ဇာတ်ညွှန်းများ • FDMN
Закритий канал
Немає даних
Підписники
-524 години
-47 днів
+730 днів
Архів дописів
The Crowded Room (2023- )
⭐IMDB: 7.0/10 (5 k Votes)
🎬 #Crime #Drama #Mystery #Biography #Thriller
🗓 2023- 🎞 tv mini series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 44 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Crowded Room (2023)
Apple TV+ ကနေ ထွက်ရှိလာတဲ့ IMDb 6.9/10 ရထားတဲ့ psychological thriller အမျိုးအစား miniseries အသစ်ဖြစ်ပါတယ်။MCU ရဲ့ Spiderman မင်းသား Tom Halland နဲ့ Ma Ma Mia star Amanda Seyfried တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နယူးမြောက်မြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ Danny ကို ပြစ်မှုကျူးလွန်ခဲ့သူ ဟုတ်မဟုတ် စုံထောက် Rya ကနေ စစ်မေးရာက ဒီလိုပစ်ခတ်မှု ဖြစ်လာရတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ Danny ရဲ့ ဘဝဇာတ်ကြောင်းကို စိတ်လှုပ်ရှားစွာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။ File size…(1.3 GB)/(670 Mb)...
Sex Girl 10 (2020)
⭐TMDB: 68.0% User Score
🎬 #Adult #Drama #Romance
🗓 2020 🎞 Movie
📺 #1080p #720p
💿 1.4 GB ⦿ 622.2 MB
🌎 #SouthKorea
⏰ 1 နာရီ 15 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sex Girl 10(2020)
****************
အဆောင်နေမိန်းကလေးထဲ ကောင်မလေးတစ်ယောက်ဟာ
နေ့ဘက်ဆိုရင်တစ်ကုန်အလုပ်တွေရှုတ်နေတတ်ပြီးတော့
ညဘက်ဆိုရင်လည်း အိပ်ချိန်တွေအတော်ရှားပါတယ်…
ပညာသင်ကြားဖို့အတွက်ငွေစုချိန်ဖြစ်နေလို့
သူမအတွက်အချိန်ဆိုတာငွေလိုဖြစ်နေပါတယ်..
ဒီလို ကောင်မလေးဘဝထဲကို ကောင်လေးတစ်ယောက်ဝင်လာတဲ့အခါမှာတော့…
adult ကားမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ...
The Day (2011)
⭐IMDB: 5.2/10 (13 k Votes)
🎬 #Action #Drama #Horror #ScienceFiction #SciFi #Thriller
🗓 2011 🎞 movie
📺 #720p #1080p #480p
💿 676.9 MB ⦿ 1.5 GB ⦿ 357.1 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Day (2011)
သွေးသံတရဲရဲနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတိုက်အခိုက် ဇာတ်ကားမျိုး Zombie ဇာတ်ကားမျိုး သဘောကျတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် The Day (2011) ဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီကားလေးက အဖြူအမည်းနဲ့ production budget လျှော့ချပြီး ရိုက်ထားပေမဲ့ Cartlonian Film Festival မှာ Best Motion Picture award အတွက် စံကာတင် အရွေးခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ တစ်ကမ္ဘာလုံး ကပ်ဘေးကျရောက်ပြီး လူမကျ ဇွန်ဘီးမကျတဲ့ လူသားစား အကောင်တွေရဲ့ လိုက်လံ သတ်ဖြတ် စားသုံးခြင်းကို ခံနေရတဲ့ ခေတ်ကာလကြီးဖြစ်ပါတယ်။
အဲ့ကာလမှာ လူ ၅ ယောက်တစ်စုဟာ ထွက်ပြေးတိမ်းရှောင်ရင်း အိမ်တစ်အိမ်မှာ အခြေချကာ သွေးဆာနေတဲ့ လူသားစားအကောင်တွေကို လက်ကျန်ကျည်ဆန်လေးနဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းလှည့်ကွက်လေးတွေလည်း ပါတာမလို့ စိတ်ဝင်စားဖို့ကောင်းပြီး ရိုက်ချက်တွေကလည်း မိုက်တာမလို့ ကြည့်သင့်တဲ့ thriller/apocalypse ဇာတ်ကားလေး ဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Kitပါ။)...
Fitoor (2016)
⭐IMDB: 5.4/10 (5 k Votes)
🎬 #Bollywood #Drama #Romance
🗓 2016 🎞 movie
📺 #720p #1080p #4K
💿 1.1 GB ⦿ 1.8 GB ⦿ 6.3 GB
🌎 #India
⏰ 2 နာရီ 10 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Charles Dickens ရဲ့ Great Expectations (မြန်မာဘာသာပြန် “မျှော်တလင့်လင့်”)ဝတ္ထုကိုအခြေခံထားတဲ့ အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေးပါ။
မင်းသား Aditya Roy Kapur နဲ့ မင်းသမီး Katrina Kaif တို့အပြင် Ajay , Tabu စတဲ့နာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းကတော့…
ဆင်းရဲသားအခိုင်းအစေကောင်လေးနဲ့ အိမ်ကြီးရှင်ရွှေမင်းသမီးကောင်မလေးတို့ ချစ်ကြိုးသွယ်ကြချိန်မှာ
ထုံးစံအတိုင်း အိမ်ကြီးရှင်မင်းသမီးအမေကြီးက အကွက်တွေရွှေ့ ပြီး သူတို့ရဲ့တွေ့ဆုံခြင်းကိုခွဲလိုက်ပါတယ်။
စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အချိန်ရဲ့တိုက်စားမှုကို မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတဲ့အတိုင်း
ဝေးကွာသွားတဲ့ သူတို့နှစ်ယောက် ပေါင်းစုံနိုင်ပါ့မလားဆိုတာ……။
IMDb Rating (5.4) သာ ရရှိထားတဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီး ကပ်ထရီနာကဖ် ပရိတ်သတ်တွေတော့ လက်လွတ်မခံသင့်ပါဘူး…
ရင်းဂစ် ၅၅ သိန်းထိ ကုန်ကျခံ ပုံသွင်းထားတဲ့ ဆံကေသာအရောင်တောက်တောက်နဲ့ သူမကို တောက်ပလှပစွာခံစားရမှာပါ။
ဇာတ်ကားတစ်ခုလုံးက အလွမ်းတွေချည်း ရွာချထားတဲ့မိုးရာသီတစ်ခုလို အုပ်မှိုင်းမျောလွင့်နေပြီး
မင်းသား Aditya Roy Kapur ကလဲ အဲဒီ့ရာသီဉတုနဲ့ တော်တော်လိုက်ဖက်တာကို တွေ့မြင်ရပါမယ်။...
