ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Mannequin (1987)
⭐TMDB: 68.0% User Score
🎬 #Comedy #Fantasy #Romance
🗓 1987 🎞 tv movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျိုနာသန်ဆွစ်ချာဟာ သူ့ရဲနမော်နမဲ့ နိုင်မှုတွေကြောင့် အလုပ်တွေမကြာခဏပြောင်းရလေ့ရှိတဲ့ အနုပညာဝါသနာရှင်လူငယ်လေးတစ်ယောက်။ သူ ပထမဆုံးဒီဇိုင်းထွင်ခဲ့ စွဲလန်းခဲ့တဲ့ အရုပ်ကလေးတစ်ရုပ်ကို နောက်ဆုံး သူအလုပ်ရတဲ့စတိုးဆိုင်မှာ ပြန်တွေ့ရတဲ့ အချိန် အဲ့ဒီအရုပ်မလေးက နှစ်ယောက်တည်းရှိတဲ့အချိန် အသက်ဝင်လာခဲ့ပြီး သူ့ကိုယ်သူအမ်မာ လို့ မိတ်ဆက်လာခဲ့ပါတယ်။ အမ်မာကလဲ အီဂျစ်ခေတ်သူတစ်ဦး။ မိဘက သဘောတူတဲ့သူနဲ့ မယူနိုင်ရာကနေ ကျိန်စာသင့်ပြီး ခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ်ဖြတ်သန်းလာရင်း အခုချိန်ထိ သူချစ်နိုင်မယ့်သူကိုရှာဖွေနေဆဲသူတစ်ယောက်။.ဂျိနာသန်ဆိုတဲ့သူဟာဘယ်တုန်းကမှ အောင်မြင်မယ့်သူ တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆပြီး အဆက်အသွယ်ဖြတ်သွားတဲ့ သူ့ချစ်သူတင်မက သူ့ကိုအမြဲတမ်းအထင်သေးခဲ့တဲ့ ပြိုင်ဘက် နာမည်ကျော် စတိုးဆိုင်က ပိုင်ရှင်တွေပါ အံ့သြသင့်ရတဲ့အထိ ပြူတင်းပေါက်ပြခန်း အလှဆင်ခင်းကျင်းသူအဖြစ် အကြီးအကျယ်အောင်မြင်လာတဲ့အခါ..။သူ့အောင်မြင်မှုတွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်က ဘာလဲ? ဘယ်သူကမှ ဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့ကောင်လေးတစ်ယောက်ကို ပံ့ပိုးကူညီခဲ့ကြသူတွေက ဘယ်သူတွေဖြစ်မလဲ?အစစအရာရာ အဆင်ပြေချောမွေ့နေပြီလို့ပြောလို့ရတဲ့ အချစ်ဇာတ်လမ်းမှာဖြစ်ပေါ်လာမယ့် ဆူးညှောင့်ခလုတ်တွေရယ်။ လူစင်စစ် မဟုတ်တဲ့ သူချစ်ကျွမ်းဝင်မိတဲ့ အရုပ်မလေးနဲ့ ဘယ်လိုပေါင်းဖက်ကြမလဲ?.Mannequin ဟာ ဝေဖန်ရေးဆရာတွေက သိပ်အကောင်းမပြောကြပေမယ့်လဲ Cult Classic ဖြစ်တဲ့အထိအောင်မြင်ခဲ့တဲ့ ချစ်စရာ အချစ် ဟာသဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အဲ့ဒီခေတ်ကာလရဲ့ ခေတ်ပေါ် ရောင်စုံဖက်ရှင်တွေ ပေါ့ပ်သီချင်းတွေ ပေါ့ပါးတဲ့ဟာသတွေ ချောချောငယ်ငယ် ခေါင်းဆောင်မင်းသားမင်းသမီးနှစ်ယောက်ရဲ့ ဦးဆောင်မှုတွေနဲ့ ဇာတ်လမ်းဟာ အစကနေအဆုံးထိ မြူးပြီးသွက်ပါတယ်။မြန်မာပြည်က 90s kids တွေအတွက် လဲပြန်ကြည့်မိရင်ငယ်ဘဝကိုသတိရစေမယ့်အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလိုပိုစတာကိုမြင်ရုံနဲ့ အဲ့ဒီခေတ်က ဗီဒီယိုအခွေဆိုင်အယ်လ်ဘမ်လေးတွေကို ပြန်အမှတ်ရစေမှာပါ။...
