ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Mast Mein Rehne Ka (2023)
⭐IMDB: 7.6/10 (141 Votes)
🎬 #Bollywood #Drama #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 7 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mast Mein Rehne Ra (2023) သူခိုးများရဲ့ညIMDb – 8.0/10
နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် တိုက်ဂါးရှရော့ဖ်ရဲ့ ပါပါး မင်းသားကြီး ဂျက်ကီရှရော့ဖ်နဲ့မင်းသမီးကြီးနီနာဂုပတာတို့ပါဝင်ထားပြီး Gully boy(2019)မှာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင်ဒိုင်ယာလော့တွေကိုရေးပေးခဲ့တဲ့ ဇာတ်ညွှန်းဆရာ သရုပ်ဆောင် ဒါရိုက်တာကြီး ဗီဂျေးမာရူယာက ရိုက်ကူးထားတာပါ။အထူးအနေနဲ့ကတော့ ဘောလိ၀ုဒ်ရဲ့ နာမည်ကျော်အကဆရာမဖြစ်တဲ့ ရာခီဆာဝန့်က cameoပါဝင်ထားပါတယ်။
ဖြစ်ရပ်တွေက အချိန်မတိုင်ခင်ဖြစ်တယ် အချိန်တိုင်ပြီးလည်းဖြစ်တယ် ဘာလို့ အချိန်မှန်ကျ မဖြစ်ရတာလဲ…ဆက်နွှယ်မှုဆိုတာဘာလဲသိလား ဆက်နွှယ်မှုဆိုတာဒီလောကကြီးမှာ အန္တရာယ်အရှိဆုံးအရာတစ်ခုပဲလူတစ်ယောက်နဲ့ ဆက်နွှယ်မိသွားရင် မင်းရဲ့မာနတွေ အကုန်ခဝါချရလိမ့်မယ်။။
တစ်မြို့ထဲမှာပဲကိုယ်စီအခက်အခဲတွေနဲ့ ဘဝလေးခု
-အထီးကျန်လွန်းလို့ ဘဝကြီးကိုစိတ်ကုန် အိမ်ဝင်ခိုးတဲ့သူခိုးကိုတောင်သတ်သွားပါလို့တောင်းပန်နေရတဲ့အထီးကျန်အားငယ်နေရတဲ့အဘိုးကြီးတစ်ယောက်-နိုင်ငံခြားကနေ အမိနိုင်ငံကိုပြန်လာပေမဲ့ ခြွေရံပေါင်းသင်းမရှိ ပတ်ဝန်းကျင်နဲ့ခင်မင်ရင်းနှီးချင်လွန်းတဲ့ နိုင်ငံခြားပြန်အဘွားကြီးတစ်ယောက်-ရိုးသားကြိုးစား စက်ချုပ်စားပေမဲ့ ကံကြမ္မာမျက်နှာသာမပေးခံရတဲ့ စက်ချုပ်သမားလေးတစ်ယောက်-ကြမ်းတမ်းတဲ့လောကဓံအကြား ဘဝကိုဒေါင်ကျကျပြားကျကျ အကောင်းဆုံးရှင်သန်နေတဲ့ကောင်မလေးတစ်ယောက်
အဘိုးကြီးနဲ့အဘွားကြီး စက်ချုပ်သမားနဲ့ကောင်မလေး ဒီအတွဲနှစ်တွဲဆုံတွေ့ကြပုံကလည်းထူးဆန်းသလိုအချင်းချင်းဖေးမရင်းဘဝကိုဖြတ်သန်းကြပုံကလည်း ရိုးရှင်းလှပနေတဲ့ဇာတ်လမ်းတစ်ပုဒ်
ဒီအတွဲ၂တွဲတို့ရဲ့ အချစ်ဇာတ်လမ်းကိုကြည့်ရင်း Timing ဆိုတာ လက်တွေ့ဘဝမှာ အရေးကြီးကြောင်းTiming မကိုက်တဲ့ဇာတ်လမ်းတွေက နောင်တတွေနဲ့သာအဆုံးသတ်ရတတ်ကြောင်းကို မျက်ဝါးထင်ထင်ကြည့်ရှုရမှာပဲဖြစ်ပါတယ်
( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~Yunni ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် )
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Outrage (2023)
⭐IMDB: 3.8/10 (38 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #Switzerland #France #UnitedStatesofAmerica
⏰ 1 နာရီ 19 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Outrage(2023) ဇာတ်ကားလေးက အခုမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့
action, thriller ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာ
နာမည်ကျော်ဂျာမန်မင်းသား Clemens Schick ဝါရင့် Hollywood သရုပ်ဆောင်
Jay O. Sanders နဲ့ မင်းသမီးချောလေး Adelaide Kane တို့ ပူးပေါင်းပါဝင်
သရုပ်ဆောင်ထားတာမို့ ကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။
ကြည့်ချင်အောင် ဇာတ်လမ်းလေးအမြည်းကျွေးရမယ်ဆိုရင်တော့ ဒီဇာတ်ကားက
ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံအကြောင်းက စရပါမယ်။ ပြင်သစ်နိုင်ငံမှာ
အမျိူးသားရေးလှုပ်ရှားမှုတွေ အားကောင်းလာပြီးတဲ့နောက် လက်ယာစွန်းရောက်
သမားတွေက အကြမ်းဖက်မှုတွေ လုပ်လာတာတွေရှိပါတယ်။ အဲ့အချိန်မှာပဲ
နာမည်ကျော် ရုပ်သံမီဒီယာတစ်ခုက လာမဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်နိုင်ချေရှိတဲ့
အမျိူးသမီးနဲ့ စံအိမ်တစ်ခုမှာ တိတ်တိတ်လေးတွေ့ဆုံစကားပြောဖို့ စီစဥ်ခဲ့ပါတယ်။
အဲ့အချိန်မှာ မင်းသမီးဖြစ်တဲ့ Ivy က ရုပ်သံပိုင်ရှင်ရဲ့ တူမဖြစ်ပြီး အဲ့တွေ့ဆုံပွဲမှာ
ဘယ်လို မထင်မှတ်တာတွေ ဖြစ်သွားမလဲ နောက်ကွယ်က အကြောင်းတွေက
ဘယ်လိုရှိလို့ ဘယ်လိုတွေ ဖြစ်ကြမှာလဲ အဆုံးသတ်မှာရော ဘယ်သူတွေသေပြီး
ဘယ်သူတွေ ရှင်ကျန်မှာလဲ စတာတွေကို အစကနေ အဆုံး ဒီရုပ်ရှင်အချိန်တိုတိုလေးထဲမှာ
ပျင်းစရာအချိန်မရှိအောင်ကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်...
