ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Lawmen: Bass Reeves (2023-2023)
⭐IMDB: 7.6/10 (6 k Votes)
🎬 #Drama #Western
🗓 2023-2023 🎞 tv mini series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 54 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lawmen: Bass Reeves (2023)Lawmen: Bass Reeves (2023)
=====================
IMDb Rating – 7.6/10
History , Drama , Crimeကျွန်ဘဝကနေ လွတ်မြောက်လာပြီး အမေရိကန်ရဲ့ ပထမဆုံး
လူမည်း ရဲအရာရှိဖြစ်လာတဲ့ ဘက်စ်ရိစ်ရဲ့ အကြောင်းကိုရိုက်
ကူးထားတဲ့ western ဇာတ်လမ်းတွဲကောင်းဖြစ်ပါတယ်။ Rating
7.6 နဲ့ အတော်လေးကောင်းပြီး ရှားပါးတဲ့ သမိုင်းနောက်ခံဇာတ်
လမ်းလည်းဖြစ်ပါတယ်။
Your browser does not support the video tag.အမေရိကန်ပြည်တွင်းစစ်ပွဲမှာ ကူတိုက်ခဲ့ပြီး …စစ်ပွဲအပြီး မိမိ
သခင်ကို သတ်ပြီးထွက်ပြေးလာခဲ့တဲ့ လူမည်းကျွန် ဘက်စ်ရိဗ်
ဟာ အင်ဒီးယန်းလူနီတွေရှိရာ အရပ်မှာ ဇာတ်မြှုပ်နေခဲ့ပါတယ်။
တစ်နေ့သူတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်ထဲက လူဖြူအရာရှိ
တစ်ယောက်ကို သံကြိုးတွေနဲ့တွေ့လိုက်ရတာကြောင့် အံ့အား
သင့်ပြီး မေးလိုက်မှ အမေရိကန်သမိုင်းကြောင်းပြောင်းလဲသွား
တာ သူသိလိုက်ရတယ်။ သမ္မတလင်ကွန်းအနိုင်ရသွားပြီး လူမည်း
ကျွန်တွေအားလုံး လွတ်မြောက်ခဲ့ပြီဆိုတာ သိလိုက်တာကြောင့်
သူ့မိန်းမရှိရာ မစ္စစပီ အနောက်ဘက် မြစ်ကမ်းဒေသကို ပြန်လာ
ခဲ့ပါတယ်။ မိန်းမဖြစ်သူနဲ့ ပေါင်းဖက်ပြီးအေးချမ်းတဲ့ ဘဝလေး
ကိုဖြတ်သန်းနေရင်း ဘက်စ်ရဲ့ ဘဝထဲကို အပြောင်းအလဲတွေ
ဝင်လာပါတယ်။ နိုင်ငံကို ပြုပြင်ပြောင်းလဲနေချိန်မှာ ရဲဝန်ထမ်း
လိုအပ်ချက်အရ ဘက်စ်နဲ့ စစ်ပွဲမှာသိခဲ့တဲ့ လူဖြူရဲတစ်ယောက်နဲ့
ရာဇဝတ်ကောင်တွေကိုကူညီလိုက်လံနှိမ်နင်းရင်း ရဲမှူးတစ်ယောက်
ဖြစ်လာပြီး ဘက်စ်ရိဗ်ရဲ့ စွန့်စားခန်းတွေကို ရိုက်ပြထားတဲ့ ဇာတ်
လမ်းကောင်းလေးဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)...
A Murder at the End of the World (2023-2023)
⭐IMDB: 7.2/10 (13 k Votes)
🎬 #Mystery #Drama #Crime #Thriller
🗓 2023-2023 🎞 tv mini series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 42 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Murder at the End of the World (2023)A Murder at the End of the World (2023)
=============================
IMDb Rating 7.7/10ဒါဘီဟာ့တ်ဟာ အပျော်တမ်းလူငယ်စုံထောက် ဟက်ကာတစ်ယောက်ပါ။
အဖေဖြစ်သူက မှုခင်းအရာရှိတစ်ယောက်ဖြစ်လို့ သူဟာ ငယ်ငယ်ကတည်း
က အလောင်းတွေ လူသေမှုတွေနဲ့ မစိမ်းတဲ့လူတစ်ယောက်ပေါ့။ တစ်နေ့
ဒေတာမှတ်တမ်းတွေကို ဟက်ခ်ပြီး ရှာဖွေကြည့်တော့ ဒီလူသေမှုတွေရဲ့ တစ်
ဝက်က မတော်တဆမှုနဲ့ သေဆုံးတာဖြစ်ပြီး ကျန်တစ်ဝက်က မဖြေရှင်းနိုင်တဲ့
လူသတ်မှုတွေဆိုတာ သူသိလိုက်ရတယ်။
Your browser does not support the video tag.ဒီလိုနဲ့ ဒါဘီဟာ ဘီလ်ဆိုတဲ့ အဖော်ကောင်လေးနဲ့အတူ သူပထမဆုံး လိုက်ခဲ့တဲ့
လူသတ်မှုအကြောင်း ” ဆေးလ်ဗားဒိုး” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တယ်။ ဒီစာ
အုပ်ကြောင့် တစ်ရက်မှာ နည်းပညာအရာမှာ ဆရာတစ်ဆူကျတဲ့ အန်ဒီရွန်ဆန်
ဆိုသူဟာ စွန့်ဦးတည်ထွင်သူတွေပါဝင်တဲ့ ခရီးစဉ်တစ်ခုမှာ ဒါဘီ့ကို ပါဝင်ဖို့ ဆက်
သွယ်လာတယ်။ လေးစားအားကျရသူရဲ့ ဖိတ်ခေါ်မှုကြောင့် လိုက်ပါလာတဲ့ ဒီခရီး
စဉ်က သူ့ရဲ့ စုံထောက်ပညာကို တစ်ဖန်ထပ်အသုံးချဖို့ ဖြစ်လာမယ်ဆိုတာတော့
ဒါဘီဟာ့ဒ်တစ်ယောက် မသိခဲ့ပါဘူး ….တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ (၇)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ CMမှ အပတ်စဥ်တင်
ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းကို Act Molemy မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေး
သူများကတော့ Act Molemy, May Thet Khine Soe တို့ ဖြစ်ပါတယ်။)...
Velayudham (2011)
⭐IMDB: 6.1/10 (13 k Votes)
🎬 #Action #Bollywood
🗓 2011 🎞 movie
🌎 #India
⏰ 2 နာရီ 47 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Velayudham 2011 ( IMDb 6.1/10)
ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီးဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက်တင်ဆက်ပေးပါရစေ
ဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကိုဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်…
လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီးကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်…အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ်
နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲသိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ….
ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီးဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ပြန်လည်ကာရှာဖွေတင်ဆက်ပေးလိုက်ပါတယ်
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Heist 88 (2023)
⭐IMDB: 5.3/10 (1 k Votes)
🎬 #Crime #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Crime/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်တွေအပေါ် အခြေခံထားတဲ့ ဒီကားလေးမှာဆိုရင်တော့ မင်းသားကြီး Courtney B. Vance (61st Street) က အဓိကခေါင်းဆောင်ပါဝင်ထားပြီး ၁၉၈၈ ခုနှစ်က ဘဏ်စနစ်တွေရဲ့ လုံခြုံမှုမရှိပုံကို ပုံဖော်ရိုက်ကူးထားတာပါ။
၁၉၈၈ ခုနှစ်တွေတုန်းက ချီကာဂိုရဲ့ဘဏ်စနစ်က အလုံးစုံ ကွန်ပျူတာစနစ်အဖြစ် မပြောင်းလဲရသေးချိန်မှာ ငွေလွှဲပြောင်းမှုတွေကို လေလှိုင်းပေါ်က ဖုန်းခေါ်ဆိုမှုနဲ့ပဲ အတည်ပြုလေ့ရှိပါတယ်။ ကုမ္ပဏီတစ်ခုက ငွေလွှဲချင်တဲ့သူက ကုတ်နံပါတ်တစ်ခုနဲ့ လွှဲချင်တဲ ပမာဏကို ဘဏ်ကိုဖုန်းခေါ်ပြီး ပြောလိုက်ရင် ဘဏ်ကဝန်ထမ်းက အဲဒီကုမ္ပဏီရဲ့တခြားဘဏ္ဍာရေးအရာရှိကို ဖုန်းခေါ်ပြီး ကုတ်နံပါတ်ကို အတည်ပြုခိုင်းပါတယ်။ ဘဏ္ဍာရေးအရာရှိက ကုတ်နံပါတ်ကို အတည်ပြုပေးလိုက်တာနဲ့ လွှဲပြောင်းမှုက အထမြောက်အောင်မြင်သွားပြီဖြစ်လို့ ကုတ်နံပါတ်နဲ့ ဘဏ်ငွေစာရင်းလက်ကျန်ကိုသာ သိရရင် သေချာပေါက် ခိုးထုတ်ဖို့ မခက်ခဲတဲ့ ဘဏ်စနစ်ရဲ့ ယိုယွင်းမှုလို့ ဆိုရမလိုပါပဲ။
ဂျယ်ရမီဟောန်က လိမ်လည်မှုတွေမှာ ကျွမ်းကျင်တဲ့ ကြိုးကိုင်သူဖြစ်ပြီး ဘယ်သူ့ကို ဘယ်လိုခိုင်းရမယ်၊ ဘယ်နေရာကို ဘယ်လိုလိမ်ရမယ်ဆိုတာ အကွက်ကျကျ စီစဉ်တတ်သူပါ။ အဲဒီလို ကြိုးကိုင်သူဆရာကြီး ဂျယ်ရမီဟောန်တစ်ယောက် သူ့တူလေးရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားပေးရင်း အမှတ်မထင်ဘဲ သူ့တူလေးက ဘဏ်မှာလုပ်တဲ့ မိတ်ဆွေတွေနဲ့ သိကျွမ်းကြောင်း သိရှိသွားခဲ့ပါတယ်။ ဘဏ်စနစ်ရဲ့ ချို့ယွင်းချက်တွေကို ကောင်းကောင်းနားလည်ထားတဲ့ ဂျယ်ရမီဟောန်က သူ့တူရဲ့မိတ်ဆွေတွေကို စည်းရုံးပြီး ကုမ္ပဏီတွေက ပိုက်ဆံတွေကို ဘဏ်ကနေတစ်ဆင့် ခိုးထုတ် လွှဲပြောင်းဖို့ ကြံစည်ပါတော့တယ်။ ဘဏ်စနစ်မှာ အားနည်းချက်ရှိတာမှန်ပေမဲ့ တကယ်တမ်း ခိုးထုတ်ဖို့ကြံစည်တဲ့အခါမှာတော့ ထင်သလောက်မလွယ်ကူဘဲ ခက်ခဲမှုတွေရှိနေခဲ့တာမို့ ဂျယ်ရမီဟောန်နဲ့ သူ့အဖွဲ့က အဲဒီအခက်အခဲတွေ၊ အတားအဆီးတွေကို အောင်မြင်အောင် ဖြတ်ကျော်ပြီး ငွေတွေကို အောင်အောင်မြင်မြင် လှည့်ထုတ်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...
Cabin Fever 2: Spring Fever (2009)
⭐TMDB: 45.0% User Score
🎬 #Horror
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cabin fever 2 မှာဆိုရင်လည်း Cabin fever series တို့ရဲ့ ထုံးစံအတိုင်း ကူးစက်ရောဂါ ကူးစက်မှုအပေါ်ဇာတ်လမ်းအခြေတည်၍ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
အထက်တန်းကျောင်းပြီးဆုံးခါနီးမှာ အထက်တန်းကျောင်းသားတိုင်း ကိုယ်စီအတွဲများနှင့် ရင်ခုန်စွာတက်ရောက်ရတဲ့အထက်တန်းကျောင်း အိမ်မက်ဖြစ်တဲ့ကျောင်းကပွဲကို ကူးစက်ရောဂါကျရောက်လာပြီးနောက်မှာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဒီအိမ်မက်ဆိုးရောဂါကြီးကရော ဘာရောဂါလဲ၊ ဘယ်သူတွေအသက်ရှင်လွတ်မြောက်နိုင်မလဲကို စောင့်စားကြည့်ရှူရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
Midnight Son (2011)
⭐IMDB: 5.8/10 (2 k Votes)
🎬 #Horror #Drama #Action
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Midnight Sun ဆိုတဲ့နေရောင်နဲ့ ထိတွေ့လို့မရတဲ့ကောင်မလေးရဲ့
အချစ်ဇာတ်လမ်းကိုရိုက်ထားတဲ့ ရုပ်ရှင်ကိုတော့တော်တော်များများ
ကြည့်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Midnight Son ဆိုတဲ့
ဇာတ်ကားကတော့ နာမည်ချင်းဆင်သလို ဒီကားထဲကမင်းသားကလည်း
နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါပေမယ့် ဒီကားကအချစ်ဇာတ်လမ်းဆိုတာထက်
နည်းနည်း Dark ပိုဖြစ်တဲ့သွေးထွက်သံယိုတွေ သည်းထိပ်ရင်ဖိုတွေဖက်
သွားပါတယ်။IMDb မှာ Rating 5.8 ရထားပြီး အဲ့လိုထူးထူးဆန်းဆန်း
လူတွေအကြောင်းကြည့်ချင်တဲ့လူတွေအတွက်တော့ ကြည့်လို့ကောင်းမှာပဲ
ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း***************
ဂျေကော့ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းဖြူဖတ်ဖြူရော်
ဖြစ်နေပြီး သူ့မှာသွေးအားနည်းတတ်တဲ့ရောဂါရှိပါတယ်။အဲ့ဒီအပြင်ကိုမှ
သူ့အရေပြားက မူမမှန်တဲ့အတွက် နေရောင်နဲ့ထိရင်အလွယ်တကူ လောင်
ကျွမ်းတတ်ပါတယ်။ဒီတော့တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ညဘက်မှာလုံခြုံရေး
အဖြစ် အလုပ်လုပ်ရင်းအသက်မွေးနေပါတော့တယ်။တစ်နေ့မှာ ညဘက်
လျှောက်သွားရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူငယ်ချင်းတွေ
ဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းဂျေကော့ဘ်ရဲ့ ကျန်းမာရေးက ဆိုးသထက်
ပိုဆိုးလာပြီး ကြံရာမရဖြစ်နေတဲ့အချိန်မှာ လူသွေးသောက်ကြည့်ဖို့ဆုံးဖြတ်ခဲ့
ပါတော့တယ်။ထူးဆန်းစွာနဲ့ပဲ လူသွေးသောက်ပြီးသက်သာသွားတဲ့အတွက်
နောက်ပိုင်း ရဖို့ခက်ခဲတဲ့လူသွေးတွေကို အဆက်မပြတ်လိုလာတဲ့အခါမှာ
ဂျေကော့ဘ်တစ်ယောက်ဘယ်လိုကြံဖန်ပြီးတော့ ဘယ်လိုနောက်ဆက်တွဲတွေ
ဖြစ်လာမယ်ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။...
