ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Infinity Pool (2023)
⭐IMDB: 6.7/10 (5 k Votes)
🎬 #Crime #Horror #Mystery #ScienceFiction #Thriller #SciFi
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #Canada #Croatia #Hungary #France #UnitedStatesofAmerica
⏰ 1 နာရီ 58 မိနစ် 03 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျိမ်းစ်နဲ့ ဂက်ဘီတို့ လင်မယားဟာ စာရေးဆရာ ဂျိမ်းစ် .. သူ့ရဲ့
နောက်ထွက်မယ့် စာအုပ်အတွက် ပြည်ပနိုင်ငံက
ကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာခဲ့ကြတယ်
အဲဒီမှာ ဂျိမ်းစ်တစ်ယောက် သူ့ရဲ့ စာဖတ်ပရိသတ်လင်မယား နှစ်ယောက်နဲ့
ဆုံမိခဲ့ရာကညစာတွေအတူစားရင်း ခင်မင်သွားတယ်..
တစ်ခုရှိတာက သူတို့သွားတဲ့ နိုင်ငံဟာ တိုးတက်မှုမရှိ ယဉ်ကျေးမှု မရှိတဲ့
နေရာဖြစ်လို့ ရာဇဝတ်မှုတွေ မကြာခဏဆိုသလို ဖြစ်သလို ..
ခရီးသည်သဘောမကျတဲ့ နယ်ခံတွေကခရီးသည်တွေကို
ပစ်မှတ်ထားတတ်တဲ့ အရပ်ဒေသလည်းဖြစ်တယ် …
ဒါကို မဆင်မခြင်နဲ့ စုံတွဲနှစ်တွဲ ကားတစ်စီးငှား
သောက်စားမူးရူးပြီး အပြန်လမ်းမှာ
နယ်ခံတစ်ယောက်ကို ကားနဲ့တိုက်ပြီးပြေးတယ် …
ဒါပေမဲ့ ဟိုလင်မယား ချောက်ချမှုကြောင့်
စာရေးဆရာလင်မယား ဒုက္ခလှလှတွေ့သွားတယ်
နိုင်ငံရဲ့ ဥပဒေအရ .. လူသတ်မှုကျူးလွန်ရင် တရားခံကို
သေတဲ့သူရဲ့ သားဖြစ်သူက သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးတယ် ..
ဒီတော့ လူပေါင်းမှားတဲ့ ဂျိမ်းတစ်ယောက် ကူညီရာမဲ့ဖြစ်နေချိန်မှာ
သရက်ရှ်ဆိုတဲ့ စုံထောက်ဟာ ကမ်းလှမ်းချက်တစ်ခု လုပ်လာတယ် ..
ဒါကတော့ သူတို့မှာသာ ငွေအလုံအလောက်ရှိရင်
သူတို့ သေတာကို သူတို့ကိုယ်တိုင် ပြန်ကြည့်ခွင့်ရှိမယ်ဆိုတဲ့ စကားပါ ..
ဒီလိုနဲ့ မသေရင်ပြီးရော ဘုမသိဘမသိ ကမ်းလှမ်းချက်ကို
လက်ခံလိုက်တဲ့ ဂျိမ်းစ်တစ်ယောက်
မေ့မျောသွားရာမှ ပြန်နိုးလာတဲ့အခါ ..
သူ့ပုံစံအတိုင်း ပုံတူပွားယူထားတဲ့ နောက်ထပ်
ဂျိမ်းစ်တစ်ယောက်က်ို တွေ့လိုက်တဲ့အခါ …..
Playing for Keeps (2012)
⭐IMDB: 5.7/10 (31 k Votes)
🎬 #Comedy #Romance #Sport
🗓️ 2012 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Playing for Keeps (2012)
***********************
ဇာတ်လမ်းအကျဥ်းကတော့ ဂျော့ဒရိုင်ယာဆိုတာ ဘောလုံးလောကမှအနားယူပြီး စီးပွားရေးအဆင်မပြေ၊အိမ်ထောင်လည်းကွဲ၊
သားဖြစ်သူအတွက်ပါ အချိန်ပြည့်ရှိနေမပေးနိုင်တဲ့ နာမည်ကြီးဘောလုံးကစားသမားပေါ့။
အလုပ်ရှာနေရင်းနဲ့ပဲ သားဖြစ်သူနဲ့တွေ့ဖို့ နယ်မြို့လေးရောက်လာရင်းက
အခြေအနေအရ သားဖြစ်သူရဲ့ဘောလုံးနည်းပြ ဖြစ်သွားပါတယ်။
ဘောလုံးသမားပီပီ ရောက်လေရာမှာနာမည်ကြီး လူကြိုက်များပြီး
ခုလည်း ကလေးအမေသုံးယောက်ကိုလိမ်ရင်းခေါက်ရင်း
ဖခင်တစ်ယောက်တာဝန်ကျေအောင်ဘယ်လိုစွမ်းဆောင်သွားမလဲ ဆိုတာကို မိသားစုရသလေး ခံစားရင်း
ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားကောင်းလေးပါပဲ။
Infinity Pool (2023)
⭐IMDB: 6.7/10 (5 k Votes)
🎬 #Crime #Horror #Mystery #ScienceFiction #Thriller #SciFi
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Canada #Croatia #Hungary #France #UnitedStatesofAmerica
⏰ 1 နာရီ 58 မိနစ် 03 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျိမ်းစ်နဲ့ ဂက်ဘီတို့ လင်မယားဟာ စာရေးဆရာ ဂျိမ်းစ် .. သူ့ရဲ့
နောက်ထွက်မယ့် စာအုပ်အတွက် ပြည်ပနိုင်ငံက
ကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာခဲ့ကြတယ်
အဲဒီမှာ ဂျိမ်းစ်တစ်ယောက် သူ့ရဲ့ စာဖတ်ပရိသတ်လင်မယား နှစ်ယောက်နဲ့
ဆုံမိခဲ့ရာကညစာတွေအတူစားရင်း ခင်မင်သွားတယ်..
တစ်ခုရှိတာက သူတို့သွားတဲ့ နိုင်ငံဟာ တိုးတက်မှုမရှိ ယဉ်ကျေးမှု မရှိတဲ့
နေရာဖြစ်လို့ ရာဇဝတ်မှုတွေ မကြာခဏဆိုသလို ဖြစ်သလို ..
