uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
https://m.media-amazon.com/images/M/MV5BNDllZjc2NjEtOGMwZS00ZmNkLTg2NDgtZjJkYjg0YjMxM2FmXkEyXkFqcGdeQXVyNzA5NjUyNjM@._V1_FMjpg_UX1000_.jpg The Originals (2013-2018) ⭐IMDB: 8.3/10 (137 k Votes) 🎬 #Drama #Fantasy #Horror 🗓️ 2013-2018 🎞️ tv series 📺 480p SD 🌎 United States ⏰ 42 မိနစ် 33 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Originals(S1+2+3+4+5)   CM ပရိတ်သက်များတောင်းဆိုထားတဲ့ TV Series တစ်ခုကို အပတ်စဉ် ပုံမှန်တင်ဆက်ပေးဖို့ အလှည့်ကျလာပြန်ပါပြီ IMDb မှာ Rate 8.3 ထိ ရထားတဲ့ The Originals ဆိုတဲ့ TV Series လေး ဖြစ်ပါတယ် CM ပရိတ်သက်တွေအတွက်တော့ တစ်လ ကို 10 Episodes ထိ ဘာသာပြန်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ် The Originals ကတော့ Teen Wolf နဲ့ The Vampire Diaries လို Series မျိုးကို ကြိုက်နှစ်သက် အားပေးသူတွေအတွက် ပိုပြီး ကြည့်လို့ကောင်းစေမယ့် TV Series မျိုးဖြစ်ပါတယ် အစဉ်အလာ ကြီးမားလှတဲ့ နှစ်ပေါင်း ထောင်နဲ့ချီပြီး အသက်ရှည်နေတဲ့ သွေးစုတ်ဖုတ်ကောင် တွေနဲ့ လူတပိုင်း မြေခွေးတပိုင်း ဖြစ်နေတဲ့ သမန်းဝံပုလွေ နဲ့ စစ်ခင်းကြမယ့် စစ်ပွဲ ကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ  File Size – 300mb/700mb EpisodeQuality – 480p , 720p , 1080pRuntime –  40 min EpisodeSubtitle – Burmese (Hardsub)

https://image.tmdb.org/t/p/original/nJV56spLJZZsIXHF3pVu2hVbqcU.jpg Razzennest (2022) ⭐IMDB: 6.1/10 (438 Votes) 🎬 #Comedy #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Austria ⏰ 1 နာရီ 20 မိနစ် 23 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Razzennest (2022)ရုပ်ရှင်အများစုကိုကြည့်ရှုတဲ့အခါမှာ လူတွေရဲ့ဆောင်ရွက်ချက်တွေကိုကြည့်ရှု ဟာသတွေ ၊ ကြောက်ရွံစရာတွေ၊ ၀မ်းနည်းစရာတွေကို ပရိတ်သတ်ကခံစားပြီး ချီးကျူးလေ့ရှိပါသတဲ့။ ဒါပေမဲ့ဒီဇာတ်ကားကတော့ တမူထူးခြားစွာနဲ့ပဲ လူတစ်ယောက်မှမပါရှိပဲ ပုံတွေကိုပဲရိုက်ကူးပြသထားခြင်းဖြစ်တယ်။ ဇာတ်လမ်းမှာ ဇာတ်ကားရိုက်ကူးသူတွေကို အင်တာဗျူးထားတဲ့ဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး တခြားဇာတ်ကားတွေလိုမဟုတ်ပဲ သူတို့အင်တာဗျူးနေတဲ့အချိန်မှာ ပြောဆိုနေတဲ့အသံတွေကိုပဲ နားထောင်ပြီးကြောက်ရွံ့လာစေမှာပါ။ ခြောက်ခြားဖွယ်မြင်ကွင်းပုံရိပ်တွေကပါ ထပ်ပေါင်းပြသပေးနေတဲ့အတွက် ကျောချမ်းလာစေတဲ့အထိပါပဲ။ လူတစ်ဦးတစ်ယောက်မှမပါတဲ့ ဒီဇာတ်ကားလေးကို ကြောက်ရွံစရာရှုခင်းတွေကြည့်ပြီး အေးစက်လှတဲ့ဆောင်းညလေးကို အတူတူဖြတ်သန်းကြပါစို့Reviewed by MayLinTranslated by MayLin & DoHsuHsuEncoded by Hubin

https://image.tmdb.org/t/p/original/i0z8g2VRZP3dhVvvSMilbOZMKqR.jpg The Requin (2022) ⭐IMDB: 2.6/10 (5 k Votes) 🎬 #Horror #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Unknown ⏰ 1 နာရီ 29 မိနစ် 55 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 The Requin (2022)=============GCပရိသတ်ကြီးအတွက် Mystery,horrorဇာတ်ကားသစ်တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်၊မမျှော်လင့်ပဲကြုံခဲ့ရတဲ့ မုန်တိုင်းဒဏ်ကြောင့် ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ စုံတွဲတစ်တွဲအကြောင်းပါ။ဇာတ်လမ်းအကြောင်းအရာကို ပြောရရင်တော့ကိုင်လ်နဲ့ဂျေးတို့နှစ်ယောက် ဗီယက်နမ်ကိုအားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ကြရာကစရမှာပါပဲ၊ဂျေးက ဟိုအရင်ကသူ့ရဲ့ကိုယ်၀န်ပျက်ကျမှုကြောင့် သူ့ကိုယ်သူအပြစ်တင်နေရင်း, အပြစ်ရှိသလိုခံစားနေရတဲ့သူပါ၊သူ့ဇနီးဖြစ်သူဂျေးတစ်ယောက် အပန်းဖြေနိုင်ဖို့, အတိတ်ကအကြောင်းအရာတွေကို မေ့ပစ်နိုင်ဖို့အတွက် ကိုင်လ်ကဒီခရီးကိုစီစဉ်ပေးခဲ့ပေမယ့် မမျှော်လင့်ပဲကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်၊ဗီယက်နမ်ကမ်းခြေကဟိုတယ်တစ်ခုရဲ့ ရေပေါ်အိမ်‌လေးမှာ တိတ်တိတ်ဆိတ်ဆိတ်အနားယူရင်း အပန်းဖြေနေ‌တဲ့သူတို့နှစ်ယောက်က မုန်တိုင်းနဲ့ကြုံခဲ့ရပါတယ်၊မုန်တိုင်းဒဏ်ကြောင့်ပဲ သူတို့အိမ်လေးကကမ်းနဲ့တဖြည်းဖြည်းဝေးလာရင်း ပင်လယ်ထဲအထိရောက်လာချိန်မှာတော့ ကယ်ဆယ်မယ့်သူကိုလည်း မမျှော်နိုင်တော့ပဲ ကိုယ့်ဘ၀အတွက်ကိုယ်တိုင်တိုက်ပွဲ၀င်ရပါတော့တယ်၊ပင်လယ်ထဲက လူနှစ်ယောက်,သူတို့ဘ၀အတွက် ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ခုပဲကြည့်ရှူခံစားကြည့်ကြပါဦး။Translatede by Monn & SunnyReviewed by Monn

