ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
A Winning Team (2023)
⭐IMDB: 5.7/10 (324 Votes)
🎬 #Comedy #Romance #TVMovie
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ကရိုက်ကူးထားတာဖြစ်ပြီး Roger အငယ်အနေနဲ့ West Side Story(2021) ထဲက Mike Faist နှင့် Roger အကြီးကတော့ Dennis Boutsikaris တို့ပဲဖြစ်ပါတယ်။ Ellen အနေနဲ့ Teen Wolf နှင့် Gotham စီးရီးတွေအပြင် Swamp Thing ထဲမှာပါ Abby Arcane အနေနဲ့ပါဝင်ထားတဲ့ ကောင်မလေးချောချောလေး Crystal Reed ကသရုပ်ဆောင်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။
Wait with Me (2023)
⭐IMDB: 5.7/10 (275 Votes)
🎬 #Romance
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 36 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wait With Me (2023)
ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre “Wait With Me” စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ “Wait With Me”ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက “Wait With Me”စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)
A Thousand and One (2023)
⭐IMDB: 7.2/10 (1 k Votes)
🎬 #Crime #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 58 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Thousand And One (2023)
~ IMDb – 7.2/10, RT – 97%, Meta – 81% ~
ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ 2023 မှာ ထွက်ရှိထားပြီး Rating ကောင်း၊ Critics တွေရဲ့ ဝေဖန်မှုကောင်းတွေ ရရှိထားတဲ့ ဒရာမာကားလေး A Thousand And One ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
ပြောချင်တာ လုပ်ချင်တာတွေကို စိတ်ထဲမသိုသိပ်ထားရုံမက အားနာစိတ်မရှိဘဲ လုပ်တတ်တဲ့ အိုင်နက် တစ်ယောက် သူ့သား တယ်ရီကို ဂေဟာကနေ ပြန်ပေးဆွဲပြီး လူမသိသူမသိအောင်နာမည်တွေပြောင်း မွေးစာရင်းတွေပြောင်းပြီး သူတို့နေစရာအိမ် စားစရာတွေ မိသားစုဘဝ ကြိုးပမ်းတည်ဆောက်ရာမှာ ကြုံတွေ့ရတဲ့ ကံကောင်းမှုတွေ ကံဆိုးမှုတွေ အခက်အခဲတွေ ရင်ဆိုင်ရပုံတွေကို ထိထိမိမိ ရိုက်ပြထားတဲ့ ဒရာမာကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်ကားတစ်လျှောက် အိုင်နက်ရဲ့ ဇာတ်လမ်းအစက လူအမြင်ကတ်တဲ့ ဇာတ်ကောင်ကနေ ဇာတ်လမ်းအဆုံး သနားစရာ အိုင်နက်အဖြစ်ဇာတ်ကောင်ပြောင်းလဲမှုကို လူတွေအမြင်ပြောင်းအောင် ဟာကွက်မရှိ ရိုက်ပြထားတဲ့ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

⭐IMDB: 5.7/10 (271 Votes)
🎬 #Romance
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ ⁉️
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wait With Me (2023)
ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre “Wait With Me” စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ “Wait With Me”ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက “Wait With Me”စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)
To Every You I've Loved Before (2022)
⭐IMDB: 7.3/10 (97 Votes)
🎬 #Animation #Fantasy #Romance #ScienceFiction #SciFi
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Japan