Clean Job (2023)
⭐IMDB: 4.0/10 (24 Votes)
🎬 #Comedy #Drama
🗓 2023 🎞 movie
📺 #1080p #720p
💿 1.8 GB ⦿ 814.4 MB
🌎 #SouthAfrica
⏰ 1 နာရီ 33 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Clean Job(2023)
***************ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အိမ်သန့်ရှင်းရေးအလုပ်လုပ်တဲ့ လူမည်းအမျိုးသမီးတစ်စုအကြောင်းရိုက်ကူးထားတဲ့
Comedy Dramaကားလေးပါ။သူတို့သန့်ရှင်းရေးက အိမ်ထဲရှိသမျှပစ္စည်း အကုန်ရှင်းအောင် “မ”သွားတဲ့အလုပ်ပါ…ချမ်းသာတဲ့လူတွေဆီကို အိမ်သန့်ရှင်းရေး၊အိမ်စေအဖြစ် ဟန်ပြလုပ်ပြပြီး ယုံကြည်မှုရအောင်လုပ်တယ်…အိမ်ရှင်တွေရဲ့ ဘယ်အချိန်အပြင်ထွက်တယ် ဘယ်အချိန်ပြန်လာတယ်၊
အဝင်အထွက်တွေ၊ ကင်မရာတွေ၊ လျှို့ဝှက်နံပါတ်တွေအကုန်သိအောင်လုပ်ပြီးမှ အိမ်ဖောက်ထွင်းကြတဲ့ အမျိုးသမီးတစ်စုပေါ့။ဒီအလုပ်ကို ဘယ်လိုစလုပ်ခဲ့ကြတာလဲဆိုတော့…ကင်ဘာလေရဲ့ မိခင်ဖြစ်သူဟာ ချမ်းသာတဲ့မိသားစုတစ်ခုရဲ့အိမ်စေဖြစ်ပါတယ်။အမေဖြစ်သူဆုံးသွားတော့ ကင်ဘာလေဟာ သူဌေးအိမ်ကနှင်ချခံရပြီး အမျိုးရင်းဦးလေးရှိတဲ့
အောက်ခြေလူတန်းစားတွေကြားရောက်သွားပါတယ်။အဲ့ဒီနေရာက ပညာမတတ်တဲ့ အမျိုးသမီးတွေဟာ ချမ်းသာတဲ့ အိမ်တွေမှာ
အိမ်ဖော်အဖြစ်အလုပ်သွားလုပ်ကြပြီး ဖိနှိပ်ခံ၊ အမှိုက်လိုဆက်ဆံခံရ၊ အလုပ်ဖြုတ်ခံနေရပါတယ်။ဒါတွေကို မြင်တွေ့ရတာများလာတော့ နဂိုကတည်း သူဌေးအိမ်တွေကိုနာကျည်းချက်ရှိတဲ့ ကင်ဘာလေဟာ ပြန်တိုက်ဖို့ကြံပါတော့တယ်…ဒီလိုနဲ့ပဲ သန့်ရှင်းရေးအမျိုးသမီးတစ်စုက အိမ်တွေကို ဘယ်လိုဖောက်ထွင်းကြမလဲ၊ ကင်ဘာလေရဲ့နာကျည်းမှုကရောဘာလဲနာကျည်းမှုတွေနဲ့ မကောင်းမှုပြုလုပ်ခဲ့ကြတဲ့သူတို့တွေ ဥပဒေလက်ကလွှတ်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ…။...
