ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
怒火追击 (2023)
⭐TMDB: 0.0% User Score
🎬 #Crime #War
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 15 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတခေါက်CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-တစ်ချိန်က အထူးတပ်ဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ လင်ယွမ့်ဟာအထူးလှုပ်ရှားမှု တစ်ခုမှာ သူ့ရဲ့အမှားကြောင့် အဖွဲ့သားတွေနဲ့ဓားစာခံတွေ အကုန် စတေးသွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ သူဟာ သူ့ဘဝအမှန်ကို ဖုံးကွယ်ပြီး နေထိုင်ခဲ့ပါတယ်။
နာရီပြင်သူ တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ လင်ယွမ့်ဟာ အပေါ်ထပ်ကရှောင်ယွဲ့ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို သမီးလေးတစ်ယောက်လိုသံယောဇဉ် တွယ်မိသွားပါတယ်။ ဒုစရိုက်ဂိုဏ်းတွေကရှောင်ယွဲ့တို့ သားအမိကို အန္တရာယ်ပြုဖို့ ဦးတည်လာသောအခါ……
လင်ယွမ့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ပြစ်မှုတွေကို တားဆီးနိုင်ပါ့မလား……ဒုစရိုက်ဂိုဏ်းရဲ့ နောက်ကွယ်က ခေါင်းဆောင်ကြီးကိုရော ဖမ်းဆီးနိုင်လိမ့်မလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။...
Youngest Sister-in-law 2 (2019)
⭐TMDB: 60.0% User Score
🎬 #Adult #Romance
🗓 2019 🎞 video movie
🌎 #SouthKorea
⏰ 1 နာရီ 17 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Youngest Sister in Law -2
စုံတွဲချင်းလဲစားတဲ့ ထူးခြားတဲ့ 18+ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ကြမ်းမှကြိုက်တယ်ဆိုပြီး မတူတဲ့ အရသာ ခံစားချင်းတဲ့ဘဒိုတွေအတွက်ကြမ်းလဲကြမ်း ဆော်တွေလည်းမိုက်တဲ့ကားလေး လာပါပြီ မနဲ့မောင်အတွဲလေးရယ် ကိုနဲ့ချစ်လေး အတွဲရယ် အတူတူခရီးသွားရင်း အချင်းချင်းဘယ်လို ညှိနှိုင်းပြီးအချစ်တွေဖလှယ်ကြမယ်ဆိုတာ စိတ်ဝင်စားစရာလေးကြည့်ရအုန်းမှာပါ
အရင်ပါနေကြ ကျော်ကြီးမဟုတ်ပဲ မင်းသားရော မင်းသမီးရော အသစ်တွေသုံးထားလို့ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားပါ ဇာတ်လမ်းထက် အကွက်တွေစုံအောင်ပြထားလို့အားရအောင်ကြည့်ရအုန်းမယ့် 18+ကားကောင်းလေးဆိုတာညွှန်းချင်ပါတယ်
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Joe Dirt 2: Beautiful Loser (2015)
⭐IMDB: 4.2/10 (6 k Votes)
🎬 #Comedy
🗓 2015 🎞 video movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာ
Joe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။
ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာ
ပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူ
တစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့
ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်
နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်း
မှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲ
လက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့
ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကို
မိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်း
ကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေး
တစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကို
ပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့
ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါ
တော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပို
ခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်း
အနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲ
ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Joe Dirt (2001)
⭐TMDB: 56.0% User Score
🎬 #Adventure #Comedy #Drama #Mystery #Romance
🗓 2001 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။
အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့
Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။
IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့
ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။
ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီး
အကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်
လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့
ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်း
ကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့
သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်
ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကို
လှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေ
တစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။
သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိ
နေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့
ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်
အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီး
လာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်
အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့
သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကို
ကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...
Why Did I Get Married? (2007)
⭐TMDB: 64.0% User Score
🎬 #Comedy #Drama #Romance
🗓 2007 🎞 movie
🌎 #UnitedStatesofAmerica #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 1 နာရီ 59 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Why Did I Get Married?
ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။
ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။
စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရော
ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့
ပြောရင် မှားမဖြစ်ပါဘူး။
ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်က
စုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့
လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်း မေးခွန်းထုတ်မိတတ်တဲ့၊
ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်း
အဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့
“သူက Right Person လား”
ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲ
ဆိုတာ သိရတာပါ။
တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။
သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။
သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ်
သူတို့နဲ့ ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားက
အချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့
အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အံဝင်ခွင်ကျ
ထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။
သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ပါတယ်။
ပို စိတ်ဝင်စားစရာကောင်းတာက အဲ့လို ဖောက်ပြန်တဲ့လူတွေ
အကြောင်းနဲ့ ဆက်စပ်ပြီး တော်တော်ကောင်းတဲ့
၈၀/၂၀ အချိုး ဆိုတာလေး ပြောပြထားတယ်။
အဲ့ဒီ အချိုးအကြောင်း သေချာပေါက်ရှာကြည့်လိုက်ပါ။
ဖောက်ပြန်တဲ့လူတွေ ဘာဖြစ်သွားလဲလည်း ပါတယ်။
ဖောက်ပြန်ခံရတဲ့လူတွေ ဘယ်လိုကျော်ဖြတ်ကြလဲ ဆိုတာလည်း
သင်ယူစရာတွေ ပါတယ်။
ကိုယ့်ကို တန်ဖိုးမထားတဲ့လူနဲ့ဆက်ဆံရေးတစ်ခု
တည်ဆောက်ထားတာက ဘယ်လောက်ဆိုးလဲ ဆိုတာလည်း ပါတယ်။
အဲ့လိုကနေ ရုန်းထွက်နိုင်ရင် ဘာတွေရလာနိုင်လဲ ဆိုတာလည်း ပါတယ်။
ပြီးတော့ တကျက်ကျက် ရန်ဖြစ်နေတတ်တဲ့ စုံတွဲတွေနဲ့ သူတို့
သဘောသဘာဝ တွေလည်းပါတာပဲ။
ဘယ်လိုဆိုးကျိုးတွေ ရှိလဲ၊ ဘာတွေတော့ ကောင်းလဲ ဆိုတာလည်း သိရမယ်။
ဘာမှ မပြောဘဲ စိတ်ထဲ ထားတတ်တဲ့ စုံတွဲတွေ
ဆိုရင်ရော။သူတို့ ဘာတွေ ကြုံရတတ်လဲလည်းထည့်ပြောထားသေးတာပါပဲ။
ဆိုးဝါးတဲ့ နာကျင်စရာတွေကို တစ်ယောက်ကို တစ်ယောက်
ညှာပြီး မပြောမိရာကကနေ ဘာတွေ ဖြစ်လာတတ်သလဲ
ဘယ်လို ဖြေရှင်းလို့ ရသလဲတွေထည့်ရိုက်ထားတာပါ။
ပြီးတော့ အလုပ်ပဲ ကြည့်တတ်တဲ့ သားသမီးရတနာ
ယူရေး/မယူရေးတွေနဲ့ မပြေလည်မှုတွေရှိလာတဲ့ စုံတွဲအကြောင်းလည်း ပါတယ်။
သူတို့တွေ နောက်ထပ် ထပ်တွဲဖြစ်သွားကြတဲ့
လူတွေအကြောင်းလည်း ပါပါသေးတယ်။
ပိုကောင်းတဲ့ ဆက်ဆံရေးတွေ၊ လက်တွဲဖော်တွေကို
ရသွားကြတာလား၊ ထားခဲ့ကြရတာလား
ဆိုတာလည်း သိရမှာပါ။
Rating တွေ သိချင်ရင်တော့
Rotten TomatoRating က 48 ဆိုပေမယ့်
ပရိတ်သတ်ကတော့ 78မှတ်တောင် ပေးထားတဲ့
ဇာတ်ကားပါ။ IMDb က 5.9ပါတဲ့။
သရုပ်ဆောင်တွေကတော့ Janet Jackson က စလို့ Tyler Perry ထိ ပါ ပါတယ်။
အရမ်းမရင်းနှီးတဲ့ သရုပ်ဆောင်တွေက ပိုများနေတောင် ကြည့်ကြည့်လိုက်ရင်
သဘာဝကျလွန်းနေတာ တွေ့ရမှာပါ။
မသိတဲ့ သရုပ်ဆောင် ပိုများတော့ ဇာတ်ကားဆိုတာ မေ့သလိုလိုပိုဖြစ်တာလည်း ပါဦးမှာပါ။ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ စာရေးဆရာက
ဒီဇာတ်ကားထဲကတယ်ရီဆိုတဲ့ ဘဲကြီးပါပဲတဲ့။
ကြည့်လိုက်ရင်တော့ လူတိုင်း တနည်းမဟုတ်
တနည်းတွေ့ရရတတ်တဲ့ လူတွေကြားကဆက်ဆံရေးတွေအကြောင်း
အများကြီး သိရ၊ ချိန်ညှိကြည့်လို့ရ၊ အဖြေထုတ်လို့ရဖြစ်သွားမှာပါ။
It’s worth it ပါ။...
