uk
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закритий канал

🚩 Channel was restricted by Telegram

Показати більше
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
Zara Hatke Zara Bachke (2023) ⭐IMDB: 6.5/10 (14 k Votes) 🎬 #Bollywood #Comedy #Drama #Family #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zara Hatke Zara Bachke (2023) အိမ်ကလေးတစ်အိမ် IMDb – 6.5/10 ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေပြန်ရထားတဲ့ဇာတ်ကားလေးပါ။ ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကိုအဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကိုအိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ တကယ့်ဖြစ်ရပ်တွေနဲ့အတူဒီကားလေးမှာ စောင့်ကြည့်ပေကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Sting (2024) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Horror #SciFi #Thriller 🗓 2024 🎞 movie 🌎 #Australia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 5.8 ရရှိထားတဲ့ Sting ရုပ်ရှင်ကတော့ Horror ၊ Sci-Fi နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ ဧရာမပင့်ကူကြီးရဲ့ခြောက်ခြားစရာအန္တရာယ်ကို ၁၂နှစ် အရွယ်ကလေးမလေးတစ်ယောက်ကိုအဓိကရိုက်ကူး ပြထားတာဖြစ်ပြီး တခြားပင့်ကူကားတွေနဲ့မတူတာကတော့ ရင်ထဲအထိရောက်စေတဲ့မိသားစုဒရမ်မာကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** နယူးယောက်စီးတီးရဲ့မုန်တိုင်းထန်တဲ့ညတစ်ညမှာ ကောင်းကင်ကကျလာတဲ့အရာတစ်ခုဟာ အဆောက်အအုံ တစ်ခုထဲကို ပြတင်းပေါက်ကနေဝင်ရောက်လာပါတယ်။ အဲဒါက ဥတစ်ခုဖြစ်ပြီး အထဲကနေထူးခြားတဲ့ပင့်ကူ တစ်ကောင်ပေါက်လာခဲ့ပါတယ်။ ဒီပင့်ကူကို ကာတွန်းတွေကို စွဲလမ်းနေတဲ့ ၁၂ နှစ်အရွယ်မိန်းကလေးချားလော့တ်က မွေးထားလိုက်ပါတယ်။ ပထွေးဖြစ်သူအီသန်က သမီးရင်းလို ချစ်ရတဲ့ချားလော့တ်ရဲ့စိတ်ကိုရဖို့အမျိုးမျိုးကြိုးစားနေခဲ့ပေမယ့် ချားလော့တ်ကတော့ အထီးကျန်သလိုခံစားနေရဆဲပါပဲ။ ချားလော့တ်ရဲ့အမေနဲ့အီသန်ရဲ့ကလေးငယ်လေးရှိတဲ့အပြင် အလုပ်ကိုယ်စီနဲ့မအားလပ်ဖြစ်နေတဲ့မိဘတွေကြောင့် ချားလော့တ်ဟာ ပင့်ကူကိုသံယောဇဉ်တွယ်ပြီး စတင်းလို့ နာမည်ပေးမွေးမြူထားခဲ့တာဖြစ်ပါတယ်။ စတင်းရဲ့ အလျင်အမြန်အရွယ်အစားကြီးထွားလာပုံကိုလည်း ချားလော့တ်က သဘောကျနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့ စတင်းရဲ့သွေးကိုစားသုံးလိုစိတ်ဟာ ထိန်းချုပ်မရနိုင်ဖြစ်လာပြီး အိမ်နီးချင်းတွေရဲ့ တိရစ္ဆာန်တွေစတင်ပျောက်ဆုံးလာပါတယ်။ နောက်ဆုံးမှာ အိမ်နီးချင်းတွေကိုယ်တိုင်ပျောက်ဆုံးလာပြီး ချားလော့တ်နဲ့မိသားစုဝင်တွေဟာ လူသားစားရတာကို ခုံမင်လာတဲ့ဧရာမပင့်ကူကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ကြရမှာပဲဖြစ်ပါတယ်။
...

Heart Beat (2024) ⭐TMDB: 50% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 # ⏰ 23 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heart Beat (2024)Heart Beat (2024) “ကာရန်ညီသော အချစ်” IMDb – 6.8/10Disney+ Hotstarကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယဒေါက်တာစီးရီးလေးကို တင်ဆက်ပေးပါရစေ။ သိပ်ကိုစည်းကမ်းတင်းကြပ်တဲ့ ဆရာဝန်မကြီးတစ်ယောက်ရှိတယ်။အလုပ်မှာတင်မကဘဲ မိသားစုကအစ အပေါင်းအသင်းနဲ့အဆုံး အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ကိုင်ဆက်ဆံတတ်တဲ့သူ။ ရှပ်တီးရှပ်ပြာနဲ့ ဆင်းရဲချို့တဲ့ရှာတဲ့ ဆရာဝန်မ ပေါက်စလေးလည်းရှိတယ်။မရည်ရွယ်ပါဘဲ လုပ်သမျှက အလွဲလွဲအချော်ချော်တွေနဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့သူ။ သူတို့တွေ တွေ့ဆုံကြတာက အာကေဆိုတဲ့ ဆေးရုံကြီးတစ်ခုမှာ။သူတို့တွေ့ဆုံမှုကနေစတဲ့ဇာတ်လမ်း၊ ရောဂါအမျိုးမျိုး ဇာတ်လမ်းအမျိုးမျိုးနဲ့လူနာတွေကို သူတို့ ရင်ဆိုင်ဖြေရှင်းရပုံတွေ၊ နောက် ထင်မှတ်မထားတဲ့အလှည့်အပြောင်းတွေနဲ့ အချစ်တွေထုံသင်းလာမဲ့ စီးရီးကောင်းလေးမို့ ခံစားကြည့်ရှုကြပါဦး၊(အညွှန်းနဲ့ဘာသာပြန်ကတော့
...

