ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Bennett's War (2019)
⭐IMDB: 6.0/10 (989 Votes)
🎬 #Sport #Drama
🗓 2019 🎞 movie
📺 #1080p #720p
💿 1.5 GB ⦿ 809.5 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အကျိတ်အနယ်ယှဥ်ပြိုင်ကြတဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေကို
ခုန်ပျံကျော်လွှားကြည့်ရှုရမယ့်ဇာတ်ကားလေးပါ…။
ဆိုင်ကယ်ပြိုင်ပွဲတွေကို ရင်တမမ လိုက်ကြည့်ရတာနဲ့တင်
ကြည့်ရကျိုးနပ်မယ့် Sports ဇာတ်ကားတစ်ကားပါ။
ဇာတ်လမ်းအကျဥ်းကတော့…ဘန်းနက်ဟာ ဆိုင်ကယ်စီးပြီး
တိုက်ပွဲဝင်တဲ့ ရိန်းဂျားစစ်သည်တစ်ယောက်ပါ။
သို့ပေမဲ့ စစ်မြေပြင်မှာ မိုင်းထိသွားပြီး ခြေထောက်ဒဏ်ရာကြောင့်
စစ်တပ်ကထွက်ခဲ့ရပါတယ်….။
ခြေထောက်ဒဏ်ရာကြောင့် ဘာမှမလုပ်နိုင်လို့ စိတ်ဓာတ်ကျနေရ
တဲ့အပြင် အဖေဖြစ်သူက အိမ်ကိုအပေါင်ဆုံးတော့မှာမို့ ငွေကြေး
အကြပ်အတည်းနဲ့ပါရင်ဆိုင်လာရပါပြီ။
သိတာတတ်တာဆိုလို့ ဆိုင်ကယ်မောင်း၊ ဆိုင်ကယ်ပြင်တာပဲသိတဲ့
ဆိုင်ကယ်ချန်ပီယံဟောင်း ဘန်းနက်ဟာ ငွေရှာဖို့အတွက်
ပြိုင်ကွင်းထဲပြန်ဝင်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။
ဘန်းနက်တစ်ယောက် ခြေထောက်က ဒဏ်ရာနဲ့ ပြိုင်ပွဲဘယ်လိုဝင်ပြီး
ဘာတွေအစွမ်းပြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။...
Solar Flower (2023)
⭐TMDB: 40.0% User Score
🎬 #Drama #Romance
🗓 2023 🎞 Movie
📺 #1080p #720p
💿 1.0 GB ⦿ 501.8 MB
🌎 #SouthKorea
⏰ 2 နာရီ 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Solar Flower (2023)
“နေမထွက်တဲ့ ကမ္ဘာမှာဆိုရင်တောင် ကျွန်တော့်ဘဝမှာ သိမ်းထားချင်မိတဲ့ အိပ်မက်တစ်ခုရှိတယ်”
သိပ်မကြာခင်ကမှ ထောင်ကလွတ်လာပြီး လူမိုက်ခေါင်းဆောင်နမ်ဂယူရဲ့လက်အောက်မှာ မိုတယ်အလုပ်ကို ကြိုးစားသင်ယူရင်းဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ ဆွန်းယော့ဟာ နေမထွက်တဲ့ကမ္ဘာက ပန်းလေးတစ်ပွင့်လိုပါပဲ
ဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ တစ်ဦးတည်းသော ညီမလေးအတွက်ဆိုပြီး ကြိုးစားရုန်းကန်နေခဲ့ပေမဲ့တစ်ဖက်မှာ သူကိုယ်တိုင်သတိမထားမိတဲ့ ရင်နင့်စရာအမှန်တရားတစ်ခု ရှိနေပါတယ်
အဲဒီလိုနဲ့ အနှိပ်စက်ခံ အဖိနှိပ်ခံရင်း ဘဝကိုကြိုးစားရုန်းကန်နေတဲ့ ဆွန်းယော့တစ်ယောက်ဆွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲဖို့ အကြောင်းဖန်လာပါတော့တယ်
ဆွန်းယော့ရဲ့ဘဝတစ်ဆစ်ချိုးဟာ ပိုကောင်းတဲ့အရာတွေနဲ့စောင့်ကြိုနေမလားဒါမှမဟုတ် မှောင်မိုက်နေပြီးသားဘဝကို ပိုပြီးကံဆိုးမိုးမှောင်ကျစေမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်
အညွှန်း နဲ့ ဘာသာပြန်ကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်...
Oliver Twist (2005)
⭐IMDB: 6.8/10 (34 k Votes)
🎬 #Crime #Drama #Family
🗓 2005 🎞 movie
📺 #1080p #720p
💿 2.0 GB ⦿ 898.5 MB
🌎 #France #UnitedKingdom #CzechRepublic #Czechia #Italy
⏰ 2 နာရီ 10 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံး
ပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့
အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့
ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက်
လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေး
တစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့
မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့
ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။
လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကို
ရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့
သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို
ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုး
လူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင်
ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။...