https://image.tmdb.org/t/p/original/5DiiVvvYi0OcIyg28QOkouctGxa.jpg Embarrassment Of Will ( 2022 ) ⭐IMDB: ⁉️ 🎬 #Action #Comedy #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 China ⏰ 1 နာရီ 11 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မိန်းမ စွန့်ပစ်တာကို ခံရပြီး ဘာမှလက်ကြောတင်းအောင်မလုပ်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ – ကောဖုန်း မိန်းမနဲ့ကွာရှင်းပြီးတဲ့နောက် စိတ်ပြေလက်ပျောက်အရက်ဘားမှာထိုင်နေရင်း မိန်းကလေး မော့လီနဲ့ တွေ့ဆုံခဲ့တဲ့အခါ..?အစတုန်းကတော့ ဒီတွေ့ဆုံမှုကို တိုက်ဆိုင်မှုတစ်ခုအဖြစ်ထင်ခဲ့ပေမဲ့လို့ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သတ်နေခဲ့ပါတော့တယ်။ အလုပ်မှာ လုပ်ရည်ကိုင်ရည် ရှိလှတဲ့ မော့လီတစ်ယောက်နေမကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ ဆေးဖိုးရရှိဖို့ ကြိုးစားနေရရှာပါတယ်။အဲဒီတစ်ချိန်ထဲမှာပဲ သူမဟာ အရေးကြီးလှတဲ့ တာဝန်တစ်ခုကို လက်ခံရှိခဲ့ပါတယ်။အဲဒီတာဝန်ကတော့ ကောဖုန်းကို ပြန်ပေးဆွဲပြီး သူပိုင်ဆိုင်တဲ့ကျောက်စိမ်းပြားလေးလို့ ခိုးယူဖို့ပါ။ သမီးဖြစ်သူဆေးဖိုးရရှိရေးအတွက်ပဲရှေ့တန်းတင်ထားတဲ့ မော့လီတစ်ယောက် ကောဖုန်းကို စွန့်စားရှာဖွေဖို့ ကြိုးစားလာခဲ့ရင်း…..? ❏ ဒီကိစ္စနောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိကြောင်းသိလိုက်ရတဲ့အခါ?❏ ကောဖုန်းနဲ့ မော့လီတို့ ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ?❏ နောက်ကွယ်က ကြိုးကိုင်ခိုင်းစေနေသူကတော့ဘယ်သူဖြစ်နေမှာလဲ?❏ နောက်ကွယ်က အမှန်တရားကိုရော သူတို့ ရှာဖွေနိုင်ပါ့မလား ?ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့အပြင် အလွဲလေးတွေအခွီလေးတွေပါ ပါတာမို့ တကယ်ကို ကြည့်လို့ကောင်းမဲ့ဇာတ်ကားလေးတစ်ကားပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်

https://m.media-amazon.com/images/M/MV5BNTdkMjA4MjktYTVjOS00MTI1LWFiMWYtYjYzNmIzOGUzZGU0XkEyXkFqcGdeQXVyMTIxOTI1ODQw._V1_FMjpg_UX1000_.jpg Wicked City (2022- ) ⭐IMDB: 5.7/10 (133 Votes) 🎬 #Drama 🗓️ 2022- 🎞️ tv series 📺 1080p FHD 🌎 United States ⏰ 45 မိနစ် 46 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wicked City (2022)Wicked City (2022) Ongoing Series  ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ စီးရီးလေးကတော့ လတ်တလောလူမေးများနေတဲ့ မှော်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆယ်ကျော်သက်ကောင်မလေး ခမေးလ် ဟာ သူ့အိမ်ကိုပြန်ရောက်တော့ အမေဖြစ်သူက ဗိုက်မှာဓားဒဏ်ရာနဲ့ ကြမ်းပြင်မှာသေလုဆဲဆဲဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မိခင်ရဲ့အသက်ကိုလုဖို့ အတတ်နိုင်ဆုံးကြိုးစားပေမဲ့လည်း သူ့အမေက ခမေးလ်မှာ အန္တရာယ်ရှိနေပြီဆိုတဲ့အကြောင်းနဲ့ ဂျော်ဂျီယာ က အက်တလန်တာမြို့မှာ ကေဒန် ဆိုတဲ့သူကိုသွားရှာဖို့သာ နောက်ဆုံးအနေနဲ့မှာခဲ့ပြီး အသက်ထွက်သွားခဲ့ပါတယ်။ ခမေးလ် ကို သူ့အမေပေးခဲ့တဲ့လိပ်စာက မှော်ပညာနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေရောင်းတဲ့ စတိုးဆိုင်လေးဖြစ်ပြီး အဲ့ဒီဆိုင်ကို တက်ဘသာ ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးက ပိုင်ပါတယ်။ တက်ဘသာ ဟာ စုန်းမတစ်ယောက်ဖြစ်ပြီးတော့ ခမေးလ် နဲ့ မတိမ်းမယိမ်း တပည့်လေးယောက်လည်းရှိပါတယ်။ သူတို့ဟာ မတူညီတဲ့မှော်စွမ်းအားအသီးသီးပိုင်ဆိုင်ကြပေမဲ့ ဂျော်ဒန် ဆိုတဲ့စုန်းမလေးကတော့ မှော်စွမ်းအားကို အသုံးချလို့မရဘဲ အာရုံခံလို့သာရတဲ့အတွက် ရှေ့ဖြစ်ဟောအတတ်မှာသာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပြီး သူ့ကိုယ်သူ အားမလိုအားမရဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မိခင်သေဆုံးရတဲ့ နောက်ကွယ်ကအကြောင်းကိုစုံစမ်းဖို့ ခမေးလ် တစ်ယောက် လိပ်စာထဲကဆိုင်ကိုသွားပြီး ကေဒန် ကိုရှာရင်း စုန်းမလေး ဂျော်ဒန် နဲ့ မိတ်ဆွေဖြစ်သွားခဲ့ပါတယ်။ ဂျော်ဒန် လည်း ကေဒန် ကိုတော့မသိပေမဲ့ သူပြောနိုင်တာတစ်ခုက ခမေးလ် ရဲ့ ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအားတွေရှိနေတာကို သူခံစားလို့ရပြီး ခမေးလ် ရဲ့အမေဟာလည်း စုန်းမတစ်ယောက်ဖြစ်နိုင်ကြောင်း ပြောပြလိုက်ပါတယ်။ ယုံရခက်မယုံရခက်ဖြစ်နေတဲ့ ခမေးလ် လည်း ကြံရာမရတဲ့အဆုံး သူသိချင်တဲ့အဖြေကိုရဖို့ ဂျော်ဒန် ရဲ့ သူငယ်ချင်း စုန်းမလေးတွေနဲ့ပေါင်းပြီး မှော်အစီအရင်တွေလုပ်တဲ့အဆင့်ထိ ဖြစ်သွားပါတော့တယ်။ ခမေးလ် အမေကိုသတ်သွားခဲ့တာ ဘယ်သူဖြစ်မလဲ…ခမေးလ်တို့အဖွဲ့ မှော်လောကအရှုပ်ထွေးကြီးကို ဘယ်လိုတွေ အဖြေရှာကြမလဲဆိုတာကို စောင့်မျှော်အားပေးကြပါဦးခင်ဗျာ… (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Thar Htet ပဲဖြစ်ပါတယ်။)Size ~ 700MB+

