uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
La civil (2021) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Crime #Drama #Thriller 🗓 2021 🎞 movie 🌎 #Belgium #Romania #Mexico ⏰ 2 နာရီ 10 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.2/10 Rotten Tomatoes 86% ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်း ထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကား တစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courage ကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့ မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီး မက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊ မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့ စီယယ်လိုနဲ့ လော်ရာ…အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့ စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်း လော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။ အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက် တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။ သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာ ဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊ နောက်ဆုံးကျရင်ရော လော်ရာနဲ့ ပြန်ဆုံစည်းနိုင်မှာလား ဆိုတာကို အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ
...

Sex In Philippine Cinema 1 (2004) ⭐TMDB: 48.0% User Score 🎬 #Adult #Asian #Documentary 🗓 2004 🎞 movie 🌎 #Philippines ⏰ 1 နာရီ 6 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခေါင်းစဉ်အတိုင်းပါပဲ၊ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ဟိုယခင်ခေတ်ကတည်းက ထွက်ရှိခဲ့ဖူးတဲ့ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသမီးတွေနဲ့ နာမည်ကြီးလိင်ဇာတ်ဝင်ခန်းများစုစည်းမှုဖြစ်ပါတယ်။ဒီအခန်းလေးတစ်ခန်းကြည့်ဖို့သက်သက် တစ်ကားလုံးကြည့်စရာမလို ရစ်ကြည့်စရာလည်းမလိုတဲ့အပြင်အခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ Sunshine Cruz, Maui Taylor, Rosanna Roces တို့လိုဂန္ဓဝင်မမကြီးတွေရဲ့ ငယ်ဘဝအလှအပပုံရိပ်လေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ကြည့်လို့တန်သလို ဗဟုသုတလည်းယူတတ်ရင်ရမှာဖြစ်တဲ့အတွက် အချိန်ပေးရကျိုးနပ်မယ့် ဗီဒီယိုတွေပါပဲ။ ( အညွှန်းရေးသားထားသူကတော့
...

B 32 Muthal 44 Vare (2023) ⭐IMDB: 6.9/10 (64 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 48 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 B 32 Muthal 44 Vare 2023 (ပွင့်သောပန်းတိုင်း လန်းပါစေသား ) IMDb-7.0/10 ဒီမိုကရေစီတို့ ကျားမတန်းတူတို့ ဘယ်လောက်ပဲဟစ်ကြွေးနေပါစေ၊ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေဟာ ခွဲခြားမြဲခွဲခြားခံနေရဆဲ၊ ဖိနှိပ်ခံနေရဆဲပါပဲ။ ဒါကိုမီးမောင်းထိုးပြဖို့အတွက် woman empowerment ရုပ်ရှင်တွေ အများကြီးရိုက်ကူးခဲ့တဲ့ထဲမှာမှပုံစံကွဲလေးတစ်မျိုးနဲ့ တင်ပြလာတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။လူရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ရည်မှန်းထားတဲ့ own expectations တွေရှိသလိုပဲပတ်ဝန်းကျင်က အသိုင်းအဝိုင်းက ကိုယ့်အပေါ်ထားတဲ့မျှော်မှန်းချက်တွေလည်း ရှိနေပြန်ပါတယ်။အခုဒီကားလေးထဲမှာတော့ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်က အမျိုးသမီးတွေအပေါ်ထားတဲ့gender expectation တွေ gender normsတွေကို လူတန်းစားအလွှာမတူတဲ့ အမျိုးသမီး ၅ ယောက်နဲ့transgender manတစ်ယောက်ရဲ့ ရှုထောင့်နဲ့ တင်ပြထားတာပါ။ လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတွေပီပီ ပတ်ဝန်းကျင်ကရိုက်ခတ်မှုတွေ၊ lgbtတွေကိုခွဲခြားမှုတွေ၊အမျိုးသမီးတွေဖြစ်နေတဲ့အတွက် အလုပ်ခွင်ကနေ အပိုဆောင်းရလာတဲ့ဖိအားတွေကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး positive reviewတွေ ပိုင်ဆိုင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာမလို့စီအမ်ပရိသတ်တို့လည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamကပဲဖြစ်ပါတယ်)
...

Amelia's Children (2023) ⭐IMDB: 5.7/10 (435 Votes) 🎬 #Horror #Thriller #Mystery 🗓 2023 🎞 movie 🌎 #Portugal ⏰ 1 နာရီ 33 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ ပေါ်တူဂီ horror မူဗီလေးဖြစ်ပြီး ဇာတ်လမ်းတစ်လျှောက်လုံး တစိမ့်စိမ့် စီးမျှောကြည့်ရှု သွားရမယ့်ကား‌လေးပါပဲ။ ဇာတ်လမ်းလေးက အက်ဒ်ဝေါ့ဟာ ငယ်စဥ်ဘဝကတည်းက ကွဲကွာသွားခဲ့တဲ့ မိသားစုနဲ့ပြန်ဆုံစည်းရာကနေစပါတယ်။ မိဘမဲ့ဂေဟာမှာပဲ နေထိုင်ခဲ့ရတဲ့ အက်ဒ်ဝေါ့ဟာ မိသားစုတစ်ခုကို အမြဲလိုချင်နေခဲ့ပြီး အခုအခါ အစ်ကိုဖြစ်သူ၊အမေရင်းဖြစ်သူနဲ့ အဆက်အသွယ်ပြန်ရတော့ သူတို့ရှိရာ ပေါ်တူဂီနယ်က အိမ်ကြီးကိုထွက်လာခဲ့ပါတယ်…။ သို့ပေမဲ့ အဲ့ဒီဒေသမှာက ဒီအိမ်ကြီးကို လူတွေက ရှောင်ကြ ရှားကြပါတယ်..။ ဘာလို့ဆို ဒီအိမ်ကြီးက စုန်းမအိမ်ကြီးလို့ လူပြောများလို့ပါပဲ။ ဒီအကြောင်းကို မသိတဲ့ အက်ဒ်ဝေါ့နဲ့သူ့ကောင်မလေးဟာ ဒီအိမ်ထဲကို ဝင်သွားပြီးနောက်မှာတော့…. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
...

