ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
When the Stars Gossip (2025) ⭐IMDB: 7.6/10 (411 Votes) 🎬 #Comedy #SciFi #Fantasy #Drama #Romance 🗓 2025 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 8 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 When the Stars Gossip (2025)**************************** အပိုင်းသစ် 2 ယခုတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့ sci-fi အမျိုးအစားကိုမှ romantic comedy လေးပါ ကြည့်ချင်တယ်ဆိုတဲ့ ပရိတ်သတ်ကြီးတို့အတွက်… နာမည်ကြီးမင်းသား မင်းသမီးတွေပါဝင်ထားတဲ့ When the Stars Gossip ဇာတ်လမ်းတွဲသစ်ပဲ ဖြစ်ပါတယ်… အဓိကသရုပ်ဆောင်တွေအနေနဲ့ မင်းသားချော Lee Min Ho နဲ့ မင်းသမီးကြီး Gong Hyo Jin တို့ ပါဝင်ထားပါတယ်… ဇာတ်လမ်းအကျဉ်း————- တောင်ကိုရီးယားနိုင်ငံရဲ့ အချမ်းသာဆုံးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ MZ လုပ်ငန်းစုရဲ့ အနာဂတ်သမက်လောင်း ဂုံလျောင်း(Lee Min Ho)ဟာ အာကာသခရီးသည် တစ်ဦးအနေနဲ့ အာကာသစခန်းမှာ ရက်အနည်းငယ်လောက်နေဖို့ ဖြစ်လာခဲ့တယ်… ဂုံလျောင်းမှာ တခြားလျှို့ဝှက်ရည်မှန်းချက်တစ်ခုလည်း ရှိပါသေးတယ်… စည်းမျဉ်းစည်းကမ်းတွေကို တင်းကြပ်ပြီး အမှားလုပ်မှာကို မကြိုက်တဲ့ ပြီးပြည့်စုံမှ အကောင်းမြင်တတ်သူ အီ့ဖ်ဂင်(Gong Hyo Jin)… အိ့ဖ်ဂင်ကတော့ အာကာသစခန်းအတွက် ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားရပါတယ်… အာကာသယာဉ်မှူးမလေး အီ့ဖ်ဂင်နဲ့ အာကာသခရီးသွားလေး ဂုံလျောင်းတို့တွေ ဘယ်လိုအရာတွေကိုတွေ့ကြုံရမလဲ… အာကာသစခန်းမှာ တစ်ယောက်ကို တစ်ယောက်မှီခိုနေထိုင်ရင်း အချင်းချင်းချစ်မိသွားကြတဲ့အခါ… ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်… ဇာတ်လမ်းအညွှန်းကို Theint မှ ရေးသားပေးထားပါတယ်...
Armand (2024) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Norway #Netherlands #Germany #Sweden #UnitedKingdom ⏰ 1 နာရီ 57 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Armand (2024) IMDb Rating (6.4) / Rotten Tomatoes (73%) ဒီဇာတ်ကားကတော့ ဆန်ကာတင်စာရင်း ၆ခုနဲ့ ဆုပေါင်း ၄ ဆုရရှိထားတဲ့ Psychological Drama ကား တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ အာမန်လို့ခေါ်တဲ့ကလေးတစ်ယောက်က သူ့ရဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ကို အရွယ်နဲ့မလိုက်အောင် ကိုယ်ထိလက်ရောက်စော်ကားတယ်လို့ကျောင်းကနေသတင်းရသွားရာကနေ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ၆ နှစ်သားလေး အာမန်ဟာ အရမ်း သွက်လက်လွန်းသူဖြစ်ပြီး စိတ်ကြီးတတ်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့အခင်ဆုံးသူငယ်ချင်းက သူနဲ့မကစားနဲ့ တခြားကလေးတစ်ယောက်နဲ့သွားကစားဖို့ ဂတိပေးလို့ သွားကစားရမှာ အာမန်နေ မကျေမနပ်ဖြစ်ပြီး ယောက်ျာလေးအိမ်သာထဲခေါ်သွားကာ သူ့ရဲ့သူငယ်ချင်းကို ကိုယ်ထိလက်ရောက်ပြုကျင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းဘက်ကနေ နှစ်ဖက်လုံးရဲ့လူကြီးတွေကိုခေါပြီး သိုသိုသိပ်သိပ်နဲ့ ထိထိရောက်ရောက်ဖြေရှင်းဖို့ အတန်းပိုင်ဆရာမ ဆူနာကို အမိန့်ပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ အာမန်ဟာ အဖေက မတော်တဆနဲ့ဆုံးသွားပြီး မိခင်ကလည်း နာမည်ကျော်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အခါမှာတော့ ဒီအမှုကြီး ဘယ်လိုအဆုံးသတ်သွားမလဲ၊ ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ရောယှက်နေလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
The Trainers (2024) ⭐IMDB: 5.6/10 (236 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 30 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Trainers (2024) IMDb Rating (5.6) Gli Addestratori” ရုပ်ရှင်က Rating 5.6 ရရှိထားတဲ့ ဟာသနှင့် ချစ်စရာဆန်မှုများဖြင့် ပရိတ်သတ်များကို စိတ်ကျေနပ်စေသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းတွင် Lillo Petrolo နေရာမှာသရုပ်ဆောင်သော Pasquale Marolla က ကုန်းကားကျတဲ့ အသက်မွေးမှုတစ်ခုကို ပြန်လည်တည်ဆောက်ရင်း သူ့ရဲ့ ခွေးအချစ် တော် Cecchino ကို ပြန်ရယူဖို့ ကြိုးစားရပုံကို ဖော်ပြထားပါတယ်။ Geppi Cucciari သရုပ်ဆောင်သော သူ့ရဲ့ ဇနီးဟောင်း Marta ရဲ့ဇာတ်လမ်းကို မျှော်လင့်ထင်ဟပ်မှုများဖြင့် စွန့်စားမှုများဖြစ်စေပြီး, Francesca Agostini ရဲ့Caterina အနေဖြင့် ပါဝင်ထားပါတယ်။ အဓိကသရုပ်ဆောင်များ၏ ဟာသပြည့်ဝသော သရုပ်ဆောင်မှုက ပရိတ်သတ်ကို ရီမောရမောပါတယ်နော်။ ဇာတ်ညွှန်းက အနည်းငယ် ရိုးရှင်းသော်လည်း ဇာတ်လမ်းအဆုံးမှာ မျှော်လင့်ချက်နှင့် ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်လေးကို မိသားစုနဲ့အတူပျော်ရွှင်စွာ ကြည့်ရှုနိုင်တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary ဖြစ်ပါတယ်။)...
