uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Burnt (2015) ⭐IMDB: 6.6/10 (123 k Votes) 🎬 #Comedy #Drama 🗓️ 2015 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စားသောက်ဆိုင် ကျမ်းတော်ကြီး “‘ လူတွေ အပြင်မှာ ရောင်းတဲ့ ၅ ဒေါ်လာတန်ကို ဘာလို့ ငါတို့ဆိုင်မှာ ဒေါ်လာ ၅၀၀ ပေးပြီးလာစားကြလဲသိလား ”’ ”’ လက်မလောက်လေး အသားတုံးလေး ၂ခုပန်းကန်ထဲထည့်ထားတာကို ဘာလို့စျေး၅သောင်း ၆ သောင်းပေးစားနေကြတာလဲ”’ ဋီး ဋချီး သံတွေ မိုးပျံ ၊ ပန်းကန်တွေ ဇွန်းတွေ ရိုက်ခွဲကောက်ပေါက်သံတွေ ဆူညံနေ အပူနဲ့အလုပ်လုပ်နေရတဲ့ကြားထဲ မီးပူတာတစ်မျိုးနားပူတာတစ်မျိုး နဲ့ စိတ်မထိန်းနိုင်ရင် မျက်ခွက်ဆုတ်ပျက်သတ်သွားမယ့် စားဖိုဆောင်………… ဒီရုပ်ရှင်က IMDb Rating ၊ 6.6 Rotten Tomatoes 29% ၊ Metacritic score 42 ၊ CinemaScore B- တို့ရရှိထားပါတယ်။ ဝေဖန်မှုတွေ အဆိုးအကောင်းရောနှောရရှိထားတဲ့ ရုပ်ရှင်တစ်ခုလဲဖြစ်ပါတယ်။ R Rating Movie အမျိုးအစား ဖြစ်လို့ ၁၇ နှစ်အောင်တွေ အုပ်ထိန်းသူတွေနဲ့ ကြည့်ဖို့ပြောချင်ပါတယ်။ လိင်ကိစ္စတွေပါလို့မဟုတ်ပါဘူး စကားပြောကြမ်းတာတွေ ကြမ်းတမ်းတဲ့အပြုအမှုတွေပါလို့ပါ။ဒီ ရုပ်ရှင်ကို ၂၀၁၅ခုနှစ် အောက်တိုဘာနယူးယောက်မှာ အကြိုပြသခဲ့ပြီး နောက်ရက်အနည်းငယ်အကြာမှာ အမေရိကန်မှာ The Weinstein Company ကစတင်ဖြန့်ချီထားခဲ့ပါတယ်။ အင်္ဂလိပ် ၊ ပြင်သစ် စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ တစ်ကားလုံးကြာချိန် မိနစ် ၁၀၀ ရှိပါတယ်။ Budget ကန်ဒေါ်လာ ၂၀ မီလီယံ နဲ့ရိုက်ကူးထားပြီး Box Office မှာ ကန်ဒေါ်လာ ၃၆.၆မီလီယံ ပြန်လည်ရရှိထားပါတယ်။ ဒါရိုက်တာ John Wells ရိုကူးထားပြီး၊ သူက ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ရုပ်ရှင်တွေ တွေ ရိုက်ကူးတဲ့အပြင် ရုပ်သံထုတ်လုပ်သူအနေနဲ့ ရော စာရေးဆရာအနေနဲ့ပါ လုပ်ပါတယ်။ ဒီကားက သူရိုက်ကူးထားတဲ့နောက်ဆုံး ရုပ်ရှင်ကားဖြစ်ပါတယ်။အဓီကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ မင်းသား Bardley Cooper နဲ့ Sienna Miller ဖြစ်ပါတယ်ပါတယ်။ မင်းသား Bardleyကတော့လူုတောတောများများသိရှိပြီးဖြစ်မယ်ထင်ပါတယ်။သူ့အကြောင်းနည်းနည်းပြောပြပါမယ်။သူက အော်စကာဆုပေးပွဲက နေစပြီး တစ်ခြားသောရုပ်ရှင်စပေးပွဲတွေအထိဇကာတင်စာရင်းနဲ့ဆုတွေ ယူထားတဲ့သူဖြစ်ပါတယ်။ ၃ နှစ်ဆက်တိုက် အမြင့်ဆုံး အနုပညာကြေးရတဲ့ မင်းသားဖြစ်ပြီး ၂၀၁၅ ခုနှစ် တိုင်မ်း မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှုရှိဆုံးအယောက် ၁၀၀ စာရင်းမှာပါဝင်ထားနိုင်တဲ့အထိကို အရှိန်အဝါကြီးပါတယ်။ Hangover ကတော့ ကျွန်တော်အကြိုက်ဆုံးပေါ့။ ဗြိတိန် အမေရိကန်စပ် မင်းသမီး Sienna ကလဲ BAFTA ၊ Golden Globe Award တို့လို ဆုပေးပွဲတွေအထိခြေဆန့်ထားနိုင်ယ်မင်းသမီးဖြစ်ပါတယ်American Sniper မှာလဲ မင်းသားBardley နဲ့အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။ ကဲဟုတ်ပါပြီဒါတွေက ရုပ်ရှင်ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေပေါ့။ နောက်ဆုံးမှာထည့်ထားတဲ့ သီချင်းနာမည်က Barns Courteny ရဲ့ Fire ဆိုတဲ့သီချင်းပါ။ ဒီကားကို ရွှေးရတဲ့အကြောင်းအရင်း ကဒီကားကို ကြည့်မယ့်သူတွေထဲမှာစားသောက်ဆိုင် လိုဟိုတယ်လိုဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေ ကိုပြောချင်တာ စားသောက်ဆိုင်ဆိုတာ ဟင်းရောင်းရုံနေရာမဟုတ်ဘူး ၊ တာဝန်ယူမှုတာဝန်ခံမှု ကို သဘောပေါက်ပြီး professionalဆန်စေချင်တာရယ် ၊ခေါင်းဆောင်ဆိုတဲ့ အဓီပယ်ကို ပိုနားလည်သွားစေချင်တာရယ်၊ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ခြင်းTeam Work ကနေရာတိုင်းမှာဘယ်လောက်အရေးပါတယ်ဆိုတာကို ပိုပြီးသိသွားစေချင်တာကြောင့်ပါ။ ဒီနေ့ခေတ်က IT ခေတ်ပါအရင် Facebook မပေါ်ခင်တုန်းကလိုလာစားတဲ့သူတွေကို သမ္မတအိမ်တော် ထမင်းချိုင့်ပို့နေရတဲ့မျက်နှာ နဲ့ ရောင်းလို့မရတော့ပါဘူး။ ဒီဇာတ်လမ်းက အပြင်က Gordon Ramsay ပုံစံနဲ့ တော်တော်တူပါတယ်။ အခု MRTV 4 မှာပြနေတဲ့ MasterChef ရဲ့မှုရင်းထုတ်လုပ်သူ လဲဖြစ်သူကိုယ်တိုင်လဲ Michaellin ကြယ်၃ ပွင့်တွေ၊ ၂ ပွင့်တွေ ၊ ၁ ပွင့်တွေရထားတဲ့ စားသောက်ဆိုင်တွေရဲ့ ပိုင်ရှင်ဖြစ်တဲ့သူပါ။သူ့ကိုတော်တော်များများသိကြမှာပါ Facebookပေါ်မှာ စားဖိုမှုးတွေ ကို ပျစ်ပျစ်နှစ်နှစ် ရစရာမရှိအောင် ပြောတက်တဲ့ video ကိုတွေ့ဖူးကြမှာပါ။မတွေ့ဖူးလဲ ရိုက်ရှာလိုက်။ ဒီကားထဲမှာ ရိုက်ပြထားတဲ့ ဟင်းချက်တဲ့ပြကွက်တွေမှာ ဟင်းချက်ပုံချက်နည်းကို သေချာရိုက်မပြဘဲ တစ်ဝက်တစ်ပျက်နဲ့လောက်ပဲပြပြ သွားတာက ဇာတ်လမ်းအရှိန်ကို လျော့သွားစေပါတယ်။ ဒီဇာတ်လမ်းထဲမှာပါ တယ် Michaellin star ဆိုတာဘာလဲ ဘယ်လဲ ဆိုတာ ဟိုစပ်စပ်ဒီစပ်လျောက်ရှာကြည့်လိုက်တယ်။ ဒီ Michaellin star ဆိုတာ က စားသောက်ဆိုင်တွေကို starတွေပေးပြီး အဆင့်သတ်မှတ်ပေးတဲ့ စားသောက်ဆိုင်လမ်းညွှန်စာအုပ်ပေါ့တစ်ချို့သူတွေခေါ်ကြတာတော့ စားသောက်ဆိုင် လောက က ကျမ်းစာအုပ်တော် ပေါ့။ ထူးတာက အဲ့ဒီအဖွဲ့အစည်းက အရမ်းကိုလျှိုဝှက်လွန်းတယ်။ ရုပ်ရှင်ဆန်ဆန်ကို လုပ်ဆောင်တဲ့အဖွဲ့အစည်းပါ။ ဒီအဖွဲ့အစည်းစတင် တည်ဆောက်ခဲ့တာ ၁၉၀၀ ခုနှစ်လောက်မှာ Michaellinတာယာ တွေထုတ်လုပ်တဲ့ လုပ်ငန်း ရဲ့ ညီအကိုနှစ်ယောက် Andreနဲ့ Edoura