⏰ 1 နာရီ 42 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.2/10MyAnimeList 7.4/10
To all of you that I’ve loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာYomoji Otonoရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ (နောက်တစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း ထပ်ပြီးတင်ဆက်ပေးဦးမှာပါ)။ ဝတ္ထုအနေနဲ့တုန်းကလည်း အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်တွေကိုစိတ်ကျေနပ်မှုပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယမြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. “Because I’m Calling Your Name”)လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါသေးတယ်
ဇာတ်လမ်းကတော့ အခုခေတ်စားနေတဲ့ အပြိုင်ကမ္ဘာတွေအကြောင်းအခြေခံထားပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်ကတော့ ကောင်လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ။ အချစ်ဇာတ်လမ်းလေးကိုလှလှပပ ရယ်မောငိုကြွေးနိုင်အောင်ကိုတင်ဆက်ပေးသွားနိုင်ခဲ့တာမလို့ ကြည့်နေရင်းနဲ့ အပြိုင်ကမ္ဘာတွေအကြောင်းကိုစိတ်မဝင်စားတော့ အချစ်ဇာတ်လမ်းထဲမှာမျောပါသွားနိုင်တဲ့အထိပါပဲ။
ဇာတ်လမ်းအကျဥ်းကတော့
Koyomiဟာ အလယ်တန်းကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝရောက်ချိန်မှာတော့ Kazuneဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။ အချစ်ဇာတ်လမ်းလေးဟာ သာယာဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားကတော့ ကြည့်ရှုသူအပေါ်မှာပဲ မူတည်ပါလိမ့်မယ်
Spoilerပါးပါးလေးပြောပါမယ်။ နည်းနည်းလေးတောင်spoilမမိချင်ရင် ဆက်မဖတ်ပါနှင့်တော့။ဒီဇာတ်လမ်းထဲမှာဇာတ်လမ်း၂ခုပါပါတယ်။အစကတည်းက ဇာတ်လမ်း၂ခုရှိတာကိုချပြထားပေမဲ့ ဇာတ်လမ်းဆွဲခေါ်သွားပုံက ငြင်သာလွန်းလို့ ပြီးခါနီးမှပဲ သတိထားမိမှာပါ
Sin City: A Dame to Kill For (2014)
⭐IMDB: 6.5/10 (165 k Votes)
🎬 #Action #Adult #Crime #Thriller
🗓️ 2014 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 42 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sin City: A Dame to Kill For ( 2014 )
2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ တစ်ဆက်တည်းမဟုတ်မှန်းသိသာခဲ့ပေမဲ့ ဒီကားကတော့ တစ်ဆက်တည်းလိုလိုတော့ လုပ်ထားတယ်။ ဒီကားက အဖြစ်တွေမှန်သမျှ တစ်ဆက်တည်းလို့ ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့ သူ့ Timeline ကို ပြန်စီချင်ရင် ဒီကားရဲ့အစဉ်ကို ဗဟိုထားပြီး ပထမကားက အပိုင်းတွေကို ဖြည့်လိုက်မှရမယ်။ Clive Owenကလွဲ ကျန်တဲ့ဇာတ်ကောင်တွေမှာ အရင်သရုပ်ဆောင်တွေပဲ သရုပ်ဆောင်ထားတယ်။ အသစ်တွေလည်းပါတယ်။
ဒီကားရဲ့ ဒါရိုက်တာနှစ်ယောက်က ခေတော့မခေဘူး။ တစ်ယောက်က မူရင်း ဂရပ်ဖစ်နိုဗယ်ရဲ့ စာရေးဆရာ ။ နောက်တစ်ယောက်က တာရန်တီနိုနဲ့ တစ်ယောက်တစ်ခြမ်းရိုက်ဖူးသလို သူ့ကားမှာလည်း တာရန်တီနိုကိုထည့်သုံးဖူးတဲ့ဘဲ။ ပထမကားရိုက်တာမှာလည်း တာရန်တီနို အကြံယူလိုက်တာလား။ ဝင်ရိုက်ပေးတာလားတော့မသိ ရှိတော့ရှိခဲ့တယ်။ သူကိုယ်တိုင်လည်း Mexico Trilogyလို့ခေါ်တဲ့ နာမည်ကြီး Trilogy ကို ရိုက်ထားဖူးတယ်။ သူရိုက်ခဲ့တဲ့ထဲ Alita: Battle Angelတို့ Once Upon a Time in Mexicoတို့ From Dusk Till Dawnတို့တော့ လူတော်တော်သိလောက်မယ်။ Spy Kidsထွက်သမျှကားတွေအကုန်လည်း သူပဲရိုက်ထားတာ။
