ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Lady Guard (2024) ⭐IMDB: 6.7/10 (15 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 48 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ================= ပစ္စည်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုရဲ့ဂိုထောင်မှာလုံခြုံရေးအစောင့်အဖြစ်လုပ်ကိုင်နေတဲ့ အက်စ်တဲလ်ဟာ အထက်လူကြီးဂျာနပ်စ်ကို ကောင်းကောင်းကြိုးကိုင်ခြယ်လှယ်နိုင်သလို အောက်ခြေဝန်ထမ်းတွေကိုလည်း ချော့တခါခြောက်တလှည့်နဲ့ပါးနပ်စွာကိုင်တွယ်ထားနိုင်ပါတယ်။ တကယ်တမ်း သူတို့အလုပ်ရဲ့အဓိကဝင်ငွေလမ်းကြောင်းက ဂိုထောင်မှာညဘက်လောင်းကစားဝိုင်းထောင်ပြီးအကောက်ကောက်တာဖြစ်ပါတယ်။ ငွေရေးကြေးရေးရော၊ သွေးသား အာသီသဘက်မှာပါဖြောင့်ဖြူးနေတဲ့အက်စ်တဲလ်ရဲ့ဘ၀ဟာ သူ့ထက်ပိုတောင့် ပိုကိတ်တဲ့ မာရယ်လ်ဆိုတဲ့ ကောင်မလေးတစ်ယောက် သူတို့အလုပ်ကို ဝင်ရောက်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြုံရဖို့ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားမှာလည်း Irish Tan နဲ့ Izza Watanabe ဆိုတဲ့မင်းသမီးအသစ်စက်စက်လေးနှစ်ယောက်ကိုမိတ်ဆက်ပေးထားပါတယ်။ မမကြီး အက်စ်တဲလ်ကတော့ ဝါရင့်မင်းသမီး Angela Morena ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Two-Faced Fox (2020) ⭐TMDB: 45% User Score 🎬 #Fantasy #Romance 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 8 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နိမိတ်ဆိုးတွေကျရောက်နေတဲ့ ယွင်ရှန့်မင်းဆက်မှာ မင်းသမီး ၂ ပါးထူးဆန်းစွာ သေဆုံးသွားခဲ့တဲ့နောက်မှာတော့ထူးဆန်းတဲ့ရောဂါကို ခံစားနေရတဲ့ ဘုရင်မင်းမြတ်ဟာဖူလုံစစ်သူကြီးပိုင်ယိကို နန်းမြို့တော်ကို ပြန်ဆင့်ခေါ်ခဲ့ပြီးတတိယသမီးတော်ဖြစ်တဲ့ ရှန့်နင်မင်းသမီးနဲ့ လက်ဆက်ပေးခဲ့ကာတိုင်းပြည်ကိုကာကွယ်မယ့်စစ်သူကြီးဘွဲ့ပေးပြီး စစ်တပ် ၃ ခုလုံးရဲ့ အာဏာကို လွှဲပေးခဲ့ပါတယ် အဲဒီနောက်မှာတော့ ဘုရင်မင်းမြတ်လည်း နတ်ရွာစံသွားခဲ့ပြီး ဘုရင်မင်းမြတ်ရဲ့သေတမ်းစာအရ အိမ်ရှေ့စံအရွယ်မရောက်ခင် ရှန့်နင်မင်းသမီးနဲ့စစ်သူကြီးပိုင်ယိတို့က တိုင်းပြည်ကို ထိန်းသိမ်းထားရမှာဖြစ်ပြီးအိမ်ရှေ့စံအရွယ်ရောက်လာတဲ့အခါ တိုင်းပြည်ကို လွှဲပေးရမှာပဲ ဖြစ်ပါတယ်။ခြွင်းချက်အနေနဲ့ အိမ်ရှေ့စံနဲ့ ရှန့်နင်မင်းသမီးတို့ ၂ ယောက်ထဲကတစ်ယောက်သေဆုံးသွားပါက ကျန်တဲ့တစ်ယောက်ကထီးနန်းအရိုက်အရာကို အလိုလိုရမှာပဲ ဖြစ်ပါတယ် အဲဒီနောက်မှာ လုပ်ကြံသူတွေ ရှိလာတာကြောင့် စစ်သူကြီးပိုင်ယိဟာမင်းသားရွေ့နဲ့ ပူးပေါင်းပြီး ရှ့န်နင်မင်းသမီးကို တောက်လျှောက်ကာကွယ်ပေးနေခဲ့ပါတယ်ဒါပေမဲ့ ဒီလုပ်ကြံမှုတွေကို နောက်ကွယ်က ကြိုးကိုင်နေသူတွေထဲမှာမိဖုရားခေါင်ကြီးရော အတွင်းဝန်အမတ်ကြီးပါ ပါဝင်နေတဲ့အပြင်နှစ်တစ်ထောင်မြေခွေးမိစ္ဆာပါ ပါဝင်နေတဲ့အခါ ပိုင်ယိတစ်ယောက်ရှန့်နင်မင်းသမီးကို မြေခွေးမိစ္ဆာလက်ထဲကနေ ဘယ်လိုကာကွယ်ပေးမလဲ ဂင်ကိုပန်းတွေပွင့်တဲ့အခါ ပြန်ဆုံကြမယ်လို့ ပေးခဲ့တဲကတိအတိုင်းစစ်သူကြီးပိုင်ယိနဲ့ မင်းသမီးရှန့်နင်ကရောပြန်ဆုံနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားကြပါဦး...
Master of Maoshan (2021) ⭐TMDB: 50% User Score 🎬 #Action #Fantasy 🗓 2021 🎞 Series 🌎 #China ⏰ 1 နာရီ 18 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မောင်ရှန်းတောင်က မောင်ရှန်းဂိုဏ်းက နှစ်ပေါင်း60မှာတစ်ခါမောင်ရှန်းဆရာကြီးကိုရွေးချယ်လေ့ရှိကြပါတယ် ။အဲဒီမှာပဲ ယွင်လင်လို့ခေါ်တဲ့ကောင်လေးကအမြဲတမ်း မောင်ရှန်းဆရာဖြစ်ဖို့ အိပ်မက်မက်နေတဲ့သူပေါ့ ။ ယွင်လင်ကမောင်ရှန်းဆရာဖြစ်ဖို့ အိပ်မက်ရှိပေမဲ့သူကမွေးကတည်းက ဟေးချိလို့ခေါ်တဲ့ အဖျက်အစီးစွမ်းအင်နဲ့မွေးလာတဲ့သူမို့ ကျင့်ကြံဆင့်လည်းမမြင့်ဘဲ အိပ်မက်နဲ့ဝေးနေရတာပါ ။ ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းမထင်မှတ်ထားတာတွေဖြစ်စမြဲဆိုတော့မောင်ရှန်းစုဝေးပွဲ မောင်ရှန်းဆရာရွေးချယ်တဲ့နေ့မှာကံအကြောင်းပါပြီးတော့ ယွင်လင်တစ်ယောက်ယွမ်ချိဆေးလုံးရပြီးတော့ မောင်ရှန်းဆရာဖြစ်လို့သွားပါတော့တယ် ။ တစ်ချိန်တည်းမှာပဲ သူတို့ညီအစ်ကိုတွေကယ်လိုက်တဲ့တောက်ဆရာတစ်ယောက်က ကျန်းကျိုးမြို့မှာ ပင့်ကူအဆိပ်ပျံ့နေတယ်ပြောတာကြောင့်သူတို့ဆရာတူညီအစ်ကိုလေးယောက်သား ကျန်းကျိုးမြို့ကပြည်သူတွေကိုကယ်တင်ဖို့ စွန့်စားခန်းကြီးစတင်ခဲ့ပါတော့တယ်...
One Hundred Million Plan (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီတစ်ခုရဲ့ဥက္ကဌဖြစ်တာမကြာသေး ကုမ္ပဏီဒေဝါလီခံလိုက်ရတဲ့ ……ချီဖေးကုမ္ပဏီလည်ပတ်နိုင်ဖို့ကြံရာမရဖြစ်နေတဲ့အချိန်မှာဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးတစ်ခုကိုရှာတွေ့သွားခဲ့တယ်။ အဲဒီလိုနဲ့ကျွန်းနိုင်ငံလေးတစ်ခုကိုရောက်လာခဲ့တယ်။ တကယ်တော့ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးဆိုတာခရီးသွားတွေကိုလိမ်စားနေတဲ့ လူလိမ်၂ယောက်ရဲ့ ပိုက်ဆံလိမ်ချင်တဲ့အကြံမှန်း သူမသိခဲ့ဘူး။ လူလိမ်တွေဖန်တီးထားတဲ့ သူဌေးရစ်ချက်ဟာ မှောင်ခိုအရောင်းအဝယ်တွေကိုနောက်ကွယ်ကနေချုပ်ကိုင်နေတဲ့ ရစ်ချက်နဲ့နာမည်သွားတူနေတော့သူတို့(၃)ယောက်ဟာ မှောင်ခိုစိန်ရောင်းဝယ်မှုထဲပါသွားခဲ့တဲ့အခါအလွဲအလွဲအချော်ချော်တွေကြားမှာ ဆက်လွဲရင်းအခက်အခဲတွေဖြေရှင်းသွားတဲ့ပုံကို ရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
The Fiery Priest (2019) ⭐TMDB: 77% User Score 🎬 #Crime #Comedy 🗓 2019 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Fiery Priest (2019)The Fiery Priest (2019)စိတ်ထားကောင်းတဲ့ ခရစ်ယန်ဘုန်းတော်ကြီးဆိုပေမဲ့ ဒေါသလွယ်ပြီး စိတ်ဆတ်တဲ့အတွက် ပြဿနာဖြစ်ပြီး ဂူဒမ်မြို့ကိုရောက်လာခဲ့တဲ့ ဖာသာဂင်ဟယ်အီးစကားများပြီး ကြောက်တတ်တဲ့ ဂူဒမ်ရဲစခန်း အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့က စုံထောက် ဂူဒယ်ယောင်းရည်မှန်းချက်ကြီးပြီး အထက်လူကြီးတွေနဲ့ ပေါင်းသင်းတတ်တဲ့အပြင် ထက်မြက်တဲ့ အမှုစစ်ပတ်ဂယောင်းဆွန်းဘုရားကျောင်း ဂိုဏ်းအုပ် ဘုန်းတော်ကြီး အသတ်ခံရမှုအတွက် သူတို့တွေ ဘယ်လို အမှုလိုက်ကြမလဲတစ်ယောက် နယ်ပယ်တစ်ခုစီဆိုပေမဲ့ ဘယ်လိုတွေသိကျွမ်းပြီးတော့ဘယ်လိုမျိုးတွေ အမှုလိုက်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ပေးကြပါဦးနော်အမျိုးအစားကတော့ Action, Comedy, Crime, Mystery ဖြစ်ပါတယ်ဒီဇာတ်လမ်းတွဲရဲ့ ထူးခြားချက်ကတော့ အေးဆေးတည်ငြိမ်တဲ့ ဘုန်းတော်ကြီးမဟုတ်ဘဲဒေါသလွယ်တဲ့ ဖာသာရဲ့ ကာရိုက်တာဟာတော့ တကယ်စိတ်ဝင်စားစရာပါပဲCasting အနေနဲ့ကတော့ The Pirates ရဲ့ဇာတ်လိုက် Kim Nam Gi,မကြာသေးခင်ကမှ ပြီးသွားတဲ့ One the Woman က Lee Ha Nee နဲ့Reply series တွေဆိုရင် မကျန်ခဲ့စေရမဲ့ Kim Sung Kyun တို့ဖြစ်ပါတယ်အညွှန်းကိုတော့ Thuu Thuu က ရေးထားပေးပြီးတော့ဘာသာပြန်တွေကတော့ Thuu Thuu, Yamin Ei, Lwin Lwin Aung, Nan Thin, Htet Nandar Aung, Deer , Shwe Pwint တို့ပဲ ဖြစ်ကြပါတယ်။...
