cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

RSN WEB

REVOLUTIONARY CHANNEL Contact us - 📬 @Inform_RSN

Більше
Рекламні дописи
8 079
Підписники
+524 години
-17 днів
+1130 днів
Час активного постингу

Триває завантаження даних...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Аналітика публікацій
ДописиПерегляди
Поширення
Динаміка переглядів
01
DAILY HIGHLIGHTS (30 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မတူပီ ခရိုင်ရုံးကို CDF-မတူပီ သိမ်းပိုက်၊ ဝိုင်းမော် ခလရ ၆၈ နှင့် မြို့မရဲစခန်းကို KIA တိုက်ခိုက် – DVB ဖားဆောင်းနှင့်ဖာပွန်ရှိ လက်ကျန်စစ်စခန်းများကို အပြီးသိမ်းရန် တော်လှန်ရေးအင်အားစုများ ကြိုးပမ်း – DVB ရှမ်းမြောက်နှင့်ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသ၌ KIAက တပ်မဟာအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်း – PS တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းနေသည့် စစ်ကောင်စီတပ်ဖွဲ့အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် မင်းအောင်လှိုင်က သတ်မှတ်ဟု အမိန့်ထုတ် – KT ဗိုလ်လောင်းများ ထွက်မပြေးအောင် ထိန်းကျောင်းအုပ်ချုပ်ရန် စစ်ခေါင်းဆောင်ပြော – DVB လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင် – RFA ကလေးမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်ဘက်က ဒုတပ်ရင်းမှူး အသေဖမ်းဆီးခံရ – MZM 📰 နိုင်ငံရေးထူးခြားသတင်းများ ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်တို့မှ ဒိုင်ရ်နယ်မြေများကို ပေါင်းစည်အုပ်ချုပ်ရန် ဒိုင်ရ်ဒေသန္တရကောင်စီ ဖွဲ့စည်း၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)ကိုလည်း ဖွဲ့စည်းထူထောင်မည် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရုရှားက မြန်မာနဲ့ကာဂျစ္စတန်မှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ဖြစ်နိုင်ချေလေ့လာမှုတွေ ပြုလုပ် – AT မလေးရှားရောက် မြန်မာတစ်ထောင်ကျော် ဖမ်းဆီးခံထားရ – RFA 📰 စီးပွားရေးထူးခြားသတင်းများ ခေတ်မမီတော့သည့် ကုန်ပစ္စည်း ဖလှယ်သည့် Barter စနစ် စစ်ကောင်စီ ပြန်ကျင့်သုံး – DVB စစ်ကောင်စီက နိုင်ငံခြားငွေ မသုံးလို၍ Barter စနစ်ကို အသုံးပြုလိုသော်လည်း ကုန်သွယ်ဖက်နိုင်ငံလက်ခံမှသာ ကုန်စည်ဖလှယ်စနစ်အသက်ဝင်နိုင်မည် – AT အာဆီယံတွင် လူတဦးချင်း ဝင်ငွေအနိမ့်ဆုံးနိုင်ငံအဖြစ် မြန်မာ ရပ်တည် – DVB တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ခြောက်သောင်းကျော်အထိမြင့်တက် – RFA အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ – KT အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်းများကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန် – KT စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ – KT မြန်မာ့ရွှေဈေး ဆယ်ရက်အတွင်း ကျပ်ရှစ်သိန်း မြင့်တက် – RFA နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေး ထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်း အတည်ပြု – KT 📰 အခြားထူးခြားသတင်းများ ဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ – RFA မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ – KT SSPP တပ်ဖွဲ့ဝင်များကို TNLA က မူဆယ်ဘက်သို ပြန်လည်ပို့ဆောင်ခြင်းသည် နှစ်ဖက်ဆွေးနွေးမှုအရ ပို့ဆောင်ခြင်းဖြစ် – AT လမ်း၊တံတားကြေးများ တိုးမြှင့် ကောက်ခံရန် စစ်ကောင်စီ ညွှန်ကြား – PS လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်း သုံးခုရှိ နိုင်ကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ – MPA #rangoonscoutnetwork
2 6528Loading...
02
ရန်ကုန်မှတ်တမ်း (မေ ၂၉ - ၃၀၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၉ ရက်နေ့ညက တောင်ဥက္ကလာမြို့နယ်တွင်း၌ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာမြို့နယ်ရှိ စစ်ကောင်စီ၏ မြဝတီဘဏ်အနီးတွင် ဗုံးပေါက်ခဲ့ပြီး Yangon Army တပ်ဖွဲ့နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတပ်ဖွဲ့တို့မှ အဆိုပါဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့နောက် ည ၁၁ နာရီခန့်၌လည်း ကျယ်လောင်သည့် ဗုံးပေါက်ကွဲသံများ ထပ်ကြားလိုက်ရပြီး Operation Flame (OF) မှ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၁၄ ရပ်ကွက်ရုံး၌ တစ်ကြိမ်နှင့် ည ၁၁ နာရီ ၃ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၃ ရပ်ကွက်ရုံး၌ တစ်ကြိမ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မေလ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်က မှော်ဘီမြို့နယ်၊ တက်ကြီးကုန်းကျေးရွာ၊ ပြည်လမ်းနှင့် ကျောင်းကြီးလမ်းထောင့်အနီးတွင် ဗုံး ၂ လုံးတွေ့လို့ဟုဆိုကာ အကြမ်းဖက်တပ်သားများ ရောက်လာပြီး ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း စစ်ကောင်စီ လော်ဘီမီဒီယာတွင် ဖော်ပြထားသည်။ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းတဝိုက်၌ သေနတ်ပစ်ခတ်သံ ၆ ချက်ခန့်ကြားလိုက်ရကြောင်း သတင်းရရှိသည်။ ဘောလုံးကွင်းအနီးရှိ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိထားရပြီး နောက်ဆက်တွဲဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။ ဒလမြို့နယ်၊ အနီးချောင်းရွာ၌ စစ်မှုထမ်းအတွက် အမျိုးသမီးများပါ မဲနှိုက်ရမည်ဟု အုပ်ကြီးမှ ခြိမ်းခြောက်ပြောဆိုနေကာ မဲမနှိုက်လိုပါက တစ်ဦးလျှင် ကျပ် ၁၂၀,၀၀၀ ဆီ ပေးဖို့ တောင်းနေကြောင်း MPA မှ သိရှိရသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ လူအဖမ်းအဆီးများနေပြီး စစ်မှုထမ်း တတိယသုတ်အတွက် လူစုဆောင်းနေပုံရသည်။ အိမ်လိပ်စာအတိအကျဖြင့် လိုက်လံဖမ်းခေါ်နေသည်များလည်း ရှိသကဲ့သို့ လမ်းမပေါ် သွားလာနေသူများကို အကြောင်းမဲ့ ဖမ်းဆီးသွားသည့်ဖြစ်စဉ်များလည်း အများအပြားရှိနေသည်။ NLD ပါတီ နာယက ဦးတင်ဦး ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသနေရကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ညက ဦးတင်ဦး သေဆုံးသွားပြီဟူသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သေးသည်။ #rangoonscoutnetwork
2 45116Loading...
