ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The League of Extraordinary Gentlemen (2003)
⭐TMDB: 60.0% User Score
🎬 #Action #Adventure #Fantasy #SciFi #Thriller #ScienceFiction
🗓 2003 🎞 movie
🌎 #UnitedStates #Germany #Czechia #UnitedKingdom #CzechRepublic #Hungary #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The League of Extraordinary Gentlemen (2003)
ဒီရုပ်ရှင်က ခုနေ သက်လတ်ပိုင်းတော်တော်များများ ငယ်ဘဝက ကြိုက်ခဲ့တဲ့ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်း Comic Book ကိုကလည်း တော်တော်အထာကျတဲ့ Alan Moore ရယ်၊ Kevin O’Neill ရယ်တွဲရေးထားတဲ့ The League of Extraordinary Gentlemen ကောမစ်ဘွတ်စီးရီးရဲ့ ပထမတွဲကို ယူထားတာ။ Alan Moore ကိုတော့ တော်တော်များများသိကြမှာပါ။ နာမည်ကြီးသလို အနုပညာလည်းမှော်ဝင်တဲ့ Watchmen, V for Vendetta, From Hell နဲ့ Batman: The Killing Joke တို့လို ကောမစ်ဘွတ်တွေကို ရေးခဲ့တဲ့သူ။ ဒီကောမစ်ဘွတ်ကလည်း Multi-genre, Cross over Comic Book။ ပြောရရင် တကယ့်ဂန္ထဝင်ဆိုမှ Edgar Allan Poe, Ian Fleming, Herman Melville, Mark Twain, Sir Arthur Conan Doyle, Oscar Wilde တို့လို ဂန္ထဝင်စာရေးဆရာတွေရဲ့ ကာရိုက်တာတွေ ဇာတ်လမ်းတွေကို Cross over လုပ်ထားတာ။ ဒီဇာတ်ကိုစစပုံဖော်ချင်းတုန်းကလည်း “Justice League of Victorian England” ဆိုတဲ့ သဘောမျိုးနဲ့ သွားထားတာဖြစ်တယ်။
Bram Stoker ရဲ့ Dracula ထဲက မီနာ၊ Jules Verne ရဲ့ ကပ္ပတိန်နီမို၊ Sir H. Rider Haggard ရဲ့ အလန်ကွာတာမိန်း၊ Robert Louis Stevenson ရဲ့ Dr. Jekyll and Mr. Hyde, H. G. Wells ရဲ့ The Invisible Man, Sir Arthur Conan Doyle ရဲ့ မိုရီယာတီ၊ Mark Twain ရဲ့ တွမ်ဆောယား၊ Oscar Wilde ရဲ့ ဒိုရီယန်ဂရေးတို့လို ဂန္ထဝင်ဇာတ်ကောင်တွေကို တစ်ပေါင်းတည်းသုံးထားတယ်။ ဒီလိုဂန္ထဝင်တွေကိုမှ Watchmen လို မာစတာပိစ် ကောမစ်ဘွတ်ရေးခဲ့တဲ့ Alan Moore ရေးခဲ့တဲ့ Comic Book ကို ရိုက်ထားတာဆိုတော့ ကြည့်ကောင်းတာတော့ တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဇက်စနိုက်ဒါတို့လို အသက်ဝင်အောင်မရိုက်နိုင်ခဲ့တော့ ဝေဖန်ရေးအရတော့ အခြေအနေမကောင်းခဲ့ပါဘူး။ အသာထားပါ။ ဒီလိုကာရိုက်တာတွေကို တွဲမြင်ရတာနဲ့တင် တော်တော်တန်နေပြီ။ လွမ်းစရာလည်း ကောင်းနေပြီ။
ဒီကားမှာ အလန်ကွာတာမိန်းအဖြစ် ရှောင်ကွန်နရီကြီးက ဝင်သရုပ်ဆောင်ထားခဲ့တယ်။ ရှောင်ကွန်နရီကြီးဟာ ဒီမတိုင်ခင် သရုပ်ဆောင်ကြေးအများကြီးရနိုင်ခဲ့တဲ့ The Matrix ထဲက Architect ဇာတ်ကောင်ကိုရော The Lord of the Rings ထဲက Gandalf ဇာတ်ကောင်ကိုရော ငြင်းခဲ့တယ်။ ဒီကားမှာတော့ ကြေးသိပ်မရခဲ့ပေမဲ့ အလန်ကွာတာမိန်းအဖြစ် သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့တယ်။ အလန်ကွာတာမိန်းဇာတ်ကောင်ရဲ့ အရှိန်အဝါလို့တော့ ထင်ရတာပါပဲ။ ကားထဲက အလန်ကွာတာမိန်းဟာလည်း ဗြိတိန်ရဲ့ သူရဲကောင်းပြယုဂ်တစ်ခုလိုဖြစ်နေခဲ့တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီကားထဲ တော်တော်သဘောကျစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ကွာတာမိန်းက ဆောယားကို ကိုက်ကိုးရာအကွာကပစ်မှတ်ကိုထိအောင်ပစ်တတ်အောင်သင်ပေးတဲ့ အခန်းပေါ့။
” ချိန်… လေလမ်းကြောင်းနဲ့ ပစ်မှတ်ရွှေ့လျားသွားတာကို အလိုက်သင့်စီးမျော… ဒီနှစ်ခုက လွယ်တယ် အဓိကက… ကိုယ်ပစ်မယ့် ပစ်ချက်ကိုခံစား အချိန်ယူပြီးခံစား ယူချင်သလောက်သာ အချိန်ယူ ဘယ်လောက်ကြာကြာ ဂရုမစိုက်နဲ့” တဲ့။
ဘာရယ်တော့မဟုတ်ပါဘူး ပစ်ဖို့အချိန်ယူလေ ပိုဝေးသွားလေဖြစ်မယ့်ပစ်မှတ်ကို ပစ်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာကြာယူရယူရ ဂရုမစိုက်တဲ့ အလန်ကွာတာမိန်းရဲ့ အနုပညာပေါ့။
( အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)...
The Occupant (2020)
⭐IMDB: 6.4/10 (19 k Votes)
🎬 #Drama #Thriller
🗓 2020 🎞 movie
🌎 #Spain
⏰ 1 နာရီ 44 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရောက်နိုင်ဖို့
ဘယ်လောက်ထိ လုပ်မယ်လို့ စဉ်းစားတွေးကြည့်ဖူးလဲ…?