Late Bloomer (2024) ⭐IMDB: 6.6/10 (19 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 50 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ==================== သရိစ်နဲ့မက်ဒီတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး မကြာသေးခင်ကမှ သရိစ်ဟာ သွေးကင်ဆာ ဖြစ်လာနိုင်တဲ့ ရောဂါလက္ခဏာစုတစ်ခုကိုခံစားနေကြောင်းသိရှိထားရပါတယ်။ အချစ်ရေးရော ကျန်းမာရေးမှာပါ ကံမကောင်းရှာတဲ့ သူငယ်ချင်းဖြစ်သူကိုစောင့်ရှောက်ရင်းအချိန်ကုန်တာတွေများလာတဲ့နောက် မက်ဒီရဲ့ချစ်သူက ငြိုငြင်စပြုလာပါတယ်။ သရိစ်ကတော့ ကျန်နေသေးတဲ့ကာလတွေမှာ ဘ၀ကိုပျော်ပျော်နေရင်းဖြတ်သန်းဖို့အတွက် အရင်တုန်းကမတွေ့ကြုံခဲ့ရတဲ့ အသစ်အဆန်းတွေခံစားဖို့တစ်ယောက်ပြီးတစ်ယောက်နဲ့ဒိတ်ရင်း သာယာမှုကို ရှာဖွေရင်း သူနဲ့မက်ဒီကြားက သူတို့ကိုယ်တိုင်မသိခဲ့တဲ့ခံစားချက်တွေကိုသဘောပေါက်လာတဲ့အခါမှာတော့..။ Robb Guinto နဲ့ မင်းသမီးသစ်လေး Erika Balagtas တို့က အချစ်ဆုံး/သူငယ်ချင်းတွေအဖြစ်ခေါင်းဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Egoist (2022) ⭐IMDB: 7.2/10 (569 Votes) 🎬 #BL #Drama #Romance 🗓 2022 🎞 movie 🌎 #Japan ⏰ 2 နာရီ 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ဆိုတာဘာလဲ ရယူခြင်းလား ပေးဆပ်ခြင်းလားလိုမေးလာရင်တော့ သေချာပါတယ် အဖြူနဲ့အမဲလို နှစ်ပါတီကွဲနေမှာပါပဲ။ ဒါပေမဲ့ သေချာတာတစ်ခုတော့ ဆက်ဆံရေးတစ်ခုကို အမြဲတမ်း ကိုယ်ကပဲရယူချင်တဲ့ အတ္တတစ်ခုတည်းနဲ့တော့ တည်ဆောက်လိုမရပါဘူး။ သိတတ်စအရွယ်ကတည်းက အမြဲနေမကောင်းနေတဲ့အမေက ခိုဆုခဲအတွက် လိုအပ်တဲ့မေတ္တာတွေ အပြည့်အဝမပေးနိုင်ခဲ့ပါဘူး။ အမေဆိုတဲ့ပေါင်းကူးတံတားလေးမရှိတော့ ခိုဆုခဲနဲ့သူ့အဖေကြားမှာလည်း နွေးထွေးမှုဆိုတာက ပျောက်ဆုံးနေတာပေါ့။ ဒီလိုနဲ့ပဲ 14 နှစ်အရွယ်မှာ အမေဆုံးသွားပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့sexual orientation ကို ဖုံးပြီးမနေထိုင်ချင်တဲ့ခိုဆုခဲတစ်ယောက် 18 နှစ်မှာ တိုကျိုကိုထွက်သွားခဲ့ပါတယ်။ တစ်ချိန်က ရွာဇနပုဒ်က ခပ်စုတ်စုတ်ကောင်လေးက အခုချိန်မှာတော့ မဂ္ဂဇင်းအယ်ဒီတာဖြစ်ပြီး ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းနေတဲ့အပြင် သူငယ်ချင်းဂေးတွေနဲ့တူတူ အစွမ်းကုန်ပွင့်လန်းနေတာပေါ့။ အရာရာပြည့်စုံစပြုနေပေမဲ့ ချစ်ခြင်းမေတ္တာငတ်နေတဲ့ ခိုဆုခဲရဲ့ဘဝထဲကို ငယ်ငယ်ချောချော တောင့်ဖြောင့်နေတဲ့ အားကစားtrainerလေး ရုတ ဝင်ရောက်လာတဲ့အခါ…. ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်တဲ့ခိုဆုခဲတစ်ယောက် ရုတဆိုတဲ့ကောင်လေးကို သူ့ဘဝမှာလက်ခံဖိုအတွက် ချစ်တတ်ဖို ဘယ်လိုသင်ယူသွားမလဲ။ ရုတလေးကရော မချစ်တတ်သူကြီးရဲ့ ကျောက်ဆစ်နှလုံးသားကို အရည်ဖျော်ရင်း အားကစားလေ့ကျင့်ပေးရင်းနဲ့ အချစ်သင်ခန်းစာကိုပါ ပိုချပေးသွားနိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။...
