cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Honda NCX Myanmar

Authorized Honda Motorcycle distributor in Myanmar

Більше
Рекламні дописи
5 247
Підписники
-624 години
+37 днів
+3430 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

ဆိုင်ကယ် 🔋𝐁𝐚𝐭𝐭𝐞𝐫𝐲 ချို့ယွင်းမှုကြောင့် 𝐇𝐨𝐫𝐧 (ဟွန်း) သံမမြည် ၊ 𝐒𝐭𝐚𝐫𝐭 မရ ၊ ဒိုင်ခွက်မီးတွေမလင်း တော့လို့ သင့်ဆိုင်ကယ်လေးရဲ့ 𝟏𝟐𝐕 ဘတ္ထရီကို ကိုယ်တိုင်လဲလှယ်ရမယ့်အခြေအနေနဲ့ ကြုံတွေ့လာတဲ့အခါ…. နည်းလမ်းမှန်ကန်စွာ လဲလှယ်နိုင်စေဖို့ 🔋 ဘတ္ထရီလဲလှယ်ပုံအဆင့်ဆင့် ကို မျှဝေဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 🔋ဘတ္ထရီကိုယ်တိုင်လဲလှယ်ခြင်းများကို အရေးပေါ် (သို့) မဖြစ်မနေ အခြေအနေများမှာသာ ပြုလုပ်သင့်ပြီး ကျွမ်းကျင်မှုမရှိပဲ မှားယွင်းစွာ ဖြုတ်/တပ် မိပါက ☠️အန္တရာယ် ဖြစ်စေနိုင်သည်ကို အထူးသတိပြုစေလိုပါတယ်ခင်ဗျာ။ 🔋ဘတ္ထရီ စွမ်းဆောင်ရည်ပြည့်ဝပြီး သက်တမ်းကြာရှည်အသုံးပြုနိုင်ဖို့ အရည်အသွေးပြည့်ဝစစ်မှန်သောအပိုပစ္စည်းများ ကို သာရွေးချယ်အသုံးပြုပေးသင့်ပြီး ကျွမ်းကျင်ပညာရှင်များဖြင့်စနစ်တကျပြုလုပ်ခြင်းပေးခြင်း ဖြင့် မလိုလားအပ်သောပြဿနာများကို ကာကွယ်ဖို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။ 📢𝐇𝐨𝐧𝐝𝐚 ချစ်သူတို့နဲ့ အနီးဆုံးမှာရှိနေဖို့ 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 မှာလည်း 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥 လေးရှိနေပြီမို့ 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉 https://www.instagram.com/hondancxmm/
Показати все...
👍
Фото недоступнеДивитись в Telegram
𝟏𝟐𝐕 ဘတ္ထရီ ကိုယ်တိုင်လဲလှယ်နည်း
Показати все...
𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫 ဆိုတာဘာလဲ❓ 𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫 ထဲမှာ ဘာတွေပါလဲ❓ 𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫 ရဲ့ ဆိုတာကတော့ (𝐄𝐧𝐠𝐢𝐧𝐞 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐔𝐧𝐢𝐭) လို့ အဓိပ္ပါယ်ရပြီး မြန်မာလို ဆိုရင်တော့ ဆိုင်ကယ်တစီးရဲ့ အဓိကသော့ချက်ဖြစ်တဲ့ အင်ဂျင်စနစ်နဲ့ ပတ်သက်သော လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးတဲ့ အစိတ်အပိုင်းတခုပဲဖြစ်ပြီး … 𝐇𝐨𝐧𝐝𝐚 ရဲ့ 𝐄𝐅𝐈 ဆိုင်ကယ်အမျိုးအစားတွေ ဖြစ်တဲ့ 𝐇𝐨𝐧𝐝𝐚 𝐖𝐚𝐯𝐞 𝟏𝟏𝟎𝐢 , 𝐖𝐚𝐯𝐞 𝟏𝟐𝟓𝐢, 𝐒𝐜𝐨𝐨𝐩𝐲, 𝐂𝐥𝐢𝐜𝐤 နဲ့ 𝐏𝐂𝐗 ဆိုင်ကယ်များတွင် 𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫 ပါရှိပါတယ်ခင်ဗျာ။ ဟုတ်ပါတယ် ❗️ 𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫 က ဆိုင်ကယ် အင်ဂျင်ထဲသို့ ဝင်ရောက်လာတဲ့ လေပမာဏ နဲ့ လောင်စာဆီ ပမာဏကို အချိန်နဲ့ တပြေးညီ ထိန်းချုပ်ပေးတာပဲ ဖြစ်ပြီး 𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫 ထဲမှာဆိုရင် … ✅ Oxygen Sensor (O2 Sensor) ✅ Throttle Position Sensor (TPS) ✅ Engine Temperature Sensor ✅ Mass Air Flow Sensor ✅ Manifold Absolute Pressure Sensor (MAP Sensor) တို့ပါဝင်ပြီး ဒီ Sensor တွေကနေရရှိတဲ့ အချက်အလက်များကို သုံးကာ လောင်စာဆီ နဲ့ လေ အရောအနှောကို အလွန်တိကျစွာ ထိန်းညှိပေးတာပဲ ဖြစ်ပါတယ်ခင်ဗျာ။ သင့် 𝐄𝐅𝐈 ဆိုင်ကယ်လေးရဲ့ 𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫 လေးမှာ ချို့ယွင်းချက်တစုံတရာ ရှိနေခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်များကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။ အထက်ပါအချက်တွေထဲက ချို့ယွင်းမှုတစ်ခုခုရှိပါက 𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫 အားစစ်ဆေးရန်လိုအပ်ပြီး ကွန်ပြူတာဖြင့်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို စစ်မှန်သောအပိုပစ္စည်းများ နှင့် ကျွမ်းကျင်စက်ပြင်ဆရာများ ရှိသော နီးစပ်ရာ 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်းများတွင် ပြုလုပ်နိုင်ပါတယ်ခင်ဗျာ။ 📢𝐇𝐨𝐧𝐝𝐚 ချစ်သူတို့နဲ့ အနီးဆုံးမှာရှိနေဖို့ 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 မှာလည်း 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥 လေးရှိနေပြီမို့ 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉 https://www.instagram.com/hondancxmm/
Показати все...
👍
Фото недоступнеДивитись в Telegram
𝐄𝐂𝐔 𝐒𝐞𝐧𝐬𝐨𝐫
Показати все...
👍စွမ်းဆောင်ရည်အကောင်းဆုံး လျှပ်စစ်ဆိုင်ကယ်တစီးကို မောင်းနှင်ဖို့ဆိုတာ ဆိုင်ကယ်ချစ်သူတိုင်းရဲ့ အိပ်မက်တွေထဲကတခုပါပဲ❗️ ဒီလိုအိပ်မက်တွေကို အသက်သွင်းပေးဖို့အတွက် 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ အစီအစဉ်ကောင်းလေးတခုရှိနေပါတယ်ခင်ဗျ။ ဟုတ်ပါတယ်❗️ 𝟏𝟐𝟎𝟎 𝐖𝐚𝐭𝐭 နည်းပညာမြင့် လျှပ်စစ်မော်တာကို သုံးပေးထားတဲ့ 𝐔-𝐆𝐨 လျှပ်စစ်ဆိုင်ကယ်လေး ဟာ အင်ဂျင်ဆိုင်ကယ်တစီးလိုမြင့်မားတဲ့စွမ်းဆောင်ရည် ကို ပိုင်ဆိုင်ထားတယ်ဆိုတာ သိရဖို့အတွက်…. 