Craving (2023)
⭐IMDB: 5.1/10 (3 k Votes)
🎬 #Crime #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။
သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။...
Fights Break Sphere 2 (2023)
⭐TMDB: 90.0% User Score
🎬 #Action #Drama #Fantasy
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 27 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အရင်တစ်ခေါက်က မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားလေး အဆက်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
အပိုင်း ၁ ကိုတော့ ဒီမှာကြည့်ပါ
ဒီဇာတ်လမ်းမှာဆို ရှောင်းယန်းလေး အစွမ်းတွေပြန်ရလာပေမယ့်အမေ့ကို လက်စားချေဖို့ လိုအပ်တဲ့ စွမ်းအားတွေကဆက်စုဖို့သဲကန္တာရထဲ ခရီးဆက်ခဲ့တဲ့ အကြောင်းလေးကို အခြေခံရီုက်ကူးထားတာပေါ့…
တစ်ချိန်တည်းမှာပဲ အရင်အပိုင်းက မြေခွေးခေါင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်က ဘယ်လိုပုံစံနဲ့ ပေါ်လာမှာလဲ..နောက်ပြီးတော့ သဲကန္တာရထဲ ခရီးနှင်ရင်း သူလိုချင်တဲ့မီးတောက်အစွမ်းကို အဆုံးသတ်မှာ ရမှာတော့ သေချာတာပေါ့…
ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ…သဲကန္တာရထဲ ဘာနဲ့ ဆုံဦးမှာလဲ…ဒီတစ်ခေါက်ရော ဘယ်အဖွဲ့နဲ့ ဆုံဦးမှာလဲ…ဒီအပိုင်းမှာရောသူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား…ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်...
Echelon Conspiracy (2009)
⭐IMDB: 5.7/10 (20 k Votes)
🎬 #Action #Thriller #Crime
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)ရဲ့ လျှို့ဝှက်ဖိုင်တွေနဲ့ သူလျှိုအရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်လှမ်းမှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်အော်သောင်းတင်းဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုးဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုးအစားဖြစ်ပြီး နောက်လေးနှစ်အကြာမှာ စနိုးဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့ထောက်လှမ်းမှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူးယဥ်ဖော်ပြထားတာတွေ့ရပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ မက်စ်ပီတာဆန်က ကွန်ပျူတာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်မှာ အလုပ်ကိစ္စနဲ့ ခေတ္တနေထိုင်စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင် အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်ထပ် message ဝင်လာပါတယ်။ စတော့ရှယ်ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာခင် 300% ကျော်အထိထိုးတက်သွားပါတယ်။
ထို့နောက်မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို ချက်နိုင်ငံ ပရဂ်မြို့ကိုသွားပြီး လောင်းကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလိုနဲ့ မက်စ်တစ်ယောက် အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေးတဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ ဘာကြောင့်အရာအားလုံးကိုသိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်စ်တစ်ယောက်အဖြေရှာရတော့မှာဖြစ်ပါတယ်။
ဇာတ်လမ်းက အက်ရှင် Thriller နဲ့ Sci-fi အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်အိမ်သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်ခန်း သိပ်မပါဘဲ စုံထောက်ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်။ Action Thriller ပရိတ်သတ်တွေ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကားမျိုးပါ။...
Ink (2009)
⭐IMDB: 6.8/10 (22 k Votes)
🎬 #Action #Fantasy #Drama #SciFi
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ Ink (2009) ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလေးကတော့
နေ့အချိန်လွန်ပြီး ညအိပ်ချိန်ရောက်တဲ့အခါမှာ အဖွဲ့နှစ်ဖွဲ့ပေါ်ထွက်လာပါတယ် သူတို့တွေကို မမြင်ရပေမဲ့ သူတို့ဟာ ကျွန်ုပ်တို့အိပ်နေတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ဝိဥာဥ်တွေကို အိပ်မက်တွေထဲမှာ တိုက်ပွဲဝင်ခိုင်းနိုင်တဲ့စွမ်းအင်တွေရှိကြပါတယ် တစ်ဖွဲ့က ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်တွေ ခွန်အားတွေနဲ့ပက်သက်ပြီး အိပ်မက်ကောင်းတွေမက်စေတဲ့ အဖွဲ့ပါ သူတို့တွေကိုတော့ ပုံပြင်ပြောသူလို့ခေါ်ပါတယ်နောက်တစ်ဖွဲ့ကတော့ ကျွန်ုပ်တို့ရဲ့စိတ်ဖိစီးမှုတွေ အကြောက်တရားတွေကို အိပ်မက်ဆိုးအဖြစ်မက်အောင်လုပ်တဲ့သူတွေပါ သူတို့က ထမင်းလုံးတစ္ဆေဆိုသလိုမျိုးမိစ္ဆာတွေပါ
တနေ့မှာ အမ်မာဆိုတဲ့ကောင်မလေးရဲ့ဝိဥာဥ်ကို အင့်ခ်လို့ခေါ်တဲ့သူက ခိုးယူသွားပြီး ထမင်းလုံးတစ္ဆေအဖွဲ့ထဲဝင်ခွင့်ရဖို့အတွက် အပေးအယူအနေနဲ့လဲလှယ်ဖို့လုပ်ပါတယ် အမ်မာရဲ့ဖခင်ဖြစ်သူ ဂျွန်ဆီကိုလည်း ထမင်းလုံးတစ္ဆေတစ်ကောင်က နောက်ကနေအရိပ်လိုလိုက်နေပါတယ် ဒီအခါမှာ ပုံပြင်ပြောသူတွေလို့ခေါ်တဲ့ အိပ်မက်ကောင်းမက်အောက်လုပ်ပေးရတဲ့သူတွေအဖွဲ့က ဖမ်းခေါ်သွားခံရတဲ့ ကလေးမလေးအမ်မာကို ပြန်ရအောင်လိုက်ကယ်ရပါတော့တယ်...
