Kapable English Self-Study
Відкрити в Telegram
IELTS , General 4 skills ဖြစ်ဖြစ်၊ 21 ရာစုမှာ လူငယ်တိုင်း သိထားသင့် ဖတ်ထားသင့်တဲ့ စာအုပ်တွေ down ချင်ရင်ပဲဖြစ်ဖြစ် ဒီ channel ကို join ထားလို့ရပါတယ်ခင်ဗျ။ 😀
Показати більше3 476
Підписники
Немає даних24 години
+107 днів
+3130 днів
Триває завантаження даних...
Схожі канали
Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
вересень '25
вересень '25
+35
в 0 каналах
серпень '25
+77
в 0 каналах
Get PRO
липень '25
+53
в 0 каналах
Get PRO
червень '25
+45
в 0 каналах
Get PRO
травень '25
+72
в 0 каналах
Get PRO
квітень '25
+67
в 0 каналах
Get PRO
березень '25
+79
в 0 каналах
Get PRO
лютий '25
+70
в 0 каналах
Get PRO
січень '25
+148
в 0 каналах
Get PRO
грудень '24
+125
в 0 каналах
Get PRO
листопад '24
+103
в 0 каналах
Get PRO
жовтень '24
+119
в 0 каналах
Get PRO
вересень '24
+187
в 0 каналах
Get PRO
серпень '24
+280
в 0 каналах
Get PRO
липень '24
+169
в 0 каналах
Get PRO
червень '24
+202
в 0 каналах
Get PRO
травень '24
+495
в 0 каналах
Get PRO
квітень '24
+112
в 0 каналах
Get PRO
березень '24
+173
в 0 каналах
Get PRO
лютий '24
+168
в 1 каналах
Get PRO
січень '24
+187
в 0 каналах
Get PRO
грудень '23
+167
в 0 каналах
Get PRO
листопад '23
+57
в 0 каналах
Get PRO
жовтень '23
+1 091
в 0 каналах
| Дата | Залучення підписників | Згадування | Канали | |
| 20 вересня | +2 | |||
| 19 вересня | +5 | |||
| 18 вересня | +2 | |||
| 17 вересня | 0 | |||
| 16 вересня | 0 | |||
| 15 вересня | +5 | |||
| 14 вересня | +1 | |||
| 13 вересня | 0 | |||
| 12 вересня | +5 | |||
| 11 вересня | +1 | |||
| 10 вересня | +2 | |||
| 09 вересня | +1 | |||
| 08 вересня | 0 | |||
| 07 вересня | +5 | |||
| 06 вересня | 0 | |||
| 05 вересня | 0 | |||
| 04 вересня | +1 | |||
| 03 вересня | +2 | |||
| 02 вересня | 0 | |||
| 01 вересня | +3 |
Дописи каналу
| 2 | https://t.me/requestandread
လိုချင်တဲ့ english novel တွေ request လုပ်နိုင်ပါတယ်ခင်ဗျ၊ အားတဲ့အချိန် share ပေးပါ့မယ်၊ မည်သူမဆို ဝင်ရောက်ပြီး share လို့လည်းရပါတယ်။ | 555 |
| 3 | ငလျင်ဒဏ်ကြောင့်မို့လို့ အပြင်မှာသင်တဲ့ YLE အတန်းတွေ အပြီးပိတ်လိုက်ပါပြီခင်ဗျ။ အိမ်မှာ ကွန်ကရစ် တိုင်တွေကျိုးသွားလို့ပါ။ ဘာအတန်းမှ ဆက်မဖွင့်ဖြစ်သေးပါဘူး။