အိမ်ထောင်ဦးစီးတစ်ယောက် ဇနီးရှိတယ် သားရှိတယ် ဒါပေမဲ့
အလုပ်အကိုင် အဆင်မပြေတော့ နေနေတဲ့ တိုက်ခန်းအကောင်းကို
ရောင်းပြီး သာမန်တိုက်ခန်းလေးကို ပြောင်းခဲ့ရပြီး အလုပ်ပေါင်းစုံ
ပြန်လျှောက်နေရတယ်။ အရင်တုန်းက နေခဲ့တဲ့ တိုက်ခန်း အပိုသော့လေးက
အိမ်အကူဆီကနေ ရထားတော့ အလွမ်းပြေအနေနဲ့ လက်ရှိနေထိုင်သူတွေ
မရှိတော့တဲ့အချိန်ဆို သော့ပိုလေးနဲ့ သွားပြီး ပြန်နေကြည့်တယ် ပြီးရင်
ပြန်လာတယ် ဒီလိုနဲ့ပဲ… သူ အရင်တုန်းက ဆုံးရှုံးခဲ့ရတဲ့ ဒီတိုက်ခန်းလေးနဲ့
အဆင်ပြေကြောင့်ကြတဲ့ဘဝကို ပြန်ရဖို့အတွက် ကိုယ်ကျင့်တရားတွေ
အမှန်အမှားတွေ အားလုံးကို ခဝါချ လွှင့်ပစ်လိုက်ပြီး လက်ရှိနေထိုင်နေတဲ့
မိသားစုကမ္ဘာထဲကို မုသာဝါဒတွေ ဥပါယ်တံမျဉ်တွေ သုံးပြီး ချည်းနင်း
ဝင်ရောက်ခဲ့တဲ့ အခါမှာတော့…..။
လူသားတွေ လောဘဇော တက်လာတဲ့အခါ ဘာကိုမှ မမြင်နိုင်အောင်
မျက်လုံးစုံကန်းမှုကို နှလုံးသွင်းစရာအနေနဲ့ ရိုက်ပြထားတဲ့ စပိန်စကားပြော
စိတ်လှုပ်ရှားဖွယ် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
Rotten Tomatoes 61% နဲ့ IMDB 6.4 ရရှိထားပါတယ်။...
The Baader Meinhof Complex (2008)
⭐TMDB: 70.0% User Score
🎬 #Action #Biography #Crime #Drama #History #Thriller
🗓 2008 🎞 movie
🌎 #Germany #France #Czechia #CzechRepublic
⏰ 2 နာရီ 30 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။
အရှေ့ဂျာမနီကတော့ ဆိုဗီယက်ဝါဒ လက်အောက်မှာဖြစ်ပြီး အနောက်ဂျာမနီကတော့ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒ လက်အောက်မှာ ကျရောက်နေပါတယ်။ ယခု ရုပ်ရှင်မှာ ပါတဲ့ အဖြစ်ပျက်က အနောက်ဂျာမနီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဖြစ်ပါတယ်။ အမေရိကန်တွေ ကြီးစိုးတဲ့ အနောက်ဂျာမနီက ဒီမိုကရေစီကို ကျင့်သုံးပေမယ့် ဟစ်တလာရဲ့ ဖက်ဆစ်စနစ်ယန္တရားရဲ့ လက်ကျန်လေးကတော့ အနောက်ဂျာမနီ-အနောက်ဘာလင်အစိုးရဆီမှာ ကျန်ရှိနေပါသေးတယ်။ အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဂျာမနီ ကျောင်းသားတွေ ဆန္ဒပြရာကနေ အရေးခင်းတွေ စတင်ဖြစ်ပွားတော့ပါတယ်။
ဂျာမနီအစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အစိုးရရဲ့ ဖိနှိပ်မှုတွေကို မျက်နှာလွှဲပေးထားတဲ့ အမေရိကန်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာ သတင်းစာတိုက်တွေရဲ့ မုသားတွေ အမျိုးမျိုးကို ရတဲ့ဘက်ကနေ လူပေါင်းစုံ အထူးသဖြင့် ကျောင်းသားတွေက တော်လှန်နေကြပါတယ်။ အဲဒီလို တော်လှန်နေတဲ့ လူတွေထဲမှာမှ ဂျာနယ်လစ်ဖြစ်တဲ့ အိုရီခါ မိုင်းဟဖ့်နဲ့ တော်လှန်ရေးကျောင်းသား Baaderတို့ ပူပေါင်းမိကြတဲ့အခါမှာတော့ …. Baader-Meinhof အဖွဲ့က အစိုးရကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ အစိုးရရဲ့ ဖက်ဆစ်ယန္တရားကို ရပ်တန့်သွားအောင် ဘယ်လိုကြိုးစားကြမလဲ … အမေရိကန်ရဲ့ နယ်ချဲ့ဝါဒနဲ့ အနောက်ဂျာမန်အစိုးရရဲ့ ဖက်ဆစ်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ကြပုံတွေ၊ သူတို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ ပေါ်လစီတွေ၊ တရားမျှတမှုကို လိုချင်ကြပုံတွေကို ယခု ရုပ်ရှင်ထဲမှာ အားပါတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
The Invited Man (2017)
⭐IMDB: 5.6/10 (13 Votes)
🎬 #Adult #Drama #Romance
🗓 2017 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 45 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
************************
ဒီကားကတော့ ငရဲပြည်၇ထပ်ကနေ ဗမှားပြည် ဒန့်ဒလွန်တောင်အထိ
အကွက်မျိုးစုံနဲ့ချစ်ကြတဲ့အခန်းတွေ တလှေကြီးပါပါတယ်..
အခန်းတိုင်းကလည်းစွဲမက်ဖွယ်ဖြစ်သလို ကိုရီးယား adult sexy queenလို့
တင်စားရမဲ့ မင်းသမီးကြီးပါနေတော့
ဆီမထိုးထားတဲ့ ရွာကလှည်းကိုစီးနေရသလို အမိုက်စားဖီလင်တွေရနေမှာဖြစ်ပါတယ်..
ဇာတ်လမ်းအကျဉ်းကတော့ အိပ်ရာပေါ်မှာ သာမန်ဆန်တဲ့ ထိတွေ့ခြင်းတွေကို
သဘောမကျတဲ့ ယောက်ျားနဲ့ အချစ်ပါရင်ရိုးရိုးလေး သနပ်ခါးလိမ်းလည်း
လှတယ်လို့ ထင်နေတဲ့ဇနီးသည်တို့အကြား ရန်ပွဲလေးတွေဖြစ်ရင်း
နောက်ဆုံး မှာ တော့ ကြာပွတ်ရိုက်သံလည်း ချိုမြိန်ပါတယ်လို့ အမြင်ပြောင်းသွားတာကို
လှလှလေးရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်…ခံစားကြည့်ကြပါဦး...
