uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Monsters (2022) ⭐IMDB: 7.9/10 (167 k Votes) 🎬 #Biography #Crime #Drama #Horror #Thriller 🗓 2022 🎞 Series 🌎 #UnitedStates ⏰ 58 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လိုင်းမန်နန်ဒက်ဇ်နဲ့ အဲရစ်မန်နန်ဒက်ဇ်… အမေရိကန် ဘီဗာလီဟေးလ်က သူဌေးကြီး ဟိုဆေးမန်နန်ဒက်ဇ်ရဲ့ သားနှစ်ယောက်၊ မိဘနှစ်ပါးလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ အမှုအပြီး တစ်နိုင်ငံလုံးရဲ့ ကရုဏာသက်မှုတွေနဲ့အတူ စည်းစိမ်အကုန်လုံးကိုပါ အမွေရလိုက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အကုန်လုံး မထင်မှတ်ထားလောက်အောင်ပဲ ကိုယ့်မိဘအရင်းတွေကို သတ်ခဲ့တဲ့ တရားခံအစစ်တွေ ဖြစ်နေကြောင်း သက်သေသက္ကာရ‌‌တွေ တစ်ခုပြီးတစ်ခု အခိုင်အမာပေါ်လာတဲ့အခါ… Monsters ဟာ American Horror Story franchiseနဲ့ နာမည်တစ်လုံး ရထားတဲ့ Ryan Murphyရဲ့ showတစ်ခုဖြစ်ပြီး အတွဲ ၁ ဖြစ်တဲ့ Dahmer စီးရီးရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် franchise တစ်ခု ဖြစ်လာတဲ့ Showတစ်ခုပါ။ Monsters အတွဲတွေရဲ့ မူအတိုင်းပဲ တချိန်တုန်းက နာမည်ကြီးခဲ့တဲ့ မှုခင်းတွေ၊ အပြစ်သားတွေရဲ့ အကြောင်းကို ဇာတ်လမ်း တစ်ပုဒ်လို ပြန်လည်အသက်သွင်း ရိုက်ကူးထားတာပါ။ အတွဲ ၁လို့ဆိုနိုင်တဲ့ Dahmerမှာ နာမည်ကျော် ကွင်းဆက်လူသတ်သမားကြီး ဂျက်ဖရေးဒါးမား အကြောင်း ပြသခဲ့သလို အခု အတွဲ ၂ မှာ‌တော့ ၁၉၉၀ ပြည့်နှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ လိုင်းနဲ့ အဲရစ်မန်နန်ဒက်ဇ် ညီအစ်ကို၂ယောက်ရဲ့အမှုကို အခြေခံ ရိုက်ကူးထားတာပါ။ လူတိုင်းက သူတို့ညီအစ်ကို၂‌ယောက်ကို ဖခင်ဖြစ်သူရဲ့ စည်းစိမ်ကိုလိုချင်လို့ သတ်ပစ်ခဲ့တာလို့ ယုံကြည်ခဲ့ကြပေမဲ့ သူတို့ဘက်ကတော့ ဖခင်အရင်းရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုတွေကို မခံစားနိုင်တော့သည့်အလျောက် သတ်ရခြင်း ဖြစ်ကြောင်း လျှောက်လှဲချက်တွေနဲ့အတူ အမေရိကန်တစ်နိုင်ငံလုံး ဟိုးလေးတကျော်‌ကျော်ဖြစ်ခဲ့တဲ့ အမှုကြီးတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီ series ထဲမှာတော့ ညီအစ်ကိုနှစ်ယောက်ရဲ့ ရှုထောင့်၊ သူတို့မိဘတွေရဲ့ ရှုထောင့်၊ ဘေးလူတွေရဲ့ ရှုထောင့် စသဖြင့် Monstersရဲ့စတိုင် ပီသစွာပဲ ဘယ်သူဘယ်ဝါကို အပြစ်တင်ရမလဲ မသိနိုင်အောင်ကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File size…(700 Mb)/(300 Mb)Quality….Webrip 1080p / 720pFormat… mp4Duration…. 01:00:00Genre… Docudrama, Serial Killer, True Crime, Biography, Crime, Drama, Horror, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by JimX Season 1 Episode 1 720p  –Telegram/Yoteshin/gdtot/Megaup/Usersdrive/Streamwish အပိုင်း ၉ ပိုင်းထွက်ရှိထားပြီး ကျန်အပိုင်းများကိုလည်း အမြန်ဆုံးဆက်လက်တင်ဆက်သွားပါမယ်
...

Citizen Kane (1941) ⭐TMDB: 80% User Score 🎬 #Drama #Mystery 🗓 1941 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Citizen Kane (1941) ~ IMDb – 8.3/10, RT – 99%, Meta – 100% ~ ( I ) One of the Greatest Films of All Time လို့ ရည်ညွှန်းခံရတဲ့ ရုပ်ရှင်တွေက ရုပ်ရှင်ကောင်းတွေ ဖြစ်နေတတ်တာတော့ ကျွန်တော်တို့ ငြင်းမရပါဘူး။ Citizen Kane ဟာ One of the Greatest Films of All Time မဟုတ်တဲ့ The Greatest Film of All Time ဘွဲ့ကို ဒီ၂၁ရာစုအထိ ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ Greatest Films ဆိုတဲ့ Lis‌t‌ တွေရဲ့ ထိပ်ဆုံးမှာ အမြဲရပ်တည်နေခဲ့တယ်။ တစ်နှစ်ကတော့ Rotten Tomatoes 100% ရထားတဲ့ Paddington 2 က 99% ရထားတဲ့ Citizen Kane ကို ကျော်ပြီး ဒီဘွဲ့ရသွားပြီလို့ မျက်ခွက်ပြောင်ခဲ့ကြသေးတယ်။ ဒီအချက်ကတော့ ဟာသမှန်းအားလုံးသိကြပေမဲ့ ကိန်းဟာ တကယ့် Greatest Film of All Time ဟုတ်မဟုတ်တော့ တချို့အတွက် အငြင်းပွားစရာဖြစ်နေခဲ့တယ်။ Rating အရကြည့်ရင်တော့ ကျွန်တော်ကတော့ IMDb ကို လုံးဝမယုံသလို Rotten Tomatoes ကိုလည်း နည်းနည်းပဲယုံပြီး Metacritic