You, Me, and that Mountain Retreat (2023) ⭐IMDB: 6.1/10 (87 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ်ရယ် မင်းရယ် ဒီတောစခန်းရယ် (You Me and that Mountain Retreat) ဒီဇာတ်ကားလေးကတော့ ၂၀၂၃ မှာတင်ထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါ.. ဇာတ်လမ်းလေးကတော့ IAM ဆိုတဲ့ကုမ္ပဏီမှာ အလုပ်ဝင်ချင်တဲ့ ရေဗက္ကာဆိုတဲ့ ကောင်မလေးနေရာကနေ ကြည့်ရှူခံစားရမှာပါ ဒီဇိုင်နာတစ်ယောက်ဖြစ်တာနဲ့အညီ introvert တစ်ယောက်လိုအခန်းထဲမှာပဲ အောင်းပြီး အလုပ်လုပ်ချင်တဲ့သူမအတွက် ခေါင်းဆောင်ရာထူးတစ်ခုကို လျှောက်မိတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ အခက်အခဲ တွေ့ရပါတော့တယ်.. ဒါ့အပြင်သူလျှောက်တဲ့ကုမ္ပဏီကလည်း သာမန်မဟုတ်ပါဘူး သဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့သူကိုယ်တိုင် တည်ထောင် ထားတဲ့ ကုမ္ပဏီမလို့ ကုမ္ပဏီရဲ့ပုံစံကတခြားခေါက်ရိုးကျိုး သမားရိုးကျပုံစံတွေနဲ့ ကွာခြားလှပါတယ် ဒီလိုပဲ ဆန်းဆန်းပြားပြားတွေ လုပ်တတ်တာနဲ့အညီ IAMရဲ့အလုပ်ခန့်ဖို့နောက်ဆုံးလူရွေးပွဲကို တောစခန်းတစ်ခုမှာလုပ်မှာပါ ဒီနေရာမှာ ၁၀ရက်ကြာ ဘယ်လိုမျိုးတွေတွေ့ကြုံဖြတ်သန်းရဦးမလဲ… ဒီကြားထဲမှာ သူမနဲ့ပြောင်းပြန် လူတွေနဲ့ပနံသင့် စကား ရွှန်းရွှန်းဝေအောင်ပြောနေတတ်တဲ့ အရောင်းစာရေးတစ်ယောက်နဲ့ အတူတူအတွဲက ကျလိုက်ပါသေးတယ် စရိုက်ချင်မတူတဲ့အပြင် ကိုယ့်ဆရာက အဲယားကွန်းခန်းထဲကမထွက်ချင်တဲ့သူတစ်ယောက် စခန်းချထွက်တဲ့နေရာကိုရောက်နေတဲ့အခါမှာတော့ ……….. အားလုံးအတွက် ပျော်ရ ရီရ အပန်းဖြေ ရတဲ့ comedy romance ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
...

Undefiled (2024) ⭐IMDB: 6.1/10 (74 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Undefiled ဟာ 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် အခြေခံ ဒရာမာတစ်ကား ဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဘေ့စ်ဘောကစားသမား တစ်ယောက်ဖြစ်တဲ့ မစ်ချ်ဂျန်းနင်းစ်ဟာ အိမ်ထောင်ရေးကလည်း အဆင်မပြေ၊ အသက်မွေးဝမ်းကျောင်း အလုပ်ကလည်း အဆင်မပြေနေတဲ့အချိန်မှာပဲ Porn တွေ စွဲလမ်းတတ်တဲ့ ပြဿနာကလည်း ရှိနေပါသေးတယ်။ သူ့အသင်းကလူတွေကလည်း အသက်မပြည့်သေးတဲ့ ကလေးမလေးတွေကို လိင်အမြတ်ထုတ်နေတဲ့အကြောင်း သိသွားပြီးတဲ့နောက် ဂျန်းနင်းစ်ဟာ အဲဒီလို ကောင်မလေး တစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ ဒါကြောင့် ဂျန်းနင်းစ်အနေနဲ့ ဘေ့စ်ဘောကစားသမားအလုပ်ကိုပဲ အေးဆေးဆက်လုပ်မလား ဒါမှမဟုတ် ဒီလိုမကောင်းဆိုးဝါး လက်ထဲရောက်နေတဲ့ ကလေးမလေးကိုပဲ ကူညီမလားဆိုတာကို ကျဉ်းထဲကျပ်ထဲ အခြေအနေတစ်ခုမှာ ရွေးချယ်ရပါတော့တယ်။ လူ့အဖွဲ့အစည်းမှာ ဆိုးဆိုးဝါးဝါး ရှုံ့ချကြပေမဲ့ မျက်ကွယ်မှာတော့ လူတစ်စုက စနစ်တကျ ချိုးဖောက်နေကြတဲ့ ဒီလို လုပ်ရပ်မျိုးတွေကို Undefiled မှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။
...

