cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Htain Lin Nay

Більше
Рекламні дописи
3 070
Підписники
+6324 години
+2347 днів
+25530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

#htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ကို join ထားကြပါအုံး။ https://t.me/+_ddlLy1mgTQzZmU1
Показати все...
👍 21 2
ဒရုန်းအစင်းရေ ၄၀၀ ပို့ထားတဲ့ လားရှိုးခွင်ကတော့ ပွဲဦးထွက်မှာ ကာကင်းစခန်းတွေ ကျကုန်ပြီ။ စပြီဆိုတာနဲ့ "ကျပြီ" ဆိုတာကြီးက နောက်က ကပ်ပါလာတာက ထုံးစံလို ဖြစ်နေပြီ။ စစ်သားတွေရဲ့ ရဲစွမ်းသတ္တိက ပြောင်မြောက်ပါပေတယ်။ စစ်တပ်ဟာ လားရှိုးကို မျှော်လင့်ချက်များစွာနဲ့ စစ်ရေးပြင်ဆင်ခဲ့ပါတယ်။ လက်နတ်အင်အား လူအင်အားကို စိတ်ကြိုက် ပြင်ဆင်ခဲ့တာပါ။ မျှော်လင့်ချက်က တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ချင်လို့ပါ။ ငွေဘယ်လောက်ကုန်ကုန် ရင်းမယ်ဆိုတဲ့ သဘော....။ သို့သော် နယ်မြေပြန်ရဖို့ ထိုးစစ်အတွက် ပြင်ဆင်ခဲ့တာမျိုး မတွေ့ခဲ့ရပါဘူး။ အရှေ့တောင်ဘက်က အောင်ဇေယျစစ်ဆင်ရေး အရေးမလှ မအောင်မြင်ထားတာကြောင့်လည်း ထပ်ပြီး မကြွေးကြော်နိုင်တာ ဖြစ်ပါလိမ့်မယ်။ အမှန်က နယ်စပ်လမ်းကြောင်းပွင့်ချင်ရင် လမ်းပိုင်းစိုးမိုးထားရုံနဲ့မရတာ သေချာပါတယ်။ စစ်တပ်ဟာ မန္တလေး - လားရှိုးလမ်းကို ထိန်းထားချင်တာကြောင့် လမ်းတောက်လျောက်က မြို့တွေ စခန်းတွေကို အင်အားဖြည့်တင်းခဲ့တာ ရှိပါတယ်။ အရေးပါတဲ့ မြို့တွေ စခန်းတွေရှိနေရင် တော်လှန်ရေးတပ်ဖွဲ့တွေက လာမတိုက်လောက်ဘူးလို့ ဟိုင်ဂင်အားကိုးနဲ့ အပိုင်တွက်ထားပုံလည်း ရပါတယ်။ ဒါကြောင့် စစ်အင်အား ဖြည့်နေတာတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တမျိုး သတင်းတွေထုတ်ပါတယ်။ ဘယ်တိုင်းမှူးမှတော့ စစ်ရေးနဲ့နီးကပ်တဲ့ စစ်တပ်တွေ စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး စီမံတာမရှိပါဘူး။ သွားကြည့်လည်း စခန်းကုန်းပေါ်ကနေမျှော်ကြည့်ပြီး ရဲဘော်တွေကို ပစ်ပိုင်နယ်လောက်မေးပြီး ပြန်လာမှာပဲလေ။ သူတို့မှ စစ်မတိုက်ဖူးဘဲ တိုင်းမှူးဖြစ်လာတော့ စစ်ဖြစ်လာရင် ကွပ်ကဲဖို့ အတွေးအခေါ် ဗျူဟာမရှိပါဘူး။ သူတို့သင်ခဲ့ရတဲ့ ဗျူဟာဆိုတာက ငယ်ငယ်က စာသင်သလို အခြေခံ စဥ်းစားတတ်ရုံလေး သင်ပေးလိုက်တာ....။ သင်တန်းမှာ ဟီးဟီးဟားဟားနဲ့ လုပ်ပိုင်ခွင့်ကရလာမယ့် ငွေလောက်ကိုမြင်ပြီး လူကြီးအကြိုက် လိုက်လုပ်ခဲ့ကြရုံပါပဲ။ တကယ် စစ်ရေးကို အာရုံစိုက်ပြီး တော်တဲ့ အရာရှိတွေလည်း ရှိကြပါတယ်။ သူတို့တွေက စစ်ရေး လုပ်ငန်းတွေကိုအာရုံစိုက်ကြတဲ့အခါ အထက်ကဗိုလ်ချုပ်တွေ အကြိုက်မဖြစ်တဲ့အတွက် အချိန်တန်ရင် ပြုတ်သွားကြတာပါပဲ။ ဒါကြောင့် စစ်တပ်ဟာ အချိန်အတော်ကြာကတည်းက အရည်အသွေး ညံ့ဖျင်းနေပါပြီ။ ဒါပေမယ့် နိုင်ငံအတွင်းမှာ စစ်ဆိုတာလည်း ကြီးကြီးမားမား မရှိတော့ နေလို့ကောင်း စားလို့ကောင်းနဲ့ နေလာလိုက်ကြတာ အခုလို နှဖူးတွေ့ဒူးတွေ့ ကြုံလာတော့ တပ်ပျက်ကြီးဟာ အထိမခံတော့ပါဘူး။ ထိလိုက်တာနဲ့ ကျတော့တာပါပဲ။ စစ်တပ်ရဲ့ သတင်းတွေမှာ ဒရုန်းအစင်းရေ ၄၀၀ ကို ရှမ်းမြောက်ပို့လိုက်တယ် ဆိုတော့ စိုးရိမ်စိတ် ဖြစ်ခဲ့ပါသေးတယ်။ တွက်ကြည့်တော့ ဒရုန်းတစ်စင်း တိုက်ပွဲဝင်ဖို့ အနည်းဆုံး လူ ၄ ယောက် တစ်ဖွဲ့လိုတယ်။ အစင်း ၄၀၀ အတွက် စစ်သား ၁၆၀၀ ဘယ်လို လုပ်ကြမှာလဲလို့ စဥ်းစားဖူးတယ်။ သူတို့မှာ ဒရုန်းမောင်းဖို့ အသိဥာဏ်ပြည့်တဲ့ စစ်သား ၁၆၀၀ ရှိပါ့မလားပေါ့။ တခုခုဖြစ်လို့ ဒရုန်းပျက်စီးရင် အရေးယူခံရမှာနဲ့ ဘယ်သူမောင်းမှာလဲ။ ဒီလောက် ကန့်သတ်ချက်တွေ များနေတာနဲ့ အလုပ်မဖြစ်လောက်ဘူးလို့ သုံးသပ်ထားမိပါသေးတယ်။ နောက်တခုက ခံစစ်မှာ ဒရုန်းကို ကင်းထောက်သုံးဖို့က မလွယ်ပါဘူး။ စခန်းတစ်ခုမှာ ဒရုန်း ၃ စင်းလောက် ပေးထားသည့်တိုင် ဘယ်သူမှမလာဘဲ ထွက်ထွက်ပျံနေရင် အားပြန်သွင်းဖို့ ခက်ပါတယ်။ ဒါကြောင့် ကင်းထောက်ဒရုန်းတွေကို မပျံဘဲထားရင်း သုံးမရတဲ့အခြေအနေကို ရောက်သွားမှာပါပဲ။ ကြားနေရတဲ့သတင်းအရ ဒရုန်းတွေနဲ့ ရွာတွေကိုပဲ အဓိပ္ပါယ်မရှိ ဗုံးလိုက်ကြဲနေတာပဲ တွေ့ရပါတယ်။ ဒါကြောင့် ရပ်ရွာနဲ့မသင့်မြတ်တဲ့ စစ်တပ်ဟာ စစ်ရေးသတင်းတွေ ပျောက်သွားပါတယ်။ ရပ်ရွာထဲက စစ်ရေးသတင်း မရတော့ပါဘူး။ ဒါကြောင့် စစ်တပ်ဟာ စခန်းထိုင်ထိုင် စစ်ကြောင်းထိုးထိုး ဘယ်တော့မှ လက်ဦးမှုမရပါဘူး။ လက်ဦးမှုမရရင် စစ်ဆိုတာ ရှုံးတာပဲလေ။ ပြည်သူက စစ်ဝင်မတိုက်ဘူး ဆိုပေမယ့် စစ်တပ်ဘက် သတင်းမရောက်အောင် ထိန်းသိမ်းနိုင်တာကလည်း စစ်နိုင်ဖို့ အထောက်အကူ အများကြီးရခဲ့ပါတယ်။ နောက်ဆုံးတစ်ခုက စိတ်ဓာတ်အင်အားပါ။ အလကားနေ ပြည်သူ့ရပ်ရွာတွေကို အောက်တန်းကျပြီး ရှောက်ပစ်ဖို့ အမိန့်ပေးနေတော့ စစ်သားတွေကသိတယ်။ ဒီလိုသာ ရမ်းသမ်းပစ်နေရင် အလုံးအရင်းနဲ့ လာတိုက်တော့မှာ သိတာပဲလေ။ စခန်းမှာ လူအင်အားက အကန့်အသတ်ရှိတယ်။ ၃၀ ဆို ၃၀။ ၅၀ ဆို ၅၀ ပဲ ရှိတာ။ စစ်ကူဆိုတာက ရေရာတာမဟုတ်ဘူး။ အပြင်က လာတိုက်ရင် ရာနဲ့ချီတဲ့ သူတွေကို ဘယ်လိုခံတိုက်မလဲ။ စဥ်းစားကြတာပဲလေ။ တကယ်လည်း အပြင်က ပစ်အားနဲ့ တဖုန်းဖုန်း ပစ်ပြီလည်းဆိုရော နဂိုကတည်းက သွေးလန့်နေတဲ့ကောင်တွေ သေတာနဲ့ ပြေးတာနဲ့ စခန်းထားခဲ့​ကြတာပဲ။ ဒီလို အားလျော့နေတဲ့ မြေပြင် စစ်တပ်တွေအတွက် ရမ်းသမ်းပစ်နေတဲ့ အမြောက်တွေ၊ ကြုံသလိုဗုံးကြဲနေတဲ့ လေယာဥ်တွေဟာ ထိထိရောက်ရောက် အားကိုးလို့ မရနိုင်တော့ပါဘူး။ ဒါကြောင့်လည်း ဗုံးကြဲနေတဲ့ကြားက စခန်းတွေ ကျကုန်တာ မဆန်းပါဘူး။ ဒီတိုင်းဆက်သွားရင် စစ်တပ်ရဲ့ စခန်းတွေဟာ အခုလည်းကျမယ်။ နောင်လည်းကျမယ်။ ပြီးရင် ဘုန်းဘုန်းလဲသွားမှာပဲ။ ​မြင်​နေရတာက မင်းအောင်လှိုင် နဲ့ စစ်တပ်ဟာ လုံးဝ ဆေးမမှီတော့ပါဘူး။ အရှုံးကြီး ရှုံးတော့မှာပါ။ 💪💪💪
Показати все...