Taylor Swift: The Eras Tour (2023)
⭐IMDB: 8.3/10 (13 k Votes)
🎬 #Documentary #Music
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 49 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Taylor Swift: The Eras Tour (2023) Version 1
~ IMDb – 8.3/10, RT – 99%, Meta – 83% ~
[ အခုတင်တဲ့ Version က Speech တွေသီးသန့် ဘာသာပြန်ပေးထားပြီး သီချင်းတွေကို E-Sub အတိုင်းပဲ Encoding လုပ်ထားတဲ့ Version 1 ပါ။ သီချင်းတွေ ဘာသာပြန်ပြီး Version 2 ထပ်တင်မှာပါ။ Swiftie တွေ အမြန်ကြည့်နိုင်အောင်ရော ကိုယ်ကြိုက်တဲ့ Version ကို ကြည့်နိုင်အောင်ပါ ရည်ရွယ်ပါတယ်။ ]
The Eras Tour ဆိုတာ Taylor Swift ရဲ့ Album တွေ အားလုံးကို တစ်ခေတ်ချင်းစီ ပြန်ခံစားနိုင်ဖို့ နေရာကောင်းတစ်ခုဆို မမှားပါဘူး။
Pandemic မှာ Album တွေ အများကြီး ထုတ်ခဲ့တာကတစ်ကြောင်း တခြားသော အရှုပ်အရှင်းတွေကတစ်ကြောင်း Taylor ဟာ Tour တွေ လှည့်ဖို့ အကြောင်းမလှခဲ့လို့လည်း ကျွန်တော်တို့ ဒီလို ခံ့ညားလွန်းလှတဲ့ Iconic Tour ကြီးကို ရခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ Taylor Swift ဆိုတာ ဘာလဲ။ The Eras Tour ဆိုတဲ့ စင်မြင့်ထက်ပေါ်မှာ ပရိသတ်နဲ့ အပေးအယူမျှမျှ သူဘယ်လိုတွေ တောက်ပသွားလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါ။
(ဒီဖျော်ဖြေပွဲနဲ့အညွှန်းကိုAct Molemyမှ ပြန်ဆို ရေးသားထားပါတယ်)...
After 1 Month of Abscence [Satone Hiiragi-DLDSS-196]
⭐-
🎬 #Adult #Asian
🗓 - 🎞 tv movie
🌎 #Japan
⏰ 2 နာရီ 5 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပရိသတ်ကြီးကို ခုတစ်ခါတင်ဆက်ပေးချင်တဲ့ နတ်မိမယ်လေးကဆာတိုနီဟီရာဂီတဲ့ 96 born လေး သူမဟာ အခုဆိုရင် မနူးမနပ်လေးလဲမဟုတ်မမကြီးမဖြစ်သေးတဲ့ မမပေါက်စအရွယ် ၂၇ နှစ်နဲ့ လှသွေးတွေအရမ်းကြွယ်နေတာပေါ့
လှပဝိုင်းစက်တဲ့မျက်ဝန်းလေးရယ် ပုရိသတွေအကြိုက် သဘာဝအတိုင်းလှနေတဲ့ရွှေရင်အစုံရယ် ရွှေရင်သိမ်းသစ် မောင့်အချစ်လေးပါပဲ
ဒါ့အပြင်…ဒါ့အပြင်ကျန်တဲ့ဘယ်နေရာမဆို အပြစ်ပြောစရာမရှိတဲ့ လုံးကြီးပေါက်လှ မမလှလှလေးကိုDark Side က ညီနောင်တွေအတွက် ခံစားပေးစေချင်တာမို့ ရှာဖွေတင်ဆက်ပေးထားပါတယ်ဇာတ်လမ်းလေးကလဲ မမရဲ့တက်တက်ကြွကြွနဲ့ ဖောင်းဒိုင်းဥပုသ်ပြီးတဲ့နောက်ချိုးနှိမ်ထားသမျှ ဆန္ဒအစုံကို အားရပါးရစားသုံးတဲ့ဇာတ်လမ်းလေးမို့ညိုကီတို့အကြိုက်တွေ့မှာအမှန်ပါပဲ ….အားပေးလိုက်ကြပါဦး
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Iron Mask (2023)
⭐TMDB: 50.0% User Score
🎬 #Action #Drama #Fantasy #Thriller
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 40 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Iron Mask (2023)
ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့်Iron Mask (2023) ထွက်ရှိလာပါပြီ။
Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက်လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့်Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာသဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။
ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလားဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။
အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။...