When I called a delivery health service-Mami Mashiro (FSDSS-774-Decensored) ⭐- 🎬 #Adult 🗓 - 🎞 tv series 🌎 #Japan ⏰ 2 နာရီ 3 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mami Mashiro ဆိုတာ JAV လောကထဲဝင်လာတာမကြာသေးပါဘူး… ဝိုင်းစက်နေအောင်လှတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ ချစ်စရာတကယ်ကောင်းသူလေးပါ။ FSDSS-774-Decensored ဒီဇာတ်လမ်းမှာတော့ သူမကို မအူမလည် ဘော့စ်မမတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး သရုပ်ဆောင်စွမ်းရည်သိပ်မရှိပေမယ့် ချစ်စရာကောင်းတာလေးကြောင့် ကြည့်ကောင်းပါတယ်။ Decensored Version နဲ့မလို့ Mami Mashiro ရဲ့ ပရိတ်သတ်တန်းဖြစ်သွားနိုင်ပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Dil Dosti Dilemma (2024) ⭐TMDB: 100% User Score 🎬 #Comedy #Drama 🗓 2024 🎞 Series 🌎 #India ⏰ 58 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dil Dosti Dilemma (2024)Dil Dosti Dilemma (2024) အက်စ်မာရဲ့နွေရာသီIMDb 6.5/10 ဒီတစ်ခေါက်ကတော့ dramaဇာတ်လမ်းလေးတစ်ခုကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။မိသားစုတိုင်းမှာ လူငယ်နဲ့လူကြီးကြား ဒီဇာတ်လမ်းထဲလို တစ်ခေါက်လောက်တော့ ဖြစ်ဖူးကြမှာပါ။ အရှက်ရတာမျိုးပေါ့။ ကိုယ်တို့ရဲ့ဘဝမှာ လူကြီးတွေရဲ့တစ်ခုခုကို အရှက်ရပြီးအပေါင်းအသင်းတွေကို ဖုံးကွယ်ထားတာမျိုး လုပ်ဖူးကြပါတယ်။ အမေစာမတတ်တာ၊ အဖေအရက်သောက်ပြီး ရိုက်တတ်တာ၊ ဆွေမျိုးတွေရဲ့ အတွေးအခေါ်က နိမ့်ကျနေတာ အစရှိသဖြင့်ပါ။ ကိုယ့်စိတ်ထဲ ဒါကအောက်တယ်ထင်ပြီး ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာဖုံးကွယ်ထားမျိုး ငယ်ရွယ်တုန်းမှာ လုပ်မိတတ်ကြပါတယ်။ဒီထဲက အက်စ်မာဆိုတဲ့ကောင်မလေးကလည်း အတူတူပါပဲ။စီးပွားရေးအဆင်ပြေ၊ ခေတ်မှီ၊ ပွင့်လင်းပြီးအမြင်ရှိတဲ့ မိဘတွေလက်မှာ ချမ်းချမ်းသာသာနေရတဲ့ ကောင်မလေးပါ။ တီနဲ့နွန်းဆိုတဲ့ သူ့လိုrk ကောင်မလေးနှစ်ယောက်နဲ့လည်း အတွေးတူ အမြင်တူ အချစ်ဆုံးသူငယ်ချင်းတွေပါ။ ရှောပင်းလေးထွက်လိုက်၊ ကောင်လေးတွေနဲ့ ဇယားခင်းလိုက်နဲ့ ဘဝကိုပေါ့ပေါ့လေး နေနေရပါတယ်။ အက်စ်မာရာဟာ နွေရာသီမှာ အစ်ကိုဘွဲ့ယူမယ့်ကနေဒါကို မိသားစုလိုက်သွားမယ့်အရေးတွေးပြီး အစီအစဥ်တွေ အပြည့်ဆွဲထားခဲ့တယ်။ဒီလိုနဲ့ တစ်နေ့အိမ်ကို နယ်ကအဘွားလာလည်တော့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတွေရှိနေတဲ့အခိုက်ဖြစ်နေခဲ့တယ်။ အဲဒီမှာ အဘွားရဲ့ရိုးရိုးအအပုံတွေကြည့်ပြီး အထင်သေးနေတဲ့ သူငယ်ချင်းတွေကြောင့် သူမျက်နှာပျက်ရမှာကြောက်ပြီး အဘွားသူငယ်ချင်းလို့ လိမ်လိုက်တော့တယ်။အဘွားခမျာ စိတ်ထိခိုက်ပြီး သမီးအလာတောင်မစောင့်ဘဲ အိမ်ပြန်သွားတော့တယ်။ဒီအကြောင်းကို အမေနဲ့အဖေသိသွားတဲ့အခါ အက်စ်မာရာကို အပြစ်ပေးတဲ့အနေနဲ့ ကနေဒါကို ပေးမလိုက်တော့ဘဲ နယ်ကအဘွားအိမ်ကို နွေရာသီနေဖို့ လွှတ်လိုက်ပါတော့တယ်။ အဲဒီမှာ အက်စ်မာရာရဲ့ဘဝဘယ်လို ဆက်ဖြစ်မလဲ။ အတွေးအခေါ်တွေ ပြောင်းလဲသွားမလား။ ကနေဒါမှာလို့ သူငယ်ချင်းတွေကို လိမ်ထားတာလည်း ပေါ်သွားမလားဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးမှာ စောင့်ကြည့်ပေးပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

