ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Pusher II (2004) ⭐TMDB: 72% User Score 🎬 #Crime #Drama 🗓 2004 🎞 movie 🌎 #Denmark #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pusher 1 အပြီး ၈ နှစ်အကြာမှ ဆက်ထုတ်ခဲ့တဲ့ Pusher 2 လာပါပြီ။ IMDb မှာလည်း Pusher 1 နည်းတူ 7.3 ရရှိထားပါတယ်။ ဒီကားက ပထမကားထက်ပိုကောင်းလာပါတယ်။ Pusher 1 မှာ အရံဇာတ်ကောင်အနေနဲ့ပဲပါ၀င်ခဲ့ရတဲ့ Mads Mikkelsen ရဲ့ တိုနီဇာတ်ကောင်ဟာ Pusher 2 မှာတော့ အဓိကဇာတ်ကောင်ဖြစ်လာခဲ့ပါပြီ။ တိုနီတစ်ယောက် ထောင်ကပြန်လွတ်လာခဲ့ပြီ ဒါပေမဲ့ သူပြန်လာခဲ့တဲ့ကမ္ဘာကြီးကတော့ သူ့အပေါ် ခက်ထန်ကြမ်းတမ်းနေဆဲပဲ။ မိသားစု၀င်၊ အသိမိတ်ဆွေ နဲ့ ရည်းစားတို့ဟာလည်း အရင်အတိုင်းပဲ ထူးမခြားနား။ ယုံကြည်လို့မရဘူး။ ဇာတ်လမ်းအစမှာ တိုနီဟာ ထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး သူ့ဘ၀ကိုအစကနေပြန်စဖို့ရာမျှော်လင့်ချက်နဲ့ အဖေဖြစ်သူဆီရောက်ချလာပါတယ်။ အဖေ နဲ့ ဦးလေးဖြစ်သူတို့ကလည်း ကားလုပ်ငန်းကိုဗန်းပြပြီး မှောင်ခိုလုပ်ငန်းလုပ်ကိုင်တဲ့ ရာဇ၀တ်သားအကြီးစားတွေပဲ။ အဖေဆီအလုပ်၀င်ရင်း အဖေ့ဆီကအလေးပေးမှုကို ငတ်မွတ်တောင်းတနေတဲ့တိုနီရဲ့ ဘ၀ထဲကို ကိုကင်းစွဲနေတဲ့ ရှားလက်လို့အမည်ရတဲ့ တစ်ချိန်ကပတ်သက်ခဲ့ဖူးတဲ့ ပြည့်တန်ဆာမတစ်ဦးပါ ထပ်မံရောက်ချလာပြန်ပါတယ်။ ရှားလက်က လင်ကောင်မပေါ်ဘဲမွေးထားတဲ့ သူ့ရဲ့ကလေးကို တိုနီနဲ့သူနဲ့ရထားတဲ့ ကလေးပါလို့စွပ်စွဲပြီး နဂိုကတည်းကတောင် ဒစ်လည်နေတဲ့ ဆေးသမားတိုနီရဲ့ဘ၀ကြီးကို ချောက်ထဲပြန်ကျအောင်ထပ်ပြီးဆွဲချပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ တိုနီနဲ့ပတ်သက်တဲ့ ဇာတ်ကောင်အသစ်တွေအများပါ၀င်လာပြီး ပထမရုပ်ရှင်မှာပါ၀င်ခဲ့တဲ့ ဖရန့်ခ်ကတော့ ပြန်လည်ပါ၀င်ခြင်းမရှိတော့သလို စားသောက်ဆိုင်ပိုင်ရှင် မူးယစ်ရာဇာ မီလိုလည်း မိနစ်အနည်းငယ်ပဲပြန်လည်ပါ၀င်လာခဲ့ပါတယ်။ Pusher 2 ရဲ့ Genre က Action, Crime, Drama ဖြစ်သွားပြီး Pusher 1 မှာအရန်အနေနဲ့ပဲထည့်သွင်းခဲ့တဲ့ တိုနီကာရိုက်တာရဲ့အကြောင်းကို ဒီရုပ်ရှင်မှာ ဒရာမာပါရောပြီး အကျယ်တ၀င့်ရိုက်ပြထားပါတယ်။ အထူးသဖြင့် တိုနီကို သူရဲဘောကြောင်တဲ့ငကြောက်လို့မြင်ခဲ့ကြပေမဲ့ တကယ်တမ်းကျ တိုနီရဲ့စရိုက်သဘာ၀ဟာ ဒီထက်နက်နဲနေတာကို မထင်မှတ်ထားတဲ့အရာတွေနဲ့အတူ ဒီရုပ်ရှင်မှာမြင်တွေ့လာရမှာပါ။ Pusher 1 ထက်အများကြီးပိုကောင်းလာတာမို့ ပထမကားကိုကြိုက်ခဲ့ရင် ဒီကားကိုလည်းအကြိုက်တွေ့မှာအသေချာပါပဲ။ ယုတ်မာရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေအပြင် ဟိုအခန်းဒီအခန်းတွေပါ ပါ၀င်တာကိုတော့ သတိချပ်စေလိုပါတယ်။...