https://m.media-amazon.com/images/M/MV5BYzM4NWVmOWYtN2ZiNC00NDI1LWFlNjUtNjRkZTdlOGQxYmY5XkEyXkFqcGdeQXVyMTUwMzM5ODkz._V1_FMjpg_UX1000_.jpg La Brea (2021- ) ⭐IMDB: 5.7/10 (12 k Votes) 🎬 #Drama #Mystery #Sci-Fi 🗓️ 2021- 🎞️ tv series 📺 1080p FHD 🌎 United States ⏰ 43 မိနစ် 47 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 La Brea (2021) Season 1အချိန်ခရီးသွားဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက် La Brea ဆိုတဲ့ underrated စီးရီးကောင်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဗျ။ ဒီစီးရီးဟာဆိုရင် အချိန်ခရီးသွားဇာတ်လမ်းတွေထဲမှာ စံလို့ပြောရမယ့် Dark လောက် မ dark ပေမဲ့ သူ့ဟာနဲ့သူ အလှည့်အပြောင်းတွေ plot twist တွေနဲ့ တော်တော်လေး ကြည့်လို့ကောင်းတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ Dark ထက် ပိုပြီး family drama လေးတွေ ပိုပြီးပါပေမဲ့ ပရိတ်သတ်ကို လုံးဝ အီမသွားအောင် ဆက်တိုက်ဆွဲခေါ်သွားတာကို တွေ့ကြရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့… အိဗ် ဟားရစ်ဟာ သူမရဲ့သားနဲ့သမီးဖြစ်သူကို ကျောင်းလိုက်ပို့တဲ့ တစ်မနက်မှာ အယ်လ်အေမြို့ရဲ့ လမ်းမထထိုမြေကျွံမှုထဲပါသွားခဲ့ရနောက်မှာ ကားပိတ်နေတာနဲ့ ကြုံခဲ့ရပါတယ်။ ထိုအချိန်မှာပဲ ရုတ်တရက် မြေကျွံမှုတစ်ခု စတင်ဖြစ်ပွားလာခဲ့ပြီးတော့ အနီးအနားပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေအားလုံး ကျွံကျပျက်စီးကုန်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ထိုဘေးအန္တရာယ်ကြားမှာ ကလေးမလေးတစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဂျော့ရှ် ဟားရစ်ကြောင့် အိဗ်နဲ့ ဂျော့ရှ်တို့နှစ်ဦးစလုံး သမီးဖြစ်သူ အစ်ဇီ ဟားရစ်တစ်ယောက်သာ အယ်လ်အေမြို့ရဲ့မြေပေါ်မှာ ကျန်ရစ်နေခဲ့ပါတော့တယ်။မြေကျွံမှု ကပ်ဘေးအန္တရာယ်ကြီး ပြီးဆုံးသွားတဲ့အချိန် အယ်လ်အေမြို့ပေါ်မှာ တွင်းပေါက်ကြီးတစ်ခု ဖြစ်ကျန်နေခဲ့ပြီး ထိုတွင်းပေါက်ထဲကနေ ကြီးမားလှတဲ့ ငှက်တချို့ပျံတက်လာခဲ့တာကြောင့် လူတွေက အံ့သြတကြီးဖြစ်ခဲ့ရပါသေးတယ်။ထိုအခိုက်မှာပဲ တွင်းပေါက်ထဲကို ပြုတ်ကျလာခဲ့တဲ့ အိဗ် ဟားရစ်ဟာ အလင်းတန်းတစ်ခုဆီကို ဖြတ်သန်းတိုးဝင်သွားခဲ့ပြီး တောတွင်းနေရာတစ်ခုမှာ နိုးလာခဲ့ပါတယ်။သားဖြစ်သူကို ဂျော့ရှ်ကို လိုက်ရှာရင်း သာယာလှပတဲ့ရှုခင်းတွေကိုကျော်ဖြတ်ပြီး တောတွင်း လေဟာပြင်တစ်ခုကို ရောက်သွားတဲ့ အိဗ်ဟာ ထိုနေရာမှာ သူမနဲ့နည်းတူ ပြုတ်ကျလာတဲ့ လူတွေ ၊ ကားတွေ ၊ အပျက်အဆီးတွေကို မြင်လိုက်ရပါတော့တယ်။အိဗ်ဟာ ဘယ်နေရာကို ရောက်သွားတာများလဲ။ ဘာတွေကြုံရလိမ့်ဦးမလဲ..။အယ်လ်အေမှာကျန်နေခဲ့တဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ လေတပ်အရာရှိဟောင်း ဂေဗင် ဟားရစ်ရဲ့ တကယ်မရှိတဲ့အရာတွေကို မြင်ယောင်နေရတဲ့အကြောင်းအရင်းကရော ဘာများဖြစ်လိမ့်မလဲ။တစ်ချိန်တည်းမှာပဲ တောတွင်းမှာ ရှင်သန်ဖို့ကြိုးစားနေရတဲ့ အိဗ်နဲ့ လူတစ်စုတို့ မျိုးသုဉ်းသွားပြီဖြစ်တဲ့ အစွယ်ရှည်ကျားတစ်ကောင်ကို တွေ့လိုက်ရတဲ့အခါ….။လာဘရီယာတွင်းပေါက်နဲ့ အလင်းတန်းတို့ရဲ့ မတူညီတဲ့ကာလ ပဟေဠိတွေကို အဖြေရှာနိုင်ဖို့အတွက် Channel Myanmar မှ ဒီစီးရီးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။Quality : 1080p BluRay / 720pTotal Episodes : 10EpsFormat : mp4Genres : Drama ~ Mystery ~ Sci Fi Duration : 42minsSubtitle : Myanmar Subtitle ( Hardsub )