Journey's End (2017) ⭐IMDB: 6.7/10 (12 k Votes) 🎬 #Drama #War #Action 🗓 2017 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 48 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Journey’s End (2017) IMDb Rating (6.7) / Rotten Tomatoes (91%) ဒီဇာတ်ကားကတော့ 2017ကထွက်ရှိထားပြီး IMDb 6.7/10ရရှိခဲ့တဲ့ war/dramaရုပ်ရှင်အမျိုးအစားပါပဲ။ 1928 တုန်းကပြသခဲ့တဲ့ပြပွဲတစ်ပွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ နာမည်ကျော်” The Space between us “,” Hugo “အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield.. ” Me before u”,”Love Rosie!” အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin.. ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။ Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 91%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။ ဇာတ်လမ်းအကြောင်းကတော့ ပထမကမ္ဘာစစ်တုန်းက ရှေ့တန်းမှာရောက်နေခဲ့တဲ့အင်္ဂလိပ်စစ်သားတွေရဲ့ဘဝနဲ့ အခက်အခဲတွေကိုရိုက်ကူးပြထားတာပါ။ သူတို့စခန်းချထားတဲ့နေရာရဲ့ရှေ့မှာက အင်အားများလွန်းတဲ့ရန်သူတွေဖြစ်ပြီး နောက်ကိုပြန်ဆုတ်ဖို့ကလဲ အထက်ကလူကြီးတွေက နောက်ဆုတ်ခွင့်လုံးဝမပေးလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတဲ့အချိန်ပါ။ ဒါ့အပြင်သူတို့တပ်စိတ်ရဲ့ကပ္ပတိန်ဖြစ်သူကပါ စိတ်ဖိစီးတာတွေများပြီး အရက်တွေပဲအမြဲသောက်နေတော့ ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ကံကြမ္မာကိုဘယ်လိုရင်ဆိုင်ကြမှာလဲဆိုတာကို သေသေချာချာရိုက်ကူးတင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။)...
Chilli Chicken (2024) ⭐IMDB: 7.2/10 (102 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chilli Chicken (2024) “ပူစပ်စပ် ဘ၀ခါးခါး” အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကိုစိတ်၀င်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “Chilli Chicken” ဆိုတာ အိန္ဒိယမှာတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့အိန္ဒိယနဲ့တရုတ်ဟင်းကို ပေါင်းစပ်ထားတဲ့ စားစရာတစ်မျိုးပါ။အဲဒါကြောင့် ဒီဇာတ်လမ်းနာမည်ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ဘ၀ကိုအဲဒီလို မတူညီတဲ့အရာတွေ ပေါင်းစပ်မှုအဖြစ် တင်စားမှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒေသခံတစ်ယောက်ပိုင်တဲ့ စားသောက်ဆိုင်လေးတစ်ခုမှာအလုပ်လုပ်ကြတဲ့ အိန္ဒိယရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘ၀အဖုံဖုံ၊နေ့စဉ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ ဘာသာစကားအခက်အခဲတွေနဲ့လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကို အခြေခံရိုက်ကူးထားတာပါ။ လုပ်သားတွေရဲ့ဘ၀ ခက်ခဲရတဲ့ကြားထဲ သူတို့လုပ်နေတဲ့ဆိုင်ကလည်းအခြေအနေသိပ်ကောင်းလှတာမဟုတ်ပါဘူး။ရှေ့ဆက်ဖို့ အတော်လေးရုန်းကန်နေရတဲ့ အနေအထားပါ။ အဲဒါကြောင့် အခက်အခဲကြားကနေ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ၊ဘယ်လိုအလှည့်အပြောင်းတွေ ကြုံရဦးမလဲဆိုတာကိုဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အလှည့်အပြောင်းတွေနဲ့ ဒရာမာဇာတ်လမ်းဆိုပေမဲ့ဟာသလေးတွေပါ နှောထားတာမို့ ပျင်းစရာမဟုတ်ဘဲ ခပ်မြူးမြူးလေး ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)...
Whitstable Pearl (2021) ⭐IMDB: 7.1/10 (4 k Votes) 🎬 #Crime #Mystery #Drama 🗓 2021 🎞 tv series 🌎 #UnitedKingdom ⏰ 45 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Whistable Pearl Season 1IMDB – 7.1/10 အင်္ဂလန်ရဲ့ ပင်လယ်ကမ်းစပ်ဘေးက နယ်မြို့လေးပေါ် အခြေခံပြီးအေးအေးဆေးဆေးနဲ့ စီးမြောခံစားနိုင်မယ့်စုံထောက်ဒရမ်မာ စီးရီးလေးတစ်ခု ဖြစ်ပါတယ်။ ဒေသခံ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ပါးရ်နိုလန်ကငယ်စဉ်ဘဝတုန်းက ရဲသားတစ်ဦး ဖြစ်ခဲ့တဲ့အတွက်လက်ရှိအချိန်မှာ စားသောက်ဆိုင်ကတစ်ဖက် အလွတ်စုံထောက်လို သဘောမျိုးကလည်းတစ်ဖက် လုပ်ကိုင်နေသူတစ်ယောက်ပါ။ အဲဒီအချိန်မှာပဲ သူတို့ မြိုကလေးမှာ သူချစ်ခင်ရတဲ့မိတ်ဆွေတစ်ဦး သေဆုံးခဲ့ပါတော့တယ်။စုံစမ်းကြတဲ့ ရဲတွေကလည်း မတော်မဆသေတာပဲဆိုပြီးအမှုပိတ်ချင်ကြတဲ့အချိန် စုံထောက်သွေးပါတဲ့ပါးရ်နိုလန်တစ်ယောက် လန်ဒန်မြို့ကနေ တာဝန်ကျလာတဲ့စိတ်ဖိစီးမှု ဝေဒနာတွေနဲ့ Introvert စုံထောက်ဖြစ်တဲ့မိုက်ခ်နဲ့ ပူးပေါင်းမိပြီး ဒီအမှုအပြင်ဒီမြို့လေးရဲ့ တခြားအမှုတွေကိုပါ နှစ်ယောက်သားဘယ်လို ဖြေရှင်းသွားကြမလဲ၊ နှစ်ယောက်လုံးကကိုယ်စီမိသားစုဘဝ လက်တွေ့ဘဝမှာ ဘယ်လိုအဆင်ပြေအောင်နေထိုင်သွားကြမလဲ စသဖြင့် ဒရမ်မာလေးတွေစုံထောက်ဆန်ဆန် အမှုလိုက်တာတွေကိုပုံဖော်ထားတဲ့ အင်္ဂလိပ် စီးရီးလေးတစ်ခုပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)...