Game of Deceit (2023)
⭐IMDB: 5.8/10 (121 Votes)
🎬 #Drama #Thriller
🗓 2023 🎞 tv movie
📺 #1080p #720p #480p
💿 1.5 GB ⦿ 763.4 MB ⦿ 442.8 MB
🌎 #UnitedStates
⏰ 1 နာရီ 29 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးဟာ “ကုန်ရှုံးတော့တစ်ခေါက် လင်ကုန်ရှုံးတော့တစ်သက်လုံးမှောက်”ဆိုတဲ့ စကားပုံလေးထဲကအတိုင်း လင်ယူမှားလို့ ဘဝပျက်လုနီးနီးဖြစ်ခဲ့တဲ့ ဂီတဆရာမလေး မာယာရဲ့ အိမ်ထောင်ရေးဇာတ်လမ်းအခြေခံထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ မာယာဟာ ပထမ ခင်ပွန်းဆုံးပါးသွားတာတစ်နှစ်ကြာတဲ့အခါ နောက်အိမ်ထောင်ပြုလိုက်ရာကနေစခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်……… မာယာရဲ့နောက်အိမ်ထောင်ဖြစ်တဲ့ အီရန် ဟာ အရက်သမား လောင်းကစားသမားဘဝနဲ့အကြွေးတွေနစ်နေတဲ့ ရဲတစ်ယောက်ပါ။ သူဟာ မဟာဖိုဝါဒီ သမားတစ်ယောက်ဖြစ်ခဲ့ပြီး ပထမအိမ်ထောင်နဲ့ကလေးနှစ်ယောက်မွေးထားသူ နောက်ထပ်ကလေးထပ်ယူဖို့ဆန္ဒ မရှိတော့တဲ့မာယာကို ဘယ်လိုတွေအတင်း အကြပ် ကိုယ်ဝန်ဆောင်ခိုင်းမလဲဆိုတာဒီဇာတ်လမ်းလေးထဲမှာကြည်ရှုခံစားရမှာဖြစ်ပါတယ် အီရန်ရဲ့အကြံအစည်ကိုဖျက်စီးဖို့ မာယာက ကျောင်းနေဖော်သူငယ်ချင်း အဲလ် နဲ့ပူးပေါင်းပြီးတော့အီရန့်ကိုလှည့်စားတဲ့အခါမှာ မာယာတို့ပဲအီရန် ရဲ့လက်ထဲက နေလွတ်မြောက်နိုင်မလား အီရန်ကပဲ လှည့်ကွက်ကိုရိပ်မိပြီး ဖျက်စီးလိုက်နိုင်မလားဆိုတာဒီဇာတ်ကားလေးထဲမှာဝင်ရောက်ကြည့်ရှုပေးကြပါဦးခင်ဗျာ…....
Elephant White (2011)
⭐IMDB: 5.0/10 (11 k Votes)
🎬 #Action #Crime #Thriller #Fantasy
🗓 2011 🎞 movie
📺 #1080p #720p
💿 1.6 GB ⦿ 724.0 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးရဲ့နေရာကတော့ဘန်ကောက်မြို့တော်ကြီး။
အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့
လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘန်ကောက်ရဲ့နာမည်ကြီး
ညငှက်လေးတို့ရဲ့လောကကလည်းတခုအပါအ၀င်ပေါ့။
ဒီညငှက်လေးတွေရဲ့နောက်က လိင်လုပ်သားလုပ်ငန်းတွေ
မူးယစ်ဆေးလုပ်ငန်းတွေ ကလေးသူငယ်လူကုန်ကူးမှုတွေဆိုတာ
ခွဲခြားလို့မရနိုင်တဲ့အရာတွေပါပဲ။
ဒီလောကကြီးထဲကိုရောက်လာတာကတော့ကြေးစားလူသတ်သမား
ကာတီချက်ခ်ျ။ အလုပ်ရှင်ရဲ့ငှားရမ်းချက်အရ သူ့သမီးဖြစ်သူကို
ဆေးစွဲအောင်လုပ်ပြီးခိုင်းစားနေတဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကလူတွေကို
သတ်ပေးဖို့။ ဒါပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်က ဂိုဏ်အဖွဲ့နှစ်ဖွဲ့ကြား
ပြဿနာတွေကိုပိုရှုပ်လာစေခဲ့တယ်။ အရင်ကမိတ်ဆွေလည်းဖြစ်
အခုဘန်ကောက်မှာ ကလပ်ဖွင့်နေတဲ့ ဂျင်မီဆိုတဲ့လူရဲ့အကူအညီနဲ့
ဒီအဖွဲ့တွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာသူ့ဆီဘယ်လိုလိုက်လာ
မှန်းမသိတာက မေး ဆိုတဲ့ထိုင်းသူလေး။ သူရှင်းခဲ့တဲ့ နေရာကနေ
ဘယ်လိုလိုက်လာမှန်းလဲမသိ ဒီလူကုန်ကူးတဲ့ပြည့်တန်ဆာဂိုဏ်းနဲ့
လည်းပတ်သက်နေပုံရတဲ့ဒီကောင်မလေးကိုပါ ကာတီတယောက်
ကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့
ကာတီတယောက် ဒီအဖွဲ့တွေကိုရောတားဆီးနိုင်ပါ့မလား။
မေးဆိုတဲ့ကောင်မလေးရဲ့ဇာတ်လမ်းကရောဘာလဲ။ သူ့ကိုငှားခဲ့တဲ့
အလုပ်ရှင်ဆိုတာရဲ့ အစစ်အမှန်ကရောဘာလဲ။ အဆုံးမှာဘာတွေ
ဖြစ်သွားမလဲဆိုတာကိုရှူစားပေးကြပါဦး...