The Taste of Things (2023) ⭐IMDB: 7.6/10 (4 k Votes) 🎬 #Drama #Family #Romance #History 🗓 2023 🎞 movie 🌎 #UnitedStates #France #Belgium ⏰ 2 နာရီ 15 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Taste of Things  ( 2023 )Directed by Tran Anh Hungဗီယက်နမ်နွယ်ဖွား ပြင်သစ်ဒါရိုက်တာ Tran Anh Hungကို အနည်းဆုံးတော့ မူရာကာမိဝတ္တုကိုပြန်ရိုက်ထားတဲ့ Norwegian Wood ရုပ်ရှင်နဲ့ တော်တော်များများသိကြတယ်။ သူဟာ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင် The Scent of Green Papayaကစလို့ Cyclo, The Vertical Ray of the Sun , I Come with the Rain,  Eternity, အခု  ဒီနှစ်နောက်ဆုံးထွက်တဲ့ The Taste of Thingsအထိ ရိုက်သမျှကားတိုင်း အကုန်ကောင်းနေတဲ့ ဒါရိုက်တာလို့ပြောရမယ်။ အခု The Taste of Thingsနဲ့ Cannesမှာ Best Directorဆုလည်းရထားခဲ့တယ်။The Taste of Thingsဟာ ပြင်သစ်ဒါရိုက်တာ ရိုက်တဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်တဲ့အတွက် ဒီနှစ်ပြင်သစ်မှာ အော်စကာဆန်ခါတင်ဝင်ဖို့ စာရင်းတင်စရာ အဓိကရုပ်ရှင်၂ကားရှိခဲ့တယ်။  The Taste of Thingsနဲ့  Anatomy of a fallတို့ပါပဲ။   the taste of things ဟာ အော်စကာ Shortlistedထဲဝင်ခဲ့ပေမဲ့  ကံဆိုးစွာနဲ့ ဆန်ခါတင်စာရင်းထဲ ပါမလာခဲ့ဘူး။ အင်တာနေရှင်နယ်ဖီးချားမှာ ပြင်သစ်ရုပ်ရှင်ဟာ ဆန်ခါတင်မဝင်ခဲ့ဘူး။ Anatomy of a fallကိုတော့  Bpထဲအထိ ကောက်ထည့်ထားတော့ သူ့သာရွေးခဲ့ရင်တော့ ဆန်ခါဝင်ဝင်သွားလောက်မှာပဲ။  တကယ်ပဲ ပြင်သစ်ဘက်က The Taste of Thingsကို Anatomy of a fallထက် ပိုကြိုက်လို့ရွေးတာလားတော့မသိနိုင်ပေမဲ့ Anatomy of a fallရဲ့ ဒါရိုက်တာ Justine Trietဟာ ကိန်းမှာ မိန့်ခွန်းပြောတဲ့အချိန် ပြင်သစ်အစိုးရကို ဝေဖန်ခဲ့လို့ ဒီလိုလုပ်တာလို့လည်း ကောလာဟလတွေထွက်နေခဲ့တယ်။ ဘာပဲပြောပြောပါ။ သူတို့ဘယ်လိုပဲတွေးတွေး ဒီရသမတူတဲ့ ရုပ်ရှင်၂ကားကို  ဘယ်ကားပိုကောင်းလဲဆိုတာက ကြည့်တဲ့လူက ဘယ်လိုရုပ်ရှင်တွေကို ပိုသဘောကျလဲဆိုတဲ့အပေါ် မူတည်နေမှာဖြစ်သလို ဒီရုပ်ရှင်၂ကားလုံးဟာ ပြောင်မြောက်တဲ့ အနုပညာတွေဖြစ်နေတဲ့အတွက် ဘယ်ကားကပိုသာတယ်လို့ တစ်ကိုယ်ရေထင်မြင်ချက်ထက်ပိုပြီး အကဲဖြတ်ခွင့်လည်း ကျွန်တော်တို့မှာ ရှိမနေပါဘူး။The Taste of Thingsက အချက်အပြုတ်ရုပ်ရှင်တစ်ကားပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကြုံနေကျ အချက်အပြုတ်ရုပ်ရှင်တွေနဲ့မတူတာက ဟင်းချက်တာကိုပြတာထက် ဟင်းစားတာကိုပြတာက ပိုအလေးသာနေတဲ့ တစ်ချက်ပဲ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ကိုယ်တိုင်ကိုက ပြိုင်ဘက်ကင်းစာဖိုမှူးတစ်ယောက်ဖြစ်ပေမဲ့ ချက်ရတာထက် စားရတာကို ပိုအားသန်တဲ့ ဇာတ်ကောင်မျိုးအဖြစ် ပုံဖော်ထားတယ်။ ရုပ်ရှင်အရတော့ ပြိုင်ဘက်ကင်းစာဖိုမှူးပေမဲ့ ဟင်းတော့မချက်တော့ပုံပါပဲ သူ့မိတ်ဆွေတွေအတွက်နဲ့ သူ့အတွက်သူကလွဲ မချက်ဘူး။ နောက် သူကိုယ်တိုင်ချက်တာကို ကျွန်တော်တို့ တော်တော်နဲ့ မြင်ရမှာမဟုတ်ဘူး။ သူက လျှာကဝေလို့ခေါ်တဲ့ အစားကောင်းကြိုက်တဲ့လူဖြစ်တဲ့ဘက်ကို ပိုအားသန်ပြီး နည်းနာညွှန်ပြပေးပေမဲ့ တကယ်ချက်ရတဲ့ ထမင်းချက်ဟင်းချက်က သက်သက်ရှိနေတယ်။ ဒါရိုက်တာနဲ့ စီနီမာတိုဂရပ်ဖာလိုပေါ့။ အစားကောင်းအသောက်ကောင်းကြိုက်တဲ့လူဆိုတော့ သူနဲ့ အဲဒီထမင်းချက်မိန်းမက အမြဲအတူတူနေတယ်။  နှစ်ပေါင်း၂၀ကြာအောင် အတူတူနေလာပြီးတဲ့နောက် သံယောဇဉ်လည်းရှိလာသလို လိင်မှုကိစ္စတွေလည်း သူတို့ကြားမှာရှိလာခဲ့တယ်။ သူတို့ချင်း ချစ်မိလာခဲ့တယ်။ သူတို့ရဲ့ဆက်ဆံရေးကလည်း ဒီဇာတ်လမ်းရဲ့ အခရာတစ်ခုပေါ့။တစ်နေ့သူ့ကို အူရားရှားက တော်ဝင်မင်းသားတစ်ပါးက ထမင်းစားဖိတ်လာတယ်။ သူ့စားဖိုမှူးရဲ့ လက်ရာကို လက်စွမ်းကြွားချင်တဲ့ပုံစံမျိုးပဲ။ ရေရေရာရာတောင်မပြထားဘူး။ ဒီတော့ သူနဲ့ သူ့မိတ်ဆွေတွေ ၈နာရီကြာစားရတဲ့ ဟိတ်ကြီးဟန်ကြီးနိုင်တဲ့ ဟင်းအမည်တွေ အချိုပွဲတွေ ဝိုင်တွေ တစ်မျိုးပြီးတစ်မျိုးဆက်တိုက်ချနေတဲ့ အဲဒီပွဲကို သွားစားကြတယ်။ ဟိတ်ကြီးဟန်ကြီးပေမဲ့ အနှစ်သာရမရှိလေတော့ လျှာကဝေတစ်အုပ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်ပေါ့။ ဒီနောက် သူက အဲဒီမင်းသားကို ထမင်းစားပြန်ဖိတ်ဖို့ကြံပြီး ဟင်းလျာမီနူးကို စဉ်းစားတယ်။ မင်းသားရဲ့ ထမင်းပွဲနဲ့ ဆန့်ကျင်ဘက်ပဲ သူ့ဟင်းလျာကတော့ ရိုးတာမှ တော်တော်ရိုးတဲ့ ဟိုးရှေးပဝေဏသီကတည်းက လယ်သမားကစလို့ ဘုရင်အဆုံး ပြင်သစ်တစ်နိုင်ငံလုံး စားကြတဲ့ နိုင်ငံတော်ဟင်းလျာလို့ခေါ်တဲ့ Pot-au-feu။ အဲဒီဟင်းလျာက တကယ်ဆိုရှင်းရှင်းလေးပဲ အသားနဲ့အရွက်ပြုတ်တွေရယ် ဟင်းရည်ရယ်ကိုပဲ တည်ခင်းပေးတာ။ ဒီလိုအရိုးရှင်းဆုံးဟင်းကိုမှ စားဖိုမှူးက တည်ခင်းတဲ့ ဇာတ်ကတော့ မဆန်းတော့ဘူး။ အချက်အပြုတ်ကားတော်တော်များများမှာ ကျွန်တော်တို့မြင်ဖူးပြီးသားပဲ ဒါပေမဲ့ အလှည့်အပြောင်းကတော့ မြင်နေကျမဟုတ်ခဲ့ဘူး။ ဒီဇာတ်ဟာ ပြောခဲ့သလို အချက်အပြုတ်ဇာတ်ပါပဲ။ ဒါပေမဲ့ အစားအသောက်ကို အရသာခံတဲ့ဇာတ်လို့ ပြောရင်တော့ ပိုမှန်ကောင်းမှန်လိမ့်မယ်။ ဟင်းလျာနာမည်တွေက ပြင်သစ်နာမည်တွေနိုင်းချင်းနဲ့မို့ ဟင်းလျာတော်တော်များများကတော့ ကျွန...