The Messenger (2009) ⭐IMDB: 7.1/10 (36 k Votes) 🎬 #Drama #Romance #War 🗓️ 2009 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Messenger(2009) IMDb…..7.1,,,,,,Rotten…….89% စစ်ကားဟေ့ဆိုလျှင်  BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYAN တို့လို  ကျည်ဆံသံတဝီဝီ  အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့  ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့ အတော်ကြီးကို အားမွေးရပါတယ်….ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့် Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ… WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာ မပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်….အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် …အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်… အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ  ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်.. ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်….သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်… သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်…တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်… သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်…ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်း အဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်…ဘာအလုပ်ဆိုတာရယ် …ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး… သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်….ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်… ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို  အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်…

American Dresser (2018) ⭐IMDB: 5.2/10 (447 Votes) 🎬 #Action #Drama #Adventure 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 American Dresser (2018) ================== #Unicode Rating 5.2 ထိရထားတဲ့ American Dresser ပါAdventure / Drama အမျိုးအစားပါSniper မင်းသားကြီး Tom Berenger က အဓိက ပါဝင်ထားပါတယ် ပြီးတော့ ဆာဂျင် မင်းသားကြီး Keith David က Tom ရဲ့ သူငယ်ချင်းအဖြစ် အားဖြည့်ပေးထားပါတယ်မိန်းမ လောလောလတ်လတ်သေထားတဲ့ မုဆိုးဖို ဂျွန်မော်ရိန်းက သူ့မှာ သားတစ်ယောက်ရှိကြောင်းကို သိရှိခဲ့ပါတယ်သားရှာပုံတော်အတွက် အနောက်ဘက်ကမ်းခြေကို သူငယ်ချင်း ချာလီ နဲ့ အတူတူ ဆိုင်ကယ်စီး ခရီးထွက် ခဲ့ပါတယ်လမ်းမှာ ဘယ်လို အခက်အခဲနဲ့ ကြုံမလဲ ဘယ်လို လူတွေနဲ့ တွေ့မလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် ကားလေးပါနည်းနည်းတော့ ရိုးစင်းပေမယ့် တင်ပြထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်လမ်း လေးပါRider တွေ အကြိုက်တွေ့မယ့် ကားလေးလဲဖြစ်ပါတယ်“Life is a ride… one mile at a time” ProwlerRating 5.1 ရထားတဲ့ Prowler ဇာတ်ကားပါDrama / Thriller ဇာတ်ကားအမျိုးအစားပါလူတစ်ယောက်ဟာ သူ့မိန်းမအသတ်ခံရမှု အတွက် စွပ်စွဲခံရကာ ထောင်ကျခဲ့ပါတယ်အချစ် မပါတဲ့ အိမ်ထောင်ရေးဖြစ်ပေမယ့် ထောင်က လွတ်လာတဲ့အထိ စိတ် ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေခဲ့ပါတယ်သူ့မိန်းမ အသတ်ခံရတဲ့အမှုမှာ တရားခံက ဘယ်သူဖြစ်မလဲအမှု အသွားအလာက ဘယ်လိုဖြစ်မလဲ စုံထောက်ဇာတ်လမ်းလိုစိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါဇာတ်လမ်း အစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်လမ်းလေးလဲ ဖြစ်ပါတယ်“Never trust anyone” #Zawgyi Rating 5.2 ထိရထားတဲ့ American Dresser ပါAdventure / Drama အမျိုးအစားပါSniper မင်းသားကြီး Tom Berenger က အဓိက ပါဝင်ထားပါတယ် ပြီးတော့ ဆာဂျင် မင်းသားကြီး Keith David က Tom ရဲ့ သူငယ်ချင်းအဖြစ် အားဖြည့်ပေးထားပါတယ်မိန်းမ လောလောလတ်လတ်သေထားတဲ့ မုဆိုးဖို ဂျွန်မော်ရိန်းက သူ့မှာ သားတစ်ယောက်ရှိကြောင်းကို သိရှိခဲ့ပါတယ်သားရှာပုံတော်အတွက် အနောက်ဘက်ကမ်းခြေကို သူငယ်ချင်း ချာလီ နဲ့ အတူတူ ဆိုင်ကယ်စီး ခရီးထွက် ခဲ့ပါတယ်လမ်းမှာ ဘယ်လို အခက်အခဲနဲ့ ကြုံမလဲ ဘယ်လို လူတွေနဲ့ တွေ့မလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် ကားလေးပါနည်းနည်းတော့ ရိုးစင်းပေမယ့် တင်ပြထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်လမ်း လေးပါRider တွေ အကြိုက်တွေ့မယ့် ကားလေးလဲဖြစ်ပါတယ်“Life is a ride… one mile at a time” ProwlerRating 5.1 ရထားတဲ့ Prowler ဇာတ်ကားပါDrama / Thriller ဇာတ်ကားအမျိုးအစားပါလူတစ်ယောက်ဟာ သူ့မိန်းမအသတ်ခံရမှု အတွက် စွပ်စွဲခံရကာ ထောင်ကျခဲ့ပါတယ်အချစ် မပါတဲ့ အိမ်ထောင်ရေးဖြစ်ပေမယ့် ထောင်က လွတ်လာတဲ့အထိ စိတ် ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေခဲ့ပါတယ်သူ့မိန်းမ အသတ်ခံရတဲ့အမှုမှာ တရားခံက ဘယ်သူဖြစ်မလဲအမှု အသွားအလာက ဘယ်လိုဖြစ်မလဲ စုံထောက်ဇာတ်လမ်းလိုစိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါဇာတ်လမ်း အစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်လမ်းလေးလဲ ဖြစ်ပါတယ်“Never trust anyone” (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Z Naing Z Nianh ပဲဖြစ်ပါတယ်။)

Operation Sniping (2021) ⭐TMDB: 50.0% User Score 🎬 #Action #Asian #Crime #Drama #Mystery 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 31 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့  နာမည်ကြီးတဲ့ Guangdong မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတိုက်ပွဲတွေအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံ Action/Sniper ဇာတ်ကားကောင်းဖြစ်ပါတယ်။ မူးယစ်ဂိုဏ်းနဲ့ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားမှာ Sniper သမားနှစ်ယောက်က ဟိုဖက် ဒီဖက် အပြိုင်ကြဲကြမယ့်ဇာတ်ကားဖြစ်ပါတယ်။ ဆက်တင်အလန်းစားတွေနဲ့ ပွဲကြမ်းထားတာမို့ Action ပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ။

