uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
New Seven Heroes and Five Gallants (2018) ⭐TMDB: 0% User Score 🎬 #History #Martial #Mystery #Adventure #Action 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ မှုခင်းရေးရာနဲ့သိုင်းဇာတ်လမ်းကိုပေါင်းစပ်ထားတဲ့ဇာတ်လမ်းလေးပါ2016ကထွက်ရှိထားတဲ့ Three Heroes and Five Gallantsကိုmovieအနေနဲ့ပြန်ရိုက်ကူးထားတာပါ ~နန်ရီရွာ~လူတွေမရှုမလှသေဆုံးမှုတွေကြောင့်ကလေးတွေကြားမှာပင် တဘောင်လင်္ကါတွေနဲ့ကျော်ကြားနေသောမြိုဟုတ်ပါတယ် တစ်နှစ်ထဲမှာတင် လူ၁၂ယောက်ပျောက်ဆုံးသေဆုံးပြီးသေဆုံးသူတွေကလည်း ဒုက္ခသည်တွေဆင်းရဲတဲ့မိသားစုဝင်တွေဖြစ်တာကြောင့်လူသေဆုံးမှုကိုအဲ့လောက်အရေးအရာမလုပ်ခဲ့ကြပါဘူး တဖြည်းဖြည်းအစောင့်တွေပါ သေဆုံးလာတဲ့အခါမှာ တော့ ရုံး တော်က ပညာရှိလူကြီးမင်းပေါင်ကိုစေလွှတ်ကာထိုကိစ္စကိုစစ်ဆေးစေခဲ့ပါတယ်ပညာရှိပေါင်ဟာ သူ့တပည့်ပေါင်ရှင်းနဲ့အတူတူသွားရင်းထိုကိစ္စကိုစစ်ဆေးဖိုလုပ်ရင်း သူရဲကောင်းနန်ရှ ကျန်းတာ့ရှနဲ့တွေ့ဆုံခဲ့ပါတော့တယ် အဲ့လိုနဲ့သူတိုသုံးယောက်ဟာ စုံစမ်းရေးကိစ္စတွေလုပ်ရင်းသံသယရှိသူလုရိသောင်ကို စစ်ဆေးတဲ့အခါကူညီပေးမဲ့ သူရဲကောင်းနောက်တစ်ယောက်ပိုင်ယွီထန်းနဲ့ထပ်တွေ့ကြုံခဲ့ပါတယ်အဆင်ပြေပြေတွေ့ကြုံခဲ့တာတော့မဟုတ်ပါဘူးအခက်အခဲတွေကိုသူတိုလေးယောက်ဘယ်လိုကျော်ဖြတ်မလဲ?ဘယ်လိုတွေကြုံတွေ့ရမလဲ?နောက်ကွယ်မှာ ဘယ်လိုလှည့်စားမှုတွေရှိမလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရှူလိုက်ရအောင်နော်
...

影王少帅的女长官 (2018) ⭐TMDB: 0% User Score 🎬 #Romance #Thriller #Drama #Fantasy 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 3 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thriller Romance ကြိုက်တဲ့သူလေးတွေအတွက်The Female Chief of the Shadowing Kingဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 1920ခုနှစ်ကျော်ကာလမှာ အရိပ်ဘုရင်လို့ခေါ်တဲ့တပ်မှူးရှီးဇယ်ကအမိန့်အရသစ္စာဖောက်တွေကိုဖမ်းဆီးခဲ့ပြီးသူဟာငွေ၅ယွမ်အကြောင်းပြုပြီး လုရှောင်ခွေဆိုတဲ့ကောင်မလေးနဲ့ဆုံတွေ့ခဲ့တယ်။ရှီးဇယ်ကအရမ်းမောက်မာပြီးပုန်ကန်ချင်စိတ်ရှိတဲ့သူတစ်ယောက်ပဲ။ သူ့အဖေကသူ့ကိုယဉ်ကျေးအောင်သင်ပြပေးဖို့စစ်ပညာသင်ကျောင်းကထူးချွန်ကျောင်းသားတစ်ယောက်ကိုသင်ပြပေးစေချင်ခဲ့တယ်။ဒီလိုနဲ့သူကရှီးဇယ်ကိုသင်ပေးဖို့လုရှောင်ခွေကိုခေါ်လာခဲ့တယ်။ဆိုးသွမ်းတဲ့ကိုလူဆိုးရှီးဇယ်ရဲ့ဒဏ်ကိုသိမ်မွေ့တဲ့လုရှောင်ခွေကအလူးအလဲခံရတာပေါ့။ စရိုက်မတူတဲ့သူတို့၂ယောက်ကဆန့်ကျင်ဘက်တွေလိုဖြစ်ပေမယ့်နှစ်ယောက်သားနီးစပ်လာကြတော့ အချစ်မီးပန်းတွေပွင့်လာတာပေါ့။ဒါပေမယ့် လုရှောင်ခွေကချစ်မိတော့မယ်ဆိုတဲ့အချိန်မှာရှီးဇယ်က မင်းငါ့ကိုဒီကမ္ဘာမှာချစ်လို့မရဘူး ဆိုပြီးပြောပါတယ်။သူတို့၂ယောက်ရဲ့အချစ်ဇာတ်လမ်းဟာဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ချစ်ခွင့်မရှိတဲ့အကြောင်းပြချက်ကရောဘာတွေဖြစ်နေမလဲဆိုတာအဆုံးထိကြည့်ရှုအားပေးလိုက်ပါဦးနော်
...