Miss You (2024) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Bollywood #Romance #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miss You (2024) “လွမ်း”IMDb – 7.5/10 တောင်ပိုင်းမင်းသားချော ဆစ်ဒါးရဲ့ အသစ်ထွက်ဒရာမာအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်ဆီဘယ်ဝယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ကြုံရာရထားစီးဖို့စောင့်နေတဲ့ ဗာဆူ။ ရထားစင်္ကြံက ခုံတန်းလျားမှာ တစ်ယောက်တည်းထိုင်ဘူနေတဲ့ လူတစ်ယောက်ကိုတွေ့လို့အာသွားဖုတ်ရင်း ခင်မင်သွားခဲ့ရာကနေ သူ့ခရီးစဉ်က ဘန်ဂလောကိုရောက်သွားခဲ့။ မြို့ကိုရောက်ရောက်ချင်းမှာ ဆန္ဒပြနေတဲ့ မိန်းကလေးတစ်ယောက်ကိုဖြတ်ခနဲမြင်လိုက်ရာကစလို့ လမ်းမှာခဏခဏဆုံပြီး ဗာဆူ့ရင်ထဲကို ရောက်လာခဲ့ပါတော့တယ်။ ဦးတည်ရာခရီးမရှိဘဲ ဗာဆူ ဘာလို့ မြို့ကနေထွက်လာခဲ့တာလဲ။သူ့ရင်ထဲကို တိုးဝင်လာတဲ့ မိန်းကလေးကိုရော ပိုင်ဆိုင်ခွင့်ရမှာလား။ဒါတွေသိချင်ရင်တော့ အချစ်၊ အလွမ်း၊ အက်ရှင်ရောပြွန်းနေတဲ့ ဒီရုပ်ရှင်ကို ခံစားကြည့်ကြဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
The Dreamers (2003) ⭐TMDB: 72% User Score 🎬 #Adult #Drama #Romance 🗓 2003 🎞 movie 🌎 #France #Italy #UnitedKingdom ⏰ 1 နာရီ 55 မိနစ် 29 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 The Dreamers (2003)IMDb Rating (7.1)Genre: Erotic/Romantic/Drama The Dreamers ကတော့ အီတလီဒါရိုက်တာ Bernardo Bertolucci ရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။မင်းသမီးချော Eva Green ရဲ့ ငယ်မူငယ်သွေးအလှတွေနဲ့ သူ့ရဲ့ဇာတ်ကောင်ပေါ် နှစ်ဝင်သရုပ်ဆောင်စွမ်းကို တစ်ဝကြီးခံစားရမှာဖြစ်ပြီးဇာတ်လမ်းလေးကလည်း နားလည်ရခက်တဲ့ ပန်းချီကားတချပ်လို ပြင်သစ်ဆန်ဆန် လှပပါတယ်။ မင်းသမီး Eva Green အပြင် မင်းသား Louis Garrel နဲ့ Michael Pitt တို့ရဲ့ ဝတ်လစ်စလစ်အခန်းတွေအများကြီးပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ++++++++++++++++++++++++++++++ ဇာတ်လမ်းအညွှန်းကိုတော့Out of Mind Fb Pageက အညွှန်းနဲ့ ညွှန်းခဲ့ချင်ပါတယ်။ Spoiler Alert…. The Dreamers (2003) ဇာတ်လမ်းရဲ့အခင်းအကျင်းက ပဲရစ်မြို့ 1968ခုနှစ်က ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန် ဖြစ်တယ်။ Metthewဆိုတဲ့အမေရိကန်လူငယ်တယောက်က ပဲရစ်မြို့မှာ ပြင်သစ်ဘာသာစကားလေ့လာနေရင်း သူ့ရဲ့အချိန်အများစုကို ရုပ်ရှင် တွေကြည့်ရင်း ကုန်ဆုံးနေတဲ့သူ တယောက်။ တစ်ရက်မှာတော့ သူ့လိုပဲ ရုပ်ရှင်ကို အရမ်းဝါသနာပါတဲ့ Isabelle နဲ့ Theo ဆိုတဲ့ အမြွာမောင်နှမနှစ်ယောက်နဲ့ ခင်လာကြတယ်။ သူတို့ မောင်နှမ နှစ်ယောက်က Matthewကို သူတို့ရဲ့ ကိုယ်ပိုင် ပိတ်လှောင်ထားတဲ့ ကမ္ဘာထဲကိုဆွဲခေါ်လာခဲ့တယ်။ တနည်းအားဖြင့် သူတို့ရဲ့အိမ် တနည်းအားဖြင့် မိမိနဲ့တစ်ခြားကြားက မျဥ်းကြောင်းတွေဝေဝါးနေတဲ့ သူတို့ရဲ့ကမ္ဘာထဲကို Matthew ရောက်ရှိလာတယ်။ သူတို့ရဲ့ အိမ်ထဲကို ရောက်တော့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ရုပ်ရှင်တွေကိုအသုံးပြုပြီး တယောက်ကိုတယောက်ချည်နှောင်ကြမှုတွေ ငြင်းခုံမှုတွေ ကိုသိလာတယ်။ နောက်ရုပ်ရှင်ထဲက အမူအယာတွေကို ပုံတူလိုက်သရုပ်ဆောင်ရင်း”ဒီရုပ်ရှင်ဟာဘာရုပ်ရှင်လဲ”ဆိုတဲ့မေးခွန်းတွေမေးပြီး သူတို့ဘလောက်သိလဲ ဘယ်လောက်အဖိုးတန်လဲဆိုတာကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့တိုင်းတာကြတယ်။ သူတို့အတွက်တော့ ရုပ်ရှင်သည်သာဘဝပဲ။ ဒီအိမ်လေးထဲမှာပဲ ရုပ်ရှင်ခန့်မှန်းတဲ့ဂိမ်းတွေဆော့ရင်း ရုပ်ရှင်တွေအကြောင်းငြင်းခုံရင်းနဲ့အပြင်မှာဖြစ်နေတဲ့ အရေးအခင်းတွေကိုမေ့ပျောက်ထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားကြတယ်။ဒါပေမယ့် တဖြည်းဖြည်းနဲ့ Matthewသိလာတာက သူတို့နှစ်ယောက်ကမ္ဘာထဲမှာ သူဟာ ဘယ်တော့မှဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတာပဲ။ သူဟာ အပြင်လူတယောက်လို့ခံစားရတယ်။ အမြွာမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ စိတ်ကူးယဥ်မှုတွေ ပြည့်ဖို့သက်သက် သူ့ကိုအသုံးချနေသလို ခံစားရတယ်။ Matthewရဲ့ အပြင်လူဖြစ်မှုကနေ သူတို့အမြွာနှစ်ယောက်ရဲ့ကမ္ဘာကို ကြည့်ရှုနေခြင်းက ကျနော်တို့က Matthewကို ကြားခံအနေနဲ့အသုံးပြုပြီး သူတို့ရဲ့ကမ္ဘာကို ရုပ်ရှင်ကြည့်သူတွေက တဖန် ပြန်ကြည့်နေခြင်းလည်းဖြစ်တယ်။ ဒါနဲ့ပက်သက်ပြီး Matthewက ရုပ်ရှင်နဲ့ပက်သက်ပြီး သူမြင်တဲ့သီအိုရီတခုကို အခန်းတခန်းမှာရှင်းပြတယ်။ သူ့အမြင်အရတော့ ရုပ်ရှင်တိုင်းဟာ သူတပါးရဲ့လိင်ကိစ္စကိုတိတ်တခိုးကြည့်နေရသလိုပဲ ။“ရုပ်ရှင်ရိုက်ကူးသူတယောက်ဆိုတာ သူများအဝတ်အစားလဲတာကိုချောင်းကြည့်ရတာ၊သူများလိင်ကိစ္စတွေကိုချောင်းကြည့်ရတာကိုသဘောကျတဲ့လူတယောက်လိုပဲ။ ကင်မရာဆိုတာကတော့ မင်းမိဘတွေရဲ့အိပ်ခန်းထဲက ချောင်းကြည့်ပေါက်ပေါ့။ မင်းသူတို့ကိုချောင်းကြည့်တယ်။ မင်းရွံလာတယ်။ မင်းမလုံမလဲဖြစ်လာတယ်။ ဒါပေမယ့် မင်းဆက်ကြည့်နေတာကိုမရပ်နိုင်ဘူး။ ရုပ်ရှင်တွေဟာ ပြစ်မှုတွေဖြစ်ပြီးတော့ဒါရိုက်တာတွေကတော့ ပြစ်မှုကျူးလွန်သူတွေဖြစ်သွားတယ်။”ကျနော်တို့က ရုပ်ရှင်ကြည့်တဲ့အခါမှာ တနည်းအားဖြင့် ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေကို ချောင်းကြည့်ပေါက်ကနေကြည့်ပြီးအာသာဖြေတာပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖိနှိပ်ထားတဲ့ဆန္ဒတွေကို ရုပ်ရှင်ကြည့်ရင်း ဖြေဖျောက်နိုင်လို့ပဲဖြစ်တယ်။ကျနော်တို့ဟာ ရုပ်ရှင်ကြည့်တဲ့အခါ ရုပ်ရှင်ကိုကြည့်နေရုံသက်သက်မဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင်တောင်မသိတဲ့ သတိမထားမိတဲ့ ဆန္ဒတွေကို ရုပ်ရှင်ဇာတ်ကောင်တွေနေရာကနေဝင်ရောက်ခံစားရင်းနဲ့ အာသာဖြေတာပဲ ဖြစ်တယ်။ တနည်းအားဖြင့် ဇာတ်ကောင်တွေဟာ ကျနော်တို့ရဲ့ ဆန္ဒတွေကို အစားဖော်ဆောင်ပေးသလိုခံစားရလို့ပဲ ဖြစ်တယ်။ ဒါက ဆန္ဒတွေသက်သက်တင်မဟူတ်ဘူး ကျနော်တို့ရဲ့ အကြပ်အတည်းတွေ တခြားတခြားသော ကိစ္စတွေကိုလည်း ဒီလိုပဲ ကျနော်တို့ရဲ့ ကိစ္စရပ်များကိုမှတ်တမ်းတင်ပေးထားသဖွယ် ရုပ်ရှင်များကို ကြည့်နေရင်းနဲ့ ခံစားနိုင်လို့ပဲ။ ရုပ်ရှင်စခရင်တွေကိုယ်တိုင်ဟာ ကျနော်တို့ကိုယ်တိုင်ရဲ့ အမြင်တွေအစိတ်အပိုင်းတွေကို ရုပ်ရှင်တွေအပေါ်မှာprojectလုပ်နေတဲ့ မှန်တချပ်လို့ပြောလို့ရတယ်။The Dreamers ဟာလည်း ကျနော်တို့ရဲ့ ဖြစ်တည်မှုအကြပ်အတည်းကို ပြန်လည်ရောင်ပြန်ဟပ်နေတဲ့မှန်တချပ်ပဲ။ အဲဒီရုပ်ရှင်ကာရိုက်တာတွေရဲ့ အပြုအမူ သူတို့ရဲ့အခြေအနေတွေကို ကျနော်တို့ရဲ့အခြေအနေနဲ့ ဘယ်လိုမျိုးဆက်စပ်လိ...
The Madness (2024) ⭐IMDB: 6.4/10 (13 k Votes) 🎬 #Drama #Crime #Action #Adventure #Thriller 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 59 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (Season 1) – အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး – Netflix ရဲ့ Crime၊ Drama ၊ Mystery နဲ့ Thriller စီးရီးသစ် ဖြစ်တဲ့ The Madness ဟာ Netflix Global Top 1 အဖြစ် Hot နေတာဖြစ်ပါတယ်။ တီဗီအစီအစဥ်တင်ဆက်သူမွန်စီဒန်နီရယ်စ်က ကျော်ကြားမှုတွေနဲ့ ဝေးရာတောအုပ်ထဲကအိမ်ငယ်လေးတစ်လုံးမှာ သွားရောက်အပန်းဖြေ နေထိုင်နေတုန်း လူသတ်မှုတစ်ခုနဲ့တွေ့ကြုံလိုက်ရပါတယ်။ သူ့ကိုမြင်သွားတဲ့လူသတ်သမားတွေလက်ကနေ မွန်စီဟာ အသက်လုထွက်ပြေးလာနိုင်ခဲ့ပြီး ရဲတိုင်လိုက်တာကြောင့် ရဲက လာကြည့်ချိန်မှာတော့ အလောင်းကရှိမနေခဲ့ဘဲ ရဲကမွန်စီ့ကိုသာ သံသယဝင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူသတ်သမားဟာ မွန်စီ့ကိုလူသတ်တရားခံ အဖြစ်ချောက်ချဖို့ကြိုးပမ်းလာပါတော့တယ်။ လူသတ်မှုတစ်ခုထဲ ဘုမသိဘမသိဆွဲထည့်ခံလိုက်ရတဲ့မွန်စီတစ်ယောက် အသတ်ခံရတဲ့ သူကဘယ်သူလဲ။ လူသတ်သမားကဘယ်သူလဲ။ ဘာလို့သတ်တာလဲ။ သူကဘာလို့ဆွဲထည့်ခံခဲ့ရလဲဆိုတာလိုက်လံစုံစမ်းရင်း သူထင်တာထက် ပိုရှုပ်ထွေးတဲ့သပွက်အူပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရပုံကို အသည်းတအေးအေးကြည့်ရှုရမှာဖြစ်ပါတယ်။...