ကို ပိုယုံတယ်ဆိုတော့ IMDb – 8.3/10, RT – 99% , Meta – 100% ရထားတဲ့ ကိန်းရဲ့ Rating အခြေအနေက လက်ခံချင်စရာတော့ကောင်းတယ်။ တချို့ကတော့ လက်ရှိခေတ်ရုပ်ရှင်တွေကို ဖြတ်သန်းပြီးမှ ကိန်းကို ပြန်ကြည့်မယ်ဆိုရင် ကောင်းတော့ကောင်းပေမဲ့ ဒီဘွဲ့ကြီးကတော့ မဟုတ်သေးပါဘူးကွာလို့ ပြောကောင်းပြောလိမ့်မယ်။ ကျွန်တော်တို့ ထည့်စဉ်းစားရမယ့်အချက်က ကိန်းဟာ ၁၉၄၁တုန်းက ရုပ်ရှင်ဆိုတာပါပဲ။ သူ့မှာသုံးခဲ့တဲ့ အရင်ကမရှိဖူးခဲ့တဲ့ ဆန်းသစ်မှုတွေအကုန် မဆန်းတော့တာတွေ ဖြစ်ကုန်ပါပြီ။ ရယ်ရတာကတော့ အဲဒီလိုမဆန်းတော့တာတောင် လူတစ်ယောက်အကြောင်း ဒီလိုပုံဖော်ထားတဲ့ထဲ ကိန်းလောက် အရသာရှိတဲ့ပုံစံမျိုး ကျွန်တော်တော့ မကြည့်ဖူးဘူး။ ( II ) သူ့မှာ သုံးထားတဲ့ Storytelling စတိုင်ကလည်း သူ့ခေတ်အနေနဲ့ဆို ဆန်းသစ်မှုတစ်ခုဖြစ်နေသလို ကျွန်တော်ကြည့်ဖူးသလောက်ထဲလည်း ဒီလောက်သပ်ရပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဟန်မျိုးတော့ မတွေ့ဖူးဘူး။ ပြောရရင် သူ့ဇာတ်ကောင်က ဂတ်စ်ဘီ၊ ဂျော်ဒန်ဘဲဖို့ဒ်နဲ့ ဟောင်းဝတ်ဟုဒ်ကို ပေါင်းထားသလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီကားတွေကိုရိုက်ခဲ့တဲ့ဆရာကြီးတွေရဲ့ Storytelling စတိုင်တောင် ဒီလောက်သပ်ရပ်နေတာမျိုးတော့ မဟုတ်ခဲ့ဘူး။ သူ့ခေတ်သူ့အခါမှာ ဆန်းသစ်ခဲ့သလို အခုထိလည်း ခေတ်မီနေသေးတဲ့ ကိန်းရဲ့ Storytelling စတိုင်ဟာ ဒီရုပ်ရှင်ကို အစ ၅မိနစ်လောက်ဖွင့်လိုက်တာနဲ့ အဆုံးထိကို အရှိန်တင်ပေးနိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ စီနီမာတိုဂရပ်ဖာဖြစ်တဲ့ Gregg Toland ရဲ့ စီနီမာတိုကလည်း အဲဒီခေတ်အနေနဲ့ ထူးခြားခဲ့သလို တည်းဖြတ်ပိုင်းကလည်း အပြစ်ပြောစရာမရှိအောင် သေသပ်ခဲ့တယ်။ နှုတ်ခမ်းမွှေးသစ်ပင်ကြီးလို မထော်မနန်းတွေလည်း ကင်းတယ်။ ( III ) ဒီဇာတ်လမ်းဟာ အမေရိကရဲ့ ကူဘလိုင်ခန်လို့ နာမည်ကျော်တဲ့ သတင်းစာလုပ်ငန်းပိုင်ရှင် ရွှေတွင်းသူဌေးကြီး ချားလ်ဖော်စတာကိန်း သေပြီးနောက်မှာ အစပြုခဲ့တယ်။ သူသေခါနီး သူနောက်ဆုံးပြောသွားတဲ့စကားကတော့ “ရို့စ်ဘတ်”တဲ့။ နာမည်တစ်ခုလို့တော့ထင်ရပေမဲ့ ဒီနာမည်ပိုင်ရှင်က ဘယ်သူလဲ၊ ဒီနာမည်က ဘာလဲဆိုတာကို ဘယ်သူမှမသိခဲ့ကြဘူး။ ဒါပေမဲ့ လုပ်သမျှအကုန် သတင်းစာခေါင်းစီးမှာပါနေတဲ့ ကိန်းကိုယ်တိုင် နောက်ဆုံးပြောသွားတဲ့စကားဆိုတော့ ဒါကသတင်းဖြစ်ဖို့လုံလောက်ခဲ့တယ်။ ( IV ) ကိန်းဟာ ကမ္ဘာပေါ်မှာ ဆဠမအချမ်းသာဆုံးသူဌေးဖြစ်ခဲ့သလို တစ်နှစ်ကို အဲဒီခေတ်တန်ကြေး ဒေါ်လာတစ်သန်းရှုံးနေတဲ့ သတင်းစာတိုက်ကို နှစ်ပေါင်းများစွာ ဦးစီးခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ လုပ်ငန်းပေါင်းများစွာပိုင်တဲ့ ခရိုနီတစ်ယောက်ဖြစ်ခဲ့သလို အလုပ်သမားလူတန်းစားဘက်က ရပ်တည်သူလည်းဖြစ်ခဲ့တယ်။ နိုင်ငံရေးသမားတွေကို ရှုံ့ချခဲ့သူဖြစ်သလို နိုင်ငံရေးသမားလုပ်ခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ ကိန်းဟာ လူအားလုံးကို ရက်ရက်ရောရော ပေးနေကမ်းနေတဲ့လူဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ ဘာမှမပေးခဲ့တဲ့သူလည်း ဟုတ်ခဲ့တယ်။ ကိန်းဟာ အများအကျိုးကြည့်သူဖြစ်ခဲ့သလို အတ္တကြီးလွန်းသူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ စစ်ကိုဆန့်ကျင်ခဲ့သလို စစ်ကိုလည်း အားပေးခဲ့တယ်။ ကိန်းဟာ သူချစ်တဲ့မိန်းမအတွက် အားလုံးကိုစွန့်လွှတ်ခဲ့ပြီး အော်ပရာဇာတ်ရုံကြီးဆောက်ပေးခဲ့သူဖြစ်သလို ကိန်းဟာ ဘယ်သူ့ကိုမှ မချစ်ခဲ့သူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ အားလုံးကိုလုပ်ခဲ့သလို ဘာကိုမှမပြီးမြောက်ခဲ့သူလည်းဟုတ်တယ်။ ကိန်းဟာ အားလုံးရဲ့အချစ်ကိုရခဲ့သလို အားလုံးရဲ့အမုန်းကိုလည်းရခဲ့တယ်။ ကိန်းဟာ အမှန်ဘက်က ရပ်တည်ချင်သူဖြစ်ခဲ့သလို အမှားတွေကို လုပ်နေသူလည်း ဖြစ်ခဲ့တယ်။ ကိန်းဟာ အရာအားလုံးကို ပိုင်ဆိုင်ခဲ့ရသူဖြစ်ခဲ့သလို အရာအားလုံးကို ဆုံးရှုံးသူလည်းဖြစ်ခဲ့တယ်။ ဒီလိုလူရဲ့သမိုင်းကို ခြေရာပြန်ကောက်ဖို့ ဖြစ်လာတဲ့ သတင်းသမားတွေဟာ “ရို့စ်ဘတ်”ဆိုတဲ့ နာမည်ရဲ့ ဇစ်မြစ်ကိုရှာခဲ့ကြတယ်။ ( V ) သွမ်ဆန်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ကိန်းနဲ့ပတ်သက်တဲ့လူတွ...