Colourrs of Love (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Colourrs of Love (2024)အချစ်ရောင်စဉ် IMDb7.9/10 ရာဗီးကဆရာဝန်တစ်ဖြစ်လဲငယ်ရွယ်ချောမောတဲ့ လူငယ်လေးတစ်ယောက်ပါဆရာဝန်ဆိုပေမဲ့လိင်ပိုင်းဆိုင်ရာကုထုံးဆရာဝန်မို့ ရှေးရိုးစွဲ လူကြီးတွေကနှာခေါင်းရှုံ့ကြပါတယ်လက်ထပ်ပွဲစီစဉ်တိုင်းလည်းကောင်မလေးဘက်ကမိဘတွေကရာဗီးရဲ့အလုပ်ကြောင့်အမြဲတမ်းငြင်းပယ်ခဲ့တာချည်းပါပဲ ရာဗီးတစ်ယောက် အချစ်ဆုံးရည်းစားနဲ့လမ်းခွဲပြီးတဲ့နောက်အမေဖြစ်သူကလည်းအနားမှာမရှိတော့ပိုပြီးစိတ်ဓာတ်အကြီးအကျယ်ကျကာ စိတ်ကျရောဂါကြောင့်စိတ်ကျန်းမာရေးကုထုံးယူရတဲ့အထိပါဖြစ်လာပါတော့တယ် အဲဒီနောက်မှာတော့သူ့ဘဝရဲ့အချစ်ကိုတစ်ဖန်ပြန်ရှာတွေ့နိုင်ဦးမလားသေဆုံးသွားတဲ့သူ့ရဲ့အချစ်တွေပြန်လည်မွေးဖွားလာနိုင်မှာလားဆိုတာကိုCM ပရိသတ်ကြီးတို့ ခံစားကြည့်ရှုလိုက်ကြပါဦး (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...

午夜6号房 (2024) ⭐TMDB: 20% User Score 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ္တဇဆေးရုံရဲ့ အခန်းတစ်ခန်းထဲမှာ လူ ၅ ယောက်ထိုင်နေကြပါတယ်။စိတ်ကျန်းမာရေးဆရာဝန်လို့ ထင်ရတဲ့ ချန်ဝေနဲ့ ရွှီမင်၊စိတ်ကစဉ့်ကလျားဖြစ်နေပုံပေါက်တဲ့ ရန်ကျင့်နဲ့ ရန်ချန်ပြီးတော့ လုံခြုံရေးအစ်ကိုကြီးတစ်ယောက်…… ချန်ဝေနဲ့ ရွှီမင်က ရန်ကျင့်နဲ့ ရန်ချန်တို့ တိုက်ပျက်ကြီးမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို သိရဖို့ သီးသန့်အင်တာဗျူးရအောင် စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ရန်ကျင့်နဲ့ ရန်ချန်တို့ ပြောတဲ့ အကြောင်းအရာက နှစ်မျိုး ကွဲနေပါတယ်။အဲဒီမှာ ရွှီမင်က သူတို့နှစ်ယောက်လုံး ပြောတာမဟုတ်ဘူးဆိုပြီး နောက်ထပ်ဇာတ်လမ်းတစ်မျိုးကို ထုတ်ပြောခဲ့ပါတယ်။ သူတို့ပြောတဲ့ ဇာတ်လမ်းမှာ ဘယ်တစ်ခုက အစစ်အမှန်ဖြစ်မလဲ……တိုက်ပျက်ကြီးထဲက အဖြစ်အပျက်တွေကရော တကယ်ဖြစ်ခဲ့တာလား……နောက်ဆုံးမှာ ဘယ်သူက တကယ့်အစစ်စိတ်ကျန်းမာရေးကုသမှုတွေ ခံယူဖို့ လိုအပ်နေသလဲ……ဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်အဖြေထုတ်လိုက်ရအောင်နော်။သရဲကားမဟုတ်တဲ့ သဲထိတ်ရင်ဖိုကားလေးဖြစ်လို့သတ္တိခဲတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။
...

Shorts (2009) ⭐TMDB: 59% User Score 🎬 #Adventure #Comedy #Family #Fantasy 🗓 2009 🎞 movie 🌎 #UnitedArabEmirates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spy Kids ဇာတ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ ၂၀၀၈ ခုနှစ်က စွန့်စားခန်း ကလေးကား တစ်ကားဖြစ်ပါတယ်။ Black Box ဆိုပြီး အမည်းရောင်အတုံးလေးနဲ့ ဘာမဆို လုပ်နိုင်စွမ်းရှိတဲ့ အရာကို တီထွင်ထားတဲ့ Black Inc ကုမ္ပဏီဟာ သူတို့ ရုံးစိုက်ရာ အနားတဝိုက်မှာပဲ သူတို့ဝန်ထမ်းတွေကို အိမ်ရာလေးတွေနဲ့ အတူ ထားထားတဲ့ Black Fall အသိုင်းအဝိုင်းဆိုတာလေး ရှိပါတယ်။ အဲဒီ Black Fall ရပ်ကွက်လေးထဲကို သက်တန့်ရောင်ပုံစံရှိတဲ့ ကျောက်တုံးလေးတစ်ခု ရောက်လာတဲ့အချိန် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ လင်မယားနှစ်ယောက် တစ်ကုမ္ပဏီတည်းဆိုပေမဲ့ အသင်းကွဲလို့ ရန်မတည့် သတ်ရတာတွေ၊ ပိုးမွှားကြောက်လို့ တစ်အိမ်လုံး ပလပ်စတစ်အုပ်ပြီး နေတဲ့ သားအဖတွေ၊ ကျောင်းမှာ ကောင်မလေးအနိုင်ကျင့်တာကို ခံရတဲ့ တိုဘီဆိုတဲ့ကောင်လေး၊ စွန့်စားခန်းတွေမှ ထွက်ချင်ပါတယ်ဆိုတဲ့ ညီအစ်ကိုတသိုက်၊ ဘဲနဲ့ အမြဲအဆင်မပြေဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံဟာ ဒီ ဆုတောင်းပြည့် ကျောက်တုံးလေးကို ဗဟိုပြုပြီး ပြဿနာတွေတက် ပေါက်ကရတွေ ဖြစ်ကြမှာပဲ ဖြစ်ပါတယ်။
...