The Void (2016) ⭐IMDB: 5.9/10 (42 k Votes) 🎬 #Horror #Mystery #ScienceFiction #SciFi #Thriller 🗓 2016 🎞 movie 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရဲဝန်ထမ်းဒန်နီရယ်ကာတာက တစ်ညမှာ လမ်းမပေါ်ကင်းလှည့်ရင်း ဒဏ်ရာတွေနဲ့လူတစ်ယောက်ကိုတွေ့ပြီး ဆေးရုံကိုခေါ်လာခဲ့ပေးတယ်။ ဆေးရုံကိုရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဆေးရုံကလူတွေက အကောင်အဖြစ်ပြောင်းသွားတာတွေ၊ အသတ်ခံရတာတွေအပြင် ဆေးရုံအပြင်မှာလည်း အမည်မသိတဲ့အရာတွေက စောင့်ကြပ်ထားလို့ ဒန်နီရယ်တို့ အပြင်ထွက်ပြေးလို့လည်းမရပါဘူး။ ဒီကိစ္စတွေအားလုံးရဲ့လက်သည်က ဘယ်သူလဲ ၊ အဆောင်အအုံထဲမှာရော အပြင်ဘက်မှာရောမလုံခြုံတော့တာကြောင့် ဒန်နီရယ်တို့ ဘယ်လိုတွေရင်ဆိုင်သွားမလဲ။ ဇာတ်လမ်းထဲကလူသတ်သမားမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ horror သို့မဟုတ် သိပ္ပံ horror ဆိုပြီးယူဆလို့လည်းရပါတယ်။...
Endless Borders (2023) ⭐IMDB: 7.0/10 (156 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Germany #Iran #Czechia #CzechRepublic ⏰ 1 နာရီ 52 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 7/10 ရရှိထားပြီး ဆု ၃ ခုနဲ့ Nomination တစ်ဆု ဝင်ထားတဲ့ 2 023 ခုနှစ်ထွက် Thriller/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမှုတစ်ခုကြောင့် နယ်နှင်ဒဏ်ပေးခံထားရတဲ့ အီရန်နိုင်ငံသား ကျောင်းဆရာဖြစ်သူ အာမက်က နယ်စပ်ရွာလေးက အရွယ်စုံ လူမျိုးစုံ ကလေးတွေကို စာသင်ပြပေးသူဖြစ်ပါတယ်။ သူများကို ကူညီတတ်ပြီး စိတ်ရင်းကောင်းတာမို့ ဒုက္ခရောက်နေသူတွေ့ရင် လက်မနှေးတတ်တဲ့ အာမက်က ခါတိုင်းလိုပဲ တာလီဘန်တွေလက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် အာဖဂန်နစ္စတန်မိသားစုကို ကူညီပေးခဲ့ပြန်ပါတယ်။ စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့ပေမဲ့လည်း အာဖဂန်မိသားစုရဲ့ အရှုပ်အထွေးတွေနဲ့ သွားပတ်သက်မိတဲ့ သူ့တပည့်ဖြစ်သူ ဘာလာ့ဂျ်ကြောင့် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို ပြဿနာတောထဲ ဝင်ပါမိသွားရာက အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် သူတို့နေထိုင်တဲ့ရွာလေးကနေ ထွက်ပြေးဖို့ဖြစ်လာတဲ့အခါမှာတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)...
Railroad Tigers (2016) ⭐IMDB: 5.8/10 (5 k Votes) 🎬 #Action #Adventure #Asian #Comedy #JackieChan #Family #War 🗓 2016 🎞 movie 🌎 #China ⏰ 2 နာရီ 5 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။ တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ) အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ...
Daddy's Perfect Little Girl (2021) ⭐IMDB: 4.9/10 (412 Votes) 🎬 #Thriller #TVMovie #Drama 🗓 2021 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လှပပျိုမြစ်တဲ့ ဆယ်ကျော်သက်မလေးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ကနေဒါမင်းသမီးလေး Hattie Kragtenရဲ့ ကလေးသရုပ်ဆောင်ဘ၀တုန်းက ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အတိတ်ကဖြစ်ရပ်ဆိုးတွေကြောင့် အယ်လာလေးမှာ သူ့ဘ၀ရဲ့တစ်ယောက်တည်းသော မိသားစုဖြစ်တဲ့ မွေးစားအဖေ နိုလန်ကို တုန်နေအောင်ချစ်ရှာတယ်။ အဖေဖြစ်သူကို ထိခိုက်လာတာမျိုး၊ သူတို့သားဖကြား သူစိမ်း၀င်လာတာမျိုး ခံစားရတာနဲ့ လွန်လွန်ကျူးကျူး တုံ့ပြန်တတ်ပါတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်ကို ဘယ်သူမှမသိအောင် တိတ်တဆိတ်ကြံစည်တတ်ပါသေးတယ်။ ဒီလိုအခြေအနေမှာမှ အဖေဖြစ်သူ နိုလန်နဲ့နီးစပ်လာခဲ့တာက အိမ်ထောင်ကွဲအမျိုးသမီးဖြစ်တဲ့ ဆယ်လ်စီတို့သားမိနှစ်ယောက်။ အဖေဖြစ်သူရဲ့ ပြီးပြည့်စုံလှတဲ့ ချစ်သမီးလေးပဲဖြစ်ချင်တဲ့ အယ်လာတစ်ယောက် အဖေဖြစ်သူကို သူတစ်ယောက်တည်းအတွက်ဖြစ်ဖို့ အမျိုးမျိုးကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
They Shot the Piano Player (2023) ⭐IMDB: 6.6/10 (580 Votes) 🎬 #Animation #Drama #History 🗓 2023 🎞 movie 🌎 #Spain #France #Netherlands #Portugal #Peru #UnitedKingdom ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဂီတသမားတစ်ယောက်ရဲ့ documentary ကို animation ပုံဖော်ထားတဲ့ ကာတွန်းဇာတ်လမ်းလေးပါ ဘယ်လို ခေတ်ပေါ် ဂီတမျိုးဖြစ်နေပါစေ တချိန်က ဂီတဂုရုကြီးတွေရဲ့ ဆန်းသစ်မှုကြောင့် ပေါ်ထွက်လာရတာချည်းပါ သူတို့က အချိန်ခဏလောက် ပေါ်လာပြီး ချက်ချင်းမြုပ်သွားတာလည်း ဖြစ်နိုင်တယ်… ပရိသတ်တွေမသိကြရတာလည်းဖြစ်နိုင်တယ် ဒါပေမဲ့ musician တွေကတော့ သူတို့လက်ရာတွေကို လေ့လာသင်ယူပြီး ခေတ်ပေါ်သီချင်းတွေ ဖန်တီးလာကြတာမို့လို့ အများမသိတဲ့ ဂုရုများလို့ ပြောရမလိုပဲ ဒီမှာဆိုရင်လည်း ၁၉၆၀ ကာလ ဘရာဇီး Samba Jazz ဂီတလှုပ်ရှားမှုမှာ ဂုရုတစ်ပါးဖြစ်တဲ့ စန္ဒရားဆရာ Tenório အကြောင်း နောက်ခံရာဇဝင်ကို အမေရိကန် ဂီတ ဂျာနယ်လစ်တစ်ယောက်က အားတက်သရော လိုက်လံမေးမြန်းတာတွေကို တင်ဆက်ထားတယ် ဒါ့အပြင် Tenório က စောစီးစွာ ကြွေလွင့်ခဲ့ရတယ် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားရတယ် သူ့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းမိတ်ဆွေ ဂီတသမား အစုံအလင်ကို ဂျာနယ်လစ်က လိုက်လံ အင်တာဗျူးရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဂီတသမားတစ်ယောက်အကြောင်းကို တဖြည်းဖြည်းခံစားမိလာပြီး ဘရာဇီးနဲ့ အာဂျင်တီးနားက အရေးခင်းတွေကိုပါ ပါးပါးလေး ထည့်သွင်းပေးထားတဲ့ စိတ်ဝင်စားဖွယ်ရုပ်ရှင်တစ်ပုဒ် ဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ်...
Cocaine Crabs from Outer Space (2022) ⭐IMDB: 4.5/10 (73 Votes) 🎬 #Comedy #Horror 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 23 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခြားဂြိုဟ်ကနေရောက်လာတဲ့ကဏာန်းနှစ်ကောင်ကို ကမ္ဘာမြေပေါ်ကလူငယ်နှစ်ယောက်က လက်တည့်စမ်းပြီး မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့ကိုကင်းတွေကျွေးလိုက်ပါတယ် ထိုဂဏန်းနှစ်ကောင်လည်းဆေးကွဲပြီး အသားကုန်ပတ်မွှေပြီးသောင်းကျန်းပါတော့တယ် အဲ့ကဏာန်းနှစ်ကောင်က အဖြူရောင်ရှိတဲ့အမှုန့်မှန်သမျှကို”ကိုကင်း”တွေလို့ထင်မှတ်သွားပြီး “ကိုကင်း”ရှူချင်တာကြောင့် လူတွေသတ်တဲ့အထိဖြစ်လာပါတော့တယ် ထိုအခြေအနေကို စုံထောက်ကြီး”ရိစ်”ကဝင်ရောက်ဖြေရှင်းပေးရပါတော့တယ် ဒီဇာတ်ကားဟာ budgetဇာတ်ကားဖြစ်တာကြောင့် ရိုက်ချက်တွေမှာ အခြားကားတွေလို အသက်ဝင်နေတဲ့ဂဏန်းတွေ CGI တွေ တွေ့ရမှာမဟုတ်ပါဘူး horror ကားကိုမှ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ အပျင်းပြေလောက်ပဲကြည့်လို့ကောင်းမယ့်ဇာတ်ကားပါ...
Fitzcarraldo (1982) ⭐TMDB: 76% User Score 🎬 #Adventure #Drama 🗓 1982 🎞 movie 🌎 #WestGermany #Peru #Germany ⏰ 2 နာရီ 38 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fitzcarraldo ဆိုတဲ့ဇာတ်ကားက 1982 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Adventure/Documentary အမျိုးအစားဖြစ်ပါတယ်။ အမေဇုန်မြစ်ဒေသကမြို့ငယ်လေးမှာနေထိုင်တဲ့ Fitzcarraldo ဆိုတဲ့လုပ်ငန်းတွေအရှုံးပေါ်ခဲ့ပေမဲ့ အရှုံးမပေးတတ်တဲ့လုပ်ငန်းရှင်ပေါက်စလေးဟာ အော်ပရာတေးဂီတပြဇာတ်တွေအပေါ်မှာရူးသွပ်တဲ့သူပါ။ သူနေတဲ့မြို့ငယ်လေးဆီမှာအော်ပရာ ပြဇာတ်ရုံတည်ဆောက်ဖို့ကြိုးစားပေမယ့် ရန်ပုံငွေမလောက်တဲ့အခါ သူကရော်ဘာစီးပွားရေးလုပ်ငန်းကိုပြောင်းလုပ်ဖို့ကြိုးစားပါတယ်။ရော်ဘာပင်တွေကိုရှာဖို့ ရည်းစားဆီကပိုက်ဆံချေး သင်္ဘောတစ်စီးကိုဝယ်ပြီး အမေဇုန်မြစ်အပေါ်ပိုင်းဆီ ရေဆန်အတိုင်းဆန်တက်သွားပါတော့တယ်။ အဲဒီမှာ ဘာတွေနဲ့ကြုံရမလဲ……သူလိုအပ်နေတဲ့ ရန်ပုံငွေရောရသွားနိုင်မလား ဆိုတာတွေကိုတော့ ဇာတ်ကားလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး...
