uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Vanishing of Sidney Hall (2017) ⭐IMDB: 6.8/10 (12 k Votes) 🎬 #Drama #Mystery #Romance 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Vanishing of Sidney Hall (2017) IMDb Rating (6.8) The Perks of Being a Wallflower ရဲ့မင်းသားချော Logan Lerman ,မင်းသမီးချော Elle Fanning , Margaret Qualley စတဲ့တက်သစ်စတွေကိုဝါရင့်တွေဖြစ်တဲ့ Kyle Chandler , Michelle Monaghan တို့နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပြီးRating ကောင်းကောင်း ဝေဖန်မှုကောင်းကောင်းရရှိခဲ့တဲ့ Drama/Mystery/ Romance ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…Sidney Hall ဆိုတဲ့စာရေးဆရာတစ်ယောက်ကို အခြေပြုတည်ထားတာဖြစ်ပြီးဒီဇာတ်ကားမှာ Sidney Hall ရဲ့ ဘဝကို ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းနဲ့ သူပျောက်ဆုံးသွားတဲ့ အပိုင်းဆိုပြီး ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်။ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ လူလတ်ပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကို အပြန်အလှန် ရိုက်ကူးပြထားပြီးအောင်မြင်တဲ့စာရေးဆရာဖြစ်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ပျောက်ဆုံးမှုကိုလိုက်ခြေရာခံခဲ့တဲ့ Fraincis ဆိုသူပေါ်လာပြီး လိုက်လံဖော်ထုတ်ပါတော့တယ်။Sidney Hall ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ၊သူဆယ်ကျော်သက်အရွယ်မှာ၊လူငယ်ဘဝမှာဘာတွေဖြစ်ပျက်ခဲ့လဲ၊Francis ကရောဘာကြောင့်လိုက်လံစုံစမ်းရတာလဲ၊ဘယ်လိုမြုပ်ကွက်တွေ ရှိနေမလဲဆိုတာကိုတော့ Mystery ရသအပြည့်နဲ့ရှာဖွေကြရမှာပါ။
...

The Human Condition III: A Soldier's Prayer (1961) ⭐TMDB: 84% User Score 🎬 #Drama #History #War 🗓 1961 🎞 movie 🌎 #Japan ⏰ 3 နာရီ 12 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A...

Instant Family (2018) ⭐IMDB: 7.3/10 (125 k Votes) 🎬 #Comedy #Drama #Family 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Instant Family (2018) IMDb Rating (7.3) / Rotten Tomatoes (82%) မင်းသားကြီး Mark Wahlberg ကို ဒီလို Family Comedy ရုပ်ရှင်မှာ သက်ဝင်စွာမြင်တွေ့ရတာ တကယ်ကောင်းတဲ့အခိုက်အတန့်တခုပါပဲ။ဒီရုပ်ရှင်က ဇာတ်အိမ်လဲ ဆန်းသစ်ပြီးတော့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကိုတိမ်းညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ.. မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား….အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား….. မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေအပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး….. လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းကလက်ချောင်းတွေ အတိုအရှည်မညီကြသလို….သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး…..ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက်အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ထင်သလောက်မလွယ်လှဘူးလေ….. အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကိုကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့…..ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရောချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေနားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား……ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ….. ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့….မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း…..သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကိုကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ….. ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်…မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးရဲ့မိဘအဖြစ်အသိအမှတ်ပြုခြင်းကို ရဖို့ဆိုတာတော့ ချစ်ခြင်းတစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ပါဘူး…..သူ့ဘဝကို လုံခြုံနွေးထွေးစေပြီး နားလည်မှုအပြည့်ပေးတဲ့မိဘတွေကိုပဲ ပိုပြီးမက်မောတတ်တဲ့ အရွယ်ပေါ့……စမ်းသပ်ကာလတစ်ခုအထိ အတူနေပြီး တရားဝင်မိသားစုဖြစ်လာဖို့ကြိုးစားကြတဲ့ ပိ(ထ်)နဲ့အယ်လ်တို့ဟာ လစ်ဇီ ၊ ဂွမ်နဲ့ လီတာတို့ရဲ့မိဘအဖြစ်အသိအမှတ်ပြုမှုကို နောက်ဆုံးမှာ ရရှိသွားပါ့မလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာ အဖြေရှာရင်း လုံးဝကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးလို့ပဲ ညွှန်းဆိုပါရစေ။
...

