uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Melchior the Apothecary: The Executioner's Daughter (2022) ⭐IMDB: 6.9/10 (179 Votes) 🎬 #Crime #History #Thriller #Drama 🗓 2022 🎞 movie 🌎 #Estonia #Germany #Latvia #Lithuania ⏰ 1 နာရီ 32 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Historical film တွေကို ကြိုက်တတ်တဲ့သူတွေအတွက် Melchior trilogy ထဲက တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Melchior the Apothecary: The Executioner’s Daughter နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အက်စတိုနီယာနိုင်ငံ တာလင်းမြို့က ဆေးဆရာတစ်ယောက်က ရှုပ်ထွေးဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို လိုက်လံဖြေရှင်းတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မယ်လ်ခီအောရဲ့ဇနီးဖြစ်သူ ကက်သလင်းဟာ တောစပ်မှာလူတစ်ယောက် ဓားပြတိုက်‌ခံရတာကို မြင်တွေ့ခဲ့တဲ့အတွက် အာဏာပိုင်တွေကိုအကြောင်းကြားပြီး တိုက်ခိုက်ခံရသူလူငယ်ကို သွားရောက်ကယ်တင်လာခဲ့ပါတယ်။ ဒါပေမဲ့ဒီလူငယ်က တိုက်ခိုက်ခံရမှုကြောင့် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပြီး သူဘယ်သူဆိုတာနဲ့ တာလင်းကိုဘယ်လိုရောက်လာလဲဆိုတာကို မမှတ်မိတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ တာလင်းမြို့ရဲ့ညဘက်တွေမှာ ထူးခြားတာတွေဖြစ်လာတာကို မယ်လ်ခီအောက သတိထားမိခဲ့ပါတယ်။ တစ်ဖက်မှာလည်း တာလင်းမြို့ကဆေးဆရာတစ်ယောက်ဟာ စုန်းတွေနဲ့ဆက်သွယ်ပြီး ဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို ဖြေရှင်းနေတယ်ဆိုတဲ့တိုင်ကြားချက်ကြောင့် ပုပ်ရဟန်းကြီးရဲ့သံတမန်အဖြစ် စုန်း၊ ဒိဋ္ဌိတွေကိုနှိမ်နင်းသူ ဘုန်းတော်ကြီးဖရက်ဒရစ်ခ်ဟာ တာလင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အမှုက ရိုးရှင်းတယ်ထင်ရပေမဲ့ ထင်တာထက်ရှုပ်ထွေးနေခဲ့ပြီး လူတွေဆက်တိုက်သေဆုံးလာတဲ့အခါမှာတော့ မယ်လ်ခီအောအနေနဲ့ ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDB rating 6.9 ထိရရှိထားပြီး တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...

Office Race (2023) ⭐TMDB: 55.0% User Score 🎬 #Comedy #Uncategorized 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပက်ကယ်စတီကတော့ ကိုယ့်ကိုကိုယ် ဘာစိတ်ဝင်စားလို့စားမှန်းမသိ ဘာဝါသနာပါလို့ပါမှန်းမသိ အလုပ်မှာရော အိမ်မှာပါ ရေလိုက်ငါးလိုက် သက်သာသလိုနေရင်း ဘဝတက်လမ်းမမြင်တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဘော့စ်ဖြစ်သူက သူ့ကို ကျော်ပြီး သူ့လက်အောက်က ဝန်ထမ်းဖြစ်တဲ့ စပင်ဆာကို ရာထူးတိုးပေးလိုက်ပါတော့တယ်။ ဒီအချိန်မှာ ပက်နဲ့ စပင်ဆာနဲ့ အဆင်မပြေဖြစ်ပြီး ကုမ္မဏီတစ်ခုနဲ့ စာချုပ်မချုပ်နိုင်ရင် အလုပ်ပြုတ်မယ့်ကိန်းမြင်နေရတဲ့ပက်က အဲကုမ္မဏီရဲ့ ကိုယ်စားလှယ်ကို အပီချုပ်ဖို့ကြိုးစားရပါတော့တယ်၊ အဲဒီကိုယ်စားလှယ်က မာရသွန်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် သူလည်း စာချုပ်ချုပ်နိုင်လို့ချုပ်နိုင်ငြား မာရသွန်ပြိုင်ပွဲမှာ စာရင်းပေးသွင်းထားကြောင်း ဖောရှောရိုက်ပါတော့တယ်။ အဲကနေ စကားကျွံပြီး စပင်ဆာနဲ့လည်း အဆင်မပြေဖြစ်ပြီး ပြိုင်ပွဲမှာ ဘယ်သူနိုင်အောင်ပြေးမလဲဆိုတာကို စပင်ဆာနဲ့ ဒေါ်လာတစ်သိန်းကြေး အလောင်းအစားလုပ်ပါတော့တယ်။ ပက်အနေနဲ့ရော စာချုပ်ချုပ်နိုင်ပါ့မလား၊ သူလုပ်ထားတဲ့အလောင်းအစားမှာရော နိုင်ပါ့မလား၊ သူ့ရဲ့ရေလိုက်ငါးလိုက် စိတ်ဝင်စားစရာမရှိတဲ့ဘဝကြီးကိုရော အပြောင်းအလဲရှိလာပါ့မလားဆိုတာကို စိတ်ဝင်တစား တပျော်တပါး ရယ်မောပြီး ကြည့်ရှုရမှာပါ။...