Fog City (2023)
⭐IMDB: 3.1/10 (232 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Georgia က ဥစ္စာပေါ ရုပ်ချောတဲ့ အပြင် သူ့အဖေကလည်း Paigeဆိုတဲ့ စက်ရုံကြီးပိုင်ပါတယ်။ အဲ့စက်ရုံက ထူးဆန်းတဲ့ ဓာတ်ငွေ့တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ ကောလဟာလလည်း ပြန့်နေပါတယ်။ အဲ့ဒါကြောင့် Georgia ကို အားလုံးက Poison Paige လို့ နာမည်ပြောင်ပေးထားကြတာပါ။ တစ်ရက်မှာ Georgiaနဲ့ အတူ သူ့ကောင်လေး JK သူ့သူငယ်ချင်း Reegan တို့အပါအဝင် သူငယ်ချင်း အုပ်စုလိုက်က မြို့နဲ့ ခပ်လှမ်းလှမ်းက Georgia တို့စက်ရုံနဲ့ နီးတဲ့ Reeganရဲ့ ဦးလေး အပန်းဖြေအိမ်မှာ တစ်ပါတ်လောက် သောက်စားအပန်းဖြေဖို့ ထွက်ခဲ့ကြပါတယ်။
သူတို့ အပန်းဖြေအိမ်ဘက်ကို စက်ရုံဘက်က လာတဲ့ မြူခိုး အစုအငွေ့ကြီးက ဦးတည်လာနေပါတယ်။ အားလုံးရဲ့ ဖုန်းတွေကလည်း လိုင်းမမိတော့ပါဘူး။ ထူးဆန်းတဲ့ ဥသြသံကြီးလည်း ကြားနေရပါတယ်။ Georgia ကိုယ်တိုင်လည်း ဒါက ဘာကြောင့်ဖြစ်လဲ မသိပါဘူး။ ဒါပေမယ့် ကောင်းတဲ့ အငွေ့မဟုတ်မှန်းတော့ သိနေပါတယ်။ သူငယ်ချင်းတစ်စု အတူတူ အသက်ရှင်ဖို့ကြိုးစားကြရင်း ဘယ်လိုတွေ အကျည်းတန်တာတွေနဲ့ ကြုံရမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။...
Dragons of Wonderhatch (2023- )
⭐IMDB: 7.4/10 (36 Votes)
🎬 #Action #Adventure #SciFi #Fantasy #Animation #Drama
🗓 2023- 🎞 tv series
🌎 #Japan
⏰ 33 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dragons of Wonderhatch (2023)Dragons of Wonderhatch (2023) Ongoing
Your browser does not support the video tag.~ IMDb – 7.2/10, MyDramaList – 7.7/10 ~ Mackenyu ရဲ့ နောက်ဆုံးထွက် ဒစ္စနေးပလက် ဂျပန်ဇာတ်လမ်းတွဲအသစ်ပါ။ ဇာတ်လမ်းလည်းဆန်းသလို တင်ဆက်ပုံကလည်း အန်နီမေးရှင်းတစ်ဝက်ရောပြီး တင်ဆက်ထားတာမို့ အင်တာမှာတော့ လူကြိုက်များနေပါတယ်။ ဇာတ်လမ်းက ကမ္ဘာနှစ်ခုမှာတည်ထားတယ်။ တစ်ခုက ကျွန်တော်တို့ကမ္ဘာ။ နောက်တစ်ခုကတော့ နဂါးတွေရှိတဲ့ကမ္ဘာ။ ကျွန်တော်တို့ကမ္ဘာဘက်ကို ပြတာကတော့ ကျောင်းဒရာမာဆန်ဆန်လေး ပြထားတယ်။ ဒီကမ္ဘာဘက်က အဓိကဇာတ်ကောင်ကလည်း ကျောင်းသူကိုး။ သူ့အမေက မန်ဂါဇာတ်လမ်းတွေရေးတဲ့ စာရေးဆရာမ။ ဇာတ်လမ်းစစမှာတင် ကောင်မလေးက စာမေးပွဲဖြေနေရင်း စာသင်ခန်းထဲ ရုတ်တရက်ကြီး မေ့လဲသွားတယ်။ ကျောင်းဆေးပေးခန်းရောက်သွားတယ်။ အဲဒီမှာပဲ သူမေ့လဲသွားတဲ့အချိန် သူ့စိတ်ကူးထဲမြင်နေရတဲ့ ကမ္ဘာကို ဆက်ပြတယ်။ ဒီဘက်ကမ္ဘာကိုတော့ လူတွေနဲ့ ရိုက်ပြရင် စီဂျီအိုင်ဖိုးနဲ့ မွဲမစိုးလို့လား ဒါမှမဟုတ် ပုံစံသစ်နဲ့ပြချင်လို့ပဲလားမသိ။ ဒီဘက်ကမ္ဘာကိုရောက်သွားရင် အန်နီမေးရှင်းနဲ့ပြောင်းပြတယ်။ ဒီဘက်ကမ္ဘာက ပျက်တော့မယ့်လုဆဲဆဲကမ္ဘာ။ ကမ္ဘာကိုဖျက်နေတဲ့ ဗီလိန်ရှိတယ်။ သူ့ကိုတားမယ့် သူရဲကောင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ အားမမျှတော့ နိုင်တော့မနိုင်နေဘူး။ အဲဒီသူရဲကောင်းတွေက နဂါးစီးသူရဲကောင်းတွေ။ ဒီလိုနဂါးကို စီးနိုင်ဖို့ဆိုတာကလည်း သာမန်လူတွေမကြားရတဲ့ နဂါးရဲ့အသံကို ကြားနိုင်တဲ့လူတွေဖြစ်ဖို့လိုတယ်။ အဲဒီကမ္ဘာရဲ့ သူရဲကောင်းတွေထဲက အတော်ဆုံးက အက်သာ။ အားလုံးက သူ့ကို သူတို့ကမ္ဘာကိုကယ်တင်နိုင်မယ့် မျှော်လင့်ချက်လို့မြင်ကြတယ်။ အက်သာရဲ့သူငယ်ချင်း