The Prequel of Gold Convoyers: A Beacon Fire in LiaoDong (2010)
⭐TMDB: 0.0% User Score
🎬 #Action #Drama #ThePrequelofGoldConvoyers
🗓 2010 🎞 tv movie
🌎 #China
⏰ 1 နာရီ 35 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါကတော့ The Prequel of Gold Convoyers ရဲ့(၈)ကားမြောက်ကားပဲဖြစ်ပါတယ်။
စုစုပေါင်း ဆယ်ကား တိတိရှိပြီးအားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်
မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ ဂျပန်ဓားပြတွေက တဖြည်းဖြည်း တိုးများလာပြီးမြောက်ပိုင်းလျောင်တုန်းမှ တောင်ပိုင်း မင်ယွဲ့ကမ်းစပ်တစ်လျှောက်ဂျပန်ဓားပြတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုခံနေရပါတယ်။ဂျပန်ဓားပြတွေ မင်တိုင်းပြည်နယ်မြေကို ကျူးကျော်နေတဲ့အချိန်မှပဲဂျပန်ပြည်တွင်းစစ်ကလည်း အလွန်ဆိုးရွားနေပါတယ်။
ဖျင်အန်းပို့ဆောင်ရေးမှ ဂူဖျင်အန်းတို့ဟာ လျောင်တုန်းကို ပို့ဆောင်ရေးအတွက်ရောက်လာပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ဝမ်ကျောက်ရှင်းဟာဟန့်လင်ရွာအနီးကို တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ဂျပန်ဓားပြတွေ လုံကျိုးဖက်က ဝင်ရောက်လာပြီးနောက်မှာတော့မင်တိုင်းပြည်နဲ့ ဂျိုဆွန်နယ်စပ်ကို ကျူးကျော်နေခဲ့ပြီး မင်တိုင်းပြည်ရဲ့တတိယအဆင့်ရှိ ပွဲတော်သဘင်ဝန် ကုန်းအန်းဖူဟာ ဂျိုဆွန်ကအပြန်လမ်းမှာ ဂျပန်ဓားပြတွေနဲ့တွေ့ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ကိုယ်ရံတော်တပ်ခေါင်းဆောင်က ဝမ်ကျောက်ရှင်းကို ကုန်းအန်းဖူကိုတွေ့အောင်ရှာပြီး လျောင်ယန်ကို ပို့ဆောင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။လမ်းတစ်လျှောက်မှာ ဒုက္ခသည်တွေက အကူအညီတောင်းတာကိုကုန်းအန်းဖူက မျက်ကွယ်ပြုခဲ့လို့ ဂူဖျင်အန်းက ဒုက္ခသည်တွေကိုလျောင်ယန်ကို အခမဲ့ပို့ဆောင်ပေးဖို့ သဘောတူခဲ့ပါတယ်။ဒါပေမဲ့လဲ လမ်းတစ်လျှောက် ဂျပန်နင်ဂျာတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
ဂူဖျင်အန်းတို့တတွေ လျောင်ယန်ကို လုံခြုံစွာပြန်ရောက်ပါ့မလား……လမ်းတစ်လျှောက်လိုက်လာတဲ့ နင်ဂျာတွေကရောဘာကိုလိုချင်လို့ လိုက်နေကြသလဲ……အတွေးအခေါ်ခြင်း မတူကြတဲ့အခါ အရာရှိကို ဦးစားပေးသင့်လားပြည်သူတွေကို ဦးစားပေးသင့်သလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။...
The Song of Lunch (2010)
⭐IMDB: 7.3/10 (2 k Votes)
🎬 #Drama #Romance #TVMovie
🗓 2010 🎞 tv movie
🌎 #UnitedKingdom
⏰ 49 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဗျာဆရာကြီး ခရစ်စတိုဖာရိဒ်ရဲ့ “The Song of Lunch” လို့အမည်ရတဲ့ ကဗျာကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး IMDb 7.3 အထိရရှိထားတဲ့ မြင်တွေ့ရခဲတဲ့ ရှားရှားပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်မင်းသားကြီး Alan Rickman နဲ့ မင်းသမီးကြီး Emma Thompson တို့ပါ။ ကဗျာကိုပြန်လည်ရိုက်ကူးထားတဲ့အတွက် ဒီရုပ်ရှင်ထဲမှာ ကာရိုက်တာတွေရဲ့နာမည်တွေကို သူ၊ သူမ အစရှိသဖြင့်ပဲ သုံးစွဲထားပါတယ်။
“သူ”ဆိုတာက လန်ဒန်မြို့က စာပေထုတ်ဝေသူ သက်ကြီးပိုင်းအမျိုးသားကြီးပါ။ “သူမ”ကတော့ “သူ့”ရဲ့ရည်းစားဟောင်းဖြစ်သူ၊ လက်ရှိအချိန်မှာ ဇနီးကောင်းတစ်ဦး၊ သားတွေရဲ့အမေကောင်းတစ်ဦးတောင် ဖြစ်နေပြီး ဘ၀မှာအထိုင်ကျနေတဲ့သူ။
မတွေ့ရတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီဖြစ်တဲ့ သူ နဲ့ သူမဟာ လန်ဒန်မြို့၊ ဆိုဟိုရပ်ကွက်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာအတူစားဖို့ အကြောင်းဖန်လာခဲ့တယ်။
သူဟာ စားသောက်ဆိုင်ကိုသွားဖို့ ရုံးခန်းကနေဆင်း လမ်းလျှောက်လာကတည်းကနေစပြီး မြင်မြင်သမျှအရာကို စာဆန်ပေဆန်တဲ့စကားလုံးတွေနဲ့ ပုံဖော်လာလိုက်တာ သူမနဲ့အတူ နေ့လယ်စာစားပြီးချိန်အထိပါပဲ။
တချိန်ကသိပ်ချစ်ခဲ့ရပြီး ကံဆိုးစွာနဲ့လွဲချော်ခဲ့ရတဲ့ “သူမ”ကို ပြန်တွေ့လိုက်ရတဲ့အချိန်မှာ သူနဲ့ သူမ ဘာတွေပြောကြမလဲ၊ “သူ့”ရင်ထဲက ဘယ်လိုခံစားချက်တွေ ထွက်လာမလဲ၊ ဒီထွက်ပေါ်လာတဲ့ ခံစားချက်တွေကို ၀မ်းနည်းစရာအကောင်းဆုံး ကဗျာအဆန် စာအဆန်ဆုံးစကားလုံးတွေနဲ့ ဘယ်လိုပုံဖော်မလဲ၊ သူတို့ရဲ့ နေ့လယ်စာတွေ့ဆုံမှုလေးရဲ့ အဆုံးသတ်ကရော ဘယ်လိုဖြစ်သွားမလဲ ဆိုတာကိုတော့ မိနစ် ၅၀ ကြာတဲ့ ရုပ်ရှင်လေးထဲမှာ ဆက်လက်စီးမျောခံစားကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ...