The Warrior From Sky (2021) ⭐TMDB: 78% User Score 🎬 #Action #Fantasy 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 15 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့နတ်တွေထဲမှာအစွမ်းအရမ်းကြီးတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့Chen Nanရဲ့ဇာတ်လမ်းလေးပဲဖြစ်တဲ့The Warrior from Sky ဆိုတဲ့ Fantasy ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်……ကောင်းကင်ဘုံတိုက်ပွဲမှာ နတ်နဲ့မိစ္ဆာကိုဦးဆောင်ခဲ့တဲ့ရှေးစစ်နတ်ဘုရား Chen Nan ဟာနှစ်တစ်သောင်းအိပ်စက်ပြီးနောက် နှင်းတွေလွှမ်းတဲ့တောင်ထိပ်ပေါ်ကသင်္ချိုင်းမြေမှာ နိုးထလာခဲ့တယ်။နိုးထလာတဲ့ Chen Nan ဟာအတိတ်မေ့နေပြီးတော့နတ်စွမ်းအင်တွေလဲချိတ်ပိတ်ခံထားရပါတယ်။ ချောက်ထဲကိုတွန်းချခံရတဲ့သူဟာ ချူတိုင်းပြည်ထဲမျက်စိလည်လမ်းမှားပြီးရောက်သွားခဲ့တယ်။Chen Nanကသူဘယ်သူလဲဆိုတာကို စူးစမ်းရှာဖွေရင်းသူ့ရဲ့နတ်စွမ်းအားတွေကိုပြန်ဖွင့်ဖို့ကြိုးစားရင်နောက်ဆုံးမှာကမ္ဘာကြီးကို ကယ်တင်ဖို့ဖြစ်လာပါတော့တယ်။ပီပြင်တဲ့စီဂျီအိုင်အဖက်တွေ ကောင်းမွန်တဲ့အက်ရှင်တွေသရုပ်ဆောင်တွေနဲ့ဖန်တက်စီကားချစ်သူတွေအကြိုက်တွေ့စေမယ့်ကားလေးပဲဖြစ်ပါတယ်။
...

The Girl on the Bridge (1999) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Romance 🗓 1999 🎞 movie 🌎 #France ⏰ 1 နာရီ 32 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝဟာ စစလာကတည်းကိုက ဝေဒနာပါ။ အားလုံးမှာ ကိုယ်စီဝေဒနာချည်းပဲတဲ့။ တစ်စစီကွဲအက်နေတဲ့ ဘဝတွေတွေမြင်ဖူးလား။ ဒါငါတို့ရဲ့ မိုက်မဲမှုလည်းဖြစ်နိုင်တယ်။ ဒါငါတို့ရဲ့ ဒရာမာလည်းဖြစ်နိုင်တယ်။ အားလုံးအမြင်မှာ ဘယ်လိုရယ်စရာတွေပဲဖြစ်သွားဖြစ်သွား ဒါတွေက ငါတို့အတွက်တော့ အစစ်အမှန်ပါပဲ။ အသည်းကွဲတာပဲဖြစ်ဖြစ် , ထမင်းစားစရာမရှိတာပဲဖြစ်ဖြစ် တစ်ထောင့်တစ်ဘက်ကကြည့်မယ်ဆို ပြင်ဆင်လို့မရတာ ဘာမှမရှိပါဘူး မှန်ပါတယ်။ ပြင်ဆင်ခြင်းကို အရှုံးပေးခဲ့ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ကိုယ်မိုက်လို့ကိုယ်ခံပဲပေါ့။ ဒါပေမဲ့လည်း ကြားဖူးတယ်မလား အားလုံးဟာ အရူးတွေချည်းပဲတဲ့။ အဓိပ္ပာယ်တစ်ခုခုရှိလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဘာအဓိပ္ပာယ်မှမရှိမှန်းလည်း သိလာခဲ့ကြတယ်။ ကိုယ်ထင်မှဖြစ်တဲ့အရာတွေချည်းပါပဲ။ ဒါဆို ဘာယုံကြည်ချက်မှမရှိတော့ရင်ရော။ ဘဝက ခက်ခဲလို့ဖြစ်ဖြစ် ငါတို့က မိုက်မဲလို့ဖြစ်ဖြစ် တံတားတစ်စင်းပေါ်ကနေ ရေပြင်ကိုငေးပြီး ချီတုံချတုံနဲ့ အစကို ပြန်မသွားချင်တော့တဲ့အချိန်တွေ တစ်ချို့ဘဝတွေမှာ ရှိကောင်းရှိလိမ့်မယ်။ တစ်ထောင့်တစ်ည တစ်နေ့တစ်လမှာတော့ အလင်းတွေ ကယ်တင်ခြင်းတွေ ဘယ်လိုနာမည်ပဲတပ်တပ် တစ်စုံတရာဟာ ရှိတတ်တယ်။ ဒါကိုအချစ်လို့ပြောဖို့တော့ သုံးဖန်များတဲ့အခါ စကားလုံးဟာ ပျက်ပြယ်သွားတတ်လွန်းလို့ အခုတော့ အချစ်ဟာ ယေဘုယျအားဖြင့် ဆယ်ကျော်သက် လက်သုံးစကားတစ်ခုသက်သက် ဖြစ်သွားခဲ့ပြီ။ တစ်စုံတရာလို့ပဲ ဆိုကြပါစို့။ ပြောပြောနေကျတဲ့ အချစ်ဆိုတာက ဒီတစ်စုံတရာထက်တော့ အများကြီးလွယ်ကူပါတယ်။ တံတားထိပ်မှာ တစ်ယောက်က ရေပြင်ကိုငေးကြည့်မိနေတဲ့အခါမှာ နောက်တစ်ယောက်က ကယ်တင်မယ်။ တံတားထိပ်မှာ နောက်တစ်ယောက်က ရေပြင်ကို ငေးကြည့်မိနေတဲ့အခါမှာ တစ်ယောက်က ကယ်တင်မယ်။ ကံကိုမယုံလို့ သတ်သေချင်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကံကိုပါယုံကြည်ရင်း မျက်မှိတ်စိပြီး ဓားပေါက်ပြမှ အသက်ဆက်လို့ရမယ့် ဓားပေါက်သမားတစ်ယောက် ။ ဒါဟာ ဘယ်လိုရေစက်မျိုးလဲ။ နှစ်ပိုင်းပြတ်နေတဲ့ ငွေစက္ကူတစ်ရွက်ဟာ တစ်ဘက်က တစ်နေရာစီမှာဆို ဘာတန်ဖိုးမှမရှိတော့ဘူးတဲ့။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ကံမကောင်းခြင်းကို တစ်ယောက်က ဖေးမရင်း သက်တံ့တွေဖြာနေတဲ့နေ့တွေလည်း ရှိကောင်းရှိလာပါလိမ့်မယ်။ မင်းတို့ ငါတို့ရဲ့ စောက်ဖြစ်မရှိလှပါသော ဘဝတွေမှာပေါ့။ ဇာတ်လမ်းထဲမှာတော့ ဒီတစ်စုံတရာကို ဘာပါလို့ နာမည်မတပ်နိုင်ခင်မှာပဲ သူတို့ဝေးသွားခဲ့ကြတယ်။ ဆေးလိပ်ဖြတ်တာပဲဖြစ်ဖြစ် မေ့ဖျောက်ချင်တာပဲဖြစ်ဖြစ် စစချင်းမှာ ခက်ခဲပေမဲ့ အရာရာဟာ တစ်ပတ်လောက်ကြာပြီးရင်တော့ နေသားကျသွားတယ်တဲ့။ ဒီတစ်ပတ်ကို ကျော်လွန်ပြီးသွားရင်တော့ ဒါဟာ တစ်စုံတရာဖြစ်သွားပါပြီ။ နှစ်ပိုင်းပြဲသွားတဲ့ ငွေစက္ကူတစ်ရွက်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း မဆုံနိုင်ကြတော့တဲ့ အဖြစ်မျိုးတွေပေါ့။ မီးခြစ်ဟောင်းတစ်လုံးနဲ့ ပြဲနေတဲ့ပိုက်ဆံတစ်ခြမ်းကို မစွ့န်လွှတ်နိုင်တဲ့ တစ်ချိန်က တစ်ယောက်ယောက်ကို ကယ်ဖူးတဲ့လူကလည်း စုတ်ပြတ်သတ်စွာနဲ့ ဒီတံတားကြီးပေါ် သူ့ကိုယ်သူ အရှုံးပေးဖို့ ပြန်လာတယ်။ တစ်စစီကွဲအက်နေတဲ့ ပျက်စီးခြင်းမျိုးနဲ့ပေါ့။ ဒါဟာ ဒီတံတားပေါ်မှာ ကျွန်တော်တို့ဆက်ကြည့်ရမယ့် ဇာတ်လမ်းပါပဲ။ သေချာတာက ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာ ချစ်တယ်လို့ တစ်ခွန်းမှ မပြောသွားခဲ့ဘူး။ Girl on the Bridgeဟာ သူ့နာမည်အတိုင်းပဲ တံတားထိပ်မှာရပ်ရင်း ချီတုံချတုံနဲ့ ရေပြင်ကို ငေးကြည့်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အဖြစ်အပျက်ပါပဲ။ ဘဝဟာ စစလာကတည်းကိုက ဝေဒနာပဲမဟုတ်လား။ ဘယ်တစ်စုံတရာက ဒီတံတားပေါ်မှာ သက်တန့်တွေဖြာစေမလဲတော့ အားလုံးသိကြပေမဲ့ အဲဒီသက်တန့်တွေ ဘယ်အချိန်ထိဖြာနေမလဲတော့ ကျွန်တော်တို့မသိနိုင်ဘူး။
...