Aladdin (2019)
⭐IMDB: 6.9/10 (278 k Votes)
🎬 #Adventure #Comedy #Family #Fantasy #Romance #Musical
🗓 2019 🎞 movie
📺 #1080p #720p #4K
💿 2.2 GB ⦿ 1.2 GB ⦿ 6.8 GB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 8 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ သိပ်ပြီးမိတ်ဆက်စရာမလိုလောက်အောင်အားလုံးသိထားပြီးတဲ့ ကားလေးဖြစ်ပါတယ်…Disney ကနေထုတ်လုပ်ပြီးတော့ ၂၀၁၉ မှာ Animation ကိုLive Action အသွင်ပြောင်းပြီးရိုက်ကူးပြီးတင်ဆက်ခဲ့ပါတယ်…Animation မှာအရမ်းကိုအောင်မြင်ခဲ့တဲ့ဒီကားလေးကအခု Live Action မှာကော အောင်မြင်မလားဆိုတာကိုဒီကားလေးကိုကြည့်ပြီးဆုံးဖြတ်လိုက်ရအောင်လား……
ဇာတ်ကားထဲမှာ အာလာဒင်ဆိုတဲ့ သူခိုးတစ်ယောက်ကမြို့သူအယောင်ဆောင်ပြီး မြို့ထဲကိုထွက်လာတဲ့ မင်းသမီးလေးနဲ့တွေ့ပြီးချစ်မိသွားကြတယ်…သူခိုးတစ်ယောက်နဲ့မင်းသမီးတစ်ပါးနဲ့ မဖြစ်နိုင်တော့ဂျဖာက အာလာဒင်ကိုဖမ်းပြီး မီးခွက်ခိုးခိုင်းတာကနေပြီးတော့မီးခွက်စောင့်ကြီး တဖြစ်လဲ Will Smith နဲ့တွေ့ဆုံပါတော့တယ်…
Will Smith မီးခွက်ပုံစောင့်ပုံကြီးနဲ့ ပိုစတာထွက်လာတုန်းကဆိုရင်တော်တော်လေးကို ကြည့်ရဆိုးပြီလို့ တွက်ခဲ့ဖူးတယ်….ဒါပေမယ့် ကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှာတော့Will Smith တစ်ယောက် သူ့ရဲ့အကောင်းဆုံး Genie ပုံစံကိုပြသနိုင်ခဲ့ပါတယ်…
Disney ရဲ့ထုံးစံအတိုင်းပဲ နောက်ခံတီးလုံးအမိုက်စားတွေနဲ့Live Action အနေနဲ့ထွက်ရှိလာခဲ့တဲ့ ဒီကားလေးဟာကလေးဘဝတွေကိုပြန်လည်တမ်းတနိုင်အောင်ရိုးရိုးလေးနဲ့ရိုက်ကူးထားတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်……...
Nimona (2023)
⭐IMDB: 7.7/10 (3 k Votes)
🎬 #Action #Adventure #Animation #ScienceFiction #Fantasy #Comedy #Drama #Family #SciFi #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 1.4 GB ⦿ 614.8 MB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nimona (2023)===========Genre – Animation, Adventure, Comedy, DramaIMDb Rating – 7.7/10
Netflix ကနေ အသစ်ဆက်ဆက် ထွက်ရှိထားတာ မကြာသေးတဲ့ Animation ကားကောင်းလေး ဖြစ်ပါတယ်။ တကယ်ဆို ဒီကားလေးဟာ ၂၀၂၁ ခုနှစ်ကတည်းက Ice Ageတို့ Rio တို့ကို ဖန်တီးခဲ့တဲ့ Blue Sky Studio ကနေ ဖန်တီးနေတဲ့ လက်ရာဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းတောင် ပြီးစီးနေခဲ့ပါပြီ ဒါပေမဲ့ Disney က ပိတ်ချလိုက်တဲ့အခါမှာတော့Netflix ကနေ ပြန်လည်လက်လွှဲယူပြီး ခုမှ ထွက်ရှိလာခဲ့တာပါ။ အသံသရုပ်ဆောင်ဆိုရင်လည်း ဇာတ်ကောင် Nimonaနေရာမှာက ကလေးဘဝကတည်းက ခုထက်ထိ သရုပ်ဆောင်နေပြီး အကုန်ချစ်ရတဲ့ မင်းသမီးလေး Chloe Grace Moretzပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဆိုရင်လည်း Blue Sky Studio ကနေ ခွဲထွက်လာပြီး Will Smith နဲ့ Tom Holland တို့ ပါဝင်ထားတဲ့ Spies in Disguise Animation ကို ပွဲဦးထွက် ရိုက်ကူးထားတဲ့ Nick Bruno နဲ့ Try Quane Duo နှစ်ယောက်ဖြစ်ကြပါတယ်။
ဇာတ်လမ်းလေးကတော့ ပြောရမယ်ဆို ခေတ်မှီနေတဲ့ ရှေးခေတ်ဆန်ဆန် တိုင်းပြည်ကြီးတစ်ခုမှာ အခြေခံထားတာပေါ့။ရှေးခေတ်ဆန်တယ်ဆိုတာက တိုင်းပြည်မှာ ရဲတွေ စစ်သားတွေမဟုတ်ပဲ ဟိုးအရင်ကတည်းက တိုင်းပြည်တည်ထောင်သူဘုရင်မဂလောရက်ရဲ့ တော်ဝင်မျိုးဆက် အစဉ်အဆက် သူရဲကောင်းတွေနဲ့ Institute ဆိုပြီး အုပ်ချုပ်ခဲ့တာမျိုး ဆိုပါစို့။ အဲဒီမှာ လက်ရှိဘုရင်မကြီးက ဒီအစဉ်အလာကို ချိုးဖောက်ပြီး တော်ဝင်သွေးမဟုတ်တဲ့ ဘယ်လီစတာဆိုတဲ့ကောင်လေးကို ဓားပေးပြီးသူရဲကောင်းလုပ်ခဲ့ခိုင်းရာမှာ ဒီနေ့ ဘုရင်မကြီးကိုယ်တိုင် Sir ဆြာဘွဲ့ပေးအပ်တော့မယ့် အနေအထားတောင် ရောက်လာပါတယ်။ဒါပေမဲ့လည်း လူတချို့ကတော့ အညတရပြည်သူတစ်ယောက်ကိုလုပ်ခိုင်းစရာလား ဘာလားနဲ့ ကွဲလွဲမှုတွေတော့ ရှိတာပေါ့။ သူတို့သူရဲကောင်းတွေကြားမှာလည်း ဘယ်လီစတာတစ်ယောက် မျက်နှာငယ်ရပြီး အနှိမ်ခံရတဲ့အချိန် အားကိုးဖော်ဘော်ဒါတစ်ယောက်ပဲရှိပါတယ်။