American Sniper (2014) ⭐IMDB: 7.3/10 (496 k Votes) 🎬 #Action #Biography #Drama #War 🗓️ 2014 🎞️ Movie 📺 480p SD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 #‎ရုပ်ရှင်မိတ်ဆက် ဒီကားက အများထင်ထားသလို Lone Survivor လို၊ Saving Private Ryan လို စစ်ကားကောင်း တစ်ကား မဟုတ်ပါဘူး။ ဒီလို ပြောလို့ ကျွန်တော် မကြိုက်ဘူး၊ ဒီကားက မကောင်းဘူး လို့ မဆိုလိုပါဘူး။ ပြောချင်တာက ဒီကားမှာ အထက်က ကားနှစ်ကားလို စစ်တိုက်တာက အဓိ ဇာတ်အိမ်မဟုတ်သလို၊ စစ်ပွဲကိုလည်း Saving Private Ryan လိုမျိုး ကြည့်ကောင်းအောင် ရိုက်ထားတာမျိုးမဟုတ်ပါဘူး။ Saving Private Ryan ကို ကြည့်ပြီးရင် ပရိတ်သတ်တွေ ကိုယ်တိုင်တောင် စစ်ထဲပါချင်စိတ် ဖြစ်လာပေမယ့် ဒီကားကတော့ စစ်တစ်ခုဖြစ်တာကနေ စစ်သားတွေ၊ သူတို့ရဲ့ မိသားစုတွေ အပေါ် သက်ရောက်မှု ဘယ်လိုရှိတယ်ဆိုတာ ကို အဓိကပြထားတာဖြစ်လို့ ဒီကားကြည့်ပြီး စစ်ပွဲတွေကို ရွံသွားမှာအမှန်ပါပဲ။ စစ်ရဲ့ အနှစ်သာရကို တကယ် ပီပီပြင်ပြင် တင်ဆပြထားနိုင်သလို၊ တကယ့် စစ်မြေပြင်ထဲ ရောက်နေသလို ခံစားရအောင် ကြိုးစားရိုက်ကူးထားပါတယ်။ လက်နက်တွေ ကားတွေကအစ၊ အပြင်မှာနဲ့တူအောင် လုပ်ထားတာကိုလည်း တွေ့ရမှာပါ။ မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ်ရိုက်ကူးပြီး၊ Bradly Cooper က အဓိကသရုပ်ဆောင်အဖြစ်ပီပြင်ထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် စစ်တပ်ရဲ့ The Most Lethal Sniper လို့ ခေါ်ဆိုကြတဲ့ Chris Kyle ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း က အထွေအထူးတင်ဆက်နေ စရာမရှိပဲ၊ ဇာတ်လမ်းကိုဘယ်လို တင်ဆက်တယ် ဆိုတာကိုသာ ပြောပြချင်ပါတယ်။ သူက စစ်ထဲကိုဝင်တာ တိုင်းပြည်ကို ချစ်လို့ ကာကွယ်ချင်လို့ဝင်တာဖြစ်ပြီး ၁၉၉၇ ထဲက စစ်ထဲစဝင်သလို၊ ကလေးဘဝကတည်းကလည်း သေနတ်ပစ်ကျွမ်းကျင်သူဖြစ်ပါတယ်။ စစ်ထဲမှာလည်း သာမန် Marine မဟုတ်ပဲ၊ Navy Seal တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသူဖြစ်ပါတယ်။ ဒီလို Navy Seal မှာ တာဝန်ထမ်းဆောင်ရင်းနဲ့ပဲ သူ့မိန်းမနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၉၉ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်မှုအပြီးမှာ အမေရိကန်က အီရတ်ကို စစ်တိုက်တော့ သူစတင် ပြီး စစ်မှုထမ်းခဲ့ပါတယ်။ ဒီလူက အီရတ်ကို ၄ ကြိမ်ပြန်သွားခဲ့ပြီး၊ ရက်ပေါင်း ၁ထောင်ကျော် စစ်မှုထမ်းကာ ရန်သူ ၁၆၀ သတ်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ လူ ၁၆၀ ဆိုတာ တကယ့်အပြင်လောကမှာ တော်တော် များတဲ့အရေအတွက် ဖြစ်သလို အမေရိကန် စစ်တပ်ထဲမှာ အများဆုံး ဖြစ်ပါတယ်။ ဒီလိုနဲ့ Kyle က စစ်တပ်ထဲမှာ လူသိများလာသလို သူရှိနေတယ်ဆိုရင် Marine တွေက ပိုလုံခြုံတယ်လို့ခံစားရတယ် လို့ ဆိုကြတဲ့အထိ ကို နာမည်ကြီးလာပါတယ်။ ဒါ့အပြင် တစ်ဖက် က အီရတ် ကတောင် သူ့ကို ဆုကြေးငွေထုတ် ဒေါ်လာ ၈၀၀၀၀ ထုတ်ပြီး သတ်ခိုင်းတဲ့အထိ နာမည်ကြီးသူဖြစ်ပါတယ်။ Kyle က သူ့ဘဝမှာ သူလူ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရပဲ သူ့ရဲ့စစ်သားတွေကို မကယ်နိုင်ခဲ့တာပိုနောင်တ ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့စစ်သားတွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ မိန်းမဖြစ်သူက မသွားဖို့တားတဲ့ကြားက ရအောင်သွားခဲ့သူဖြစ်ပါတယ်။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက် ကပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က Olympic Champion, ဆီးရီးယားလူမျိုးဖြစ်ပါတယ်။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ ဒီကားက အီရတ်နဲ့ အမေရိကား၊ စစ်ပွဲ နဲ့ အိမ် (မိသားစု) ကို ယှဉ်တွဲပြထားလို့ စစ်သားတွေ အိမ်ပြန်လာတဲ့အခါ သူတို့စိတ်မှာ ဘယ်လို ဖြစ်နေလည်း၊ သူတို့ ဟိုမှာ ဘယ်လိုနေပြီး ဘာတွေကြုံခဲ့ရတယ်ဆိုတာ ပိုပြီး ပီပြင်နေပါတယ်။ ဒါ့အပြင် အပြင်က တကယ့်အဖြစ်မှန်ကို ရိုက်ကူးထားတာပေမယ့်လည်း၊ ဇာတ်လမ်းအဆုံးက ကြည့်ရသူတွေကို ခံစားမှုတစ်ခုခုဖြစ်စေမှာပါ။ အပြင်က ဇာတ်လမ်းကိုမသိတဲ့သူတွေ အတွက်က ဇာတ်သိမ်းကတော်တော်ကို အံ့အားသင့် ကျန်ခဲ့စေမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်း တကယ့်ကို စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေပါပြီး၊ ဇာတ်လမ်းအစမှာထဲက တော်တော် ကောင်းတဲ့ ဇာတ်ဝင်ခန်းနဲ့အစပြုထားတာပါ။ ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပြီး၊ စစ်ရဲ့ ဆိုးကျိုးနဲ့ သက်ရောက်မှုကိုလည်း သေချာတွေ့ရသလို၊ စစ်မြေပြင်ရောက်သွားသလို ခံစားရတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ Bradly Cooper ရဲ့ အကယ်ဒမီနဲ့ ထိုက်တန်တဲ့ သရုပ်ဆောင်မှုဖြစ်ပြီး သူက ဒီကားအတွက် ဝိတ်တက်အောင် လုပ်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ No Sex, No Nudity ဖြစ်ပေမယ့် စစ်ပွဲ တွေကို တကယ့် အပြင်မှာနဲ့ အတတ်နိုင်ဆုံးတူအောင်ရိုက်ကူးထားလို့ ကလေးတွေ မကြည့်သင့်ပါဘူး။ မိသားစုတူတူကြည့်နိုင်ပါတယ်။ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေ ကြည့်သင့်တဲ့ဇာတ်ကားပါ။ #‎Sololay (ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက်-Movie Review မှကူးယူဖော်ပြပါသည်

Sniper: Ghost Shooter (2016) ⭐IMDB: 5.4/10 (5 k Votes) 🎬 #Action #War #Drama #Thriller 🗓️ 2016 🎞️ Movie 📺 720p HD 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကဲဒီတစ်ခါတော့ Sniper ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ မစ်ရှင်တစ်ခုအတွက် အကြမ်းဖက်သမားများလက်မှ အရေးကြီးသော ဂတ်စ်ပို်က်လိုင်းကို ကာကွယ်ဖို့အတွက် လုပ်ဆောင်ရာမှာ စနိုက်ပါသမား၂ယောက်က ဘယ်လို အခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကို ဆက်လက်ရှူစားကြရအောင်လား

Sniper (2020) ⭐IMDB: 4.8/10 (108 Votes) 🎬 #Action #Drama #War 🗓️ 2020 🎞️ Movie 📺 720p HD 🌎 #China ⏰ 1 နာရီ 21 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Zawgyi ******* နိုင်ငံပေါင်းစုံက လူတွေနဲ့ဖွဲ့စည်းထားတဲ့ ကြေးစားအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဟာ စနိုက်ပါအထူးချွန်ဆုံးလို့အများကသတ်မှတ်ထားပါတယ် ဒီအဖွဲ့ထည်းမှာပဲနောက်ထပ် စနိုက်ပါသမား လူငယ်လေးတစ်ယောက်လဲပါလာပါ၀င်ပါတယ်။ မစ်ရှင်တစ်ခုမှာ စနိုက်ပါသမားလေးကြောင့် ဖောက်သည်တစ်ဦး ဒါဏ်ရာရသွားတဲ့အခါ ဖောက်သည်တွေကျေနပ်မှု့ရဖို့ နောက်ထပ် မစ်ရှင်တစ်ခုကိုခပ်မြန်မြန်လက်ခံလိုက်ရပါတယ်။ ဒီတစ်ခေါက်မစ်ရှင်က ရေသန့်စက်နဲ့မျိုးစေ့တွေကို အစိုးရတပ်နဲ့ သူပုန်တပ်ကြားကရွာလေးဆီကိုပို့မယ့် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့က လူနဲ့ယာဥ်ကိုစောင့်ရှောက်ရမှာပါ။ ပို့ရမယ့်ပစ္စည်းတွေနေရာကိုရောက်ပါ့မလား တစ်ကယ့်စနိုက်ပါ အစစ်ရဲ့လက်စွမ်းက ဘယ်လိုနေလဲ မစ်ရှင်ရောအောင်မြင်မှာလားဆိုတာတော့ရုပ်ရှင်ထဲမှာဆက်ကြည့်ပါ။ စစ်ကားနဲ့စနိုက်ပါ ကောင်းကောင်းကြိုက်သူတွေအတွက်ကျေနပ်စေမယ့်ကားလေးပါပဲ Unicode ******* နိုင်ငံပေါင်းစုံက လူတွေနဲ့ဖွဲ့စည်းထားတဲ့ ကြေးစားအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဟာ စနိုက်ပါအထူးချွန်ဆုံးလို့အများကသတ်မှတ်ထားပါတယ် ဒီအဖွဲ့ထည်းမှာပဲနောက်ထပ် စနိုက်ပါသမား လူငယ်လေးတစ်ယောက်လဲပါလာပါ၀င်ပါတယ်။ မစ်ရှင်တစ်ခုမှာ စနိုက်ပါသမားလေးကြောင့် ဖောက်သည်တစ်ဦး ဒါဏ်ရာရသွားတဲ့အခါ ဖောက်သည်တွေကျေနပ်မှု့ရဖို့ နောက်ထပ် မစ်ရှင်တစ်ခုကိုခပ်မြန်မြန်လက်ခံလိုက်ရပါတယ်။ ဒီတစ်ခေါက်မစ်ရှင်က ရေသန့်စက်နဲ့မျိုးစေ့တွေကို အစိုးရတပ်နဲ့ သူပုန်တပ်ကြားကရွာလေးဆီကိုပို့မယ့် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့က လူနဲ့ယာဉ်ကိုစောင့်ရှောက်ရမှာပါ။ ပို့ရမယ့်ပစ္စည်းတွေနေရာကိုရောက်ပါ့မလား တစ်ကယ့်စနိုက်ပါ အစစ်ရဲ့လက်စွမ်းက ဘယ်လိုနေလဲ မစ်ရှင်ရောအောင်မြင်မှာလားဆိုတာတော့ရုပ်ရှင်ထဲမှာဆက်ကြည့်ပါ။ စစ်ကားနဲ့စနိုက်ပါ ကောင်းကောင်းကြိုက်သူတွေအတွက်ကျေနပ်စေမယ့်ကားလေးပါပဲ

Sniper: Assassin's End (2020) ⭐IMDB: 5.3/10 (4 k Votes) 🎬 #Action #Thriller 🗓️ 2020 🎞️ Movie 📺 720p HD 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စနိုက်ပါဇာတ်လမ်း၊ အက်ရှင်ဇာတ်လမ်း ကြိုက်သူတွေအတွက် တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် နိုင်ငံမှာ အခြားနိုင်ငံက ဝန်ကြီးတစ်ယောက် စနိုက်ပါနဲ့ အပစ်ခံလိုက်ရပါတယ်။ အဲဒီ ပစ်တဲ့သူဘယ်သူလဲဆိုတာ သဲလွန်စတွေအရ စုံစမ်းတော့ ဘက်ကက် ဆိုတဲ့ လက်ဖြောင့်တပ်သား တပ်ကြပ်ကြီး တစ်ယောက် ဖြစ်နေတာကိုတွေ့ရတာပါပဲ။ ဒါပေမယ့် ဘက်ကက်က ချောက်တွန်းခံရတာဖြစ်ပြီး သူ့ကို ဖမ်းထားတုန်းမှာပဲ နှုတ်ပိတ်ဖို့ကြိုးစားလာပါတယ်။ ဒီတော့ သူ့အဖေရယ်၊ ထောက်လှမ်းရေး အေးဂျင့်တစ်ယောက်ရယ် အကူအညီနဲ့ တရားခံအစစ်ကိုလိုက်ရှာပြီး အမှန်ကို ပေါ်လာအောင် ကြိုးစားရပါတော့တယ်။

Snipers (2022) ⭐IMDB: 6.4/10 (917 Votes) 🎬 #Action #Drama #War 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 36 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စစ်ပွဲတစ်ပွဲဆင်နွဲတဲ့အခါ သမိုင်းတွင်တဲ့ စစ်ပွဲများစွာရဲ့ စစ်သူရဲကောင်းတွေလည်းရှိသလို ဒီလိုစစ်ပွဲကြီးတွေအတွက် အထောက်အကူဖြစ်ဖို့ လူမသိသူမသိဆင်နွှဲခဲ့ရတဲ့ စစ်ပွဲလေးတွေထဲမှာ အသက်စွန့်တိုက်ပွဲဝင်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်ပေါင်းများစွာလဲရှိပါတယ် အခု ဒီဇာတ်ကားလေးကတော့ စစ်ပွဲကြီးတစ်ခုက နိုင်ငံ့သူရဲကောင်းတွေကိုရိုက်ကူးပုံဖော်ထားတာမဟုတ်ဘဲ သမိုင်းမှာလည်းမပါ ဘယ်သူမှမသိတဲ့ချိုင့်ဝှမ်းလေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲလေးတစ်ခုက ရဲရင့်တဲ့ ရဲဘော်တွေရဲ့စိတ်ဓာတ်အားမာန်ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ၁၉၅၂ခု နှစ်ကို အခြေတည်ရိုက်ကူးထားတာပါ လျှိုဝမ်ဝူဟာ တိုးတက်မှုနောက်ကျပြီး ပစ္စည်းကိရိယာအစုံအလင်မရှိတဲ့ တရုတ်လုပ်အားပေးစစ်တပ်မှာ အရမ်းတော်တဲ့ တပ်ကြပ်တစ်ယောက်ဖြစ်ပြီး အဖွဲ့ ၅တပ်ဖွဲ့ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ သူတို့တပ်ရဲ့ သတင်းပေးလျန်လျန်ဆိုတဲ့ရဲဘော် ချုံခိုတိုက်ခံရပြီး အထက်က လျန်လျန်ကို သေသေရှင်ရှင် ပြန်ခေါ်ခဲ့ဖို့ တပ်ကြပ်လျှိုခေါင်းဆောင်တဲ့ အဖွဲ့ ၅ကို တာဝန်ပေးလိုက်ပါတယ်တစ်ဖက်မှာလည်း လျန်လျန်ကို ဓားစာခံထားပြီး လျှိုဝမ်ဝူကို ဖမ်းဖို့အမေရိကန်အထူးတပ်ဖွဲ့က အသင့်စောင့်နေချိန်မှာတော့… လက်နက်ခဲယမ်း ကိရိယာအစုံအလင်ရှိပြီး ကျွမ်းကျင်သူတွေကြီးပဲ ဖွဲ့စည်းထားတဲ့ အမေရိကန်တပ်ဖွဲ့ကို လျှိုဝမ်ဝူတို့တပ်ဖွဲ့ ၅ဘယ်လိုရင်ဆိုင်ကြမလဲ နိုင်ငံ့အကျိုးကိုပဲရှေ့တန်းတင် သူတို့အသက်တွေကိုရင်း သူမတူတဲ့မျိုးချစ်စိတ်တွေနဲ့ သူတို့ရဲ့တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မှာလဲဆိုတာ ရဲသွေးရဲမာန်အပြည့်နဲ့ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ဆက်ကြည့်ကြရမှာပါနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )

Fortress: Sniper's Eye (2022) ⭐IMDB: 2.9/10 (911 Votes) 🎬 #Action #Thriller #Crime 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fortress: Sniper’s Eye (2022) ===================== ဒီကားထဲမှာတော့ အက်ရှင်မင်းသားကြီးBruce Willis က အငြိမ်းစားထောက်လှမ်းရေးအရာရှိ Robert နေရာကသရုပ်ဆောင်ထားပါတယ်။ဒီကားလေးက (၂၀၂၁)ကထွက်တဲ့ Fortress ရဲ့အဆက်ဆိုလည်းမမှားပါဘူး။Russia မှာအဖမ်းခံထားရတဲ့ Sashaဆိုတဲ့ကောင်မလေးကိုကယ်ရင်းဒဏ်ရာရခဲ့လို့နားနေရတဲ Robertတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေထိုင်ဒဏ်ရာတွေကုသနေရင်း မထင်မှတ်ထားတဲ့ သေပြီလို့ထင်ထားတဲ့ လူတစ်ယောက်ပေါ်လာပြီး သူ့ခိုးခဲ့တဲ့ပိုက်ဆံသန်း(၆၀၀)ကိုပြန်ယူဖို့အပြင် Robertတစ်ယောက်ကိုလက်စားချေဖို့လုပ်လာပါတော့တယ်။ ဒါကတော့ Robertချစ်ရတဲ့လူတွေကိုဖမ်းပြီးသတ်ဖို့ပါပဲ။ ဒါပေမယ့်ထောက်လှမ်းရေးအရာရှိဟောင်းပီပီ Robertကလည်း ဉာဏ်နီဉာဏ်နက်ဉာဏ်ဝါတွေထုတ်ပြီး ပြန်လည်တိုက်ခိုက်ဖို့ကြံထားတဲ့ အက်ရှင်ကားကိုကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)

Alien Sniperess (2022) ⭐IMDB: 2.2/10 (194 Votes) 🎬 #Action #Fantasy #Sci-Fi #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 720p HD 🌎 # ⏰ 1 နာရီ 35 မိနစ် 03 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alien Sniperess (2022) နာမည်ကတော့ဂျွတ်ဆင်ဗျ။ ဂြိုဟ်သားကားလိုလိုဘာလိုလို။ တကယ်လည်းဂြိုဟ်သားကားဟုတ်ပါတယ်။ ဂြိုဟ်သားတစ်ကောင်မှမပါတာလေးကလွဲရင်ပေါ့။ ဂြိုဟ်သားမပါတဲ့ဂြိုဟ်သားကားဆိုပေမယ့်လည်းဇာတ်လမ်းကတော့ ရှယ်မိုက်ပါတယ်။ နေထူးနိုင်ကားတွေလောက်ကိုမိုက်တာပါ။ အရမ်းကြည့်ချင်သွားပြီမလား။ ဇာတ်လမ်းအကျဥ်းကတော့ တစ်ညမှာကမ္ဘာပေါ်ကိုဥက္ကာပျံတွေကြယ်ကြွေသလိုကြွေရင်းအဲဒီဥက္ကာပျံအပိုင်းအစတွေထဲမှာ လူတွေဆီဝင်ပူးပြီး သတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်လာအောင်လှုံ့ဆော်တဲ့ Virus တစ်မျိုးပါလာပါတယ်။အဲဒီ ဂြိုဟ်သား Virus ကိုသတ်နိုင်တာကတော့ 5G ထက်မြန်တဲ့ KG ဖုန်းလိုင်းပါတဲ့ခင်ဗျာ။ နီကိုးလပ်စ်ကေ့ချ်ရိုက်တဲ့ပေါကားတွေတောင်ဒီလောက်မပေါနိုင်တော့ပါဘူး။ မကောင်းတာတွေခဏထားပြီး ကောင်းကွက်လေးတွေပြောရရင်တော့ ဗီလိန်တွေကြမ်းလို့ဇာတ်အရမ်းနာပြီးလောင်နေရတာမကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ Adventure လည်းဆန်တာမျိုးကိုကြိုက်တတ်တဲ့သူတွေဆိုရင် အားလပ်ရက်မှာအပျင်းပြေကြည့်ဖို့တော့အဆင်ပြေပါတယ်။ ခုနကပြောခဲ့တဲ့အညွှန်းကလည်းအကုန်မဟုတ်ပဲအပေါ်ယံပဲပြောပြထားတာမို့ ကိုယ်တိုင်ကြည့်ရှုရမယ့် plot တွေအများကြီးကျန်ပါသေးတယ်။ ကျွန်တော့်အမြင်မှာပေါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အမြင်မတူနိုင်တာကြောင့် ကိုယ်တိုင်လည်းကြည့်ရှုပေးကြပါဦး။ IMDb Rating (2.6) ထိ ရရှိထားတာဆိုတော့ အလန်းပေါ့ဗျာ။ အကောင်းဆုံးအချက်ကတော့ ရုပ်ထွက်တွေကြည်တောက်နေတာပါပဲ။

Alien Sniperess (2022) ⭐IMDB: 2.2/10 (194 Votes) 🎬 #Action #Fantasy #Sci-Fi #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 # ⏰ 1 နာရီ 35 မိနစ် 03 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alien Sniperess (2022) နာမည်ကတော့ဂျွတ်ဆင်ဗျ။ ဂြိုဟ်သားကားလိုလိုဘာလိုလို။ တကယ်လည်းဂြိုဟ်သားကားဟုတ်ပါတယ်။ ဂြိုဟ်သားတစ်ကောင်မှမပါတာလေးကလွဲရင်ပေါ့။ ဂြိုဟ်သားမပါတဲ့ဂြိုဟ်သားကားဆိုပေမယ့်လည်းဇာတ်လမ်းကတော့ ရှယ်မိုက်ပါတယ်။ နေထူးနိုင်ကားတွေလောက်ကိုမိုက်တာပါ။ အရမ်းကြည့်ချင်သွားပြီမလား။ ဇာတ်လမ်းအကျဥ်းကတော့ တစ်ညမှာကမ္ဘာပေါ်ကိုဥက္ကာပျံတွေကြယ်ကြွေသလိုကြွေရင်းအဲဒီဥက္ကာပျံအပိုင်းအစတွေထဲမှာ လူတွေဆီဝင်ပူးပြီး သတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်လာအောင်လှုံ့ဆော်တဲ့ Virus တစ်မျိုးပါလာပါတယ်။အဲဒီ ဂြိုဟ်သား Virus ကိုသတ်နိုင်တာကတော့ 5G ထက်မြန်တဲ့ KG ဖုန်းလိုင်းပါတဲ့ခင်ဗျာ။ နီကိုးလပ်စ်ကေ့ချ်ရိုက်တဲ့ပေါကားတွေတောင်ဒီလောက်မပေါနိုင်တော့ပါဘူး။ မကောင်းတာတွေခဏထားပြီး ကောင်းကွက်လေးတွေပြောရရင်တော့ ဗီလိန်တွေကြမ်းလို့ဇာတ်အရမ်းနာပြီးလောင်နေရတာမကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ Adventure လည်းဆန်တာမျိုးကိုကြိုက်တတ်တဲ့သူတွေဆိုရင် အားလပ်ရက်မှာအပျင်းပြေကြည့်ဖို့တော့အဆင်ပြေပါတယ်။ ခုနကပြောခဲ့တဲ့အညွှန်းကလည်းအကုန်မဟုတ်ပဲအပေါ်ယံပဲပြောပြထားတာမို့ ကိုယ်တိုင်ကြည့်ရှုရမယ့် plot တွေအများကြီးကျန်ပါသေးတယ်။ ကျွန်တော့်အမြင်မှာပေါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အမြင်မတူနိုင်တာကြောင့် ကိုယ်တိုင်လည်းကြည့်ရှုပေးကြပါဦး။ IMDb Rating (2.6) ထိ ရရှိထားတာဆိုတော့ အလန်းပေါ့ဗျာ။ အကောင်းဆုံးအချက်ကတော့ ရုပ်ထွက်တွေကြည်တောက်နေတာပါပဲ။

Sniper Hero (2022) ⭐TMDB: 0.0% User Score 🎬 #Action #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 27 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် CM ချစ်ပရိသတ်တွေကိုမိတ်ဆက်ပေးမယ့်Sniper Heroဆိုတဲ့ ကားလေးက တခြားစစ်ကားတွေလိုတော်လွန်းတဲ့ အရာရှိကြီးတိုအကြောင်းတို အောင်နိုင်ခဲ့တဲ့သမိုင်းကြောင်းတိုကို ရိုက်ကူးထားတာမဟုတ်ဘဲတစ်ယောက်လဲရင် တစ်ယောက်က သူ့အစားဝင်ပြီးဒီတိုက်ပွဲကို ဒီလက်နက်နဲ့ ဆက်တိုက်သွားတဲ့ မလျှော့သောဇွဲရန်သူနဲ့ လက်နက်အားချင်းမယှဉ်နိုင်တောင် ယုံကြည်ချက်ဆိုတဲ့ကျည်ကို စည်းလုံးမှုဆိုတဲ့ သေနတ်မှာထည့်ပြီးရန်သူကိုတိုက်ပြသွားတဲ့ကားဖြစ်လို နာမည်ကြီးမင်းသားမင်းသမီးမပါရုပ်ချောတဲ့သူတွေမထည့်ထားတာတောင်ဘာသာပြန်ရင်း ကြည့်ရတဲ့အရသာက ရှယ်ပါပဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်၁၉၅၂ ခုနှစ်အစောပိုင်း မြောက်ကိုးရီးယားနယ်မြေမှာအမေရိကန်နဲ့ တရုတ် တိုစစ်ဖြစ်ပွားခဲ့ပြီးလက်နက်အင်အားမမျှကြပေမယ့် အမေရိကန်စစ်တပ်ရဲ့တိုက်စစ်ဆင်မှုတွေကို အဖွဲ၈ က အကြိမ်ပေါင်းများစွာခုခံလာနိုင်ခဲ့ရာကနေတိုက်ပွဲတစ်ခုမှာတော့ အသေအပျောက်များသွားခဲ့ပြီးတပ်သားသစ်စုဆောင်းရာမှာ အဖွဲ၆က ရန်တုန်းဖုန်းဆိုတဲ့စီချွမ်တပ်သားလေးတစ်ယောက်ဟာ အဖွဲ၆ တစ်ဖွဲလုံးရန်သူတပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး သူအရမ်းလေးစားရတဲ့အဖွဲခေါင်းဆောင်လည်း အသက်ပေးသွားခဲ့ရပြီးနောက်ပိုင်းမှာတော့ စနိုက်ပါအထူးတပ်ဖွဲထဲကိုဝင်ရောက်လာခဲ့ပြီး ကလဲ့စားပြန်ချေဖိုကြိုးစားခဲ့ပါတယ် အဲ့လိုကနေ ရဲဘော်အသစ်တွေနဲ့ဆက်လက်တိုက်ပွဲဝင်ရင်းနောက်ဆုံးမှာ သူဖြစ်ချင်တဲ့ရည်မှန်းချက်လေးပြည့်ဝသွားမှာလားဆိုတာတွေကိုတော့ ဆက်လက်စောင့်ကြည့်ကြရအောင်

Happy Birthday (2022) ⭐IMDB: 5.6/10 (452 Votes) 🎬 #Action #Bollywood #Comedy #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 27 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Happy Birthday (2022) IMDb-5.6/10 ခါတိုင်းတရစပ်အပြောတွေနဲ့ ရွှတ်နောက်နောက်ဟာသမင်းသားကြီး Vennela Kishore ကဒီကားထဲမှာတော့ ၀န်ကြီးနေရာကသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွှန်း “No Gun ,No entry”သေနတ်သာရှိရင် ဒုစရိုက်မှုတွေနည်းမယ် သေနတ်နဲ့လူကိုလည်း ဘယ်သူမှရန်စရဲမှာမဟုတ်ဘူးဆိုပြီးလူတိုင်းသေနတ်ကိုင်ဆောင်နိုင်ရေးအဆိုကိုတင်သွင်းခဲ့သူ၀န်ကြီးကျေးဇူးနဲ့အားလုံးဟာရတနာတွေရောင်းချပြီးတောင် သေနတ်ကိုအပြိုင်အဆိုင်ကိုင်ရပ်ကွက်ဈေးကအစ သေနတ်တွေတကြော်ကြော်အော်ရောင်းအောင်မြင်‌နေသည်ထိပါပဲ ပြသနာဆိုတာလေးက ဇာတ်လမ်းတိုင်းမှာမပါမဖြစ်ဆိုတော့ သူအဲဒီလိုသေနတ်ရောင်းဝယ်ခွင့်ပါမစ်ချပေးခဲ့တဲ့အချိန်မှာ လာဘ်စားမှုလေးတွေရှိခဲ့ပါတယ်အဲဒီအမှုသက်သေရှိတဲ့သူတစ်ယောက်နဲ့ ဝန်ကြီးနဲ့က ဟိုတယ်တစ်ခုရဲ့အခန်း ၆၉၆၉ မှာဆုံတွေ့ဖို့စီစဉ်ကြပြီး အဲဒါကို အေးဂျင့်တွေကလဲ စောင့်ကြည့်နေကြပါတယ် ဒါပေမယ့် အခန်း၆၉၆၉ ကိုလာတဲ့သူတွေက သူတို့ချည်းပဲလားဆိုတော့မဟုတ်ပါဘူးတခြားလူတွေပါ ပါဝင်လာတဲ့အခါမှာ…..ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းအရဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းမယ့်အနေအထားပါအတည်ပေါက်ဟာသထလုပ်တာတွေက ဇာတ်လမ်းကိုပေါ့သလိုဖြစ်စေပေမဲ့တခါတလေတော့လည်း ကျွန်တော်တို့ ဇာတ်လမ်းတွေကိုအတည်ပေါက်ကြီး ခံစားကြည့်ရှုနေရတာစိတ်ကုန်နေလောက်ပါပြီအဲဒီတော့ ဂျက်ကီချမ်းကားတွေလိုပဲ ရီလဲရီရမယ်အက်ရှင်တွေလဲပါမယ် စပိုင်ဇာတ်လမ်းလေးလဲပါမယ်မင်းသမီးချောချောလေးတွေလဲ ကြည့်ချင်တယ်ဆိုရင်ဒီဇာတ်ကားကသင့်အတွက်ပါပဲမိတ်ဆွေ…….