Face to Face (2023) ⭐TMDB: 75% User Score 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Egypt ⏰ 1 နာရီ 57 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုးရီးယားဒရာမာတွေထက် ပိုရှုပ်ထွေးတဲ့ ဟာသ ဒရာမာဇာတ်လမ်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Face To Face ဖြစ်ပြီးဇာတ်ကားနာမည်အတိုင်း အထက်တန်းလွှာမိသားစုနှစ်ခုရဲ့မျက်နှာချင်းဆိုင် ဒရာမာအားပြိုင်မှုတွေကိုတ၀ကြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်မှာအကြီးအကျယ်ရန်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီးသူတို့ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ လက်ရှိနေနေတဲ့အိမ်က နေတခြားအိမ်ကိုပြောင်းမှာကို မိန်းမဖြစ်သူက သဘော မတူရာကစတာပဲ ဖြစ်ပါတယ်။မိန်းမဖြစ်သူက လစာက အိမ်ငှားခ တစ်လစာတောင်မရှိတဲ့ ရတောင်မရသေးတဲ့ အလုပ်ကို ဒီအိမ်ကပြောင်းသွားရင် သွားရလာရမှာဝေးလို့ မပြောင်းချင်တာရယ် ယောက်ျားဖြစ်သူကလည်း အိမ်ငှားခတွေ စျေးကြီးလို့ ရှေ့လျှောက်မတတ်နိုင်တဲ့အတွက် ပြောင်းချင် နေတာပဲ ဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ရန်ဖြစ်ကြရင်းနဲ့ ကနေ အခြေအနေပိုဆိုးလာတဲ့အခါမှာတော့ အမေချစ်သမီးတို့ ထုံးစံအတိုင်း မိဘတွေကိုလှမ်းခေါ်တိုင်ပါတော့တယ်။ဒီလိုပဲ ယောက်ျားဖြစ်သူဖက်က မိဘတွေကလည်းသတင်းကြားတာနဲ့ အိမ်ကိုတန်းရောက်ချလာကြတော့တာပါပဲ။ဒီလိုနဲ့ လင်မယား နှစ်ယောက်တည်း ရန်ဖြစ်သောင်းကျန်းနေတဲ့အိမ်ကို နှစ်ဖက် မိဘစုံစုံလင်လင် ရောက်လာကြပါတော့တယ်။မိဘတွေ ရောက်လာလို့ ပြေလည်သွားမယ်တော့မထင်လိုက်ပါနဲ့။ လူကြီးတွေရဲ့ထုံးစံအတိုင်း ဟိုပြိုင်ဒီပြိုင်နဲ့ ရန်ပွဲသေးသေးလေး ကနေ ပိုပိုကြီးလာပြီး အဲ့ဒီ အိမ်ကနေပါ ပြန်ချင်တိုင်း ပြန်လို့မရတဲ့ အခြေအနေတွေဖြစ်လာတဲ့အခါမှာတော့ အဲ့ဒီ တစ်ညတာအတွင်း မိသားစုနှစ်ခုဘယ်လိုမျက်နှာချင်းဆိုင် ဘယ်လိုဒရာမာတွေခင်းပြီး ဖြတ်သန်းဖြေရှင်းကြမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Life of Mariko in Kabuchiko (2022) ⭐IMDB: 5.7/10 (76 Votes) 🎬 #Crime #Drama #Comedy #ScienceFiction #Horror 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 57 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Life of Mariko in Kabuchiko ( 2023 )===============================ဒီဂျပန်ကားက တော်တော်စားတဲ့ ဂျပန်ကားလို့ပြောရမယ်။ ဇာတ်အိမ်တည်တာကတော့ ဂျပန်ရဲ့ ဂိုဏ်စတားတွေဆုံသလို လူလည်းစည်တဲ့ ရှင်ဂျူခုမှာ။ အဲဒီမှာ မာရိခိုဆိုတဲ့ ကောင်မလေးက ဘားဖွင့်ထားတယ်။ ဒါပေမဲ့ သူ့အဓိက အလုပ်က အလွတ်စုံထောက်အလုပ်။ သူကလည်းဆန်းသလို သူ့ဘားကိုလာသောက်ကြတဲ့ လူတွေကလည်း လူထူးဆန်းတွေချည်း။ အဲဒီဘားမှာ တော်တော့်ကို အကြောင်းအရာစုံ အကြောင်းအရာကြောင်ကြောင်ကြားကြားတွေ ကြားရတတ်တယ်။ မာရိခိုရဲ့နောက်ကြောင်းကလည်း လျှို့ဝှက်ဆန်းကြယ်သလို သူ့ဘားကို လာတဲ့သူတွေကလည်း လျှို့ဝှက်ဆန်းကြယ်တယ်။ သူဟာ ဘားဖွင့်ထားပေမဲ့ နာမည်ရ အလွတ်စုံထောက်လည်း ဖြစ်နေတယ်။ ဒီတော့ သူ့ဆီကို အရေးကြီးတဲ့အမှုတွေ လာအပ်ကြတယ်။ ဒီတစ်ခါ သူဖြေရှင်းရမယ့်အမှုက ဂျပန်ကိုရောက်လာတဲ့ဂြိုဟ်သားတစ်ကောင်ကို ရှာပေးရမယ့်အမှု။ ဒီဂြိုဟ်သားကို ဂျပန်နဲ့အမေရိကန် သဘောတူညီချက်အရ အမေရိကန်ကို ပို့ဖို့ လုပ်ထားပေမဲ့ စခန်းက ပညာရှင်တစ်ယောက်က ဂြိုဟ်သားကိုခိုးသွားတယ်။ ဒီတော့ ဒီဂြိုဟ်သားနဲ့ ဒီဂြိုဟ်သားကိုခိုးသွားတဲ့ သူကို ရှာပေးဖို့ အက်ဖ်ဘီအိုင်က သူ့ကို အလုပ်လာအပ်လာတယ်။ မာရိခိုဟာ သူ့မိတ်တွေအကူအညီနဲ့ ဂြိုဟ်သားကိုရှာရင်း မထင်မှတ်ထားတာတွေပါ ကြုံလာရတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ကြည့်ပေါ့။ ဂျပန်ရုပ်ရှင်တွေဟာ စားရင်လည်း အင်မတန်စားတတ်ကြတာမို့ ဒီရုပ်ရှင်က ဂျပန်ရဲ့ ခပ်စားစား ရုပ်ရှင်တစ်ကားပါပဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Strained (2023) ⭐IMDB: 6.1/10 (8 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 43 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့… ကြည့်ရှုသူပရိတ်သတ်ကြီးကို… ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း… မိသားစုဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… ဇာတ်ကားလေးနာမည်ကတော့…Str ained ဖြစ်ပြီး ….ဒါရိုက်တာ…Okechukwu Oku ကရိုက်ကူး ပုံဖော်ထားပါတယ်… ဒီဇာတ်ကားမှာ မင်းသမီး Tracey George နဲ့ Queen Nwokoy တို့ကအပြိုင်သရုပ်ဆောင်ထားကြပြီး မင်းသား Samuel Nnabuike ကပါ၀င်အားဖြည့် သရုပ်ဆောင်းထားပါတယ် ဒါအပြင် ဒီဇာတ်ကားက reating 6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားလည်း ဖြစ်ပါတယ် ဇာတ်လမ်းအစမှာ အဲဘယ်ယာတို့ ဇနှီးမောင်နှံနှစ်ဦး ပထမဦးဆုံးရင်သွေးလေး မွေးဖွားဖို့အတွက် ဆေးရုံသွားဖို့ပြင်ဆင်နေကြပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ သမီးလေးမီးဖွားပြီးတဲ့ နောက်မှာတော့ အမျိုးသားဖြစ်သူ အော်ဇိုက အလုပ်ကိစနဲ့ ခရီးသွားရဖို့အကြောင်း ဖန်လာပါတော့တယ် တကယ့် ဇာတ်လမ်းကအခုမှစတာပါပဲ မီးတွင်းထဲသွေးနုသားနုနဲ့ အဲဘယ်ယာတစ်ယောက် နို့စို့အရွယ်ကလေးလေးတစ်ယောက်နဲ့ ထားခဲ့ဖို့စိတ်မချတဲ့ အော်ဇိုကနောက်ဆုံးဘယ်လိုမှ မတတ်နိုင်တော့တဲ့အဆုံး အဲဘယ်ယာ အရမ်းမုန်းတဲ့ ၁၃ နှစ်လောက်ဝေးကွာနေတဲ့ သူမအမေကို ခေါ်ထားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ် အဲဘယ်ယာလည်း ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး သဘောတူလိုက်ရပါတယ် အဲ့ဒီနောက် အဲဘယ်ယာတစ်ယောက် သူမအရမ်းမုန်းတဲ့ သူမ မဂ်လာဆောင်ကိုတောင် မဖိတ်ခဲ့တဲ့အမေဖြစ်သူနဲ့ တစ်အိမ်ထဲမှာ အဆင်ပြေအောင် နေနိုင်ပါ့လား… သူတို့နှစ်ယောက်ကြားမှာကော ဘယ်လိုအဖုအထစ် လေးတွေရှိခဲ့လို့လဲ အဲဘယ်ယာကရော ဘာလို့သူမအမေ အရင်းကို ခါးခါးသီးသီးဖြစ်နေတာလည်းဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး ဒီဇာတ်ကားက အိမ်တွင်းအကြမ်းဖက်မှုကြောင့် မိသားစုတွေ အိမ်ထောင်ရေးတွေနဲ့ သားသမီးတွေအပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်လဲ… ဆိုတာကို မီးမှောင်းထိုးပြထားတဲ့ ဇာတ်ကားတစ်ကား ဆိုရင်လည်းမမှားပါဘူး.. Drama ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...
Misty Assassination (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 8 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သိုင်းကားကြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် လှပတဲ့သိုင်းကွက်တွေအပြင် ၊စက်ယန္တရားလှလှပပတွေကိုပါ မြင်ရမဲ့သိုင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအစမှာ လုပ်ကြံသူတစ်စုဟာ မမလေးချင်းထျန်းလို့ခေါ်တဲ့သခင်မလေးနောက်ကိုလိုက်သတ်ကြပါတယ် ။ မမလေးချင်းထျန်းကိုကာကွယ်ပေးနေတဲ့ ကိုယ်ရံတော်ဝေ့ဖျင်ကသိုင်းပညာမြင့်မားတဲ့သူပါ။အဲဒါကြောင့် ကိုယ်ရံတော်ဝေ့နဲ့ လုပ်ကြံသူခေါင်းဆောင်တို့တစ်လမ်းလုံးသိုင်းပညာပြိုင်ရင်း ပြေးရလွှားရပါတော့တယ် ။ ဒါပေမဲ့ မထင်မှတ်ထားစွာနဲ့ လုပ်ကြံသူခေါင်းဆောင်နဲ့ကိုယ်ရံတော်ဝေ့တို့က အချင်းချင်းသိုင်းကွက်တွေရင်းနှီးနေတဲ့အချိန်မှာတော့…..မမလေးချင်းထျန်းကိုလုပ်ကြံသူအုပ်စုကဘာလို့လိုက်သတ်ကြတာဖြစ်မလဲ ?လုပ်ကြံသူခေါင်းဆောင်နဲ့ရင်းနှီးနေတဲ့ ကိုယ်ရံတော်ဝေ့ကရောဘယ်လိုသရုပ်မှန်ဖြစ်နေမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်...