ဒီလိုနဲ့ ဘုရင်မကြီးပေးတဲ့ ဘွဲ့ကို ခံယူနေချိန်မှာပဲ သူ့ရဲ့ဓားက ထဖောက်ပြီး ဘုရင်မကြီးကို သတ်မိသွားကာ အားကိုးရတဲ့ သူငယ်ချင်းကလည်းလက်ကို ခုတ်ဖြတ်လိုက်ပြီး ဘယ်လီစတာတစ်ယောက် ဝရမ်းပြေး ဖြစ်သွားရပါတော့တယ်။ တစ်တိုင်းပြည်လုံးက ဗီလိန်ဆိုပြီး ဝရမ်းပြေးဖြစ်နေတဲ့အချိန် နီမိုနာဆိုတဲ့ လူထူးဆန်းကောင်မလေးကတော့ စိတ်ဝင်စားပြီးဘယ်လီစတာကို ရှာပြီး ဗီလိန်လက်ထောက် ဖြစ်ချင်လို့ပါ ဆိုတဲ့အခါမှာတော့… ဘယ်လီစတာ သူ့ နာမည်ပျက်ကိစ္စ ဖြေရှင်းနိုင်မလား၊ ကောင်မလေးနီမိုနာကရော ဘယ်လိုတွေ ထူးဆန်းနေသလဲ စသဖြင့် ရိုးရိုးအေးအေးဘယ်လီစတာနဲ့ ပေါက်ကရလေးဆယ် နီမိုနာတို့ စွန့်စားခန်းထွက်ကြတာကိုကြည့်ရှုရမယ့် Animation ကားကောင်းလေး ဖြစ်ပါတယ်။ ထုံးစံအတိုင်းဟာသလေးတွေ ဝေဝေဆာဆာကြည့်ရမယ့်အပြင် ဒရမ်မာချိုးတာလေးတွေလည်း ခံစားရဦးမှာ ဖြစ်လို့ ပြေးကြည့်ကြဖို့သာ တိုက်တွန်းချင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...
Scoop (2006)
⭐IMDB: 6.6/10 (86 k Votes)
🎬 #Comedy #Crime #Fantasy #Mystery
🗓 2006 🎞 movie
📺 #1080p #720p #480p
💿 2.1 GB ⦿ 886.3 MB ⦿ 486.7 MB
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 35 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Scoop (2006)
မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။
သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား …မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး …
ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။
မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက…
တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ဆိုတာကရော တကယ်ပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်ပါ့မလား? ဆိုတာဇာတ်လမ်းထဲစီးမျှောခံစားကြည့်လိုက်ပါဦး။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)...
Lakadbaggha (2023)
⭐IMDB: 6.5/10 (1 k Votes)
🎬 #Action #Bollywood #Comedy #Drama #Crime #Thriller #Fantasy
🗓 2023 🎞 movie
📺 #720p #1080p
💿 903.7 MB ⦿ 2.0 GB
🌎 #India
⏰ 2 နာရီ 1 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lakadbaggha 2023IMDb – 6.3/10
Zee5 ကနေအသစ်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းအက်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့က Asur ဇာတ်လမ်းတွဲမှာရဲမေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောရီဒီး နဲ့အက်ရှင်ကားတွေဆိုပိုင်နိုင်လှတဲ့ မင်းသားအန်ရှုမန်က အာဂျွန်အဖြစ်ပါဝင်ထားပါတယ်။ခပ်သွက်သွက်အက်ရှင်တွေနဲ့ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေ ပိုပြီးအကြိုက်တွေ့စေမှာပါ။
ဇာတ်လမ်းအကျဉ်းအာဂျွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့သာမန်စာပို့သမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ခွေးလေးပျောက်သွားတာကိုလိုက်ရှာရင်းတရားမဝင်တိရစ္ဆာန်မှောင်ခိုလုပ်ငန်းတစ်ခုကို တွေ့သွားခဲ့တယ်။ အဲ့ထဲမှာတော့ ရှားပါးအိန္ဒိယမျိုးစိပ်(Hyena)ဆိုတဲ့ခွေးမျိုးစိပ်ကိုအဓိကထားမှောင်ခိုကြတယ်။ ဒါကိုသိတဲ့ အာဂျွန်ဟာ လူသိမခံဘဲ စေတနာ့ကင်းသမားတစ်ယောက်လိုအသွင်ယူပြီး တားဆီးဖို့ကြံစည်ပေမဲ့ ဥပဒေဘောင်အတွင်းကလုပ်တာမဟုတ်တာကြောင့်ရဲတွေကသူ့ကိုအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာတော့ အာဂျွန်ဟာခွေးလေးတွေကိုကယ်တင်ပြီးမှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ပါဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~BpL~Cherry~V~ThaikSan~Zwe တို့ပဲဖြစ်ပါတယ်။...