ကျွန်တော့သင်တန်းက အရှိန်အမြင့်ဆုံးအချိန်မှာ ဆရာဆရာမ ၇ ယောက်ကို တစ်ပြိုင်ထဲအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကလေးတွေလည်း စျေးသက်သက်သာသာနဲ့ လုံခြုံမှုရှိရှိ ပညာသင်ကြားနိုင်ခဲ့ပါတယ်။
ကိုယ့်အတွက်တော့ အမြတ်မကျန်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်တော့ အကျိုးပြုနိုင်ခဲ့ပါတယ်။
အခုတော့ တခြားနည်းနဲ့ပဲ လူ့အဖွဲ့အစည်းကို Contribute လုပ်ပါတော့မယ်။ | 574 |
| 4 | Twisted Love (Twisted 1) (Ana Huang) (Z-Library).epub | 536 |
| 5 | The Midnight Library (Matt Haig) (Z-Library).pdf | 520 |
| 6 | Somewhere in La Mancha, in a place whose name I do not care to remember…
နဲ့ အစချီတဲ့ ကမ္ဘာ့ပထမဆုံး ခေတ်သစ်ဝတ္ထုအမျိုးအစားပါ။
ဒီဘက်ခေတ် လူငယ်တွေက Batman နဲ့ Robin အတွဲဆိုသိကြမယ်။
Batman က အဓိက hero ဖြစ်ပြီး Robin က အကူ sidekick ဖြစ်ပါတယ်။
အခု Don Quixote ဝတ္ထုက အဲ့ hero အတွဲ ပုံစံရဲ့ ပထမဆုံး ဝတ္ထုအမျိုးအစား ဖြစ်ပါတယ်။ | 526 |
| 7 | Немає тексту... | 501 |
| 8 | The Dark Hours (Michael Connelly) (Z-Library).epub | 435 |
| 9 | Немає тексту... | 399 |
| 10 | Whipples Castle (Williams Thomas) (Z-Library).epub | 429 |
| 11 | Немає тексту... | 422 |
| 12 | Intern ဆင်းရင်းနဲ့ Hypothyroid လူမမာ၁ယောက် Calcium လိုအပ်နေလို့ Calcium ကြွယ်ဝတဲ့အစားအစာတွေ စားသောက်ပုံတွေကို သာမန်အရပ်သား လူမမာတွေ နားလည်အောင် အကြမ်းရေးထားတာလေး ပြန်ဝေမျှလိုက်ပါတယ်။
ကယ်လ်စီယမ်က အရိုးတွေ သန်မာဖို့၊ သွားတွေ ကျန်းမာဖို့၊ ကြွက်သားတွေ ကောင်းကောင်း အလုပ်လုပ်ဖို့နဲ့ သွေးကြောတွေ သန်စွမ်းဖို့ အတွက် အရေးကြီးပါတယ်ခင်ဗျ။
အထူးသဖြင့် ကလေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် ဒီဓာတ်ကို ပိုပြီး ဂရုစိုက်ပေးရပါမယ်။
အောက်ပါ အစားအစာတွေမှာ ကယ်လ်စီယမ်ဓါတ်ကြွယ်ဝလို့ ၁နေ့တာမှာ ထည့်ပြီး စားကြည့်ပါ။
1. နို့ (နို့ရည်)
နွားနို့၊ ဆိတ်နို့လို နို့တွေမှာ ကယ်လ်စီယမ်အများကြီး ပါပါတယ်ခင်ဗျ။
တစ်နေ့ကို တစ်ခွက် (မီလီလီတာ ၂၅၀ လောက်) သောက်ပေးရင် အရိုးတွေ သန်မာဖို့ အထောက်အကူပြုပါတယ်။
နို့မသောက်ချင်ရင် နို့ရည်ထဲ ဆန်ပြုတ်ထည့်ပြီး ချက်စားလို့လည်း ရတယ်။ နို့ထမင်းလည်း စားလို့ရပါတယ်ခင်ဗျ။
2. နို့ထွက်ပစ္စည်းများ (နွားနို့ခဲ၊ ဒိန်ချဉ်)
နွားနို့ခဲက ကယ်လ်စီယမ်အများကြီး ပါတာမို့ နည်းနည်းစားရုံနဲ့ အာဟာရဓာတ်ပြည့်တယ်။