Santa Hunters (2024) ⭐TMDB: 43% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 38 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(1.1 GB) / (590 MB)Quality….WEB-Rip 1080p HEVC / 720pFormat…. mkv/mp4Genre….ComedyDuration….01:38:46Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated byShwe Eain Si Santa Hunters (2024) ဒီကားလေးကတော့ ခရစ္စမတ်မှာလက်ဆောင်တွေလိုက်ပေးလေ့ရှိတဲ့ ဖိုးဖိုးကြီးဆန်တာကလော့ဟာ တကယ်တည်ရှိနေကြောင်းကို သက်သေပြဖို့ကြိုးစားကြတဲ့ လူတစ်စုအကြောင်းကို သြစတြေးလျသရုပ်ဆောင်တွေနဲ့ documentary ပုံစံရိုက်ပြထားတဲ့ကားလေးပါ။ ဆန်တာက​လော့ကိုလိုက်ရှာရင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုကြပါအုံး….. (အညွှန်းနဲ့ဘာသာပြန်ကတော့Shwe Eain Siဖြစ်ပါတယ်။)
...

Introspectum Motel (2021) ⭐IMDB: 3.9/10 (884 Votes) 🎬 #Adult #Drama #Thriller 🗓 2021 🎞 movie 🌎 #UnitedKingdom #Romania ⏰ 1 နာရီ 28 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Introspectum Motel (2021) ဒီ Introspection Motel ဆိုတဲ့ဇာတ်ကားလေးကတော့ ကြည့်တဲ့သူရဲ့ အမြင်ပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးပေါ်လွင်စေမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။လူတွေဖောက်ပြန်တဲ့အခါမှာ တဒင်္ဂသာယာမှကြောင့် စိတ်သွားရနောက် ကိုယ်ပါလာတတ်ပေမယ့်​ နောက်ဆက်တွဲတွေရှိလာတတ်ပါတယ်။လူ့ကျင့်ဝတ်အရ ဖောက်ပြားပြီးတဲ့အခါမှာ အကျိုးဆက်တွေကို အကြီး အသေး အလျောက်ခံစားကြရပါတယ်။ဒါပေမဲ့ ကိုယ့်ရဲ့အပြစ်ကြောင့် ဝမ်းနည်းပူဆွေးခြင်း၊ နောင်တ အစရှိတာတွေ မရှိလာတဲ့သူတွေတစ်နည်းအားဖြင့် စိတ်မာကျော ခက်ထန်တဲ့သူအချင်းချင်းတွေ့လာကြတဲ့အခါဒေါသ၊ မောဟ အစရှိတဲ့အရာတွေ သံသယအဖန်တလဲလဲထပ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကို ဇာတ်လမ်းရဲ့ နာမည် ဖြစ်တဲ့ introspection ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်ခြင်းလို့ အဓိပ္ပါယ်ရပြီးဒါကို ဇာတ်လမ်းသဖွယ် ပြန်လည်သရုပ်ဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ အမျိုးသားတစ်ယောက်ကဖောက်ပြန်တဲ့အပေါ် အခြေခံထားတာပါ။ဖိလစ်လို့ခေါ်တဲ့သူ အလုပ်ကိစ္စနဲ့ အလုပ်ခရီးထွက်ဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ အစည်းအဝေးတက်ဖို့ ခရီးသွားရာကနေ အစည်းအဝေးပျက်သွားတဲ့အခါ အပျော်ရှာဖို့ဖြစ်ပါတော့တယ်။ဖြစ်ချင်တော့လည်း ဖိလစ်သွားတည်းတဲ့ မိုတယ်ဟာ ဖိလစ်နဲ့ပတ်သက်ပြီး သမိုင်းကြောင်းရှိခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ (အဖော်အချွတ်ခန်းတချို့ပါဝင်တာကြောင့်မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။) Dark Side Production မှ တင်ဆက်သည်။
...

Ucha Dar Babe Nanak Da (2024) ⭐IMDB: 7.7/10 (39 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ucha Dar Babe Nanak Da (2024) “ငြိမ်းအေးရာ” ပန်ချာပီ မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ပျော်ရွှင်မှု၊ ငြိမ်းအေးချမ်းသာမှုဆိုတာက လူတိုင်းလိုချင်ကြတဲ့အရာ၊ တောင့်တကြတဲ့အရာပါပဲ။ ဒီရုပ်ရှင်မှာတော့ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်စားသောက်ရင်း မိသားစုပြဿနာ၊အလုပ်ပြဿနာတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့မိသားစုတစ်စုအကြောင်း။ ပျော်ရွှင်ငြိမ်းအေးမှုကိုရဖို့ ဂူဘာနီလို့ခေါ်တဲ့တရားတော်ကို လိုက်နာကျင့်သုံးရင်း ပြဿနာတွေ၊ ပူလောင်မှုတွေနဲ့ကင်းဝေးလာပုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး၊ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။
...