ဒီကားကပထမကားထက် နည်းနည်းတော့ လျော့သွားပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်နေတုန်းအပြင်ကို ထူးခြားချက်က ဒီကားထဲက အီဗာဂရင်းရဲ့ဇာတ်ကောင်က ရုပ်ရှင်သမိုင်းတစ်လျှောက်က noir ရုပ်ရှင်တွေထဲက နာမည်ကြီး black widowကာရိုက်တာတွေကို Homage ပေးထားတယ်လို့ ပြောကြတယ်။black widowဆိုတာက ကိုယ့်လင် ကိုယ့်ရည်းစားကို သတ်တဲ့ မိန်းမကိုခေါ်တာ။ Double Indemnityတို့ The Postman Always Rings Twice တို့ထဲက ကာရိုက်တာတွေကိုပေါ့။ Sin City: A Dame to Kill Forဟာ ပထမကားထက် ကြမ်းကြုတ်ရက်စက်တာတွေလျော့သွားပေမဲ့ ပထမကားထက်တော့ ပိုဆွဲဆောင်မှုရှိတဲ့ကားဆိုတာတော့ အီဗာဂရင်းနဲ့တင် အာမခံလို့ရပါတယ်။ ပထမကားလိုပဲ ရုပ်ရှင်ကြည့်ရတာနဲ့မတူဘဲ neo-noir comicsစာအုပ်တစ်အုပ်ဖတ်ရသလို အရသာမျိုးရစေမယ့်ကားပါပဲ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။)
Sin City: A Dame to Kill For (2014)
⭐IMDB: 6.5/10 (165 k Votes)
🎬 #Action #Adult #Crime #Thriller
🗓️ 2014 🎞️ Movie 📺 1080p

Sin City (2005)
⭐IMDB: 8.0/10 (778 k Votes)
🎬 #Action #Adult #Crime #Thriller
🗓️ 2005 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 2 နာရီ 22 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sin City (2005)
============
IMDb Rating – 8.0/10
Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။
ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကို
ကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်
ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့
ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်း
ကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်း
ပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်
ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။
သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့
အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်
တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ခုတ်ထစ်ပစ်သတ်တာတွေ ပါပေမယ့်။ ဒီရုပ်ရှင်မှာ ဘာသွေးသံရဲရဲကိုမှ
မြင်ရမှာမဟုတ်ပါဘူး။ မမြင်ရဆို ဒါရိုက်တာက သူပြချင်တဲ့နေရာကိုပဲ အရောင်သုံးပြသွားတာကိုး။ ပြောရမယ်ဆိုရင် ကြောက်ဖို့
မကောင်းအောင်အသေကြမ်းပြသွားတာပါပဲ။
မူလ Graphic ၀တ္တုတွေရဲ့ စာရေးဆရာ အခုရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင် Frank Millerက Bat Manတို့ Daredevilတို့ကို Comicရေးတဲ့လူ
300ကိုဇာတ်ညွှန်းရေးတဲ့လူဆိုတော့ကာ စူပါဟီးရိုးဆန်ဆန်တွေလည်းတွေ့ရတယ်။ ဒါပေမယ့် Inner Logicထဲမှာပဲကြမ်းတာပါ။
အရသာကိုတော့ မပျက်စေဘူး။ ဒီရုပ်ရှင်မှာပါသမျှ ဇာတ်ကောင်တွေအကုန်လုံး အခြေစိုက်ရာမြို့က နာမည်နဲ့လိုက်အောင် ရာဇ၀တ်မှု
တွေများတဲ့ Sin City။ အဲ့ဒီမြို့မှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေက ဆန်းတော့ဆန်းတယ်။ မြို့ဟောင်းကို ပြည့်တန်ဆာမတွေကိုပေးထား
ရတာမျိုး။ ဆီနိတ်တာရဲ့သားက လူသိထင်ရှားသက်ငယ်မုဒိန်းသမားဖြစ်နေတာမျိုးတွေ။ အဓိကဇာတ်ကောင်တွေ အကုန်လုံးက ကြမ်းပေ့
ရမ်းပေ့ဆိုတဲ့ကောင်တွေ။ မှန်တယ်ထင်ရင် လုပ်ချင်တာလုပ်တဲ့လူမိုက်တွေ။ ဇာတ်ကောင်တွေဟာ ကားတိုက်လည်းမသေ ခေါင်းသေနတ်