Upadhyaksha (2024) ⭐IMDB: 7.4/10 (229 Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 31 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Upadhyaksha (2024) “ဒုဥက္ကဌ”IMDb – 7.8/10 Adyaksha (2014)ရဲ့ sequelအနေနဲ့ ဒါရိုက်တာအာနေးလ်ကူးမား ရိုက်ကူးပုံဖော်ထားတဲ့ကန်နာဒါးစကားပြော အိန္ဒိယ အချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။Adyaksha (2014)မှာတုန်းကတော့ ချီသူဆိုတဲ့အသင်းကြီးရဲ့ ဥက္ကဌရဲ့ အချစ်ရေး နိုင်ငံရေးပေါ့။အခုရုပ်ရှင်လေးမှာတော့ မြို့လေးမှာကျန်ခဲ့တဲ့ အသင်းကြီးရဲ့ ဒုဥက္ကဌရဲ့အကြောင်း။ရှေ့ကကားကြည့်မထားလည်း ကြည့်လို့ရပါတယ်ဗျ။ အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူက မြို့မှာမရှိတော့ဘဲ တနယ်တကျေးမှာ မိသားစုနဲ့အခြေချသွားပေမဲ့ဒုဥက္ကဌဖြစ်သူ နာရာယာနာကတော့ ဥက္ကဌနေရာကိုမယူဘဲ ဒုဥက္ကဌနေရာကပဲ အသင်းကြီးတာဝန်ကိုထမ်းဆောင်နေပါတယ်။ သူ့ပြိုင်ဘက်ကတော့ ဥက္ကဌရဲ့ယောက္ခထီးဖြစ်သူ တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့မြို့မျက်နှာဖုံး ရှီဗာရူဒရာဂိုဒါရူ။သူတို့တွေ မြို့လေးအပေါ်ဩဇာအာဏာသက်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ယှဉ်ပြိုင်ကြတာကိုဟာသနှောလို့ တသောသောရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုအပန်းဖြေကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Age of Samurai: Battle for Japan (2021) ⭐TMDB: 71.0% User Score 🎬 #Documentary #War #Politics 🗓 2021 🎞 Series 🌎 #Canada #UnitedStatesofAmerica ⏰ 45 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Age of Samurai: Battle for Japan (2021)Age of Samurai: Battle for Japan (2021) Genre – Documentary, Action, Adventure IMDB – 7.4/10ဒီရက်ပိုင်း ဂျပန်ဆာမူရိုင်းတွေကို အခြေခံရိုက်ကူးထားကာ ဆာမူရိုင်း GOT လို့ တင်စားနေကြတဲ့ Shogun စီးရီးထွက်နေပြီး တော်တော်ကို မိုက်နေတဲ့အတွက် တစ်ပတ်တစ်ပိုင်း စောင့်နေစဉ်အတွင်း အကုန်လုံးလည်း ဆာမူရိုင်းတွေနဲ့ ပတ်သက်သမျှ ဗဟုသုတရစေရန်အလို့ငှာ ၂၀၂၁ ခုနှစ်က Netflix ကနေ ထုတ်လုပ်ပေးထားတဲ့ ဒီ ဂျပန်ဆာမူရိုင်း မှတ်တမ်းရုပ်ရှင်လေးကိုလည်း တင်ဆက်ပေးလိုက်ချင်ပါတယ်။ Documentary ဆိုလို့ စကားတွေထိုင်ပြော ရှင်းပြပြီး ပျင်းစရာကောင်းတာမျိုး မဟုတ်ပါဘူး။ စကားပြောနေသူတွေရဲ့ အနောက်ကနေ သရုပ်ဆောင်တွေရယ် Setting တွေရယ် ဇာတ်လမ်းပုံစံတင်ဆက်ထားပြီး ကြည့်ရှုသူမျက်လုံးထဲ မြင်လာအောင် လုပ်ထားပေးတာဖြစ်ပါတယ်။ အဝတ်အစားတွေဆိုလည်း ဖြစ်ကတတ်ဆန်းလုပ်ထားခြင်းမရှိပဲ တိုက်ပွဲတွေကအစ ပီပီပြင်ပြင် သရုပ်ဖော်ထားတာပါ။Shogun စီးရီးမှာတော့ တကယ့်ဖြစ်ရပ်တွေပေါ် မှီငြမ်းထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမဲ့လည်း ဒီ မှတ်တမ်းရုပ်ရှင်ကတော့ တကယ့်အပြင်မှာ ရှိခဲ့တဲ့လူတွေ တိုက်ပွဲတွေ ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီမှာ အဓိက ဦးတည်ပြောပြပေးသွားတာကတော့ ကျွန်တော်တို့နိုင်ငံမှာ အနော်ရထာမင်းက ပထမနိုင်ငံတော်ကို စုစည်းသိမ်းသွင်းခဲ့သလိုမျိုးပဲ သူတို့ဆီက အိုဒမိသားစုကနေ နိုဘုနာဂါဆိုတဲ့ အရူးဆာမူရိုင်းဘဝကနေ ၁၅-၁၆ ရာစုလောက်မှာ ဂျပန်တစ်ပြည်လုံးကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့တဲ့အကြောင်းကို ထင်ရှားတဲ့တိုက်ပွဲတွေ ဖြစ်စဉ်တွေနဲ့ ပုံပြင်သဖွယ် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။သူတစ်ယောက်တည်းအကြောင်းကို ကွက်ပြထားတာမျိုးမရှိပဲ သူနဲ့အတူတူ အရေးကြီးကဏ္ဍက ပါဝင်တဲ့ စစ်သူကြီး ၂ ယောက်အကြောင်းကိုလည်း ကြည့်ရဦးမှာပါ။ ဂျပန်နိုင်ငံသမိုင်းရဲ့ ပထမဆုံးအကြိမ် တိုင်းပြည်ပေါင်းစည်းမှုကဏ္ဍမှာ ပါဝင်ခဲ့တဲ့ အထင်ကရ ပုဂ္ဂိုလ် ၃ ဦးဆိုလည်း မှားမယ်မထင်ပါဘူး။ Mini series ဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၄၀ ဝန်းကျင်နဲ့ စုစုပေါင်း ၆ ပိုင်းတိတိ ပါဝင်လို့ ဂျပန်ဆာမူရိုင်းခေတ်ရဲ့ ဓလေ့ထုံးစံတွေ ရိုးရာတွေ အသုံးအဆောင်တွေ တိုက်ပွဲတွေ ဗဟုသုတတွေ ပေါင်းစုံ ခံစားရမယ့် မှတ်တမ်းစီးရီးလေးပဲ ဖြစ်ပါတယ်။
...