Lady of the Dynasty (2015)
⭐IMDB: 4.2/10 (635 Votes)
🎬 #Asian #Drama #History #Romance #War
🗓 2015 🎞 movie
📺 #720p #1080p
💿 2.6 GB ⦿ 1.0 GB
🌎 #China
⏰ 2 နာရီ 3 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တကယ့်အဖြစ်အပျက်တွေက ပုံပြင်တွေထက် ဆန်းကြယ်တာမျိုးပဲထင်တယ်…
၇ ရာစုခန့်က တရုတ်ပြည်ထန်မင်းဆက်ခေတ်မှာ ရွှမ်ကျုံးဆိုတဲ့ ထန်ဧကရာဇ် စိုးစံတယ်….
သူဟာ ထန်ခေတ်ရဲ့အချောဆုံးအလှဆုံးဆိုနိုင်တဲ့ ရန်ယုဟွမ်ဆိုတဲ့ မိန်းကလေးကို တွေ့ပြီး မြင်မြင်ချင်း အရည်ပျော်သွားတာကြောင့် တော်ကောက်ဖို့လုပ်ပါတယ်…
ပြသနာက အဲ့မိန်းကလေးဟာ သူ့ရဲ့သားနဲ့လက်ထပ်ထားသူဖြစ်ပြီး တနည်းအားဖြင့် သူ့ချွေးမဖြစ်နေပါတယ်….
ဒါပေမယ့်သူဟာ ရှင်ဘုရင်ဖြစ်ပြီး လိုချင်တာကိုရအောင်ယူနိုင်တဲ့လူဖြစ်နေတာကြောင့်
အချစ်ရဲ့စေစားရာအတိုင်း ရန်ယုဟွမ်ကို မိဖုရားတင်မြှောက်ဖို့ မကြံကောင်းမစည်ရာတွေ ကြံစည်ပါတော့တယ်…
ဒီလို အဆိပ်ပန်းသီးစားရတဲ့ချစ်ခြင်းတစ်ခုဟာ ဘယ်လိုဆက်သွားပြီး ရာဇဝင်မှာဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ကြာချိန်တိုတိုလေးအတွင်းမှာ ရှည်လျားထွေပြားပြီး သပွတ်အူလိုရှုပ်နေတဲ့ရာဇဝင်ကို ပြည့်စုံအောင်မရိုက်ကူးနိုင်တာကြောင့်
ရာဇဝင်အပြည့်အစုံကို ဒီ Posthttps://www.facebook.com/tianxiadiyi888888/postsမှာ ဖတ်ကြည့်လို့ရပါတယ်။
ရုပ်ရှင်ကိုတော့ ရာဇဝင်နောက်ခံ ရသမြောက်အောင် ဖန်တီးတင်ဆက်ထားတာဖြစ်ပြီး
အချောဆုံးအလှဆုံးမိဖုရားနေရာကနေ တရုတ်မင်းသမီးချော ဖန်ပင်းပင်းက တကယ့်ကိုလိုက်ဖက်စွာ သရုပ်ဆောင်ထားပါတယ်။...
Fear the Invisible Man (2023)
⭐IMDB: 3.8/10 (264 Votes)
🎬 #Horror #ScienceFiction #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 976.9 MB ⦿ 429.3 MB
🌎 #UnitedKingdom
⏰ 1 နာရီ 40 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
British Movie လေးဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဓိက သရုပ်ဆောင်မင်းသမီးကတော့ Mhairi Calvey မင်းသားကတော့ Mike Beckingham ဖြစ်ပြီးတော့ဇာတ်ကားရဲ့ Title အတိုင်းပဲ ကိုယ်ပျောက်လူသားကားလေးတစ်ကားပေါ့နော်
ဇာတ်လမ်းကတော့ 1897 ခုနှစ်အချိန်တေတုန်းက သိပ္ပံပညာကို အရူးအမူး စူးစမ်းရှာဖွေနေကြတဲ့အချန်ကာလလေးကို ဇာတ်အိမ်တည်ထားတာပါဘဝတစ်ခုလုံးကို သိပ္ပံပညာရပ်အတွက်ပဲ ပုံအောထားတဲ့ ဂရစ်ဖင်ဆိုတဲ့ လူငယ်လေးတစ်ယောက်မထင်မှတ်ထားတဲ့ စမ်းသပ်ချက်တွေ့ရှိမှုတွေကနေ ကိုယ်ဖျောက်နိုင်ခဲ့ပြီးဘယ်လိုကြီးကျယ်တဲ့အရာတွေလုပ်မလဲဆိုတာကိုတော့…….