What We Wrote Together (2024) ⭐IMDB: 7.1/10 (35 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Argentina ⏰ 1 နာရီ 33 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 What we wrote together 2024 လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာဘယ်လောက်အတိုင်းအတာထိ ပွင့်လင်းဖို့လိုအပ်ပါသလဲ။ သားသမီးနဲ့ကြား ညီအစ်ကိုမောင်နှမတွေနဲ့ သမီးရည်းစားတွေကြားမှာရောဘယ်လိုမျိုးရင်ဖွင့် ဖေးမပေးကြဖို့ လိုအပ်ပါသလဲ။ နားလည်မှုနဲ့ ဖေးမမှုဆိုတာကို ဒီဇာတ်လမ်းလေးထဲကဟွမ်နဲ့ မာရီရာနိုတို့ လိင်တူချစ်သူ ၂ဦးကနေအတိုင်းအတာတစ်ခုထိ သိမြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဟွမ်နဲ့ မာရီရာနိုတို့ဟာ မြို့ကြီးပြကြီးကနေ အေးချမ်းတိတ်ဆိတ်လှတဲ့နယ်ဘက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ဟွမ်ကတော့ နာမည်ရခါစ စာရေးဆရာလေးတစ်ဦးဖြစ်ပြီးမာရီရာနိုကတော့ အပင်ငယ်လေးတွေစိုက်ပျိုးပါတယ်။သိပ်ကိုချစ်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြပြီးပျော်ရွှင်စွာဖြတ်သန်းနေရင်းက ဟွမ်ရဲ့မိတ်ဆွေ ခါလာဆိုတဲ့အမျိုးသမီးလာလည်ရာက အတွေးတွေကိုမြိုသိပ်တတ်တဲ့ဟွမ်တစ်ယောက်အတွေးပေါင်းများစွာနဲ့ ပုံမှန်လုပ်နေကျမဟုတ် အနည်းငယ်ထူးဆန်းစွာ ပြုမူလာခဲ့ပါတယ်။ ဒါကိုသူတို့ လိင်တူချစ်သူ၂ယောက် ဘယ်လိုမျိုးနားလည်မှုတွေနဲ့အဆင်ပြေအောင် ဖြေရှင်းယူကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ တချို့ဇာတ်ဝင်ခန်းလေးတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့ရာ မသင့်လျော်ပါ။
...

The Grandmaster (2013) ⭐IMDB: 6.6/10 (37 k Votes) 🎬 #Action #Biography #Drama #History #Romance #War 🗓 2013 🎞 movie 🌎 #HongKong #China ⏰ 2 နာရီ 10 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Grandmaster(2013) ************************* IMDb….6.6 တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာမသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။ Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှမဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ်ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီးသူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပစက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင်သူ့ဘဝရဲ့ ပထမနှစ်လေးဆယ်က နွေဦးလို သာယာခဲ့တယ်ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်းဆောင်းရာသီနေ့ရက်တွေအကြောင်းကိုတင်ဆက်ပြသထားပါတယ်။ သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့်ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်းဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာအော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။
...

Alien Country (2024) ⭐IMDB: 4.4/10 (292 Votes) 🎬 #Action #Comedy #Horror #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alien Country (2024) Alien Country ဆိုတဲ့ဇာတ်ကားက သိပ္ပံ-ရုပ်ရှင်တွေကြိုက်သူတွေ၊ စွန့်စားခန်းတွေကြိုက်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ဒီကားကို ဒါရိုက်တာ Bailey Kobe က ရိုက်ထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေက Nadine Crocker နဲ့ Marc Menchaca ပါ။ သူတို့ရဲ့ သရုပ်ဆောင်မှုက အရမ်းသဘာဝကျပြီး ဇာတ်လမ်းထဲမှာ ခံစားချက်တွေ ပြည့်ပြည့်ဝဝကိုဖော်ပြထားတယ်ဆိုတာ သိသာပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေရော ဂြိုလ်သားတွေရော စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ လူသားတွေအနေနဲ့ နိုင်ငံတစ်ခုထဲကို တစ်ခါမှမရောက်ဖူးသလို စွန့်စားသွားရင်း ဂြိုလ်သားတွေ့လာရတယ်။ သူတို့ရဲ့ စွမ်းအားတွေက တော်တော်အမိုက်စားကြီးမို့မြင်လိုက်တာနဲ့တင် ဝိုး ဆိုပြီး ဖမ်းစားသွားမှာပါပဲ။ Kobe ရဲ့ ရိုက်ကူးပုံစံကလည်း မြင်ရတာနဲ့ ရင်ထဲရောက်အောင် ဖန်တီးထားတာမို့ ရိုက်ချက်တွေ အရမ်းမိုက်သလို သည်းထိတ်ရင်ဖိုဖြစ်ဖို့လည်းကောင်းပါတယ်။ Alien Country ဟာ စွန့်စားခန်းတစ်ခုဖြစ်တဲ့အပြင် သည်းထိတ်ဖွယ် ကြည့်ရှုခံစားနိုင်တဲ့ဇာတ်ကားကောင်းလေးပါ၊ ရင်ထဲကျန်နေစေမယ့် စွန့်စားခန်းတွေ၊ ထိတ်လန့်မှုတွေနဲ့ ဖမ်းစားသွားမှာ အသေအချာပါပဲ.. (အညွှန်းနဲ့ဘာသာပြန်ကတော့Banyar Aungဖြစ်ပါတယ်။)
...