https://m.media-amazon.com/images/M/MV5BYzUwZjdjMjQtMjg0OC00MTVjLThkY2MtYzhiY2Q1ZDI5NzBlXkEyXkFqcGdeQXVyMTMzNzIyNDc1._V1_FMjpg_UX1000_.jpg Sonic Prime (2022- ) ⭐IMDB: 7.3/10 (922 Votes) 🎬 #Animation #Action #Adventure 🗓️ 2022- 🎞️ tv series 📺 1080p FHD 🌎 United States, Canada, Japan ⏰ 26 မိနစ် 55 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sonic Prime (2022)Sonic Prime(2022) ============== IMDb Rating – 7.3/10Netflix ကနေ ထွက်ရှိလာတဲ့ အများကြိုက်ကြတဲ့ နာမည်ကြီး ဆိုးနစ်ကာတွန်းဇာတ်လမ်းတွဲဖြစ်ပါတယ်။ Rating တွေလည်း 7.3 လောက်အထိရထားပြီး storyline ကောင်းကောင်းနဲ့အရင်ထွက်ခဲ့ ပြီးသား red sonic တို့နဲ့ ချိတ်ဆက်နေမယ့် animation ဇာတ်လမ်း ကောင်းဖြစ်ပါတယ်။ အပြာရောင်ဖြူကောင် speedster လေး ဆိုးနစ်တို့ သူငယ်ချင်းတစ် သိုက်ဟာ ဂရင်းဟေးနယ်မြေမှာ ပျော်ရွှင်စွာနေထိုင်ခဲ့ရင်း သူ့ရဲ့ရန်သူ ပေါင်းများစွာကို တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မဟာ ရန်သူကြီး ဒေါက်တာ အက်ဂ်မန်းရဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့အတူ ဂရင်းဟေးရဲ့ ပင်မအရင်းအမြစ် ဝိရောဓိဖန်သားကျောက်ကို လုယူ သိမ်းပိုက်ပြီး ဆိုးနစ်တို့ကိုအနိုင်ယူလိုက်ကာ အချိန်စီးကြောင်းပြောင်း သွားပါတယ်။ဆိုးနစ်က မတူတဲ့ အနာဂတ်တိုင်းလိုင်းတစ်ခုကိုရောက်သွားပြီး ဒေါက် တာအက်ဂ်မန်းကို ပြန်လည်တားဆီးပုံကို စွန့်စားခန်းများစွာနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(650 MB

https://image.tmdb.org/t/p/original/8lnTvEVYuZmRny60HdVIU3Lt55L.jpg The Tipping Point ( 2022 ) ⭐IMDB: ⁉️ 🎬 #Crime #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 China ⏰ 1 နာရီ 39 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ကနေ ရုပ်ရှင်ကားကောင်းကောင်းလေးတွေကို အမြဲတင်ဆက်ပေးနေကျဖြစ်သလိုအခုတစ်ခါမှာတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ငွေကြေးခဝါချမှုတွေတရားမဝင်ငွေချေးမှုတွေ အကြောင်းရိုက်ကူးထားတဲ့ ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် တက္ကသိုလ်ကျောင်းသူလေးကျောက်ရွှယ်နင်တစ်ယောက် ချေးငွေကိစ္စနဲ့ပက်သက်ပြီးအာမခံကုမ္ပဏီရဲ့ အပေါ်ဆုံးထပ်ကနေ ခုန်ချသွားခဲ့ပါတယ် ဝမ်းဟိုင်မြို့မှာ တာဝန်ကျတာမကြာသေးတဲ့ မှုခင်းရဲအရာရှိချန်ရွေ့တစ်ယောက်က ဒီအမှုကို လက်ခံပြီး ရှာဖွေစုံစမ်းရာမှာတော့ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုမဟုတ်ဘဲ လူသတ်မှုလို့ သံသယရှိလာခဲ့ပါတယ် အဲ့နောက်မှာတော့ အထက်အရာရှိ စခန်းမှူးတုက ဒီအမှုကိုအမြန်ဆုံးစုံစမ်းဖော်ထုတ်ခိုင်းပါတော့တယ် ချန်ရွေ့တစ်ယောက်ဒီအမှုရဲ့ကြိုးစကို စတင်ဖြည်ရင်း ပိုပိုရှုပ်ထွေးလာမှန်းသိလိုက်ရပါတယ်အာမခံကုမ္ပဏီအပြင်ကို မြို့ရဲ့ မျက်နှာဖုံး စီးပွားရေးသမားအန်းယိမင်နဲ့သူ့ဇနီး ကျိုးထုံတို့လည်း ပါဝင်ပက်သက်နေတာကိုသိလိုက်ရပါတယ် တွင်းနက်လေလေ နှိုက်ရခက်လေလေဆိုတော့ဒီဝမ်းဟိုင်မြို့မှာ မကောင်းမှုပပျောက်ရေးလှုပ်ရှားမှုကိုဘယ်လိုမျိုး ပြီးမြောက်အောင် လုပ်ဆောင်သွားမှာလဲဒီအမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြံစည်တွေ ရှိနေမှာလဲဆိုတာကိုတော့ခုတင်ဆက်ပေးမယ့် ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်~~~~~~~~

