ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Trauma (2017) ⭐IMDB: 4.8/10 (3 k Votes) 🎬 #Action #Adult #Drama #Horror #Thriller 🗓 2017 🎞 movie 🌎 #Chile ⏰ 1 နာရီ 48 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trauma (2017)စပိန်စကားပြော ချီလီဇာတ်ကားဖြစ်ပြီး ကြောက်မက်ဖွယ်ရာ Horror, Drama ,Thriller,Action ဆိုပြီး မတူညီတဲ့ အမျိုးအစားတွေတွဲဖက်ပါဝင်တဲ့ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့… ညီမဖြစ်သူအပေါ် အရမ်းချုပ်ချယ်သလို ဖြစ်သော အစ်မကြီး အန်ဒရီယာ၊ညီမဖြစ်သူက လိင်တူချင်းကြိုက်ပြီး အစ်မနဲ့ မတည့် အမေနဲ့ စကားမပြောတဲ့ ကာမီလာ၊သူတို့နှစ်ယောက်ရဲ့ ဝမ်းကွဲညီအစ်မ မက်ဂ်ဒါလီနာ၊ ကာမီလာရဲ့ လက်စ်ဘီယန်ချစ်သူ ဟူလီယာ စတဲ့ မိန်းကလေး ၄ ယောက်ဟာမြို့ပြင်နယ်စွန်နယ်ဖျားက ဦးလေးဖြစ်သူရဲ့ အပန်းဖြေအိမ်ကလေးကို အနားယူဖို့ ခရီးထွက်လာကြပါတယ်။ ဒီအိမ်ရဲ့ရာဇဝင်နဲ့ ခြောက်ခြားဖွယ်အတိတ်တွေက ဘယ်လိုဆိုတာမသိကြဘဲအဲဒီညမှာပဲ ထူးခြားတဲ့ သားအဖနှစ်ယောက်ဟာ အိမ်ထဲကို အကြမ်းဖက်ဝင်ရောက်လာပြီး ထပ်မံဒုက္ခပေးတဲ့အချိန်မှာတော့အမျိုးသမီး ၄ ယောက်သား အသက်ရှင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြကွက်များ၊ သွေးထွက်သံယို အော်ဂလီဆန်စရာများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးမှသာကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။) (Dark Side Production မှ တင်ဆက်သည်။)...
浴血狙击 (2024) ⭐TMDB: 0% User Score 🎬 #Action #War 🗓 2024 🎞 video movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ဂျပန်ခေတ်ကတော်လှန်ရေးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။မင်ကော်ခေတ်က ဂျပန်တော်လှန်ရေးကာလကို နောက်ခံတည်ထားပြီးဟိုင်ချန်မြို့မှာ မြေအောက်တော်လှန်ရေးအဖွဲ့တွေကဂျပန်တွေကို နေရာတကာမှာ ခြောက်လှန့်နေခဲ့ပါတယ်။ ဆရာဖြစ်သူ ကျန်းတာ့ဟိုင်က သစ္စာဖောက်ပြီး ဂျပန်တွေဆီကိုပါတီဝင်တွေရဲ့ အချက်အလက်တွေကို ရောင်းစားနေတယ်လို့သတင်းကြားခဲ့ရတဲ့ အန်းဟယ်အတွက် မယုံနိုင်စရာပဲ ဖြစ်နေပါတယ်။ အဲဒီကိစ္စကို တစ်ယောက်တည်း စုံစမ်းဖို့ ထွက်သွားချိန်မှာပဲသူတို့လျှို့ဝှက်စခန်းကို ဂျပန်တွေက အင်အားနဲ့ လာသိမ်းတဲ့အတွက်အန်းဟယ်ကို ဂျပန်ဘက်ပါသွားပြီလို့ ကျီချိုးတစ်ယောက်သံသယဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ထဲကသူလျှိုကတော့ တခြားတစ်ယောက် ဖြစ်နေပါတယ်။ အဌမလမ်းကြောင်းတပ်မတော်က ဟိုင်ချန်မြို့ကိုလာရောက်သိမ်းပိုက်ဖို့အတွက် ဟိုင်ချန်မြို့ကာကွယ်ရေးမြေပုံကို အရေးတကြီးလိုအပ်နေတဲ့အခါ……မြေပုံကို ရယူနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက ဘယ်လို ကြိုးစားကြမလဲ…… ကွန်မြူနစ်ပါတီထဲက ဂျပန်သူလျှိုက ဘယ်သူဖြစ်မလဲ……အန်းဟယ်ရဲ့ ဆရာကျန်းတာ့ဟိုင်ကရော တကယ် သစ္စာဖောက်သူလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
苗岭诡事 (2024) ⭐TMDB: 0% User Score 🎬 #Adventure #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 10 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာလူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။ သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာကတော်တော်လေးသဘောကောင်းပြီးတော့သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်ကချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီးရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်းဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို ရောက်လာကြပါတော့တယ် ။ဒါပေမဲ့ လူသတ်မှုတွေကို အဖြေရှာမရသေးဘဲနောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့… သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ?ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ?ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကိုဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး...