Run, Young Hero! (2023)
⭐TMDB: 0.0% User Score
🎬 #Action
🗓 2023 🎞 Movie
📺 #1080p #480p
💿 1.1 GB ⦿ 450.4 MB
🌎 #China
⏰ 1 နာရီ 27 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတင်ဆက်ပေးမှာတော့ ရှေးခေတ်စစ်ပွဲတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေအတွက် တောင်စုန့်ခေတ်ကစစ်ပွဲအကြောင်းရိုက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
တောင်စုန့်ခေတ်မှာ အရင်ဘုရင်ကညံ့ဖျင်းတာကြောင့်မြောက်ပိုင်းနယ်မြေဟာမြောက်ပိုင်းသားတွေဖြစ်တဲ့ ကျင်းလူမျိုးတွေရဲ့လက်အောက်ကိုရောက်ခဲ့ပါတယ်။လုံရှင်းမင်းကြီးလက်ထပ်ရောက်လာတော့ မြောက်ပိုင်းနယ်မြေကိုပြန်သိမ်းပိုက်ဖို့ကြိုးစားပါတယ်။
ခြေမြန်တော်တစ်ယောက်ကိုအဓိကထားပြီး ဒီစစ်ပွဲအကြောင်းကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ်။မြောက်ပိုင်းကိုစစ်ချီတဲ့အခါမှာ ရှောက်နဲ့လီဆိုတဲ့ စစ်သူကြီးနှစ်ယောက်ကဦးဆောင်ခဲ့ပါတယ်။စစ်သူကြီးတစ်ယောက်ဟာဖြောင့်မတ်ပြီး တာဝန်ကျေပွန်ပေမယ့်စစ်သူကြီးနောက်တစ်ယောက်ဟာ ကိုယ်ရေးကိုယ်တာနဲ့ တိုင်းပြည်ရေးမခွဲခြားနိုင်တဲ့အခါ မြောက်ပိုင်းနယ်မြေပြန်သိမ်းမယ့်စစ်ပွဲကြီးဟာ အောင်မြင်နိုင်ပါတော့မလား……လူတစ်ယောက်ရဲ့အတ္တကြောင့် အသက်သွေးတွေ ဘယ်လောက်တောင်များပေးဆပ်ကြရမလဲ……...
Squeal (2022)
⭐TMDB: 60.0% User Score
🎬 #Comedy #Fantasy #Horror
🗓 2022 🎞 Movie
📺 #1080p #720p #480p
💿 1.4 GB ⦿ 719.0 MB ⦿ 390.3 MB
🌎 #Belgium #Latvia
⏰ 1 နာရီ 26 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dark comedy & drama အမျိုးအစားဇာတ်ကားဖြစ်ပြီး ဇာတ်ကြောင်းကတော့နည်းနည်းထူးဆန်းပါတယ် (Samuel) ဆမ်ဆိုတဲ့လူတစ်ယောက်ဟာသူ့အဖေကိုလိုက်ရှာရင်းတစ်ခါမှမရောက်ဖူးတဲ့နေရာတစ်ခုဆီရောက်သွားပါတော့တယ် နောက်တစ်နေ့မှာတော့ရွာကလူတွေကသူ့ကိုဖမ်းချုပ်ပြီးဝက်တွေနဲ့အတူတူလှောင်ပိတ်ထားလိုက်ကြပါတော့တယ် ဆမ်တစ်ယောက်ထူးဆန်းတဲ့ရွာသားတွေနဲ့ဘယ်လိုနေထိုင်သွားရမလဲ၊ သူအဲဒီရွာကနေထွက်ပြေးလွှတ်မြောက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ။...