စိတ်လှုပ်ရှာရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် Crime/Horror ဇာတ်ကားကောင်းလေးတစ်ကားမို့ကြည့်ရှုခံစားပေးကြပါဦး
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
Veeran (2023)
⭐IMDB: 6.5/10 (627 Votes)
🎬 #Action #Bollywood #Drama #Fantasy #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 2.8 GB ⦿ 1.2 GB
🌎 #India
⏰ 2 နာရီ 35 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Veeran (2023)IMDb-6.6/10
ရူပီးဆယ်ကုဋေနီးပါး အကုန်ကျခံရိုက်ကူးထားတဲ့ တမီးလ်စကားပြောအိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Veeran(ဗီရန်)…အဓိပ္ပါယ်က စစ်သည်တဲ့။ဒီရွာလေးဒုက္ခရောက်တဲ့အချိန်တိုင်း ဗီရန်ဆိုတဲ့နတ်တစ်ပါးကမြင်းကြီးကိုစီးပြီးရောက်လာလေ့ရှိသတဲ့။ကျောင်းကနေပြန်လာတဲ့ သူငယ်ချင်းသုံးယောက် ဗီရန်နတ်ကွန်းနားမှာအဲဒီအကြောင်းပြောလာကြရင်း ကလေးတယောက်က ပေါက်ပန်းလေးဆယ်တွေထပြောပြီး မိုးကြိုးပစ်ခံရပါရော။
အဲဒီလိုနဲ့ နယ်မြို့လေးမှာဆေးကုပေမယ့် သတိလည်မလာတာကြောင့် အစ်မဖြစ်သူက သူနဲ့အတူစင်ကာပူကိုခေါ်သွားပါတယ်။အဲဒီလိုနဲ့ ၁၂နှစ်လောက်ကြာတော့မှ မိုးကြိုးပစ်ခံရတဲ့ကလေးက ရွာကိုပြန်လာခဲ့တယ်။
သူပြန်လာတဲ့အချိန်မှာ လျှပ်စစ်မီးအလကားပေးမယ်ဆိုတဲ့ ကတိနဲ့အတူ ရွာပေါင်း၂၆ရွာအောက်ကနေ ကေဘယ်လ်လိုင်းတွေဆွဲခဲ့တယ်။မိုးကြိုးပစ်ခံရတဲ့ကောင်လေးတို့ရွာအောက်ကနေ ဆွဲဖို့ကျ ရွာမှာရှိတဲ့ဘုရားကို ဖျက်မယ်ဆိုပြီး ဖြစ်လာပါရော။အဲဒီကေဘယ်လ်လိုင်းပရောဂျက်ရဲ့နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲ။အဓိကက မိုးကြိုးတိုက်ရိုက်ပစ်ခံရတာတောင်မသေဘဲ အကောင်းအတိုင်းပြန်လာတဲ့ကောင်လေးဆီမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲ။ကျေးလက်အငွေ့အသက်လေးပါထည့်သွားထားတဲ့အပြင် ရယ်စရာလေးတွေထပ်ကာပေါင်း အက်ရှင်တွေမလွတ်တမ်းကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ကြောင်းလက်တို့ရင်း မြန်မာဘာသာသို့ပြန်ဆိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။
(အညွှန်းကို Vမှရေးထားပြီး V~BpL~Aditi~Zwe~Yunni~ThaikSanတို့မှဘာသာပြန်ထားပါသည်။)...
Devilreaux (2023)
⭐IMDB: 2.8/10 (151 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
📺 #1080p #720p #480p
💿 1.4 GB ⦿ 791.5 MB ⦿ 379.7 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2023 ခုနှစ်မှအသစ်ထွက်ရှိထားတဲ့ horror လူသတ်ကားအမျိုးအစားလေးပါ ဇာတ်လမ်းကတော့ ဆယ်ကျော်သက်ကလေးတစ်စုကသရဲခေါ်တမ်းကစားကြရင်း ပါးစပ်ရာဇဝင်တွေနဲ့နာမည်ကြီးတဲ့ ဒယ်ဗရိုဆိုတဲ့စုန်းကဝေအတတ်တွေနဲ့ဖန်တီးထားတဲ့နတ်ဆိုးကို ပြန်ဆင့်ခေါ်သလိုဖြစ်သွားရာကနေစပြီး အဲ့နတ်ဆိုးကသူရန်ငြိုးရှိခဲ့တဲ့သူတွေရဲ့မျိုးဆက်တွေအားလုံးကိုတစ်ယောက်မကျန်လိုက်သတ်ပစ်ပါတော့တယ် ဘော်ဘီဘရစ်ဆိုတဲ့စုံထောက်အလှလေးကတော့လူတွေဆက်တိုက်ပျောက်သွားတဲ့အမှုတွေကိုစုံစမ်းရှာဖွေနေတာကိုကြည့်ရှုရမှာဖြစ်ပါတယ် သွေးပျက်စရာဇာတ်ဝင်ခန်းတွေပါတာမို့အရွယ်မရောက်သေးသူတွေမကြည့်သင့်ပါဘူး...