https://image.tmdb.org/t/p/original/MlCT0ObW0dHKD9xk8rvYfJGG7d.jpg Livescream (2022) ⭐IMDB: 5.4/10 (16 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 N/A ⏰ 1 နာရီ 18 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 LiveScream (2022) နာမည်ကျော် Vivamax ကလူတွေပဲ ထပ်စကေးပြထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပေါ့ဗျာ။ သူက Saw တို့ ဘာတို့လို Escape Room ရုပ်ရှင်ပုံစံမျိုးရိုက်ပြထားတယ်။ ဒါပေမဲ့ ဆန်းတာက သူက ဒါကို ယူကျူ့လိုနေရာမှာ ပေါက်ပန်းဈေးဗီဒီယိုတွေတင်၊ လိုက်ဖ်ရှာ၊ ဖော်လိုဝါရှာတဲ့ လုပ်စားတစ်ကောင်ကို ဇာတ်လိုက်ထားထားတယ်။ အဲဒီကောင်က သူဖော်လိုဝါရဖို့ လိမ်ထားသမျှအလိမ်တွေအတွက် အပြစ်ခံရတဲ့သဘောပေါ့။ ဒါကိုမှ ခပ်ဆန်းဆန်းဖြစ်အောင် လိင်ဆက်ဆံခန်းတွေ လိင်ပိုင်းဆိုင်ရာနဲ့ Escape ဖြစ်အောင်လုပ်ရတဲ့အခန်းတွေက အဆစ်ပါသေးတယ်။ တစ်ချို့အခန်းတွေလည်း ကျောချမ်းဖို့တော့ ကောင်းပါတယ်။ Saw လိုပုံစံမျိုးကိုမှ ခေတ်ရေစီးကြောင်းက အဖြစ်တွေကို အသားပေးထားတော့ တစ်မျိုးတစ်ဖုံတော့ ကြည့်ကောင်းပေမဲ့ ဒီရုပ်ရှင်ဟာ အရမ်းကြမ်းတာကြိုက်တဲ့လူတွေအတွက်မဟုတ်သလို အသည်းငယ်တတ်တဲ့လူတွေအတွက်လည်း မဟုတ်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BOTMwYjc5ZmItYTFjZC00ZGQ3LTlkNTMtMjZiNTZlMWQzNzI5XkEyXkFqcGdeQXVyNzkwMjQ5NzM@._V1_FMjpg_UX1000_.jpg City of God (2002) ⭐IMDB: 8.6/10 (758 k Votes) 🎬 #Crime #Drama 🗓️ 2002 🎞️ Movie 📺 1080p FHD 🌎 Brazil, France, Germany ⏰ 2 နာရီ 10 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 City of God(2002) ******************* IMDb….8.7 Rotten……90% အော်စကာ….၄ဆု ဒီကားဇတ်လမ်းလေးအစမှကောင်လေး ၂ယောက်လမ်းလျှောက်လာတယ် တစ်ယောက်က ကင်မရာလေးတစ်လုံးလွယ်ထားတယ်… သူတို့လမ်းလျှောက်ရင်းပြောတဲ့စကားတွေက ဓာတ်ပုံရိုက်ရင် အန္တရယ်များလို့ အသတ်ခံရနိုင်တဲ့အကြောင်း တစ်ယောက်ကလည်း ဒါမှသူအလုပ်ရနိုင်တဲ့အကြောင်းအခြေအတင်ပြောလာကြတယ်…အဲ့ဒီအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကိုသေနတ်နဲ့လိုက်ပစ်ဖမ်းနေတယ်…..ကောင်လေး ၂ယောက်ရှေ့မှာ ကြက်ကရောက်နေတော့ သေနတ်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကလှမ်းအမိန့်ပေးလိုက်တယ်….ကြက်ကိုဖမ်းလိုက်စမ်းတဲ့ တစ်ချိန်ထဲမှာပဲ သေနတ်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲအဖွဲ့က ကောင်လေး ၂ယောက်ရဲ့ နောက်မှာရောက်လာတယ်….လက်နက်ကိုင်၂ဖွဲ့ကြားမှ ကောင်လေး ၂ယောက် ……..သူတို့ ၂ယောက်ဟာ ဘာလုပ်ရမှန်းမသိတဲ့အနေအထား …….ကောင်လေးက သူတို့နယ်မြေရဲ့အကြောင်းကိုဆက်ပြောပြတယ် ကျွန်တော်တို့ဆီမှာ ပြေးရင်လည်းသူတို့ကလိုက်ဖမ်းမိမယ် ရပ်နေရင်လည်း သူတို့ကဖမ်းမှာပဲတဲ့……..ဒါကဇတ်လမ်းအစ…….လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အနေအထားရဲ့လွှမ်းမိုးမှု အမှောင်ရိပ်ဟာ တစ်ချိန်လုံးလွှမ်းခြုံခံနေရရင် ရုန်းထွက်ဖို့ခက်ပါတယ်ဒီလိုအနေအထားမှာ အမှန်တရားဆိုတာဘာလဲ မေးခွန်းထုတ်နိုင်ဖို့ရယ် အဖြေရယ်ရှာဖို့ရာ အတော်ကိုမလွယ်ပါဘူး……ဘရာဇီးရဲ့City of god မှာ ဒီလိုအဖြစ်အပျက်တွေပါ …သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုတယ်… မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ်…လူသတ်တတ်မှ ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုး ….ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အနက်ရောင်တွေ ထုံလွှမ်းနေတယ်….နေရာစုံမယ် ကိစ္စဟူသမျှကို သေနတ်တရမ်းရမ်းနဲ့ဖြေရှင်းတယ်…..ကျွန်တော်ဟာ လူကောင်းတစ်ယောက်ပါဆိုတဲ့အသုံးအနှုန်းဟာ ဟာသဆန်နေတယ်…ဒီလိုပတ်ဝန်းကျင်မှာ အသက်ရှင်နေတဲ့ ကလေးတွေရဲ့ အခြေအနေတွေကို ရိုက်ပြထားတာပါ…ဒီကားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပါ……Film Edition ဆုလည်းရထားလေတော့ ကြည့်ရတာအတော်ကိုလန်းပါတယ်…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့ဘာသာပြန်သူကတော့ ကိုဝေဖြိုးမောင်ပါ….