A Neighbor's Vendetta (2023)
⭐IMDB: 4.9/10 (205 Votes)
🎬 #Thriller #TVMovie
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ A Neighbour’s Vendetta ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဥ်းလေးကတော့
ဆွန်ယာနဲ့ဂျေဆန်တို့လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ကလေးလေးကို ဆုံးရှုံးပြီးလိုက်ရပြီးနောက်မှာ သူတို့နှစ်ယောက်လည်းအဆင်မပြေဖြစ်ပြီး ကွဲမလိုဖြစ်ခဲ့ကြပါတယ် ဆွန်ယာတစ်ယောက်လည်း ဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးနေရတဲ့အထိဖြစ်နေပါတယ် အဲ့လိုဖြစ်နေချိန်မှာ ဆွန်ယာဟာ စိတ်ထွက်ပေါက်အနေနဲ့ညသူနဲ့အတူတူအလုပ်လုပ်နေတဲ့ သူဌေး ရော့ဘတ်နဲ့ဖောက်ပြန်မိပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက် sex chat နေရင်း ရော့ဘတ်တစ်ယောက် ကာမစိတ်အလွန်နိုးကြားခြင်းကြောင့်ဖြစ်တဲ့အသက်ရှူကြပ်ရောဂါနဲ့ မတော်တဆသေဆုံးသွားပါတယ်
ရော့ဘတ်မှာလည်း မီယာဆိုတဲ့ ဇနီးသည်ရှိပါတယ် မီယာဟာ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်ဆိုတာသိလိုက်ရတဲ့အခါမှာမကျေမနပ်ဖြစ်ပြီး သူခံစားခဲ့ရတဲ့အတိုင်း ဆွန်ယာကိုလက်စားပြန်ချေဖို့ဆုံးဖြတ်လိုက်ပါတယ် အဲ့ဒီတော့ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးဆိုတဲ့အတိုင်း သူ့ယောက်ျားသေရတဲ့အတွက် ဆွန်ယာရဲ့ယောက်ျားဖြစ်သူ ဂျေဆန်ကို အသုံးချပြီး ဘယ်လိုလက်စားချေသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ...
Agora (2009)
⭐IMDB: 7.1/10 (72 k Votes)
🎬 #Adventure #Drama #History #Biography #Romance
🗓 2009 🎞 movie
🌎 #Spain #Malta #Bulgaria #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 7 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
File size…(2.3 GB)/(1.2 GB)Quality….Webrip 1080p / 720pFormat…mp4Duration….02:07:00Genre…Adventure, Drama, HistorySubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Matteo...
Strange Days (1995)
⭐TMDB: 70.0% User Score
🎬 #Crime #Drama #SciFi #Thriller #ScienceFiction
🗓 1995 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 26 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Strange Days (1995)
~ IMDb – 7.2/10, RT – 68%, Meta – 66% ~
1995 တုန်းက Sci-Fi ကားတစ်ခုအနေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်ဆောင်ပါဝင်ထားပြီး Rating လေးလည်းကောင်းတဲ့ Strange Days ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
ဇာတ်လမ်းကိုတော့ ရာစုနှစ်တစ်ခုရဲ့နောက်ဆုံးနေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ခေါင်းပေါ်မှာ ချပ်ပြားတွေပါတဲ့ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်တွေကို မှတ်တမ်းတင်အခွေတစ်ခုအနေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစားရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ လန်နီကတော့ ဒီနည်းပညာကိုအသုံးပြုပြီး လူတွေရဲ့စိတ်ကိုကျေနပ်အောင်လုပ်ပေးရင်း တစ်နေ့မထင်မှတ်ပဲ လူမည်းတစ်ယောက်ကို လူဖြူ ရဲတွေ ပစ်သတ်လိုက်တာကို မထင်မှတ်ပဲ မှတ်တမ်းကနေ သိလိုက်ရပါတယ်။
တစ်ဖက်မှာလည်း ရည်းစားဟောင်း ဖိတ် နဲ့ သူငယ်ချင်းအိုင်းရစ်ကလည်း ဒီကိစ္စနဲ့ ပတ်သက်နေတာကို သိသွားပြီး ရည်းစားဟောင်းအပေါ် စိတ်မပျက်သေးတဲ့ လန်နီတစ်ယောက် ဘယ်လိုလွတ်မြောက်အောင်ကယ်တင်ခဲ့လဲ… ဘယ်လိုတွေဖြေရှင်းခဲ့လဲဆိုတာတွေကို ကြည့်ရမယ့် ဒရာမာ အက်ရှင် သိပ္ပံစိတ်ကူးယဥ်ကားကောင်းလေးပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Metal Lords (2022)
⭐IMDB: 6.7/10 (32 k Votes)
🎬 #Country #Drama #Music #Comedy
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Metal Lords (2022)=============IMDb Rating – 6.8/10
IT , Defending Jacob တို့နဲ့နာမည်ရခဲ့တဲ့ လူငယ်သရုပ်ဆောင်Jaden Martel ရဲ့ ဆယ်ကျော်သက် Musical ရုပ်ရှင်လေးပါ။ဒီရုပ်ရှင်မှာရိုက်ပြထားတာက Metal Music အကြောင်းပါ ။လူငယ်ေတွရဲ့ဂီတ Genres တွေထဲမှာ ပျောက်ကွယ်လုဖြစ်နေတဲ့Rock musicရဲ့ Metal Music ကို အသက်ပြန်သွင်းပြီး တီးဝိုင်းပြိုင်ပွဲကြီးမှာ အနိုင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေး 2 ယောက်ပေါ့။ပတ်၀န်းကျင်ရဲ့ရှုံ့ချမှု အထင်မကြီးမှုတွေကို ချိုးဖျက်ပြီး သမိုင်းမှာဂန္တ၀င် Metalတီးဝိုင်းတစ်ခုဖြစ်အောင် ကြိုးစားကြမယ်ဆိုတဲ့လူငယ် 2 ယောက်ရဲ့ တီးဝိုင်းထဲကို Cello တီးတဲ့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲကြည့်ရမှာပါ။
1980,90 လောက်က နာမည်ကြီးခဲ့တဲ့ Metallic, Guns and Roseတို့လို ဂန္တ၀င် Band တွေရဲ့ သီချင်းတွေ Referenceတွေကို ထည့်သုံးထားတာကြောင့်လား ကြည့်ရတာနဲ့ နားထောင်ရတာ အတော်လေးကောင်းပါတယ် ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)...