A Summer at Grandpa's (1984) ⭐TMDB: 74% User Score 🎬 #Drama #Uncategorized 🗓 1984 🎞 movie 🌎 #Taiwan ⏰ 1 နာရီ 38 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Summer at Grandpa’s ( 1984 ) Directed by Hou Hsiao-Hsien ထိုင်ဝမ်ပထမနယူးဝေ့ရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်သလို ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရတွေထဲက တစ်ယောက်ဖြစ်တဲ့ Hou Hsiao-hsienဟာ ဟောင်ကောင်နယူးဝေ့ စကတည်းက နောက်ဆုံး ဖီးချားဖလင် ၁၈ကားရိုက်ခဲ့ပြီး A Summer at Grandpa’s (1984)ကတော့ ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးပိုင်းကားတွေထဲက တစ်ကားပါပဲ။ ထိုင်ဝမ်နယူးဝေ့ မစခင်မှာ ထိုင်ဝမ်မှာ ကင်းဟူရဲ့ သိုင်းကားတွေလို သိုင်းကားတွေ, မယ်လိုဒရာမာတွေ ခေတ်စားခဲ့ပေမဲ့ ထိုင်ဝမ်နယူးဝေ့မှာတော့ ထိုင်ဝမ်ရုပ်ရှင်ဟာ ထိုင်ဝမ်နေဘဝတွေကို လက်တွေ့ကျကျပုံဖော်ထားတဲ့ ရုပ်ရှင်တွေ အရိုက်များလာခဲ့တယ်။ A Brighter Summer Day တို့ Taipei Storyတို့ A City of Sadness တို့ In Our Timeတို့ Growing Upတို့ဟာာ ဒီနယူးဝေ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြတယ်။ Hou Hsiao-hsienဟာ ထိုင်ဝမ်နယူးဝေ့မစခင်မှာ ဟာသကားသုံးကား ရိုက်ခဲ့ဖူးပြီး အတ်ဒဝတ်ယန်းတို့က In Our Time နဲ့ ထိုင်ဝမ်နယူးဝေ့ကို စဖောက်ပြီးတဲ့နောက်မှာ The Boys from Fengkuei (1983)ကို စရိုက်ခဲ့တယ်။ he Boys from Fengkuei က သူ့ရဲ့ပထမဆုံး Art House ရုပ်ရှင်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးအကျဆုံးကားလည်း ဟုတ်ခဲ့တယ်။ ဒီနောက်မှာတော့ သူက A Summer at Grandpa’s (1984)နဲ့ A Time to Live, A Time to Die (1985)ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားအပြီး တစ်ကားထပ်ရိုက်ပြီးမှ Daughter of the Nile (1987)ကို ဆက်ရိုက်ခဲ့တယ်။ ဒီသုံးကားကို ဟောင်ရဲ့ The “Coming of Age” Trilogyလို့ ခေါ်ကြတယ်။ A Summer at Grandpa’s ( 1984 )ကတော့ “Coming of Age” Trilogyရဲ့ ပထမကားပါပဲ။ ထိုင်ဝမ်နယူးဝေ့မှာ ထိုင်ဝမ်ဒါရိုက်တာတွေဟာ ထိုင်ဝမ်နေပြည်သူတွေရဲ့ ဘဝကို ထဲထဲဝင်ဝင် စာစာနာနာနဲ့ လက်တွေ့အကျဆုံး ပုံဖော်လာကြသလို Houရဲ့ A Summer at Grandpa’s ( 1984 )ဟာ သူ့ရဲ့ ပထမဆုံးထိုင်ဝမ်နယူးဝေ့ရုပ်ရှင်ဖြစ်တာနဲ့အညီပဲ အဲဒီကာလရဲ့ ထိုင်ဝမ်နေ ဘဝတွေကို လက်တွေ့ကျကျပုံဖော်ပြထားတယ်။ ဇာတ်ကတော့ ကောင်လေးရယ် သူ့ညီမလေးရယ် နွေရာသီကျောင်းပိတ်ရက်မှာ အဘိုးအိမ်မှာ သွားနေရတဲ့ အချိန်ကာလတွေကို ရိုက်ပြထားတယ်။ အမေနေမကောင်းလို့ မလွှဲရှောင်သာ ရွာမှာ သွားနေနေရတဲ့ ထိုင်ဝမ်မြို့ကြီးက ကလေးတွေစိတ်ထဲ ရွာက သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့အရာတွေ တွယ်ငြိလာပုံကိုပြထားတယ်။ နောက် ကလေးရဲ့ ဦးလေးကနေတစ်ဆင့် အဲဒီခေတ် ထိုင်ဝမ်လူငယ်တွေနဲ့ လူကြီးတွေကြားက ပဋိပက္ခတွေ လူကြီးတွေရဲ့ အမြင်တွေ လူငယ်တွေရဲ့ဖြတ်သန်းမှုတွေကိုလည်း ဆင့်ကဲပြထားသေးတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့အများစုကို ကျွန်တော်တို့က ကလေးတစ်ယောက်ရဲ့ နေရာကနေပဲ မြင်ရလိမ့်မယ်။ သူ့အဘိုးက သူ့ဦးလေးကို ပြောတဲ့ တစ်ချို့အရာတွေ, သူ့အဘိုးရဲ့ တစ်ချို့လုပ်ရပ်တွေကို သူနားမလည်ပုံတွေကိုလည်း မြင်ရလိမ့်မယ်။ ပြောရရင် A Summer at Grandpa’sဟာ ကလေးတစ်ယောက်ရဲ့ မျက်လုံးထဲကနေ ထိုင်ဝမ်ဘဝတွေကို မြင်ရအောင် တင်ဆက်သွားတဲ့ ရုပ်ရှင်ပါပဲ။ Flowers of Taipei Taiwan New Cinema ဒိုကူမန်ထရီထဲ ဟောင်က ” နယူးစီနီမာဆိုတာ ဘာများလဲ။ ဘာအသစ်မှမရှိတော့တဲ့အထိ ဟိုးကတည်းက ပုံစံမျိုးစုံနဲ့ ရိုက်ခဲ့ကြဖူးပြီးသားပဲ။ အရေးအကြီးဆုံးက အကြောင်းအရာပဲ။ ကိုယ့်မျက်မှောင်ခေတ်က အကြောင်းအရာတွေပေါ့”လို့ ပြောဖူးတယ်။ ဟောင်ဟာ ထိုင်ဝမ်နယူးဝေ့ရဲ့ ဦးဆောင်သူတွေထဲ ပါခဲ့ပေမဲ့လည်း ဘာအသစ်မှမရှိဘူးလို့ ခံယူထားခဲ့ပုံပါပဲ။ ဟောင် သူ့မျက်မှောက်ခေတ်ကိုပဲ သူတင်ပြခဲ့ပုံပါပဲ။ A Summer at Grandpa’sဟာ ဟောင်အနေနဲ့ သူ့မျက်မှောက်ခေတ်ကို သူပထမဦးဆုံး စတင်ပြဖြစ်ခဲ့တဲ့ ရုပ်ရှင်လို့ ပြောလည်း မမှားပါဘူး။
...