The Proposal Spot (2023)
⭐IMDB: 6.0/10 (96 Votes)
🎬 #TVMovie #Comedy #Romance
🗓 2023 🎞 tv movie
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ပရိသတ်ကြီး အကြိုက်တွေ့စေမယ့် ချစ်စရာ rom-com လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဥ်းလေးကတော့ ထရီနာဆိုတဲ့ကောင်မလေးက “အချစ်ကဖေး” ဆိုတဲ့ ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက်ပါ ချစ်သူတွေအတွက် အထူးစပါယ်ရှယ်စီစဥ်ပေးထားတဲ့ လော့အိန်ဂျလိစ်ရဲ့ ရိုမန့်တစ်အဆန်ဆုံး ပန်းဥယျာဥ်လေးဖြစ်တဲ့ “Lover Café” လေးမှာ သူ့ရဲ့ သူငယ်ချင်း ပေါ်လိုနဲ့အတူတူ တစ်နေ့တစ်နေ့ နားမနေနိုင်ဘဲ တောင်းဆိုမှုတွေများပြားလှတဲ့ စုံတွဲတွေအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို ကြိုးကြိုးစားစားလုပ်ပေးရတာပေါ့
တနေ့ ပေါ်လိုရဲ့သူငယ်ချင်း ဟာသပညာရှင် Pete နဲ့ သူ့ရဲ့ကောင်မလေးဖြစ်တဲ့ အာရှသူလေး ရောက်လာတယ် Pete တစ်ယောက် အာရှသူလေးကို ရုတ်တရက်လက်ထပ်ခွင့်တောင်းလေတော့ “ကျွန်မ ရှင်နဲ့ လက်မထပ်ချင်ဘူး” ဆိုတဲ့ အဖြေပဲ ပြန်ရလို့ Pete တစ်ယောက် ကြေကွဲသွားတယ် တစ်ဖက်မှာလည်း ထရီနာရဲ့ဆိုင်က တိုက်ခန်းပိုင်ရှင်က တိုက်ကိုရောင်းတော့မယ်အလုပ်… ထရီနာတစ်ယောက် သူမရဲ့ ဘုံကမ္ဘာလေးကို မစွန့်လွှတ်ချင်တော့ ပိုင်ရှင်ဆီက တိုက်ကိုပြန်ဝယ်ဖို့ ကြံတယ် ဒါပေမဲ့ တိုက်ခန်းဝယ်ဖို့အထိ ပိုက်ဆံတော့ မရှိဘူးပေါ့လေ ဒီတော့… Pete က ရန်ပုံငွေဟာသရှိုးပွဲလုပ်ပေးပြီး ထရီနာကို တိုက်ခန်းဝယ်ဖို့ ပိုက်ဆံရှာပေးမယ် ချစ်သူတွေကို အောင်သွယ်ပေးတတ်တဲ့ ထရီနာကတော့ Pete နဲ့ အာရှသူလေးတို့ ပြန်အဆင်ပြေအောင် လုပ်ပေးရမယ် ဆိုပြီး သဘောတူလိုက်ကြတယ်
တကယ်တမ်း လက်တွေ့မှာ ဘယ်နှစ်ယောက် ကြိုက်သွားကြမလဲဆိုတာ ပရိသတ်ကြီးလည်း အစောကတည်းက ခန့်မှန်းမိလောက်ရောပေါ့ ဒီလို တွေ့နေကျဇာတ်လမ်းမျိုးကိုပဲ ထရီနာရဲ့ ချစ်စရာ သဘောမနောကောင်းတဲ့ ကောင်မလေး character က တစ်နာရီခွဲဆိုတဲ့ အချိန်အတွင်းမှာ ပရိသတ်ကြီးကို ဘယ်လိုဆွဲဆောင်မှုပေးနိုင်မလဲဆိုတာကို မယုံရင် ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့လို့ပြောရင်းနဲ့ပဲ...
Soul Virginity (2023)
⭐IMDB: 7.5/10 (37 Votes)
🎬 #Crime #Drama #Fantasy #Mystery #SciFi #Thriller
🗓 2023 🎞 movie
🌎 #Turkey
⏰ 2 နာရီ 11 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Soul virginityရုပ်ရှင်ဟာ ဒါရိုက်တာYousef Ikhreisရဲ့ လက်ရာဖြစ်ပြီး ရုပ်ရှင်ကားတစ်ခုကို အပိုင်းငယ်၆ပိုင်းအဖြစ်တင်ဆက်ထားပါတယ်။ ထူးခြားတာက (၆)ကားလုံးဟာ သီးသန့်ခွဲထွက်မနေပဲ တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိပါတယ်။
ဒီကားဟာ visually appealingဖြစ်တာထက်ကို thought-provoking(တွေးစရာ)ဖြစ်စေတဲ့ ကားမျိုးပါ။ အခု လောကကြီးမှာ ဖြစ်ပျက်နေတဲ့အမှန်တရားအချို့ကို ရောင်ပြန်ဟပ်ပြီး ကျန်တဲ့အပိုင်းကိုတော့ စာရေးဆရာဥာဏ်ကွန့်ထားတဲ့အတွက် fictionဆန်ပါတယ်။Low-budget filmဖြစ်ပေမဲ့ dialougeတော်တာ်ကောင်းပါတယ်။
Philosophical questionတွေအများကြီးပါပြီး မိမိတို့ရဲ့ နေ့စဥ်ဘဝတွေနဲ့ သိပ်မကွာတဲ့အခန်းတွေလည်းပါပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီကားကိုကြည့်ပြီး ခွန်အားယူသင့်တယ်လို့ စာရေးသူမြင်ပါတယ်။ တကယ်လို့ နာမည်ကြီး စတူဒီယိုတွေကသာ budgetထုတ်ပေးရင် Emmyလောက်တော့အသာလေးရနိုင်တယ်လို့ မြင်ပါတယ်။
နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ စကာတင် (၁၁)ခုဝင်ပြီး ဆုပေါင်း(၈)ဆုထားပါတယ်။ဒရမ်မာ၊ ဟော်ရာ၊ sci-fi၊ mysteryနဲ့ crimeစတဲ့ genreတွေကို သေသေသပ်သပ်ပေါင်းစပ်ထားတဲ့အတွက် ရသစုံအောင်ခံစားရမှာပါ။ဒီတော့ ကိုယ်တိုင်သာဝင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။...