Amber Alert (2024) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Thriller #Horror #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2012 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Amber Alert ဆိုတဲ့ရုပ်ရှင်ကို remake ပြန်ရိုက်ထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ IMDb မှာ 5.9/10 ဆိုတဲ့ rating ကို ရရှိထားပြီးတော့ အရင်ဇာတ်ကားဟောင်းရဲ့ ဒါရိုက်တာကပဲ ဒီဇာတ်ကားအသစ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ Tyler James Williams, နာမည်ကြီး Heroes series နဲ့အတူ နာမည်ရလာတဲ့ Hayden Panettiere, ဝါရင့်သရုပ်ဆောင်ကြီး Kevin Dunn တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း**************** အနောက်နိုင်ငံတွေမှာ ကလေးပြန်ပေးဆွဲမှုဖြစ်ပြီဆိုရင် AMBER alert ဆိုတဲ့ သတိပေးချက်ကို ထုတ်ပြန်ပြီးတော့ ဒေသခံတွေရဲ့အကူအညီနဲ့ အတူ တရားခံကိုဖမ်းဆီးပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Jacqueline နဲ့ Shane ဆိုတဲ့ ဒေသခံနှစ်ယောက်က ပြန်ပေးဆွဲတရားခံကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးကြပုံကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Thriller Genre ဖြစ်တာနဲ့အညီ ကြည့်ရှုသူတွေကို Plot twist တွေနဲ့ အသည်းတယားယားဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအသွားက တကယ်မိုက်ပြီးတော့ ရသမျိုးစုံပေးစွမ်းနိုင်ကာ ကြည့်ရှုသူပရိသတ်ကို ဇာတ်လမ်းအဆုံးထိ ခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
...

1888 (2023) ⭐IMDB: 8.8/10 (371 Votes) 🎬 #Bollywood #Crime #Drama #Thriller #Action 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1888 (2023) နိုင်ငံတချို့မှာ ဆုတွေရယူနိုင်ခဲ့တဲ့ ကန်နားဒါးစကားပြောအိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆန်ဒယာဆိုတာ ဇာတ်ရုပ်အစုံ ပိုင်ပိုင်နိုင်နိင်သရုပ်ဆောင်နိုင်တဲ့ပြည်သူချစ်မင်းသမီးတစ်ယောက်။ ငွေစက္ကူတွေတရားမဝင်ကြေငြာချိန်မှာ သူ့လက်ထဲပိုက်မိနေတဲ့ငွေစက္ကူတွေကမနည်းမနော။ သူကိုယ်တိုင် နိုင်ငံရေးလောကထဲ ခြေဆန့်ဖို့လုပ်ပြီးသူ ပင်ပင်ပန်းပန်းရှာထားရတဲ့ ငွေစက္ကူတွေကိုမဆုံးရှုံးရဖို့အရေးကြိုးစားပါတော့တယ်။ သူလိုပဲ ရင်ဆိုင်နေရတဲ့ နောက်ထပ်နိုင်ငံရေးသမားတွေစီးပွားရေးသမားတွေနဲ့ကြုံရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
...