Hitman's Wife's Bodyguard (2021) ⭐IMDB: 6.1/10 (112 k Votes) 🎬 #Action #Comedy #Crime #Thriller #Romance 🗓 2021 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #Sweden #Bulgaria #France #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hitman’s Wife’s Bodyguard (2021) IMDb Rating (6.9) ရုံတင်တုန်းက မပါတဲ့အခန်းတွေကို ပြန်ထည့်ပေးထားတဲ့ BluRay Extended Version နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒီကားကတော့ မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အပိုင်း ၂ ဖြစ်ပါတယ်။ရှေ့မှာထွက်ထားတဲ့ အပိုင်း ၁ ရုပ်ရှင်ကားThe Hitman’s Bodyguard (2017)ကိုကြည့်ထားရင်တော့ ပိုချိတ်ဆက်မိပါမယ်။ ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီးမိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင်မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီးသူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီးပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့်လမ်းစပေါ် ရောက်သွားပြန်ပါတော့တယ်။ ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ မားသားဖက်ခါ Samuel L. Jackson နဲ့ Salma Hayek တို့အဓိကပါဝင်ထားပြီးဒီကားမှာတော့ Morgan Freeman လဲအားဖြည့်ထားပါသေးတယ်။ဝါရင့်တွေချည်း အခွီတွေထိုင်လုပ်နေတာမလို့ ကြည့်ရတာ လုံးဝမိုက်တဲ့ အက်ရှင်ဟာသကားကြီးပါပဲ။...
The Hitman's Bodyguard (2017) ⭐IMDB: 6.9/10 (253 k Votes) 🎬 #Action #Comedy #Crime #Thriller 🗓 2017 🎞 movie 🌎 #Bulgaria #Canada #France #HongKong #Netherlands #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Hitman’s Bodyguard (2017) IMDb Rating (6.9) 2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကိုနိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာသူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့်မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာလူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကိုဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကိုတစ်ကားလုံး အလန်းစား သရုပ်ဖော်ထားတာမို့ အရမ်းကောင်းတယ်လို့ပဲ ညွှန်းချင်ပါတယ်။ ဒီကားရဲ့ အဆက်Hitman’s Wife’s Bodyguard (2021)ကိုလဲ CM မှာ ကြည့်လို့ရပါတယ်။...
Adoration (2024) ⭐IMDB: 5.6/10 (649 Votes) 🎬 #Drama #Mystery #Crime 🗓 2024 🎞 tv series 🌎 #Italy ⏰ 52 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adoration (2024) Season 01 IMDb Rating (5.7) Netflix က ထုတ်လွှင့်တင်ဆက်နေကျ သည်းထိတ်ရင်ဖိုရုပ်ရှင်စီးရီးတွေကို ကြိုက်နှစ်သက်သူတွေအတွက် ယခုနှစ်မှာထွက်ရှိထားတာ မကြာသေးတဲ့ အီတလီစကားပြော Teen Drama လေးက စိတ်ကျေနပ်မှုအပြည့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။13 reasons why, Elite တို့လို ဇာတ်လမ်းဇာတ်အိမ်မျိုးလေးပါပဲ။ ‘အယ်လီနာ’နဲ့ ‘ဗန်နက်ဆာ’တို့ ၂ ယောက်က အခင်ဆုံးသူငယ်ချင်း ၂ ယောက်ဖြစ်ကြပြီးတော့ အယ်လီနာကတော့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါ။ ကုန်တိုက်ကြီးတွေ ရောက်တဲ့အခါ တန်ဖိုးအနည်းငယ်ပဲ ရှိလောက်တဲ့ နားကပ်လေးကို အပျော်သဘောနဲ့ ဆွဲပြေးတာမျိုး၊စိတ်ညစ်လာတဲ့အခါ အိမ်ကနေ ထွက်ပြေးသွားတာမျိုး၊ အဲ့လိုခပ်ဆိုးဆိုးကောင်မလေးပါ။ ဗန်နက်ဆာကတော့ စာမေးပွဲဆိုလည်း အဆင့် အေတွေ ဘီတွေ တန်းစီနဲ့အောင်တဲ့အပြင် မိဘကရော ချစ်သူကောင်လေးကပါ တုန်နေအောင်ချစ်ခံရတဲ့သူပေါ့။ အယ်လီနာ၊ သူမရဲ့ ချစ်သူ ‘အန်ရီကို’၊ ဗန်နက်ဆာနဲ့ သူမရဲ့ ချစ်သူ ‘ဂျန်မာကို’တို့က တစ်ကျောင်းတည်းသား သူငယ်ချင်းတွေ ဖြစ်တယ်။ တစ်ရက်ကျ အယ်လီနာက ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် ဗန်နက်ဆာတစ်ယောက် လူပျောက်တိုင်လိုက်ပြီးမှ အယ်လီနာမပျောက်ဆုံးခင်နောက်ဆုံးရက်မှာ ဝတ်ဆင်ထားခဲ့တဲ့ နားဆွဲလေးတစ်ဖက်ကို ဗန်နက်ဆာရဲ့ ချစ်သူ ဂျန်မာကိုရဲ့ ကားပေါ်မှာ ရှာတွေ့လိုက်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့Nway Oo K Zawဖြစ်ပါတယ်။)...
Hide N Seek (2024) ⭐IMDB: 9.1/10 (2 k Votes) 🎬 #Bollywood #Horror #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hide N Seek (2024)“တူတူပုန်းတမ်း” အသစ်ထွက်ရှိထားတဲ့ တေလဂူးလျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် တစ်ညသောအချိန်မှာပစ္စည်းပို့သမားတစ်ယောက် ခေါင်းကိုတုတ်နဲ့ အရိုက်ခံရပြီးသေဆုံးသွားတာကနေ စပါတယ် ဒါကိုအလောင်းစစ်ဆေးရာမှာ ဆိုင်ကယ်မှောက်လို့ ထိခိုက်ပြီးသေဆုံးရတယ်လို့အတည်ပြုခဲ့ပေမယ့် ရဲစခန်းကိုရောက်လာတဲ့အမည်မသိစာတစ်စောင်မှာ လူသတ်မှုလို့ ပြောထားပါတယ် နောက်တစ်ခါ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ ရှီဗာတို့ဆေးကျောင်းမှာ သူငယ်ချင်းဖြစ်သူ တိုက်ပေါ်ကခုန်ချသေကြောင်းကြံသွားတဲ့အခါမှာတော့အမည်မသိလူက ဒီတစ်ခါမှာတော့ ဒါကိုလူသတ်မှုဖြစ်ကြောင်း မီဒီယာကိုသတင်းပို့လိုက်ခဲ့အခါမှာဘယ်လိုအဖြေရှာကြမှာလဲ တရားခံကို ဘယ်လိုဖော်ထုတ်ကြမှာလဲပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ Zwe Yan ~ ToMo တို့မှ ဖြစ်ပါတယ်...