ခရီးသည်သဘောမကျတဲ့ နယ်ခံတွေကခရီးသည်တွေကို
ပစ်မှတ်ထားတတ်တဲ့ အရပ်ဒေသလည်းဖြစ်တယ် …
ဒါကို မဆင်မခြင်နဲ့ စုံတွဲနှစ်တွဲ ကားတစ်စီးငှား
သောက်စားမူးရူးပြီး အပြန်လမ်းမှာ
နယ်ခံတစ်ယောက်ကို ကားနဲ့တိုက်ပြီးပြေးတယ် …
ဒါပေမဲ့ ဟိုလင်မယား ချောက်ချမှုကြောင့်
စာရေးဆရာလင်မယား ဒုက္ခလှလှတွေ့သွားတယ်
နိုင်ငံရဲ့ ဥပဒေအရ .. လူသတ်မှုကျူးလွန်ရင် တရားခံကို
သေတဲ့သူရဲ့ သားဖြစ်သူက သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးတယ် ..
ဒီတော့ လူပေါင်းမှားတဲ့ ဂျိမ်းတစ်ယောက် ကူညီရာမဲ့ဖြစ်နေချိန်မှာ
သရက်ရှ်ဆိုတဲ့ စုံထောက်ဟာ ကမ်းလှမ်းချက်တစ်ခု လုပ်လာတယ် ..
ဒါကတော့ သူတို့မှာသာ ငွေအလုံအလောက်ရှိရင်
သူတို့ သေတာကို သူတို့ကိုယ်တိုင် ပြန်ကြည့်ခွင့်ရှိမယ်ဆိုတဲ့ စကားပါ ..
ဒီလိုနဲ့ မသေရင်ပြီးရော ဘုမသိဘမသိ ကမ်းလှမ်းချက်ကို
လက်ခံလိုက်တဲ့ ဂျိမ်းစ်တစ်ယောက်
မေ့မျောသွားရာမှ ပြန်နိုးလာတဲ့အခါ ..
သူ့ပုံစံအတိုင်း ပုံတူပွားယူထားတဲ့ နောက်ထပ်
ဂျိမ်းစ်တစ်ယောက်က်ို တွေ့လိုက်တဲ့အခါ …..
The Locksmith (2023)
⭐IMDB: 4.7/10 (549 Votes)
🎬 #Action #Mystery #Thriller #Drama #Crime
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Locksmith (2023) ဒီဇာတ်ကားရဲ့ ဇာတ်ဆောင် Miller ဟာ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ သော့ပြင်သမားတစ်ယောက်ပါ။ အဲလိုပါရမီနဲ့ Miller ဟာ ဒုတိယဘုရားသခင်ဖြစ်တဲ့ ငွေကို ကိုးကွယ်ပြီး အကျင့်ပျက်ရဲတစ်ယောက်နဲ့ပေါင်း၊ ဖောက်ထွင်းမှုကျူးလွန်ရာမှ အဲရဲသစ္စာဖောက်တာကိုခံရပြီး သူ့အခင်ဆုံးသူငယ်ချင်းကိုရော လွတ်လပ်တဲ့ဘဝကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ အဲလိုနဲ့ ထောင်ကပြန်ထွက်လာတဲ့အခါမှာတော့ သူဘဝသစ်ပြန်စပြီး သူ့ဇနီးဟောင်းနဲ့ သမီးအပေါ် ပျက်ကွက်ခဲ့တာတွေကို ပြန်ပေးဆပ်မယ်ဆိုတဲ့ စိတ်ကူးပဲရှိတဲ့ Miller ကို သူ့ကြောင့်သေသွားရတဲ့ သူငယ်ချင်းရဲ့ညီမက သူ့အစ်ကိုအတွက်ပြန်ပေးဆပ်ချင်ရင် သူ့ရဲ့စောရပညာနဲ့ သူ့ကို ဒုက္ခတွင်းက ကယ်ထုတ်ပေးဖို့ ပြောလာတဲ့အခါမှာ Miller တစ်ယောက် ဒုစရိုက်မှုတွေ ပြန်ကျူးလွန်ဦးမလားဆိုတာ ဒီဇာတ်လမ်းမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်
Quantum Leap (2022- )
⭐IMDB: 5.7/10 (7 k Votes)
🎬 #Drama #Mystery #Sci-Fi #SciFi #Fantasy
🗓️ 2022- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 42 မိနစ် 23 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Quantum Leap (2022)Quantum Leap (2022)IMdb rating 4.9/10
1989 ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ Quantum Leap ဆိုတဲ့ series လေးကတော့
ယခု 2022 ခုနှစ်မှာ sequel ထွက်လာပါပြီ။နှစ်ပေါင်း ၃၀ကျော်ကြာမှ ထွက်လာတဲ့ sequel ပေမဲ့
ဇာတ်ကောင်အသစ်တွေနဲ့ သွေးသစ်လောင်းထားတာမို့ ခုက စကြည့်လည်း အဆင်ပြေပါတယ်။
ဇာတ်လမ်းကတော့ Quantum Leap ဆိုတဲ့ အတိုင်း အချိန်ခရီးသွား ဇာတ်လမ်းပါပဲ။
တခြားအချိန်ခရီးသွား ဇာတ်လမ်းတွေနဲ့ မတူတာက
ဇာတ်ကားမှာ ခရီးသွားရတာက တခြားသူရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတာပဲ။
ဒါကို leap(ခုန်)တယ်လို့ ခေါ်ပါတယ်။
မူလအချိန်ပြန်ရောက်ချင်ရင်တော့ ကိုယ်ဝင်နေတဲ့ ခန္ဓာကိုယ်အတွက်
ကောင်းတာ တစ်ခုခု လုပ်ပေးနိုင်မှ ပြန်ရောက်မှာ ဖြစ်ပါတယ်။
ဒီလို စက်အဆန်းကြီးကို တီထွင်တာက ဒေါက်တာ ဆမ်ဘက်ကတ်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာလည်း လွန်ခဲ့တဲ့ အနှစ်၃၀ က အဲ့စက်မှာ ခရီးသွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။
ခု ၂၀၂၂ ခုရောက်တော့ ရူပဗေဒပညာရှင် ဒေါက်တာ ဘန်ဆုန် ဦးဆောင်တဲ့ အဖွဲ့အသစ်က
ဒီစက်ကို နည်းပညာအသစ်တွေနဲ့ အဆင့်မြှင့်တင် မွမ်းမံနေကြပါတယ်။
သူတို့တွေ မွမ်းမံနေတုန်းမှာပဲ တစ်ညမှာ ဒေါက်တာဘန်ဆုန်တစ်ယောက် မှော်ဆန်ဆန်ပဲ အချိန်ခရီးသွား ခုန်မိပြီး
အတိတ်က ၁၉၈၅ခုနှစ်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားပါတယ်။
ဒါကို သူ့ရဲ့စေ့စပ်ပြီးခါစ ချစ်သူလေးဖြစ်တဲ့ အက်ဒီဆင်က သူ့အတွက် ကူညီလုပ်ကိုင်ရင်းနဲ့
သူတို့သံယောဇဥ်တွေ ခိုင်မြဲလာပီး ဒေါက်တာဘန်ဆုန်တစ်ယောက် သူ့ချစ်သူရှိတဲ့ ၂၀၂၂ ကိုပဲ ပြန်လာနိုင်မလား