Win a Date with Tad Hamilton! (2004) ⭐TMDB: 57% User Score 🎬 #Comedy #Romance 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Win A Date With Tad Hamiltonဒီဇာတ်ကားလေးကတော့ Boomers တွေအတွက် တစ်ခေတ်တစ်ခါက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဒရာမာလေးပါ။ ဇာတ်လမ်းထဲမှာ တက်ဒ်ဟယ​်မေတန်နဲ့ ဒိတ်ဖို့ ကံထူးဆုပေါက်သွားတဲ့ မိန်းကလေးအကြောင်းရေးထားတာပါ။ ဆိုလာဆီဆိုတဲ့ မိန်းကလေးဟာ စူပါမားကတ်တစ်ခုမှာကောင်တာထိုင်တဲ့မိန်းကလေးမှာ သူမှာအရမ်းချစ်ရတဲ့ သူငယ်ချင်း ကတ်သီနဲ့ ပိထ်ရှိပါတယ်။ ဖြစ်ချင်တော့ ပိထ်က သူ့ကို ငယ်ဘဝထဲက စကြိုက်လာတာပါ။ ဒါပေမဲ့ အချစ်ဦးတွေရဲ့ ထုံးစံဆိုသလို သတ္တိမရှိတဲ့အတွက် ပိထ်ဟာ အရိပ်တကြည့်ကြည့် နေခဲ့ရသူပါ။ ဒီလိုနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ တက်ဒ်ဟယမေတန်နဲ့ ရိုဆာလီတို့ ဒိတ်ခွင့်ရသွားတဲ့အခါမှာတော့
...

9-9-81 (2012) ⭐IMDB: 5.3/10 (332 Votes) 🎬 #Horror #Thriller #Drama 🗓 2012 🎞 movie 🌎 #Thailand ⏰ 1 နာရီ 31 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Director: Rapeepimol Chaiyasena ရိုက်ကူးတင်ဆက်ထားပြီး 13 September 2012 (Thailand) မှာ ရုံတင်ခဲ့တဲ့ ထိုင်းသရဲကားဖြစ်ပါတယ်… ဇတ်လမ်း ပုံစံကတော့ လက်ထပ်မယ် ပြောထားတဲ့ ချစ်သူက ကားမှောက် သေပြီလို့ ကြားပြီး တိုက်ပေါ်က ခုန်ချသွားတဲ့ မိန်းမချောလေး…. မသေခင်က သူမ ကို ကျိတ်ကြွေနေတဲ့ ထမင်းဆိုင်က ကောင်လေးကတော့ ကောင်မလေး တိုက်ပေါ်က ခုန်ချ သေသွားပြီးနောက်မှာ သူမ ရဲ့ အတွင်းခံ အဝတ်ကို ခိုးယူထားတာ စိတ်မသန့်လို့ ပြန်သွားအထား အခန်းရှေ့မှာပဲ ပျောက်ဆုံးသွားတယ်…. သေခါနီး ကင်ဆာ ရောဂါသယ် တစ်ယောက်ကလဲ ထိုအခန်းကို လာအငှား မစားသင့်တဲ့ သေသူကို ပူဇော်တဲ့ အစား စားမိလို့ အသေဆိုးနဲ့ သေရပြန်… ချစ်သူ ဆိုတဲ့ လူရဲ့ အလိမ်စကား ကို ပြောပေးတဲ့ သူငယ်ချင်း ဆိုတဲ့ မိန်းမလဲ ကားမှောက်ပြီး သေပြန်တယ်…. နောက်ဆုံး သူ လိမ်ညာမိလို့ သေသွားတဲ့ ကောင်မလေး အသုဘ ကို ရောက်လာတွေ့တဲ့ ကောင်လေးလဲ နောက်နေ့ မနက် ကားပဲ မြင်ရပြီး လူကတော့ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်
...

Iron Jawed Angels (2004) ⭐TMDB: 70% User Score 🎬 #Uncategorized #Drama #TVMovie 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Iron Jawed Angelsဒီဇာတ်ကားကတော့ အမေရိကနိုင်ငံရဲ့ သမိုင်းတွင်ဖြစ်ရပ်အကြောင်းကို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပြနပေါင်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 2004 ထွက် ဒီဇာတ်ကားဟာဆိုရင် အမေရိကရဲ့ အမျိုးသမီးတန်းတူညီမျရေးထဲက လှုပ်ရှားမှုတစ်ခုအကြောင်းကို အသားပေးရိုက်ထားတာပါ။ ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကက သူတို့ရဲ့ နိုင်ငံအဓွန့်ရှညစေရေးအတွက် ဥပဒေများကို အုတ်မြစ်ချသတ်မှတ်နေချိန်ဖြစ်ပါတယ်။ သို့ပေမဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ အမျိုးသာတွေကသာ အရာခံအနေနဲ့ရှိနေပြီး အမျိုးသမီးများကို အယောင်ပြရာထူတွေမှာပဲထားရှိကြတာဖြစ်ပါတယ်။ အထူးသဖြင့် သမ္မတရွေးကောက်ပွဲရောက်လာတဲ့အချိန်တွေမှာ အမျိုးသမီးများဟာ မဲပေးခွင့်မရတာကြောင့် နိုင်ငံရေးလှည့်ကွက်တိုင်းမှာ ဖွတ်ဖွတ်ကြေအောင် ခံကြရတာဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ထွက်ဖြစ်တဲ့အမျိုးသမီးတချို့ဟာ သတိထားမိသွားပြီး အမေရိကအမျိုးများမဲပေးခွင့်ရရှိရေးအတွက် အစွမ်းကြိုးပမ်းပါတော့တယ်။
...

Inside Job (2010) ⭐TMDB: 77% User Score 🎬 #Crime #Documentary 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drama တွေ အက်ရှင်တွေရိုးနေတဲ့ လူတွေအတွက် Documentary type ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2008ခုနှစ်မှာဖြစ်ခဲ့တဲ့အရာတွေအများကြီးထဲကမှ ၂၀၀၈ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုရင် အတော်များများကြားဖူး သိဖူးမယ်လို့ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းနဲ့ အမေရိကက စီးပွားရေးလုပ်ငန်းနဲ့ အိမ်ခြံမြေအရောင်းအဝယ်နဲ့ ကြွေးမြီကိစ္စတွေ အတော်လေးကို ထိုးဆင်းပြီး အရှုံးတွေလည်း ဒေါ်လာ ထရီလီယံနဲ့ချီတယ်လို့ပြောကြပါတယ်။ ဒီ 2008 စီးပွားပျက်ကပ်အကြောင်းကို စိတ်ဝင်စားပြီး ဘယ်ကနေဘယ်လိုအစပြုလို့ ဘယ်လိုကိစ္စ ဘယ်လိုလုပ်ငန်းတွေမှာ တိုင်ပတ်ခဲ့သလဲ ဘယ်သူတွေအကျိုးအမြတ်ရသွားကြလဲ ဘယ်လောက်တောင်ရသွားကြလဲဆိုတာနဲ့ ဘယ်လိုတွေ ဖြေရှင်းခဲ့ကြသလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။
...