To the North (2022) ⭐IMDB: 6.4/10 (321 Votes) 🎬 #Drama #Thriller 🗓 2022 🎞 movie 🌎 #Romania #Greece #CzechRepublic #France #Bulgaria #Czechia ⏰ 1 နာရီ 57 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 To the North (2022) ~ IMDb rating – 6.4/10 ~ 1996 တုန်းက ထိုင်၀မ်နဲ့ ဖိလစ်ပိုင်သင်္ဘောသားတွေကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားပြီး ကြင်နာမှု ကိုယ်ကျင့်တရား အကြပ်အတည်းနဲ့ ဘုရားသခင်အပေါ် ကိုးကွယ်ယုံကြည်မှုတွေကို မြင်သာအောင် ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ရိုမေးနီးယန်းလူမျိုး ကောင်လေး၂ယောက်က မိသားစုအတွက် အလုပ်လုပ်ဖို့ နယူးယောက်ကို သွားဖို့ရာ ကုန်တင်သင်္ဘောတစ်စီးထဲ ခိုးလိုက်လာပါတယ်။ ဒီသင်္ဘောပေါ်မှာ ထိုင်၀မ်အရာရှိတွေနဲ့ ဖိလစ်ပိုင်လူမျိုးသင်္ဘောသားတွေပါလာပြီး ကနေဒါကို ထွက်ခွာလာတာပါ။ ဒူမီထရူနဲ့သူ့သူငယ်ချင်း ခိုးလိုက်လာပြီး သူ့သူငယ်ချင်းအရင်ထွက်လာတဲ့အချိန် ထိုင်၀မ်တွေက မိသွားပြီး ရေထဲပစ်ချလိုက်ပါတယ်။ ဘာသာရေးယုံကြည်သူ ဖိလစ်ပိုင်လူမျိုး ဘိုဆွန်က ကျန်ခဲ့တဲ့ ဒူမီထရူကို ဘုရားသခင်အလိုတော်အရ မသိအောင် ဖွက်ပေးထားပြီး အစာရေစာကျွေးခဲ့ပါတယ်။ ဘိုဆွန့်သူငယ်ချင်းတွေ သိသွားပြီး တားဖို့ကြိုးစားပေမဲ့ ဘိုဆွန်က ဘုရားသခင်ရဲ့ ဒေသနာတော်တွေအ‌ပေါ် သက်ဝင်ယုံကြည်စိတ်နဲ့ ကယ်ပေးဖို့လုပ်ခဲ့ပါတယ်။ ထိုင်၀မ်တွေ သိသွားပြီး အဖွဲ့သားအားလုံးအတွက် သူစိမ်းရဲ့အသက်နဲ့ လဲလှယ်ဖို့လုပ်တဲ့အခါ… ဘိုဆွန်ရဲ့ ယုံကြည်ကိုးကွယ်မှုအတိုင်း ဘုရားသခင်က ကြည့်ရှုစောင်မ,မလား၊ အန္တရာယ်တောထဲပဲ ရောက်မလားဆိုတာကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Midnight at the Pera Palace (2022- ) ⭐IMDB: 7.0/10 (10 k Votes) 🎬 #Drama #Mystery #Crime #History 🗓 2022- 🎞 tv series 🌎 #Turkey ⏰ 41 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Midnight at the Pera Palace (2023) ဒီဇာတ်ကားက ၂၀၁၄ မှာထွက်ရှိတဲ့ Charles King ရေးသားထားတဲ့ သမိုင်းဝင် ဝတ္ထုစာအုပ်“Midnight at the Pera Palace: The Birth of Modern Istanbul” ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။စိတ်ဝင်စားဖို့ကောင်းတာက ဇာတ်လမ်းမှာပါဝင်တဲ့ ဇာတ်ကောင်တွေ၊ နေရာဒေသတွေ၊အဖြစ်အပျက်တွေက အပြင်မှာတကယ်ရှိတဲ့ ဖြစ်ရပ်မှန်အဖြစ်အပျက်တွေတစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုတာပါပဲ။ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ Pera Palace ဟိုတယ် ဆိုတာကလည်းအပြင်မှာတကယ်ရှိပြီးတော့ အစ္စတန်ဘူလ်မှာ လျှပ်စစ်မီးနဲ့ ရေပူရရှိတဲ့အပြင်ပထမဆုံးဓာတ်လှေကားရှိတဲ့ ကနဦး အဆင့်မြင့်ဟိုတယ်ကြီး တစ်ခုပါ။ဇာတ်လမ်းထဲမှာပါတဲ့ အခန်းပြင်ဆင်ပုံ၊ နေရာထားသိုပုံတွေ သမိုင်းကြောင်းမိတ်ဆက်ပုံတွေကအစ အစစ်အမှန်တွေကိုပဲ ချပြထားပါတယ်။လက်တွေ့မှာလည်း Pera Palace ကို ဇာတ်လမ်းထဲမှာပြောသလို တူရကီသမ္မတနိုင်ငံကိုတည်ထောင်ခဲ့သူ Mustafa Kemal Atatürk မူစတာဖာ ကယ်မာ၊နာမည်ကြီး ဝတ္တုစာရေးဆရာ Agatha Christie၊ King Edward VIII၊ Queen Elizabeth IIအစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ တကယ်ကို တည်းခိုနေကြ၊ တည်းခိုဖူးခဲ့ကြတာ ဖြစ်ပါတယ်။ဇာတ်လမ်းအစကတော့ အက်စ်ရာ ဆိုတဲ့ မိဘမဲ့ တစ်ကောင်ကြွက် သတင်းထောက်မလေးကကိုယ်စိတ်ထင်ရာလုပ်တတ်လွန်းလို့ အထက်လူကြီးတွေက Pera Palace ရဲ့ လာမယ့်နှစ် ၁၃၀ ပြည့်ပွဲကို အကြောင်းပြုပြီး ဟိုတယ်ကို လာရောက်သင့်သောအကြောင်းအရင်း ၁၃၀ ဆိုပြီး‌ ဆောင်းပါးရေးဖို့အတွက် ဟိုတယ်ကိုလွှတ်လိုက်ပါတော့တယ်။ဟိုတယ်အရောက်မှာတော့ မန်နေဂျာဖြစ်သူ အာမက်နဲ့ တွေ့ပြီးသမိုင်းကြောင်းတွေကို နားထောင်အပြီးမှာ နဂိုကတည်းက ထူးဆန်းတဲ့သတင်းတွေ နှိုက်ယူချင်ထွင်ရေးချင်တဲ့ အက်စ်ရာက အာမက်ကို ဘာထူးဆန်းတဲ့သမိုင်းကြောင်းတွေများရှိသလဲဆိုပြီး အစ်အောက်ပါတော့တယ်။အဲမှာ အာမက်က ဖယ်ရီဒဲ ဆိုတဲ့ လူသိနည်းပေမယ့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ယူဆရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ပြောပြပါတော့တယ်။ဘာလို့ သူရဲကောင်းလို့ ယူဆရသလဲဆိုတော့ တူရကီသမ္မတနိုင်ငံကို တည်ထောင်သူဖြစ်လာမယ့် Mustafa Kemal – မူစတာဖာ ကယ်မာ ကို ဗြိတိသျှအရာရှိတွေကလုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်ကနေ လွတ်အောင် ကူညီပေးခဲ့တာမလို့လို့ ဆိုပါတယ်။အဲအမျိုးသမီး နေသွားတဲ့အခန်းက ထူးဆန်းဖွယ်ရာတွေနဲ့ ပြည့်နေသလိုအဲအခန်းမှာ တည်းဖူးတဲ့ နာမည်ကျော်မှုခင်းဝတ္တုစာရေးဆရာ Agatha Christie – အာဂါသာခရစ်စတင်းကလည်း အခန်းကနေ ၁၁ ရက်ကြာ ပျောက်ဆုံးဖူးပါသတဲ့။ ဘယ်လိုပဲရှာရှာရှာမတွေ့ခဲ့ဘဲ သော့ဟောင်းလေး တစ်ချောင်းပဲ ရှာတွေ့ခဲ့တယ်လို့ အာမက်ကအက်စ်ရာကို ပြောပြခဲ့ပါတယ်။ သော့လေးကို အက်စ်ရာ မြင်ရအောင် အာမက်ကခဏ ထုတ်ပြလိုက်သေးတာပေါ့။ အက်စ်ရာကတော့ ဖယ်ရီဒဲဆိုတဲ့ အမျိုးသမီးလေးရဲ့ဇာတ်ကြောင်းကိုပဲ အစွဲကြီးစွဲပြီးဆောင်းပါးတွေထိုင်ရေးနေတော့တာပေါ့လေ။နောက်ပိုင်းညဘက် အက်စ်ရာရဲ့အခန်းထဲကို အဲသော့လေးကရောက်နေတော့အက်စ်ရာက အာမက်လက်ဆောင်ပေးခဲ့တယ်ထင်ပြီး ပျော်နေတုန်းမှာသူတောင်မသိလိုက်ဘဲ ၁၉၁၉ ခုနှစ်ကို အချိန်ခရီးသွားပြီးသား ဖြစ်နေခဲ့ပါတယ်။ကိုယ်တိုင် အချိန်ခရီးသွားမိမှန်းတောင် မသိဘဲ အိပ်မက်မက်နေတယ်ထင်ပြီးပြောချင်တာတွေ လျှောက်ပြောပြီး ပြဿနာရှာနေတဲ့ အက်စ်ရာကို ဟိုတယ်ရဲ့အချိန်ခရီးသွားလို့ရတဲ့ လျှို့ဝှက်ချက်ကို သိပြီးသားဖြစ်တဲ့ အာမက်က ပြန်လိုက်ခေါ်ရာကဘယ်လိုအလွဲတွေဖြစ်မလဲ သူတို့နှစ်ယောက် ဘာပြဿနာမှ မရှိဘဲ လက်ရှိအချိန်ကိုပြန်လာနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်တစား ကြည့်ရမှုရမှာဖြစ်သလိုလုပ်ချင်ရာလုပ်နေတဲ့ အက်စ်ရာနဲ့ လိုက်ထိန်းရတဲ့ အာမက်တို့ရဲ့ တူဝရီးပုံစံ ဆက်ဆံရေးလေးမှာလည်းအခွီလေးတွေပါ တဖြတ် ကြည့်ရှုရမှာမလို့ ကြည့်နေရင်းပျင်းသွားရမှာမျိုးကို ပူစရာမလိုပါဘူးနော်။Time travel ဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့နောက်ထပ်မြည်းစမ်းကြည့်ရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုပါပဲ။လက်ရှိအချိန်မှာတော့ Season 2 အတွက် ရိုက်ကူးရေးလုပ်နေတာမလို့ ထွက်လာရင်လည်းကြည့်ရှုခံစားရဦးမှာပါဗျ။ဘယ်ပြောလို့ရမလဲနော်မူစတာဖာ ကယ်မာ ဆိုတာလည်း တကယ်ရှိခဲ့သလို Pera Palace ကလည်း တကယ်ရှိနေတာဖြစ်လို့ဖယ်ရီဒဲဆိုတဲ့ အမျိုးသမီးလေးကလည်း အပြင်မှာတကယ်ရှိခဲ့ပြီး လူမသိတဲ့ သူရဲကောင်းမလေးတကယ်ဖြစ်နေနိုင်တာပဲမလို့ စိတ်ကူးယဉ်ရယ်လို့ မခံစားရဘဲ တူရကီနိုင်ငံရဲ့ သမိုင်းကြောင်းကိုစိတ်ဝင်စားဖွယ် လေ့လာရသလို ဖြစ်နေမှာပါ။ ( ဒီစီးရီးအတွက်  အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Chothet_mlmt  ဖြစ်ပါတယ် )  File Size –  600MB/300MBQuality –NF WEB-DL 1080p 5.1 CH, 720pDuration – 45 Min  (@Episode)Total Episodes: 8 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama , Mystery...