Better Days (2019) ⭐TMDB: 82% User Score 🎬 #Crime #Drama #Romance 🗓 2019 🎞 Series 🌎 #China #HongKong ⏰ 2 နာရီ 15 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 7.6 ရရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေးတကားကိုတင်ဆက်ပေးလိုက်ပါတယ်တရုတ်ပြည်မှာ နာမည်ကြီးပေါက်ကားလေးတကားဖြစ်ပြီးဝင်ငွေယွမ်ဘီလီယံ နဲ့ချီပြီးရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်မင်းသား ရိယန်ချန်းရှီ ( Yi Yangqianxi ) ကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွန်းလေးကတော့ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ…မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ…ဒါပေမယ့်… အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ?ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်…ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်…ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ?သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ...
Showgirls (1995) ⭐TMDB: 55% User Score 🎬 #Adult #Drama 🗓 1995 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ******************** (Dark Side Production မှတင်ဆက်သည်…) ဒီဇာတ်လမ်းဟာ..Las Vegasရဲ့ဖော်ချွတ်အက လောကထဲကို မိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေး တစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ…ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း…မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း..ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို..ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်.. ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်...
Baby Assassins 2 Babies (2023) ⭐IMDB: 6.7/10 (582 Votes) 🎬 #Action #Comedy #Crime #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 41 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Babe Assassins 2: Babies (2023)==========================IMDb rating 6.7/10Genre – Comedy, Action, Crime ဒါကတော့ ၂၀၂၀ကထွက်ထားတဲ့ကားရဲ့အဆက်ပါ။ sequelကားတွေက စုတ်ပြတ်သတ်သွားတာများပေမဲ့ ဒီကားကတော့ကောင်းတဲ့ထဲပါပါတယ် ။ plotကပိုရိုးရှင်းပေမဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်ရည်အမြင်ရဆို ဒီsequelက ကြည့်ရတာ funဖြစ်ပြီး heart warmingပိုဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ရေးသမားနှစ်ယောက်ဖြစ်တဲ့ ချီဆာတိုနဲ့ မာရီယာတို့နှစ်ယောက် အရင်ကထက်ပိုတွဲဖက်ညီလာကြပါပြီ။ ဒါပေမဲ့ နှစ်ကောင်ပေါင်းလောင်းကျော်ပြီး အဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကိုချိုးဖောက်မိလို့ တာ၀န်ကနေ ခဏဆိုင်းငံ့ခံထားရပါတယ်။ အကြွေးတွေလဲဆင့်နေလို့ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အပြင်ကို တခြားလုပ်ကြံရေးသမားနှစ်ယောက်လည်း သူတို့နောက်ကိုလိုက်လာတဲ့အခါမှာတော့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပထမကားလိုပဲ သွက်သွက်လက်လက်အက်ရှင်ခန်းတွေကို ဟာသလေးစွက်ပြီးကြည့်ရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
God of Novels (2020) ⭐IMDB: 5.2/10 (34 Votes) 🎬 #Drama 🗓 2020 🎞 movie 🌎 #Japan ⏰ 1 နာရီ 46 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Our Story ( 2020 )================ Our Storyဟာ ဂျပန်ကျောင်းတွင်းရိုမန့်ဇာတ်လမ်းလို့ ပြောလို့ရပေမဲ့ ကျောင်းတွင်းရိုမန့်က ဒီကားရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပဲတည်ရှိနေခဲ့တယ်။ သူ့နာမည်အတိုင်းပဲ Our Storyဟာ ဇာတ်လမ်းရေးတဲ့အကြောင်း တစ်နည်းပြောရရင် လူငယ်စာရေးဆရာနှစ်ဦး ဝတ္တုရေးတဲ့အကြောင်းပေါ့။ မင်းသားကတော့ တက်သစ်စ စာရေးဆရာအဖြစ်ရပ်တည်ပေမဲ့ သူ့ခံယူချက်က ငွေရတဲ့စာတွေ ရေးနိုင်ဖို့လို ခံယူထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။ ဒီလိုခံယူရတာကလည်း သူ့အဖေက ဝတ္တုတွေရေးရင်း အိမ်စရိတ်မထောက်နိုင်ဘဲ သူကိုယ်တိုင်လည်း ဝတ္တုရေးတဲ့စားပွဲပေါ်ပဲ ကွယ်လွန်သွားခဲ့တော့ ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ငွေရတဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ မင်းသမီးကတော့ နာမည်ကြီးဘတ်ဆဲလားစာရေးဆရာမဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေး။ မင်းသားဖြစ်ချင်တဲ့ ဘဝမျိုးကို ပိုင်ထားတဲ့သူ။ ဒါပေမဲ့ သူကတော့ ဝတ္တုရေးတဲ့အလုပ်ကို ချစ်သလို ဝတ္တုတွေကို ချစ်တယ်။ ဒီလိုနဲ့ သူတို့စာတွေကို အကဲဖြတ်ပေးနေတဲ့သူက သူတို့ကို စာအုပ်တစ်အုပ်အတူတူရေးခိုင်းခဲ့တယ်။ မင်းသမီးက ဇာတ်လမ်းတွေးပြီး မင်းသားက စကားလုံးနဲ့ပုံဖော်ပေးရတယ်။ ကျောင်းလည်းတူ အလုပ်လည်းအတူတူလုပ်နေရပေမဲ့ ခံယူချက်ချင်းမတူလို့ မတည့်နေတဲ့ သူ၂ယောက် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို အတူတူရေးကြရင်း သူတို့ရဲ့နောက်ခံဇာတ်လမ်းတွေပါ ပုံပေါ်လာပြီး သူတို့ချင်းနားလည်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းမျိုးကို သူတို့ဖန်တီးဖြစ်ကြမလဲ မြင်ကြရမယ့်ဇာတ်ပဲ။ ကျောင်းတွင်းရိုမန့်လေးတော့ နည်းနည်းစွတ်ထားတယ်။ Kingdomတို့ Gintamaတို့ထဲက ဂျပန်မင်းသမီးချောလေး Kanna Hashimotoက အဓိကသရုပ်ဆောင်ပေးထားတာမို့ ဂျပန်မင်းသမီးချောချောလေးနဲ့ကြည့်ရမယ့် ဂျပန်ကျောင်းသားဇာတ်လို့ ပြောလည်းမမှားပါဘူး ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
A Light Never Goes Out (2022) ⭐IMDB: 6.3/10 (361 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #HongKong ⏰ 1 နာရီ 43 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Light Never Goes Out (2022) ====================== IMDb – 6.3/10 ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ LED ဆိုင်းဘုတ်ခေတ်မစားခင်ခေတ်က အဏုမြူချောင်းတွေနဲ့ဆိုင်းဘုတ်တွေနဲ့ ဟောင်ကောင်မြို့လမ်းပေါ်ကို အလင်းရောင်စုံပေးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးပြထားတဲ့ ဟောင်ကောင်ဒရာမာကားကောင်းလေး A Light Never Goes Out ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟောင်ကောင်ရဲ့ ဥပဒေအသစ်ကြောင့် လမ်းမပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်တွေ အစားထိုးလာတာကြောင့် အဏုမြူဆိုင်းဘုတ် ဘေလ်တစ်ယောက် စီးပွားရေးဆုတ်ယုတ်လာပြီး နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ် ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် အတိတ်ကအမှတ်တရတွေကို သတိရရာကနေ အလုပ်ရုံအသွား ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့တွေ့ဆုံခဲ့ပြီးနောက် ဘေလ်တစ်ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိကြောင်းသိလိုက်ရပါတယ် ခင်ပွန်းသည်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တာကြောင့် ဟွမ်တစ်ယောက် လိုက်စုံစမ်းရင်းအရင် အတိတ်ကအမှတ်တရလေးတွေပါ စုမိသလိုဖြစ်လာပါတယ် အမှတ်တရတွေမှာ ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတာလေးကို ကြည့်ရှုသူကို မျိုးစုံရသပေးနိုင်အောင် ရိုက်ပြထားတဲ့ ဒရာမကားကောင်းလေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Arcadian (2024) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Action #Horror #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Canada #UnitedStates #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နစ်ကလက်ကေ့ ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီကားလည်း ပေါကားမဟုတ်ပါဘူး။ သူ့ကားတွေက အခုနောက်ပိုင်း နည်းနည်းချင်း ပြန်ကောင်းလာတာတော့ တွေ့နေရပါပြီ။ IT ရုပ်ရှင်ထဲက မင်းသား Jaeden Martell က နစ်ရဲ့ သားအဖြစ်ပါဝင်ထားပါတယ်။ အက်ရှင် ဟော်ရာ အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်ကလည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို တည်ထားတာပါပဲ။ ကမ္ဘာဘာလို့ပျက်လဲ မပြဘဲ အသက်ရှင်ကျန်ခဲ့တဲ့လူတစ်စု ဆက်အသက်ရှင်ဖို့ ကြိုးစားပုံကိုပြတဲ့အမျိုးအစားပါပဲ။ နစ်ဟာ သားနှစ်ယောက်နဲ့အတူ အိမ်တစ်လုံးမှာနေတယ်။ လူနည်းစုလေးတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ့်ခြံနဲ့ကိုယ် အသက်ရှင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အတွက် အန္တရာယ်ကတော့ ညတိုင်း အိမ်တွေထဲကို အတင်းဝင်ဖို့ ကြိုးစားတဲ့ သတ္တဝါကြီးတွေပါပဲ။ မှောင်တာနဲ့ ကိုယ့်အိမ်ကိုယ် အချိန်မီပြန်ပြီး အိမ်ကို အမြဲလုံနေအောင် နေကြရတာပါ။ ဒါပေမဲ့ နစ်ရဲ့ သားအကြီးကောင်က အခြားခြံက ကောင်မလေးကို ဖွန်အကြောင်လွန်ပြီး ညဘက်နောက်ကျသွားတဲ့အခါ လမ်းမှာပိတ်မိသွားပါတယ်။ ဒါကို နစ်က လိုက်ကယ်ဖို့ကြိုးစားရင်း အကောင်ဗလောင်ကြီးတွေနဲ့ ရင်ဆိုင်ရပုံတွေကို ပြထားတာပါ။ ဒီလို ရုန်းကန်တိုက်ခိုက်ရတဲ့အမျိုးအစားတွေကို ကြိုက်တတ်တဲ့သူတွေ ကြည့်သင့်ပါတယ်။...