ဒါမှမဟုတ် Quantum Leap စက်ကို တီထွင်ခဲ့တဲ့ ဒေါက်တာဆမ်ဘက်ကတ်လိုပဲ
အတိတ်မှာပဲ ပိတ်မိပီးပျောက်သွားမလားဆိုတာ ကြည့်လိုက်ကြရအောင်ဗျာ။စဆုံး ၄ ပိုင်း တင်ဆက်ပေးသွားမှာမို့ ပေါ့ပေါ့ပါးပါး ကြည့်လို့ ရပါတယ်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတင်ပေးသဖြစ်ပါပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetan ပဲ ဖြစ်ပါတယ်။Genre….. Dram, Sci-fi and Fantasy
Farzi (2023- )
⭐IMDB: 8.6/10 (7 k Votes)
🎬 #Crime #Thriller #Drama
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #India
⏰ 1 နာရီ 06 မိနစ် 28 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Farzi (2023)အိန္ဒိယရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားရှာဟစ်ကပူ၊
ဗီဂျေးစည်သူပတီ၊ မင်းသမီး ရာရှီးခန်နား ရဂျီနားကက်ဆန်ဒရာ
တို့ပါ၀င်ထားပြီး IMDb မှာ 8.7/10 အထိရှယ်ရထားတဲ့
black-comedy, crime drama စီးရီးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်း
ငယ်စဉ်ကတည်းက ကံအကြောင်းမလှခဲ့၍ အဘိုးဖြစ်သူနဲ့ ကြီးပြင်းလာခဲ့ရတဲ့ အညတရပန်းချီဆရာလေး ဆန်နီ၊
တစ်နေ့မှာ အဘိုးဖြစ်သူဦးဆောင်တဲ့ ကရန်တီသတင်းစာတိုက်ကြီးက ချေးငွေတွေပြန်မဆပ်နိုင်ဘဲ
အကြွေးတင်ပြီး အရှုံးပေါ်တော့မယ့် အနေအထားထိဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်နီတစ်ယောက် သတင်းစာတိုက်မှာအလုပ်လုပ်ရင်း အကြံတစ်ခုရသွားပါတယ်၊
ဒီလိုနဲ့ ဆန်နီဟာ သူငယ်ချင်းဖြစ်သူ ဖေရိုဇ်နဲ့ ပူပေါင်းပြီးစီးပွားရေးအသစ်တစ်ခု စလိုက်ပါတော့တယ်၊
အဲ့ဒီစီးပွားရေးဟာ သတင်းစာတိုက်ကြီးကို ပြန်ကယ်တင်နိုင်ရုံမကဘဲ
အိန္ဒိယရဲ့ စီးပွားရေးကဏ္ဍကိုပါ ဇောက်ထိုးလုပ်နိုင်တဲ့ အနေအထားထိဖြစ်ခဲ့ပါတယ်။“လောဘကအတောမသတ်နိုင်”ဆိုသလိုပဲ ဆန်နီဟာရသင့်တာထက်
ပိုပိုလိုချင်လာမိတဲ့အချိန်မှာ နောက်ဆက်တွဲဆိုးကျိုးတွေဟာ
တစ်ခုခုပြီးတစ်ခု လိုက်လာပါတော့တယ်။ ဒီလိုနဲ့ ဆန်နီဟာ
စီးပွားရေးအကွက်တွေရွှေ့ရင်း ပြစ်မှုအသေးလေးကနေ ရင်မဆိုင်နိုင်လောက်တဲ့ထိ
ပြစ်မှုကြီးသွားတဲ့အခါ…တစ်ပိုင်းပြီးတစ်ပိုင်းဇာတ်ရှိန်အမြင့်ဆုံးအထိဆွဲခေါ်သွားမယ့် ကြည့်ရှုသင့်တဲ့စီးရီးဖြစ်ပါတယ်Quality : 1080p WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres :Drama, CrimeDuration : 57minsSubtitle : Myanmar Subtitle ( Hardsub )
The Way of the Househusband (2021- )
⭐IMDB: 7.3/10 (5 k Votes)
🎬 #Animation #Action #Comedy #Crime #Drama
🗓️ 2021- 🎞️ Series 📺 1080p FHD
🌎 #Japan
⏰ 18 မိနစ် 58 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Way of the Househusband – Season (01), (02)The Way of the Househusband – Season (01), (02)
===================================
IMDb Rating – 7.3/102018မှာ စထုတ်ပြီး နာမည်ကြီးလာတဲ့ ဒီManga seriesကို Netflix
ကနေ Animeအဖြစ် အသက်သွင်းလိုက်ပါတယ်။ Season 1မှာ စုစုပေါင်း
အပိုင်း(၅)ပိုင်းပါပါတယ်။ Trailer စထုတ်တဲ့မနှစ်ကတည်းက လူစိတ်
ဝင်စားများနေတဲ့ anime ဖြစ်သလို ထွက်လာတဲ့အချိန်မှာလည်း စိတ်ကျေ
နပ်မှုကို တော်တော်လေးပေးနိုင်ပါတယ်။
ဇာတ်လမ်းအကျဉ်းက…
မြေအောက်လောကမှာ နှစ်တော်တော်ကြာကျင်လည်ခဲ့တဲ့ ယာကူဇာဘော့စ်
တစ်ယောက် ဒုစရိုက်လောကကနေ အနားယူလိုက်ပြီးတဲ့နောက်မှာတော့
အိမ်ထောင်ကျပြီး အိမ်ရှင်ထီးတစ်ယောက်ဖြစ်လာပါတော့တယ်။ အိမ်ရှင်ထီး
ဘဝက အလွဲတွေ၊ ဟာသတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်
ထားတာကြောင့် စိတ်ညစ်စရာကာလမှာ တစ်ခါလောက်ပြုံးချင်ကြတဲ့လူတွေ
တော့ အကြိုက်တွေ့ကြမှာပါ။P.S ဒီAnimeကို Animeဖန်အများစုကတော့ မန်ဂါနဲ့ယှဉ်ပြီး သိပ်အကြိုက်
မတွေ့ပါဘူး။ Animeတစ်ခုအနေနဲ့ ကြည့်ကြမယ့်လူတွေအတွက်တော့ မပြေ
လှပါဘူး။ ဒါပေမဲ့ ဒီAnimeဟာ ကျွန်တော်တို့ကို တစ်ခါမကတော့ပြုံးစေမှာပါ။
ကျွန်တော့်အနေနဲ့ အာမခံလို့ရတာကတော့ ဒီဇာတ်လမ်းလေးဟာ အရင်က
အကြည်တော်၀တ္တုတွေလို ရယ်ရပြီး ဒီရုပ်ရှင်ထဲက မိခုနဲ့တဆုအတွဲကလေးဟာ
လက်တွေ့ဘ၀အတွဲတွေလို အလွဲကလေးတွေနဲ့ သိပ်ချစ်စရာကောင်းပါတယ်။
ငိုရတာတွေကို ကျော်ဖြတ်ဖို့ ပြုံးရမှာတွေလည်း ရှိဖို့လိုတယ်မလား။ ဒီဇာတ်လမ်း