Lost Love (2022) ⭐IMDB: 6.8/10 (328 Votes) 🎬 #Drama #Family 🗓 2022 🎞 movie 🌎 #HongKong ⏰ 1 နာရီ 33 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lost Love ( 2022 )===============ဟောင်ကောင်ရုပ်ရှင်Lost Loveဟာ ကလေးမွေးပြီး ရောဂါနဲ့ကလေးကို ဆုံးရှုံးသွားတဲ့ လင်မယားနှစ်ယောက်နဲ့ အစပြုထားတယ်။ သူတို့လင်မယားဟာ လင်က ကျောင်းကားမောင်း မယားက  စပယ်ယာလုပ်နဲ့ အသက်မွေးကြပေမဲ့ သူတို့လုပ်တဲ့ ကျောင်းကားလိုင်းက ဖျက်သိမ်းဖို့ အချိန်တန်လာခဲ့တယ်။ လင်ကတော့ ကားလိုင်းပြောင်းလုပ်လိုက်ပေမဲ့ မယားကတော့ အလုပ်မရှိတော့ဘူး။ သူတို့ကလေးဆုံးရှုံးခဲ့တာကို မေ့ဖျောက်ထားဖို့ အလုပ်တွေပဲဖိလုပ်နေတဲ့ သူ့မိန်းမဟာ အလုပ်အသစ်တစ်ခု စပ်လိုက်တယ်။ အဲဒီအလုပ်ကတော့ မွေးစားခံရမယ့်ကလေးတွေကို မွေးစားမယ့်လူဆီ မရောက်ခင် ခဏလောက် အထိန်းမွေးစားပေးရတဲ့အလုပ်ပါပဲ။ ကလေးတစ်ယောက်ကို အထိန်းမွေးစားတယ်ဆိုတာ ထမင်းကျွေး ကျောင်းကြို ကျောင်းပို့နဲ့ ပြီးသွားမယ်လို့ သူထင်ခဲ့ပေမဲ့ ကလေးရဲ့စိတ်ကိုပါ နားလည်ပေးနိုင်ဖို့လိုတဲ့ အလုပ်ဆိုတာကို သူတဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့တယ်။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း ကလေးတွေကို ချစ်စိတ်တွယ်လာပြီး ဆုံးရှုံးသွားတဲ့ သူ့သားလေးအစား ဒီကလေးတွေကို ပိုချစ်လာခဲ့တယ်။ ဒီအလုပ်ဟာ သူ့အတွက် အလုပ်သက်သက်မဟုတ်တော့ဘဲ သူချစ်တဲ့အရာဖြစ်လာတယ်။ ဒီလိုနဲ့ ကလေးတွေကလည်း သူ့ကလေးတွေလိုဖြစ်လာခဲ့တယ်။ ဒါပေမဲ့လည်း အချိန်တန်လို့ မွေးစားမယ့်သူပေါ်လာတဲ့အခါ သူလက်လွှတ်ရမှာပါပဲ။ ကလေးတွေနဲ့ ကလေးတွေကို ဂရုစိုက်တဲ့ အမျိုးသမီးတစ်ယောက်ကြားက ဇာတ်မှာ ဘာတွေဆက်ဖြစ်လာမလဲ  LOST LOVE မှာ ကျွန်တော်တို့ ကြည့်ရပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1GB)/(570MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Mean Spirited (2022) ⭐IMDB: 4.5/10 (252 Votes) 🎬 #Documentary #Horror #Comedy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mean Spirited(2022)================ ဇာတ်လမ်းအညွှန်း အန်ဒီတစ် ယောက် Youtube မှာ Mean Spirited ဆိုတဲ့ချန်နယ်တစ်ခု ထောင်ပြီး စ နေတဲ့ဗီဒီယို တွေတင် ပေမယ့် လူအာရုံစိုက်ခြင်း စိတ်ဝင်စားခြင်းကို မခံရဖြစ် နေပါတယ် ကြံရာမရတဲ့အဆုံး ဟောလိဝုဒ်မှာ လျှပ်စစ်လူသားအဖြစ် အောင်မြင် နေတဲ့ ငယ်သူငယ်ချင်း ဘရိုက်စ်ဆီကို သွားဖို စီစဥ်လိုက်ကြပါတယ် ငယ်သူငယ်ချင်းဆို ပေမယ့် ဘရိုက်စ် အောင်မြင်လာပြီး နောက် ဘာလို အန်ဒီနဲ့ သူငယ်ချင်းတစ်စုကိုထားသွားလဲ ဆိုတာ သိချင်တဲ့အတွက် ကြောင်ြ ဘ လော့မှတ်တမ်း လေးရိုက်မယ်ဆိုပြီး အန်ဒီရယ် ဂျူးရယ် တွမ်ရယ် နစ်ကီရယ် ဂျိုအီရယ် သူငယ်ချင်းတစ်စု ဘရိုက်စ် ရှိရာ ပိုကိုနိုပြည်နယ်ကို ပိတ်ရက်ခရီးထွက်လာခဲ့ကြပါတယ် ဘရိုက်စ်ဆီ ရောက်တဲ့ နေ့ကစပြီး လမ်းခရီးမှာတင် အမျိုးမျိုး ခြောက်လှန့်ခံရ ပေမယ့် အစသန်တဲ့အန်ဒီ ကြောင့်လိုပဲ ထင်ခဲ့ကြတာ နေ တဖြည်းဖြည်းစိတမ ခြောက်ခြားဖွယ်ရာအဖြစ်အပျက် တွေကို ကြုံလာခဲ့ရပါ တော့တယ် ဒီအ ခြေအ နေ တွေရဲ့ နောက်ကွယ်ကဘယ်သူလဲ ဒီ ခြောက်လှန့်စရာမြိုကြီးက နေ ရောထွက်သွားနိုင်မလားဆိုတာ တွေကို ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဟာသကား လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