My Dad is an Alien (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama #Family 🗓 2024 🎞 video movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သမီးအတွက် အဖေကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့လောင်ကျင်းဟာ သမီးလေးကိုတစ်ယောက်ထဲပျိုးထောင်လာခဲ့တယ်။သမီးလေးမူလတန်းကျောင်းကောင်းကောင်းမှာတက်ရဖို့အတွက်ထမင်းကြော်ရောင်းရင် အဆင့်မြင့်ကွန်ဒိုအတွက်စရံငွေပေးနိုင်အောင်ကြိုးစားခဲ့တယ်။ အရာအားလုံးအဆင်ပြေလို့ထင်ရတဲ့အချိန်မှာဦးနှောက်မှာကင်ဆာကြိတ်ရှိနေမှန်းသိလိုက်ရတဲ့အခါ……အာကာသယာဉ်အရမ်းကြိုက်တဲ့သမီးလေးကို သူဟာဂြိုလ်သားပါကမ္ဘာကြီးကို ကယ်တင်ဖို့ ထွက်သွားရတော့မယ်ဆိုပြီး လိမ်ညာခဲ့တယ်။သမီးလေးစိတ်မထိခိုက်ရအောင်ပြောခဲ့တဲ့ အဖြူရောင်မုသာဝါဒတွေကိုထိန်းဖို့ကြိုးစားရင်း သူ့ရဲ့နောက်ဆုံးအချိန်တွေကိုသမီးလေးနဲ့အတူဖြတ်သန်းတဲ့ ရင်နင့်စရာကောင်းတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
浴血狙击 (2024) ⭐TMDB: 0% User Score 🎬 #Action #War 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ဂျပန်ခေတ်ကတော်လှန်ရေးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။မင်ကော်ခေတ်က ဂျပန်တော်လှန်ရေးကာလကို နောက်ခံတည်ထားပြီးဟိုင်ချန်မြို့မှာ မြေအောက်တော်လှန်ရေးအဖွဲ့တွေကဂျပန်တွေကို နေရာတကာမှာ ခြောက်လှန့်နေခဲ့ပါတယ်။ ဆရာဖြစ်သူ ကျန်းတာ့ဟိုင်က သစ္စာဖောက်ပြီး ဂျပန်တွေဆီကိုပါတီဝင်တွေရဲ့ အချက်အလက်တွေကို ရောင်းစားနေတယ်လို့သတင်းကြားခဲ့ရတဲ့ အန်းဟယ်အတွက် မယုံနိုင်စရာပဲ ဖြစ်နေပါတယ်။ အဲဒီကိစ္စကို တစ်ယောက်တည်း စုံစမ်းဖို့ ထွက်သွားချိန်မှာပဲသူတို့လျှို့ဝှက်စခန်းကို ဂျပန်တွေက အင်အားနဲ့ လာသိမ်းတဲ့အတွက်အန်းဟယ်ကို ဂျပန်ဘက်ပါသွားပြီလို့ ကျီချိုးတစ်ယောက်သံသယဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ထဲကသူလျှိုကတော့ တခြားတစ်ယောက် ဖြစ်နေပါတယ်။ အဌမလမ်းကြောင်းတပ်မတော်က ဟိုင်ချန်မြို့ကိုလာရောက်သိမ်းပိုက်ဖို့အတွက် ဟိုင်ချန်မြို့ကာကွယ်ရေးမြေပုံကို အရေးတကြီးလိုအပ်နေတဲ့အခါ……မြေပုံကို ရယူနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက ဘယ်လို ကြိုးစားကြမလဲ…… ကွန်မြူနစ်ပါတီထဲက ဂျပန်သူလျှိုက ဘယ်သူဖြစ်မလဲ……အန်းဟယ်ရဲ့ ဆရာကျန်းတာ့ဟိုင်ကရော တကယ် သစ္စာဖောက်သူလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
The Exorcism (2024) ⭐IMDB: 4.4/10 (3 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာကားသစ်ဖြစ်ပါတယ်။ မနှစ်က ထွက်ထားတဲ့ The Pope’s Exorcist နဲ့ နာမည်တူပေမဲ့ အဆက်မဟုတ်ပါဘူး။ သီးခြားဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဉ်း **************** မင်းသားကြီး ရက်ဆဲခရိုးဟာ အန်သိုနီ(တိုနီ) ဆိုတဲ့ မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။ အရက်တွေစွဲ ဆေးလိပ်တွေစွဲ မိန်းမကသေ၊ သမီးက စိတ်နာတာခံနေရပြီး ဘဝပျက်နေတာပါ။ ဒီလိုနေ့ တစ်နေ့မှာ နတ်ဆိုးတစ်ကောင် အကြောင်းရိုက်မဲ့ ဟော်ရာရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ် အရွေးခံလိုက်ရပါတယ်။ အဲဒီရုပ်ရှင်ကိုရိုက်နေရင်းပဲ ကံဆိုးတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပြီး မိစ္ဆာပူးသလို ကိစ္စတွေကြုံလာတာကို ပြထားတာပါ။ သရဲပူးသရဲနှင် ဟော်ရာကားကိုပဲ စတိုင်တစ်မျိုးနဲ့ရိုက်ထားတာဖြစ်လို့ ခံစားကြည့်လိုက်ပါဦး။...