C*A*U*G*H*T (2023- )
⭐IMDB: 5.1/10 (466 Votes)
🎬 #Comedy
🗓 2023- 🎞 tv series
🌎 #Australia
⏰ 33 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
C*A*U*G*H*T (2023)C*A*U*G*H*T (2023)
=================ဟာသစီးရီး ကြိုက်သူတွေအတွက် ဩစတြေးလျနိုင်ငံ ထုတ်လုပ်တဲ့
ဟာသစီးရီးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ပုံမှန် ကြည့်နေကြ
Hollywood ကထုတ်လုပ်တဲ့ ဟာသစီးရီးတွေနဲ့ မတူညီသလို၊ စစ်ပွဲ
နောက်ခံ ဟာသစီးရီးမျိုးမို့လို့ အမြင်ဆန်းစေမှာပါ။ ဟာသတွေနဲ့ ပေါ့
ပေါ့ပါးပါး ကြည့်ချင်တယ်ဆိုရင်တော့ ဒီစီးရီးက အချိန်ကုန်ရကျိုးနပ်
မှာပါ။
Your browser does not support the video tag.****အမြင်မတင့်တယ်တဲ့ ပြကွက်တွေ၊ ရိုင်းပြတဲ့ စကားလုံးအသုံးနှုန်း၊
ဟာသတွေ ပါဝင်ပါတယ်****ဩစတြေးလျနိုင်ငံကနေ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဘဟာတီပရင်စလို
ဆိုတဲ့ ကျွန်းနိုင်ငံလေးကို အထူးတပ်ဖွဲ့ဝင် လေးယောက် စေလွှတ်ကာ
လျှို့ဝှက်မစ်ရှင် တစ်ခုထမ်းဆောင်စေပါတယ်။ ဒါပေမယ့် သူတို့ မစ်ရှင်
ထမ်းဆောင်ပြီး အပြန်မှာ သူပုန်တပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါ
တယ်။ သူပုန်တွေက သူတို့ လေးယောက်ကို ဗွီဒီယိုရိုက်ပြီး YouTube ပေါ်
တင်လိုက်တာကြောင့် နာမည်ကြီးသွားပါတယ်။ ဩစတြေးလျအစိုးရက
တော့ မဟုတ်ကြောင်းသာ ငြင်းဆန်ပြီး ပြန်ကယ်ဖို့ အစီအစဉ်မရှိပါဘူး။
ဒါကြောင့် သူတို့လေးယောက် ဘယ်လိုထွက်ပြေးကြမလဲ၊ ဘာတွေ တလွဲ
တွေလုပ်ကြမလဲဆိုတာကို ဟာသတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Leonard Lin
ဖြစ်ပါတယ်။)...
Do Not Disturb (2023)
⭐IMDB: 6.3/10 (7 k Votes)
🎬 #Comedy #Drama
🗓 2023 🎞 movie
🌎 #Turkey
⏰ 1 နာရီ 55 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Do Not Disturb (2023)
~ IMDb – 6.3/10, Rotten Tomatoes – 67% ~
COVID Pandemic ရဲ့ရိုက်ခတ်မှုခံခဲ့ရတဲ့ အသက်၅၀ အရွယ် မေတင်ဆိုတဲ့သူရဲ့ စိတ်သောက ပူပန်မှုတွေ ဗျာများနေပုံတွေကို မြင်တွေ့ရမယ့် တူရကီကားတစ်ကားဖြစ်ပါတယ်။
မေတင်က သူ့ဘ၀တစ်လျှောက်လုံး သင်္ဘောသားအဖြစ် ပင်လယ်ပြင်မှာ ကျင်လည်ခဲ့ပြီး ကပ်ရောဂါကြောင့် အလုပ်လည်းပြုတ် ၂နှစ်နီးပါး အိမ်တွင်းအောင်းခဲ့ရသူ… အသိအဆက်အသွယ်နဲ့ ဟိုတယ်တစ်ခုမှာ ညပိုင်းမန်နေဂျာအဖြစ် အလုပ်ရပြီး အလုပ်ရှင်က သူ့ကို ယုံပြီး ဟိုတယ် အပ်ခဲ့တဲ့အခါ…
ဟိုတယ်အ၀တ်လျှော်ခန်းမှာ အလုပ်လုပ်တဲ့ သူတို့မိဘတွေချင်း သဘောတူထားတဲ့ မိန်းကလေး ဆူဟာ…သေချင်စိတ်ပေါက်နေတဲ့ ဧည့်သည် ပါမောက္ခ ဘာတီရာ…နောက်ထပ် မှတ်ပုံတင်မပါဘဲ လာတည်းတဲ့ ဧည့်သည် ဒါဗု… စတဲ့လူတွေနဲ့ မေတင်ဆုံစည်းရပြီး တစ်ညအတွင်း ဘယ်လို အဖြစ်အပျက်တွေ ကြုံရမလဲ။
ပင်လယ်မှာပဲ တော်ပြီး ကုန်းပေါ်မှာ အသုံးမကျဘူးလို့ ယူဆထားတဲ့ တာ၀န်ကျေပွန်ချင်တဲ့ မေတင်တစ်ယောက် သူကြုံရတဲ့ကိစ္စတွေကို ဖြေရှင်းပုံကို ဆက်လက်ရှုစားကြည့်ကြပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Krishna Gadu Ante Oka Range (2023)
⭐IMDB: 8.0/10 (1 k Votes)
🎬 #Action #Bollywood #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 9 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Surapanam (ရိုးသားကြိုးစား အရက်သမားသူခိုးလေး)
ဒီတစ်ခေါက်မှာတော့ Surapanam ဆိုတဲ့ IMDb 7.1/10 တောင်ရထားတဲ့ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားထဲမှာတော့ အဖေလုပ်သူက အကြွေးတွေပတ်လည်ဝိုင်းပြီးတော့အမေလုပ်သူကလည်း သူ့ကို ဘော်ဒါဆောင်မှာထားပြီး တစ်လတစ်ခါတောင်သူ့ကို လာမတွေ့လို့ ဘယ်သူကမှ သူ့ကို မချစ်ဘူးလို့ ထင်နေတဲ့ ကောင်လေးရှီဗာ။ကျောင်းပြီးလို့ အလုပ်လုပ်ရမယ့်အရွယ်ရောက်တော့လည်းဘောစိကြီးတစ်ယောက်အတွက် ပစ္စည်းတွေကိုလိုက်ခိုးပေးနေတဲ့ အလုပ်ကို လုပ်နေပါတော့တယ်။
တစ်ရက်မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ အကြားအမြင်မေးတဲ့ဆီကိုလိုက်သွားခဲ့တဲ့နောက်မှာ အဲဒီက ရသေ့ကြီးက သူ့ဘဝက ပြောင်းလဲသွားတော့မယ်လို့ပြောလိုက်ပေမဲ့ဒီလို ကိစ္စပိုင်းမှာ အယုံအကြည်မရှိတဲ့ ရှီဗားချစ်ရသူလေးနဲ့ အတူတူအိမ်မက်တွေမက်နေရင်းနဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘောစိလုပ်သူဟာရှေးဟောင်းရုပ်ထုတစ်ခုကို ခိုးခိုင်းပါတော့တယ်။
အဲဒီရှေးဟောင်းရုပ်ထုဟာဆိုရင်တော့ ကုဋေပေါင်းဆယ်ချီပြီးတော့တန်တာဖြစ်ပြီးတော့ သူ့အတွက် တစ်ကုဋေဝေစုရမယ်လည်း ဆိုရော …
ရှီဗာနဲ့ အပေါင်းအပါများ ဒီရုပ်ထုကို ဘယ်လိုပုံစံတွေနဲ့ ခိုးကြမလဲ ……အကြားအမြင်ရသေ့ကြီးပြောသလိုရော သူ့ဘဝက ချက်ချင်းကြီး ပြောင်းလဲသွားမှာလား ….