A Million Days (2023) ⭐IMDB: 4.3/10 (216 Votes) 🎬 #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 24 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rust Creek, Sea Fever, The Misfits, We Hunt Together, Mission: Impossible – Rogue Nation တို့ထဲက မင်းသမီးချောလေးဖြစ်တဲ့ Hermione Corfieldနဲ့အတူ Knightfall, Invisible Eyes, The Winter Kingတို့ထဲ မင်းသား Simon Merrellsတို့နှင့်တကွ London Has Fallen, The Letter for the King, The Dark Crystal: Age of Resistanceတို့ရဲ့ နန်းဆန်တဲ့အလှပိုင်ရှင် မင်းသမီး Kemi-Bo Jacobs တို့ ၃ယောက်သားအတူတူ ရုပ်ရှင်ကို ဇာတ်ရှိန်အမြင့်ဆုံးဖြစ်အောင် ကြည့်ရှု့သူကို ဆွဲဆောင်သွားမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကမ္ဘာကြီးက ဂေဟစနစ်တွေ ဖောက်ပြားပြီး လူတွေနေထိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ထို့အတွက်ကြောင့်မို့လို့ ကမ္ဘာပြင်ပမှာ နေထိုင်ဖို့အတွက် လူသားတွေက ကိုလိုနီနယ်မြေတွေ တည်ဆောက်ကြရပါတော့မယ်။ ဒီလိုအာကာသနဲ့ပတ်သက်တဲ့ ကိုလိုနီခရီးစဥ်တွေအတွက် ဂျေလို့ခေါ်တဲ့ အေအိုင်ကို စီမံကိန်းတွေ ရီပို့တွေကို ဦးစီးဦးဆောင်လုပ်ပေးဖို့ ပရိုဂရမ်ရေးပြီး တာဝန်ပေးထားပါတယ်။ လပေါ်မှာ ကိုလိုနီသွားနေမယ့် ပရိုဂရမ်ကို ဦးဆောင်ရတဲ့ လူသားကတော့ အန်ဒါဆန်ဖြစ်ပါတယ်။ ဒီလိုနဲ့ လပေါ်ကိုမသွားခင် တစ်ညအလိုမှာ အန်ဒါဆန်၊သူ့မိန်းမဖြစ်သူ ဆမ်နဲ့ ဆမ့်ရဲ့လက်အောက်ငယ်သားဖြစ်တဲ့ ချာလီတို့ ဆုံမိတုန်းမှာ အေအိုင်ဆီကနေ ရက်တစ်သန်းစာ ရှေ့ဖြစ်ဟောကိန်းတွေ ထွက်လာပါတော့တယ်။ ဒီဟောကိန်းတွေကို ကြည့်ပြီး အန်ဒါဆန်တို့ ၃ယောက် ဘယ်လိုလုပ်ကြမလဲ၊ အေအိုင်က ဟောပေးတဲ့ ရှေ့ဖြစ်ဟောကိန်းတွေက မှန်လာတဲ့အခါ … အေအိုင်ရဲ့ဟောကိန်းကို မျက်ကွယ်ပြုပြီး လပေါ်ကိုပဲ သွားမလား၊ လပေါ်ကို မသွားဘဲ ပိုပြီးကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့ပဲ ဆုံးဖြတ်သွားမလား၊ အေအိုင်က ဟောကိန်းထုတ်ပေးရုံတင်မဟုတ်ဘဲ လူသားတွေကို စိုးမိုးဖို့ပါ ကြိုးစားလာခဲ့တဲ့အခါ …. ဤကဲ့သို့သော အကြောင်းရာတွေကို ဇာတ်လမ်းအဆုံးထိ အရှိန်ကို မကျသွားဘဲ တဖြည်းဖြည်းနဲ့မြင့်တက်သွားရင်းနဲ့ ရုပ်ရှင်မှာ ဖော်ပြသွားတာကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

The Waterboy (1998) ⭐TMDB: 61% User Score 🎬 #Comedy #Sport 🗓 1998 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American ဟာသကားတွေ ရဲ့ မင်းသားကြီးဖြစ်တဲ့ Adam Sandler ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ် Sport/Comedy ရုပ်ရှင်အမျိုးစားဖြစ်လို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါ ဇာတ်ကားလေးရဲ့အစမှာတော့ ဘော်ဘီဘူရှေလို့ခေါ်တဲ့ကောင်လေးဟာ ဘောလုံးပွဲတွေမှာ ကစားသမားတွေကို ရေကမ်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး မိခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရတဲ့သူပါ သူ့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် လူတိုင်း အနိုင်ကျင့်သမျှလဲခံရသူဖြစ်ပါတယ် တနေ့မှာ မထင်မှတ်ဘဲ ဘောလုံးပွဲအသင်းတခုမှာ ကစားသမားဖြစ်သွားရာကနေ အခက်ခဲမျိုးစုံကြုံရပါတော့တယ် အမေဖြစ်သူကရော လက်ခံနိုင်ပါ့မလား သူ့ကြုံတွေ့ရတဲ့အခက်ခဲတွေကိုရော ဘယ်လိုကျော်လွှားမှာလဲ ဆိုတာသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ပါ
...

Cobra (1986) ⭐TMDB: 61% User Score 🎬 #Action #Crime #Thriller 🗓 1986 🎞 movie 🌎 #UnitedStates #Israel #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန်အက်ရှင်မင်းသားကြီး စတားလုံးရဲ့ တစ်ချိန်က အက်ရှင်ဇာတ်လမ်းဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အသံတိတ်လက်နက်လို့ခေါ်ရမဲ့ တူ၊ ဓား၊ ပုဆိန်တွေကိုသုံးပြီးသတ်သွားတဲ့ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။ စတားလုံးကတော့ ရာဇဝတ်သားတွေကို မညှာမတာရှင်းပစ်တတ်တဲ့ ခပ်ကြမ်းကြမ်းရဲတစ်ယောက်ပေါ့။ နောက်ပိုင်းသိလာရတာက ကွင်းဆက်လူသတ်သမားက တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေခဲ့တာပဲ။ သူတို့က မကောင်းတဲ့လူ့အဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းပြီး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်မယ်လို့ ကြွေးကြော်ကြတယ်။ တစ်ည မိန်းကလေးတစ်ယောက်ကို သတ်ဖို့ကြိုးစားရင်း သူတို့လက်ကနေလွတ်မြောက်သွားခဲ့တယ်။ မိန်းကလေးရဲ့အိမ်ကိုစုံစမ်းပြီး အပြတ်ရှင်းဖို့ကြိုးစားတဲ့အချိန်မှာ နောက်တစ်ခါထပ်လွတ်သွားပြီး ဇာတ်လိုက်ကျော်ကြီး အစောင့်အရှောက်အောက်ကို အဲဒီမိန်းကလေးရောက်သွားပါတော့တယ်။ ဆရာကြီးစတားလုံးစောင့်ရှောက်နေတဲ့ကြားက လိုက်သတ်တဲ့ လူသတ်သမားအဖွဲ့ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပေမဲ့ ခေတ်ဟောင်းကစတားလုံး ဘယ်လောက်ကြမ်းလဲဆိုတာ ခံစားရှုမြင်ကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Trinket Box (2023) ⭐IMDB: 3.4/10 (1 k Votes) 🎬 #Horror #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင် ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲ ဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ဘိုးဘေးဘီဘင်‌ ခေတ်အဆက်ဆက် ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကို အခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။ လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့ အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့ အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက် ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ ကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်း သူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ် အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာ လူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယား နှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့ မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်က အတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာ ထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရော ဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