The Big Tits Dragon (2010)
⭐IMDB: 4.3/10 (1 k Votes)
🎬 #Action #Adult #Comedy #Horror #Thriller
🗓 2010 🎞 movie
📺 #1080p #720p
💿 2.0 GB ⦿ 929.4 MB
🌎 #Japan
⏰ 1 နာရီ 14 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Big Tits Zombie (2010)
ဂင်ကိုနဲ့လီနာတို့က သိပ်မအောင်မြင်တဲ့ အဖော်အချွတ်ကလပ်တစ်ခုဖြစ်တဲ့ Paradise Ikagawa Theatre မှာတစ်ခြားကောင်မလေးတွေနဲ့အတူတူအလုပ်လုပ်ကြပါတယ်။
သူတို့တွေကတော့ ထက်မြက်တဲ့စာကြမ်းပိုးမာရီယာ၊ရှေ့ဖြစ်ဟောဆရာမ လီနာ၊ပြီးတော့ သူ့မောင်နှမတွေကိုပြန်တွေ့ဖို့လူစုနေတဲ့ တိုင်းတစ်ပါးသူလေး ဒါနာတို့ဖြစ်ကြပြီးတစ်နေ့တော့ သူတို့ဆီကိုဖုန်းတစ်ခုဝင်လာခဲ့ပြီး အဲ့ဒီလူက အပန်းဖြေစခန်းတစ်ခုမှာဆယ်ရက်စာ အကသမားလိုနေတဲ့အကြောင်းပြောလာပါတယ်။
အဲ့ဒီအလုပ်ကိုအားလုံးလက်ခံပြီးတော့ သူတို့ဖျော်ဖြေရမယ့် အပန်းဖြေစခန်းကိုရောက်ရှိပြီးတဲ့နောက်ဖောက်သည်မျှော်ရင်းမြေအောက်ခန်းတစ်ခုကိုအမှတ်မထင်တွေ့ရှိခဲ့ပြီး အဲ့ဒီမှာရှာတွေ့တဲ့ သေမင်းစာအုပ်ကို မာရီယာကရွတ်ဖတ်လိုက်မိချိန်မှာဆူရှီဖြစ်ပြီးသားတွေ၊သူတို့ကိုင်နေတဲ့ ငါးတွေစတင်အသက်ဝင်လာခဲ့ပြီးနောက် အုံကြွသောင်းကျန်းလာခဲ့တဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက ဖုတ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရတော့မှာဖြစ်ပါတယ်။
ဂျပန်လူကြီးရုပ်ရှင်လောကရဲ့နာမည်ကျော်မင်းသမီးလေးတွေဖြစ်တဲ့ Sora Aoi,Risa Kasumi တို့ဦးဆောင်ပါဝင်ထားကြပြီးဇာတ်လမ်းက အခွီပါ။သွေးသံရဲရဲ ခုတ်ထစ်သတ်ဖြတ်တာတွေ ပေါက်ကရပြကွက်တွေနဲ့ wtf moments တွေအများကြီးပါပါတယ်။ဘာတွေပေါက်ကရလုပ်ပြကြမှာလဲဆိုတာတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ကြပါ။
The Machine Girl တို့ Mutant Girls Squad တို့လိုဇာတ်ကားတွေကြည့်ဖူးရင် ဒီကားကိုလည်းလက်မလွတ်သင့်ပါ။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
The World of Adultery (2020)
⭐TMDB: 78.0% User Score
🎬 #Adult #Romance #Drama
🗓 2020 🎞 movie
📺 #1080p #720p
💿 1.1 GB ⦿ 507.0 MB
🌎 #SouthKorea
⏰ 1 နာရီ 13 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The World of Adultery(2020)
***************************
(18+ ကားမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…)
လူတစ်စု တစ်အိမ်ထဲမှာနေပြီး ဖောက်လွှဲဖောက်ပြန်ဖြစ်ကြတယ်…
တစ်ချို့က တစ်ယောက်က စပြီး တစ်ချို့အတွဲကြတော့ တစ်စုံလုံးစကြတယ်…
ဒါတွေကိုအားကျပြီး တစ်စုံတရာက တစ်စုံတစ်ယောက်သောသူနဲ့
အိပ်ခန်းထဲဝင်သွားကြတယ်…
တစ်ဖက်နဲ့ တစ်ဖက် …တစ်ချက်ချက်နဲ့
အချစ်ပွဲကို ဖဲမွေ့ရာပေါ်မယ် တစ်ဒုန်းဒုန်းဆင်နွဲကြတယ်..
လောကီရေးရာမှာ လိင်မှုကိစ္စရဲ့ တစ်စွန်းတစ်စ ဆိုးယုတ်မှုတွေကို
တစ်ချက်တစ်ချက်စဉ်းစားရင်း တစ်ခုခုဖြစ်ချင်ကြရင်တော့ ဒီကားကိုကြည့်ကြပါ…...
Doctor Dolittle (1998)
⭐IMDB: 5.4/10 (100 k Votes)
🎬 #Comedy #Family #Fantasy
🗓 1998 🎞 movie
📺 #1080p #480p
💿 1.6 GB ⦿ 446.3 MB
🌎 #UnitedStates
⏰ 1 နာရီ 25 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dr. Dolittle (1998)==============
နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကိုမကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့… ကိုယ့်ကားနဲ့တိုက်မိမလိုဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေမှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။
ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦးတည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ်ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက်တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက်လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေးအပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့တယ်။ “ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့” ဆိုပြီး အိမ်တိုင်ရာရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်းထိုင်ခရော စမ်းသပ်ခပါမရတဲ့ လူနာအကောင်ပေါင်းစုံကို စေတနာ့ဆေးခန်းထိုင်ပေးရတဲ့အထိ ရာထူးတိုးသွားပါတော့တယ်။
တစ်ဘက်မှာလည်း စပ်ပေါင်းဖွင့်ထားတဲ့ဆေးခန်းကို ကုမ္ပဏီကြီးတစ်ခုဆီအမြတ်များများနဲ့ရောင်းပစ်ဖို့ကိစ္စရှိနေတာမို့ ငွေမျက်နှာပဲကြည့်တဲ့ လုပ်ဖော်ကိုင်ဖက်ကြောင့် အိမ်မွေးမဟုတ်လို့ ဆေးဖိုးလိုက်ပေးမယ့်ပိုင်ရှင်မရှိတဲ့တိရစ္ဆာန်တွေကို ပရဟိတလုပ်ဖို့က မဖြစ်နိုင်ခဲ့ပါဘူး။ ကံကလည်းထပ်ဆိုးချင်တော့ ကြွက်ကို CPR ပေးနေချိန် မိန်းမကမြင်ပြီး ရွာသာကြီးရောက်သွားရှာ၊ ရွာသာကြီးကလွတ်လာတဲ့အခါမှာတော့ ခံရတာမတန်လှလေခြင်းဆိုတဲ့စိတ်နဲ့ ဒွိဟလွန်ဆွဲနေချိန် Dr. Dolittle တစ်ယောက် ကိုယ့်ရဲ့ တမူထူးတဲ့အရည်အချင်းနဲ့ အများအကျိုးဆက်ပြုသွားမှာလား၊ ပတ်ဝန်းကျင်က လက်မခံတဲ့ကိစ္စကို အရူးအဖြစ်ခံပြီး ဆက်လုပ်လေမလား ဆိုတာကိုမပျင်းရလေအောင် စိတ်ဝင်တစားနဲ့ ကြည့်ရှုသွားရမယ့် Comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi Myaing ဖြစ်ပါတယ်)...