ဟာ မိတ်ဆွေငွေပေး၀ယ်လို့မရတဲ့ အပြုံးတွေကို ပေးစွမ်းနိုင်မှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Daniel Lawwai မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေး
သားပေးသူကတော့ Daniel Lawwai ,d3mon, WiRa Aung တို့ပဲဖြစ်ပါတယ်။)File Size………….(500 MB)
Jehanabad - Of Love & War (2023- )
⭐IMDB: 7.0/10 (505 Votes)
🎬 #Crime #Drama
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #India
⏰ 54 မိနစ် 32 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jehanabad – Of Love & War (2023)Jehanabad – Of Love & War (2023)
Crime, Drama
IMDb 7.2/10ဒီစီးရီးလေးက နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ မင်းမဲ့စရိုက်တွေ
တပြိုင်နက် ပေါက်ဖွားလာကာ ထိပ်တိုက်တွေ့ကြမည့် ဘီဟားမှာရှိတဲ့
ဂျာဟနာဘတ်ဆိုတဲ့ မြို့ငယ်လေးတစ်မြို့ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဂျာဟနာဘတ်မြို့လေးရဲ့အချစ်နဲ့စစ်ရဲ့အကြောင်းပါ။ဒီစီးရီးလေးက SonyLIV က ထွက်ရှိခဲ့တာဖြစ်ပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ကျောရိုးကတော့…။လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့တပ်မှူးကို ထောင်ကနေလွတ်အောင် စတင်ကြိုးစားနေကြတဲ့အချိန်
တစ်ဖက်မှာလည်း ကောလိပ်ကျောင်းသူလေးနဲ့ ကျောင်းဆရာတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာလည်း
စတင်ပေါက်ဖွားလာနေခဲ့ပြီဖြစ်ပါတယ်။တစ်ဖက်က စစ်နဲ့ ကျန်တစ်ဖက်က အချစ်မှာ ဘယ်အရာဟာ အောင်နိုင်မှုရရှိသွားမလဲ…။ဒီဇာတ်လမ်းနှစ်ခုဟာ ဆက်စပ်မှုရှိလာခဲ့လေမလား…။ဂျာဟနာဘတ်မြို့သူ၊ မြို့သားတွေရဲ့ကံကြမ္မာဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့
ဒီစီးရီးလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပေးပါဦးနော်…။Quality : 1080p WEB DL / 720p Total Episodes : 10EpsFormat : mp4Genres : Drama , Crime Duration :40mSubtitle : Myanmar Subtitle ( Hardsub )
Elephant (2003)
⭐IMDB: 7.1/10 (93 k Votes)
🎬 #Crime #Drama #Thriller
🗓️ 2003 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 23 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elephant (2003)
~ IMDb – 7.1/10, Rotten Tomatoes – 74% ~
ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။
ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ…။
လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။
ဟုတ်ပါတယ်…။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။
ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
Mayfair Witches (2023- )
⭐IMDB: 6.4/10 (5 k Votes)
🎬 #Drama #Fantasy #Horror #SciFi
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 52 မိနစ် 48 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anne Rice’s Mayfair Witches (2022)Anne Rice’s Mayfair Witches (2022)ပုရိသတိုင်းရဲ့အသည်းစွဲ ညို့မင်းသမီး Alexandra Daddarioရဲ့
Mystery Drama seriesဖြစ်တဲ့ Mayfair Witches season 1
ထွက်ရှိလာပါပြီ။ ဒီseriesဟာ စာရေးသူ Anne Riceရဲ့Mayfire
trilogyထဲက ပထမစာအုပ်ကို အသက်သွင်း ရိုက်ကူးထားတာပါ။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထွက်ရှိမှာဖြစ်ပြီး လက်ရှိ IMDbက
8.0ရရှိထားပါတယ်။
Daddarioဟာ ဒီဇာတ်လမ်းထဲမှာ အာရုံကြောခွဲစိတ်ဆရာဝန် ရိုဝင်
ဖီးဒင်းအဖြစ် ပါဝင်ထားပါတယ်။ ရိုဝင်မှာ ပြဿနာတစ်ခုရှိနေခဲ့ပြီး
အဲဒါကတော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကို
သတ်မိနေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မကောင်းတဲ့အစွမ်း
ပိုင်ရှင် မကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်တွေးမိလာပါတယ်။တစ်ချိန်တည်းမှာပဲ ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိနေလို့
ဒီအစွမ်းဟာ သူ့မိဘအရင်းတွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘ
အရင်းအချာတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို သိချင်လာပြီး
အပူတပြင်းရှာဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့
ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွား
ပါတော့တယ်။ရိုဝင်ရဲ့မကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လိုကြောင့်ဖြစ်လာတာလဲ၊
သူ့မိဘအရင်းတွေက ဘယ်သူတွေဖြစ်မလဲ၊ ဘာကိစ္စကြောင့် သူ့ကို
စွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်လောက်ဆိုးရွားလဲ
ထိုကျိန်စာဆိုးကို ရိုဝင်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ
အပတ်စဉ် စောင့်မျှော်ကြည့်ရှုသွားရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ X ပဲ ဖြစ်ပါတယ်။Genre….. Drama, Sci-Fi & Fantasy
Elephant (2003)
⭐IMDB: 7.1/10 (93 k Votes)
🎬 #Crime #Drama #Thriller
🗓️ 2003 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 23 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elephant (2003)
~ IMDb – 7.1/10, Rotten Tomatoes – 74% ~
ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။
ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ…။
လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။
ဟုတ်ပါတယ်…။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။
ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
The Last Days of Ptolemy Grey (2022-2022)
⭐IMDB: 7.8/10 (5 k Votes)
🎬 #Drama
🗓️ 2022-2022 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 52 မိနစ် 29 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Last Days of Ptolemy Grey (2023)The Last Days of Potlemy Grey (2023)ပဟေဠိဆန်ဆန် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ဦးမယ့်
Samuel L.Jackson အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ series ကောင်းတစ်ခုပါ။
စီးရီးနာမည်က “တော်မီဂရေးရဲ့ နောက်ဆုံးနေ့ရက်များ” ပေါ့။
တော်မီဆိုတာကတော့ အတိတ်မေ့ဝေဒနာကို ခံစားနေရတဲ့ ၉၁ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။
ဒီလိုအဖိုးကြီးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာတွေများထူးထူးခြားခြားဖြစ်နိုင်မှာမို့လို့လဲပေါ့။
တော်မီက မိသားစုမိတ်ဆွေတော်တော်များများကို မမှတ်မိနိုင်တော့ပါဘူး။
သူ့ကိုယ်သူတောင်သေချာမမှတ်မိဘဲ အတိတ်ရဲ့ပုံရိပ်တွေကလဲလာလာခြောက်လှန့်နေတာကိုခံနေရသူပါ။
သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်ကတော့ သူ့မြေးဖြစ်သူရက်ဂျီပါ။
တစ်နေ့မှာရက်ဂျီတစ်ယောက် အသတ်ခံလိုက်ရချိန်မှာတော့ တော်မီလဲကူကယ်ရာမဲ့ဖြစ်ခဲ့ရတယ်။
ဒါပေမဲ့ တော်မီ့အတွက် ရက်ဂျီ့နေရာကိုအစားဝင်သူလို့ခေါ်ရမယ့်မိန်းကလေးတစ်ယောက်နဲ့
သူ့ရဲ့အတိတ်မေ့ရောဂါအတွက် စမ်းသပ်နေဆဲဆေးအသစ်တစ်မျိုးကိုရလိုက်ချိန်မှာတော့
တော်မီက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆန်းပြားလွန်းတဲ့သူရဲ့သမိုင်းကိုရေးသွားပုံကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းတစ်ခုလုံးက ဒီဆေးပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး အပြင်လောကမှာတော့တကယ်မရှိပါဘူး။
ဆေးရဲ့အလုပ်လုပ်ပုံကတော့ တော်မီ့အနေနဲ့ ရက်အနည်းငယ်ကြာ မှတ်ဥာဏ်ပြန်ကောင်းမှာဖြစ်ပေမယ့်
ပြီးသွားရင်တော့သူ့ရောဂါက အရင်ထက်ဆိုးရွားပြီးအသက်အန္တရာယ်ပါရှိလာမှာပါ။
ဒီဆေးကတကယ်မရှိပေမယ့် ဒီစီးရီးထဲမှာတော့ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ လူကြီးတွေရဲ့ဘဝ၊
သူတို့ရဲ့ရုန်းကန်ရမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ရော ကိုယ်ကိုယ်တိုင်နဲ့ပါအဆက်အသွယ်ပြတ်မှုတွေကို
ကောင်းကောင်းကြီးမီးမောင်းထိုးပြထားတာကြောင့် ပညာလဲရ စိတ်ဝင်စားစရာလဲကောင်းတဲ့ limited series ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre….. Drama
Beforeigners (2019- )
⭐IMDB: 7.8/10 (11 k Votes)
🎬 #Crime #Drama #Sci-Fi #SciFi #Fantasy
🗓️ 2019- 🎞️ Series 📺 1080p FHD
🌎 #Norway
⏰ 47 မိနစ် 19 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beforeigners (2019)