Tatsulok (2024) ⭐TMDB: 40% User Score 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 1 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိုလန်နဲ့အလီဇာတို့ဟာလက်ထပ်တာကြာနေပြီဖြစ်တဲ့ ဇနီးမောင်နှံဖြစ်ပြီး ကလေးရဖို့ကြိုးစားနေခဲ့တာလည်းကြာပါပြီ။ နောက်ဆုံးမှာတော့ ကိုယ်ဝန်ရလာခဲ့ပြီဖြစ်လို့ ခဏပျော်လိုက်ရပေမယ့် အဲ့ဒီကိုယ်ဝန်ဟာလည်းသန္ဓေတည်ပုံမူမမှန်တာကြောင့်ဖြတ်ချလိုက်ရတဲ့အချိန်မှာ အလီဇာတစ်ယောက်စိတ်ထောင်းကိုယ်ကြေနဲ့စိတ္တဇဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ရာကယ်ဆိုတဲ့ ကောင်မလေး သူတို့အိမ်မှာတည်းဖို့ရောက်လာရာကနေ အလီဇာတစ်ယောက်သောကတွေကိုမေ့ပျောက်ပြီး ထူထူထောင်ထောင်ဖြစ်လာကျန်းမာရေးပြန်ကောင်းလာလို့ ရိုလန်ဝမ်းသာနေရာကနေ သူတို့ဘ၀တွေကိုကျွမ်းထိုးမှောက်ခုံမွှေနှောက်နိုင်တဲ့ အလီဇာနဲ့ ရာကယ်တို့ရဲ့လျှို့ဝှက်ချက်တစ်ခုကို သူရိပ်မိသွားချိန်မှာတော့.. Vivamax ကိုအသစ်ရောက်လာတာ မကြာသေးတဲ့ Mariane Saint နဲ့ Skye Gonzaga ဆိုတဲ့အသစ်လေးနှစ်ယောက်ကို ပွဲဦးထွက်မိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Pwede G, pwede B (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 51 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘာဆီဟာ အသက် ၃၀ ဝန်းကျင်လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စ ဝါသနာထုံပါတယ်။ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ကို စားပြီးနားမလည်လုပ်ခဲ့ရာကနေ လီလီဆိုတဲ့ ကောင်မလေးနဲ့အလှည့်မှာတော့ စိတ်အနာကြီးနာသွားတဲ့ လီလီရဲ့ကျိန်စာတိုက်မှုကို သူခံခဲ့ရပါတယ်။ အဲ့ဒီကျိန်စာကတော့ မိန်းကလေးတွေကိုလှည့်စားခဲ့တဲ့အတိုင်း သူ့အပေါ်မေတ္တာမတုန့်ပြန်ပဲ အပျော်ကြံမယ့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားပါစေဆိုတာပါပဲ။ အဲ့ဒီညမှာပဲ အသည်းကွဲလာတဲ့ အတူနေအခန်းဖော် သူငယ်ချင်း သီယိုနဲ့အမှတ်မထင်အချစ်နယ်ကျွံမိခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သီယို့အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာနေပြီဆိုတာ အလန့်တကြားသိလိုက်ရချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Joker: Folie à Deux (2024) ⭐IMDB: 5.3/10 (57 k Votes) 🎬 #Crime #Drama #Musical #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (အကြည်စစ်စစ်မထွက်သေးပါဘူး ဒါက ရုံခိုးရိုက်ထဲက ကြည်တဲ့ဗားရှင်းတစ်ခုကို ဘာသာပြန်တင်ပေးထားတာဖြစ်ပါတယ်) 2019 တုန်းက မင်းသားကြီးဝါကင်းဖီးနစ်ကို အော်စကာ ရစေခဲ့တဲ့ Joker ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Folie à Deux ဆိုတာကတော့ ပြင်သစ်ဘာသာဖြစ်ပြီး “နှစ်ယောက်တွဲ ရူးသွပ်မှု” လို့ အဓိပ္ပါယ်ရပါတယ်။ ရူးသွပ်မှုတစ်ခုခုကို လူတစ်ယောက်ထက်ပိုပြီး ခံစားရတဲ့အခါ ဒီရောဂါ နာမည်ကို သုံးလေ့ရှိပါတယ်။ ဒီဂျိုကာရုပ်ရှင်ကတော့ DC ရဲ့ မူရင်း စကြဝဠာမှာ မပါပါဘူး။ “DC Elseworlds” လို့ခေါ်တဲ့ အခြားစကြဝဠာ တစ်ခုမှာ ဖြစ်ပျက်နေတာတွေကို ပြသထားတာ ဖြစ်ပါတယ်။ မူရင်းဒါရိုက်တာ Todd Phillips ပဲ ရိုက်ကူးထားပြီး ဟာလီကွင်း နေရာမှာတော့ လေဒီဂါဂါက ပါဝင်ထားပါတယ်။ ရုပ်ရှင်ကတော့ မှုခင်း ဆိုက်ကို ဒရာမာကိုမှ musical နဲ့ ရောထားတာပါ။ ဒါကြောင့် Greatest Showman တို့ Les Misérables တို့လို သီချင်းဆိုတာ ကတာတွေ ပါဝင်နေပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************** အာသာဖလက် ခေါ် ဂျိုကာဟာ လူ ငါးယောက်ကို သတ်မှုနဲ့ စွဲချက် တင်ခံထားရပါတယ်။ စိတ်ရောဂါအကျဉ်းထောင်ထဲမှာ တရားခွင်အတွက် စောင့်ဆိုင်းရင်း လီဆိုတဲ့မိန်းကလေးနဲ့ ချစ်မိသွားကြပါတယ်။ ဒီရုပ်ရှင်အစအဆုံးကတော့ တရားခွင်မှာ ဂျိုကာနဲ့ သူ့ကို သေဒဏ်ပေးချင်တဲ့ ရှေ့နေ ဟာဗေးဒန့်တို့ အပြန်အလှန် ချေပပုံတွေရယ် ဂျိုကာနဲ့ ဟာလီကွင်း ကြားထဲက စိတ္တဇအချစ်ရယ်ကိုပဲ ပုံဖော်ပေးထားပါတယ်။ စီးရီးသဘောအရ ဆိုရင် အဓိကဇာတ်လမ်းပါတဲ့အပိုင်းမဟုတ်ဘဲ အဖြည့်ခံအပိုင်းလောက်ပဲ ရှိတာမို့ အားပေးမှုနည်းပြီး rating နည်းနေတာလည်း ဖြစ်ပါလိမ့်မယ်။ ဇာတ်အိမ်ကြီးကျယ်မှုဆီ မသွားဘဲ ဖျော်ဖြေရေးသက်သက်သာ ဖန်တီး ထားတာမို့ ရိုက်ချက်တွေ သီချင်းတွေ ခံစားဖို့သက်သက်ပဲ ကြည့်တာ အကောင်းဆုံးပါပဲ။
...