03
⚫️ ဒေါပုံမြို့နယ် ယနေ့ည ၉ နာရီခန့်တွင် ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းမပေါ မေတ္တာလမ်းထိပ်၌ စစ်ကားတစ်စီးဖြင့် အကြမ်းဖက် တပ်သားများမှ အမျိုးသားငယ် ၄ ဦးခန့်အား အကြောင်းမဲ့ ကားပေါ် ဖမ်းခေါ်သွားကြောင်း ကနဦး သတင်းရရှိသည်။ 30 May 2024 #rangoonscoutnetwork
1 14910Loading...
04
⚫️ သာကေတမြို့နယ် မေ ၂၉ ရက်နေ့ည ၉ နာရီ ဝန်းကျင်ခန့်တွင် သာကေတမြို့နယ်၊ ၁၀ တောင်နှင့် ၁၀ မြောက်ရပ်ကွက်အတွင်းရှိ လမ်းများအတွင်းသို့ စစ် Faw ကားနှင့် စစ် DC ဖြင့် အကြမ်းဖက် တပ်သားများ ဝင်ရောက်ခဲ့ပြီး လမ်းပေါ်ရှိ လူငယ် ၆ ဦးခန့်အား ဖမ်းခေါ်သွားခဲ့ကြောင်း သတင်းရရှိသည်။ 30 May 2024 #rangoonscoutnetwork
1 16510Loading...
05
🔴 ဗိုလ်တထောင်မြို့နယ် ယနေ့ည ၁၀:၂၀ ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းမပေါ်ရှိ ဘိုကလေးဈေးလမ်းထောင့် Fudo မုန့်ဆိုင်ရှိသည့် တိုက်၌ အကြမ်းဖက် တပ်သားများမှ ဝင်ရောက်၍ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရှိရသည်။ – Botahtaung Scout Channel 30 May 2024 #rangoonscoutnetwork
6153Loading...
06
🔴 အလုံမြို့နယ် ယနေ့ည ၉:၅၄ ခန့်တွင် အလုံမြို့နယ်၊ စက်တွင်းလမ်းအတွင်း၌ အကြမ်းဖက်များ အင်အားအများအပြားဖြင့် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 30 May 2024 #rangoonscoutnetwork
2 3928Loading...
07
🔴 တောင်ဒဂုံမြို့နယ် ယနေ့ည ၉:၄၆ ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၇၂ ရပ်ကွက်၊ မေမြို့ပန်းလမ်း၌ အကြမ်းဖက် တပ်သားများ အင်အားအများအပြားနဲ့ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – South Dagon Scout Channel (SDS) 30 May 2024 #rangoonscoutnetwork
7923Loading...
08
🔴 လှိုင်သာယာမြို့နယ် ယနေ့ည ၉:၃၅ ခန့်တွင် လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်း ၂ ရပ်ကွက်၊ ဗထူး ၁၀ လမ်းအတွင်း၌ အကြမ်းဖက် စစ်သားများနှင့် ရပ်ကျေးအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 30 May 2024 #rangoonscoutnetwork
4 30510Loading...
09
DAILY HIGHLIGHTS (29 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ KIA စစ်ဦးစီးချုပ်သစ်အဖြစ် ယခင် ဒုစစ်ဦးစီးချုပ်တာဝန် ၉နှစ်နီးပါးထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆိုင်းလာအား ခန့်အပ် – PS ၀ိုင်းမော်မြို့နယ်ရှိ ၊ နောင်စီပေါရွာ စစ်တပ်စခန်းကို KIA က တိုက်ခိုက်သိမ်း ပိုက်ပြီး ၀ိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို တိုက်ခိုက်နေ – KT အပစ်ရပ်ထားသည့် ရှမ်းတပ်ဖွဲ့နှစ်ခုကြား ပြဿနာထပ်ဖြစ်။ မိုင်းကိုင်ရှိ SSPP စစ်ယာဉ်တန်းကို RCSSက မိုင်းဆွဲတိုက်ခိုက်ဟု ထုတ်ပြန် – PS တီးတိန်မြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ဝင်များက ဖိတ်ခေါ်ပါက ပါဝင်တိုက်ခိုက်ရန် အသင့်ရှိဟု CNAပြော – PS 📰 နိုင်ငံရေးထူးခြားသတင်းများ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းပေးရန် ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၅ ပါတီ တောင်းဆို – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ငါးနှစ်အထိ သက်တမ်းတိုးခွင့်ရှိတဲ့ ဗီဇာအမျိုးအစားသစ် ထိုင်းအစိုးရကြေညာ – RFA 📰 စီးပွားရေးထူးခြားသတင်းများ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုပ်ထား၍ ဒေါ်လာအဝယ်လိုက်‌ပြီး ရောင်းသူမရှိ၊ ၁ ဒေါ်လာ ၄၆၅၀ ကျပ် ဖြစ်လာပြီး အခေါက်ရွှေဈေး ၅၈ သိန်း ကျော်လာ – AT AD လိုင်စင်ရဘဏ်များ ထုတ်ပြန်သည့် ငွေလဲနှုန်းကိုသာ ယုံကြည်ကြရန် ဗဟိုဘဏ်တိုက်တွန် – DVB 📰 ကျားဖြန့် မြန်မာစစ်ကောင်စီက အွန်လိုင်း ကျားဖြန့် သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ – KT ရှမ်းပြည်နယ်စစ်ကောင်စီ အတွင်းရေးမှူး စိုင်းသော်ဝင်းကို ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲ – KT 📰 အခြားထူးခြားသတင်းများ AA ထိန်းချုပ်နယ်မြေတွင် လူငယ်များ အလုပ်လျှောက်ထားသူ များပြားလာ – DVB မှတ်ပုံတင်တွင် လူမျိုး ဗမာဟု ရေးထားသူများကို MNDAA က ဝင်ထွက်ခွင့် ကန့်သတ် – DVB မင်းအောင်လှိုင်က တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီး ၃၆ ဦးကို ရာထူးမှအနားပေးခြင်း၊ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်၊ ဗိုလ်ချုပ်တချို့ တရားစွဲဆို ထောင်ချခံရမည် – KT အရှေ့တောင်အာရှဒေသတွင်း စိတ်ကြွမူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင်မြင့်တက် – DVB #rangoonscoutnetwork
3 3929Loading...
10
🟠 သာကေတမြို့နယ် ယနေ့ည သာကေတမြို့နယ်၊ ၁၀ တောင် ၁၀ မြောက်ရပ်ကွက်တွင် ဧည့်စစ်ဝင်နိုင်ပြီး စစ်မှုထမ်းအတွက်လူခေါ်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 29 May 2024 #rangoonscoutnetwork
2 38310Loading...