Green Lantern: Emerald Knights (2011) ⭐IMDB: 6.7/10 (15 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Drama #Fantasy #SciFi 🗓 2011 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Green Lantern: Emerald Knights (2011)IMDb – 6.7/102011 မှာ ထွက်ခဲ့တဲ့ Green Lantern animation ရုပ်ရှင်ပါ။ ပထမပိုင်းနဲ့ ဇာတ်အိမ်အနည်းငယ်သွေဖီသွားပြီး ဆင်နက်စ်ထရိုကို ဒီကားမှာ လူကောင်းအဖြစ် ပြန်တွေ့ရမှာဖြစ်သလို “First Flight” မှာသေသွားတဲ့ တိုးမားရီးလဲ ပြန်ပါလာပါတယ်။ ဇာတ်လမ်းကတော့ အိုအာကို ဖျက်ဆီးဖို့ သံန္နိဌာန်ချထားတဲ့ ခရိုနာရဲ့ ရန်ကို တားဆီးဖို့မီးအိမ်စိမ်းတို့ ကြိုးစားကြမှာပါ။ ဇာတ်လမ်းထဲမှာ အယ်ဘင်ဆော်ရ်ရဲ့ ဇာတ်ကြောင်း၊ကီလိုဝေါ့ဂ်ရဲ့ ဇာတ်ကြောင်း၊ လိုင်ယာရဲ့ ဇာတ်ကြောင်းနဲ့ မိုဂိုရဲ့ ဇာတ်ကြောင်းတို့ကိုလည်းသီးသန့်ပုံစံနဲ့ ပြောပြသွားပါလိမ့်မယ်...
All Eyes Off Me (2022) ⭐TMDB: 49% User Score 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #Israel ⏰ 1 နာရီ 31 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 All Eyes Off Me (2021)Genre – Drama, Comedy (ပွင့်လင်းမြင်သာသော လိင်ပိုင်းဆိုင်ရာ ပြကွက်များနှင့် အသုံးအနှုန်းများ ပါဝင်သောကြောင့်ကြည့်ရှုသူများအနေဖြင့် သတိပြုစေလိုပါသည်) ၂၀၂၁ ခုနှစ်က ဂရိစကားပြော ဒရမ်မာကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ သုံးပိုင်းခွဲပြီး တင်ဆက်ထားသလိုမျိုးပါ။ ပထမပိုင်း – ဒန်နီဆိုတဲ့ကောင်မလေးတစ်ယောက် ဘာလင်မှာ ကြုံဆုံခဲ့ရပြီးတစ်ညတာ ရင်းနှီးမှုကနေ ကိုယ်ဝန်ရလာတဲ့အထိ ဖြစ်ခဲ့လို့ဒီကောင်လေးကို ပါတီတစ်ခုမှာ လာရှာတဲ့အကြောင်းအရာလေးပါ။ ဒုတိယပိုင်း – မက်စ်ဆိုတဲ့ကောင်လေးနဲ့ သူ့ကောင်မလေး၊ ဒီ စုံတွဲလေးဟာ သာမန်အတိုင်းလိင်ဆက်ဆံတာတွေမကပဲ ကောင်မလေးဖြစ်သူရဲ့ စိတ်ကူးယဉ်ဆန်ဆန်လိင်ပိုင်းဆိုင်ရာ ကာမဂုဏ်အာရုံတွေကို မက်စ်က ဖြည့်စည်းပေးရတဲ့အကြောင်း။ တတိယပိုင်း – အာဗီရှက်ဗ်ဆိုတဲ့ကောင်မလေးဟာ အိမ်နီးနားချင်း ဘိုးတော်ကြီးရဲ့ခွေးတွေကို ထိန်းကျောင်းပေးရင်း ဒီဘိုးတော်ကြီးကို ဘယ်လို စွဲလမ်းသွားလဲဆိုတဲ့အကြောင်းအရာတွေကို စကားပြောဦးစားပေးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။...