The Margin (1976) ⭐TMDB: 59% User Score 🎬 #Drama 🗓 1976 🎞 movie 🌎 #France ⏰ 1 နာရီ 26 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (18+) The Margin (La marge) (1976)IMDb – 5.2/10 “အပြာရုပ်ရှင်ဒါရိုက်တာဖြစ်ခဲ့ရတဲ့ ပါရမီရှင်ကြီး”လို့တောင် သမုတ်ခြင်းခံရတဲ့ဒါရိုက်တာကြီး Walerian Borowczykရဲ့ လက်ရာကောင်းတွေထဲက တစ်ကားပေါ့။သူ့ခေတ်သူ့အခါမှာ ပြောင်မြောက်တဲ့ရိုက်ချက်တွေနဲ့ ထိထိမိမိတင်ပြတတ်သူမို့ဒီဘက်ခေတ်အနုပညာရှင်တွေထိတောင် သူ့ကိုစံထားပြီး အတုယူရတယ်လို့ ဆိုကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်စရာကောင်းတဲ့သားလေးနဲ့ ဇနီးချောလေးရယ်ကိုပိုင်ဆိုင်ထားတဲ့ဆီဂီစ်မွန်တစ်ယောက် ပါရီမြို့ကြီးဆီကို အလုပ်ကိစ္စနဲ့သွားဖို့ဖြစ်လာပါတယ်။အမြဲတမ်းစိတ်တူကိုယ်တူဖြစ်တဲ့ ဇနီးဖြစ်သူကို အတူခေါ်သွားချင်ပေမဲ့ သားလေးကိုပစ်ထားပြီးမလိုက်ချင်တာကြောင့် ဆီဂီစ်မွန်တစ်ယောက်တည်း ထွက်လာခဲ့ရပါတယ်။ပါရီမြို့ကြီးက ညည့်ငှက်လေးတွေဆွဲဆောင်သမျှ ငြင်းပယ်ရင်း ဇနီးဖြစ်သူနဲ့တူတဲ့ အမျိုးသမီးလေးကိုတွေ့တဲ့အခါမှာတော့ မရှောင်တိမ်းနိုင်တော့ဘဲ စွဲလန်းမိပါတော့တယ်။ဒီမှာပဲ အိမ်မှာကျန်ခဲ့တဲ့သားမိနှစ်ယောက်ဆီက သတင်းဆိုးတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့…။ (aungmo3hanအညွှန်းရေး ဘာသာပြန်ထားပါတယ်)...
Kampon (2023) ⭐IMDB: 4.7/10 (76 Votes) 🎬 #Horror #Thriller #Crime #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 31 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kampon 2023 အာရှသရဲကား စုန်းကား မှော်ကားတွေကြိုက်တဲ့ CM ပရိသတ်ကြီးအတွက်၂၀၂၃ ခုနှစ်ထွက် ဖိလစ်ပိုင်သရဲကားလေးနဲ့ မိတ်ဆက်ပေးပါရစေအာရှကားတွေပီပီ ကြောက်ဖို့ကောင်းတာကတော့ ပြောစရာမလိုပါဘူးပြူးခနဲပြဲခနဲ ဇာတ်ဝင်ခန်းတွေနဲ့ ဖြဲခြောက်မှာမို့ နှလုံးရောဂါဘာညာအခံရှိရင်တော့ မကြည့်သင့်ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ အိမ်ထောင်သက်ရှစ်နှစ်ရှိပေမယ့်ကလေးမရသေးတဲ့ ကလာ့ခ်နဲ့အိုင်လင်းတို့ လင်မယားနှစ်ယောက်ရှိပါတယ်ကလာ့ခ်က အငြိမ်းစားရဲတစ်ယောက်ဖြစ်ပြီး အရင်တုန်းက ပတ်ရှုပ်ခဲ့တဲ့ဇာတ်လမ်းလေးတွေတော့ ရှိပါတယ်တစ်နေ့မှာတော့ သူတို့အိမ်တံခါးဝကို ကလာ့ခ်ရဲ့သမီးပါဆိုပြီး ကလေးမလေးတစ်ယောက်က ရောက်လာတဲ့အခါမှာတော့လင်မယားနှစ်ယောက်ရဲ့ ဘဝမှာထူးဆန်းတာတွေစဖြစ်လာပြီးတကယ်ရော ကလာ့ခ်ရဲ့သမီးအစစ်အမှန်လား ဘာလို့ သူတို့ဆီရောက်လာတာလဲဆိုတာပရိသတ်ကြီးပဲ ဆက်ပြီးတော့ ခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnပဲ ဖြစ်ပါတယ်...