Apaches: Gang of Paris (2023) ⭐TMDB: 61.0% User Score 🎬 #Action #Drama #History #Thriller 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Apaches (2023) “Apache” ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံး​ယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။ အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ထောင်ထဲကအထွက်မှာ သူ့အစ်ကိုသတ်ခဲ့တဲ့ “အပါချီ”လို့ခေါ်တဲ့ လူမိုက်ဂိုဏ်းကို အမြစ်ဖြုတ်လက်စားချေဖို့ သူတို့နေခဲ့တဲ့မြို့လေးကို ပြန်လာခဲ့ပါတော့တယ်။ အဲလစ်တစ်ယောက် အပါချီဂိုဏ်းကို ဘယ်လိုလက်စားပြန်ချေမလဲ… သူ့ရဲ့ပျောက်သွားတဲ့ညီ ပေါလ်ကရော ဘယ်တွေရောက်နေလဲ… နောက်ဆုံးမှာ ဘယ်လိုရလဒ်တွေထွက်လာမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ အမျိုးသမီးဇာတ်ကောင်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်လို့ သမားရိုးကျ မင်းသမီးမင်းသားဇာတ်ကားတွေလို အီဆိမ့်နေမှာမဟုတ်ပါဘူး။ ဒါ့အပြင် စာရိတ္တပိုင်းဆိုင်ရာသင်ခန်းစာတွေကို များစွာထည့်သွင်းပေးထားတာဖြစ်လို့ ယူရင်ယူတတ်သလို သုတကော ရသပါပေးစွမ်းနိုင်တဲ့ အက်ရှင်၊ ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