Euphoria (2019- )
⭐IMDB: 8.3/10 (211 k Votes)
🎬 #Drama #Crime
🗓 2019- 🎞 tv series
📺 #1080p
🌎 #UnitedStates #Israel #UnitedStatesofAmerica
⏰ 1 နာရီ 2 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Euphoria – Season 01 (2019)အထက်တန်းကျောင်းတွေမှာဆယ်ကျော်သက်တွေကဲကြတာကိုမြင်ဖူးတယ် ဟုတ်!ဒီကားမှာယေဘုယျအားဖြင့်တွေ့ရမှာက ဆေးစွဲနေတဲ့ဆယ်ကျော်သက်တွေရယ်၊
လူတိုင်းနဲ့ အိပ်ဖို့ပဲစဉ်းစားနေတဲ့ဆယ်ကျော်သက်တွေရယ်ဒါတွေကအဓိကထားပြီးတော့ ပါမယ်။သူကဇာတ်ကြောင်းကိုနောက်ကနေပြန်ပြောပြနေတဲ့ပုံစံမျိုးပါ။ပထမဆုံးအပိုင်းပဲရှိသေးတော့ သိပ်တော့ ပြောလို့မရသေးဘူး။ဆေးတစ်ချိန်လုံးကွဲနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအကြောင်းကို ထိုင်ပြောပြနေသလိုပဲ။လိင်ဆက်ဆံခန်းတွေ၊ဆေးသုံးတဲ့အခန်းတွေ၊အခုခတ်ကလေးတွေပြောလေ့ရှိတဲ့အောက်ပိုင်းကမဆင်းတဲ့အသုံးအနှုန်းတွေကိုတွင်တွင်ကျယ်ကျယ်သုံးစွဲပြီးပြောဆိုထားတဲ့ဒီစီးရီးမှာ ဘဲကြောင့် စိတ်ညစ်နေရတဲ့ကောင်မလေးတွေကိုတွေ့ရမယ်၊အင်တာနက်ခေတ်ရဲ့ကြောက်စရာကောင်းတဲ့မှားယွင်းတဲ့သုံးစွဲမှုတွေ၊မိဘတွေကြောင့် လမ်းမှားရောက်ခဲ့တဲ့ဆယ်ကျော်သက်တွေ ဒါတွေကိုအစုံရှုမြင်ခံစားရမှာဖြစ်ပါတယ်။...
LelleBelle (2010)
⭐IMDB: 5.5/10 (1 k Votes)
🎬 #Drama #Music #Romance
🗓 2010 🎞 tv movie
📺 #720p #480p
💿 1.0 GB ⦿ 465.4 MB
🌎 #Netherlands
⏰ 1 နာရီ 29 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
LelleBelle (2010)=============
“LelleBelle” ဆိုတာ “လှပတဲ့ဘယ်လာ”လို့အဓိပ္ပါယ်ရတာပေါ့။ ဆယ်ကျော်သက်မလေး ဘယ်လာဟာ တယောထိုးရတာကို ကြိုက်နှစ်သက်သူပါ။ တယောထိုးပေမယ့်လည်း ခံစားချက်မထည့်တတ်တဲ့ဘယ်လာဟာ လိင်စိတ်မှာလည်း တပ်မက်မှုမရှိပါဘူး။ မကြာခင်မှာပဲ သူနှစ်သက်တဲ့ ဂီတနဲ့ လိင်စိတ်ကင်းမဲ့ခြင်းကြားမှာရှိတဲ့ တူညီမှုတစ်ခုကို ရှာဖွေတွေ့ရှိသွားတဲ့နောက်မှာပရမ်းပတာဖြစ်သွားတဲ့ သူ့ရဲ့ဘဝကို ဘယ်လိုချိန်ညှိပြီးနေထိုင်သွားမလဲဆိုတာကို တွေ့ရမှာပါ။
ဇာတ်လမ်းဇာတ်ကွက်ဆန်းဆန်းလေးနဲ့ကြည့်ရှုရမယ့် ၁၈+ကားလေးဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZMT ဖြစ်ပါတယ်)...
Resurrected (2023)
⭐TMDB: 53.0% User Score
🎬 #Horror #SciFi #ScienceFiction #Thriller
🗓 2023 🎞 Movie
📺 #1080p #720p
💿 1.8 GB ⦿ 762.8 MB
🌎 #UnitedStates #France #UnitedStatesofAmerica #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Resurrected (2023)
ဒီ Resurrected ဆိုတဲ့ ဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ လူတွေကိုပြန်အသက်သွင်းတဲ့ အကြောင်းအပေါ် ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။
ဒီဇာတ်ကားလေးမှာဆိုရင်တော့ The Walking Dead နဲ့ Logan ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Dave Davis ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ၂၀၁၉ နဲ့ ၂၀၂၀ မှာထွက်ထားတဲ့ Manifest နဲ့ Dynasty ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Erika Chase ကနေပြီးတော့ ပါဝင်အားဖြည့်ပေးထားပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ သိပ်မကွာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ဗာတီကန်ကလူတွေဟာ သေလူတွေကို သေရာကနေပြန်ရှင်လာအောင် အသက်သွင်းတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါ။ တစ်ဖက်မှာလည်း အဲ့အချိန်ကာလအတွင်းမှာပဲ မင်းသားကြီး Dave Davis ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ စတန်လေမာတင်ဆိုသူရဲ့ သားဟာလည်း မတော်တဆမှုအကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ဗာတီကန်ကလူတွေက စတန်လေမိသားစုရဲ့ အဖြစ်ဆိုးကိုအခွင့်ကောင်းယူပြီး သူတို့သားလေး နစ်ခ်ကိုလက်စ်ကို