Cat Person (2023)
⭐TMDB: 68.0% User Score
🎬 #Drama #Thriller #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #France #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 1 နာရီ 59 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့
အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ….။
အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်း
ခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ…။
ဇာတ်လမ်းအကျဥ်းလေးကတော့
မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာ
အချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့…။
ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်း
ရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်….။
ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင်
လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်…။
အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့
နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ…
ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန်
ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်...
A Maple Valley Christmas (2022)
⭐IMDB: 6.3/10 (1 k Votes)
🎬 #Comedy #Drama #Romance #TVMovie
🗓 2022 🎞 tv movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.3/10
ခရစ္စမတ်လည်း နီးပြီဆိုတော့ အိမ်တွင်းအောင်းပြီးကြည့်ပြီး
ခရစ္စမတ်ကားကောင်းလေးတစ်ကားကို Channel Myanmar က
ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။
ဇာတ်လမ်းအကျဥ်းကတော့ Maple Valley လယ်တောရဲ့ သမီးကြီး ဖြစ်တဲ့
အန်ရီကာ နဲ့ မြေကွက်လေလံဝယ်ဖို့လာတဲ့ သူဌေးသားလေး အေရွန်တို့ရဲ့
အချစ်ဇာတ်လမ်းလေးပါပဲ ။
မိသားစုသမိုင်းကြောင်းကြောင့် မြေကွက်ကို မဖြစ်မနေလိုချင်နေတဲ့ အန်ရီကာ
နဲ့ ခေါင်းမာတဲ့အဖေကို ပိုင်ဆိုင်ထားရတဲ့ အေရွန်တို့ ဘယ်လိုတွေ ညှိယူပြီး
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ခရစ္စမတ်နောက်ခံနဲ့ ကြည့်ရှုရမှာပါ ။
ဒီဇာတ်လမ်းမှာတော့ ညီအစ်မအချင်းချင်း သားအဖအချင်းချင်း အလုပ်အတူတူတွဲ
လုပ်တဲ့အခါ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေနဲ့ အဲဒီကတောက်ကဆတွေကို
ဘယ်လိုညှိယူရင်း ရှေ့ဆက်သွားကြမလဲဆိုတာကိုလည်း ထည့်သွင်းထားပါသေးတယ် ။
ခရစ္စမတ်မှာ အရသာရှိတာတွေစားရင်း မိသားစုနဲ့အတူ ချစ်သူနဲ့အတူ ကြည့်သင့်တဲ့
ကားကောင်းလေးတစ်ကား ဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ...
The Hunger Games: The Ballad of Songbirds & Snakes (2023)
⭐IMDB: 7.2/10 (50 k Votes)
🎬 #Action #Adventure #Drama #Romance #SciFi #Thriller #War
🗓 2023 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 2 နာရီ 29 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ “တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း” တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။
ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games 2012 မှာ ကျင်းပတဲ့ပွဲက ၇၄ ကြိမ်မြောက်ဖြစ်လို့ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ဒီဇာတ်လမ်းမှာတော့ ဟမ်းဂါးဂိမ်းတွေကိုလူတွေစိတ်မဝင်စားတော့လို့ ၁၀ ကြိမ်မြောက်အပြီးမှာ ပိတ်ရမလိုဖြစ်လာပါပြီ။ ဒါကိုမှ ကော်ရီရိုက လူတွေစိတ်ဝင်စားလာအောင် အလောင်းအစားတွေ၊ စပွန်ဆာတွေ ထည့်ဖို့ကြိုးစားပြီး သူ့အတွက်လည်းတက်လမ်းရဖို့ ကြိုးစားပုံတွေနဲ့အတူ တိုင်း ၁၂ တိုင်းက အခွန်ဘဏ္ဍာအဖြစ် အကောက်ခံရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အသက်လုပွဲ ကြည့်ရမှာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဇာတ်လမ်းရော ရိုက်ချက်တွေရော ကောင်းတာမို့ ဟန်းဂါးဂိမ်းဖန်တွေအတွက်တော့ နောက်ထပ်ကြည့်စရာ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။...