Ghost House (2017) ⭐IMDB: 4.7/10 (5 k Votes) 🎬 #Horror #Thriller #Mystery 🗓 2017 🎞 movie 🌎 #Thailand #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင် ကားဟာ ထိုင်းနိုင်ငံတွင် ရိုက်ကူးထားတာ ဖြစ်ပြီး ယုံကြည်မှု တစ်ခုကို အခြေခံထားတဲ့ ကြောက်မက်ဖွယ်ရာ ကျိန်စာသင့် အိမ်တွေ အကြောင်းဖြစ်ပါတယ် ဒါနဲ့ သက်ဆိုင်တဲ့ အနေအထား ပြောရရင် ကျနော်တို့ မြန်မာနိုင်ငံမှာ သစ်ပင်တွေ အိမ်တွေမှာ နတ်စင်တွေ ထားရှိပြီး ယုံကြည်စွာ ကိုးကွယ်ကြပါတယ် ထိုင်းတွေမှာလဲ နတ်စင်တွေ ရှိပါတယ် ဒါပေမယ့် သူတို့ကတော့ နတ်စင် လို့ မသုံးနှုန်းပါဘူး သေတဲ့သူတွေ ခိုကိုးရာ ရဖို့ ဝိဉာဉ်အိမ် (Ghost House) တွေလို့ သုံးနှုန်းတာကို အခုမှ ကျနော်လဲ သေချာသိပါတယ် ထိုင်းနိုင်ငံရဲ့ Shopping Mall တစ်ချို့မှာ ဆိုလျင် ထိုမြေပိုင်ရှင်များကို နတ်ကွန်း (Ghost House ) များဖြင့် အမွှေးတိုင် ပူဇော် ဆီမီးပူဇော် အစားအသောက်များ ကပ်ရုံ မကပဲ သူတို့ ကြိုက်နှစ်သက်သော ရှေးဟောင်း ထိုင်းသီချင်းများကိုပါ ဖွင့်ပေးထားရသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရဖူးပါတယ် ထို (Ghost House ) များအတွင်းတွင်လဲ ပုံတူ ရုပ်ထုများကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါတယ်။ သေချာ တွေးရင်တော့ သရဲမွေးထားတယ်လို့ စဉ်းစားမိပြီး ကျောချမ်းမိပါသေးတယ် 😀 အခု တင်ပေးတဲ့ Ghost House ဆိုတဲ့ Horror ရုပ်ရှင်ကတော့ 2017 တွင် ထွက်ရှိထားတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ Ghost House ကျိန်စာကို သေချာ ရှင်းပြထားတဲ့ ရုပ်ရှင်ကားလို မြင်မိပါတယ် Review လေးကိုတော့ သေချာဖတ်ပြီးမှ ရုပ်ရှင်ကိုကြည့်ပါနော် ============================================== ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ ချစ်သူနှစ်ဦး ဂျင်မ် နှင့် ဂျူလီယာ တို့ဟာ ဂိုဂို လို့ ခေါ်တဲ့ ဧည့်လမ်းညွှန်လေး နှင့်သိကျွမ်းကာ ဟိုတယ် တစ်ခုမှာ တည်းခိုရင်း ထိုင်းနိုင်ငံရဲ့ လှပတဲ့ ရှုခင်းများ ရိုးရာ ဓလေ့များကို လေ့လာခဲ့ကြပါတယ်… ဂျင်မ် ကတော့ ဂျူလီယာ ကို အရိပ်တကြည့်ကြည့်ဖြင့် ချစ်မြတ်နိုးသူ ဖြစ်ပြီး ချစ်သူ ဂျူလီယာ ကတော့ ဒီခရီးစဉ်ကို စိတ်လှုပ်ရှားပျော်ရွှင်နေပြီး ကင်မရာ တစ်လုံးဖြင့် ကောင်းကောင်းအလုပ်ရှုပ်နေခဲ့ပါတယ်…. တစ်နေ့မှာတော့ ကော်ဖီဆိုင်တစ်ခုတွင် ဂျင်မ် မှ ဂျူလီယာ ကို စေ့စပ်လက်စွပ် ပေး၍ လက်ထပ်ခွင့် တောင်းခဲ့ပါသည် ပျော်ရွှင်နေသော ချစ်သူနှစ်ဦး ဟိုတယ် သို့ အပြန် သူတို့ တည်းခိုနေသည့် ဟိုတယ်တွင် ဗြိတိန် နိုင်ငံသား ၂ ယောက်ဖြင့် သိကျွမ်းကာ မိတ်ဆွေ တွေဖြစ်သွားကြပါတယ် ထိုနှစ်ယောက်မှာ ရောဘတ် နှင့် ရီနို ဖြစ်ပြီး ထိုကဲ့သို့ လက်ထပ်ခွင့်ရရှိတဲ့ အတွက် ဂုဏ်ယူကြောင်း ဒီ တစ်ညတော့ သူတို့ ၂ ဦး ဒကာခံမည်ဟု ဆိုကာ ဂျင်မ် နှင့် ဂျူလီယာ တို့အား Night Out ခေါ်သွားပြီး စကားစပ်မိ၍ ဂျူလီယာ ဓါတ်ပုံရိုက်ကူးရန် နတ်စင် များစွာ ရှိကြောင်း အမှတ်တရ ဖြစ်စေရန် လိုက်ပို့မည်ဖြစ်ကြောင်း ပြောကာ ထို့ညမှာပင် တောအုပ်တစ်ခု အတွင်း စွန့်ပစ်ထားသော နတ်စင်များ ရှိရာသို့ စတင် ထွက်ခွာခဲ့ပါတော့တယ်… ထိုခရီးစဉ်သည် ဂျူလီယာ အတွက် အထူးအဆန်းများစွာ တွေ့ရမည်လား ထိတ်လန့်တုန်လှုပ်စရာများ ကြုံရမည်လား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါကြပါရန်
...