Eternal (2024) ⭐TMDB: 57% User Score 🎬 #Drama #SciFi #ScienceFiction #Romance 🗓 2024 🎞 movie 🌎 #Denmark #Iceland #Norway ⏰ 1 နာရီ 42 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eternal (2024) ကြီးမားတဲ့ငလျင်တစ်ခုကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပါတယ်။ အဲ့ဒီအက်ကွဲကြောင်းကြီးဟာ ကမ္ဘာမြေပေါ်က ရာသီဥတုအ​​ပြင်းအထန်ပြောင်းလဲမှုတွေအတွက် အချက်အချာကျလာလိမ့်မယ်လို့ သုတေသီများကယူဆကြပါတယ်။ အဲ့ဒါကြောင့်ပဲ အက်ကွဲကြောင်းကြီးကိုအ​မြန်ဆုံးပိတ်ပစ်ဖို့အဖွဲ့အစည်းတွေဖွဲ့ပြီး ပရောဂျက်တွေရေးဆွဲ​ကြပါတော့တယ်။ အမြန်ဆုံးဆိုပေမဲ့လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုစာလောက်ကြာဦးမှာပါ။ အယ်လီယာဆိုတဲ့ကောင်လေးဟာ ရာသီဥတုနဲ့မိုးလေဝသသုတေသီတစ်​ယောက်ဖြစ်ချင်ပြီး အဲ့အက်ကွဲကြောင်းကြီးကိုပိတ်ပစ်နိုင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေဖို့က သူ့ရဲ့အိပ်မက်ပါ။ ဒါပေမဲ့ အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ အယ်လီယာရဲ့ဘဝထဲကို အာနီတာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လာပါတယ်။ သူတို့ရဲ့အချစ်ရေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး သာယာဖြောင့်ဖြူးနေပေမဲ့ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် ပရိုဂရမ်တစ်ခု အမေရိကားမှာဖွင့်လှစ်တာကြောင့် အမေရိကားကိုသွားရဖို့ဖြစ်လာပါတယ်။ သူ့ရဲ့တစ်ဘဝလုံးကိုနှစ်မြှုပ်ပြီးကြိုးစားခဲ့ရတဲ့အိပ်မက်ကိုရွေးချယ်မှာလား သူအရမ်းချစ်ရတဲ့ချစ်သူလေးကိုရွေးချယ်မှာလား ကမ္ဘာမြေရဲ့ရာသီဥတုကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အက်ကွဲကြောင်းကြီးကိုလည်း ပညာရှင်တွေအချိန်မှီပိတ်ပစ်နိုင်ပါ့မလားဆိုတာ ခံစားကြည်ရှု့လိုက်ကြပါဉီး.. (အညွှန်းနဲ့ဘာသာပြန်ကတော့Rubyjaneဖြစ်ပါတယ်။)
...