Infinite Sea (2021)
⭐IMDB: 6.2/10 (76 Votes)
🎬 #Drama #SciFi #ScienceFiction
🗓 2021 🎞 movie
🌎 #Portugal
⏰ 1 နာရီ 18 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Infinite Sea (2021)
ဂလက်ဆီကြီးကို ဖြတ်သန်းပြီး… အရာအားလုံးကို ချန်ထားရစ်ပြီး တခြားဂြိုဟ်တစ်ခုမှာ ဘဝသစ်စဖို့ တွေးကြည့်မိဖူးလား…
ထားခဲ့ခံရခြင်းတွေ…ကျန်ရစ်ခံရခြင်းတွေ…အထီးကျန်ဆန်မှုတွေ…“အနန္တပင်လယ်ကြီးရဲ့ တခြားတစ်ဘက်မှာ ကျွန်မကို ရှာပါ”တဲ့။
တစ်ခါတစ်ခါကျ လူတွေဟာ ထားခဲ့ခံရတယ်။ ဒါပေမဲ့ ကျန်ရစ်ခဲ့တာက သူ့ရဲ့ သူ့ဖြစ်တည်မှု အပြည့်အဝမဟုတ်တော့ဘဲ မရေရာမှုထဲပိတ်မိနေတဲ့ တစ်စိတ်တစ်ပိုင်းလောက်နဲ့ မောင်းနှင်နေရတဲ့ ခန္ဓာကိုယ်ကြီးပါပဲ။ သိပ္ပံပညာဖွံ့ဖြိုးလာတဲ့အလျောက် Robot လေး ခလုတ်နှိပ်ရုံ မပင်မပန်းနဲ့ စားပွဲပေါ်စားစရာတွေ ရောက်လာပေမယ့် တစ်ခုခုတော့ အမြဲလစ်ဟင်းနေသလိုခံစားရတာမျိုးပေါ့…။
ဒီကားထဲက ဇာတ်လိုက်ဟာ တခြားဂြိုဟ်ပေါ်လိုက်ပါခွင့်ရမယ့် ခရီးစဉ်အတွက် အရွေးမခံရသူပါ။ သိပ်ကို သွားချင်နေတဲ့ သူဟာ System ကို ဟက်ခ်ပြီး သူ့နာမည်ကို ဖြည့်ခွင့်ရဖို့ အပတ်တကုတ်လုံးပန်းနေပါတယ်။ အပေါ်မှာပြောခဲ့သလိုတော့ သိပ္ပံပညာဖွံ့ဖြိုးတာမှန်ပေမယ့် အရာရာဟာ ဆုတ်ခေတ်မှာမို့ သူလိုအပ်တဲ့အရာတွေ အမြဲတမ်းတော့မရနိုင်ပါဘူး။ ခေတ်မီပေမယ့် ခေတ်ရှားမှာ နေရသူတွေပေါ့။
ဇာတ်လမ်းအကြောင်းက အများကြီးပြောလို့မရပါဘူး။ စကားလုံးတစ်ခုတည်းနဲ့ ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ ‘အထီးကျန်မှု’ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
Hell House LLC III: Lake of Fire (2019)
⭐IMDB: 5.1/10 (5 k Votes)
🎬 #Horror #Mystery
🗓 2019 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hell House LLC III: Lake of Fire (2019)
Hell House Franchise ရဲ့ တတိယမြောက်ဇာတ်ကားမို့ ကြည့်ရှုသူတွေအဖို့ အထွေအထူး ညွှန်းစရာတော့ လိုမှာမဟုတ်ပါဘူး။ ဒီကားမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ Abaddon ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။
Insomnia ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Russell Wynn က သူ့ရဲ့ Audience – Interactive Showကို ဒီလို သရဲခြောက်ပြီး လျှို့ဝှက်မှုအပြည့်နဲ့ဟိုတယ်ထဲမှာ တင်ဆက်ဖို့ စီစဉ်လာပါတယ်။ “Morning Mysteries”ဆိုတဲ့အမည်နဲ့ အပိုင်းကို ထုတ်လွှင့်ပြသမှာ ဖြစ်ပြီးတော့ ဗန်နက်ဆာဆိုတဲ့အမျိုးသမီးပါဝင်တဲ့ တင်ဆက်သူအဖွဲ့က ဒီရှိုးနဲ့ပတ်သက်ပြီး အားလုံးကိုရိုက်ကူးဖို့ ခွင့်ပြုချက်ရထားပါတယ်။
ဖွင့်ပွဲမတိုင်ခင် ရိုက်ကူးရေးတွေ ပြင်ဆင်နေတုန်းမှာပဲ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက စတင်လာပါတယ်။ ရှိုးမှာပါဝင်မဲ့ သရုပ်ဆောင်တွေဟာ ဟိုတယ် မြေအောက်ခန်းမှာ လူနဲ့မတူတဲ့ အရာတွေနဲ့ တွေ့ကြုံလာရပြီးတော့ နှုတ်ထွက်တာတွေ ဖြစ်လာကြပါတယ်။
နဂိုတည်းက လူအသေအပျောက် တောက်လျှောက်ဖြစ်နေတဲ့ ပစ္စန္တရစ်ဟိုတယ်ကြီးထဲမှာကျင်းပမဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်တဲ့ပြဇာတ်ဟာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ Hell House LLC III ထဲမှာ ဆက်လက်ကြည့်ရှုကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုRoselineမှ ပြန်ဆို ရေးသားထားပါတယ်)...
The Queenstown Kings (2023)
⭐IMDB: 6.6/10 (120 Votes)
🎬 #Drama #Sport
🗓 2023 🎞 movie
🌎 #SouthAfrica
⏰ 2 နာရီ 17 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Queenstown Kings (2023)======================IMDb Rating – 6.6/10
မိဘတစ်ယောက်ဖြစ်လာရင် ကိုယ်ရဲ့သားသမီးကို ကိုယ်ဖြစ်စေချင်တဲ့လမ်းကို လျှောက်ခိုင်းမလား သူရဲ့ရည်မှန်းထားတဲ့ပန်းတိုင်အတိုင်း လျှောက်ခွင့်ပေးမလားဆိုတာ ဒီကားကို ကြည့်လိုက်ရင် စဉ်းစားစရာအတွေးတစ်ခုဝင်လာမှာပါ။
ဇာတ်လမ်းက အာဖရိကနယ်မြို့လေးရဲ့ကွင်းစတောင်းကင်း ဘောလုံးအသင်းနဲ့ဆက်စပ်ပြီး ပုံဖော်ထားတာပါ။ အာဖရိကရဲ့နာမည်ကျော်ဘောလုံးသမားတယ်ရာက ငယ်ရွယ်စဉ်မှာ ဇနီးနဲ့သားကိုထားခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းကိုရွေးချယ်ခဲ့တယ်။ ငယ်ရွယ်စဉ်က ငွေကိုတပ်မက်ပြီး အဖေဖြစ်သူအမ်ကူလူရဲ့စကားကိုနားမထောင်ဘဲ ထွက်လာခဲ့တယ်။ တယ်ရာရဲ့သားကို အဘိုးအဘွားနဲ့ဦးလေးတို့က ပျိုးထောင်ပေးခဲ့လို့ အဖေဖြစ်သူ ငယ်ငယ်ကလို ခြေစွာတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တယ်ရာက မွေးရပ်မြေမှာနာမည်ကြီးပေမဲ့သူရဲ့မိသားစုက သူ့ကိုသဘောမကျကြဘူး သားဖြစ်သူရဲ့ အမုန်းဆုံးလူလည်းဖြစ်နေတယ်။ နောက်ပိုင်းမှာ တယ်ရာရဲ့အဖေအမ်ကူလူက ကွင်းထဲမှာ နှလုံးဖောက်ပြီးဆုံးပါးသွားရာက တယ်ရာတစ်ယောက် မွေးရပ်မြေကိုပြန်လာဖို့ အကြောင်းဖန်လာတဲ့အခါ…
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...
The Irrational (2023- )
⭐IMDB: 7.1/10 (3 k Votes)
🎬 #Crime #Drama #Thriller
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 43 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Irrational (2023)The Irrational (2023)
================
IMDb Rating – 7.0/10CM ပရိသတ်တွေအတွက် နောက်ထပ် သဲထိပ်ရင်ဖို စုံထောက်ကားတစ်ခု
ထွက်ရှိလာပါပြီ။ ဇာတ်လမ်းတွဲရဲ့ နာမည်အတိုင်း လူတွေရဲ့မူမမှန်ယုတ္တိမဆန်
တဲ့ လုပ်ရပ်တွေ၊ ဆင်ခြင်တုံတရားကင်းမဲ့တဲ့အကြောင်းတွေကို စိတ်ဝင်စားဖို့
ကောင်းအောင် စုံထောက်ဇာတ်လမ်းပုံစံပြန်ပြီးဖန်တီးပေးထားတာပါ။ ဒီဇာတ်
ကားမှာတော့ “The Flash” ဇာတ်လမ်းတွဲထဲက Joe West အနေနဲ့ သရုပ်ဆောင်
ခဲ့တဲ့ သရုပ်ဆောင်လည်းဖြစ် ပရိုဂျူဆာနဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ Jesse L.