The Devil's Game (2008) ⭐TMDB: 58% User Score 🎬 #Drama #Fantasy #Thriller 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 57 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Devil’s Game (2008) ************************** ဒီကားလေးမှာတော့ မကြာခင်ကမှပြသသွားတဲ့ The Auditors ကားထဲက မင်းသားကြီး Shin Ha KyunByun Hee Bong နဲ့ Lee Hye Yeong တို့လို ဝါရင့်သရုပ်ဆောင်များ အဓိပါဝင်ထားပါတယ် .. Hee Do ဆိုတဲ့လူက အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ ပုံတူဆွဲပန်းချီဆရာတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ သူ့ဆီကို prank call လိုလိုဖုန်းတစ်ခုဝင်လာပါတယ် .. နောက်တစ်နေ့မှာ မိန်းမတစ်ဦးရောက်လာပြီး သူမဟာ prank call ခေါ်တဲ့သူရဲ့ဇနီးဖြစ်တယ်လို့ဆိုကာ HeeDo ကို ခဏလိုက်ခဲ့ဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်… အဲဒီကိုရောက်တဲ့အခါ prank call ခေါ်တာက အဘိုးကြီးတစ်ဦးဖြစ်နေပြီး HeeDo ကို ဂိမ်းတစ်ခုကစားဖို့ ကမ်းလှမ်းပါတော့တယ် .. HeeDo နိုင်ရင်ဝမ် ၃သန်းရမှာဖြစ်ပြီး ရှူံးသွားရင်တော့ သူ့ရဲ့ခန္ဓာကိုယ်ကိုပေးဆပ်ရမှာပါ… အကြွေးနစ်နေတဲ့ HeeDo တစ်ယောက်ဂိမ်းကိုလက်ခံပြီး နိုင်မလား ရှူံးမလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ
...

Amigos Sem Compromisso (2024) ⭐IMDB: 6.4/10 (19 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #Brazil ⏰ 1 နာရီ 47 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ကိုကြောက်လို့ ချစ်သူမထားရဲတော့ဘဲ သူငယ်ချင်းလေးတွေနဲ့ပဲ အဆင့်လေးတွေတက်တဲ့သူတွေကိုမြင်ဖူးကြားဖူးကြမှာပါ။သူတို့ကိုတော့ ဒီဇာတ်ကားနာမည်အတိုင်း Amigos Sem Compromisso လို့ခေါ်ကြပြီး အင်္ဂလိပ်လိုဆိုရင်တော့ Friends With Benefits လို့ခေါ်ကြပါတယ်။ ဒီဇာတ်ကားလေးကအဲ့လို အချစ်ကိုကြောက်နေကြတဲ့လူနှစ်ယောက် အခွင့်အရေးလေးတွေရတဲ့သူငယ်ချင်းအဆင့်ကနေ အဲ့လိုနေလာတာကြာလာပြီး ဘယ်လိုပြောင်းလဲမှုတွေနဲ့ကြုံလာရမယ်ဆိုတာကိုဒရာမာအပြည့်နဲ့ရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။ ဂျူလီယာနဲ့ဒန်နီရယ်တို့နှစ်ယောက်က မတူညီတဲ့မြို့တွေမှာနေကြသူတွေ ဆိုပေမဲ့ သူတို့နှစ်ယောက်လုံးရည်းစားတွေနဲ့ပြတ်တဲ့အချိန်တွေကတော့ အတူတူလောက်ပါပဲ။ဒီလိုနဲ့နှစ်ယောက်လုံးအတည်ပေါက်ရည်းစားထားရတဲ့ အချစ်ကိုကြောက်နေကြပြီး အဲ့လိုဆက်ဆံရေးမျိုးထပ်မထားဖို့ဆုံးဖြတ် လိုက်ကြပါတော့တယ်။ ကံကြမ္မာရဲ့ဆုံစည်းပေးမှုကြောင့်ဒန်နီရယ်ကအလုပ်ကိစ္စနဲ့ဂျူလီယာတို့ရှိရာ မြို့ကိုရောက်လာပြီး အသည်းကွဲသူအချင်းချင်းအရမ်းရင်းနှီးသွားကြ ပါတော့တယ်။ဒါပေမယ့်လူဆိုတာအသွေးအသားလိုအင်ဆန္ဒရှိတာဖြစ်တဲ့အတွက် နှစ်ယောက်လုံးလိင်ကိစ္စပဲလုပ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲနေကြဖို့ သဘောတူလိုက်ပါတော့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်တစ်ယောက်ဆန္ဒတစ်ယောက်ဖြည့်ဆည်းပေးရင်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပေမဲ့ အချိန်တွေကြာလာတဲ့အခါမှာ ဒီလိုတစ်သက်လုံးနေသွားလို့မဖြစ်ဘူးဆိုတာကိုသိလာကြတဲ့အခါမှာတော့ မြန်မာကားဆန်ဆန်လေးကို နိုင်ငံခြား Vibe လေးတွေနဲ့ကြည့်ရှုရမဲ့ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Stree (2018) ⭐IMDB: 7.5/10 (42 k Votes) 🎬 #Bollywood #Comedy #Horror #Romance 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ဇာတ်လမ်းအကျဉ်း” “အိုဆတ္ထရီ(မိန်းကလေး) မနက်ဖြန်မှ လာခဲ့ပါ ” တဲ့။မြို့ထဲက အိမ်တိုင်း အိမ်အပြင်မှာ ရေးထားတဲ့ စာ။ပွဲတော်ရက်ဆိုရင် သရဲမလေး ယောကျ်ားရှာထွက်တယ်။တမြို့လုံးမှာ ရှိရှိသမျှ ယောကျ်ားလေးတွေအားလုံး သတိ! ဒီလို အယူသည်းတာတွေကိုမယုံတဲ့သူ တစ်ယောက်ရှိတယ်။ ဗစ်ကီတဲ့။ ဗစ်ကီဟာ အပ်ချုပ်သမား တစ်ယောက်ပါ။တနေ့မှာတော့ သူ ပွဲတော်ရက်အတွင်းမိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။မြင်မြင်ချင်း ချစ်မိသွားသလို မိန်းကလေးကလည်းလက်ရဲဇက်ရဲနိုင်လှပါတယ်။ သရဲ မယုံတဲ့ ဗစ်ကီဟာ….နာမည်လည်း သိခွင့်မရှိတဲ့ မိန်းကလေးကို…တမ်းတမ်းစွဲ ဖြစ်သွားခဲ့ပါတယ်။ ပွဲတော် ဒုတိယညမှာမိန်းမလှလေးဟာ ဗစ်ကီကို တောထဲ ခေါ်ပြီးတနေရာရာမှာ ထိုင်စကားပြောစဉ်မှာတော့….မိန်းမလှလေးဟာ မျက်စိရှေ့တင် ပျောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန် ဗစ်ကီကို လိုက်ရှာနေတဲ့သူငယ်ချင်း နှစ်ယောက်လည်း ကံဆိုးခဲ့ရပါတယ်။ သရဲမလေးနဲ့… ဗစ်ကီတို့ ….ဘယ်လို ဆက်နွယ်နေကြမလဲ?ဗစ်ကီ ချစ်မိနေတဲ့ မိန်းမလှလေးကသရဲမလေးလား?ဘာဖြစ်လို့ အောက်လမ်းပစ္စည်းတွေ ရှာခိုင်းတာလဲ?ဆတ္ထရီ သရဲမကို ဘယ်လို ဖြေရှင်းကြမလဲ?စသဖြင့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ Comedy, Horror ကားလေးဖြစ်တာမို့ရယ်စရာတွေ ကြောက်စရာတွေနဲ့ ပြည့်နှက်နေမှာပါ။IMDb Rating – 7.5 /10 ထိ ရရှိထားတာမို့ လက်မလွတ်သင့်တဲ့ ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)
...