Cruel War (2024) ⭐TMDB: 0.0% User Score 🎬 #Action #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 35 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်စုံထောက်ရုပ်ရှင်ကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကမ္ဘာ့အဓိကမူးယစ်ထုတ်လုပ်ရာနေရာဖြစ်တဲ့ ယင်ဖန်ကျွန်းမှာဘိန်းစိုက်ပျိုးမှုကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံကသိပ္ပံပညာရှင်ပါမောက္ခယန်က ဗီဇပြောင်းနည်းပညာနဲ့စမ်းသပ်အောင်မြင်ထားတဲ့ ရှန်နုံအမှတ် ၂၁ ကိုစမ်းသပ်စိုက်ပျိုးဖို့ အထက်အရာရှိတွေနဲ့ သဘောတူညီမှု ရထားပါတယ်။ ပါမောက္ခယန်နဲ့ ရှန်နုံအမှတ် ၂၁ မျိုးစေ့ကို ကာကွယ်ဖို့အတွက်လင်ရှန်တို့အဖွဲ့ကို တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ဒါပေမဲ့ တစ်ဖက်မှာ ယင်ဖန်းကျွန်းကို သူတို့ မျိုးစေ့စိုက်ပျိုးခြင်းကိုမအောင်မြင်စေချင်တဲ့လူတွေလည်း ရှိနေပါတယ်။အဲ့ဒါကတော့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး လီဝိန်ယောက်ပဲ ဖြစ်ပါတယ်။ လင်ရှန်တို့အဖွဲ့ လီဝိန်ယောက်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းရန်ကနေမျိုးစေ့ကို ကာကွယ်ပေးနိုင်ကြမလားဆိုတာကိုတော့ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။
...

The Abyss (2023) ⭐IMDB: 5.3/10 (6 k Votes) 🎬 #Action #Drama #Thriller 🗓 2023 🎞 movie 🌎 #Sweden #Finland ⏰ 1 နာရီ 43 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆွီဒင်နိုင်ငံ မြောက်ပိုင်းစွန်း ခိရူနာ မြို့လေးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး မြေအောက်သတ္တုတူးဖော်ရေး မိုင်းတွင်းကြီး တည်ရှိမှုနဲ့ လူသိများ ထင်ရှားတဲ့ မြို့လေးဖြစ်ပါတယ်။ ဒီဇာတ်ကားကို ခိရူနာ မြို့လေးကို အခြေတည်ပြီး ရိုက်ကူးခဲ့တာပါ။ ဖရီဂါလို့ အမည်ရတဲ့ အမျိုးသမီးက မိုင်းတွင်းမှာ လုပ်ငန်း လုံခြုံရေးတာဝန်ခံ မန်နေဂျာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ လုပ်ထားချိန်မှာ အတူရထားတဲ့ ကလေးနှစ်ယောက်နဲ့လည်း ဆက်ဆံရေး သိပ်မပြေလည် ကြပါဘူး။ အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်တစ်ဖက်နဲ့ မပြေလည်တဲ့ အိမ်တွင်းရေး ပြဿနာတွေကို ဖရီဂါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ မြို့မှာ တဖြည်းဖြည်း ခပ်စိပ်စိပ်ဖြစ်လာတဲ့ မြေပြိုကျမှုတွေက မိုင်းတွင်းနဲ့ ဘယ်လိုများ ဆက်စပ်မှုရှိနေမလဲ။
...