ပြန်အသက်သွင်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ အချိန်အပိုင်းတစ်ခုကို ကျော်သွားတဲ့အခါမှာ အသက်ပြန်သွင်းတယ်ဆိုတဲ့ ကိစ္စဟာ Trend တစ်ခုလိုဖြစ်လာခဲ့ပြီး ခရစ်ယာန်ဂိုဏ်းတွေမှာ သေဆုံးပြီးတဲ့သူတွေကို ပြန်အသက်သွင်းဖို့လုပ်တာကလည်း တရားဝင်ကျင့်သုံးလာတဲ့ အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ပြန်အသက်သွင်းတယ်ဆိုတဲ့ ကိစ္စက သွေးရိုးသားရိုးကော ဟုတ်ရဲ့လား… ဒီလို သေဆုံးပြီးတော့ ပြန်အသက်သွင်းခံလိုက်ရတဲ့သူတွေရော ပုံမှန်လူတွေလိုပြန်ဖြစ်သွားတာပဲလား… ဗာတီကန်ရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ သည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ် ရှုစားရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Who Invited Charlie? (2022)
⭐IMDB: 5.5/10 (367 Votes)
🎬 #Comedy
🗓 2022 🎞 movie
📺 #1080p #720p #480p
💿 1.4 GB ⦿ 822.2 MB ⦿ 397.6 MB
🌎 #UnitedStates
⏰ 1 နာရီ 42 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Who invited Charlie? (2023)
တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။
ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့….
ဖစ်လ်တစ်ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီကနဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...
Not Your Romeo & Juliet (2023)
⭐IMDB: 5.8/10 (73 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
📺 #1080p #720p
💿 1.7 GB ⦿ 805.4 MB
🌎 #UnitedStates
⏰ 1 နာရီ 10 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Not Your Romeo and Juliet (2023)
ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကျောင်းသားဇာတ်လမ်းတစ်ပုဒ်ပါ။ Romance ကိုယုံကြည်တဲ့ စိတ်ပညာကျောင်းသူ မစ်ကီနဲ့ Romance ဆိုတာ အရေးမပါဘူးလို့ လက်ခံထားတဲ့ ကျောင်းသားနိုအာတို့ တွေ့ဆုံရာကနေ စကားရည်လုပွဲလုပ်ရတဲ့ထိရောက်သွားတဲ့အကြောင်းပေါ့။
ဖခင် ကင်ဆာနဲ့ဆုံးသွားပြီးတော့ မစ်ကီက မိခင်နဲ့အတူ နေလာပြီး မစ်ကီ့မိခင်ကလည်း မစ်ကီတက်တဲ့တက္ကသိုလ်မှာ ကျောင်းပြန်တက်ပါတယ်။ မစ်ကီကတော့ ကျောင်းက သတင်းစာကော်လံမှာ ဂျူးလိယက်ဆိုတဲ့ ကလောင်နာမည်နဲ့ Romance အကြောင်း အပတ်စဉ်ရေးပါတယ်။ ဂျူးလိယက်က မစ်ကီဆိုတာ သူ့အမေနဲ့ အချစ်ဆုံးသူငယ်ချင်းကလွဲလို့ ဘယ်သူမှမသိပါဘူး။ စင်တာမှာ နိုအာနဲ့ပထမဆုံး တွေ့ပြီး ရင်းနှီးသွားခဲ့ပါတယ်။
တစ်နေ့မှာတော့ မစ်ကီ ရေးတဲ့ Romance ဆောင်းပါးကို Not your Romeo ဆိုတဲ့ကလောင်နာမည်နဲ့ တိုက်ခိုက်တဲ့သူပေါ်လာပါတယ်။ မစ်ကီကလည်းစိတ်ဆိုးပြီး ပြန်တိုက်ခိုက်တဲ့အနေနဲ့ ရေးပါတယ်။ ပြီးတော့ မစ်ကီနဲ့နိုအာက ပညာသင်ဆုအတွက် ဆန်ကာတင်၂ယောက်ဖြစ်နေတဲ့အခါ နိုအာက ဂျူးလိယက်က မစ်ကီဆိုတာသိသွားပါတယ်။ ကျောင်းကလည်း ပညာသင်ဆုအတွက်ရွေးဖို့ မစ်ကီတို့၂ယောက်ကို စကားရည်လုပွဲလုပ်ပေးတဲ့အခါ နိုအာက ပြသာနာမကြီးချင်လို့ သူ့အခန်းဖော် ဟျူဂိုကို ဟန်ဆောင်ခိုင်းပါတယ်။ ဒါပေမဲ့ အစမ်းပြောကြရင်း ပြသာနာပိုကြီးသွားပြီး ဟျူဂိုက ဟန်ဆောင်တာပါ သိသွားတဲ့အခါ မစ်ကီတို့၂ယောက်ဆက်ဆံရေးက ပိုဆိုးသွားပြီး တွေ့တာနဲ့ စကားနိုင်လု ရန်ဖြစ်ကြပါတော့တယ်။
မစ်ကီ ယုံကြည်ထားတဲ့ Romance ဆိုတာတကယ်ပဲ အရေးမပါဘူးလား… အချစ်က လက်တွေ့ဘ၀မှာ ဘယ်လိုအဓိပ္ပါယ်မျိုးလဲ… သဘောထားမတိုက်ဆိုင်တဲ့ သူတို့၂ယောက် နောက်ဆုံး ဘယ်လိုအဆုံးသတ်မလဲဆိုတာကတော့ ဇာတ်လမ်းကိုအားပေးရင်း တွေးကြည့်ကြပါ။
မစ်ကီ့အမေက ကျောင်းသူဖြစ်နေတာကို ဖုံးချင်တဲ့အတွက် ပါမောက္ခကို ပညာရေးအကဲဖြတ်သူအနေနဲ့ ညာထားတာမို့ အလွဲလေးတွေကိုပါ ဟာသဆန်ဆန်ကြည့်ရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
IB 71 (2023)
⭐IMDB: 8.4/10 (4 k Votes)
🎬 #Action #Bollywood #Thriller #War