မှန်လည်းမသေ ဘောပြတ်လည်းမသေ၊ သူ့ inner logicနဲ့ သူကြမ်းထော်နေပေမယ့် အကုန်လုံး မပြည့်စုံတဲ့လူတွေ။ နှလုံးရောဂါသည်
စိတ်ရောဂါသည် မျက်နှာပြင်ထားရတဲ့လူ ဒီလိုလူတွေ။
မင်းသမီးတွေကလည်း တကယ့် seducerတွေ။ Sin Cityကလူတွေဆိုတော့ ဘားမယ်တွေ ပြည့်တန်ဆာမတွေ။ ဘားမယ်လုပ်တဲ့ ဂျက်စီကာ
အယ်ဘာရဲ့ လှချက်တွေကသေလို့ရသလို ဂျပန်မဆန်ဆန်ဇာတ်ကောင်လေး မီဟိုရဲ့ ကင်ဒိုဓားနဲ့ ခုတ်ချင်တိုင်းခုတ်နေတဲ့ဟန်ကလည်း သူရဲ့
ဆွဲဆောင်မှုတစ်ခုပဲ။ Eva GreenကိုသာSin City, A Dame to Killထဲကလို ဒီမှာထည့်သုံးထားရင် ပိုကောင်းမှာပါ။ ဒါကိုပဲ သူ့အားနည်းချက်
လို့ ထားရမှာပဲ။
ဇာတ်လမ်းလေးပုဒ်ပါတယ်။အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို Mind
Blowningလုပ်ဖို့ချန်သွားတယ်။ ဒါကလည်း အရသာတစ်မျိူးပါပဲ။ နံပါတ်၂ဇာတ်လမ်းဆို ကျွန်တော်ဖတ်ဖူးတဲ့ဘာသာပြန် ၀တ္တုတစ်ပုဒ်ကိုတောင်
သတိရစေတယ်။ မောင်မိုးသူရဲ့သေနေ့။ အဲ့ဒီ၀တ္တုထဲမှာ ရောဂါနဲ့သေတော့မယ့်အမျိုးသမီး တစ်ယောက်က သူ့ကိုယ်သူသတ်ဖို့ တစ်ဆင့် လူသတ်
သမားငှားထားတယ်။ ဘယ်သူလဲ သူမသိရဘူး။ ရောဂါရှိတယ်ဆိုတာကမှားနေတော့ လူသတ်သမားလက်က သူပြေးဖို့ဖြစ်လာတယ်။ ဒီထဲက
Customer always Rightဆိုတဲ့အပိုင်းဟာ အဲ့ဒီ၀တ္တုကို တခြားအမြင်ကပြထားသလိုပါပဲ။ Customer Always Rightက အတော်အနုပညာ
ဆန်သလို ကျန်တဲ့ သုံးပိုင်းကလည်း မနုံနဲ့ဘူး။ Crimeကားတွေကြိုက်တဲ့လူဖြစ်ဖြစ် Actionကားတွေကြိုက်တဲ့လူဖြစ်ဖြစ် ဇာတ်အိမ်ဆန်းတာတွေ
ကြိုက်တဲ့လူဖြစ်ဖြစ်မကြည့်ရသေးလို့ ကြည့်ပြီးရင်တော့ . . . လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဆယ့်ငါးနှစ်လုံးမကြည့်ခဲ့မိလို့ နောင်တ
ရမယ့်ရုပ်ရှင်မျိုးပါပဲ။
Sin City အဆက်အနေနဲ့ Sin City: A Dame to Kill For (2014) ဆက်လက်ထွက်ရှိခဲ့ပြီး ဒီမှာhttps://channelmyanmar.org/sin-city-a-dame-to-kill-for-2014/ကြည့်ပါ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။)
Sin City (2005)
⭐IMDB: 8.0/10 (778 k Votes)
🎬 #Action #Adult #Crime #Thriller
🗓️ 2005 🎞️ Movie 📺 1080p

အိမ်ထောင်
⭐N/A
🎬 #series #romance
🗓️ N/A 🎞️ Series 📺 1080p
🌎 #Myanmar
⏰ 42 မိနစ် 7 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FDMN
ဇာတ်ညွှန်း 📜
အံ့ထူးထက်သည် အနှစ် (၂၀) နီးပါးပေါင်းသင်းခဲ့သည့် ဇနီးဖြစ်သူ မြဒေဝီကျော်ကို မေ့လျော့ကာ သူချစ်ခင်ဆိုသည့် ကောင်မလေးနှင့် ရင်းနှီးပတ်သက်ခဲ့သည်။ မြဒေဝီကျော် သိရှိသွားသောအခါ အရှက်ကို အသက်ဖြင့်လဲသည့် အနေဖြင့် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။ ထိုအချိန်အထိ အံ့ထူးထက်က သူချစ်ခင်အပေါ် အချစ်မပျက်ခဲ့ပေ။ သို့သော် သူချစ်ခင်သည် အံ့ထူးထက်၏ သားဖြစ်သူ ဩရထူးနှင့်ပါ ပတ်သက်ရန် ကြိုးစားလာသည့်အခါ….။
သရုပ်ဆောင်
ကျော်ထက်အောင်၊ ညီထွဋ်အောင်၊ ဗညားဘုန်းပြည့်၊ ချောရတနာ၊ ရတနာဗို၊ ထက်ထက်ထွန်း၊ မေတိုးခိုင်၊ သင်းသဲဗို
ဒါရိုက်တာ
မယ်မင်းဘုံ
ထုတ်လုပ်ရေး
အောင်သီရိ
Ghosted (2023)
⭐IMDB: 5.8/10 (5 k Votes)
🎬 #Action #Adventure #Comedy #Romance
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ghosted (2023)
ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။
ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်…
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Quasi (2023)