Let Me Have My Son (2023)
⭐IMDB: 7.3/10 (95 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 59 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားကတော့ 2023ကမှထွက်ထားပြီး ဖြစ်ရပ်မှန်အကြောင်းရိုက်ထားတဲ့ Dramaကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့ သားအတွက် စိတ်မချနိုင်ဘဲ စိတ်သောကရောက်နေရရှာတဲ့ အဖေတစ်ယောက်အကြောင်းကို အဓိကထားပြီး ရိုက်ကူးပြထားတာပါ။
ဇာတ်လမ်းအညွှန်းကတော့ အငြိမ်းစားတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဟာ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့သားနဲ့ အရမ်းတွေ့ချင်နေသူပါ။ သူ့ဆန္ဒတွေပြည့်ဝတဲ့ တစ်ရက်မှာတော့ ထိုဆေးရုံကနေ ဘင်ဂျမင်ဆီကို ဖုန်းဆက်လာပါတယ်။ ထိုသို့ဖုန်းဆက်တာဟာ သူ့သားနဲ့တွေ့ပေးဖို့တင်မဟုတ်ပဲ သူ့သားက ဆေးရုံကဆင်းခွင့်ရပြီဖြစ်ကြောင်း၊ အိမ်ကိုပြန်ခေါ်သွားလို့ရပြီဖြစ်ကြောင်းဖုန်းဆက်တာပါ။
ဒီတော့ ဘင်ဂျမင်ဟာ အပျော်လွန်ပြီး ချက်ခြင်းပဲ စိတ်ကျန်းမာရေးဆေးရုံကိုထွက်လာပါတော့တယ်။ ဒါပေမဲ့ ဆေးရုံကိုရောက်တော့ သူ့သားကို လုံးဝရှာလို့မတွေ့ဘဲ ဘယ်ပျောက်လို့ပျောက်မှန်းမသိ ပျောက်သွားပါတယ်။ ဆေးရုံကလူတွေတောင် သူ့သားဘယ်ပျောက်သွားလဲဆိုတာကို လုံးဝမသိကြပါဘူး။ အဲဒီလိုနဲ့ သူဟာ သူ့သားကိုပြန်ရှာလို့တွေ့မှာလား? သူ့ကိုဖုန်းဆက်တာကရော တကယ့်ဆေးရုံကဆက်တာဟုတ်ရဲ့လားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။...
Deadfall (2012)
⭐TMDB: 60.0% User Score
🎬 #Action #Adventure #Crime #Drama #Thriller
🗓 2012 🎞 movie
🌎 #France #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2012 ခုနှစ်ထွက် crime/thriller ရုပ်ရှင်ဖြစ်တဲ့ Deadfall ရုပ်ရှင်ကို Eric Bana, Olivia Wilde, Kate Mara တို့ ဦးဆောင်ပါဝင်ထားပါတယ်။ Don’t Worry Darling တို့ Booksmart တို့လို နာမည်ကြီးကားတွေရဲ့ ဒါရိုက်တာ Olivia Wilde မင်းသမီးလုပ်ထားတဲ့ကားတွေထဲက တစ်ကားပါ။
မိဘတွေ သေဆုံးသွားကြပြီဖြစ်တဲ့ Addison နဲ့ Lizaတို့ မောင်နှမ နှစ်ယောက်က ကာစီနို တစ်ခုကို ဝင်လုပြီး နယ်စပ်ကိုကျော်ကာ ကနေဒါထိ ပြေးဖို့ စီစဥ်ထားကြပါတယ်။ ကံဆိုးချင်တော့ နှင်းတောထဲမှာ ကားအက်စီးဒင့်ဖြစ်ပြီး ရဲတစ်ယောက်နဲ့ တိုးပါတယ်။ အဲ့ဒီ ရဲကို Addisonက သတ်လိုက်ပြီး နောက်မှာ ပြည်နယ်ရဲတွေက သူ့ကို ပိုက်စိပ်တိုက်ရှာကြပါတော့တယ်။
တစ်ဖက်မှာလည်း Jayက ထောင်ထဲက ပူပူနွေးနွေးလွတ်လာခါစ ကျေးဇူးတော်နေ့အတွက် အိမ်ပြန်လာနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ Hanna Beckerကတော့ သူ့အဖေရဲအုပ်ဆီက အသိအမှတ်ပြုခံချင်နေတဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူတို့တွေ ဘယ်လိုဆုံတွေ့ကြမလဲ ဘာဆက်ဖြစ်မလဲကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Ganjil Genap (2023)
⭐IMDB: 7.6/10 (97 Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #Indonesia
⏰ 2 နာရီ 4 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စက်ဘီးပဲဝယ်ဖို့တတ်နိုင်တဲ့သူကို ကိုယ်ရောင်းချင်တာကကားဖြစ်နေရင် ကိုယ့်ရဲ့ကားကဘယ်လိုမှရောင်းထွက်မှာမဟုတ်ပါဘူး။
ဇာတ်လမ်းအကျဥ်းလေးက မိခင်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဂါလာက ချစ်သူနဲ့လက်ထပ်ပြီးမိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ၈နှစ်ကြာတွဲလာခဲ့တဲ့ချစ်သူဘက်ကလက်ထပ်ခွင့်တောင်းလာဖို့ကို အမြဲမျှော်လင့်နေခဲ့တဲ့သူပေါ့။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့သူတွေမှကြာကြာချစ်နိုင်တယ်ဆိုတဲ့စကားအတိုင်းပဲ ဂါလာ့ရဲ့ချစ်သူဘာရာက ဂါလာ့ကိုဆက်မချစ်နိုင်တော့ပဲ အကြောင်းရင်းမည်မည်ရရမရှိတိုင် ထားသွားခဲ့ပါတယ်။