သိမ်းကတော့ စီးတဲ့နဂါးကလည်း ပေါက်စလေး။ သူကလည်း နဂါးရဲ့အသံကိုမကြားရဘူး။ သူ့ကို အက်သာ ကယ်ရတာလည်း ခဏခဏပဲ။ ဒီလိုနဲ့ သိမ်းကိုကယ်ရင်း အက်သာက ဗီလိန်အစွမ်းနဲ့မိပြီး ဒီဘက်ကမ္ဘာကိုရောက်လာတယ်။ နိမိတ်တွေအရလည်း သူတို့ကမ္ဘာကို ကယ်တင်နိုင်တဲ့အရာက သူတို့ကမ္ဘာအပြင်ဘက်မှာရှိနေတာဆိုတော့ အက်သာဒီကိုရောက်လာတာက အကြောင်းမဲ့တော့မဟုတ်တန်ဘူး။ ဒီဘက်ကမ္ဘာက စာရေးဆရာမသမီး ကောင်မလေးကလည်း သူမေ့လဲနေတာတွေက သူ့အမေ စာရေးဆရာမ မသေခင် ဖြစ်ခဲ့တဲ့လက္ခဏာတွေဆိုတာ သိလာတယ်။ ဒီလိုနဲ့ ကမ္ဘာနှစ်ခုကို ပေါင်းကူးထားတဲ့ ကောင်မလေးရယ်။ ကမ္ဘာမှား ရောက်လာကြသူတွေရယ် ဆုံတွေ့ပြီး ဘယ်ကမ္ဘာမှာ ဘာတွေဆက်ဖြစ်ဦးမလဲ လတ်တလောတော့ မသိနိုင်သေးပေမဲ့ ဆက်စောင့်ကြည့်ရမယ့် စီးရီးကောင်းပါပဲ။ ဇာတ်လမ်းရဲ့ အန်နမဲဘက်ခြမ်းက အန်နမဲဆန်သလို ဒီကမ္ဘာဘက်က ဇာတ်လမ်းမှာလည်း ဟိုဘက်ကကောင်တွေပါလာတော့ စီဂျီအိုင်တွေသုံးပြီး နဂါးတွေဘာတွေထည့်ကြဦးမှာမို့လို့ LA အရသာကိုရော Anime အရသာကိုရော တစ်ပေါင်းတည်းပေးမယ့် ဂျပန်ဇာတ်လမ်းတွဲအသစ်ပါပဲ။ မန်ဂါတို့ အန်နမဲတို့ကို LA ပြန်ရိုက်တာတော့မဟုတ်ပါဘူး။ သူ့ကိုယ်ပိုင်ဇာတ်လမ်းကို ဒီလိုပုံနဲ့ပြထားတာပါပဲ။ အန်နမဲကမ္ဘာရဲ့ Final Fantasy ဆန်ဆန် စွန့်စားခန်းဇာတ်လမ်းကို ဒီဘက်ကမ္ဘာက လူတွေနဲ့ ဘယ်လိုချိတ်ဆက်ပြမလဲ နောက်ထပ်အပိုင်းတွေမှာ မြင်ရဦးမှာပါ။ စုစုပေါင်း ၈ပိုင်းထွက်သွားမှာပါ။ စွန့်စားခန်းဇာတ်လမ်းတွေ တောင့်တနေတဲ့လူတွေအတွက်တော့ ရွှေဖြစ်ပါလိမ့်မယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)...
The Adventures (2023)
⭐TMDB: 0.0% User Score
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #Thailand
⏰ 2 နာရီ 23 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Adventures (2023) (အညွှန်း)========================
My Ambulance နဲ့ Happy Old Year တို့လို ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့တဲ့မင်းသား Sunny Suwanmethanont နဲ့ မင်းသမီးချောလေး Chacha Matcha Mosimann တို့ရဲ့ rom-com ကားသစ်လေး ရပါပြီ။
ကုမ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်တဲ့ အတွင်းရေးမှူးမလေး “Joe” ကစွန့်စားခန်းဝတ္ထုတွေဖတ်ရတာ စွန့်စားခရီးသွားရှိုးတွေကြည့်ရတာကို ကြိုက်နှစ်သက်ပြီးလက်တွေ့ဘဝနဲ့မတူဘဲ သူ့ဘဝကိုဝတ္ထုဆန်ဆန်စွန့်စွန့်စားစားနေချင်တဲ့အိပ်မက်ရှိသူတစ်ယောက်ပါ။တစ်ဖက်မှာလည်း “Ricky” က သူဌေးတွေကို ရှေးဟောင်းပစ္စည်းတွေပြန်ရောင်းတဲ့အလုပ်နဲ့အသက်မွေးနေသူတစ်ယောက်ပေါ့။
ဒီလိုနဲ့တစ်နေ့မှာ “Joe” တစ်ယောက် သူဌေးဖြစ်သူနဲ့အတူ ရှန်ဟိုင်းကို အလုပ်ကိစ္စခရီးသွားဖို့ဖြစ်လာပါတော့တယ်။ရှန်ဟိုင်းတစ်ခွင်လျှောက်လည်ရင်း ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ ထူးဆန်းတဲ့ရုပ်တုလေးနှစ်ရုပ်ကိုမျက်စိကျသွားရာကနေ “Ricky” တွေ့ဖို့အကြောင်းဖန်လာတာပေါ့။စစတွေ့ချင်းမှာပဲ မပြေလည်မှုနဲ့စလာတဲ့ သူတို့ရဲ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်သွားမလဲ ..ဘာတွေလွဲဦး ခွီရဦးမလဲဆိုတာကိုကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
အညွှန်းကိုတော့Lai Laiiက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့CM Thai Teamပဲ ဖြစ်ပါတယ်။...