ဒီတခါတော့ ပရိသတ်ကြီးကို IMDB 7.8 ရှိတဲ့ နော်ဝေဇာတ်လမ်းတွဲလေးတင်ဆက်ပေးလိုက်ပါ့မယ်HBO က ထုတ်လွှင့်ခဲ့တဲ့ နာမည်ကြီး သိပ္ပံစိတ်ကူးယဉ်ကားပါပဲ။ နော်ဝေးဆိုတော့ ဗိုက်ကင်းတွေ အနာဂတ်ကိုရောက်လာတာမျိုးပါ။အချိန်ခရီးသွားတဲ့ ကားတွေကို တော်တော်များများလည်းရိုက်ပြလို့ ကြည့်ပြီးကြပြီထင်ပါတယ် ဒီကားလေးကတော့ အဲဒီကားတွေနဲ့ မတူဘဲကွဲပြားနေတာပါ အချိန်ခရီးသွားတဲ့သူဘက်နေမရိုက်ထားဘဲနဲ့ အချိန်ခရီးသွားလိုက်လို့ ကျန်တဲ့သူတွေဘာကြုံရမလဲဆိုတာလေးပါ ရိုက်ပြထားတာပါ ဒီကားလေးထဲမှာတော့ သူ့ဘာသာသူ ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာကြီးဆီကို အတိတ်မှာကျန်ခဲ့တဲ့ ခေတ်အဆက်ဆက်က လူတွေက ရေထဲကနေရောက်ရောက်လာကြတာပါ အဲဒါက တစ်နိုင်ငံတည်းလည်းမဟုတ်ဘဲ ကမ္ဘာအနှံ့ကိုကြုံနေရတဲ့ပြဿနာပါ ဘာသာစကားလည်းနားမလည် နဂိုကတည်းကမှ လူဦးရေထူထပ်နေတဲ့ ကမ္ဘာကြီးဆီ ရှေးခေတ်က လူတွေပါထပ်ရောက်လာတော့ အခြေခံလိုအပ်ချက်တွေအတွက်လည်း ဒုက္ခရောက်တာကို ဖြေရှင်းမရ အဲဒီထက်ဆိုးတာက ရှေးခေတ်က ရောက်လာတဲ့ထဲမှာမှ အမျိုးသမီးတစ်ယောက်က အသတ်ခံလိုက်ရတဲ့ပုံစံဖြစ်နေတော့ အဲဒီအမှုကို လိုက်ကြရင်း ဘယ်လိုမျိုး နှစ်ပါးသွားကြမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်လို့ကောင်းမဲ့ကားကောင်းလေးပါပဲ……File size…686Mb / 1.32Gb
When Harry Met Sally... (1989)
⭐IMDB: 7.7/10 (225 k Votes)
🎬 #Comedy #Drama #Romance
🗓️ 1989 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 35 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
When Harry Met Sally… (1989)
~ IMDb – 7.7/10, Rotten Tomatoes – 91% ~
ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။
၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။
၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။
နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။
ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။
ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally… ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally… ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။
ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ… ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့…
” ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ “
သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြ
A Street Cat Named Bob (2016)
⭐IMDB: 7.3/10 (32 k Votes)
🎬 #Biography #Comedy #Drama #Family
🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(အောက်ပါ ပုံသည် ပိုင်ရှင်ဖြစ်သူ ဂျိန်း နှင့် သူ၏ ကြောင် ဘော့ တို့ ၏ မူရင်းပုံဖြစ်သည်)
(အောက်ပါ ပုံသည် ပိုင်ရှင်ဖြစ်သူ ဂျိန်း နှင့် သူ၏ ကြောင် ဘော့ တို့ ၏ မူရင်းပုံဖြစ်သည်)
ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန်ဖြစ်ကြောင်း ပထမဆုံးအနေနဲ့ ပြောပါရစေ ပြီးတော့
ဒီဇတ်လမ်းကို ရိုက်ဖို့ သရုပ်ဆောင်တဲ့ ကြောင်လေး ကလဲ ဇတ်လမ်းဖြစ်တည်ခဲ့တဲ့ ကြောင်လေး Bob ကိုယ်တိုင်ပါပဲ
ကြောင်လေး Bob ဟာ ကျနော် မြင်ဖူးသမျှ ကြောင်တွေထဲမှာ အလိမ္မာဆုံး ကြောင်လေး တစ်ကောင်ဖြစ်ပြီး
အံ့အောထူးဆန်းဖွယ် အပြည့်နဲ့ပါပဲ…
တိရိစ္ဆာန် ဇတ်လမ်းတွေမှာ ခွေးတွေကို သင်ပေးရတာ လွယ်ပြီး ကြောင်တွေကို လိုရာအတိုင်းခိုင်းနိုင်ဖို့ အတော်ခက်ခဲပါတယ်
ကြောင်လေး Bob အနေနဲ့ ပီပီပြင်ပြင် အားလုံးကို သရုပ်ဆောင်သွားနိုင်ပါတယ်…
(Nine Live 2015 လို ကားမျိုးလဲ ရှိသေးလို့ ရှာဖွေ ကြည့်ရှုပါရန်)
ဇတ်လမ်းပုံစံကတော့ ဆေးစွဲပြီး လမ်းစ ပျောက်နေတဲ့ ဂျိန်း ဟာ ငယ်ရွယ်ပေမယ့်
သူ့ ဘ၀ က မူးယစ်သားကောင်ဖြစ်နေပြီး မူးယစ်ဆေးမှာ နစ်မွန်းနေပါတယ်
ဒါကို ကယ်တင်ဖို့ မူးယစ်ဆေး ဖြတ်ဖို့ ကူညီပေးတဲ့ ဌာန မှ ဗယ်လ် က ဂျိန်း ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်…
ဂျိန်း သည် အလွန်းဆိုး၀ါး လွန်းတဲ့ အတွက် ဖခင် ဖြစ်သူ ကိုယ်တိုင် အဖက်မလုပ်တော့ပဲ အိမ်မှ နှင်ချထားတာဖြစ်ပြီး
၀မ်းရေးအတွက် လမ်းဘေးတွင် ဂစ်တာတီး သီချင်းဆိုရင်း အလှူခံနေရသူ ဖြစ်ပါတယ်…
ညအိပ်စရာဆိုလဲ တွေ့ရာနေရာအိပ် အလှူခံမရတဲ့နေ့တွေဆိုရင် အမိႈက်ပုံးများမှ အစားကျွင်းကျန်များရှာဖွေစားသောက်ရသည် အထိ
ဘ၀ က ဆိုး၀ါးလွန်းပါတယ်….