11
ရန်ကုန်မှတ်တမ်း (မေ ၂၇ - ၂၈၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၈ ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်ခန့်က မရမ်းကုန်းမြို့နယ်၊ စွယ်တော်အိမ်ရာဝန်းရှိ ရဲစခန်းအား YFA နှင့် GOD တပ်ဖွဲ့တို့ပါဝင်သည့် Rangoon UG Column စစ်ကြောင်းမှ မြို့ပြစစ်ဆင်ရေးစတင်သည့်အနေနှင့် ပြင်းအားမြင့်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မနက် ၈ နာရီခွဲခန့်က မရမ်းကုန်းမြို့နယ်တွင်းမှ အသံကျယ်တစ်ချက်ကြားလိုက်ရသေးကြောင်းလည်း သတင်းရရှိသည်။ မေလ ၂၇ ရက်နေ့ ည ၇ နာရီခွဲခန့်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရုံးကို ပစ်မှတ်ထား၍ ဗုံးဖြင့် ၂ ကြိမ် အချိန်ခြား၍ တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ မေလ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင်လည်း အဆိုပါစည်ပင်ရုံး၌ မပေါက်ကွဲသေးသောဗုံး ထပ်တွေ့၍ဟုဆိုကာ စစ်ကောင်စီတပ်သားများ ရောက်လာပြီး ဖျက်ဆီးရှင်းလင်းသွားကြောင်း သိရှိရသည်။ မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်ကလည်း လသာမြို့နယ်၊ ရွှေနန်းတော်ရွှေဆိုင်အနီး ဗုံးတွေ့လို့ဟုဆိုကာ အကြမ်းဖက်တပ်သားများရောက်ရှိလာ၍ အနီးအနားတဝိုက် လမ်းပိတ်ပြီး ရှာဖွေစစ်ဆေးသွားခဲ့ကြကြောင်း သတင်းရှိသည်။ ထို့ပြင် ညနေ ၇ နာရီခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ ၁၃ ရပ်ကွက်၊ ပန်းခြံအနီး၌လည်း ဗုံးတွေ့လို့ဟုဆိုကာ လမ်းပိတ်၍ စစ်ဆေးရှင်းလင်းခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၆ ရက်နေ့ ည ၁၀ နာရီခန့်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင်လည်း စစ်ကောင်စီ ထွေအုပ်ရုံးမှ ၈ ရပ်ကွက်ရုံးသို့ ဧည့်စစ်ကိစ္စဖြင့် သွားနေသည့် ထွေအုပ်ဝန်ထမ်း ၁ ဦး ဓားထိုးလုယက်ခံလိုက်ရကြောင်း DVB မှ သိရှိရသည်။ မေလ ၂၆ ရက်နေ့က လှိုင်မြို့နယ်တစ်နေရာ၌ Shinobi အဖွဲ့မှ "တရားတဲ့သူသာနိုင်ကြေးဟေ့" ဆိုသည့်စာသားပါ ဘန်နားအား ချိတ်ဆွဲလှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ ၂၀၀၈ ခြေဥစာအုပ်ကိုလည်း မီးရှို့၍ ဆန္ဒပြခဲ့ကြပြီး ထိုသို့ မီးရှို့နေစဉ် အကြမ်းဖက်တပ်သားများရောက်ရှိလာကာ သေနတ်ဖြင့် ၃ ချက် ပစ်ဖောက်ပြီး လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း Shinobi အဖွဲ့သားများ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြကြောင်းလည်း သိရှိရသည်။ မေလ ၂၈ ရက်နေ့ နေ့ခင်း ၃ နာရီခန့်တွင် ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းအနီး ထွဋ်ခေါင်လမ်းဆုံ၌ ဆီဘောက်ဆာကား ၁ စီး တိမ်းမှောက်ခဲ့ကြောင်းလည်း သိရှိရသည်။ မေလ ၂၇ ရက်နေ့က ရန်ကုန်တွင် PDF ၈ ဦး အလင်းဝင်လာသည်ဟုဆိုကာ လက်ခံလွှဲပြောင်းသည့်အခမ်းအနားကျင်းပခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားပြီး ရန်ကုန်ဝန်ကြီးချုပ်ဆိုသူ စိုးသိန်းနှင့် ရန်ကုန်တိုင်းမှူးဆိုသူ ဇော်ဟိန်းတို့ပါ ပုံမှန်အတိုင်း တက်ရောက်ကြသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် အပြီးဆောက်နိုင်မည်ဟုဆိုထားကြသော ရန်ကုန်-ဒလ မြစ်ကူးတံတားတွင် အစိတ်အပိုင်းတစ်ခု အချိန်မှီမရောက်ပါက ၂၀၂၅ ခုနှစ်မှသာ ပြီးတော့မည်ဟု ဆိုလာပြန်သည်ကိုလည်း စစ်ကောင်စီ လော်ဘီမီဒီယာသတင်းမှ သိရှိရသည်။ စစ်ကောင်စီ၏ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ကျူးကျော်အိမ်များဖျက်ရာတွင် ဘုရားစေတီပါမချန် ဖြိုချဖျက်ဆီးရန် ညွှန်ကြားထားကြောင်း Khit Thit မှ ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဧပြီလတုန်းက ဗဟန်းမြို့နယ် နေအိမ်၌ ပစ်ခတ်ခံရသော်လည်း မသေဆုံးခဲ့ပဲ ရာထူးတိုးခဲ့သည့် စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဌ သန်းသန်းဆွေ မေလ ၂၇ ရက်နေ့ မနက်က ရန်ကုန် ဗဟိုဘဏ်ရုံး၌ ရှိနေခဲ့ပြီး ရန်ကုန်အခြေစိုက်ထိုင်းဘဏ်ခွဲများနှင့် တွေ့ဆုံကာ ငွေလဲလှယ်နှုန်းမြင့်တက်နေသည့်ကိစ္စနှင့် ပက်သတ်၍ အစည်းအဝေးလုပ်ခဲ့ကြောင်း သိရှိရသည်။ #rangoonscoutnetwork
4 45714Loading...
12
DAILY HIGHLIGHTS (28 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့် အရှင် ဖမ်းမိပြီး ဆေးကုပေးစဉ် သေဆုံး – KT ရှေ့တန်းတွင် သေဆုံးပါက ကျပ်သိန်း ၁၀၀ နှင့် မြေ ၁ ကွက်ပေးမည်ဟု စစ်ခေါင်းဆောင် မက်လုံးပေး – DVB 📰 နိုင်ငံရေးထူးခြားသတင်းများ ရက္ခိုင်ပြည်နယ်အရေး မလိုလားအပ်သော လူမျိုးရေးအမုန်းတရားများ မပေါ်ပေါက်စေရေး ဝိုင်းဝန်းကြိုးစားကြရန် NUG ယာယီသမ္မတ တိုက်တွန်း – PS 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ထိုင်းကွန်ဒိုဝယ်ယူမှုတွင် မြန်မာ ဒုတိယအများဆုံးဖြစ်လာ – DVB ထိုင်း-မြန်မာနယ်စပ် တရားမဝင် မှောင်ခိုကုန်သွယ်ရေး ပိုများလာ – DVB ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးများတွင် Visa တုံးထုထားခြင်းမရှိသည့် Passport များအတွက် သက်တမ်းမတိုးပေး – MPA 📰 စီးပွားရေးထူးခြားသတင်းများ မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၅ သောင်းအထိ စျေးတက်သွားပြီး ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက်တွင် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွား – KT 📰 ကျားဖြန့် မြ၀တီတွင် တရုတ်နိုင်ငံသား လင်မယား ၂ ဦးကို တရုတ်ငွေ ယွမ် ၁ သိန်းဖြင့် ကျားဖြန့်လုပ်ငန်းထံသို့ ရောင်းစားခံရမှု တရုတ်ရဲများက အမှုဖွင့် စုံစမ်းနေ – KT ကျားဖြန့် လုပ်ငန်းများ လာအိုနှင့် ကမ္ဘောဒီးယားတွင် တိုးချဲ့လုပ်ကိုင်နေ – DVB 📰 အခြားထူးခြားသတင်းများ နမ့်ခမ်းမြို့ နယ်စပ်ဂိတ်အနီး SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို TNLA ဖယ်ရှား – MN တရုတ်ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွယ်၍ ဖမ်းဆီးထောင်ချ အရေးယူခံရသော ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း ၏နေရာတွင် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေးကို အစားထိုးခန့်အပ် – KT မြစ်ကြီးနားထောင်တွင် တိုက်ပိတ်ခံနေရသူများ ထောင်သုံးနှစ်ခွဲစီ ထပ်ချခံရ – MN #rangoonscoutnetwork
3 0766Loading...