The Bikeriders (2023) ⭐IMDB: 7.1/10 (16 k Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင် ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကို အလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။ The Bikeriders မှာတော့ မင်းသားကြီး Tom Hardy, ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီး Jodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့ The Bikeriders photo book ကို မှီငြမ်းထားတယ်လို့ သိရပါတယ်။ ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်က အဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက် ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကို ဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်း တစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့ အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။...
Arctic Armageddon (2023) ⭐IMDB: 3.0/10 (166 Votes) 🎬 #Action #Adventure #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ပြီးခဲ့တဲ့နှစ်ကမှ ထွက်ရှိခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဘူမိဗေဒသိပ္ပံပညာရှင်နှစ်ယောက် အတ္တလန်တိတ်သမုဒ္ဒရာမှာ အချက်အလက်ယူဖို့ ရေကြောင်းပြဗော်ယာတွေကိုနေရာချနေရင်း ငလျင်ကြီးလှုပ်ခတ်ပြီး သမုဒ္ဒရာကြီး ရုတ်တရက်စတင်အေးခဲလာပြီး အဲဒီပညာရှင်နှစ်ယောက်သေဆုံးသွားပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် စီနီယာဘူမိသိပ္ပံပညာရှင်နှစ်ယောက်ကို ပင်တဂွန်ရဲ့ အတွင်းရေးမှူးက ခေါ်ယူပြီးဖြေရှင်းချက်ရှာကြပါတယ်။ ငလျင်ကြောင့် အပျက်အစီးရေခဲထုကြီးဖြစ်လာပြီး ပင်လယ်ရေအောက်ရေနွေးစီးကြောင်းကိုပိတ်ဆို့နေတာကြောင့် အပူချိန်ထိုးကျပြီး သမုဒ္ဒရာတစ်ခုလုံးခဲသွားတဲ့အပြင် ကုန်းမြေတွေပါ ထိခိုက်လာပါတယ်။ အဲဒါကြောင့် ရေငုပ်သင်္ဘောလွှတ်ပြီး ဒေတာယူ အပျက်အစီးရေခဲထုကြီးကိုဖျက်ဆီးဖို့ ကြိုးစားကြပုံတွေကို စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။...
Summer Camp (2024) ⭐IMDB: 4.7/10 (572 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်လေးကတော့ သူငယ်ချင်းတွေကြားထဲကချစ်ခြင်းမေတ္တာတွေရယ် သူငယ်ချင်းတွေကြားဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆလေးတွေကို ရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ အဓိကဇာတ်ဆောင်တွေဖြစ်လာမဲ့ သူတွေဖြစ်တဲ့ ဂျင်နီရယ် မယ်ရီရယ်နဲ့ နိုရာဆိုတဲ့မိန်းကလေးတစ်ခုဟာ နွေရာသီကမ့်တစ်ခုရောက်ရှိလာကြပါတယ် ဒီလိုနဲ့ခင်မင်သွားကြပြီး တော်တော်ကိုရင်းနှီးပြီး တစ်ယယောက်နဲ့တစ်ယောက်အရေးပါတဲ့လူတွေလူ မိသားစုတွေလိုကိုရင်းနှီးသွားကြတာပါ တစ်နှစ်ပြီးတစ်နှစ်ကမ့်ကိုတူတူလာကြတယ် ကောလိပ်တက်ရင်ပါတူတူတစ်မြို့တည်းတက်ကြမယ်ဆိုပြီးကတိတွေပေးခဲ့ကြပါတယ် ဒီလိုနဲ့အချိန်တရွေ့ရွေ့ကုန်ဆုံးလာပြီးတဲ့အခါမှာတော့ သူတို့ရဲ့ကတိတွေကတကယ်ဖြစ်မလာခဲ့ပါဘူး။ ဂျင်နီက စာရေးဆရာမတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့ပြန်တွေ့ရဖို့ကို