ချစ်ရသူနဲ့အတူတူ လေထဲတိုက်အိမ်ဆောက်ချင်နေတဲ့ သူ့အိမ်မက်တွေရော ပြည့်သွားမလား…ဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရင်းမောရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Paramporul (2023)
⭐IMDB: 9.0/10 (1 k Votes)
🎬 #Action #Bollywood #Thriller #Crime
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 26 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Paramporul (2023) – ငွေရဲ့ကျေးကျွန်များIMDb – 9.3/10
ဘဝမှာ အလိုအပ်ဆုံးအရာကဘာလဲလို့ မေးလာခဲ့ရင် အချစ်လို့ဖြေတဲ့လူရှိမယ်။မိသားစု၊ ပျော်ရွှင်မှု၊ မေတ္တာ အစရှိသဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါပေမဲ့ဘယ်သူတွေဘာဖြေဖြေ ကျွန်တော်တို့တွေဟာ ငွေဆိုတဲ့အရှင်သခင်ကိုနေ့စဉ်ခစားနေရဆဲဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။
ဇာတ်လမ်းအကျဉ်း
အာဒီဟာ သားကြီးတစ်ယောက်ပီပီ ရောဂါသည်းနေတဲ့ ညီမဖြစ်သူကို ဆေးကုပေးချင်စိတ်ပြင်းပြနေပါတယ်။ဖြစ်ချင်တော့ အာဒီဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအထိ ဆာဂူနမ်ဆိုတဲ့ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးကဆရာတစ်ဆူရဲ့လူယုံဖြစ်ခဲ့တော့ မျိုးမျိုးမြတ်မြတ်စားရပေမဲ့ ဆာဂူနမ်ကလည်းသေအလုပ်လက်မဲ့လည်းဖြစ် ဆေးကုသစရိတ်ကလည်းထောင်းဖြစ်နေတော့ အာဒီတစ်ယောက်အကြံအိုက်နေပါပြီ။ အာဒီတစ်ယောက် ဘာလုပ်နေမှန်းမသိတဲ့မိသားစုဝင်တွေကလည်း စိတ်ပူလို့တစ်ဖုံ အားမရလို့တစ်ဖုံ ဆူပူရေရွတ်နေကြတာပေါ့။
ဒီလိုနဲ့ အကြံကုန်ဂဠုန်ဆားချက်အာဒီတစ်ယောက် တွေ့ရာအိမ်တစ်အိမ်ဝင်အခိုးမှာကျားရှေ့မှောက်လျက်လဲပြီး အင်စပက်တာမိုင်သရီရန်ရဲ့အိမ်ကိုမှ တည့်တည့်ဝင်ခိုးမိတော့ဖမ်းခံလိုက်ရပါတော့တယ်။ ထောက်လှမ်းရေးဘက်ကရထားတဲ့ သဲလွန်စကနေရှေးဟောင်းရုပ်တုရောင်းဝယ်ရေးအကြောင်းစစ်ဆေးမေးမြန်းရာက ကံဆုံဖို့ဖြစ်လာတဲ့သူတို့နှစ်ယောက် ကုဋေချီတန်တဲ့ ရုပ်တုရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ…
တာဝန်သိစိတ်နဲ့ မျိုးရိုးစဉ်ဆက်ကောင်းစားနိုင်တဲ့ မက်လောက်စရာ ငွေပမာဏကြားလွန်ဆွဲနေတဲ့ရဲအရာရှိနဲ့ ညီမဖြစ်သူကို သေခင်းတံခါးဝကငွေထုပ်နဲ့ပေါက်ပြီးပြန်ဆွဲမယ့်အာဒီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစား အားပေးကြပါဦး။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ KKKZ ~ Aditi ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Haliparot (2023)
⭐IMDB: 6.3/10 (22 Votes)
🎬 #Adult #Drama
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 52 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Haliparot (2023)
ဂျင်းဆိုတဲ့ကောင်မလေးက ဆယ်ကျော်သက် စီနီယာအထက်တန်းကျောင်းသူလေးဖြစ်ပြီး Single Mother ဖြစ်တဲ့သူ့အမေ အက်ဘေးနဲ့အတူ နေထိုင်ပါတယ်။ မိခင်ဖြစ်သူက ကျောင်းမပြီးမချင်း ရည်းစားမထားရဘူးလို့ ကန့်သတ်ထားပေမဲ့လည်း သွေးသားပြောင်းလဲကာစ အသစ်အဆန်းကိုထိတွေ့ချင်နေတဲ့ ဂျင်းဟာ အချစ်ကိုလက်တည့်စမ်းချင်နေပါပြီ။ သူ့ကိုအရူးအမူးစွဲလန်းနေတဲ့ ငယ်သူငယ်ချင်း ဂါဘိုရှိပေမဲ့လည်း ဂါဘိုကိုတော့ သူစိတ်မဝင်စားပါဘူး။
အဲဒီလိုအချိန်မှာ သူ့ဘဝထဲကိုဝင်ရောက်လာသူကတော့ ခန့်ညားချောမောပြီး အကြင်နာအကြည့်တွေနဲ့ သူစိမ်းတစ်ယောက်ဖြစ်တဲ့ ဂျဲရစ်ဆိုတဲ့လူပါ။ သူအကူအညီလိုချိန်မှာ အမြဲတမ်းရောက်လာတတ်တဲ့၊ ဆုံးမစကားပြောသွားတတ်တဲ့ ဂျဲရစ်ဟာ သူမျှော်လင့်လို့မဝသေးခင်မှာပဲ သူ့အိမ်ကိုရောက်ချလာပါတော့တယ်။ သူစိမ်းတစ်ယောက်အနေနဲ့မဟုတ်ဘဲ သူ့အမေရဲ့ချစ်သူအဖြစ်နဲ့ပါ။
ဒီလိုနဲ့ စိတ်ကစားတတ်စ ဆယ်ကျော်သက်မလေးရယ်၊ ငယ်ရွယ်တဲ့မိခင်နဲ့ ပထွေးတို့ကြားမှာ တစ်အိမ်တည်းနေပြီး ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာတွေ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ Pantaxa Laiya မှာအနိုင်ရသွားခဲ့တဲ့ Aiko Garcia လေးရဲ့ ခေါင်းဆောင်နေရာက ပွဲထွက်လာတဲ့ပထမဆုံးကားဖြစ်ပါတယ်။ ဆယ်ကျော်သက်မလေးကို အားပေးလိုက်ကြရအောင်ပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