Confinement (2023) ⭐TMDB: 0.0% User Score 🎬 #Thriller 🗓 2023 🎞 movie 🌎 #China #Singapore ⏰ 1 နာရီ 36 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ဇာတ်ကားတွေနဲ့သိပ်မတူတဲ့ ရသတစ်မျိုးဖြစ်စေမယ့်စင်္ကာပူHorrorကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့……မိန်းမတွေအားအနည်းဆုံးအချိန်ဟာမီးဖွားပြီး မီးနေချိန်လို့ဆိုကြပြီးမီးတွင်းကာလအချိန်မှအပြင်မထွက်ရ ရေမချိုးရဆိုတဲ့အယူတွေရှိကြပါတယ်။ စင်္ကာပူရဲ့တက်သစ်စ ပန်းချီဆရာမလေးတစ်ယောက်ဟာ မီးဖွားခါနီးမှာအိမ်ပြောင်းရဖို့ဖြစ်လာတဲ့အတွက် အနုပညာအဖွဲ့အစည်းကိုလှူထားတဲ့အိမ်တစ်လုံးမှာခဏနေခွင့်ရခဲ့ပါတယ်။တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် မီးနေချိန်မှာစောင့်ရှောက်ဖို့ကလေးထိန်းတစ်ယောက်ခေါ်ခဲ့ပါတယ်။ ကလေးထိန်းရောက်လာပြီးတဲ့နောက်မှာတော့ထူးဆန်းတာတွေတစ်ခုပြီတစ်ခုဖြစ်လာခဲ့တယ်။သူမြင်တဲ့အရာတွေကို သူများတွေကမမြင်ဘူးလို့ဆိုလာတဲ့အခါ …..သူတကယ်ပဲရူးသွားပြီလား……မီးဖွားပြီးခါစသွေးနုနုသားနုနုမလို့ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား……ဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်နေမလဲ
...

The Phantom Warrior (2024) ⭐IMDB: 3.2/10 (222 Votes) 🎬 #Adventure #Fantasy #SciFi #Action #ScienceFiction #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 9 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖခင်ဖြစ်သူက ၁၃နှစ် သမီးမှာ တခြားမိန်းမနောက်လိုက်သွားပြီး သူတို့ သားအမိကို ချန်ထားခဲ့တဲ့နောက် မိခင်ဖြစ်သူကလည်း ကင်ဆာရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီတော့ မိဘတွေ အမွေချန်ထားရစ်တဲ့ မြင်းဇောင်းရယ် ရိုင်ဖယ်တစ်လက်ရယ် မြင်းအိုတစ်ကောင်ရယ်နဲ့ နမက်ဆစ်တစ်ယောက် ကြီးပြင်း လာပါတယ်။ တစ်ရက်ကျ ဖြတ်သွားနေကြ ဘုရားကျောင်းကို အမှတ်မထင် ဝင်ရောက်ခဲ့ပြီး နမက်ဆစ်ဟာ ရှေ့ဖြစ်ဟော တစ်ယောက်နဲ့ တွေ့ရှိကာ သူဟာ သာမန်လူမဟုတ်ပဲ မသေမျိုး စိတ်ဝိဉာဉ်ဖြစ်တဲ့ ဝိဉာဉ်သူရဲကောင်းဖြစ်ကြောင်း မကောင်းမှုတွေကို ကံကြမ္မာအလိုရ ဖယ်ရှားရမယ်ဆိုတာကို ပြောပြသွားပါတယ်။ ဒီလိုနဲ့ နမက်ဆစ်တစ်ယောက်ကို ဟီးရိုးဖြစ်လာတဲ့အချိန် တစ်ဖက်မှာလည်း အိမ်တွင်းအကြမ်းဖက်သမားများကို လိုက်လံသတ်ဖြတ်နေတဲ့ ထူးဆန်းတဲ့ဂိုဏ်းတစ်ဂိုဏ်းနဲ့ တွေ့ရှိခဲ့ ချိန်မှာတော့
...

The Seeding (2023) ⭐IMDB: 5.1/10 (529 Votes) 🎬 #Action #Drama #Thriller #Horror 🗓 2023 🎞 movie 🌎 #Sweden #Finland #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိတ်သတ်ကြီးအတွက်ခုတစ်ခါ တင်ဆက် ပေးလိုက်တာကတော့ ၂၀၂၄ ထွက် The seeding ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းလေးကတော့ ဓာတ်ပုံဆရာတစ်ယောက်ဟာ ကန္တာရထဲမှာ နေကြတ်တာကို ဓာတ်ပုံသွားရိုက်နေရင်း လမ်းပျောက်နေတဲ့ ကလေး တစ်ယောက်နဲ့တွေ့ခဲ့ပါတယ် ကလေးကိုကူညီရင်းနဲ့ တစ်ယောက်တည်းလမ်းပျောက်နေရင်း လူသူမရှိတဲ့ ကန္တာရထဲမှာ ထူးထူးခြားခြားအိမ်ကလေးတစ်လုံးကို တွေ့လိုက်ရပါတယ် အဲဒီအိမ်မှာအနားယူရင်းမနက် မိုးလင်းတဲ့အခါ သူကန္တာရထဲက ကျင်းတစ်ခုထဲမှာ အိမ်ပိုင်ရှင်အမျိုးသမီးနဲ့အတူပိတ်မိနေတာကိုသိလိုက်ရတဲ့အခါ …… လျှို့ဝှက်ချက်တွေအပြည့်နဲ့ဇာတ်လမ်းတစ်ပုဒ်ကို ရင်ထိတ်သည်းဖို ကြည့်ရှုရဦးမှာပါ
...

The Abyss (2023) ⭐IMDB: 5.3/10 (6 k Votes) 🎬 #Action #Drama #Thriller 🗓 2023 🎞 movie 🌎 #Sweden #Finland ⏰ 1 နာရီ 43 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆွီဒင်နိုင်ငံ မြောက်ပိုင်းစွန်း ခိရူနာ မြို့လေးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး မြေအောက်သတ္တုတူးဖော်ရေး မိုင်းတွင်းကြီး တည်ရှိမှုနဲ့ လူသိများ ထင်ရှားတဲ့ မြို့လေးဖြစ်ပါတယ်။ ဒီဇာတ်ကားကို ခိရူနာ မြို့လေးကို အခြေတည်ပြီး ရိုက်ကူးခဲ့တာပါ။ ဖရီဂါလို့ အမည်ရတဲ့ အမျိုးသမီးက မိုင်းတွင်းမှာ လုပ်ငန်း လုံခြုံရေးတာဝန်ခံ မန်နေဂျာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့ လုပ်ထားချိန်မှာ အတူရထားတဲ့ ကလေးနှစ်ယောက်နဲ့လည်း ဆက်ဆံရေး သိပ်မပြေလည် ကြပါဘူး။ အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်တစ်ဖက်နဲ့ မပြေလည်တဲ့ အိမ်တွင်းရေး ပြဿနာတွေကို ဖရီဂါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ မြို့မှာ တဖြည်းဖြည်း ခပ်စိပ်စိပ်ဖြစ်လာတဲ့ မြေပြိုကျမှုတွေက မိုင်းတွင်းနဲ့ ဘယ်လိုများ ဆက်စပ်မှုရှိနေမလဲ။
...