Coco (2017) ⭐IMDB: 8.4/10 (625 k Votes) 🎬 #Adventure #Animation #Comedy #Family #Music #Drama #Fantasy #Mystery 🗓 2017 🎞 movie 🌎 #USA #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့(၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့မိသားစုရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီး ဝါသနာပါရာ ဂီတအတွက်စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။ အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက် ဂီတကို ရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။ အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။ အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။ မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင် အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီးသူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။ ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။ တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာ ဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။ အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့ သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ယူပါတော့တယ်။ သူ့အဘိုးရဲ့ ဂီတာကို တီးလိုက်ပြီးနောက်မှာ တော့မစ်ဂဲလ်ဟာ သက်ရှိလူသား တွေကို မတွေ့ရတော့ဘဲသေပြီး သားလူတွေကိုပဲ တွေ့ရတဲ့ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။ သေသူတွေနေတဲ့မြို့ (Land of Dead) မှာမစ်ဂဲလ်တစ်ယောက်ကွယ်လွန်သွားပြီဖြစ်တဲ့သူ့မိသား စုဝင်တွေနဲ့ ဆုံခဲ့သလို ဒန်တီဆိုတဲ့ ခွေးကလေးနဲ့အတူ သူ့အဘိုးအာ နက်စ်တိုကိုလိုက်ရှာပြီး သက်ရှိ လူသားတစ်ယောက်ပြန်ဖြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ မစ်ဂဲလ်တစ်ယောက် သေ သူတွေနေတဲ့မြို့မှာ ဘာတွေရင် ဆိုင်ရမှာလဲ။ သူအားကျနေရတဲ့ အဘိုးရဲ့လျှို့ဝှက်ချက်ကို သိသွားပြီးနောက်မှာဘာတွေဆက်ဖြစ် မလဲဆိုတာတော့
...

Eternal (2023) ⭐IMDB: 5.1/10 (310 Votes) 🎬 #Drama #SciFi #ScienceFiction #Romance 🗓 2023 🎞 movie 🌎 #Denmark #Iceland #Norway ⏰ 1 နာရီ 42 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eternal (2024) ကြီးမားတဲ့ငလျင်တစ်ခုကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပါတယ်။ အဲ့ဒီအက်ကွဲကြောင်းကြီးဟာ ကမ္ဘာမြေပေါ်က ရာသီဥတုအ​​ပြင်းအထန်ပြောင်းလဲမှုတွေအတွက် အချက်အချာကျလာလိမ့်မယ်လို့ သုတေသီများကယူဆကြပါတယ်။ အဲ့ဒါကြောင့်ပဲ အက်ကွဲကြောင်းကြီးကိုအ​မြန်ဆုံးပိတ်ပစ်ဖို့အဖွဲ့အစည်းတွေဖွဲ့ပြီး ပရောဂျက်တွေရေးဆွဲ​ကြပါတော့တယ်။ အမြန်ဆုံးဆိုပေမဲ့လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုစာလောက်ကြာဦးမှာပါ။ အယ်လီယာဆိုတဲ့ကောင်လေးဟာ ရာသီဥတုနဲ့မိုးလေဝသသုတေသီတစ်​ယောက်ဖြစ်ချင်ပြီး အဲ့အက်ကွဲကြောင်းကြီးကိုပိတ်ပစ်နိုင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေဖို့က သူ့ရဲ့အိပ်မက်ပါ။ ဒါပေမဲ့ အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ အယ်လီယာရဲ့ဘဝထဲကို အာနီတာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လာပါတယ်။ သူတို့ရဲ့အချစ်ရေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး သာယာဖြောင့်ဖြူးနေပေမဲ့ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် ပရိုဂရမ်တစ်ခု အမေရိကားမှာဖွင့်လှစ်တာကြောင့် အမေရိကားကိုသွားရဖို့ဖြစ်လာပါတယ်။ သူ့ရဲ့တစ်ဘဝလုံးကိုနှစ်မြှုပ်ပြီးကြိုးစားခဲ့ရတဲ့အိပ်မက်ကိုရွေးချယ်မှာလား သူအရမ်းချစ်ရတဲ့ချစ်သူလေးကိုရွေးချယ်မှာလား ကမ္ဘာမြေရဲ့ရာသီဥတုကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အက်ကွဲကြောင်းကြီးကိုလည်း ပညာရှင်တွေအချိန်မှီပိတ်ပစ်နိုင်ပါ့မလားဆိုတာ ခံစားကြည်ရှု့လိုက်ကြပါဉီး.. (အညွှန်းနဲ့ဘာသာပြန်ကတော့Rubyjaneဖြစ်ပါတယ်။)
...

