cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Mratt's Channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Більше
М'янма437Бірманська427Політика376
Рекламні дописи
132 815
Підписники
-11024 години
-6317 днів
-2 13930 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
ကမ်ပိန်းကာလပြီးခါနီးပေမဲ့ ၅၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ ဆိုပါတယ်။ ဒီရဲဘော်တွေ အတော်ရုန်းကန်နေကြရတယ်။ တကယ်အလုပ်လုပ်ကြတဲ့အဖွဲ့ပါ။ ယုံယုံကြည်ကြည် ထောက်ပို့လှူဒါန်းနိုင်ပါတယ် မိတ်ဆွေများခင်ဗျာ။ ပြည်ပရောက် မိတ်ဆွေတွေအနနဲ့လည်း အလွယ်တကူထောက်ပို့နိုင်တဲ့ ဘဏ်အကောင့်တွေ ပါဝင်ပါတယ်။
Показати все...
မိုးဇလနဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့ သတင်းတွေအတွက် ဒီ Link (https://www.facebook.com/uwinnaing) မှာ ကြည့်ရှုနိုင်ပါတယ်။ မိုးဇလ သတင်းတွေနဲ့ပတ်သက်လို့ ယုံကြည်ရသူ ဖြစ်ပါတယ်။
Показати все...
Фото недоступнеДивитись в Telegram
လက်ရှိ ဥရောပ နိုင်ငံ ၂၇ နိုင်ငံထဲမှာ မဘသ ပါတီက အာဏာရထားပြီး အစိုးရအဖွဲ့ထဲမှာ မဘသပါတီတွေ ရှိနေတဲ့နိုင်ငံ ၆ နိုင်ငံရှိပါတယ်။ အဲ့ဒါတွေက အီတလီ၊ ဟန်ဂေရီ၊ ဖင်လန်၊ ဆလိုဗေးကီးယား၊ ခရိုအေးရှားနဲ့ မြန်မာတွေ ရင်းနှီးတဲ့ ချက်သမ္မတ နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မဘသ ပါတီတွေ အင်အားကြီး ခေါင်းထောင်လာတာက သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ ဥရောပရဲ့ နိုင်ငံရေး အခြေအနေတွေကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ အပြည့်အစုံကြည့်ရန် - https://youtu.be/vHlZ47pWCDU
Показати все...
လူတယောက် ဆေးကုစရိတ် ၃၀၀၀ ကျပ် ဒုက္ခသည်တွေ စစ်ဘေးဒုက္ခသည်တွေကို လက်နက်ကြီးတွေကြားထဲ တောထဲ တောင်ထဲ တရွာကနေ နောက်တရွာကူး၊ တတောင်ကနေ နောက်တတောင်ကျော်ပြီး လှည့်လည်ဆေးကုပေးနေတဲ့ ကရင်နီက ဆရာဝန်တွေအကြောင်းတော့ အထူးပြောစရာ လိုတော့မယ် မထင်ပါ။ ဆေးလုပ်သားတွေဟာ အချိန်တွေကြာလာတော့ ဆေးကုသရာမှာ ကုန်ကျတဲ့စရိတ်ကို လျှော့နိုင်သမျှ လျှော့နိုင်အောင် ကြိုးစားနေကြတာလည်း တွေ့ရတယ်။ ခု သူတို့တွက်ထားတာ လူနာတယောက်ဆီ ဆေးသွားကုဖို့ ကုန်ကျစရိတ် မြန်မာငွေနဲ့ ကျပ် ၃၀၀၀ တည်းလို့ဆိုပါတယ်။ ပိုရရင်တော့ ကုသမှု ပိုပေးနိုင်ကြမှာပေါ့လေ။ ဒါပေမဲ့ ၃၀၀၀ ပဲရရင်တောင် လူနာတယောက်အတွက် အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။ ဆေးကုတယ်ဆိုတာ ပြောရတာသာ လွယ်တာပါ။ တကယ်တော့ ဆရာဝန်တွေဟာ သူတို့အသက်ကို ပေးထားပြီး သူများအသက်ကို ကယ်နေကြရသူတွေ။ သူတို့အိမ်မက်တွေ ရှေ့တက်လမ်းတွေ အားလုံးကို စွန့်လွှတ်ပြီး စစ်ဘေး ဒုက္ခသည်တွေကြား ဘဝကို မြှုပ်ထားကြသူတွေ။ ခုလို မိုးရာသီမှာ တောကျော် တောင်ကျော်ပြီး ဆိုင်ကယ်တတန် ကားတတန်နဲ့ ဆေးကုသဖို့ သွားကြရတာ စဉ်းစားကြည့်ဖို့တောင် မလွယ်ကူပါ။ တခါတခါ ဒီလူတွေ ဒီလောက် တောင့်ခံပြီး မငြီးမငြူ သူတို့အလုပ်ကို ဇွဲနဘဲ ကြီးကြီး လုပ်နေနိုင်တာကို အားတက်မိသလို မျှော်လင့်ချက်တွေလည်း တိုးပွါးစေပါတယ်။ လူနာတယောက်အတွက် ကျပ်ငွေ ၃၀၀၀ တည်းပါ။ ကူညီလိုသူတွေအနေနဲ့ ဒီ Link မှာ (https://www.facebook.com/share/p/VBjQqbxwBTFYDgi4/) အဲ့ဒီဆေးခန်းကို တိုက်ရိုက် ကူညီနိုင်ပါတယ်။ ငွေ မကူနိုင်ဘူးဆိုရင်လည်း ပျံ့နှံ့မှု များသွားအောင် သူတို့ရဲ့ မူရင်း ပို့စ်ကို Like/Comment/Share နဲ့ ကူညီပေးခဲ့နိုင်ပါတယ် မိတ်ဆွေများ။
Показати все...
Log in or sign up to view