ဒီလိုနဲ့ ဂါလာလည်းအသည်းကွဲခဲ့ပြီး ရှေ့ဆက်ဘာတွေဆက်ဖြစ်လာမလဲ….။ ဒီဇာတ်ကားထဲမှာတော့ တခြားရိုမန့်စ်ကားတွေနဲ့မတူဘဲလက်တွေ့ဘဝက RS ပြဿနာတွေကိုပါထည့်ရိုက်ပြထားလို့ စိတ်ကူးယဥ်ဆန်တဲ့ရိုမန့်စ်ကားတွေနဲ့ ကွဲထွက်နေပြီး realityဆန်ဆန်ကြည့်ရမယ့် အင်ဒိုနီးရှား romance comedyကားတစ်ကားပဲဖြစ်ပါတယ်။...
Rush Hour 3 (2007)
⭐TMDB: 64.0% User Score
🎬 #Action #Comedy #Crime #JackieChan
🗓 2007 🎞 movie
🌎 #Germany #USA #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rush Hour ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်…
တရုတ်ကောင်စစ်ဝန် ဟန် လုပ်ကြံခံခဲ့ရခြင်းကြောင့် အင်စပက်တာလီ နဲ့ စုံထောက်ကာတာတို့နှစ်ဦး ပြန်လည်ပေါင်းစည်းကြဖို့အကြောင်းဖန်လာပြန်ပါတယ်။
ဒီတစ်ခေါက်တော့ ပဲရစ်မြို့မှာပါ။ ဗီလိန်အဖြစ် ဝါရင့် ဂျပန်မင်းသားကြီး Hiroyuki Sanada လည်း ပါဝင် ထားပါတယ်။...
The Night They Came Home (2024)
⭐IMDB: 4.2/10 (161 Votes)
🎬 #Western #Thriller #Action
🗓 2024 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Night They Came Home (2024)
အခုတစ်ခါမှာတော့ အမေရိကရဲ့ OG ဇာတ်လမ်းလေးတစ်ပုဒ်ရောက်ရှိလို့လာပါပြီ။ ဒီ “The Night They Came Home” ဆိုတဲ့ ဇာတ်လမ်းကို ၁၉ ရာစုအချိန် ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်းဒီးယန်းတွေရယ် ယနေ့ခေတ်အမေရိကန်တွေဖြစ်ကြတဲ့ လူဖြူတိုင်းရင်းသားတို့ရယ် မြေပုံပေါ် နယ်နိမိတ်ချင်းလုနေကြတဲ့အချိန်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အားလုံးလည်း သိကြမယ့် မင်းသားကြီး Danny Trejo ပါဝင်ထားပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
ရူးဖတ်စ်ဘတ်ခ်ဆိုတဲ့ အင်းဒီးယန်းကပြားလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ် မိဘတွေမတရားသတ်ဖြတ်ခံလိုက်ရကတည်းက လူဖြူတွေကိုမကျေနိုင်ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်အခါက အင်္ဂလိပ်တွေက ကိုလိုနီချဲ့ထွင်ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် အမေရိကတိုက်မှာပါ ခရစ်ယာန်သာသနာစာသင်ကျောင်းတွေရှိလာခဲ့ပါတယ်။ ငယ်စဉ်အရွယ်ဘဝဇာတ်ကြောင်း ခါးသီးလွန်းလှတာကတစ်ကြောင်း၊ အင်းဒီးယန်းခရစ်ယာန်စာသင်ကျောင်းတွေရဲ့ ကွဲပြားခြားနားလှတဲ့ပို့ချမှုတွေကတစ်ကြောင်း နှစ်ခုပေါင်းသွားတဲ့အခါမှာ ရူးဖတ်စ်ဟာ လူမျိုးရေးအစွန်းရောက်သွားပြီး သူမကျေမလည်ဖြစ်နေခဲ့တဲ့ လူဖြူတွေကိုသတ်ဖို့ကြံရွယ်လာတဲ့အထိဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ရူးဖတ်စ်တစ်ယောက်အရွယ်ရောက်တဲ့အချိန် သူ့ရဲ့လူမျိုး အင်းဒီးယန်းတစ်ယောက်ကြိုးပေးခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားခဲ့တဲ့အချိန်မှာမှ တကယ်စိတ်ရိုင်းဝင်သွားပြီး လူဖြူဆိုရင်ကို သတ်ရ ဖြတ်ရ ညှင်းပန်းနှိပ်စက်ရမှ ကျေနပ်နိုင်တဲ့အထိဖြစ်သွားပါတယ်။ ဒီလိုလမ်းလွဲသွားတဲ့ ရူးဖတ်စ်ဟာ သူ့နဲ့ရွယ်တူ လူငယ်ပိုင်းတွေကိုစုပြီး အင်းဒီးယန်းဒေသတစ်ဝိုက် တွေ့သမျှ လူဖြူမှန်သမျှကို သတ်ဖို့ဖြတ်ဖို့ မုဒိန်းကျင့်ဖို့ဖြစ်လာပါတော့တယ်။ ရူးဖတ်စ်နဲ့ သူ့ရဲ့အပေါင်းအပါတွေ အင်းဒီးယန်းနယ်စပ်တစ်လျှောက် ဘယ်လိုဂြိုဟ်ဆိုးတွေမွှေခဲ့ကြသလဲ၊ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သုတရသမျိုးစုံနဲ့ တွေ့မြင်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Rush Hour 2 (2001)
⭐TMDB: 67.0% User Score
🎬 #Action #Comedy #Crime #JackieChan
🗓 2001 🎞 movie
🌎 #HongKong #USA #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စုံထောက်ကာတာ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ် အမေရိကန်သံရုံးဗုံးခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။
ဒီတစ်ခေါက်တော့ အိမ်ရှင် အင်စပက်တာလီ က ဧည့်သည် စုံထောက်ကာတာ ကို ဘယ်လိုဧည့်ခံ မလဲ ဆိုတာနဲ့ စုံထောက်ကာတာရဲ့အလွဲလွဲအချော် ချော်လုပ်ရပ်တွေကို တဝါးဝါး ရယ်မောကြရမှာ သေချာပါတယ်။
ဗီလိန်အဖြစ် တရုတ် မင်းသမီးချောလေး Zhang Ziyi လည်း ပါဝင်ထား ပါတယ်။...