Detective Di Renjie: The Deadly Monk (2024) ⭐TMDB: 0% User Score 🎬 #Action #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ စုံထောက်ကြီးဒီးက ဘုရင့်အမိန့်အရကျန်းနန်နယ်တစ်ဝိုက်ကိုလှည့်လည်စစ်ဆေးရပါတယ်။ လင်အန်းမြို့ကိုရောက်တဲ့အခါမှာမိန်းကလေးတွေထူးထူးဆန်းဆန်းပျောက်နေတာကိုတွေ့ရတယ်။ လင်အန်းတာဝန်ကျတရားသူကြီးကျိုးကလဲ အပျင်းကြီးပြီးအပျော်အပါးမက်တဲ့ ခပ်ညံ့ညံ့အရာရှိတစ်ယောက်ဖြစ်နေတော့လင်အန်းကဒီအမှုကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ မသင်္ကာစရာတွေနောက်လိုက်စုံစမ်းရင်း နတ်ကိုအယောင်ပြပြီးရိုးသားတဲ့ပြည်သူတွေကိုလှည့်စားပြီးတော့ ဥစ္စာပစ္စည်းတွေလိမ်ယူနေတဲ့လူအုပ်စုရှိနေတာကိုသိလိုက်ရပါတယ်။ အသက်အန္တရာယ်အကြိမ်ကြိမ်ကြုံရပေမယ့်စုံထောက်ကြီးဒီးက ဇွဲမလျှော့ပဲ ပြည်သူတွေအတွက်အမှန်တရားကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။
...

Stockholm Bloodbath (2023) ⭐IMDB: 4.7/10 (1 k Votes) 🎬 #Action #History #War #Drama #Adventure #Comedy 🗓 2023 🎞 movie 🌎 #Sweden #Denmark ⏰ 2 နာရီ 32 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမယ့်ဇာတ်လမ်း‌လေးကတော့ နိုင်ငံရေးဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် တော်လှန်ရေးကားပုံစံလေးဖြစ်ပါတယ် ဇာတ်လမ်းကိုအရမ်းပြောလိုက်ရင် spoilမိသွားနိုင်လို့ အတိုချုပ်ပဲပြောပါရ‌စေရှင့် အဓိက ကတော့ နိုင်ငံရေးကားလို့ပြောရပါမယ် ချစ်ကြည်ရေးကို ဗန်းပြပြီး နိုင်ငံကိုသိမ်းတာကို မခံနိုင်လို့ပြန်လည်တော်လှန်ကြရာကနေ အဲ့ထဲက နိုင်ငံရေးအရှုပ်တော်ပုံတွေ ဘုရင်နဲ့ဘုန်းတော်ကြီးတစ်ယောက်ပူးပေါင်းကြံစည်မှုတွေနဲ့ အရမ်းဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာလည်းဖြစ်တာကြောင့် ပရိတ်သတ်တွေကို ရသတစ်ခုတော့ပေးစွမ်းနိုင်မှာပါသေချာပါတယ်
...

No Mercy (2010) ⭐TMDB: 75% User Score 🎬 #Crime #Mystery #Thriller #Action 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 4 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါဇာတ်လမ်းအမျိုးအစားကတော့ Action , Crime , Thriller ဖြစ်ပြီးတော့ 2010 မှာထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင် No Mercy ဟာ ဒါရိုက်တာ Hyeong-Joon Kim ကရိုက်ကူးတင်ဆက်ထားတဲ့ အလန်းစားရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် One Of The Best Thriller Movie လို့တောင် တင်စားပြောရမလိုဖြစ်နေပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ ရှည်ရှည်ဝေးဝေးကြီးသိပ်မပြောလိုတော့ဘူးနာမည်ကြီးဆရာဝန်တစ်ယောက်.ရယ် ငါးပိုင်းပိုင်းပြီးတော့ အသတ်ခံလိုက်ရတဲ့မိန်းကလေးတစ်ယောက်နဲ့ လူသတ်သမား…ပြီးတော့ ပြည်ပမှာ စာသင်ပြီးပြန်လာမယ့် မှုခင်းဆရာဝန်ရဲ့သမီးကလည်း ထပ်ပြီးပြန်ပေးဆွဲခံရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါ အဆုံးသတ်လေးကလည်း အတော်ကိုထိသွားနိုင်ပါတယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ18+ အခန်းတွေအနည်းငယ်တော့ပါပါတယ်
...