Bad Behaviour (2023) ⭐IMDB: 4.5/10 (582 Votes) 🎬 #Comedy #Drama #Horror #Thriller 🗓 2023 🎞 movie 🌎 #NewZealand #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Behavior ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ Dark Comedy, Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်…. A Beautiful Mind, Requiem For a Dream စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး A Beautiful Mind ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ မင်းသမီးကြီး Jennifer Connelly ရဲ့ အမေနဲ့သမီး ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Connelly သရုပ်ဆောင်ထားတဲ့ Lucy ဆိုတဲ့ အဓိက ဇာတ်ကောင်က သူ့ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ အမေရိကန်က စိတ်ငြိမ်းချမ်းရေးကုသမှုစခန်းကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာ သူ့ရဲ့ စိတ်ဒဏ်ရာတွေ အကြောက်တရားတွေက သူမကို ဘယ်လို ဒုက္ခပေးမလဲ သူနဲ့ ဝေးကွာနေတဲ့ စတန့် သရုပ်ဆောင် သူ့သမီးကြားမှာ ဘယ်လိုအဖုအထစ်တွေ ရှိမလဲ သူနဲ့သူ့သမီး ပြန်ဆုံတဲ့အခါမှာ ဘယ်လိုတွေ ဖြစ်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…. ဒီဇာတ်ကားက ဇာတ်လမ်းဆိုတာထက် ကြည့်တဲ့သူတွေ အတွေးတွေနဲ့ မင်းသမီးနေရာမှာ ဝင်ရောက်ခံစားစေမဲ့ emotional ဇာတ်ကားတစ်ကားဖြစ်လို့ အတွေးကောင်းကောင်းနဲ့ မင်းသမီးရဲ့သရုပ်ဆောင်မှု ကောင်းကောင်းတွေကြား မျှောချင်သူတွေ ကြည့်သင့်ပါကြောင်း အသိပေးလိုက်ပါတယ်
...

Carousel (2023) ⭐IMDB: 4.8/10 (666 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Sweden ⏰ 1 နာရီ 35 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးကို ဆွီဒင်စကားပြော Horror ရုပ်ရှင်ကောင်း တစ်ကားဖြစ်တဲ့ Carousel (Karusell) နဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ဇာတ်ကြောင်း လစ္စဘတ်အမည်ရ ကစားကွင်း ပန်းခြံကျယ်ကြီးမှာ အလုပ်လုပ်တဲ့ ဖီအိုနာတစ်ယောက် တစ်နေ့မှာ ဟောလိုဝင်းအကြို ဖွင့်ပွဲမတိုင်ခင် အစမ်းကစားခွင့် မဲပေါက်တဲ့ အထူးဧည့်သည်တွေကို ညပိုင်းလိုက်လံ ပြသပို့ဆောင်ပေးဖို့ တာဝန်အပေးခံရပါတယ်။ ဖြစ်ချင်တော့ မဲပေါက်တဲ့ ဧည့်သည်အုပ်စုက ဖီအိုနာရဲ့ အရင်က သူငယ်ချင်းဟောင်းတွေ ဖြစ်နေတာပါ။ အရင်က ပါတီတစ်ခုမှာ အုပ်စုလိုက် အပျော်လွန်ပြီး သူငယ်ချင်းတစ်ယောက် စိတ်ကြွဆေး အသုံးလွန် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်ပိုင်း အချင်းချင်း အပြစ်တင် ခွာပြဲပြီး အဆက်အသွယ်ပြတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သေဆုံးမှု တစ်နှစ်ပြည့်နေ့မှာ တိုက်ဆိုင်စွာနဲ့ သူတို့တွေ အုပ်စုလိုက် ပြန်လည်ဆုံတွေ့မှုမှာ ဘာတွေ ဆက်ဖြစ်လာဦးမလဲ။ ဘယ်လိုထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံကြမလဲဆိုတာ
...

Chasing Raine (2024) ⭐IMDB: 2.8/10 (68 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Action ၊ Thriller အမျိုးအစားဖြစ်တဲ့ Chasing Raine ရုပ်ရှင်ဟာ ၂၀၂၄ မေလ ၁၄ ရက်မှာထွက်ရှိထားတာဖြစ်ပြီး Maurice P. Kerry ၊ Krystal Jordan နဲ့ DJ Walton တို့က အဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားကာ မိဘနဲ့သားသမီးကြားကမေတ္တာကို ဖော်ကျူးထားပြီး အက်ရှင်ခန်းကောင်းကောင်းတွေကိုလည်း ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ကလိုက်ဒ်နဲ့စကိုင်းဟာ ကွာရှင်းထားကြတဲ့အထူးတပ်ဖွဲ့ဝင် စစ်သားနှစ်ဦးဖြစ်ပါတယ်။ ကလိုက်ဒ်ရဲ့အရက်ပြဿနာကြောင့် တစ်ဦးတည်းသောသမီးလေးရိန်းကို စကိုင်းက တစ်ဦးတည်း အုပ်ထိန်းခွင့်ရရှိထားပါတယ်။ ကလိုက်ဒ်က သမီးဖြစ်သူကို အမြဲပြန်လိုချင်နေခဲ့ပြီး တစ်ရက်မှာတော့ စကိုင်းက အတူနေ ချစ်သူနီကိုနဲ့အတူ တခြားပြည်နယ်တစ်ခုကိုပြောင်းရွှေ့နေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ အရမ်းချစ်ရတဲ့သမီးနဲ့အဝေးကြီးခွဲနေရမှာ စိုးတာကြောင့် ကလိုက်ဒ်က သမီးကိုခေါ်ပြီးထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ကလိုက်ဒ်ရဲ့အစီအစဉ်တွေ မှားယွင်းပြီး သမီးဖြစ်သူရိန်းဟာ ကလေးလူကုန်ကူးဂိုဏ်း တစ်ခုရဲ့လက်ထဲမှာအဖမ်းခံလိုက်ရချိန်မှာတော့ အထူးတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ကလိုက်ဒ်နဲ့စကိုင်းသာမက စကိုင်းရဲ့အလုပ်ရှင် ဆီဇာလည်းပါ၀င်လာပြီး ရာဇဝတ်ဂိုဏ်းကြီးကိုဖြိုခွင်းဖို့ ဖြစ်လာခဲ့ပါတော့တယ်။
...