Victory (2024) ⭐IMDB: 7.3/10 (49 Votes) 🎬 #Sport #Youth #Comedy #Drama #Musical 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Victory (2024) *************** Reply 1988 ထဲမှ Lee Hyeri၊ Seoul Busters ထဲမှ Park Se Wan၊ Doctor Cha ထဲမှ Jo Aram တို့ကို ၁၉၉၉ ခုနှစ်က အက ဝါသနာထုံတဲ့ ကောင်မလေးတွေအဖြစ် မြင်တွေ့ရမဲ့ ဇာတ်ကားသစ်လေး ထွက်ရှိလို့လာပါပြီ။ ဂေါဂျယ်မြို့လေးမှာ နေထိုင်တဲ့ ဖီးဆွန်းနဲ့ မီနာတို့ သူငယ်ချင်း နှစ်ယောက်ဟာ Dancer ဖြစ်ဖို့ အိပ်မက်မက်နေကြတဲ့ ကျောင်းသူ နှစ်ဦးဖြစ်ပြီး ကျောင်းမှာလည်း အခွင့်အရေးရရင် ရသလို တိပ်ခွေတွေ ဖွင့်ပြီး ကတတ်ကြပါသေးတယ်။ အက ဘုရင်မ ဖီးဆွန်းတို့ရဲ့ ကျောင်းကို Cheer Leader အတွေ့အကြုံရှိတဲ့ ဆယ်ဟျွန်း ရောက်ရှိလာတဲ့ အခါမှာတော့… အကအသင်းဖွဲ့ချင်တဲ့ ဖီးဆွန်းတစ်ယောက် ဆယ်ဟျွန်းနဲ့အတူ သူ့ရဲ့ အိပ်မက်တွေကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်သွားပြီး ဘယ်လိုအောင်မြင်အောင် လုပ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြ‌ရအောင်။ အိပ်မက်ရှိတဲ့ လူငယ်တွေရဲ့ သဘာဝကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးမလို့ အချိန်ပေးရကြိုးနပ်မှာတော့ အသေအချာပါပဲ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။)
...

Grotesquerie (2024) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Drama #Mystery #Crime #Horror 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်း ( ၁ မှ ၄ ) အထိ Horror Series ကောင်းတွေ ကြည့်ဖို့ ရှာနေရင် ဒီစီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Grotesquerie ဆိုတဲ့အတိုင်း နာမည်နဲ့လိုက်အောင် ပုံမှန်လူစိတ်နဲ့ အံဝင်ခွင်ကျ မဖြစ်နေတဲ့၊ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလောက်တဲ့ ကြောက်လန့်ဖွယ် ရိုက်ကွက်တွေ ဇာတ်လမ်းသွားတွေ ပါတာမို့ နှလုံးမကောင်းသူတွေ မကြည့်သင့်ပါဘူး။ လက်ရှိ ထုတ်လွှင့်နေတဲ့ Season 1 မှာ အပိုင်း ၁၀ ပိုင်း ပါဝင်ပြီးတော့ IMDB Rating 6.8 နဲ့ Rotten Tomatoes 75% ရရှိထားပါတယ်။ ဇာတ်ညွှန်းကတော့ စုံထောက် လူးဝစ်ထရိုင်ရွန်ဟာ ခင်ပွန်းသည်က ကိုမာနဲ့ ဆေးရုံတက်နေရပြီး သူကိုယ်တိုင်လည်း အရက်စွဲနာ ဖြစ်နေသူပါ။ သူတို့မြို့မှာ မိသားစုလိုက် သတ်ဖြတ်မှု မှုခင်းတစ်ခုဖြစ်ပြီး သွားရောက်စစ်ဆေးတဲ့အခါမှာ အံ့ဩစရာ ကောင်းလောက်အောင် လူသတ်သမားမှာ တစ်မိသားစုလုံးကို အေးအေးဆေးဆေး စိမ်ပြေ နပြေနဲ့ ရွံရှာစက်ဆုပ်ဖွယ် နည်းလမ်းတွေသုံးပြီး သတ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြေရှာမရတဲ့ အမှုကို ခေါင်းစားနေတဲ့ စုံထောက်လူးဝစ်တစ်ယောက်ဆီကို လာတွေ့တဲ့သူက စစ်စတာ မီဂန်ပါ။ အပတ်စဉ် ထုတ်ဝေတဲ့ ကက်သလစ် စာစောင်မှာ မှုခင်းသတင်းရေးသားသူ မီဂန်ရဲ့ အမြင်မှာတော့ ဒီလူ သတ်သမားဟာ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ စိတ္တဇလူသတ်သမားလို့ မြင်ပါတယ်၊ မရှေးမနှောင်းမှာပဲ တခြားတစ်နေရာမှာ ပထမ အမှုလိုမျိုးပဲ လူမဆန် ရက်စက်စွာ သတ်ထားတာ ထပ်ဖြစ်လာတဲ့ အခါမှာ စုံထောက် လူးဝစ်နဲ့ စစ်စတာ မီဂန်တို့ ဘယ်လိုမျိုး ဒီလူသတ်သမားကို ဖော်ထုတ်ကြမလဲ။ ထပ်ပြီးတော့ ဘယ်လိုသတ်ဖြတ်မှုမျိုးတွေ လာဦးမလဲဆိုတာ…..။ File Size – 482 MB / 233 MB Quality –WEB-DL 1080p HEVC  , 720p Episodes –  10 Eps Duration –  41 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Drama  ,  Horror Translator –  Aoi , JULY Encoder – Min Wai ( Season 1 ) Ongoing Sereies Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-3 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-3 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-4 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-4 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb (ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)
...