🗓 2023 🎞 movie
📺 #1080p #720p
💿 2.0 GB ⦿ 839.3 MB
🌎 #India
⏰ 1 နာရီ 57 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IB 71(2023)
လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီးနာမည်ကြီးမင်းသား Khuda Hafiz ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်းလေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့်ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်းသီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။
ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာတရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင်ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။
ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီးAditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။...
Pulau (2023)
⭐IMDB: 5.1/10 (106 Votes)
🎬 #Adventure #Horror #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 2.3 GB ⦿ 1009.7 MB
🌎 #Malaysia
⏰ 1 နာရီ 53 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
PULAU (2023)
**************
သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကို
အလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။
ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်း
လူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။
နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊
လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာ
ကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့….။
ခက်တို့က လူငယ်တွေပီပီ စူးစမ်းသွားကြည့်ချင်ပေမယ့် လှေဆရာကြီးက
လိုက်မပို့ရဲတာနဲ့မရောက်ဖြစ်ခဲ့ဘူး…။
ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့
စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်…။
လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး….။
ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီကျိန်စာသင့်လူသူမဲ့ကျွန်းမှာ
တစ်ညသွားအိပ်ရပါတော့တယ်…။
မလေးရှားသရဲကားဖြစ်လို့ ကြောက်ဖို့မကောင်းမှာ မပူရတဲ့အပြင်
သရုပ်ဆောင်လူငယ်တွေကလည်းအဆင်တွေချည်းပါ။
ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့….။...
Species (1995)
⭐IMDB: 5.8/10 (83 k Votes)
🎬 #Action #Adult #Horror #SciFi #Thriller
🗓 1995 🎞 movie
📺 #1080p #720p #4K
💿 939.6 MB ⦿ 1.4 GB ⦿ 4.4 GB
🌎 #UnitedStates
⏰ 1 နာရီ 50 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကိုhttps://channelmyanmar.org/?s=speciesမှာကြည့်လို့ရပါတယ်။
ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။
Species (1995) ဇာတ်လမ်းအကျဉ်း….ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။
အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရမီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။...
Takkar (2023)
⭐IMDB: 8.0/10 (1 k Votes)
🎬 #Action #Bollywood #Drama #Romance
🗓 2023 🎞 movie
📺 #1080p #720p
💿 2.8 GB ⦿ 1.3 GB
🌎 #India
⏰ 2 နာရီ 19 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Takkar (2023)IMDb-8.3/10
တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြောရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန်ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်းသူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။
မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာမိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~ThaikSanတို့ဖြစ်ပါတယ်)...