10 Days of a Bad Man (2023) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #Turkey ⏰ 2 နာရီ 4 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ “10 Days of a Bad Man” ဆိုတဲ့ Turkish Netflix ဇာတ်ကားထဲမှာ ဆာဒစ်ခေါ် အာဒေးလ်ဆိုသူ လူတစ်ယောက်ရဲ့ ဆယ်ရက်တာခရီးကြမ်းတစ်ခုကို Drama Thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆာဒစ်ဆိုတဲ့သူတစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး သေကံမရောက် သက်မပျောက်ခဲ့ပေမယ့် အဲ့ကားကလူဆိုးဂိုဏ်းတစ်ခုရဲ့ကားဖြစ်နေတော့ ပြန်လျော်ဖို့ကလည်းပိုက်ဆံမရှိ။ ဒီတော့သူတို့ခိုင်းတဲ့အတိုင်း အလုပ်တစ်ခု လုပ်ပေးရယ်ဆိုပြီး သဘောတူခဲ့ရတယ်။ အဲ့လိုလုပ်ပေးရင်းနဲ့ တစ်ခြား ဘက်မှာလည်း လူသတ်မှုတစ်ခုအတွက် သူ့ကိုလိုက်ပေးဖို့ အသိမိတ်ဆွေ တစ်ယောက်က ပြောလို့လက်ခံပေးလိုက်ရတယ်။ တစ်ဖက်ကသူ့ကိုခိုင်းထားတဲ့ အလုပ်ရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေရှိပြီးတော့ သပွတ်အူလိုရှုပ်နေတဲ့ အမှုကို ဆယ်ရက်အတွင်း ဘယ်လိုပြီးပြတ်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားကြပါလို့ ပြောကြားရင်း…....

Exorcism (2023) ⭐TMDB: 40.0% User Score 🎬 #Thriller #Mystery 🗓 2023 🎞 Movie 🌎 #Australia #China ⏰ 1 နာရီ 20 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မြို့လေးတစ်မြို့ရဲ့သူဌေးအိမ်ဖြစ်တဲ့ ချန်အိမ်တော်မှာသခင်ကြီးချန်ရဲ့စတုတ္ထမြောက်ဇနီးလေးက မတော်တဆဆုံးသွားခဲ့ပါတယ်။အသုဘနေ့မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက်ချန်အိမ်တော်ကြီးက သရဲခြောက်ပါတယ်တဲ့…… အစိမ်းသေသေတဲ့သခင်မ(၄)ကခြောက်လှန့်နေပါတယ်ဆိုပြီးကောလဟာလတွေပြန့်လာပါတယ်။ဒီလိုနဲ့ ပယောဂဆရာကြီးဝမ်ကချန်အိမ်ကိုအပနှင်ဖို့ရောက်လာခဲ့ပါတယ်။ချန်အိမ်တော်ကလူတွေဟာ တစ်ယောက်တစ်မျိုးမူမမှန်တာကိုတွေ့ရပြီခြောက်ခြားစရာဖြစ်ရပ်တွေနဲ့ကြုံလာရပါတယ်။ဆရာကြီးဝမ်ဟာ ချန်အိမ်ကြီးမှာအပနှင်ဖို့ကြိုးစားရင်းနဲ့ချန်မိသားစုရဲ့လျှို့ဝှက်ချက်တွေကိုသိလာတဲ့အခါ……ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…....

The Lump in My Heart (2022) ⭐IMDB: 7.5/10 (31 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 33 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Lump in my Heart(2022) *************************** ဒီကားကတော့ Alice In Boaderland ထဲမှာ Asahi Kujo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Mizuki Yoshida က ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ဒရမ်မာကားတစ်ကားပဲဖြစ်ပါတယ်။ချီနားဆုရဲ့အသက်လေးနှစ်တည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီး သူဟာမိခင်ဖြစ်သူနဲ့ အမေတစ်ခုသမီးတစ်ခုနေထိုင်ရင်း စာရေးဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့ဆယ်ကျော်သက်ကောင်မလေးပဲဖြစ်ပါတယ်။ အမေဖြစ်သူကလည်း ဒီသမီးအတွက်ပဲသူ့ရဲ့ဘဝကိုမြှုပ်နှံခဲ့ရင်း သမီးဖြစ်သူကိုအမြဲတမ်း ကလေးတစ်ယောက်လိုမြင်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ ချီနားဆုမှာရင်သားကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလိုက်တဲ့အခါမှာတော့ ဘဝအလှည့်အပြောင်းတွေဆက်တိုက်ကြုံတွေလာရပါတော့တယ်…...

The Book and the Sword (2023) ⭐TMDB: 30.0% User Score 🎬 #Action 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် သိုင်းကွက်လှလှလေးတွေနဲ့ကွန်ဖူးသိုင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ဟုန်ဟွားအဖွဲ့ရဲ့ဌာနချုပ်ဟာ ညတွင်းချင်းဖျက်ဆီးခံခဲ့ရပြီး ဂိုဏ်းချုပ် ၄ဝိန်ထိုက်လိုင်ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဓားသိုင်းပညာသင်ယူပြီးပြန်လာတဲ့ ချန်ကျားလော့ဟာ ဟန်ကျိုးမှာ ကြေးစားလူသတ်သမားအများအပြားရဲ့လုပ်ကြံခြင်းကို ခံရပြီး ပိုင်ဟွားကယ်မှအလှမယ် ယွိရူယိရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရပါတယ်။ ယွိရူယိထံမှ ချန်ကျားလော့ဟာ ဟုန်ဟွားအဖွဲ့ရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်သွားပြီးအရင်ခေတ်ဖူဝမ်ရဲ့ရတနာလျှို့ဝှက်ချက်ကိုသိထားကြောင်းကောလာဟလထွက်နေတဲ့အကြောင်းကို သိခဲ့ရပါတယ်။ချန်ကျားလော့ဟာလည်း ထိုကောလာဟလကို အသုံးချပြီးရတနာရဲ့လျှို့ဝှက်ချက်နဲ့ ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်တဲ့ ယွိရူယိနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။ သူတို့ဟာ စားရေးချန်ဆီမှ ဝိန်ထိုက်လိုင်ကို ဟန်ကျိုးရှိလျှို့ဝှက်ထောင်ထဲမှာဖမ်းထားကြောင်း သိခဲ့ရပါတယ်။ လျှို့ဝှက်ထောင်အပြင်မှာ ချန်ကျားလော့နဲ့ယွိရူယိတို့ဟာ ဟုန်ဟွားအဖွဲ့မှ ကျောက်ပန့်ရှန်း၊ လော့ပင်း၊လီဟန့်ဝိန်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။ သူတို့ ၅ ယောက်ပူးပေါင်းပြီးဝိန်ထိုက်လိုင်ကို ကယ်တင်ချိန်မှာ ပုန်းလျှိုးတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ ဂိုဏ်းချုပ်ကြီး သေဆုံးသွားပြီးနောက် ယိုယွင်းပျက်ဆီးနေတဲ့ဟုန်ဟွားအဖွဲ့ကြီးကို ချန်ကျားလော့တစ်ယောက် ဘယ်လိုပြန်ပေါင်းစည်းမလဲ……ဟုန်ဟွားအဖွဲ့ထဲက သစ္စာဖောက်သူတွေကရော ဘယ်သူတွေ ဖြစ်နေမလဲ……ဖူဝမ်ရဲ့ရတနာကိုရော ချန်ကျားလော့တို့တတွေ ရှာတွေ့နိုင်ပါ့မလား……ဆိုတာကို CM ရဲ့ဘာသာပြန်လေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။...