https://m.media-amazon.com/images/M/MV5BODcyYzM4YTAtNGM5MS00NjU4LTk2Y2ItZjI5NjkzZTk0MmQ1XkEyXkFqcGdeQXVyNjU0OTQ0OTY@._V1_FMjpg_UX1000_.jpg Army of Darkness (1992) ⭐IMDB: 7.4/10 (180 k Votes) 🎬 #Comedy #Fantasy #Horror 🗓️ 1992 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 29 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Army of Darkness (1992) ===================== IMDb 7.4 / Rotten Tomatoes 74% ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာ မလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ် အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်…

https://image.tmdb.org/t/p/original/oi3KZaxsQsMnbv7du1cJz7lpw4r.jpg One More Shot (2022) ⭐IMDB: ⁉️ 🎬 #Short 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 China ⏰ 1 နာရီ 22 မိနစ် 30 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Vr Fighter (2021)Lung Wei က အရမ်းထူးချွန်တဲ့ Bodyguard တယောက်ဖြစ်ပြီး team leader လည်းဖြစ်သည်။ သူ့ရဲ့ teamနဲ့အတူ mission တခုဆောင်ရွက်ရင်း သူ့ရဲ့ teammate အားလုံးသေဆုံးခဲ့ရပြီး သူကိုယ်တိုင်ပါ ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ရတယ်။ဒဏ်ရာမှသက်သာလာချိန်မှာ ဇနီးသည်ကပါအသတ်ခံလိုက်ရပြန်တယ်။ Lung Wei က ဘာမှမတက်နိုင်တော့ပေမဲ့ ကျန်ရှိသေးတဲ့ သမီးငယ်လေးအတွက် တခြားနယ်မြို့လေးကိုသွားပြီး ဇာတ်မြုပ်နေထိုင်ပြီး လက်သမားအလုပ်ဖြစ်အသက်မွေးဝမ်းကြောင်းပြုနေထိုင်ခဲ့လေသည်။တညမှာတော့ မိန်းကလေးတဦး အဓမ္မပြုခံရမည့်အန္တာရယ်ကနေ ကယ်‌တင်ပေးခဲ့ရာ မိန်းကလေးက ကျေးဇူးတင်ပြီး အဆင့်မြင့်နည်းပညာဖြင့် exoskeleton suits များထုတ်လုပ်သည့် သူမ၏ကုမ္ပဏီတွင် virtual reality အော်ပရေတာအဖြစ် အလုပ်ပေးခဲ့သည်။ အကြမ်းဖက်အုပ်စုတခုကလည်း ထိုကုမ္ပဏီရဲ့နည်းပညာတွေကို ခိုးယူဖို့ကြိုးစားချိန်မှာတော့…Translated by AMOEncoded by Siran

https://m.media-amazon.com/images/M/MV5BOTMwYjc5ZmItYTFjZC00ZGQ3LTlkNTMtMjZiNTZlMWQzNzI5XkEyXkFqcGdeQXVyNzkwMjQ5NzM@._V1_FMjpg_UX1000_.jpg City of God (2002) ⭐IMDB: 8.6/10 (758 k Votes) 🎬 #Crime #Drama 🗓️ 2002 🎞️ Movie 📺 720p HD 🌎 Brazil, France, Germany ⏰ 2 နာရီ 10 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 City of God(2002) ******************* IMDb….8.7 Rotten……90% အော်စကာ….၄ဆု ဒီကားဇတ်လမ်းလေးအစမှကောင်လေး ၂ယောက်လမ်းလျှောက်လာတယ် တစ်ယောက်က ကင်မရာလေးတစ်လုံးလွယ်ထားတယ်… သူတို့လမ်းလျှောက်ရင်းပြောတဲ့စကားတွေက ဓာတ်ပုံရိုက်ရင် အန္တရယ်များလို့ အသတ်ခံရနိုင်တဲ့အကြောင်း တစ်ယောက်ကလည်း ဒါမှသူအလုပ်ရနိုင်တဲ့အကြောင်းအခြေအတင်ပြောလာကြတယ်…အဲ့ဒီအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကိုသေနတ်နဲ့လိုက်ပစ်ဖမ်းနေတယ်…..ကောင်လေး ၂ယောက်ရှေ့မှာ ကြက်ကရောက်နေတော့ သေနတ်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကလှမ်းအမိန့်ပေးလိုက်တယ်….ကြက်ကိုဖမ်းလိုက်စမ်းတဲ့ တစ်ချိန်ထဲမှာပဲ သေနတ်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲအဖွဲ့က ကောင်လေး ၂ယောက်ရဲ့ နောက်မှာရောက်လာတယ်….လက်နက်ကိုင်၂ဖွဲ့ကြားမှ ကောင်လေး ၂ယောက် ……..သူတို့ ၂ယောက်ဟာ ဘာလုပ်ရမှန်းမသိတဲ့အနေအထား …….ကောင်လေးက သူတို့နယ်မြေရဲ့အကြောင်းကိုဆက်ပြောပြတယ် ကျွန်တော်တို့ဆီမှာ ပြေးရင်လည်းသူတို့ကလိုက်ဖမ်းမိမယ် ရပ်နေရင်လည်း သူတို့ကဖမ်းမှာပဲတဲ့……..ဒါကဇတ်လမ်းအစ…….လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အနေအထားရဲ့လွှမ်းမိုးမှု အမှောင်ရိပ်ဟာ တစ်ချိန်လုံးလွှမ်းခြုံခံနေရရင် ရုန်းထွက်ဖို့ခက်ပါတယ်ဒီလိုအနေအထားမှာ အမှန်တရားဆိုတာဘာလဲ မေးခွန်းထုတ်နိုင်ဖို့ရယ် အဖြေရယ်ရှာဖို့ရာ အတော်ကိုမလွယ်ပါဘူး……ဘရာဇီးရဲ့City of god မှာ ဒီလိုအဖြစ်အပျက်တွေပါ …သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုတယ်… မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ်…လူသတ်တတ်မှ ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုး ….ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အနက်ရောင်တွေ ထုံလွှမ်းနေတယ်….နေရာစုံမယ် ကိစ္စဟူသမျှကို သေနတ်တရမ်းရမ်းနဲ့ဖြေရှင်းတယ်…..ကျွန်တော်ဟာ လူကောင်းတစ်ယောက်ပါဆိုတဲ့အသုံးအနှုန်းဟာ ဟာသဆန်နေတယ်…ဒီလိုပတ်ဝန်းကျင်မှာ အသက်ရှင်နေတဲ့ ကလေးတွေရဲ့ အခြေအနေတွေကို ရိုက်ပြထားတာပါ…ဒီကားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပါ……Film Edition ဆုလည်းရထားလေတော့ ကြည့်ရတာအတော်ကိုလန်းပါတယ်…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့ဘာသာပြန်သူကတော့ ကိုဝေဖြိုးမောင်ပါ….