13
🟠 ဒလမြို့နယ် ယနေ့ည ၁၀ နာရီခန့်တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်အတွင်းရှိ အရက်ဆိုင်ရှေ့သို့  အကြမ်းဖက် တပ်သားများ လက်နက်ဖြင့် ရောက်ရှိလာပြီး လာရောက် မေးမြန်းနေသည့်အတွက်အနီးဝန်းကျင်၌ ဧည့်စစ်ဝင်နိုင်‌ချေရှိကြောင်း သတင်း ရရှိသည်။ 28 May 2024 #rangoonscoutnetwork
2 0126Loading...
14
🟠 ဒလမြို့နယ် ယနေ့ည ၁၀ နာရီခန့်တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်အတွင်းရှိ အရက်ဆိုင်ရှေ့သို့  အကြမ်းဖက် တပ်သားများ လက်နက်ဖြင့် ရောက်ရှိလာပြီး လာရောက် မေးမြန်းနေသည့်အတွက်အနီးဝန်းကျင်၌ ဧည့်စစ်ဝင်နိုင်‌ေချ ရှိကြောင်း သတင်း ရရှိသည်။
10Loading...
15
DAILY HIGHLIGHTS (27 May 2024) •••••••••••••••®••••••••••••••• 📰 နိုင်ငံရေးထူးခြားသတင်းများ ရခိုင်အခြေအနေအပေါ် တော်လှန်ရေးနှင့် အဖွဲ့ ၁၉၅ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က မပါဝင်တော့ဘဲ နုတ်ထွက် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာနယ်စပ်မှာရှိနေတဲ့ မော်ရိုကိုနိုင်ငံသား နှစ်ရာကျော်လွတ်ဖို့ အစိုးရကိုတောင်းဆို – RFA မြန်မာ့နိုင်ငံရေး ဖြေရှင်းဖို့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော – MZM မြန်မာက တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အတည်ပြု – RFA 📰 စီးပွားရေးထူးခြားသတင်းများ အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှု မထိန်းနိုင်တော့ သော စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေအဝယ်အရောင်းနှင့် စျေးကစားသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို ဖော်ထုတ်အရေးယူမည်ဟုဆို – KT သက်တော်ရှည်စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးရာထူးမှအနားပေးခံရ – MZM 📰 ကျားဖြန့် စစ်ကောင်စီ လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိဟု USIP ပြော – KT #rangoonscoutnetwork
2 9474Loading...
16
🔴 ဗဟန်းမြို့နယ် ယနေ့ည ၁၀ နာရီခန့်အချိန်တွင် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ မေယုလမ်းအတွင်း၌ ဧည့်စစ်‌ဝင်နေကြောင်း သိရှိရသည်။ _BAHAN Scout & News Channel 27 May 2024 #rangoonscoutnetwork
1 5086Loading...
17
🟠 လှိုင်သာယာမြို့နယ် ယနေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံရပ်ကွက် ဓမ္မာရုံရှေ့၌ DC ၁ စီး၊ Wish ငွေရောင် ၁ စီး၊ ဆိုင်ကယ် ၄ စီးခန့်ဖြင့် အကြမ်းဖက် စစ်သားများရောက်ရှိနေပြီး ဧည့်စစ် ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 27 Mar 2024 #rangoonscoutnetwork
5 35710Loading...
18
⚫ ကမာရွတ်မြို့နယ် ယနေ့ညနေ ၆:၄၅ ခန့်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းဘူတာ၊ ဂုံးတံတားအောက် သံ‌လမ်းဘေးတွင်ထိုင်နေသော လူငယ် ၂ ဦးအား အကြမ်းဖက်ရဲများမှအရပ်ဝတ်များဖြင့် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ - Hlaing Info 27 May 2024 #rangoonscoutnetwork
1 84712Loading...
19
🟡 မင်္ဂလာတောင်ညွန့်မြို့နယ် ယနေ့ည သို့မဟုတ် မနက်ဖြန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော် ရပ်ကွက်၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 27 May 2024 #rangoonscoutnetwork
1 6389Loading...
20
🔴 သင်္ဃန်းကျွန်းမြို့နယ် မေ ၂၇၊ ညနေ ၄ နာရီ ၁၈ မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ စခ DC ၁ စီး၊ အကြမ်းဖက် စစ်သားကားအပြည့်၊ လက်နက်၊ ဝတ်စုံပြည့်ဖြင့် သုမင်္ဂလာလမ်းသို့ ဝင်လာပြီး လမ်းအတွင်းရှိ အိမ်များသို့ တစ်အိမ်ချင်းစီ လိုက်စစ်နေသည်ဟု သတင်းရရှိသည်။ 27 May 2024 #rangoonscoutnetwork
2 16412Loading...
21
🔴 လသာမြို့နယ် မေ ၂၇၊ ညနေ ၃ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်တွင် လသာမြို့နယ်၊ ၁၇ လမ်း (အပေါ်လမ်း)၊ ၁၉ လမ်း၊ မဟာဗန္ဓုလလမ်းပေါ်၊ လမ်းမတော်လမ်းဆုံမှ ၁၉လမ်း (သို့) လသာလမ်းထိပ်အထိ လမ်းပိတ်ချထားပြီး အင်အား အကြမ်းဖက် စစ်သား၊ ရဲအချို့၊ ခွေး DC ၂ စီး၊ ခွေး FAW ၁ စီးဖြင့် အစစ်အဆေး ပြုလုပ်နေသည်ဟု သတင်းရရှိသည်။ 27 May 2024 #rangoonscoutnetwork
1 47914Loading...