Father & Soldier (2022) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Action #Drama #History #War 🗓 2022 🎞 movie 🌎 #France #Senegal ⏰ 1 နာရီ 41 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Father & Soldier (2022) ~ IMDb – 5.9/10, Rotten Tomatoes – 86% ~ ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် “Tirailleurs” လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။ အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ ရုပ်ရှင်အကျဉ်းကတော့… ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ပြင်သစ်တွေလာတဲ့အချိန်မှာ ဖွက်ထားကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ ဘာကရီတစ်ယောက် ကံမကောင်းခဲ့ပါဘူး။ သူ့သားလေး သီယာနို ပေါ်တာဆွဲခံလိုက်ရတယ်။ ကိုယ့်သားသမီးအသက် ၆၀ ဖြစ်နေရင်တောင် မိဘဆိုတာ ကလေးလေးလိုပဲ မြင်တတ်ကြတာမဟုတ်လား။ ပေါ်တာဆွဲခံလိုက်ရတဲ့သားကို အဖေဖြစ်တဲ့သူက ဘယ်စိတ်ချပါ့မလဲ။ အဲဒါနဲ့ ဘာကရီတစ်ယောက် သားကိုကယ်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ဖာသာစစ်ထဲဝင်ဖို့ စာရင်းပေးလိုက်တယ်။ သူ့သားလေး ရှေ့တန်းမထွက်ရအောင် နည်းမျိုးစုံကြံတယ်။ တပ်ထဲဝင်ခါစကနေ သူလွတ်လမ်းရတဲ့အထိ သူ့သားလေးကို စစ်ပွဲထဲက အမြန်ဆုံးခေါ်ထုတ်သွားဖို့ကိုပဲ စိတ်လောခဲ့တယ်။ ဒီလိုနဲ့ သူတို့သားအဖ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ 2022 ကိန်းစ်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး 2023 မှာမှ ပြင်သစ်မှာ စတင်ရုံတင်ပြသခဲ့ပါတယ်။ ဒါဟာ စစ်ပွဲအနိဋ္ဌာရုံတွေ၊ မိဘမေတ္တာတွေကိုဖော်ကျူးထားတဲ့ရုပ်ရှင်ဖြစ်ရုံတင်မကပါဘူး။ စစ်ပွဲရဲ့ မှောင်မိုက်တဲ့ဘက်ခြမ်းကိုပါ မီးမောင်းထိုးပြထားပြီး ချစ်ရသူတို့နဲ့ခွဲခွာရခြင်းအပြင် စစ်မြေပြင်မှာ ပြင်သစ်အလံတော်အောက်စတေးခဲ့ရသူ အမေ့လျော့ခံအာဖရိကန်စစ်သည်တို့အတွက် အောက်မေ့သတိရအထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

10 Days of a Good Man (2023) ⭐IMDB: 6.5/10 (5 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #Turkey ⏰ 2 နာရီ 4 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ကားနာမည်ကတော့ မြန်မာလိုဘာသာပြန်ရရင် “လူကောင်းတစ်ယောက်ရဲ့ ဆယ်ရက်တာ” တဲ့။ လူကောင်းဆိုတာ ဘယ်လိုလူမျိုးတွေသတ်မှတ်ကြတာလဲ။ အကြမ်းဖျင်းသတ်မှတ်ရရင် သူများကို ဒုက္ခမပေး၊အန္တရာယ်မပေး၊ သစ္စာရှိပြီး ယုံကြည်ရတဲ့လူမျိုးတွေပေါ့။ဒီဇာတ်ကားထဲက ဆာဒစ် ဟာလည်း အဲ့လိုလူစားမျိုးပဲ။ “ကောင်းလွန်းရင် လူပါးဝခံရတတ်တယ်” ဆိုတဲ့စကားအတိုင်းပဲ ဆာဒစ်လည်း အဲ့ဒဏ်ကိုကောင်းကောင်းခံခဲ့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် သူ့ဘဝကြီး ပြောင်းပြန်လှန်သွားတဲ့အထိပဲ။ ဒီလိုနဲ့ ရှေ့နေအလုပ်ကနေပါ နားလိုက်ရပြီး အလွတ်တမ်းစုံထောက်သဘောမျိုးပဲ လုပ်ကိုင်နေတော့တယ်။ တစ်ရက်ကျ သူ့ရဲ့ ရှေ့နေမိတ်ဆွေတစ်ယောက်က သူ့ကလေးထိန်းရဲ့ သားပျောက်သွားလို့ စုံစမ်းပေးပါဆိုပြီး အလုပ်အပ်လာခဲ့တယ်။ ဒီလိုနဲ့ လူကောင်းတစ်‌ယောက်ရဲ့ ဆယ်ရက်တာ အစပြုခဲ့တာပေါ့။ တစ်ဖက်မှာလည်း ထူးဆန်းတဲ့လူနှစ်ယောက်က လူတွေသတ်ပြီး လက်စဖျောက် ပစ်နေတဲ့ကိစ္စကလည်းဖြစ်နေသေးတယ်။ ဒါတွေနဲ့ ပျောက်ဆုံးနေတဲ့ ကောင်လေးကရော ဘယ်လိုအဆက်အစပ်ရှိတာလဲ။ ဒီကောင်လေးကဘာလို့ပျောက်ဆုံးသွားတာလဲ။ အဲ့ကောင်လေးကရော ဘယ်လိုလူမျိုးလဲ။ ဒီလိုမေးခွန်းတွေအပြင်ကိုမှ လူတွေရဲ့ အရှုံးပေးသူကိုမှ အနိုင်လိုချင်တတ်တဲ့ စိတ်ထားတွေ၊ ကိုယ်ချစ်ရတဲ့သူက သစ္စာ ဖောက်တဲ့အခါ နှစ်ခါပြန်သေခဲ့ရတာမျိုးတွေ၊ ကိုယ်ကျိုးပဲကြည့်ပြီး ဘယ်သူဘာ ဖြစ်ဖြစ်ဆိုတဲ့ စိတ်ထားမျိုးတွေ၊ ဒီလိုတွေ့နေမြင်နေကျ လူ့သဘောလူ့သဘာဝတွေကိုလည်း ဒီဇာတ်ကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက တူရကီ film တစ်ခုဖြစ်ပြီး Crime/ mystery အမျိုးအစားမျိုးဖြစ်တာကြောင့် လူပျောက်ရှာပုံတော်က တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆယ်ရက်တာအတွင်း လူကောင်း တစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။...

