ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Blue Caprice (2013) ⭐TMDB: 58% User Score 🎬 #Crime #Drama #Thriller 🗓 2013 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blue Caprice (2013)******************* ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် မှုခင်းတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crime Drama ဇာတ်ကားကောင်လေးတစ်ကား ဖြစ်ပါတယ်… မိခင်ရဲ့ စွန့်ပစ်ခြင်းကို ခံထားရတဲ့ လူမည်းကောင်လေးတစ်ယောက် လမ်းပျောက်ပြီး ဘဝကို ရေစုန်မျှောဖို့ လုပ်နေချိန်မှာ အိမ်အနီးက လူတစ်ယောက်က ကယ်တင်ပြီး သားအရင်းလို မွေးစားထားခဲ့ပါတယ်… အဲဒီလူမှာလည်း လူမှုရေးပြဿနာတွေနဲ့ လုံးပမ်းနေရပြီး လောကဓံရဲ့ ရိုက်ချက်တွေကို အလူးအလိမ့်ခံနေရပါတယ်…လောကကြီးကို စိတ်နာသွားတဲ့မွေးစားမိဘနဲ့ သူ့ရဲ့မွေးစားသားတို့နှစ်ယောက် ဘယ်လိုတွေ ရည်မှန်းချက်ထားပြီး ဒီလောကကို အဖြေရှာမလဲဆိုတာ ရိုက်ပြထားတဲ့ ကားကောင်လေးတစ်ကားဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်… ဇာတ်လမ်းအညွှန်းကို Lin Aung မှ ရေးသားပေးထားပါတယ်...
Coach Carter (2005) ⭐TMDB: 76% User Score 🎬 #Biography #Drama #Sport #History 🗓 2005 🎞 Series 🌎 #Germany #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Coach Carter (2005) ************************ IMDb…7.3,,,Rotten….64% Richmond အထက်တန်းကျောင်း ဘတ်စကတ်ဘော အသင်းဟာ တစ်ရာသီလုံးမှာ (၄)ပွဲသာအနိုင်ရရှိထားတယ်… နည်းပြအနေနဲ့လည်း ရစ်မန်းမြို့ရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားလာတဲ့ ကျောင်းသား ဘတ်စကောဘော အားကစားသမားတွေကို ထိန်းချုပ်ရတာလည်း မလွယ်ကူလှဘူး….ပွဲတွေရှုံးရတဲ့ အကြောင်းရင်းကလည်း အားကစားသမားတွေရဲ့ အရည်အချင်းကြောင့်ဆိုတာထက် အခြေခံစိတ်ဓာတ်ကြောင့်လိုဖြစ်နေတယ်…ဒီလိုလူတွေကိုနည်းပြသစ်ခန့်ဖို့ Carter ကြီးကို ကမ်းလှမ်းကြတယ်… အားကစားသမားတွေရဲ့အခြေအနေနဲ့မြို့ရဲ့လူနေမှုစရိုက်ကို သိတဲ့ Carter ကြီးက သူ့စိတ်ကြိုက်နည်းပြခွင့်ရရင် လုပ်မယ်ဆိုပြီး သဘောတူလိုက်တယ်… ဒီကားက ဘတ်စကတ်ဘော အားကစားသမားဖြစ်တဲ့ Ken Carter ရဲ့ နည်းပြဘဝကိုဖြစ်ရပ်မှန်ရိုက်ကူးထားတာပါ… Cater ရဲ့နေရာမှာတော့ Mother…f*****ကြီးလို့ လူသိများတဲ့ Samuel L.Jackson ကသရုပ်ဆောင်ထားပါတယ်… ဒီကားထဲမှာတော့ တစ်လုံးမှကိုမဆဲတတ်တဲ့ အလွန်ယဉ်ကျေးတဲ့ Samuel ကြီးကိုခင်ဗျားတို့တွေ့ရလိမ့်မယ်.. Carter ဟာ သူငယ်စဉ်အားကစားသမားဘဝထဲက ရစ်မန်ရဲ့လူနေမှုစရိုက်တွေကို ခါးသီးခဲ့ပုံရတယ်.. ဒါ့ကြောင့် သူ့ခြေသူ့လက် အားကစားသမားအားလုံးကိုထိန်းချုပ်ခွင့်ရမယ်ဆိုတဲ့သဘောတူညီချက်အတိုင်း နည်းပြပါတော့တယ်… သူရင်ဆိုင်ရတာတွေက တကယ့်ကိုမလွယ်ပါဘူး..စည်းကမ်းပျက် အသင်းသားတွေ အားကစားတစ်ခုပဲအားပေးတဲ့ မိဘတွေ ၊သူ့ရဲ့လုပ်ရပ်တွေကို စိတ်ပျက်နေတဲ့ဆရာတွေ တကယ့်ကိုမှ အများကြီးပါပဲ….သူ့လုပ်ရပ်တွေက ကျောင်းအုပ်နဲ့တောင် ထိပ်တိုက်ရင်ဆိုင်နေတဲ့အဖြစ်မျိုးပါ.. နည်းပြကြီးဘယ်လို စနစ်တွေကျင့်သုံးမလဲ…သူအောင်မြင်ပါ့မလား… ပြောရရင် ဒီကားက ဘစ်စကတ်ဘောအားကစားဆိုတာထက်အများကြီးပိုတယ်… scene တိုင်းဟာ တန်ဘိုးရှိတယ်…ပြသချိန် ၂နာရီ၁၆မိနစ်မှာ မပြီးပါစေနဲ့လို့ ကယောင်ကတမ်းဆုတောင်းမိတဲ့ကားမျိုးပါ… တယုတယနဲ့ တန်ဘိုးထားပြီး မဖျက်သင့်တဲ့ ခင်ဗျားတို့ ရဲ့ ချစ်စရာ ဇာတ်ကားစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံတယ်...