Rat King (2025) ⭐TMDB: 0% User Score 🎬 #Action #Thriller 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သည်းထိတ်ရင်ဖို ရုပ်ရှင်တွေထဲမှာမှ တိရစ္ဆာန်တွေနဲ့ အသည်းယားစရာကောင်းတဲ့ရုပ်ရှင်ကို ကြိုက်တဲ့သူတွေကတော့ ဒီ Evil The Rat ဆိုတဲ့ ရုပ်ရှင်ကိုအကြိုက်တွေမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရှထျန်းနဲ့ လင်ဖုန်းတို့သူငယ်ချင်းအဖွဲ့ဟာ ဆွံ့အမိန်းကလေးတစ်ယောက်ကိုကယ်တင်ဖို့အတွက် ဓာတုစက်ရုံတစ်ခုထဲကို ဝင်ရောက်သွားခဲ့ပါတယ်။အဲဒီစက်ရုံထဲမှာ ကြွက်ပေါင်းထောင်သောင်းချီ မွေးထားပြီးကြွက်ခေါင်းဆောင်တစ်ကောင်က ဦးဆောင်ကြီးစိုး နေတာကို သိခဲ့ရပါတယ်။ ဗီဇပြောင်းကြွက်တွေက လူတွေကို တိုက်ခိုက်လာတဲ့အခါမှာတော့……လင်ဖုန်းနဲ့ ရှထျန်းတို့ဟာ ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ့ရမလဲ……ဆွံ့အမိန်းကလေးကိုရော ကယ်တင်နိုင်ကြမလား……ဗီဇပြောင်းကြွက်တွေကို ဘယ်လိုလူက ဘယ်လိုရည်ရွယ်ချက်နဲ့ မွေးထားရသလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Tomorrow and I (2024) ⭐IMDB: 6.2/10 (700 Votes) 🎬 #Drama #SciFi #Fantasy 🗓 2024 🎞 tv mini series 🌎 #Thailand ⏰ 1 နာရီ 9 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မဝေးတော့တဲ့ မနက်ဖြန်များ (၂၀၂၄) 2024 မှာတော့ sci-fi ဘက်ကို စပြီးခြေချနေတဲ့ ထိုင်းရုပ်ရှင်လောကရဲ့ ခြေလှမ်းသစ်အနေနဲ့P’mookရဲ့ “စလစ် – မုဆိုးများ” လို P’Nuneရဲ့ “မာယာစံအိမ်” လို scifi ကားလေးတွေ မြင်ရအပြီးမှာယခုတစ်ခါထပ်ပြီး နက်ဖလစ်ရဲ့လက်ရာ “မဝေးတော့တဲ့ မနက်ဖြန်များ” ဆိုတဲ့ သိပ္ပံ စီးရီးအသစ်လေး ထပ်မံထွက်ရှိလို့လာပါပြီ။ ဒီကားလေးကတော့ Anthology genreနဲ့ထွက်ရှိလာတာဖြစ်ပြီးသိပ္ပံခေတ်လွန်ခေတ်ကာလတစ်ခုက လူနေမှုဘဝကို တစ်စေ့တစောင်းရိုက်ကူးပြထားတာဖြစ်ပြီးဒီထဲက scifi concept အနေနဲ့ကတော့ အခုခေတ်လူတွေထဲ ရေပန်းအစားဆုံးသီအိုရီတွေဖြစ်တဲ့ Cloningနဲ့လူတိုင်းရဲ့လက်စွဲတော်ဖြစ်နေတဲ့ AI တွေအကြောင်းကို အခြေခံထားတာပါ။ အပိုင်း ၁ ဖြစ်တဲ့ “သိုးမည်း” မှာတော့သေလွန်သွားတဲ့လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇကိုယူ လူကိုCloneလုပ်ပြီးMemory Cloning ကို AIရဲ့အကူအညီနဲ့ ပြန်တည်ဆောက်ပြီး လူအသစ်တစ်ယောက် ပြန်လည်ဖန်တီးတဲ့ ထူးခြားတဲ့conceptတစ်ခုကို မိတ်ဆက်ထားပါတယ်။ အပိုင်း ၂ ဖြစ်တဲ့ “ကောင်းကင်ဘုံလေလား” မှာတော့ဆင်းရဲတွင်းနက်ခဲ့တဲ့ ဂျက်စီကာတစ်ယောက် ခေတ်လွန်နည်းပညာနဲ့ AI ကိုပေါင်းစပ်ပြီးကိုယ့်စိတ်ကြိုက် လိင်ဖျော်ဖြေရေးစက်ရုပ်ကို ကိုယ့်ideal typeအတိုင်း ဖန်တီးနိုင်တဲ့နည်းပညာကို မြင်တွေ့ရမှာပါ။ဘဲပစ်ဆော်ပစ် Forever alone တို့သိပ်ကြိုက်မယ့် conceptလေးတစ်ခုပေါ့။ အပိုင်း ၃ “ဗုဒ္ဓ ဆိုသော အရာ”ဒါကတော့ နည်းနည်းလေးအကဲဆတ်တဲ့ ဘာသာရေးအကြောင်းအရာကို ဆွေးနွေးထားတာဖြစ်ပြီးMemory Cloning နဲ့ AI ကိုပေါင်းစပ်လို့ AI ဗုဒ္ဓဖန်တီးတဲ့အကြောင်းအရာကို တင်ပြထားတာပါ။ အပိုင်း ၄ “ရေဘဝဲမလေး” ကတော့post apocalyptic survival scifi ဘက်ကိုသွားတဲ့ဇာတ်လမ်းသဘောမျိုးဖြစ်ပြီးနောင်တစ်ချိန် မြေကြီးလက်ခတ်မလွဲကြုံလာရမယ့် သဘာဝဘေးအန္တရာယ်ဆိုးတွေနဲ့လူသားတွေကြားကတိုက်ပွဲကို ခပ်ပါးပါးလေးပုတ်ပြီး တင်ဆက်ထားတာမျိုးပါ။ သေချာတာတစ်ခုကတော့ ဇာတ်လမ်းတစ်ခုစီကနေ စိတ်ဝင်စားစရာ concept တွေနဲ့နည်းပညာတိုးတက်မှုနဲ့ လူနေမှုဘဝကြားက ကောင်းကျိုးဆိုးကျိုးတွေကို တစေ့တစောင်းရှုစားရမှာဖြစ်လို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ အညွှန်းကိုတော့Maryက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary, Char Ou, Dao Phyo, Snowတို့ပဲ ဖြစ်ပါတယ်။...