Black Panther: Wakanda Forever (2022)
⭐IMDB: 6.7/10 (275 k Votes)
🎬 #Action #Adventure #ScienceFiction #Drama #SciFi
🗓 2022 🎞 movie
📺 #4K #1080p #720p
💿 4.6 GB ⦿ 2.2 GB ⦿ 1.4 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 41 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။
ဇာတ်လမ်းအညွှန်း
အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။...
Afwaah (2023)
⭐IMDB: 5.2/10 (1 k Votes)
🎬 #Bollywood #Drama #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 1.7 GB ⦿ 795.7 MB
🌎 #India
⏰ 2 နာရီ 2 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Afwaah (2023)*********************IMDb-5.2/10
Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီးအမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။
သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာအရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်းပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီကမနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။
အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင်နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေလုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ…..။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်)...
追杀川岛芳子 (2023)
⭐TMDB: 0.0% User Score
🎬 #Action #War
🗓 2023 🎞 Movie
📺 #1080p #480p
💿 1.0 GB ⦿ 426.1 MB
🌎 #China
⏰ 1 နာရီ 21 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယိုရှီကို ခါဝါရှီးမား ဟာ တရုတ်-ဂျပန် ဒုတိယစစ်ပွဲကာလအတွင်းကစွဲဆောင်မှုအပြည့်နဲ့ထက်မြက်တဲ့မိန်းမတစ်ပါ။ သူ့ကိုသေမိန့်ချတဲ့အထိအများပြည်သူဟာ အရှေ့တိုင်းမိစ္ဆာမဆိုပြီး မုန်းတီးခံရတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။
ဟုတ်ပါတယ် ယိုရှီကိုဟာတရုတ်နိုင်ငံရဲ့သစ္စာဖောက်မတစ်ဦးပါ…မန်ချူးမင်းဆက်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့သူကတရုတ်ပြည်ကိုသစ္စာဖောက် ဂျပန်နဲ့ပူးပေါင်းပြီးမန်ချူးနိုင်ငံပြန်ထူထောင်ဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပေါ့……
ယိုရှီကိုဟာနိုင်ငံရေးသမားတစ်ထောင်ကျော်နဲ့ပတ်သက်ခဲ့ပြီးအရေးကြီးဂျပန်သတင်းပေးသူလျှိုတစ်ယောက်တဲ့အတွက်တရုတ်တော်လှန်ရေးသမားတွေဟ ယိုရှီကိုကို မဖြစ်မနေသတ်ဖို့လိုအပ်တာကြောင့် ယိုရှီကို ခါဝါရှီးမားကိုတော်လှန်ရေးသမားတွေဖမ်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဉာဏ်များတဲ့ သမိုင်းဝင်သူလျှို ယိုရှီကိုတစ်ယောက်တရုတ်တော်လှန်ရေးသမားတွေထပ် အမြဲခြေတစ်လှမ်းစောနေတာကိုဘယ်လိုဖမ်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်...
iNumber Number: Jozi Gold (2023)
⭐IMDB: 4.2/10 (261 Votes)
🎬 #Action #Adventure #Crime #Thriller
🗓 2023 🎞 movie
📺 #1080p #720p
💿 2.0 GB ⦿ 996.1 MB
🌎 #SouthAfrica
⏰ 1 နာရီ 54 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
iNumber Number: Jozi Gold(2023)
********************************အာဖရိက နယ်မြို့လေးမှာ လူမိုက်ဂိုဏ်းစတားအဖွဲ့တွေက လုယက်သတ်ဖြတ်နေကြပါတယ်။ရဲ အရာရှိတွေဖြစ်တဲ့ ရှူးစ်နဲ့ ချီလီဟာ လူမိုက်တွေကိုဖမ်းပေးပေမယ့် သက်သေမခိုင်တာရယ် လာဘ်ပေးမှုတွေကြောင့်ပြန်လွတ်နေပါတယ်။ သူတို့ သက်သေအခိုင်အမာရှာပြီး ဖမ်းပေးတဲ့ဟိုင်အီးနားလူသား လူဆိုးတစ်ယောက်ဟာသက်သေမရှိဘူးပြီးပြန်လွှတ်ခံရဖို့ရှိနေပါတယ်၊ ဒီလူဆိုးကိုဖမ်းတဲ့နေရာမှာ အပျက်အစီးတွေနဲ့ချွတ်ချော်မှုတွေကြောင့်ရှူးစ်နဲ့ ချီလီကိုဌာနရဲ့ အောက်ဆုံးကအဖွဲ့နဲ့အလုပ်လုပ်ဖို့ အမိန့်ချလိုက်တယ်။ ဒါဆိုချီလီကမကျေနပ်ဘဲ
ဗြောင်းဆန်အောင်လုပ်ဖို့ကြိုးစားပါတော့တယ်…....