Dosen Ghaib: It's Nighttime or You Already Know (2024) ⭐TMDB: 35% User Score 🎬 #Horror #Thriller 🗓 2024 🎞 Series 🌎 #Indonesia ⏰ 1 နာရီ 35 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dosen Ghaib: It’s Nighttime or You Already Know (2024) IMDb Rating (4.3) ဒီအင်ဒိုနီးရှားဇာတ်လမ်းက နာမည်ကြီးခဲ့တဲ့ သရဲကျောင်းဆရာအကြောင်းကို inspire ယူပြီး ကျောင်းပညာရေးစနစ်အတွင်းက အကြမ်းဖက်မှုကို ရိုက်ကူးထားပါတယ်။ Plot summary: Amelia (Ersya Aurelia), Emir (Rayn Wijaya), Maya (Annette Edoarda) နဲ့ Fattah (Endy Arfian) တို့ သူငယ်ချင်းလေးယောက်အဖွဲ့က စည်းကမ်းအရမ်းတင်းကြပ်လို့ ကျောင်းသားတိုင်းကြောက်ကြတဲ့ ဆရာ Pak Bakti ရဲ့ စိတ်ပညာအတန်းစာမေးပွဲကို ကျလို့ အတန်းပြန်တက်ကြရတယ်။ ဆရာ Bakti ရဲ့ စာသင်နှစ် 20 သက်တမ်းတစ်လျှောက်မှာ သူတို့လေးယောက်က ပထမဦးဆုံး စာမေးပွဲကျဖူးတဲ့ ကျောင်းသားတွေဖြစ်လို့ Bakti က မကျေနပ်ဘူး။ အတန်းပြန်တက်ဖို့ သူတို့လေးယောက်တည်းကို စာပြန်သင်ရတဲ့အခါ ဆရာ Bakti က ချိန်းထားတဲ့ ည 7 နာရီထက် နောက်ကျပြီးမှ ရောက်လာခဲ့တယ်။ ဘယ်တော့မှ နောက်မကျတတ်တဲ့ဆရာက ထူးထူးဆန်းဆန်း အတန်းလာတာနောက်ကျနေပေမဲ့ Amelia တို့ သူငယ်ချင်းအဖွဲ့လည်း ဆရာစာသင်တာကို ဆက်နားထောင်နေခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် Group chat မှာ ဆရာ Bakti အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားပြီဆိုတဲ့ သတင်းတက်လာတော့ Amelia တို့ လေးယောက်လုံး သူတို့ရှေ့မှာ ရပ်နေတဲ့ဆရာရဲ့ မူမမှန်ထူးခြားမှုတွေကို မြင်လာပြီး အတန်းထဲကထွက်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက Jump scares နဲ့ သည်းထိတ်စရာအခြေအနေတွေကို ကောင်းကောင်းအသုံးချထားကြောင်း Critics တွေက မှတ်ချက်ချထားပြီး သရုပ်ဆောင် Egi Fedly ရဲ့ နက်နဲမှုရှိတဲ့ ဆရာ Bakti ကာရိုက်တာကို ပေါ်လွင်အောင်သရုပ်ဖော်ပြနိုင်မှုအတွက်လည်း ချီးကျူးထားကြပါတယ်။ ဒီ horror ဇာတ်လမ်းမှာ ဆရာတွေရဲ့ ကျောင်းသားတွေအပေါ် စာသင်နည်းစနစ်က ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားတာကို ဖော်ပြထားပြီး ဆရာ- တပည့်ကြားက ဆက်ဆံရေးကိုမြှင့်တင်ပြီး ကျောင်းသားတွေရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ တင်းကြပ်တဲ့ စာသင်နည်းစနစ်တွေကို ပယ်ဖျက်ဖို့ သင်ခန်းစာပေး ရိုက်ကူးထားတဲ့ သရဲကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Zim Zim Ala Kazim (2024) ⭐TMDB: 0% User Score 🎬 #Comedy #Horror #Music #Mystery 🗓 2024 🎞 Series 🌎 #Malaysia ⏰ 1 နာရီ 18 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zim Zim Ala Kazim (2024) IMDb Rating (5.6) Zim Zim Ala Kazim ဟာမလေးရှား နိုင်ငံရဲ့နာမည်ကျော်တရားဟောဆရာ Dato’ Ustaz Kazim Elias ရဲ့ကိုယ်တွေ့ဖြစ်ရပ်တွေကို သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Ustaz Kazim ဟာလူချစ်လူချစ်များတဲ့ တရားဟောဆရာတစ်ယောက်ဖြစ်ပြီး ဟောပြောပွဲတွေဆက်တိုက်လက်ခံဆောင်ရွက်နေရတဲ့သူပါ။ တစ်နေ့မှာတော့ သူဟာ အမည်မဖော်နိုင်တဲ့ရောဂါဆိုးတစ်ခုနဲ့ကြုံခဲ့ရပြီး အိပ်ယာထဲလဲခဲ့သလို သူ့ပတ်ဝန်းကျင်တွေမှာလည်းနိမိတ်ဆိုးတွေ မကောင်းဆိုးဝါးခြောက်လှန့်မှုတွေကိုကြုံဆုံလာရပါတယ်။ တကယ်တမ်းတော့ ဒါတွေဟာ သူ့ရဲ့အောင်မြင်မှု၊ဩဇာကြီးမှုတွေကို မနာလိုတဲ့လူတစ်စုရဲ့အောက်လမ်းအတတ်နဲ့လုပ်ကြံမှုတွေဖြစ်ပြီး အဲ့ဒီလူတွေထဲမှာ ဘယ်လိုမှထင်မှတ်မထားရတဲ့ လူရင်းတွေပါပါဝင်နေတယ်ဆိုတာသိလိုက်ရပါတော့တယ်။ နောက်ကျောကိုဓားနဲ့ထိုးတဲ့လူတွေကို Ustaz ဘယ်လိုတုန့်ပြန်မလဲ? ဘာသာရေးအပြင်သူ့ဘက်ကအားကိုးစရာ ဘယ်သူတွေပေါ်လာမလဲ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Cloud (2024) ⭐TMDB: 75% User Score 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 Series 🌎 #Japan ⏰ 1 နာရီ 26 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cloud (2024) IMDb Rating (6.4) / Rotten Tomatoes (92%) Cloud (2024) သည် IMDB (6.4) နှင့် RT 92% ရရှိထားသော ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များ ပေါင်းစည်းထားသည့် စိတ်ဝင်စားဖွယ်ရာရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကမ္ဘာကြီးတွင် လူသားတို့၏အတွေ့အကြုံ အနာဂတ်သည် မည်သို့မည်ပုံ ဖြစ်လာနိုင်သည်ဟူသော ဆန်းကြယ်သော ရူပါရုံကို တင်ဆက်ထားသည့် အနာဂတ်ထင်ကြေးပေး ခန့်မှန်းချက်များကို ပုဂ္ဂိုလ်ရေးဆိုင်ရာ စူးစမ်းမှုတို့ဖြင့် ပေါင်းစပ်ထားသောကြောင့် နက်နဲသော ဒဿနရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ယိုရှီ ဆိုတဲ့ကောင်လေးဟာ သာမန်စက်ရုံကအလုပ်သမားတစ်ယောက်ပါ။ ပြီးတော့ အပြင်ကနေ ပစ္စည်းတွေကိုလျှော့ဈေးနဲ့ဝယ်ပြီး အွန်လိုင်းကနေပြန်ရောင်းတာလည်းလုပ်ပါတယ်။ ဒါပေမဲ့ နောက်ကျတော့ စွန့်ဦးစီးပွားရေးလုပ်ချင်စိတ်နဲ့ အလုပ်ကနေထွက်ပြီး အဲ့အွန်လိုင်းပစ္စည်းရောင်းတဲ့ဘက်ကိုပဲ လှည့်လိုက်ပါတော့တယ်။ ရည်ရွယ်ချက်ကတော့ မျိုးမျိုးမြတ်မြတ်ရချင်တဲ့အတွက်ပဲဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ ဒီဇိုင်နာအိတ်အတုတွေကိုဝယ်မိပြီး အတုမှန်းမသိ အစစ်မှန်းမသိဘဲပြန်ရောင်းလိုက်မိပါတော့တယ်။ အဲ့ဒီနောက် ဝယ်သူတွေက ဒေါသပုန်ထလာတဲ့အချိန်မှာတော့ ယိုရှီတစ်ယောက် အသက်အန္တရာယ်ပါကြုံရလာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)...
Birds of Passage (2018) ⭐TMDB: 73% User Score 🎬 #Crime #Drama #Thriller 🗓 2018 🎞 Series 🌎 #Colombia #Denmark #France #Mexico ⏰ 2 နာရီ 5 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Birds of Passage (2018)*********************** ဒီဇာတ်ကားလေးဟာ ၁၉၆၀ နဲ့ ၁၉၈၀ ကြားလောက်က ကိုလံဘီယာမြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ဝါရူးလူမျိုး မိသားစုတစ်စုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်… ငယ်ငယ်ကတည်းက တစ်ကောင်ကြွက်အဖြစ်ကြီးပြင်းခဲ့ရတဲ့ ရာပါရက်ဟာ သူအမြဲတမ်းလိုချင်ခဲ့တဲ့ ကိုယ်ပိုင်မိသားစုတစ်စုလေးတည်ထောင်ချင်ခဲ့သူပေါ့… ဝါရူးလူမျိုးတွေဟာ မိသားစုသည်သာအရေးအကြီးဆုံးဖြစ်ပြီး ဘာအကြောင်းကိစ္စတွေပဲဖြစ်နေပါစေ မိသားစုအရေးသည်သာ ပထမဆိုတဲ့လူမျိုးစုဖြစ်ပါတယ်… ပြီးတော့သူတို့ဟာ သူတို့ရဲ့သေဆုံးသွားတဲ့အမျိုးတွေနဲ့ အိမ်မက်ထဲမှာ စကားပြောလို့ရနိုင်တယ်လို့ ယုံကြည်ကြတဲ့လူမျိုးတွေဖြစ်ပါတယ်…သူတို့ကို သေသူတွေ ဝိညာဉ်တွေကစောင့်ရှောက်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ အယူသည်းသူတဲ့လူမျိုးစုလည်း ဖြစ်တယ်… ဝါရူးလူမျိုးမဟုတ်ရင် ကျန်တဲ့သူတွေကို အပြင်လူလို့သတ်မှတ်ပြီး အယုံအကြည်ကင်းမဲ့တဲ့လူမျိုးတွေလည်း ဖြစ်တယ်… ရာပါရက်ဟာ ပါရှနာမိသားစုက ဇိုင်ဒါဆိုတဲ့ ကောင်မလေးကိုကြိုက်ပြီးတောင်းရမ်းခဲ့တယ်… သို့ပေမယ့် မိန်းကလေးရှင်တို့က တင်တောင်းဖို့ပြောတဲ့ပစ္စည်းတန်ဘိုးဟာ မြင့်မားလွန်းလှတယ်… သို့ပေမယ့် ရက်ပါရက်ဟာ ရရာနည်းလမ်းသုံးပြီး ရှာခဲ့ပါတယ်… ရက်ပါရက်တစ်ယောက်အောင်မြင်မလား…. ဒီလိုနဲ့ဆက်သွားပြီး ဘာတွေဖြစ်မလဲခံစားကြည့်လိုက်ပါဦး…. ဒီကားက မူးယစ်ကားလို့ပြောလို့ရသလို ဂိုဏ်းစတားဟန်တွေအများကြီးပါတယ်… အစပိုင်းမှာ အနည်းငယ်အေးသလိုဖြစ်လို့ နာရီဝက်လောက်ထိသည်းခံပြီး ကြည့်စေချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ဖြစ်ပါတယ်...