22
ရန်ကုန်မှတ်တမ်း (မေ ၂၂ - ၂၆၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၅ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း အာမီရမ်စက်ရုံရှိ ကင်းစခန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ်၊ ပကဖ တပ်ဖွဲ့ ၂ မှ သတင်းထုတ်ပြန်ထားသည်။ မေလ ၂၅ ရက်နေ့တွင်ပင် "သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း" စာသားပါဘန်နာကို ရွှေပြည်သာမြို့နယ် ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီနှင့် NGYSC တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့တစ်နေရာတွင် ချိတ်ဆွဲလှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့တစ်နေရာ၌ ရွှေပြည်သာ သပိတ်ကော်မတီ၊ AJAY နှင့် တော်လှန်လူငယ်တို့ ပူးပေါင်း၍ လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်မှုအခြေအနေ၊ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း အစရှိသည့် ကြွေးကြော်သံများကို မီးတုတ်များကိုင်၍ ဟစ်ကြွေး လှုပ်ရှားခဲ့ကြသည်။ ဗကသများအဖွဲ့ချုပ်ကလည်း အဆိုပါနေ့တွင် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ KMD18, MDF, Owl Community နှင့် လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) တို့ကလည်း အဆိုပါနေ့တွင်ပင် "တော်လှန်ကဆုန် စစ်တပ်ကုန်"၊ "တော်လှန်ရေးရဲဘော်အပေါင်း ဘေးကင်းပါစေ ဆုမွန်တောင်း" စသည့် ကြွေးကြော်ဆုတောင်းစာများဖြင့် ရန်ကုန်မြို့ ဘုရားတစ်ဆူတွင် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခန့်က လှိုင်မြို့နယ်၊ ဗဟိုလမ်း၊ သံလမ်းမှတ်တိုင်အနီးတွင် ဘန်နာတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့၍ဟုဆိုကာ အကြမ်းဖက်တပ်သားများမှ လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ဖမ်းဆီးသွားကြောင်းလည်း သိရှိရသည်။ မေလ ၂၅ ရက်နေ့က လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံရပ်ကွက်၊ ကျွန်းကြီးကျေးရွာရှိ အိမ်ခြေ ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် ရဲများမှ အင်အားအများအပြားဖြင့် ဖျက်ဆီးခဲ့ပြီး ဉာဏ်တော် ၂၄ ပေရှိသည့် ထိုင်တော်မူ ရုပ်ပွားတော်ကိုပါ ဘူဒူဇာများဖြင့် ထိုးချဖယ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၃ ရက်နေ့ မနက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့ကြသေးကြောင်း သိရသည်။ စစ်ပွဲ သို့မဟုတ် ပဋိပက္ခအခြေအနေအတွင်း တစ်သီးပုဂ္ဂလအခွင့်အရေးများကို ဆိုးဆိုးရွားရွားချိုးဖောက်မှုများတွင် ပါဝင်ကူညီနေခြင်းက “လက်ခံနိုင်ဖွယ်မရှိသောအန္တရာယ်” ဟုဆိုကာ Adani Ports and SEZ Ltd က စစ်ကောင်စီလက်အောက်ခံ MEC နှင့်အတူ လုပ်ကိုင်နေသော အလုံဆိပ်ကမ်းသစ်တည်ဆောက်ရေးအတွင်းမှ ရင်းနီးမြှပ်နှံမှုများ ပြန်လည်ထုတ်ယူလိုက်သည်ဟု နော်ဝေနိုင်ငံ Norges Bank က မေလ ၁၅ ရက်နေ့တွင် အသိပေးကြေညာလိုက်ကြောင်း သိရှိရသည်။ ယခုရက်ပိုင်း တောက်လျှောက်လည်း လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးဝန်း၌ Minibus ကားများ အဝင်အထွက်များနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီမှ ဖွင့်လှစ်သည့် တန်းမြှင့်လေကြောင်းလူငယ်သင်တန်းမှ သင်တန်းသားများလည်း စစ်ကြောရေးဝန်းသို့ ရောက်ရှိနေခဲ့ကြပြီး ရန်ကုန်မြို့နေရာအနှံ့ လေ့လာရေးခရီးအဖြစ် လည်ပတ်နေခဲ့ကြသည်။ စစ်မှုထမ်း တတိယအသုတ်အတွက် လူစုဆောင်းမှုများကို မဲနှိုက်၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ၊ ပိုက်ဆံတောင်း လူစားထိုး၍ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက် ဖိအားပေးလုပ်နေကြသည်ကိုလည်း သတင်းရရှိသည်။ #rangoonscoutnetwork
4 58516Loading...
23
DAILY HIGHLIGHTS (26 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ဖူ့ချီမူစခန်း သိမ်းလိုက်၍ မြို့နယ်လေးခုနှင့်ထိုင်း ဆက်စပ်နေသည့် နယ်စပ်ဒေသအား အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ဟု SOF ပြော – PS ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ Y12 ဗုံးကြဲလေယာဉ်ကို KIA ပစ်ချနိုင်ဟု​ဒေသခံနှင့် သတင်းရင်းမြစ်အချို့ပြော – PS ရပ်စောက်တွင် RCSS တပ်ဖွဲ့က မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ကြောင့် SSPP တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိဟု SSPP က ပြော – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကို စိုးရိမ်ကြောင်း တူရကီက ထုတ်ဖော်ပြော – AT 📰 စီးပွားရေးထူးခြားသတင်းများ စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းရန် Digital ငွေကြေးများ၊ ဟွန်ဒီများ အရောင်းဝယ်လုပ်လျှင် အရေးယူမည်ဟု ကြေညာသော်လည်း ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက် – KT 📰 အခြားထူးခြားသတင်းများ ထိုင်းနိုင်ငံ ချင်းမိုင်နှင့်ချင်းရိုင်ရှိ မြန်မာများ ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးတွင် နိုင်ငံကူး လက်မှတ်ကိစ္စဆောင်ရွက်နိုင်မည်ဟု စစ်ကောင်စီပြော – AT BECA ရလဒ်များ ပြန်လည်စစ်ဆေးရန် ငွေသွင်းရမည့်အစီအစဉ်ကို NUGမှ ရပ်ဆိုင်း – MZM စစ်ကောင်စီက အကျဉ်းထောင်အသစ်များ တိုးချဲ့ဆောက်လုပ် – MZM လှိုင်သာယာအနောက်ပိုင်းတွင် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချမှု မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ နှုတ်ဆိတ်နေကြ – KT #rangoonscoutnetwork
3 2727Loading...
24
🔴 ရွှေပြည်သာမြို့နယ် ယနေ့ည ၁၀ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၅/၈ ရပ်ကွက်၊ သီရီမင်္ဂလာပတ်လမ်းနှင့် အမှတ် ဏ/၁၄ ရပ်ကွက်၊ ပန်းခြံ ၂၀ တို့၌ အကြမ်းဖက် တပ်သားများနှင့် လက်အောက်ခံ ရပ်ကျေးအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – SPT Information 26 May 2024 #rangoonscoutnetwork
2 4686Loading...
25
🔴 စမ်းချောင်းမြို့နယ် ယနေ့ည ၁၀:၃၁ ခန့်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ပုသိမ်လမ်းအတွင်း၌ ရဲ မီးတန်း တစ်စီး၊ စစ် SC တစ်စီးဖြင့် အကြမ်းဖက် တပ်သားများမှ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ – Sanchaung Scout Channel 26 May 2024 #rangoonscoutnetwork
8882Loading...
26
🔴 သန်လျင်မြို့နယ် ယနေ့ည ၉:၃၁ ခန့်တွင် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာအနောက်ပိုင်း၌ အကြမ်းဖက် စစ်သားများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – Thanlyin Media (Thanlyin Scout Channel) 26 May 2024 #rangoonscoutnetwork
9321Loading...
27
🟠 တာမွေမြို့နယ် ယနေ့ညတွင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်အတွင်း၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရိရသည်။ – Tamwe Nway Oo Channel 26 May 2024 #rangoonscoutnetwork
8882Loading...