Nede Vidudala (2023) ⭐IMDB: 3.7/10 (2 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nede Vidudala (2023) အွန်လိုင်းမီဒီယာလောက စာရွက်တွေခေတ်ကုန်စပြုလာတဲ့ နည်းပညာခေတ်မှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေထက်အွန်လိုင်းမီဒီယာက လူတွေအပေါ် ပိုပြီးတော့ လွှမ်းမိုးလာတော့တာပါ။ အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ ဒီအွန်လိုင်းမီဒီယာလုပ်ငန်းအကြောင်း တစေ့တစောင်းလေး ဖော်ညွှန်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆစ်ဒူဟာ သူ့ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ အမြဲထူးနေတဲ့သူ၊ ကျောင်းပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေထဲမှာ အလုပ်တွက်စိတ်ပူတဲ့သူ၊သူငယ်ချင်းတွေနဲ့ကွဲမှာစိတ်ပူတဲ့သူ၊ အရင်လိုမကဲရတော့မှာ ပူတဲ့သူနဲ့ ကိုယ်စီဗျာများနေပေမဲ့ စာကြမ်းပိုးကောင်ဆစ်ဒူကတော့စာကြည့်တိုက်ကစာအုပ်တွေ ဖတ်လို့မပြီးမှာကိုစိုးရိမ်နေတဲ့ ဘုရားစူးလူသားလေးပေါ့။ ဒီလိုနဲ့ကျောင်းပြီးတော့လည်း သူများနဲ့မတူတဲ့အလုပ်ကိုမှ လုပ်ချင်တဲ့ဆစ်ဒူကို အဖေဖြစ်သူကသူ့အသိမီဒီယာလုပ်ငန်းတစ်ခုမှာလုပ်ဖို့ ဖျောင်းဖျပြီး အလုပ်သွင်းပေးလိုက်ပါတယ်။ အဖေနဲ့ ဒီအလုပ်မှာ ရက်ပိုင်းလုပ်ကြည့်မယ်ဆိုတဲ့ကတိနဲ့ မီဒီယာလောကထဲ ရောက်လာတဲ့ဆစ်ဒူ၊အမြဲဆန်းသစ်နေတာကိုမှကြိုက်တဲ့ဆစ်ဒူတစ်ယောက် တစ်နေ့တစ်မျိုးမရိုးရတဲ့မီဒီယာလောကရဲ့နောက်ကွယ်ကဖြစ်ရပ်စုံကိုကြုံတွေ့ရဖို့ ဖြစ်လာတဲ့အခါမှာတော့…. ဆစ်ဒူတစ်ယောက် သူလိုချင်တဲ့ အသစ်အဆန်းခံစားချက်ကို မီဒီယာလောကမှာရှာဖွေရင်း ဘယ်လိုတွေစွန့်စားခန်းဖွင့်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Candid About Love (2023) ⭐IMDB: 6.1/10 (110 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ကားကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ 2023 ခုနှစ်က ထွက်ထားတဲ့ Candid About Love ဆိုတဲ့ Romance ကားလေးကို ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားထဲမှာ လော်ရာဆိုတဲ့ ဓာတ်ပုံဆရာမ အရမ်း ဖြစ်ချင်နေတဲ့ အမျိုးသမီးချောချောလေးတစ်ယောက်က ဓာတ်ပုံပြခန်း နေရာအသစ်မှာ သူ့ရဲ့ ပုံတွေ ပြခွင့်ရဖို့အတွက် ကြိုးစားနေတာကို အဓိက ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူ အလုပ်လုပ်နေတဲ့ ပြခန်းမှာ နာမည်ကြီး ဓာတ်ပုံဆရာ ရှိန်းရဲ့ ဓာတ်ပုံတွေ ပွဲဦးထွက်ပြသဖို့ သူ့အနေနဲ့ ဆွဲဆောင်နိုင်မှ ရမှာ ဖြစ်ပါတယ်။ ခက်တာက ရှိန်းဆိုတဲ့ ဓာတ်ပုံဆရာက ဓာတ်ပုံလောကထဲကနေ ပျောက်သွားတာ ဆယ်နှစ်လောက်ရှိနေတာပါ။ ဆယ်နှစ်လောက် ဓာတ်ပုံ မရိုက်တဲ့ ဓာတ်ပုံဆရာကို လော်ရာ တစ်ယောက် ဘယ်လိုမျိုး ဆွဲဆောင် သိမ်းသွင်းမလဲ ဆိုတာကတော့ ဒီ ရိုမန်တစ်ကားလေးထဲမှာ အချိန် ကုန်လို့ ကုန်မှန်း မသိအောင် စီးမျောရင်း ခံစားကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။...