The Whole Truth (2016) ⭐TMDB: 65% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2016 🎞 Series 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Keanu Reeves ရဲ့ 2016 တုန်းက ထွက်ခဲ့တဲ့ Crime/Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်အိမ်ကို အမှုတစ်ခုအပေါ် အခြေတည်ထားပြီး ဇာတ်လမ်းအသွားအလာကလည်း မြန်တာမို့လို့ ပျင်းဖို့မကောင်းပါဘူး။ ဇာတ်လမ်းထဲမှာ Keanu Reeves ဟာ Richard Ramsey ဆိုတဲ့ တော်ပြီး ထက်တဲ့ ရှေ့နေနေရာက သရုပ်ဆောင်ထားပါတယ်။ သူ့အမှုတိုင်း လိုလို ကို ကောင်းကောင်း ကိုင်တွယ်နိုင်ပေမယ့် သူ့အသိ Boone Lassiter ရဲ့ သားဖြစ်တဲ့ Mike Lassiter ရဲ့ အမှုမှာတော့ အကြပ်ရိုက်နေရပ်တယ်။ ဘာလို့လဲဆိုတော့ Mike က သူ့အဖေကို ပြန်သတ်ခဲ့လို့ ဖြစ်ပါတယ်။ အဲဒါအပြင် Mike က ဘယ်သူ့ကိုမှ စကားမပြောပါဘူး။ သူ့ရှေ့နေ ဖြစ်တဲ့ Richard ကိုတောင် စကားလုံးဝ မပြောတော့ရှေ့နေRichard တစ်ယောက် အမှုကို ကိုယ်တွယ်ဖို့ အတော်ခေါင်းစားလာပါတယ်။ သူ့အသိ ရှေ့နေမလေးရဲ့ အကူအညီနဲ့ နောက်ဆုံးမှာ Mike စကားပြောလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကိုလည်း သိလာရပါတယ်။...
Rifle Club (2024) ⭐TMDB: 73% User Score 🎬 #Action #Bollywood #Thriller 🗓 2024 🎞 Series 🌎 #India ⏰ 1 နာရီ 53 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rifle Club (2024) ခပ်ကြမ်းကြမ်းမှကြိုက်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက်ဇာတ်လမ်းနာမည်အတိုင်း အပစ်အခတ်အတိုက်အခိုက်ခန်းတွေတ၀ကြီးကြည့်ရမဲ့ မလေယာလမ်စကားပြောအက်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်တစ်ခုကတော့ Hanumankind လို့လူသိများတဲ့ အိန္ဒိယ Rapper အဆိုတော်ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်နေတာပါပဲ။ ဇာတ်လမ်းကို လက်နက်မှောင်ခိုသမား ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီးဒါယာနမ်ရဲ့သားအငယ်ဖြစ်သူဘီချူ မွေးနေ့ပွဲကျင်းပနေတာနဲ့ အစပျိုးထားပါတယ်။အဲဒီနေ့ညမှာပဲ လူရမ်းကားလေးဘီချူ မတော်တဆသေဆုံးသွားတာကနေ တကယ့်ပြဿနာ စတော့တာပါပဲ။ ဘီချူတိုနေထိုင်ရာမြိုနဲ့အဝေးက အိန္ဒိယအနောက်ပိုင်း တောင်တန်းဒေသတစ်နေရာမှာတော့မုဆိုးတွေစုပေါင်းဖွဲစည်းထားတဲ့ “Rifle Club” ဆိုတဲ့ သမိုင်း၀င်အသင်းအဖွဲတစ်ခုရှိပါတယ်။ တစ်နေ့တော့ ရုပ်ရှင်မင်းသားတစ်ယောက်ဟာ သူ့ရုပ်ရှင်အတွက် လေ့လာရေးအဖြစ်အဲဒီကလပ်ကို ရောက်ရှိလာပါတယ်။ ဖြစ်ချင်တော့ သူရောက်ပြီး သိပ်မကြာခင်မှာပဲဒါယာနမ်ရဲ့လက်နက်မှောင်ခိုဂိုဏ်းနဲ့ Rifle Club ကအဖွဲ၀င်တွေရဲ့ တကယ်တိုက်ပွဲအစစ်နဲ့ ကြုံတွေ့ရပါတော့တယ်။ အဲဒီသူသေကိုယ်သေတိုက်ကျတဲ့ ရန်ပွဲကြီးမှာ ဘယ်သူက အနိုင်ရသွားမလဲ၊Rifle Club ကို မှောင်ခိုဂိုဏ်းသားတွေ လာရောက်ရန်မူရတဲ့ အဓိကအကြောင်းအရင်းကဘာဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းဇာတ်ကွက် အပြောင်းအလဲများနဲ့အတူ စိတ်၀င်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~V~KKKZ ဖြစ်ပါတယ်။)...
Amityville: Where the Echo Lives (2024) ⭐TMDB: 60% User Score 🎬 #Horror #Mystery 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Amityville: The Ville Where the Echo Lives ရုပ်ရှင်ဟာ ကြောက်စရာ အမိုက်စား horror ဇာတ်လမ်းဖြစ်ပြီး ထူးထူးဆန်းဆန်းဖြစ်ရပ်တွေနဲ့ အဆက်မပြတ်ကြုံတွေ့ရတဲ့အကြောင်းကို ပြထားတာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ Lou Enmarais က တည်ဆောက်ထားပြီး Mara Vines က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်တယ်။ သူမနဲ့ မိသားစုက Amityville မြို့ကို ပြောင်းလာတဲ့အချိန်မှာ ထူးထူးဆန်းဆန်း အသံတွေ၊ ချောင်ပြီး ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကို ကြုံလာရပါတယ်။ ဒီဇာတ်ကားရဲ့ ရင်ခုန်စရာ ဇာတ်အိမ်၊ Mara Vines ရဲ့ အံ့သြစရာ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ကို စိတ်လှုပ်ရှားစေတဲ့ အရာတွေက Horror ပရိသတ်တွေအတွက် အကြိုက်တွေ့စေပါလိမ့်မယ်။...