👍 63👏 8
လက်နတ်ချရင် ပစ်သတ်မယ်တဲ့လား...။ ကောင်းတာပေါ့။ တော်လှန်ရေးမှာ ကျည်ကုန်တောင် သက်သာသေးတယ်။ အချင်းချင်း ဆော်သာဆော်... တော်လှန်ရေးက အနေသာကြီးဗျာ....။ စစ်တပ်ထဲ ဘာဖြစ်ဖြစ် တော်လှန်ရေးနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် အလင်းဝင်ဖို့ ရောက်လာရင်တော့ နွေးထွေးစွာ ကြိုဆိုဖို့ အသင့်ပါပဲ။ ကိုယ့်ဘက်ရောက်မှ ကိုယ့်တာဝန်ပါ။ ရှေ့တန်းရောက် တပ်မှူးတွေ အနီးကပ်ရှိနေတဲ့ စစ်သည်တွေကို သေနတ်နဲ့ ဘယ်နှစ်ယောက် ပစ်နိုင်မယ်ထင်လဲ။ စဥ်းစားလေ။ အားလုံးလက်ထဲမှာ သေနတ်နဲ့ဆိုတာလည်း မေ့မနေပါနဲ့အုံး။ သူတို့လည်း လက်ညိုးကွေးတတ်အောင် သင်ထားတာပဲလေ။ တိုက်ပွဲ ဆင်နေရင်း အခြေအနေမကောင်းလို့ တိုက်ပွဲကနေ ဆုတ်ရမယ့်အချိန်မှာ ဆုတ်ဖို့ကိစ္စကို မဆုတ်ဘဲ သေနတ်နဲ့ချိန်ပြီး ဆက်တိုက်ခိုင်းမလို့လား။ ရှေ့ကိုမပစ်ဘဲ နောက်ကိုဝိုင်းပစ်မှာ မြင်ယောင်ပါသေးတယ်။ စစ်တပ်မှာ တပ်မှူးတွေ သိပ်ပေါနေလို့ ဒီလို ဥပဒေ ထုတ်ဘိုက်တာလားလို့တောင် အံ့သြရပါတယ်။ သဘောက တပ်မှူးတွေကို Copy ပေးလိုက်တာပါ။ အဆင့်ဆင့် စဥ်းစားလိုက်ရင် စစ်တွေက ဗိုလ်ချုပ်တွေ လက်သီးနဲ့ ထိုးကြတဲ့နေရာမှာ သေနတ်တွေ ထုတ်ပစ်ကြတော့မယ် ထင်ပါတယ်။ တဖြည်းဖြည်း ဦးသူဆော်တဲ့အဖြစ်တွေ ကြားရပါလိမ့်မယ်။ ဒီအမိန့်ကတော့ စစ်တပ် အမြန် ဘုံးဘုံးလဲဖို့အတွက် တွန်းအားပေးလိုက်တဲ့ အကြံအစည်တစ်ခုပဲလို့ သုံးသပ်မိပါတယ်။ ကောင်းလာစရာတော့ စဥ်းစားလို့မရဘူး။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ကို join ထားကြပါအုံး။ https://t.me/+_ddlLy1mgTQzZmU1
Показати все...
👍 80
ဖမ်းထားတဲ့ ဂျပန်ကြီးလား။ ပြန်လွှတ်မှာပေါ့ဗျာ။ ဘာလုပ်ရဲမှာမို့လဲ။ စစ်တပ်ဆိုတာ လက်နတ်ကိုင် အောက်တန်းစားအဖွဲ့ပါ။ ဇမရှိပါဘူး။ ဝူးဝူးဝါးဝါးနဲ့ ဖြဲခြောက်ကြည့်တာပေါ့။ ရမလားလို့။ လုပ်တာကိုင်တာက နည်းလမ်းမှမကျတာပဲ။ ဒီလို တရားဝင်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားကို သွားလုပ်ရင် ခွေးမျိုးကန်းသွားမှာပေါ့။ အခု ဆက်ဖမ်းထားတာက လူရှိန်အောင် ဟန်ရေးပြနေတာပါ။ ပြီးတော့ စစ်တပ်ဆိုတာ သောက်ပေါကသောက်ပေါအလုပ် လုပ်မှာပဲလေ။ ကြည့်နေ သဘောထားကြီးသလိုလို လုပ်ပြီး သောက်ရှက်မရှိ ပြန်လွှတ်မှာပဲ။ #htainlinnay #ထိန်လင်းနေ "ပြည်တော်ဝင်" GP ကို join ထားကြပါအုံး။ https://t.me/+_ddlLy1mgTQzZmU1
Показати все...