96 (2018)
⭐IMDB: 8.5/10 (35 k Votes)
🎬 #Bollywood #Drama #Romance
🗓 2018 🎞 movie
🌎 #India
⏰ 2 နာရီ 32 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
96 (2018)
” ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲတစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။
ခင်ခင်ပျိုရေ …..ငါ စောင့်ခဲ့တယ် ။ ။
#အောင်ချိမ့်
အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။
အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာအကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီးကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ ….“ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့” ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့်တစ်ညလုံး မအိပ်ဘဲ ကိုယ် မျိုသိပ်ခဲ့ရတဲ့ အချစ်တွေကို ရင်ဖွင့်ခွင့် ရခဲ့တဲ့လူတစ်ယောက်ရဲ့ အရိုးသားဆုံး အဖြူစင်ဆုံး ဝန်ခံချက်တွေကြောင့် ဒီဇာတ်ကားကို ကြည့်တဲ့ သူတွေလည်း နင့်နေအောင် ခံစားကြရမှာပါပဲ။
၉၆ ဆိုတဲ့ ၁၉၉၆ ခုနှစ်က အထက်တန်းကျောင်းသားလေး နဲ့ ကျောင်းသူလေးရဲ့နှစ် ၃၀ ကြာမှ ဖြေရှင်းခွင့် မရခဲ့တဲ့ အကြောင်းတွေကို ဖြေရှင်းခွင့် ရခဲ့တဲ့အခါမှာအရာရာဟာ နောက်ကျသွားခဲ့ပြီ ဆိုပေမဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောခွင့်ရတဲ့ တစ်ညတာက အင်မတန် တန်ဖိုးရှိလှပါတယ်။တစ်ညလုံးလုံး မအိပ်ဘဲ စကားပြောဖြစ်လောက်အောင်အထိ အတူတူ ရှိနေချိန်တွေက တန်ဖိုး ရှိနေခဲ့တဲ့ ဇာတ်လမ်းလေး။အချစ်ဦး နဲ့ လွဲခဲ့တဲ့လူတွေ ဒီဇာတ်လမ်းကို ကြည့်ပြီး မငိုရဘူးဆိုရင် ကြိုက်သလို ပြောပါ။
အင်္ဂလိပ်မှာ500 Days of SummerကိုရီးယားမှာOn your wedding dayတရုတ်မှာMy Loveထိုင်းမှာOne Dayဆိုရင် ….
ဒီတောင်ပိုင်းကား96ကလည်း အဲဒီအနွယ်ဝင်ပဲ ဖြစ်ပါလိမ့်မယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Augustပဲ ဖြစ်ပါတယ်။...
Beckham (2023)
⭐TMDB: 84.0% User Score
🎬 #Documentary #Biography #Sport
🗓 2023 🎞 tv mini series
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 17 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beckham (2023)Beckham (2023) A Netflix Mini Series
Your browser does not support the video tag.~ IMDb – 8.5/10, Rotten Tomatoes – 100% ~ ဒေးဗစ်ဘက်ခမ်းရဲ့ အနီရဲရဲ ရက်စွဲများ
ဒေးဗစ်ဘက်ခမ်းရဲ့ အဖြူသန့်သန့် ရက်စွဲများ
ဒေးဗစ်ဘက်ခမ်းရဲ့ ရွှေဝါရောင် ရက်စွဲများ
ဒေးဗစ်ဘက်ခမ်းရဲ့ ကာလာစုံ ရက်စွဲများ ဘောလုံးကွင်းဟာ ပိတ်ကားစဖြစ်ပြီး ဘောလုံးသမားဟာ ပန်းချီဆရာဖြစ်သွားတယ်လို့ သမုတ်ကြတဲ့ ဘောလုံးလောကမှာ သူမတူတဲ့ ပန်းချီတွေကို ခြယ်ခဲ့သူ လန်ဒန်သားတစ်ယောက်ရှိခဲ့ဖူးတယ်။ စုတ်ချက်တိုင်းကို လှလှပပ သပ်သပ်ရပ်ရပ် အရောင်ခြယ်နိုင်ခဲ့သူ… ထိုသူဟာ ဒေးဗစ်ဘက်ခမ်း။ ဒေးဗစ်ဘက်ခမ်းလို့ပြောလိုက်ရင် မကြားဖူးတဲ့သူ အတော်ကိုရှားလိမ့်မယ်။ မြင်ဖူးသူတွေကတော့ ကြားရုံကြားဖူးသူတွေကို အထင်သေးလိမ့်မပေါ့။ မြေဆွဲအားကိုဆန့်ကျင်တဲ့ ဆံသားရှည်ရှည်တွေအောက်မှာ ယောက်ျားချင်းတောင် ကြွေချင်တယ်လို့ ကျွန်တော်တို့ စနောက်ခဲ့ကြဖူးတယ်။ ကွင်းလယ်ကနေ သူ့စိတ်တိုင်းကျ ဘောလုံးကို စေခိုင်းနေတာကို မြင်ရတာ သိပ်ကိုအရသာရှိခဲ့တာပေါ့။ သူ့လိုခြေထောက်မျိုးကို ကျွန်တော်တို့ ဘုရားဆီပူဆာခဲ့မိဖူးကြလိမ့်မယ်။ “ဘုရားသခင် ဒေးဗစ်ဘက်ခမ်းလို မှော်ဝင်ခြေထောက်များ ပေးသနားတော်မူပါ။” ဘက်ခမ်းရဲ့ ဘောလုံး ပဉ္စလက်တွေက သူ့ရဲ့ အမြင်ရှိမှုအပေါ်မှာလည်း သက်ဆိုင်နေတယ်။ ဘောလုံးပေးပို့မှုတစ်ချက်တည်းနဲ့ ပြိုင်ဘက်အသင်းကို ခြောက်ခြားစေတယ်ဆိုတာမျိုးက တော်ရုံကစားသမားတွေလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူး။ သူ့ရဲ့ ဖြတ်တင်ဘောတွေက သာမန် အမြင့်ဝဲဘောလုံးတွေမဟုတ်ခဲ့ဘူး။ တိုက်စစ်မှူးကို ပါးလိုက်တဲ့ အချစ်ကဗျာလှလှလေးတွေဟုတ်သလို တဖက်ခံစစ်အတွက် သေမိန့်တွေလည်းဟုတ်ပြန်တယ်။ ကွင်းတွင်းမှာတင်မကဘူး ဘက်ခမ်းဟာ ကွင်းပြင်ပမှာလည်း အတော်ကိုနာမည်ကြီးခဲ့တယ်။ သူ့ရဲ့အထာ သူ့ရဲ့ဟန်ပန်တွေက မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ နေရာယူခဲ့တယ်။ ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဆိုတာ အဲဒီခေတ်ရဲ့ ကမ္ဘာ့နာမည်အကြီးဆုံး စုံတွဲလို့ပြောရင်တောင် မှားမယ်မထင်ဘူး။ ဒီလိုနဲ့သူတို့ရဲ့ ချစ်လမ်းခရီးဟာ ဘက်ခမ်းဘဝရဲ့ မှော်ဝင်မှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်။ ဒီ ဘက်ခမ်း Documentary ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ၊ လူနေမှုဘဝ အနိမ့်အမြင့် အတက်အကျတွေအားလုံးကို သေချာအသေးစိတ်ကျကျရိုက်ကူးပြထားတယ်။ အမှတ်တရအချို့ ငြိစွန်းဖူးတဲ့သူတွေကတော့ အင်တာဗျူးမှာပါတဲ့ လူတွေကိုကြည့်ရင်း လွမ်းမျက်ရည်တချို့လည်မိမှာပေါ့လေ။ ဘက်ခမ်းရဲ့ စုတ်ချက်လှလှတွေကို ပြန်ခံစားချင်တဲ့သူတွေအတွက်ဖြစ်ဖြစ် ဘက်ခမ်းကို မသိမမီလိုက်တဲ့သူတွေအတွက်ဖြစ်ဖြစ် ဒီစီးရီးဟာ အတော်ကို အရသာရှိလိမ့်မယ်လို့ အာမခံပါတယ်။ (ဒီဒိုကူစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Min Thant Bo ပဲဖြစ်ပါတယ်။)...
Spiritual Kung Fu (1978)
⭐TMDB: 57.0% User Score
🎬 #Action #Comedy #Fantasy #JackieChan #Mystery
🗓 1978 🎞 movie
🌎 #HongKong #Taiwan #HongKong
⏰ 1 နာရီ 39 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။
တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ “သေမင်းတမန်လက်သီးခုနစ်ချက်”လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။
အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီလောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။
ဒီလိုနဲ့ “သေမင်းတမန်လက်သီးခုနစ်ချက်”လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။...
Our Planet (2019)
⭐TMDB: 86.0% User Score
🎬 #Documentary #Action #Adventure
🗓 2019 🎞 tv series
🌎 #UnitedStates #UnitedKingdom #UnitedKingdom
⏰ 51 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Our Planet (2019)Netflixနဲ့ Silverback Filmsတို့ကနေ ပူးပေါင်းတင်ဆက်ထားတဲ့Our Planetဟာ IMDBမှာ 9.4 နဲ့ Rotten
Your browser does not support the video tag.Tomatoes မှာ 93% အထိ ratingရရှိထားတဲ့ Season 1 တွင်အပိုင်း ၈ ပိုင်းပါဝင်ပြီးSeason 2 တွင် အပိုင်း ၄ ပိုင်း ပါဝင်တဲ့Documentary series ဖြစ်ပြီးစက်တင်ဘာ ၂၂ရက်နေ့မှာ ကျင်းပခဲ့တဲ့ Emmyဆုပေးပွဲကြီးမှာလဲအကောင်းဆုံး documentary seriesဆုကိုအားလုံးမျှော်မှန်းထားတဲ့အတိုင်းရယူနိူင်ခဲ့ပြီး စီးရီးရဲ့နောက်ခံစကားပြော David AttenboroughကလဲBest Narratorဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။Documentaryစီးရီး ဖြစ်လို့ ကြည့်ရတာပျင်းစရာကြီးလားလို့မေးရင် ထိုင်ရာကမထတမ်း ကြည့်မိလောက်အောင်ထိကိုဆွဲဆောင်မှုရှိတယ်လို့ ပြန်ဖြေမှာရပါ။ဘာကြောင့်ဒီလောက်ထိ ကြည့်ရှုသူကို ဆွဲဆောင်ထားနိူင်တာလဲ?