Pani (2024) ⭐TMDB: 50% User Score 🎬 #Bollywood #Crime #Drama #Thriller 🗓 2024 🎞 Series 🌎 #India ⏰ 2 နာရီ 21 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pani 2024 (သရီဆူမှ ဂိုဏ်းခေါင်ဆောင်ကြီးဂီရိ) သရုပ်ဆောင် ပရိုဂျူဆာကြီး Joju George ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးထားရုံမက သူကိုယ်တိုင်ပါပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂီရိလိုခေါ်တဲ့ သရီဆူက နာမည်ကြီးဂိုဏ်းတစ်ခုက ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်၊လက်အောက်ငယ်သားတွေအပေါ်မှာ သေချာဂရုစိုက်ပေးတတ်တဲ့ခေါင်းဆောင်ကြီးဆိုလည်း မမှားပါဘူး။ သူ့မှာ ဇနီးချောလေးတစ်ယောက်လည်းရှိပါသေးတယ်။ဒီအချိန်မှာ ရဲဌာနဘက်ကနေ သရီဆူမှာရှိတဲ့ ဂိုဏ်းတွေကိုဖြိုဖျက်ဖိုအတွက် လုပ်ဆောင်ဖို အမိန့်တွေ ကျလာပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအချိန်မှာပဲ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာအလုပ်လုပ်တဲ့ ဒွန်ဆိုတဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းဟာလစာရတာနည်းတဲ့အတွက်နဲ့ အလုပ်ကထွက်လာပြီးအလုပ်သစ်ရှာဖို ထွက်လာပါတော့တယ်။ ဂျိုရှီဆိုတဲ့သူကတော့ ဂီရိတိုနဲ့ အပြိုင် လူဆိုးဂိုဏ်းတစ်ခုဆိုပေမယ့်ဂီရိနဲ့မတူညီတာကတော့ သူက မြေတွေကို အာဏာသုံးပြီးအလကားနီးပါး လိုက်လံသိမ်းဆည်းနေတာ ဖြစ်ပါတယ်။ အဲဒီမှာ ဆူရက်ရှ်ဆိုတဲ့သူရဲ့ မြေကို အလကားနီးပါးလိုချင်ရာကနေဆူရက်ရှ်က ဂီရိကို အားကိုးတိုင်ပင်ဖို လုပ်တဲ့အချိန်အလုပ်သစ်ရှာဖိုထွက်လာခဲ့တဲ့ လူမိုက်လက်သစ်လေးဒွန်တိုကို ဆူရက်ရှ်အား သတ်ခိုင်းလိုက်ပါတော့တယ်။ ဒီလူသတ်မှုကနေ စတင်ပြီးတော့ သရီဆူမြိုကြီးလှုပ်ခတ်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး……… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
That Untold Story (2024) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 42 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM တရုတ်ကားချစ်သူတို့အတွက်… ပေါက်စီမြေမှာဝတ္ထုဖတ်ပြီး ဝက်ဝက်ကွဲ မျက်ရည်မိုးရွာခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့…စာရေးသူ ကျိုးအိုက်ဟွားရဲ့ “ဘယ်သူမှမသိခဲ့သော ဇာတ်လမ်းလေး တစ်ပုဒ်” ဆိုတဲ့ဝတ္ထုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ထိုင်ဝမ်ရုပ်ရှင်ဗားရှင်းလေးပါပဲ… ဟုတ်ပါတယ်… ဒရာမာဗာရှင်းလေးလည်း ရှိသေးတာမို့ဒရာမာစောင့်ရင်း ရုပ်ရှင်ဗားရှင်းအရင်ကြည့်ထားနိုင်ပါတယ်နော်…ဇာတ်လမ်းလေးကတော့… ရှေးဟောင်းပစ္စည်းတွေကို မြတ်နိုးလို့ ပျက်စီးဆုံးရှုံးနေတဲ့ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းတဲ့အလုပ်လုပ်နေသူယန်ကျောင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ကကံကြမ္မာရဲ့ ဇာတ်ညွှန်းအတိုင်းဘဝအချိုးအကွေ့တစ်ခုမှာ ဒုက္ခတိခြေပြတ် ချန်မင်ရှန်းနဲ့ ဆုံတွေ့ခဲ့ပါတော့တယ်… အတိတ်ကံကြောင့်ပဲလား နတ်ဖူးစာရွာလည်လို့လားမသိပေမယ့်…အချစ်တစ်ခု သူတို့ကြားမှာ ပေါက်ပွားလာခဲ့ပါတယ်…ထူးခြားတာကတော့ ဒီချန်မင်ရှန်းက…မူးယစ်ဆေးနဲ့ပတ်သက်ရင်အရမ်းကို အထိမခံဖြစ်လွန်းပြီး တုံ့ပြန်မှုက ပြင်းထန်လွန်းပါတယ်…နောက်ပြီးတော့ သူက လူသိမခံတဲ့ မြေကြွက်လေးလိုပဲဘဝကြီးကို ပုန်းလျိုပြီး ဖြတ်သန်းနေတတ်ပြန်တယ်…ဓာတ်ပုံလည်းအရိုက်မခံဘူး…တစ်ခုခုဆို ကိုယ့်အသားအနာခံပြီး ရှောင်ပြေးတတ်တယ်…သူဘာကိုလျို့ဝှက်နေတာလဲ…ဒီလျို့ဝှက်ချက်တွေပေါ်လာတဲ့တစ်နေ့မှာသူတို့ကြားက ဇာတ်လမ်းလေးက ဘာဆက်ဖြစ်သွားမှာလဲ...