🔹𝐄𝐂𝐎 𝐌𝐨𝐝𝐞 ဖြင့် 𝟓𝟑 𝐤𝐦/𝐡 ၊ 𝐒𝐏𝐎𝐑𝐓 𝐌𝐨𝐝𝐞 ဖြင့် 𝟔𝟓 –𝟕𝟓 𝐤𝐦/𝐡 အထိ ⚡️အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်တဲ့ 𝐇𝐨𝐧𝐝𝐚 𝐔-𝐆𝐨 လျှပ်စစ်ဆိုင်ကယ်လေးကို လက်တွေ့စမ်းသပ်မောင်းနှင်ကြည့် ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ 𝐔-𝐆𝐨 လျှပ်စစ်ဆိုင်ကယ်ကို စမ်းသပ်မောင်းနှင်လို့ရတဲ့ အစီအစဥ် လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ မိမိနှင့်အနီးဆုံး 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 𝟑𝐒 အရောင်းပြခန်းများသို့ ☎️ဖုန်းဆက်စာရင်းပေးလိုက်ရုံပါပဲခင်ဗျာ။ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာလဲ စာရင်းပေးလို့ရပါတယ်ခင်ဗျာ။ ဆက်သွယ်နိုင်သည့် 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 𝟑𝐒 ☎️အရောင်းပြခန်းဖုန်းနံပါတ်များ #မန္တလေး ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟔𝟎𝟗𝟏 #တောင်ကြီး ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟔𝟎𝟗𝟐 #ပဲခူး ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟔𝟎𝟗𝟑 #မော်လမြိုင် ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟔𝟎𝟗𝟒 #ပြည် ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟔𝟎𝟗𝟓 #ပုသိမ် ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟔𝟎𝟗𝟔 #မြိတ် ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟔𝟎𝟗𝟕 #တောင်ငူ ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟔𝟎𝟗𝟖 #မုံရွာ ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟓𝟒𝟎𝟗 #မကွေး ☎️ - 𝟎𝟗 𝟖𝟖𝟎𝟎 𝟎𝟓𝟒𝟏𝟎 📢𝐇𝐨𝐧𝐝𝐚 ချစ်သူတို့နဲ့ အနီးဆုံးမှာရှိနေဖို့ 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 မှာလည်း 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥 လေးရှိနေပြီမို့ 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉 https://www.instagram.com/hondancxmm/
Показати все...
👍
Фото недоступнеДивитись в Telegram
လျှပ်စစ်ဆိုင်ကယ်စမ်းသပ်မောင်းနှင်အစီအစဥ်
Показати все...
𝐇𝐨𝐧𝐝𝐚 𝐒𝐜𝐨𝐨𝐩𝐲 ဆိုတာနဲ့ နှစ်လိုဖွယ်ကောင်းပြီး ထူးခြားတဲ့ဒီဇိုင်းနဲ့ လူကြိုက်များတဲ့ 𝐀𝐮𝐭𝐨 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧 ဆိုင်ကယ်လေး ကို ပြေးမြင်မိကြမယ်ထင်ပါတယ်ဗျာ❗️ 𝐇𝐨𝐧𝐝𝐚 𝐒𝐜𝐨𝐨𝐩𝐲 ဆိုင်ကယ်တွေကိုတော့ 𝟐𝟎𝟎𝟐 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး 🛵 အမေရိကန်နိုင်ငံတွင် Metropolitan 🛵 ဩစတြေးလျ နှင့် အာရှနိုင်ငံများတွင် Scoopy 🛵 ကနေဒါနိုင်ငံတွင် Jazz 🛵 ဂျပန်နိုင်ငံမှာတော့ Cera Scoopy ဆိုပြီး နိုင်ငံအလိုက်ကွဲပြားတဲ့ အမည်လေးတွေပိုင်ဆိုင်ထားပါတယ်ဗျ။ 𝐇𝐨𝐧𝐝𝐚 𝐒𝐜𝐨𝐨𝐩𝐲 ဆိုင်ကယ်တွေများကို ယနေ့အချိန်ထိ မျိုးဆက်၅ခုတိုင် ထုတ်လုပ်ခဲ့ပြီး 🌟 ပထမမျိုးဆက်မှာတော့ သေးငယ်ပေါ့ပါးတဲ့ဒီဇိုင်း နဲ့ 50cc 4 Stroke အင်ဂျင်ကို အသုံးပြုထားပါတယ်။ 🌟 ဒုတိယမျိုးဆက်မှာတော့ U-Box ပါဝင်လာပြီး ဆီစားပိုမိုသက်သာသည့် 50cc အင်ဂျင်၊ ဆန်းသစ်တဲ့အရောင်တွဲစပ်မှု တို့ဖြင့် စီးနင်းရပိုမိုသက်တောင့်သက်သာဖြစ်အောင်အဆင့်မြှင့်တင်ခဲ့ပါတယ်။ 🌟 တတိယမျိုးဆက်မှာတော့ 110cc အင်ဂျင်ကို စတင်အသုံးပြုလာခဲ့ပြီး ပိုမိုတိကျစွာရပ်တန့်နိုင်စေဖို့ ဘရိတ်စနစ်အဆင့်မြင့်တင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ 🌟 စတုတ္ထမျိုးဆက်မှာတော့ 110cc eSP နည်းပညာသုံး အင်ဂျင်ကို အသုံးပြုလာခဲ့ပြီး ၊ နည်းပညာမြင့် Smart Key စနစ်စတဲ့ စွမ်းဆောင်ရည်နှင့် လုံခြုံမှုအတွက် နည်းပညာမြင့်လုပ်ဆောင်ချက်များပါဝင်လာခဲ့ပါတယ်။ 🌟 ပဥ္စမမြောက်မျိုးဆက်မှာတော့ စွမ်းအင်အသုံးပြုမှုလျှော့ချပြီး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ Idling Stop စနစ်ကဲ့သို့ လောင်စာဆီကို အထူးချွေတာပေးမည့် နည်းပညာများနှင့် CBS ဘရိတ်စနစ်များပါဝင်လာခဲ့ပါတယ်။ ✨မျိုးဆက်တခုစီတိုင်းမှာ အင်ဂျင်စွမ်းဆောင်ရည် ၊ ဆီစားနှုန်းလျှော့ချမှု ၊ ဘေးကင်းလုံခြုံမှု ၊ သက်တောင့်သက်သာစီးနင်းနိုင်မှု တို့အတွက် ခေတ်မီနည်းပညာများဖြင့် အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့တာကြောင့် 𝐒𝐜𝐨𝐨𝐭𝐞𝐫 ချစ်သူများနှင့် မြို့ပြခရီးသည်များကြားမှာ 𝐇𝐨𝐧𝐝𝐚 𝐒𝐜𝐨𝐨𝐩𝐲 ဆိုင်ကယ်များသည် ယနေ့တိုင် ရေပန်းစားလူကြိုက်များနေဆဲပဲဖြစ်ပါတယ်ခင်ဗျာ။ နောင်မျိုးဆက်တွေမှာရော ဘယ်လို အသစ်အသစ်သော အဆင့်မြှင့်တင်မှုတွေနဲ့ မြင်တွေ့လာရမလဲဆိုတာ 𝐒𝐜𝐨𝐨𝐩𝐲 ချစ်သူတို့နဲ့အတူ ရင်ခုန်စွာစောင့်ကြည့်သွားရမှာပဲဖြစ်ပြီး 𝐇𝐨𝐧𝐝𝐚 𝐒𝐜𝐨𝐨𝐩𝐲 ရဲ့ 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 များကိုလည်း ထုတ်လုပ်ခဲ့တဲ့ခုနှစ်အလိုက် မျှဝေဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 📢𝐇𝐨𝐧𝐝𝐚 ချစ်သူတို့နဲ့ အနီးဆုံးမှာရှိနေဖို့ 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 မှာလည်း 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥 လေးရှိနေပြီမို့ 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉 https://www.instagram.com/hondancxmm/
Показати все...
👍
Фото недоступнеДивитись в Telegram
𝐇𝐨𝐧𝐝𝐚 𝐒𝐜𝐨𝐨𝐩𝐲 ရဲ့ 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 များ
Показати все...