Gladiator (2000)
⭐TMDB: 82.0% User Score
🎬 #Action #Adventure #Drama
🗓 2000 🎞 movie
🌎 #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 50 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator …ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။
ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့….
ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။
IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။...
Rush Hour (1998)
⭐TMDB: 70.0% User Score
🎬 #Action #Comedy #Crime #JackieChan
🗓 1998 🎞 movie
🌎 #USA #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား
1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်……ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..
နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ……
မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်….
အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ…..သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်……တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.
ခေါင်းဆောင်တော့မပါဘူးပေါ့….အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်…….တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့……..တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ…….ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ်FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က ” လီ ” ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..
ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်……အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်…….တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်……ပေါက်ကရတွေလျှောက်ပြောပြီး အူကြောင်ကြောင်နိုင်လှတဲ့ ဒီရဲ အရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီးဘာတွေဖြစ်ကြမလဲ…….ဘယ်လိုတွေစုံစမ်းမလဲ..ဘယ်လိုတွေအလွဲတွေ…..ဟာသတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး...
Odavum Mudiyadhu Oliyavum Mudiyadhu (2023)
⭐IMDB: 6.5/10 (1 k Votes)
🎬 #Bollywood #Comedy #Horror #Action
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 50 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Odavum Mudiyadhu Oliyavum Mudiyadhu (2023) သရဲခြောက်သောရုပ်ရှင်ရုံကြီး
အတည်ပေါက်ကားတွေ ကြည့်ရတာများပြီးပေါ့ပေါ့ပါးပါး ရီမောချင်တဲ့ပရိသတ်တွေအတွက်တမီလ်ဟာသသရဲကားလေးကို တင်ဆက်ပေးချင်ပါတယ်
ဟာသသရဲကားဆိုပေမဲ့ သရဲဆိုတဲ့အတိုင်း နဲနဲတော့ခြောက်မှာပါနော် အဲ့တော့ ကြောက်လဲကြောက်ခွီလဲခွီနဲ့ပျော်စရာကြီးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ရှင်ရုံသရဲပါ အဆောင်ကနေခိုးထွက်လာတဲ့ကောင်မလေးတွေရယ်ကျောင်းလစ်ပြီး ရုပ်ရှင်လာကြည့်တဲ့ သောက်ကလေးတွေရယ် ရွာပြန်ဖို့ကားမရှိတော့လို့ ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်ရင်းအိပ်ကြမဲ့ ရုပ်ရှင်ရူးတောသားတွေရယ် လင်ငယ်နဲ့ရုပ်ရှင်ရုံမှာလာချိန်းတွေ့တဲ့အတွဲရယ် စသည်ဖြင့်
လူတအုပ်ကြီးက အမှတ်မထင် ရုပ်ရှင်ဝင်ကြည့်ဖြစ်တဲ့အချိန် အဲ့ရုံက လူများစွာသေထားပြီး မကျွတ်လွတ်သေးတဲ့ သရဲများရှိနေတဲ့အချိန်…..အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယာနကရသနဲ့အတူ ဟဒယရွှင်ဆေးလေးကိုCM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Hellraiser: Inferno (2000)
⭐TMDB: 55.0% User Score
🎬 #Crime #HellraiserFranchise #Horror #Mystery #Thriller
🗓 2000 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hellraiser: Inferno (2000)
ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။
Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။
ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser အကြောင်းကို သိမထားရင်တော့ အဆုံးသတ်ကို နားလည်ဖို့အဆင်မပြေပါဘူး။ Hellraiser Franchise ရဲ့ ငါးကားမြောက်ဇာတ်ကားဖြစ်ပြီး ကျွန်တော့်အမြင်အရတော့ ရှေ့ကထွက်ဖူးသမျှထဲဇာတ်ကားတွေနဲ့ယှဉ်ရင် အကောင်းဆုံးလို့ ပြောချင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
On Either Sides of the Pond (2022)
⭐IMDB: 7.7/10 (68 Votes)
🎬 #Bollywood #Drama
🗓 2022 🎞 movie
🌎 #India
⏰ 1 နာရီ 45 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pokhar Ke Dunu Paar (2022)”ရေအိုင်၏အခြားတဖက်”============================================IMDb 7.6/10
ချန်နယ်မြန်မာ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ၂၀၂၂ ကထွက်ခဲ့တဲ့ ဟင်ဒီစကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကိုဗစ်ကာလကြီးထဲမှာ ခိုးပြေးခဲ့ကြပြီး နေထိုင်ရ ကျပ်တည်းလာမှ မွေးရပ်မြေ နယ်မြို့လေးဆီ ပြန်လာခဲ့ကြတဲ့ဆူမစ်နဲ့ ပရီယန်ကာဆိုတဲ့ လူငယ် ဇနီးမောင်နှံနှစ်ယောက်..။
ပရီယန်ကာက အနေအထိုင်ဆင်းရဲမှုနဲ့ ဖခင်ဖြစ်သူရဲ့ မကြည်ဖြူမှုကြားမှာ ပင်ပန်းနေရပေမဲ့ ဆူမစ်ကတော့ အလုပ်ရအောင်မကြိုးစားဘဲသူငယ်ချင်းတွေတရုန်းရုန်းနဲ့ လမ်းများနေတဲ့အခါ အရာရာကိုရင်ဆိုင်ဖို့ သတ္တိရှိစေခဲ့တဲ့ချစ်ခြင်းတွေ ထွက်ပြေးမသွားအောင် နားလည်မှုတွေ၊ကိုယ်ချင်းစာမှုတွေ လိုအပ်လာတဲ့အချိန်မှာတော့…။ ဒီရုပ်ရှင်ရဲ့ တင်ပြပုံမျိုးဟာ အိန္ဒိယရုပ်ရှင်တွေထဲမှာ မြင်ရခဲပြီး ကိုဗစ်ကာလရဲ့ ကျပ်တည်းမှုတွေကြားမှာရုန်းကန်နေရတဲ့ဘဝတချို့ကို Art house ဆန်ဆန်၊ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ပုံဖော်ပြထားတာဖြစ်လို့တငြိမ့်ငြိမ့်နဲ့ ပရိသတ်ကို ပါအောင်ဆွဲခေါ်သွားမယ့်၊ အချိန်ပေးရကျိုးနပ်စေမဲ့ ရုပ်ရှင်လေးပါပဲ…။
(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ Alex, ToMo, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Philip's (2023)
⭐TMDB: 80.0% User Score
🎬 #Bollywood #Drama #Family
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 42 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Philip’s (2023)“ဖိလစ်တို့ မိသားစု”
IMDb 7.9 ရထားတဲ့ မလေယာလမ် စကားပြောမိသားစု family/drama လေးဖြစ်ပြီးမလေယာလမ်လှိုင်းသစ်ရဲ့ ဝါရင့်မင်းသားကြီး Mukesh က ဖိလစ်အဖြစ်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဥ်း ဖိလစ်တို့မိသားစုမှာ ဖိလစ်နဲ့ ဘေစီ ဘလက်စီ ဘစ်တီ ဆိုတဲ့ မိတဆိုးသားသမီးသုံးယောက် ပျော်ရွှင်စွာ နေထိုင်ကြတယ်ဒါပေမဲ့လည်း တစ်နေ့…ပူပင်ကြောင့်ကြမှုကင်းတဲ့ သူတို့မိသားစုလေးကို မမြင်နိုင်တဲ့ ကံကြမ္မာဆိုးတစ်ခုကတော့ စောင့်ကြိုနေပါတယ်သူတို့တွေ အဲဒီအဖြစ်အပျက်ကနေ ဘယ်လိုများ ကြံစည်ပြီး ရုန်းထွက်ကြမလဲ…
သူတို့တွေ အရင်လို သာယာတဲ့မိသားစုဘဝလေး ပြန်ပြီး ပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကိုတော့spoil ဖြစ်သွားမှာစိုးလို့ ပရိသတ်ကြီးကပဲ ဒေါင်းကြည့်လိုက်ပါတော့…
အိန္ဒိယကားတွေမှာ ဘတ်ဂျက်များ/ အက်ရှင် spectacle များများနဲ့ ဘောလိဝုဒ်ကားကြီးတွေအီနေတဲ့သူတွေအတွက် အခုလို ဘတ်ဂျက်နည်း မလေယာလမ် ဒရာမာလေးကအအီပြေချဥ်ရည်ဟင်းတစ်ခွက်ဖြစ်မှာပဲ အသေအချာပါပဲ
အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Indian Police Force (2024)
⭐TMDB: 73.0% User Score
🎬 #Action #Adventure #Crime
🗓 2024 🎞 movie
🌎 #India
⏰ 38 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Indian Police Force (2023) CompleteIndian Police Force (2024) “အိန္ဒိယရဲတပ်ဖွဲ့”
IMDb – 7.0/10အားလုံးစောင့်မျှော်နေကြတဲ့ အိန္ဒိယရဲတပ်ဖွဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီဗျ။
Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်း၇ပိုင်း ပါဝင်ပါတယ်။
မင်းသားက Shershaah (2021)မှာ ပရိသတ်ကြီးအသဲနှလုံးကို သိမ်းပိုက်သွားခဲ့တဲ့