Man with No Past (2025) ⭐TMDB: 60% User Score 🎬 #Action #Drama 🗓 2025 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action/Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် တည်းခိုခန်းတစ်ခုမှာ အိပ်မက်ကနေ နိုးထလာတဲ့ Ryder တစ်ယောက်ဟာ မိမိအမည်ကိုမိမိတောင် မသိရှိဘဲ ပြန်စုံစမ်းရတဲ့အထိ အတိတ်ပျောက်ဆုံးနေသူတစ်ယောက်ပါ ရောမခေတ်နဲ့ နာဇီပါတီကြီးစိုးချိန်ကာလကို မြင်ယောင်နေရင်း အိပ်မက်ထဲမှာ မြင်နေကျမျက်နှာတွေကို အပြင်မှာပါ မသဲကွဲ ပြန်မှတ်မိချိန်မှာတော့ Ryder တစ်ယောက်အဖြေရှာဖို့ ဖြစ်လာပါတော့တယ်… တစ်ချိန်တည်းမှာလည်း Ryder ကို မသင်္ကာတဲ့ရဲအရာရှိ တစ်ယောက်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းရင်း Ryder အကြောင်း ဘယ်လိုမှရှာမတွေ့တဲ့နောက်မှာတော့… ဒီဇာတ်ကားလေးမှာဆိုရင် ရောမခေတ်၊ နာဇီပါတီကြီးစိုးစဉ် ကာလနဲ့ လက်ရှိမျက်မှောက်ကာလကို ပူးတွဲပုံဖော်ထားမှုဟာ ဆွဲဆောင်မှုရှိလှပြီး နိုင်ငံရေးစီးပွား ရေးစစ်ရေးဆိုင်ရာတွေကိုလည်း အကျဉ်းရုံးပြသထားတာကာ သဘာလွန်ဖြစ်ရပ်တွေနဲ့လည်း ဖြည့်စွက်ထားလို့ ရသစုံတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ် အက်ရှင်မှာဆိုရင်လည်း ရောမခေတ်အက်ရှင် စစ်ပွဲအက်ရှင် မြို့ပြအက်ရှင်အကုန်လုံး ပေါင်းစပ်ပြသထားတာဖြစ်လို့ အက်ရှင်ချစ်ပရိသတ်များ အကြိုက်တွေ့နိုင်မှာ သေချာပါတယ်… အချိန်ကာလယန္တရားကို အပြိုင်ချိတ်ဆက်ကာ Ryder တစ်ယောက်အကြောင်းကို ဘယ်လိုပုံဖော်ပြသွားမလဲ……. Ryder ဆိုတာကရော ဘယ်သူလဲ………….. ဘာကြောင့် အတိတ်ပျောက်ဆုံးနေရတာလဲ……… ဘာကြောင့်အိပ်မက်တွေမြင်မက်နေရတာလဲ……….. သဘာဝလွန်စွမ်းအင်တွေကရော ဘာအတွက်ပါရတာလဲ…… စသည့် စသည့် ပဟေဠိတွေကိုတော့ ဒီဇာတ်ကားလေးကြည့်ရင် အဖြေရှာကြည့်နိုင်ဖို့ ရုပ်ရှင်ချစ်သူပရိသတ်များကို ညွှန်းပေး လိုက်ရပါတယ်ဗျာ...
Diary of an Alcoholic (2024) ⭐TMDB: 57% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #CzechRepublic ⏰ 1 နာရီ 32 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB Rating 6.4/10 ဒီဇာတ်ကားလေးမှာတော့ အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့တဲ့ ဇနီးတစ်ဦး၊ မိခင်တစ်ဦးဟာ သူ့ဘဝသူ ဘယ်လိုပြန်ကယ်ပြီးတော့ အောင်မြင်တန်ဖိုးရှိတဲ့ သူတစ်ဦးဖြစ်လာအောင် ပြောင်းလဲ သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဘဝမှာ လူတိုင်းအမှားနဲ့ မကင်းပါဘူး။ ဒါပေမယ့် ဘဝပျက်စီးရမယ့် အမှားမျိုးဆိုရင်တော့ လမ်းမှန်ပေါ် ရောက်အောင် သတ္တိရှိရှိရင်ဆိုင်ကျော်ဖြတ် သွားဖို့အတွက် ဒီဇာတ်လမ်းထဲက အရက်ကျေးကျွန်ဖြစ်ဖူးတဲ့ မီရှာ ဆိုတဲ့အမျိုးသမီးကို အတုယူပြီး ချစ်ရတဲ့သူတွေအတွက် ပြောင်းလဲပေးဖို့ ခွန်အားဖြစ်စေနိုင်မှာပါ။...
Maria into Life (2022) ⭐TMDB: 59% User Score 🎬 #Comedy #Romance 🗓 2022 🎞 Series 🌎 #France ⏰ 1 နာရီ 32 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maria into Life (2024) IMDb Rating (6.1) အရှက်အကြောက်ကြီးပြီး ချမ်းသာကြွယ်ဝတဲ့အိမ်မှာ သန့်ရှင်းရေး အဖြစ် နှစ် ၂၀ကျော်ကြာ လုပ်ခဲ့တဲ့ မာရီယာ တစ်ယောက် အနုပညာ ကျောင်းတစ်ခုမှာ အလုပ်အသစ် စဝင်တဲ့အခါ သူ့ဘဝမှာ တခါမှမကြုံဘူးတဲ့ လွတ်လပ်မှု အတွေ့အခေါ်တွေ အမြင်သစ်တွေကို စထိတွေ့ရတဲ့ အချိန်မှာတော့.. အနုပညာကျောင်းမှာ နှစ်ချီအောင်ရှိနေတဲ့ ဟူးဘတ် လူပျိုကြီးနဲ့တွေ့တဲ့ အချိန်မှာတော့ .. (အညွှန်းနဲ့ဘာသာပြန်ကတော့ Emma ဖြစ်ပါတယ်။)...