Stree 2 (2024) ⭐IMDB: 7.6/10 (24 k Votes) 🎬 #Bollywood #Comedy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stree 2 (2024) “ဆတ္ထရီ ၂” imdb 7.6/24k တချို့သော ဝင်ငွေကောင်းတဲ့ နာမည်ကြီးရုံတင်ကားတွေထက်ကိုရုံတင်ဝင်ငွေသောက်သောက်လဲရပြီး အောင်ပွဲခံခဲ့တဲ့မင်းသမီးချောလေး Shraddha Kapoorရဲ့ ရုံတင်ကားကြီးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ၂၀၁၈ကထွက်ခဲ့တဲ့ Stree (2018)ရဲ့ အဆက်ပေါ့။ “အို ဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ”လို့ ချန်ဒေရီမြို့ကအိမ်တိုင်းရဲ့ရှေ့မှာ စာရေးထားရလောက်တဲ့ထိ သောင်းကျန်းခဲ့တဲ့ သရဲမလေး။ ညဘက်ကြီး အပြင်ထွက်တဲ့ ယောကျ်ားသားတွေနောက်ပြန်လှည့်ကြည့်တဲ့အခါ ဖမ်းစားတတ်တဲ့သရဲမလေး။အပ်ချုပ်သမားလေး ဗစ်ကီချစ်ခဲ့ရတဲ့သရဲမလေး။ ဒီရုပ်ရှင်မှာတော့ ပထမကားအပြီး နှစ်အနည်းငယ်အကြာနဲ့ ဆက်ပါတယ်။ပျောက်ကွယ်သွားတဲ့ ဆတ္ထရီကိုပဲ မေ့ပျောက်မရသူမောင်ဗစ်ကီတစ်ယောက် လွမ်းဆွတ်မှုနဲ့အတူ တမ်းတနေရချိန်။ ဘယ်ကမှန်းမသိတဲ့ စာတစ်စောင်ရောက်လာတာက “သူ ပြန်လာပြီ”တဲ့။ဘာမှ အဓိပ္ပါယ်သိပ်မရှိတာမို့ ဗစ်ကီတစ်ယောက်မေ့မေ့ပျောက်ပျောက်နဲ့နေရင်းက ဇာတ်အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Saripodhaa Sanivaaram (2024) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Action #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 52 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saripodhaa Sanivaaram (2024)“စနေကောင်” IMDB 7.6တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့တေလဂူးအက်ရှင်ကားအသစ်စက်စက်ကိုအမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ် ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီးရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ“ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေကဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ် ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်းစိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီးစနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါ ဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာသူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီးသူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့…… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Sister Emanuelle (1977) ⭐TMDB: 52% User Score 🎬 #Adult #Drama #Crime #Horror 🗓 1977 🎞 movie 🌎 #Italy ⏰ 1 နာရီ 35 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားမှာတော့  Laura Gemser ကိုအတိတ်ကအပြစ်တွေဆေးကြောဖို့ကြိုးစားနေတဲ့ သီလရှင်မလေး အဖြစ်တွေ့မြင်ကြရမှာပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ကျောင်းကို ဖခင်ကိုယ်တိုင်က မနိုင်လို့ ပို့လွှတ်လိုက်ရတဲ့ ခပ်ပျံပျံခပ်နံ့နံ့ဆယ်ကျော်သက်မလေး မိုနီကာ ရောက်ရှိလာတဲ့အချိန်မှာတော့ Emanuelle တစ်ယောက်အတိတ်ရဲ့အရိပ်တွေရဲ့ခြောက်လှန့်မှုကိုပြန်လည်ခံစားရပါတော့တယ်။မိုနီကာဟာ ဖခင်မနိုင်လောက်အောင် တကယ်လည်းပြဿနာရှာမွှေနှောက်လွန်းသူဖြစ်ပြီး လူသတ်မှုမုဒိမ်းမှုတွေနဲ့ပြေးနေရတဲ့၀ရမ်းပြေးတစ်ယောက်ကိုပါ ကယ်ဆင်ပြီး သီလရှင်ကျောင်းတဲ့ခေါ်သွင်းလာချိန်မှာတော့ဒီပြဿနာတွေအားလုံးကို Emanuelle  တစ်ယောက်ရင်ဆိုင်ဖြေရှင်းရတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Confessions of a Teenage Drama Queen (2004) ⭐TMDB: 56% User Score 🎬 #Comedy #Drama #Family #Music #Romance 🗓 2004 🎞 movie 🌎 #Germany #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Confession of a teenage drama queen——————————————လိုလာလိုခေါ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က အရမ်းကို စိတ်ကူးယဉ်တတ်သူပါ။ အဲဒါမလို သူ့အမေကိုယ်တိုင်ကိုက သူ့ကိုဒရာမာဘုရင်မလိုသတ်မှတ်ထားတာပါ။ ဘယ်လောက်အထိစိတ်ကူးယဉ်တတ်လဲဆိုရင် သူ့နာမည်ကိုတောင်မေရီဆိုပြီး ယောင်လည်လည်ဖြစ်နေတတ်သူပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့အကြိုက်ဆုံးအဆိုတော်ရှိတဲ့ တီးဝိုင်းက ဖျက်သိမ်းဖိုလုပ်လာတဲ့အခါမှတော့ လိုလာဟာဆိုရင်… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Paluwagan (2024) ⭐IMDB: 6.9/10 (29 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 4 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြို့နဲ့အလှမ်းကွာတဲ့ဒေသတစ်ခုရဲ့တောင်တန်းတွေပေါ်မှာ ရွာတစ်ရွာရှိပြီး အဲ့ဒီရွာကအမျိုးသားတွေ အများစုဟာ အနီးအပါးကမြို့နယ်တစ်ခုမှာအကောင်အထည်ဖော်နေတဲ့မြို့တော်ဝန်ရဲ့ဆောက်လုပ်ရေးတစ်ခုမှာ အလုပ်သွားလုပ်နေကြပြီး တစ်ပတ်ကိုတစ်ခါသာ သူတို့ဇနီးမယားတွေဆီပြန်လာလေ့ရှိပါတယ်။အမျိုးသမီးတွေချည်း ကျန်ခဲ့တဲ့ သူတို့ရွာကိုတော့ မာရီတပ်စ်ဆိုတဲ့ ရေမျောကမ်းတင်အမျိုးသမီးတစ်ယောက်ရောက်လာပြီး သူတို့ကို ပါလူဝါဂန် ဆိုတဲ့ ဓလေ့တစ်ခုနဲ့မိတ်ဆက်လာပါတယ်။အဲ့ဒီဓလေ့အရ အမျိုးသမီးတွေဟာ တစ်ဦးကိုတစ်ရာစီအပတ်စဉ်ငွေထည့်ဝင်ရပြီး အလှည့်ကျမဲပေါက်တဲ့သူ ငွေတစ်ထောင်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယောက်ျားသားတွေနဲ့ကင်းကွာနေတဲ့ အမျိုးသမီးတွေရဲ့အဓိက လိုအပ်ချက်ကိုသိသွားတဲ့ မာရီတပ်စ်ဟာ ဆုကြေးအဖြစ် ဟက်တာ ဆိုတဲ့ ထန်မြန်သန်မာတဲ့ ကောင်လေးတစ်ယောက်ကိုမိတ်ဆက်ခေါ်ယူလာတဲ့အချိန်မှာတော့..။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Unruly (2022) ⭐IMDB: 7.2/10 (761 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Denmark ⏰ 2 နာရီ 9 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unruly (or) Ustyrlig (2023) IMDb Rating (7.2) ဒီကားလေးကတော့ ဒိန်းမတ်နိုင်ငံရဲ့ ၁၉၃၃ခုနှစ်လွန်ကာလက စပရော့ဒ်ကျွန်းပေါ်က ဖိနှိပ်ခံခဲ့ရတဲ့အမျိုးသမီးငယ်လေးများအကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးထားပြီး IMDB 7.2ရရှိထားပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ ၁၉၃၃ခုနှစ်လွန်ကာလတွေမှာ အမျိုးသမီးအပေါ် မကောင်းတဲ့အမြင်တစ်မျိုးရှိခဲ့ကြပါတယ်။ အသက်၁၇နှစ်အရွယ်ရှိတဲ့ မာရန်ကတော့ အရိုင်းဆန်ပြီး လွတ်လပ်တဲ့သဘောရှိတဲ့သူဖြစ်တာကြောင့် ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်တဲ့သူတစ်ယောက်ပါ။ အဲဒီလိုနဲ့ကြာလာတဲ့အခါမှာ မာရန်ဟာ စိတ်မမှန်တဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး ထိန်းကျောင်းသွန်သင်နိုင်ဖို့အတွက် စပရော့ဒ်ကျွန်းမှာရှိတဲ့ အမျိုးသမီးများခိုလှုံရာဂေဟာကို အပို့ခံလိုက်ရပါတယ်။ အဲဒီစပရော့ဒ်ကျွန်းပေါ်မှာလည်း မာရန့်လို အမျိုးသမီးငယ်လေးပေါင်းများစွာ ရှိနေပါတယ်။ နဂိုကတည်းကမှ ချုပ်ချယ်ခံရတာကို မကြိုက်တဲ့မာရန်က ဂေဟာကနေ ထွက်ပြေးလွတ်မြောက်နိုင်မလား ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် သင်ယူနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kar Lotte ပဲဖြစ်ပါတယ်)
...

Throuple (2024) ⭐IMDB: 5.6/10 (17 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 11 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုနောက်ပိုင်းလူပြောများလာတဲ့ ခေတ်ပေါ် Relationship ပုံစံတစ်မျိုးဖြစ်တဲ့ Throuple ကိုအခြေခံထားတဲ့နောက်ထပ်ဇာတ်ကားတစ်ကားပါ။ ယဆေးနဲ့ဟန်နာဆိုတဲ့ မိန်းကလေးနှစ်ယောက်၊ပြီးတော့ ဟွမ်ချိုဆိုတဲ့ကောင်လေးတို့ဟာ သုံးယောက်တစ်တွဲပေါင်းသင်းနေထိုင်တဲ့ချစ်သူတွေပါ။တစ်နေ့မှာတော့ သုံးယောက်ထဲက တစ်ယောက်ကိုမတော်တဆဆုံးရှုံးလိုက်ရတဲ့အခါ ကျန်ရစ်သူနှစ်ယောက်ဟာMove on လုပ်ဖို့ ခံစားချက်တွေနဲ့ရင်ဆိုင်ဖို့ အစရှိတဲ့ပြဿနာတွေနဲ့အတူ စိန်ခေါ်မှုအသစ်တွေကိုကြိုးစားရုန်းကန်ရပါတော့တယ်။Sahara Bernales နဲ့  Audrey Avila တို့အပြင်  Arah Alonzo ဆိုတဲ့မင်းသမီးအသစ်လေးကို Main Role နေရာကနေ ပွဲထုတ်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Dragon Wars: D-War (2007) ⭐TMDB: 46% User Score 🎬 #Action #Drama #Fantasy #Thriller #Horror #ScienceFiction 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dragon Wars============King Kong တို့ Gozilla တို့ ကြိုက်တဲ့ သူတွေအဖို့ ဒီနဂါးကားကလည်း အကြိုက်တွေ့စေမယ့်ကားထဲပါပါတယ် ကိုရီးယားတွေရဲ့ ဒဏ္ဍာရီအရ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်နဲ့ချီက အသက်ရှင်ခဲ့တဲ့ နဂါးမျိုးဆက်ဟာ ကမ္ဘာကိုပြန်ပြီးကြီးစိုးမယ်လို ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒဏ္ဍာရီအရ အီမူဂီလိုခေါ်တဲ့ မျိုးရိုးမြင့်မွေတစ်ကောင်ဟာ လူမိန်းမတစ်ယောက်ရဲ့ ကိုယ်ထဲက ဝိညာဉ်အစွမ်းကိုစုပ်ယူပြီး စကြဝဠာနဂါးအဖြစ်အသွင်ပြောင်းဖို အဲဒီအမျိုးသမီးကို မြေလှန်ရှာဖွေတဲ့အခါမှာတော့…. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