ငယ်ငယ်ကစားခဲ့သလို နွားနို့ခဲကို ထန်းလျက်ရည် လက်ဖက်စားဇွန်း ၁ဇွန်းနဲ့တွဲစားလို့ ရတယ်။ (မြို့ကြီးတွေမှာ ဒီလိုတွဲဖက်စားတာတွေ နည်းသွားပြီ)
အချိုတော့လျော့ပါ။
ခရမ်းချဥ်သီး၊ ဆီနည်းနည်း နဲ့လည်း နွားနို့ခဲချက် ချက်စားလို့ရတယ်။
ဒိန်ချဉ်ကတော့ အူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ သကြားနည်းနည်းထည့်ပြီး သီးစုံနဲ့တွဲစားရင် ပိုအရသာရှိတယ်။ အာဟာရပိုရတယ်ခင်ဗျ။
3. ငါးသေးသေးလေးတွေ (အရိုးပါတဲ့ ငါး)
ငါးသေးသေးလေးတွေမှာ ကယ်လ်စီယမ်အများကြီး ပါတယ်။ အရိုးကိုပါ ဝါးစားလို့ရတာမို့ ပိုကောင်းတယ်။
ဥပမာ၊ ဆားအများကြီးမပါတဲ့ ငါးခြောက်ကို ဆီနည်းနည်းနဲ့ ကြော်ပြီး ထမင်းနဲ့တွဲစားလို့ရတယ်။ ဒါမှမဟုတ် ဟင်းချိုထဲ ထည့်ချက်လည်း ရတယ်။
ငါးအသေးလေးတွေကို ဟင်းနုနွယ်ဟင်းချိုနဲ့ တွဲစားလည်း လိုက်ဖက်တယ်။
ဒါမှမဟုတ် ငါးအသေးလေးတွေနဲ့ ကြက်ဥမွှေ လုပ်စားရင်လည်း ကယ်လ်စီယမ် ၊ ကြက်ဥအနှစ်မှာ ဗီတာမင် ဒီ ပါပါတယ်။
ဒီလို ငါးသေးသေးလေးတွေကို တစ်နေ့ လက်တစ်ဆုပ်လောက် စားပေးရင် ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ ရပါတယ်။
အရိုးကို ဝါးစားလို့ရအောင် သေချာ ချက် ပြုတ်ပြီး ကောင်းကောင်းဝါးပေးပါ။ ဒါမှ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က အပြည့်အဝ ရမယ်ခင်ဗျ။
4. ပဲအမျိုးမျိုး
ပဲတွေမှာ ကယ်လ်စီယမ်အပြင် ပရိုတင်းဓာတ်လည်း ပါတယ်။ အသားစားတာထက် ကျန်းမာရေးနဲ့ ပိုအဆင်ပြေတယ်။
ပဲကို ဟင်းချိုချက်တာ၊ ပဲကြာဇံ ချက်စားတာမျိုး ပြင်ဆင်လို့ရတယ်။
ဆီကို နည်းနည်းပဲ သုံးပါ။
5. အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ပန်းဂေါ်ဖီ၊ မုန်ညင်း၊ ဟင်းနုနွယ်၊ ကိုက်လန်လို အရွက်တွေမှာ ကယ်လ်စီယမ်တင်မကဘဲ ဗီတာမင်တွေလည်း ပါတယ်။
ဒီဟင်းရွက်တွေကို ရေနွေးနဲ့ ပြုတ်ပြီးဖြစ်ဖြစ် ဆီနည်းနည်းနဲ့ဖြစ်ဖြစ် ချက်စားလို့ရတယ်။ ဒါမှမဟုတ် ဟင်းချိုထဲ ထည့်ပြီး ချက်လည်း အဆင်ပြေတယ်။
တစ်နေ့ကို အနည်းဆုံး တစ်ခွက်စာ (လက်တစ်ဆုပ်လောက်) စားပေးပါ။
နေ့တိုင်း ဒီအစားအစာတွေထဲက တစ်မျိုး၊ နှစ်မျိုးလောက် ထည့်စားပေးပါ။ တစ်ခါတည်း အများကြီး မစားနဲ့၊ တစ်ခါပြင်စားစီ ခွဲစားရင် အူလမ်းကြောင်းက ပိုစုပ်ယူနိုင်တယ်။
ဆေးလိပ်၊ အရက်တွေ များများသောက်ရင် ကယ်လ်စီယမ်ဓာတ် ဆုံးရှုံးပါမယ်ခင်ဗျ ။
ကော်ဖီ၊ လက်ဖက်ရည် နဲ့လည်း ကယ်လ်စီယမ်ကြွယ်ဝတဲ့အစာတွေနဲ့ တွဲ မစားပါနဲ့။
ဒီလိုစားရင် အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေကို ကာကွယ်ပြီး ကျန်းမာသန်စွမ်းပါတယ်။ နေ့စဉ် ဂရုစိုက်စားပေးပါ ခင်ဗျာ။
Dr. Kaung Pyae Sone
Clinical Dietetics Intern | 557 |
| 13 | Brown Skin, White Masks (Hamid Dabashi).zip | 670 |