Vampire Hunter D: Bloodlust (2000) ⭐TMDB: 76% User Score 🎬 #Action #Adventure #Animation #Fantasy #Horror #ScienceFiction 🗓 2000 🎞 Series 🌎 #Japan ⏰ 1 နာရီ 42 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vampire Hunter D: Bloodlust (2000) IMDb Rating (7.6) / Rotten Tomatoes (70%) ‘D’ ဆိုတဲ့ လူသားနဲ့ ဖုတ်ကောင်တစ်ပိုင်း ဖြစ်တဲ့ လူတစ်ယောက်ရဲ့ စွန့်စားမှုကို ပြသတဲ့ ကာတွန်းရုပ်ရှင်တစ်ပုဒ်ပါ။ D ကို Charlotte ဆိုတဲ့ အမျိုးသမီးကို ကယ်တင်ရန် အလုပ်တစ်ခု ကိုတာဝန်ပေးလိုက်ပါတယ်။ သူ့ကို Meier Link ဆိုတဲ့ vampire က ပြန်ပေးဆွဲထားပါတယ်။ D က သူ့ရဲ့ vampire နဲ့ လူသားဘက်ကြားမှာ စိတ်ဒဏ်ရာတွေကို ခံစားရပြီး၊ သူ့ရဲ့ စိတ်ကို ရင်ဆိုင်နေရပါတယ်။ ရုပ်ရှင်မှာ လှပတဲ့ ကာတွန်းပုံစံနဲ့ စိတ်လှုပ်ရှားစရာ အပြိုင်အဆိုင်တွေ ပါဝင်ပြီး၊ D ရဲ့ အကြောင်းကို ပိုမိုရှင်းလင်းစွာ ပြထားပါတယ်။ သူ့ရဲ့ ဗမ်ပိုင်ယာဘက်နဲ့ လူသားဘက်ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို ရုပ်ရှင်မှာ ဖော်ပြပါတယ်။ D သည် Meier Link ကို ဖမ်းပြီး Charlotte ကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ ရုပ်ရှင်မှာ အသစ်သော ဇာတ်ကောင်တွေ ပါဝင်ပြီး၊ bounty hunters တွေကလည်း Meier Link ကိုလိုက်လံနေကြပါတယ်။ ဒီအတိုင်း အခြားဇာတ်ကောင်တွေကလည်း ဇာတ်လမ်းကို ပိုစိတ်ဝင်စားစေပါတယ်။ ရုပ်ရှင်မှာ ချစ်ခြင်း၊ သစ္စာ၊ လူသားဖြစ်ခြင်း ဆိုတဲ့ အကြောင်းတွေကို သေချာပြထားပြီးတော့ ၊ စိတ်လှုပ်ရှားမှုတွေ ၊ စွန့်စားမှုတွေကို မြင်ရမယ်။ Vampire Hunter D: Bloodlust က ဗမ်ပိုင်းယာတွေကို ခံစားချင်သူတွေအတွက် အရမ်းကောင်းတဲ့ ရုပ်ရှင်ဖြစ်ပြီး၊ စိတ်လှုပ်ရှားစရာ၊ အပြိုင်အဆိုင်တွေ၊ စွန့်စားမှုတွေက ပရိသတ်ကို စိတ်ဝင်စားစေပါတယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Space Cowboys (2000) ⭐TMDB: 64% User Score 🎬 #Action #Adventure #Thriller 🗓 2000 🎞 Series 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Space Cowboys (2000) IMDb Rating (6.5) / Rotten Tomatoes (78%) “Space Cowboys” ဇာတ်ကားမှာ အနားယူသွားတဲ့ NASA အဖွဲ့ဟောင်းတစ်ဖွဲ့ကို အာကာသဂြိုလ်တု Ikon ရဲ့ ပြုပြင်ရေးအတွက် တာဝန်ခေါ်ယူလာတဲ့အခါ စွန့်စားခန်းအသစ်တစ်ခု စတင်ခဲ့ပါတယ်။ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Clint Eastwood, Tommy Lee Jones, Donald Sutherland, James Garner တို့ရဲ့ သရုပ်ဆောင်တာတွေကတော့ ဇာတ်ကားကိုပိုကောင်းမွန်စေပါတယ်။ ဇာတ်လမ်းမှာ Ikon ကတော့ အန္တရာယ်များတဲ့ ရုရှားလက်နက်နဲ့ ပြည့်နေပြီး ကမ္ဘာပေါ်မှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အခါ NASA က အာကာသစွန့်စားခန်းလုပ်ဖို့ အဖိုးကြီးတွေကို ပြန်ခေါ်ရပါတော့တယ်။ ဒီအဖွဲ့ဟောင်းဟာ ၄၀ နှစ်ကြာပြီးမှ အလုပ်ပြန်လုပ်ရတာကြောင့် အခက်အခဲတွေနဲ့ ကြုံရပေမယ့် သူတို့ရဲ့ အရင်အတွေ့အကြုံတွေကြောင့် အခက်အခဲကို အေးဆေးကျော်ဖြတ်နိုင်ခဲ့ပါတယ်။ Clint Eastwood ရဲသရုပ်ဆောင်ချက်က အဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ သတ္တိနဲ့ အစွမ်းအစကို ပြသနိုင်ခဲ့တယ် Tommy Lee Jones ရဲ့ ဟာသတွေက ဇာတ်ကားကို အပန်းဖြေစေပါတယ်။ ဇာတ်ကားဟာ အာကာသနည်းပညာနဲ့ လူ့စိတ်ခံစားမှုတို့ကို ပေါင်းစပ်ပြသပြီး သက်ကြီးသူတွေရဲ့ စွန့်စားမှုအသစ်တွေကို ပြထားပါတယ်။ ဟာသ၊ ဒရာမာနဲ့ အာကာသထဲ စွန့်စားခန်းတွေကို ပြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အာကာသနဲ့ စွန့်စားမှုကို စိတ်ဝင်စားသူတွေအတွက် “Space Cowboys” ဟာ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Queer (2024) ⭐TMDB: 72% User Score 🎬 #Drama #History #Romance 🗓 2024 🎞 Series 🌎 #Italy #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Queer (2024) IMDb Rating (6.6) / Rotten Tomatoes (78%) ဂျိမ်းစ်ဘွန်းမင်းသား Daniel Craigရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်။ ဘဲကြီးက မက္ကဆီကိုစီးတီးမှာနေရင်း ကောလိပ်ကျောင်းသားလေးတွေကို စားဘဲကြီးလုပ်နေတာ။ ယူဂျင်းဆိုတဲ့ကောင်လေးနဲ့တွေ့တဲ့အခါမှာတော့ စွဲလန်းသွားပြီး သူနဲ့အတူခရီးထွက်ဖို့ပါ စည်းရုံးပါတော့တယ်။ ဘာအတွက်ခရီးလဲဆို သူ့စိတ်ထဲမှာ စွဲလန်းနေတဲ့အရာတစ်ခု။ တယ်လီပသီစိတ်စွမ်းအားမြှင့်တင်ပေးတယ်လို့ သူသိထားတဲ့ ယာဂေးဆိုတဲ့အပင်ကို သုံးစွဲကြည့်ချင်တာ။ အဲဒီအပင်ကိုရှာဖို့အတွက် ယူဂျင်းနဲ့အတူ အီကွေဒေါက တောကြီးထဲကိုရောက်သွားချိန်မှာတော့..။ (အဖော်အချွတ်နဲ့ လိင်တူအခန်းတွေပါဝင်တာမို့ အသက်ပြည့်ပြီးမှကြည့်ကြပါ) (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)...