City Of Fathers (2009) ⭐TMDB: 55% User Score 🎬 #Action #Drama #Life 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 City Of Fathers (2009) ************************ ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action scene တွေအများကြီးနဲ့ ဖခင်မေတ္တာကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်‌တွေအနေနဲ့လည်း ဂင်ဂန်ဆူအဖြစ် မင်းသားကြီး Ko Chang-seok၊ သူဌေးဂျိုထယ်ဆော့အဖြစ် မင်းသားကြီး Kim Young-ho နဲ့ သားလေး ဂျုံချောလ်အဖြစ် မင်းသား Yoo Seung-ho နဲ့အတူ တခြားဝါရင့်သရုပ်ဆောင်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- အရက်အမြဲသောက်ပြီး လောင်းကစားလုပ်တတ်လို့ ငွေတိုးချေးစားသူတွေဆီကနေ ထွက်ပြေးနေရတဲ့ ဂင်ဂန်ဆူဟာ အရမ်းသွေးဆိုးပြီး ရုန့်ရင်းကြမ်းတမ်းတဲ့သူ တစ်ယောက်ဖြစ်သလို သားလေးဂျုံချောလ်အပေါ်ကိုလည်း အဖေဆိုပြီး နွေးနွေးထွေးထွေး မရှိတဲ့အပြင် အမြဲ ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်နေတဲ့သူပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ သားဖြစ်သူ ဂျုံချောလ်တစ်ယောက် ကျောက်ကပ်ကင်ဆာနဲ့ အသက်ရှင်ရဖို့ ဘယ်လောက်မှမကျန်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ လူကြမ်းကြီး ဂန်ဆူဟာ ဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာပါတော့တယ်။ ကျောက်ကပ်အစားထိုးခွဲစိတ်မှ အသက်ရှင်နိုင်မယ့် သားလေးအတွက် သူ့ဘဝတစ်လျှောက်လုံး လျှို့ဝှက်လာခဲ့တဲ့ သူ့သားလေးရဲ့ တကယ့် အဖေအရင်းကို လိုက်ရှာပြီး ကျောက်ကပ်အစားထိုးပေးဖို့ သွားတောင်းဆိုခဲ့တဲ့အခါမှာတော့…. ဒုစရိုက်လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ဦးစီးလုပ်ဆောင်ရင်း မိသားစုဆိုတဲ့အရာကို လုံးဝမထူထောင်ချင်တဲ့ သူဌေးဂျိုထယ်ဆော့တစ်ယောက် ရုတ်တရက်ပေါ်လာတဲ့ သူ့သားဆိုတာကို လက်ခံပေးနိုင်ပါ့မလား။ ဂျုံချောလ်အတွက် ကျောက်ကပ်ကိုရော အသာတကြည် ထုတ်ပေးနိုင်ပါ့မလား။ ကြားထဲမှာရော ဘယ်လိုအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။)
...

Along Came Polly (2004) ⭐TMDB: 60% User Score 🎬 #Comedy #Romance 🗓 2004 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ Boomers ခေတ်က နာမည်ကြီးသရုပဆောင်တွေဖြစ်တဲ့ Ben Stiller, Jennifer Aniston, Debra Messing နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသမင်းသားကြီး Philip Hoffman တိုက ပါဝင်သရုပဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးမင်းသား Kevin Hart တိုရဲ့ ရုပ်ရှင်လောကကို စတင်ဝင်ရောက်တဲ့ နောက်ခံသမားဘဝကိုလည်း ဒီဇာတ်လမ်းထဲမှာလည်း စတင်တွ့ရမှာဖြစ်ပါတယ်။ ဘန်လိုခေါ်တဲ့ Risk Analyst တစ်ယောက်ဟာ သမားရိုးကျအမျိုးသားတစ်ဦးလိုပဲ အသက်အရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုပြီး အခြေချနေထိုင်ချင်သူတစ်ယောက်ပါ။ သူ့ရဲ့တောင်းဆုအတိုင်း မင်္ဂလာဆောင်နိုင်ခဲ့ပေမယ့်လည်း ဟန်းနီမွန်း သူ့အမျိုးသမီးက နောက်အမျိုးသားတစယောက်ဖောက်ပြန်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘန်ရဲ့အိမ်ထောင်ရေးဘဝဟာ ထင်ထားသလိုဖြစ်မလာခဲ့ပဲ သူ့ရဲ့တစ်ကိုယတော်ဘဝကိုရှေ့ဆက်နိုင်အောင် ဘယ်လိုလုပ်လဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

My Perfectt Husband (2024) ⭐IMDB: 5.9/10 (158 Votes) 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #India ⏰ 28 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Perfectt Husband (2024) “ခင်ပွန်းကောင်း”IMDb – 5.9/10 Disney+ Hotstarကနေ အပိုင်းရှစ်ပိုင်းနဲ့ထုတ်လွှင့်ခဲ့တဲ့မိသားစုဒရာမာစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘာရသီဆိုတာ သားတွေသမီးတွေနဲ့ ပျော်ရွှင်တဲ့မိသားစုကိုပိုင်ဆိုင်ထားတဲ့ ကျောင်းဆရာတစ်ယောက်။မိန်းမဖြစ်သူ ဆာရက်စ်ကိုယ်တိုင်က သူ့ခင်ပွန်း ဘာရသီကို သူကိုယ်တိုင် နောက်မိန်းမပေးစားတောင်ယူမှာမဟုတ်ဘူးလို့ တထစ်ချယုံကြည်ရတဲ့ထိ ဇနီးသည်အပေါ်မှာ ချစ်ပေးနိုင်သူကြီး။တစ်ရက်မှာတော့ သားဖြစ်သူဗာဆီအတွက် အိမ်ထောင်ဖက်တွေ့ဖို့အသွားမှာ ဘာရသီတစ်ယောက်ကျောင်းကိစ္စနဲ့မအားလို့ မလိုက်ဖြစ်ခဲ့ပါဘူး။ ဇနီးသည်နဲ့ သားသမီးတွေပြန်လာချိန် တစ်ဖက်မိသားစုအကြောင်းပြောကြရာကအစသားဖြစ်သူရဲ့ သတို့သမီးလောင်းအမေနာမည်ကလည်း ဘာရသီပဲဖြစ်နေပြီး အတိတ်ကကိစ္စလေးတွေပေါ်လာချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

How to Die Alone (2024) ⭐IMDB: 6.8/10 (781 Votes) 🎬 #Comedy 🗓 2024 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 29 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝကိုရေလိုက်ငါးလိုက်နေနေမိလား အကြောက်တရားနဲ့နေနေရတာလား အထီးကျန်စွာနေနေရလား အဲ့ဒါဆိုရင်တော့ ဒီစီးရီးက ဇာတ်ဆောင်မဲလ်နဲ့ကိုက်ညီသွားပါပြီ။ မဲလ်ဟာလည်း လုပ်သမျှတလွဲတချော်ဖြစ်တတ်ပြီး အထီးကျန်တကိုယ်တည်းသမားပါ။ လေယာဉ်စီးရမှာကိုလည်း မတရားကြောက်သူပေါ့လေ။ တနေ့မှာ သေဘေးကနေ ကပ်သီးလေးလွတ်မြောက်လာခဲ့အခါမှာ ဘဝကိုရှင်သန်ပုံ ပြောင်းလဲဖိုဆုံးဖြတ်ခဲ့ပါတယ်။ မဲလ်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို ဟာသလေးနှောပြီးတင်ဆက်ပေးထားတဲ့ကားလေးမို စိတ်လေးလေးလံလံမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်ရှုနိုင်ပါတယ်
...