Elevator Game (2023) ⭐IMDB: 4.1/10 (621 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြောက်စရာသရဲဂိမ်းတွေကို ဆော့ပြပြီး ကြည့်ရှုသူတွေအားပေးထောက်ခံမှုကို အတော်ထားရတဲ့ အထက်တန်းကျောင်းပြီးခါစသူငယ်ချင်းငါးယောက်ဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီရှိုးကို အသက်မွေးဝမ်းအကြောင်းတစ်ခုအနေနဲ့ လုပ်ဖို့ရည်ရွယ်ထားကြတယ်။ ငါးယောက်ထဲမှာ ကယ်ဗင်က စပွန်ဆာရအောင်ရှာဖွေရပြီး ခရစ်၊မက်တီနဲ့ ကလိုဝီတို့ကတော့ လူတွေစိတ်ဝင်စားလာအောင် သရဲဂိမ်းတွေ ကိုဆော့ပြရတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အစ်ဇီကတော့ တည်းဖြတ်ရေးပိုင်းကို တာဝန်ယူရတယ်။ တစ်နေ့ သူတို့ကုမ္ပဏီကိုအထက်တန်းကျောင်းတက်လက်စ ကျောင်းသားတစ်ယောက်က volunteer အနေနဲ့ကူညီပေးဖို့ရောက်လာတယ်။တစ်ဖွဲ့လုံးက အပိုင်းသစ်ရိုက်ကူးဖို့အတွက် အကြံကုန်နေကြတဲ့အတွက် လူသစ်လေး Elevator Game ကိုကစားလို့ရကြောင်း ပြောလာတယ်။ အရင်က ခရစ်က ဒီဂိမ်းအကြောင်းကိုပြောခဲ့ပေမယ့် ကြည့်ရှုသူတွေ ပျင်းမှာစိုးလို့ မလုပ်ချင်ကြောင်းပြောပြတယ်။ ဒါပေမဲ့ ရှေ့အပိုင်းမှာ စပွန်ဆာ product ကို သေချာရိုက်မပြခဲ့တဲ့အတွက် စပွန်ဆာ ကုမ္ပဏီကတင်းပြီးတော့ တစ်ပတ်အတွင်း အပိုင်းသစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ရင် ငွေကြေးမထောက်ပံ့တော့ဘူးဆိုပြီး ပြောလာတဲ့ အတွက် လူသစ်လေးရဲ့အကြံအတိုင်းလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ Elevator Game ဟာ အွန်လိုင်းပေါ်မှာနာမည်ကြီး ဆော့တဲ့သူတွေဟာ ဂိမ်းဆော့နေရင်းနဲ့ပျောက်သွားကြောင်း ကလိုဝီတို့အဖွဲ့သိလိုက်ကြတယ်။ သရဲကားတို့ထုံစံအတိုင်း Elevator Game ရဲ့ သံမဏိစည်းမျဉ်းကို ကလိုဝီတို့အဖွဲ့ချိုးဖောက်လိုက်တဲ့အခါမှာတော့…….....

Holiday Harmony (2022) ⭐IMDB: 6.2/10 (1 k Votes) 🎬 #Comedy #Drama #Music #Romance 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂေးထရာဗာဆိုတဲ့ သီချင်းတွေသီဆိုရတာ ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်နေ့တော့ နာမည်ကြီးရေဒီယိုစတေရှင် တစ်ခုဖြစ်တဲ့ iHeart Radio မှာ ခရစ်စမတ်အထူးအစီအစဉ် ဖွင့်ပွဲမှာ သီဆိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့တယ်.. ပြည်နယ်တွေကျော်ဖြတ် ကားမောင်းလာရင်း ဟာမိုနီစပရင်းကိုရောက်တဲ့အခါမှာ မျှော်လင့်မထားတာတွေဖြစ်ပျက်ပြီးနောက် သူမရဲ့ ဘတ်ဂျက်အနေအထားနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကလေးတွေကို ဂီတသင်ပေးဖို့အကြောင်းဖန် လာပါတော့တယ် ပွဲမှာယှဉ်ပြိုင်ဖို့အတွက် သီချင်းတွေရေးရင်း ဒီနေရာလေးမှာပဲ အချစ်ဆိုတာကို ရှာတွေ့မှာလား သူမဘဝရဲ့ ဦးတည်ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်မလား ဆိုတာ … ဒီဇာတ်ကားလေးမှာ လူတစ်ယောက်အတွက် နွေးထွေးမှုရှိတဲ့အိမ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာကို မြင်သာအောင် ရိုက်ကူးတင်ဆင်ထားတာကိုတွေ့ရမှာပါ ခရစ်စမတ်ရာသီက မကြာခင်လာတော့မှာဆိုတော့ ကြည့်သင့်တဲ့ ခရစ်စမတ် အငွေ့အသက်ပါတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ပဲ ပြောချင်ပါတယ်။...