Unexpected Grace (2023)
⭐IMDB: 7.4/10 (599 Votes)
🎬 #Drama #TVMovie #Romance
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Unexpected Grace (2023)
~ IMDb – 7.4/10, Rotten Tomatoes – 83% ~
ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ 2023 မှာထွက်ရှိထားပြီး Rating လည်းကောင်းတဲ့ Healing ဒရာမာကောင်းလေး The Unexpected Grace ပဲဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
လွန်ခဲ့တဲ့နှစ်နှစ်က သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး အိမ်ထောင်ရေးမှာပါ အဆင်မပြေဖြစ်ခဲ့ရတဲ့ နိုအဲတစ်ယောက် သမီးမဆုံးခင် သူငယ်ချင်းရှာတဲ့စာနဲ့အတူ လွှတ်တင်လိုက်တဲ့ပူဖောင်းလေးကို ကောင်မလေးတစ်ယောက်က တွေ့သွားပြီးဆက်သွယ်လာတဲ့အခါ…
အဖေဖြစ်သူရဲ့အလုပ်ကြောင့် ခဏခဏမြို့ပြောင်းနေရာကနေ သူငယ်ချင်းမရှိလို့ စိတ်ညစ်နေတဲ့ ဂရေ့စ်တစ်ယောက် တစ်နေ့ တိုနီဆိုတဲ့ကောင်မလေးသူငယ်ချင်းရှာထားတဲ့ ပူဖောင်းလေးကိုတွေ့သွားပြီး သူငယ်ချင်းရမယ်အထင်နဲ့ဆက်သွယ်ကြည့်လိုက်တဲ့အခါ…
သမီးကသာ သူ့ဘဝ သမီးတစ်ယောက်ကိုသာစိတ်ထဲထားပြီး အလုပ်တွေကြိုးစားနေတဲ့ဂျက်တစ်ယောက် တစ်နေ့ သမီးပျောက်လို့လိုက်ရှာရင်း သမီးရဲ့သူငယ်ချင်းဖြစ်သူက နိုအဲမှန်းသိသွားတဲ့အခါ…
သူတို့သုံးယောက်ကြား ခံစားချက်တွေ ဝမ်းနည်းစရာတွေ အတိတ်ကဒဏ်ရာတွေကို တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီဖြေရှင်းရမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Do Unto Others (2023)
⭐IMDB: 6.4/10 (181 Votes)
🎬 #Drama #Mystery #Crime
🗓 2023 🎞 movie
🌎 #Japan
⏰ 1 နာရီ 55 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lost CareakaDo Unto Others (2023)
~ IMDb – 6.4/10, MyDramaList – 7.7/10 ~
“သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”–ရှင်မဿဲခရစ်ဝင် ၇:၁၂
ယာဂါဘိုးဘွားကူညီစောင့်ရှောက်ရေးစင်တာ (Yaga Care Center) မှာ အလုပ်လုပ်နေတဲ့ ရှီဘမူနဲနိုရီ (Shiba Munenori) က ဘိုးဘွားတွေကို အိမ်တိုင်ရာရောက် ကူညီစောင့်ရှောက်ပေးနေတဲ့သူ။ ဘိုးဘွားတိုင်းအပေါ် သူ့မိဘလိုသဘောထားပြီး ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံပေးနေလို့ တစ်စင်တာလုံးက လေးစားအားကျနေရတဲ့သူ။ တစ်နေ့ သူတို့စင်တာက ကူညီစောင့်ရှောက်ပေးနေရတဲ့ အုမဲဒါကန်တာရို (Umeda Kantaro) ဆိုတဲ့ အဘိုးတစ်ယောက်ရဲ့အိမ်မှာ စင်တာမှူးဖြစ်တဲ့ ဒန်မိုတိုဟာရု (Dan Motoharu) ကို သေဆုံးလျက်သား ရှာတွေ့ခဲ့တဲ့အပြင် အုမဲဒါကန်တာရိုလည်း သေဆုံးနေပါတယ်။ သူတို့သေဆုံးမှုက လူသတ်မှုလား မတော်တဆသေဆုံးမှုလား ဆိုတာ သိရှိရဖို့ ရှေ့နေမလေး အိုတိုမို (Otomo) က လိုက်စုံစမ်းစစ်ဆေးတော့ ကြင်နာစိတ်အပြည့် စေတနာအပြည့်နဲ့ ဘိုးဘွားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရှီဘမူနဲနိုရီက သံသယအရှိဆုံးလူဖြစ်နေကြောင်း သိသွားရတဲ့အခါ…
၂၀၁၃ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Aki Hamanaka ရဲ့ Lost Care ကို ဒီနှစ်အတွင်းမှာ ဒါရိုက်တာ Tetsu Maeda က ဒီနာမည်နဲ့ပဲ ရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ L မင်းသားကြီး Kenichi Matsuyama က ဘိုးဘွားတွေကိုပြုစုစောင့်ရှောက်ရတဲ့ ကြင်နာစိတ်အပြည့်ရှိ အကူဝန်ထမ်းအဖြစ်သရုပ်ဆောင်ပြီး Kingdom Live Action Movies တွေမှာ တောင်တန်းဘုရင်မ Youtanwa အဖြစ် သရုပ်ဆောင်တဲ့ Masami Nagasawa က ဒီကားထဲမှာတော့ ရှေ့နေမလေးအနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
Lost Care ဇာတ်ကားမှာ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတဲ့အလုပ် Kaigo -Caregiving- (ကိုင်းဂို့)၊ ပြုစုစောင့်ရှောက်ပေးရသူ(အကူ) Kaigoshi – Carer- (ကိုင်းဂို့ရှီ) စတဲ့ စကားလုံးတွေကို ခဏခဏကြားနေရမှာဖြစ်ပြီး အဲဒီအလုပ်ရဲ့တာဝန်ကို တစ်စိတ်တစ်ပိုင်း မြင်ရမှာဖြစ်သလို အဲဒီအလုပ်ကိုလုပ်နေသူတွေရဲ့ခံစားချက်ကိုလည်း သရုပ်ဆောင်တွေရဲ့ ဒိုင်ယာလော့ကနေ သိရှိရမှာပါ။
ဒီဇာတ်ကားကိုကြည့်ပြီးရင် ကိုယ့်ပတ်ဝန်းကျင်အနားက ပြုစုစောင့်ရှောက်ခံရဖို့ လိုအပ်နေကြတဲ့ သက်ကြီးရွယ်အိုတွေ၊ သက်ဆိုင်ရာမိသားစုဝင်တွေက ပြုစုစောင့်ရှောက်ပေးနေတဲ့ သက်ကြီးရွယ်အိုတွေကို သွားမြင်ယောင်ကြမှာဖြစ်ပြီး ရှီဘမူနဲနိုရီရဲ့ခံစားချက်တွေနဲ့ လုပ်ရပ်တွေကို နားလည်သဘောတူသလို ဖြစ်လာနိုင်ပေမဲ့ အဲဒါတွေဟာ လူသားစံနှုန်းအရရော ဥပဒေအရရော ခွင့်ပြုမထားတဲ့အရာတွေသာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...
