cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Min Zaw Lwin

Більше
Рекламні дописи
15 352
Підписники
+5524 години
+5687 днів
+1 41430 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
ဒါဆို ဘာမှတောင် စစ်မေးစရာမလိုဘူး အဖြေက ပေါ်နေပြီးသားပဲ။ #MinZawLwin
Показати все...
👍 26😁 1
02:05
Відео недоступнеДивитись в Telegram
မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြိုနှင့် ခန္တီးမြိုတိုရှိ ရပ်ကွက် ၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို ကူညီရွှေ့ပြောင်း ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Показати все...
၁၀ (Sequence 5).mp418.94 MB
👍 10
Фото недоступнеДивитись в Telegram
ကြာလာရင် အားလုံးက အမြင်မှန်ရလာမှာပါ၊ မြန်မြန်အမြင်မှန်ရကြပါစေလို့ပဲ ဆန္ဒပြုပါတယ်။ #MinZawLwin
Показати все...
👍 12
03:59
Відео недоступнеДивитись в Telegram
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) တက်ရောက်
Показати все...
17.40 MB
👍 9
Фото недоступнеДивитись в Telegram
ကရင်နှင့် မြန်မာလက်နက်ကိုင်များကို အွန်လိုင်းမှတစ်ဆင့် လက်နက်များပြင်ဆင် ထုတ်လုပ် ရောင်းချပေးနေသူကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး ထိုင်းရဲတပ်ဖွဲ့သည် ယနေ့ ဇူလိုင် ၂ ရက်နေ့က ကရင်နှင့် မြန်မာလက်နက်ကိုင်အုပ်စုများကို ပေါက်ကွဲစေသော ပစ္စည်းများ ပြန်လည်ရောင်းချနေသည့်သူတစ်ဦးကိုဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံ ဘန်ဖွတ်ဖိုင်ဆိုင်ရဲစခန်းမှ ရဲမှူး ဒီချာ စရစ်ချိုင်း ဦးဆောင်သော ထိုင်းရဲတပ်ဖွဲ့သည် နခွန်ရချာစီမား ပြည်နယ်၊ ပတ်ချောင်မြို့ သာငိုင်းအရပ်ဒေသတွင်နေထိုင်နေသူတစ်ဦး၏အိမ်ကို စီးနင်းခဲ့ပြီးနောက် အသက် ၄၇ နှစ်အရွယ်ရှိ ပရာဆစ် ပန်ယမ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ ထိုင်းနိုင်ငံသားကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကွဲစေသောပစ္စည်းများလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်​ပါတယ်။
Показати все...
👍 29
Фото недоступнеДивитись в Telegram
အကြမ်းဖက် PDF များ ပစ်ခတ်သည့်စိန်ပြောင်းကျည် ဓမ္မဒူတဘုန်းကြီးကျောင်းဆီ ကျရောက်ပေါက်ကွဲရာမှ ကိုရင်တစ်ပါးပျံလွန်ပြီး ဝေယျာဝစ္စလုပ်ကိုင်သူအမျိုးသမီးတစ်ဦး ဒဏ်ရာရ အကြမ်းဖက်PDF များပစ်ခတ်လိုက်သည့် လက်လုပ် စိန်ပြောင်းကျည်မှာ ဓမ္မဒူတဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲရာမှ ကိုရင်တစ်ပါးပျံလွန်ပြီး ဝေယျာဝစ္စလုပ်ကိုင်သူအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဖြစ်စဥ်မှာ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၅မိနစ်တွင် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ ရေကျော်ကျေးရွာသို့ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ ဓမ္မဒူတဘုန်းကြီးကျောင်းပေါ်သို့ စိန်ပြောင်းဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း ရှိနေသည့်စာသင်သားကိုရင်ဖြစ်သူ ရှင်သုစိတ္တ(ခ)ရဲဝင်းမောင် (၁၀)နှစ် (၃)ဝါနှင့် ဘုန်းကြီးကျောင်းဝေယျာဝစ္စ လာရောက်လုပ်ကိုင်ပေးသူ ဒေါ်သီတာချို(၄၉)နှစ်တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ည ၆ နာရီတွင် ရှင်သုစိတ္တ(ခ)ရဲဝင်းမောင်မှာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရပါတယ်။
Показати все...