| 14 | Немає тексту... | 670 |
| 15 | Cele ၁ယောက်က အမျိုးသားအားဆေးဆိုပြီး ဖရဲသီး၊ ဂျင်းနဲ့ ရှားစောင်းလပတ် ကို ဖျော်သောက်တဲ့ video တွေ့လိုက်တယ်။
ဂျင်းမှာ အမျိုးသားအားတိုးဖို့ ဘာအာနိသင်မရှိပါဘူး၊ ရှားစောင်းလပတ်မှာကလည်း အခြားဆေးပတ်ဝင်တဲ့အပိုင်းတွေ ရှိမယ်။
ဖရဲသီး မှာတော့ L-citrulline ဆိုတဲ့ သွေးလည်ပတ်မှုကောင်းတဲ့ အမိုင်နိုအက်စစ် ၁မျိုးပါတယ်။
သူက သီအိုရီအရ အားတိုးစေတာမှန်တယ်၊
ဒါပေမယ့် ဖရဲသီး၁လုံးလုံးထိုင်စားမှသာ Citrulline 3000 mg ရပြီး အလုပ်ဖြစ်မှာပါ။
အဲ့တော့ ဖရဲသီး တစ်စိပ် တစ်ခြမ်းလောက်နဲ့ တော့ အားတိုးနိုင်မယ်မဟုတ်ပါခင်ဗျ။
ဘယ်သူမှ အများကြီးမစားနိုင်တဲ့အတွက် Citrulline ကို
ဖြည်စွက်စာ အနေနဲ့လည်း ထုတ်ပါတယ်။
ဒီကိစ္စက သီအိုရီအရ သုံးသပ်မှုပဲဖြစ်ပါတယ်၊ ခိုင်မာတဲ့ သုတေသနအထောက်အထားတွေတော့ မရှိသေးပါဘူး။
အမျိုးသားအားတိုးဆေးတင်မဟုတ်ပဲ အားကစားသမားတွေအနေနဲ့လည်း ပြိုင်ပွဲမှာ စွမ်းဆောင်ရည်မြင့်အောင် citrulline ကို သုံးလို့ရကောင်းရနိုင်ပါတယ်။ Sports Nutritionists တွေနဲ့ တိုင်ပင်ဖို့တော့လိုပါမယ်။
Dr. Kaung Pyae Sone
#nutrition #food #health | 706 |
| 16 | Lanmths.pdf | 639 |
| 17 | Немає тексту... | 625 |
| 18 | ဆေးထန်းပင် ( Saw palmetto) က ဆီးကျိတ်ကျန်းမာရေးအတွက် အရေးပါကြောင်း သုတေသနများစွာက ထောက်ခံပြီးသားပါ။ အမျိုးသားအားတိုးဆေးအနေနဲ့လည်း သုံးပါတယ်။
၁နေ့ ကို 320 mg ကိုယ့်သဘောနဲ့ကိုယ် သောက်လို့ ရပါတယ်။ ပုံမှန် 160 mg ကို မနက် ည ခွဲသောက်ကြတယ်။ (သွေးကျဲဆေးသောက်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ)
ဆေးထန်းပင် ဖြည့်စွက်အားဆေးတွေကို ပြည်တွင်းရော ပြည်ပရောပါ ထုတ်ထားကြပါတယ်။
ပြသနာက ဆေးဗူးမှာ ဆေးညွုန်း ဖတ်တဲ့ကိစ္စပါ။
ပြည်တွင်းထုတ် ဆေးဗူးအချို့မှာတော့
ဆေး၁တောင့်မှာ Berries Extract 160 mg
ဆိုတော့ ရိုးရိုးရှင်းရှင်း ရေးထားတယ်။ ဆိုတော့ ၂ လုံးသောက်ရင် 320 mg လွယ်လွယ်ကူကူ ဖတ်လို့ရတယ်။
ပြည်ပကလာတဲ့ဆေးအချို့မှာတော့
Serving size 2 capsules ,
Serenoa repens fruits 8000 mg per serving,
Standardised to Free Fatty Acids 200mg per serving
ဆိုပြီးရေးထားတော့ မသိရင် ၁ လုံးသောက်ရင် 8000 mg ပါတာလား ၊ 200 mg ပါတာလား ရောကုန်တယ်၊ အချို့က 8000 mg ဆို အများကြီးပဲ မသောက်ရဲဘူး ဖြစ်ရော။
အမှန်တော့ 8000 mg ဆိုတာ အသီးသပ်သပ်ကိုပြောတာပါ။ အဆီအနှစ်ပမာဏကို Standardised to ဆိုပြီး အောက်မှာ ပြန်ရှင်းထားတယ်။
Standardised ဆိုတဲ့ စာက အာမခံမှုရှိတဲ့ စာလုံးပါ။ ဘယ်ဆေးတောင့်ပဲသောက်သောက် ပါဝင်တဲ့ဆေးပမာဏ က ဒီပမာဏပါ ဆိုပြီး အာမခံတဲ့ ပုံစံပါ။