ဒီနေ့မှာတော့... ⏰ကီလိုမီတာ 𝟔,𝟎𝟎𝟎 မောင်းနှင်ပြီးနောက် 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်းမှာ လာရောက်စစ်ဆေးရင်း 𝐇𝐨𝐧𝐝𝐚 𝐔-𝐆𝐨 လျှပ်စစ်ဆိုင်ကယ်ပိုင်ရှင်တို့ရဲ့ အတွေ့အကြုံလေးတွေကိုမျှဝေထားတဲ့စကားသံ လေးများကို 𝐇𝐨𝐧𝐝𝐚 ချစ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ လူကြီးမင်းတို့ရဲ့ 🛵𝐇𝐨𝐧𝐝𝐚 𝐔-𝐆𝐨 လျှပ်စစ်ဆိုင်ကယ်လေးကို သတ်မှတ်ကီလိုမီတာအလိုက် စနစ်တကျ စစ်ဆေးမှုပြုလုပ်နိုင်ဖို့ အနီးဆုံး 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်းကို အရောက်လှမ်းခဲ့ဖို့မမေ့ပါနဲ့နော်❗️ https://youtu.be/D4ZjKx0x9fU
Показати все...
👍
🏍ဆိုင်ကယ်တစီးမှာ စွမ်းဆောင်ရည်နဲ့ ပစ္စည်းအရည်အသွေး ပြည့်ဝမှုအပြင် သက်တမ်းကြာရှည်အသုံးပြုနိုင်ဖို့ကလည်း အထူးအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ 👉ဒီလိုလိုအပ်ချက်တွေအားလုံးအတွက် ရာနှုန်းပြည့်စိတ်ချရစေဖို့ 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 ဆိုင်ကယ်များကို အရည်အသွေးစစ်မှန်ပြည့်ဝသည့်ပစ္စည်းများကိုသာ အသုံးပြုထားတဲ့အပြင် 𝐇𝐨𝐧𝐝𝐚 𝐌𝐨𝐭𝐨𝐫 (𝐉𝐚𝐩𝐚𝐧) မှ စံချိန်စံညွှန်းများနှင့်အညီ 𝐇𝐨𝐧𝐝𝐚 စက်ရုံများတွင် ထုတ်လုပ်ထားပြီး အရည်အသွေးပြည့်ဝမှုရှိမှသာ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချတာ ဖြစ်ပါတယ်ခင်ဗျာ။ 🏭𝐇𝐨𝐧𝐝𝐚 စက်ရုံမှ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ဂိုဒေါင်သို့ ရောက်ရှိလာသော 𝐇𝐨𝐧𝐝𝐚 ဆိုင်ကယ်များကိုလည်း သယ်ယူပို့ဆောင်ရေးကြောင့်ဖြစ်ပေါ်လာနိုင်သော ထိခိုက်ပျက်စီးမှုများရှိ/မရှိ ၊ ဘော်ဒီကောင်း/မကောင်း ၊ တာယာကောင်း/မကောင်းနှင့် ဆိုင်ကယ်အရည်အသွေးပြည့်မီခြင်းရှိ/မရှိကို 𝐈𝐐𝐂 စနစ်ဖြင့် အသေးစိတ်စစ်ဆေးပြီး … 🌟 အရည်အသွေးပြည့်မီမှသာ ဝယ်သူလက်ထဲ အပ်နှံပေးတာ ဖြစ်လို့ အရည်အသွေးပြည့်ဝမှု ၊ သက်တမ်းကြာရှည်အသုံးပြုနိုင်မှု ၊ မြင့်မားသောစွမ်းဆောင်ရည်တို့အပြင် ဘေးကင်းလုံခြုံမှုအပြည့် နဲ့ ယုံကြည်စိတ်ချစွာစီးနင်းနိုင်စေမှာ 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 ဆိုင်ကယ်များပဲ ဖြစ်ပါတယ်ခင်ဗျာ။ 📢𝐇𝐨𝐧𝐝𝐚 ချစ်သူတို့နဲ့ အနီးဆုံးမှာရှိနေဖို့ 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 မှာလည်း 𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐂𝐡𝐚𝐧𝐧𝐞𝐥 လေးရှိနေပြီမို့ 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉 https://www.instagram.com/hondancxmm/
Показати все...
👍
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.