပေမဲ့သူ့ဇာတ်ညွှန်းတိုင်းဝေဖန်မှုတွေကြောင့် လက်လျှော့ခဲ့ရတယ်။ဒီလိုနဲ့သေဆုံးတဲ့လူတွေအကြောင်းရေးတဲ့အသုဘမိန့်ခွန်းရေးသူတစ်ယောက်ဖြစ်လာခဲ့တယ်။ဒီဇာတ်လမ်းလေးကထူးထူးခြားခြား လူတွေသေဆုံးပြီးသွားရင်ကျန်ရစ်သူတွေကဒီသေဆုံးသွားတဲ့သူအပေါ် ဘယ်လိုခံစားချက်တွေရှိကြလဲ။ဘယ်လိုမျိုးတွေဝမ်းနည်းပူဆွေးကြလဲစတာတွေကိုဖော်ကြူးပြသထားတာဖြစ်တာကြောင့်ဒီဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရူလိုက်ကြရအောင်...
Dr. Cheon and Lost Talisman (2023)
⭐IMDB: 7.1/10 (111 Votes)
🎬 #Crime #Fantasy #Horror #Action #Thriller #Mystery
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 38 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dr. Cheon and the Lost Talisman(2023)
************************************စွန်းကြမ်းတဲ့ အပနှင်Mystery / Thriller movie လာပါပြီ…အပနှင်တဲ့သူလိုလို နတ်ဆရာလိုလိုအာပလာ ပရော်ဖက်ဆာချွန်းနဲ့သခင်လေးဂန်လို့ ခေါ်တဲ့ သူ့တပည့် ဂန်အင်ဘယ်တို့ကအပနှင်ဖို့ အလုပ်လာအပ်တိုင်းအပနှင်ချင်ယောင်ဆောင် အိမ်ကို 4D နည်းပညာသုံးပြီးတော့ ဝုန်းဒိုင်းကြဲပြလေ့ရှိပါတယ်ပစ္စည်းတွေကိုလည်း မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး သိမ်းယူလာခဲ့ပြီး
အောက်ဈေးနဲ့ ပြန်ရောင်းစားနဲ့ ပိုက်ဆံရှာကြတဲ့ လူလိမ်တွေပေါ့အပနှင်တဲ့ အလုပ်လုပ်ပေမဲ့လည်း သရဲ ရှိတယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိသလို
သူတို့ရင်ဆိုင်ရမယ့်အရာက သရဲ မဟုတ်ဘဲ လူတွေရဲ့ စိတ်လို့ပဲ လက်ခံထားကြတယ်
ဒါပေမဲ့ တစ်နေ့မှာ ယူဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီးတော့သိန်း ၅၀၀ ပုံပေးပြီး သူ့ ညီမလေးကို အပနှင်ပေးဖို့အတွက် သူ့အိမ်ကို ခေါ်ခဲ့တယ်
အလုပ်ဖြစ်ရင် နောက်ထပ် သိန်း ၅၀၀ ထပ်ပေးမယ်လို့ မက်လုံးပေးတဲ့အတွက် ပိုက်ဆံမက်တဲ့
ပရော်ဖက်ဆာကြီးတို့လည်း ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်…..ကောင်မလေးအိမ်ကို ရောက်တဲ့အခါမှာတော့ အလွန်ကြောက်စရာ ပရောဂစွဲကပ်နေသလို
အောက်လမ်းဆရာကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့….အညွှန်းကိုတော့
Miriကရေးသားပေးထားပါတယ်...