My Sister Was An Actress? [STARS-612] ⭐- 🎬 #Adult 🗓 - 🎞 tv movie 🌎 #- ⏰ 2 နာရီ 3 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 STARS-612 နှုတ်ခမ်းထူ အပြုံးချိုလေးနဲ့ Yura Kudōရဲ့ ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ထုံးစံအတိုင်း လင်ပါမယားပါမောင်နှမတွေပေါ့။မိဘတွေက နိုင်ငံခြားကိုထွက်သွားတဲ့နောက် မောင်နှမနှစ်ယောက်ပဲရှိတဲ့အိမ်လေးမှာညီမဖြစ်သူက အလုပ်လုပ်ဖို့ကြိုးစားပါတယ်။ ရသွားတဲ့အလုပ်ကတော့ AVမင်းသမီးပါတဲ့။ဒီမှာပဲ အတွေ့အကြုံနုနယ်သေးတဲ့ ညီမဖြစ်သူက တစ်အိမ်တည်းနေAVကြည့်လာတဲ့သက်တမ်းဆယ်နှစ်ကျော်ရှိတဲ့ အစ်ကိုကို အကူအညီတောင်းရပါတော့တယ်။ အပြင်မှာဘာမှမဘာဘူးသေးတဲ့ အစ်ကိုဖြစ်သူကလည်း သူရဲ့ဆယ်နှစ်ကျော်အေဗွီကားကြည့်လာတဲ့အရည်အချင်းတွေနဲ့ ညီမဖြစ်သူကို သိုင်းပေါင်းစုံသင်ကြားပေးတာ ရှုစားကြရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်) (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

A Match for the Prince (2023) ⭐IMDB: 6.2/10 (96 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Match for the Prince (2023)======================IMDb Rating – 6.2/10 အချစ်ဟာ နူးညံ့ပါတယ်၊ သိမ်မွေ့ပါတယ်၊ တစ်ဖက်မှာလည်းဆုံးရှုံးလိုက်ရတဲ့အခါ ထိခိုက်ရတယ်၊ နာကျင်ရတယ်ပါတယ်။စိတ်ဒဏ်ရာဆိုတဲ့ သဘောဟာလည်း အထိအရှတွေ ဖြစ်လာတဲ့အခါ ရှောင်ပြေးမနေဘဲ၊ ကျောခိုင်းမနေဘဲ ရင်ဆိုင်ကုစားမှသာလျှင် ကုစားနိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ ဂျူလီယာဟာ ပြီးပြည့်စုံတယ်ဆိုတာကို စွဲလန်းနေတဲ့၊ တစ်ချိန်မှာ သူ(မ)ရဲ့ကိုယ်ပိုင် သံချပ်ဝတ်စစ်သည်တော် ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ စိတ်ကူးယဉ် အချစ်ဝတ္ထုရေးဆရာမလေးပါ။ သူ(မ)ရဲ့ ဝတ္ထုတိုင်းဟာ ပြီးပြည့်စုံတဲ့ဇာတ်သိမ်းတွေရှိပြီး ရောင်းအားအကောင်းဆုံးဖြစ်နေတာမို့ အချစ်ရေးကျွမ်းကျင်သူအဖြစ် ထင်မြင်ခံရပါတယ်။ မင်းသားမက်စ်ဟာတော့ ဗော်လ်ဒါရီယိုနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ်ပြီး တော်ဝင်လက်ထပ်ပွဲမဆင်နွှဲရသေးတာကြောင့် နန်းမတက်ရသေးသူပေါ့။ အသက် (၄၀) မပြည့်ခင် လက်ထပ်မှ ထီးနန်းဆက်ခံရမယ်ဆိုတဲ့ စည်းမျဉ်းကြောင့် ကြင်ယာအရှာထွက်လာရင်း အစ်မဖြစ်သူရဲ့အကြံပေးမှုနဲ့ ဂျူလီယာ့ကို အောင်သွယ်တော်အဖြစ် ငှားလိုက်ပါတော့တယ်။ သို့ပေမဲ့ အချစ်ရေးမှာ ဒဏ်ရာရထားတဲ့ မင်းသားဟာ ဂျူလီယာတွေ့ပေးသမျှလူတိုင်းကို သတိကြီးကြီးထား၊ စည်းခြားပြီးပဲ ချဉ်းကပ်ခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ကြင်ယာရှာပေးရင်း အောင်သွယ်နဲ့မှ သံယောဇဉ်တွယ်မိသွားတဲ့အခါ အချစ်ကြောက်ရောဂါကနေရုန်းထွက်ပြီး နှစ်ယောက်လုံး ရွှေလက်တွဲသွားကြမလား ဒါမှမဟုတ်တော်ဝင်လက်ထပ်ပွဲမှာပဲ စီစဉ်ထားတဲ့အတိုင်း လက်ထပ်လိုက်ရမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Aditi ဖြစ်ပါတယ်)
...

Branching Out (2024) ⭐IMDB: 7.4/10 (501 Votes) 🎬 #Drama #Family #Romance 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Branching Out (2024)================= Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီးလေးကို ဘယ်လိုပျိုးထောင်မယ် သမီး‌လေးရဲ့ ကျောင်းပရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မလဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့်အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်းပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့KK ဖြစ်ပါတယ်)
...

ဇာတ်ညွှန်းများ • FDMN - Статистика та аналітика Telegram каналу