😁 47 6👍 4
Фото недоступнеДивитись в Telegram
မြစ်ကြီးနား လက်ရှိအခြေအနေပါ။ အောက်ပြည်အောက်ရွာက ရေနဲ့နီးတဲ့ မြို့ရွာတွေ လုံးဝ ရင်ဆိုင်နိုင်ရပါတယ်။ မပေါ့ကြပါနဲ့။ စစ်တပ်က ပိတ်ဆို့ထားရင် ဖြစ်လာတဲ့အခါ ကူညီကယ်ဆယ်ရေးတွေ ရောက်လာဖို့ ခက်ပါလိမ့်မယ်။ ကိုယ်တိုင် ရုန်းကန်ရမှာမို့ အကူအညီရမယ့် နေရာတွေကို ချိတ်ဆက်ရှောင်ရှားဖို့ စေတနာနဲ့ သတိပေးပါတယ်။ ဖြန့်ဝေခြင်းဖြင့် ကူညီနိုင်ပါတယ်။ #htainlinnay #ထိန်လင်းနေ ပြည်တော်ဝင် GP ဟာ တော်လှန်ရေး အတွက်ပါ.... ။ https://t.me/+_ddlLy1mgTQzZmU1
Показати все...
👍 37😢 22 2
ယှဥ်ကြည့်နိုင်အောင်ပါ။ ရေထုအမြင့်ကတော့ ကြောက်စရာကြီးပါ။ ဒီရေထုကြီး ဝင်ဆောင့်ရင်တော့ ဘာဖြစ်နိုင်လဲ.... တွေးကြည့်ကြပါ။
Показати все...
😱 55👍 5
မြစ်ကြီးနား ရေကြီးမှုရဲ့ နောက်ဆက်တွဲအဖြစ် အောက်ပြီအောက်ရွာတွေ ရေကြီးနိုင်ပါတယ်။ စစ်​​ဘေး ဒုက္ခအပြင် ရေဘေးဒုက္ခပါ ပေါင်းခံရမှာပါ။ ကြက်တူရွေးနှုတ်သီး ရေထိနေပြီလို့ သတင်းတွေတက်ပေမယ့် အတည်မပြုနိုင်သေးပါဘူး။ ပုံတွေတင်ပေမယ့် ဘယ်တုန်းကပုံလည်း မသိပါ။ ဧရာဝတီမြစ်ဘေး နေသူတွေကတော့ အထက်က ရေကြီးသံကြားရင် အောက်ပြည်မှာ ဘာဖြစ်မယ်ဆိုတာ ကြိုသိနေမှာပါ။ ဒီကြားထဲ အောက်ပြည်မှာ မိုးကြီးရင် ပိုသတိထားရမှာပါ။ ရေမကြီးလာရင်တော့ အကောင်းဆုံးပါ။ သတိဆိုတာ ပိုတယ်မရှိပါဘူး။ ရေရှောင်မယ့်နေရာတွေ ကြိုကြည့်ထားကြပါ။ အားလုံးဘေးကင်းနိုင်ပါစေ....။ #htainlinnay #ထိန်လင်းနေ ပြည်တော်ဝင် GP ဟာ တော်လှန်ရေး အတွက်ပါ.... ။ https://t.me/+_ddlLy1mgTQzZmU1
Показати все...