Martin ကိုယ်တိုင်ပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
Your browser does not support the video tag.ထွက်နေဆဲကာလအတွင်းမှာပဲ IMDB rating 7.0 အပြင် Rotten Tomaotoes မှာ
Audience Score 77ရာခိုင်နှုန်းအထိရရှိထားတာဖြစ်တဲ့အပြင်ကို ဇာတ်လမ်းဇာတ်
သွားကလည်း တစ်ပိုင်းနဲ့တစ်ပိုင်းမတူဘဲ မှုခင်းနဲ့ပတ်သက်တဲ့ရသမျိုးစုံကို မတူညီတဲ့
ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ဇာတ်ခံနဲ့ပတ်သက်ပြီးတော့ လုံးဝအပြစ်
ပြောစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်း –
အဲလက်မာဆာဆိုသူဟာ လူတွေရဲ့အမူအကျင့်နဲ့ပတ်သက်တဲ့ အမူအကျင့်ပိုင်းဆိုင်ရာ
စိတ်ပညာမှာ ကမ္ဘာထိပ်ထိန်းသိပ္ပံပ့ညာရှင်တစ်ဦးဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်
ရာနဲ့ပတ်သက်လာပြီဆိုရင် တခြားသူတွေနဲ့ ချဉ်းကပ်ပုံချင်းမတူတဲ့ တမူထူးခြားတဲ့
သူ့ရဲ့နည်းလမ်းတွေကြောင့် အက်ဖ်ဘီအိုင်ကနေ အရေးကြီးတဲ့မှုခင်းဆိုင်ရာ ကိစ္စတွေ
မှာဆိုရင် သူ့ကိုအကူအညီတောင်းလေ့ရှိပါတယ်။ အပိုင်း ၁ မှာဆိုရင်တော့ အစိုးရလူကြီး
ပိုင်းတစ်ယောက်ရဲ့ သားကနေ ကျူးလွန်ခဲ့တဲ့ လူသတ်မှုတစ်ခုကို “Reverse Psychology”
သုံးပြီးတော့ ဘယ်လိုပညာသားပါပါ အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့လဲဆိုတာ ရှုမြင်ခံ
စားရမှာပဲဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Mark ဖြစ်ပါတယ်။)...
Ronnie O'Sullivan: The Edge of Everything (2023)
⭐IMDB: 7.8/10 (610 Votes)
🎬 #Documentary
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 53 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ronnie O’Sullivan: The Edge of Everything (2023)
~ IMDb rating – 7.8/10 ~
ရွန်နီ အို ဆာလီဗန် သို့မဟုတ် စနူကာတျာချင်းတို့ရဲ့ ပဉ္စလက်ရှင်
သက္ကလတ်ခင်း စစ်မြေပြင်မှာ ကျူတံဝင့်ပြီး တိုက်ပွဲဝင်ခဲ့သူတွေထဲ“ရွန်နီ အို ဆာလီဗန်“ဆိုတဲ့ နာမည်တစ်လုံးက အတောက်ပဆုံးဖြစ်တယ်။ ရွန်နီဟာ စနူကာရဲ့ နပိုလီယံ၊ စနူကာရဲ့ ဘီသိုဗင်၊ စနူကာရဲ့ ဒါဗင်ချီ၊ စနူကာရဲ့ စနူကာပဲ။ ကျူတံနဲ့ မှော်ဝင်သံစဉ်တွေဖန်ဆင်းကြတဲ့အခါမှာ ရွန်နီရဲ့တေးသွားတွေက သိပ်ကိုအရသာရှိလွန်းတယ်။ ထိုးချက်တိုင်းမှာ ဘုရားသခင်တန်ခိုးတော်နဲ့ လမ်းကြောင်းပေးတယ်လို့ထင်ရလောက်အောင် သိမ်မွေ့တိကျလွန်းတယ်။ သူကိုယ်တိုင်တော့ အကြီးကျယ်ဆုံးအဖြစ် မခံယူထားပေမဲ့ စနူကာတလောကလုံးက ရွန်နီကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားအဖြစ် လက်ခံထားကြပါတယ်။ ဒါကတော့ ဒီလိုဆာလီဗန်ရဲ့ ဘဝကို ခြေရာကောက်ထားတဲ့ ဒိုကူမန်ထရီတစ်ခုပါ။ နောက်ဆုံးမှာသူပြောသလိုပေါ့။ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဗီဒီယိုမှတ်တမ်းစစ်စစ်နဲ့ ကြည့်ခွင့်ရတာ ကျွန်တော်တို့ သိပ်ကံကောင်းပါတယ်။
ကမ္ဘာ့ချန်ပီယံရှစ်မှာ အသက်အငယ်ဆုံးဆုရှင်အဖြစ် အသက် ၁၇ နှစ်အရွယ်ကစပြီးပြေးလိုက်တဲ့ ဒီပြိုင်မြင်းဟာ ကမ္ဘာ့ချန်ပီယံဆု ၇ ကြိမ်၊ အင်္ဂလန်ချန်ပီယံဆု ၈ ကြိမ်၊ မာစတာဆု ၇ ကြိမ် နဲ့ အဆင့်မြင့်ဆုဖလားပေါင်း ၄၀ လုံးရရှိထားတယ်။ ကမ္ဘာ့နံပါတ်တစ် ကစားသမားအဖြစ် ရပ်တည်နေခဲ့တာလည်း ၃၆၆ ပတ်ရှိပါပြီ။ အင်တာနက်မှာ စနူကာလို့ ရှာလိုက်တာနဲ့ စနူကာနဲ့အတူ ရွန်နီရဲ့နာမည်ကို ဖော်ပြပါလိမ့်မယ်။
သူ့ကစားသမားဘဝသက်တမ်း အနှစ် ၃၀ မှာ ချိုးခဲ့ဖူးတဲ့စံချိန်တွေလည်း မနည်းမနောပါပဲ။ သူ့ရဲ့နာမည်ပြောင် ဒုံးပျံကြီး ဆိုတဲ့အတိုင်း အမြန်နှုန်းနဲ့ပတ်သက်ရင် သူတင်ထားတဲ့စံချိန်တွေမှ မနည်းမနောပဲ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ ပထဆုံးရာသီမှာတင် ၉ကျော့ပွဲကို ၄၃ မိနစ်နဲ့ အနိုင်ထိုးပြီး ဒုံးပျံဆိုတဲ့နာမည်ပြောင်ကိုရခဲ့တယ်။ ဒါက ဘာလို့အထင်ကြီးစရာကောင်းသလဲဆိုရင် ပျှမ်းမျှအားဖြင့် ၉ကျော့ပွဲတွေက ၂ နာရီ ကနေ ၃ နာရီအထိ ကြာတတ်လို့ပါပဲ။ အဲဒါတင်မကသေးပါဘူး။ ရွန်နီက Maximum Break တွေကို သိပ်ကြိုက်တဲ့သူပါ။ အနီ ၁၅ လုံး အမည်း ၁၅ လုံး နဲ့ တခြားအရောင် ၆ မျိုးစလုံး အပြည့်ထိုးမှရတဲ့ ၁၄၇ မှတ်စာ Maximum Break ကို ၁၅ ကြိမ် နဲ့ အများဆုံး စံချိန်တင်ထားပြီး Maximum Break အတွက် အမြန်ဆုံးစံချိန်ကိုလည်း ၅မိနစ် ၈ စက္ကန့်နဲ့ တင်ထားပါသေးတယ်။
ဆာလီဗန်ရဲ့ ကစားပုံတွေကိုကြည့်ရင် ပန်းချီဆရာတယောက် လက်စွမ်းပြနေရတာကို ဘေးကထိုင်ကြည့်နေသလိုပဲခံစားရလိမ့်တယ်။ ပန်းချီဆရာက သူ့ရဲ့အတွေးတွေကို စိတ်တိုင်းချဖြန့်ကျက်ခွင့်ပေးပြီး စိတ်လိုလက်ရ ဆေးခြယ်နေသလို ဆာလီဗန်ရဲ့ ကျူတံကိုင်ရင်း တစ်လုံးပြီးတစ်လုံး အတိမ်းအစောင်းမရှိ တည်ထိုးနေတာတွေကိုမြင်ရတာက ကြည့်ကောင်းသလောက် မယုံနိုင်စရာလည်းကောင်းလွန်းတယ်။ စနူကာဆိုတာ ပန်းချီမဟုတ်ဘူး။ စိတ်တိုင်းကျ စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး ကြုံသလိုထိုးရတာမျိုးမဟုတ်ဘူး။ ၁ မီလီမီတာ လောက်အတိမ်းအစောင်းက ဖလားကိုပါ ရင်းလိုက်ရနိုင်တဲ့အထိ ဖိအားများတယ်။ ဒီလိုနယ်ပယ်မှာ ဝုန်းဒိုင်းနဲ့ စဉ်းစားချိန်မယူသလောက်တွေးပြီးထိုးနေတဲ့ ဆာလီဗန်ရဲ့ခေါင်းထဲ ဘာတွေရှိနေမလဲ ရိုးရိုးလေးသိချင်မိမှာပါ။