Swing (2023)
⭐IMDB: 6.6/10 (46 Votes)
🎬 #Romance #Drama
🗓 2023 🎞 movie
🌎 #Philippines
⏰ 2 နာရီ 11 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Swing (2023)
အချစ်၊ လိင်ကိစ္စ နဲ့ အိမ်ထောင်ရေးက အတော်ကို နက်နဲပါတယ်။ဒီဇာတ်ကားမှာ ဒါကို တင်ပြသွားတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။
ကယ်ဗင်က ကလေးအမေဖြစ်တဲ့ ပမ် နဲ့ လက်ထပ်ထားပြီးပတော့ပမ် မှာတော့ ချစ်စရာကောင်းတဲ့သားလေး ဂျိတ် ရှိပါတယ်။ကယ်ဗင် က ဂျိတ်ကို သားအရင်းလေို ချစ်ပေမဲ့ သူ့သွေးသားအရင်းကိုလည်း လိုချင်ခဲ့ပါတယ်။ကံဆိုးစွာနဲ့ ကလေးရအောင် မစွမ်းနိုင်သူက ကယ်ဗင် ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ ကယ်ဗင် နဲ့ ပမ် တို့ အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ ဖြစ်လာခဲ့လို့ပမ်က ကယ်ဗင် နဲ့ စိတ်ပြေလက်ပျောက် ဆွစ်ဇာလန်ကို ခရီးထွက်ခဲ့ရင်းလိင်ကိစ္စက သက်သက်၊ အချစ်က သက်သက်၊ အိမ်ထောင်ရေးက သက်သက်လို့ ထင်လိုက်မိတဲ့ ကယ်ဗင်ကိုယ့်အိမ်ထောင်ဘက်ကို တခြားယောကျာ်းတစ်ယောက်နဲ့ ပေးအိပ်မိလိုက်တဲ့ ကယ်ဗင် တစ်ယောက်မိန်းမဖြစ်သူ ပမ်က တခြားယောကျာ်းတစ်ယောက်နဲ့ အိပ်လိုက်မိတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ?
အချစ်ဆိုတာ “ဒန်း” လိုမျိုး ဟိုဘက်လွှဲ၊ ဒီဘက်လွှဲလို့ ရတာမျိုး မဟုတ်ပါဘူး။ဘယ်လိုမျိုးလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။
မှတ်ချက် – ၁၈ နှစ်အောက် ကလေးများအတွက် မသင့်လျော်သော အခန်းများ ပါဝင်ပါသည်။
အညွှန်း နဲ့ ဘာသာပြန်ကတော့SanDaKuuပဲ ဖြစ်ပါတယ်။...
The Boondock Saints (1999)
⭐TMDB: 73.0% User Score
🎬 #Action #Crime #Thriller
🗓 1999 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ IMDB 7.7/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Spider Man ထဲက လူဆိုးကြီးနော်မန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe နဲ့ Walking Dead ထဲက မင်းသားNorman Reedus ကလည်း ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ် ဒီဇာတ်လမ်းလေးကတော့ ကော်နာနဲ့မာဖီဆိုတဲ့အိုင်းရစ်လူမျိုးကတ်သလစ်ဘာသာကိုးကွယ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ တစ်ရက်မှာ မထင်မှတ်ပဲဂိုဏ်းစတားနှစ်ယောက်ကိုသတ်မိသွားတယ် ဥပဒေကလည်း မကောင်းတာလုပ်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ သူတို့နည်းသူတို့ဟန်နဲ့ ထိုလူမိုက်တွေကိုအပြစ်ပေးပါတော့တယ် သူတို့ကို ဘုရားသခင်က ဒီမြို့ကြီးကို သန့်စင်ပေးဖို့ တာဝန်ပေးထားတယ်လို့မှတ်ယူပြီး လူဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းသုတ်သင်ပါတော့တယ် သူတို့ရဲ့အမှုတွေကို အရမ်းတော်တဲ့ FBIအေးဂျင့် ပေါလ်စမတ်ကာက ဦးဆောင်စုံစမ်းဖို့တာဝန်ကျပါတယ် အရမ်းတော်တဲ့စုံထောက်ကပဲ ဖမ်းနိုင်မလား ဇာတ်လိုက်ညီအစ်ကိုနှစ်ယောက်ကပဲ သုတ်သင်မှုတွေကိုဆက်လုပ်နိုင်မလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ...