See posts, photos and more on Facebook.

Показати все...
ဂျူလီယန် အက်ဆန်း သို့မဟုတ် အမေရိကန်အစိုးရကို အကြီးအကျယ် ဒုက္ခပေးခဲ့သူ

ဂျူလီယန် အက်ဆန်းဟာ ကမ္ဘာမှာ ဘယ်သူမှ မတို့မထိရဲတဲ့ အမေရိကန် ကာကွယ်ရေးနဲ့ပတ်သက်ပြီး တကယ့်ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ ဂျူလီယန်အက်ဆန်းရဲ့ ထုတ်ဖော်မှုတွေဟာ အမေရိကန်သမိုင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ပတ်သက်လို့ အကြီးဆုံးအပေးအယူလုပ်ခဲ့ရတဲ့ဖြစ်ရပ်လို့ အမေရိကန် တရားရေးဌာနက ကြေညာပါတယ်။ #julianassange #american #hacker #myanmar

နာမည်မှာ 'လင်း' ပါတဲ့လူတွေ မန့်သွား။ ပြီးရင် ရည်းစားရှိ မရှိပါ 'အလင်းပြ' ခဲ့ ... ဆိုပြီးရေးထားတော့... မန့်လိုက်ကြတာ၊ မန်းရှင်းခေါ်လိုက်ကြတာ ဆိုတာ ကွန်မင့်ပေါင်းက ၃ ထောင်ကျော်။ တဝက်လောက်က လင်း ပါတဲ့ကိုယ့်သူငယ်ချင်းတွေကို မန်းရှင်းခေါ်ထားကြတာ။ ဟော အဲ့ဒါ တင်ထားတဲ့ စာမျက်နှာက ငါးပစ်ဂိမ်း စလော့ဂိမ်း စာမျက်နှာ။ တခါတလေ FX အယောင်ဆောင် ကျားဖြန့် ကုမ္ပဏီတခု။ လူကြားထဲ အများကြီး ရောက်သွားတော့ စ လိမ်ပြီ။ ခံလိုက်ရရင် ပြေးကြည့်စရာမလို။ ခုနက 'လင်း' ပါရင် မန့်သွားဆိုတဲ့အောက် မန့်တဲ့လူတွေ၊ ကိုယ့်သူငယ်ချင်းတွေကို မန်းရှင်းခေါ်တဲ့လူတွေ ချည်း ခံရတာ။ ဘယ်လိုလိမ်ခံရတာလဲလို့ မေးကြည့်လိုက်ရင် "ဘယ်ကမှန်း မသိဘူးရှင့်၊ လိုင်း ပေါ်တွေ့တာနဲ့ ယုံရတယ်ထင်လို့ လုပ်လိုက်တာ" ဆိုတာချည်းပဲ။ ဒီလောက် ခက်ခဲနေကြတဲ့အချိန်မှာ ၅ ထောင်ပဲဖြစ်ဖြစ် ၅ သိန်းပဲဖြစ်ဖြစ် တကယ့်နှမြောစရာ မဟုတ်လား။ "အေး ခံရမှာပေါ့၊ ထင်ရာမြင်ရာတွေချည်း လျှောက်ရှဲ၊ လျှောက်မန့်နေတာကိုး" လို့ ကျနော့်မှာ မပြောရက်။
Показати все...
Показати все...
Thandwe at the Brink: Airport Siege and the Human Cost of Conflict

The escalating conflict between the Arakan Army (AA) and the military council has brought Thandwe to the brink of becoming the first city…