Punish Evil (2022) ⭐TMDB: 45% User Score 🎬 #Action #Crime #Drama 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ကနေပြီးတော့ Punish Evil ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၂၀ ရာစုနှစ်မှာတရုတ်ပြည်တောင်ပိုင်းရဲ့ မြို့လေးဖြစ်တဲ့ပင်းဟိုင်မှာရဲခေါင်းဆောင် Song Hai ကပင်းဟိုင်ရဲ့ဖြစ်သမျှ အမှုတွေကိုဦးဆောင်ရတဲ့သူပေါ့။ တစ်နေ့မှာ ပင်းဟိုင်ဘဏ်ရဲ့ ဘဏ်လုယက်မှုမှာပါဝင်ပတ်သက်သူZhuang Zhi Qiang ကသူ့အဖွဲ့ကိုဦးဆောင်ပြီးဘဏ်ကို လုယက်ခဲ့တယ်။Zhuang Zhi Qiang ဦးဆောင်တဲ့အဖွဲ့က၂ မိနစ်အတွင်းလုယက်မှုကိုအောင်မြင်သွားနိုင်တဲ့အပြင်ရဲတွေလက်ထဲကနေ လွတ်မြောက်နိုင်တဲ့လက်ရဲပြီးရက်စက်တဲ့အဖွဲ့ပေါ့။ဒီလိုနဲ့ အမှုတွေဆက်တိုက်ဖြစ်လာရင်းရဲတွေကသဲလွန်စတွေနဲ့လိုက်လံဖမ်းဆီးတဲ့အခါမှတော့ဘယ်လိုတွေဆက်ဖြစ်လာမလဲ။ဒီကားလေးကတော့ အက်ရှင်ကားကိုမှကြိုက်နှစ်သက်တဲ့လူတွေအတွက်ရင်ခုန်စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားတာကြောင့်ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်...
Mr Loverman (2024) ⭐IMDB: 7.1/10 (537 Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 27 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ နာမည်ကြီးလူမည်းမင်းသားကြီး Lennie James ပါဝင်သရုပ်ဆောင်ထားတဲ့ ထူးထူးခြားခြား BL Series လေး တစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Mr Loverman ဖြစ်ပြီး လက်ရှိ IMDb 7.0 အထိ ရရှိထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းမယ်ဆိုတာကတော့ ငြင်းစရာကိုမရှိပါဘူး။အဓိကကတော့ ငယ်ငယ်လေးကတည်းက အချင်းချင်းစိတ်ဝင်စားလာပြီး နှစ်ပေါင်း ၆၀ ကျော်ချစ်ခင်လာခဲ့ကြတဲ့ ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ကြားကဒရာမာစစ်စစ်ကို မိသားစုအရှုပ်အထွေးတွေနဲ့ရှုစားရမှာပဲဖြစ်ပါတယ်။ အဲ့ဒီယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ဆိုတာကတော့ ဘာရီနဲ့မောရစ်တို့ဖြစ်ပြီး ငယ်ငယ်လေးကတည်းက ၁၅၀၀ အချစ်နဲ့ကြိတ်ပုန်းလေးချစ်လာကြတာ အခုဆိုရင် အသက် ၇၅ နှစ်တောင်ရှိပြီးသားသမီးတွေနဲ့မြေးတွေပါရနေပါပြီ။ ၇၅ နှစ်ဆိုတဲ့အသက်အရွယ်ကသူတို့အမြင်မှာတော့လူ့သက်တမ်းရဲ့ ၄ ပုံ ၃ ပုံကျိုးနေပြီဖြစ်တဲ့အတွက် ကျန်တဲ့ ၄ ပုံ ၁ ပုံကို သူတို့ ချစ်သူနှစ်ယောက်တည်းအတူတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင် လာခဲ့ကြပါတယ်။အဲ့ဒါကြောင့်ဘာရီကမိန်းမဖြစ်သူနဲ့ကွာရှင်းဖို့ ပြောမယ်လို့ဆိုရာကနေဇာတ်လမ်းကစတော့တာပါပဲ။ သူ့မိန်းမကိုပြောဖို့လုပ်လိုက်တိုင်းတခြားပြဿနာတွေတက်လို့တက် သမီးတွေကလည်းတစ်ယောက်တစ်မျိုးစီနဲ့တိုင်ပတ်နေတဲ့အပြင်ကိုမှ သူ့ချစ်သူမောရစ်ကလည်း လက်ထပ်ချင်တယ်လို့ပါပြောလာတဲ့ အခါမှာတော့ ဘာရီတစ်ယောက်ခေါင်းတွေရှုပ်ရင်း မိသားစုနှစ်ခု ကြားကသူတို့ရဲ့အချစ်ခရီးကိုဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ရှုစားရမှာပဲဖြစ်ပါတယ်။...
Camp Crasher (2024) ⭐IMDB: 5.4/10 (587 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Argentina ⏰ 1 နာရီ 35 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပတ်ထရီစီယာဆိုတဲ့ အမျိုးသမီးဟာ ဖခင်ဖြင်သူ သေဆုံးပြီး ခင်ပွန်းနဲ့လည်း ကွာရှင်းပြီးတဲ့အခါ မိမိဘဝထဲ ရာမီရိုဆိုတဲ့ သားလေးတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ အလုပ်နဲ့ သားက လွဲလို့ ဘာမှမသိတဲ့ ပတ်ထရီဟာ သားလေးကို တုန်အောင်ချစ်တဲ့အလျောက် မျက်စိအောက်ကအပျောက်မခံဘဲ သေးသေးလေးကအစ စွက်ဖက်တတ်တဲ့ အမေမျိုးပါ။ ဒီလိုတွေကြောင့် ကျောင်းမှာ မားမားဘွိုင်းလို့ အစခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေး ရာမီကတော့ အမေ့ကို နည်းနည်းမှ ကြည့်မရပါဘူး။ ပုန်ကန်တဲ့အရွယ်လေး ရောက်လာတာကြောင့် ရာမီဟာ တစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ ဖခင်ဆီ သွားနေဖို့ ကြံစည်တော့တယ်။ ရာမီရဲ့အကြံကို တိတ်တခိုးသိသွားတဲ့ ပတ်ထရီဟာ ဘဝကြီးတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး သားလေးကို ဆုံးရှုံးရမှာ အရမ်းကြောက်သွားခဲ့တယ်။ ဒါကြောင့် သူမဟာ အမိုက်စားမေမေဖြစ်တယ်ဆိုတာ ရာမီကို ပြသဖို့အတွက် ရာမီရဲ့ ကျောင်းလေ့လာရေးခရီးမှာ ဒရိုင်ဘာအနေနဲ့ လိုက်လာပါတော့တယ်။ မိဘမေတ္တာကို ဖော်ကျူးတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တဲ့အလျောက် ကြည်နူးစရာ၊ စိတ်ဆိုးစရာ၊ ရယ်စရာတွေကို အလှည့်ကျ ရှူစားရမှာ ဖြစ်ပြီး ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါးကြည့်နိုင်မဲ့ ဇာတ်ကားကောင်း တစ်ပုဒ်ဖြစ်ပါတယ်။...