Mr. Monk's Last Case: A Monk Movie (2023)
⭐IMDB: 7.3/10 (2 k Votes)
🎬 #Comedy #Crime #Mystery
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mr. Monk’s Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက
၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေ
အများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့
နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆက်ဆိုပေမဲ့ ရှေ့ series
မကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေး
တစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိက
ပါဝင်သရုပ်ဆောင်ထားပါတယ်။
Mr. Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက်
တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenic
memory လို့ခေါ်တဲ့ အရာရာကို တစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့
ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ကျေနပ်တဲ့
စိတ်အခြေအနေတစ်မျိူးလေးတို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိက ပြသွားတဲ့
အကြောင်းအရာကတော့ Mr. Monk ရဲ့ သမီးအရင်းလို့ ချစ်တဲ့ Molly တစ်ယောက်
သူ့ခင်ပွန်းလောင်နဲ့ လက်ထပ်ပွဲ မကျင်းပခင် တစ်ရက်အလိုမှာ သူ့ရဲ့ခင်ပွန်းလောင်းဟာ
မသင်္ကာစရာဖြစ်ရပ်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ Molly စိတ်သက်သာရာရအောင်
Mr. Monk တစ်ယောက် ဆုံးပါးသွားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ သေမှုသေခင်းကို လေ့လာတဲ့
အခါမှာတော့ ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ မသင်္ကာစရာ ပတ်သက်မှုတွေ ရှိနေတဲ့
အခါမှာတော့ Mr. Monk တစ်ယောက် အမှုပုစ္ဆာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ သူ့ရဲ့
စိတ်အခြေအနေကလည်း ပုံမှန်ထက် ပိုပြီးယိုင်လဲနေတဲ့ အချိန်မှာ သူကျော်ဖြတ်နိုင်ပါ့မလား
စတာတွေကို ဇာတ်ရှိန်မကျပဲ တဝကြီးကြည့်ရမဲ့ ဟာသ ဒရမ်မာ စုံထောက်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်ဗျ...
Unknown: Cave of Bones (2023)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Documentary
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cave Of Bones ( 2023 )
ကမ္ဘာကြီးဟာ လျို့ဝှက်ဆန်းကြယ်ပါတယ်
ဟိုးခေတ်အစက ဘယ်အချိန်ဘယ်နေရာတွေမှာ
ဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး
ဒီ Documentary film မှာဆိုရင်တော့
ရုပ်ကြွင်းမနုဿဗေဒပညာရှင် Lee Bergerက
တောင်အာဖရိကမှာရှိတဲ့ Rising Star လိုဏ်ဂူက
ကမ္ဘာ့ရှေးအကျဆုံးသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့
အဲဒီ သင်္ချိုင်းတွေ ကို ဖန်တီးခဲ့တဲ့
ဟိုမိုနလယ်ဒီလို့ခေါ်တဲ့မျိုးစိတ်တစ်မျိုးရဲ့
ဇစ်မြစ်ကို ဖော်ထုတ်ခဲ့တဲ့ ခရီးစဉ်ပါဝင်ပါတယ်
ဟိုမိုနလယ်ဒီတွေရဲ့ နေထိုင်မှုဘဝ ၊ အသွင်အပြင်နဲ့ အမူအကျင့်တွေကို
အသေးစိတ်ကျကျဖော်ထုတ်ပြထားပြီးတော့
ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့လူသားတွေ
ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဇစ်မြစ်ကို
အနည်းငယ် တီးမိခေါက်မိဖြစ်သွားစေမှာပါ
စိတ်ဝင်စားစရာလည်းကောင်းပြီး ဗဟုသုတတွေ အများကြီးရမဲ့
Documentary filmကို CM ပရိတ်သတ်ကြီးအတွက်
တင်ဆက်ပေးလိုက်ပါတယ်...