⭐IMDB: 5.3/10 (562 Votes)
🎬 #Comedy #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Quasi(2023)
***********
ပြင်သစ်စာရေးဆရာ Victor Hugoရဲ့ ၁၈၃၁ခုနှစ်ထွက် ပြင်သစ်စာပေသမိုင်းမှာ နာမည်အကြော်ကြားဆုံးဖြစ်ခဲ့တဲ့
The Hunchback of Notre-Dame(နိုထရာဒမ်မှ ခါးကုန်းကြီး)ဆိုတဲ့ ဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတဲ့ကားလေးပါပဲ။မူရင်းဝတ္ထုမှာဆိုရင် ရုပ်ပျက်ဆင်းပျက် ခါးကုန်းကြီးတစ်ယောက်ရဲ့ စင်ကြယ်သော
မေတ္တာသက်သက်နဲ့အနစ်နာခံခြင်း၊ စွန့်စားခြင်းတွေကို ပေါ်လွင်အောင်ရေးသားထားတာမို့ခေတ်အဆက်ဆက်မှာ ဒီဝတ္ထုကိုပဲ ရုပ်ရှင်အဖြစ်၊ ကာတွန်းကားအဖြစ်ရိုက်ကူးခဲ့တာ မနည်းပါဘူး။ဒီဇာတ်ကားကတော့ အဲ့ဝတ္ထုကို မှီငြမ်းထားပေမယ့် အဲ့ကခါးကုန်းကြီးအကြောင်းမဟုတ်ပါဘူး။ခါးကုန်ကြီး ကွာစီမိုဒိုရဲ့သနားစရာဘဝကို ပြက်လုံးတွေနဲ့ ဟာသဆန်ဆန်ပြန်လည်ရိုက်ကူးထားတဲ့ သရော်ရုပ်ရှင်တစ်မျိုးပါ။သို့ပေမဲ့လည်း plotအမျိုးမျိုး ဇာတ်ကွက်အမျိုးမျိုးက ဟာသတွေကြားမရိုးရအောင်
ဆွဲဆောင်သွားနိုင်တာတော့ ဝန်ခံရမယ်ဗျ။ဇာတ်လမ်းအကြောင်းကို အကျဥ်းချုပ်ပြောရရင် ခါးကုန်းကြီး ကွာစီမိုဒိုတစ်ယောက်
အဲ့ခေတ်ကာလက အာဏာအရှိဆုံးလူနှစ်ယောက်ဖြစ်တဲ့ ဘုရင်နဲ့ ပုပ်ရဟန်းကြီးအကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ဘဝအကြောင်းပါ။နဂိုကတကည်းက ကျောကုန်းမှာဘုကြီးနဲ့ ရုပ်ပျက်ဆင်းပျက် လူရာမဝင်ဖြစ်နေပြီးသားကိုမှ
ဘယ်လိုကံဆိုးမိုးမှောင်ကျဦးမလဲဆိုတာကို ရယ်မောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။

What's Love Got to Do with It? (2022)
⭐IMDB: 6.4/10 (3 k Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedKingdom
⏰ 1 နာရီ 49 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
What’s Love Got to Do with It? (2022)===========================IMDb Rating – 6.4/10
ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကိုတီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့်တယ်ဗျ။ “ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင်အိမ်ကစီစဉ်ပေးလိမ့်မယ်” ဆိုတဲ့သူတွေဆို အပြေးကို ကြည့်သင့်တဲ့ကားမျိုးပါ။ အဲ….အိမ်ကတောင် စီစဉ်ပေးစရာလူမရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေးထားလိုက်ပါတော့။
အဖြစ်ကတော့ ဒီလို။ကက်ဇ် က “အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်” ဆိုတဲ့ အသက်၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သားဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ဗြိတိန်သူလေး။ “ယောက်ျားယူတာ ကောင်းတယ်ဆိုတာပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေကအလကားပဲ” ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။
သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီးမိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကိုအိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန်သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်းတွေကတော့ ရှိစမြဲပေါ့။ ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွားရဖို့တော့ အာမခံပေးနိုင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)
Champions (2023)
⭐IMDB: 6.7/10 (8 k Votes)
🎬 #Comedy #Drama #Sport