https://m.media-amazon.com/images/M/MV5BODcyYzM4YTAtNGM5MS00NjU4LTk2Y2ItZjI5NjkzZTk0MmQ1XkEyXkFqcGdeQXVyNjU0OTQ0OTY@._V1_FMjpg_UX1000_.jpg Army of Darkness (1992) ⭐IMDB: 7.4/10 (180 k Votes) 🎬 #Comedy #Fantasy #Horror 🗓️ 1992 🎞️ Movie 📺 720p HD 🌎 United States ⏰ 1 နာရီ 29 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Army of Darkness (1992) ===================== IMDb 7.4 / Rotten Tomatoes 74% ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာ မလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ် အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်…

https://m.media-amazon.com/images/M/MV5BZDIwYjhlYTYtYTMxMy00NTk0LThmZWUtNzE5YjZmZDEyMGU4XkEyXkFqcGdeQXVyMTI0MjU5MzUw._V1_FMjpg_UX1000_.jpg X Zone (2020) ⭐IMDB: 3.1/10 (61 Votes) 🎬 #Adult #Bollywood #Thriller 🗓️ 2020 🎞️ Movie 📺 1080p FHD 🌎 India ⏰ 1 နာရီ 39 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 X Zone (2020) ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘောလီဝုဒ် ၁၈ အပေါင်း ကားလေးပဲ ဖြစ်ပါတယ်နော် ၁၈ အပေါင်းအခန်းတွေလည်း ပါဝင်သလို သည်းထိတ်ရင်ဖို ခြောက်ခြားစရာအခန်းများလည်းပါလို့စောင်ကိုက်တဲ့သူကကိုက်..ခြုံတဲ့သူက ခြုံ.. FA တွေဆိုရင်တော့ထိုင်ငိုလို့ရအောင် တစ်သျှူးပါဆောင်ထားကြနော်။ ဇာတ်လမ်းအကျဉ်း…။ လူငယ်သဘာဝ စွန့်စားချင်တဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ အတွဲကိုယ်စီနဲ့တောကြီးမျက်မည်းထဲက အပန်းဖြေအိမ်ကြီးတစ်ခုဆီ အပန်းဖြေခရီးထွက်လာကြပါတယ်။ ညရောက်တော့ သူတို့လေးတွေ ပျော်ပျော်ပါးပါးဆော့ကစားကြတယ်သောက်စားကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအိမ်ကြီးက ခြောက်နေတာကို သူတို့မသိကြရှာဘူး။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကလည်းသူတို့မရိပ်မိခင်မှာဘဲ တဖြည်းဖြည်း အရှိန်တက်လာနေခဲ့ပါတယ်။ သူတို့တွေအားလုံးကလည်း ကိုယ့်စိတ်ကူး ကိုယ့်အကြံကိုယ်စီနဲ့ ဒီခရီးကိုထွက်လာခဲ့ကြတာပေါ့။ ဒီလိုနဲ့ သူတို့တွေကြားမှာ လူသတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဘယ်သူဘယ်ဝါသတ်လို့သတ်မှန်းမသိကြဘဲအချင်းချင်းကလည်း သံသယစိတ်တွေဝင်လာကြပါပြီ။ ကဲ ဆက်လက်ပြီး ရင်ခုန်ရမယ့်အပိုင်းကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပြီးသူတို့သူငယ်ချင်းတွေအားလုံး လွတ်မြောက်နိုင်ပါ့မလား…။ ဒီအိမ်ကြီးရဲ့တကယ့်ဖြစ်ရပ်မှန် နောက်ကြောင်းရာဇဝင်က ဘာတွေဖြစ်နေမလဲဆိုတာကိုတော့စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။

https://image.tmdb.org/t/p/original/dCSSGMXLPKcPHZF3QlwkRxQtlis.jpg They Nest (2000) ⭐IMDB: 5.1/10 (2 k Votes) 🎬 #Horror #Sci-Fi 🗓️ 2000 🎞️ Movie 📺 1080p FHD 🌎 United States, Canada ⏰ 1 နာရီ 33 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 They Nest (2000) ============== ရုပ်ရှင်ပရိသတ်တို့ကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror သိပ္ပံဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင် ဒေါက်တာဘန်ကေဟေးက ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ အရက်ဖြတ်ထားတဲ့အရှိန်ကြောင့် လူနာကို ခွဲစိတ်မယ်အလုပ်မှာ မခွဲစိတ်နိုင် ဖြစ်သွားရတယ်။ အဲဒီလိုနဲ့ သူက ဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ဆေးရုံကနေ နားတဲ့အချိန်မှာ သူ့ဇနီးနဲ့ ဝယ်ခဲ့တဲ့ အိမ်ရှိရာ ကျွန်းကို ထွက်လာခဲ့တယ်။ ကျွန်းကိုလာတဲ့လမ်းမှာ အိမ်ပိုင်ရှင်မိသားစုဝင် တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်သွားတယ်။ အဲဒီလူက သူ့အိမ်ကို ဝယ်လို့ ကေဟေးကို မကျေနပ်ခဲ့ဘူး။ ကေဟေး ကျွန်းပေါ်ရောက်လာချိန်မှာလည်း ကန့်လန့်တွေတိုက်တော့တာပါပဲ။ တကယ်တော့ အဲဒီကျွန်းပေါ်မှာ မကြာခဏ ထူးဆန်းတဲ့သေဆုံးမှုတွေ ဖြစ်နေခဲ့ပေမဲ့ အကြောင်းအရင်းကို မသိရဘူး။ မြို့နဲ့ဝေးတဲ့ နေရာမလို့ အလောင်းခွဲစိတ်ပြီး စစ်ဆေးတာမျိုးလည်း မတတ်နိုင်ကြဘူး။ တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီအိမ်ပိုင်ရှင်ဟောင်းက သေသွားခဲ့ပါတယ်။ တစ်ကျွန်းလုံးက ကေဟေးသတ်တာလို့ပဲ ထင်ကြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလူကို တကယ်သေစေခဲ့တဲ့ အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။ အရှေ့က သေဆုံးမှုတွေနဲ့ ဆက်စပ်နေမလား။ ကေဟေးကရော သူစွပ်စွဲခံရတာတွေကို ချေပဖို့ ဘယ်လိုဖော်ထုတ်မလဲဆိုတာကို They Nest ဆိုတဲ့ ဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BMGU0ODhmODEtZTJlOC00YjA3LThhYWItZjQ0Mzk3NDNhNzIwXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg For Richer or Poorer (1997) ⭐IMDB: 5.8/10 (11 k Votes) 🎬 #Comedy 🗓️ 1997 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 55 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။