Holy Motors (2012) ⭐IMDB: 7.0/10 (49 k Votes) 🎬 #Drama #Fantasy 🗓 2012 🎞 movie 🌎 #France #Germany #Belgium ⏰ 1 နာရီ 56 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို ၂၀၁၂ ကထွက်ရှိထားတဲ့ Holy Motors ဆိုတဲ့ Drama & Fantasy အမျိုးအစားဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Leos Carax က ရိုက်ကူးပုံဖော်ထားပြီး rating 7/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ မင်းသား Denis Lavant နဲ့ မင်းသမီး Edith Scob တို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Denis Lavant ကအကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို ရရှိထားပြီး မင်းသမီး Edith Scob က အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးရရှိ ထားရုံသာမက ဒီဇာတ်ကားကအခြား အကောင်းဆုံး ရုပ်သံတေးဖြတ်ဆု အကောင်းဆုံး ဒါရိုက်တာဆု စတဲ့ အကယ်ဒမီဆုပေါင်း ၂၉ ဆုအထိဆွတ်ခူးရရှိထားပြီး ဆန်ကာတင်စာရင်း ၇၁ အခုအထိချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်.. ဇာတ်လမ်းအစမှာ မစ္စတာအောစကာတစ်ယောက် မိုးလင်းပြီးဆိုတာနဲ့ မစ္စဆီလင်းနဲ့ အတူတူ ထူးဆန်းဖွယ် ချိန်းဆိုမှုကိုးခုကို အကောင်အထည်ဖော်ဆောင်ရွက်ကြပုံနဲ့ စတင်ထားပါတယ် ချိန်းဆိုမှုတစ်ခုဆီမှာ မတူညီနဲ့ဇာတ်ရုပ် တစ်မျိုးစီ မတူညီတဲ့ဘဝတစ်ခုစီကို သရုပ်ဆောင်ရမှာ ဖြစ်ပါတယ် ဒီလိုနဲ့ မစ္စဆီလင်းနဲ့ မစ္စတာအောစကာ တို့နှစ်ယောက် ဒီထူးဆန်းဖွယ်ချိန်းဆိုမှု ကိုးခုကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါမ့လား.. ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး… ဒီဇာတ်ကားမှာ မစ္စတာအောစကာအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Denis Lavant ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်ထားနိုင်ပုံကို ချီးကျူးဖွယ်တွေ့ရှိရမှာဖြစ်ပြီး မင်းသမီး Edith Scob ကဇာတ်လမ်းကို ပီပြင်အောင် ဘယ်လိုတွေပံ့ပိုးထားမလဲဆိုတာကို ကြည့်ရှုသူပရိတ်သတ်ကြီး ကိုယ်တိုင် လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး...
Gallowwalkers (2012) ⭐TMDB: 47% User Score 🎬 #Action #Adventure #Fantasy #Horror #Thriller #Western 🗓 2012 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၂ကထွက်ရှိခဲ့တဲ့ Gallowwalkers ဆိုတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Andrew Goth ရိုက်ကူးပုံဖော်ထားပြီး မင်းသား Welsey Snipes , Keivin Howarth နဲ့ မင်းသမီး Tanit Phoenix တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီလမ်းအစမှာ လူငါးယောက်ကအမျိုးသမီးတစ်ယောက်ကို ဝိုင်းဝန်းအသုံးတော်ခံနေကြပုံနဲ့ စတင်ထားပါတယ်.. ဒီလိုနဲ့အချိန်ငါးနှစ်ကြာပြီးသွားတဲ့အချိန်မှာတော့ အဲ့လူတွေအကုန်လုံးက အာမန်လို့ခေါ်တဲ့ ထူးဆန်းတဲ့ သေနတ်သမားတစ်ယောက်ရဲ့ အမဲလိုက်သတ်ဖြတ်ခြင်း ကိုခံလိုက်ရပါတယ် အကြောင်းကတော့ ဒီလူတွေဝိုင်းဝန်း အသုံးတော်ခံခဲ့ကြတဲ့ မိန်းမလှလေးက အာမန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် အသက်တမျှချစ်ခင်မြတ်နိုးရတဲ့ ကောင်မလေးဖြစ်နေလို့ပါ ပဲ ဒီလိုနဲ့ထူးဆန်းစွာပဲ တစ်နေ့မှာတော့ ဒီလူငါးယောက်က ငရဲကနေ အာမန်ကိုလက်စားချေဖို့ တစ်ဖန်ပြန်လည် နိုးထလာပါ တော့တယ် ဒီအချိန်မှာတော့ အာမန်တစ်ယောက် ငရဲကနေပြန်လည်နိုးထလာတဲ့ ဒီမကောင်းဆိုးဝါး ငါးယောက်ကို ပြန်လည်ရင်ဆိုင်ရှင်းပစ်ကြိုးစားပါတော့တယ် အာမန်ကိုယ်တိုင်ကလည်း သေခြင်းတရားကို ဘယ်လိုကျော်လွှားလာခဲ့ရတာလဲ သူ့ကရော ဘယ်သူတွေရဲ့ သားဖြစ်မလဲ… ကောင်မလေးနဲ့ကော ဘယ်လိုတွေ့ဆုံခဲ့တာလဲ သူ့ရဲ့ဘဝကကော ဘယ်လိုတွေ ရင်နာဖွယ်ကောင်းခဲ့လဲ အာမန်ကိုပြန်ပြီးလက်စားချေဖို့ နိုးထလာတဲ့ ဒီမကောင်းဆိုးဝါးငါးကောင်ကို ရင်ဆိုင်ဖို့ ကြိုးစားရမှာ ဘယ်လိုတွေကြုံတွေ့ရင်ဆိုင်ရမလဲ အာမန်တစ်ယောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင် လိုက်ပါစီးမျော ကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Action, Adventure, Fantasy, Horror, Thriller & Western အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...