Hold Me Tight (2021)
⭐IMDB: 6.8/10 (2 k Votes)
🎬 #Drama
🗓 2021 🎞 movie
📺 #1080p #720p #480p
💿 1.5 GB ⦿ 582.1 MB ⦿ 353.1 MB
🌎 #France #Germany
⏰ 1 နာရီ 37 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hold Me Tight (2021)================IMDb Rating – 6.8/10
လူ့စိတ်ဆိုတာ အစိုးမရဘူးလို့ ပြောတတ်ကြပါတယ်။ တစ်ခါတလေ စိတ်ဆိုတာ လွင့်ချင်ရာလွင့်နေတတ်တာမျိုးပါ။ လုပ်မိတဲ့အရာအတိုင်းအတွက် အကြောင်းပြချက်ရှိချင်မှရှိမယ်၊ စိတ်စေရာအတိုင်းလုပ်မိရင်း ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။
ဒီဇာတ်လမ်းထဲက ကလယ်ရိစ်ဟာလည်း ဒီလိုပါပဲ။ တစ်ရက်မှာမနက်စောစောနိုးလာပြီး ပစ္စည်းအနည်းငယ်ကိုယူလို့ အိပ်နေတဲ့ခင်ပွန်းသည်နဲ့ ကလေးတွေထားသွားခဲ့တာပါ။ သူဘာလို့ ထွက်သွားလည်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ခင်ပွန်းသည် မက်ခ်ကတော့ ကလေးနှစ်ယောက်ကိစ္စတွေ မနိုင်မနင်းလုပ်ရင်း ကျန်နေခဲ့ပါတယ်။
ဇာတ်လမ်းဟာ ကလယ်ရိစ်ရောက်ရာအရပ်ကို ပြလိုက်၊ သူ့စိတ်ကူးတွေလွင့်မျောနေတာကို ပြလိုက်၊ မက်ခ်နဲ့ ကလေးတွေ ကသောင်းကနင်း ဖြစ်တာကို ပြလိုက်နဲ့ ခပ်ငြိမ့်ငြိမ့်ပဲ သွားထားပါတယ်။ ဇာတ်လမ်းက အေးသလိုထင်ရပေမဲ့ အဆုံးထိကြည့်မှ ဇာတ်လမ်းရဲ့ twistကို မြင်ရမှာပါ။ ကြည့်ကြည့်ချင်းတော့ ဘယ်လိုလဲ ဘာတွေလဲလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒီတော့ ခပ်အေးအေးအမျောလေးတွေမှကြိုက်တဲ့သူတွေအတွက် ဒီ melodrama ရုပ်ရှင်ကို အဆုံးထိကြည့်ကြည့်လိုက်ကြပါဦးနော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...
Romantic Adventures (2023)
⭐TMDB: 20.0% User Score
🎬 #Comedy
🗓 2023 🎞 Movie
📺 #1080p #480p
💿 972.2 MB ⦿ 463.5 MB
🌎 #China
⏰ 1 နာရီ 28 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲသူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။
သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူးယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။
လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကိုပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီးအပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့……သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား……ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့…....
Rurouni Kenshin (2023- )
⭐IMDB: 9.4/10 (52 Votes)
🎬 #Animation #Action #Adventure #Drama #History #Romance #Thriller
🗓 2023- 🎞 tv series
📺 #1080p
🌎 #Japan
⏰ 22 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rurouni Kenshin (2023) Season 1 IMDb 9.2/10
လေလွင့်ဆာမူရိုင်းကြီးအကြောင်းကတော့ လူတိုင်းနီးပါးသိပြီးကြလောက်ပြီဖြစ်လို့အညွှန်းကိုမရေးခင် ဇာတ်အိမ်အခြေတည်ရာခေတ်ကိုအကြမ်းဖြင်းပြောပြချင်ပါတယ်။ဘတိုစိုင်းဘဝကနေအနားယူပြီး အသွားပြောင်းပြန်ဓါးကိုကိုင်ကာ လျှောက်သွားနေတာက မဲဂျီခေတ်ပါ။မဲဂျီခေတ်ဟာ ၁၈၆၈ကနေ ၁၉၁၂အထိ ၄၄ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ ပါလီမန်စနစ်ကိုစတင်ကျင့်သုံးကာ စက်မှုတော်လှန်ရေးနဲ့စစ်တပ်ကိုလည်းခေတ်မီလက်နက်တပ်ဆင်ရေးကိုအကြီးအကျယ်လုပ်ခဲ့ပါတယ်။မဲဂျီခေတ်မတိုင် အဲဒိုခေတ်ကတော့ ၁၆၀၃ကနေ ၁၈၆၈အထိနှစ်ပေါင်း ၂၆၀လောက်ကြာခဲ့ပြီး အဲဒိုခေတ်တွင် ရှိုဂန်(စစ်ဘုရင်)များကကြီးစိုးခဲ့ပါတယ်။ မဲဂျီခေတ်မှာတော့ ရှိုနန်တို့ရဲ့အာဏာလျော့ကျကာ ဧကရာဇ်ဘုရင်ရဲ့အာဏာဟာ ပိုပြီးကြီးမားလာခဲ့ပါတယ်။ မဲဂျီခေတ်မှာ အနောက်တိုင်း ပညာရပ်နဲ့ယဥ်ကျေးမှုတွေလည်း အကြီးအကျယ်နေရာယူခဲ့ပြီး ရိုးရာယဥ်ကျေးမှုနဲ့ဆာမူရိုင်းတွေအပေါ်မှာပါ အကြီးအကျယ် သက်ရောက်မှုရှိခဲ့တာကြောင့်ဆိုင်ဂို တာခါမိုလိဦးဆောင်တဲ့ ဆာမူရိုင်းတွေဟာ ဘုရင့်တော်ဝင်တပ်ကိုပုန်ကန်ခဲ့ကြပါတယ်။ (အဲ့ဒီဇာတ်ကြောင်းနဲ့ပတ်သတ်ပြီးကြည့်လိုလျှင် မင်းသားTom Cruiseရဲ့ the last samuraiရုပ်ရှင်ကိုကြည့်ပါ)လေလွင့်ဆာမူရိုင်းကြီးရဲ့ဘတိုစိုင်းဇာတ်ကောင်စဖြစ်တဲ့ခေတ်ကတော့ မဲဂျီခေတ်အကူးအပြောင်းကာလ အဲဒိုခေတ်ပြီးဆုံးခါနီးဘခုမဆွတ်ခေတ်(1853-1867)ပါ။ဒီဇာတ်လမ်းကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့မဲဂျီခေတ်အပြောင်းအခြေအနေပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဘခုမဆွတ်ခေတ်မှာ နာမည်ကြားရုံနဲ့ကြက်သီးတွေပါထစေတဲ့ ဟိတိုခိလိ ဘတိုစိုင်းကြီးတစ်ယောက်ဇာတ်မြုတ်ပြီးနောက်ပိုင်းအခြေအနေတွေကို ရသအစုံအလင်နဲ့ကြည့်ရမှာလို့ပဲ အပျင်းထူစွာနဲ့ အညွှန်းရေးလိုက်ပါတယ်။ File Size – 286MB @EpisodeQuality – 1080pDuration – 24 minute (@Episode)Total Episodes: 24EpsSubtitle – Myanmar HardsubFormat – Mp4Genre : Animation / Action / Adventure...