https://m.media-amazon.com/images/M/MV5BMWY3ODZlOGMtNzJmOS00ZTNjLWI3ZWEtZTJhZTk5NDZjYWRjXkEyXkFqcGdeQXVyNjU0OTQ0OTY@._V1_FMjpg_UX1000_.jpg Evil Dead II (1987) ⭐IMDB: 7.7/10 (167 k Votes) 🎬 #Comedy #Fantasy #Horror 🗓️ 1987 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 25 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Evil Dead II (1987) ================= IMDb 7.7 / Rotten Tomatoes 95% ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ယူဆောင်လာပေးတဲ့ ရုပ်ရှင်ကားလေးကတော့ နာမည်ကျော် Evil Dead ရုပ်ရှင်ကားတွေထဲက ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ Evil Dead II ပဲဖြစ်ပါတယ် Evil Dead ရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း သေသူများအကြောင်း လို့ခေါ်တဲ့ သရဲခေါ်ဂါထာ စာအုပ်လေးတစ်အုပ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ယောက် သစ်တောတစ်တောထဲက အိမ်လေးတစ်အိမ်မှာ ခေတ္တတည်းကြစဥ် တက္ကသိုလ်ပါမောက္ခတစ်ယောက် ချန်ထားခဲ့တဲ့ အသံဖမ်းစက်တစ်ခုကို ဖွင့်နားထောင်နေရင်း ချစ်သူကောင်မလေးဟာ မကောင်းဆိုးဝါးဝိညာဥ်တစ်ခု ပူးကပ်ခြင်းကိုခံလိုက်ရပါတယ် ရုပ်သာ ချစ်သူဖြစ်ပြီး နာမ်မှာ မကောင်းဆိုးဝါးဖြစ်နေတဲ့ ချစ်သူကောင်မလေးကို သတ်ပြီးနောက် ကောင်လေးဟာ ဒီမကောင်းဆိုးစိတ်ဝိညာဥ်တွေထံက ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းမလဲဆိုတာ စိတ်ဝင်စားထိတ်လန့်ဖွယ် ကြည့်ရှုရမယ့် Horror & Comedy ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်

https://image.tmdb.org/t/p/original/dCSSGMXLPKcPHZF3QlwkRxQtlis.jpg They Nest (2000) ⭐IMDB: 5.1/10 (2 k Votes) 🎬 #Horror #Sci-Fi 🗓️ 2000 🎞️ Movie 📺 720p HD 🌎 United States, Canada ⏰ 1 နာရီ 33 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 They Nest (2000) ============== ရုပ်ရှင်ပရိသတ်တို့ကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror သိပ္ပံဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင် ဒေါက်တာဘန်ကေဟေးက ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ အရက်ဖြတ်ထားတဲ့အရှိန်ကြောင့် လူနာကို ခွဲစိတ်မယ်အလုပ်မှာ မခွဲစိတ်နိုင် ဖြစ်သွားရတယ်။ အဲဒီလိုနဲ့ သူက ဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ဆေးရုံကနေ နားတဲ့အချိန်မှာ သူ့ဇနီးနဲ့ ဝယ်ခဲ့တဲ့ အိမ်ရှိရာ ကျွန်းကို ထွက်လာခဲ့တယ်။ ကျွန်းကိုလာတဲ့လမ်းမှာ အိမ်ပိုင်ရှင်မိသားစုဝင် တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်သွားတယ်။ အဲဒီလူက သူ့အိမ်ကို ဝယ်လို့ ကေဟေးကို မကျေနပ်ခဲ့ဘူး။ ကေဟေး ကျွန်းပေါ်ရောက်လာချိန်မှာလည်း ကန့်လန့်တွေတိုက်တော့တာပါပဲ။ တကယ်တော့ အဲဒီကျွန်းပေါ်မှာ မကြာခဏ ထူးဆန်းတဲ့သေဆုံးမှုတွေ ဖြစ်နေခဲ့ပေမဲ့ အကြောင်းအရင်းကို မသိရဘူး။ မြို့နဲ့ဝေးတဲ့ နေရာမလို့ အလောင်းခွဲစိတ်ပြီး စစ်ဆေးတာမျိုးလည်း မတတ်နိုင်ကြဘူး။ တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီအိမ်ပိုင်ရှင်ဟောင်းက သေသွားခဲ့ပါတယ်။ တစ်ကျွန်းလုံးက ကေဟေးသတ်တာလို့ပဲ ထင်ကြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလူကို တကယ်သေစေခဲ့တဲ့ အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။ အရှေ့က သေဆုံးမှုတွေနဲ့ ဆက်စပ်နေမလား။ ကေဟေးကရော သူစွပ်စွဲခံရတာတွေကို ချေပဖို့ ဘယ်လိုဖော်ထုတ်မလဲဆိုတာကို They Nest ဆိုတဲ့ ဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BMGU0ODhmODEtZTJlOC00YjA3LThhYWItZjQ0Mzk3NDNhNzIwXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg For Richer or Poorer (1997) ⭐IMDB: 5.8/10 (11 k Votes) 🎬 #Comedy 🗓️ 1997 🎞️ Movie 📺 720p HD 🌎 United States ⏰ 1 နာရီ 55 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။