ဘာမဆိုပြန်လုပ်မဲ့သူပါ။ ဒါပေမဲ့ မယ်ရီနဲ့ နိုရာတို့ကတော့ သူတို့ဘဝနဲ့သူ တော်တော်ကိုမအားပဲဖြစ်နေကြတာပါ။ မယ်ရီက နာစ့်မတစ်ယောက်ဖြစ်လာပြီး သူ့မိသားစုလေးနဲ့နေထိုင်နေပြီးတော့ နိုရာကသူ့ခင်ပွန်းဆုံးပြီးထဲက အလုပ်ကိုပဲဖိလုပ်ပြီး သူ့အချိန်တွေကိုအလုပ်မှာပဲကုန်ခံပါတယ်။ တနေ့မှာတော့ ဂျင်နီက သူတို့အရင်လို့ ကမ့်ထွက်ကြမယ်လို့ စည်းရုံးလာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းတွေက ဘဝပေးဒဏ်တွေနဲ့ မိသားစုပြဿနာတွေကြောင့်ပါ မတွေ့ဘဲနေခဲ့ကြပါတယ် ဒီလိုနဲ့တားမရတော့တဲ့ဂျင်နီဟာ သူ့သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းရဖို့ အစီစဉ်တစ်ခုကိုစဆွဲပါတော့တယ် အဲဒါကတော့ သူတို့ငယ်ငယ်တုန်းကလို ကမ့်လေးတစ်ခုလုပ်ပြီး ပြန်ဆုံကြမလို့ပါ ဒီလိုနဲ့သူငယ်ချင်းသုံးယောင်ပြန်ဆုံမိပြီး သူတို့ဝေးကွာနေကြတုန်းကကိစ္စတွေ အခုဖြစ်ပျက်နေတဲ့ဘဝအခြေနေတွေ အကုန်ကိုဆွေးနွေးကြရင်း ပြဿနာတွေကိုဖြေရှင်းကြပါတော့တယ် သူငယ်ချင်းတွေကြားအခက်မသင့် နားလည်မှုလွဲတာတွေကိုလည်းဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာ ဟာသနှောပြီး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...
Inheritance (2024) ⭐TMDB: 55% User Score 🎬 #Comedy #Drama #Mystery 🗓 2024 🎞 movie 🌎 #Poland ⏰ 1 နာရီ 35 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အနှစ်၃၀လောက် အဆက်အသွယ်မရှိခဲ့တဲ့ တစ်ကိုယ်တည်းသမားဘီလီယံနာ ဦးလေး ဖြစ်သူက ရုတ်တရတ်ကြီး သေဆုံးသွားပြီး ကျန်ခဲ့တဲ့ ဥစ္စာဓန အားလုံးကို တူ၊ တူမ တွေကို အမွေပေးခဲ့တဲ့ အခါ။ လူထူးဆန်း ဖြစ်တဲ့ ဦးလေးက အမွေကို ရိုးရိုး မပေးဘဲ ရသစုံဂိမ်းရှိုးလို စီစဥ်ခဲ့တဲ့အခါ ဒီအမွေတွေကို နောက်ဆုံးမှာ ဘယ်သူရသွားမလဲ။ အေးခဲနေတဲ့ မြို့ထဲက ပဟေဠိတွေပြည့်နေတဲ့ အိမ်ကြီးထဲမှာ သူတို့ကို ဘယ်လိုအရာတွေက စောင့်ကြိုနေမလဲ။ မူလပိုလန်စကားပြောရုပ်ရှင်ဖြစ်ပြီး production design ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ အတွက် အမြင်အရ ဆန်းသစ်နေပါတယ်။ စိတ်ဝင်စားစရာ ဇာတ်ကြောင်းပြောပုံတွေ၊ ဟာသတွေ နဲ့ စကားလုံးတွေကို ကစားထားမှု က ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်ပေးသွားမှာပါ။ Netflix ပေါ် ရောက်လာတဲ့ ပိုလန် ရုံတင်ကား တစ်ကားဖြစ်တဲ့ အတွက် အသစ်အဆန်းအနေနဲ့ ကြည့်ရှု ခံစားကြည့်ကြပါဦး...
Blown Away (1994) ⭐TMDB: 62% User Score 🎬 #Action #Crime #Drama 🗓 1994 🎞 tv series 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗုံးဖြုတ်တပ်ဖွဲ့မှာ လက်ထောက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျင်မီဟာ ချစ်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး စုံစမ်းရင်း လုပ်ကြံသူဟာ မိမိမိတ်ဆွေဟောင်း ဖြစ်ပြီး အတိတ်ဖြစ်ရပ်ဟောင်းအတွက် သူ့ကိုလက်စားချေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဂျင်မီနဲ့မိတ်ဆွေဟောင်းဖြစ်သူကြား ဘယ်လိုပတ်သက်မှုရှိလဲ၊ နောက်ဆက်တွဲလုပ်ကြံမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။...