Merry Good Enough (2023) ⭐IMDB: 5.4/10 (138 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကား​လေးက ခရစ္စမတ်ကာလကို အ​ခြေခံထားတဲ့ မိသားစု ဇာတ်ကား​​သစ်လေးပဲဖြစ်ပါတယ်။ IMDb 5.6,RT 95%ရထားပြီး မိသားစု​​တွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခ​​တွေ၊ နားလည်မှုလွဲတဲ့ ပြဿနာ​တွေကို ပုံ​ဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူစီဟာ မိသားစုနဲ့ အ​စေးသိပ်မကပ်တဲ့ သမီးလတ်တစ်ဦးပါ။ ခရစ္စမတ် အချိန် ရောက်လာ​တော့ မိသားစုနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းဖို့ အိမ်ပြန်လာရင်း ခရစ္စမတ်မတိုင်ခင်မှာပဲ အ​မေနဲ့စကားများခဲ့ကြ ပါတယ်။ ​နောက်တစ်​​နေ့မှာ​တော့​ အ​မေဖြစ်သူ အိမ်​ပေါ်က ဆင်း​ သွားတဲ့အတွက် ညီအစ်မသုံး​ယောက်နဲ့ အရင်​ယောကျ်ား​ဟောင်း သူတို့အ​ဖေပါ ​ပေါင်းပြီး အ​​​မေဖြစ်တဲ့ ကာရိုးလ်ကို လိုက်ရှာရင်း မိသားစုတွေကြားက မ​ကျေလည်မှု​၊ ပြဿနာ​တွေကို တစ်ခုချင်း ​ပြေလည်​အောင် ညှိယူ​သွားပုံ၊ ဖြေရှင်းသွားပုံ​တွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
...

Civil War (2024) ⭐TMDB: 0.0% User Score 🎬 #Action #ScienceFiction #Drama 🗓 2024 🎞 movie 🌎 #China #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်စုံထောက်ရုပ်ရှင်ကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကမ္ဘာ့အဓိကမူးယစ်ထုတ်လုပ်ရာနေရာဖြစ်တဲ့ ယင်ဖန်ကျွန်းမှာဘိန်းစိုက်ပျိုးမှုကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံကသိပ္ပံပညာရှင်ပါမောက္ခယန်က ဗီဇပြောင်းနည်းပညာနဲ့စမ်းသပ်အောင်မြင်ထားတဲ့ ရှန်နုံအမှတ် ၂၁ ကိုစမ်းသပ်စိုက်ပျိုးဖို့ အထက်အရာရှိတွေနဲ့ သဘောတူညီမှု ရထားပါတယ်။ ပါမောက္ခယန်နဲ့ ရှန်နုံအမှတ် ၂၁ မျိုးစေ့ကို ကာကွယ်ဖို့အတွက်လင်ရှန်တို့အဖွဲ့ကို တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ဒါပေမဲ့ တစ်ဖက်မှာ ယင်ဖန်းကျွန်းကို သူတို့ မျိုးစေ့စိုက်ပျိုးခြင်းကိုမအောင်မြင်စေချင်တဲ့လူတွေလည်း ရှိနေပါတယ်။အဲ့ဒါကတော့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး လီဝိန်ယောက်ပဲ ဖြစ်ပါတယ်။ လင်ရှန်တို့အဖွဲ့ လီဝိန်ယောက်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းရန်ကနေမျိုးစေ့ကို ကာကွယ်ပေးနိုင်ကြမလားဆိုတာကိုတော့ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။
...

Confinement (2023) ⭐TMDB: 0.0% User Score 🎬 #Thriller 🗓 2023 🎞 Series 🌎 #China #Singapore ⏰ 1 နာရီ 36 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ဇာတ်ကားတွေနဲ့သိပ်မတူတဲ့ ရသတစ်မျိုးဖြစ်စေမယ့်စင်္ကာပူHorrorကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့……မိန်းမတွေအားအနည်းဆုံးအချိန်ဟာမီးဖွားပြီး မီးနေချိန်လို့ဆိုကြပြီးမီးတွင်းကာလအချိန်မှအပြင်မထွက်ရ ရေမချိုးရဆိုတဲ့အယူတွေရှိကြပါတယ်။ စင်္ကာပူရဲ့တက်သစ်စ ပန်းချီဆရာမလေးတစ်ယောက်ဟာ မီးဖွားခါနီးမှာအိမ်ပြောင်းရဖို့ဖြစ်လာတဲ့အတွက် အနုပညာအဖွဲ့အစည်းကိုလှူထားတဲ့အိမ်တစ်လုံးမှာခဏနေခွင့်ရခဲ့ပါတယ်။တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် မီးနေချိန်မှာစောင့်ရှောက်ဖို့ကလေးထိန်းတစ်ယောက်ခေါ်ခဲ့ပါတယ်။ ကလေးထိန်းရောက်လာပြီးတဲ့နောက်မှာတော့ထူးဆန်းတာတွေတစ်ခုပြီတစ်ခုဖြစ်လာခဲ့တယ်။သူမြင်တဲ့အရာတွေကို သူများတွေကမမြင်ဘူးလို့ဆိုလာတဲ့အခါ …..သူတကယ်ပဲရူးသွားပြီလား……မီးဖွားပြီးခါစသွေးနုနုသားနုနုမလို့ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား……ဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်နေမလဲ
...