👍 28😢 12
ဘဏ်တွေ အရေးယူမယ်တဲ့...။ ယူလေ ဘဏ်တွေပျက်စီးရင် စစ်တပ်လည်း ကြာကြာခံမှာမဟုတ်ဘူး။ သူ့ဘာသူ ဖုတ်ဖုတ်သုတ်သုတ် ဘာမှမဖြစ်ဘူး။ စစ်တပ်နဲ့အတူ စားတုန်းက စားထားတဲ့ကောင်တွေ အလှည့်ကျလာတော့ ခံကြအုံးပေါ့။ မြောက်ပိုင်းတိုက်ပွဲတွေ အခြေမလှလို့ အမျိုးမျိုး လုပ်ပြပြီး အာရုံလွှဲနေတာ။ ဘဏ်တွေကို အာရုံစိုက်နေရင် တော်လှန်ရေးဘက်ကို ငွေစီးဆင်းဖို့လည်း မလွယ်ဘူးလေ....။ တဖြည်းဖြည်းနဲ့ ဘောမ စီးပွားရေး သမားတွေ ကုန်မှာပဲ။ အနေသာကြီးလို့ ကိုယ့်ကိုယ်ကို ထင်မနေကြနဲ့။ မင်းတို့အလှည့်က လာကိုလာအုံးမှာ..... မိုးမြင့်ထွန်းကို ကြည့်ထားကြ။ မင်းအောင်လှိုင်က သူကျသွားရင် သူ့ကြောင့်အကျိုးခံစားနေရတဲ့ သူတွေကို တခါတည်း အပါခေါ်ဖို့ ကြိုတင်လုပ်နေသလိုပဲ။ ငါသေရင် မင်းတို့လည်း ရှင်ခွင့်မရစေရဘူးလို့များ ကြိတ်ပြီး ကြုံးဝါးနေသလား မသိပါဘူး။ လုပ်ကွက်ကြီးက အဲ့လိုဖြစ်နေတယ်။ စစ်တပ်နဲ့ ပေါင်းစားနေတဲ့ကောင်တွေ သတိသာထားနေကြတော့။ #htainlinnay #ထိန်လင်းနေ ပြည်တော်ဝင် GP ဟာ တော်လှန်ရေး အတွက်ပါ.... ။ https://t.me/+_ddlLy1mgTQzZmU1
Показати все...
👍 57💯 10
ဒါ​ကြောင့် လက်တွဲညီညီ ရုန်းကြပါစို့ဗျာ.....။ #htainlinnay #ထိန်လင်းနေ ပြည်တော်ဝင် GP ဟာ တော်လှန်ရေး အတွက်ပါ.... ။ https://t.me/+_ddlLy1mgTQzZmU1
Показати все...
👍 50🥰 10
ကျွန်တော်တို့ မြန်မာပြည်မှာ ပျောက်ဆုံးမှုတွေ များနေပြီ။ နှမျောဖို့ ကောင်းလွန်းတယ်လို့ ခံစားရတယ်။ ဘာတွေပျောက်ဆုံးနေတာလဲ....။ မနေ့က ဆေးရုံတစ်ခုမှာ ဆေးခန်းပြတာစောင့်ရင်း ဇာတ်ကားတစ်ကားရဲ့ တစ်စိတ်တစ်ပိုင်းကို မျက်စိရှေ့ ရောက်လာတာနဲ့ ကြည့်ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ မင်းသားက ကျန်းမာရေးဌာနက...။ မင်းသမီးက ပုဂ္ဂလိက သတင်းဌာနက....။ မြန်မာပြည်ကဇာတ်လမ်း မဟုတ်ပါဘူး။ မြန်မာကားဆိုရင်လည်း ပြန်မပြောပါဘူး။ စိတ်လည်းမဝင်စားဘူး။ ကြည့်လည်းမကြည့်ပါဘူး။ ဆက်ပြောရအောင်..... မင်းသားက သူတို့နေတဲ့မြို့ ပါတ်ဝန်းကျင်မှာ အဆိပ်သင့်မှုကြောင့် လူသေဆုံးမှုတွေ ရှိနေတဲ့အတွက် ကျန်းမာရေးဌာနက လွှတ်လို့ စုံစမ်းနေရတဲ့ ဒေါက်တာ။ မင်းသမီးရဲ့ သတင်းဌာနကလည်း အဲ့ဒီ လူသေမှုတွေရဲ့ အရင်းအမြစ်ကို သတင်း ဖော်ပြဖို့ သတင်းယူဖို့ လွှတ်လိုက်တဲ့ သတင်းထောက်....