I Just Wanna Hug You (2014) ⭐IMDB: 6.6/10 (380 Votes) 🎬 #Romance #Drama 🗓 2014 🎞 movie 🌎 #Japan ⏰ 2 နာရီ 3 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Just Wanna Hug You (2014) IMDb – 6.6 %My Drama List – 7.8 % “အချစ်ဆိုတာ ဘယ်လိုမျိုးလဲ…သူ့နားမှာ အမြဲရှိနေချင်တယ်…သူ့အတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုတာ အချစ်ပဲ”… ကံမကောင်းအကြောင်းမလှလို့ မသန်စွမ်းဖြစ်ခဲ့ရတဲ့ Tsukasa က ဘုရားသခင်ရဲ့လှည့်ကွက်ကြောင့်မသန်စွမ်းဖြစ်ခဲ့ရပေမယ့် မသန်ပေမယ့် စွမ်းပါတယ်ဆိုတာကို သက်သေပြဖို့အတွက်Boccia ကစားနည်းကို စပြီးကစားခဲ့ပါတယ်… တက်စီမောင်းပြီး အသက်မွေးနေရပေမယ့်ဝါသနာဖြစ်တဲ့ ဘက်စကတ်ဘောကို အားရင်အားသလို သူငယ်ချင်းတွေနဲ့ကစားဖြစ်တဲ့ Masami… သူတို့နှစ်ယောက် တစ်ရက်မှာတော့ အားကစားရုံမှာ မတော်တဆဆုံမိကြရင်း Tsukasa ကိုMasamiက အိမ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သံယောဇဉ်တွယ်လာခဲ့ပြီးအဆင့်တွေတက်ခဲ့ကြပါတယ်။ နှစ်ဖက်မိဘတွေကလည်း အကြောင်းအမျိုးမျိုးကြောင့်စိတ်ပူကန့်ကွက်တဲ့ကြားက သူတို့နှစ်ယောက်ရဲ့အချစ်ရေးက ဘယ်လိုမျိုးဖြစ်သွားမလဲ…ဘယ်လိုမျိုး လောကဓံတွေနဲ့ကြုံတွေ့ရပြီး ဘယ်လိုတောင့်ခံကျော်ဖြတ်ကြမလဲ…ဒါတွေကို 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance, drama ဇာတ်ကားလေးI Just Wanna Hug You ကို ရသအပြည့်နဲ့ကြည့်ရှုခံစားလိုက်ကြရအောင်...
El Sur (1983) ⭐TMDB: 77% User Score 🎬 #Drama #Mystery #Romance 🗓 1983 🎞 tv series 🌎 #Spain #France ⏰ 1 နာရီ 34 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ‘ဒက္ခိဏတမ်းချင်း’ ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။ IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။ Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က တစ်ပိုင်းတစ်စကြီးနဲ့ရုံတင်ထားတာပါ။ ရိုက်ကူးချိန် ၈၁ ရက်စာ လျာထားပေမယ့် ၄၁ ရက်နဲ့ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဟာ ဆုပေါင်းများစွာရသည်အထိ ထိုက်တန်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး။ မူရင်းစာအုပ်ကတော့ Victor Erice ရဲ့ My father, the hero ဆိုတဲ့ ဝတ္ထုတိုလေးဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex 666 ပါ။...
What! The Heist (2023) ⭐TMDB: 48% User Score 🎬 #Comedy #Crime 🗓 2023 🎞 tv series 🌎 #Malaysia #Singapore ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ လူလိမ်တွေစု အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ထီဆု သန်းတစ်ရာကို လိမ်လည်ဖို့ကြိုးစားကြတဲ့ ဟာသကားပဲ ဖြစ်ပါတယ်။ ရောဂါသည်သမီးလေးအတွက် ခွဲစိတ်ဖို့ပိုက်ဆံလိုနေတဲ့ ဝါရင့်သရုပ်ဆောင် Chao Yan Fatt က သူ့ငယ်သူငယ်ချင်း ထောင်ကထွက်ပြေးလာတဲ့ Choi ဆီကနေ ဆက်သွယ်ခံခဲ့ရပြီး ထီဆုကြီးလိမ်ဖို့ လူလိမ်အဖွဲ့မှာ ပါဖို့အပြောခံခဲ့ရတယ်။ Yan Fatt က အစတော့ငြင်းပေမဲ့ သူ့သမီးလေးရဲ့ရောဂါက အခြေအနေပိုဆိုးလာတာကြောင့် လက်ခံလိုက်ပြီး အဲဒီလူလိမ်တွေအဖွဲ့ထဲပါခဲ့တယ်။ Yan Fatt အပါအဝင် အဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်ခြောက်ယောက်က သီးသန့်နယ်ပယ်တွေမှာ တစ်ယောက်စီကျွမ်းကျင်ကြပြီး ထီကုမ္ပဏီရဲ့ ထီပေါက်နံပါတ်ကိုလိမ်လည်ဖို့ ဘယ်လိုတွေအကွက်ဆင်ကြိုးစားကြမလဲဆိုတာကိုတော့ ဒီဟာသဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Kung Nag-aatubili (2024) ⭐TMDB: 0% User Score 🎬 #Adventure #BL #Drama 🗓 2024 🎞 tv series 🌎 # ⏰ 21 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Mini ဇာတ်လမ်းတိုလေးဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်အကြောင်းကို Bromance ဆန်ဆန် ရိုက်ကူးပြသွားတဲ့ ဇာတ်လမ်းလေးါပ ပန်းချီပညာကို အရမ်းသဘောကျပြီး သူ့ရဲ့ ဆရာက Thesis အနေနဲ့ ရှု့ခင်းပုံဆွဲခိုင်းတာကြောင့် နယ်ဘက်တစ်နေရာကို သွားတာပေါ့ အဲ့မှာ ရှု့ခင်းလှတဲ့နေရာကို သွားပြီး ပုံဆွဲနေရင်း အဲ့က ကောင်လေးတစ်ယောက်နဲ့ ခင်မင်သွားတဲ့ ချိန်မှာတော့...