သူကတော့ သူ့ကိုယ်သူ အတိမ်းအစောင်းမခံနိုင်တဲ့လူ Perfectionist လို့ပြောတယ်။ အဲဒီစိတ်ကြောင့်လည်း သူထမ်းပိုးခဲ့ရတဲ့ ဝန်ထုပ်တွေ သိပ်များလွန်းခဲ့တယ်။ မိသားစုအရေးမှာလည်း သူအချစ်ရဆုံး အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ သူ့အဖေက သူ့အသက် ၁၆ နှစ်မှာပဲ ထောင်ကျသွားခဲ့တယ်။ သူ စနူကာထပ်မထိုးတော့ဘူးလို့ သူ့အဖေကတောင် ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ရွန်နီက သူလုပ်စရာရှိတာကိုဆက်လုပ်တယ်။ သူ့ရဲ့အောင်ပွဲတွေကို သူ့အဖေနာမည်နဲ့ရည်စူးတယ်။“အဖေ ကျွန်တော်လုပ်နိုင်ခဲ့ပြီ…”
ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်လာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးနဲ့ အရက် ကို လွန်လွန်ကျွံကျွံ စားသုံးခဲ့တယ်။ အဲဒါကြောင့် ပြိုင်ပွဲက ရပ်နားခံရပြီး ဆုဖလားတစ်ခုလည်းသိမ်းယူခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့ ဇာတာပါတဲ့လူအတွက် ပြန်လာနိုင်စွမ်းဆိုတာအမြဲရှိတဲ့အတိုင်း သူပြန်လာခဲ့တယ်။ အခမ်းနားဆုံးဆိုတဲ့ ဘွဲ့ကိုယူဖို့ သူပြန်လာခဲ့တယ်။ သူ့အတွက် သမိုင်းဝင် သတ္တမအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ကို ၂၀၂၂ မှာ ပူပူနွေးနွေးပဲရယူခဲ့တယ်။ ဒါလည်း စံချိန်က ပြေးမလွတ်ပါဘူး။ အသက် ၄၆ နှစ်နဲ့ အသက်အကြီးဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်သွားတယ်။
တခြားအားကစားနယ်ပယ်တွေမှာ လူလွန်မသားလို့ခေါ်ရလောက်အောင်ကောင်းရင် စက်ရုပ်တို့ ဂြိုဟ်သား တို့ဆိုတဲ့နာမည်မျိုးပေးလေ့ရှိတယ်။ ရွန်နီရဲ့ လက်စွမ်းဟာ စကြဝဠာ လွန်ပါတယ်။ ဒါပေမဲ့ သူ့ကို စနူကာစက်ရုပ်ကြီးလို့ ဘယ်သူမှ နာမည်မတပ်ကြဘူး။ အကြောင်းအရင်းက သူ့ရဲ့ လူသားဆန်မှ...
Secretary Contract Obey-Mei Itsukaichi [MEYD-831-Decensored]
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 1 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mei Itsukaichi ဆိုတဲ့ JAV မင်းသမီးလေးကတော့ လှတယ် ချစ်စရာကောင်းတယ် နှမြောစရာကောင်းအောင် လိုက်ဖက်ပါတယ်။
MEYD-831-Decensored ဒီဇာတ်လမ်းမှာတော့ သူမကို ဘောစိရဲ့စက္ကထရီမိန်းကလေးအဖြစ်မြင်တွေ့ရမှာပါ။
သူမရဲ့လှပကျော့ရှင်းမှုတွေကြောင့် ဘောစိတစ်ယောက်ဒုက္ခရောက်ရပုံတွေနဲ့ဇာတ်လမ်းဆင်ထားပါတယ်။
JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။
Decensored Version နဲ့ဆိုတော့ Mei Itsukaichi ကို ဒီဇာတ်လမ်းနဲ့တင် မတင်းတိမ်နိုင်ဘဲ သူမရဲ့ တခြားဇာတ်ကားတွေပါလိုက်ရှာနေမိနိုင်ပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
The Couple Next Door (2023-2023)
⭐IMDB: 5.3/10 (825 Votes)
🎬 #Drama #Crime #Thriller
🗓 2023-2023 🎞 tv series
🌎 #UnitedKingdom
⏰ 48 မိနစ် 17 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Couple Next Door (2023)The Couple Next Doors (2023)
============
Drama., ThrillerThriller ဇာတ်လမ်းတွဲကောင်းကောင်း ကြည့်ချင်တဲ့လူတွေ အကြိုက်တွေ့
စေမယ့် ဘေးအိမ်ကစုံတွဲ The Couple Next Door ဖြစ်ပါတယ်။ Open
relationship အကြောင်းကိုကောင်းကောင်း ရိုက်ပြထားတဲ့ စုံတွဲ ၂ တွဲရဲ့
အကြောင်းပါ။
Your browser does not support the video tag.ကလေးအရမ်းလိုချင်ပေမယ့် ကလေးမရနိုင်တဲ့ ပီတာနဲ့ အီဗီတို့စုံတွဲဟာ
ရပ်ကွက်ငယ်လေးတစ်ခုကို ပြောင်းလာပါတယ်။ ဘေးအိမ်က သူတို့ရဲ့အိမ်
နီးချင်းဖြစ်လာတဲ့ ဒန်နီနဲ့ ဘက်ကာဆိုတဲ့ စုံတွဲရှိပါတယ်။ ဒန်နီဟာ ခန္တာကိုယ်
တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မက်မောလောက်စရာရုပ်ရည်နဲ့ ရဲအရာရှိတစ်ဦး
ပေါ့။ ဘက်ကာကလည်း ယောက်ျားသားတွေ ငေးကြည့်ရတဲ့ ယောဂဆရာမ၊
သူတို့နှစ်ဦးရဲ့ relationship ဟာ လုံးဝ open ပဲ၊ ကလေးတစ်ယောက်ရထား
ပေမယ့် ကိုယ်ကြိုက်တဲ့ လူနဲ့ စိတ်ကြိုက်ဖောက်ပြန်ခွင့် အတူနေခွင့်ပြုထား
တယ်။ အိပ်ချင်တဲ့သူနဲ့ အိပ်တယ်၊ လူရိုးလေးတို့စုံတွဲ ပီတာနဲ့ အီဗီကလည်း ခင်
မင်လာကြရင်း သူတို့နဲ့ မြည်းစမ်းကြည့်ကြဖို့ အကြောင်းဖန်လာပြီး ကိစ္စတွေက
ထင်ထားတာထက် ရှုပ်လာတဲ့အခါမှာ…ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို
ကြည့်ရမှာပါ။အများကြီးပြောမနေတော့ပဲ ရိုးရိုးလေးနဲ့ လူ့စိတ်သဘောနဲ့ ကြောက်စရာကောင်းတဲ့
တဏာရာဂတွေကိုပုံဖော်ထားတဲ့ စုံတွဲ ၂ တွဲကို အကောင်းဆုံး ရိုက်ပြထားတဲ့ ဇာတ်
လမ်းတွဲဖြစ်ပါတယ်။ စကားအသုံးအနှုန်းနဲ့ ရိုက်ကွက်အချို့ကြောင့် 18+ လောက်
အထိရှိတာကို သတိပြုစေလိုပါတယ် ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)...