Curious Caterer: Foiled Plans (2024) ⭐IMDB: 7.0/10 (315 Votes) 🎬 #Crime #Drama #Mystery #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 26 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့… ကြည့်ရှုသူပရိတ်သတ်ကြီးကို…rating 7/10 အထိ ရရှိထားတဲ့ Curious Caterer Failed Plans ဆိုတဲ့ ၂၀၂၄ ခုနှစ်ကမှထွက်ရှိထားတဲ့ စုံထောက်ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကိုဒါရိုက်တာ Paul Ziller ကပုံဖော် ရိုက်ကူးထားပြီး မင်းသား Riley Davis , Lochlyn Munro , Vincent Gale , Ted Cole ,Andrew Kavadas တို့နဲ့ နာမည်ကျော်မင်းသမီးတွေဖြစ်ကြတဲ့ Jaleese Green , Nikki Deloach တို့ကပါ၀င်အားဖြည့်သရုပ်ဆောင် ထားကြပါတယ် ဒီဇာတ်လမ်းမှာ အထူးသီးသန့်ဧည့်သည်တော်တွေပဲ ဖိတ်ကြားထားတဲ့ ပရဟိတရန်ပုံငွေပွဲမှာ ဟိုက်ဒ်ရဲတိုက်ရဲ့ ပိုင်ရှင် အဲလက်စ်တာအသတ်ခံရသောကြောင့် စုံစမ်းစစ်ဆေးဖော်ထုတ်ကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ် ဒီဇာတ်ကားကဇာတ်ညွှန်းရေးဆရာတွေရဲ့… မြှပ်ကွက်လှည့်ကွက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ကို ထိုင်ရာကနေမထချင်လောက်အောင် စွဲဆောင်ထားနိုင်မှာ အသေအချာပါပဲ လူသတ်တရားခံကရောဘယ်သူဖြစ်မလဲ သူ့ရဲ့လက်ထောက် အမ်မာဆိုတဲ့ကောင်မလေးလား ရန်ပုံငွေပွဲကျင်းပတဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မီဟေဗန်အကျဥ်းထောင်ကနေ ထောင်ဖောက်ပြီး ထွက်ပြေးလာတဲ့ အန်မတ်ဒ်ရှောဆိုတဲ့ ရာဇ၀တ်သား တစ်ယောက်လား သူနဲ့ကရော အဲလက်စ်တာနဲ့အတိတ်မှာ ဘယ်လိုပတ်သက်မှုတွေရှိခဲ့ကြတာလဲ ဒါမှမဟုတ် အဲလက်စ်တာက လူရှေ့မှာပြောဆိုပြီး နည်းပြရာထူးကနေ အနားပေးလိုက်တော့မယ့် ပီယာ့ဆိုတဲ့နည်းပြဆရာလား ဒါမှမဟုတ် အဲလက်စ်တာ ကိုယ်တိုင်ခန့်ထားတဲ့ မီဟေဗန်အကျဥ်းထောင်မှာ ထောင်ကျဖူးတဲ့ ချာလီဆိုတဲ့ထောင်ထွက်တစ်ယောက်လား ဒါမှမဟုတ် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေထဲမှာမပါ၀င်ဘဲရောက်လာခဲ့တဲ့ ဂျာ့ဆိုတဲ့သူလား အဲလက်စ်တာကိုသတ်ချင်တယ်လို့ မကြာခဏကြုံးဝါးနေတဲ့ သူ့ရဲ့ငွေထိန်း ကလောက်စ်ဆိုတဲ့ သူလား လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုဖော်ထုတ်ပေးလိုက်ပါဦး ဒီဇာတ်ကား Crime , Mystery & Drama အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေ လက်မလွတ်စတမ်းကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်...
Chief of Station (2024) ⭐IMDB: 4.6/10 (720 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cheif Of Station (2024) ဇာတ်ကားဟာ ဟောလီဝုဒ် မင်းသားကြီး Aaron Eckhart အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးထွက် အက်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက သာမန်ကားတွေနဲ့ မတူတာကတော့ ဥရောပတခွင်မှာ လှုပ်ရှားနေကြတဲ့ ထောက်လှမ်းရေး အေဂျင်စီတွေမျိုးစုံရဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင်တော့ ကျွန်တော်တို့ရဲ့ မင်းသားကြီးဟာ တစ်နေ့သူ့မိန်းမနဲ့ နှစ်ပတ်လည် ညစာစာဖို့ သွားတော့မဲ့အချိန်မှာ သူ့မိန်းမဟာ ဗုံးပေါက်ကွဲမှုတစ်ခုမှာ သေဆုံးသွားခဲ့ရပါတယ်။ သူ့မိန်းမရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုးဖြစ်ရဲ့လား သူ့မိန်းမရဲ့ သေဆုံးမှုကို ထောက်လှမ်းရေးအေဂျင်စီတွေက ဘယ်လိုတုံ့ပြန်ကြမှာလဲ သူကရော တုံ့ပြန်မှုအပေါ် ဘယ်လိုသဘောထား ရှိမလဲ။ ဒီဇာတ်ကားထဲမှာ ပြောသွားတဲ့စကားဖြစ်တဲ့ “ဒီထောက်လှမ်းရေးလောကမှာ ဘယ်သူ့ကိုမှ သေချာသိတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ စကားအတိုင်း ဒီဇာတ်ကားကို သေချာသိဖို့ဆိုရင် ကြည့်မှသာ ကောင်းမှန်း သိနိုင်မယ်လို့ ပြောရင်း ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။...
The Mask (1994) ⭐TMDB: 70% User Score 🎬 #Action #Comedy #Crime #Romance #Fantasy 🗓 1994 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘဝလေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ် IMDB: 6.9/10Metacritic : 56%Rotten Tomatoes : 77% Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်… The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာJim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ...