28
DAILY HIGHLIGHTS (25 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ဒေါန တောင်မှ တော်လှန် ရေးတပ်များကို စစ်ကောင်စီ နှစ်ဘက်ညှပ်တိုက်ရန် ကြံစည်နေ။ ဒေါနတောင်ပေါ်၌ နေ့စဉ်တိုက်ပွဲဖြစ်နေဟု ကော်ဘရာပြော – PS 📰 နိုင်ငံရေးထူးခြားသတင်းများ စစ်ရေးပြဿနာများ ဖြစ်ခဲ့သည့် CDF မရာနှင့် MDF တို့ ပေါင်းစည်းရေး သဘောတူ – PS ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ပကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ AA က ကန့်ကွက် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံမှ IL 76 ကုန်တင်လေယာဉ်များဖြင့် နေပြည်တော်အေလာလေတပ်ထဲသို့ တိုက်ရိုက်ဆင်းသက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဆက်မပြတ်ပို့ဆောင်နေ – KT ချင်းမိုင်နှင့် ချင်းရိုင်မှ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို ဗန်ကောက်ရှိ မြန်မာသံရုံးတွင် ပြုလုပ်ပေးတော့မည် မဟုတ် – MZM ရခိုင်အရေးပူပန်မိဟု အီးယူနှင့် မဟာမိတ်နိုင်ငံများ ပူးတွဲကြေညာ – DVB 📰 စီးပွားရေးထူးခြားသတင်းများ ကမ္ဘာ့ရွှေစျေးကျသော်လည်း မြန်မာ့ရွှေစျေး ကျဆင်းခြင်းမရှိဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၂ သိန်း ၃ သောင်းဖြင့် စံချိန်တင် စျေးထပ်တက်ပြန် – KT မြန်မာနိုင်ငံတွင်းက ဂျပန်စီမံကိန်းများ စစ်ကောင်စီကို ဆက်လက်ထောက်ပံ့ ကူညီနေဆဲဟု လူ့အခွင့်အရေးအဖွဲ့ပြော – KT ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်လျှင် အရေးယူမည်ဟု ဗဟိုဘဏ်ထုတ်ပြန် – DVB 📰 ကျားဖြန့် ကရင်နယ်ခြားစောင့်တပ်- BGF နှင့် စစ်ကောင်စီတို့၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအပေါ် APHR အကြီးအကျယ် စိတ်ပျက်ကြောင်း ထုတ်ပြန် – KT 📰 အခြားထူးခြားသတင်းများ ကွယ်လွန်သူဝိုင်းကျော်အမည်သုံး၍ လိမ်လည် အလှူခံမှူများရှိနေဟု ဟားငါးကောင်အဖွဲ့ အသိပေး – PS #rangoonscoutnetwork
4 0429Loading...
29
⚫️ မင်္ဂလာဒုံမြို့နယ် ယနေ့မနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာဝင်းထဲက ဥဿာလမ်းမရောက်ခင် ဓါတ်တိုင် ၂ တိုင် လောက်မှာ စတားလိုက် ၁ စီးကို ရခ ၂ ကောင် ဆိုင်ကယ်နဲ့ ရှေ့ကဖြတ်ပိတ်ပြီးတော့ ဒါရိုက်ဘာကို ကားပေါ်ကဆွဲချပြီး လက်နောက်ပြန် လက်ထိပ်ခတ်ထားကြောင်း သတင်းရရှိသည်။ 26 May 2024 #rangoonscoutnetwork
8336Loading...
30
🔴 ရွှေပြည်သာမြို့နယ် ယနေ့ည ၉:၅၃ ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ အုပ်ဖို၌ အဆောင်များအား အဓိကထား၍ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – SPT Information 25 May 2024 #rangoonscoutnetwork
2 7358Loading...
31
⚫️ ကမာရွတ်မြို့နယ် ယနေ့ညနေ ၅ နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ ရတနာလမ်း၊ အိမ်အမှတ် ၃၈ သို့ အကြမ်းဖက် ရဲသားများနှင့် အရပ်ဝတ်များ ရောက်ရှိလာပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး တစ်ဦးအား အကြောင်းမဲ့ ဖမ်းသွားကြောင်း သိရှိရသည်။ – Kamayut Information Scout Channel - KISC 25 May 2024 #rangoonscoutnetwork
2 71910Loading...
32
🔴 မင်္ဂလာတောင်ညွန့်မြို့နယ် ယနေ့ည ၉:၄၀ ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း မီးရထားရပ်ကွက်အတွင်း၌ အကြမ်းဖက် စစ်သား ၅ ယောက်၊ ရဲ ၅ ယောက်နှင့် အကြမ်းဖက် လက်အောက်ခံအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – MGTN Spring News and Scout Channel 25 May 2024 #rangoonscoutnetwork
1 8774Loading...
33
🟠 တာမွေမြို့နယ် ယနေ့ည ၉:၁၇ ခန့်တွင် တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ ကျောက်မြောင်း စခန်း ၄၀ ဘေး၊ လမ်း ၁၅၀ အတွင်းရှိ ရပ်ကွက်ရုံး၌ စစ် DC ၂ စီးဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိနေသဖြင့် အရိုးကုန်းရပ်ကွက်နှင့် ပျားရည်ကုန်း ရပ်ကွက်အတွင်း၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 25 May 2024 #rangoonscoutnetwork
2 2915Loading...
34
🔴 မင်္ဂလာတောင်ညွန့် မြို့နယ် * မေ ၂၄၊ ည ၁၁ နာရီဝန်းကျင်ခန့်တွင် ဖို့မြေရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်းပေါ်၊ ဘက်အခြမ်းကို စစ်ခွေး၊ ရဲခွေးများဖြင့် ဧည့်စာရင်းစစ်သွားခဲ့သည်ဟု သိရ။ – MGTN Spring News and Scout Channel 25 May 2024 #rangoonscoutnetwork
1 8445Loading...
35
DAILY HIGHLIGHTS (24 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ စစ်ကောင်စီတပ်သား နှစ်ဆယ်သေ၊ ၄၈ ဦး လက်နက်ချပြီး ၃၁ ဦး ထိုင်းနိုင်ငံဘက်ပြေး – RFA တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်သား ၄၀ ဝန်းကျင်အရှင်ဖမ်းမိပြီး လက်နက် ၁၀၀ ကျော်ရရှိကာ သေဆုံးသူ စစ်သား ၂၀ ဝန်းကျင်ရှိ – KT စစ်ဆင်ရေးများပိုမိုအားကောင်းလာစေရန် တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်း – PS တစ်နှစ်ခွဲကျော်ကြာ သင်ကြားလေ့ကျင့်ထားတဲ့ အရာရှိသင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA)က ပထမဆုံး ရခိုင်မှာ ကျင်းပ – MKN CDF မတူပီက ၁၀ မိုင်အထိပစ်နိုင်သည့် တာဝေးပစ်ဒုံး အောင်မြင်စွာထုတ်လုပ် – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာ့အရေး ပြေလည်မှုရဖို့ မဆုတ်မနစ် ကြိုးစားနေကြောင်း ထိုင်းဝန်ကြီးချုပ် ဖွင့်ဟ – MKN စစ်တပ်သို့ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းကိရိယာများ စီးဆင်းမှုကို ဟန့်တား/ရပ်တန့်ရန် နိုင်ငံတိုင်းကို အီးယူနှင့် ၉ နိုင်ငံ ပူးတွဲတိုက်တွန်း – PS 📰 စီးပွားရေးထူးခြားသတင်းများ စစ်တပ်လက်အောက်ခံ MEC နှင့် ရန်ကုန်အလုံ ဆိပ်ကမ်းသစ် တည်ဆောက်ရေး လုပ်ဆောင်နေသော Adani Ports and SEZ Ltd မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထုတ်ယူဟု Norges Bank က ကြေညာ – KT 📰 အခြားထူးခြားသတင်းများ သံတောင်ကြီး၊ ဘုရင့်နောင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်အောင်က မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး တပ်တွင်းဖိနှိပ်မှုများ လုပ်ဆောင် – KT ဘူသီးတောင်နှင့် မောင်တောမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၂ သိန်းခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်သော်လည်း ဘာသာ၊ လူမျိုး မခွဲခြားဘဲ ကူညီစောင့်ရှောက်ပေးထားဟု AA ထုတ်ပြန် – KT မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ပြင်းထန်နေမှုကြောင့် ရန်ကုန်တွင် အောက်တိုဘာလ ကျင်းပရန် စီစဉ်ထားသည့် Miss Grand International 2024 အလှမယ်ပြိုင်ပွဲကို ဖျက်သိမ်းဟု ကြေညာ – KT ရှမ်းမြောက်မှာ တအာင်းပညာရေးကောင်စီက ကျောင်းပေါင်းငါးရာနီးပါးဖွင့်ဖို့ပြင်ဆင် – RFA အကျဉ်းထောင်များတွင် အကျဉ်းသူများ၏ မိသားစုဝင်မဟုတ်ပါက ထောင်ဝင်စာ ပါဆယ်မပို့ရဟု စစ်ကောင်စီက ကန့်သတ်လိုက်မှု နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအတွက် ပိုမို အခက်အခဲဖြစ်စေ – KT ပဲခူးမြို့နယ်တွင် စစ်ကောင်စီက အကျဉ်းထောင်သစ်ဆောက်နေ – PS #rangoonscoutnetwork
3 4585Loading...