Nomad (1982)
⭐TMDB: 75.0% User Score
🎬 #Drama #Romance #Thriller
🗓 1982 🎞 tv movie
🌎 #HongKong #HongKong
⏰ 1 နာရီ 32 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nomad (1982)
၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။
ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ဒုတိယနယူးဝေ့မှာတော့ ကျွန်တော်တို့သိပ်ခိုက်ရတဲ့ ဒါရိုက်တာတွေပေါ်လာပါတယ်။ Mabel Cheung ရဲ့ The Illegal Immigrant နဲ့ An Autumn’s Tale, John Woo ရဲ့ A Better Tomorrow, Stanley Kwan ရဲ့ Rouge, ဝေါင်ကာဝေးရဲ့ As Tears Go By, Days of Being Wild နဲ့ Chungking Express, Fruit Chan ရဲ့ Made in Hong Kong, နောက် မာတင်စကောဆေးစိကြီးပါ မှီးခဲ့ရ ပြန်ရိုက်ခဲ့ရတဲ့ Infernal Affairs တို့ပါပဲ။ ဝေါင်ကာဝေးရဲ့ As Tears Go By က နောက်ဆုံးအခန်းကို မာတင်ကြီးက Gangs of New York မှာပြန်သုံးခဲ့ပေမဲ့ As Tears Go by ကလည်း မာတင်ကြီးရဲ့ Mean Streets ကို မှီးခဲ့ဖူးတော့ ကျွန်းကိုင်မှီ ကိုင်းကျွန်းမှီပါပဲ။ ဟောင်ကောင် နယူးဝေ့ဟာ မာတင်စကောဆေးစိလို ခေါင်တကော့ခေါင် ဒါရိုက်တာကြီးတွေကိုပါ သက်ရောက်မှုရှိခဲ့ဖူးတယ်။ ဟောင်ကောင်နယူးဝေ့ဟာ နိုင်ငံခြားရုပ်ရှင်တွေကနေ ဖြစ်တည်လာခဲ့သလို နိုင်ငံခြားရုပ်ရှင်တွေဟာလည်း ဟောင်ကောင်နယူးဝေ့ကနေ ပြန်မှီးခဲ့ရဖူးတာပါပဲ။
ဘာလို့ ကားအကြောင်းမပြောဘဲ ဒါတွေပြောနေသလဲဆို ဒီကားက သိပ်မကောင်းလို့ပါပဲ။ သိပ်မကောင်းဆို ဒီကားက ၁၉၇၉မှာစခဲ့တဲ့ ဟောင်ကောင် ပထမနယူးဝေ့ရဲ့ အစောပိုင်း ကားဆယ်ဂဏန်းလောက်ထဲက တစ်ကားပါပဲ။ အရွေ့တစ်ခုရဲ့အစကို ပျိုးခဲ့တဲ့ကားဖြစ်နေတော့ ခေတ်ဟောင်းနဲ့ခေတ်သစ်ရဲ့ အကူးအပြောင်းကာလမှာ လက်ခံခြင်းမခံခြင်းစည်းနှစ်ခုခြားရပ်ခဲ့ရတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဆိုတော့ ဟိုမကျ ဒီမကျတော့ ဖြစ်နေပါတယ်။ Nomad ရဲ့ ဒါရိုက်တာ ပက်ထရစ်ထန်းဟာ ဟောင်ကောင်ပထမနယူးဝေ့ရဲ့အစ ၁၉၈၀မှာလည်း The Sword ဆိုတဲ့ကားတစ်ကားထွက်ဖူးတယ်။ ဒီကားက ဟောင်ကောင်ပထမနယူးဝေ့ထဲက သူ့ရဲ့ဒုတိယကားပေါ့။ ပထမကားကတော့ ခေတ်ဟောင်းရဲ့အငွေ့ပိုသင်းပေမဲ့ ဒီကားမှာတော့ ခေတ်သစ်ရဲ့အငွေ့တော့ ပိုသင်းလာခဲ့တယ်။ ဒီလိုပိုသင်းလာတာနဲ့အမျှပဲ အရွေ့ကြားထဲက ဒီကားကပိုဂွမ်းသွားတယ်။ ဒါပေမဲ့ ဒီကားကျေးဇူးနဲ့ နောက်ပိုင်းမှာ မာစတာပိစ်လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ရုပ်ရှင်တွေထွက်လာခဲ့လေတော့ ဒီကားကို ကျွန်တော်တို့ ပစ်ပယ်ထားလို့မရပြန်ဘူး။ ဒီ Nomad ကို ဟောင်ကောင်နယူးဝေ့ကို ကိုယ်စားပြုနေတဲ့ ရုပ်ရှင်တွေထဲကတစ်ကားလို့လည်း ဆိုကြတယ်။
လတ်စလီချောင်အနေနဲ့လည်း ဝေါင်ကာဝေးလက်ထဲမရောက်ခင် Farewell My Concubine တို့ မတိုင်ခင် ၁၀စုနှစ်တစ်ခု အစောပိုင်းက ကားဆိုတော့ လတ်စလီချောင်ရဲ့ သရုပ်ဆောင်စွမ်းရည်လည်း အရောင်မထွက်သေးဘူး။ ဇာတ်ကလည်း ဖွယ်တယ်တယ်နဲ့ စိတ်ပျက်စရာတော့ကောင်းနေတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်ပထမနယူးဝေ့ရဲ့ အမှတ်သညာရုပ်ရှင်တစ်ခုအဖြစ် တစ်ခုတ်တရကြည့်ကြတဲ့ ရုပ်ရှင်ဆိုတော့လည်း ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်ရင် ကြည့်သင့်ပြန်တာပါပဲ။ ဟောင်ကောင်ရုပ်ရှင်တွေနဲ့ စိမ်းတဲ့သူတွေတော့ ဘယ်လိုမှမကြည့်သင့်ပါဘူး။ အခန့်မသင့်ရင် ဟောင်ကောင်ကားတွေကိုပါ မုန်းသွားနိုင်တယ်။ Nomad (1982) ဟာ ဇာတ်လမ်းတည်ဆောက်မှု မခိုင်မာသလို သရုပ်ဆောင်တွေလည်း မကောင်းလှပေမဲ့ ဒီလိုရဲတင်းတဲ့တင်ပြမှုပုံစံကနေ ဒီလိုဇာတ်လမ်းပုံစံမျိုးကနေမှ ကျွန်တော်တို့ကြိုက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်တွေဖြစ်လာတာကိုတော့ အသိအမှတ်ပြုရမှာပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
The Invasion (2007)
⭐TMDB: 60.0% User Score
🎬 #SciFi #Thriller #ScienceFiction #Mystery #Horror
🗓 2007 🎞 movie
🌎 #UnitedStates #Australia #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Invasion (2007)================IMDb Rating – 5.9/10
မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Body Snatchers နဲ့ဝတ္ထုတစ်ပုဒ်ထဲကိုအခြေခံတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့်လည်းဒီဇာတ်ကားမှာတော့ ကျောရိုးတစ်ခုကိုသာယူထားတာဖြစ်ပြီး ခေတ်အခြေအနေနဲ့ကိုက်ညီအောင် မွမ်းမံမှုတွေဖြည့်စွက်ပြင်ဆင်မှုတွေအများကြီးလုပ်ထားတဲ့အတွက် ဆန်းသစ်တဲ့ခံစားချက်ကိုရရှိစေမှာပါ။
ဇာတ်လမ်းအကျဉ်းအနေနဲ့ အာကာသလွန်းပျံယာဉ်တစ်စီးကမ္ဘာမြေပေါ်ကိုပျက်ကျပြီးတဲ့နောက် အသိဉာဏ်ရှိတဲ့ ဂြိုလ်သားသက်ရှိပုံစံတစ်ခုကို အပျက်အစီးတွေနဲ့မလှမ်းမကမ်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။လွန်းပျံယာဉ်ပျက်ကျမှုကိုသွားရောက်စုံစမ်းခဲ့တဲ့ CDC ဌာနအကြီးအကဲTucker Kaufman ကို အဲ့ဒီ ဂြိုလ်သားဇီဝရုပ်က ပထမဆုံးပူးကပ်ထိန်းချုပ်သွားခဲ့ပေမယ့် ဘယ်သူမှမသိလိုက်ကြပါဘူး။
မကြာခင်မှာပဲ တပ်ကာရဲ့ဇနီးဟောင်းစိတ်ကုဆရာဝန် Carol Bennellဟာ သူ့လူနာတစ်ဦးကတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့လူပုဂ္ဂိုလ်တစ်ချို့ရဲ့ပြောင်းလဲမှုတွေကို စတင်သတိထားမိစပြုလာခဲ့ပါတယ်။အဲ့ဒီအချိန်တွေအတွင်းမှာပဲ ဂြိုလ်သားဇီဝရုပ်ဟာ တိုင်းပြည်ရဲ့အရေးကြီးပုဂ္ဂိုလ်တွေအပါအဝင် လူအတော်များများကိုလျင်မြန်စွာပူးကပ်ကူးစက်နေပြီး ကမ္ဘာကြီးတစ်ခုလုံးကိုသိမ်းပိုက်အုပ်စိုးမိဖို့အချိန်တစ်ခုသာ လိုပါတော့တယ်။
Nicole Kidman နဲ့ Daniel Craig (James Bond) တို့လိုထိပ်တန်းသရုပ်ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားပြီး မူရင်းဇာတ်ကားထက်မလျော့တဲ့ထူးခြားဆန်းသစ်တဲ့ science fiction horror ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
The Exam (2021)
⭐TMDB: 76.0% User Score
🎬 #Drama
🗓 2021 🎞 tv movie
🌎 #Germany #Iraq #Qatar
⏰ 1 နာရီ 28 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘယ်သူ့ဆီကမှ ကိုယ်မလုပ်ချင်တဲ့အရာကိုတိုက်တွန်းတာမခံနဲ့ ” ဒီလိုပဲ ဘဝမှာ ကိုယ်မလုပ်ချင်တဲ့အရာတွေဆိုတာ ဘယ်သူမဆို အမြဲလိုလိုကြုံတွေ့ရတတ်ပါတယ်။
တခါတစ်လေ လက်ခံလိုက်ရတဲ့အခါတွေရှိသလို တခါတစ်လေ တွန်းလှန်နိုင်သွားတဲ့အခါမျိုးတွေလည်းရှိပါတယ်။ ဘဝမှာကိုယ်မလုပ်ချင်တဲ့အရာတွေနဲ့ကြုံလာရင် ဘယ်လိုနည်းနဲ့ဖြေရှင်းသင့်လဲ…ရွေးချယ်စရာတွေမရှိတော့တဲ့အခါ ရွေးချယ်စရာ(option)ကို ကိုယ်တိုင်ဖန်တီးယူရပါတယ်။ ဒါပေမဲ့တချို့တွေကတော့ ကိုယ်ပိုင်optionကိုမဖန်တီးနိုင်ခင်မှာပဲ ပင်ပန်းသွားကြတယ်။
ဒီဇာတ်လမ်းထဲမှာတော့ ရှီလန်နဲ့ ရိုဂျင် ညီအစ်မနှစ်ယောက်မှာ အဖေဖြစ်သူက သမီးအငယ်ဖြစ်တဲ့ရိုဂျင့်ကို စာမေးပွဲမအောင်ရင် အိမ်ထောင်ချပေးဖို့အမိန့်ချထားခဲ့တယ်။ ဒါကြောင့်ပဲ အစ်မဖြစ်တဲ့ရှီလန်က နည်းမျိုးစုံသုံးပြီး ရိုဂျင့်ကိုကယ်တင်ဖို့ကြိုးစားတယ်။ သူမကိုယ်တိုင်အိမ်ထောင်ရေးမှာစိတ်မချမ်းသာရတဲ့အတွက် သူမရဲ့ညီမရိုဂျင်ကိုလည်း သူမနဲ့ထပ်တူညီတဲ့ကံကြမ္မာမျိုးမခံစားရစေချင်တာပါ။ ဒါပေမဲ့… တကယ်ပဲ ညီအစ်မနှစ်ယောက်ရဲ့ကံကြမ္မာကထပ်တူမကျဘူးလား နောက်ဆုံးမှာ ကျရာကံကြမ္မာကိုလက်ခံလိုက်ရမလားတွန်းလှန်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပါ။
ပတ်ဝန်းကျင်မှာမမြင်ဖူးမကြားဖူးရင်တောင် တကယ်ဖြစ်လေ့ရှိတတ်မှန်းတော့သိနိုင်တဲ့ဇာတ်လမ်းမျိုးနဲ့ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တစ်ကားပါ။...
Never Been Kissed (1999)
⭐TMDB: 62.0% User Score
🎬 #Comedy #Drama #Romance
🗓 1999 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Never Been Kissed (1999)
~ IMDb – 6/10, Rotten Tomatoes – 55% ~
ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။
တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ဝင်ပါခဲ့ရပါတော့တယ်။
ဒီလိုနဲ့ ကလေးတွေရဲ့ဘဝကို မိဘတွေပိုသိလာဖို့အတွက် ဆောင်းပါးလည်းရေးရင်း ကျောင်းမှာလည်း လူဝင်ဆံ့လာပြီး ကျောင်းကပွဲမှာ အလှဘုရင်မရတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ ကျောင်းကပွဲညမှာတင် ဖုံးကွယ်ထားတဲ့ အလိမ်အညာတွေပေါ်သွားခဲ့ပြီး ကျောင်းသားနဲ့ဆရာဝတ္တရားကြောင့် စောင့်ထိန်းထားခဲ့ရတဲ့ ဂျိုစီနဲ့ ကိုလ်ဆင်ကြားက ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...