မင်းသားချော ဆစ်ဒါးမယ်လ်ဟိုတရာပဲဖြစ်ပါတယ်။
Your browser does not support the video tag.ဒီစီးရီးကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာကတော့ Cop Universe franchiseဖြစ်တဲ့
ဆင်းဂမ်းရုပ်ရှင်တွေနဲ့ ဆင်ဘာရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ရိုဟစ်ရှက်တီပဲဖြစ်ပါတယ်။
ဆစ်ဒါးက ဒေလီအထူးတပ်ဖွဲ့က ရဲအရာရှိကဘီးရ်အဖြစ် ပါဝင်ထားပါတယ်။ဒေလီရဲတပ်ဖွဲ့ စတင်တည်ထောင်တဲ့နေ့အတွက် ဂုဏ်ပြုပွဲလုပ်မဲ့နေ့မှာပဲ
ဒေလီမြို့တစ်နေရာမှာပေါက်ကွဲမှုဖြစ်ပါတယ်။ဆက်တိုက်ဆိုသလိုပဲ တခြားနေရာတွေမှာလည်း ဗုံးတွေ့တဲ့သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။
အိန္ဒိယမူဂျာဟီဒင်လို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက အဲဒီဖောက်ခွဲမှုတွေက
သူတို့လက်ချက်ဖြစ်ကြောင်း တီဗီချန်နယ်လ်တစ်ခုကို အီးမေးလ်ပို့ပါတယ်။
စုစုပေါင်း ပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။ဒီတော့ အထူးရဲတပ်ဖွဲ့ဖြစ်တဲ့ ကဘီးရ်တို့တွေ ဒီဖောက်ခွဲမှုတွေကို လုပ်ဆောင်တဲ့
အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေရပါတော့တယ်။
အထူးရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်သမားတို့ ဘတပြန်ကျားတပြန် အားပြိုင်ကြပုံကို
ကြည့်ရှုခံစားကြရမှာပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Picket 43 (2015)
⭐TMDB: 64.0% User Score
🎬 #Drama #Mystery #Thriller #Action #War
🗓 2015 🎞 movie
🌎 #India
⏰ 1 နာရီ 47 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Picket 43 (2015) – ခြံစည်းရိုးအမှတ် ၄၃
IMDb-7.2/10
ဒီတစ်ခါမှာတော့ အကြမ်းဖက်နှိမ်နင်းရေးကွန်မန်ဒိုအငြိမ်းစားအရာရှိကြီးကနေ ရုပ်ရှင်လောကကိုကူးပြောင်းလာတဲ့Major Ravi ကိုယ်တိုင် ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ ခြံစည်းရိုးအမှတ် ၄၃ က ရုံတင်ငွေလည်း ၅.၇ ကုဋေထိ ရခဲ့ပြီးပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်
တစ်ဖက်နဲ့တစ်ဖက် လူနှစ်ယောက်ပဲအစောင့်ချထားတဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်တစ်နေရာ ခြံစည်းရိုးအမှတ် ၄၃ ၊ဇာတိပြန် မင်္ဂလာဆောင်ဖို့ ခွင့်ရက်တင်ပြီးခါမှ ခြံစည်းရိုးအမှတ် ၄၃ မှာ တာဝန်ကျလာတဲ့ဟာရီ ၊ဘာကာဒီဆိုတဲ့ ခွေးလိမ္မာလေးနဲ့အတူ နယ်စပ်ခြံစည်းရိုးမှာအစောင့်ကျတဲ့ဟာရီတစ်ယောက်ပါကစ္စတန်ဘက်က နေ့ညမနားတရစပ်ပစ်ခတ်နေတဲ့ကျည်ဆံတွေကြား ခက်ခက်ခဲခဲရှင်သန်ရတာပေါ့တစ်နေ့ ခြံစည်းရိုးတစ်ဖက်က ပါကစ္စတန်အစောင့်စစ်သားနေရာမှာ တာဝန်ကျလူသစ်ရောက်လာတယ်အရင်လူတွေနဲ့လုံးဝမတူကွဲပြားနေတဲ့သူတစ်ယောက်..
တရစပ်ပစ်ခတ်နေတဲ့ ကျည်ဆံတွေချက်ချင်းရပ်သူကိုယ်တိုင်လည်း ပုန်းကွယ်မနေဘဲလွတ်လွတ်လပ်လပ်သွားလာနေတယ်
လူအားလုံးအရာအားလုံးနဲ့ဝေးကွာပြီး စာတွေကိုပဲအဖော်ပြုနေရတဲ့ဟာရီ့ဆီစာတွေလည်းထပ်ရောက်မလာချိန်မှာ သူရယ် ခွေးလိမ္မာလေးဟာရီရယ်စာတွေဖတ်ရင်းပေါ်လာတဲ့ အတိတ်နေ့စွဲတွေရယ် ခြံစည်းရိုးတစ်ဖက်ကရန်သူတော်လူထူးဆန်းရယ်ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့….
အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
A Girl from The Opposite Room-Yuko Ono(AOI) [FSDSS-302-Decensored]
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 1 နာရီ 59 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသမီး Yuko Ono တဖြစ်လဲ Aoi ဆိုတာက JAV လောကရဲ့ Original နတ်ဖုရားမတစ်ပါးပါ…
အချိုးအစားနဲ့ ဂိုက်ဆိုက်မှာတော့ ပြိုင်ဖက်ကင်းတယ်ဆိုရအောင် ကွက်တိကျသူပါ…
ရုပ်ရည်လေးကလဲအချောဆိုတော့ ပြောစရာကိုမရှိတော့ပါ။
FSDSS-302-Decensored ဒီဇာတ်လမ်းမှာတော့
သူမကို ဟိုဖက်အိမ်က MILF အဖြစ် လိုက်ဖက်စွာတွေ့မြင်ရမှာဖြစ်ပြီး
မင်းသားကိုတော့ ဒီဖက်အိမ်က မှန်ပြောင်းကောင်အဖြစ်မြင်တွေ့ရမှာပါ။
JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။
Decensored Version နဲ့ဆိုတော့ Aoi ကို တခါထဲရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