The Elusive Samurai (2024) ⭐IMDB: 8.7/10 (48 Votes) 🎬 #Animation #Action #Adventure #Comedy #Drama #History 🗓 2024 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Elusive Samurai (2024)Genre – Anime, Adventure, ComedyIMDb – 8.7/10MyAnimeList – 7.7/10 “မျောက်လွှဲကျော် ဆာမူရိုင်းလေး” လာပါပြီ။ ဟုတ်ပါတယ် Anime ချစ်သူတွေအတွက်Demon Slayer Hashira Arc အပြီးမှာ အသစ်ထွက်ရှိလာခဲ့တဲ့ ဟိုးရှေးတုန်းက Shogunခေတ်အခြေခံ ဆာမူရိုင်း စွန့်စားခန်း Anime လေးပဲ ဖြစ်ပါတယ်။ အပိုင်း ၁ သာ ထွက်ရှိထားသေးပေမဲ့ ဇာတ်လမ်းဇာတ်အိမ်လေး ကောင်းနေတာရယ် ရုပ်ထွက်လေးတွေကချစ်စရာကောင်းတာရယ် ဟာသလေးတွေ ပါဝင်တာရယ် စိတ်ဝင်စားဖို့ကောင်းတာရယ်ကြောင့်ချက်ချင်း ပြန်ပေးလိုက်ပြီး တစ်ပတ်တစ်ပိုင်း ပုံမှန် တင်ဆက်ပေးသွားမှာပါ။နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီစီးရီးရဲ့ မင်းသားလေးဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့၁၃၀၀ ပြည့်နှစ်တွေက Hojo Tokiyuki ဆိုတဲ့ဆာမူရိုင်းတစ်ယောက်ကိုအခြေခံထားတယ်လို့ ဆိုပါတယ် ဇာတ်ကောင်နာမည်ကလည်း ဒါပါပဲ။ ဇာတ်လမ်းလေးက အကျဉ်းပြောပြရမယ်ဆို ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြို့ကနေအုပ်ချုပ်နေတဲ့ Shogun တစ်ယောက်ရှိတယ်ပေါ့။ သူက ပြောရမယ်ဆို အရည်အချင်းမရှိတဲ့ရုပ်သေးသာသာ Shogun ပါ။ ဒီလိုပြောလို့ သူ့ရဲ့၈ နှစ်အရွယ် သားဖြစ်သူ Tokiyuki ကလည်းပြေးလွှားရတာရယ် ပုန်းတာရယ်ကလွဲပြီး တခြားအရည်အချင်းမရှိတဲ့ ဆာမူရိုင်းလောင်းလျာလေးပါ။ သူကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနေရာ ဆက်ခံဖို့ထက် တိုင်းပြည်မှာအေးချမ်းသာယာနေရင်ပြီးရောဆိုပြီးဂုဏ်မမက်တဲ့လူလေးပေါ့။ တစ်ရက်မှာ သူတို့အားကိုးယုံကြည်ရတဲ့ အရည်အချင်းရှိတဲ့စစ်သူကြီးတစ်ယောက်ဟာ ပုန်ကန်နေတဲ့ အင်ပါယာကို သွားချေမှုန်းမယ်ဆိုပြီး တကယ်တမ်းတော့အဲဒီအင်ပါယာနဲ့ ပူးပေါင်းပြီး သစ္စာဖောက်ခဲ့ပါတယ်။ ပြီးတော့ ဒီ Kamakura မြို့လေးကိုလည်းသစ္စာဖောက်စစ်တပ်နဲ့အတူ အကုန်သတ်ဖြတ် မီးရှို့ဖျက်ဆီးလိုက်ချိန် အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိတယ်ဆိုတဲ့နတ်ဆရာတစ်ယောက်နဲ့ သူ့သမီးဖြစ်သူဟာ Tokiyuki ကို ကယ်တင်ပေးခဲ့ပြီးဖအေနဲ့ တိုင်းပြည်ကိုဖျက်ဆီးသိမ်းပိုက်ခဲ့တဲ့ ရန်သူကို ပြန်လက်စားချေဖို့အတွက် စွန့်စားခန်းတွေထွက်ကြမဟာမိတ်တွေရှာကြသန်မာအောင်လုပ်ကြပြီး ဘယ်လိုပြန်သိမ်းပိုက်မလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကြည့်ပြီးတဲ့အချိန် မျောက်လွှဲကျော်လေးနဲ့ တူလို့မျောက်လွှဲကျော် ဆာမူရိုင်းလေးလို့ နာမည်ပေးလိုက်ပါတယ်ဗျာ။...