Happy Birthday (2022) ⭐IMDB: 5.6/10 (452 Votes) 🎬 #Action #Bollywood #Comedy #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 27 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Happy Birthday (2022) IMDb-5.6/10 ခါတိုင်းတရစပ်အပြောတွေနဲ့ ရွှတ်နောက်နောက်ဟာသမင်းသားကြီး Vennela Kishore ကဒီကားထဲမှာတော့ ၀န်ကြီးနေရာကသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွှန်း “No Gun ,No entry”သေနတ်သာရှိရင် ဒုစရိုက်မှုတွေနည်းမယ် သေနတ်နဲ့လူကိုလည်း ဘယ်သူမှရန်စရဲမှာမဟုတ်ဘူးဆိုပြီးလူတိုင်းသေနတ်ကိုင်ဆောင်နိုင်ရေးအဆိုကိုတင်သွင်းခဲ့သူ၀န်ကြီးကျေးဇူးနဲ့အားလုံးဟာရတနာတွေရောင်းချပြီးတောင် သေနတ်ကိုအပြိုင်အဆိုင်ကိုင်ရပ်ကွက်ဈေးကအစ သေနတ်တွေတကြော်ကြော်အော်ရောင်းအောင်မြင်‌နေသည်ထိပါပဲ ပြသနာဆိုတာလေးက ဇာတ်လမ်းတိုင်းမှာမပါမဖြစ်ဆိုတော့ သူအဲဒီလိုသေနတ်ရောင်းဝယ်ခွင့်ပါမစ်ချပေးခဲ့တဲ့အချိန်မှာ လာဘ်စားမှုလေးတွေရှိခဲ့ပါတယ်အဲဒီအမှုသက်သေရှိတဲ့သူတစ်ယောက်နဲ့ ဝန်ကြီးနဲ့က ဟိုတယ်တစ်ခုရဲ့အခန်း ၆၉၆၉ မှာဆုံတွေ့ဖို့စီစဉ်ကြပြီး အဲဒါကို အေးဂျင့်တွေကလဲ စောင့်ကြည့်နေကြပါတယ် ဒါပေမယ့် အခန်း၆၉၆၉ ကိုလာတဲ့သူတွေက သူတို့ချည်းပဲလားဆိုတော့မဟုတ်ပါဘူးတခြားလူတွေပါ ပါဝင်လာတဲ့အခါမှာ…..ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းအရဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းမယ့်အနေအထားပါအတည်ပေါက်ဟာသထလုပ်တာတွေက ဇာတ်လမ်းကိုပေါ့သလိုဖြစ်စေပေမဲ့တခါတလေတော့လည်း ကျွန်တော်တို့ ဇာတ်လမ်းတွေကိုအတည်ပေါက်ကြီး ခံစားကြည့်ရှုနေရတာစိတ်ကုန်နေလောက်ပါပြီအဲဒီတော့ ဂျက်ကီချမ်းကားတွေလိုပဲ ရီလဲရီရမယ်အက်ရှင်တွေလဲပါမယ် စပိုင်ဇာတ်လမ်းလေးလဲပါမယ်မင်းသမီးချောချောလေးတွေလဲ ကြည့်ချင်တယ်ဆိုရင်ဒီဇာတ်ကားကသင့်အတွက်ပါပဲမိတ်ဆွေ…….

သရီး(အင်)ဝမ်း (3 in 1) ⭐N/A 🎬 #romance #comedy 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 45 မိနစ် 37 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ဈာဟိန်း နဲ့ ဝေအောင် မှာအဆောင်တူအခန်းဖော်သူငယ်ချင်းဖြစ်ပြီး ကျော်မိုးလွင် နဲ့လည်းငယ်သူငယ်ချင်းများဖြစ်ကြတော့_x000D_ ဈာဟိန်း ရဲ့ချစ်ရတဲ့မိန်းကလေးနာမည်မှာ ခိုင် ဖြစ်ပြီး ဝေအောင်ချစ်ရတဲ့မိန်းကလေးမှာ ထက် ဖြစ်ပြီး_x000D_ ကျော်မိုးလွင် ချစ်ရတဲ့သူကတော့ မင်း ဖြစ်ပြီး တစ်နေ့ သူတို့ချစ်တဲ့ကောင်မလေးကိုစာပေးရန်အတွက်စာရေးပေးသူ _x000D_ ဈာဟိန်း မှာ အတူတူရေးပေးခဲ့ရာ သူတို့ချစ်တဲ့မိန်းကလေးမှာ တစ်ယောက်တည်းဆိုတာ_x000D_ သိလိုက်ရတော့ ကျော်မိုးလွင် ကသူငယ်ချင်းတွေကိုဦးစားပေးရင်နောက်ဆုတ်ခဲ့ပေမယ့် ထက်မင်းခိုင် မှာ ဇွဲမလျော့တဲ့ _x000D_ ဈာဟိန်း နဲ့ ဝေအောင် ဘယ်သူ့ကိုရွေးချယ်မလဲ .... သူတို့နှစ်ယောက်မှာဘယ်သူကအလောျ့ပေးမလဲ .... သရုပ်ဆောင် ကောင်းပြည့်၊ နေထူးနိုင်၊ သန္တာဗို ဒါရိုက်တာ ဇော်မိုးထွေး ထုတ်လုပ်ရေး ခရေဖြူ

Suki (2023) ⭐TMDB: 20.0% User Score 🎬 #Adult #Drama 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #Philippines ⏰ 2 နာရီ 00 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Suki (2023) အက်ဘာဆိုတာ အဖော်အချွတ်ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖော်ချွတ်ကချေသည်မလေးတစ်ယောက်။ တစ်ချိန်က သူ့အရင် လျှမ်းလျှမ်းတောက်ခဲ့ဖူးတဲ့ မာဂါ ဆိုတဲ့စီနီယာတစ်ယောက်ရှိပေမယ့် လှလွန်းတဲ့ အက်ဘာရောက်လာချိန်မှာ မာဂါကျဆုံးချိန်ရောက်လာခဲ့တယ်။ အက်ဘာက အမှုမထားပေမယ့် မာဂါကတော့ သူ့ကိုအသေအလဲလိုက်ပြိုင်တယ်။ အလုပ်ကိစ္စတင်မက အက်ဘာကြွေနေတဲ့ ဂေးဘားတစ်ခုက အဖော်အချွတ်ကောင်လေး ဖြစ်တဲ့ အဒန်ကိုပါ မရမက အတင်းလိုက်ကပ်တယ်။ ဒီလိုနဲ့ အဒန်ဘက်က အက်ဘာကိုမေတ္တာတုန့်ပြန်ပြီးတော့ အတူတူနေဖို့ဆုံးဖြတ်ချက်လိုက်ချိန်မှာ ရိုးရှင်းတဲ့သူတို့ဘဝတွေထဲ အချစ် အလွမ်းတွေ၊ ဝန်တိုမနာလိုမှုတွေနဲ့ မုန်တိုင်းထန်ဂယက်ထဖို့ဖြစ်လာပါတော့တယ်။ ခန္ဓာကိုယ်ကို ရင်းနှီးလုပ်ကိုင်နေတဲ့သူအချင်းချင်း သံယောဇဉ်တွယ်ငြိ ချစ်မိသွားတယ်ဆိုတာ ငြိတွယ်ခံရသူရော ငြိတွယ်သူအတွက်ပါ နှစ်ဖက်လုံးအတွက် ကောင်းစရာမရှိနိုင်လို့ပါပဲ။ ညပျော်လေးတွေနဲ့ သူတို့ဘဝကိုနောက်ခံထားတဲ့အတွက် အဖော်အချွတ်နဲ့လိင်ဆက်ဆံခန်းတွေတစ်ကားလုံးနီးပါးမနားတမ်းပါဝင်ပါတယ်။ Pamasahe တစ်ကားတည်းနဲ့ ပရိသတ်ရင်ထဲကိုရောက်လာတဲ့ Azi Acosta ကို Stripper တစ်ယောက်အနေနဲ့ တစ်ဝကြီးရှုမြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Suki (2023) ⭐TMDB: 20.0% User Score 🎬 #Adult #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 2 နာရီ 00 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Suki (2023) အက်ဘာဆိုတာ အဖော်အချွတ်ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖော်ချွတ်ကချေသည်မလေးတစ်ယောက်။ တစ်ချိန်က သူ့အရင် လျှမ်းလျှမ်းတောက်ခဲ့ဖူးတဲ့ မာဂါ ဆိုတဲ့စီနီယာတစ်ယောက်ရှိပေမယ့် လှလွန်းတဲ့ အက်ဘာရောက်လာချိန်မှာ မာဂါကျဆုံးချိန်ရောက်လာခဲ့တယ်။ အက်ဘာက အမှုမထားပေမယ့် မာဂါကတော့ သူ့ကိုအသေအလဲလိုက်ပြိုင်တယ်။ အလုပ်ကိစ္စတင်မက အက်ဘာကြွေနေတဲ့ ဂေးဘားတစ်ခုက အဖော်အချွတ်ကောင်လေး ဖြစ်တဲ့ အဒန်ကိုပါ မရမက အတင်းလိုက်ကပ်တယ်။ ဒီလိုနဲ့ အဒန်ဘက်က အက်ဘာကိုမေတ္တာတုန့်ပြန်ပြီးတော့ အတူတူနေဖို့ဆုံးဖြတ်ချက်လိုက်ချိန်မှာ ရိုးရှင်းတဲ့သူတို့ဘဝတွေထဲ အချစ် အလွမ်းတွေ၊ ဝန်တိုမနာလိုမှုတွေနဲ့ မုန်တိုင်းထန်ဂယက်ထဖို့ဖြစ်လာပါတော့တယ်။ ခန္ဓာကိုယ်ကို ရင်းနှီးလုပ်ကိုင်နေတဲ့သူအချင်းချင်း သံယောဇဉ်တွယ်ငြိ ချစ်မိသွားတယ်ဆိုတာ ငြိတွယ်ခံရသူရော ငြိတွယ်သူအတွက်ပါ နှစ်ဖက်လုံးအတွက် ကောင်းစရာမရှိနိုင်လို့ပါပဲ။ ညပျော်လေးတွေနဲ့ သူတို့ဘဝကိုနောက်ခံထားတဲ့အတွက် အဖော်အချွတ်နဲ့လိင်ဆက်ဆံခန်းတွေတစ်ကားလုံးနီးပါးမနားတမ်းပါဝင်ပါတယ်။ Pamasahe တစ်ကားတည်းနဲ့ ပရိသတ်ရင်ထဲကိုရောက်လာတဲ့ Azi Acosta ကို Stripper တစ်ယောက်အနေနဲ့ တစ်ဝကြီးရှုမြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