Sugar Baby (2023)
⭐IMDB: 7.3/10 (50 Votes)
🎬 #Adult #Romance
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 52 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sugar Baby (2023)
Azi Acosta လေးရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။
ဂျနီဖာနဲ့ ရီကာတို့ဟာ အထက်တန်းကျောင်းတုန်းက ငယ်သူငယ်ချင်းတွေဖြစ်ပြီး အခုချိန်မှာတော့ ဂျနီဖာက ငယ်ချစ်ဦးဖြစ်သူနဲ့ယူပြီး လက်ကြောမတင်းတဲ့အိမ်ထောင်ဖက်ကြောင့် ခက်ခက်ခဲခဲရုန်းကန်နေရပြီး ရီကာကတော့ ရူးဂါးဒိတ်တင်လောကထဲမှာ အကောင်ကြီးကြီးတစ်ကောင်ကို ဝင်အောင်းပြီး ချမ်းသာနေပါတယ်။
သူတို့နှစ်ယောက်ပြန်ဆုံချိန်မှာ ဂျနီဖာကိုသူ့သူဌေးက ခြေတော်တင်ဖို့ကြိုးစားပြီး မအောင်မြင်ချိန်မှာအလုပ်ဖြုတ်ခဲ့သလို သူ့ကလေးကလည်း သွေးကင်ဆာအစပျိုးနေတဲ့အချိန်ပါ။ အိမ်ထောင်ဖက်ကိုလည်းအားကိုးမရ လောလောဆည်ဝင်ငွေမရှိတဲ့ ဂျနီဖာတစ်ယောက် ရီကာကိုပဲ အားကိုးလိုက်ရပြီး ရီကာတို့ရဲ့ငွေရလွယ်တဲ့လောကထဲ တိုးဝင်လာခဲ့ရပါတယ်။ အဲဒီမှာ ဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်တစ်ခုက ဂျနီဖာနဲ့ရီကာတို့ဟာ ကျောင်းတုန်းက အချစ်တော်ဆန်ဆန်တွဲခဲ့ကြပြီး အခုချိန်ကိုယ့်လမ်းကိုယ်လျှောက်နေပေမဲ့ ရီကာက ဂျနီဖာကို သံယောဇဉ်မကုန်သေးတာပါပဲ။
ရီကာအဖြစ် An/Na ထဲက ကံဆိုးသူအန်နာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမ Robb Guinto ကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလည်းကောင်းသလို ကြမ်းလည်းကြမ်းတဲ့ကားပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Hereafter (2010)
⭐IMDB: 6.5/10 (95 k Votes)
🎬 #Drama #Fantasy #Romance
🗓 2010 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 9 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hereafter (2010)
ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။
ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။
ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ… ဘာအကြောင်းကြောင့်လဲ… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Merry Little Batman (2023)
⭐IMDB: 6.4/10 (1 k Votes)
🎬 #Animation #Comedy #Family #Action
🗓 2023 🎞 movie
🌎 #Finland #Italy #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Merry Little Batman (2023)
~ IMDb – 6.4/10, Rotten Tomatoes – 94% ~
ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ… ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။
ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ရဲမင်းကြီးဂေါ်ဒွန်လည်း ဘတ်ဆစ်ဂနယ်ကို မဖွင့်ဖြစ်တာ နှစ်ပေါင်းတော်တော်ကြာနေပြီဖြစ်တဲ့ကာလပေါ့။ ဘာလို့ ဒီလိုဖြစ်သွားသလဲဆို ဘတ်မန်းဟာ သူ့သားကို သိပ်ချစ်လေတော့ သူ့သားကြီးပြင်းလာတဲ့အခါ သူ့မြို့က စိတ်ချရတဲ့မြို့ဖြစ်စေချင်လို့ အကုန်လုံးကို အိုဗာတိုင်ဆင်းပြီး ရှင်းထုတ်ပစ်ခဲ့တာပါပဲ။ အောင်မြင်ခဲ့ပါတယ်။ ဘတ်မန်းလည်း အလုပ်မရှိတာ ၈နှစ်လောက်ရှိပါတော့မယ်။ ဒေမီယန်ဝိန်းလေးကတော့ စူပါဟီးရိုးအရမ်းဖြစ်ချင်လွန်းလို့ ကျားကုတ်ကျားခဲ လေ့ကျင့်ပြီး ပြဿနာတွေပတ်ရှာနေခဲ့တယ်။ ဘတ်မန်းကလည်း သူ့သားကို ပိုစိတ်မချဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ ခရစ္စမတ်အကြိုနေ့မှာ ဘတ်မန်းကို စူပါဗီလိန်တစ်ကောင်က ဂေါ်သမ်ကနေ မျှားခေါ်ထုတ်ပြီး ခရစ္စမတ်ကို ခိုးဖို့လုပ်တယ်။ ဂေါ်သမ်မြို့ကြီးမှာ ကျန်ခဲ့တဲ့ ဒေမီယန်က သူ့အဖေအစား ခရစ္စမတ်ကို ခိုးတော့မယ့် စူပါဗီလိန်တွေကို တားနိုင်မလား ကြည့်ကြရမှာပေါ့။ ဒီအန်နီမေးရှင်းကို နှစ်ပေါင်းများစွာကြာပြီးမှ မှုခင်းတွေပြန်ဖြစ်လာလို့ ထိတ်လန့်နေတဲ့ ဂေါ်သမ်မြို့သားတွေနဲ့ စူပါဟီးရိုးဖြစ်ချင်နေတဲ့ ဒေမီယန်နဲ့ စူပါဗီလိန်တွေကြားက အုတ်အော်သောင်းနင်းအဖြစ်တွေကို ဟာသနှောပြီး တင်ဆက်ထားတယ်။ နောက် ခရစ္စမတ်ရဲ့ အရသာကိုရောပေါ့။ ခရစ္စမတ်အတွက် ကျိန်းသေကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။