😢 9👍 5🔥 5
Фото недоступнеДивитись в Telegram
အဆိုတော်ဖြိုးကြီးနဲ့အတူ ငယ်ဘဝကို ပြန်ရောက်သွားစေမယ့် 360 Degree Concert ကို Sky Star Hotel ၌ ဇူလိုင် ၅ ရက်တွင် ကျင်းပမည် “အထည်ကြီးပျက်” တေးသီချင်းနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အဆိုတော်ဖြိုးကြီးနဲ့အတူ ငယ်ဘဝကို ပြန်ရောက်သွားစေမယ့် 360 Degree Concert ကိုတော့ လာမယ့် ဇူလိုင် ၅ ရက်နေ့ ည ၇နာရီမှာ Sky Star Hotel ၌ ကျင်းပမှာဖြစ်ပါတယ်။
Показати все...
👍 17 1
Фото недоступнеДивитись в Telegram
ထိုင်းနိုင်ငံထဲက CI စခန်းတွကို ပိတ်သိမ်းတော့မယ်လို ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်တဲ့ (Certificate of Identity – CI) စာအုပ် ပြုလုပ်ပေးနေတဲ့ စခန်းတွေကို ပိတ်သိမ်းသွတော့မယ်လို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီ (CI) စခန်းတွေကနေ ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရေးအတွက် (၄) နှစ်သက်တမ်းရှိတဲ့ ကတ်ကိုထုတ်‌ပေးနေတာပါ။ ယခုအခါမှာတော့ (CI) စာအုပ် လာရောက်လုပ်ဆောင်သူ နည်းလာတဲ့အပြင် မြန်မာဘက်က တောင်းဆိုမှုကြောင့် လာမယ့် ဇူလိုင်လ (၇) ရက်နေ့ကစတင်ပြီး အဲဒီ (CI) စခန်းတွေကို ပိတ်သိမ်းသွားမှာဖြစ်တယ်ဆိုပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ (၂၈) ရက်နေ့မှာ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
Показати все...
👍 23👏 6
Фото недоступнеДивитись в Telegram
အစ္စရေးက လက်ဘနွန်ကိုတိုက်ခိုက်လာရင် အလုံးစုံပျက်သုန်းတဲ့စစ်ပွဲနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အစ္စရေးကို အီရန်သတိပေး အစ္စရေးနိုင်ငံက လက်ဘနွန်ကို တိုက်ခိုက်ခဲ့ရင် အီရန်နိုင်ငံနဲ့ ဒေသတွင်းမဟာမိတ်တွေ ပူးပေါင်းဖွဲစည်း ထားတဲ့ တော်လှန်ရေးအင်အားစုအားလုံးက အစ္စရေးကို ရင်ဆိုင်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အီရန်နိုင်ငံ က စနေနေ့ (ဇွန်လ ၂၉ ရက်နေ့) က သတိပေးလိုက်ပါတယ်။ အစ္စရေးနဲ့ အီရန်ထောက်ပံ့ထားတဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာအဖွဲ့တို့ တိုက်ခိုက်နေကြတာကြောင့် ဒေသ တွင်းပိုမိုကျယ်ပြန့်တဲ့စစ်ပွဲတစ်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေစဉ်အတွင်း နယူးယောက်ကို သွားခဲ့တဲ့ အီရန်မစ်ရှင် အဖွဲ့က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ လက်ဘနွန်ကို ထိုးစစ်ဆင်တိုက်ခိုက်မယ့် စီမံချက်တွေဟာ ခွင့်ပြုချက်ရထားပြီးဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောဆိုလိုက်တဲ့အတွက် ဟစ်ဘိုလာဘက်ကလည်း စစ်ပွဲကြီးဖြစ်ပွားလာခဲ့ရင် “ဘယ်အစ္စရေး ကိုမှ ချမ်းသာပေး မှာမဟုတ်ကြောင်း” တုံ့ပြန်ပြောဆိုပါတယ်။ ဒီပြောကြားချက်ဟာ လက်ဘနွန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ဇီယွန်ဝါဒီအစိုးရရဲ့ စိတ်ဓာတ်စစ်ဆင် ရေးတစ်ခုလို့ မှတ်ယူထားကြောင်း အီရန်မစ်ရှင်အဖွဲ့က X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
Показати все...
👍 24
Фото недоступнеДивитись в Telegram
တောင်းဆိုရလွန်းအားကြီးလို့ နေထုတ်လှန်းတာ တောင်းတောင် ဆွေးသွားပြီလို့ ကူလာသာမာကာမှာ စိတ်ပျက်ဖွယ် စိတ်ကုန်ကာ ပြောဆိုလာ😂😂😂 #MinZawLwin
Показати все...
😁 14👍 6👏 1
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.