cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

Рекламні дописи
37 991
Підписники
+4124 години
+2577 днів
+1 43630 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

လားရှိုးမြို့ဒေသခံများ အခြားမြို့များသို့ မော်တော်ယာဉ်များတွင် အလံဖြူထောင်ကာ အခြားဒေသများသို့ ‌ပြောင်းရွှေ့ လားရှိုးမြို့ဒေသခံများ အခြားမြို့များသို့ မော်တော်ယာဉ်များတွင် အလံဖြူထောင်ကာ အခြားဒေသများသို့ ‌ပြောင်းရွှေ့လျက်ရှိကြောင်း ဒေသခံများက ‌ပြောကြားသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးဝန်းကျင်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မြို့မှထွက်ခွာ‌နေခြင်းဖြစ်သည်။ လားရှိုးမြို့တွင်းမှ ဒေသခံအများအပြားသည် မိမိတို့၏ယာဉ်များတွင် အလံဖြူထောင်ကာ ထွက်ခွာနေကြကြောင်း သိရသည်။ “တိုက်ပွဲတွေစဖြစ်ပြီး သုံးရက်ကျော်လောက်မှာ ဒီမြို့က ထွက်ခွာတဲ့သူတွေ သိပ်များတယ်။ ကားတွေမှာ အလံဖြူတွေထောင်ပြီး သွားကြတယ်။ မိသားစုလိုက်ပဲ။ တချို့လည်း သက်ကြီးရွယ်အိုတွေကို နီးစပ်ရာ ဆွေမျိုးတွေဆီ ပို့ကြတာပေါ့” ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ဆိုသည်။ ■ Read More - - - >>> https://news-eleven.com/article/293373
Показати все...
Фото недоступнеДивитись в Telegram
ဟွမ်ဂျောင်မင် ပါဝင်သည့် I, the Executioner အက်ရှင်မှုခင်းဇာတ်ကားကို စက်တင်ဘာ ၁၃ ရက်တွင် ရုံတင်မည် မင်းသားဟွမ်ဂျောင်မင်နှင့် ဂျောင်ဟယ်အင်းတို့ ပါဝင်သရုပ်ဆောင်ထားသည့် အက် ရှင်မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကား I, the Executioner ကို စက်တင်ဘာ ၁၃ ရက်တွင် ရုံတင်ပြသတော့မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ရုံပရိသတ်အကြိုက်တွေ့ခဲ့သည့် Veteran ဇာတ်ကား၏ နောက်ဆက်တွဲဖြစ်ပြီး မှုခင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို ဝင်ရောက်လာသည့် စုံထောက်လက်သစ်ပတ်ဆွန်ဝူအဖြစ် မင်းသားဂျောင်ဟယ်အင်းက သရုပ်ဆောင်ထားသည်။ ပတ်ဆွန်ဝူနှင့် အလုပ်တွဲလုပ်သည့် ၀ါရင့်စုံထောက် ဆောဒိုချယ်အဖြစ် ဟွမ်ဂျောင်မင်ကိုမြင်ရမည်ဖြစ်ပြီး စုံထောက်နှစ်ဦးက ကွင်းဆက်လူသတ်သမားတစ်ဦးကို လိုက်ဖမ်းသည့်ဇာတ်လမ်းဖြစ်သည်။ ■ Read More - - - >>> https://news-eleven.com/article/293368
Показати все...
👍 9
Фото недоступнеДивитись в Telegram
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ ရွှေတုံးနှင့် နိုင်ငံခြားငွေများ ခိုးယူသူလေးဦးအား ဖမ်းမိ ဖြစ်စဉ်တွင် ခိုးမှု သုံးမှု၊ ခိုးမှု(မသင်္ကာ) နှစ်မှုတို့အား ဖော်ထုတ်နိုင်ခဲ့ပြီး အမှုများမှ ဖမ်းဆီးရမိသူများဖြစ်သည့် ငရဲ(ခ)ထက်ဦးပါ လေးဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကာ သက်သေခံရွှေထည်ပစ္စည်း၊ ငွေကြေးများနှင့်အတူ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ထွန်းထွန်းလင်းအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ■ Read More - - - >>> https://news-eleven.com/article/293370
Показати все...
👍 15👏 1
ပြည်တွင်း စားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက် ၉၀ တို့ကို စီးပွားရေးအဖြစ် ရောင်းဝယ်ရန် သိုလှောင်ထားရှိပါက ဇူလိုင် ၇ ရက် နောက်ဆုံးထား၍ သိုလှောင်ရုံ မှတ်ပုံတင်ရမည် ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက် ၉၀ စသည် တို့ကို စီးပွားရေးအဖြစ်ရောင်းဝယ်ရန် သို လှောင်ထားရှိပါက ဇူလိုင် ၇ ရက် နောက်ဆုံး ထား၍ သိုလှောင်ရုံ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စီးပွားရေးလုပ်ငန်းအနေဖြင့် ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက်သိုလှောင်သည့်ဆန်စပါး သိုလှောင် ရုံ ပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင် ရုံများကို Myanmar rice online (MYRO) – www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် အသိပေး ကြေညာထားပြီးဖြစ်သည်။ ■ Read More - - - >>> https://news-eleven.com/article/293359
Показати все...
ပြည်တွင်း စားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက် ၉၀ တို့ကို စီးပွားရေးအဖြစ် ရောင်းဝယ်ရန် သိုလှောင်ထားရှိပါက ဇူလိုင် ၇ ရက် နောက်ဆုံးထား၍ သိုလှောင်ရုံ မှတ်ပုံတင်ရမည်

ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက် ၉၀ စသည် တို့ကို စီးပွားရေးအဖြစ်ရောင်းဝယ်ရန် သို လှောင်ထားရှိပါက ဇူလိုင် ၇ ရက် နောက်ဆုံး ထား၍ သိုလှောင်ရုံ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ သိရသည်။

👍 17
Фото недоступнеДивитись в Telegram
👍 10
Фото недоступнеДивитись в Telegram
👍 13
10:09
Відео недоступнеДивитись в Telegram
■ ဇူလိုင် ၅ ရက် နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု ) ■ ရခိုင်၊ကချင်နှင့် ရှမ်းပြည်နယ် အပါအဝင်နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများပြင်းထန်နေပြီး နေရပ်စွန့်ခွာသူများ ဆက်လက်မြင့် တက်နေသဖြင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက် ပိုမိုကြီးမားလာကြောင်း UNOCHA ထုတ်ပြန် ■ စစ်ဘေးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ကျိုက်မရောမြို့နယ်၊ဓမ္မသကျေးရွာမှ အိမ်ထောင်စုများအတွက် မွန်စစ် ဘေးရှောင်ကူညီရေးအဖွဲ့မှ ငွေကြေးနှင့်စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ ■ ဂါဇာတွင် အစ္စရေး၏ ပြောင်းရွှေ့မိန့်များထုတ်ပြန်ခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် မြင့်တက် ■ ထိုင်းတရားရုံးက MFP ပါတီဖျက်သိမ်းရေးနှင့်ပတ်သက်သည့်အမှုကို ဇူလိုင် ၁၇ ရက်တွင် ကြားနာစစ်ဆေးမည် ■ ကစားသမားဘဝမှ အနားယူဖွယ်မရှိသေးကြောင်း ရီးယဲလ်ဝါရင့်ကွင်းလယ်လူ မိုဒရစ် ပြောကြား
Показати все...
5.7 Morning Package.mp4140.31 MB
👍 3
Фото недоступнеДивитись в Telegram
ဇူလိုင် ၅ ရက်ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး ■ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် လေးပေခန့်၊ ရွှေကူမြို့တွင် သုံးပေခန့်နှင့် ကသာမြို့တွင် တစ်ပေခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေ ■ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် မေလိခ မြစ်ရေတိုက်စားမှုများကြောင့် နေအိမ်အချို့နှင့် လမ်းကြောင်းအချို့ပျက်စီးခဲ့ပြီး ပြင်ဆင်ရန် လပိုင်းကြာမြင့်နိုင် ■ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့ပေါ်တွင် အလောင်း ၆၀ နီးပါး တွေ့ရှိခဲ့ရပြီး လူမှုကူညီရေးအသင်းများက သင်္ဂြိုဟ်ပေးခဲ့ရ ■ မြန်မာနိုင်ငံကို ဂမ်ဘီယာက လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ဖြင့် တရားစွဲထားသည့်အမှုတွင် ဗြိတိန်နိုင်ငံအပါအဝင် ခုနစ်နိုင်ငံက တင်ပြလာသည့် ကြားဝင်စွက်ဖက်မှုအား ICJ က ခွင့်ပြု ■ ရန်ကုန်၊ မန္တလေးမှ လားရှိုးသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းအချို့ ယာဉ်ပြေးဆွဲမှုရပ်နားထား ■ Mingalar လေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသော လားရှိုးမြို့သို့ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ဇူလိုင် ၇ ရက်အထိ ရပ်နားထား
Показати все...
👍 4
၂၀၂၃ ခုနှစ်အတွင်း CTFMR က ပေးပို့ထားသည့် အသက်မပြည့်သံသယရှိသူ စစ်သည်ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန်ရှိသူ ၁၂၀ ဦးကို အမှုတွဲတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်မည် ၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ ထားသည့် အသက်မပြည့်သံသယရှိသူ စစ်သည်ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန်သူစုစုပေါင်း ၁၂၀ ဦးကို အမှုတွဲ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပြောကြားသည်။ ■ Read More - - - >>> https://news-eleven.com/article/293357
Показати все...
၂၀၂၃ ခုနှစ်အတွင်း CTFMR  က ပေးပို့ထားသည့် အသက်မပြည့်သံသယရှိသူ စစ်သည်ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန်ရှိသူ ၁၂၀ ဦးကို အမှုတွဲတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်မည်

၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ ထားသည့် အသက်မပြည့်သံသယရှိသူ စစ်သည်ကိုးဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန်သူစုစုပေါင်း ၁၂၀ ဦးကို အမှုတွဲ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပြောကြားသည်။ ဇူလိုင် ၃ ရက်က ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာ ကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်း အဝေး (၁/၂၀၂၄) တွင်  ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

👍 10
■ နစက ဥက္ကဋ္ဌနှင့် တရုတ်သံအမတ်ကြီးတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမှု အခြေအနေများအား ဆွေးနွေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ဇူလိုင် ၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်လျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ ■ Read More - - - >>> https://news-eleven.com/article/293367
Показати все...

👍 29😱 9🤬 3 2👏 2😢 1
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.