တစ်ရက်မှာတော့ ဂျိန်း ဆေးဖြတ်ဖို့ အတွက် ဗယ်လ် မှ အခန်းသေးသေးလေး တစ်ခု လူမှု ကယ်ဆယ်ရေးအဖွဲ့မှ
တောင်းဆိုပေးခဲ့ပြီး တည်တည်ငြိမ်ငြိမ် နေထိုင် ဆေးဖြတ်နိုင်ရန် ဆောင်ရွတ်ပေးခဲ့ပါတယ်…
တစ်နေ့မှာတော့ သူ့ အိမ်ထဲ နောက်ဖေး မီးဖိုချောင်မှ တဆင့် မဖိတ်ခေါ်ပဲ ၀င်ရောက်လာတဲ့ ဧည့်သယ်လေး
တစ်ယောက် ရောက်ရှိလာပါတော့တယ် သူကတော့ ကြောင်၀ါလေး Bob ပဲ ဖြစ်ပါတယ်…
Bob ရောက်လာကတည်းက ဂျိန်း ဟာ မူးယစ်ဆေး၀ါး ဘက်ကို စိတ်မ၀င်စား သူ့အချိန်အားလုံးကို Bob အတွက်
မြုတ်နှံထားလိုက်ပါတော့တယ်….. ကျနော်တို့ ကြောင်လေးတွေကို ချစ်တာထက် သူပိုချစ်နိုင်ခဲ့ပါတယ်…
ဒါပေမယ့် ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေက ဂျိန်း နဲ့ Bob တို့ ၂ ဦးကို ဘယ်လို ဒုက္ခတွေ ေ၀ဒနာတွေ ပေးမလဲ
ပျော်ရွှင်စေရမလဲ ဆိုတာတော့ အညွှန်းလေးကို ဖတ်တာရပ်ပြီး ကြည့်ရှုလိုက်ကြပါစို့…..
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီး အညွှန်းကိုတော့ ကျနော် Thit San Khant မှ
ရေးပေးထားပါတယ်…
UNICODE
ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန်ဖြစ်ကြောင်း ပထမဆုံးအနေနဲ့ ပြောပါရစေ ပြီးတော့
ဒီဇတ်လမ်းကို ရိုက်ဖို့ သရုပ်ဆောင်တဲ့ ကြောင်လေး ကလဲ ဇတ်လမ်းဖြစ်တည်ခဲ့တဲ့ ကြောင်လေး Bob ကိုယ်တိုင်ပါပဲ
ကြောင်လေး Bob ဟာ ကျနော် မြင်ဖူးသမျှ ကြောင်တွေထဲမှာ အလိမ္မာဆုံး ကြောင်လေး တစ်ကောင်ဖြစ်ပြီး
အံ့အောထူးဆန်းဖွယ် အပြည့်နဲ့ပါပဲ…
တိရိစ္ဆာန် ဇတ်လမ်းတွေမှာ ခွေးတွေကို သင်ပေးရတာ လွယ်ပြီး ကြောင်တွေကို လိုရာအတိုင်းခိုင်းနိုင်ဖို့ အတော်ခက်ခဲပါတယ်
ကြောင်လေး Bob အနေနဲ့ ပီပီပြင်ပြင် အားလုံးကို သရုပ်ဆောင်သွားနိုင်ပါတယ်…
(Nine Live 2015 လို ကားမျိုးလဲ ရှိသေးလို့ ရှာဖွေ ကြည့်ရှုပါရန်)
ဇတ်လမ်းပုံစံကတော့ ဆေးစွဲပြီး လမ်းစ ပျောက်နေတဲ့ ဂျိန်း ဟာ ငယ်ရွယ်ပေမယ့်
သူ့ ဘ၀ က မူးယစ်သားကောင်ဖြစ်နေပြီး မူးယစ်ဆေးမှာ နစ်မွန်းနေပါတယ်
ဒါကို ကယ်တင်ဖို့ မူးယစ်ဆေး ဖြတ်ဖို့ ကူညီပေးတဲ့ ဌာန မှ ဗယ်လ် က ဂျိန်း ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်…
ဂျိန်း သည် အလွန်းဆိုးဝါး လွန်းတဲ့ အတွက် ဖခင် ဖြစ်သူ ကိုယ်တိုင် အဖက်မလုပ်တော့ပဲ အိမ်မှ နှင်ချထားတာဖြစ်ပြီး
ဝမ်းရေးအတွက် လမ်းဘေးတွင် ဂစ်တာတီး သီချင်းဆိုရင်း အလှူခံနေရသူ ဖြစ်ပါတယ်…
ညအိပ်စရာဆိုလဲ တွေ့ရာနေရာအိပ် အလှူခံမရတဲ့နေ့တွေဆိုရင် အမှိုက်ပုံးများမှ အစားကျွင်းကျန်များရှာဖွေစားသောက်ရသည် အထိ
ဘ၀ က ဆိုးဝါးလွန်းပါတယ်….
တစ်ရက်မှာတော့ ဂျိန်း ဆေးဖြတ်ဖို့ အတွက် ဗယ်လ် မှ အခန်းသေးသေးလေး တစ်ခု လူမှု ကယ်ဆယ်ရေးအဖွဲ့မှ
တောင်းဆိုပေးခဲ့ပြီး တည်တည်ငြိမ်ငြိမ် နေထိုင် ဆေးဖြတ်နိုင်ရန် ဆောင်ရွတ်ပေးခဲ့ပါတယ်…
တစ်နေ့မှာတော့ သူ့ အိမ်ထဲ နောက်ဖေး မီးဖိုချောင်မှ တဆင့် မဖိတ်ခေါ်ပဲ ဝင်ရောက်လာတဲ့ ဧည့်သယ်လေး
တစ်ယောက် ရောက်ရှိလာပါတော့တယ် သူကတော့ ကြောင်ဝါလေး Bob ပဲ ဖြစ်ပါတယ်…
Bob ရောက်လာကတည်းက ဂျိန်း ဟာ မူးယစ်ဆေးဝါး ဘက်ကို စိတ်မဝင်စား သူ့အချိန်အားလုံးကို Bob အတွက်
မြုတ်နှံထားလိုက်ပါတော့တယ်….. ကျနော်တို့ ကြောင်လေးတွေကို ချစ်တာထက် သူပိုချစ်နိုင်ခ
When Harry Met Sally... (1989)
⭐IMDB: 7.7/10 (225 k Votes)
🎬 #Comedy #Drama #Romance
🗓️ 1989 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 35 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
When Harry Met Sally… (1989)
~ IMDb – 7.7/10, Rotten Tomatoes – 91% ~
ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။
၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။
၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။
နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။
ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။
ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally… ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally… ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။
ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ… ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့…
” ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ “
သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်
Son of a Gun (2014)
⭐IMDB: 6.4/10 (29 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2014 🎞️ Movie 📺 1080p FHD
🌎 #Australia #UnitedKingdom #Canada
⏰ 1 နာရီ 49 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Son of a Gun(2014)
===============
ပြစ်မှုတစ်ခုနဲ့ ထောင်ထဲကို ပထမဆုံးရောက်လာတဲ့ ဂျက်စီ ရိုင်ယန်ဝှိုက်
ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်..