Kali (2024) ⭐IMDB: 5.1/10 (359 Votes) 🎬 #Action #Thriller #Adventure 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 38 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့မင်းသမီး‌တစ်ယောက်တည်း ရှယ်ကြမ်းပြမဲ့ ပြင်သစ် အက်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လီဆာဟာ မကြာသေးခင်ကမှ သားဖြစ်သူကိုဆုံးရှုံးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေရတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပါ။ သူ့ခင်ပွန်းဖြစ်သူ အဲရစ်ဟာလည်း သူ့လို အေးဂျင့်တစ်ဦးဖြစ်တာမို့ နိုင်ငံရပ်ခြားမှာ စစ်ဆင်ရေးတွေသွားရောက်ဆောင်ရွက်နေရသူပါ။ တစ်နေ့မှာ လီဆာရဲ့ ခင်ပွန်းဖြစ်သူ အဲရစ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရဲ့ ပြင်သစ်သံရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာခံလိုက်ရပါတယ်။ သားဖြစ်သူကိုဆုံးရှုံးထားရပြီး တစ်ဦးတည်းသောကျန်တဲ့ ‌ ခင်ပွန်းကလည်း အသတ်ခံလိုက်ရတော့ လီဆာလည်း အရူးမီးဝိုင်း သလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ သူ့ခင်ပွန်းအတွက်လက်စားချေဖို့ ဘရာဇီးကိုလိုက်သွားပြီး တစ်စတစ်စစုံစမ်းရင်းကနေမှ မထင် မှတ်ထားဘဲ လူပေါင်းများစွာကို အသက်အန္တရာယ်ပေးနေတဲ့ နောက်ကွယ်ကအမှုကြီးတစ်ခုကို သိရှိသွားရပါတော့တယ်။ လီဆာတစ်ယောက်တည်း တစ်ဆင့်ပြီးတစ်ဆင့်‌‌ ဖော်ထုတ်ရင်းနဲ့ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ လက်မည်းကြီးကို လက်စားချေဖို့ ကြိုးပမ်းပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီတော့ အဲရစ်ကဘာကြောင့်သေသွားရတာလဲ၊ အံ့ဩလောက်စရာ အမှုကြီးကရော ဘာများဖြစ်မလဲ၊ ‌ဒီကိစ္စကိုဘယ်သူက ကြိုးကိုင် ထားပြီး ဘယ်သူတွေပါဝင်ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်း ထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

In the Summers (2024) ⭐IMDB: 6.6/10 (569 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DC ရဲ့ Supergirl အဖြစ်လူသိများတဲ့ Sasha Calleပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက် ချင်ပါတယ်။ ရိုးရိုးအေးအေး Family/ Dramaဇာတ်ကား ဖြစ်ပေမဲ့ ခရမ်းချဉ်သီးပုပ်မှာတော့ 92%အထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဗီအိုလက်တာနဲ့ သူ့ညီမ အဲဗာတို့ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ New Mexico ,Las Cruces မှာနေတဲ့ သူတို့အဖေဆီ အလည်သွားကြပုံကိုရိုက်ကူးပြထားတာပါ။ နှစ်တွေတဖြည်းဖြည်းကြာ နွေရာသီတွေ တစ်ခုပြီး တစ်ခု ပြောင်းလာတာနဲ့အမျှ မတူညီတော့တဲ့ သားသမီးနဲ့ဖခင်ကြားက ဆက်ဆံရေးကို သဘာဝကျကျရိုက်ကူး‌တင်ဆက်ပေးထား ပါတယ်။ Broken family တစ်ခုရဲ့ သားသမီးတွေနဲ့ အနေဝေးတဲ့ မိဘတွေရဲ့ကြားမှာ တွေ့ရတတ်တဲ့ Awkwardness တွေ၊ စိမ်းကားမှုတွေ၊ မရခဲ့တဲ့မေတ္တာကို မခံစားတတ်မှုတွေ နဲ့ ဖခင်ဘက်က ရသလောက်ဖြည့်တင်းပေးချင်မှုတွေကို ကောင်းကောင်းကြီးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရင်ဘတ်တစ်နေရာမှာ ဘယ်လိုမှ ဖြည့်လို့မပြည့်နိုင်တဲ့ ဟောင်းလောင်းပေါက်တစ်ခုရှိနေတဲ့ ညီအစ်မနှစ်ယောက် ဘယ်လိုကြီးပြင်းလာကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