36
DAILY HIGHLIGHTS (23 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မောင်တော၊ ၄ မိုင်တပ်စခန်းကို AA သိမ်းလိုက်ပြီဟု သိရှိရပြီး လက်နက်သိမ်းဆည်းရရှိသော ဗီဒီယို ပြန့်နှံ့နေ – KT ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ရခိုင်၊ ဂွမြို့သို့ ပို့ဆောင် – MZM ရေဇွာမြို့အပါအဝင် ဇုံတုန်နယ်မြေတခုလုံး စစ်ကောင်စီယန္တရား ကင်းစင် – DVB ကချင်ပြည်နယ်တွင် နှစ်လခွဲကျော်ကြာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏တပ်စခန်း ၁၀၀ ကျော်ကို KIA က သိမ်းပိုက်ရရှိထား။ နယ်စပ်မြို့ လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့ အပါအဝင် မြို့များကို KIO က အပြည့်အ၀ ထိန်းချုပ်ထားပြီး အဓိက လမ်းမကြီးများနှင့် နယ်မြေစိုးမိုးမှုများ KIA လက်အောက်သို့ကျရောက် – KT ၄ လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၈၀၀ ကျော်ပြုလုပ် – DVB 📰 နိုင်ငံရေးထူးခြားသတင်းများ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက GSC အထွေထွေ သပိတ်ကော်မတီတွင် ပူးပေါင်းပါဝင်မှုမှ ယာယီရပ်နားမည်ဟု ကြေညာ – KT 📰 စီးပွားရေးထူးခြားသတင်းများ ကမ္ဘာ့ရွှေဈေးကျသော်လည်း မြန်မာ့ရွှေဈေး ဆက်တက် – DVB မြစ်ဆုံစီမံကိန်းပြန်စရန် ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း – DVB ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ဘီလီယံပင် မပြည့် – DVB 📰 အခြားထူးခြားသတင်းများ အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန် – MKN ခြံအမှတ် ၅၄ နေအိမ် လေလံကြမ်းခင်းဈေး ဦးအောင်ဆန်းဦးဘက်က ဈေးလျှော့တင်ပြ – RFA #rangoonscoutnetwork
2 3976Loading...
37
⚫️ လှိုင်သာယာမြို့နယ် ယနေ့ည ၁၀:၂၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်ရွာအတွင်း၌ ကားတစ်စီးဖြင့် အကြမ်းဖက် စစ်သား ၄ ယောက်၊ ရဲ ၃ ယောက်၊ ယူနီဖောင်းဝတ် တစ်ယောက်နှင့် ရပ်ကျေးအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်ခဲ့ပြီး ဧည့်စာရင်းမတိုင်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအား ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ 23 May 2024 #rangoonscoutnetwork
5 97715Loading...
38
🔴 ကမာရွတ်မြို့နယ် ယနေ့ည ၈နာရီ၄၅မိနစ်မှ၉နာရီ၅၀မိနစ် အချိန်အတွင်း ကမာရွတ်မြို့နယ်၊ ၅ရပ်ကွက်၊ အောင်သုခလမ်းထဲရှိ တိုက် တစ်တိုက်အား စစ်DC ၁စီး၊အိမ်စီးကား ၁စီးတို့ဖြင့် ရှောင်တစ်ခင်ဧည့်စစ်၀င်ခဲ့ကြောင်းသိရှိရသည်။ 23 May 2024 #rangoonscoutnetwork
9984Loading...
39
🟠 သင်္ဃန်းကျွန်းမြို့နယ် ယနေ့ည ၁၀:၂၁ ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၂၉ ရပ်ကွက်၊ ကောက်လျင်လမ်းအတွင်းသို့ စစ် DC ၂ စီးဖြင့် အကြမ်းဖက် တပ်သားများ ဝင်ရောက်သွားသည့်အတွက် အနီးဝန်းကျင်၌ ဧည့်စစ်နိုင်ချေ ရှိကြောင်း သတင်းရရှိသည်။ 23 May 2024 #rangoonscoutnetwork
2 4306Loading...
40
🔴 အလုံမြို့နယ် ယနေ့ နေ့လည်တွင် အလုံမြို့နယ်၊ စောရန်ပိုင်တောင် ရပ်ကွက်၊ သစ်တောလမ်းနှင့် ‌ဈေးလမ်းထောင့်အနီးရှိ နေအိမ်များ၌ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ 23 May 2024 #rangoonscoutnetwork
2 5678Loading...