ထောင်ထဲမှာ ဆပ်ပြာတုံးပြုတ်ကျလို့တောင် မကောက်ရဲဖြစ်နေချိန်
Criminal Mastermind တဖြစ်လည်း စစ်တုရင်ပညာရှင် တစ်ဦးဖြစ်သူ
ဘရန်ဒန် နှင့် တွေ့ဆုံပြီး စစ်တုရင်ကစားကွက်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့
ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ဂျက်စီကို သဘောကျသွားတဲ့ ဘရန်ဒန်က ဂျက်စီနဲ့
ပူးပေါင်းပြီး အပြင်လောကမှာပါ Perfect Crime တစ်ခုကို ကျူးလွန်ဖို့
ကြိုးစားတဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လှည့်ကွက်တွေ၊
ပညာသားပါမှု၊ အနိမ့်အမြင့်အတက်အကျ များ စုပေါင်းပြီး ဘယ်လို
စိတ်ကျေနပ်စရာ ရသများကို ပေးစွမ်းနိုင်မလဲဆိုတာ
CM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.
Your Place or Mine (2023)
⭐IMDB: 5.7/10 (10 k Votes)
🎬 #Comedy #Romance
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Your Place or Mine(2023)
***********************
Reese Witherspoonနဲ့Ashton Kutcherတို့ အဓိကပါဝင်ထားလို့
ဒီကားက ကြည့်သင့်ပါတယ်..
ပီတာနဲ့ဒက်ဘီတို့ ငယ်သူချင်းနှစ်ယောက် အကြောင်းတစ်ခုကြောင့် သူတို့ဝေးသွားကြပေမယ့်
တစ်ယောက်ကိုတစ်ယောက် နားလည်ကြသလို အဆက်အသွယ်လဲ ပြတ်တယ်လို့မရှိပါဘူး
ဒက်ဘီက ကလေးတစ်ယောက်အမေ Single Mom ပီတာကတော့ လူလွတ်တစ်ယောက်ပီပီ
သူ့အကြိုက်မိန်းကလေးတွေကိုလိုက်ရှာပေမယ့် တွဲတိုင်းခြောက်လမခံ ဒီလိုနဲ့တစ်နေ့
ဒက်ဘီတစ်ယောက် ဘဝရှေ့ရေးအတွက် အဝေးတစ်နေရာကိုသွားပြီး ဒီဂရီတစ်ခုသွားယူဖို့ဆုံးဖြတ်လိုက်ပြီး
သူ့ကလေးကိုလည်း အဲ့အတောအတွင်းမှာ ပီတာကလာပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပါလေရော.
..အဲ့နောက်ပိုင်းကစပြီး သူတို့ငယ်သူချင်း နှစ်ယောက်ကြား ဘယ်လိုဆက်ပြီး ရှေ့ဆက်ကြမယ်ဆိုတာကိုတော့
Deep Sea Walleye (2023)
⭐⁉️
🎬 #Science Fiction #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 19 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက် CM က သတ္တဝါကြီးတွေနဲ့ စွန့်စားရေးကားတွေကိုကြိုက်တဲ့ ပရိသတ်တွေအတွက် Deep Sea Walleye ဆိုတဲ့သိပ္ပံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့-
သင်္ဘောတစ်စင်းမှ သင်္ဘောသားက ဖန်ပြွန်လေးတစ်ခုကိုကောက်ရခဲ့ပါတယ်။ဖန်ပြွန်ထဲမှာ ရေဘဝဲလေးတစ်ကောင်ပါနေပါတယ်။ထိုဖန်ပြွန်ထဲက ရေဘဝဲကို ဖက်တီးဆိုသူက စားပြမယ်ဆိုပြီးမီးဖိုချောင်ထဲမှာ လူတွေ စုနေကြသတဲ့။
တစ်ဖက်မှာ ထိုသင်္ဘောပေါ်က သိန်း ၃၀၀ တန် စိန်ကြီးကိုဓားပြတိုက်ဖို ကျန်းယန်နဲ့ ချွေးလီတိုအဖွဲက သင်္ဘောတစ်စင်းဖြင့် ချဉ်းကပ်လာပါတယ်။ဖန်ပြွန်ထဲက ရေဘဝဲလေးက ဘယ်လို သတ္တဝါကြီးအဖြစ်ပြောင်းလဲသွားပြီး လူတွေကို ဘယ်လို ဒုက္ခပေးမလဲ……ကျန်းယန်တိုကရော ထို သတ္တဝါကြီးလက်ထဲကနေ အသက်ရှင်နိုင်ပါမလား……ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားကြည့်ရှူလိုက်ပါနော်။
Bunshinsaba vs Sadako (2016)
⭐IMDB: 6.8/10 (20 Votes)
🎬 #Horror
🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 24 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျပန် နိုင်ငံကနေပြီးတော့ ပြန်နှံ့လာခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဗီဒီယိုဖိုင်တစ်ခု…!ပိုပြီး ထူးဆန်းဖွယ်ကောင်းတာက အဲဒီ ဗီဒီယိုဖိုင်ကိုကြည့်ရှုသူတိုင်းဟာ ၇ ရက်အတွင်းမှာ အသေဆိုးနဲ့ သေဆုံးကြရတဲ့အခါ…?
ဒီသတင်းဟာ အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့ပြီးလူတွေရဲ့ စိတ်ကိုဂယက်ထအောင် ခြောက်လန့်လို့နေခဲ့ပါတယ် ။ ဒီလိုနဲ့ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ ကျောင်းတစ်ခုမှာအဲဒီ ထိတ်လန့်ဖွယ် ကျိန်စာသင့် ဗီဒီယိုနဲ့ပတ်သတ်ပြီးကိစ္စတစ်ခုဖြစ်သွားခဲ့ပါတော့တယ် ။ အဲဒီအရာကတော့…?
ဒီကျိန်စာဆိုးကြီးကို ဖြေရှင်းနိုင်ပါ့မလား ?ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာအတွင်းမှာသူတို့တွေ ဘယ်အရာတွေ စတေးကြရဦးမှာလဲ ?ဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှူလိုက်ရအောင်လားရှင် ။