Below (2002) ⭐TMDB: 60% User Score 🎬 #Horror #Mystery #Thriller 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb- 6.1/10 Below ဟာ 2002 ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်ပြီး စစ်ပွဲနောက်ခံ horrorကားအဖြစ် လူကြိုက်များခဲ့တာပါ။ ဇာတ်လမ်းက 1943 ခုနှစ် ဒုတိယကမ္ဘာစစ် အချိန်ကာလကို အခြေခံထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော USS Tiger Shark ဟာအတ္တလန်တိတ်သမုဒ္ဒရာအတွင်းကင်းလှည့်နေစဉ် အင်္ဂလိပ် သင်္ဘောတစ်စင်းနစ်မြှပ်မှုမှ အသက်ရှင်ကျန်သူသုံးဦးကိုကယ်ဆယ်ခဲ့ပြီးနောက်ဂျာမန် ဖျက်သင်္ဘောထံမှလွတ်မြောက်ခဲ့ပေမဲ့ ရေငုပ်သင်္ဘော အတွင်းမှာ ထူးဆန်းတဲ့ရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုအချိန်မှာအချင်းချင်းသံသယဖြစ်လာကြပြီး မမြင်နိုင်တဲ့တစ်ခုခုက သူတို့ကိုခြိမ်းခြောက်နေတယ်ဆိုတာ သိလာကြပါတယ်။ စစ်ပွဲရဲ့ဖိအားအပြင် မမြင်နိုင်တဲ့ တစ်ခုခုရဲ့ ဆိုခြိမ်းခြောက်မှုကိုခံရတဲ့အခါ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေအပြင် အသက်အန္တရာယ်ကိုယ်စီပါ ကြုံလာရပါတော့တယ်။ အဘယ်ကြောင့် ဒီလိုထူးဆန်းတာတွေဖြစ်ပြီး အသက်အန္တရာယ်တွေကြုံလာလဲဆိုတာတော့ကြည့်ရှုသူပရိတ်သတ်တွေပါ ဇာတ်ကောင်တွေနဲ့လိုက်ပြီး အဖြေရှာရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စစ်ပွဲရဲ့ ဖိအားအပြင် မမြင်နိုင်တဲ့ မကောင်းဆိုးဝါးနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့ စစ်သားတွေရဲ့ အတွေ့အကြုံတွေကို ပြသထားတာပါ။ ကြည့်ရတာတော်တော်လေး thrilling ဖြစ်ပြီး စိတ်ဝင်စားဖို့လဲကောင်းပါတယ်။
...

The Legend of Bhagat Singh (2002) ⭐TMDB: 69% User Score 🎬 #Crime #Drama #Mystery #History 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိန္ဒိယနိုင်ငံတော်လှန်ရေး သူရဲကောင်း ဘဂတ်စင့် အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ် မျက်နှာဖြူအင်္ဂလိပ်လက်အောက်ကနေ အိန္ဒိယနိုင်ငံကြီး လွတ်လပ်ရေး ရဖို့ ကြိုးစားကြရာမှာ ပေးဆပ်မှုတွေ မျက်ရည်တွေ သွေးမြေကျခဲ့ရမှုတွေကို သမိုင်းအတိုင်းရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး လူတွေ ရဲ့ နှလုံးသားထဲဝင်ရောက်ခဲံပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်
...

Martin (2024) ⭐IMDB: 2.4/10 (35 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Martin (2024)“ဆင်ရိုင်း” အသစ်ထွက်ရှိလာတဲ့ ကန်နားဒါးစကားပြောပရိသတ်အကြိုက်အက်ရှင်ဇာတ်ကြမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအစမှာ ပါကစ္စတန်ရဲတပ်ဖွဲ့က အိန္ဒိယလူမျိုးလူသန်ကြီးတစ်ယောက်ကို လုံခြုံရေးအထပ်ထပ်နဲ့ ဖမ်းဆီးခေါ်ဆောင်လာတယ် တိရစ္ဆာန်အရိုင်းတစ်ကောင်လို အန္တရာယ်များတဲ့ အဲဒီလူရဲ့ ကိုယ်ထဲမှာလည်းဆေးတချို့ပျံ့နှံ့နေပြီး သူဘယ်သူလဲ ဘယ်ကလာတာလဲတစ်စွန်းတစ်စမှ မသိလောက်အောင် မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့လူဒီလိုလုံခြုံရေးအဆင့်မြှင့်ထားတဲ့ ကြားထဲက ထွက်ပြေးလွတ်မြောက်သွားတဲ့အခါမှာသူ့ရဲ့ အတိတ်၊ ရည်ရွယ်ချက်နဲ့ သူ့ကိုဒီလိုဖြစ်သွားအောင်လို့ဘယ်သူကဘာလုပ်ခဲ့လဲဆိုတာ စတင်ရှာဖွေစုံစမ်းရင်း ဘယ်လိုစွန့်စားခန်းတွေ ဖြစ်လာဦးမှာလဲ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်အသားပေးတဲ့ အိန္ဒိယအက်ရှင်ဇာတ်လမ်းအထာအတိုင်းတင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...