အပိုင်းတစ်ပိုင်းစီမှာ လူသူအရောက်ပေါက်နည်းပြီး အရင်ကတစ်ခါမှရိုက်ကူးလေ့လာမှုမလုပ်ရသေးတဲ့ မတူညီတဲ့ နေရာဒေသပေါင်းစုံကသက်ရှိဘဝတွေ သဘာဝဖြစ်စဉ်တွေကို လျှိ့ဝှက်ကင်မရာတွေ ဒရုန်းတွေနဲ့စိတ်ဝင်စားဖွယ် ရိုက်ကူး တင်ဆက်ထားတာပါ။ဒီလိုရိုက်ကူးနိူင်ဖို့ သေချာ ရွေးချယ်ထားတဲ့အတော်ဆုံးရိုက်ကူးရေးအဖွဲ့ဝင်ပေါင်း ၆၀၀ကျော်ဟာ နိူင်ငံပေါင်း ၅၀ကျော်ကနေရာဒေသအစုံမှာ ရိုက်ကူးရေး ရက်ပေါင်း ၃၅၀၀ကျော်(စုစုပေါင်းကြာမြင့်ချိန် လေးနှစ်ကျော်) အချိန်ယူပြီးနောက်ဆုံးပေါ် ကင်မရာနည်းပညာတွေနဲ့ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရ မြင်ရသမျှကထူးခြားလှပဆန်းသစ်ပြီး ဗဟုသုတတွေလဲ တနင့်တပိုး ရစေမှာပါစီးရီးရဲ့ Producerတစ်ယောက်ဖြစ်တဲ့ Keith Scholeyရဲ့ပြောကြားချက်အရဒီစီးရီးမှာ ကျွန်တော်တို့ ကြည့်ရတဲ့ တစ်မိနစ်စီတိုင်းဟာနောက်ကွယ်မှာ ရိုက်ကူးရေးကြာချိန် မိနစ် ၁၀၀၀ထိ အချိုးကျ ရှိပါတယ်တဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပေမယ့် နောက်ခံmusicရဲ့ ပံ့ပိုးပေးနိူင်မှု၊ နောက်ခံပြောပြသူဖြစ်တဲ့David Attenboroughရဲ့ပညာသားပါစွာ ပြောပြပေးနိူင်မှု၊ရိုက်ကူးတင်ဆက်ပုံနှင့် အကြောင်းအရာဆန်းသစ်မှုတွေကြောင့်ကြည့်ရင်း ပျော်ရွှင်ရ ဝမ်းနည်းရ စိတ်လှုပ်ရှားရ နဲ့ တကယ့်ကိုဇာတ်အိမ်ခိုင်လှတဲ့ရုပ်ရှင်ကားကြီးတစ်ကား ကြည့်နေရသလို ခံစားမိစေမှာပါ။ဒါဆို ဒီစီးရီးက ဖျော်ဖြေရေးသက်သက်ပဲလား..?ဒီစီးရီးရဲ့အပိုင်းတစ်ပိုင်းစီတိုင်းမှာ တင်ဆက်သမျှအကြောင်းအရာတွေဟာ…အပိုင်းရဲ့အစပိုင်းမှာတော့ ကမ္ဘာအဝှမ်းလူသူမနီးတဲ့ ဒေသတွေကထူးခြားသက်ရှိတိရိစ္ဆာန်တွေနဲ့ သဘာဝဖြစ်စဉ်တွေအကြောင်းကိုစိတ်ဝင်စားဖွယ် မျက်တောင်မခတ်တမ်း ကြည့်ကြရမှာဖြစ်ပြီးအပိုင်းရဲ့အဆုံးသတ်မှာတော့ ကျွန်တော်တို့ လူသားတွေရဲ့လက်လွတ်စပယ်အပြုအမူတွေကြောင့် သဘာဝတရားကြီးဘယ်လောက်ထိ ထိခိုက်ပျက်စီးသွားခဲ့ပြီလဲ ၊ကုန်းနေ ရေနေ တိရိစ္ဆာန်တွေရဲ့ ဘဝတွေကို ဘယ်လောက်များထိခိုက်နစ်နာစေခဲ့ပြီလဲ ဆိုတာတွေကို ရင်နာနာနဲ့ ကြည့်ကြရမှာပါ။ဒါပေမယ့် ဒါတွေကို နောက်ထပ်ဆက်မဖြစ်အောင်၊ ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့သစ်တောတွေ၊ မျိုးသုန်းလုနီးပါးဖြစ်ခဲ့ရတဲ့ တိရိစ္ဆာန်တွေ ပြန်လည်နလန်ထူလာနိူင်အောင် ကျွန်တော်တို့တွေဘယ်လိုလုပ်ကြရမလဲဆိုတာကို အပိုင်းတိုင်းမှာ ဖော်ထုတ် တင်ဆက်ထားပါတယ်။“ကမ္ဘာကြီးဟာ အိမ်တစ်လုံးဆိုပါစို့ကျွန်တော်တို့လူသားတွေ အပါအဝင်သက်ရှိအဖွဲ့စည်း တစ်ခုလုံးဟာဒီအိမ်ကြီးပေါ်မှာ မှီခိုနေထိုင်ကြတဲ့ မိသားစုဝင်တွေပါ ”အိမ်တစ်အိမ်မှာ ပျက်စီးသမျှနေရာတိုင်းကို အိမ်သူအိမ်သားတွေအားလုံးပြုပြင်ဖာထေးကြရမယ့် တာဝန်ရှိပါတယ်။Our Planetမှာတော့ ကျွန်တော်တို့အားလုံးရဲ့မှီခိုနေထိုင်ရာ အိမ်ကြီးဟာဘယ်နေရာမှာ ဘယ်လိုယိုယွင်းပျက်စီးနေပြီဆိုတာတွေ ဘယ်လိုမျိုးနည်းနဲ့ပြုပြင်ဖာထေးကြရမယ် ဆိုတာတွေကိုသေသေချာချာကို ထုတ်ဖော် တင်ဆက်ထားတာကြောင့်ဒီစီးရီးကို သင်ကိုယ်တိုင်လဲကြည့်ပြီး နီးစပ်ရာလူတိုင်းကိုလဲမျှဝေပေးသင့်တဲ့အကြောင်း ညွှန်းဆိုလိုက်ရပါတယ်။...
Sleepy Hollow (1999)
⭐TMDB: 72.0% User Score
🎬 #Fantasy #Horror #Mystery #Drama #Thriller
🗓 1999 🎞 movie
🌎 #UnitedStates #Germany #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (7.3) / Rotten Tomatoes (70%)
Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။
ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။
ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။
ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ဘယ်လိုဖော်ထုတ်သွားမယ်ဆိုတာ ဇာတ်ကားမှာဆက်ပြီး ကြည့်လိုက်ကြပါ။
ခေတ်တစ်ခေတ်ရဲ့အကူးအပြောင်းမှာ ကျန်နေခဲ့ချင်သူတွေ နဲ့ ဆက်ပြီးတိုးသွားချင်သူတွေ၊ သိပ္ပံပညာနဲ့ သဘာဝလွန်တို့ကိုပေါင်းစပ်ဖော်ပြထားတာတွေကို စိတ်ဝင်စားစရာ ဖြစ်အောင်တင်ဆက်ထားတာကို မင်းသား Johnny Depp ရဲ့ကြောင်တောင်တောင်သရုပ်ဆောင်ချက်တွေနဲ့ ပိုမိုအသက်ဝင်အောင်အားဖြည့်ထားတာကိုတွေ့ရမှာပါ။ အပြောင်းအလဲကိုလက်ခံသူတွေ လက်မခံသူတွေ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ကြီးကတော့ ရှေ့ကိုဆက်နေဦးမှာပါပဲ။
( အညွှန်းနဲ့ဘာသာပြန်ကို d3mon တင်ဆက်ထားပါတယ်။)...