#Mute (2023) ⭐IMDB: 9.3/10 (25 Votes) 🎬 #Bollywood #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 51 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mute 2023IMDb 9.5/10လန်ပြန်ထွက်နေအောင် rating ကောင်းပြီး ထွက်ထားတာမကြာသေးတဲ့ဒီကားလေးဟာ အလကားနေရင်း rating မြင့်နေတယ်ထင်ရင်မှားသွားပါလိမ့်မယ်အိန္ဒိယထုံးစံ အဆိုအကတောင် လုံးဝ(လုံးဝ) မထည့်ထားဘဲနဲ့ဇာတ်လမ်းဇာတ်ကွက်ကိုပဲ အသားပေးထားတဲ့ Thriller ကားကောင်းလေးပါ ဇာတ်လမ်းလေးက သာမန်မြင်တွေ့နေကြ အချစ်အလွမ်းအကြမ်းအရမ်းအက်ရှင်တွေမဟုတ်ပါဘူးအဲ့တော့ ဒရာမာဘာညာနိုင်ငံရေးကားလားဆိုတော့လည်းမဟုတ်ပါဘူးအိမ်မွေးခွေးလေးတစ်ကောင် ပျောက်ဆုံးသွားတာကို ရင်တမမနဲ့ကြည့်ရမဲ့ Thriller ရုပ်ရှင်လေးပါဒီဗီရာဆိုတဲ့ကောင်မလေးက လင်ယောကျာ်းသစ္စာဖောက်တာခံရလို့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ် ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းကောင်းတွေရဲ့ဝိုင်းဝန်းစောင့်ရှောက်မှုကြောင့် သူ့ဘဝကိုဆက်ရှင်သန်ဖြစ်ခဲ့ပါတယ်သူ့ဘဝရဲ့အရေးအကြီးဆုံး နံပါတ်တစ်အဖော်ကတော့ ကောစ်မိုလို့ခေါ်တဲ့ခွေးလေးပါအဲ့ခွေးလေး ငါးနှစ်ပြည့်မွေးနေ့ နောက်တစ်နေ့မနက်ဒီဗီရာနိုးလာတဲ့အချိန်မှာခွေးလေးကပျောက်ချင်းမလှပျောက်သွားပါတယ်အဲ့အချိန်ကစပြီး တက်လိုက်တဲ့ဇာတ်ရှိန်ကတော့ ပြီးသွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူးကဲ သာမန်အိန္ဒိယကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်ကွက်ကောင်းမွန်လွန်းတဲ့ယခုဇာတ်ကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်

Tombstone (1993) ⭐IMDB: 7.8/10 (153 k Votes) 🎬 #Biography #Drama #History #Western 🗓️ 1993 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 2 နာရီ 10 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tombstone (1993) ~ IMDb – 7.8/10, Rotten Tomatoes – 72% ~ နာမည်ကျော် ငြိမ်းချမ်းရေးထိန်းသိမ်းသူ အရာရှိ ဝိုင်ယက်အာ့ပ်ရဲ့ Tombstone မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ Rambo First Blood က ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ George P. Cosmatos နဲ့ Kevin Jarre တို့က ဖန်တီးထားပြီး Kurt Russell နဲ့ Val Kilmer လို ထိတ်ထိတ်ကြဲဘဲနှစ်ဗွေအပြင် Ghost Rider ထဲက မြင်းစီးတဲ့ Ghost Rider ကြီး Sam Elliott တို့လို နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ တခြား နာမည်ကျော်သရုပ်ဆောင်တွေပါ ပါဝင်နေတာကြောင့် Cast နဲ့တင် တော်တော်ဖြုံချင်စရာကောင်းပါတယ်။ Cowboy Vibe အပြည့်ရသလို Gangster ဇာတ်ကားဆန်ဆန် Vibe မျိုးလည်း ရပါလိမ့်မယ်။ Drama လည်း နည်းနည်းတော့ဆန်တဲ့နေရာလည်း ဆန်တယ်ဗျ။ တကယ့် ဆရာကြီးတွေချည်း စုထားတဲ့ ဇာတ်ကားပဲမို့ သရုပ်ဆောင်ကတော့ လုံးဝ အနှစ်တွေချည်းပဲလို့ဆိုရပါလိမ့်မယ်။ ပစ်ရခတ်ရ လူဆိုးထိန်းရတာ စိတ်ကုန်လာတဲ့ ငြိမ်းချမ်းရေးအရာရှိကြီး ဝိုင်ယက်အာ့ပ်နဲ့ ဒုတိယဇနီးလေးတို့က အာ့ပ်ညီနောင်နှစ်ယောက်နဲ့အတူ Tombstone မှာ သေနတ်ကို အနားပေးပြီး အခြေချဖို့ စိတ်ကူးနဲ့ Tombstone ဆိုတဲ့ မြို့လေးကို ရောက်လာကြတယ်။ မြို့လေးက တိုးတက်သလို နောက်ပြန်ဆွဲနေတဲ့ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ကောင်းဘွိုင်တွေပါပဲ။ အဲဒီမြို့လေးမှာ အနီရောင်ပုဝါကို စည်းထားကြတဲ့ ကောင်းဘွိုင်တွေ ကြီးစိုးနေပြီး ဥပဒေကတော့ သိပ်ပြီး သက်ရောက်မှုမရှိဘူးပေါ့။ အငြိမ်းစားယူထားတဲ့ ဝိုင်ယက်ကလည်း ပစ်တာခတ်တာတွေ နားလိုက်ပြီဆိုတော့ လောင်းကစားဝိုင်း လုံခြုံရေးလုပ်ရင်း စီးပွားရှာနေတယ်။ အဲဒီမှာ ဝိုင်ယက်ရဲ့ မိတ်ဆွေရင်းကြီး ဒေါ့ခ်ဟောလီးဒေးဆိုတဲ့ ဘဲနဲ့ ကောင်းဘွိုင်တွေနဲ့ ငြိကြပါလေရော။ အစကတည်းက ဥပဒေဘက်တော်သားဟောင်း ဝိုင်ယက်ကို မကြည်နေကြတဲ့ ကောင်းဘွိုင်‌တွေပါ ဝိုင်းပြဿနာရှာကြတဲ့အချိန်မှာ လူသာနေပေမဲ့ ပညာကတော့မနေဘူးဆိုတဲ့အတိုင်း ဝိုင်ယက်ကြီးလည်း သေနတ်ကို အနားပေးထားရာကနေ သေနတ်ပြန်ကိုင်ရင်း Tombstone က ကောင်းဘွိုင်ဆိုတဲ့ လူရမ်းကားတစ်စုနဲ့ ရင်ဆိုင်ရတဲ့အကြောင်းကို ခြောက်လုံးပြူးသံ တညံညံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)