After All, I Love My Wife! We, who Were Bored, Had Sex For The First Time In A Long Time… After All, we still Very Compatible. Jinguji Nao (2022) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2022 🎞 Movie 🌎 #Japan ⏰ 2 နာရီ 57 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လင်မယားနှစ်ယောက် အလုပ်တွေဖိကြိုးစားရင်းတယောက်ကို တစ်ယောက် ထိတွေ့ဖို့ စိတ်မပါဖြစ်နေတာဆယ်နှစ် တင်းတင်းပြည့်ခဲ့ပြီ Nao Jinguuji တစ်ယောက် မထင်မှတ်တဲ့ လက်ဆောင်တခုရလိုက်တယ်သူမတို့ရဲ့ မင်္ဂလာသက်တမ်းဆယ်နှစ်ပြည့်ကို ဈေးကြီးတဲ့ ဟိုတယ်တစ်ခုမှာကျင်းပလိုက်ကြတယ် အဲဒီမှာ ရင်ခုန်သံတွေကို ပြန်တူးဆွကြတယ် သူတို့ရဲ့ တိမ်မြုပ်နေတဲ့ ချစ်ခြင်းတွေကို ပြန်လည်ဆန်းသစ်တဲ့အနေနဲ့ရိုက်ကူးထားတာဖြစ်ပြီး မခို့တရို့ရှက်နေတာလေးတွေကအသည်းယားဖို့ကောင်းပြီး DS Fans တွေအကြိုက်မလို့တင်ဆက်လိုက်ပါတယ်...

Taxiwala (2018) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Bollywood #Comedy #Horror #Thriller 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating :: :: 7.5/10Google Users :: :: 95% ဒီကားလေးက တမီးလ်နာဒူးပြည်နယ်ကမင်းသားချော ဗီဂျေးရဲ့ 2018 မှာ ထွက်ခဲ့တဲ့ ကားကောင်းတွေထဲက တစ်ကားပါ။ ပထမ ရုံမတင်ခင် အွန်လိုင်းပေါ် ပျံ့သွားခဲ့ဖူးဖူးပေမဲ့ခုချိန်မှ စာအမှန်တက်လာခဲ့တာပါ။ ဇာတ္ကားနာမည္က Taxiwala ။ ဟုတ္တယ္။ နာမည်အတိုင်းပဲ တက္ကစီမောင်းသမားတစ်ယောက်ကြုံတွေ ့ရတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကို ရိုက်ပြထားတာ။ ဘာတွေထူးခြားလဲ။ ဟုတ္ကဲ့. . . ခေါင်းဆောင်မင်းသားကArjun Reddy တို့ Getha Govinda တို့မှာ သရုပ်ဆောင်တဲ့ နောက်တက်မင်းသား Vijay Deverakonda(ဗီဂျေး ဒီဗာရာကွန်ဒါ) ပါ။ အရှေ့မှာထွက်ခဲ့ဖူးတဲ့ အဲ့ဒီနှစ်ကားကိုခံစားဖူးသူတွေက မင်းသားဗီဂျေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်မယ်မထင်ပါဘူး။ ပုံမှန် အလုပ်လက်မဲ့ ကောင်လေးတစ်ယောက် ဘဝကနေ ဦးလေးဖြစ်သူ အကူအညီနဲ့ ရရာအလုပ်ကိုဝင်လုပ်ရင်းဘယ်လိုမှ အဆင်မပြေတဲ့အချိန်ကြော်ငြာဘုတ်တစ်ခုပေါ်ကတွေ ့တဲ့လစာကောင်း တက္ကစီဒရိုင်ဘာဘဝကိုရောက်ခဲ့ရသူပေါ့။ တက္ကစီမောင်းရင်းနဲ့ အာနူးဆိုတဲ့မိန်းမချောလေးနဲ့လည်း မေတ္တာသက်ဝင်မိကြသေး။ ဒီအကြောင်းတွေကို ဇာတ်ကားရဲ့ပထမပိုင်း နာရီဝက်စာလောက်မှာ ကြည့်ရမှာပါ။ ဒီနေရာလောက်အထိ အချစ်ကားလို့ ထင်မိသွားတယ်။ ဒါပေမယ့် တက်တက်စင်အောင် လွဲပါတယ်။ သူအငှားမောင်းတဲ့ ကားကတစ်ခါတစ်လေ သရဲခြောက်သလိုထူးခြားဖြစ်စဥ်တွေ ဖြစ်လာတယ် ဒါဖြင့် သရဲကားလား။ မဟုတ်ပြန်ဘူး ခင်ဗျ။ သရဲကားဆိုရင် ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကို ခေါ်မယ်။ ကားမှာစွဲကပ်နေတဲ့ သရဲတစ္ဆေကို မောင်းထုတ်မယ်။ဇာတ်သိမ်းမယ်။ ဒီလိုဇာတ်လမ်းတွေက ရိုးအီလာလို့ ထင်ပါရဲ့။ တစ်နာရီနောက်ပိုင်းလည်း ရောက်ရော. . . ဇာတ်လမ်းက ဖြတ်ကနဲ့ သိပ္ပံနယ်လွန်ဘက်ကို ကူးပြောင်းသွားပြန်ရော. . .။ ဝိညာဥ်ခွဲ(အရပ်အခေါ် လိပ်ပြာခွဲ)တာတွေ၊ သိပ္ပံနည်းကျ ကောက်နှုတ်ချက်တွေ၊သဘာဝအလွန်က အဖြစ်အပျက်တွေကမူရင်း ဇာတ်လမ်းကျောရိုးထဲကိုခုန်ပေါက် ကဆုန်စိုင်းပြီး ဝင်လာတယ်။ ဟိုတစ်စ ဒီတစ်စ ဆက်စပ်မရသလိုမျိုးမဟုတ်ဘူးနော်။ မထင်မှတ်တဲ့ ဇာတ်လမ်းအလှည့်မပြောင်းကြောင့် မူလဘူတ ဦးတည်လာတဲ့ဇာတ်လမ်းကျောရိုးကနေဖြောင့်ဖြောင့်ကြီး ခွဲထွက်ပြသွားတာ။ ဇာတ်ကားဟာ ကြောက်မက်ဖွယ်၊ သည်းထိတ်ရင်ဖိုနဲ့ဟာသလေးတွေလည်း နှောထားတဲ့အတွက်ကြည့်ရှုရတာ ပျင်းမနေစေပါဘူး။ မင်းသားနဲ့အတူ ဇာတ်လမ်းကို ပိုလှရိွစေဖို့အားဖြည့်ထားတာကတော့ မင်းသမီးချော ပရီယန်ကာပါ။(ဘောလိဝုဒ်က ပရီယန်ကာမဟုတ်ပါ) (အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)...