နောက်ပြီး Free Fatty Acids ဆိုတာကမှ ဆေးထန်းပင်ရဲ့ ဆေးဘက်ဝင်တဲ့ အဆီ ဖြစ်ပါတယ်။ 200 mg per serving (၁ခါသောက်) လို့ရေးထားတယ်။
Serving size 2 caps ဆိုတာ ၁ ခါသောက် ၂ လုံး၊
ဆိုတော့ ဆေး ၁ လုံးမှာ အဆီအနှစ် 100 mg ပဲပါတာပါ။
သူလည်းပဲ ၁နေ့ ၂ လုံး သောက်ရင် 200 mg ရမှာဆိုတော့ အန္တရာယ်ကင်းပါတယ်။
သာမန်လူတွေအတွက် ဖြည့်စွက်စာတွေ ဆေးတွေကို သောက်ရင် အချို့ဆေးညွုန်းနဲ့ ပါဝင်ပစ္စည်းတွေကို နားလည်ဖို့ ခက်ပါလိမ့်မယ်။
Standardised ဆိုတဲ့ စာလုံးပါတာ အရည်အသွေးကို အာမခံထားတဲ့ အားသာချက်၁ခုလို့ ပြောလို့ရပါတယ်။
Dr. Kaung Pyae Sone | 661 |
| 19 | အချို့ဆိုင်တွေမှာ "ဟင်းချိုမှုန့် မသုံးပါ၊
Dashi ငါးအသားမှုန့် သာ သုံးပါသည်" ဆိုပြီး ရေးထားပါတယ်။
အချို့မှုန့် ကို FDA , WHO, EFSA တို့လို အဖွဲ့အစည်းတွေက အလွန်အကျွံသာ မစားနဲ့ အန္တရာယ်ကင်းကြောင်း ထုတ်ပြန်ထားပြီးသားပါ။ ဓါတ်မထည့်တဲ့လူတွေက လွဲလို့ပေါ့။
မြန်မာအများစုရဲ့ အယူအဆအမှားက အချိုမှုန့် (MSG) သည် အန္တရာယ်ရှိတယ် ဆိုတာပါပဲ။ နောက်ထပ် ပြသနာက အခြား အစားထိုးအမှုန့်တွေက ပို ကောင်းတယ်လို့ ထင်ကြပြန်တယ်။
တကယ်တော့ ငါးအသားမှုန့် တွေကို အရသာရှိအောင် အများကြီးထည့်ချက်ရင် sodium ဓါတ်များပြီး သွေးတိုးနိုင်ပါတယ်။
ငါးအသားမှုန့် လက်ဖက်စားဇွန်း (5g) မှာ Sodium 1000 mg ကနေ 1500 mg အထိပါတယ်။
အချိုမှုန့် MSG 5g မှာ Sodium 600 mg လောက်ပဲ ပါပါတယ်။
ဆိုတော့ သွေးတိုးကြောက်လို့ အငံဓါတ်လျှော့လိုသူတွေအတွက် အချိုမှုန့် MSG ကတောင် ပို သင့်တော်ဦးမယ်။
ငါးအသားမှုန့်မှာလည်း Sodium ပမာဏ လျော့ချထားတဲ့ ထုတ်ကုန်တွေ ရှိပေမယ့်လည်း အချိုမှုန့် MSG ထက်တော့ ပမာဏ များပါတယ်။
နောက်၁ချက်က ပင်လယ်စာ မတည့်ရင် ငါးအသားမှုန့်ကို ရှောင်သင့်ပါတယ်၊ သူက ငါးမှုန့်တင်မဟုတ်ပဲ ပင်လယ်ရေမှော်နဲ့ ထပ်ပေါင်းပစ္စည်းတွေ ပါဝင်သေးတယ်။
ငါးအသားမှုန့်က MSG ထက်တောင် ပါဝင်တဲ့ ဓါတုပစ္စည်းပိုများနေနိုင်ပါသေးတယ်။
ကောင်းတဲ့အချက်ကတော့ Protein ဓါတ်ကို ရနိုင်တာပါ။
ဟင်းချိုမှုန့် MSG ထက် Dashi ငါးအသားမှုန့် ပိုကောင်းတယ်ဆိုတာ မဟုတ်သလို ပိုအန္တရာယ်ကင်းတယ်ဆိုတာလည်း မဟုတ်ပါဘူး၊ ၂ ခုစလုံးကို သင့်တင့်တဲ့ ပမာဏပဲ စားရမှာဖြစ်ပါတယ်။
Dr. Kaung Pyae Sone
#food #nutrition #health #msg | 554 |
| 20 | https://brightscholarship.com/united-arab-emirates-university-scholarships-2025/
GPA 3.0 ဆို ရတယ်၊ 2.5 အထိရ၊ လိုအပ်ချက်တွေ သိပ်မခက်ဘူး ၊ လျှောက်ကြည့်ကြပါ၊ အရှုံးမရှိပါဘူး | 540 |