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 5 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Champions (2023)================IMDb Rating – 6.7/10Comedey, Drama, Sport
ဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီးကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေးကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, TheHunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့မင်းသားကြီး Woody Harrelson က နည်းပြ MarcusMarakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့..Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင်အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစားနည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက်မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်ကတော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်းသားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။
ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထားတာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက်နားလည်မှုယူတဲ့ပုံစံတွေ ..သူတို့တွေ ဘယ်လိုမျိုးကြိုးစား လေ့ကျင့်ယှဉ်ပြိုင်ပြီးအောင်မြင်မှုတွေကို ဘယ်လောက်ထိ ဆွတ်ခူးသွားမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို June မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ June, EL တို့ဖြစ်ပါတယ်)

Side Seeing (2022)
⭐TMDB: 0.0% User Score
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Vietnam #Thailand
⏰ 1 နာရီ 30 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Side Seeing (2022)
You touched my heartဇာတ်ကားနဲ့ မကြာသေးခင်ကမှ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားသွားတဲ့ကလေးတို့ဖေဖေ ဦးဦးPushနဲ့ ကိုကြီးAugustတို့ရဲ့ movieအသစ်လေးထွက်ရှိလာပြီဆိုတော့ စီအမ်ထိုင်းကားချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ဒီတစ်ခါမှာတော့ P’ Pushကို နာမည်ကြီးတစ်ယောက်အနေနဲ့ လိုက်ဖက်စွာမြင်ရဦးမှာမလို့ လက်လွတ်မခံသင့်တဲ့မူဗီလေးဖြစ်ကြောင်း ကြိုတင်လက်တို့လိုက်ပါတယ်နော်။
ဖန်ဂဲလ်တစ်ယောက်အတွက်တော့ သူချစ်ရတဲ့အိုင်ဒေါလ်ကို အပြင်မှာ ရင်းရင်းနှီးနှီးတွေ့ခွင့်ရတဲ့အခွင့်အရေးက သူ့ဘဝအတွက် အထူးခြားဆုံး အရေးပါဆုံးလို့ သတ်မှတ်လို့ရနိုင်တာမျိုးပါ။ဒါကပဲ ဗီယက်နမ်က သန်းကြွယ်သူဌေးကြီးရဲ့ချစ်သဲညှာလေးဖြစ်တဲ့မေတစ်ယောက် ထိုင်းကိုရောက်လာရခြင်းရဲ့ အကြောင်းအရင်းပါပဲ။သူ့ရဲ့အိုင်ဒေါလ်ဖြစ်တဲ့ ပါ့ခ်နဲ့အတူညစာစားရင်း မွေးနေ့ပွဲကိုကျင်းပနိုင်ဖို့ အဖေဖြစ်သူသူဌေးကြီး မွေးနေ့လက်ဆောင်အဖြစ် စီစဉ်ပေးထားတဲ့အတွက်ပါ။
အမြဲတမ်း အဖေ့အရိပ်အောက်မှာ အထိန်းတော် ကိုယ်ရံတော်တွေနဲ့နေနေရတဲ့မေတစ်ယောက် ထိုင်းကိုရောက်ချိန်မှာမထင်မှတ်ဘဲဆုံတဲ့ ဆိုင်ကယ်သမားလေးဘွိုင်းရဲ့အကူအညီနဲ့ ကိုယ်ရံတော်တွေလက်က ထွက်ပြေးရင်း သူ့ရဲ့အိုင်ဒေါလ်ပါ့ခ်ဆီမှာ အကောင်းမြင်ခံရဖို့ ကြိုးစားပါတော့တယ်။အဲဒီနောက်မှာတော့…ပိုးလိုဥထားတဲ့မင်းသမီးလေးမေနဲ့ ဘဝသမားလေးဘွိုင်းတို့ အလွဲလွဲ အချော်ချော်တွေကြားက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စီအမ်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။