။ မင်းသမီးနဲ့ မင်းသားက သတင်းလိုက်ရင်း စုံစမ်းရင်းနဲ့ လုပ်ငန်းတစ်ခုတည်းလို ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် တပြန်တလှည့် အကူအညီ​ပေး​ကြရာက အလုပ်အတူ လုပ်ဖြစ်သွားကြပါတယ်။ ဒီနေရာက စကြည့်ရတာပါ။ တစ်ရက်တော့ ပါတ်ဝန်းကျင် အဆိပ်သင့်မှုတွေ ဖြစ်စေတဲ့ စည်းကမ်းမရှိတဲ့ လုပ်ငန်းတစ်ခုက တရားခံတွေနောက်ကို သူတို့အဖွဲ့တွေ နောက်ယောင်ခံ လိုက်ရင်း ညဥ့်နက်သွားကြတယ်။ တရားခံတွေကတော့ မမိလိုက်ပါဘူး။ နောက်ရက်မှ ထပ်စုံစမ်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲ့ဒီညအဖို့ နားကြတဲ့အခါ အားလုံးပင်ပန်း နေကြပါပြီ။ ပြန်ကြမယ်ဆိုတော့ မင်းသမီးက ဗိုက်ဆာလာတာနဲ့ အဖွဲ့တွေကို လိုက်ညှိတော့ မင်းသားတစ်ယောက်ပဲ မင်းသမီးနဲ့လမ်းကြုံလိုက်ရင်း ပြန်ဖို့ ဖြစ်သွားပါတယ်။ ဒီအချိန်မှာ မင်းသမီးနဲ့မင်းသားက မိတ်ဆွေအဆင့်ပဲ ရှိပါသေးတယ်။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက နီးစပ်စေချင်လို့ လှော်လိုက်တာကြောင့် နှစ်ယောက်တည်း ညဥ့်နက်စာ စားဖို့ ဖြစ်သွားတာပါ။ သူတို့ တရားခံတွေကို နောက်ယောင်ခံ လိုက်ကြတာက မြို့ရဲ့ အစွန်အဖျားမှာပါ။ အပြန်လမ်းကျမှ မြို့ထဲပြန်ဝင်လာပြီး ညစျေးတန်မှာ ဝင်ကြတယ်။ သူတို့ပြန်လာတာ ညဥ့်နက်နေပေမယ့် ညဈေးတန်း တဝိုက်ကတော့ မီးရောင်တွေ ဖိတ်ဖိတ်တောက် စည်ကားနေတုန်း ရှိပါသေးတယ်။ စားတဲ့သူစား ကြော်တဲ့သူကြော် ရောင်းတဲ့သူရောင်းနဲ့ စည်ချင်တိုင်းစည်ကားနေပါသေးတယ်။ မင်းသမီးနဲ့မင်းသားက ဘာတွေစားတယ်တော့ မသိပါဘူး။ ဆာဆာနဲ့စားကြတာ ကြည့်နေတဲ့သူတောင် ဝမ်းဟာပြီး စားချင်လာပါတယ်။ နောက်ပြီး လွမ်းသလိုလိုလည်း ဖြစ်လာပါတယ်။ မင်းသမီးနဲ့မင်းသားကိုကြည့်ပြီး ချစ်သူကို လွမ်းတာမျိုး မဟုတ်ပါဘူး။ လွမ်းတာက လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ ညဈေးတန်း.... ကြိုက်တဲ့အချိန် သွားစားလို့ရတဲ့ ညဈေးတန်း.... ။ ဒီလို ညဈေးတန်းက မြန်မာပြည်မှာ ပျောက်ဆုံးနေတာ နှစ်တွေကြာပါပြီလို့ ဇာတ်လမ်းကြည့်နေရင်း ခံစားလိုက်ရပါတယ်။ အောက်တန်းစား တစ်ကောင်ကြောင့် အခြေခံလူတန်းစားရော စားနိုင်သောက်နိုင်သူတွေရော စိတ်အပန်းပြေ စားသောက်ကြတဲ့ ညဈေးဆိုတာတောင် ရပ်တည်ခွင့် မြင်ရခွင့်တောင် မရ​တော့တဲ့ အချိန်အခါကို ဖြစ်သွားတယ်။ တလောက မော်လမြိုင်ဘက်ရောက်တော့ ကမ်းနားက ညဈေးကို ရောက်ပါသေးတယ်။ ည ရှစ်နာရီကျော်တာနဲ့ အလျှိုလျှိုပြန်ကြပြီး လူကြဲသွားတာပါပဲ။ ညဈေးဆိုတဲ့ အဖြစ်ပဲရှိပါတယ်။ တကယ့်ညဈေးစစ်စစ်ကြီး မဟုတ်ပါဘူး။ ဟိုကြောက်ရ ဒီကြောက်ရကလည်း ရှိနေပါသေးတယ်။ ညဈေးတန်း ဆိုတာ အပန်းပြေ လျှောက်ဖို့သာမက ညဘက် အလုပ်ဆင်းကြတဲ့ လူတန်းစားအားလုံး အားထားရတတ်တဲ့ ဈေးမျိုးလေးပါ။ ညလုံးပေါက်ဆိုင်ဆိုတာ စားတဲ့လူ ရှိသ၍ ဖွင့်ပေးနေ​ကြပါတယ်။ ညဘက်ရောင်းတဲ့ ထမင်းကြော်မှာ ကြက်ဥလေးတင်ပြီး လ္ဘက်ရည် တစ်ခွက်နဲ့ သောက်လိုက်ရတဲ့ အချိန်ဟာ နေ့ခင်းဘက် စားရတာထက် အရသာပိုရှိနေတတ်တာ ညဘက် စားဖူးသူတိုင်း သိကြပါတယ်။ စားစရာ အမျိုးအစားတော့ တူချင်မှတူမှာပေါ့​​နော်။ စားရတဲ့အချိန် ခံစားချက်ကို ပိုပြီး သတိရစေချင်တာပါ။ ဒါက ဇာတ်လမ်းကြည့်ရင်း ရုတ်တရက် ပေါ်လာတဲ့ ခံစားချက်ပါ။ ဒီလိုခံစားလိုက်ရတာနဲ့ ဇာတ်လမ်းလည်း ဆက်မကြည့်ဖြစ်တော့ပါဘူး။ အတွေးက အပြင်လောကကို ပြန်ရောက်လာပါတယ်။ ကျွန်​​တော်တို့ တိုင်းပြည်ရဲ့ တကယ့်​ မြေပြင်မှာက တို့ပြည်သူတွေရဲ့ ပျော်ရွှင်မှုတွေဟာ ပျောက်ဆုံးခဲ့ရပါတယ်။ လူအသိုင်းအဝိုင်းမှာ အခြေခံရသင့်တဲ့ လွတ်လပ်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်။ နိုင်ငံသားတိုင်း ရသင့်တဲ့အခွင့်အရေးတွေ ပျောက်ဆုံးခဲ့ရပါတယ်။ လူ့သက်တမ်းအတိုင်း အသက်ရှင်ခွင့်တွေ နိုင်ငံသားတချို့မှာ ပျောက်ဆုံးခဲ့ရပါပြီ။ ကျွန်တော်တို့လည်း ဘာမှ အာမခံချက်မရှိပါ။ နေ့လားညလား ဘယ်နားကရောက်လာမလဲ မသိရတဲ့ အန္တရာယ်နဲ့ အတူ အသက်ရှင်နေရတာပါ။ အခြားသော နိုင်ငံရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဂဏ္ဍများစွာမှာ ပျက်စီးပျောက်ဆုံးမှုတွေ များစွာနဲ့ ရပ်တည်နေကြရပါတယ်။ ဒီလို စိုးရိမ်ထိတ်လန့်ဖွယ်ရာ အခြေအနေကနေ လွတ်မြောက်ဖို့က တော်လှန်ရေးပဲရှိပါတယ်။ ဒီလိုပဲ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပျောက်ဆုံးနေတာတွေ ပြန်ရဖို့ တော်လှန်ရေးကို ကိုယ်နိုင်ရာ နေရာကနေ မမှိတ်မသုန် အားစိုက်ပြီး တွန်းအားပေးကြဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ ပျောက်ဆုံးနေတဲ့ သာယာတဲ့ ဘဝတွေ ပြန်ရမှာပါ။
Показати все...
👍 58💯 17😢 3
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.