Behind Her Eyes (2021) ⭐TMDB: 74.0% User Score 🎬 #Drama 🗓 2021 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 51 မိနစ် 13 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Behind Her Eyes (2021)Behind her eyes (2021)သူ့မျက်ဝန်းနောက်ကွယ် ….. အကြည့်တွေကို အပြုံးနဲ့ဖုံးတယ်။အပြုံးနဲ့ မဖုံးဘဲ ထားတဲ့ တစ်နေရာ ရှိတယ်။နှလုံးသား ….. တဲ့။နှလုံးသားထဲ စိတ်ထဲက အရာကို လူတိုင်း ကွယ်ဝှက်ထားတတ်ကြပါတယ်။လူတစ်ယောက်ကို သွင်ပြင် ကြည့်ရုံနဲ့ ခန့်မှန်းမရတာ ခံစားချက်တို့၊ စိတ် တို့ပါပဲ။ဒီဇာတ်လမ်းထဲမှာရော …..ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။လူဝိစ် ဆိုတဲ့ တစ်ဦးတည်းသောမိခင်ဟာ တစ်ခုလပ် သားသည်မိခင် ဖြစ်ပါတယ်။မမျှော်လင့်ဘဲ ကိုလူချောလေး ဒေးဗစ် နဲ့ ဆုံဖို့ရာ ကံကြမ္မာက ဖန်လာပြန်ပါတော့တယ်။ကံဆိုးစွာနဲ့ တစ်ခုလပ်မလေးရဲ့ကံကြမ္မာဟာ ကံဆိုးမသွားရာကို မိုးက လိုက်လို့ရွာနေတာပါပဲ။ဒေးဗစ်ဟာ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သူ့အမျိုးသမီးကတော့ အဒဲလ် ပါ။တစ်နေ့မှာ အဒဲလ် နဲ့ လူဝိစ် တို့ တွေ့ဖို့ အကြောင်းဖန်လာချိန်မှာတော့ ……Psychosexual Thriller အမျိုးအစား ဖြစ်တာကြောင့် ကြည့်နေကျ ဇာတ်လမ်းဇာတ်အိမ်ထဲက ကွဲထွက်နေပါလိမ့်မယ်။Netflix စီးရီးတွေကတော့ စိတ်ချရလောက်အောင် ကောင်းမွန်ဆဲပါပဲ။IMDb – 7.2 ရရှိထားပြီးတော့ အပိုင်း ၆ ပိုင်း ပါဝင်မှာပဲ ဖြစ်ပါတယ်။တချို့ဇာတ်၀င်ခန်းတွေမှာ အသက်၁၈နှစ်အောက်နဲ့ မိသားစု၀င်များ အတူမကြည့်ဖို့ သတိပေးပါရစေ
...

Supersex (2024) ⭐TMDB: 74.0% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #Italy ⏰ 43 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Supersex (2024) ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးများအတွက် Netflix ကအသစ်စက်စက်ထွက်ရှိထားတဲ့ Italian seriesတစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီစီးရီးဟာ Italian pornstar Rocco Siffredi ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Rocco ရဲ့ငယ်ဘဝဇာတ်ကြောင်းတွေ ၊သူအပြာရုပ်ရှင်မင်းသားဖြစ်လာမယ့်လမ်းကြောင်းကို ဘယ်လိုရောက်ခဲ့တယ်ဆိုတဲ့အကြောင်း‌တွေနဲ့အဲ့ကနေမှရရှိခဲ့တဲ့  Trauma တွေ၊ စိတ်ရောဂါတွေ၊ ဒါတွေကိုဇာတ်လမ်းတင်ဆက်ပုံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပါ။မိတ်ဆွေတိုကြည့်ဖူးနေကျ pornတွေရဲ့နောက်ကွယ်မှာဘယ်လိုဖိအားတွေရှိနေမလဲ၊ အဲ့ဒီဇာတ်ရုပ်ကိုသရုပ်ဆောင်ကြတဲ့သူတွေကရော ဘာတွေပေးဆပ်ခဲ့ရတာလဲ၊ သူတိုဘာလိုဒီလောကထဲကိုဝင်ဖိုဆုံးဖြတ်ခဲ့ကြတာလဲဆိုတဲ့ မေးခွန်းတွေကိုဒီစီးရီးကအဖြေပေးသွားပါလိမ့်မယ်။Pornstar တစ်ယောက်ရဲ့ biography ကားဖြစ်တဲ့အလျှောက်အဖော်အချွတ်ခန်းတွေအများကြီးပါဝင်တာမို အသက် 18နှစ်အောက်များအတွက်တော့ ကြည့်ရှုဖိုမသင့်တော်ပါဘူး။ထပ်တိုးပြောချင်တာကတော့ ဒီစီးရီးဟာအဖော်အချွတ်ဆိုတာထက်ပိုတဲ့တွေးစရာရသတစ်ခုကို အမှန်တကယ် ပေးစွမ်းနိုင်မှာဖြစ်တာကြောင့်အချိန်ပေးကြည့်ရတာတန်ပါလိမ့်မယ်လို ညွှန်းဆိုလိုက်ပါရစေ။
...

Sound Party (2023) ⭐IMDB: 7.9/10 (2 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sound Party (2023) သူ‌ဋ္ဌေးလောင်းအိပ်မက် IMDb-8.1/10 ရှေးတုန်းကဘုရင်တွေကသူတို့အစေခံတွေ အလုပ်လုပ်တာတော်ရင်ရွှေအိုး ၊ ရွှေဒင်္ဂါးပြားတွေဆုချကြတယ် ။ ဒါပေမဲ့အသုံးမချတတ်တဲ့သူတွေက ဒါတွေကို အိမ်ထဲမှာပဲကျင်းတူးမြှုပ်ထိန်းသိမ်းရာကလွဲ ဘာမှမလုပ်တတ်ကြဘူးတဲ့ ။ ဒီလိုနဲ့ ခေတ်အဆက်ဆက်ပြောင်းလာရင်း အိမ်ထဲတင်ရွှေအိုးတူးမိချမ်းသာသူတွေရှိလာကြတယ်။ဒီ‌ဇာတ်ကားထဲက ကူးမားတို့မိသားစုကတော့ မျိုးနဲ့ရိုးနဲ့ တစ်မိသားစုလုံး ကြွယ်ဝချမ်းသာချင်စိတ်ပြင်းထန်ကြသူတွေအပေါ်ကပြောခဲ့တဲ့အကြောင်းသိပြီး အိမ်ထဲပဲပတ်တူးရမလား တွေးတဲ့သူ…၊ တက်ကျမ်းတွေဖတ်အိပ်မက်တွေမက်ပြီးအကြီးကြီးတွေပဲ မှန်းတဲ့သူ…၊ ရှိသမျှဘုရားအကုန်လက်အုပ်ချီပူဇော်ပြီး အားတဲ့ဘုရားဆင်းမပါဆိုတဲ့ ကြွယ်ဝရေးအမြဲဆုတောင်းနေသူ….၊ဒီလို လူမျိုးစုံပါနေတဲ့မိသားစုဟာ တစ်ရက်မှာတော့ ထိုင်တွေးလို့မဖြစ် လက်တွေ့အကောင်အထည်ဖော်မှဆိုပြီးကြီးပွားချမ်းသာရေးနည်းလမ်းမျိုးစုံစဉ်းစားပြီး ကြိုးစားကြတော့တာပါပဲ…၊ ကြီးပွားရေး ဒီလောက်ထိစိတ်အားထက်သန်နေတဲ့မိသားစု တကယ်အောင်မြင်ဖြစ်ထွန်းသွားမလားတလွဲတချော်တွေကြားက ဟာသဖျော်ဖြေမှုရနိုင်မလားဆိုတာ ရှုစားကြည့်ကြပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်
...