The House That Never Dies (2014) ⭐IMDB: 4.5/10 (411 Votes) 🎬 #Drama #Horror #Mystery #Romance #Thriller 🗓 2014 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တို့အတွက် ဒီတစ်ခေါက် စိတ်လှုပ်ရှားဖွယ်ရာThe House ThatNever Dies ဆိုတဲ့ ဇာတ်ကားလေးကိုမိတ်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးကိုဘာသာပြန်ရင်းနဲ့မှာ ဇီဝေကောကောလို့မှတ်ကျောက်တင်ကျန်ခဲ့တဲ့ ruby linတစ်ယောက် ဘာလို့Light the Night မှာTony Yang နဲ့ loveline အဖြစ်ပြန်သုံးခဲ့တယ်ဆိုတာ… ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေစပြောရမယ်… အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာသတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာတစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့်ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်… ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့ဆိုနိုင်မယ်… တိုက်တိုက်ဆိုင်ဆိုင်ပါပဲ… ဒီအိမ်ကြီးမှာကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်…ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်…အသံတွေကြားလိုက်… အနီရောင်ဝတ်စုံတွေနဲ့လူတွေပေါ်လာလိုက်… ဒါတွေအပြင်…ခင်ပွန်းသည်ကိုပါ ဖောက်ပြန်နေတယ်လို့အကြိမ်ကြိမ် သံသယဝင်လာပြီးဒီအိမ်ပြောင်းလာပြီးတည်းက လင်မယားနှစ်ဦးမကြာခဏရန်ဖြစ်ပြီး ကွာရှင်းဖို့အထိတွေပါ ဖြစ်လာခဲ့တာပေါ့… ဒီလို သူတို့လင်မယားဇာတ်ကြောင်းက စိတ်ဝင်စားဖို့ကောင်းသလို တစ်ဖက်ကပါးစပ်ရာဇဝင်ထဲက ဟောမိသားစုနဲ့ တျဲယွီ ကြားထဲက အဖြစ်အပျက်ကလည်းနောက်ကြောင်းပြန်တဲ့ အခန်းတွေ တစ်ခန်းပြီးတစ်ခန်းပိုပိုစိတ်ဝင်စားဖို့ကောင်းတယ်. ကဲ သည်းထိတ်ရင်ဖိုမှကြည့်ချင်တဲ့ CM ချစ်ပရိသတ်တို့ကြည့်သင့်နေပြီနော်...
Rescue: HI-Surf (2024) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Action #Adventure #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rescue: HI-Surf (2024) Season 01 IMDb Rating (6.3) / Rotten Tomatoes (50%) ဒီစီးရီးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားပြီး Fox Network ကနေရိုက်ကူးထားတဲ့ စီးရီးအသစ်တစ်ခုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းစုဟာ ပြည်မကြီးရဲ့အနောက်တောင်ဘက် မိုင် ၂၀၀၀ အကွာ ပစိဖိတ်သမုဒ္ဒရာအစပ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဒီပြည်နယ်ထဲမှာရှိတဲ့ကမ်းခြေတွေ၊ ကျွန်းတွေဟာ ခရီးသွားအများအပြားကို ဆွဲဆောင်ကြတဲ့နေရာတွေဖြစ်ပါတယ်။ ဒီထဲမှာမှ မြောက်ပိုင်းကမ်းခြေ အိုဝါဟူကတော့ ကြီးမားတဲ့လှိုင်းလုံးတွေ သာယာတဲ့ကမ်းခြေတွေကြောင့် လူသိများကြပါတယ်။ နွေရာသီဆိုရင်လည်း အပန်းဖြေသူတွေ ရေလွှာလှိုင်းစီးသူတွေနဲ့ပြည့်နှက်နေပြီး ဆောင်းတွင်းဆိုရင်လည်း ရေလွှာလျှောစီး (Surfing) ပြိုင်ပွဲတွေကျင်းပကြပါတယ်။ ကုန်းတွင်းပိုင်းမှာဆိုရင်လည်း သစ်တောသစ်ပင်တွေ တောင်ကုန်းတန်းတွေအပြည့်နဲ့ တောင်တက်ခရီးသွားများအတွက် လည်ပတ်စရာတွေပေါတဲ့နေရာတစ်ခုပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီလိုပျော်စရာတွေနဲ့အပြိုင် အန္တရာယ်တွေလည်းရှိနေပါသေးတယ်။ ကမ်းခြေမှာ ကြီးမားတဲ့လှိုင်းလုံးတွေကြောင့် ခရီးသွားတွေအနေနဲ့ မတော်တဆမှုတွေလည်း ခဏခဏဖြစ်တတ်ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိတတ်တာကြောင့် ဒီလိုကမ်းခြေတွေမှာ ကမ်းခြေစောင့် သက်စောင့် (Lifeguard) အဖွဲ့ဝင်တွေထားပေးရပါတယ်။ ဒီစီးရီးကတော့ ဒီသက်စောင့်တွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့စီးရီးဖြစ်ပါတယ်။ ပင်လယ်ပြင်ရဲ့ မာယာများတဲ့ အန္တရာယ်တွေကြားက သူတို့တွေရဲ့ဘဝတွေ၊ အလုပ်လုပ်ပုံတွေနဲ့ လူ့အသက်ကိုစွန့်စားကယ်တင်ကြပုံတွေကို စိတ်ဝင်စားစရာ ရိုက်ကူးတင်ပြထားတာပါ။ အပူပိုင်းဒေသရဲ့အငွေ့အသက်တွေနဲ့ ပင်လယ်ပြင်က Lifeguard ဒရာမာဇာတ်လမ်းတွေကို နှစ်သက်ရင်တော့ စမ်းကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့Vaderဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB)Quality….WEB-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Action & Adventure, DramaDuration….00:45:00Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Vader ============================================== Season 01 Episode 1 720p –Yoteshin/Gdot/Megaup/Telegram Episode 2 720p –Yoteshin/Gdot/Megaup/Telegram Episode 3 720p –Yoteshin/Gdot/Megaup/Telegram Episode 4 720p –Yoteshin/Gdot/Megaup/Telegram Episode 5 720p –Yoteshin/Gdot/Megaup/Telegram Episode 6 720p –Yoteshin/Gdot/Megaup/Telegram Episode 7 720p –Yoteshin/Gdot/Megaup/Telegram Episode 8 720p –Yoteshin/Gdot/Megaup/Telegram အပတ်စဉ်ဆက်လက်တင်ဆက်ပေးသွားပါမယ်။...