White Bird (2023) ⭐IMDB: 7.3/10 (871 Votes) 🎬 #Adventure #Biography #Drama #History #Romance #Family #War 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ မင်းသမီးကြီး Helen Mirrenပါဝင်ထားပြီး IMDb 7.3/10 ရရှိထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ဇာတ်အိမ်က ယနေ့ခေတ်မှာတည်ထားပေမယ့် အဓိကကတော့ ပြင်သစ်ကို နာဇီတွေမင်းမူနေပြီး သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျူးလူမျိုးကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြတဲ့အနေနဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ယနေ့ခေတ်မှာ ဂျူလီယန်ဟာ အရင်ကျောင်းအဟောင်းကနေအထုတ်ခံခဲ့ရပြီး ကျောင်းအသစ်ကိုရောက်ခဲ့ပေမယ့် အရင်ကျောင်းကအတိတ်တွေကြောင့် သူ့စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုဆိုရင်သေချာမဆုံးဖြတ်နိုင်ပဲ လမ်းပျောက်နေခဲ့တာပါ။ ဒါ့ကြောင့်ပဲ သူ့ရဲ့အဖွားဟာ ဂျူလီယန်ရဲ့ဘဝကိုပြောင်းလဲစေနိုင်ဖို့ သူမရဲ့ငယ်ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့ငယ်ဘဝကတော့ ဂျာမန်တွေအပိုင်သိမ်းထားတဲ့ပြင်သစ်မှာ သူမဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ထွက်ပြေးရင်းနဲ့ ကောင်လေးတစ်ယောက်က သူမကိုကယ်ခဲ့ပါတယ်။ အဲဒီကနေ သူတို့က အချစ်ဦးတွေဖြစ်ခဲ့ကြတာတွေ၊ စပါးကျီထဲမှာပုန်းနေရတဲ့သူမအတွက် စိတ်ကူးယဉ်ကမ္ဘာကိုဖန်တီးကြတာတွေ၊ ဂျာမန်တွေကိုပုန်းရှောင်ခဲ့ရတာတွေနဲ့ ကောင်လေးရဲ့မိဘတွေဟာ သွေးမတော်သားမစပ်ပေမယ့် သူမကိုအတတ်နိုင်ဆုံးစောင့်ရှောက်ခဲ့တာတွေကို ပုံပြင်ရှည်ကြီးတစ်ခုလို ပြောပြသွားတာကြောင့် မိတ်ဆွေတို့လဲ လိုက်ပါစီးမြောမိမှာပါ။ ဒီတော့ ဒုတိယကမ္ဘာစစ်ထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကို အခုပဲကြည့်ရှုခံစားလိုက်ကြတာပေါ့။...
Slyth: The Hunt Saga (2023) ⭐TMDB: 50% User Score 🎬 #Action #Romance #SciFi #ScienceFiction #Thriller 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 40 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sltyth : The Hunt Saga (2024) Romance နဲ့Drama series တွေပဲအရိုက်များတဲ့ ချစ်ခြင်းဖန်ဆင်းသောလှေ ဇာတ်ကားထဲက Queen mookda Narinrak ကိုအရင်တွေ့နေကျ နဲ့ကွဲထွက်နေတဲ့ ဖိုက်တာမလေးအဖြစ် Luke နဲ့အတူ မြင်တွေ့ရမယ့် Slyth : The Hunt Saga ရုပ်ရှင်သစ်လေး ထွက်ရှိလို့လာပါပြီ။ ဇာတ်လမ်းတွဲမှာပဲ မြင်တွေ့နေကျဖြစ်တဲ့ Mookdaရဲ့movieသစ်မှာရောသူတို့ဘယ်လိုလိုက်ဖက်ညီညီနဲ့ သရုပ်ဆောင်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ ကမ္ဘာ့အကြီးဆုံးတောမီးလောင်ကျွမ်းမှုကြောင့် တမဟုတ်ချင်းညစ်ညမ်းသွားတဲ့လေထုဟာအသက်ရှင်ဖို့ လေထုကိုမှီတွယ်နေရတဲ့ လူသားမျိုးနွယ်တွေအတွက် အိပ်မက်ဆိုး ကပ်ဘေးဆိုး ဖြစ်လာပါတော့တယ်။ ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်မယ့်တစ်ခုတည်းသောအရာကဒဏ္ဍာရီလာ Slythဆိုတဲ့ဂြိုဟ်သားတွေရဲ့ ရောဂါမှန်သမျှကုစားနိုင်တဲ့ မသေမျိုးသွေးတစ်ကမ္ဘာလုံးက Slythတွေရဲ့သွေးကိုလိုချင်လာတဲ့အတွက် နေရင်းထိုင်ရင်းအမဲလိုက်ခံရဖို့ဖြစ်လာတဲ့ ဒီဂြိုဟ်သားတွေက လူသားတွေပြုသမျှနုနေမှာမဟုတ်တဲ့အခါ…အမဲလိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်တဲ့သူက သားကောင်ဖြစ်ရမှာဆိုတော့ ရှင်သန်ရပ်တည်ဖို့လူသားတွေနဲ့Slythတွေ ဘယ်လိုအားပြိုင်သွားမလဲဆိုတာ အားလုံးအတူတူရှုစားလိုက်ရအောင်ပါ။ အညွှန်း ကိုတော့ Mary Christ က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary Christ, Char Ouပဲ ဖြစ်ပါတယ်။...