ပြီးခဲ့တဲ့ရက်အတွင်းက အေအေနဲ့ စစ်ကောင်စီကြားက ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ လေဆိပ်နဲ့ အဲ့ဒီ ဆင်ခေါင်းရွာကြားက ကမ်းခြေတလျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တာပါ။ ခုတော့ လေဆိပ်ကို ကျော်လွန်ပြီး ဒီဘက် ဇီးဖြူကုန်းထိ အေအေ တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ညကတော့ သံတွဲမြို့နဲ့ အနီးဆုံးလို့ပြောလို့ရတဲ့ ရွှေချောင်းပြင်ကျေးရွာနားမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၃ ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ သိရတယ်။ ရွှေချောင်းပြင်ကျေးရွာဆိုတာ သံတွဲမြို့ထဲကနေ ဆိုင်ကယ်နဲ့ သွားရင် ၅ မိနစ်လောက်နဲ့ ရောက်နိုင်ပြီး မြို့နဲ့အနီးဆုံးရွာပါ။ ဒီဘက်မှာ ဇာဒီပြင်၊ ကျောင်းတိုက်ကနေ ဟိုးဘက်အဆုံး ကင်းမော်အထိ ရွာစဉ်အဆက်တွေရှိပြီး သံတွဲမြို့ပေါ်ကို ထွက်နိုင်တဲ့အပေါက်က ခု ဗုံးကြဲခံရတဲ့ ရွှေချောင်းပြင်ရွာကနေ ဖြတ်ရတာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီဘက် တခြမ်းလုံးက ရွာသူရွားသားတွေဟာ ပိတ်မိနေကြပြီး စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေလည်း တဖြည်းဖြည်းများလာနေပါတယ်။ (အဲ့ဒီက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကျောင်းထိုင်ဆရာတော်ကို ဖုန်းနံပါတ်ကို ကွန်မင့်ထဲမှာ ထည့်ထားပါတယ်။) ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်လောက်ကတည်းက ရခိုင်ပြည်နယ်ကို ထွက်ပေါက်တွေ ပိတ်ထားတာထဲမှာ သံတွဲမြို့လည်း အပါအဝင် ဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်ပေမဲ့ ငွေကြေးမတတ်နိုင်သူတွေ၊ အသက်အရွယ်ကြီးသူတွေဟာ မြို့ကို မစွန့်နိုင်ခဲ့ကြပါဘူး။ ခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာပြီးတဲ့နောက် ဒီနေ့အစောပိုင်းမှာတော့ သံတွဲမြို့ကနေ တောင်ဘက်စွန်း ဂွဘက်ကို ထွက်တဲ့ အဓိက ထွက်ပေါက်ကို ယာယီဖွင့်ပေးလိုက်တာကြောင့် စစ်ပြေးဒုက္ခသည်တွေ မြို့ကနေ ထွက်ခွာခွင့်ရခဲ့တယ်လို့ သိရပါတယ်။
Показати все...
Фото недоступнеДивитись в Telegram
ဒီ ဇီးဖြူကုန်းဆိုတာ ခြေမြန်တပ်ရင်း ခမရ (၅၆၆) အခြေစိုက်တဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ငပလီမှာ ခြေလျင်တပ်ရင်း ခလရ (၅၅) လည်းပဲ အခြေစိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၄ နဲ့ ၅ ရက်တုန်းက စစ်ကောင်စီက ဝေဟင်ကရော လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ လူ ၈၀ နီးပါး သေဆုံးခဲ့တဲ့ ဆင်ခေါင်းရွာ (ဒုတိယ နံပတ် ၂ မြေပုံကို ကြည့်နိုင်) ကနေ တောင်ဘက်ကို ဆင်းလာရင် ငပလီလေဆိပ်ကို ရောက်နိုင်ပါတယ်။
Показати все...
Фото недоступнеДивитись в Telegram
သံတွဲက ငပလီ/မဇင် လေယာဉ်ကွင်းကိုသာ ရရင် ရခိုင်ပြည်နယ်မှာ 'အေအေ' ရဲ့ ပထမဆုံး လေဆိပ် သိမ်းပိုက်မှု ဖြစ်သွားနိုင်တယ်။ အဲ့ဒီလိုပဲ သံတွဲမြို့ဟာလည်း အခြား မြို့တွေနဲ့ မတူတဲ့ စစ်ဒဏ်ကို ခံရနိုင်ဖွယ်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ခရီးသည်နဲ့ ကုန်စည်အတွက် အဓိက အရေးပါတဲ့ လေဆိပ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ အမ်း လေဆိပ်တွေထဲမှာ လောလောဆယ် သံတွဲလေဆိပ်ကို အေအေက ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။ စစ်ကောင်စီကလည်း အပြင်းအထန် ကာကွယ်သွားမယ်လို့လည်း ခန့်မှန်းရပါတယ်။ လောလောဆယ်မှာ တချို့ကလည်း အေအေက လေဆိပ်ကို သိမ်းလိုက်ပြီ တချို့ကလည်း မသိမ်းနိုင်သေးဘူး စသဖြင့် သံတွဲမြို့ထဲမှာတင် သတင်းတွေ အမျိုးမျိုး ပျံ့နေတယ်လို့ ဆိုပါတယ်။ လေဆိပ်နဲ့နီးတဲ့ ဇီးဖြူကုန်းမှာ အေအေ တပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ တွေ့မြင်ရပြီး အချိန်မရွေး တိုက်ပွဲ အပြင်းအထန်ဖြစ်လာနိုင်တဲ့ အနေအထားလို့ ပြောကြပါတယ်။ (မြေပုံ နံပတ် ၁ မှာ ဇီးဖြူကုန်းရွာကို ကြည့်နိုင်)
Показати все...
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.