Freud's Last Session (2023) ⭐IMDB: 6.0/10 (1 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Ireland #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Freud’s Last Session (2023) ~ IMDb – 6/10, RT – 45%, Meta – 49% ~ စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က 12 Angry Men တို့ The Man from Earth တို့လို တစ်ကားလုံး အခန်းတစ်ခန်းတည်း စကားထိုင်ပြောနေရင်းနဲ့ကို ပြီးသွားတဲ့ ရုပ်ရှင်မျိုးပဲ။ ဗုံးကြဲမယ့်ကြေညာချက်ထွက်လာလို့ ဗုံးခိုကျင်းကို သွားရှောင်တာတို့ သူတို့အတိတ်က အဖြစ်တွေကို Flashback ပြန်ပြတာတို့တော့ နည်းနည်းပါတယ်။ အဲဒါကလွဲ တစ်ကားလုံးစကားများရင်းနဲ့ကိုပြီးသွားတော့ ဒီလိုကားမျိုးကို ကြိုက်တဲ့လူတွေအတွက်ပဲ အဆင်ပြေလိမ့်မယ်။ တစ်ခုရှိတာက သူတို့ပြောနေတဲ့ အဓိက Topic က ဘုရားသခင်ကို ဦးတည်နေတာပေမဲ့ တကယ်တမ်း သူတို့ဆွဲထည့်ရတော့ နတ်ဘုရားတွေ ဘာတွေအထိပါပါလာသလို လူးဝစ်က ခရစ်ယာန်ဖြစ်နေလို့သာ ဒီ Topic က ဘုရားသခင်ကို ယုံခြင်းမယုံခြင်းဘက်သွားနေပေမဲ့ စကားလုံးအများစုကတော့ ဘာသာတရားအားလုံးနဲ့ ချိတ်ဆက်လို့ရနေတာများတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့၂နာရီလုံး သူတို့ဒီအကြောင်းပြောနေကြပေမဲ့ တကယ်တမ်း အဖြေမထွက်သွားသလို ဖရွိုက်ကိုယ်တိုင်လည်း သမိုင်းရဲ့အကြီးကျယ်ဆုံး ပဟေဠိကို အဖြေထွက်မယ်ထင်နေခဲ့တဲ့ ငမိုက်သားတွေလို့ သူ့ကိုယ်သူပြန်ပြောသွားခဲ့တယ်။ ဒါပေမဲ့လည်း ဘာသာတရားတွေနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောသွားတာတော့ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းနေလောက်မယ်။ ဒါအပြင်တော့ လူးဝစ်ရဲ့ နာနီယာရဲ့ ဖြစ်တည်ခြင်းကို စေ့ဆော်ပေးခဲ့တယ်လို့ ယူဆရတဲ့ ဇာတ်ဝင်ခန်းတွေ၊ သူ့သမီးနဲ့သူနဲ့ကြားက ဆက်ဆံရေး၊ ဖရွိုက်နဲ့ ဂျာမန်အသိုင်းအဝိုင်းရဲ့ဆက်ဆံရေး၊ သူ့သမီးရဲ့ စိတ်ရောဂါ၊ နောက် လူးဝစ်ဘက်ကဆို Lord of the Rings စာရေးဆရာ J. R. R. Tolkien နဲ့ လူးဝစ်တို့ရဲ့ စာပေဆွေးနွေးတဲ့အဖွဲ့ The Inklings အကြောင်းတို့ J. R. R. Tolkien အကြောင်းနည်းနည်းတို့ ထည့်သွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း Tolkien ကို ဉာဏ်ကြီးရှင်ဆိုပြီး ချီးးကျူးသွားခဲ့တယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိကအမြင်အရ သဘောအကျဆုံးအချက်ကတော့ ဆစ်ဂမန်ဖရွိုက်ဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ပညာရှင်ကြီးကို သာမန်လူထက်ပိုတာဆိုလို့ စိတ်ပိုင်းဆိုင်ရာသီအိုရီတွေကိုသိနေပြီး ကောင်းကောင်းပြောတတ်ဆိုတတ်တာကလွဲလို့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေတယ်ဆိုတဲ့ ပုံစံနဲ့ပြသွားတာကိုပါပဲ။ ဖရွိုက် ခံတွင်းကင်ဆာကျွမ်းနေတဲ့ နောက်ဆုံးအချိန်မို့ သူ့စိတ်က ပိုပြီးမြင်သာနေတာလားတော့ မပြောတတ်ဘူး။ ဘာပြောပြော ဖရွိုက်ကို ခင်ဗျားတို့ ကျွန်တော်တို့လို ကြောက်တတ် ဒွိဟဖြစ်တတ် အတ္တကြီးတတ်တဲ့ လူတစ်ယောက်အနေနဲ့ပဲပြသွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အမှားတွေရှိတဲ့ အားနည်းချက်တွေရှိတဲ့ လူထဲကလူလို့ပဲ ပြောသွားခဲ့တာပါပဲ။ ဒီရုပ်ရှင်ကို လက်ရှိဟောလိဝုဒ်ရဲ့ ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ကြသူတွေထဲ သမ္ဘာအရင့်ဆုံး အခုထိလည်း အစွမ်းပြနေတုန်းဖြစ်တဲ့ Anthony Hopkins နဲ့ ဒီမှာတော့ လူသိသိပ်မများပေမဲ့ သရုပ်ဆောင်တော်တော်ကောင်းတဲ့ Matthew Goode က အဓိကသရုပ်ဆောင်ထားတယ်။ မက်သရူးဟာ Leap Year, The Imitation Game, Watchmen တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖူးပြီး မနှစ်ကတော့ The Offer ထဲက Bob Evans ဇာတ်ကောင်နဲ့ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့ရတဲ့ဘဲပေါ့။ Armand Nicholi ရဲ့ Question of God ကို အခြေတည်ထားတဲ့ ပြဇာတ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖရွိုက်ကို စိတ်ပညာကို ဘာသာရေးတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့လည်း ဇာတ်ဟာ ဘယ်မှမရောက်သလို တုံးတိကြီးဖြစ်နေတဲ့အပြင် သူပြောခဲ့သလို သူတို့ဆွေးနွေးခန်းကလည်း ဘယ်ကိုမှမရောက်သွားတော့ ရုပ်ရှင်တစ်ကားအနေနဲ့တော့...