Haan Maine Bhi Pyaar Kiya (2002) ⭐TMDB: 49.0% User Score 🎬 #Bollywood #Drama #Musical #Romance #Music 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 54 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိန္ဒိယရဲ့ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ အာရှေးကူးမား ,အာဘီရှန်ဘချန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့Haan Maine Bhi Pyaar Kiya ဆိုတဲ့ အိန္ဒိယကားကောင်းလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ ရှိဗ် နဲ့ ပူဂျာ တို့က မမျှော်လင့်ပဲနဲ့ဖူးစာဆုံခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။လက်ထပ်ပြီးတဲ့နောက်မှာ ရှိဗ်ဘက်က ပူဂျာခွင့်မလွှတ်နိုင်တဲ့ပြဿနာတွေကိုပဲလုပ်ခဲ့မိတာကြောင့် လင်မယားကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပူဂျာက ရက်ဂျ်ဆိုတဲ့နိုင်ငံကျော်မင်းသားဆီမှာ အလုပ်လုပ်ဖြစ်တဲ့အခါမှာရက်ဂျ်ဘက်ကနေစပြီးပူဂျာကိုသဘောကျလာတာကစလို့နှစ်ဦးသဘောတူလက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှိဗ်ကပူဂျာ့ဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာသူတို့၃ဦးရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အချစ်၊အလွမ်း၊ဟာသနှောထားပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။...

Duma (2005) ⭐TMDB: 73.0% User Score 🎬 #Adventure #Drama #Family 🗓 2005 🎞 movie 🌎 #UnitedStates #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော် သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊ ​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လို ဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb 7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက ​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီး ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင် လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်မှ မြို့​ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လူယဉ်တဲ့ တိ​လေးဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲ ဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။ ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲ ပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာ ဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့် အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာပါ။ ချစ်ဖို့​ကောင်းတဲ့ တိကား​လေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့ အဆင်​ပြေမယ့် ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။...

Holiday Harmony (2022) ⭐IMDB: 6.2/10 (1 k Votes) 🎬 #Comedy #Drama #Music #Romance 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂေးထရာဗာဆိုတဲ့ သီချင်းတွေသီဆိုရတာ ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်နေ့တော့ နာမည်ကြီးရေဒီယိုစတေရှင် တစ်ခုဖြစ်တဲ့ iHeart Radio မှာ ခရစ်စမတ်အထူးအစီအစဉ် ဖွင့်ပွဲမှာ သီဆိုယှဉ်ပြိုင်ဖို့ အခွင့်အရေးရလာခဲ့တယ်.. ပြည်နယ်တွေကျော်ဖြတ် ကားမောင်းလာရင်း ဟာမိုနီစပရင်းကိုရောက်တဲ့အခါမှာ မျှော်လင့်မထားတာတွေဖြစ်ပျက်ပြီးနောက် သူမရဲ့ ဘတ်ဂျက်အနေအထားနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကလေးတွေကို ဂီတသင်ပေးဖို့အကြောင်းဖန် လာပါတော့တယ် ပွဲမှာယှဉ်ပြိုင်ဖို့အတွက် သီချင်းတွေရေးရင်း ဒီနေရာလေးမှာပဲ အချစ်ဆိုတာကို ရှာတွေ့မှာလား သူမဘဝရဲ့ ဦးတည်ရည်မှန်းချက်တွေ ပြည့်ဝလာနိုင်မလား ဆိုတာ … ဒီဇာတ်ကားလေးမှာ လူတစ်ယောက်အတွက် နွေးထွေးမှုရှိတဲ့အိမ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာကို မြင်သာအောင် ရိုက်ကူးတင်ဆင်ထားတာကိုတွေ့ရမှာပါ ခရစ်စမတ်ရာသီက မကြာခင်လာတော့မှာဆိုတော့ ကြည့်သင့်တဲ့ ခရစ်စမတ် အငွေ့အသက်ပါတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ပဲ ပြောချင်ပါတယ်။...

Sex - Lady Next Door (2018) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2018 🎞 Movie 🌎 #SouthKorea ⏰ 1 နာရီ 17 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************** ကွီးယားအလှအပအကိတ်လေးများအထူးပါဝင်တာမို့ ဒေါင်းကြည့်ရကျိုးနပ်စေမှာပါ…အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂယူနမ်ကို ရည်းစားဖြစ်သူ မီရန်းက အလုပ်မြန်မြန်ရအောင် ကြိုးစားဖို ဖိအားပေးနေပါတယ်စိတ်ဖိစီးမှုတွေများလာလို စိတ်ပြေလက်ပျောက်ဖြစ်အောင် ပန်းခြံမှာ သွားထိုင်နေတုန်း ဟယ်ဂျောင်းဆိုတဲ့ မိန်းကလေးနဲ့ တွေ့ပြီး ဘဝတူချင်း ရင်းနှီးသွားခဲ့ပါတယ်တစ်ရက်မှာ နတ်ဆရာဆီမှာ ဗေဒင်သွားမေးတော့ အခုလို ကံဆိုးမှုတွေဖြစ်နေတာက သရဲမတစ်ကောင်က သူ့နားကို ကပ်နေလိုဆိုတာ သိလိုက်ရပါတယ်ဒီတော့ ဂယူနမ်အနေနဲ့ သူ့နားမှာ ရှိနေတဲ့ မိန်းကလေးနှစ်ယောက်ထဲက ဘယ်သူက သရဲမဖြစ်မလဲ သရဲမကို ဘယ်လိုနှိမ်နင်းသွားမလဲ...

The Karate Kid (1984) ⭐TMDB: 72.0% User Score 🎬 #Action #Drama #Family #Sport 🗓 1984 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 06 မိနစ် 00 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Daniel, a fatherless teenager, arrives in Los Angeles and becomes the object of bullying by a gang of karate students when he strikes up a relationship with Ali, the gang leader’s ex-girlfriend, so Daniel asks Miyagi, a master of martial arts, to help him learn karate....