The Ambush (2021)
⭐IMDB: 6.3/10 (2 k Votes)
🎬 #Action #Drama #War
🗓 2021 🎞 movie
📺 #720p #1080p #4K
💿 1.0 GB ⦿ 2.3 GB ⦿ 6.1 GB
🌎 #UnitedArabEmirates #France
⏰ 1 နာရီ 51 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Original Title: Al KameenGenre – Action, Drama, WarIMDB – 6.3/10
စစ်ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက်
အာရေဗျစကားပြော ယဲမန်နိုင်ငံရေးထဲ UAE စစ်ကူတွေရဲ့
ကင်းပတ်ရင်း ကြုံရတဲ့ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံ
ရိုက်ကူးထားတဲ့ကား ဖြစ်ပါတယ်။ တခြားနိုင်ငံကကားဆိုပြီး
အထင်မသေးလိုက်ပါနဲ့ ဒါရိုက်တာကြီးက ပြင်သစ်နာမည်ကြီး
Parkour ကားဖြစ်တဲ့ B-13 တို့ Liam Neeson ရဲ့နာမည်ကြီး
Taken တို့ John Travolta ရဲ့ From Paris with love တို့လို
Action အလန်းစားတွေကို ရိုက်ထားတဲ့ ပြင်သစ် ဒါရိုက်တာ
Pierre Morel ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
၂၀၁၈ ခုနှစ်ဝန်းကျင်လောက်မှာ ယဲမန်နိုင်ငံ ပြည်တွင်းစစ်
ဖြစ်တော့ သမ္မတကနေ မဟာမိတ်နိုင်ငံတွေ ကုလတွေကို
စစ်ကူတောင်းခဲ့ပါတယ်။ အဲဒီထဲမှာ UAE နိုင်ငံလည်း အပါ
အဝင်ပေါ့၊ သူတို့ကတော့ ပြည်သူလူထုတွေကို စားနပ်ရိက္ခာ
ထောက်ပံ့ပေးရင်း တစ်နေ့ တစ်နေ့ ကင်းပတ်တဲ့ တာဝန်ယူရ
ပါတယ်။ အဲဒီမှာပဲ တစ်ရက်ကျ ကင်းလှည့်တပ်ဖွဲ့တစ်ဖွဲ့က
ယဲမန်သူပုန်တွေရဲ့ အလစ်ခြုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး
ရန်သူတွေကြား ပိတ်မိသွားပြီး စစ်ကူစောင့်နေရတဲ့ အနေအထားပါ။
အဲဒီမှာ သူတို့ ကပ္ပတိန်ကြီးက အလျင်အမြန် တုံ့ပြန်ရေးတပ်
ဖွဲ့စည်းလိုက်ပြီး ရဲဘော်တွေကို ရန်သူ့နယ်မြေကြား သက်စွန့်ဆံဖျား
သွားကယ်တင်ပေးတဲ့အကြောင်း ဖြစ်ပါတယ်။
ဇာတ်လမ်းလေးက ရိုးပါတယ် ဒီနေရာမှာပဲ တစ်ကားလုံး
ပြီးသွားတယ်ဆိုပေမဲ့ သူတို့ ဟမ်းဗီးတွေရဲ့ စပါယ်ရှယ်
အကြမ်းခံနိုင်တာတွေ မြေပြင် ဝေဟင် စစ်ကူမိုက်တာတွေ
လက်နက်ကိရိယာမိုက်တာတွေကို ချပြနိုင်ခဲ့ပါတယ်။
ဒီလိုပြောလို့ သူပုန်တွေဖက်ကလည်း ရှိတာနဲ့ ပြောက်ကျား
အသေတွယ်ချက်တွေကိုလည်း ကြည့်ရမှာပါ။...