MadS (2024) ⭐TMDB: 69% User Score 🎬 #Horror #Thriller 🗓 2024 🎞 Series 🌎 #France ⏰ 1 နာရီ 29 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 MadS (2024) IMDb Rating (6.5) / Rotten Tomatoes (93%) အမိုက်စား ပြင်သစ် Horror ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တစ်ခုသောညနေခင်းမှာ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ မူးယစ်ဆေးအရောင်းသမားဆီမှာ ပစ္စည်းသွားဝယ်ပြီး ပြန်အလာ ခဏနေရင် အန်နာဆိုတဲ့ သူ့ကောင်မလေးရယ် ဘော်ဒါတသိုက်ရယ် ပါတီမှာ ဆေးချပျော်ပါးဖို့ ကြံရွယ်ထားတုန်း လမ်းမှာ ဒဏ်ရာရထားတဲ့ သွေးရူးသွေးတန်းအမျိုးသမီးတစ်ယောက်ကို ကူညီချင်စိတ်နဲ့ ကားပေါ်တင်လိုက်ရာမှာ ငါးပါးတွေမှောက်ပြီး သွေးပျက်စရာကောင်းလောက်အောင် အိပ်မက်ဆိုးလား ဆေးကြောင်နေတာလား မသဲကွဲတော့တဲ့ တစ်ညတာဘယ်လိုဖြစ်လာမှာလဲ ခံစားကြည့်ရှုပေးပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။)...
High Fidelity (2000) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Music #Romance 🗓 2000 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 High Fidelity (2000) IMDb Rating (7.4) / Rotten Tomatoes (91%) အသက် ၃၀ အရွယ် အခွေဆိုင်ပိုင်ရှင် ရော့က အချစ်ရေးမှာ ကျွန်းခံနေတဲ့သူတစ်ယောက်ပေါ့.. တွဲသမျှကောင်မလေးတိုင်းနဲ့အဆင်မပြေဖြစ်နေရတာကြောင့် သူဘာကြောင့် အချစ်ရေးမှာ ကံဆိုးရတာလဲဆိုတာကို သိချင်နေခဲ့တယ်.. သူတွဲခဲ့တဲ့ ကောင်မလေးတွေထဲက ထိပ်ဆုံး ၅ ယောက်နဲ့ ဘယ်လိုတွေ တွေ့ဆုံခဲ့ပြီး ဘယ်လိုတွေ ထားခဲ့ခံရမလဲ? ဒီအထဲကမှ သူတကယ်ချစ်ပြီး လက်ထပ်ချင်ခဲ့တာ ဘယ်သူလဲ? အချစ်ဆိုတာဘာလဲဆိုတာကို နားမလည်ခဲ့တဲ့ ရော့က နောက်ဆုံးမှာ သူ့အချစ်စစ်ကိုရှာတွေ့သွားမလား? ဆုံးရှုံးပြီးမှ တန်ဖိုးထားရကောင်းမှန်းသိခဲ့တဲ့ ရော့ဟာ သူတကယ်ချစ်တဲ့ ကောင်မလေးရဲ့ အချစ်ကို ပြန်လည်ရယူနိုင်ပါ့မလား? အချစ်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပြီးတော့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းကြားမှာ ရော့တစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Gemini (2002) ⭐TMDB: 57% User Score 🎬 #Action #Bollywood #Comedy #Crime #Thriller #Drama 🗓 2002 🎞 Series 🌎 #India ⏰ 2 နာရီ 30 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gemini (2002)”ဂျီမီနီ”================= ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Gemini ဆိုတဲ့ ဒီရုပ်ရှင်လေးဟာဆိုရင်မေလ ၂၁ ရက်နေ့နဲ့ နဲ့ ဇွန်လ ၂၁ ရက်နေ့ကြားမှာမွေးတဲ့မေထုန်ရာသီဖွားတွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာမဟုတ်ဘဲ ဂျီမီနီဆိုတဲ့နာမည်နဲ့လူဆိုးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဂျီမီနီဆိုတာကတော့ တမီလ်နာဒူးပြည်နယ်ထဲမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က လူမိုက်တစ်ယောက်ပါ။ သူဟာ အစတုန်းက မြို့ခံဂိုဏ်းစတားကြီးတွေဆီမှာ အလုပ်လုပ်ခဲ့ပေမဲ့သူအလုပ်လုပ်ပေးတဲ့ ဂိုဏ်းစတားတိုင်း အဖမ်းခံရ အရှော့ခံရဖြစ်ကုန်တဲ့အတွက်သူယုံကြည်ရတဲ့သူတွေကို စုပြီး ကိုယ်တိုင် ဂိုဏ်းစတားလုပ်ဖို့ ကြံစည်ပါတော့တယ်။ သူဟာ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့သူဌေးတစ်ယောက်ရဲ့ သမီးအလှလေးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်မိသွားချိန်မှာတော့ဂိုဏ်းစတားပေါက်စ ဂျီမီနီရဲ့ဘဝလမ်းကြောင်းတွေ ပြောင်းလဲခဲ့ရပုံကိုဒီ တမီလ်စကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