Penelope (2024) ⭐IMDB: 6.2/10 (524 Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 26 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူရယ်လို့ ဖြစ်လာရင် ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်နိုင်ဖို့က သိပ်ကိုအရေးကြီးပါတယ်…..တချို့က အလုပ်နဲ့ ဝါသနာထပ်တူကျပေမဲ့ တချို့ကျ ဝမ်းရေးအတွက် ဝါသနာမပါတဲ့အလုပ်ကိုလုပ်ကိုင်နေရတာ လူ့သဘာဝပါပဲ…..အဲဒီထက်ပိုဆိုးတာက ကိုယ်ဘာဖြစ်ချင်နေမှန်း ဘာကိုဝါသနာပါမှန်း မသိတဲ့သူတွေပါ….သိလျက်နဲ့ မလုပ်နိုင်တာထက် ဘာလုပ်ချင်မှန်းမသိတဲ့ဘဝကပိုလို့ဆိုးပါတယ်…..အဲဒီထဲမှာမှ ကိုယ်လုပ်ချင်တာကိုလည်းသိတယ် လုပ်နိုင်ဖို့လည်း စွန့်စားရဲတဲ့သတ္တိရှိတယ် စွန့်လည်းစွန့်စားတယ်ဆိုရင်တော့ တချိန်မှာပျော်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်ကြရမှာပါပဲ….. ဒီကားလေးထဲမှာ အသက်၁၆နှစ်အရွယ်ကောင်မလေးတစ်ယောက်က သူ့ကို လူ့အသိုင်းအဝိုင်းတွေကြားထဲကနေ တောထဲလာဖို့ခေါ်နေသလို ခံစားနေရလို့ တစ်ယောက်တည်း တောထဲထွက်ဖို့ဆုံးဖြတ်ခဲ့တဲ့ကားလေးပါ တကယ်တော့ သူလည်းဘာကြောင့် ထွက်သွားချင်လဲသေချာမသိပေမဲ့ စွန့်စားရဲတဲ့သတ္တိနဲ့တစ်ယောက်တည်းထွက်လာခဲ့တာပါ အဲဒီလိုထွက်လာတဲ့အချိန် စိတ်ရဲ့ခံစားချက်အတိုင်းလိုက်လုပ်မိတာ မှန်ရဲ့လား ဘာအခက်အခဲတွေကြုံရမလဲ ကိုယ့်စိတ်တိုင်းကျနေရဖို့ဆို ဘာတွေစွန့်လွှတ်ရမလဲ ဆိုတာတွေကိုပါကြည့်ရမှာမို့ ရှုစားလိုက်ကြပါဦးလို့….. File size…(700 Mb)/(280 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 00:30:00Genre… DramaSubtitle….Myanmar Subtitle (Hardsub)Encoded & Translated by….Garfield Season 1 Episode 1 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish Episode 2 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish အပိုင်း ၈ ပိုင်းထွက်ရှိထားပြီး ကျန်အပိုင်းများကိုလည်း ဆက်လက်တင်ဆက်ပေးသွားပါ့မယ်
...

Against the Gods (2023) ⭐IMDB: 8.7/10 (96 Votes) 🎬 #Animation #Action #Fantasy 🗓 2023 🎞 tv series 🌎 #China ⏰ 25 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ် animation တွေမှာ နာမည်ကြီးတဲ့ ဇာတ်ကားတစ်ကားပါ။ ကန်ဂျွန်းကုန်းမြေတိုက်မှာ ဆေးဆရာယင်ဂုဟာ ကောင်းကင်ဘုံရတနာ ၇ ခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံအဆိပ်ပုလဲလုံးကို ပိုင်ဆိုင်ထားတာကြောင့် လူအများရဲ့ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့တပည့်ဖြစ်တဲ့ ယင်ချော့ရဲ့ မိန်းမနဲ့ကလေးပါ ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ်။ ဒါကိုလက်မခံနိုင်တဲ့ ယင်ချော့ဟာ အဲဒီအဆိပ်ပုလဲလုံးကိုသုံးပြီး သူ့ကိုပစ်မှတ်ထားတဲ့လူပေါင်းများစွာကို ပြန်သတ်ခဲ့တယ်။ ဒါပေမဲ့လဲ သူ့ရဲ့တိုက်ပွဲတစ်ခုမှာ ယင်ချော့ရှုံးခါနီးဖြစ်တဲ့အချိန် ချောက်ထဲကနေခုန်ချရင်း အဆိပ်ပုလဲလုံးကို မျိုချလိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ အဆိပ်ပုလဲလုံးထဲမှာ ကမ္ဘာသက်သက်တစ်ခုရှိနေပြီး အဲဒီမှာရှောင်ချော့ဆိုတဲ့လူအဖြစ် ပြန်လည်မွေးဖွားခဲ့တယ်။ အဲဒီကမ္ဘာမှာ သေသွားခဲ့တဲ့ သူချစ်ရတဲ့သူတွေက မသေဘဲ အကုန်အသက်ရှင်နေကြတယ်။ ဒါပေမဲ့…သူက စွမ်းအားသုံးမရတဲ့ အပယ်ခံအဖြစ်ကိုရောက်သွားတယ်။ ချစ်ရသူတွေကို ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့တဲ့ ယင်ချော့/ရှောင်ချော့ဟာ ကြုံလာတဲ့အခက်အခဲတိုင်းကို ဘာပဲပေးဆပ်ရပေးဆပ်ရ ရအောင်ဖြေရှင်းတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
...