Represent (2023) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Comedy 🗓 2023 🎞 tv series 🌎 #France ⏰ 30 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ်ပြည်မှာ ထူးထူးခြားခြား ပထမဆုံးအနေနဲ့ သမ္မတရွေးကောက်ပွဲမှာ လူမဲတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဇကာတင်ကျန်ရစ်တဲ့အခါ (ဟာသဇာတ်နှောစီးရီး) စတက်ဖန့် ဘလဲရ်ဟာ ပြင်သစ်က မြို့ငယ်တစ်ခုရဲ့ အိမ်ရာစီမံကိန်းအောက်က လူငယ်ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှာ လူငယ်ခေါင်းဆောင်အဖြစ် လုပ်ကိုင်နေတဲ့ လူမဲအမျိုးသားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရွေးကောက်ပွဲအစောပိုင်းမဲဆွယ်ကာလမှာ သူတို့မြို့ငယ်လေးရဲ့ မြို့တော်ဝန်ဟာ နောက်တစ်ကျော့ရွေးကောက်ပွဲမှာ မြို့တော်ဝန်ပြန်ဖြစ်ဖို့ မဖြစ်နိုင်တဲ့ကတိတွေပေး၊ လေလုံးထွားပြီး မဲဆွယ်တဲ့အခါမှာတော့ စိတ်ချဉ်ပေါက်လာတဲ့ စတက်ဖန့်ဟာ မီဒီယာတွေ ရိုက်ကူးနေတဲ့အရှေ့မှာပဲ မြို့တော်ဝန်ကို ဘဏ္ဍာငွေဖြောင်ပြီး မြို့က ဘာမှမဖြစ်လာတာတွေကို ချက်ကျလက်ကျ သွားဗျင်းပါတော့တယ်။ ဒီအချိန်မှာ မီဒီယာသတိထားမှုကို ရသွားပြီး နာမည်ကြီးသွားကာ သူ့ကို မဲပေးကြတဲ့ရာခိုင်နှုန်း ၄ ရာခိုင်နှုန်းတောင် ထိုးတက်လာတာကို မဲရေတွက်တဲ့ကုမ္မဏီက ထုတ်ပြန်လိုက်ပါတော့တယ်။ ဒီအချိန်မှာ ၁၅ နှစ်တာ အတွေ့အကြုံရှိတဲ့ မဲဆွယ်ပွဲစီစဉ်သူ ဝီလီယမ်ဆိုတဲ့လူတစ်ယောက်က ရောက်လာပြီး စတက်ဖန့်ကို ပြင်သစ်ပြည်ရဲ့ ပထမဆုံးသော လူမဲသမ္မတဖြစ်အောင် လုပ်ပေးမယ်လို့ ဆွယ်တဲ့အခါမှာ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ စတက်ဖန့်တစ်ယောက် သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့ စတက်ဖန့်အနေနဲ့ ပထမဆုံးလူမဲသမ္မတဖြစ်သွားမလား၊ ဝီလီယမ်ဆိုတဲ့လူကရော သဘောရိုးနဲ့ ချဉ်းကပ်လာတာဖြစ်ပါ့မလား စသဖြင့် ကွဲထွက်နေတဲ့ဇာတ်အိမ်ကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Balamevvadu (2022) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Bollywood #Crime #Drama #Romance 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Balamevvadu 2022 (အာမခံအေးဂျင့်လေးရဲ့ အချစ်ပုံပြင်)IMDb – 7.4/10 ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးကြတဲ့အခါ ဆရာဝန်ဖြစ်ချင်တယ်,အင်ဂျင်နီယာဖြစ်ချင်တယ်လို့ ဖြေတတ်ကြပေမယ့်ဆတ်တယာနာရာယာနာဆိုတဲ့ကောင်လေးရဲ့ အိပ်မက်ကတော့အာမခံအေးဂျင့်တစ်ယောက်ဖြစ်ချင်တာပါတဲ့။ ဘာလို့လဲဆိုတော့ မစွန့်စားရတဲ့အလုပ်မလို့ပါနဲ့လေ။ဒီလိုနဲ့ ဖြစ်ချင်တဲ့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာတော့လူကြီးတွေက သူ့ကို အိမ်ထောင်ဖက်တွေ့ခိုင်းပေမယ့် အဆင်မပြေဖြစ်တာတွေ များခဲ့ပါတယ်။ နောက်တော့ ကောင်မလေးတစ်ယောက်ကို တွေ့သွားပြီးတော့ စွဲလန်းမိသွားရကနေကောင်မလေးရဲ့အချစ်ကို ရအောင်ယူနိုင်လိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားအချစ်ကြီးချစ်ခဲ့ကြပြီးတဲ့နောက်မှာ မျှော်လင့်မထားတဲ့ ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးကကောင်မလေးဆီကို ရောက်ရှိလာခဲ့ပါတယ်။ ကင်ဆာရောဂါသည်ကောင်မလေးနဲ့ အာမခံအေးဂျင့်ကောင်လေးတို့ဘဝကို ဘယ်လိုတွေရှေ့ဆက်သွားမလဲ ……ဒီရောဂါဆိုးကြီးကိုရော အနိုင်တိုက်နိုင်ပါ့မလား ……..ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...