Thuppakki (2012)
⭐IMDB: 8.1/10 (37 k Votes)
🎬 #Action #Bollywood #Thriller
🗓 2012 🎞 movie
🌎 #India
⏰ 2 နာရီ 50 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thuppakki (2012) “ပစ်မှတ်”IMDb – 8.1/10
ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသားဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါ
ဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲမိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါးကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ဒါက ဒရာမာတဖြတ်။တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေမီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။(အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ Zwe ~ Alex ~ BpL ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Replacing Chef Chico (2023-2023)
⭐IMDB: 6.7/10 (234 Votes)
🎬 #Drama #Romance
🗓 2023-2023 🎞 tv series
🌎 #Philippines
⏰ 35 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Replacing Chef Chico (2023)Replacing Chef Chico (2023) “ဟင်းပွဲတွေကြားက ချစ်ပုံပြင်”
IMDb 6.6/10ဖိလစ်ပိုင်ရဲ့ ပထမဆုံး Netflix အော်ရဂျင်နယ်စီးရီးလေး လာပါပြီ…
နက်ဖလစ် ထုံးစံအတိုင်း ရိုမန့်တစ်ဆန်မယ်… အရောင်အသွေးစုံပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ်… ကိုကိုမမတို့အကြိုက်ပေါ့
Your browser does not support the video tag.ဇာတ်လမ်းလေးကတော့ “ဟိုင်” ဆိုတဲ့ fine dining စားသောက်ဆိုင်ကို အခြေတည်ထားတာဖြစ်ပါတယ်
“ဟိုင်” ဟာ နာမည်ကြီးခဲ့တယ်
အထူးဧည့်သည်တော်တွေရဲ့ အကြိုက် နောက်ခံဘဝ အကြောင်းတွေ အထိ စုံစမ်းမေးမြန်းပြီးမှ အကောင်းဆုံး ဝန်ဆောင်မှု
အတွေ့အကြုံခံစားရအောင် ဧည့်ခံတာမျိုး
ဒါပေမဲ့ နောက်ပိုင်းမှာ “ဟိုင်” ဟာ တစ်စတစ်စ နိမ့်ပါးလာတယ်… မဂ္ဂဇင်းတွေရဲ့ Top Ten စာရင်းမှာ မပါလာတော့ဘူး…
“ဟိုင်” ရဲ့ပိုင်ရှင် အစားအသောက်ပညာရပ်မှာ ဘဝကို မြှုပ်နှံထားတဲ့ စားဖိုမှူးချီကို တစ်ယောက် အကျပ်ရိုက်ပြီ
သူ့ရဲ့ အဖေကလည်း အချိန် ၆ လ ရာဇသံပေးထားတယ်… ၆ လပြည့်လို့မှ စားသောက်ဆိုင် ခေါင်းပြန်မထောင်နိုင်ရင်
ဆိုင်ကို ပိတ်သိမ်းပြီး တခြားစီးပွားရေး ပြောင်းဖွင့်မယ်လို့ ခြိမ်းခြောက်တယ်ချီကိုက သိပ်ကို ခေါင်းမာတယ် ဖြစ်ချင်ဇောများတယ်.. ဝန်ထမ်းတွေကလည်း ကြောက်ရတယ်
ချီကို့ကို အမြဲအားပေးပြီး သူ့ဘက်မှာ အမြဲတမ်းရှိနေတာကတော့ ဆိုင်ရဲ့ လက်ထောက်စားဖိုမှူးဖြစ်တဲ့ အယ်လာ ဆိုတဲ့ မိန်းကလေးပဲဖြစ်ချင်တော့ ချီကိုနဲ့ အယ်လာတို့နှစ်ယောက် ကြိုက်သွားကြတဲ့နေ့မှာပဲ ချီကို ကားအက်ဆီးဒင့်ဖြစ်ပြီး
အယ်လာတစ်ယောက် မမျှော်လင့်ပဲ ချီကို့ရာထူးဖြစ်တဲ့ စားဖိုမှူးခေါင်းဆောင်နေရာကို တာဝန်ယူရပါတော့တယ်အယ်လာ တစ်ယောက် ချီကိုရဲ့ အိပ်မက်ကို ဆက်ပြီး အကောင်အထည်ဖော်သွားနိုင်မှာလား…
အခက်အခဲတွေကို ဘယ်လို တာဝန်ဆက်ယူမလဲဆိုတာကိုတော့ ဒီဇင်ဘာပိတ်ရက်မှာ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်)...
Haslers (2023)
⭐IMDB: 4.8/10 (27 Votes)
🎬 #Adult #Drama #Romance #Thriller
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 48 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Haslers (2023)
သီယာ၊ ချက်စ်ကာ၊ ဟေဇယ် နဲ့ ဆိုဖီယာတို့ဟာ အခြေခံလူ့အလွှာ၊ ဆိုးဝါးတဲ့ငယ်ဘဝတို့ကပေါက်ဖွားလာခဲ့ပြီး အခုချိန်မှာ အလုပ်တစ်ဖက်နဲ့ကျောင်းတက်ရင်း ဆင်းရဲတွင်းကလွတ်မြောက်ဖို့ ကြိုးစားနေကြတဲ့သူငယ်ချင်းလေးယောက်ပါ။
ဟေဇယ်တစ်ယောက်က ကျောင်းတက်ရင်း မူးယစ်ဆေးဖြန့်သလို အဆက်အသွယ်ကောင်း၊ပေါက်ရောက်တဲ့အတွက် ကျန်တဲ့သူငယ်ချင်းတွေ အကူအညီလိုတိုင်း ချိတ်ဆက်ပေးတာတွေလုပ်ပေးပါတယ်။ တစ်ကြိမ်မှာတော့ သူချိတ်ဆက်ပေးလိုက်တဲ့ အလုပ်တစ်ခုကြောင့် ချက်စ်ကာတစ်ယောက် ဒုက္ခရောက်တော့မယ့်အချိန်မှာ သူတို့သူငယ်ချင်းတွေအားလုံး လူကြီးသားတစ်ယောက်ရဲ့ပါတီမှာ အဲဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားရင်း သီယာနဲ့ဆိုဖီယာတို့ဘဝအတွက် ဆိုးဝါးတဲ့အတွေ့အကြုံတွေနဲ့ သေရာပါစိတ်ဒဏ်ရာတွေရရှိသွားခဲ့တဲ့အဖြစ်ဆိုးကြီးတစ်ခုကြုံခဲ့ရပါတယ်။
အဲဒီညနောက်ပိုင်းမှာ အားလုံးခပ်တန်တန်းဖြစ်သွားကြပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြရင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေ ကိုယ်စီမှာရှိနေကြပေမဲ့ သူတို့အားလုံးပြန်ဆုံဖို့အကြောင်းဖန်လာတာကတော့ ဟေဇယ်ရဲ့သေဆုံးမှုပါပဲ။
ဒီသေဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ညတစ်ညနဲ့ပတ်သက်နေဆဲလား… သူတို့ရဲ့လက်ရှိဘဝတွေအပေါ် ဘယ်လိုများသက်ရောက်စေနိုင်မလဲ… သူတို့သူငယ်ချင်းတွေရော အရင်လို ပြန်လည်ပေါင်းစည်းနိုင်ဦးမလား… ဆိုတာတွေကို ဆက်လက်ရှုစားကြပါ။
Vivamax မင်းသမီးလေးတွေ ဟဲဗီးဘာညာတွေတင်မက ဟဲဗီးဒရာမာတွေလည်းရတယ်ဆိုတာ ဒီကားမှာတွေ့မြင်ကြရပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
27 Steps of May (2018)
⭐IMDB: 7.9/10 (578 Votes)
🎬 #Drama
🗓 2018 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 52 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
27 Steps of May (2019)
ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင်တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။
စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။
အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။
၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ အဲဒီနေ့ အဲဒီအချိန်မှာပဲ သူ့ဘဝရဲ့ရှင်သန်မှုအဓိပ္ပာယ်တွေ ရပ်တန့်သွားခဲ့ပါပြီ။အဖေဖြစ်သူနဲ့ စကားပြောတာလည်း မရှိတော့ဘဲ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုပဲ ထပ်တလဲလဲလုပ်ရင်း သူမရဲ့ကမ္ဘာလောကကြီးကို ပိတ်လှောင်လိုက်ပါတော့တယ်။
ပန်းမပွင့်တော့တဲ့အပင်တစ်ပင်လို နေ့စဉ်ဘဝကို အဓိပ္ပာယ်မဲ့ဖြတ်သန်းနေတာကိုဘေးကနေ ဘာမှမပြောဘဲ ကြည့်နေရတဲ့ မေရဲ့အဖြစ်သူ လက်ဝှေ့သမား၊ကိုယ်တိုင်က ကြမ်းကြမ်းရမ်းရမ်းလက်ဝှေ့သမားပေမဲ့ဒီသမီးလေးတစ်ယောက်ကိုတောင် သေချာမကာကွယ်နိုင်ဘူးဆိုတဲ့အပြစ်တင်စိတ်နဲ့ မွန်းကြပ်နေရတဲ့သူ၊သမီးလေးကို ရင်ဖွင့်စေချင် စကားပြောစေချင်ပေမဲ့ စကားမပြောခိုင်းရက်တဲ့အဖေတစ်ယောက်ရဲ့ မွန်းကြပ်မှုတွေနဲ့ နေ့ရက်တိုင်းရှင်သန်နေရတဲ့သူတစ်ယောက်ပါပဲ။ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတဲ့ ရင်ထဲပြည့်ကြပ်နေတဲ့ခံစားချက်တွေကို လက်ဝှေ့ကြိုးဝိုင်းမှာ သွားသွားပေါက်ကွဲနေတဲ့သူပေါ့။၈ နှစ်တာကာလသာကြာမြင့်သွားတဲ့ မေနဲ့သူ့အဖေကတော့လွန်ခဲ့တဲ့ ၈ နှစ်က မုဒိမ်းကျင့်ခံရတဲ့ညမှာပဲ ရှင်သန်နေကြဆဲပါပဲ။
ဒီလိုနဲ့ နံရံကနေထွက်နေတဲ့ ပိတ်စတစ်စကို ဆွဲမိရာကနေ ဘေးအိမ်နဲ့မေရဲ့အခန်းကြားမှာ အပေါက်ဖြစ်သွားပြီးတော့၈ နှစ်တာကာလကြာအပြီးမှာ နေ့တိုင်းပုံသေဖြစ်နေတဲ့ မေရဲ့ဘဝထဲကို မထင်မှတ်ထားတဲ့ အရာတစ်ခုအဖြစ် မျက်လှည့်ဆရာလေး ရောက်လာပါတော့တယ်။အဲဒီနောက်မှာတော့……
Heart touching Dialogue တွေလည်းမပါဘာမှထူးခြားတဲ့Sceneတွေမပါဘဲ အတော်လေးရိုးရှင်းတဲ့ပုံစံနဲ့ ပုံဖော်ထားပေမဲ့ကြည့်ရှုသူကို မေနဲ့သူ့အဖေရဲ့ခံစားချက်တစ်စိတ်တစ်ပိုင်းကို တန်းပြီးတော့ခံစားမိသွားစေတဲ့အထိ၊အင်ဒိုရုပ်ရှင်မှဟုတ်ရဲ့လားလို့တောင် တွေးမိသွားစေတဲ့အထိ Emotionally densed ဖြစ်တဲ့ဒီရှားပါးရုပ်ရှင်လေးကို CMပရိသတ်တို့ ခံစားလို့ရအောင် တင်ဆက်လိုက်ပြီမလို့Rape victim နဲ့ မိသားစုဝင်တွေရဲ့ဒုက္ခကို တစ်စိတ်တစ်ပိုင်းအားဖြင့် စာနာနိုင်ဖို့အတွက် ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...
Unique Memory: Farewell to Love (2019)
⭐TMDB: 0.0% User Score
🎬 #Drama #Romance
🗓 2019 🎞 movie
🌎 #China
⏰ 1 နာရီ 21 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အပျင်းထူပြီး တုံးအအနိုင်ပေမဲ့ ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ပိုင်လင်အပြင်မှာဂိုက်ဆရာမလုပ်ပြီး ကိုယ့်ကျောင်းစရိတ်ကိုကိုယ့်ဘာသာရှာနေတဲ့စုန့်ချီးချီးအိမ်ကအဆင်မပြေတဲ့ကြားက အလုပ်သင်စာမေးပွဲဖြေပြီး ဆရာမဖြစ်ဖို့ကြိုးစားနေတဲ့လိလိဒီဇာတ်လမ်းလေးကတော့ ကျောင်းသူလေးတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အချစ်ရေးပြဿနာလေးတွေ မိသားစုအရေးလေးတွေကိုလှလှပပရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် ။
ချစ်သူက ကျောင်းဆရာတစ်ယောက်ဖြစ်ချင်ခဲ့တာမလို့ ကိုယ်တိုင်ပါဆရာမဖြစ်လာဖို့ အလုပ်သင်ဆရာမဝင်လုပ်ခဲ့တဲ့စုန့်ချီးချီးကချစ်သူဆီက အထားခဲ့ခံလိုက်ရတဲ့အခါ သူ့ရဲ့အချစ်ရေးကဆက်ပြီးဘယ်လိုဖြစ်လာမလဲချစ်စရာကောင်းတဲ့ ပိုင်လင်မှာလည်း လိုလေသည်မရှိအောင်အရိပ်တကြည့်ကြည့်ဖြည့်စည်းပေးနေပေမဲ့ ဖွင့်မပြောတဲ့ သူငယ်ချင်းလိုရောအစ်ကိုလိုပါ ခင်ရတဲ့သူငယ်ချင်း လီကျားဟန်ကို လိလိနဲ့မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့…
လိလိတစ်ယောက် သူတို့နှစ်ယောက်ကြားဝင်လာပြီး ပိုင်လင်ရဲ့အချစ်ရေးဘယ်လိုဖြစ်လာလိမ့်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့Healing romantic movie လေးပဲဖြစ်လို့ ဇာတ်ကားလေးထဲမှာကြည့်ရှုကြဖို့မမေ့ပါနဲ့နော်...