ဘတ်မန်းအဖြစ် Luke Wilson တို့၊ အဲဖရက်အဖြစ် James Cromwell တို့လို နာမည်ရှိ သရုပ်ဆောင်တွေက အသံသရုပ်ဆောင်ပေးထားပြီး ထွက်ခဲ့တဲ့ ဘတ်မန်းကားတွေကိုလည်း Tribute ထားပါတယ်။ တော်တော်လေး ဖောင်းထုခံခဲ့ရတဲ့ ဂျော့ကလူးနီရဲ့ Batman & Robin ကိုတော့ ခဏခဏ Tribute ထားတာကိုလည်း မြင်နိုင်ပါတယ်။ သိသလောက်ဆို ဒါပထမဆုံး Christmas Theme သုံးထားတဲ့ တစ်ကားတည်းအပြီး ဒီစီအန်နီမေးရှင်းကားလည်းဟုတ်သလို Christmas Theme သုံးထားတဲ့ ပထမဆုံးဘတ်မန်းကားလည်း ဟုတ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
Transcendence (2014)
⭐IMDB: 6.2/10 (237 k Votes)
🎬 #Drama #Mystery #Thriller #ScienceFiction #Action #SciFi
🗓 2014 🎞 movie
🌎 #China #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Transcendence(2014)
2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ…Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့
အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်….PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်
ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး…နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော
team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research
တွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်…
နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့ သူတို့ကတော့
“Revolutionary Independence From Technology” (R.I.F.T.)ပါလုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့ Will Caster ဟာ သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်..
..အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..
ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp ကိုတော့ ထွေထွေထူးထူး
မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်…ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့..
announce လုပ်လိုက်တဲ့ Google Assistant ရဲ့ version အသစ်ဟာဆိုရင်
ဒီကားထဲကရိုက်ပြထားတာတွေနည်းနည်းလောက်ဖြစ်လာနေပါပြီ
A.Iအကြောင်းစိတ်ဝင်စားတယ် Sci-Fi ဇာတ်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့သူတွေအဖို့
မိုးအေးအေးလေးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါလို့ညွှန်းဆိုပါရစေ.
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့JtheKoala ပဲဖြစ်ပါတယ်…
File Size : (1.8 GB) and (886 MB)Quality : Blu-Ray 1080p / 720pFormat…mp4Duration… 1h 59mGenre :Drama,Mystery, Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by JtheKoalaEncoded by Thit San Khant , Phyo Pyae
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Star Syndrome (2023)
⭐IMDB: 9.0/10 (78 Votes)
🎬 #Comedy #Drama #Music
🗓 2023 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 52 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီးပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး .တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။
အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့Kaung Setပဲ ဖြစ်ပါတယ်။...