Vanished in Yosemite (2023) ⭐IMDB: 5.1/10 (269 Votes) 🎬 #Mystery #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် လျှိ့ဝှက်သည်းဖိုဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျနီဖာနဲ့ကတ်ထရီနာဆိုတဲ့ ညီအစ်မနှစ်ဦးဟာ Yosemite အမျိုးသားဥယျာဉ်ကို အားလပ်ရက်အလည်အပတ်ခရီးထွက်လာပါတယ်… Yosemite ဥယျာဉ်ကိုရောက်ပြီး ညရောက်တော့ သူတို့ညီအစ်မတည်းတဲ့ဟိုတယ်ရဲ့စားသောက်ဆိုင်မှာ ရစ်ခ်လို့ခေါ်တဲ့လူတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိပါတယ်… ရစ်ခ်ကဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ဥယျာဉ်ထဲမှာဓါတ်ပုံလိုက်ရိုက်ဖို့ ဂျနီဖာနဲ့ကတ်ထရီနာတို့ကိုဖိတ်ပါတယ်….နောက်နေ့ကျတော့ ဂျနီဖာကအစာအဆိပ်သင့်ပြီး နေမကောင်းဖြစ်နေတဲ့အတွက် ကတ်ထရီနာတစ်ယောက်ထဲ ရစ်ခ်နဲ့လိုက်သွားခဲ့ပါတယ်….နေ့လည်ပြန်ရောက်မယ်လို့ပြောခဲ့ပေမဲ့ ညနေအထိပြန်မရောက်လာတဲ့အခါ ဂျနီဖာဟာကတ်ထရီနာကိုစိတ်ပူလာပါတယ်…. ဒီလိုနဲ့ဂျနီဖာဟာ ကတ်ထရီနာကိုလိုက်ရှာဖို့အတွက် ရည်းစားဟောင်းဖြစ်သူ ဝေါ်လီကိုဥယျာဉ်ကိုလိုက်လာခဲ့ဖို့ပြောပြီး ကတ်ထရီနာကိုလိုက်ရှာပါတော့တယ်...
Good Bye, Lenin! (2003) ⭐TMDB: 76% User Score 🎬 #Comedy #Drama 🗓 2003 🎞 movie 🌎 #Germany ⏰ 2 နာရီ 2 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 7.7/10 အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။ အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ နောက်တစ်ခါနှလုံးဖောက်ရင် အသက်ပါ ပါနိုင်ကြောင်း ပြောလာတဲ့အခါ အဲလက်စ်တစ်ယောက် သူ့အမေ ထိုအဖြစ်အပျက်တွေကို မသိရှိရေး အသည်းအသန် ကြိုးစားရပါတော့တယ်။ နိုင်ငံကြီးက ခေတ်နဲ့အမီ တိုးတက်နေတဲ့အချိန် ဂျာမဏီနိုင်ငံက ကမ္ဘာ့ဘောလုံးပွဲမှာတောင် ချန်ပီယံဖြစ်နေတဲ့အချိန် အဲလက်စ်တစ်ယောက် အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ သူ့မိခင်အတွက် အရှေ့ဂျာမဏီရဲ့ ဆိုရှယ်လစ်အုပ်ချုပ်မှုစနစ်ကြီးကို တစ်ယောက်တည်းအသက်သွင်းနေရတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲလက်စ်တစ်ယောက် သူ့မိခင်ကို အဆုံးထိ လိမ်သွားနိုင်မလား… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