The Innocent (2022)
⭐IMDB: 6.7/10 (3 k Votes)
🎬 #Comedy #Crime #Romance
🗓 2022 🎞 movie
🌎 #France
⏰ 1 နာရီ 38 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Innocent (2022)
~ IMDb – 6.7/10, Rotten Tomatoes – 98% ~
Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် တစ်သက်လုံး အပြစ်သားဆိုတဲ့ အမြင်အောက်မှာ ရှိနေဖို့လိုသလား။ ကိုယ်တိုင်ကိုယ်၌ကြားက အမေ့အပေါ်စိတ်ပူမှုနဲ့ လူသားဆန်ဆန်သဘောထားကြီးမှုကြား လွန်ဆွဲနေတဲ့ အာဘဲလ်ရဲ့ ပထွေးပေါ် ချဉ်းကပ်မှုခရီးစဉ်ပေါ့။
သိမ်မွေ့မှုနဲ့ ရာဇဝတ်မှု၊ ရယ်မောစရာနဲ့ ရင်မောစရာ မဆိုစလောက်စီမျှပါဝင်တာမို့ ဖျော်ဖြေရေးရုပ်ရှင်ကောင်းတစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ ဒီ့ပြင်ကိုမှ ဒီထဲက မင်းသမီးကလည်း Portrait of a Lady on Fire ထဲက Noémie Merlant ဆိုတော့ ဘာများတွေဝေနေဖို့လိုဦးမလဲနော့်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
Underworld: Blood Wars (2016)
⭐IMDB: 5.7/10 (80 k Votes)
🎬 #Action #Fantasy #Thriller #Horror #Adventure
🗓 2016 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Underworld: Blood Wars(2016)
*****************************
Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း
အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည်
ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်…..
လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့
စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်…
ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ
အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို
တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်…
underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်...
Underworld: Awakening (2012)
⭐IMDB: 6.3/10 (159 k Votes)
🎬 #Action #Fantasy #Thriller #Horror #SciFi
🗓 2012 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Underworld: Awakening(2012)
*****************************
Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း
အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည်
ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်…..
လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့
စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်…
ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ
အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို
တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်…
underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်...
Underworld: Rise of the Lycans (2009)
⭐TMDB: 65.0% User Score
🎬 #Action #Adventure #Fantasy #Thriller
🗓 2009 🎞 movie
🌎 #UnitedStates #NewZealand #Australia #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Underworld: Rise of the Lycans(2009)
***********************************
Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း
အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည်
ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်…..
လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့
စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်…
ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ
အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို
တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်…
underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်...
The Re-Education of Molly Singer (2023)
⭐TMDB: 52.0% User Score
🎬 #Comedy
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 2 နာရီ 2 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Re-Education of Molly Singer (2023)=============================IMDb Rating – 6.2/10
ကျောင်းသားဘဝဆိုတာ စာလုပ်ရတာကလွဲရင် အပူအပင်သိပ်မရှိတဲ့ဘဝပေါ့။ဘွဲ့ရတာနဲ့ အလုပ်ရဖို့ပူရပြီ။ ရေဖိုး မီးဖိုး အိမ်ငှားခ အကုန်ထည့်တွက်ရပြီ။ အဲဒီအချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ကို ပိုက်ဆံပေးမယ် ကျောင်းပြန်တက်ဆိုနှစ်ခါတောင်စဉ်းစားစရာလိုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဇာတ်လိုက်ကြီး မော်လီကလည်း ကျောင်းပြန်တက်ခွင့်ရတဲ့သူပါ။ ဖြစ်ပုံကဒီလို။
မော်လီက ရှေ့နေတစ်ယောက်။ ကျောင်းတုန်းက ပါတီတက်ပြီး ကဲခဲ့တဲ့အရှိန်တွေကလုပ်ငန်းခွင်ဝင်တဲ့ထိ မသေသေးဘူး။ စိတ်ညစ်ရင်သောက်တယ် ပျော်ရင်သောက်တယ်။ အထိန်းအကွပ်မရှိ ကဲချင်သလို ကဲတော့ အရက်နာကျပြီး ရုံးချိန်မီအောင်မသွားနိုင်တာကနေ အမှုရှုံးရော။ ဘယ်ပြောကောင်းမလဲ အမှုသည်ကလည်း သူတို့ရုံးကို တရားပြန်စွဲတာပေါ့။ ဒီလိုနဲ့ မော်လီအလုပ်ပြုတ်သွားတယ်။
အဲဒီအချိန်မှာပဲ မော်လီ့အထက်လူကြီးရဲ့သား အဲလိယက်က ကောလိပ်စစတက်ချင်းနေ့မှာတင် ကျောင်းနာမည်ကြီး အားကစားသမားကို ခြေကျိုးအောင် လုပ်လိုက်မိလို့တစ်ကျောင်းလုံး ချဉ်ဖတ်ဖြစ်သွားတယ်။ လူကြောက်တဲ့အဲလိယက်တို့ ကျောင်းမတက်တော့ဘဲ အိမ်ပြန်ပြေးဖို့ကြံနေတဲ့အတွက် သူ့အမေ(မော်လီ့အထက်လူကြီး) က ကျောင်းသားဟောင်းမော်လီ့ကို ကျောင်းပြန်တက်ခိုင်းပြီး သူ့သားကို ကူညီခိုင်းတယ်။ မော်လီတစ်ယောက် ကျောင်းကိုပြန်သွားပြီးပဲ ကဲမလား အဲလိယက်ကို ကူညီနိုင်မလား ……ရှုစားလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Ngwe Zin, EL တို့ဖြစ်ပါတယ်)...
Sound of Freedom (2023)
⭐IMDB: 7.8/10 (76 k Votes)
🎬 #Biography #Crime #Drama #Action #History #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #Mexico #UnitedStatesofAmerica
⏰ 2 နာရီ 11 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sound of Freedom (2023)===================IMDb Rating – 7.8/10
IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်းသာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေးသူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်ကpedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံးကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကိုနှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်းတာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ်
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