Curious Caterer: Fatal Vows (2023)
⭐IMDB: 6.9/10 (415 Votes)
🎬 #Drama #Mystery #TVMovie
🗓 2023 🎞 tv movie
🌎 #Canada #UnitedStates
⏰ 1 နာရီ 25 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိထားတဲ့ Curious Caterer ဇာတ်ကားအသစ် ကိုတင်ဆက်ပေးသွားမှာ ဒီဇာတ်ကားထဲမှာ စုံထောက်ကြီး တွမ်ရဲ့ ဇနီးဟောင်းဖြစ်သူ ဂျက်စ်ဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲနေ့မှာပဲ သတို့သားဟာ သေဆုံးသွားပြီး သတို့သမီးဟာလည်း ပျောက်ဆုံးသွားပါတော့တယ်
စုံထောက်တွမ်ဟာလည်း ဒီအမှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုလိုက်ခွင့်မရလိုက်ပါဘူး ဒါပေမဲ့ လက်မလျှော့တဲ့ စုံထောက်တွမ်ဟာ မင်္ဂလာကိတ်မုန့် လုပ်ပေးတဲ့ ဂိုဒီဆိုတဲ့ အမျိုးသမီးနဲ့ အတူ အမှုလိုက်ပါတော့တယ် သတို့သမီးကရော အသက်ရှင်လျက် ရှိနေသေးလား သတို့သားကိုရော ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ...
Lies My Sister Told Me (2022)
⭐IMDB: 5.5/10 (181 Votes)
🎬 #Drama #Thriller #TVMovie
🗓 2022 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ Thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရောင်းရဆုံးအချစ်ဝတ္တုစာရေးဆရာမ တစ်ယောက်ဖြစ်သူ ဂျနီဖာရေးရ်က အဖေဖြစ်သူရဲ့ သေဆုံးမှုကြောင့် စိတ်အကြီးအကျယ်ထိခိုက်သွားတဲ့ သူနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ သူ့ရဲ့အမြွှာညီမဖြစ်သူ ထရေစီရေးရ်ကို မတတ်သာဘဲ စိတ်ကျန်းမာရေးဆေးရုံမှာ တင်ထားခဲ့ရပါတယ်။ လူတိုင်းက လေးစားအားကျပြီး ချစ်ခင်ကြတဲ့ သူမကတော့ အမြွှာညီမဖြစ်သူက စိတ်ကျန်းမာရေးဆေးရုံတက်နေတဲ့အကြောင်း ဘယ်သူ့ကိုမှ အသိမပေးထားခဲ့ပါဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့ ညီမဖြစ်သူ ထရေစီ့ကို ဧည့်တွေ့ဖို့အသွားမှာ သူ့ညီမက သူနဲ့လူချင်းလဲပြီး သူ့ဟန်ဆောင်ကာ ဆေးရုံကနေလွတ်မြောက်သွားခဲ့ပါတယ်။ လူစားအလဲခံခဲ့ရသူ ဂျနီဖာရေးရ်ကတော့ စိတ်ကျန်းမာရေး ဆေးရုံထဲ ပိတ်မိနေခဲ့ရတာပေါ့လေ။ သူက သူ့ကိုယ်သူ ဂျနီဖာရေးရ်ပါလို့ သူနာပြုတွေ၊ ဆရာဝန်တွေကို အကြိမ်ကြိမ်ပြောပေမဲ့ အားလုံးက သူ့ကို ထရေစီလို့ပဲထင်ခဲ့ကြပြီး ဘယ်သူကမှ သူပြောတာကို မယုံပေးခဲ့တာမို့ ဆေးရုံကထွက်ပြေးနိုင်ဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။
တစ်ဖက်မှာလည်း သူ့ဟန်ဆောင်ပြီး အပြင်ကိုလွတ်မြောက်သွားခဲ့သူ ထရေစီတစ်ယောက်ကတော့ အပျော်ကြီးပျော်ကာ လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်ခဲ့ပေမဲ့ သူ ထင်မထားတဲ့ အန္တရာယ်တွေ စိန်ခေါ်မှုတွေက သူ့ကို ဆီးကြိုလို့နေခဲ့ပါတော့တယ်။ အပြင်ကိုရောက်မှအံ့ဩစရာကောင်းအောင် သူ သိလိုက်ရတာကတော့ သူ့အစ်မရဲ့ ဘဝဟာ ထင်သလောက်မရိုးရှင်းဘဲ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေခဲ့တယ်ဆိုတာပါပဲ။
လူတင် လျှို့ဝှက်ချက်တွေပြည့်နေတာမဟုတ်ဘဲ အိမ်က အခန်းတစ်ခန်းက သော့ပိတ်ထားပြီး ဖွင့်မရတဲ့အနေအထားမှာ ရှိနေခဲ့ရာကနေ သူ့ဆီကို သူ မဖိတ်ခေါ်ထားတဲ့ သူ့အစ်မရဲ့ဧည့်သည်တစ်ယောက်က ရောက်ရှိလာခဲ့ချိန်မှာတော့… သူသိလိုက်ရတဲ့ သူ့အစ်မရဲ့လျှို့ဝှက်ချက်တွေက ဘာတွေလဲ.. သူ့အစ်မနားက လူတွေကရော သူရဲ့နဂိုနဲ့မတူတဲ့ပုံစံတွေကို သတိထားမိသွားမှာလား.. စိတ်ကျန်းမာရေးဆေးရုံက သူ့အစ်မကရော ထွက်ပြေးလွတ်မြောက်လာနိုင်မှာလား.. ပိတ်ထားတဲ့အခန်းထဲမှာရော ဘာတွေရှိနေမှာလဲ.. နောက်ဆုံးမှာရော သူတို့နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...
The Sound of Summer (2022)
⭐TMDB: 40.0% User Score
🎬 #Horror
🗓 2022 🎞 movie
🌎 #Japan
⏰ 1 နာရီ 15 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မြန်မာနိုင်ငံကနွေရာသီဟာ မြန်မာနိုင်ငံသားတွေအတွက်တော့ ကြောက်စရာကောင်းအောင်ပူသလို ဂျပန်နိုင်ငံရဲ့ နွေဟာလည်းသူတို့အတွက်တော့ ကြောက်စရာကောင်းအောင်ပူပါတယ်
ဒီဇာတ်ကားရဲ့ပေးချင်တဲ့ meassage ကတော့ နွေရာသီဟာ ပူပြင်းပြီး အသက်အန္တရာယ်ရှိတယ်ဆိုပေမယ့်လည်း စိတ်ရောဂါ အခြေအနေတွေလည်းဖြစ်တတ်ပါသေးတယ် နေမြင့်လေ အရူးရင့်လေ လို့ဆိုလိုချင်တာကို မြင်အောင်ရိုက်ပြသွားတယ်လို့ပဲမြင်ပါတယ်
ဇာတ်အိမ်ကလေးကတော့ ဂျပန်နိုင်ငံမှာနွေရာသီဆိုရင် ပုဇင်းရင်ကွဲတွေဟာ ကြောက်စရာကောင်းလောက်အောင် များပြားဆူညံနေတတ်ပါတယ် ပုဇင်းရင်ကွဲတွေကိုကြောက်တတ်တဲ့ ကောင်မလေးတစ်ယောက် ကပ်ပါးကောင်းတွေအပေါ် ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ ရောဂါအခံနဲ့ စိတ်ဝေဒနာကို ခံစားရမှန်းမသိခံစားနေရတာကို သူသတိမထားမိခဲ့ဘူး လက်တွေ့ဘဝနဲ့ ထင်ယောင်ထင်မှာမှုတွေကြားမှာ သူဘယ်လိုရုန်းကန်မလဲဆိုတဲ့ ဂျပန် Horror ဇာတ်ကားလေးကိုတော့………
(***နွေကိုနွေလိုပဲရင်ဆိုင်တာအကောင်းဆုံးပါပဲနော်***)
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