Locked in My House (2024) ⭐IMDB: 5.4/10 (49 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Locked in My House (2024)======================= စိတ်၀င်စားစရာကောင်းတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တဲ့ ကြောင်သူတော်တစ်ယောက်ကို ဝိုင်းပညာပေးမဲ့ ဇာတ်လမ်းမျိုးပါ။ပါမောက္ခကဲရစ်နဲ့ ခင်ပွန်းဖြစ်သူဂျွန်ဟာ သာယာတဲ့အိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံပါ။ ဒါပေမဲ့ သူတိုမှာ သားသမီးမထွန်းကားသေးပါဘူး။ အဲဒါကြောင့် သားသမီးရရှိရေးအတွက် fertility clinic တစ်ခုကိုသွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။ တစ်နေ့တော့ ဂျွန် ခရီးသွားနေခိုက် ကဲရစ်တစ်ယောက်တည်း ချိန်းဆိုထားတဲ့ဆေးခန်းကို သွားရောက်စမ်းသပ်ခံခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာမဲရစ်ခ်ဆိုတဲ့ ဆရာ၀န်ရဲ့မူမမှန်တဲ့ စမ်းသပ်မှုကြောင့် ကဲရစ် ရှော့ခ်ရသွားပါတော့တယ်။ မတရားမှုကို ငြိမ်ခံမနေတတ်တာကြောင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ ရဲစခန်းမှာ သွားတိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သက်သေမခိုင်လုံတာကြောင့်ဘာမှလုပ်လို မရခဲ့ပါဘူး။ အဲဒီနောက် ဒေါက်တာမဲရစ်ခ်ရဲ့လိင်နှောင့်ယှက်မှုကို ခံရသူဟာ သူတစ်ယောက်တည်းမဟုတ်မှန်း ကဲရစ်သိလာပြီး ဘ၀တူအမျိုးသမီးတွေ စုမိသွားပါတယ်။ ဒီလိုနဲ့ ကဲရစ်ဟာ မိန်းမသားများစွာရဲ့ဘ၀ကိုစိတ်ဒဏ်ရာကြီးကြီးပေးခဲ့တဲ့ မဲရစ်ခ်ကို ကိုယ်တိုင်သက်သေရှာဖွေပြီး အပြစ်ပေးဖို စွန့်စွန့်စားစား ကြိုးပမ်းပါတော့တယ်…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
Glass Curtain (2023) ⭐IMDB: 6.0/10 (186 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 26 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Glass Curtain [Cam Perde ] (2023)==========================IMDb Rating – 6.0/10 Cam Perde သို့မဟုတ် Glass Curtain သို့မဟုတ် မှန်ကန့်လန့်ကာ…..ဒီရုပ်ရှင်ဟာလက်တွေ့လောကမှာ ဖြစ်ပျက်တတ်တဲ့ အိမ်ထောင်ရေးကိစ္စမျိုးကို အခြေခံပြီးရိုက်ကူးထားတာပါ။ IMDb rating 6 ရရှိထားတဲ့ တူရကီနိုင်ငံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နက်ဆရင်ဟာ ကလေးတစ်ယောက်နဲ့ကွာရှင်းထားတဲ့အမျိုးသမီးတစ်ယောက်ပါ။ လက်ရှိမှာတော့ ဆီလင်းဆိုတဲ့ ယောကျ်ားလေးနဲ့ ချစ်သူတွေဖြစ်နေခဲ့တာပါ။ သူ့အရင် ယောကျ်ားအိုမာကတော့ နက်ဆရင့်အပေါ် လိုက်လံနှောင့်ယှက်တာမျိုး လုပ်တတ်ပြီး ဒေါသထွက်လွယ်သူမို့ နက်ဆရင့်အနားကို မလာဖို့ တားမြစ်မိန့် အထုတ်ခံထားရပါတယ်။ ဒါပေမယ့် အိုမာကတော့ ထောင်ကျလည်း ခဏပြီးရင် ပြန်လိုက် နှောင့်ယှက်တတ်တာမို့ နက်ဆရင်အတွက် ဒုက္ခအိုးပါပဲ။ နက်ဆရင် တစ်ယောက် အချစ်ရေး၊ စီးပွားရေးနဲ့ အိုမာရဲ့ နှောင့်ယှက်မှုတွေကြားရုန်းကန်ရပုံတွေကို မွန်းကြပ်ဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...
Arnold & Sly: Rivals, Friends, Icons (2024) ⭐IMDB: 7.3/10 (128 Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Arnold & Sly: Rivals, Friends, Icons (2024)================================IMDb Rating – 7.3/10 အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိနာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ်ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆိုရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုးဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေနဲ့ နာမည်ကြီးပါတယ်။ ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင်မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင်တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ်ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ်ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်တာဟာဆိုရင် တအားကိုမှ လက်ပေါက်ကပ်တဲ့အထိပြိုင်တာပါ။ ရုပ်ရှင်ထဲမှာ မင်း လူ ၂၈ ယောက်သတ်ရင် ငါက ၃၂ယောက်သတ်မယ်ဆိုတာမျိုး၊ မင်းထက်ပိုကြီးတဲ့ သေနတ်ကိုင်ပြမယ်ဆိုတာမျိုးတွေအထိ ပြိုင်ကြတာပါ။ အခု စကားဝိုင်းမှာဆိုရင် သူတို့တွေ ဘယ်လိုတွေပြိုင်ခဲ့ကြလဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဖြုတ်ဖို့ ဘယ်လိုတွေလုပ်ခဲ့သလဲ၊ အချင်းချင်း ဘယ်လိုတွေ အပြန်အလှန်သင်ယူခဲ့လဲဆိုတာကို ကြည့်ရှုရင်း ကျွန်တော်တို့ငယ်ဘဝက အက်ရှင်သူရဲကောင်းကြီးတွေရဲ့ဘဝကိုတစ်စိတ်တစ်ပိုင်း လေ့လာခွင့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...
13 Bombs (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 🌎 #Indonesia #SouthKorea ⏰ 2 နာရီ 24 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 13 Bombs or 13 Bom Di Jakarta [2023](IMDb 6.8/10) ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်..ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး…ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်…ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်…အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာအခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်…ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် …အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်…ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်…အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ…ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်…ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ထင်ထားတာထက် အများကြီးအဆင့်မြင့်ပြီး စနစ်တကျလှုပ်ရှားလို့ နေပါတယ်…ဒီလိုအခြေအနေဆိုးကြီးမျိုးကို ဗျူရိုက ဘယ်လိုတိုက်ဖျက်သွားမလဲ… တိုက်ရောတိုက်ဖျက်နိုင်မှာလားအကြမ်းဖက်အဖွဲ့ကပဲ သူတို့လိုချင်တဲ့ ပြည်သူအားလုံးတန်းတူညီမျှရေးကိုပဲ ဖော်ဆောင်သွားနိုင်မလား…ကြားထဲက ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ အော့စ်နဲ့ ဝီလ်တို့ရော ဘာဆက်ဖြစ်သွားကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