DAILY HIGHLIGHTS (30 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မတူပီ ခရိုင်ရုံးကို CDF-မတူပီ သိမ်းပိုက်၊ ဝိုင်းမော် ခလရ ၆၈ နှင့် မြို့မရဲစခန်းကို KIA တိုက်ခိုက် – DVB ဖားဆောင်းနှင့်ဖာပွန်ရှိ လက်ကျန်စစ်စခန်းများကို အပြီးသိမ်းရန် တော်လှန်ရေးအင်အားစုများ ကြိုးပမ်း – DVB ရှမ်းမြောက်နှင့်ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသ၌ KIAက တပ်မဟာအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်း – PS တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းနေသည့် စစ်ကောင်စီတပ်ဖွဲ့အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် မင်းအောင်လှိုင်က သတ်မှတ်ဟု အမိန့်ထုတ် – KT ဗိုလ်လောင်းများ ထွက်မပြေးအောင် ထိန်းကျောင်းအုပ်ချုပ်ရန် စစ်ခေါင်းဆောင်ပြော – DVB လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင် – RFA ကလေးမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်ဘက်က ဒုတပ်ရင်းမှူး အသေဖမ်းဆီးခံရ – MZM 📰 နိုင်ငံရေးထူးခြားသတင်းများ ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်တို့မှ ဒိုင်ရ်နယ်မြေများကို ပေါင်းစည်အုပ်ချုပ်ရန် ဒိုင်ရ်ဒေသန္တရကောင်စီ ဖွဲ့စည်း၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)ကိုလည်း ဖွဲ့စည်းထူထောင်မည် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရုရှားက မြန်မာနဲ့ကာဂျစ္စတန်မှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ဖြစ်နိုင်ချေလေ့လာမှုတွေ ပြုလုပ် – AT မလေးရှားရောက် မြန်မာတစ်ထောင်ကျော် ဖမ်းဆီးခံထားရ – RFA 📰 စီးပွားရေးထူးခြားသတင်းများ ခေတ်မမီတော့သည့် ကုန်ပစ္စည်း ဖလှယ်သည့် Barter စနစ် စစ်ကောင်စီ ပြန်ကျင့်သုံး – DVB စစ်ကောင်စီက နိုင်ငံခြားငွေ မသုံးလို၍ Barter စနစ်ကို အသုံးပြုလိုသော်လည်း ကုန်သွယ်ဖက်နိုင်ငံလက်ခံမှသာ ကုန်စည်ဖလှယ်စနစ်အသက်ဝင်နိုင်မည် – AT အာဆီယံတွင် လူတဦးချင်း ဝင်ငွေအနိမ့်ဆုံးနိုင်ငံအဖြစ် မြန်မာ ရပ်တည် – DVB တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ခြောက်သောင်းကျော်အထိမြင့်တက် – RFA အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ – KT အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်းများကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန် – KT စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ – KT မြန်မာ့ရွှေဈေး ဆယ်ရက်အတွင်း ကျပ်ရှစ်သိန်း မြင့်တက် – RFA နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေး ထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်း အတည်ပြု – KT 📰 အခြားထူးခြားသတင်းများ ဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ – RFA မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ – KT SSPP တပ်ဖွဲ့ဝင်များကို TNLA က မူဆယ်ဘက်သို ပြန်လည်ပို့ဆောင်ခြင်းသည် နှစ်ဖက်ဆွေးနွေးမှုအရ ပို့ဆောင်ခြင်းဖြစ် – AT လမ်း၊တံတားကြေးများ တိုးမြှင့် ကောက်ခံရန် စစ်ကောင်စီ ညွှန်ကြား – PS လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်း သုံးခုရှိ နိုင်ကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ – MPA #rangoonscoutnetwork
Показати все...
👍 2 1
Фото недоступнеДивитись в Telegram
ရန်ကုန်မှတ်တမ်း (မေ ၂၉ - ၃၀၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၉ ရက်နေ့ညက တောင်ဥက္ကလာမြို့နယ်တွင်း၌ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာမြို့နယ်ရှိ စစ်ကောင်စီ၏ မြဝတီဘဏ်အနီးတွင် ဗုံးပေါက်ခဲ့ပြီး Yangon Army တပ်ဖွဲ့နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတပ်ဖွဲ့တို့မှ အဆိုပါဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့နောက် ည ၁၁ နာရီခန့်၌လည်း ကျယ်လောင်သည့် ဗုံးပေါက်ကွဲသံများ ထပ်ကြားလိုက်ရပြီး Operation Flame (OF) မှ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၁၄ ရပ်ကွက်ရုံး၌ တစ်ကြိမ်နှင့် ည ၁၁ နာရီ ၃ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၃ ရပ်ကွက်ရုံး၌ တစ်ကြိမ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မေလ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်က မှော်ဘီမြို့နယ်၊ တက်ကြီးကုန်းကျေးရွာ၊ ပြည်လမ်းနှင့် ကျောင်းကြီးလမ်းထောင့်အနီးတွင် ဗုံး ၂ လုံးတွေ့လို့ဟုဆိုကာ အကြမ်းဖက်တပ်သားများ ရောက်လာပြီး ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း စစ်ကောင်စီ လော်ဘီမီဒီယာတွင် ဖော်ပြထားသည်။ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းတဝိုက်၌ သေနတ်ပစ်ခတ်သံ ၆ ချက်ခန့်ကြားလိုက်ရကြောင်း သတင်းရရှိသည်။ ဘောလုံးကွင်းအနီးရှိ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိထားရပြီး နောက်ဆက်တွဲဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။ ဒလမြို့နယ်၊ အနီးချောင်းရွာ၌ စစ်မှုထမ်းအတွက် အမျိုးသမီးများပါ မဲနှိုက်ရမည်ဟု အုပ်ကြီးမှ ခြိမ်းခြောက်ပြောဆိုနေကာ မဲမနှိုက်လိုပါက တစ်ဦးလျှင် ကျပ် ၁၂၀,၀၀၀ ဆီ ပေးဖို့ တောင်းနေကြောင်း MPA မှ သိရှိရသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ လူအဖမ်းအဆီးများနေပြီး စစ်မှုထမ်း တတိယသုတ်အတွက် လူစုဆောင်းနေပုံရသည်။ အိမ်လိပ်စာအတိအကျဖြင့် လိုက်လံဖမ်းခေါ်နေသည်များလည်း ရှိသကဲ့သို့ လမ်းမပေါ် သွားလာနေသူများကို အကြောင်းမဲ့ ဖမ်းဆီးသွားသည့်ဖြစ်စဉ်များလည်း အများအပြားရှိနေသည်။ NLD ပါတီ နာယက ဦးတင်ဦး ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသနေရကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ညက ဦးတင်ဦး သေဆုံးသွားပြီဟူသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သေးသည်။ #rangoonscoutnetwork
Показати все...
👍 6 1
⚫️ ဒေါပုံမြို့နယ် ယနေ့ည ၉ နာရီခန့်တွင် ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းမပေါ မေတ္တာလမ်းထိပ်၌ စစ်ကားတစ်စီးဖြင့် အကြမ်းဖက် တပ်သားများမှ အမျိုးသားငယ် ၄ ဦးခန့်အား အကြောင်းမဲ့ ကားပေါ် ဖမ်းခေါ်သွားကြောင်း ကနဦး သတင်းရရှိသည်။ 30 May 2024 #rangoonscoutnetwork
Показати все...
🔥 2
⚫️ သာကေတမြို့နယ် မေ ၂၉ ရက်နေ့ည ၉ နာရီ ဝန်းကျင်ခန့်တွင် သာကေတမြို့နယ်၊ ၁၀ တောင်နှင့် ၁၀ မြောက်ရပ်ကွက်အတွင်းရှိ လမ်းများအတွင်းသို့ စစ် Faw ကားနှင့် စစ် DC ဖြင့် အကြမ်းဖက် တပ်သားများ ဝင်ရောက်ခဲ့ပြီး လမ်းပေါ်ရှိ လူငယ် ၆ ဦးခန့်အား ဖမ်းခေါ်သွားခဲ့ကြောင်း သတင်းရရှိသည်။ 30 May 2024 #rangoonscoutnetwork
Показати все...
🤬 4👍 1
🔴 ဗိုလ်တထောင်မြို့နယ် ယနေ့ည ၁၀:၂၀ ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းမပေါ်ရှိ ဘိုကလေးဈေးလမ်းထောင့် Fudo မုန့်ဆိုင်ရှိသည့် တိုက်၌ အကြမ်းဖက် တပ်သားများမှ ဝင်ရောက်၍ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရှိရသည်။ – Botahtaung Scout Channel 30 May 2024 #rangoonscoutnetwork
Показати все...
👍 1

7👍 1🔥 1
🟠 သာကေတမြို့နယ် ယနေ့ည သာကေတမြို့နယ်၊ ၁၀ တောင် ၁၀ မြောက်ရပ်ကွက်တွင် ဧည့်စစ်ဝင်နိုင်ပြီး စစ်မှုထမ်းအတွက်လူခေါ်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 29 May 2024 #rangoonscoutnetwork
Показати все...